ru
Feedback
တောင်ပေါ်သား ရှမ်းကိုးမီး

တောင်ပေါ်သား ရှမ်းကိုးမီး

Открыть в Telegram

တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia

Больше

📈 Аналитический обзор Telegram-канала တောင်ပေါ်သား ရှမ်းကိုးမီး

Канал တောင်ပေါ်သား ရှမ်းကိုးမီး (@skm_code4) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 25 227 подписчиков, занимая 12 759 место в категории Фильмы и 5 743 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 25 227 подписчиков.

Согласно последним данным от 01 марта, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -1 144, а за последние 24 часа — 0, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 0%. В первые 24 часа после публикации контент обычно набирает N/A% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 0 просмотров. В течение первых суток публикация набирает 0 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 0.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia

Благодаря высокой частоте обновлений (последние данные получены 02 марта, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Фильмы.

25 227
Подписчики
Нет данных24 часа
-3887 дней
-1 14430 день
Архив постов
ဟိုတစ်လောကတင်ထားတဲ့ The Electric State လေးအခုမှ 4K SDR Version ထွက်လာလို့ တင်ပေးလိုက်ပါတယ် နည်းပညာတွေတိုးတက်လာပြီး AI စက်ရုပ်တွေက အခွင့်အရေးတွေတောင်းဆိုလို့ လူသားတွေနဲ့ စစ်ဖြစ်ပြီး လူသားတွေဘက်က အရေးနိမ့်နေတဲ့အချိန် မီရှယ်ဟာ မိဘတွေကိုရော သူအရမ်းချစ်တဲ့မောင်လေး ခရစ္စတိုဖာကိုပါ ကားမတော်တဆမှုမှာ ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီနောက်ပိုင်း အီသန်စကိတ်ဆိုတဲ့လူက စက်ရုပ်တွေကို နိုင်နိုင်မယ့်နည်းပညာတီထွင်လိုက်နိုင်လို့ စက်ရုပ်တွေ စစ်ရှုံးပြီး သဘောတူညီမှုစာချုပ် လက်မှတ်ထိုးပေးခဲ့ပါတယ်။ လူတွေကလည်း နည်းပညာအသစ်နဲ့ပျော်မွေ့နေပေမယ့် မီရှယ်ကတော့ သူ့မောင်လေးကို မမေ့နိုင်ခဲ့ပါဘူး။ ဒါမဲ့ တစ်ညမှာ သူ့မွေးစားမိဘအိမ်ကို စက်ရုပ်တစ်ရုပ်ရောက်လာပြီး အဲဒီစက်ရုပ်က သူ့ကိုယ်သူ မီရှယ်ရဲ့မောင်လေးလို့ ပြောနေတဲ့အခါမှာတော့...ခရစ္စတိုဖာရဲ့ရုပ်ခန္ဓာကို ရှာမယ့် မီရှယ်ရဲ့စွန့်စားခန်းကို စိတ်လှုပ်ရှားဖွယ် အက်ရှင်တွေ စက်ရုပ်တိုက်ပွဲတွေနဲ့အတူ ရှုစားရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

The Electric State (2025) Web-dl 4K SDR Update
The Electric State (2025) Web-dl 4K SDR Update

အချိန်နောက်ပြန်ခရီးသွားရတဲ့ စွန့်စားခန်းရုပ်ရှင်ဖြစ်ပြီး Fast and Furious မင်းသား Paul Walker အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ နည်းပညာကုမ္ပဏီတစ်ခုကနေ 3D Fax Machine ကိုတီထွင်စမ်းသပ်ရာကနေ အဲဒီစက်က 14ရာစုအလယ်‌ခေတ်က ပြင်သစ်နိုင်ငံ Castlegard ဆီ ပို့ပေးနိုင်တာကို တွေ့ရှိသွားပါတယ်။ ခရစ်စ်ရဲ့အဖေ ရှေးဟောင်းသုတေသနပညာရှင်က အဲဒီထဲရောက်သွားလို့ သူ့အဖေကို ပြန်ခေါ်ဖို့ ခရစ်စ်နဲ့အတူ သူ့အဖေရဲ့ တပည့်တွေစုပြီး ပြင်သစ်နဲ့အင်္ဂလိပ် စစ်ဖြစ်နေတဲ့ အလယ်ခေတ်ဆီ အချိန်ခရီးသွားရပါတော့တယ်။ သို့ပေမဲ့ စစ်ပွဲကာလ ဖြစ်နေတဲ့အလျောက် သူတို့အုပ်စု ဘေးမသီရန်မခဘဲ ပြန်လာနိုင်ပါ့မလား...ဒီစက်ကရော စင်းလုံးချော ဘေးအန္တရာယ်ကင်းတာဟုတ်ရဲ့လား...အတိတ်ကိုသွားတာဖြစ်တဲ့အတွက် သမိုင်းကြောင်းတွေ ပြောင်းသွားမလားဆိုတာတော့... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

Timeline (2003) Blu-ray 1080p
Timeline (2003) Blu-ray 1080p

ဒရာမာဇာတ်လမ်း​ကောင်း ကြည့်ချင်​နေသူ​တွေအတွက် ဒီဇာတ်ကား​လေးက IMDb 6.9 ထိ ရရှိထားတဲ့ အ​မေရိကန် ဒရာမာဇာတ်ကား​ကောင်းလေးပါ။ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်း​ဆောင်ခဲ့ရတဲ့ မယ်ရစ် တစ်​ယောက် တာဝန်ပြီးလို့ ဇာတိ​မြေကို ပြန်​ရောက်လာတဲ့အခါ မထင်မှတ်ထားစရာ​တွေ ကြုံရပါ​တော့တယ်။ တိုက်ပွဲအတူ ဝင်ဖူးပြီး သူ အရမ်းခင်ရတဲ့ သူငယ်ချင်း ဇိုအီက လူ့​လောကကို နှုတ်ဆက်ခွဲခွာသွားတဲ့အခါ မယ်ရစ်က သူ့ကို ဘယ်သွားသွား မြင်​ယောင်​နေပါ​တော့တယ်။ ဇိုအီက ဘယ်သူမှ အဖတ်မလုပ်ဘဲ ပစ်ထားခံရလို့ အဆုံးစီရင်သွားတာမို့ မယ်ရစ်က သူ့ကိုယ်သူ အပြစ်တင်လို့ မဆုံးဘဲ အဲဒီဖြစ်ရပ်​ကြောင့်ပဲ စိတ်ဒဏ်ရာပါ ရသွားခဲ့ပါတယ်။ ဒီကိစ္စကို ဘယ်သူ့ကိုမှ မ​ပြောပြနိုင်ခဲ့တဲ့ မယ်ရစ် တစ်​ယောက် အယ်လ်ဇိုင်းမား ​ရောဂါ ခံစား​နေရတဲ့ အဘိုးကို အ​မေဖြစ်သူက သွား​စောင့်​ရှောက်ခိုင်းတဲ့အခါ ဘယ်လိုမျိုး အ​ပြောင်းအလဲ​တွေ ဖြစ်လာမလဲ ​နောက်ဆုံးမှာ သူ့စိတ်ဒဏ်ရာကို ကုစားနိုင်မလားဆိုတာ စိတ်ဝင်တစား ရှုစားရမှာပါ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Poe Yin Thar ဖြစ်ပါတယ်

My Dead Friend Zoe (2024) Web-dl 1080p
My Dead Friend Zoe (2024) Web-dl 1080p

ဇာတ်လမ်းအစမှာတော့ ဂျောင်ဂျီဟီးဆိုတဲ့မင်းသမီးတစ်ယောက်ကို သူ့နေအိမ်မှာပဲ သေဆုံးနေတာကိုတွေ့ရှိရလို့ ရဲတွေဘက်က ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုအနေနဲ့ အမှုပိတ်ခဲ့ပါတယ်။ ဒါပေမဲ့ သတင်းထောက်လီဂျန်းဟိုက ဒီအမှုကိုထပ်မံတူးဆွခဲ့တဲ့အခါမှာ အမှုကိုထပ်မံကြားနာရပါတော့တယ်။ သေဆုံးမှုရဲ့နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေမလဲ? ဘယ်လိုအကြောင်းအရင်းတွေကြောင့် အမှုကိုမြန်မြန်ဖုံးကွယ်ခဲ့တာဖြစ်မလဲဆိုတာ.... ဒီဇာတ်လမ်းမှာတော့ ကိုယ်တွေရဲ့ ဗလကြီး မာဒုံဆော့က သေဆုံးမှုကို ပြန်လည်တူးဆွတဲ့ သတင်းထောက်အနေနဲ့ ပါဝင်ထားပြီး တခြားသရုပ်ဆောင်ကောင်းတွေလည်း ပါဝင်ထားကြပါတယ်။ ဒီကားကိုအညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

Norigae or The Secret Scandal (2013) Web-dl 1080p
Norigae or The Secret Scandal (2013) Web-dl 1080p

ဒီကားကတော့ ဒီနေ့မှ Netflixကနေ ထွက်လာတဲ့ ကားသစ်ဖြစ်ပြီး Ryu Jun-yeol, Shin Hyun-Binတို့ပါဝင်သရုပ်ဆောင်ထားတဲ့ Thriller/Crime ဇာတ်လမ်းအမျိုးအစားပါ။ ဂွမ်ယန်းရယ်ဆိုတဲ့လူဟာ လျှပ်စစ်ခြေပတ်နဲ့ စောင့်ကြည့်ခံနေရတဲ့ ရာဇဝတ်သားတစ်ယောက်ဖြစ်ပြီး ကလေးမလေးတစ်ယောက်နောက်ကို တစ်ကောက်ကောက်လိုက်နေခဲ့ပါတယ်။ ကလေးမလေးက ခပ်ကြောက်ကြောက်နဲ့ ဘုရားကျောင်းထဲ ဝင်သွားခဲ့တာမလို့ သူပါလိုက်ဝင်ပြီး ကလေးမလေးကို မျက်စိဒေါက်ထောက်ကြည့်နေခဲ့ပါတယ်။ သူတို့ဝင်သွားတဲ့ ဘုရားကျောင်းက သင်းအုပ်ဆရာ ဆောင်းမင်ချန်းက ဂွမ်ယန်းရယ်ကို လူသစ်ဆိုပြီး အဖွဲ့ဝင်အဖြစ်ဝင်ဖို့ ဖောင်ဖြည့်ရင်းနဲ့ ဂွမ်ယန်းရယ်ရဲ့ခြေထောက်က ခြေပတ်ကို မတော်တဆမြင်သွားခဲ့ပါတယ်။ တစ်ရက်ကျ သင်းအုပ်ဆရာတို့လင်မယား၂ယောက် ကလေးကြိုဖို့ကို အချိန်းအချက်လွဲပြီး ဘယ်သူမှမကြိုဖြစ်ဘဲ ကလေးက ပျောက်သွားပါတော့တယ်။ သင်းအုပ်ဆရာလည်း သူတို့နားက ဂွမ်ယန်းရယ်ကို သံသယဝင်ပြီး နောက်ယောင်ခံလိုက်တဲ့အချိန် ဂွမ်ယန်းရယ်က အထုပ်တစ်ထုပ်၊ ဂေါ်ပြားတစ်ချပ်နဲ့ ခိုးကြောင်ခိုးဝှက်လုပ်နေတာမလို့ သင်းအုပ်ဆရာလည်း သူ့ကလေးဖြစ်နေမှာစိုးလို့ ကားပေါ်ကဆင်းပြီး အန္တရာယ်ကို ရင်ဆိုင်တဲ့အချိန် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ... ဂွမ်ယန်းရယ်ကရော ဘယ်လိုလုပ်ရပ်တွေကို ခိုးကြောင်ခိုးဝှက်လုပ်နေတာဖြစ်မလဲ? ဂွမ်ယန်းရယ် အရင်ကကျူးလွန်ခဲ့တဲ့အမှုကရော ဘယ်လိုအမှုမျိုးမလို့ လျှပ်စစ်ခြေပတ်နဲ့ စောင့်ကြည့်ခံနေရတာဖြစ်မလဲ?... ဒီကားကို အညွှန်းနဲ့ ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

Revelations (2025) Web-dl 1080p & 4K SDR
Revelations (2025) Web-dl 1080p & 4K SDR

* တရုတ်စာ , English စာတွေပါဝင်ခြင်းမရှိပဲ Global Release ဖြစ်တဲ့ ဒီ Version ကအကြည်ဆုံးနဲ့ ကြည့်လို့အကောင်းဆုံးပါ ၂၀၁၉ မှာ Better Day နဲ့ ပရိသတ်အသိအမှတ်ပြုတာကို ခံထားရပြီးသား Jackson Yee ဟာ Big World မှာလည်း အများကြီးချီးကျူးခံနေရပါပြီ။ ဒီဇာတ်ကားက review ကောင်းကောင်းရထားပြီးသားဖြစ်တာကြောင့် နာမည်ကြားရုံနဲ့ Jackson Yee ကိုတန်းမြင်ပြီးသ ား ဖြစ်နေကြပါပြီ။ ဇာတ်ကားတစ်ကောင်းဆိုတာဟာ အပိုတွေမပါတာလို့ပြောရပါမယ်။ တစ်ထိုင်တည်း Dialogue တွေအများကြီးပြောပြီး မျက်ရည်ချူမယ့် Cliche' ဇာတ်ကားမျိုးမဟုတ်ပါဘူး။ ဦးနှောက်လေဖြတ်သွားလို့ ကိုယ်အင်္ဂါမသန်စွမ်းဖြစ်နေတဲ့ ချွန်းဟယ်ဟာ အိပ်မက်တွေနဲ့ရှေ့ဆက်ချင်နေ‌ေပမဲ့ ဘ၀ကို အဆုံးသတ်ပစ်ဖို့လည်း ကြိုးစားနေသူ။ အမြဲတမ်း သူ့ဘက်ရှိနေပေးပြီး သူများတွေလုပ်လို့ရတာမှန်သမျှ မြေးဖြစ်သူကို လုပ်စေချင်တဲ့အဖွား။ အရွယ်ရောက်လာခဲ့ပေမဲ့ စိုးရိမ်စိတ်ကြောင့် ဘာတစ်ခုမှမလုပ်စေချင်ဘဲ အိမ်ထဲမှာပဲ ဖွက်ထားချင်နေတဲ့အမေ။ ကောင်းကောင်းလမ်းမလျှောက်နိုင်၊ စားသမျှနင်၊ စက‌ားပြောရာမှာအခက်ခဲရှိတ‌ဲ့ချွန်းဟယ်ရဲ့အိပ်မက်က ကျောင်းဆရာပါတဲ့။ အိပ်မက်တွေနဲ့အနာဂတ်ကိုမျှော်ကြည့်နေပေမဲ့လည်း နာကျင်မှုတွေကို အဆုံးသတ်လိုက်ချင်နေတဲ့ချွန်းဟယ်ရဲ့ဘ၀...။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ် မန်ဘာဝင်ရန် 👇👇 https://t.me/msubmovieagent/4314

Big World (2024) Web-dl 1080p
Big World (2024) Web-dl 1080p

၃လစာ /၆လစာ နဲ့ ၁နှစ်စာ မန်ဘာဝင်သူများ App ထဲမှာ ဘာသာပြန်ထားတာ မရှိတဲ့ ဇာတ်ကားကို ကြည့်ချင်တယ်ဆိုရင် Movie Request လုပ်လို့ရပါတယ် နော်

Daredevil: Born Again (2025) Ep 8 Web-dl 1080p & 4K SDR ရပါပီ
Daredevil: Born Again (2025) Ep 8 Web-dl 1080p & 4K SDR ရပါပီ

The Boys စီးရီးနဲ့ Companion ထဲက မင်းသား Jack Quaid ရဲ့ အက်ရှင်ဟာသဇာတ်ကားသစ်ဖြစ်ပါတယ်။ နေသန်ကိန်းဆိုတဲ့ ဘဲက Congenital Insensitivity to Pain with Anhidrosis (CIPA) ဆိုတဲ့ရောဂါကိုခံစားနေရတဲ့ ဘဏ်မန်နေဂျာတစ်ဦး ဖြစ်တယ်။ အဲ့ဒီရောဂါကဘာလဲဆိုတော့ နာကျင်မှုကို လုံးဝမခံစား၊ မသိရှိတော့တဲ့ ရောဂါတစ်မျိုးပေါ့။ အဲ့လိုရောဂါရှင်တွေရဲ့ ပျမ်းမျှသက်တမ်းက ၂၅ နှစ်လောက်ထိပဲ။ ဒါကို နေသန်က အသက် ၃၀ ထိရောက်လာအောင် သေသေချာချာဂရုတစိုက်နဲ့ အသက်ရှင်နေထိုင်လာခဲ့တာ။ အစားဆိုလည်း အရည်သီးသန့်ပဲ သောက်တယ်၊ အစာဝါးရင်းနဲ့ သူလျှာပြတ်ထွက်အောင်ကိုက်မိတာကိုမသိမှာစိုးလို့။ ကားမောင်းရင်လည်း ရှေ့ကားနဲ့ သူ့ကားအကြား ကားတစ်စီးစာလောက် ခွာထားတာမျိုး။ ဘယ်လိုမတော်တဆဖြစ်မှုကိုမှ မဖြစ်အောင်သူနေတယ်။ ဖြစ်ချင်တော့ သူက သူ့ဘဏ်က ရှယ်ရီဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ကျိတ်ကြွေနေတာ။ ကောင်မလေးကိုလည်း သွားမပြောရဲ၊ ကောင်မလေးက ဒိတ်ဖို့ချိန်းရင်တောင် သူက တစ်ခုခုဖြစ်မှာစိုးလို့ မသွားရဲဘူး။ ဒါပေမဲ့ တအားကလည်း ပစ်ကြွေနေတော့ ကောင်မလေးနဲ့ တစ်ရက် သူအပြင်မှာ ဒိတ်လိုက်ရင်း နှစ်ယောက်သားက အရမ်းကိုကီးကိုက်၊ အဆင်ပြေလွန်းလို့ တစ်ညတာကို သူတို့အတူတူကုန်ဆုံးလိုက်ကြတယ်။ နေသန့်အတွက်တော့ ဒီကောင်မလေးက ဘဝရဲ့ မနက်ခင်းနေရောင်ခြည်လေး ဖြစ်လာပါမှ နောက်တစ်ရက် သူတို့ဘဏ်က ဓားပြတိုက်ခံရပြီး ကောင်မလေးက ဓားစာခံအဖြစ်ပါသွားပါလေရော။ မတော်တဆဖြစ်ပြီး သူဒဏ်ရာရမှာကို သေမလောက်ကြောက်တဲ့ နေသန်တစ်ယောက် ကောင်မလေးကို လက်နက်ကိုင်ဘဏ်ဓားပြလူဆိုးတွေလက်ထဲက ဘယ်လိုကယ်တင်မလဲဆိုတာ ခံစားကြည့်ရှုလိုက်ကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကတော့ LYKZ ဖြစ်ပါတယ်။

Novocaine (2025) Web-dl 1080p & 4K SDR
Novocaine (2025) Web-dl 1080p & 4K SDR

IMDb 7.2နဲ့ rotten tomatoes 97%ရထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်... နာမည်အတိုင်းပဲ မိသားစုနဲ့ ကြည့်ဖို့ သိပ်အဆင်မပြေတဲ့ အခန်းလေးတွေပါပါတယ်.... ဒီဇာတ်လမ်းကတော့ ကင်ဆာဖြစ်နေတဲ့ အိမ်ထောင်သည်မိုလီဆိုတဲ့ ကောင်မလေးအကြောင်း ရိုက်ကူးထားတာပါ.... 2007တုန်းကထွက်ခဲ့တဲ့ The Bucket List ဆိုတဲ့ vibeမျိုးရမှာပါ... ဒီထဲမှာတော့ မော်လီဟာ သူ့ဘဝမှာ တစ်ခါမှ လိင်ဆက်ဆံရင်း အထွတ်အထိပ်ကို မရောက်ခဲ့ဖူးပါဘူး အခုသူက မကုသနိုင်တဲ့ ကင်ဆာဖြစ်ပြီး သေရတော့မယ့်အခါမှာ သူ့ရဲ့ စိတ်ဆန္ဒတွေပြည့်ဖို့ မစွမ်းဆောင်နိုင်တဲ့ ယောက်ျားဖြစ်သူကိုထားခဲ့ပြီး လောကကြီးထဲကို စူးစမ်းလေ့လာရေးထွက်မှာဖြစ်ပါတယ် ဘာတွေ ဘယ်လိုဖြစ်မလဲဆိုတာ စိတ်ဝင်စားစွာနဲ့ ကြည့်လိုက်ကြပါဦးနော် ဇာတ်လမ်းအညွှန်းရေးသားသူကတော့ Du Du ဖြစ်ပြီး ဘာသာပြန်သူများကတော့ Du Du, ATP, KSY, Teddy, ATP, Eddie ဖြစ်ပါတယ်။

Dying for Sex (2025) Web-dl 1080p Complete Ep 1 to 8 ရပါပီ
Dying for Sex (2025) Web-dl 1080p Complete Ep 1 to 8 ရပါပီ

ဒီဇာတ်ကား​လေးက​တော့ အင်ဒိုနီးရှားဒဏ္ဍာရီလာ ဝီဝီဂွန်ဘယ်ဆိုတဲ့ က​​လေးဖမ်းစားတတ်တဲ့နတ်ဆိုးကို အ​ခြေခံပြီးရိုက်ကူးထားတဲ့ ​ဟော်ရာကား​လေးဖြစ်ပါတယ်။ ဝီဝီဂွန်ဘယ်ဆိုတာ ​နေဝင်ချိန်အပြင်ဘက်မှာ ကစား​နေတဲ့က​လေး​တွေ ဖမ်း​ခေါ်သွားတတ်တယ်ဆိုတဲ့ ဒဏ္ဍာရီပုံပြင်​​တွေရှိပါတယ်။ ဒီဇာတ်လမ်း​လေးထဲမှာ​​တော့ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီး သားသမီးနှစ်​​ယောက်နဲ့ရုန်းကန်​နေရတဲ့မိသားစုတစ်စုကို ပုံ​ဖော်ထားပါတယ်။ ရာမန်နဲ့ဆာရီဆိုပြီး သားသမီးနှစ်​ယောက်ရှိ​ပေမယ့် အိမ်​ထောင်ဦးစီးတာဝန်ကို ယူထားရတဲ့ရာမန်တို့မိခင်ဟာ သားသမီးနှစ်​ယောက်ကို ​နွေး​နွေး​ထွေး​ထွေးမဆက်ဆံ​ပေးနိုင်ခဲ့ပါဘူး။ ရာမန်က ​ကောလိပ်​​ကျောင်းသားအရွယ်ဖြစ်ပြီး ဆာရီက​တော့ မူလတန်း​ကျောင်းသူဖြစ်ပါတယ်။ တစ်​နေ့မှာ ဆာရီတို့သူငယ်ချင်းတစ်စု တူတူပုန်းတမ်းကစားရင်းက​နေ ဆာရီတစ်​ယောက်​ပျောက်ချင်းမလှ ​ပျောက်ဆုံးသွားခဲ့ပါတယ်။ ဆာရီ့ကို လိုက်ရှာဖို့ ရာမန်တို့သူငယ်ချင်း​တွေကြိုးစားကြပုံ၊ ဆာရီ​ပျောက်ဆုံးသွားတယ်လို့ ယူဆရတဲ့ သရဲ​​ခြောက်တယ်ဆိုတဲ့ အိမ်ကြီးထဲမှာ လိုက်ရှာကြပုံနဲ့ ဝီဝီဂွန်ဘယ်နတ်ဆိုးနဲ့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲ၊ ဆာရီ့ကို ​​ဘေးကင်းကင်းနဲ့ရှာ​တွေ့နိုင်ပါမလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာခံစားကြည့်ရှုရမယ့် အင်ဒို​ဟော်ရာဇာတ်ကား​ကောင်း​လေးဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Brandon ဖြစ်ပါတယ်

Hide and Seek or Petak Umpet (2025) Web-dl 1080p
Hide and Seek or Petak Umpet (2025) Web-dl 1080p