ru
Feedback
တောင်ပေါ်သား ရှမ်းကိုးမီး

တောင်ပေါ်သား ရှမ်းကိုးမီး

Открыть в Telegram

တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia

Больше

📈 Аналитический обзор Telegram-канала တောင်ပေါ်သား ရှမ်းကိုးမီး

Канал တောင်ပေါ်သား ရှမ်းကိုးမီး (@skm_code4) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 25 227 подписчиков, занимая 12 759 место в категории Фильмы и 5 743 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 25 227 подписчиков.

Согласно последним данным от 01 марта, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -1 144, а за последние 24 часа — 0, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 0%. В первые 24 часа после публикации контент обычно набирает N/A% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 0 просмотров. В течение первых суток публикация набирает 0 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 0.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia

Благодаря высокой частоте обновлений (последние данные получены 02 марта, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Фильмы.

25 227
Подписчики
Нет данных24 часа
-3887 дней
-1 14430 день
Архив постов
My Boss, My Hero (2001) Blu-ray 1080p
My Boss, My Hero (2001) Blu-ray 1080p

အရိုးအကြောအဆစ်ကုဆရာဝန်တစ်ဦး ပျောက်ဆုံးသွားတဲ့ တကယ့်ဖြစ်ရပ်မှန်ပေါ်မှာ အခြေခံပြီးရိုက်ကူးထားတဲ့ မှုခင်း ထိတ်လန့်သည်းဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ လူအများက လေးစားယုံကြည်အားထားရတဲ့ ဆရာဝန်တစ်ဦး ထူးဆန်းစွာပျောက်ဆုံးသွားတဲ့အတွက် ရဲတပ်ဖွဲ့က လိုက်လံစစ်ဆေးတဲ့အခါမှာ သူငယ်ချင်း မိတ်ဆွေ လူနာများကြား၊ ပတ်ဝန်းကျင်မှာ နာမည်ပျက်လုံးဝမရှိပဲ သဘောကောင်း၊ ကူညီတတ်တဲ့ဆရာဝန်တစ်ဦးဖြစ်တဲ့အတွက် ရန်ငြိုးရန်စထားသူလည်းမရှိဘဲ ရုတ်တရက်ပျောက်ဆုံးမှုကြောင့် အမှူက ကွင်းဆက်ပြတ်နေခဲ့ပါတယ်။ မထင်မှတ်ဘဲ သံသယတစ်ခုကနေတစ်ဆင့် အစဆွဲထုတ်နိုင်လိုက်ပြီးတဲ့နောက်မှာ တစ်ဖြည်းဖြည်းရုပ်လုံးပေါ်လာတဲ့ ဆရာဝန်ရဲ့သရုပ်မှန်က ဘာဖြစ်နေမလဲ လူသတ်သမားကရော ဘယ်သူဖြစ်မလဲဆိုတာကို လျို့ဝှက်ချက်အပြည့်နဲ့ စိတ်ဝင်စားစရာစောင့်ကြည့်ရမယ့် အိန္ဒိယမှုခင်းဖြစ်ရပ်မှန် ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်

Fire (2025) Web-dl 1080p
Fire (2025) Web-dl 1080p

"ချစ်သူချင်း ယုံကြည်မှုကိုစမ်းသပ်တဲ့အနေနဲ့ ဖုန်းတွေလဲကိုင်ကြတဲ့အခါ..." ဒီတစ်ခါမှာတော့ 2025ရဲ့အသစ်စက်စက် Rom-Com ဇာတ်ကားကောင်း "Loveyapa" နဲ့မိတ်ဆက်ပေးပါရစေ မင်းသား Junaid Khan နဲ့ မင်းသမီး Khushi Kapoor တို့ရဲ့ အချစ်ဟာသကားလေးပါ အလွန်ချစ်ကြတဲ့ချစ်သူနှစ်ယောက် မိဘအိမ်မှာခေါ်တွေ့ခံရတဲ့အခါ ယောက္ခထီးကြီးကလက်ထပ်ဖို့သင့်မသင့်ဆုံးဖြတ်ချင်တဲ့အတွက် ကောင်မလေးဖုန်းကို သူ့ကောင်လေးဖုန်းနဲ့ တစ်ရက်လဲခိုင်းခဲ့ပါတယ် လူငယ်တွေမှာ သေချာပေါက်ဖုံးကွယ်ထားတာတွေ၊ အပျော်အပျက်တွေ အများကြီးရှိကြပါတယ် အချင်းချင်းလျှို့ဝှက်ချက်တွေသိသွားတဲ့အခါ ဒီနှစ်ယောက်ကြားမှာဘယ်လိုပြဿနာတွေဖြစ်လာမလဲ? ယုံကြည်ပြီးဖြေရှင်းနိုင်မှာလား? လမ်းခွဲကြရမှာလား? မရပ်တမ်းရယ်ရတဲ့ဟာသတွေနဲ့ နူးညံ့တဲ့ချစ်ခြင်းကိုဖော်ပြထားတာမို့ Movie Date အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်မှာပါနော် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ki Ki Chit Su ဖြစ်ပါတယ်

Loveyapa (2025) Web-dl 1080p
Loveyapa (2025) Web-dl 1080p

ဒီတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb 7.1/10 ရရှိထားတဲ့ Golden Chicken (2002)ဆိုတဲ့ ဟောင်ကောင်ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားလေးကို Director Samson Chiuက ရိုက်ကူးခဲ့ပြီး Hong Kong Film Awards 2003 မှာ Best Actress အဖြစ် မင်းသမီးSandra Ng ကရရှိခဲ့ပါတယ်။ (Best Screenplay) – Samson Chiu (Best New Performer) – Ronald Cheng (Best Film) (Best Director) – Samson Chiu စတဲ့ ဆန်ခါတင်ဆုများစွာ ဝင်‌ခဲ့တဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ကွမ်ကွမ်(Sandra Ng)ဟာ ဟောင်ကောင်ရဲ့ မြို့ပြလမ်းမတွေမှာ ကျင်လည်ကျတ်စားတဲ့ အပျော်မယ်တစ်ဦးဖြစ်ပါတယ်။ တစ်ည ATMတစ်ခုသို့ဝင်၍ ငွေစစ်ချိန်တွင် သူ့အားဓါးပြတိုက်ခံရပါတော့တယ်။သို့သော် ကံဆိုးပြီး မီးပျက်သွားတာကြောင့် သူရော ဓါးပြတိုက်သူရော နှစ်ယောက်လုံး ပိတ်မိနေပါတော့တယ်။ ဘဏ်အတွင်းပိတ်မိနေစဉ်အချိန်အတွင်း အားကွမ်သည် သူ့ဘဝအကြောင်းကို ဓါးပြအမျိုးသားအားပြောပြခဲ့ပါတော့တယ်။ အားကွမ်ရဲ့ အပျော်မယ်လောကထဲကို စတင်ဝင်ရောက်လာစမှစ၍ အပျော်မယ်များ၏ ဘဝရုန်းကန်လှုပ်ရှားရပုံများ ပြည့်တန်ဆာလောက၏အရှုပ်အထွေးအကြောင်းအရာများ ပျော်ရွှင်မှု ဆင်းရဲမှု မျှော်လင့်ချက်နဲ့ နာကျင်ကြေကွဲမှုများ သူဘဝတစ်လျှောက် ကြုံတွေ့ ခဲ့ရသည့်အမျိုးမျိုးသောဖောက်သည်များ ယောင်္ကျားများနှင့် သူမရဲ့ နှလုံးသားခံစားချက်များကို တစ်ခန်းချင်းစိတ်ဝင်စားဖွယ် ရိုက်ကူးတင်ဆက်ပြသထားပါတယ်။ ဒီဇာတ်ကားလေးဟာ ဟာသနှင့်ဝမ်းနည်းမှုတို့ကိုအချိုးကျရောစပ်ရိုက်ကူးထားပြီး အားကွမ်၏အလုပ်ကနေတဆင့် လူ့ဘောင်အမှန်တရားများ တန်ဖိုးနဲ့ မျှော်လင့်ခြင်းတို့ကိုထည့်သွင်းဖော်ပြထားတယ်။ Sandra Ng ၏ပီပြင်လှသော သရုပ်ဆောင်မှုများကလည်း ဇာတ်ကောင်ကို အသက်ဝင်စေခဲ့ပြီး "Golden Chicken" ဟာ ဟောင်ကောင်ရုပ်ရှင်အနုပညာလောကမှာလူ့ဘဝအနာဂတ်အပေါ် ထင်ဟပ်စေတဲ့ဇာတ်ကားလေးဖြစ်တာကြောင့် တကယ်ကိုကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ NayChii ဖြစ်ပါတယ်။

Golden Chicken (2002) Blu-ray 1080p
Golden Chicken (2002) Blu-ray 1080p

IMDb rate : 5.6 ရရှိထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး အထူးသတိပေးချင်တာကတော့ တိုက်ခန်းမှာ နေနေတဲ့သူတွေကတော့ ကြောက်တတ်ရင် ဒီဇာတ်လမ်းကို အစမပြုမိပါစေနဲ့နော်။ ည ၁၀ နာရီဆိုတာ ကိုယ်တွေလို ညဇီးကွက်တွေကလွဲလို့ တော်တော်များများ မီးပိတ်ပြီး အိပ်ရာဝင်ကြချိန်ပါ။ ဒါပေမဲ့ "ကံကောင်းခြင်းအိမ်ရာ"မှာတော့ ည ၉နာရီ ၅၆မိနစ်အတိမှာ တိုက်ခန်းနေထိုင်သူတွေက တစ်ပြိုင်နက်တည်း မီးပိတ်သွားကြသတဲ့။ အဲဒီလိုနဲ့ နောက်ရက်ရောက်တော့ လူသေအလောင်းတစ်လောင်း ပေါ်လာပါလေရော။ အဲဒီလိုမျိုး ပုံစံတူလူသေမှုတွေ အဖြစ်များလာတော့ အိမ်ရာကို မှန်ပြောင်းနဲ့ အမြဲချောင်းကြည့်တတ်တဲ့ အိုဆယ်ဂျင်(Ko So Young)က စသတိထားမိလာပြီး ည ၁၀နာရီမတိုင်ခင်မှာ မီးမပိတ်ဖို့ သတိပေးနေတဲ့ သူ့ကို ဘယ်သူမှလဲ မယုံကြပါဘူး။ ဒါပေမဲ့ အိုဆယ်ဂျင်ဟာ အခန်းနံပါတ် 704မှာ နေတဲ့ ဒုက္ခိတမလေး ယူယွန်း(Jang Hee Jin)ကိုတော့ အထူးခင်လို့ ခဏခဏ သတိပေးပြီး သွားသွားကြည့်တတ်ပါသေးတယ်။ တစ်ဖက်မှာလဲ စုံထောက်ယန်(Kang Sung Jin)ဆိုတဲ့ရဲက အိမ်ရာလူသေမှုတွေကိုစမ်းနေတာပေါ့။ သူ သိလိုက်ရတာက အဲဒီလသေမှုတိုင်းမှာအခန်းနံပါတ် 704ရဲ့သော့ကို ပွားထားတဲ့ ပုံစံတူသော့တွေ ရှိနေပါတယ်။ အိုဆယ်ဂျင်က အခန်းနံပါတ် 704မှာ ယူယွန်းပဲ နေတာလို့ သိထားပေမဲ့ ရဲတွေကတော့ အဲဒီအခန်းမှာ လူ့အသိုင်းဝိုင်းထဲ ဝင်မဆံ့တဲ့ ရှင်းဂျောင်ဆူ(Kim Dong Wook)ပဲ နေတယ်လို့ သိထားပါတယ်။ အဲဒီတော့ ယူယွန်းနဲ့ ရှင်းဂျောင်ဆူက ဘယ်လိုပတ်သက်နေမှာလဲ၊ လူသေမှုတွေကရော သွေးရိုးသားရိုးဟုတ်ရဲ့လား၊ ယူယွန်းကရော တကယ်ပဲ အိုဆယ်ဂျင်တို့နဲ့ တစ်လောကတည်းသားချင်း ဟုတ်ရဲ့လားဆိုတာကိုတော့ခြောက်ခြားစရာလဲကောင်း၊ စိတ်ဝင်စားစရာလဲကောင်းတဲ့ ဒီဇာတ်လမ်းလေးကို ကြည့်ရင်း အဖြေထုတ်ကြည့်လိုက်ရအောင်။ ဘာသာပြန်နှင့် အညွှန်းတင်ဆက်သူ - ခန့်ကြော့ဇင်

Apt (2006) Web-dl 1080p
Apt (2006) Web-dl 1080p

Donnie Yen ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ Crime/Action ဇာတ်ကားကောင်းတစ်ကားပါ။ ငွေတစ်ထောင်ရမယ်ဆိုလို့ အိမ်လိပ်စာငှားပေးလိုက်တဲ့ကောင်လေးတစ်ယောက်ဟာ နိုင်ငံခြားပါဆယ်တစ်ခုကို လက်ခံလိုက်ရာကနေ ချက်ချင်းအဖမ်းအဆီးခံခဲ့ရပြီး ပါဆယ်ထဲ ကိုကိန်း ၁ ကီလိုပါနေလို့ တရားရင်ဆိုင်ရခါနီး အားကိုးလိုက်တဲ့ရှေ့နေအဖွဲ့ရဲ့ ချောက်ချမှုကြောင့် ပြစ္ဒဏ်လျော့မယ့်အစား တစ်ယောက်တည်းခေါင်းခံရကာ ပြစ်ဒဏ်နှစ်ရှည်ကျခံရတာကို ရဲဘ၀ကနေ တရားရေးရာ အမှုစစ်ဘက်ကိုပြောင်းလာတဲ့ ဖော့ချီဟိုဟာ ဉပဒေကို လက်တစ်လုံးခြား အသုံးချသွားတာကို ကိုယ်တိုင်ကြုံခဲ့ရသူဖြစ်တာမို့ လက်မလျှော့ပဲ တိုက်ခိုက်ပေးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်

The Prosecutor (2024) Blu-ray 1080p
The Prosecutor (2024) Blu-ray 1080p

Season 2 သည် Ongoing ဖြစ်ပါသည်။ အားလုံးစောင့်မျှော်နေကြတဲ့ Season 2 ထွက်လာပါပြီ Season 1 အပြီး ၅ နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။အက်ဘီက ဂျိုးအယ်ကိုလက်စားချေဖို လိုက်ရှာလိုနေပါတယ်။ တစ်ဖက်မှာလည်း ဂျိုးအယ်နဲ့အယ်လီက ဂျက်ဆင်ဆိုတဲ့နယ်မြေတစ်ခုမှာ အခြေချနေပြီး ဂျိုးအယ်နဲ့ အယ်လီကြားမှာ လူငယ်နဲ့လူကြီးသဘာဝ ကတောက်ကဆလေးတွေရှိလိုနေပါတယ်။ တစ်နေ့မှာတော့ အယ်လီတစ်ယောက် ကင်းလှည့်ထွက်ရင်း ဘာတွေဆက်ဖြစ်လာမလဲဆိုရာကနေ Season 2 ဟာလည်း စိတ်ဝင်စားစရာပေါင်းများစွာနဲ့ ဆွဲခေါ်သွားဦးမှာဖြစ်ပါတယ်။ ဒီ Season ကို ဘာသာပြန်ဆိုပြီး အညွှန်းရေးသားသူကတော့ Mk ဖြစ်ပါတယ်

The Last of Us (2025) Web-dl 1080p & 4K SDR Ep 1 ရပါပီ
The Last of Us (2025) Web-dl 1080p & 4K SDR Ep 1 ရပါပီ

Heo's Diner (2025) Web-dl 1080p Ep 7 ရပါပီ
Heo's Diner (2025) Web-dl 1080p Ep 7 ရပါပီ

ရွှမ်ကျားစစ်တပ်ရဲ့ ခေါင်းဆောင် စစ်သူကြီးဖြစ်တဲ့ ကျိုးချူးဟာ ငယ်စဉ်ကတည်းက ယောက်ျားလေးအသွင်နဲ့ နေထိုင်ခဲ့တာဖြစ်ပြီး စစ်ပွဲကနေ အောင်ပွဲခံပြီး ပေကျောင်းကို ပြန်ရောက်လာပြီးတဲ့နောက်မှာ သူဟာ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ မဟုတ်မမှန် စွပ်စွဲခံရပြီး သူ့ကို သစ္စာဖောက်တဲ့သူကလည်း သွေးနဲ့ကျိန်ဆိုထားတဲ့ သွေးသောက်ညီအစ်ကို သူ့ရဲ့ လက်ထောက်စစ်သူကြီး Xu Han Zhi ဖြစ်နေတာကို သိသွားခဲ့တယ်။ သူ့ရဲ့ သွေးသောက်ညီအစ်ကိုတွေဖြစ်တဲ့ စစ်သားတွေအားလုံးလည်း သေသွားခဲ့ပြီး သူတစ်ယောက်တည်းကသာ သူ့ရဲ့ရန်သူဟောင်း Shang Ke Fengကယ်တင်ပေးခဲ့တာကြောင့် အသက်ရှင်ခဲ့တယ်။ အဲဒီနောက်မှာတော့ မိန်းကလေးအသွင်ပြောင်းပြီး Xue Shi Sanဆိုတဲ့ နာမည်နဲ့ တန့်ယင်းမျှော်စင်မှာ ဇာတ်မြှုပ်ပုန်းခိုနေကာ သူ့ရဲ့ရန်သူဖြစ်တဲ့ Xu Han Zhiကို လက်စားချေဖို့ အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့တယ်။ လက်စားချေဖို့ အခွင့်အရေးရှာရင်း သူ့ရဲ့ရန်သူ Xu Han Zhiရဲ့ တကယ့်သရုပ်မှန်ကို ရှာတွေ့သွားခဲ့တယ်။ သူဟာ အမှန်တရားကိုရှာဖွေရင်း သူ့အပေါ်ရှုပ်ထွေးတဲ့ ခံစားချက်တွေရှိနေတဲ့ ယောက်ျားနှစ်ယောက်နဲ့ ရင်ဆိုင်ပြီး အန္တရာယ်ရှိတဲ့လမ်းကိုလျှောက်ရင်း နောက်ဆုံးမှာ အမှန်တရားကို ရှာဖွေတွေ့ရှိသွားမလား။ သူ့အပေါ်မှာ ခံစားချက်တွေ ရောပြွန်းနေတဲ့ လူနှစ်ယောက်နဲ့ အမှန်တရားကို ဘယ်လိုရှာ‌ဖွေသွားပြီး ဘယ်လိုဇာတ်လမ်းတွေဆက်သွားမလဲဆိုတာကိုတော့ Always My General ဆိုတဲ့ ဇာတ်လမ်းတွဲလေးမှာ ကြည့်ရှုခံစားပေးကြပါဦးနော်။ ဇာတ်လမ်းအညွှန်းရေးသားသူကတော့ Shwe Yi Linn ဖြစ်ပြီး ဘာသာပြန်သူများကတော့ Nwe Ni, Xue Ying, Shwe Yi Linn, AThet, Rin, Hmue Nichakorn ဖြစ်ပါတယ်။ မန်ဘာဝင်ရန် 👇👇 https://t.me/msubmovieagent/4314

Always My General (2025) Web-dl 1080p Complete Ep 1 to 24 ရပါပီ
Always My General (2025) Web-dl 1080p Complete Ep 1 to 24 ရပါပီ

Dr. Stone ရဲ့ Season 4 ဖြစ်တဲ့ "Dr. Stone: Science Future" ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့မှာ စတင်ထုတ်လွှင့်ခဲ့ပြီး အခုအချိန်မှာတော့ ပထမပိုင်းအနေနဲ့ ၁၂ ပိုင်းထုတ်လွှင့်နေပါတယ်​။ ဒီ Season မှာ Senku နဲ့ သူ့အဖွဲ့သားတွေဟာ အမေရိကန်မြောက်ပိုင်းကို ခရီးသွားပြီး သူတို့ရဲ့ အာကာသအစီအစဉ်အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို ရှာဖွေကြပါတယ်။ အဓိကကတော့ လူသားမျိုးနွယ်ကို ပြန်လည်အသက်သွင်းဖို့ အရေးကြီးတဲ့ အရင်းအမြစ်ဖြစ်တဲ့ Yellow Dent ပြောင်းဖူးကို သွားရှာကြတာပဲဖြစ်ပါတယ်။ ဒီ Season မှာ အသစ်တိုးတက်လာတဲ့ သိပ္ပံနည်းပညာတွေ၊ စိတ်ဝင်စားဖွယ်ရာ စွန့်စားမှုတွေနဲ့ ဇာတ်ကောင်အသစ်တွေ ပါဝင်လာပါတယ်။ Dr. Stone ကတော့ အရင်လိုပဲ သိပ္ပံအခြေပြု နည်းပညာများတွေကို စိတ်ဝင်စားစရာကောင်းအောင် ဖန်တီးပေးနိုင်တဲ့အတွက် ဗဟုသုတလည်းရစေပြီး Comedy တွေနဲ့ ဘဝအမောလည်း ခေတ္တခဏ ပြေပျောက်စေတဲ့ Anime ဖြစ်တာမို့ ရှုစားကြပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်။ ဇာတ်လမ်းအညွှန်းရေးသားသူကတော့ Hikazu ဖြစ်ပြီး ဘာသာပြန်သူများကတော့ Hikazu, Chiesa ဖြစ်ပါတယ်။

Dr. Stone (2019) Web-dl 1080p Season 4 Complete Ep 1 to 12 ရပါပီ
Dr. Stone (2019) Web-dl 1080p Season 4 Complete Ep 1 to 12 ရပါပီ

ပရိသတ်ကြီးအတွက် Taxi Driver မင်းသား Lee Je-Hoon ရဲ့ အမိုက်စား စီးပွားရေး Drama လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသား Lee Je-Hoon နဲ့အတူ Reply 1988 ထဲက ဒေါ့ဆွန်းတို့အဖေ Sung Dong Il၊ Hospital Playlist ထဲက စကားနည်းတဲ့ သားဖွားမီးယပ်ဆရာဝန် Kim Dae Myung နဲ့ တခြား နာမည်ကြီးအနုပညာရှင်များစွာလည်း ပါဝင်အားဖြည့်ထားကြပါတယ်။ Sanin လုပ်ငန်းစု M&A Team ရဲ့ သွေးအေးပြီးထက်မြက်တဲ့ ပရော်ဖက်ရှင်နယ် ညှိနှိုင်းရေးမှူးဟောင်းဖြစ်တဲ့ Yun Ju No က တစ်နေ့မှာ မဖော်ပြနိုင်တဲ့ အကြောင်းရင်းတစ်ခုနဲ့ ဟာဝိုင်အီကို ထွက်ခွာသွားပြီး ပျောက်သွားခဲ့ပါတယ်။ ကောလာဟလတွေအရတော့ ရာထူးဖြုတ်ချခံရတာလို့ ပြောကြပေမဲ့ တကယ့်အကြောင်းမှန်ကိုတော့ ဘယ်သူမှ မသိနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ၃ နှစ်အကြာမှာ Sanin လုပ်ငန်းစုက အကြွေး ဝမ် ၁၁ ထရီလီယံနဲ့ ဒေဝါလီခံရတော့မယ့်ကိန်းစိုက်နေချိန် Yun Ju No က သူတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်အဖြစ်နဲ့ ကိုရီးယားကို ပြန်ရောက်လာခဲ့ပါတယ်။ Sanin လုပ်ငန်းစုကို ကယ်တင်ဖို့က သူ့ရဲ့ရှင်းလင်းတဲ့ ပန်းတိုင်ဖြစ်ပေမဲ့ မထင်မှတ်ထားတဲ့ အခက်အခဲတွေက သူ့ကို စောင့်ကြိုနေခဲ့ပါတယ်။ စီအီးအို Song Jae Sik ရဲ့ ထောက်ပံ့မှုနဲ့ သူက M&A Team အသစ်ဖွဲ့စည်းခဲ့ပြီး ပြိုင်ဆိုင်မှုကြီးမားလှတဲ့ စီးပွားရေးနယ်ပယ်ထဲက အတော်ဆုံး အဖွဲ့သားတွေကို စုစည်းခဲ့ပါတယ်။ သူ့ရဲ့အဖွဲ့အသစ်နဲ့ Yun Ju No က နောက်ဆုံးအကြိမ် အလောင်းအစားအဖြစ် ကုမ္ပဏီကို ကိုကယ်တင်ဖို့ လိုအပ်တဲ့ ဝမ် ၁၁ ထရီလီယံကို အရယူနိုင်မလား၊ "ညှိနှိုင်းရေး နတ်ဘုရား"ဆိုတဲ့ သူ့ရဲ့ နာမည်ကို စတေးလိုက်ရမလားဆိုတာကိုတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်း ဇာတ်လမ်းထဲမှာ စောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Amelia ဖြစ်ပါတယ်။

The Art of Negotiation (2025) Web-dl 1080p Complete Ep 1 to 12 ရပါပီ
The Art of Negotiation (2025) Web-dl 1080p Complete Ep 1 to 12 ရပါပီ