cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

English share channel

Welcome English learners 🤗 11.3.2022

Больше
Рекламные посты
1 228
Подписчики
+624 часа
+247 дней
+9630 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

ဒါကတော့ Ivyenna ဖြေထားတာလေး sample ပြတာပါ🍓 Certificate မဟုတ်ပါဘူးနော် မွဲနေလို့မဝယ်နိုင်ဘူး🥹 #Admin_Ivyenna
Показать все...
Фото недоступноПоказать в Telegram
EnglishScore✨ EnglishScore ဆိုတာကတော့ British Council ကပြုလုပ်ထားတဲ့ free online level test ဖြစ်ပါတယ်။ အခမဲ့ဆိုပေမဲ့လည်းတရားဝင် certificate ရချင်ရင်တော့ $25 ပေးရပါတယ်ရှင့်။ Core skills, speaking, writing ဆိုပြီး test သုံးမျိုးရှိပါတယ်။ Core skills test မှာ grammer, vocabulary, reading, listening ဆိုပြီးအပိုင်းလေးပိုင်းထပ်ရှိပါတယ်။ receptive skills ကိုအဓိကစစ်ဆေးတာဖြစ်ပါတယ်။ Speaking test မှာကတော့ pronunciation, fluency, communication ဆိုပြီးအပိုင်းသုံးပိုင်းရှိပါတယ်။ အဲ့ဒါအပြင် သူများတွေဖြေဆိုထားတာတွေကိုအမှတ်ပေးရတဲ့အပိုင်းပါ ပါဝင်ပါတယ်ရှင့်။ Writing test မှာတော့ language, organisation, communication ဆိုပြီး ၃ ပိုင်းရှိပါတယ်။ speaking test မှာလိုပဲသူများဖြေဆိုထားတာတွေကို အမှတ်ပေးရပါတယ်ရှင့်။ အဲ့လိုအပိုင်းလေးတွေရဲ့အမှတ်တွေကိုစုပြီး ပျမ်းမျှအမှတ်တွေရပါတယ်။ စုစုပေါင်းအမှတ် 600 ထိရှိပြီး C1 level မှာထို test အတွက်အမြင့်ဆုံးဖြစ်ပါတယ်။ 0 ~ 100 = pre A1 101 ~ 200 = A1 201 ~ 300 = A2 301 ~ 400 = B1 401 ~ 500 = B2 501 ~ 600 = C1 #EnglishScore #Admin_Ivyenna
Показать все...
ဘဝမှာ ပိုက်ဆံထက်ပိုပြီး အရေးပါတဲ့အရာများ
👨‍👨‍👧‍👧 - မိသားစု
မေတ္တာတရားကို ဖော်ညွှန်းတဲ့ မိသားစု၊ မိတ်ဆွေနဲ့ ချစ်စရာ တွယ်တာစရာတွေဟာလည်း အရေးပါပါတယ်။ ငွေရှိရင် စိတ်ချမ်းသာရမှာပဲထင်ပြီး ပျော်ဖို့ အချိန်မရလောက်အောင် သောကများနေရင် အဲ့ဒီဘဝက မတန်ပါဘူး။ ပိုက်ဆံပုံတွေအကြား ထိုင်နေရပေမယ့် မေတ္တာတရားကို မခံစားနိုင်ရင် ဘယ်တော့မှပြုံးနိုင်မှာမဟုတ်ပါဘူး။
🛤️ - ဘဝအတွေ့အကြုံ
လူဟာမွေးဖွားရှင်သန်လာပြီး သေသွားတာချည်းပါပဲ။ တစ်နေ့လုံး ရုံးခန်းလေးထဲမှာပဲ ထိုင်နေရင်းနဲ့ အသက်မွေးမှုနဲ့ပဲ အလုပ်များနေရင် ဘာများ အဓိပ္ပါယ်ရှိဦးမှာလဲ။ ကိုယ့်ရဲ့ နောက်မျိုးဆက်ကို ဘယ်လိုအတွေ့အကြုံတွေ ပြန်မျှဝေလို့ရမလဲ။ ဒါဆို ကိုယ့်ဘဝဟာ ဘာမှထည့်မထားတဲ့ အိတ်တစ်လုံးထက် ဘာများပိုနိုင်မှာလဲ။ ဘဝမှာ သူများနဲ့မတူ ထူးကဲတဲ့ဖြတ်သန်းမှုတွေကို ပိုက်ဆံနဲ့တန်ဖိုးဖြတ်လို့ မရပါဘူး။
💊 - ကျန်းမာရေး
ပိုက်ဆံထက် ကိုယ့်ရဲ့ကျန်းမာရေးက ပိုပြီးတန်ဖိုးကြီးပါတယ်။ ဘယ်လောက်ပဲ ချမ်းသာလို့ဖြစ်စေ ကျန်းမာရေးကို ဝယ်လို့မရပါဘူး။ ပိုက်ဆံနောက်လိုက်ကြရင်းနဲ့ ကိုယ့်ရဲ့ကျန်းမာရေးကိုပစ်ထားမိရင် မိုက်မဲလိုက်တာလို့ တစ်နေ့မှာ ကိုယ့်ကိုယ်ကိုယ် ပြန်အပြစ်တင်နေမိပါလိမ့်မယ်။
‼️ - ယုံကြည်မှု
ယုံကြည်မှုဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တာ၊ ကိုယ့်အိပ်မက်နဲ့ ကိုယ်လုပ်နေတဲ့ အလုပ်ကို ယုံကြည်တာကို ပြောတာဖြစ်ပါတယ်။ ယုံကြည်မှု ပျောက်ဆုံးသွားရင် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ကိုယ့်ဆီက ပျောက်ဆုံးသွားတာပါပဲ။ 💠 - https://t.me/Life_Explored_Channel #Life_Knowledge #Daily_Life #Haruki
Показать все...
4💘 1
Фото недоступноПоказать в Telegram
CEFR level, Cambridge exams, IELTS band တွေရဲ့နှိုင်းယှဥ်ချက်လေးပါရှင့်🫶🏻 #English_levels #Admin_Ivyenna
Показать все...
💘 7🍓 1
Фото недоступноПоказать в Telegram
မကြာခဏ သွားနဲ့ခံတွင်းကျန်းမာရေး စစ်ဆေးမှုခံယူသင့်တဲ့ အကြောင်းအရင်းများ တစ်ကိုယ်ရည်သန့်ရှင်းရေးထဲမှာ ခံတွင်းကျန်းမာရေးကလည်း အရေးကြီးပါတယ်။ များသောအားဖြင့် လူတွေဟာ ခံတွင်းနဲ့သွားပြဿနာရှိမှ သွားဆရာဝန်ဆီသွားကြပေမယ့် တကယ်တမ်းတော့ ကျန်းမာတဲ့လူနေမှုပုံစံအရဆို Dentist ဆီကို မကြာခဏသွားဖို့လိုပါလိမ့်မယ်။ ဘာကြောင့် သွားဆရာဝန်ဆီ မကြာခဏ သွားနဲ့ခံတွင်းကျန်းမာရေး စစ်ဆေးမှုခံယူသင့်သလဲဆိုတာကတော့ 🧑🏻‍⚕️ - ဖတ်ရန်နှိပ်ပါခင်ဗျာ။ #Teeth #Health #Haruki
Показать все...
💘 1
Фото недоступноПоказать в Telegram
ဒေါက်တာကျူ ( ဘာသာပြန် အနှစ်ချုပ် ) 👨🏻‍⚕️ မက္ကဆီကန် ကျေးတောသားလေးဘဝကနေ သူ့ဘဝကိုမြှင့်တင်ပေးနိုင်မယ့် အမေရိကန်ပြည်ထောင်စုထဲ ခိုးဝင်ဖို့ စွန့်စွန့်စားစားအားထုတ်ခဲ့တဲ့ "ဖရက်ဒီ" ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိခဲ့ပါတယ်။ အဲဒီ ငယ်ငယ်ရွယ်ရွယ် ရွှေ့ပြောင်းလုပ်သား မက္ကဆီကန်ကောင်လေးဖရက်ဒီက နိုင်ငံတကာမှာအသိအမှတ်ပြုရတဲ့ ဦးနှောက်ခွဲစိတ်ပါရဂူဖြစ်လာဖို့ဆိုတာ ဘယ်လိုမှ မလွယ်နိုင်ပါဘူး။ ဒီနေ့ Becoming Dr. Q စာအုပ်ရဲ့အနှစ်ချုပ်မှာတော့ အဲဒီအကြောင်းအရာတွေ အားလုံးကို စာဖတ်သူလေးဖတ်ရှုရမှာပါ။ ဒီစာအုပ်ဟာ 14 ကြိမ်မြောက် နိုင်ငံတကာလက်တင် (Latin) စာအုပ်ဆုပေးပွဲမှာ အကောင်းဆုံး ကိုယ်ရေးအတ္ထုပ္ပတ္တိ စာအုပ်ကဏ္ဍအတွက် ပထမဆုရရှိထားတဲ့ စာအုပ်ဖြစ်လို့ Biography နှစ်သက်သူတွေ ဖတ်ကိုဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်ခင်ဗျာ။ Author - နွေဦးအက္ခရာ - Haruki Page - 46 ( Read Time - about 30 Minutes ) File Size - 22.9 MB Free PDF & Colorful Book Link 👇🏻 https://t.me/black_white_Library/1558/16697 အကြံပြုချက်များ ပေးပို့ရန် - @Nway_Oo_Akayar #Books #Haruki
Показать все...
3💘 3
Фото недоступноПоказать в Telegram
4
Фото недоступноПоказать в Telegram
Types of doctors🩺 ဒီနေ့ကတော့ ဆရာဝန်အမျိုးအစားတွေကို English လိုဘယ်လိုခေါ်လဲဆိုတာမျှဝေပေးသွားမှာပါရှင့်✨ အထွေထွေရောဂါကုဆရာဝန် ~ general practitioner ကလေးဆရာဝန် ~ pediatrician အရေပြားရောဂါကုဆရာဝန် ~ dermatologist မျက်စိရောဂါကုဆရာဝန် ~ ophthalmologist နှလုံးရောဂါကုဆရာဝန် ~ cardiologist အစာခြေလမ်းကြောင်းဆိုင်ရာရောဂါကုဆရာဝန် ~ gastroenterologists နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာရောဂါကုဆရာဝန် ~ otolaryngologist အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကုဆရာဝန် ~ pulmonologist ဆီးလမ်းကြောင်းဆိုင်ရာရောဂါကုဆရာဝန် ~ urologist ကျောက်ကပ်ရောဂါကုဆရာဝန် ~ nephrologist ဦးနှောက်၊ အာရုံကြော၊ ကျောရိုးဆိုင်ရာရောဂါကုဆရာဝန် ~ neurologist ကင်ဆာဆိုင်ရာရောဂါကုဆရာဝန် ~ oncologist ဓာတ်မှန်ရိုက်ဆရာဝန် ~ radioogist မေ့ဆေးဆရာဝန် ~ anesthesiologists ကြိုက်နှစ်သက်ရင် reaction လေးပေးကြပါအုံးရှင့်🍓 #Doctors #Admin_Ivyenna
Показать все...
🍓 14💘 6🥰 1
Фото недоступноПоказать в Telegram
Relationship & Career❗️ PDF Book Link https://t.me/black_white_Library/7127/16494 #Books #Haruki
Показать все...
1
Фото недоступноПоказать в Telegram
လူနှစ်မျိုးပဲ ရှိတယ်။ အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်သူနဲ့ အကောင်အထည် မဖော်နိုင်တဲ့သူ။ ဘာတွေက ကွာခြားသွားတာလဲ❓ ❝ 𝘐𝘧 𝘺𝘰𝘶 𝘥𝘰𝘯’𝘵 𝘣𝘶𝘪𝘭𝘥 𝘺𝘰𝘶𝘳 𝘰𝘸𝘯 𝘥𝘳𝘦𝘢𝘮𝘴, 𝘴𝘰𝘮𝘦𝘰𝘯𝘦 𝘸𝘪𝘭𝘭 𝘩𝘪𝘳𝘦 𝘺𝘰𝘶 𝘵𝘰 𝘣𝘶𝘪𝘭𝘥 𝘵𝘩𝘦𝘪𝘳𝘴. ❞ ဒီ Quote လေးထဲကလိုပေါ့၊ လူတိုင်းမှာတော့ အိပ်မက်ကိုယ်စီ ရှိကြတာပဲလေ။ 💭 ဘဝမှာ ကိုယ်ပိုင် အိပ်မက်တွေကို လက်တွေ့ဖြစ်အောင် မကြိုးစားဘူးဆိုရင် သူတစ်ပါးအတွက် ကြိုးစားပေးရလိမ့်မယ်တဲ့။ ဒါ အမှန်တရားပါပဲ။ ☝️ အိပ်မက်တွေ စိတ်ကူးတွေကို ဖော်ဆောင်တဲ့နေရာမှာ အရေးအကြီးဆုံးက စိတ်ဆန္ဒပြင်းပြဖို့ရယ် စည်းကမ်းရှိဖို့ရယ်ပါ။ နေ့စဥ် ထမင်းစား ရေသောက်သလို နေ့စဥ် ကြိုးစားပါ။ 🚩 ကြိုးစားခြင်းက အလေ့အကျင့်တစ်ခု ဖြစ်လာတဲ့နေ့ဟာ အောင်မြင်မှုလမ်းစကို သင်ရှာတွေ့တဲ့ နေ့ပါပဲ။ Crd#
Показать все...
4🍓 2
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.