cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

Naung Taw Lay

National Journalist

Больше
Рекламные посты
16 060
Подписчики
-924 часа
-357 дней
-2830 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

01:11
Видео недоступноПоказать в Telegram
ရင်သက်ရှုမောဖွယ်ကောင်းလှသည့် ပင်လယ်ရေအောက် ရှုခင်းများ၊ သစ်ပင်ပန်းမာန်များနှင့်ဇီဝမျိုးကွဲများ ပေါများရာဒေသဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျွန်းစုများ #myanmar #myanmartravel #traveldaily #tourismdaily #MyanmarBeEnchanted #VisitMyanmar
Показать все...
13
Фото недоступноПоказать в Telegram
ခရမ်းမြို့နယ်၊ ကမာကလူကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် နေပြည်တော်၊ မေ ၃၁ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ကမာကလူကျေးရွာနှင့်ပတ်ဝန်းကျင် ကျေးရွာများရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ကမာကလူပရိယတ္တိစာသင်တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၂ ပါးနှင့် ဒေသခံပြည်သူ ၁၈၉ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုးအကြောရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့‌ဆောင်ရွက်နေမှုများကို သန်လျင်တပ်နယ်မှ တာဝန်ရှိသူများက သွား ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။ Join - https://t.me/MyanmarNationalPost
Показать все...
6👍 4
တပ်မတော်ဆေးရုံများ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား ကြည့်ရှုအားပေး နေပြည်တော်၊ မေ ၃၁ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ တပ်မတော်ဆေးရုံ ကြီး(ခုတင်-၁၀၀၀)၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည် များအား ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။ ထို့နောက် ဆေးရုံအတွင်း လှည့်လည် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2024/05/blog-post_115.html
Показать все...
👍 7 3
သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရအား International Award for Promotion of Buddhism ဘွဲ့တံဆိပ် ဆက်ကပ်အပ်နှင်းသည့်အခမ်းအနားကျင်းပ
Показать все...
🙏 14👍 1 1
21:36
Видео недоступноПоказать в Telegram
ပြင်ဦးလွင် သာယာလှပ ဖွံ့ဖြိုးရေး၊ Facebook ၏ ကောင်းကျိုး နှင့် ဆိုးကျိုး၊ TNLA အကြမ်းဖက်အဖွဲ့က ဘယ်ပထွေး အားကိုးနဲ့ မိုက်လုံးထွားနေသလဲ၊ Join - https://t.me/MyanmarNationalPost
Показать все...
👍 21 1
Фото недоступноПоказать в Telegram
ခံသုခ လုပ်ကွက်ရှာနေပုံ -
Показать все...
👍 9😁 5
ကလေးမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန်သတင်းမှားများ ဖြန့်ဝေလျက်ရှိ
Показать все...
👍 27😁 5 1
ပင်လောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ ပင်လောင်း၊ မေ ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ အ.ထ.က(၂) ကျောင်းသား၊ ကျောင်းသူလေးများက "ကျောင်းအပ်နှံရေးသီတင်းပတ်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်နိုင်ရန်အတွက် ပညာတတ်ကျွမ်းကျင်သူများရရှိအောင် ပြုစုပျိုးထောင်ပေးခြင်းဖြင့် တန်ဖိုးမြင့် လူ့စွမ်းအားအရင်းအမြစ်များရရှိရန်ဖြစ်ကြောင်း၊ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2024/05/blog-post_293.html
Показать все...
17👍 10
Фото недоступноПоказать в Telegram
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၄)အစည်းအဝေး တက်ရောက် နေပြည်တော်၊ မေ ၃၁ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ (၂/၂၀၂၄)အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။ ဖတ်ရှုရန် >>> https://www.mmnationalpost.com/2024/05/blog-post_547.html
Показать все...
👍 19 3
00:24
Видео недоступноПоказать в Telegram
မဟာအောင်မြေမြို့နယ်ရှိ ဆယ်သန်းရွှေဆိုင် ဓားပြတိုက်ခံရမှု ကာလတန်ဖိုး သိန်း(၅၀၀၀)ကျော် တန်ဖိုးရှိ မန္တလေး၊ မေ ၃၁ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၈၄-၈၅ လမ်းကြား၊ ၃၉-၄၀ လမ်းကြားရှိ မန်းမြို့ဈေးအတွင်းရှိ ဆယ်သန်း ရွှေဆိုင် ဓားပြတိုက်ခံရမှု ကာလတန်ဖိုး သိန်း(၅၀၀၀)ကျော် ခန့် ရှိကြောင်း သိရသည်။ ယနေ့ (၃ ၃၀)အချိန်ခန့်က ဆယ်သန်း ရွှေဆိုင် (၁/၂)အတွင်း လက်နက်ကိုင် အကြမ်းဖက်သမား (၆)ဦး က ဝင်ရောက်လာပြီး ဆိုင်ဝန်ထမ်းများကို လက်နက်ဖြင့် ခြိမ်းခြောက်ကာ ရွှေများကို ဓားပြတိုက် ယူဆောင်သွားခြင်းဖြစ်သည်။ Join - https://t.me/MyanmarNationalPost
Показать все...
🤬 24👍 11 1