cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

HIV အရေး ခင့်ကိုမေး

Services:Counseling and Testing,Condom Distribution,ART Provision

Больше
Мьянма12 930Бирманский11 113Медицина9 593
Рекламные посты
1 807
Подписчики
+524 часа
+217 дней
+18430 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

Фото недоступноПоказать в Telegram
ခင့်မိတ်ဆွေ LGBTQ+ လေးတို့ရေ သတ္တိခွန်အားအပြည့်နဲ့ မိမိရဲ့ ဖြစ်တည်မှု အစစ်အမှန်အတိုင်း ရဲဝံ့ပြတ်သားကြလို့ ခင်မှ ဂုဏ်ယူမိပါတယ်။ တို့ဖြည်တည်မှုတိုင်းကို ပွင့်လင်းစွာ နွေးထွေးစွာ လက်ခံချစ်ခင်ကြမယ့် လူ့လောကဘောင်သစ်တစ်ခုဆီသို့ ရည်မှန်းလျှောက်လှမ်းကြပါစို့လားရှင်… 🏳️‍🌈 “We deserve to experience love fully, equally, without shame, and without compromise.” – Elliot Page (Canadian actor and producer) #Pridemonth
Показать все...
16
Фото недоступноПоказать в Telegram
အေအာတီသောက်သုံးနေသူတွေအနေနဲ့ အခြားသောကျန်းမာရေး ပြဿနာများကြောင့် ပိုးသတ်ဆေးသောက်ဖို့လိုအပ်ခဲ့ရင် အေအာတီဆေးကိုမိမိသောက်နေကျ အချိန်အတိုင်းသေချာတိတိကျကျဆက်သောက်ရပါမယ်။ ပိုးသတ်ဆေး(Antibiotic) ကိုတော့ ဆရာဝန်ညွန်ကြားတဲ့အတိုင်း သောက်သုံးရပါမယ်။ အေအာတီ နဲ့ ပိုးသတ်ဆေးနှစ်မျိုးလုံးကို ခန္ဓာကိုယ်က ကောင်းကောင်းစုပ်ယူနိုင်ဖို့ နဲ့ ဆေးနှစ်မျိုးရဲ့ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေကို ရှောင်ကြဉ်နိုင်ဖို့ အေအာတီဆေးသောက်ချိန်နဲ့ နှစ်နာရီဝန်းကျင်ခြားပြီး သောက်ဖို့လိုအပ်ပါတယ်။ ဆေးသောက်ဖို့မမေ့အောင် ့ မိမိအတွက် အဆင်ပြေမယ့် နည်းလမ်းနဲ့ ဂရုစိုက်ပြီး နာရီAlarm ပေးတာမျိုးဖြစ်စေ မိမိရဲ့နေ့စဉ် အလေ့အကျင့်တစ်ခုနဲ့ တွဲပြီးဖြစ်စေ သောက်သင့်ပါတယ်နော် ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ "ခင့်" Viber နဲ့ Telegram Community Group ကိုလည်း Joinထားဖို့ မမေ့နဲ့နော်။ Viber Link https://invite.viber.com/… Telegram Link https://t.me/hivayaykhinkomayy သိလိုရာဆွေးနွေးပေးဖို့ 'ခင် ' ရှိနေပါမယ်။
Показать все...
7👍 5
Фото недоступноПоказать в Telegram
ဒူးရင်းရာသီလေးဆိုတော့ မူစကူဒူးတော့မယ်ဆိုရင် ဒင်းရူးသွားအောင် ဒူးရင်းနံ့ကွန်ဒုံးလေးနဲ့ဆို ဘယ်လိုများဖြစ်မလဲ💁🏼‍♀️❓ ဒူးရင်းသီးနံ့ပါတဲ့ကွန်ဒုံးတော့ မရှိသေးပေမယ့် အဖုလေးတွေပါတဲ့ ကွန်ဒုံးလေးတွေလဲရှိတော့ သုံးကြည့်ကြည့်နော် လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါတွေကိုကာကွယ်ဖို့နဲ့ ကိုယ်ဝန်မရအောင်ကာကွယ်ဖို့ဆို ဦးထုပ်လေးဆောင်းကြဖို့လိုပါတယ် မိမိရဲ့ ပါတနာနဲ့အတူ ချစ်ခြင်းမေတ္တာတွေကို လုံခြုံစွာ ပုံဖော်နိုင်ပါစေ 😍😍😍😍😍
Показать все...
3👍 1🔥 1
Фото недоступноПоказать в Telegram
ရင်သွေးလေးတွေအတွက်ဆို ဘယ်အရာကိုမှ မကြောက်ရွံဘဲ HIV Positive ဖြစ်နေလည်း ရဲရဲတောက်ရင်ဆိုင်နေကြတဲ့ မေမေတို့ကို ခင်ကနေ အမေများနေ့မှာ ရင်သွေးလေးတွေနဲ့အတူ လေးစားဂုဏ်ပြုပါတယ်ရှင်။ #MothersDay #UEqualU
Показать все...
9👍 3
Фото недоступноПоказать в Telegram
Фото недоступноПоказать в Telegram
HIV နဲ့ TB ရောဂါ ယှဉ်တွဲနေတဲ့အခါ HIV နဲ့ TB ရောဂါပိုးနှစ်ခုလုံး ယှဉ်တွဲရှိနေသူတွေမှာ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ HIV ပိုးကြောင့် ကိုယ်ခံအားကျဆင်းနေချိန်မှာ TB ပိုးဟာ ပိုမိုပွားများနိုင်ပြီး သာမာန်လူတွေမှာထက် ပိုပြီးပြင်းထန်တဲ့ လက္ခဏာတွေဖြစ်စေပြီး အသက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့် TB ရောဂါက HIV ရှိသူတွေ သေဆုံးစေတဲ့ အကြောင်းရင်းတွေထဲမှာ ထိပ်ဆုံးကဖြစ်နေပါတယ်။ ဒီနေ့ မတ်လ ၂၄ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့မှာ ခင်က HIV နဲ့ TB ရောဂါယှဉ်တွဲရှိနေတဲ့သူတွေမှာ ဂရုစိုက်ရမယ့်အချက်လေးတွေကို ပြောပြပေးပါမယ်။ 1.ART နဲ့ TB ဆေးတွေကို အချိန်မှန်မှန်သောက်ပါ။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရောဂါပိုးတွေ ပြန့်ပွားတာကို ထိန်းချုပ်နိုင်ဖို့အတွက် ART နဲ့ TB ဆေးတွေကို နေ့စဉ်အချိန်မှန်သောက်သုံးရပါမယ်။ ဆေးတွေကို ပုံမှန်သောက်ခြင်းဖြင့် ပိုးကောင်ရေကို နည်းပါးလာစေပြီး ပြင်းထန်လက္ခဏာတွေကို တားဆီးနိုင်ပါတယ်။ ဆေးသောက်ဖို့ ခဏခဏမေ့တာ၊ ဆေးသောက်လိုက်မသောက်လိုက် လုပ်တာတွေဟာ ဆေးအာနိသင်ကို ကျဆင်းစေတဲ့အပြင် ဆေးယဉ်ပါးမှုကို ဖြစ်စေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ 2.ခန္ဓာကိုယ်မှာ ကိုယ်ခံအားအတွက် လိုအပ်တဲ့ ဓာတ်တွေနဲ့ အားအင်ပြည့်ဝစေဖို့အတွက် ဟင်းသီးဟင်းရွက်၊ အသားငါး၊ နို့၊ကြက်ဥ စတာတွေကို ညီညွတ်မျှတစွာစားပါ။  3.ကိုယ်သောက်နေရတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတခုခုကို အရမ်းခံစားရတာဖြစ်ဖြစ်၊ ဆေးသောက်ရတာ အခက်အခဲတခုခုရှိရင်ဖြစ်ဖြစ် ကျွမ်းကျင်ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးပါ။ မိမိရောဂါအခြေအနေ တိုးတက်မှုရှိမရှိ သိစေဖို့ ဆေးစစ်မှုကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ပြုလုပ်ပါ။ 4.HIV နဲ့ TB ရောဂါယှဉ်တွဲခံစားနေရသူတွေဟာ ရောဂါဒဏ်၊ဆေးဒဏ်ကြောင့် စိတ်ပင်ပန်း၊လူပင်ပန်းကြရလေ့ရှိပါတယ်။ ဒါကြောင့် မိသားစု၊သူငယ်ချင်းမိတ်ဆွေများက ရောဂါခံစားနေရသူကို အားပေးကူညီကြပါ။ ကိုယ်ချစ်ခင်ရင်းနှီးရသူတွေဆီက အားပေးစကားတခွန်းဟာလည်း ရောဂါပျောက်ကင်းစေဖို့ ဆေးတခွက်ပါပဲ။ နောက်ဆုံးအနေနဲ့ကတော့ တီဘီရောဂါ၊ HIV ရောဂါတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ကာကွယ်ရေးနည်းလမ်းတွေကို ကိုယ့်ပတ်ဝန်းကျင်ကသူတွေကို ပြောပြပြီး တီဘီရောဂါတိုက်ဖျက်ရေးမှာ ပါဝင်လှုပ်ရှားဖို့ ခင်က တိုက်တွန်းလိုက်ပါတယ်။ သိလိုသမျှ ခင့်ကို Messenger / Viber - 09 765 203221 တို့မှာ တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။  Telegram Channel Join ရန် https://t.me/hivayaykhinkomayy  Viber Channel Join ရန် https://invite.viber.com/?g2=AQBBsZhbJacuM04NuLQWx%2FpmK50Rcb2A3Nwe1gmLsFs7YxtRikwkxxOH20OUYLYG   
Показать все...
HIV အရေး ခင့်ကိုမေး

Services:Counseling and Testing,Condom Distribution,ART Provision

Фото недоступноПоказать в Telegram
လိင်ကတဆင့် ကူးစက်ရောဂါ မဖြစ်စေဖို့ရာ လိင်ဆက်ဆံရာကတဆင့် ကူးစက်နိုင်တဲ့ HIV ပိုးနဲ့ကာလသားရောဂါပိုး ကူးစက်မှုကြောင့် အလားအလာများစွာရှိတဲ့ လူငယ်တွေရဲ့ ဘဝမှာ ကျန်းမာရေးချို့ယွင်းတာအပြင် ကိုယ့်ဘဝရည်မှန်းချက်တွေအတွက်လဲ အခက်အခဲအတားအဆီးတွေဖြစ်စေနိုင်ပါတယ်။ ဒီရောဂါပိုးတွေမကူးစက်စေဖို့ ကွန်ဒုံး အကာအကွယ်သုံးပြီး အတူနေတာဟာ အထိရောက်ဆုံး ကာကွယ်ရေးနည်းလမ်းပဲ ဖြစ်ပါတယ်။ ကွန်ဒုံးသုံးသော်လည်း လွဲမှားတဲ့ အသုံးပြုပုံတွေဟာ ကူးစက်မှုကို မဟန့်တားစေနိုင်တာကြောင့် ဆောင်ရန်၊ရှောင်ရန်တွေကို ခင်က ပြောပြပေးပါမယ်နော်။ ✴️ကွန်ဒုံးကို နှစ်ထပ်စွပ်ပြီး သုံးတာဟာ ဘာမှအကျိုးမထူးတဲ့အပြင် ကွန်ဒုံးအလွှာနှစ်ခု ပွတ်တိုက်မှုကြောင့် ကွန်ဒုံးပေါက်ပြဲပြီး ရောဂါကူးစက်နိုင်ခြေ ပိုများစေပါတယ်။ ✴️သုတ်ထွက်ခါနီးမှ ကွန်ဒုံးစွပ်တာ၊ သုတ်မထွက်သေးဘဲ ကွန်ဒုံးကို စောချွတ်တာတွေဟာအသုံးပြုပုံအမှားဖြစ်ပါတယ်။ ကွန်ဒုံးကို လိင်မဆက်ဆံခင်ကတည်းက စတင်စွပ်ရမှာဖြစ်ပြီး ချွတ်တဲ့အခါမှာလည်း သုတ်လွှတ်ပြီးနောက် လိင်တံကို အမျိုးသမီး လိင်အင်္ဂါထဲက ထုတ်ပြီးအချိန်မှသာ ချွတ်ရမှာဖြစ်ပါတယ်။ ✴️ကွန်ဒုံးအသုံးမပြုခင် နဲ့ အသုံးပြုပြီးနောက် အပေါက်အပြဲရှိမရှိကို အမြဲပြန်စစ်ဆေးသင့်ပါတယ်။ ✴️LGBTQ+ တွေအနေနဲ့လည်း အကာအကွယ်မဲ့လိင်တူဆက်ဆံရာမှတစ်ဆင့် ရောဂါကူးစက်နိုင်ခြေများတာကြောင့် အတူနေတဲ့အခါမှာ ကွန်ဒုံးအကာအကွယ်ကို အသုံးပြုသင့်ပါတယ်။ လုံခြုံစိတ်ချရတဲ့ ဆက်ဆံမှု (Safe Sex) အကြောင်း သိလိုသမျှကို ခင့်ရဲ့messenger သို့မဟုတ် Viber - 09 765 203221 တို့မှာ တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။ Telegram Channel Join ရန် https://t.me/hivayaykhinkomayy Viber Channel Join ရန် https://invite.viber.com/?g2=AQBBsZhbJacuM04NuLQWx%2FpmK50Rcb2A3Nwe1gmLsFs7YxtRikwkxxOH20OUYLYG
Показать все...
HIV အရေး ခင့်ကိုမေး

Services:Counseling and Testing,Condom Distribution,ART Provision

Фото недоступноПоказать в Telegram
Masturbationဟာ သာမာန်အလေ့အကျင့်တစ်ခုပါပဲ လူပျို၊ အပျိုဖော်ဝင်လာတဲ့အခါ တကိုယ်ရည်အာသာဖြေခြင်း (Masturbation) ကို တနည်းနည်းနဲ့လုပ်မိတတ်ကြပါတယ်။ Masturbation ဟာ ရှက်စရာမဟုတ်ဘဲ ကျန်းမာသန်စွမ်းတဲ့ အရွယ်ရောက်သူတွေရဲ့ သာမာန်အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ Masturbation လုပ်တဲ့အချိန်ထွက်လာတဲ့ Dopamine ဟော်မုန်းဟာ စိတ်ဖိစီးမှုတွေ၊ အိပ်ရေးပျက်တာတွေကို လျှော့ချပေးရုံသာမက ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ Masturbationကို Straightတွေရော၊ LGBTQ တွေမှာရော လုပ်နိုင်တဲ့အပြင် လက် ဒါမှမဟုတ် အကူပစ္စည်းတမျိုးမျိုးနဲ့‌ ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် တခုသတိထားရမှာက Masturbation လုပ်တဲ့အခါ လက် သို့မဟုတ် ပစ္စည်းကို သန့်ရှင်းရေးသေချာ ပြုလုပ်ပေးဖို့ လိုပါတယ်နော်။ ဒါ့အပြင် လိင်အင်္ဂါပွန်းပဲ့တာတွေ မဖြစ်စေဖို့ ညင်ညင်သာသာပဲ လုပ်သင့်ပါတယ်။ သိလိုသမျှ ခင့်ကို Messenger / Viber - 09 765 203221 တို့မှာ တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။ Telegram Channel Join ရန် https://t.me/hivayaykhinkomayy Viber Channel Join ရန် https://invite.viber.com/?g2=AQBBsZhbJacuM04NuLQWx%2FpmK50Rcb2A3Nwe1gmLsFs7YxtRikwkxxOH20OUYLYG
Показать все...
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.