Thai Movies ( ထိုင်းဇာတ်ကားများ )
Admin - @UrMine2025 ဤ Channelတွင် တင်ထားသော ကြော်ငြာများသည် အခကြေးငွေယူပြီး ကြော်ငြာပေးခြင်းသက်သက်သာ ဖြစ်ပါသည်။
Больше📈 Аналитический обзор Telegram-канала Thai Movies ( ထိုင်းဇာတ်ကားများ )
Канал Thai Movies ( ထိုင်းဇာတ်ကားများ ) (@thaiseries_gl) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 37 743 подписчиков, занимая 7 679 место в категории Фильмы и 3 744 место в регионе Мьянма.
📊 Показатели аудитории и динамика
С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 37 743 подписчиков.
Согласно последним данным от 15 июня, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило 1 898, а за последние 24 часа — 51, при этом общий охват остаётся высоким.
- Статус верификации: Не верифицирован
- Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 19.21%. В первые 24 часа после публикации контент обычно набирает 1.83% реакций от общего числа подписчиков.
- Охват публикаций: В среднем каждый пост получает 7 250 просмотров. В течение первых суток публикация набирает 692 просмотров.
- Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 11.
📝 Описание и контентная политика
Автор описывает ресурс как площадку для выражения субъективного мнения:
“Admin - @UrMine2025
ဤ Channelတွင် တင်ထားသော ကြော်ငြာများသည် အခကြေးငွေယူပြီး ကြော်ငြာပေးခြင်းသက်သက်သာ ဖြစ်ပါသည်။”
Благодаря высокой частоте обновлений (последние данные получены 16 июня, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Фильмы.
"မျက်လုံးသုံးလုံးအရှင်" ရဲ့ အမှောင်စွမ်းအားတွေကို စွန့်လွှတ်လိုက်ပြီးနောက်မှာ ဖနော် ရဲ့ ဘဝဟာ အစကနေ ပြန်စတင်ခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီအတွက် ပေးဆပ်လိုက်ရတဲ့ တန်ကြေးကတော့ သူမရဲ့ အတိတ်မှတ်ဉာဏ်တွေ အားလုံးကို အပြီးတိုင် ဖျောက်ပစ်လိုက်ရတာပဲ ဖြစ်ပါတယ်။ အတိတ်ဆိုးတွေကို မမှတ်မိတော့တဲ့ ဖနော် တစ်ယောက် သူမအမြဲတမ်း ဖြစ်ချင်ခဲ့တဲ့ ဆရာအတတ်သင်ကောလိပ်မှာ ကျောင်းသူဘဝသစ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ အေးချမ်းစွာ ဖြတ်သန်းခွင့်ရနေခဲ့ပြီး၊ သူမရဲ့အနားမှာတော့ “ပရစ်”က နောက်ကွယ်ကနေ တိတ်တိတ်လေး စောင့်ရှောက်ပြီး ကူညီပေးနေခဲ့ပါတယ်။ ဒါပေမဲ့ အေးချမ်းမှုဆိုတာ ခဏတာပဲ ဖြစ်ခဲ့ပါတယ်။ ဖနော် ရဲ့ ရင်ထဲမှာ ဖုံးကွယ်ထားတဲ့ အမှောင်လျှို့ဝှက်ချက်ကို သိနေတဲ့သူတစ်ယောက်က ထွက်ပေါ်လာပြီး၊ သူမဆီက အစွမ်းတွေကို ပြန်လည်နိုးထလာစေဖို့ နည်းမျိုးစုံနဲ့ လှုံ့ဆော်သွေးထိုးလာတဲ့အခါမှာတော့... ငြိမ်သက်နေတဲ့ "မျက်လုံးသုံးလုံးအရှင်" ရဲ့ ကျိန်စာက တစ်ကျော့ပြန် လှုပ်ခတ်လာပါတော့တယ်။ "မျက်လုံးသုံးလုံးအရှင်ရဲ့ အစွမ်းကို ဘယ်တော့မှ သွားမနှိုးဆွမိပါစေနဲ့။" ဘာလို့လဲဆိုတော့ ဒီတစ်ကြိမ် အမှောင်စွမ်းအားတွေသာ ပြန်နိုးထလာခဲ့ရင်...ဖနော် ဟာ သင်တို့အရင်က သိခဲ့ဖူးတဲ့ မိန်းကလေးမျိုး ဘယ်တော့မှ ဖြစ်လာတော့မှာ မဟုတ်လို့ပါပဲ Season 1 ထက်ကိုပိုပြီးစိတ်လှုပ်ရှားစရာကောင်းမဲ့ Panor2 လေးကိုရင်တထိတ်ထိတ်နဲ့ကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ပါပြီ#Panor #ArtoftheDevilBeginning #thaimovies #mmsub #blackhole
ရွာတစ်ရွာမာ ဖန်နော် ဆိုတဲ့ကောင်မလေးကအောက်လမ်းနည်းပညာတွေ ပေါများတဲ့ကာလမာဖွေးဖွားလာပြီး သူမရဲ့အသွေးအသားထဲမာလည်းအောက်လမ်းဓာတ်တွေရှိနေတဲ့အတွက်သူမ အမေအပါအဝင်တစ်ရွာလုံးကဝိုင်းပြီးသူမကိုရွံရှာစွာနဲ့ဖယ်ကြဉ်ကြပါတယ် ။ သူမနဲ့ပတ်သက်မိတဲ့သူတိုင်းအသေဆိုးနဲ့သေရတယ်ဆိုပြီးကောလဟာလတွေဟာတစ်ရွာလုံးကိုပြန့်နှံ့နေခဲ့ပါတယ်။ တစ်နေ့မာတော့သူမရဲ့သူငယ်ချင်းသေဆုံးမှုကိုစုံစမ်းနေတဲ့အချိန်မာ သူမဘယ်လိုဒီလိုအောက်လမ်းနည်းပညာကြီးကိုရခဲ့တာလဲ??? သူမသူငယ်ချင်းကိုရော ဘယ်သူတွေကသတ်လိုက်တာလဲ???? ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုလိုက်ရအောင်#Panor #ArtoftheDevilBeginning #thaimovies #mmsub #blackhole
ခရောင့် အဖြစ် - New Chaiyapol ထော်န်ကွာ အဖြစ် - Praew Chermawee ဝဲန့် အဖြစ် - Jazz Chuanchuen ဇာတ်လမ်းအကျဥ်း... ရွာတစ်ရွာမှာ ဆင်းရဲနွမ်းပါးလှတဲ့လယ်သမားလေး "ခရောင့်"ဟာအကြွေးနွံတွေထဲမှာ မရုန်းထွက်နိုင်ပါဘူး။ ဒါကြောင့်လည်း "ဂျိတ်"ရဲ့ဦးလေးဆီမှာပေါင်နှံထားတဲ့လယ်ကွက်တွေ အသိမ်းခံလိုက်ရပါတယ်။ ဥစ္စာဆင်းရဲပေမယ့် အချစ်ရေးမှာတော့ ရွာထဲကသူဌေးထော်န်ကော့ရဲ့ သမီးဖြစ်သူ "ထော်န်ကွာ"နဲ့ချစ်ကြိုက်နေတာပဲဖြစ်ပါတယ်။ "ဂျိတ်"ကလည်း "ထော်န်ကွာ"ကို အပိုင်လိုချင်တဲ့လူဆိုရင်လည်းမမှားပါဘူး။ ထော်န်ကွာရဲ့ အဖေဖြစ်သူကတော့ ဆင်းရဲတဲ့ ခရောင့်နဲ့သဘောမတူဘဲ ချမ်းသာပြီးယုတ်မာတဲ့ "ဂျိတ်"ကိုပဲ သဘောတူခဲ့ပါတယ်။ တနေ့မှာတော့ခရောင့်လည်း သူ့ဘဝကိုစိတ်ညစ်ပြီး ဆိုင်ကယ်ထွက်စီးတဲ့ချိန်မှာ မထင်မှတ်ဘဲ ထူးဆန်းတဲ့ကြက်တစ်ကောင်နဲ့တွေ့ခဲ့ပါတယ်။ ကြက်ရဲ့ရုပ်အဆင်းတော့မလှပေမယ့် အစွမ်းကတော့ရုပ်နဲ့ပြောင်းပြန်ပါပဲ။ ခရောင့်ရဲ့ သူငယ်ချင်းဖြစ်တဲ့ ဘန်ကောက်ပြန်ရုပ်ရှင်စကားပြန်လုပ်တဲ့ "ဝဲန့်"ဆိုသူကလည်း ခရောင့်ကြုံတွေ့နေရတဲ့ပြဿနာကို ကူညီခဲ့ပါတယ်။ သို့ပေမယ့် သူဌေးကြီးထော်န်ကော့ရဲ့ကောက်ကျစ်မှုကြောင့် ထော်န်ကွာကိုလိုချင်ရင် ပိုက်ဆံ၁၀သောင်းနဲ့လာတင်တောင်းဖို့ ခရောင့်ကိုပြောခဲ့ပါတယ်။ ဆင်းရဲနွမ်းလှတဲ့ ခရောင့်အတွက်တော့ မဖြစ်နိုင်ဘူးဆိုတာအားလုံးအသိပါပဲ။ ဘန်ကောက်ပြန်သူငယ်ချင်း "ဝဲန့်"ကပဲ ကူညီပေးမလား၊ ခရောင့်ကပဲ ကိုယ့်ဒူးကိုယ်ချွန်ပြမလား၊ လမ်းမှာတွေ့တဲ့ကြက်ကပဲ ခရောင့်ဘဝကိုပြောင်းလဲပစ်မလား။ ဒီကားလေးကတော့ ကားဟောင်းကိုတဖန်ခေတ်သစ်မှာပြန်ရိုက်ထားတဲ့ကားဖြစ်တာကြောင့် ရသမျိုးစုံရစေပြီး ဟာသနှောတဲ့အတွက် တစ်ကားလုံးအပန်းဖြေစေမှာပဲဖြစ်ပါတယ်။#LoveYou100K #thaimovies #mmsub
အထက်တန်းကျောင်းတစ်ခုမှာ ကျောင်းတွင်းလှုပ်ရှားမှုအမှတ်မပြည့်တဲ့ ကျောင်းသား/သူ (၉)ယောက်ကို ကုစားအနေနဲ့ကျောင်းမှာ ၃ရက် ၂ည စခန်းလိုနေဖို့ကျောင်းအုပ်ကြီးကိုယ်တိုင်က အုပ်ထိန်းသူတွေဆီစာပို့ပြီးခေါ်ခဲ့ပါတယ်။ ဒီကျောင်းကြီးက သာမာန်ကျောင်းတွေလိုထင်ရပေမယ့် အာဏာရူးတဲ့ ကာယဆရာ "ဆရာမာနတ်"ကြောင့် ကလေးတော်တော်များများက သူ့ကိုသိပ်မကြည်ကြပါဘူး။ နောမ့်ဆိုတဲ့ ကျောင်းသားတစ်ဦးကတော့ ဒီစခန်းထဲဝင်ဖို့ရည်ရွယ်ချက်နဲ့ အမှတ်မပြည့်အောင်လုပ်ပြီးလာခဲ့တာပဲဖြစ်ပါတယ်။ သူစခန်းမဝင်ခင်က ဒီကျောင်းဆောင်ထဲမှာ ကိုယ့်ကိုကြိုးဆွဲချခဲ့တဲ့ကျောင်းသူအကြောင်းကို သိချင်လို့ပါပဲ။ သူအွန်လိုင်းကနေသိခဲ့ရသလောက်လည်း ကောလဟာလသာသာဖြစ်တာကြောင့် သေချာအောင်လက်တွေ့စမ်းချင်တာဆိုလည်းမမှားပါဘူး။ သို့ပေမယ့် အဲ့ကျောင်းစခန်းထဲရောက်သွားတဲ့ ကျောင်းသား/သူ ၉ယောက်လုံးဟာ ထင်ထားတာထက် အခြေအနေမကောင်းမှန်းသိခဲ့ကြတယ်။ ၉ယောက်လုံးကလည်း အကျင့်စရိုက်တွေ မတူတာကြောင့် ပြဿနာအများကြီးဖြစ်စေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ နောမ့်တယောက် သူသိချင်နေတဲ့ ကြိုးဆွဲချတဲ့ကလေးမ,ရှိနေခဲ့သလား၊ ရှိခဲ့ရင် ဘာကြောင့်သေခဲ့တာလဲ၊ ဒီကျောင်းကဆရာ/ဆရာမတွေကရော ဘာပတ်သက်မှုမျိုးရှိနေမလဲ။ ဒီကားလေးကတော့ လူငယ်(၉)ယောက်ရဲ့အမြင်ကိုရိုက်ပြထားသလို လောကထဲမှာကြောက်စရာအကောင်းဆုံးဖြစ်တဲ့အရာကို ဖော်ပြခဲ့တာဖြစ်တာကြောင့် ကြည့်သင့်တဲ့ကားလေးပဲဖြစ်ပါတယ်။#TheMissingGirls #thaimovies #mmsub
ဂျွိုင် အဖြစ်- Mook Pichana ဖန်တင် အဖြစ်- Bird Wanchana နတ်လုပ် အဖြစ် - Napassakorn Midaim လီဝါ အဖြစ် - Grace Mahadumrongkul ဇာတ်လမ်းအကျဥ်း... နိုင်ငံရေးကိုခုတုံးလုပ်ပြီး ကိုယ်နိုင်ငံကိုနိုင်ငံခြားလူတွေဆီရောင်းချ အမြတ်စားတဲ့လူဆိုးတချို့ကို နှိမ်နင်းဖို့အတွက် "ပွတ်စပါ"ဆိုတဲ့အမှန်တရားလက်စွဲကိုင်ထားတဲ့အဖွဲ့အစည်းရှိပါတယ်။ ဒီအဖွဲ့အစည်းကိုစတင်တည်ထောင်တဲ့သူကတော့ လီဝါ၊ နတ်လုပ်နှင့် ဖန်တင်တို့ပါပဲ။ တနေ့မှာတော့ ပွတ်စပါအမည်ရ သူလျှိုဟာမစ်ရှင်လုပ်နေရင်း "နတ်လုပ်"ရဲ့အစီအစဉ်ပြောင်းလဲမှုကြောင့် "ဖန်တင်"နှင့်တပည့်က သူလျှိုကောင်မလေးကို ဝင်ကယ်ခဲ့ပါတယ်။ ကံမကောင်းစွာဘဲ "ဖန်တင်" တစ်ယောက်ဟာ နောက်ကျောဓားထောက်သစ္စာဖောက်ခံရပြီး အဲ့မစ်ရှင်မှာတင် အလုပ်ကြံခံရပြီး ဗုံးထဲပါသွားတော့တယ်။ "ဖန်တင်"မဆုံးခင် သူ့သမီး"ဂျွိုင်"ကို သူ့သူငယ်ချင်း"နတ်လုပ်"လက်ထဲအပ်ခဲ့ပါသေးတယ်။ "ဂျွိုင်"ကလည်း သူ့အဖေအသတ်ခံလိုက်ရမှန်းသိကတည်းက ကလဲ့စားချေဖို့ စိတ်ပြင်းပြနေခဲ့တယ်။ နောက်ဆုံးမှာတော့ "နတ်လုပ်"အကူအညီနဲ့ပဲ "ပွတ်စပါ"ဆိုတဲ့ အဖွဲ့အစည်းထဲရောက်သွားပြီး အဖေ့အတွက်လက်စားချေဖို့စတင်ပါတော့တယ်။ "ဂျွိုင်"တစ်ယောက် ပွတ်စပါအဖြစ်နဲ့ မစ်ရှင်လုပ်နေရင်း သူ့အဖေသေဆုံးမှုရဲ့နောက်ကွယ်အကြောင်းကို တစ်စချင်းဆီ သိခဲ့ရပါတယ်။ ဖန်တင်ကို ဘယ်သူကသတ်လိုက်တာလဲ၊ သူငယ်ချင်းဖြစ်တဲ့ နတ်လုပ်က သစ္စာဖောက်ခဲ့တာလား၊ လီဝါကပဲ နောက်ကွယ်ကြိုးကိုင်တဲ့လူလား၊ ဂျွိုင်ကရော ပွတ်စပါအနေနဲ့ဘယ်လိုဆက်ဖြစ်မလဲဆိုတာတော့ ဒီခပ်ကြမ်းကြမ်းအက်ရှင်ကားကိုတော့ လက်မလွှတ်ဖို့ပြောပါရစေ။#TheSecretWeapon #thaimovies #mmsub
ကီယို အဖြစ် Nicky Nachat ဝမ် အဖြစ် Ploy Pattrakorn ဇာတ်လမ်းအကျဥ်း... ဗရုတ်ကျတဲ့ တောင်ပိုင်းသားလေးနဲ့ ချစ်စရာကောင်းတဲ့ မြောက်ပိုင်းသူလေးတို့ဟာ မိဘတွေရဲ့ခိုင်းစေမှုကြောင့် ချင်းမိုင်ကို ရောက်လာရင်း တွေ့ဆုံခဲ့ကြပါတယ်။ အဖြစ်ကတော့ ဒီလိုပါ။ သူတို့နှစ်ယောက်ရဲ့မိဘတွေက အိမ်တစ်အိမ်ကို စပ်တူဝယ်ထားကြတာဖြစ်ပြီး အိမ်ကိုအရင်ရောင်းနိုင်တဲ့သူက အမြတ်ပိုရမှာဆိုတော့ ရှိတဲ့သားသမီးတွေကို အိမ်ကိုအရင်ရောင်းထွက်အောင်လုပ်နိုင်ရင် နှစ်သန်းပေးမယ်ဆိုပြီး အိမ်ရောင်းဖို့လွှတ်လိုက်ကြပါတယ်။ ဒီလိုနဲ့ ချင်းမိုင်ကိုရောက်လာတဲ့နှစ်ယောက်ဟာ စတွေ့တွေ့ချင်းမှာပဲ မြောက်ပိုင်းစကားနဲ့ တောင်းပိုင်းစကားကွာဟမှုကြောင့် နားလည်မှုလွဲပြီး စကားများကြပါတယ်။ ဒါတင်မက တစ်အိမ်ထဲအတူနေရင်း တစ်ယောက်နဲ့တစ်ယောက် မခံချင်အောင် စနောက်ကြပါတယ်။ စျေးခေါ်တာများလို့ အိမ်ရောင်းမထွက်သေးတဲ့အပြင် ပိုက်ဆံသုံးစရာပါမရှိတော့လို့ အလုပ်လုပ်ဖို့ ရှာရပါတော့တယ်။ ကံကောင်းစွာပဲ နှစ်ယောက်စလုံး 'ထက်အစားအစာစင်တာ'မှာ စားပွဲထိုးအလုပ်ရသွားကြပါတယ်။ ပြီးတော့ အဲ့နေရာမှာပဲ လမ်းခွဲထားပေမဲ့ ချစ်နေဆဲ အတွဲတတွဲနဲ့ တွေ့ဆုံလိုက်ရပါတယ်။ ဒါနဲ့ပဲ သဘောကောင်းလှတဲ့ မြောက်ပိုင်းသားလေးဟာ ထိုအတွဲပြန်နီးစပ်လာအောင် ကူညီပေးတဲ့အနေနဲ့ ဗရုတ်သုတ်ခတွေ စလုပ်ပါတော့တယ်။ ဒီရုပ်ရှင်လေးကိုတော့ ထူးထူးခြားခြားအနေနဲ့ ဒေသိယစကားပြောပုံလေးတွေသုံးပြီး ရိုက်ပြထားပါတယ်။ ပြီးတော့ ဒရာမာမပါတဲ့ ပေါ့ပေါ့ပါးပါး အချစ်ဟာသကားလေးဖြစ်လို့ စိတ်အပန်းပြေချင်တဲ့သူတွေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။#ThePerfectCouple #thaimovies #mmsub
ပန် အဖြစ် Tik Jesdaporn ဝိုင် အဖြစ် Tonhorm Sakuntala ဇာတ်လမ်းအကျဥ်း... Plerng Nareeနဲ့ Wanidaထဲကမင်းသားကြီး Jesdaporn Pholdeeရဲ့ နာမည်ကြီး Office Comedyရုပ်ရှင်လေးဖြစ်တဲ့ Super Salarymanဆိုတဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ imdb 6.7 ရထားတဲ့ ရုပ်ရှင်ကောင်းလေးဆိုတော့ လက်လွတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ခုပါပဲ။ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုသလိုပဲ ရုံးဝန်ထမ်းတစ်ယောက်ရဲ့ဘဝကို ရုံးဝန်ထမ်းကပဲ နားလည်ပေးနိုင်တယ်။ အပြင်လူရဲ့ရှုထောင့်နဲ့ကြည့်ရင် အစိုးရရုံးပိတ်ရက်လေးနဲ့ ပွဲတော်ပိတ်ရက်ရှည်နဲ့ နှစ်ကူးပိတ်ရက်လေးကလည်းရ တစ်နေကုန်အဲကွန်းလေးခံရင်း ကွန်ပြူတာလေး တစ်ချက်နှစ်ချက်နှိပ်ရုံ၊ အချိန်တန်ရင် နှစ်ကုန်ဘောနပ်စ်ကလည်းရသေးနဲ့ တော်တော်လေးငြိမ့်တဲ့ဘဝကြီးလို့ ထင်နေကြမှာပါ။ တကယ်ပဲ ရုံးဝန်ထမ်းဘဝဟာ ဒီလောက်သာယာနေတာလားဆိုတာကို ဒီရုပ်ရှင်လေးမှာ အတူကြည့်ရှုခံစားလိုက်ကြပါစို့။ ပန်ဟာ မားကတ်တင်းမန်နေဂျာတစ်ယောက်၊ ကြိုတင်ပြင်ဆင်အောင်ပွဲဝင်ဆိုတာ သူ့ရဲ့လက်သုံးစကားဖြစ်ပြီး အားလုံးကို ကြိုတင်ပြင်ဆင်ပြီး စာအုပ်ကြီးလိုလုပ်တတ်သူ၊ ငွေကိုအသဲအသန်ရှာပြီးတော့ မိသားစုကို သက်တောင့်သက်သာထားချင်တာ သူ့ရဲ့အိပ်မက်ပေါ့ နွတ်ကတော့ ခွန်အာနွန်ရဲ့အတွင်းရေးမှူးတစ်ယောက် တစ်နေ့တစ်နေ့သူဌေးနောက်က တကောက်ကောက်လိုက်လို့ သူဌေးရဲ့ပြဿနာစုံကို နောက်ကလိုက်ကောက်နေရသူ ဂျူကတော့ အလုပ်သင်ယာယီဝန်ထမ်း အလွဲသုံးဆယ်နဲ့ အထက်လူကြီးတွေမျက်မုန်းကျိုးတာခံရတဲ့ နယ်ကနေအလုပ်လာလုပ်တဲ့ မအူမလည်ကောင်လေးတစ်ယောက် နန်ကတော့ အရည်အချင်းရှိ လုပ်သက်ရှိပေမဲ့ မိမိကိုတန်ဖိုးမထားတဲ့ကုမ္ပဏီကြောင့် လစာနည်းနေရှာတဲ့ Finance ဘက်ကဝန်ထမ်းတစ်ယောက်၊ လက်ရှိအရာ်အချင်းနဲ့ဆို Finance managerလောက် ဖြစ်သင့်နေပေမဲ့ ကုမ္ပဏီက အညွန့်ချိုးပြီးနှိမ်တာခံထားရသူ စီးပွားရေးကျဆင်းနေတာကို အကြောင်းပြချက်ပေးလို့ ပရောဂျက်သစ်ကို အချိန်နည်းနည်းနဲ့ အပြီးလုပ်ခိုင်းပြီး ဝန်ထမ်းတိုင်းရဲ့တစ်ခုတည်းသော မျှော်လင့်ချက်နဲ့ အကြပ်ကိုင်လာတဲ့အခါမှာတော့ စာအုပ်ကြီးပန်နဲ့ သူ့ရဲ့အဖွဲ့သားတွေနဲ့အတူ ပရောဂျက်အချိန်မီပြီးစီးရေး တို့အရေးဆိုပြီး အစီအစဉ်ဆွဲဖို့ကြံပါတော့တယ်။ ဒါပေမဲ့ လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ စည်းကမ်းတွေနဲ့ဘောင်ခတ်ထားတဲ့ ရုံးသမားဘဝနဲ့ နည်းနည်းမှမအပ်စပ်တဲ့ ဝိုင်ဆိုတဲ့ကောင်မလေးတစ်ယောက်က ပန်ရဲ့လက်ထောက်အဖြစ် ရောက်လာပြီး စာအုပ်ကြီးပန်ရဲ့ အစီအစဉ်ကို ကမောက်ကမဖြစ်အောင် လာလုပ်ပါတော့တယ်။ အဲဒီနောက်မှာတော့... အချိန်တော်တော်နည်းနေပေမဲ့ ပရောဂျက်အချိန်မီပြီးအောင် သူတို့ဘယ်လိုရုန်းကန်ကြမလဲ။ သာယာငြိမ့်ညောင်းတယ်ထင်ကြတဲ့ ကုမ္ပဏီဝန်ထမ်းဘဝကရော လက်တွေ့မှာဘယ်လိုလဲဆိုတာကို အားလုံးအတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။#SuperSalaryman #thaimovies #mmsub
Bee Namthip & Lilly Nichapalak ဇာတ်လမ်းအကျဥ်း... ဒီHorror ရုပ်ရှင်က ရုံတင်ငွေအများကြီးရထားတဲ့ ထိုင်းHorror ကားလေးပဲဖြစ်ပါတယ် အမြွှာနှစ်ယောက်ပမာ အရမ်းချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ မိသားစုစီးပွားရေး ပြေလည်ပြီး အဖေနှစ်ယောက်ကလည်း သူငယ်ချင်းတွေဖြစ်နေတော့ သွားအတူ လာအတူ စားအတူနဲ့ အပူအပင်ကင်းကင်း ကလေးဘဝကိုဖြတ်သန်း လာခဲ့ကြရပါတယ် ဒါပေမယ့် တစ်နေ့မှာတော့ ထိုင်းနိုင်ငံရဲ့စီးပွားပျက်ကပ်ကြီးကြောင့် တစ်နိုင်ငံလုံး ဆင်းရဲမွဲတေပြီး သူဌေးတွေဒေဝါလီခံရပါတော့တယ် သူတို့ရဲ့မိဘတွေကလည်း ဒီအထဲကနေ မလွတ်မြောက်နိုင်ခဲ့ကြပါဘူး... လူကြီးတွေတောင်ရင်ဆိုင်ဖို့ ခက်ခဲတဲ့ကာလမှာ ၁၀ကျော်သက်အရွယ်ကလေး နှစ်ယောက်ကလည်း နေ့ချင်းညချင်း ဆင်းရဲသွားတာကို ခံနိုင်ရည်မရှိခဲ့ကြပါဘူး ဘဝတွေချက်ချင်းပြောင်းလဲပြီး ရွှေဇွန်းကိုက်နေရတဲ့ဘဝကနေ အိမ်မရှိ အိုးမရှိဘဝကို ရောက်ရှိသွားခဲ့ရပါတယ် သူတို့ဟာ ဒီဘဝကြီးကို ဆက်ရင်ဆိုင်လိုစိတ်မရှိဘဲ အတူတူသတ်သေကြမယ်ဆိုပြီး ကတိပေးကာ တစ်ယောက်ကအရင်သေသွားခဲ့ပါတယ် နောက်တစ်ယောက်ကတော့ ဒီကတိကိုမတည်နိုင်ဘဲ သတ်မသေဘဲ ထွက်ပြေးသွားခဲ့ပါတယ်... အရင်သေသွားခဲ့ရတဲ့ သူငယ်ချင်းမလေးဟာ သူ့သူငယ်ချင်းကို မကျေနပ်ဘဲ အငြိုးအတေးထားရာကနေ Promiseဆိုတဲ့ ဇာတ်ကားလေး ဒီTheအစပျိုးလာခဲ့တာပဲဖြစ်ပါတယ် အားလုံးပဲ ကြိုက်နှစ်သက်ကြမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ...#ThePromise #thaimovies #mmsub
ဘွန်း အဖြစ် Nat Kitcharit တိုင် အဖြစ် Too Sirat ဂျွန် အဖြစ် JingJing ဇာတ်လမ်းအကျဥ်း... ဘွန်းဟာသူငယ်ချင်းတွေရှိပေမယ့် သူကြိုက်တဲ့အရာတွေကို (အစားအသောက် အားကစား စသည်ဖြင့်) သူငယ်ချင်းတွေက မကြိုက်ကြတာကြောင့်၊ အဲ့ဒီအရာတွေကို တစ်ယောက်တည်းပဲ လုပ်နေရပါတယ်။ အစားအသောက်ကတော့ တစ်ယောက်တည်းသွားစားလို့ အဆင်ပြေပေမယ့် တချို့အရာတွေကိုကျတစ်ယောက်တည်း လုပ်လို့ မရတာတွေရှိတာပေါ့။ အဲ့ဒါကြောင့် ၀ါသနာတူတဲ့သူတွေ အချင်းချင်းတွေ့ဆုံမိတ်ဖွဲ့နိုင်မယ့် Inviter ဆိုတဲ့ app တစ်ခုကို ဖန်တီးခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ပုံစံတူ Amjoin ဆိုတဲ့ App တစ်ခု ပေါ်ထွက်လာပါတယ်။ တိုက်ဆိုင်ချင်တော့ သူတို့နှစ်ဖွဲ့ဟာ ရင်းနှီးမြှုပ်နှံသူတစ်ဦးတည်းဆီက ရန်ပုံငွေတောင်းထားမိတာ ဖြစ်နေပါတယ်။ ပုံစံတူတဲ့ နှစ်ခုမှာပိုကောင်းတဲ့တစ်ခုကပဲ ရန်ပုံငွေရမှာဖြစ်တဲ့အတွက် App နှစ်ခုဟာ အချင်းချင်းပြိုင်ဆိုင်ရပါတော့တယ်။ အားနည်းချက် အားသာချက် ကိုယ်စီနဲ့ App နှစ်ခုရဲ့ပြိုင်ပွဲဟာ တဖြည်းဖြည်း ပြင်းထန်လာပြီး ၊ တစ်ဖက်နဲ့တစ်ဖက် spy တွေပါလွှတ်ပြီး ထောက်လှမ်းကြပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာဘယ်သူကအနိုင်ရသွားလေမလဲ။ အိပ်မက်တွေ ရည်မှန်းချက်တွေနဲ့ ပြည့်နှက်နေတဲ့ လူငယ်အဖွဲ့နှစ်ဖွဲ့ရဲ့ အားပြိုင်မှု အကြောင်းနဲ့ ၁၀၀ မှာ ၂ ရာခိုင်နှုန်းသာအောင်မြင်နိုင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းမှာ လူငယ်တွေစွန့်စားကြပုံကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။#AppWar #thaimovies #mmsub
စေကီ အဖြစ် Gorn Gorn ဟုပ် အဖြစ် Keen Suwijak တဝမ် အဖြစ် Chokun Pawaris ဇာတ်လမ်းအကျဥ်း... အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ဆိုတာ လောကဓံရိုက်ချက်မျိုးစုံကြုံတွေ့ရမှာပါပဲ။ Four Hands အဖွဲ့ဖြစ်တဲ့ "စေကီ"နဲ့"ဟုပ်"တို့လည်း အောင်မြင်မှုပန်းတိုင်မရောက်ခင်မှာလည်း သူတို့ကိုယ်စီ ပြဿနာမျိုးစုံနဲ့ကြုံတွေ့ခဲ့ကြတယ်။ Four Hands ဆိုတာကတော့ ဂီတာတစ်လုံးကို လူနှစ်ယောက် လက်လေးချောင်းနဲ့တီးခတ်တဲ့အဖွဲ့လို့ပြောရင်လည်းမမှားပါဘူး။ အထက်တန်းကျောင်းသားလောက်ရှိတဲ့ သူတို့တွေဟာလည်း အောင်မြင်မှုကိုလိုလားကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် သဘောထားကွဲလွှဲခဲ့တာကြောင့် "စေကီ"နဲ့ "ဟုပ်"တို့နှစ်ယောက် အဖွဲ့ကွဲဖို့ဖြစ်လာခဲ့ပါတယ်။ လူတစ်ယောက်မရှိတော့ Four Hands အဖွဲ့ဆိုတာလည်းရှိမလာတော့ပါဘူး။ မြင်သူတကာတိုင်းရဲ့ အခက်အခဲကိုဖြေရှင်းပေးချင်ပေမယ့် ရလဒ်ကတော့ အမြဲတမ်းတလွှဲထွက်လာလေ့ရှိတဲ့ ကူညီလိုသူကြီး "တဝမ်"ပဲဖြစ်ပါတယ်။ သူကတော့ငယ်ဘဝက စိတ်ဒဏ်ရာကြောင့် စန္ဒယားကိုဆက်မတီးနိုင်တော့ဘဲ သီချင်းထုတ်လုပ်သူဖြစ်အောင် ကျောင်းတီးဝိုင်းအဖွဲ့ကို လိုက်ပြီးကူညီနေတဲ့သူပဲဖြစ်ပါတယ်။ သူပဲ ကံမကောင်းတာလား... ကံကြမ္မာကမျက်နှာမပေးတာလား သူလုပ်တဲ့အလုပ်တိုင်းအမြဲတမ်းလဲပြိုနေခဲ့တာချည်းပါပဲ။ တစ်နေ့တော့ ပင်ပန်းနေတဲ့စိတ်နဲ့နယ်အိမ်ပြန်ပြီး အနားယူဖို့ကားဂိတ်ဆီရောက်တော့ "ဟုပ်"တစ်ယောက် ကားဂိတ်မှာ မူးနေတာကိုတွေ့ခဲ့ရတယ်။ "တဝမ်"ရဲ့ စေတနာနဲ့ပဲ "ဟုပ်"ကို Four Hands အဖွဲ့ပြန်လည်ပူးပေါင်းအောင်လုပ်ပေးမယ်ဆိုပြီးပြောခဲ့ပါတယ်။ အဲ့နောက်မှာတော့ "တဝမ်"နဲ့ "ဟုပ်"တို့ဟာ ကိုယ်ဆုံးရှုံးခဲ့တဲ့အခွင့်အရေးကို ပြန်ရအောင်လုပ်ကြရင်းနဲ့ အခက်အခဲမျိုးစုံကြားကနေ အောင်မြင်မှုပန်းတိုင်ဆီ ဘယ်လိုလှမ်းကြမလဲဆိုတာတော့ ဆက်ကြည့်ပေးဖို့ပြောချင်ပါတယ်။ ဒီကားက အောင်မြင်မှုကိုလိုလားနေတဲ့ ဆယ်ကျော်သက်အရွယ်ရဲ့စိတ်ခံစားမှုတွေကို ရိုက်ပြထားတာကြောင့် ကြည့်လို့ကောင်းတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။#MyTempo #thaimovies #mmsub
ကလူဝေ ဘွန်စီတာ အဖြစ် Garn Nuttacha ရတ် ဝါရတ် ဝါနစ် အဖြစ် Thanwa Suriyajak "အနာဂတ်ကို မြင်နိုင်သူနဲ့ အတိတ်မှာ ပိတ်မိနေသူတို့ရဲ့ရေစက်" မွေးရာပါ အနာဂတ်နိမိတ်တွေကို ကြိုမြင်နိုင်စွမ်းရှိတဲ့ ဘွန်စီတာ ဒါပေမဲ့ သူမရဲ့ထူးခြားတဲ့စွမ်းအင်တွေဟာ ဝါရတ်ဆိုတဲ့ အမျိုးသားနဲ့ ဆုံတွေ့လိုက်တဲ့အချိန်မှာတော့ ပြောင်းပြန်ဖြစ်သွားခဲ့တယ် အနာဂတ်အစား... သူနဲ့ပတ်သက်တဲ့အတိတ်တွေကိုသာ မြင်ယောင်လာတဲ့အခါ... တစ်ဖက်မှာလည်း သရဲတစ္ဆေနဲ့ ဝိညာဉ်လောကကို လုံးဝမယုံကြည်ခဲ့သူ ဝါရတ် ဒါပေမဲ့ ငယ်စဉ်ကတည်းက အိပ်မက်ထဲမှာ ထပ်ခါတလဲလဲ ပေါ်လာတတ်တဲ့ မိန်းကလေးတစ်ယောက်ကြောင့် သူ့ယုံကြည်မှုတွေ ယိုင်နဲ့လာခဲ့ရင်း အိပ်မက်ထဲက မိန်းကလေးက အတိတ်ဘဝက ရေစက်တစ်ခုခုများလား... အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖုံးကွယ်ထားတဲ့ အတိတ်ရဲ့လျှို့ဝှက်ချက်က ဘာလဲ အမှန်တရားကို မသိရခြင်းရဲ့နာကျင်မှုကို ခံစားနေရတဲ့သူနဲ့ အဲဒီအမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားနေသူတို့ရဲ့ အားပြိုင်မှု... ဘယ်သူက ဖုံးကွယ်ပြီး ဘယ်သူက အမှန်တရားကို ရှာဖွေတွေ့ရှိသွားမလဲဆိုတာကိုတော့... ဒီဇာတ်လမ်းလေးမှာ ရင်တမမနဲ့ စီးမျောခံစားရမှာမို့ အကောင်းမွန်ဆုံး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်#TheGift #thaiseries #ongoing #mmsub #blackhole
ချိုင်ယာအဖြစ် Ben Santiraj Kulnoppakiet ပူနာအဖြစ် Jayda Saranya Chunhasartတို့၂ယောက်က main roleတွေအနေနဲ့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ <ဇာတ်လမ်းအကျဉ်း> ဒီဇာတ်လမ်းကတော့ ဂီတ၊အချစ်နဲ့ စုံထောက်အက်ရှင်တွေကို စိတ်လှုပ်ရှားဖွယ်ပေါင်းစပ်ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ကားဖြစ်ပါတယ်။ ပူနာဟာ ထူးချွန်ပြီး အသံပါဝါကောင်းလှတဲ့တောသူမလေးဖြစ်ပြီး သူမရဲ့တစ်ခုတည်းသောအိပ်မက်က နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်လာဖို့ပါပဲ။ ဒါပေမယ့်လည်း သူမရဲ့ဘဝက ထင်သလောက်မချောမွေ့ခဲ့ပါဘူး အတိတ်မှာတုန်းက သူမရဲ့မိဘ၂ပါးကလည်း ပဟေဠိဆန်ဆန်သေဆုံးသွားခဲ့လို့ အဲ့သေဆုံးမှုနောက်ကွယ်က မမျှတမှုတွေနဲ့လျှို့ဝှက်ချက်များစွာရှိနေခဲ့တာကို ပူနာတစ်ယောက်သိသွားပါတော့တယ်။ သူမဟာ အဆိုတော်တစ်ယောက်ဖြစ်ဖို့ကြိုးစားရင်း တစ်ဖက်မှာလည်း မိဘတွေသေဆုံးရခြင်းရဲ့အမှန်တရားကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ် အမှန်တရားကိုလိုက်စုံစမ်းနေချိန်အတွင်းမှာ တာဝန်သိတတ်ပြီး ထက်မြက်တဲ့ရဲအရာရှိတစ်ယောက်နဲ့ မမျှော်လင့်ဘဲဆုံတွေ့ခဲ့ပါတယ် အဲ့ရဲအရာရှိကလည်း သူမရဲ့မိဘတွေအမှုနဲ့ဆက်နွှယ်နေတဲ့ ဒေသတွင်းမသမာမှုတွေနဲ့ ရာဇဝတ်ဂိုဏ်းတွေကို လိုက်နှိမ်နင်းနေတဲ့လူဖြစ်နေပါရော။ ဒီလိုနဲ့ပဲ ပူနာရဲ့အသံစွမ်းရည်နဲ့ ဂီတအိပ်မက်တွေဟာ ရဲအရာရှိရဲ့ စုံထောက်စွမ်းရည်နဲ့ပေါင်းစပ်သွားတဲ့အခါ သူတို့နှစ်ယောက်သား အမှန်တရားကိုဖော်ထုတ်ဖို့မဟာမိတ်တွေဖြစ်လာကြပါတော့တယ်။ နောက်ဆုံးမှာတော့ ပူနာတစ်ယောက်အန္တရာယ်တွေကြားကနေ သူမရဲ့အိပ်မက်ဖြစ်တဲ့ စင်မြင့်ထက်ကအဆိုတော်စတားတစ်ယောက်ဖြစ်လာနိုင်မလား၊ရဲအရာရှိနဲ့အတူ မိဘတွေကိုသတ်သွားတဲ့ တရားခံအစစ်အမှန်ကို ဥပဒေရှေ့မှောက်ကိုပို့ပြီး ကလဲ့စားချေနိုင်မလားဆိုတာကိုတော့ အပတ်စဉ်တနင်္လာနေ့မှသောကြာနေ့အတွင်း ရင်ခုန်စိတ်လှုပ်ရှားဖွယ်လာရောက်ကြည့်ရှုအားပေးနိုင်ပါပြီ။#TheRhythmofRevenge #thaiseries #2026series #mmsub
Pinky Savika, Namwaan, Ploy, & Tui Thiraphat ဇာတ်လမ်းအကျဥ်း... မိသားစု 3ယောက်ပဲရှိတဲ့ အိမ်ကြီးတစ်အိမ်မှာ အိမ်အကူမမြဲပါဘူး မကြာခဏဆိုသလို အိမ်အကူပြောင်းနေခဲ့ပါတယ် တစ်ရက်မှာ အိမ်အကူအသစ်ရောက်လာပြီး အိမ်တော်ထိန်းကြီးက စည်းမျဥ်းစည်းကမ်းတွေကို သင်ကြားပေးပါတော့တယ်... စည်းကမ်းကတော့ တစ်ခုတည်းပါပဲ "ကိုယ်နဲ့မဆိုင်ရင် ဝင်မပါရဘူး"ဆိုတာပါပဲ ဒါပေမယ့် အသစ်ရောက်လာတဲ့ ကောင်မလေးက နားမထောင်ဘဲ မိန်းကလေးသဘာဝ သိချင်စိတ်တွေများပြီး စူးစမ်းရှာဖွေတဲ့အခါမှာတော့ ဒီအိမ်ကြီးမှာ ဘာလို့အိမ်အကူမမြဲရတာလဲ... ဘယ်သူကရော ဒီအိမ်ကြီးမှာခြောက်လှန့်နေရတာလဲ ဘာလို့ခြောက်လှန့်နေရတာလဲ သူနဲ့ရော ဘယ်လိုပတ်သက်နေလို့လဲ ဒီလိုမေးခွန်းပေါင်းများစွာနဲ့ အဖြေကိုရှာတွေ့သွားမှာလား စကားနားမထောင်တဲ့ အိမ်အကူမလေးရော ဒုက္ခရောက်မှာလား ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှူရမယ့် Horror ဇာတ်ကားလေးပဲ ဖြစ်ပါတယ်... Horrorကား ကြိုက်တတ်တဲ့သူတွေ လုံးဝ(လုံးဝ) လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်ခင်ဗျာ...#TheMaid #thaimovies #mmsub
Sunny, Kao Jirayu, Cris Horwang️️️️️️ & Punpun Sutatta ဇာတ်လမ်းအကျဥ်း... ယူရေးနပ်ဂြိုဟ်ဟာ နေကို တစ်ကြိမ်လှည့်ပတ်ဖို့အတွက် 7နှစ်တာ အချိန်ယူရပါတယ်တဲ့...အဲ့ဒိလိုပဲ7နှစ်တစ်ခါ လူသားတွေရဲ့ဘဝဟာလည်း အချိုးအကွေ့နဲ့ကြုံရလေ့ရှိပါတယ်တဲ့... ဒီဇာတ်လမ်းလေးကတော့ ဆယ်ကျော်သက်အရွယ် ၂၀ကျော်အရွယ်နဲ့ လူကြီးအရွယ်အထိ အရွယ်3မျိုးကို မတူညီတဲ့ ဘဝဇာတ်ကြောင်းလေးတွေနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်...ဒီဇာတ်ကားလေးမှာ 7နှစ်တစ်ခါတွေ့ရတဲ့ လူတစ်ယောက်ချင်းစီရဲ့ဘဝ အချိုးအကွေ့လေးတွေကို ကြည်နူးဖွယ် တင်ဆက်ပေးထားတာပဲဖြစ်ပါတယ် ဆယ်ကျော်သက်အရွယ်မှာလည်း ဆယ်ကျော်သက် အရွယ်အလျောက် လိုချင်တပ်မက်မှုလေးတွေကို မြင်တွေ့ခံစားရမှာပါ.. ကိုယ့်ရဲ့ငယ်ဘဝကို ပြန်မြင်နေရသလိုခံစားရတဲ့အထိ ဆွဲခေါ်သွားစေမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ် ၂၀ကျော်အရွယ်မှာလည်း ဘဝတက်လမ်းတွေ အချစ်ရေးတွေနဲ့ တကယ့်ကိုလက်တွေ့ဘဝနဲ့ တစ်ထပ်တည်းတွေ့မြင်ရမယ့် ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်...နောက်ဆုံး ၃၀ကျော်၄၀အရွယ်မှာလည်း ဖြစ်တတ်တဲ့စိတ်အခြေအနေ ပတ်ဝန်းကျင်ဖိအားတွေကိုရင်ဆိုင်ရပုံတွေကို ကြည့်ရှူခံစားရမယ့် ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်... ပေါ့ပေါ့ပါးပါးလေးနဲ့ စိတ်အပန်းဖြေချိန်မှာ ကြည့်သင့်တဲ့ လက်တွေ့ဘဝနဲ့ တစ်ထပ်တည်းကျတဲ့ဇာတ်ကားလေးတစ်ကားကို ညွှန်းလိုက်ရပါတယ်ခင်ဗျာ.....#SevenSomething #thaimovies #mmsub
Pae Arak & Nok Chatchai ဇာတ်လမ်းအကျဥ်း... ဒိီဇာတ်လမ်းက ကွင်းဆက်လူသတ်မှုအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်...လူသတ်သမားဟာ လူတွေကိုသတ်ပြီး အနီရောင်ခရီးဆောင်အိတ်ထဲထည့်ပြီး အလောင်းကို စွန့်ပစ်လေ့ရှိပါတယ် လူသတ်သမားဟာ စိတ္တဇလူသတ်သမားမဟုတ်ဘဲ အကြောင်းတစ်ခုကြောင့် လိုက်သတ်နေတာပဲဖြစ်ပါတယ်.. သူကလူတွေကို အငြိုးထားပြီး သတ်နေတာက ဘာလို့လဲ သူ့ကိုလူတွေက ဘာတွေများလုပ်ခဲ့လို့လဲ လူတွေအများကြီး သတ်ရလောက်တဲ့အထိ သူ့ရဲ့စိတ်ဒဏ်ရာကရော ဘာတွေလဲ သူ့ရဲ့လူသတ်မှုတွေကို ဘယ်သူကဖော်ထုတ်မှာလဲ တကယ့်ကို plot twistကောင်းကောင်းနဲ့ ကြည့်ရှူရမယ့်ကားပဲဖြစ်ပါတယ်... များများရေးရင် ဇာတ်အိမ်ပါသွားမှာစိုးတဲ့အတွက် ဒီလောက်ပဲရေးလိုက်ရတာပါ တကယ့်ကိုကောင်းပြီး ဆုတွေလည်း အများကြီးရထားတဲ့ serial killer/ Thriller ကားလေးကို ကြည့်ရှူခံစားလိုက်ကြပါဦးခင်ဗျာ လုံးဝနောင်တမရစေမယ့်ကားလေး ဆိုတာကိုတော့ ရဲရဲကြီး အာမခံပါတယ်ခင်ဗျာ...#Slice #thaimovies #mmsub
"ရန်သူ့လက်ထဲမှာ အသေခံမလား... အမှောင်ထဲက ရှေးဟောင်းမိစ္ဆာကြီးဆီမှာ အရှင်လတ်လတ် အစားခံမလား..." ကဲ... ထိုင်း Horror ကား ကြမ်းကြမ်းရမ်းရမ်းတွေမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် Body Horror သွေးသံရဲရဲ ကားသစ်ကြီးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့ရဲ့ အချစ်တော်မင်းသား အသည်းကျော်ပဲလှော် ခိုခိုဒေါင်း ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ အားလုံးက စောင့်မျှော်နေရတဲ့ဇာတ်ကားဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ထိုင်းနိုင်ငံက ကျိန်စာသင့်နေတဲ့ မြေအောက်သတ္တုတွင်းဟောင်းတစ်ခုမှာ အခြေတည်ထားပါတယ်။ စစ်ရဲ့အရှိန်ကြောင့် တင်းမာမှုတွေ အမြင့်ဆုံးကို ရောက်နေတဲ့အချိန်၊ ဂျပန်စစ်သားတွေနဲ့ သူတို့ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေဟာ အဲဒီလှိုဏ်ဂူထဲမှာ မထင်မှတ်ဘဲ အတူတူ ပိတ်မိသွားကြပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီမှာတင် ပြီးမသွားပါဘူး။ သူတို့ရင်ဆိုင်ရမှာက အချင်းချင်း သတ်ဖြတ်ရမယ့် ရန်သူတွေတင် မဟုတ်တော့ပါဘူး။ အမှောင်ထုထဲမှာ နှစ်ပေါင်းများစွာ အိပ်စက်နေခဲ့တဲ့ ရှေးဟောင်းမိစ္ဆာကောင်ကြီး နိုးထလာတဲ့အခါမှာတော့... အားလုံးရဲ့ အသက်လုပွဲကြီးက စတင်ပါတော့တယ်။ Body Horror အမျိုးအစားဖြစ်တဲ့အတိုင်း အကောင်ကြီးရဲ့ ကိုက်ဖြတ်စားသောက်မှုတွေ၊ ခြောက်ခြားစရာ မြင်ကွင်းတွေ ဖောဖောသီသီ ပါဝင်သွားဦးမှာပါ။ လူ့ဘီလူး ဂျပန်စစ်သားတွေရဲ့ ရက်စက်မှုနဲ့ အကောင်ကြီးရဲ့ အမဲလိုက်မှု နှစ်ခုကြားမှာ သုံ့ပန်းတွေ ဘယ်လို လွတ်မြောက်အောင် ရုန်းကန်ကြမလဲဆိုတာကတော့... ရိုးရိုးတန်းတန်း သရဲကားတွေထက် Monster Survival သည်းထိတ်ရင်ဖို ကြိုက်တဲ့သူတွေအတွက်တော့ ညဘက် အဖော်မပါဘဲ မကြည့်သင့်တဲ့ ကားကောင်းလေးဖြစ်လို့ ခုပဲ ရှုစားလိုက်ကြပါဦး။#Omukade #thaimovies #mmsub
ဖွန် အဖြစ် Jazz Chuanchuen ဝင်း အဖြစ် Nick Kunatip မီယာ အဖြစ် Tangmo Nida ဇာတ်လမ်းအကျဥ်း... Joking Jazz ဟာသကားကိုတော့ တော်တော်များများကြည့်ဖူးကြလိမ့်မယ်ထင်ပါတယ်။ အခု ဒီကားလေးကတော့ Jazz တို့အဖွဲ့ပါ၀င်ထားတဲ့ အစကနေအဆုံးအထိ ခွီနေရမယ့် ဟာသကားလေးပဲဖြစ်ပါတယ်။ ဖွန်ဟာ ဘတ်စ်ကားနံပါတ် ၈၈၈ ကိုမောင်းတဲ့ ဒါရိုင်ဘာဖြစ်ပြီး တပည့်ကျော် ၀င်းကတော့ စပယ်ယာပေါ့။တစ်နေ့မှာ ထုံးစံအတိုင်း ကားထွက်လာရင်းနဲ့ ကားပေါ်ကို ရောက်လာကြတဲ့ အမျိုးမျိုးအထွေထွေသော ခရီးသည်တွေရဲ့အကြောင်းကို ဟာသနှောပြီး တင်ဆက်ထားပါတယ်။ ဒီလိုနဲ့ ဘတ်စ်ကားနံပါတ် ၈၈၈ ဟာ ခရီးသည်တွေကို လိုရာခရီးကို ပို့ဆောင်ပေးနေရင်း မထင်မှတ်ထားတဲ့အန္တရာယ်နဲ့ ကြုံတွေ့လာာတဲ့အခါမှာ ဖွန်နဲ့ခရီးသည်တွေ ဘယ်လိုပူးပေါင်းဖြေရှင်းကြလေမလဲ။ဘယ်လိုအလွဲတွေဖြစ်ကြဦးမှာလဲဆိုတာ ခွီရင်းကြည့်ရှုရမယ့် ပေါ့ပေါ့ပါးပါး ဟာသကားလေးမို့ ဘ၀အမောတွေပြေအောင် အပန်းဖြေကြည့်ရှုခံစားလိုက်ကြပါဦးနော်။#Fast888 #thaimovies #mmsub
ကယောက် အဖြစ် Mario Mairer ဖင်မ် အဖြစ် Yongwaree Anilbol ချန် အဖြစ် Philip Thinroj ဇာတ်လမ်းအကျဥ်း... တော်ဝင်သမားတော်ကားလေးထဲက မာရီယိုလေးကိုမှ ချစ်နေပါပြီဆိုတဲ့ ပျိတ်သတ်ကြီးအတွက် တစ်ချိန်က နာမည်ကြီးခဲ့တဲ့ Khun Phaen Begins တင်ဆက်ပေးလိုက်ပါပြီ။ သုံးပွင့်ဆိုင်ဇာတ်လမ်းရယ်လို့ဖြစ်လာပြီဆိုရင် ဆိုင်သူ ၂ ယောက်ကြားမှာ တတိယလူဟာကျန်ရစ်မြဲပါပဲ။ ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းမှာရော ကျန်ရစ်သူမောင်ရှင်က ဘယ်သူဖြစ်မလဲ။ ယူထာဆိုတဲ့ မြစ်ကမ်းနံဘေးမှာတည်ထားတဲ့မြို့လေးတစ်မြို့ဟာ အဋ္ဌမဆိုတဲ့ ထိပ်တန်းအကျော်အမော် မှော်ဆရာတွေနဲ့ဖွဲ့စည်းထားတဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ နှစ်ရာနဲ့ချီ အေးချမ်းနေတဲ့မြို့လေးပေါ့။ ဒီမြို့လေးဟာ လူတိုင်းရဲ့ဆန္ဒတွေကို ပြည့်ဝစေတဲ့နေရာ အိပ်မက်တွေပေါက်ဖွားလာစေတဲ့နေရာလေးဆိုရင်လည်း မမှားပါဘူး။ ကယောက်ဆိုတဲ့ကောင်လေးဟာ ရည်မှန်းချက်လည်း ရေရေရာရာမရှိတဲ့ ဘဝကို ပျော်ပျော်နေပျော်ပျော်စား ဖြတ်သန်းနေတတ်တဲ့ ပြဿနာအိုး ဂျပိုးလေးတစ်ကောင်ပေါ့။ သူက အတိတ်အကြောင်းအရာတွေကို မမှတ်မိပေမဲ့ သူ့ရဲ့အဖေဟာ အဋ္ဌမအဖွဲ့ဝင်တစ်ယောက်လို့ ယုံကြည်နေသူပါ။ ဒီလိုနဲ့ လေလွင့်နေတဲ့ကယောက်လည်း သူငယ်ချင်းဖြစ်တဲ့ဖန်နဲ့အတူ အိပ်မက်မြေဖြစ်တဲ့ ယူထာကို ရောက်လာပါတော့တယ်။ ယူထာကို ရောက်ရောက်ချင်းမှာပဲ မေ့နေတဲ့အတိတ်ထဲက ငယ်သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ချန်နဲ့ဖင်မ်တို့နဲ့ ဆုံစည်းရာကနေ ဖခင်ဟာ သစ္စာဖောက်ဆိုပြီး တစ်စွန်းတစ်စသိလိုက်ရတဲ့အပြင် ဦးနှောက်ကမေ့ပေမဲ့ နှလုံးသားကတော့ ဖင်မ်ကိုချစ်ကြောင်းမှတ်မိနေတဲ့အခါ၊ တစ်ဖက်ကဖင်မ်ကလည်း ကယောက်နဲ့လည်း မပြတ်မသား ချန်နဲ့လည်း စေ့စပ်ထားရက်သားဖြစ်ပြီး ဝေခွဲရခက်နေပြန်လေတော့.... တစ်ဖက်မှာလည်း ဖင်မ်ရဲ့ "နင်ကာကွယ်ချင်တဲ့အရာ မရှိဘူးလား" ဆိုတဲ့ စကားတစ်ခွန်းကြောင့် တပ်ထဲဝင်ပြီး မှော်ပညာကိုပါ ကြိုးစားသင်ယူနေတဲ့ကယောက်၊ အချစ်ကိုသက်သေပြဖို့ တပ်ထဲဝင်သွားတဲ့ချန်၊ သူတို့နှစ်ယောက်ကြားကအားပြိုင်မှုကရော ဘာတွေဆက်ဖြစ်မှာလဲ။ တစ်ချိန်က ယူထာကိုရန်ပြုဖို့ကြိုးစားခဲ့တဲ့ လူဆိုးကြီးကရော အဋ္ဌမကို ပြန်လည်စိန်ခေါ်ဖို့ ယူထာမြို့ရဲ့ပွဲတော်ကြီးကို အသုံးချဖို့ကြိုးစားလာတာကို သိလိုက်ရတဲ့ ကယောက်တို့သူငယ်ချင်းတစ်စုကရော အမိမြေကိုကာကွယ်ဖို့ နောက်ကွယ်ကနေ ဘယ်လိုပေးဆပ်သွားမလဲ။ ကယောက်တစ်ယောက်ကရော သူကာကွယ်ချင်တဲ့အရာကိုကာကွယ်နိုင်ပြီး အိပ်မက်ကိုရှာတွေ့နိုင်မှာလားဆိုတာ ဒီဇာတ်ကားလေးမှာ ကြည့်ရှုလိုက်ရအောင်ပါ။#KhunPhaenBegins #thaimovies #mmsub
အားလပ်ရက် ပိတ်ရက်ရှည်မှာ ပျော်ပျော်ပါးပါး ခရီးထွက်ခဲ့ကြတဲ့ သူငယ်ချင်းတစ်စု... သူတို့စီးလာတဲ့ ကားလေးထဲမှာ မဖိတ်ခေါ်ဘဲ လိုက်ပါလာတဲ့ ခရီးသည်တစ်ဦး ရှိနေခဲ့ပါတယ်။ ခရီးစဉ်တစ်လျှောက်လုံး ကားအတွင်းခန်းထဲမှာ မခံမရပ်နိုင်အောင် ပုပ်စော်နံတဲ့ အနံ့တွေ ထွက်ပေါ်နေခဲ့ပေမယ့် ဒါဟာ သေမင်းရဲ့ ရှေ့ပြေးနိမိတ်မှန်း ဘယ်သူမှ မရိပ်မိခဲ့ကြပါဘူး။ ဘေးနားမှာ အေးစက်စက်နဲ့ လိုက်ပါလာတဲ့ အဖွားအိုက ဘယ်သူလဲ? လမ်းမှာ ကားမှောက်ပြီး အားလုံး သေဆုံးသွားခဲ့ကြတဲ့နောက်မှာတော့... အဲဒီ "လူသေ" ကိုယ်တိုင်က သရဲအစီအစဉ်တစ်ခုမှာ သူတို့ရဲ့ နောက်ဆုံးခရီးစဉ်အကြောင်းကို ထိတ်လန့်ဖွယ်ရာ ပြန်လည်ပြောပြခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ အထွတ်အထိပ် အလှည့်အပြောင်းက ဘာဖြစ်မလဲ? ကားပေါ်မှာ ဘယ်သူက အရင်ဆုံး သေနေတာလဲ? ဒီလျှို့ဝှက်ချက်တွေကို သိချင်ရင်တော့... အခုပဲ ဝင်ရောက်ကြည့်ရှုလိုက်ပါ။#VIPDeathSeat #thaimovies #mmsub
ဂျွိုင်း အဖြစ် Mos Panuwat ဂျန် အဖြစ် Japan Ploypaphas နပ် အဖြစ် Diana Flipo အရှေ့မြောက်ထိုင်းနိုင်ငံရဲ့ တိတ်ဆိတ်တဲ့ရွာငယ်လေးထဲမှာရှိတဲ့....တောင်တန်းနယ်မြေတစ်ခုမှာအနာဂတ်ကိုမသိနိုင်တဲ့ အမှောင်တစ်ခုရောက်ရှိလို့လာနေတယ် လူတွေက ဝိညာဉ်တုတွေလို မျက်နှာဖုံးတွေဝတ်ပြီး လမ်းများပေါ်လျှောက်ကြတယ်.... ဒါပေမယ့် ဒီပွဲတော်မှာ…“ဝိညာဉ်တွေက လူတွေနောက် လိုက်လာတတ်တယ်” ဆိုတဲ့ ယုံကြည်မှုဟာ… အမှန်တကယ်လား... အဖေကိုရော အဖွားကိုပါဆုံးရှုံးလိုက်ရတဲ့ကောင်လေးတစ်ယောက်က တစ်ဆက်တည်းမှာတင် တွယ်တာရတဲ့ ဆွံ့အနားမကြားညီမလေးကိုပါ ထပ်ပြီးဆုံးရှုံးလိုက်ရတဲ့အချိန်မှာတော့.... အကိုဖြစ်သူက…သူ့ညီမကို ရှာဖွေရင်း အမှောင်၊ ယုံကြည်မှုနဲ့ ကြောက်ရွံ့မှုကြားမှာ ပိတ်မိသွားတယ်…သူယုံကြည်သင့်တာက…လူသားတစ်ယောက်ရဲ့ အချစ်လား… ဒါမှမဟုတ် ရှေးဟောင်းယုံစွဲချက်တစ်ခုလား... အချိန်တွေကုန်ဆုံးသွားတဲ့အခါ… သူ့ညီမကို ပြန်တွေ့နိုင်မလား ဒါမှမဟုတ် သူလည်း… ဝိညာဉ်တွေထဲမှာ ပျောက်ဆုံးသွားမလား?ဆိုတဲ့ ပဟေဌိတွေနဲ့ ထိန်လန့်ဖွယ်ထိုင်းကားတစ်ကားကို ကြည့်ရှုလိုရေနေပါပြီရှင်...#TaKhonTheCursed1Mask #thaimovies #mmsub
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
