5 392
Подписчики
+1424 часа
+1247 дней
+62430 дней
- Подписчики
- Просмотры постов
- ER - коэффициент вовлеченности
Загрузка данных...
Прирост подписчиков
Загрузка данных...
Repost from N/a
Фото недоступноПоказать в Telegram
မေ့မရခဲ့တာထက်
မမေ့ရက်ခဲ့တာပါ အသက်ရယ်
ဆရာအောင်ချိမ့်လို အသည်းနဲ့သူမို့
ကွဲခဲ့ရပေမဲ့ မင်းကြောင့်ကွဲခဲ့ရတဲ့
အသည်းကို ပြန်ဆက်ဖို့အတွက်
မင်းနေရာကို အစားမထိုးနိုင်ခဲ့ဘူးကွယ်။
- မောင်လူပိုအေး
❤ 23
သူက ငါ့ကို ပေးပေး မပေးပေး
ငါ့နှလုံးသားက ရပြီးသား ။
မဖြစ်နိုင်ဘူး ဆိုတာတွေ
ဖြစ်ခဲ့တယ် ။
မတုံ့ပြန်သော အချစ်ဟာ
ဩဇာ အရသာ လေးနက်မြဲ
ငါ့မှာ မရသေးပေမယ့်
ရခဲ့ပါပြီ ။
-အောင်ချိမ့်
❤ 27
ကျွန်တော့် ဇာတာရောရှိသေးလား
ကိုယ့်ကိုယ်ကို အချိုးမပြေကြောင်း
မနေ့က သိလိုက်တယ်
"ကျွန်တော့်ကို မီးပူတိုက်ပေးပါ"
တာရာမင်းဝေ
(ဝေသာလီပတ်ပျိုး)
@DM
❤ 15
Фото недоступноПоказать в Telegram
မရေရာတဲ့ မနက်ဖြန်တွေကြား
သေချာမဲ့ လက်တစ်စုံကို ဖမ်းဆွဲခွင့်ပြုပါ
ပန်းပဲပျိုးရ ဓါးပဲထမ်းရ မင်းဖက်က လက်ပြရင်
သံဿရာအဆက်ဆက် တံခါးချပ်တွေ ရိုက်ချိုးခဲ့ပါ့မယ်။
-လင်းခက်
❤ 29😢 3💔 2❤🔥 1
Repost from N/a
အကို ပြောဖူးသလိုပါပဲ ကမ္ဘာဟာ ဘယ်နှစ်ပတ်လည်လည် ဆန္ဒရှိရင် ကျွန်မတို့ တိုက်မိနိုင်တယ် မဟုတ်လား
-နှင်းသရသွင်
❤ 31❤🔥 1💔 1
ပန်းတစ်ပွင့် ပွင့်လာပုံကို
စောင့်ရသလိုမျိုး ။
အလွမ်းနဲ့ဆိုပေမဲ့ လေးလံမနေတဲ့
နေ့ပေါင်းများစွာ ။
အေးအေးလူလူပဲ ကိုယ်နိုးထတယ်
မျက်နှာသစ်တယ် အဝတ်လဲတယ်
ပြီးတော့ သတိရနေလိုက်တယ်
အရေခွံလဲထားတဲ့ မြွေလို
တသွင်သွင်စီးတဲ့ ရေလို ။
တရားနဲ့ဖြေလို့မရတဲ့ အရာတွေဟာ
တကယ်ရှိတယ် ။
-ဆူးရစ်နွယ်
❤ 26💔 3
Repost from N/a
Фото недоступноПоказать в Telegram
လွမ်းတဲ့စိတ်သည် ရက်မရွေးကြောင်း။
- မောင်လူပိုအေး
ဒီကမ္ဘာမှာ ပန်းတွေ မပွင့်လည်း ဘာအရေးလည်း ကိုယ့်သေနတ်ကိုယ်ကိုင် ကိုယ်ပန်းကိုပျိုးပြီး ကောက်ကောက်ကွေ့ကွေ့ မြစ်ထဲ လူငယ်ဆန်မှု့တွေ မျှောချခဲ့ရတယ်။
-လင်းခက်
❤ 29💔 8
အခြေအနေတွေ ငြိမ်သက်တာနဲ့
ကိုယ့်မြို့ကလေးဆီကိုပဲ ပြန်မှာ
လှိုင်းသံလေးနဲ့ပဲ အိပ်စက်မှာပါ
ဆားငွေ့သင်းသင်းကိုပဲ ရှူရှိုက်မှာပါ
အဲ့နေရာကလွဲရင်
ဘယ်အရပ်ဒေသမှာ မှ ကိုယ်စိတ် မချမ်းသာ
သေလည်း ကိုယ့် နေရာ
ရှင်လည်း ကိုယ့်နေရာ ။
-နွေသစ်ငြိမ်း
❤ 26😭 3
Выберите другой тариф
Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.