6 014
Подписчики
+824 часа
+247 дней
+2530 день
Архив постов
Luccy(2014)
Action moive (မြန်မာစာတန်းထိုးအကြည်)
ဂျက်မရဲ့စိတ်စွမ်းအား(အမြည်းလေးပါ)
ကြမ်းရမှာလားလွမ်းရမှာလား
တွံတေးသိန်းတန်(@#မူရင်း)♥️♥️♥️🥰🥰🥰🥰🥰🥰🥰🥰🥰👍👍👍
ကြမ်းရမလားလွမ်းရမလား
တေးဆို=ဦးမင်းသန့်(Ai=cover song)
မနက်ဖြန်ဥပုသ်နေ့ပါဗျို့....
၁၃၈၈ခုပထမဝါဆိုလပြည့်ကျော်(၈)ရက်အင်္ဂါနေ့မှာကြရောက်တဲ့ဥပုသ်နေ့မှာသီတင်သီလဆောက်တည်ကြပါဆို့ ...😍😍😍😍🙏🙏🙏🙏🙏🙏🙏
လူပျိုထောင်း(ရုံတင်ဟာသဇက်ကားကြီး)
ခင်လှိုင်ရဲ့အရက်ခိုးသောက်တဲ့နည်းများ🤣😂😜(ကောင်းလှချီလားးးဟီးးးး)
လူပျိုထောင်း(ဟာသကား)
အုံငါ့မှာမိန်း..ငါ့မှာမိန်း😜နူမကေ့နူမကေ့😂အမြေးသန်အမြေသန်🤣🤣😜😂
ဘယ်ပန်းချီရေးလို့မမှီ
(အရမ်းငိုခဲ့ရတဲ့အခန်းလေး😢😢😢)
ကိုကြီးနဲ့ညီမလေး
အင်ဒိုနီးရှားသီချင်းလေး(တလွှဲဘာသာပြန်ထားသည်😍😜🙏🙏🙏)
ကျန်ခဲ့လည်းလွမ်းချန်ခဲ့လည်းလွမ်း
တေးဆို=အောင်သူ
သရုပ်ဆောင်=အောင်သူ/စုလှိုင်နှင်း
ရေမြောင်းဖောက်တယ်။ ခြံစည်းရိုး ဆေးသုတ်တယ်။ ဘယ်သူဘာခိုင်းမလဲ။ ခိုင်းတာသူလုပ်ပေးတယ်။
အဲဒီလို စာကို ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတဲ့ နီဂရိုးလူမည်းလေးဟာ ပါမောက္ခကြီး၊နိုင်ငံဂုဏ်ဆောင် သမိုင်းဝင်ပုဂ္ဂိုလ်ကြီး ဖြစ်လာခဲ့တယ်သား။ သားအခု စာသင်နေရတာ အဲ့ဒီပုဂ္ဂိုလ်ကြီးလို ခက်ခက်ခဲခဲ သင်နေရတာလား။ မဟုတ်ပါဘူးသားရယ်။ သားမှာမိဘရှိတယ်။ စာသင်ဖို့ ကျောင်းရှိတယ်။ စာသင်ဖို့ အခွင့်အရေးလည်း အပြည့်အဝရှိတယ်။ ကဲ ဘာလိုသေးလဲ။ သားမှာသာ ကြိုးစားလိုစိတ် အပြည့်အဝရှိရင် မဖြစ်နိုင်စရာ လုံးဝမရှိပါဘူးသားရေ။
သားရေ...တကယ်တော့ သားစာမေးပွဲ ရှုံးတာမဟုတ်ပါဘူးကွာ။ သရေကျတာပါ။ဘာလို့လဲဆိုတော့ သားအခု Grade.11ကိုမှ ပြန်ပြီးမဆင်းရတာ။ Grade.12က Grade.12ပဲလေ။ဒီတော့ သားမရှုံးဘူး။ သရေပဲကျတာ။ နောက်တစ်နှစ်မှာ သားအနိုင်ရမှာပါ။ "ငါအောင်နိုင်ရမယ်"ဆိုတဲ့ စိတ်မျိုး မွေးပြီး ကြိုးစားပစ်လိုက်စမ်းပါကွာ။
တကယ်ဆိုရင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကျတယ်ဆိုတာ ဘဝတစ်ခုလုံး ကျရှုံးတာ မဟုတ်ပါဘူး။ ဒီတော့ တက္ကသိုလ်ဝင်တန်း ကျရှုံးတယ်ဆိုပြီး စိတ်ဓါတ်ကျ ငိုရှိုက်နေဖို့ မလိုပါဘူးသား။ ခုနှစ်မအောင်တာဟာ နောက်နှစ်မှာ ဂုဏ်ထူးတွေနဲ့အောင်ပြီး ကိုယ့်တက်ချင်တဲ့ တက္ကသိုလ်ကို တက်ခွင့်ရဖို့ အကောင်းဆုံး နောက်တဖန်ကြိုးစားနိုင်မယ့် မဟာ အခွင့်အရေးသာ ဖြစ်တယ်လို့ မှတ်ယူလိုက်ပါသား။
ဆရာ့မိတ်ဆွေတစ်ယောက် ပြောပြတဲ့ အဖြစ်အပျက်လေးတစ်ခုကို ပြောပြဦးမယ်သား။ အဲဒီမိတ်ဆွေမှာ ဝင်းမောင်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်တဲ့။ ဝင်းမောင်ဟာ စာညံ့တဲ့ထဲမပါသလို စာတော်တဲ့ ထဲလည်း မပါဘူး။ စာကို အမြဲ ပုံမှန်လေး ကြိုးစားတယ်။ တက္ကသိုလ်ရောက်ရင် အတူတူ ကျောင်းတက်မယ်ဆိုပြီး သူငယ်ချင်းတွေ တိုင်ပင်ထားခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီနှစ်စာမေးပွဲမှာ ဝင်းမောင်ဟာ စာမေးပွဲ မအောင်ခဲ့ဘူး။ဒါပေမဲ့ သူက စိတ်ဓါတ်မကျခဲ့ဘူးတဲ့။ "စာမေးပွဲကျခြင်းဟာ ငါ့အတွက် မဟာအခွင့်အရေးလို့ ခံယူထားတယ်"လို့ ပြောတယ်တဲ့။
တစ်နှစ်ဆိုတာ ခဏလေးနဲ့ ကုန်သွားတာပဲလေ။ ဒီလိုနဲ့ ဝင်းမောင်ဟာ နောက်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို 4D နဲ့အောင်ပြီး ဆေးတက္ကသိုလ်ဝင်ခွင့်ရခဲ့တယ်။ စာမေးပွဲ ကျတဲ့နှစ်က ကဲ့ရဲ့ကျသူတွေ၊ပတ်ဝန်းကျင်က လူတွေဟာ ဒီတစ်ခါတော့ ဝင်းမောင်ကို ဝိုင်းပြီးချီးကျူးကြတယ်။ အရင်က အထင်သေးတဲ့ အကြည့်တွေနေရာမှာ အားကျလေးစားတဲ့ အကြည့်တွေ ဝင်လာကြတော့တယ်တဲ့။
ကဲ ဒီတော့သားရေ...သားလည်းပဲ နောက်တစ်နှစ်မှာ အခြားသူတွေ အံ့သြမှင်သက်သွားအောင် လုပ်ပြလိုက်စမ်းပါ။ သားဖြစ်ကို ဖြစ်လိမ့်မယ်လို့ ဆရာအနေနဲ့ ယုံကြည်စွာ တိုက်တွန်းလိုက်ပါတယ်သား။ နောက်နှစ် ဒီလိုအချိန် အောင်စာရင်းထွက်ချိန်မှာ သားကိုဂုဏ်ပြုချီးကျူးဖို့ စကားလုံးတွေကို ဆရာအခုကတည်းက စာစီထားမယ်သားရေ။ သားအားမွေးဖို့အတွက် ကဗျာလေးတစ်ပုဒ်ပါ ဆရာရေးထည့်ပေးလိုက်တယ်။(Fighting)ဖိုက်တင်းပါသားရေ။
"ဒူးမထောက်တဲ့ မာန်"
****
ငှက်တစ်ကောင်ဟာ
တစ်နေကုန်(မနားဘဲ) မပျံသန်းနိူင်တာနဲ့
ငှက်ဘဝကို စွန့်လွှတ်မသွားဘူး...
ဂိုးသမားတစ်ဦးဟာ
ဂိုးတစ်ဂိုး အဝင်ခံလိုက်ရတာနဲ့
ဂိုးသမားဘဝကို စွန့်လွှတ်မသွားဘူး...
ကြောင်တစ်ကောင်ဟာ
ကြွက်တစ်ကောင် လွတ်သွားတာနဲ့
ကြောင်ဘဝကို စွန့်လွှတ်မသွားဘူး...
ငါ...
ငါကရော
ဘဝမှာ ရှုံးနိမ့်မှုတစ်ခု ကြုံတွေ့လိုက်ရရုံနဲ့
မျှော်လင့်ချက်တွေကို ကျောခိုင်းပစ်ရမှာလား...
လာစမ်းပါလောကဓံ
ငါ့ခြေဖဝါးအောက် ပြားပြားမှောက်စေရမယ်
ငါလှမ်းတက်ဖို့ လှေကားတစ်ခုအဖြစ်ပေါ့...
မိုးသောက်ထွန်း
11.6.2019 7days weekly
#စာမေးပွဲ_ကျရှုံးသော_ချစ်တပည့်သို့_ပေးစာ"
ချစ်တပည့်ရေ. . .
ဇွန်လ(၂၈)ရက်နေ့က တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းတွေ ထွက်တော့ သားကျရှုံးတယ်လို့ သတင်းကြားရတဲ့အတွက် ဆရာစိတ်မကောင်းပါဘူး။ ဒီအချိန်မှာ သားရော သားရဲ့မိဘတွေရော ဝမ်းနည်းနေကြမယ်ဆိုတာ ဆရာနားလည်ပါတယ်။ သားအနေနဲ့ စာမေးပွဲ ကျရှုံးခြင်းအပေါ် အတော်လေးစိတ်ဓာတ် ကျနေတယ်လို့ သတင်းကြားရလို့ ဒီစာကို ဆရာရေးလိုက်တာပါ။ ဆရာ ဆက်ပြီးပြောမယ့် အကြောင်းအရာတွေကို သားသေချာဖတ်ပေးပါ။ ပြီးတော့မှ သားအနေနဲ့ စိတ်ဓာတ်ကျနေသင့်သလား၊ မကျသင့်ဘူးလား ဆိုတာကို ကိုယ့်ဘာသာ ဆုံးဖြတ်ပါသားရေ။
သားရေ...စာမေးပွဲဆိုတာ အောင်တာနဲ့ ကျတာ နှစ်မျိုးပဲ ရှိတယ်ဆိုတာ သားသိပြီးသားပါ။ သားအခု စာမေးပွဲကျတယ်။ ဘာဖြစ်လို့လဲ။ လွယ်လွယ်ပြောရင် မအောင်လို့ကျတာပေါ့လေ။ သားအနေနဲ့ "ငါစာမေးပွဲကျတယ်"ဆိုတဲ့အတွေးကို အမြဲတမ်းခေါင်းထဲထည့်ပြီး စိတ်ညစ်ဝမ်းနည်းနေရုံနဲ့ စာမေးပွဲ ပြန်ပြီးမအောင်လာဘူးဆိုတာ သားလည်းသိပြီးသားပါ။ ဒါဆို ဘာလုပ်သင့်သလဲ။ သားအနေနဲ့ ဘာဖြစ်လို့ မအောင်ရတာလဲဆိုတဲ့ အချက်ကို သေသေချာချာ စဉ်းစားဖို့ မလိုပေဘူးလား။ ပြီးခဲ့တဲ့နှစ်က စာသင်နှစ်တစ်နှစ်လုံး သားဘာတွေလုပ်ခဲ့လဲ ပြန်စဉ်းစားကြည့်ပါ။ ပြီးရင် ဘယ်အချက်ကတော့ ငါ့ကို စာမေးပွဲ ကျစေခဲ့တာပဲဆိုတဲ့ သတိတရားနဲ့ ပြန်ပြီးဆင်ခြင် သုံးသပ်ရမယ်။ အဲဒီလို သုံးသပ်ပြီးရင် နောက်တစ်နှစ် ပြန်ပြီးကြိုးစားဖို့ သားရဲ့စိတ်ကို ပြင်ဆင်ရမယ်သား။
လတ်တလော အခုအချိန်မှာတော့ သားစိတ်ညစ်ဝမ်းနည်းနေမယ်ဆိုတာ ဆရာနားလည်တယ်။ တစ်ရက်၊နှစ်ရက် ဒါမှမဟုတ် တစ်ပတ်လောက်ကွာ၊ သား အားရပါးရ စိတ်ညစ်ပစ်လိုက်။ ဝမ်းနည်းပစ်လိုက်။ အေး ပြီးရင်တော့ သားရဲ့စိတ်ကို အကောင်းဆုံး ပြန်ပြီးတည်ဆောက်ပါ။ စိတ်ညစ်ရာကနေ စိတ်ဒဏ်ရာ ဖြစ်တဲ့အထိတော့ မရောက်စေနဲ့သား။ သားဟာ လူညံ့တစ်ယောက် မဟုတ်ဘူးဆိုတာ ဆရာယုံတယ်။ ဆရာယုံကြည်သလို သားကိုယ်သားလည်း ယုံကြည်လက်ခံနိုင်အောင် မာန်တင်းပြီး တည်ဆောက်ပါ။
သားရေ...သားက အခုမှ တစ်ကြိမ်တစ်ခါ ကျရှုံးတာပါ။ လူအများ လေးစားအားကျရတဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး တချို့ဆိုရင် အကြိမ်ကြိမ်ရှုံးနိမ့်ရာကနေ ကြိုးစားအောင်မြင်ခဲ့တဲ့ သာဓကတွေ ရှိတယ်သား။ ပြီးတော့ သူတို့တွေဟာ အောင်မြင်မှုတစ်ခုရဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြရတယ်။
သောမတ်စ်အယ်ဒီဆင်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကို သားသိတယ်မို့လား။ သူ့အကြောင်း နည်းနည်းပြောပြမယ်။ အယ်ဒီဆင်ဟာ ကျောင်းစတက်ပြီး တစ်လအကြာမှာ ဆရာမကသူ့ကိုစာအိတ်လေး တစ်လုံးပေးလိုက်တယ်တဲ့။ သူ့အမေကိုပေးဖို့ ဆိုပြီးပေါ့ ။ ဒါနဲ့သူအိမ်ပြန်ရောက်တော့ အဲဒီစာအိတ်လေးကို သူ့အမေဆီပေးလိုက်တာပေါ့။ူ့မေမေကစာအိတ်လေးကို ဖွင့်ပြီးဖတ်ပြလိုက်တယ်။ “အစ်မရဲ့သားက ဥာဏ်ပညာအလွန်ထက်မြတ်ပြီး ပါရမီရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ကျောင်းမှာ သူ့လောက်တော်တဲ့ဆရာ၊ ဆရာမတွေမရှိ ကြလို့ အစ်မပဲသူ့ ကိုစာသင်ပေးလိုက်ပါနော်။” လို့သူ့အမေက ဖတ်ပြတယ်။ပြီးတော့ သူ့ကိုအိမ်မှာပဲစာသင်ပေးတယ်တဲ့။
သူ့အမေကွယ်လွန် သွားပြီးတဲ့နောက်မှာ အယ်ဒီဆင်ဟာ သူ့အမေရဲ့သေတ္တာထဲကနေ ဟောင်းနွမ်းနေတဲ့ စာလေးတစ် စောင်ကိုတွေ့လို့ဖတ်ကြည့်လိုက်တယ်။ အဲဒီစာလေးထဲမှာရေးထားတာက “အစ်မရဲ့သားဟာ ဥာဏ်ရည်အလွန်နိမ့်ပါး နေပါတယ်။ သူတစ်သက်လုံးစာတတ်မှာမဟုတ်ပါဘူး။ ကျွှန်မတို့ကျောင်းမှာ သူ့ကိုလက်မခံနိုင်လို့ ဒီနေ့ကစပြီး ကျောင်း ထုတ်လိုက်ပါပြီ။” လို့ရေးထားတယ်တဲ့။ အယ်ဒီဆင်အမေကသာ ဥာဏ်အမျှော်အမြင် မရှိဘူးဆိုရင်၊ ပြီးတော့ အယ်ဒီဆင်ကိုသာ စာကိုအမှန်အတိုင်းပြလိုက် ရင် သူဟာ ခုလိုသိပ္ပံပညာရှင်ကြီး ဖြစ်လာဖို့မသေချာဘူး။ ကဲ ဒီတော့သားရေ...အယ်ဒီဆင်လို သင်ကြားတဲ့ ဆရာတွေကတောင် မဖြစ်နိုင်ဘူးဆိုထားတဲ့ လူမျိုးတောင်မှ တကယ်တမ်းကြိုးစားလိုက်တော့ ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး ဖြစ်သေးတာပဲ။ သားလည်း ဘာလို့များ မဖြစ်နိုင်ရမှာလဲကွာ။
နောက်ထပ် ဂျော့ခ်ျဝါရှင်တန်ကာဗာဆိုတဲ့ ပုဂ္ဂိုလ်ကြီးအကြောင်းလည်း ပြောပြချင်သေးတယ်။ အဲ့ဒီပုဂ္ဂိုလ်ကြီးဆိုရင် သားတို့လို စာကို အဆင်ပြေပြေ မသင်ခဲ့ရဘူး။ ဘာလို့လဲဆိုရင် သူက လူမည်းတစ်ယောက် ဖြစ်နေလို့လေ။ အဲ့ဒီအချိန်က သူတို့နိုင်ငံမှာ လူမည်းတွေ ပညာသင်ခွင့်မရှိဘူးတဲ့။ သူ့မှာ မိဘတွေလည်း မရှိကြတော့ဘူး။ ဂျော့ခ်ျဟာ သူနေတဲ့ခြံနဲ့ ရှစ်မိုင်လောက်ဝေးတဲ့ နီယိုရှိုမြို့ကလေးက ရှားရှားပါးပါးဖွင့်လှစ်ထားတဲ့ လူမည်းတွေ စာသင်ခွင်ခွင့်ရတဲ့ ကျောင်းကလေးမှာ ခက်ခက်ခဲခဲ စာကိုစသင်ခဲ့ရတယ်။
အဲဒီမှာ ရသလောက်စာသင်ပြီး ဂျော့ခ်ျဟာ ရပ်တန့်မနေဘူး။ အမေရိကန်ပြည် အနောက်ပိုင်းတစ်ခွင် လှည့်လည်ပြီး ရောက်လေရာအရပ်မှာ ရရာအလုပ်လုပ်ပြီးတော့ တက်လို့ရသမျှကျောင်းကိုတက်တယ်။ ဒီတစ်ကျောင်းမှာ သင်စရာစာကုန်ပြီဆိုရင် နောက်တစ်မြို့၊တစ်ရွာ၊တစ်နေရာကို ပြောင်းပြန်တယ်။ဂျော့ခ်ျဟာ သူရောက်လေရာ အရပ်မှာ ပြဿနာကြီးသုံးခုကို ရင်ဆိုင်ရတယ်။ ဘာတွေလဲဆိုတော့ ဘယ်မှာအိပ်မလဲ၊ ဘာတွေစားနေမလဲ၊ ကျောင်းစာအုပ်ဖိုးကို ဘယ်လိုရှာမလဲ ဆိုတာတွေပဲ။ ဒါပေမဲ့ သူကလွယ်လွယ် လက်မလျော့ဘူး။ ရရာအလုပ်ကို လုပ်တယ်။ ထမင်းချက်တယ်။ ထင်းပေါက်တယ်။ ဥယျဉ်မှုးလုပ်တယ်။ အဝတ်လျှော်တယ်။
♥️ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်♥️
ဒိုပေါက်(cover)(#မူရင်း=မနော)
Mask Singerပြိုင်ပွဲမှာမျက်နှာဖုံးချွတ်လိုက်ရတဲ့ဒိုပေါက်👍🤣😜😜😜
