cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

Lꫀׁׅܻɑׁׅ֮ꭈׁׅꪀׁׅ ᨰׁׅꪱׁׅtׁׅhׁׅ֮ Sυׁׅzׁׅ֬ꪱׁׅꫀׁׅܻ

Since~25.7.2022 Need 4600 Tik Tok acc - tiktok.com/@learn_with_suzie

Больше
Рекламные посты
4 636
Подписчики
+2124 часа
+1427 дней
+56530 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

ရွှေဘိုမြို့ကိုတစ်ခေါက်လောက်သွားလည်ကြမလား ? (၂)
ထင်ရှားသောဘုရားပုထိုးများ
* မြို့ထောင့်စေတီ၊ မော်ဓောမြင်သာစေတီ (မြို့ခံလူများက မူ ‌စေတီတော်ဘုရားဟုခေါ်ဆိုကြသည်။) * ချမ်းသာကြီး ချမ်းသာရစေတီ (မြို့ခံလူများက မူဘုရားဟုသာခေါ်ကြသည်။ * ရွှေတန်ဆာစေတီ * ရွှေချက်သိုစေတီ * နိဗ္ဗာန်ဆိပ်ဦးစေတီ * ရွှေသိမ်တော်ဘုရား(ရွှေဘို)၊ရွှေသိမ်တော်ဘုရား (သို့မဟုတ်) သံဃာ့အောင်မြေဘုရား
စီးပွားရေး
မြို့၏တောင်၊ မြောက်၊ အနောက်ဘက်တို့၌ လယ်ကွင်းကြီးများ ရှိ၍ စပါး၊ ပဲ၊ ပြောင်း စသည် စိုက်ပျိုးကြပါတယ်။ မြစ်ဝကျွန်းပေါ်ကဲ့သို့ မြေဩဇာမကောင်းသော်လည်း ဆည်များ တူးမြောင်းများမှ ရေဝအောင် သောက်ရသောကြောင့် သီးနှံများစွာထွက်ပါတယ်။ အများဆုံးစိုက်ပျိုးကြသော သီးနှံများမှာ ဆန်စပါး၊ ကုလားပဲ၊ နှမ်း၊ မြေပဲစသည်တို့ဖြစ်တယ်။ သဖန်းဆိပ်ဆည်မှ ရေပေးဝေမှုကြောင့် တစ်နှစ်ကို နှစ်ကြိမ် ဆန်စပါးစိုက်ပျိုးနိုင်ပါတယ်။ အထွက်နှုန်းမှာ တစ်ဧကလျှင် တင်း ၁၀၀ နှုန်းခန့်ထွက်ရှိပြီး လူကြိုက်အများဆုံးဆန်မှာ ရွှေဘိုပေါ်ဆန်းမွှေး ဖြစ်တယ်။ အခုပြောသွားတာကတော့ ရွှေဘိုမြို့အကြောင်းပဲဖြစ်ပါတယ်။ရွှေဘိုမြို့ကို သွားလည်မယ်စဉ်းစားထားတဲ့သူတွေ၊ဘယ်နေရာခရီးထွက်ရမလဲစဉ်းစားနေတဲ့သူ‌တွေ ရွှေဘိုမြို့အကြောင်းဖတ်ပြီးပြီဆိုတော့ သွားဖြစ်အောင်သွားလိုက်ကြအုံးနော်။ အခုလိုဗဟုသုတရစရာတွေကို စိတ်၀င်စားတဲ့စာဖတ်သူလေး‌တွေ @StudywithSuzie ခုပဲ Join ထားလိုက်တော့နော်။နေ့ထူးနေ့မြတ်အကြောင်းတွေနဲ့ အခြားဗဟုသုတရစရာတွေကို အမြဲတင်ဆက်ပေးနေတာမလို့ စာဖတ်သူလေးတို့အတွက်အကျိုးရှိစေမှာပါ။ #contentwriter_MinarKo #graphicdesign_MinarKo #LearnWithSuzieEducation #Learn_with_Suzie #LWS
Показать все...
8😍 1💘 1
ရွှေဘိုမြို့ကိုတစ်ခေါက်လောက်သွားလည်ကြမလား ?
Hi guys .... Learn with Suzie ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ မြန်မာနိုင်ငံရဲ့နာမည်ကြီး မြို့တစ်မြို့ဖြစ်တဲ့ ရွှေဘိုမြို့အကြောင်းကိုမျှဝေသွားမှာပဲဖြစ်ပါတယ်။ ရွှေဘိုလို့ပြောလိုက်တာနဲ့ နက်နဲတဲ့သမိုင်းတွေ၊အထင်ကရနေရာတွေ၊ဘုရားပုထိုးစေတီတွေနဲ့ ပြည့်နက်နေတာကတော့လူတိုင်းအသိပါပဲ။ ရှေးဟောင်းအမွေအနှစ်တွေများစွာရှိတဲ့ဒီမြို့လေးကိုသွားမလည်ချင်ကြဘူးလား ??
တည်နေရာနှင့်လမ်းပန်းဆက်သွယ်ရေး
ရွှေဘိုမြို့ရဲ့တည်‌နေရာကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးမှမြစ်ကြီးနားသွားပြည်‌ထောင်စုကား‌လမ်းမပေါ်မှာဖြစ်ပါတယ်။မန္တလေးနဲ့ (၇၉) မိုင်ကွာဝေးတာကြောင့် ကားနဲ့သွားရင် ၄ နာရီခန့်ကြာမြင့်ပါတယ်။မန္တလေး-မြစ်ကြီးနား ရထားဟာဆိုရင်လည်း ရွှေဘိုမြို့ကို ဖြတ်သန်းပြေးဆွဲလျက်ရှိပါတယ်။ကျောက်မြောင်းမြို့နှင့် ၁၇ မိုင်ဝေးသော ကျောက်လမ်း၊ မူးမြစ်ပေါ်ရှိ ရေဦးမြို့နှင့် ၂၄ မိုင်ရှည်သော ကျောက်လမ်းတို့ဖြင့် ဖြင့်ဆက်သွယ်ထားသည်။ဒီ့အပြင် ဧရာ၀တီမြစ်ကမ်းပေါ်မှာလည်းတည်ရှိတာကြောင့် အချက်အချာကျတဲ့မြို့လို့ဆိုနိုင်ပါတယ်။
ရွှေဘိုသမိုင်း
ရွှေဘိုမြို့ဟာဆိုရင် မြန်မာတို့ရဲ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့ ကုန်းဘောင်မင်းဆက် စတင်ရာဒေသဖြစ်ပါတယ်။ သမိုင်းတစ်လျှောက်မှာတော့ မုဆိုးဘို အမည်ရှိတဲ့ မြန်မာမင်းလက်အောက်ခံ ကျေးရွာအဖြစ်တည်ရှိခဲ့ပါတယ်။ပုဂံပြည်ရှင် အလောင်းစည်သူမင်းကြီး (၄၇၄-၅၂၉) သည် တိုင်းခန်း လှည့်လည်စဉ်က ထိုဒေသသို့ ရောက်သောအခါ မြေဒူးမြို့ တည်ရာအနီး မြင်းခွာတောင်၌ စေတီပုထိုးများကို တည်တော်မူခဲ့ပြီးနောက် ထိုတောင်ခြေမှ တူးမြောင်းကြီးဖောက်လုပ်ကာ ထိုတူးမြောင်းတစ်လျှောက် သင်းကနက်သားဖောင်ဖြင့် စုန်ဆင်းခဲ့သည်ဟု ဆိုတယ်။ တူးမြောင်းကြီး မိုင် ၅ဝ ခန့်ရှိသောအခါ မဟာနန္ဒာကန်ကို ဆည်ဖို့၍ ရွှေတန်ဆာဘုရားကို တည်ကာ ငပိုအမည်ရှိသော မုဆိုးအား ထိုနေရာ၌ ရွာတည်စေပြီးလျှင် စေတီစောင့်ထားခဲ့သည်ကို အကြောင်းပြု၍ ထိုရွာကို မုဆိုး ငဘိုရွာ၊ ထိုမှတစ်ဆင့် မုဆိုးဘိုရွာ ဟု တဖြေးဖြေးပြောင်းလာကာ နာမည်တွင်ခဲ့ပါတယ်။ အလောင်းဘုရားက အင်းဝပျက်ခါနီးတွင် အနီးအနားပတ်ဝန်းကျင် ၄၆ ရွာကို စုစည်းကာ ထန်းလုံးခံတပ်ကိုတည်ဆောက်ပြီး ဟံသာဝတီကို တွန်းလှန်ကာ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့တယ်။ မုဆိုးဖိုကိုလည်း ရတနာသိင်္ခ ဟု ပြောင်းလဲခေါ်ဆိုခဲ့တယ်။ ရန်သူအပေါင်းတို့အား အောင်နိုင်သည်ကို အစွဲပြု၍ ရန်ကြီးအောင် ဟူ၍လည်း ခေါ်ဆိုကြပါ‌သေးတယ်။ မြို့အနီးမှာရှိတဲ့ကုန်းဘောင်အားအစွဲပြု၍လည်း ကုန်းဘောင် ဟုလည်းခေါ်ဆိုကြတယ်။ အလောင်းဘုရားသည် သံလျှင်ကို တိုက်ခိုက်ရာတွင် တိုက်ခိုက်၍ မရသောကြောင့် လက်ရွှေးစင် ရဲဘော် ၉၀ ကျော်ကို တိတ်တဆိတ် ဝင်ရောက်စီးနင်း‌စေတယ်။ ထိုရဲဘော်တို့သည် ရွှေဘိုသား ဟူ၍ ငြာသံပေးကာဝင်ရောက်ကြလေတယ်။ ထိုအခါမှစ၍ ရွှေဘို ဟုခေါ်ဆိုခဲ့ကြပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးကို အင်္ဂလိပ်တို့ သိမ်းပိုက်သောအခါ သူ့ကျွန်မခံလိုသောစိတ်ဓာတ် ပြင်းထန်သည့် ဒေသဖြစ်သော ရွှေဘိုမြို့တစ်ဝိုက်ကို အနှိမ်နင်းရ အခက်ဆုံး ဟု ဆိုခဲ့ကြပါတယ်။
ရွှေဘိုမြို့အမည်များ
ကုန်းဘောင်မင်းဆက်၏ ပထမဆုံး နန်းစိုက်ရာမြို့ဖြစ်သည့်အတွက် မြို့အမည်မှာလည်း ၅ မျိုးတိတိရှိခဲ့ပါတယ်။ မူလရွာအဖြစ်ရှိစဉ်က အမည်ဖြစ်သည့် မုဆိုးဘို(မုဆိုးဖို)၊ ရွှေဘို ၊ ရန်ကြီးအောင် ၊ကုန်းဘောင်၊ ရတနာသိင်္ဃ တို့ဖြစ်ပါတယ်။ ထိုအမည်များကို အောက်ပါ ကဗျာအတိုင်း အလွယ်မှတ်သားနိုင်ပါတယ်။ ရန်ကြီးအောင်၊ကုန်းဘောင်ခ ငါးမည်ရ ပြည်ရွှေဘို မုဆိုးဘို ရန်ပြိုတဲ့ နာသိင်္ဃ'''(ရတနာ သိင်္ဃ) ဘိုးတော်ဒေသ။
သမိုင်း၀င်အထင်ကရနေရာများ
ရွှေဘိုမြို့သည် မြန်မာမင်းများလက်ထပ်က ထင်ရှားသော မြို့တော် ဖြစ်ခဲ့သည့်အလျောက် ရှေးမြန်မာမင်းတို့ တည်ခဲ့သော စေတီပုထိုးများစွာအပြင် ထင်ရှားကျော်ကြားသော ရှေးဟောင်း အဆောက်အအုံများစွာ ရှိပါတယ်။ အလောင်းမင်း တရားကြီးတည်ထောင်မူခဲ့သော ရွှေစေတီခေါ်  မြို့တောင့်စေတီရွှေချက်သို စေတီ၊ ရွှေတန်ဆာစေတီနှင့် အလောင်းမင်းတရားကြီး၏ အရိုးပြာသာဒ် တို့မှာ အထူးပင် ထင်ရှားပါတယ်။ ရွှေဘိုမြို့၏ မြောက်ဘက်တစ်မိုင်ခန့်တွင် အလောင်းမင်းတရားကြီး ဆည်ဖို့ခဲ့သော မဟာနန္ဒာကန်တော်ကြီး သည် အလွန်သာယာပြီး ကန်တော်ပတ်လည်တွင် ထန်းတောများ ရှိပါတယ်။လည်ပတ်ရန်အတွက် သင့်တော်ပါတယ်။ မြို့၏ အရှေ့မြောက်ဘက် တစ်မိုင်ခွဲခန့်တွင် စစ်တပ်များထားသော တပ်ကုန်း ရှိပါတယ်။တပ်ကုန်းသည် စံပြမြို့ကလေး တစ်မြို့ သဖွယ် သာယာကျယ်ပြန့်သော မြို့ခင်းရှိ၍ အဆောက်အအုံ များမှာ ကျန်းမာရေးနှင့် ညီညွတ်သော စစ်တန်းလျားများ၊ အစိုးရအရာရှိကြီးများ၏ နေအိမ်များ ဖြစ်ပါတယ်။ တပ်ကုန်းတွင်ဒုတိယကမ္ဘာစစ်ကြီး မဖြစ်ပွားမီက မြန်မာပြည်လုံးဆိုင်ရာ မြေတိုင်းအတတ်သင်ကျောင်း ရှိခဲ့ပါတယ်။ ရွှေဘိုမြို့၏ အရှေ့တောင်ဘက်သည်လည်း တပ်ကုန်းကဲ့သို့ ပင် သာယာပြန့်ပြူး၍ အစိုးရအဆောက်အအုံ များ၊ အရာရှိကြီး များ၏ နေအိမ်များ ရှိပါတယ်။ ထိုအပိုင်းကို ဗိုလ်ကုန်း ဟု ခေါ်ပါတယ်။ဗိုလ်ကုန်းတွင် တူးမြောင်းရုံး၊ လမ်းပန်းနှင့် အဆောက်အအုံဌာနရုံးနှင့် စက်ရှင်ဗိုလ်တဲကြီး ရှိလေသည်။
Показать все...
👍 2 1
ကမ္ဘာသက်တမ်း အရင့်ဆုံးဘာသာစကား (10)ခု
ကျွနု်ပ်တို့ဆက်သွယ်ပြောဆိုတဲ့ဘာသာစကား ပဲဖြစ်ဖြစ်ကျွန်ုပ်အိုင်ဒီယာတွေစိတ်ခံစားမှုတွေမျှဝေတဲ့အခါပဲဖြစ်ဖြစ် ဘာသာစကားကို အသုံးပြုပြီး ဆက်သွယ်ကြရပါသည်။ ကျွန်ုပ်တို့ယနေ့ခေတ် ဘာသာစကားဆိုရင် တော့Eng ဘာသာစကားက လူပြောများတဲ့ဘာသာစကားတစ်ခုဖြစ်ပြီး Eng ဘာသာစကားပြောဆိုသူစုစုပေါင်း 1.4 billion ကျော်ထိရှိကြပါသည်။ ဒါပေမဲ့စာဖတ်သူတို့အနေနဲ့ကမ္ဘာသက်တမ်းအရင့်ဆုံးဘာသာစကားထဲက ဘယ်ဘာသာစကားဖြစ်မလဲဆိုတာစဥ်းစားမိကြလိမ့်မယ်ထင်တယ်။ အဲဒါဆိုအခုရေးတဲ့စာက စာဖတ်သူတို့အတွက်ပဲဖြစ်ပါတယ်။ အခုပြောပြပေးမယ့် အကြောင်းအရာကတော့ကမ္ဘာသက်တမ်းအရင့်ဆုံးဘာသာစကား (10)ခု ဖြစ်ပါသည်။ (1) Egyptian 🇪🇬 ဘာသာစကား (2) Sanskrit ဘာသာစကား (3) Tamil ဘာသာစကား (4) Greek ဘာသာစကား (5) Chinese 🇨🇳 ဘာသာစကား (6) Korea 🇰🇷 ဘာသာစကား (7) Aramic ဘာသာစကား (8) Hebrew ဘာသာစကား (9) Arabic ဘာသာစကား (10) Latin ဘာသာစကား #Moe #knowledge #forward_only
Показать все...
36👍 3😍 3🐳 1
ကာဝါအေးကျန်မီးတောင် အင်ဒိုနီးရှားနိုင်ငံဟာ မီးတောင်🌋 တွေပေါတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ မီးတောင်ကနေလအပြာမီးတောင် တွေနဲ့ချော်ရည်တွေဆိုတာကိုတွေးကြည့်ရင်တောင် ရုပ်ရှင်တော်တော်ဆန်နေမှာဖြစ်ပါတယ်။ ဒါပေမဲ့ဒါတွေက‌ အပြင်မှာတကယ်ရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ကာဝါအေးကျန်မီးတောင်က အခြားမီးတောင်တွေလိုပုံမှန်မီးတောင် မဟုတ်ဘဲ ထူးခြားနေတာကတော့ မီးတောင် ကထွက်တဲ့ ဓာတ်ငွေ့တွေကြောင့်ဖြစ်ပါတယ်။ ဒါအပြင် မီးတောင်ရဲ့တောင်ထိပ်ပေါ်က ရှိတဲ့ရေကန် ဟာဆိုရင်သိပ်ကို အဆိပ်ပြင်းတဲ့ ဓာတုဓာတ်ပြုမှု တွေကြောင့် အရမ်းကိုအန္တရာယ်များတာပဲဖြစ်ပါတယ်။ မီးတောင်ပြာတွေကို ညဘက်မှာ မီးတောင်အသေးလေးတွေဆီက လောင်နေတာကိုတွေ့ရပါတယ်။ ဒါကြောင့်လည်းရေကန် တစ်ခုလုံးဟာ ဟိုက်ဒရိုကလိုရစ် အက်စစ်တွေ ဖြစ်နေတဲ့ရေကန်တစ်ခု ဖြစ်နေတာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဆလဖာရှာတဲ့အလုပ်သမားတွေ ကတော့ရှိနေပါသေးတယ်။ ဒါတွေကတော့ကမ္ဘာပေါ်က အန္တရာယ်အများဆုံးနေရာတွေအကြောင်းကိုပြောပြခြင်းဖြစ်ပါတယ်။ #Moe #knowledge #forward_only
Показать все...
16👍 1
ကယ်လီဖိုးနီးယားနိုင်ငံ ကသေမင်းချိုင့်ဝှမ်း အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်ထဲကသဲကန္တာရ မှာရှိတဲ့ဒီချိုင့်ဝှမ်းကို သေမင်းချိုင့်ဝှမ်း လို့ခေါ်ကြပါတယ်။ ဘာကြောင့်ဒီလို အမည်ကိုပေးထားတာဖြစ်မလဲ။ ဒီနေရာမှအစွန်းနှစ်ဖက်အရမ်းကိုမမျှတဲ့နေရာကြောင့်လို့ပြောရမှာဖြစ်ပါတယ်။ အဲဒါတွေကတော့အပူချိန် တွေမှာ သဲကန္တရာတွေရဲ့ သဘာဝအတိုင်း နေဘက်တွေမှာ အရမ်းပူလောင်နေပေမဲ့ ည‌ဘက်တွေမှာ အနုတ် ဒီဂရီအထိတောင် အေးပါတယ်။ ဒါပေမဲ့ ဒီသေမင်း ချိုင့်ဝှမ်းမှာ‌တော့ နွေရာသီမှာဆိုရင် ကမ္ဘာအပူဆုံးအချိန်ထိတောင် မှတ်ယူထားရမှာပဲဖြစ်ပါတယ်။ နေဘက်အပူချိန် 57°စင်ဒီဂရိတ် ထိရှိတာဖြစ်ပြီး ဒါဟာကမ္ဘာမျက်နှာပြင် ပေါ်က အခြားနေရာတွေထက် အများကြီးပိုများတာပဲဖြစ်ပါတယ်။ ပိုကြောက်ဖို့ကောင်းတာကတော့ နေဝင်သွားတဲ့အချိန်မှာ အပူချိန်လုံးဝ ထိုးကျသွားပြီး အနုတ်ဒီဂရီထိပါ တောင်ရောက်ရှိသွားခြင်းဖြစ်ပါတယ်။ လူတစ်ယောက်သာ သေမင်းချိုင့်ဝှမ်း မှာတစ်ရက်လောက်နေကြည့်ရင် အပူချိန်ကွာခြားချက်နဲ့တင် အသက်သေဆုံးမှုဖြစ်သွားမှာဖြစ်ပါတယ်။ #Moe #knowledge #forward_only
Показать все...
11
နတ်ဆိုးရေကန် ဒီရေကန်ကိုတော့တန်ဇန်းနီးယား 🇹🇿 ကင်ညာနိုင်ငံအစက်မှတွေ့ရတာဖြစ်ပါတယ်။ ဒီရေကန်ကြီးဟာ အယ်ကာလိုင်းပါဝင်မှုအလွန်မြင့်မားနေတာပဲဖြစ်ပါတယ်။ နောက်ပြီးကန်ရေနဲ့ထိတွေမိတဲ့အနီးအနားပတ်ဝန်းကျင်က သတ္တဝါတွေကို ကျောက်ရုပ်လိုဖြစ်သွားစေတဲ့အထိ အန္တရာယ်များတာပဲဖြစ်ပါတယ်။ ဒါအပြင် ဓာတုဓာတ်ပြုမှုအဆက်မပြတ် ဖြစ်နေတာကြောင့်အဲဒီရေကန် ပတ်ဝန်းကျင်ရဲ့အပူချိန်ဟာ အဆမတန်များပြားနေလေ့ရှိပါတယ်။ ကန်ရေပြင်ပေါ်ကအရောင်လက်လက် တွေကငှက်တွေအတွက် မြေပြင်လို့အထင်မှားစေပြီး ဆင်းလာတဲ့အခါမှတော့ ကံဆိုးသွားစေပါတယ်။ ရေကန်ထဲကအယ်ကာလိုင်းတွေ ကြောင့် ကျောက်ရုပ်တွေလိုဖြစ်ပြီး သေဆုံးကြရပါတယ်။ #Moe #knowledge #forward_only
Показать все...
8👍 4
ဘာမြူဒါတြိဂံ သို့မဟုတ် နတ်ဆိုး‌နယ်မြေ
BERMUDA TRIANGLE 📐 နယ်မြေကို မကြားဖူးတဲ့လူကိုဆို‌တာခပ်ရှားရှားဖြစ်မှာပါ အခုထိတောင်အဖြေမရှာနိုင်သေးတဲ့ပဟေဠိဆန်ဆန်နေရာတစ်ခုဖြစ်နေပါသေးတယ်။ FLORIDA & BERMUDA မြို့တွေကို ထောင့်သုံးထောင့်အနေနဲ့အခြေပြုပြီး မှတ်သားထားတဲ့ဒီနေရာကိုနတ်ဆိုးတြိဂံလို့ခေါ်ကြပါသေးတယ်။ ဒီနေရာမှဟိုးအရင်ထဲကသဘော်တွေ လေယာဉ်တွေ မရေမတွက်နိုင် အောင်အကြောင်းပြချက်မရှိဘဲပျောက်ကွယ်သွားတတ်ကြပါတယ်။ ဒါနဲ့ပတ်သက်ပြီးသီအိုရီပေါင်းများစွာ များစွာရှိခဲ့ပေမဲ့တိကျတဲ့သက်သေနဲ့ဖြေရှင်းချက် တွေမှမရှိပါဘူး။ ဒီနယ်မြေအတွင်းမှာဘယ်ရေဒီယိုမှအလုပ်မလုပ်သလိုဘယ်လျှပ်စစ်ကိုမှလည်းအသုံးပြုလို့မရပါဘူး။ ထူးခြားတာကဒီနယ်မြေထဲကိုဝင်သွားမိတဲ့ ‌ဧရာမသဘ်ောကြီးတွေ လေယာဉ်တွေဆိုရင်တောင် ဘယ်လိုအချက်ပြမှုမှမရဘဲ ပျောက်ကွယ်သွားတာဖြစ်ပါတယ်။ တစ်ချို့ကလည်းဒီနေရာမှာ သိပ်ကိုကြီးမားတဲ့သံလိုက်စက်ကွင်း တစ်ခုရှိနေပြီး ဒါကပဲပင်လယ်ကြမ်းပြင်အထိ ဆွဲချနိုင်တဲ့ရေဘဝဲ 🐙တွေကိုဖန်တီးနေတာဖြစ်ပါတယ်။ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် အဲဒီနေရာကိုတော့ လှေစီးရင်မဝင်မိနိုင်အောင် ဂရုစိုက်စေချင်ပါတယ်။ #Moe #knowledge #forward_only
Показать все...
21👍 3🍓 2
ကမ္ဘာပေါ်ကကြောက်စရာပြန်လမ်းမရှိတဲ့နေရာများ အားလုံးပဲ မဂ်လာပါ စာဖတ်သူလေးတို့ရေ ခရီးသွားရတာကြိုက်နှစ်သက်တဲ့သူတွေရှိကြမယ်လို့ထင်ပါတယ်။ လူအများစုကခရီးသွားရတာကို ကြိုက်နှစ်သက်ကြပေမဲ့ကိုယ်ခရီးသွားမယ်နေရာအကြောင်းကိုသေချာမစုံစမ်းမိတတ်တာမျိုးတွေရှိကြပါတယ်။ အဲဒီအခါကျရင်တော့မှန်းချက်နှင့်နှမ်းထွက်မကိုက်တာမျိုးလေးတွေကိုကြားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ဘယ်လောက်ပဲမှားမှားအခုပြောပြမယ့်အရာကိုယောင်လို့တောင်မှမှားပြီးမသွားမိပါစေနဲ့။ ဘာကြောင့်လဲဆိုရင်ဒီနေ့တင်ဆက်ပေးမှာ‌ကတော့ကမ္ဘာပေါ်မှာအန္တရာယ်အများဆုံးနေရာပဲဖြစ်ပါတယ်။ 🐍 ဘရားဇီနိုင်ငံကမြွေကျွန်း တောင်အမေရိကတိုက်မှာတည်ရှိတဲ့ဘရားဇီးနိုင်ငံကသူရဲ့လှပတဲ့ရေမြေသဘာဝစိမ်းစိုနေတဲ့တောအုပ်တွေကြောင့်နာမည်ကြီးနေပါတယ်။ 🌏 ကမ္ဘာပေါ်ကအကောင်းဆုံးဘောလုံးသမားတွေလို့ပြောလိုက်တိုင်းဘရားဇီးနိုင်ငံကိုပြေးမြင်မိတဲ့အထိရင်းနှီးနေကြတာဖြစ်ပါတယ်။ 🏞 ဒါပေမဲ့လှပတဲ့ဘရားဇီးနိုင်ငံမှာတော့ယောင်လို့တောင်မသွားသင့်တဲ့ကမ္ဘာအန္တရာယ်အများဆုံးနေရာတစ်ခုရှိပါတယ်။ 🇧🇷 ဘရားဇီးနိုင်ငံ စပိုလိုမြို့ကနေ ၉၃မိုင်အကွာရှိတဲ့ ပင်လယ်ပြင်ထဲမှာတော့ ကျွန်းတစ်ကျွန်း ရှိပါတယ်။ 🐍 ထူးခြားတာကဒီကျွန်း မှာဘယ်သူမှမရှိဘဲမြွေတွေသာအရေအတွက်အများအပြားရှိနေတာပါ။ ❌ 🚫 ဘယ်လောက်တောင်မှာအန္တရာယ်များလဲဆိုရင် အစိုးရအနေနဲ့ဒီကျွန်းပေါ်ကိုဘယ်သူမှမတက်ဖို့ပါ အမိန့်ထုတ်ထားတာရတာပဲဖြစ်ပါတယ်။ 🐍 မြွေတွေအများကြီးထဲမှာအရမ်းအဆိပ်ပြင်းတဲ့မြွေတစ်ကောင်ဖြစ်တဲ့အဲဒီကျွန်းပေါ်မှာလုံခြုံတဲ့နေရာဆိုလို့တစ်လက်မတောင်မရှိပါဘူး။ ဒီကျွန်းပေါ်ကိုနောက်‌ဆုံးရောက်တဲ့လူကတော့ 1920ခုနစ်တုန်းက ငါးဖမ်းသမားတစ်ယောက်ဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲနောက်တစ်နေ့မှာဒီ ငါးဖမ်းသမားကိုလည်း မြွေကိုက်ဒဏ်ရာတွေနဲ့ကမ်းခြေပေါ်မှာ လှေပေါ်မှာ သေနေတာကိုတွေ့ရှိခဲ့ရတာပဲဖြစ်ပါတယ်။ ဒီနေရာကိုဘယ်လိုနည်းနဲ့မှမရောက်ချင်‌တာတော့အမှန်ပါပဲ။ #Moe #knowledge #forward_only
Показать все...
15👍 3🍓 2🙊 1
ကမ္ဘာ့အပူပိုင်းဒေသများနေ့ (International Tropical Day) 🌅🌄 "အပူပိုင်းနေ့" လို့ပြောလိုက်ပြီဆိုတာနဲ့ အပူပိုင်းဒေသတွေမှာမှ ဖြစ်တယ်ဆိုတာ ကျွန်မတို့ရဲ့ စိတ်တွေက အလိုလိုသိနေကြမှာတော့ အမှန်ပါပဲ။ 🥰 အပူပိုင်းဒေသများသည် ကမ္ဘာ၏အလယ်တွင် အကြမ်းဖျင်းအားဖြင့် တည်ရှိသော ကမ္ဘာ၏ဒေသတွေပဲ ဖြစ်ပါတယ်။ 🌄 အပူပိုင်းဒေသသည် ကမ္ဘာပေါ်တွင် ကွဲပြားမှုအရှိဆုံးဒေသဖြစ်ပြီး ကမ္ဘာမြေပေါ်ရှိ ကုန်းနေမျိုးစိတ်များ၏ 80% ခန့်နှင့် သန္တာနှင့် ဒီရေတောများ၏ 95% ကျော်ရှိပါတယ်။🏞 ဒါဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံဟာဆိုရင်လည်း အပူပိုင်းဒေသတစ်ခုဖြစ်တာကြောင့်မို့ ယနေ့ ဇွန်လ၂၉ရက်နေ့မှာ ကျရောက်သော ကမ္ဘာ့အပူပိုင်းဒေသများနေ့ (International Tropical Day) ကို မမေ့သင့်ပါဘူး။ 🇲🇲☀ အပူပိုင်းနေ့ဆိုသည်မှာ စိုစွတ်လုံလောက်သော တစ်နှစ်ပတ်လုံး အပင်ကြီးထွားမှုကို ပံ့ပိုးပေးနိုင်လောက်အောင် အပူချိန်မြင့်မားသော နှင်းခဲကင်းစင်သောနေ့ကို ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။ 🌅 အပူပိုင်းဒေသတွေ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ၂၀၁၄ ခုနှစ်တွင် အပူပိုင်းနိုင်ငံ ၁၂ နိုင်ငံက အဆိုတင်သွင်းခဲ့သောကြောင့် အပူပိုင်းဒေသများနေ့ဆိုတာ ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။ ☀ အပူပိုင်းဒေသနေ့ကို အဆိုတင်သွင်းရခြင်းရဲ့ ရည်ရွယ်ချက်တွေကတော့ 🥀 ဆင်းရဲမွဲတေမှုနှင့် အာဟာရဓာတ်ချို့တဲ့မှုများ 🏡 မြို့ပြဆင်ခြေဖုံးရပ်ကွက်များတွင် နေထိုင်မှုပိုများလာခြင်း 💥 ကမ္ဘာကြီးပူနွေးလာမှု 👩‍👧‍👦 လူသားများ၏ သိက္ခာမဲ့မှု ကမ္ဘာ့လူဦးရေ အဆမတန် တိုးပွားလာခြင်း စတဲ့ အချက်များလျော့ပါလားစေရန်အတွက် ရည်ရွယ်ပြီး အဆိုတင်သွင်းရခြင်းပဲ ဖြစ်ပါတယ်။ 💯 ဒါ့အပြင် အပူပိုင်းဒေသတွေမှာ ✅ မိုးရေချိန်မြင့်မား၍ ရေကြီးရေလျှံခြင်းများ ✅ ရာသီဥတု ဖောက်ပြန်မှုများ ✅ သစ်တောပြုန်းတီးမှုများ စတဲ့ သဘာဝပျက်စီးယိုယွင်းမှုများကို ကာကွယ်ရန်အတွက်ကြောင့်လည်း အပူပိုင်းဒေသနေ့ကိုအဆိုတင်သွင်းရခြင်းဖြစ်ပါတယ်။ 💯 နောက်ထပ် နေ့ထူးနေ့မြတ်အကြောင်းတွေကို ဆက်လက်တင်ပြပေးသွားမှာဖြစ်တာကြောင့် မင်မင်တို့ရဲ့ 🅛🅔🅐🅡🅝 🅦🅘🅣🅗 🅢🅤🅩🅘🅔 (𝐋𝐖𝐒) Channel လေးကို Subscribe 🔔 လုပ်ပေးသွားကြပါအုံးနော် 😘🫶
Показать все...
👍 5 3🍓 3🥰 1
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.