ઇ 🎧 ઉ ┊𝗩𝗶𝗯𝗲𝘀 ꒰바이브꒱
Открыть в Telegram
1 232
Подписчики
+124 часа
+87 дней
+230 день
Архив постов
1 232
BOWKYLION - ดั่งใจฝัน (daydream)
(Ost. ภพเธอ Love Upon a Time Series)
"နှုတ်ဆက်စကားတွေပြောနေရတယ်ဆိုတာလည်း
အိပ်မက်ပဲဖြစ်ဖို့ဆုတောင်းမိတယ်
မင်းငါ့ဆီပြန်လာဖို့လည်း မျှော်လင့်နေမိတာ"
Love Upon a Time ဆိုတဲ့ Thai BL series ထဲက သီချင်းလေးမထွက်ခင်ကတည်းက sub လေးတယောက်ကို သူလည်းရှာ ကိုယ်လည်းရှာနဲ့ ရှာရင်းစောင့်ရင်း တော်တော်မျှော်ခဲ့ရတဲ့သီချင်းလေးပါပဲ။ ငါတို့တွေမှာ ဝေးကွာရဖို့ ကံပါလာတယ်ဆိုရင်တောင် ဒါတွေအားလုံး စိတ်ကူးယဥ်အိပ်မက်တခုဖြစ်ဖို့ မျှော်လင့်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်လေးနဲ့ ရေးဖွဲ့ထားတဲ့သီချင်းလေးပါ။ sub လေးက ဇာတ်ကားလေးကိုလည်း ညွှန်းသွားပါသေးတယ်ဗျ။
1 232
ကြယ်ပန်းလေးနှင့်ချစ်ခြင်းရဲ့ positiveများ - Floke Rose & Adjustor
တစ်စုံတစ်ယောက်ဆိုပြခဲ့တဲ့သီချင်းလေးမို့ပါ သူ့ကိုသတိရတိုင်းနားထောင်ဖြစ်တယ် သီချင်းထဲကအတိုင်းတော့ဖြစ်မလာခဲ့ဘူးပေ့ါ
Recommended by Milo
1 232
မင်းရှိတဲ့မြို့ - မျိူးကြီး
ဒီသီချင်းလေးကို ကျွန်တော်ငယ်ငယ်ထဲကနားထောင်လာတဲ့ အကြိုက်ဆုံးသီချင်းတွေထဲကတစ်ပုဒ်ဆိုလည်း မမှားပါဘူးဗျ။ ငယ်ငယ်ကတော့ သီချင်းအကြောင်းနားမလည်တော့ နားထောင်လို့ကောင်းတယ်ပေါ့ဗျာ။ ဒီအရွယ်ရောက်မှသိတယ် နားမထောင်မိရင်ကောင်းသားဗျ😊။
သီချင်းလေးကတော့ မြို့ငယ်လေးတစ်မြို့မှာ ဆုံတွေ့ခဲ့တဲ့ ဧည့်သည်ကောင်လေးနဲ့ မြို့ခံကောင်မလေးပေါ့ဗျာ။ ကောင်လေးကပြန်တော့မဲ့အချိန် ပိုပိုတိုးလာတဲ့ သံယောဇဉ်တွေနဲ့ ချည်နှောင်မိထားတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးက သာယာနေမှာမဟုတ်တာတော့အမှန်ပါပဲ။ ဧည့်သည်ဆိုတာ ဧည့်သည်ဆိုတဲ့အတိုင်းပဲ ခဏတာအတွက်ရောက်လာကြတာပါပဲ။ ကျွန်တော်တို့ကသာ အချစ်တွေပိုနေကြပေမဲ့ အချိန်တန်အိမ်ပြန်ကြမှာပါပဲ။
တနေ့နေ့မင်းလေးရှိရာ မြို့ထဲ ငါအရောက်လာမယ်ဒီစာသားလေးလို ကတိတည်ရင်တော့ ပြဿနာမရှိပေမဲ့ ကိုယ်ကသစ္စာရှိရှိစောင့်နေပေမဲ့ တစ်ဖက်လူကပြန်မလာတော့ရင်ဘယ်လိုလုပ်မလဲ။ ဘယ်မှရယ်တော့လုပ်လို့မရပါဘူး။ ပြန်မလာချင်တဲ့လူကို အတင်းလိုက်ခေါ်လို့မှမရတာနော့🥺 အလွမ်းပြေရုံလောက်နားထောင်မယ်ဆိုရင်တော့ အလွမ်းဓာတ်ခံပါတဲ့သီချင်းမို့ နားထောင်ကြည့်ဖို့ highly recommend ပါ🫶 🍂
1 232
The Archer - Taylor Swift
// Recommend by သီရိ
"I've been the archer I've been the prey."ဘဝမှာလေ ကိုယ်က ခင်မို့မို့အေးဖြစ်ရတဲ့အချိန်တွေရှိသလို တခါတခါကျလည်း ပန်းနုသွေးရချိန်တွေရှိတာပဲ။ တချို့အချိန်တွေကျတော့လည်း ကိုယ်တယောက်တည်းပဲ ကိုယ့်ကိုယ်ကိုယ်ပြန်တိုက်နေရတဲ့နေ့တွေလည်း ရှိတာပဲ။ အဲလိုပဲရယ် ဘဝက မြင့်လိုက်နိမ့်လိုက် တက်လိုက်ကျလိုက်နဲ့ သံသရာကိုလည်နေတာ။ ဒါကိုမှလည်း ဘဝလို့ခေါ်တာပဲလေ။ လူတွေ ဝင်လာကြတယ်။ ထွက်သွားကြတယ်။ အဲလို မတည်မြဲခြင်းတွေကြားမှာမှ မင်းကိုတော့ ဖက်တွယ်ထားချင်မိတယ်တဲ့။ အဲလိုသီချင်းလေးပါ။
1 232
အောင်လ - တောင်းပန်ပါတယ်
"ဘယ်လိုအကြောင်းမျိုးကြောင့်ဖြစ်ဖြစ် မေ့လို့မရခဲ့ရင် နင်ခွင့်လွှတ်လို့ရရင်ပေါ့ ပြန်လာခဲ့တော့"
"တစ်ယောက်တည်းပဲ မင်းမရှိတော့တဲ့ဘဝတစ်ခုဟာ ခြောက်ခြားဆဲ လွမ်းခဲ့ရတဲ့ နေ့ရက်များစွာ နှောင်ကြိုးမဲ့ ငါမှောင်မဲဆဲ နာကျင်ရတဲ့ နှလုံးသားငယ်"ကျွန်တော်တို့ဘဝတွေဟာ ရီစရာကောင်းလွန်းပါတယ် ကိုယ့်ထမင်းကိုစားပြီး တခြားသူကို လွမ်းနေရတယ်။ပင်ပန်းပေမယ့် တွေးကြည့်ရင် တကယ်ကို ရီစရာကောင်းတာပါ။ ကိုယ်ကိုယ်တိုင် မသိလိုက်ခင်မှာပဲ တစ်ဖက်ကို အချစ်တွေအများကြီးပုံအောမိသွားတာမျိုး၊ သူမှမရှိတော့ရင် ကိုယ့်ဘဝကြီး အမှောင်ကျသွားတော့မယ့်မျိုး၊ ထွက်မသွားဖို့အတွက် တောင်းပန်စကားတွေ အထပ်ထပ်ပြောခဲ့တာမိတာမျိုး အဲ့လိုမျိုး အချိန်က သေချာပေါက် ကိုယ့်ကိုကိုယ်ပျောက်ဆုံးသွားတဲ့အချိန်လို့ သတ်မှတ်ရမယ်ထင်ပါတယ်။ အေးစက်စက်နိုင်လောက်ပေမယ့် လက်မလွှတ်နိုင်ခဲ့တဲ့အခါ ကျွန်တော်တို့ဟာ အမှန်ဧကန်ကို ချစ်မိနေပါပြီတဲ့။ ဆိုးခဲ့မိလို့ပဲလား၊ အရမ်းချစ်ပြမိခဲ့လို့ပဲလား နောက်ဆုံးမှာ ရလဒ်ကတော့ လမ်းခွဲပြတ်စဲခြင်းပါပဲ။ လူတစ်ယောက်ကို မုန်းမိခြင်းကို ထိုလူတစ်ယောက်ကို ဘယ်လောက်ချစ်လဲဆိုတဲ့ပမာဏနဲ့ ညီမျှပါတယ်တဲ့။ အမြဲတမ်း မျှော်လင့်စောင့်စားနေမိသလောက်၊ ချစ်မိသလောက်ကို မုန်းမိတဲ့လူမျိုးကတော့ ရှိကြမှာပါ။ တစ်ဖက်က အဆင်ပြေနေသလောက် ကိုယ်ကတော့ အလူးအလဲခံစားခဲ့ရတဲ့နေ့ရက်တွေက လုံးဝကိုငရဲခန်းပါပဲ။ ကံကြောင့်ပဲ ဝေးသွားခဲ့ကြတာလား၊ ကိုယ့်ကြောင့်လား သူ့ကြောင့်လား သေချာမသိပေမယ့် ဒီပွဲမှာကတော့ ပိုချစ်တဲ့သူက ရှုံးတာပါပဲ။ သီချင်းကို နားထောင်ကြည့်ရုံနဲ့တင် အတွေးတွေပေါ်လာပြီး ချစ်ရတဲ့ခံစားချက်ကြီးကို အရမ်းစိုးထိတ်မိတာပါပဲ။ လက်တွေ့ခံစားရတဲ့အခါ ဒီ့ထပ်အဆ၁၀၀နာကျင်နိုင်မှန်း ဘယ်သူသိနိုင်မှာလဲနော်။ နောင်တဆိုတာ နောင်မှရတယ်ဆိုတဲ့အတိုင်းပဲ တစ်ချိန်တော့ သူလည်း နောင်တရနေလောက်မလား၊ ငါ့ကိုလွမ်းနေလောက်မလား၊ ပြန်လာချင်လောက်မလား အတွေးပေါင်းစုံ ကူးလိုက်ယှက်လိုက် ဖြစ်သွားစေမယ့် သီချင်းတစ်ပုဒ်ပါပဲ။ တစ်ခါတစ်လေကျလည်း အမှတ်တရတွေကို တွေးတောရင်း ငိုချပြစ်လိုက်တာကပဲ စိတ်ကိုပိုလျော့သွားစေတယ်မလား..ငိုသင့်သလောက် ငိုပြီးရင် ကိုယ်လည်း မေ့အောင်လုပ်ရတော့မယ်လေ အချိန်ကြာသွားတဲ့အခါ အတိတ်က ဒဏ်ရာလှလှလေးအဖြစ် သတ်မှတ်နိုင်အောင် ခုလောလောဆဲတော့ ငိုထားဦးပေါ့ရယ်.. လူကြီးမင်းတို့ အဆင်ပြေသွားမှာ အချိန်က ကုစားသွားမှာမို့ ခုနေ ပင်ပန်းရတာတွေလည်း သက်သာပါစေဗျ။ 🐰
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
