ru
Feedback
Book4U.MM

Book4U.MM

Открыть в Telegram

Book4U "Your best partner" မြန်မာပြည်အနှံ့စာအုပ်များပို့ဆောင်ပေးသည်

Больше
5 387
Подписчики
-124 часа
-217 дней
-10230 дней
Архив постов
“ဟီတာချီ ရေခဲသေတ္တာများ ပြုပြင်နည်း” စာအုပ် အခန်း(၁)တွင် One Door ဟီတာချီ ရေခဲသေတ္တာများကို တပ်ဆင်အသုံးပြုနည်း၊ ရေခဲသေတ္တာအတွ
“ဟီတာချီ ရေခဲသေတ္တာများ ပြုပြင်နည်း” စာအုပ် အခန်း(၁)တွင် One Door ဟီတာချီ ရေခဲသေတ္တာများကို တပ်ဆင်အသုံးပြုနည်း၊ ရေခဲသေတ္တာအတွင်း အစားအစာ များ သိမ်းဆည်းနည်း၊ အပူချိန် ချိန်ညှိနည်း၊ ရေခဲသေတ္တာတွင် ရေခဲကတ်ဖြင့် ရေခဲပြုလုပ် နည်း၊ Defrost Mode အသုံးပြုနည်းနှင့် ဟီတာချီ ရေခဲသေတ္တာ ပြုပြင်နည်း အသေးစိတ် ရေးသားထားပါသည်။ အခန်း(၂)တွင် 2 Doors ဟီတာချီ ရေခဲသေတ္တာရှိအစိတ်အပိုင်းများ၊ ရေခဲသေတ္တာ တွင် တပ်ဆင်ထားသည့် ဆားကစ်များ၊ ဝါယာကြိုးခေါင်းများအား တိုင်းတာစစ်ဆေးခြင်း၊ ဟီတာချီရေခဲသေတ္တာ ချို့ယွင်းမှုများအလိုက် ပြုပြင်နည်းတို့ကို အသေးစိတ်ရေးသားထား ပါသည်။ အခန်း(၃)တွင် 2 Doors ဟီတာချီ ရေခဲသေတ္တာများရှိ ဓာတ်ငွေ့များကို ဖယ်ရှား ခြင်း၊ ရေခဲသေတ္တာ ဓာတ်ငွေ့ဖြည့်ချိန် သတိပြုရမည့်အချက်များ၊ Icemaker ကို ဖြုတ်ယူ ခြင်းနှင့် တပ်ဆင်ခြင်း၊ Sensor များကို ဖြုတ်ယူခြင်းနှင့် တပ်ဆင်ခြင်း၊ Freezer Louver ကို ဖြုတ်ယူခြင်းနှင့် တပ်ဆင်ခြင်း၊ Motor များကို ဖြုတ်ယူခြင်းနှင့် တပ်ဆင်ခြင်း၊ Con-denser Fan Motor ကို ဖြုတ်ယူခြင်းနှင့် တပ်ဆင်ခြင်းတို့ကို အသေးစိတ် ရေးသားထား ပါသည်။ ရေးသူ-ကိုအောင်ကျော်(အီလက်ထရွန်နစ်) တန်ဖိုး-12000 စာ-140

🌹 ဒီစာအုပ်က ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေထက် ပိုပြီး နက်ရှိုင်းတဲ့၊ မြင်ရခဲတဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းခံရမှုတွေအကြောင်း
🌹 ဒီစာအုပ်က ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုတွေထက် ပိုပြီး နက်ရှိုင်းတဲ့၊ မြင်ရခဲတဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းခံရမှုတွေအကြောင်းကို သေချာလေး ရှင်းပြထားတာပါ။ 🌹 လူတော်တော်များများက ကိုယ့်ကိုယ်ကိုယ် အနှိပ်စက်ခံနေရမှန်းတောင် မသိဘဲ ဒီသံသရာထဲမှာ ပိတ်မိနေတတ်ကြတယ်။ စာအုပ်ထဲမှာ အဓိက ထောက်ပြထားတာက Emotional Abuse ဆိုတာ ဆဲဆိုတာထက် ပိုတယ်ဆိုတဲ့ အချက်ပါပဲ။ 🌹 မိမိကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို ဝေဝါးသွားအောင် လုပ်တဲ့ Gaslighting လုပ်တာ၊ အမြဲတမ်း အပြစ်ရှာ ဝေဖန်နေတာ၊ ဒါမှမဟုတ် လူအများကြားမှာ အရှက်ခွဲတာမျိုးတွေဟာ စိတ်ဝိညာဉ်ကို တဖြည်းဖြည်း တိုက်စားသွားတတ်တယ်။ ဒီလို စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေက ခန္ဓာကိုယ်မှာ ဒဏ်ရာမထင်ပေမယ့် နှလုံးသားထဲမှာတော့ ကုသရခက်တဲ့ အမာရွတ်တွေကို ကျန်ရစ်စေတာပါ။ 🌹 ဒီလိုမျိုး အဆိပ်အတောက်ဖြစ်စေတဲ့ ပတ်သက်မှုကနေ ဘေးကင်းကင်းနဲ့ ဘယ်လိုရုန်းထွက်မလဲ၊ ရုန်းထွက်ပြီးရင်ကော ကိုယ့်ဘဝကို ဘယ်လိုပြန်စမလဲဆိုတဲ့ လက်တွေ့ကျတဲ့ အဆင့်တွေကို ဖော်ပြထားပါတယ်။ 🌹 ဒီစာအုပ်လေးကတော့ ကိုယ့်ဘဝရဲ့ လွတ်လပ်ခွင့်ကို ပြန်လည် သိမ်းပိုက်ချင်တဲ့သူတိုင်း ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်နေမှာ အသေအချာပါပဲ။ ✍️ စုမြတ်ချစ် စာမျက်နှာ ၈၈

စက်ရုံများတွင် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း လုပ်ကိုင်နေသော လျှပ်စစ်ဝန်ထမ်း များ၊ လျှပ်စစ်ကန်ထရိုက်တာများ၊ လျှပ်စစ်လုပ်သားမျ
+4
စက်ရုံများတွင် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း လုပ်ကိုင်နေသော လျှပ်စစ်ဝန်ထမ်း များ၊ လျှပ်စစ်ကန်ထရိုက်တာများ၊ လျှပ်စစ်လုပ်သားများ၊ နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူများ ၊ Electrical Control ပိုင်းကို စိတ်ပါဝင်စားသူများ နှင့် အသက်မွေးပညာသင်တန်း များတွင် ပညာသင်ကြားနေသော လူငယ်များအတွက် ပြန်လည်မျှဝေလိုသော ဆန္ဒဖြင့် ရေးသား ထားခြင်းဖြစ်ပါသည်။ဤစာအုပ်တွင် Electrical Control Ladder Diagram & Control Diagram နှစ်မျိုးဖြင့် ရေးသား ဖော်ပြထား ပါသည်။ လေ့လာမှူလွယ်ကူစေရန်အတွက် သင်ခန်းစာအချို့ ကို လက်တွေ့ လုပ်ဆောင်ထားသော Video File CD ကို စာအုပ်တွင် ထည့်ပေးထားပါသည်။ သင်ခန်းစာများ ကို မိမိကိုယ်တိုင်လုပ်နိုင်စေ ရန်အတွက် မေးခွန်းများဖြင့် ဖော်ပြပေးထားပါသည်။ သင်ခန်းစာ မေးခွန်းများကို မိမိကိုယ်တိုင်း အရင်စဉ်စားကြည့်ပါ။ လွယ်ကူနားလည်စွာ လေ့လာနိုင်ရန် စကားလုံးများကို တိုတိုနှင့်လိုရင်း၊ ရေးသားထားပါသည်။ ဤစာအုပ်ပါ သင်ခန်းစာများကို လေ့လာပြီးလျှင် Electrical Control အပိုင်းတွင် အထိုက်အလျောက် သဘောပေါက်နားလည်လာလိမ့်မည်ဟု ယူဆပါသည်။ ========= ✍–KYI SOE WINN (BE-BP) တန်ဖိုး-6️⃣0️⃣0️⃣0️⃣0️⃣ စာမျက်နှာ–229

ဤစာအုပ်တွင် ယနေ့ခေတ်မီမော်တော်ယာဉ်များ၌ တွင်ကျယ်စွာအသုံးပြုနေပြီဖြစ်သော အင်ဂျင်ထိန်းချုပ်မှု စနစ်တစ်ခုဖြစ်သည့် EFI (Electroni
ဤစာအုပ်တွင် ယနေ့ခေတ်မီမော်တော်ယာဉ်များ၌ တွင်ကျယ်စွာအသုံးပြုနေပြီဖြစ်သော အင်ဂျင်ထိန်းချုပ်မှု စနစ်တစ်ခုဖြစ်သည့် EFI (Electronic Fuel Injection) စနစ်အကြောင်းကို အခြေခံမှအစပြု၍ ကွန်ပျူတာဖြင့် ထိန်းချုပ်သည့် အဆင့်မြင့်နည်းပညာအထိ အကျယ်တဝင့် ရှင်းလင်းတင်ပြထားပါသည်။ တိုယိုတာမှထုတ်ဝေသော EFI (ယခင်ထုတ်ဝေပြီး) စာအုပ်နှင့် TCCS (Toyota Computer Control System) ကို ပေါင်းစပ်ပြုစုထားခြင်း ဖြစ်ပါသည်။ ယာဉ်အမျိုးအစားအားလုံးအတွက် ခြုံငုံပြည့်စုံသည်ဟူ၍ မဆိုသာသော်လည်း အင်ဂျင်ကို ထိန်းချုပ်သည့် အဆင့်မြင့်ကွန်ပျူတာနည်းပညာနှင့် ပတ်သက်လျှင် လေ့လာဖတ်ရှုသူအတွက် နည်းပညာဆိုင်ရာ အခြေခံကောင်းများ ရရှိနိုင်မည့်စာအုပ်ဖြစ်ပါသည်။ TCCS တွင် အကျုံးဝင်လျက်ရှိသော ECU များစွာအနက်မှ အင်ဂျင် ECU အကြောင်းကိုသာ အဓိက တင်ပြထားပါသည်။ အင်ဂျင် ECU မှ ထိန်းချုပ်သော EFI စနစ်၊ ESA စနစ်၊ ISC စနစ်၊ FAIL SAFE FUNC-TION စနစ်၊ BACK-UP စနစ်နှင့် အခြားသောစနစ်တို့အကြောင်းကို တစ်ခုချင်းစီအလိုက်ရှင်းလင်းဖော်ပြပါရှိပါသည်။ EFI ပြဿနာများကို ဖြေရှင်းရာ၌ မှန်ကန်သောဆုံးဖြတ်ချက်နှင့် ပြုပြင်မှုရရှိနိုင်ရန်အတွက် အခြေခံကျကျ သိရှိနားလည် ထားနိုင်ရန် လိုအပ်ပါသည်။ တန်ဖိုး-55000

• အရောင်းလောကမှာ နှစ်ပေါင်းအ‌တော်များများ အတွေ့အကြုံရှိပြီးသား ဖြစ်ပေမဲ့ အရောင်းပညာတွေကို ဒီထက်မက ပိုတိုးတက်ချင်နေတဲ့ Profess
• အရောင်းလောကမှာ နှစ်ပေါင်းအ‌တော်များများ အတွေ့အကြုံရှိပြီးသား ဖြစ်ပေမဲ့ အရောင်းပညာတွေကို ဒီထက်မက ပိုတိုးတက်ချင်နေတဲ့ Professional တစ်ယောက်လား၊ • ဒါမှမဟုတ် မိမိရဲ့ Sales Team ကို စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးချင်တဲ့ ကုမ္ပဏီပိုင်ရှင်၊ Sale Leader, Sale Trainer, Supervisor နဲ့မန်နေဂျာ တစ်ဦးလား။ >> ဒီစာအုပ်ထဲမှာ အရောင်းပညာနဲ့ ပတ်သတ်ပြီးအဖိုးတန် လမ်းညွှန်ချက်တွေ ပါတာမို့လို့ မဖြစ်မနေ ဖတ်ရှုရမဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဘယ်လိုလမ်းညွှန်ပေးမလဲ။ >> ဒီစာအုပ်ဟာ အရောင်းသမားတစ်ဦးကို အခြေခံအဆင့်ကနေ ထိပ်တန်းကျွမ်းကျင်သူအဆင့် ရောက်ရှိသည်အထိ လမ်းညွှန်ပြသပေးမဲ့ စာအုပ်တစ်အုပ် ဖြစ်ပြီး အပိုင်း (၃) ပိုင်းနဲ့ စနစ်တကျ ပြုစုထားပါတယ်။ 📖 အရောင်းအောင်မြင်မှုပညာ ✍ဘာသာပြန် - ကြည်ရွှန်း တန်ဖိုး-၁၅၀၀၀ စာမျက်နှာ - ၂၃၂

ဒေါက်တာအောင်မြင့်ဦးဆေးဝါးနှင့်ဆေးပညာဆိုင်ရာစာအုပ်များ... ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်က
+4
ဒေါက်တာအောင်မြင့်ဦးဆေးဝါးနှင့်ဆေးပညာဆိုင်ရာစာအုပ်များ... ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

👤လူတိုင်းဟာ ကိုယ်ပိုင်အရည်အသွေး၊ ကိုယ်ပိုင်အရည်အချင်းတစ်ခုစီနဲ့ မွေးဖွားလာကြသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ခ
👤လူတိုင်းဟာ ကိုယ်ပိုင်အရည်အသွေး၊ ကိုယ်ပိုင်အရည်အချင်းတစ်ခုစီနဲ့ မွေးဖွားလာကြသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ရဲ့ သတ်မှတ်ချက်တွေ၊ စံနှုန်းတွေကြားမှာ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ စစ်မှန်တဲ့တန်ဖိုးတွေကို မေ့လျော့နေတတ်ကြပါတယ်။ 👤လူတိုင်းမှာ မတူညီတဲ့ ထူးခြားချက်တွေ ရှိပါတယ်။ ✔️အဲဒီ ထူးခြားချက်တွေကို အရည်အချင်းတစ်ခုဖြစ်အောင် ပျိုးထောင်ပြီး အောင်မြင်မှုရယူနိုင်ဖို့က အရေးအကြီးဆုံးပါပဲ။ 📖“ကိုယ်ပိုင်အရည်အချင်းနဲ့ တောက်ပလိုက်ပါ” လို့ အမည်ပေးထားတဲ့ ဒီစာအုပ်လေးမှာ မိမိကိုယ်ကို ပြန်လည်ရှာဖွေဖို့နဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အချင်းကို တိုးတက်လာအောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ရေးသားထားပါတယ်။ 📖ဒီစာအုပ်လေးကို ဖတ်ရှုပြီး သင့်ရဲ့အနာဂတ်ဟာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ပိုမိုတောက်ပ လာလိမ့်မယ်လို့ ယုံကြည်မိပါတယ်။ “ကိုယ်ပိုင်ဘဝလေးမှာ ကိုယ်ပိုင်အရည်အချင်းနဲ့ တောက်ပနိုင်အောင် ကြိုးစားပါ။ ဘယ်လောက်လင်းလင်း ကိုယ်ပိုင်အလင်းရောင် ဖြစ်နေဖို့ အရေးကြီးပါတယ်” စာဖတ်သူများ ကိုယ်ပိုင်အရည်အချင်းနဲ့ ဘဝကို တောက်ပ နိုင်ကြပါစေခင်ဗျာ...။ 📘ကိုယ်ပိုင်အရည်အချင်နဲ့တောက်ပလိုက်ပါ ✍တိမ်သွေးအိမ် တန်ဖိုး-8000 စာ-106

🪔 ဒီစာအုပ်လေးကနေ အသစ်အဆန်းတွေ လေ့လာသွားရမှာ မဟုတ်ပါဘူး။ မေ့ပျောက်သလို ဖြစ်နေတဲ့ အသိတရားလေးတွေ ပြန်သတိရအောက်မေ့သွားနိုင်အောင်
🪔 ဒီစာအုပ်လေးကနေ အသစ်အဆန်းတွေ လေ့လာသွားရမှာ မဟုတ်ပါဘူး။ မေ့ပျောက်သလို ဖြစ်နေတဲ့ အသိတရားလေးတွေ ပြန်သတိရအောက်မေ့သွားနိုင်အောင် အထောက်အကူပြုရုံ ရည်ရွယ်ချက်နဲ့ အတွေးအမြင်စုစည်းထားချက် စာအုပ်လေးသာဖြစ်ပါတယ်။ 🪔 ဘဝရုန်းကန်ရှင်သန်ရေးအတွက် အသိလှည့်ထားရင်းကနေ ပျောက်ဆုံးသလို ဖြစ်သွားတဲ့ အသိတရားလေးတွေ ခေါင်းထဲ ပြန်ရောက်လာအောင် စေ့ဆော်ပေးရုံမျှ အကူအညီဖြစ်ရေး ရေးထားတဲ့ စာအုပ်လေးရယ်ပါ။ 🪔 ဒီစာအုပ်လေးကို အစကနေ အဆုံး ဖတ်စရာ မလိုပါဘူး။ စိတ်ရှိတိုင်း ကြိုက်တဲ့ စာမျက်နှာ ကောက်လှန်ပြီး ဖတ်ချင် ဖတ်လို့ ရပါတယ်။ တကြောင်းဖတ်ဖတ်၊ တမျက်နှာဖတ်ဖတ်၊ တပိုင်းဖတ်ဖတ် ဘယ်လောက်ပဲ ဖတ်ဖတ်၊ သတိမေ့သလိုဖြစ်နေခဲ့သမျှ အသိစ အတွေးစလေးတွေ ပြန်ဆွဲယူနိုင်သွားရင်ပဲ ရပါတယ်။ 🪔 အများကြီး ဖတ်စရာ မလိုပါဘူး။ တထိုင်တည်း တအုပ်လုံး ဖတ်လိုက်စရာ မလိုပါဘူး။ နည်းနည်းလောက်ဖတ်ပြီး အတွေးနယ်ချဲ့သွားလို့ ရလောက်တဲ့ အတွေးစလေးတခု ရသွားရင်ပဲ ရပါတယ်။ 🪔 တရက်တည်း အကုန်ဖတ်ပြီး တထိုင်တည်း တွေးနေစရာ မလိုပါဘူး။ ခနလောက်ဖတ်၊ အချိန်ရသလောက် ပြန်တွေး။ ပြီးရင် စာအုပ်ကို ခနလောက် ပြန်သိမ်းထားလိုက်ပါ၊နောက်တနေ့ကျမှဖတ်ချင်ရင်ပြန်ဖတ်ပြီး ခနနား ပြန်တွေး ✍️ လူသာ(အတွေးအမြင်) တန်ဖိုး  ၁၂၀၀၀ ကျပ်

ဒီဇယ်အင်ဂျင်ကို အသုံးပြုလာခဲ့သည်မှာ နှစ်ပေါင်း (၁၀၀) ကျော်ခဲ့ပြီဖြစ်ပါသည်။ ဒီဇယ်အင်ဂျင် စတင်ပေါ်ပေါက်ခဲ့ပြီးနောက် ကမ္ဘာနှင့်အ
ဒီဇယ်အင်ဂျင်ကို အသုံးပြုလာခဲ့သည်မှာ နှစ်ပေါင်း (၁၀၀) ကျော်ခဲ့ပြီဖြစ်ပါသည်။ ဒီဇယ်အင်ဂျင် စတင်ပေါ်ပေါက်ခဲ့ပြီးနောက် ကမ္ဘာနှင့်အဝှမ်း နိုင်ငံပေါင်းစုံ၊ ကုမ္ပဏီပေါင်းစုံမှ ဒီဇယ်အင်ဂျင်များကို ထုတ်လုပ်ခဲ့ကြပြီး ဖြစ်ပါသည်။ ထုတ်လုပ်ရာတွင် ထုတ်လုပ်သည့်စွမ်းအား (မြင်းကောင်ရေ) ပေါ်မူတည်၍ အရွယ်အစားကြီးသေး ကွာခြားမှုများ ရှိခဲ့သည်။ ထို့ပြင် ဒီဇယ်ဆီပေးပို့မှုစနစ် Fuel Injection System အမျိုးမျိုးဖြင့် အင်ဂျင်ပုံစံမျိုးစုံ ထုတ်လုပ်၍ ဒီဇယ်အင်ဂျင် ဒီဇိုင်းအမျိုးမျိုးကို ထုတ်လုပ်ခဲ့ကြပါသည်။ အအေးပေးစနစ် ခြားနားမှု၊ လည်ပတ်မှုအခြေအနေ၊ အသုံးပြုမည့်လုပ်ငန်း၊ အသုံးပြုသည့် Cycle၊ တပ်ဆင်သည့် Valve အစီအစဉ်၊ အသုံးပြုသည့် ဒီဇယ်ဆီ၏ အမျိုးအစားစသည့် အချက်များပေါ်မူတည်၍ များစွာသော အင်ဂျင်အမျိုးမျိုးကို တည်ဆောက်ခဲ့ကြပါသည်။ အဆိုပါအမျိုးမျိုးသော ဒီဇယ်အင်ဂျင်များတွင် ပါ၀င်တည်ဆောက်ထားသောစနစ်များအကြောင်းကို ဤစာအုပ်တွင် ပြည့်စုံစွာ ဖော်ပြထားသည့်အပြင် ထိန်းသိမ်းခြင်းနှင့် စစ်ဆေးပြုပြင်ခြင်းတို့ကိုပါ ပြည့်စုံစွာ ဖော်ပြထားပါသည်။ စာရေးသူ-ဦးအုန်းမြင့်(ဒီဇယ်) တန်ဖိုး-၂၀၀၀၀ စာ-၁၇၃

ကျွန်တော်တို့တွေက အမြဲတမ်း စိတ်ထားကောင်းပြီး သဘောထားပြည့်ဝတဲ့သူတစ်ယောက်အဖြစ် ရှိမနေတတ်ကြပါဘူး။ ဒါပေမဲ့ အဲလိုဖြစ်လာရင် ကိုယ့်က
ကျွန်တော်တို့တွေက အမြဲတမ်း စိတ်ထားကောင်းပြီး သဘောထားပြည့်ဝတဲ့သူတစ်ယောက်အဖြစ် ရှိမနေတတ်ကြပါဘူး။ ဒါပေမဲ့ အဲလိုဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ် တည့်မတ်ပေးရမှာက ကိုယ့်တာဝန်ပဲ ဖြစ်ပါတယ်။ အဲလိုမျိုးဖြစ်စေဖို့ ကျွန်တော်က တစ်ဖက်တစ်လမ်းကနေ ဒီစာအုပ်လေးကို ရေးရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝတိုတိုလေးမှာ ဖြစ်ချင်တာတွေ၊ လိုချင်တာတွေ အလွန်အမင်းဖြစ်လာတဲ့အခါ ကျွန်တော်တို့ စိတ်တွေက ခက်ထန်ကြမ်းတမ်းလာတတ်ကြပါတယ်။ ဒါကို သတိ၊ သတိနဲ့ မထိန်းချုပ်ရင် ကျွန်တော်တို့မှာ ပျက်စီးဖို့ပဲ ဖြစ်သွားပါလိမ့်မယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ အသိတရားကို တခြားသူတစ်ယောက်ယောက်က ပြုပြင်ထိန်းကျောင်းတာထက် ကိုယ့်ကိုယ်တိုင် ပြုပြင်ထိန်းကျောင်းမှ ပိုခရီးရောက်တာ ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဒီစာအုပ်ထဲမှာ အဲဒီလိုမျိုးဖြစ်မယ့် အကြောင်းအရာတွေကို အသေးစိတ် ရေးသားပေးထားတာကြောင့် ဖတ်လိုက်ရင် တစ်ဖက်တစ်လမ်းကနေ အထောက်အကူ ရရှိသွားစေနိုင်ပါတယ်။ 📖 ချစ်တဲ့မျက်စိနဲ့ကြည့်ရင် အကုန်လှတယ် ✍စာရေးသူ - ချယ်ရီစံ စာမျက်နှာ - 102 တန်ဖိုး - 7,000 k

👉14.07.2026 ဖြန့်ဝေမယ့် အသစ်ထွက်စာအုပ်‌လေးပါ။ “သင့်လုပ်ငန်းက သင်မရှိဘဲ မလည်ပတ်နိုင်ဘူးဆိုရင် သင်ဟာ လုပ်ငန်းပိုင်ရှင်မဟုတ်ပါဘ
👉14.07.2026 ဖြန့်ဝေမယ့် အသစ်ထွက်စာအုပ်‌လေးပါ။ “သင့်လုပ်ငန်းက သင်မရှိဘဲ မလည်ပတ်နိုင်ဘူးဆိုရင် သင်ဟာ လုပ်ငန်းပိုင်ရှင်မဟုတ်ပါဘူး၊ အလုပ်တစ်ခု ရှိနေရုံသက်သက်ပါ။” လုပ်ငန်းတစ်ခု စတင်တည်ထောင်ခါစမှာ ကိုယ်တိုင်အရာရာလိုက်လုပ်တာ မှန်ကန်ပေမဲ့ လုပ်ငန်းကြီးထွားလာတဲ့အချိန်မှာတော့ "လူ" ကို အားကိုးနေမယ့်အစား "စနစ်" ကို ပြောင်းလဲအသုံးပြုဖို့ လိုအပ်လာပါတယ်။ လုပ်ငန်းစနစ်ချခြင်း (Business Systemization) ဆိုတာ စက်ရုံကြီးတွေ၊ ကုမ္ပဏီကြီးတွေနဲ့သာ သက်ဆိုင်တာ မဟုတ်ပါဘူး။ ရပ်ကွက်ထဲက မုန့်ဟင်းခါးဆိုင်ကစလို့ Online Shop အထိ စနစ်ရှိဖို့ လိုအပ်ပါတယ်။ ဒီစာအုပ်ထဲမှာ ခက်ခဲနက်နဲတဲ့သီအိုရီတွေထက် မြန်မာ့လုပ်ငန်းခွင်သဘာဝနဲ့ ကိုက်ညီမယ့် လက်တွေ့ကျတဲ့ SOP ရေးဆွဲနည်းတွေ၊ HR စနစ်၊ ဘဏ္ဍာရေးဆိုင်ရာ ထိန်းချုပ်မှုစနစ်တွေနဲ့ နည်းပညာ အသုံးပြုပုံတွေကို အသေးစိတ် လမ်းညွှန်ပေးထားပါတယ်။ ဒီစာအုပ်က မိတ်ဆွေရဲ့လုပ်ငန်းကို တစ်ဆင့်မြှင့်တင်ပေးမယ့် လမ်းပြမြေပုံတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ◾မိသားစုလုပ်ငန်းမှ စနစ်ကျသောလုပ်ငန်းသို့ ◾အောင်စည်လင်း ◾စာမျက်နှာ - ၂၀၀ ◾တန်ဖိုး - ၂,၂၀၀၀ ကျပ်

📖 "သမုဒယတွယ်သမို့ နွယ်လို့ ခေါ်မည်" ✍️ စာရေးဆရာ - မောင်စိန်ဝင်း (ပုတီးကုန်း) တန်ဖိုး-၂၅၀၀၀ ကျပ် သံယောဇဉ်အမျှင်တန်းတွေကြားထဲက
📖 "သမုဒယတွယ်သမို့ နွယ်လို့ ခေါ်မည်" ✍️ စာရေးဆရာ - မောင်စိန်ဝင်း (ပုတီးကုန်း) တန်ဖိုး-၂၅၀၀၀ ကျပ် သံယောဇဉ်အမျှင်တန်းတွေကြားထဲက အချစ်၊ အလွမ်းနဲ့ ဘဝအနှစ်သာရကို အနုပညာမြောက်စွာ ဖော်ကျူးထားတဲ့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ နာမည်ကျော် လုံးချင်းဝတ္ထုကြီး ယခုပဲ (၅) ကြိမ်မြောက်အဖြစ် ထပ်မံထွက်ရှိလို့လာပါပြီ။ "နွယ်" ဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ထူးခြားလှတဲ့ ဘဝဇာတ်ကြောင်း၊ ငယ်စဉ်ကတည်းက နက်ရှိုင်းလှတဲ့ သံယောဇဉ်တရားတွေနဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကို ရင်တလှပ်လှပ်နဲ့ ရသစုံ ခံစားဖတ်ရှုရမှာပါ။ ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

ပါဝင်သည့်ခေါင်းစဉ်များ အခန်း(၁) အခြေခံသိထားအပ်သောအကြောင်းအရာများ အခန်း(၂) လျှပ်စစ်ဓာတ်အားပို့ဆောင်ဖြန့်ဖြူးခြင်း အခန်း(၃) လျှ
ပါဝင်သည့်ခေါင်းစဉ်များ အခန်း(၁) အခြေခံသိထားအပ်သောအကြောင်းအရာများ အခန်း(၂) လျှပ်စစ်ဓာတ်အားပို့ဆောင်ဖြန့်ဖြူးခြင်း အခန်း(၃) လျှပ်စစ်ဓာတ်အားစနစ်တကျအသုံးပြုခြင်း အခန်း(၄) လျှပ်စစ်တိုင်းထွာရေးမီတာများ အခန်း(၅) လျှပ်စစ်စမ်းသပ်ကိရိယာများ အခန်း(၆) လျှပ်စစ်အားသုံးပစ္စည်းများ အခန်း(၇) အေစီဂျင်နရေတာများ အခန်း(၈) ဒီစီဂျင်နရေတာများ အခန်း(၉) အေစီမိုတာများ အခန်း (၁ဝ) ဒီစီမိုတာများ အခန်း (၁၁) ပါဝါထရမ်(စ)ဖေါ်မာများ အခန်း (၁၂) မီးအားမြှင့်စက်များ အခန်း (၁၃) ဘက်ထရီချာဂျင်သွင်းစက်များ အခန်း (၁၄) မော်တော်ယာဉ်လျှပ်စစ် အခန်း (၁၅) စမ်းသပ်စစ်ဆေးထိန်းသိမ်းရေးလုပ်ငန်းများ အခန်း (၁၆) လျှပ်စစ်ဓာတ်လိုက်မှု သူနာပြုစုနည်း လျှပ်စစ်ပညာ သဘောတရား နှင့် လက်တွေ့ ~~~~~~~~~~~ တန်ဖိုး–20000 စာမျက်နှာ–290 စာရေးသူ -ဦးဖေသိန်း

စာရေးသူလာဗန်ဒါပန် စာအုပ်များ.. ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေခ
+5
စာရေးသူလာဗန်ဒါပန် စာအုပ်များ.. ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

EKS ORIGINAL 📘လျှပ်စစ်နှင့် စက်မှုထိန်းချုပ်မှု ပြဿနာဖြေရှင်းနည်း Q & A 200 ဤ "လျှပ်စစ်နှင့် စက်မှုထိန်းချုပ်မှု ပြဿနာဖြေရှင
+2
EKS ORIGINAL 📘လျှပ်စစ်နှင့် စက်မှုထိန်းချုပ်မှု ပြဿနာဖြေရှင်းနည်း Q & A 200 ဤ "လျှပ်စစ်နှင့် စက်မှုထိန်းချုပ်မှု ပြဿနာဖြေရှင်းနည်း Q&A 200" စာအုပ်သည် Circuit Breaker, Motor, VFD, PLC Metering System အစိတ်အပိုင်းများတွင် အဖြစ်များသည့် ပြဿနာပေါင်း ၂ဝဝ ကို မေးခွန်းနှင့်အဖြေ (Q&A) ပုံစံဖြင့် စုစည်း တင်ပြထားပါသည်။ ဤစာအုပ်ကို ပြုစုရခြင်း၏ ရည်ရွယ်ချက် မှာ စာဖတ်သူအား ချို့ယွင်းချက်တစ်ခု၏ လက္ခဏာရပ်ကို မြင်တွေ့သည်နှင့် တစ်ပြိုင် နက် ရင်းမြစ်ပြဿနာ (Root Cause) ကို လျင်မြန်စွာနှင့် တိကျစွာ ခွဲခြမ်းစိတ်ဖြာနိုင် စေမည့် လက်တွေ့ကျသော လမ်းညွှန်ချက်များနှင့် စနစ်တကျ ဖြေရှင်းနည်း အဆင့် (Step-by-step Troubleshooting)ကိုပံ့ပိုးပေးရန်ဖြစ်ပါသည်။ ဤလမ်းညွှန်ချက်များသည် လက်တွေ့လုပ်ငန်းခွင်မှ လျှပ်စစ်ပညာရှင်များ (Electricians)၊ ပြုပြင်ထိန်းသိမ်းရေးသမားများ (Maintenance Technicians) နှင့် အင်ဂျင်နီယာများ (Engineers) အတွက် အဖိုးတန်သော Reference Guide တစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါသည်။ Future Engineering Group မှစီစဉ်တည်းဖြတ်သည်။ တန်ဖိုး-15000 စာ-121

🪔 ဒီစာအုပ်လေးကနေ အသစ်အဆန်းတွေ လေ့လာသွားရမှာ မဟုတ်ပါဘူး။ မေ့ပျောက်သလို ဖြစ်နေတဲ့ အသိတရားလေးတွေ ပြန်သတိရအောက်မေ့သွားနိုင်အောင်
🪔 ဒီစာအုပ်လေးကနေ အသစ်အဆန်းတွေ လေ့လာသွားရမှာ မဟုတ်ပါဘူး။ မေ့ပျောက်သလို ဖြစ်နေတဲ့ အသိတရားလေးတွေ ပြန်သတိရအောက်မေ့သွားနိုင်အောင် အထောက်အကူပြုရုံ ရည်ရွယ်ချက်နဲ့ အတွေးအမြင်စုစည်းထားချက် စာအုပ်လေးသာဖြစ်ပါတယ်။ 🪔 ဘဝရုန်းကန်ရှင်သန်ရေးအတွက် အသိလှည့်ထားရင်းကနေ ပျောက်ဆုံးသလို ဖြစ်သွားတဲ့ အသိတရားလေးတွေ ခေါင်းထဲ ပြန်ရောက်လာအောင် စေ့ဆော်ပေးရုံမျှ အကူအညီဖြစ်ရေး ရေးထားတဲ့ စာအုပ်လေးရယ်ပါ။ 🪔 ဒီစာအုပ်လေးကို အစကနေ အဆုံး ဖတ်စရာ မလိုပါဘူး။ စိတ်ရှိတိုင်း ကြိုက်တဲ့ စာမျက်နှာ ကောက်လှန်ပြီး ဖတ်ချင် ဖတ်လို့ ရပါတယ်။ တကြောင်းဖတ်ဖတ်၊ တမျက်နှာဖတ်ဖတ်၊ တပိုင်းဖတ်ဖတ် ဘယ်လောက်ပဲ ဖတ်ဖတ်၊ သတိမေ့သလိုဖြစ်နေခဲ့သမျှ အသိစ အတွေးစလေးတွေ ပြန်ဆွဲယူနိုင်သွားရင်ပဲ ရပါတယ်။ 🪔 အများကြီး ဖတ်စရာ မလိုပါဘူး။ တထိုင်တည်း တအုပ်လုံး ဖတ်လိုက်စရာ မလိုပါဘူး။ နည်းနည်းလောက်ဖတ်ပြီး အတွေးနယ်ချဲ့သွားလို့ ရလောက်တဲ့ အတွေးစလေးတခု ရသွားရင်ပဲ ရပါတယ်။ 🪔 တရက်တည်း အကုန်ဖတ်ပြီး တထိုင်တည်း တွေးနေစရာ မလိုပါဘူး။ ခနလောက်ဖတ်၊ အချိန်ရသလောက် ပြန်တွေး။ ပြီးရင် စာအုပ်ကို ခနလောက် ပြန်သိမ်းထားလိုက်ပါ၊နောက်တနေ့ကျမှဖတ်ချင်ရင်ပြန်ဖတ်ပြီး ခနနား ပြန်တွေး ✍️ လူသာ(အတွေးအမြင်) တန်ဖိုး ၁၂၀၀၀ ကျပ်

ယနေ့ခေတ် လူသားတွေရဲ့ အိပ်မောကျနေတဲ့ အသိတရားတွေကို လှုပ်နှိုးဖို့ ရည်ရွယ်ပါသည်။ “ 📙လှုပ်နှိုးတဲ့ ဝတ္ထုတွေ ✍စာရေးသူ-သင်္ခရာဇာ
ယနေ့ခေတ် လူသားတွေရဲ့ အိပ်မောကျနေတဲ့ အသိတရားတွေကို လှုပ်နှိုးဖို့ ရည်ရွယ်ပါသည်။ “ 📙လှုပ်နှိုးတဲ့ ဝတ္ထုတွေ ✍စာရေးသူ-သင်္ခရာဇာ တန်ဖိုး-၁၂၀၀၀ စာမျက်နှာ-၁၇၁ ဆက်သွယ်ရန် ☎ - 09798103010; 097949 64825 🏠ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုတဲ့ စာပေချစ်မြတ်နိုးသူများအတွက် 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

“ AI ဟာ လူသားကို အစားထိုးဖို့ မဟုတ်ပါ။ AI ကို သုံးတတ်တဲ့လူသာကသာ AI ကို မသုံးတတ်တဲ့ လူသားကို အစားထိုးသွားမှာ ဖြစ်ပါတယ်” 📖ဒီစာ
“ AI ဟာ လူသားကို အစားထိုးဖို့ မဟုတ်ပါ။ AI ကို သုံးတတ်တဲ့လူသာကသာ AI ကို မသုံးတတ်တဲ့ လူသားကို အစားထိုးသွားမှာ ဖြစ်ပါတယ်” 📖ဒီစာအုပ်က နည်းပညာလက်စွဲစာအုပ်သက်သက်မဟုတ်ပါ။ “အမြင် (Mindset), အရည်အချင်း (Skillset) နဲ့ ကိရိယာ (Toolset) တွေကို ပေါင်းစပ်ထားတဲ့ လမ်းပြမြေပုံတစ်ခုသာ ဖြစ်ပါတယ်။ ခင်ဗျားက နည်းပညာရှင် ဖြစ်စရာမလိုပါဘူး။ စူးစမ်းလိုစိတ်နဲ့ အပြောင်းအလဲကို လက်ခံလိုတဲ့ ဆန္ဒရှိရုံနဲ့ လုံလောက်ပါတယ်” ကျွန်တော်တို့ရဲ့ AI ခရီးစဉ်ဟာ “စက်ရုံတွေလို တွေးခေါ်ဖို့” မဟုတ်ဘဲ “AI ကို အသုံးပြုပြီး ပိုမိုထက်မြက်တဲ့ လူသားတွေဖြစ်လာဖို့” သာ ဖြစ်ပါတယ်။ 📖ဒီစာအုပ်မှာ အဓိက အပိုင်း (8) ပိုင်း အခန်း (24) ခန်း ပါဝင်ပါတယ်။ ဒီစာအုပ်ဟာ မိဘ၊ ဆရာ၊ ကျောင်းသားနဲ့ လက်ထဲမှာ စမတ်ဖုန်း အသုံးပြုသူတိုင်းအတွက် ရည်ရွယ်ပါတယ်။ အရေးကြီးဆုံးသင်ခန်းစာကတော့ “နည်းပညာက ကိရိယာ သက်သက်သာဖြစ်ပြီး အသုံးပြုသူရဲ့ စိတ်ဓာတ်၊ အမြင်နှင့် ကျွမ်းကျင်မှုကသာ အဓိကကျတယ်” ဆိုတဲ့ အချက်ပါပဲ။ 📖AI ခေတ်သစ်လူသားတို့ရဲ့ခရီးစဉ် ✍️မောင်မောင်လင်း တန်ဖိုး-15000 စာ-219

၈ဝ/၂ဝ မူရဲ့ သဘောတရားကတော့ လူတွေရဲ့ လုပ်ဆောင်ချက်မှာ ၈ဝ ရာခိုင်နှုန်း ရလဒ်က ၂ဝ ရာခိုင်နှုန်း လုပ်ရပ်မှ လာပါတယ်။ ၈ဝ ရာခိုင်နှုန
၈ဝ/၂ဝ မူရဲ့ သဘောတရားကတော့ လူတွေရဲ့ လုပ်ဆောင်ချက်မှာ ၈ဝ ရာခိုင်နှုန်း ရလဒ်က ၂ဝ ရာခိုင်နှုန်း လုပ်ရပ်မှ လာပါတယ်။ ၈ဝ ရာခိုင်နှုန်း ပြဿနာက ၂ဝ ရာခိုင်နှုန်း အကြောင်းအရင်းကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ၈ဝ / ၂ဝ မူကို ဘဝတိုးတက် အလုပ်နဲ့ ပန်းတိုင် ရည်မှန်းချက်တွေ ရရှိအောင်မြင်ဖို့ ဘယ်လိုအသုံးချရမလဲဆိုတာ ဒီစာအုပ်မှာ ရှင်းပြထားပါတယ်။ 📖ပိုမိုပျော်ရွှင်စေဖို့ ✍️စာရေးသူ-မောင်မောင်မြင့်သိန်း(စက်မှုတက္ကသိုလ်) တန်ဖိုး-၁၀၀၀၀ စာ-၁၄၉

🔹 လူတိုင်းအတွက် NEUROSCIENCE ✳️ဒီစာအုပ်ဟာ ခက်ခဲနက်နဲတဲ့ ဆေးပညာ ဝေါဟာရတွေအစား လူတိုင်း နားလည်လွယ်မဲ့ အရပ်စကား၊ ပုံဥပမာတွေနဲ့
🔹 လူတိုင်းအတွက် NEUROSCIENCE ✳️ဒီစာအုပ်ဟာ ခက်ခဲနက်နဲတဲ့ ဆေးပညာ ဝေါဟာရတွေအစား လူတိုင်း နားလည်လွယ်မဲ့ အရပ်စကား၊ ပုံဥပမာတွေနဲ့ လူ့ခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ဆန်းကြယ်ဆုံး “အာရုံကြောစနစ်” ယန္တရားကြီးအကြောင်းကို အစအဆုံး ကွင်းကွင်းကွက်ကွက် မြင်သာအောင် အနှစ်ချုပ် တင်ပြပေးထားတဲ့ အခြေခံလမ်းညွှန်စာအုပ် ဖြစ်ပါတယ်။ ✳️ခန္ဓာကိုယ်ရဲ့ အစွန်းအဖျား အာရုံကြောတွေကနေ ကျောရိုးအာရုံကြောမကြီး၊ အူလမ်းကြောင်းရဲ့ ကိုယ်ပိုင်ဦးနှောက်စနစ်နဲ့ ဦးနှောက်အထိ အဆင့်ဆင့် ဘယ်လိုချိတ်ဆက် အလုပ်လုပ်နေလဲဆိုတာကို အခန်း (၈) ခန်းနဲ့ စနစ်တကျ ခွဲခြားပြီး လိုတိုရှင်း ရေးသားထားပါတယ်။ အာရုံကြော ညပ်တာ၊ ထိခိုက်တာတွေကြောင့် ဖြစ်တတ်တဲ့ လက်တွေ့ ရောဂါလက္ခဏာတွေ၊ သမိုင်းဝင် ဆေးပညာရှင်ကြီးတွေရဲ့ မှတ်တမ်းတွေကိုပါ သာမန်လူနားလည်အောင် ပေါင်းစပ်ပုံဖော်ထားပါတယ်။ ➡️ဆေးပညာ အခြေခံ လုံးဝမရှိပေမဲ့ မိမိရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်အလုပ်လုပ်ပုံကို စိတ်ဝင်စားတဲ့ အထွေထွေဗဟုသုတ ရှာဖွေသူတွေ၊ ➡️အာရုံကြောသိပ္ပံ (Neuroscience) ကို စနစ်တကျနဲ့ အခြေခံကစပြီး လျင်လျင်မြန်မြန် လေ့လာချင်တဲ့ကျောင်းသား/သူများနှင့်လူငယ်တွေအတွက် ရေးသူ-အောင်မျိုးထက် တန်ဖိုး-16000