ru
Feedback
Brother Figure For You

Brother Figure For You

Открыть в Telegram

A telegram channel for people who want to improve their lives. A channel you must subscribe to for valuable short-form letters. Follow me on other social platforms and check my services: https://portfolioafafaf.my.canva.site/aungpaingphyo

Больше
2 245
Подписчики
Нет данных24 часа
-57 дней
-1830 дней

Загрузка данных...

Облако тегов
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Входящие и исходящие упоминания
---
---
---
---
---
---
Привлечение подписчиков
март '25
март '25
+4
в 0 каналах
февраль '25
+44
в 0 каналах
Get PRO
январь '25
+72
в 0 каналах
Get PRO
декабрь '24
+70
в 0 каналах
Get PRO
ноябрь '24
+84
в 1 каналах
Get PRO
октябрь '24
+154
в 0 каналах
Get PRO
сентябрь '24
+124
в 0 каналах
Get PRO
август '24
+256
в 0 каналах
Get PRO
июль '24
+69
в 1 каналах
Get PRO
июнь '24
+76
в 0 каналах
Get PRO
май '24
+88
в 1 каналах
Get PRO
апрель '24
+107
в 2 каналах
Get PRO
март '24
+207
в 0 каналах
Get PRO
февраль '24
+1 442
в 0 каналах
Дата
Привлечение подписчиков
Упоминания
Каналы
06 марта0
05 марта+1
04 марта+2
03 марта0
02 марта+1
01 марта0
Посты канала
ကျွန်တော် ဒီ Telegram Channel မှာရော YouTube Channel မှာရော ဘာ Content မှ မတင်ဖြစ်တာ တော်တော်လေး ကြာသွားခဲ့ပါတယ်။ မျှော်နေတဲ့ သူတွေရှိတာ‌ကြားရလို့ ဝမ်းသာပါတယ်။ ကျွန်တော် နေကောင်းပါတယ်။ ကျွန်တော် ရုတ်တရက် သင်္ဘာပေါ်ရောက်သွားလို့ပါ။ တချို့သိတဲ့သူတွေသိပါလိမ့်မယ်။ ကျွန်တော် YouTube channelကိုရော Telegram Channelကိုရော သင်္ဘာလိုက်ဖို့ လုပ်ရင်းနဲ့ run နေတယ်ဆိုတာ။ လောလောဆယ်တော့ YouTube မှာ ဗီဒီယိုအသစ်တွေတင်ဖို့ မရှိသေးပါဘူး။ Telegram မှာတော့ တခါတလေ စာတိုလေးတွေ အားတဲ့ အချိန် ပြန်ရေးသွားဖို့ အစီအစဉ်ရှိပါတယ်။ အားလုံးပဲ ကျန်မာရေးဂရုစိုက်ကြပါ။ အန္တရယ်ကင်းအောင် နေကြပါ။ ကျွန်တော်ပိုပြီးကောင်းတဲ့ Content တွေနဲ့ ပြန်လာခဲ့ပါမယ်။ @apphyo99

2
ယောင်္ကျားတစ်ယောက် ဘဝမှာသာမန်ထက်ပိုပြီးအောင်မြင်ဖို့ ဆိုရင် သူ့မှာ (၁) လိုချင်တာမရခဲ့တဲ့ ငယ်ဘဝရှိ ဖို့လိုတယ် (၂) ကလေးဘဝမှာ ကျန်မာရေးခြူခြာပြီး အနိုင်ကျင့်ခံ အလှောင်ပြောင်ခံခဲ့ ရဖို့လိုတယ်။ (၃) လိုတာထက်ပိုပြီး ဂရုမစိုက် အလိုမလိုက်တတ်တဲ့ မိဘတွေရဲ့ လက်ထဲမှာ ကြီးပြင်းခဲ့ ဖို့လိုတယ်။ (၄) သူဘယ်လောက်ပဲကြိုးစား ကြိုးစား အစပိုင်းမှာ ကျရူံးဖို့ လိုတယ်။ ဒါမှလည်း အောက်သက်ကျေပြီး အောင်မြင်မူရဲ့ ဒဏ်ကို ပိုပြီးခံနိုင်ရည်ရှိ လိမ့်မယ်။ (၅) သူ့နှလုံးသားကို စုတ်ပြဲသတ် သွားအောင်ချေမွဖျက်စီးသွားမယ့်မိန်းမတစ်ယောက် ရှိဖို့လိုတယ်။ (၆) ဘဝကပေးတဲ့ နာကျင်မူတွေကြောင့် စွဲလမ်းမူတွေအောက်မှာ မပျက်စီးသွားအောင် ကိုယ့်ကိုကို ထိန်းချုပ်နိုင်တဲ့ သံမဏိလို မာကြောတဲ့ စိတ်ဓာတ်မျိုး ရှိဖို့လိုတယ်။ @speakformen @brotherfigureforyou
0
3
ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ Problem Solving Machine တစ်ခုပဲ ဦးနှောက်ဟာ သဘာဝအရ ပြဿနာတွေကို ဖြေရှင်းရတာ သဘောကျတယ်။ ပြဿနာ‌တွေကို ဖြေရှင်းခွင့်မရတဲ့ ဦးနှောက်ဟာလည်း သူ့ဘာသာ ပြဿနာအသစ်တွေကို ဖန်တီးနေလိမ့်မယ်။ အဲ့ဒီအခါ ကိုယ့်မှာ အရင်ကမရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုယ့်ဆီ ရောက်လာတော့တယ်။ အထီးကျန်ခြင်းကို စတင်ခံစားလာရတော့တယ်။ တကယ်တော့ ကျွန်တော်တို့ ဘဝမှာ ပြဿနာတွေဟာ မရေမတွက်နိုင်အောင် ရှိနေပြီးသားပဲ။ ဒါပေမဲ့ လူအများစုဟာ ကိုယ့်ရဲ့ ပြဿနာတွေကို ဦးနှောက်ကို ဖြေရှင်းခွင့် မပေးဘဲရှောင်ထွက်သွား လေ့ရှိတယ်။ အောင်မြင်ပြီးသား လူအများစုဟာ ဘာ့ကြောင့် သူတို့ရဲ့ လုပ်ငန်းတွေကို ထက်ပြီး တိုးချဲ့နေတာလဲဆိုတော့ ပြဿနာအသစ်တွေကို ထပ်ပြီး ဖြေရှင်းချင်တဲ့ ဦးနှောက်ရဲ့ သဘာဝကို မလွန်ဆန်နိုင်လို့ပဲ။ တကယ်တော့သူတို့ ဟာ ဘာအလုပ်မှမလုပ်ဘဲ တစ်သက်လုံး အေးဆေးနေလို့ ရအောင် ချမ်းသာနေပြီးပြီ။ ဒါပေမဲ့ သူတို့ အလုပ်တွေ ဆက်ပြီး လုပ်နေတယ်။ ပြဿနာအသစ်တွေကို ထပ်ပြီးဖြေရှင်းနိုင်ဖို့ ကြိုးစား နေကြတယ်။ ဥပမာ ကမ္ဘာ ပေါ်မှာအချမ်းသာဆုံးဘီလျံနာတွေဖြစ်တဲ့ Jeff Bezos တို့ Elon Musk တို့ဟာ အာကာသကို ခြေဆန့်ဖို့ ပြင်နေကြပြီ။ လူသားမျိုးနွယ်မဖြေရှင်းနိုင်သေးတဲ့ပြဿနာအသစ်တွေကို ဖြေရှင်းနိုင်ဖို့ ကြိုးစား‌နေ ကြပြီ။ သူတို့ အဲ့ဒီလိုမဖြေရှင်းနေဘူး ဆိုလည်း ပိုက်ဆံတွေသာချမ်းသာနေပေမယ့် ဖြေရှင်းစရာ ပြဿနာတွေ မရှိတော့တဲ့ ဦးနှောက်ဟာ သူတို့ကို စိတ်ဓာတ်ကျအောင် ဖန်တီးလိမ့်မယ်။ ဒါကို သူတို့လည်း ကောင်းကောင်းသိတယ်။ ဘဝမှာ ဖြေရှင်းစရာ ပြဿနာတွေ မကျန်တော့တဲ့ လူတွေဟာ ဘဝဆိုတဲ့ ဂိမ်းကို Level အားလုံး နိုင်အောင် ဆော့ပြီးလို့ ငြီးငွေ့သွားတဲ့ လူတွေလို့ ဖြစ်နေလိမ့်မယ်။ ကျွန်တော်တို့လို သာမန်လူတွေ မှာတော့ ဖြေရှင်းလို့ မကုန်နိုင်တဲ့ပြဿနာတွေဟာရှိနေပြီးသားပဲ။ အရေးကြီးတာက အဲ့ဒီပြဿနာတွေကနေ ခဏခဏ ရှောင်ထွက် မပြေးနေဖို့ပဲ။ @apphyo99 @brotherfigureforyou
0
4
ကိုယ့်ရဲ့ ကန့်သတ်ချက်တွေကို အရင်ကျော်လွှားပါ Virgin Brand နဲ့နာမည်ကြီးတဲ့ Richard Branson မှာ Dyslexia ဆိုတဲ့ စာသင်ရခက်တဲ့ ရေ
ကိုယ့်ရဲ့ ကန့်သတ်ချက်တွေကို အရင်ကျော်လွှားပါ Virgin Brand နဲ့နာမည်ကြီးတဲ့ Richard Branson မှာ Dyslexia ဆိုတဲ့ စာသင်ရခက်တဲ့ ရောဂါရှိတယ်။ နောက်တော့ သူဟာ အထက်တန်း တောင်ပြီးအောင် မတတ်ဘဲ ကျောင်းတွက်ခဲ့တယ်။ ဒါပေမဲ့သူဟာ ဘီလျံနာ တစ်ယောက်ဖြစ်အောင် ကြိုးစားနိုင်ခဲ့တယ်။ Nike ကိုတည်ထောင်ခဲ့တဲ့ Phil Knight ဟာ အသက် နှစ်ဆယ့်ငါးနှစ်ကျော်တဲ့အထိ အလုပ်အကိုင်မယ်မယ်ရရ မရှိခဲ့ဘူး။ ဒါပေမဲ့သူဟာ Nike ကို နာမည်ကြီး sport wear brand တစ်ခု ဖြစ်အောင်တည်ထောင်နိုင်ခဲ့တယ်။ တကယ်တော့ ကျွန်တော်တို့ မှာ ရှိနေတဲ့ limiting belief ‌တွေဖြစ်တဲ့ငါက ညဏ်မကောင်းဘူး အရင်ကဘာမှမလုပ်ဘူးလို့ ဖြစ်မှာမဟုတ်ဘူး ဆိုတဲ့ အတွေးတွေဟာ ကိုယ့်ကိုကို နောက်ပြန်ဆွဲနေတဲ့ အတွေးတွေပဲ။ @apphyo99 @brotherfigureforyou
0
5
ချက်ချင်းရတဲ့ သာယာမူတွေဟာ ရေရှည်မှာ ကိုယ့်အတွက် ကောင်းကျိုးမပေးဘူး အသင့်စား ခေါက်ဆွဲထုတ် တွေဟာ ပြုတ်စားရတာလွယ်တယ်။ ဒါပေမဲ့ ရေရှည် မှာကျန်မာရေး ကို ထိခိုက်စေတယ်။ စီးကရက်တစ်လိပ်ဟာလည်း မီးညှိပြီး သောက်ရတာ လွယ်တယ်။ ဒါပေမဲ့ တစ်ချိန်မှာ ကိုယ့်ရဲ့ အဆုတ်ကို ‌လောင်ကျွမ်း စေလိမ့်မယ်။ ကိုယ့်ကို တစ်ကယ်ချစ်တဲ့ လူတစ်ယောက်ကို ပြစ်ပြီး အသစ်တွေ့တဲ့လူ တစ်ယောက်နဲ့ အပျော်သဘော အနေနဲ့ တွဲလိုက်ဖို့က လွယ်တယ်။ ဒါပေမဲ့ တစ်ချိန်မှာ ကိုယ့်ကို နောင်တအကြီးအကျယ် ရစေလိမ့်မယ်။ So, don't seek instant gratification. Seek the pain. Seek the suffering. Seek the loneliness. @apphyo99 @brotherfigureforyou
0
6
ဘာ့ကြောင့် အမြဲတမ်းလေ့ကျင့်ခန်း လုပ်သင့်တာလဲ? ကျွန်တော်ဆယ်ကျော်သက် အရွယ်တည်းက စပြီး ကိုယ်ကာယလေ့ကျင့်ခန်းတွေ စလုပ်ခဲ့တယ်။ ငယ်င
ဘာ့ကြောင့် အမြဲတမ်းလေ့ကျင့်ခန်း လုပ်သင့်တာလဲ? ကျွန်တော်ဆယ်ကျော်သက် အရွယ်တည်းက စပြီး ကိုယ်ကာယလေ့ကျင့်ခန်းတွေ စလုပ်ခဲ့တယ်။ ငယ်ငယ်တုန်းကတော့ လေ့ကျင့်ခန်းလုပ်ရတဲ့ ရည်ရွယ်ချက်က ဆန့်ကျင့်ဘက် လိင်အုပ်စုဝင်တွေကို ဆွဲဆောင်နိုင်ဖို့လောက်ပဲ။ အသက်အရွယ်ရလာတော့ ကျွန်တော်လေ့ကျင့်ခန်း လုပ်ရတဲ့ ရည်ရွယ်ချက်ဟာ မိန်းကလေးတွေကို ဆွဲဆောင်ဖို့မဟုတ်တော့ဘူး။ ကျွန်တော့်ရဲ့စိတ်ကို ကုစားဖို့အတွက်ဖြစ်လာတယ်။ ကျွန်တော့်အတွက် therapy တစ်ခုလိုဖြစ်လာတယ်။ ကျွန်တော့်ရဲ့ အတွင်းစိတ်ထဲက နာကျင်ခြင်းတွေ အထီးကျန်ခြင်းတွေ ရူံးနိမ့်ခြင်းတွေ ကို ပြင်းထန်တဲ့ ကိုယ်ကာယ လေ့ကျင့်ခန်းတွေကသာ ကုစားပေးနိုင်တယ်ဆိုတာ ရှာဖွေတွေ့ရှိခဲ့တယ်။ ‌ကျွန်တော်သာ လေ့ကျင့်ခန်း လုပ်ရတာ မကြိုက်တဲ့သူ တစ်ယောက်ဆိုရင် ကျွန်တော့်ရဲ့ စိတ်ဟာ အခုအချိန်မှာ မကောင်းတဲ့အလေ့အကျင့် တစ်ခုခုကို စွဲစွဲလမ်းလမ်း စွဲလမ်းနေမိလောက်ပြီ။ @apphyo99 @brotherfigureforyou
0
7
ပျော်ရွင်ခြင်းဆိုတာ တစ်စုံတစ်ယောက်ဆီမှာ ရှာဖွေရတာ မဟုတ်ဘူး ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာ ကိုယ်ပြန်ရှာဖွေရတာ လူတစ်ယောက်ရဲ့ ပျော်ရွင်မူကို တခြားသူတစ်ယောက်က အမြဲတမ်းဖန်တီးပေးနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ကိုယ့်ကိုပျော်ရွင်အောင် လုပ်ပေးဖို့အတွက် ဘယ်သူ့ဆီမှာ မှလည်း တာဝန်မရှိဘူး။ ကိုယ့်ဘာသာကို ‌မပျော်တတ်တဲ့ လူတစ်ယောက်ဟာ ဘယ်သူတွေနဲ့ပဲရှိရှိ ဘယ်နေရာပဲရောက်ရောက် ဘယ်လို ပကာသနတွေကိုပဲ ပိုင်ဆိုင်နေပါစေ ပျော်ရမှာမဟုတ်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူ့ရဲ့စိတ်ဟာ ပစ္စုပ္ပန်မှာ ရှိမနေလို့ပဲ။ တကယ်တော့ ပျော်ရွင်ခြင်းဆိုတာ ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာ ငြိမ်းချမ်းမူကို ပြန်လည် ရှာဖွေရတာ။ လူတစ်‌ယောက်ဟာ ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာ ငြိမ်းချမ်းမူကို ပြန်လည်ရှာဖွေ နိုင်လာတဲ့အခါ သူဘေးနားမှာ ဘယ်သူမှရှိမနေလည်း တစ်‌ယောက်တည်း ပျော်‌နေနိုင်လိမ့်မယ်။ @apphyo99 @brotherfigureforyou
0
8
Shut your mind off ကျွန်တော်တို့ လူသားတိုင်းမှာ ကိုယ့်ရဲ့ စိတ်ထဲ အတွေး ပေါင်းစုံ ဝင်မလာနိုင်အောင် ပိတ်ချထားဖို့ အချိန်တစ်ခု လိုတယ်။ ဘာ့ကြောင့်လဲဆိုတောဘ စိတ်ကို အနားပေးဖို့လိုတယ်။ စိတ်ဟာ သဘာဝအရ မကောင်းတဲ့အရာတွေကို များများတွေးတယ်။ ကိုယ့်ရဲ့စိတ်ထဲ မကောင်းတဲ့ အတွေးတွေ ဝင်မလာအောင် တားစီးဖို့ဆိုရင် ◽စာရေးပါ ◽ပန်းချီဆွဲပါ ◽ကာဒီရိုလုပ်ပါ ◽တရားထိုင်ပါ ◽ယောဂလေ့ကျင့်ပါ အဲ့ဒီလို အပြုအမူတွေဟာ ပင်ပန်းနွမ်းနယ်နေတဲ့ ကိုယ့်ရဲ့ စိတ်ကိုအနားရစေတယ်။ နှောက်ကျိနေတဲ့ စိတ်ကို ပြန်လည် ကြည်လင်စေတယ်။ @apphyo99 @brotherfigureforyou
0
9
ကိုယ့်ကို အရှေ့မရောက်အောင် နောက်ပြန်ဆွဲနေတာ ကိုယ့်ရဲ့ ဦးနှောက်ပဲ လူသား‌တွေရဲ့ ဦးနှောက်ကို စက်တွေနဲ့ အစားထိုးလိုက်ရင် လူအများစုဟာ သူတို့သွားချင်တဲ့ ပန်တိုင်တွေဆီ အချိန်တိုအတွင်း လွယ်လွယ်ကူကူ ရောက်နိုင်လိမ့်မယ်။ ကမ္ဘာပေါ်မှာလည်း တစ်ဦးနှင့် တစ်ဦး လိမ်ညာလှည့်ဖြား အနိုင်ကျင့်မူတွေ ရှိမှာမဟုတ် တော့ဘူး။ Brainwashed အလုပ်ခံရတာ တွေလည်းရှိမှာမဟုတ်တော့ဘူး။ ဘာ့ကြောင့်လဲဆိုတော့ လူသားတွေရဲ့ ပင်ကို ဦးနှောက်ဟာ ◽အတွေးလွန်တတ်တယ် ◽စွန့်စားရမှာကြောက်တယ် ◽သူတစ်ပါးပြောသမျှကို အယုံလွယ်တယ် ◽ကိုယ်ပိုင် ချင့်ချိန်စဉ်းစား နိုင်စွမ်းအားနည်းတယ် ◽ပစ္စုပ္ပန်မှာ ကြုံနေရတဲ့ နာကျင်ပင်ပန်းမူတွေကနေ လွယ်လွယ်ရုန်းထွက်ချင်တယ် ◽ခံစားချက်တွေကို ဦးစားပေးတယ် @apphyo99 @brotherfigureforyou
0
10
စွဲလန်းမူတွေဟာ နာကျင်ခြင်းတွေကို အမြဲတမ်း ရှောင်ပြေးခြင်း ကနေဖြစ်ပေါ်လာတယ်။ လူတွေ တစ်စုံတစ်ခုကို စွဲလန်းကျတာဟာ အဲ့ဒီအရာကို ကြိုက်နှစ်သက်လွန်းလို့ လုပ်နေမိတာမဟုတ်ဘူး။ လက်ရှိလုပ်ဖို့ လုပ်နေတဲ့ ပင်ပန်းခက်ခဲတဲ့ အလုပ်တွေ။ စိတ်ထဲမှာ ကြုံနေရတဲ့ နာကျင် ခြင်းတွေကနေ ထွက်ပြေးရင်းနဲ့ မကောင်းတဲ့ အလေ့အကျင့်တွေကို လုပ်မိသွားကျတာ။ တခါတလေ ကျွန်တော်တို့ ကိုယ်ဘာလုပ်ရမလဲဆိုတာ သေချာသိတယ်။ ဒါပေမဲ့ မလုပ်ဖြစ်သေးဘဲ ဂိမ်းစော့နေမိတယ်။ ဒါဟာ အဲ့ဒီအရာကို လုပ်ရမှာ ကြောက်နေလို့ ရှောင်ပြေး နေမိတာ။ တခါတလေ စိတ်ထဲမှာ ပူပန်ခြင်းတွေ ဒဏ်ရာတွေနဲ့ ပြည့်နေတတ်တယ်။ စိတ်ဓာတ်တွေကျနေတတ်တယ်။ အဲ့ဒီအခါ ဦးနှောက်ဟာ ကိုယ့်ကို အဲ့ဒီအခြေအနေကနေရုန်းထွက်ဖို့ တိုက်တွန်းတယ်။ အဲ့ဒီမှာ ကျွန်တော်တို့တွေ ဆေးလိပ်တွေ အရက်ဘီယာတွေ စွဲလန်းလာတယ်။ ဒါ့ကြောင့် ကိုယ့်ဆီမှာ ဘယ်လို မကောင်းတဲ့ စွဲလမ်းမူမှ မရှိချင်ရင် ကိုယ့်ရဲ့ နာကျင်ခြင်းတွေ ပင်ပန်းမူတွေကနေ အလွယ်နည်း တွေသုံးပြီး ရုန်းထွက်ဖို့ မကြိုးစားပါနဲ့။ @apphyo99 @brotherfigureforyou
0
11
Ryan Reynolds advertising his alcoholic beverage brand "Aviation Gin"
Ryan Reynolds advertising his alcoholic beverage brand "Aviation Gin"
0
12
Hollywood မင်းသားတွေထဲမှာ ကျွန်တော်သဘောအကျဆုံး ရုပ်ရှင်မင်းသားကို ပြောပါဆိုရင် Ryan Reynolds ကို ပြောရလိမ့်မယ်။ Ryan Reynolds ကို ဘာ့ကြောင့် သဘောကျတာလဲဆိုတော့ သူ့ရဲ့ Marketing Strategy တွေက အခြားသော Hollywood သရုပ်ဆောင်တွေထက် သာလွန်နေလို့ပဲ။ Dead Pool ရုပ်ရှင်မထွက်ခင် တုန်းက Marvel Studio ဟာ အဲ့ဒီ ရုပ်ရှင်ကို ရိုက်ကူးဖို့ အတွက် Budget သန်းငါးဆယ်သာ ထုတ်ပေးခဲ့တယ်။ သူတို့အနေနဲ့ ရုပ်ရှင်အပေါ်မှာရော Ryan Reynolds အပေါ်မှာပါ အယုံအကြည်မရှိခဲ့ဘူး။ တကယ်တော့ သူတို့ထုတ်ပေးတဲ့ Budget ပမာဏဟာ အခြားသော Marvel ရုပ်ရှင်တွေရဲ့ ရိုက်ကူး စရိတ်ထက် ငါးဆလောက် နည်းနေခဲ့တယ်။ ဒါ့ကြောင့် Ryan Reynolds ဟာ Budgetတွေအားလုံးကို Marketingစရိတ် အတွက်တပြားမှ မသုံးမစွဲဘဲရိုက်ကူးရေးစရိတ်အတွက် သာအသုံးပြုစေခဲ့တယ်။ Marketing ကိုတော့ သူကိုယ်တိုင် Dead Pool ဝတ်စုံကြီးဝတ် ဟာသဗီဒီယိုတွေဖန်တီးပြီး သူ့ရဲ့YouTube Channel ကနေတစ်ဆင့် ပြုလုပ်ခဲ့တယ်။ သူ့ရဲ့ အဲ့ဒီလို အားထုတ်မူတွေကြောင့်ပဲ Dead Pool ရုပ်ရှင်ဟာ အောင်မြင်တဲ့ ရုပ်ရှင်တစ်ခု ဖြစ်လာရုံသာမကဘဲ နောက်ပိုင်းမှာ အောင်မြင်မူသိပ်မရတော့တဲ့ Marvel Studio ကိုပါအဖတ်ဆယ် ပေးနိုင်ခဲ့တယ်။ ဒါ့အပြင် Ryan Reynolds ဟာ သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ Maximum Effort (Digital Marketing Agency) Aviation Gin ( Alcoholic Beverage) Mint Mobile ( Wireless Service ) Wrexham FC ( Football club ) တို့ကိုလည်း သူ့ရဲ့ YouTube Channel ကိုအသုံးချပြီး ကြော်ငြာခဲ့တယ်။ ဒီနေရာမှာ ချီးကျူးဖို့ကောင်း တာက သူ့ရဲ့ ကြော်ငြာတွေဟာ ကြော်ငြာတွေနဲ့ လုံးဝမတူဘဲ ပရိတ်သတ်တွေကို ဆွဲဆောင် နိုင်ခဲ့တာပဲ။ အဲ့ဒီ ကြော်ငြာတွေကြောင့်ပဲ သူ့ရဲ့ လုပ်ငန်းတွေဟာ အောင်မြင်ပြီး လူသိများတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်လာခဲ့တယ်။ Wrexham ဘောလုံးအသင်းဆို ရင်လည်း လူမသိသူမသိ အသင်းသေးလေးဘဝကနေ အခုဆို Tiktok တို့ United Airline တို့လို ကုမ္ပဏီကြီးတွေနဲ့ Sponsor စာချုပ်တွေ ချုပ်နိုင်ခဲ့တဲ့ အထိအောင်မြင်လာခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ Ryan Reynolds ရဲ့ အောင်မြင်မူတွေကို သုံးသပ်ကြည့်မယ်ဆိုရင်သူ့ရဲ့ ◽ဖန်တီးမူ‌အားကောင်းခြင်း ◽ဘောင်ထဲကကျော်ပြီးတွေးနိုင်ခြင်း ◽ဟာသညဏ်ရှိခြင်း စတဲ့ အရာတွေက အဓိကကျ နေတာကို‌တွေ့ရလိမ့်မယ်။ @apphyo99 @brotherfigureforyou
0
13
မကောင်းတဲ့အကျင့်ဆိုးတွေ မကောင်းတဲ့စွဲလမ်းမူတွေဟာ Plant Vs Zombie ထဲက Zombie တွေနဲ့တူတယ် ကိုယ့်ရဲ့ အလေ့အကျင့်ကောင်း တွေကို အမြဲတမ်း စားသောက်ဖျက်စီးပြစ်ဖို့ ကြိုးစားနေ လိမ့်မယ်။ ကိုယ့်မှာ အလေ့အကျင့်ကောင်း တွေမရှိတော့တာနဲ့ zombieတွေနဲ့ တူတဲ့ အလေ့အကျင့်ဆိုးတွေဟာ ကိုယ့်ရဲ့ ဦးနှောက်ထဲကို‌ ဝင်ရောက်နေရာယူ စားသုံးလိမ့်မယ်။ အဲ့ဒီလို အလေ့အကျင့်ဆိုးတွေ အားလုံး ကိုယ့်ဦးနှောက်ထဲကို စည်းလွတ်ဝါးလွတ် ဝင်ရောက်နေရာယူ သွားပြီဆိုတာနဲ့ ကိုယ့်ရဲ့ ဘဝဟာလည်း မြန်မြန်ဆန်ဆန် ပျက်စီး သွားနိုင်တယ်။ ဒါ့ကြောင့် Zombie တွေနဲ့တူတဲ့အလေ့အကျင့်ဆိုးတွေ အားလုံး ကိုယ့်ရဲ့ဦးနှောက်ထဲကို ဝင်ရောက်နေရာမယူသွားအောင် အပင်တွေနဲ့တူတဲ့ အလေ့အကျင့်ကောင်းတွေနဲ့ ကာကွယ်ထားရလိမ့်မယ်။ @apphyo99 @brotherfigureforyou
0
14
ဘာ့ကြောင့် စွယ်စုံသမားတစ်ယောက်ဖြစ်ဖို့လိုတာလဲ? YouTube မှာမကြာမီ တင်ဖို့ရှိတဲ့ ဗီဒီယိုရဲ့ script ကို newsletter အနေနဲ့ အရင်တင
ဘာ့ကြောင့် စွယ်စုံသမားတစ်ယောက်ဖြစ်ဖို့လိုတာလဲ? YouTube မှာမကြာမီ တင်ဖို့ရှိတဲ့ ဗီဒီယိုရဲ့ script ကို newsletter အနေနဲ့ အရင်တင်ပေးလိုက်ပါတယ်။ https://open.substack.com/pub/aungpaingphyo99/p/094?r=2rn1jg&utm_campaign=post&utm_medium=web&showWelcomeOnShare=true
0
15
ကိုယ့် ဦးနှောက်ထဲက ဒိုဖာမင် level ကို သေချာ စီမံခန့်ခွဲပါ တကယ်တော့ လူတွေ ပျော်လိုက် စိတ်ဓာတ်ကျလိုက် ဖြစ်နေ တာဟာ ဦးနှောက်ထဲက ဒိုဖာမင် Level ရဲ့ အတတ်အကျ မတူညီလို့ပဲ။ အဲ့ဒီလို ဒိုဖာမင် level က ကျလိုက်တတ်လိုက်ဖြစ်နေ တာကြောင့်လည်း လူတွေမှာ အလုပ်အကိုင်တွေ နှောင့်နှေးကုန်တယ်။ ဒါ့ကြောင့်ကိုယ့်ရဲ့ ဦးနှောက်ထဲက ဒိုဖာမင် level အတတ်အကျကို ထိန်းငြှိဖို့လိုတယ်။ အဲ့ဒီလို ထိန်းငြှိနိုင်ဖို့ဆိုရင် အချိန်တိုအတွင်းမှာ ဦးနှောက်ထဲက ဒိုဖာမင်တွေ အများကြီး ထွက်ပေါ်စေတဲ့ အပြုအမူတွေ ကို ရှောင်ကြဉ်ရမယ်။ ဘယ်လိုအပြုအမူတွေလဲဆိုတော့ ဥပမာ တခါတလေ ကျွန်တော်တို့တွေ စိတ်ပင်ပန်းနေတဲ့အချိန် ကိုယ့်နဲ့ ကိုယ့် Ex ရဲ့ ပျော်ရွှင်ခဲ့ဖူးတဲ့ အမှတ်တရ တွေကို တွေးမိလိမ့်မယ်။ အဲ့ဒီအခါ ဦးနှောက်ထဲက ဒို‌ဖာမင် levelဟာ စက္ကန့်ပိုင်း အတွင်း အမြင့်ကို ထိုးတတ် သွားတယ်။ ဒါပေမဲ့ ဒါဟာ ပြန်မရနိုင် တော့တဲ့အတိတ်ဆိုတာလည်း သိရော ဦးနှောက်ထဲက ဒိုဖာမင် level ဟာ မူလကရှိတဲ့ base line ထက် အောက်ကို ထိုးကျသွားပါလေရော။ အဲ့ဒီအခါ နဂိုထဲက ညစ်နေတဲ့ စိတ်ဟာ ပိုပြီးညစ်သွားလိမ့်မယ်။ အဲ့ဒီလို ညစ်သွားတာနဲ့အတူ မကောင်းတဲ့ ခံစားချက်တွေ ဝင်လာပြီး ကိုယ်လုပ်ဖို့လိုနေတဲ့ အလုပ်တွေကနေ ကိုယ့်ရဲ့ အာရုံဟာလည်းလွင့်ပျယ် သွားလိမ့်မယ်။ @apphyo99 @brotherfigureforyou
0
16
အကြောင်းအရာတစ်ခုကို မြန်မြန်ဆန်ဆန် ဘယ်လို Self-studyလုပ်မလဲ? (၁) ကိုယ်ဘယ်က စပြီးလေ့လာရမလဲဆိုတာ အရင်လေ့လာပါ (၂) ကိုယ်လေ့လာရမယ့် အရာတွေကို Notionထဲမှာအစဥ်လိုက် စုထားပါ။ (၃) လေ့လာသွားပြီးတဲ့ အရာတွေကို လူတိုင်းနားလည်လွယ်အောင် blog postအနေနဲ့ ပြန်ရေးပါ။ ဗီဒီယိုရိုက်ပြီးတော့လည်း ရှင်းပြပါ။ (၅) ကိုယ်ရေးထားတဲ့စာတွေကို ခဏခဏ ပြန်ဖတ်ပါ။ @apphyo99 @brotherfigureforyou
0
17
ကိုယ့်ကို ဘယ်သူကမှ အမှန်တကယ် ဆုံးမလို့ မရဘူး။ ကိုယ့်ကို ဆုံးမလို့ရတာဆိုလို့ ကိုယ့်ရဲ့ conscious mind (သိစိတ်) ပဲရှိတယ်။ @apphyo99 @brotherfigureforyou
0
18
အသက်အရွယ်က အရေးမကြီးဘူး လေ့လာချင်စိတ်ရှိဖို့ပဲလိုတယ် လူတွေဟာ အသက်ကြီးလာရင် အရည်အချင်းအသစ်တွေ ထပ်ပြီး မလေ့လာချင်တော့ဘူး ကိုယ့်ရဲ့ ဦးနှောက်ကို သံချေး တတ်နေပြီလို့တွေးတတ်ကြတယ် တကယ်တော့ ဘယ်အသက်ရွယ်ပဲရောက်ရောက် လေ့လာချင်တဲ့စိတ်သာရှိမယ်ဆိုရင် ဘာမဆို လေ့လာလို့ရတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် လူတချို့ဟာ အသက်ငါးဆယ် ကျော်မှ Software Engineering ကိုစ လေ့လာပြီး developer တွေလုပ်ကြတယ်။ Career တွေပြောင်းကြတယ်။ တချို့က အဘိုးကြီးတွေ အဘွားကြီးတွေဖြစ်မှ ဘာသာစကားအသစ်တွေ လေ့လာကြတယ်။ တကယ်တော့အသက်ကြီးလို့ ဘာမှလေ့လာလို့ မရနိုင်တော့ဘူးလို့ထင်နေကြတာဟာ limiting belief သက်သက်ပဲ။ @apphyo99 @brotherfigureforyou
0
19
လူက ဘဝမှာသူများတွေထက် နောက် ကောက်ကျနေလို့ရတယ် ဒါပေမဲ့ ဦးနှောက်နဲ့ ဗဟုသုတ ပိုင်းမှာတော့ နောက်ကျ မကျန်စေနဲ့ ကိုယ့်အနေနဲ့ အထောက်အပံမကောင်းတာ ကြောင့် လက်ရှိမှာ ဘာမှ မလုပ်ပြနိုင်ဘဲ ရွယ်တူတွေထက် နောက်ကျကောင်း နောက်ကျ ကျန်နေနိုင်တယ်။ ဒါပေမဲ့ လူကနောက်ကောက် ကျနေရင်တောင် ကိုယ့်ရဲ့ ဦးနှောက်က ရွယ်တူတွေထက် သာနေဖို့လိုတယ်။ ထက်မြတ်နေဖို့လိုတယ်။ အဲ့ဒီလိုသာနေမယ်ဆိုရင် အချိန်ကျတဲ့အခါ ကိုယ့်ရှေ့ ကိုရောက်နေတဲ့သူတွေကို အမှီလိုက်နိုင်ရုံသာမက ကျော်တတ်လို့ပါ ရလာလိမ့်မယ်။ ဒါ့ကြောင့် ကိုယ်ဟာ ချမ်းသာတဲ့မိသားစုက ပေါက်ဖွားလာတဲ့ လူတစ်ယောက် မဟုတ်ဘူးဆိုရင် ကိုယ်နဲ့ ရွယ်တူတွေ အရည်မရအဖတ်မရ တွေလုပ်နေတဲ့အချိန် ကိုယ့်ရဲ့ ဦးနှောက်ကို ထတ်မြတ် အောင် အမြဲတမ်းသွေးနေပါ။ စာတွေဖတ်ပါ။ ပေါ့ကဒ်တွေနားထောင်ပါ။ အရည်အချင်းအသစ်တွေ အမြဲတမ်းလေ့လာနေပါ။ @apphyo99 @brotherfigureforyou
0
20
အလေ့အကျင့်တွေဟာ တည်ဆောက်လို့ရတယ် ကျွန်တော် မနက်တိုင်း ယောဂလေ့ကျင့်နေတာ နှစ်လလောက်ရှိပြီ။ ဒီနောက်ပိုင်းမိုးလင်းလာတာနဲ့ ယောဂမလုပ်ရရင် တစ်ခုခုလိုနေသလို ခံစားလာရတယ်။ တကယ်တော့ ဘယ်လောက် ပျင်းဖို့ကောင်းတဲ့ အလေ့အကျင့် တွေဖြစ်နေပါစေ တည်ဆောက် ဖို့ အချိန်နှစ်ပတ်လောက်ပဲ လိုတယ်။ @apphyo99 @brotherfigureforyou
0