cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

Tint Swe

မြန်မာနိုင်ငံသားများ ဘယ်မှာနေနေ ကျန်းမာစေရမည်။ မေးခွန်းစည်းကမ်းအရသာ မေးပါရန်။ စည်းကမ်းအတိုင်း မမေးလိုသူများ ဘလော့ခ်မှာ ဖတ်နိုင်ပါတယ်။

Больше
Рекламные посты
4 566
Подписчики
Нет данных24 часа
-157 дней
-5330 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

Фото недоступноПоказать в Telegram
တနှစ်သား (တက်တိုး) အခုတော့ - တနှစ်သား ယောက်ျားလေး မရှိစေရတဲ့။ တနှစ်သား မိန်းကလေး မရှိစေရတဲ့။ တနှစ်သား နွားကလေး၊ ခွေးကလေး၊ ကြောင်ကလေးတွေလည်း မရှိစေရတဲ့။ ဒေါက်တာတင့်ဆွေ
Показать все...
👍 1
Our Life Long Journey ဤခရီး မနီးပါ ကျေးဇူးတင်ပါတယ်ဆရာ။ ဤခရီးနီးသလား စာပိုဒ်လေးကို ရှင်းထားတာလေး ဖတ်ဖူးပါတယ် ဆရာ့အမြင်လေး သိခွင့်ရရင် ထပ်ပြီးကျေးဇူးတင်ပါမယ်ဆရာ။ ကျနော်ပြောတာအမှားပါရင် ခွင့်လွှတ်ပါဆရာ။ ဤခရီး နီးသလား။ နီးသည်ဟုလည်းကောင်း၊ ဝေးသည်ဟုလည်းကောင်း ပြောဆိုကြပါမည်။ ခရီးသည်ရှည်သော် ထိုအဖြေနှစ်မျိုး ပြောကြမည်။ ခရီးသည်တိုသော်လည်း ထိုအဖြေနှစ်မျိုးပင် ပြောကြမည်။ လာလိုလျှင် အနီးလေး၊ မလာလိုလျှင် ခရီးဝေးဟုလည်း ပမာခိုင်းကြမည်။ နှိုင်းရအမှန် သီအိုရီကို ကိုးကားသူလည်းရှိပါမည်။ ကျွန်တော့အတွက်မှာမူ မြန်မာပြည်သည် ခရီးလည်းဝေး၊ အခြေအနေဆိုးရှိသေးသမျှ ရောက်နိုင်မည်မဟုတ်ပါ။ တမြို့တည်းမှာရှိတဲ့ ပန်းခြံကိုလည်း မသွားဖြစ်တာကြာပြီ။ ကျွန်ုပ်တို့အားလုံးသည် ရပ်မနေကြသော ခရီးသွားများအတူတူသာဖြစ်ကြသည်။ ဆက်မသွားလာတော့ခြင်းကို လွတ်မြောက်ခြင်းဟု ဆိုပါသည်။ မသွားရခြင်းသည် သွားလာရခြင်းအထက် အဆပေါင်းများစွာ ခက်ခဲပါသည်။ အပြန်သည် အသွားထက် စောစောရောက်တယ် ထင်ကြ၏။ ငယ်သူတို့အတွက် အတက်သည်ခက်၏။ ကြီးသူတို့အတွက် အဆင်းကပိုခက်ခဲ၏။ တချို့မှာ အသွားကုန်ပါ၏။ တချို့မှာ အပြန်ကုန်ပါ၏။ လက်ချီးသာလာ၍ လက်ဗလာပြန်ကြရပါ၏။ စစ်ကိုင်းတံတား အပြန်လမ်းလား၊ အသွားလမ်းလားဟု မေးခံရဘူး၏။ မန္တလေးကနေ စဉ်းစားလိုက်၊ မုံရွာကနေ စဉ်းစားလိုက်၊ ချွေးပြန်ခဲ့ဘူးပါ၏။ ဤခရီး နီးသလား။ ကျွန်တော်၏ ပြည်တော်ဝင် အိမ်ပြန်လမ်း (၁၉၉၀ ခုနှစ် ဒီဇင်္ဘာလကနေ ၂၀၂၈ ခုနှစ် အေပြီလအထိ) ၂၇ နှစ်ခွဲကြာမြင့်ခဲ့ပါ၏။ ဒေါက်တာတင့်ဆွေ
Показать все...
👍 1
Фото недоступноПоказать в Telegram
ကမ္ဘာတည် ဗမာပြည် သတ်ပုံမှန်ခေတ်က ရွှေသွေးဂျာနယ် ဖြစ်ပါတယ်။ အခုခေတ်မှာ ဗမာလို့ရေးရင် နိုင်ငံရေးရာဇဝတ်မှု သင့်မယ်။ နိုင်ငံတော်သီချင်းထဲက ဗမာစာလုံးကို မြန်မာလို့ ပြောင်းထားတယ်။ နိုင်ငံတော်သီချင်းဆိုတာ လွတ်လပ်ရေးရကတည်းက တပုဒ်တည်းသာ ရှိတယ်။ ဒေါက်တာတင့်ဆွေ
Показать все...
👍 2
တခါတခါ ကံကောင်းပါသည် 溫存 ကျေးဇူးတင်ပါတယ် ဆရာ တခါတခါ ကံကောင်းပါသည် စာရေးမှားတောလေးတွေကို အဆင်သင့်တဲ့အခါ ထောက်ပြ ပြင်ပေးနေတာ ကြာပြီ။ အခုလို လက်ခံသဘောတူပြီး ကျေးဇူးစကားဆိုသူ ၁၀၀ မှာ ၁ ယောက်လောက် ရှိတယ်။ ဒေါက်တာတင့်ဆွေ
Показать все...
👍 1
Making Mistake မဟုတ်လောက်ပါ ကွန်မင့်တခု = ထောက်နဲ့ ဒေါက်ကို ခွဲရေးထားပုံက သူ့ပေးချင်တဲ့ massage ထင်တယ် မဟုတ်လောက်ပါ။ မဖြစ်နိုင်ပါ။ စာကို မှန်အောင်မရေးတတ်တာ ထင်ရှားပါတယ်။ အဲလို စာကို မှန်အောင်မရေးတတ်သူတွေအတွက် ကြားလူတွေကနေ ဖါထေးပေးနေရတာ မသင့်ပါ။ အလွယ်ရေးတာထင်ပါတယ်၊ အပျော်ရေးတာထင်ပါတယ်၊ အမြန်ရေးတာ ထင်ပါတယ်၊ ဖေါင့်ကြောင့်ထင်ပါတယ် စသဖြင့် ကြားလူတွေက ရှေ့နေလိုက်ပေးနေကြတယ်။ မှားတာဟာ မှားတာသာဖြစ်ပါတယ်။ ဒေါက်တာတင့်ဆွေ
Показать все...
👍 1
ပိုးရှိနေသူကို ivermectin, albendazole နဲ့ diethylcarbamazine (DEC) ဆေးတွေကိုသုံးတယ်။ ရောဂါဖြစ်စေတဲ့ အရွယ်ရသန်ကောင်တွေကို မျိုးမပွါးစေအောင်လုပ်ပေးတယ်။ လောလောလတ်လတ် ကူးစက်ခံထားရသူအတွက် ယူအက်စ်အေမှာ DEC ဆေးက အကောင်းဆုံးဖြစ်တယ်။ microfilaria တွေကိုလည်း သေစေမယ်။ အရွယ်ရ သန်ကောင်တွေကိုတချို့ပါ သေစေမယ်။ ဒီဆေးကို သုံးနေတာ နှစ် ၅ဝ လောက်ကြာပြီ။ ivermectin ဆေးက microfilariae ကိုသာသေစေတယ်။ Albendazole ဆေးနဲ့ ivermectin ဆေးကို အများဆုံးသုံးတယ်။ Albendazole 400 mg တနေ့ ၂ ကြိမ်၊ ၁ဝ ရက်။ ivermectin 0.2 mg/kg တနှစ်တကြိမ်။ diethylcarbamazine 6 mg/kg တနှစ် ၁ ကြိမ်၊ ၄-၆ နှစ်။ အာဖရိကမှာ Bancroftian filariasis အတွက် ivermectin 0.4 mg/kg တနှစ်တကြိမ်။ diethylcarbamazine 6 mg/kg တနှစ် ၁ ကြိမ်၊ ၄-၆ နှစ်။ ပိုးလည်းရှိပြီး ခံစားနေရတာတွေပါရှိရင် ခံစားနေရတာတွေကိုပါ ကုသပေးရတယ်။ Lymphedema ခေါ် သွေးပြန်ရည်ကြောတွေရောင်နေတာနဲ့ elephantiasis ဆင်ခြေထောက်ဖြစ်နေတိုင်းတော့ DEC ဆေးမလိုပါ။ သူတို့မှာ လတ်တလောပိုးကူးစက်နေရတာမဟုတ်လို့ဖြစ်ပါတယ်။ သူတို့ကို တကိုယ်ရေသန့်ရှင်းရေးနဲ့ လေ့ကျင့်ခန်းလုပ်စေတယ်။ အနာရှိရင် အနာဆေးထည့်နည်းလိုတယ်။ ပိုးသန့်ဆေးကြောစရာအတွက် Bleach ခေါ် ချွတ်ဆေးမှုံ့သုံးနိုင်တယ်။ ဆပ်ပြာ + ရေထဲရောထည့်နိုင်တယ်။ အနာမှာ ဗက်တီးရီးယားဝင်တာပါရှိနေရင် Doxycycline ပိုးသေဆေးပေးတယ်။ ၄ ပတ်ကနေ ၆ ပတ်အထိ ပေးရတာရှိတယ်။ ငယ်သူတွေနဲ့ ကိုယ်ဝန်ဆောင်တွေ မသင့်ပါ။ ပိုးကြောင့်ဖြစ်တဲ့မုတ် ခေါ် Hydrocele ဟိုက်ဒရိုဆီးလ်ရှိနေသူကို ပိုးရှိနေရင် ဆေးပေးမယ်။ ခွဲစိတ်ကုသမှုလိုမယ်။ Elephantiasis ဆင်ခြေထောက်ဖြစ်နေသူကို ခြေထောက်မြှင့်ထားဖို့နဲ့ elastic stockings တင်းအားပါ ပလာစတာ စည်းထားစေရတယ်။ ဒေါက်တာတင့်ဆွေ
Показать все...
👍 1
Lymphatic filariasis ဆင်ခြေထောက်ရောဂါ ၁။ မင်္ဂလာပါဆရာ ဆင်ခြေထောက် ရောဂါအတွက် ဆေးညွှန်းပေးပါဦး ခင်ဗျား။ ၂။ မင်္ဂလာပါ ဆရာရှင့် သမီးလေးက အသက် ၂ နှစ် ၄လ ပါ။ ရပ်ကွက်မှ ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးပေါင်း လာတိုက်ပါတယ်ရှင့် ၂ နှစ် ကနေ ၅နှစ် ကလေးများအတွက် Albendazole 400mg တလုံး DEC 100mg တလုံး ညအိပ်ရာဝင်ချိန် တိုက်ရန်ပေးသွားပါတယ်။ Albendazole tab က လူကြီးအတွက် ပေးတဲ့ဆေးနဲ့ အတူတူပါ။ ကလေးငယ်အတွက် တကြိမ်တည်းနဲ့ ဆေး နှစ်မျိုးလုံးတိုက်လို့ ရမရ သိချင်လို့ပါဆရာ ဆေးလာတိုက်တာက ကျန်းမာရေးဝန်ထမ်းမပါ ပါ။ ရပ်ကွက် ရာအိမ်မှုးနဲ့ရုံးဝန်ထမ်းပဲ လာတာမို့ ပါဆရာ။ ဆေးဘူးပုံတွေ ပို့ပေးလိုက်ပါတယ်ဆရာ။ ၃။ ဆရာ ကျွန်မအသက် ၃၇ နှစ် နို့တိုက်မိခင်ပါ။ သားအသက် တနှစ် နှစ်လထဲမှာပါ။ ဆင်ခြေထောက် ကာကွယ်ဆေး သောက်လို့ရပါသလားဆရာ။ ဘယ်အချိန်မျိုးသောက်ရမလည်းရှင်။ ကျွန်မတို့ဘားအံမှာ ဆင်ခြေထောက် ဖြစ်တဲ့သူတွေရှိလို့ ကာကွယ်ဆေးတွေပေးပါတယ်။ ဆင်ခြေထောက်ရောဂါဟာ နိုင်ငံပေါင်း ၅၄ နိုင်ငံမှာ ၉၄၇ သန်းမှာ ဒီရောဂါအတွက်သတိထားနေရတယ်။ သန်း ၁၂ဝ မှာ ပိုးရှိနေပြီး၊ သန်း ၄ဝ မှာ ခြေထောက်တွေ ကြီးနေကြတယ်။ ယောက်ျား ၂၅ သန်းမှာ ကျားလိင်အင်္ဂါပါ ရောဂါကြောင့် ကြီးနေကြတယ်။ ၁၅ သန်းက ခြေထောက်ပါကြီးနေတယ်။ ကူးစက်မှုမဖြစ်အောင် ဆေး ၂ မျိုးတွဲကို တကြိမ်တည်း တိုက်ပေးနေပါတယ်။ Filariodidea အုပ်စုဝင် Nematodes (Roundworms) သန်ကောင်ကနေ ဖြစ်စေတယ်။ (၃) မျိုးရှိတယ်။ Wuchereria bancrofti အမျိုးအစားက 90% ဖြစ်စေတယ်။ ကျန်တာက Brugia malayi နဲ့ B. timori ဖြစ်တယ်။ သွေးပြန်ရည်စနစ်ကို ထိခိုက်ပြီး လမ်းကြောင်းပိတ်တယ်။ ဒါကြောင့် ရောင်တာ၊ ကြီးတာတွေ ဆက်ဖြစ်တယ်။ Culex ခြင်အမျိုးအစားကနေ လူတယောက်ဆီကနေ နောက်တယောက်ဆီ ကူးစက်စေတယ်။ Culex အမျိုးအစားခြင်က မြို့တွေမှာများတယ်။ Anopheles ခြင်က တောတွေမှာများတယ်။ Aedes ခြင်က ကျွန်းတွေမှာ များတယ်။ ခြင်နှိမ်နင်းရေးလဲလုပ်ရမယ်။ MDA နည်းဗျူဟာကို ၄-၆ နှစ်ကြာလုပ်မယ်။ ရက်တိုနဲ့ နာတာရှည် ၂ မျိုးဖြစ်တယ်။ သန်ကောင်ဟာ ပျမ်းမျှ ၆ နှစ်ကနေ ၈ နှစ်အထိနေတယ်။ အများစုမှာ ဘာမှ မခံစားရဘူး။ ဒါပေမဲ့ သွေးပြန်ရည်စနစ်နဲ့ ကျောက်ကပ်၊ ခုခံအားစနစ်တို့ကို ထိခိုက်နေလိမ့်မယ်။ ဖြစ်ကာစမှာ တက်စေ့တွေ ရောင်မယ်။ နာတာရှည်ဖြစ်မှ Lymphoedema ရောင်တာတွေဆက်ဖြစ်တယ်။ ခြေထောက်မှာ အများဆုံးဖြစ်တယ်။ ယောက်ျားကပ်ပဲ့အိပ်၊ အမျိုးသမီးရင်သား၊ မိန်းမအင်္ဂါတွေမှာလဲ ဖြစ်နိုင်တယ်။ Mass drug administration (MDA) လူအများစုကိုဆေးပေးနည်းနဲ့ ကာကွယ်ရေးလုပ်ပါတယ်။ ၁။ Albendazole (400 mg) + Diethylcarbamazine citrate (DEC) (6 mg/kg) တခြားဒေသတွေမှာ ပေးတယ်။ ၂။ Albendazole (400 mg) + Ivermectin (150-200 mcg/kg) ဆေးအတွဲကို Onchocerciasis (River blindness) ရောဂါ ထူပြောရာဒေသတွေမှာ ပေးတယ်။ Albendazole ရဲ့ ဘေးထွက်-ဆိုးကျိုးတွေ = ကိုယ်ပူ၊ အရေပြားနီ-ယား၊ လည်ချောင်းနာ၊ အားယုတ်၊ ဗိုက်အောင့်၊ ဝမ်းပျက်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ပျို့၊ အန်၊ ဆံပင်ပါး၊ ဆံပင်ကျွတ်၊ ထိပ်ပြောင် (ဆေးဖြတ်ရင် ပြန်ကောင်းနိုင်)၊ ကျောက်ကပ် အလုပ်မလုပ်နိုင်၊ အသဲအလုပ်ပျက်၊ အသည်းအလုပ်မနိုင်၊ သွေးစစ်ရင် ပုံမှန်မဟုတ်၊ မျက်စိမြင်လွှာထိခိုက်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ သတိနဲ့ပေးရမယ်။ အထဲကကလေးကို ထိခိုက်စေနိုင်တယ်။ ကိုယ်ဝန်တားဆေး သောက်နေချိန်မှာ တားနည်းကို အားနည်းစေလို့ တားနည်း ၂ မျိုးတွဲ ဥပမာ (ကွန်ဒွမ်) + တားဆေးတွဲသုံးသင့်တယ်။ Albendazole ဆေးဖြတ်ပြီးနောက် အဲလိုတလသုံးပါ။ ကလေးနို့တိုက်နေချိန်မှာ ဆေးက နို့ရည်ထဲရောက်-မရောက်ဆိုတာ ပြောဘို့ မသေချာပါ။ Diethylcarbamazine ရဲ့ ဘေးထွက်ဆိုးကျိုးတွေ = ယား၊ မျက်နှာ (မျက်လုံး) ရောင်၊ ကိုယ်ပူ၊ ညနေခင်း မျက်စိကြည့်မကောင်း၊ ခေါင်းကိုက်၊ အဆစ်နာ၊ မောပန်း၊ ခေါင်းမူး၊ ပျို့-အန်။ တကယ်လို့ မျက်စိကြည့်မကောင်းတာ၊ ည-ညနေပိုင်းကောင်းကောင်းမမြင်ရတာနဲ့ လှိုင်ခေါင်းထဲကနေ ကြည့်ရသလို မြင်လာရတာရှိရင် ဆရာဝန်ပြပါ။ ကိုယ်ဝန်နဲ့ နို့တိုက်မိခင်တွေအတွက် ထူးခြားပြီးဖေါ်ပြထားတာ မရှိပါ။ diethylcarbamazine citrate (DEC) ဆေးတကြိမ်တည်းပေးတာနဲ့ရတယ်။ အရင်က ၁၂ ရက်ပေးနည်းသုံးခဲ့တယ်။ albendazole with DEC or ivermectin ပေးနည်းက ၉၉% ကောင်းစေတယ်။ ဝဲ ခေါ် ယားနာအတွက် ivermectin 300 µg/kg ဆေးတပြားနဲ့ရတယ်။ ၇ က်နေ တခါထပ်သောက်တာ ကောင်းတယ်။ ဆင်ခြေထောက်ရောဂါ ကုသနည်း ဆင်ခြေထောက်ရောဂါလို့ ခေါ်ကြပေမဲ့ အမြင်အရ ဆင်ခြေထောက်လိုဖြစ်နေတာကိုသာ အဲလိုခေါ်ရတယ်။ ဆေးစစ်လို့ ပိုးတွေ့ရင် Filariasis ရောဂါရှိနေသူဖြစ်တယ်။ Filariasis ရောဂါဟာ သူ့ဟာသူ တန့်နိုင်တဲ့ရောဂါဖြစ်တယ်။ အဲဒီပိုး ထပ်ဝင်ရင်တော့ ထပ်ဖြစ်နိုင်တယ်။
Показать все...
👍 1
Religions လူတို့၏ ကိုးကွယ်ရာများ ကနေ့ခေတ်မှာ လူတွေအများဆုံး ကိုးကွယ်ကြတဲ့ ဘာသာကြီးတွေက - 1. Christianity 2 billion followers 2. Islam 1.8 billion in 2015 3. Hinduism 900 million followers 4. Buddhism 350 million followers 5. Sikhism 27 million followers 6. Judaism 20 million people 7. Taoism 8. Jainism 9. Confucianism 10. Baháʼí Faith အဲဒီ ကိုးကွယ်ကြတဲ့ ဘာသာကြီးတွေမတိုင်ခင်ကလည်း ရှိခဲ့ပါတယ်။ အီဂျစ်က Pyramid Texts (2400 and 2300 BCE) တွေက အစောဆုံးလို့ ယူဆရတယ်။ အိန္ဒိယမှာ Vedas ဝေဒကျမ်းတွေကို (1500–1200 BCE) အတွင်းမှာ ပြုစုခဲ့တယ်။ Persia ပါရှား၊ ဂရိမှာ Canaan, Platonism တို့လည်း ဖြစ်ထွန်းခဲ့တယ်။ ယူကျု၊ ဂူဂယ် စတာတွေမှာ ဘာသာရေးစာတွေလည်း တင်ထားတယ်။ တချို့ဟာတွေ မမှန်ပါ။ ကမ္ဘာပေါ်မှာ ဘာသာရေးရေးတွေ ဘယ်လိုပေါ်လာသလဲဆိုတာကို ကြည့်တော့ ဘိုင်ဘယ် ကနေစထားတယ်။ ခရစ်ယန်ဘာသာက ၂၀၂၄ ခုနှစ်သာကြာသေးတာ။ ဗုဒ္ဓဘာသာက ခရစ်နှစ်မတိုင်ခင် ဘီစီ ၅ ရာစုနှစ်ကတည်းက စတင်ပါတယ်။ ဗုဒ္ဓဘာသာမပေါ်မီ ဟင်ဒူဘာသာရှိနေပြီ။ အဲဒီခုနှစ်တွေဆိုတာက ကိုးကွယ်ရာဘာသာကြီးတွေ ပေါ်ပေါက်လာခြင်း သမိုင်းမျှသာဖြစ်ပါတယ်။ အရေအတွက်ကိုပြောရင် တသောင်းလောက်ရှိသတဲ့။ ဘာသာရေးနဲ့ လူမျိုးအရေးတွေကို ရေးရတာ အတော်မလွတ်လပ်ပါ။ အကိုးအကားအထောက်အထားတွေ အခိုင်အမာနဲ့ တင်ပြလည်း သူတို့အမြင် မတူနဲ့ မတူရင် ရန်တွေ့ကြတယ်။ ဒေါက်တာတင့်ဆွေ
Показать все...
👍 1
ငပိ ပါသလား ၁။ မဂ်လာပါဆရာရှင့် မေးခွန်းလေးတခုလောက် မေးချင်လို့ပါရှင့် ငပိကို ဘယ်လိုရေးရတာလဲသိချင်လို့ပါ ငပိလား ငါးပိလို့ရေးရတာလား သိချင်လို့ပါရှင့် အိမ်ကသမီးကသူ့ရဲ့ သူငယ်ချင်းနဲ့ငြင်းခုံနေရလို့ အဖြေလေး ပြောပြပေးပါလားဆရာရှင့်။ ၂။ ငပိသည် ငါးပိမဟုတ်ဆိုတာက ငါးပိကအမှန်လို့ပြောတာလား ငပိက အမှန်လို့ပြောတာလား ငါးပိမဟုတ်လား ငပိကို ခုခေတ်သတ်ပုံက ငါးပိဖြစ်နေပါတယ်။ ၃။ ဘိတ်(မြိတ်) ဘက်မှာ ပိ လို့ပဲ ခေါ်တယ်လို့ အထက်တန်း တုန်းက သင်ခဲ့ရပါတယ် ငါးနဲ့ချည်း လုပ်တာ မဟုတ် ပုစွန် ကဏန်း ဂွေးကောင်တွေနဲ့လည်း လုပ်တယ်လို့ ဆိုပါတယ် မြန်မာ့စွယ်စုံကျမ်း အတွဲ (၃) မှာ ငဝဲရောင်၊ ငဝက်၊ ငသလဲထိုး၊ ငသလောက်၊ ငသိုင်း၊ ငသိုင်းချောင်းမြို့လို့ ရေးထားပါတယ်။ နိုင်ငံတော်မူ ငါးပိ။ မြန်မာစာမူ ငပိ။ ငပိဆိုတာ ငါးကသာလုပ်တာ မဟုတ်ပါ။ မျှင်ငပိကို ကျောက်ဗုဇွန်ကလေးတမျိုးမှလုပ်သည်။ မျှင်ထဲတွင် အထက်ပါ ကျောက်ဗုဇွန်ဆိတ်အပြင် ကနန်းကလေး၊ ငါးကလေးများလည်း ပါဝင်သည်။ ဖတ်စာ - ၂ ညတည လသာသာ ကား စီးလာပါ။ မီးနီအဆီးအတား သတိထား။ တညီ တညာ အနီး လာ၊ ဆရာ မိဘ အား ထားရ။ ညာစာ စားသည်။ ငပိ ပါသလား။ အသီး စားပါ။ မဆာက မစားရ။ ဤခရီး နီးသလား။ ငါးနာရီ လာရ၏။ မီးရထား စီးလာပါ။ အလကား မစီးရ။ ဤအရာ သတိထားပါ။ မန္တလေးငပိချက် (လူထုဒေါ်အမာ) https://dr-tint-swe.blogspot.com/2022/06/blog-post_577.html ဖုတ်လေတဲ့ငပိ https://dr-tint-swe.blogspot.com/2021/08/blog-post_576.html ငပိ သတ်ပုံ https://dr-tint-swe.blogspot.com/2021/11/blog-post_421.html ဒေါက်တာတင့်ဆွေ
Показать все...
မန္တလေးငါးပိချက်

လူထုဒေါ်အမာ အမေနဲ့ ညီအစ်မလိုခင်တဲ့ မိမိတယောက် အမေ့ဆီမပေါ် လာတာ ကြာလှပြီ။ တနေ့ကမှ သူရောက်လာတယ်၊ ဒါနဲ့ အမေ က "မိမိလည်း မလာတာ ကြာလှပြီနော်။ နေလ...

👍 1
Prostate-specific antigen (PSA) blood test ဆီးကျိတ်ကင်ဆာ သွေးစစ်ပါ လွန်ခဲ့တဲ့ ၁၈ နာရီက ဗြိတိန်ဆေးပညာသတင်းမှာ အသက် ၇၃ နှစ်အရွယ် Geoff Le Gallez က ဆီးကျိတ်ကင်ဆာကို စောစောသိအောင် သွေးစစ်ပါလို့ တိုက်တွန်းထားပါတယ်။ Prostate cancer ယောက်ျားဆီးကျိတ်ကင်ဆာ https://dr-tint-swe.blogspot.com/2022/05/prostate-cancer.html ဒေါက်တာတင့်ဆွေ
Показать все...
Prostate cancer ယောက်ျားဆီးကျိတ်ကင်ဆာ

၁။ ကျွန်မအဖေ အသက် ၈၄ နှစ်ပါ ဆီးကျိတ်ကင်ဆာ အဆင့် ၄လို့ ဆရာ၀န်ကပြောပါတယ် ၁၂ ရက် ၅လကမှ ကင်ဆာဖြစ်မှန်းသိတာပါ အသားစယူဖို့ကို လူနာကအားလဲနည်းတယ် အသ...

👍 1
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.