ru
Feedback
V Tech Guide

V Tech Guide

Открыть в Telegram
6 457
Подписчики
-724 часа
-507 дней
-18230 день
Архив постов
ဒီခေတ်ထဲမှာ အသေးစား ကိုယ်ပိုင်လုပ်ငန်း စရတာလွယ်မှလွယ်ပဲ 🟨 Step 1 ကိုယ်ရောင်းမယ့် product or service ထုတ်ရောင်းဖိုအတွက် ကိုယ့်မှာ Resource တွေ ပညာတွေရှိပြ်ီလား အရင်စစ် 🟨 Step 2 ဈေးကွက်ထဲမှာ ကိုယ့်ရဲ့ product or service ကိုရောင်းနေတဲ့သူတွေလိုက်ရှာ ဈေးဘယ်လောက်နဲ့ရောင်းလဲ ဘာ quality ရှိလဲ လေ့လာ 🟨 Step 3 ကိုယ်က quality ကောင်းပြီးဈေးကြီးကြီးနဲ့ရောင်းမှာလား ? Quality တူတူ ဈေးတူတူရောင်းမှာလား ? Quality ကောင်းပြိး ဈေးနဲအောင်လုပ်မှာလား ? ဆိုတာဆုံးဖြတ် 🟨 Step 4 Delivery method ရွေး။ payment system တွေအတွက် bank account တွေဖွင့် ။ coaching တို consulting တိုဆိုရင် zoom လား google meet လား telegram လား ဘာသုံးမှာလဲရွေး။ 🟨 Step 5 နာမည်တစ်ခုဖန်တီး တံဆိပ်တစ်ခုဖန်တီး ပြီးရင် page တစ်ခုထောင် တစ်ရက်ကို ကိုယ့် product or service နဲ့ဆိုင်တာ ၁ နာရီခြားတစ်ခါ တင် တစ်ရက်ကို အားလုံးပေါင်း ၅ ခုကနေ ၁၀ ခုခြားရှိအောင်တင် 🟨 Step 6 Frist Customer ကနေ ပထမဆုံး အယောက် ၂၀ ရလာတဲ့အခါ feedback ရအောင်ယူ ခက်ခဲနေတာတွေကို အဆင်မပြေတာတွေရှိရင်ပိုကောင်းလာအောင်လုပ် 🟨 Step 7 လုပ်ငန်းကြီးလာတာနဲ့အမျှ ဝင်ငွေရလာတာနဲ့အမျှ တရားဝင်လုပ်ငန်းဖြစ်အောင် company ကို register လုပ်။ company bank account ဖွင့် ။ ဝင်ငွေထွက်ငွေ စာရင်းကို တင်ပြပြီး SME lone လျှောက်။ လုပ်ငန်းကိုတိုးချဲ့ ။ 🟨 Step 8 ကိုယ်လုပ်နေတဲ့ အလုပ်တွေကို ကိုယ်မပါပဲ ဝန်းထမ်း or automation system တွေနဲ့ လွှတ်ထားလိုတဲ့အထိ setup လုပ် 🟨 Step 9 Cash flow ကိုသေချာသိအောင်လုပ်ပြီး လုပ်ငန်းရှင်အနေနဲ့ ဝန်ထမ်း ဖြုတ်တာ ခန့်တာ (hiring and firing ) လုပ် 🟨 Step 10 အားလပ်ချိန်ရလာတာနဲ့အမျှ Skill ဖြည့် နောက် level တစ်ခုရောက်အောင်တက်လှမ်း

မြန်မာစစ်ဘေးရှောင်များကို ကူညီနေသူတဦး ထိုင်းထီဆုကြီးဆွတ်ခူး ထိုင်းနိုင်ငံ မဲ့ဟောင်ဆောင်တွင် နေထိုင်သူ ထိုင်းအမျိုးသားတယောက်သည
မြန်မာစစ်ဘေးရှောင်များကို ကူညီနေသူတဦး ထိုင်းထီဆုကြီးဆွတ်ခူး ထိုင်းနိုင်ငံ မဲ့ဟောင်ဆောင်တွင် နေထိုင်သူ ထိုင်းအမျိုးသားတယောက်သည် ယနေ့ (၁.၇.၂၀၂၄ ) တွင် ထွက်သည့် ထိုင်းထီ ပထမဆုကြီး( ၄၃၄၅၀၃ ) ဆုကို ၅ စောင်တွဲ ဖြင့် ဘတ်သန်း ၃၀ ဆွတ်ခူးခဲ့ကြောင်းသိရသည်။ အဆိုပါထိုင်းအမျိုးသားသည့် ယခုနှစ် ၃လပိုင်းက လည်း ( ၂၅၃၆၀၃ ) ဂဏန်းဖြင့် ထိုင်းထီပထမဆုကြီး ၁၄ စောင်တွဲဖြင့် ဘတ် ၈၄ သန်းပေါက်ဖူးခဲ့သူ ဖြစ်ရာ ယခုနှစ်တွင် ပထမထီဆုကြီး ၂ကြိမ်ဆွတ်ခူး ခဲ့ရာ ဆုကြေးငွေ စုစုပေါင်း ဘတ် ၁၁၄ သန်း ရရှိခဲ့ကြောင်းသိရသည်။ ယခု ထီပေါက်သူ ထိုင်းအမျိုးသားသည် မြန်မာစစ်ဘေးရှောင်များကို ကူညီနေသူဖြစ်ကြောင်း လည်းခေါင်စွတ် မီဒီယာမှဖော်ပြသည်။

ပျော်စရာတွေရှာလိုဝသွားတဲ့အခါ လူတွေက အဓိပ္ပာယ်ရှိတာလိုက်ရှာကြတယ် ငါလုပ်ခဲ့တာတွေ အဓိပ္ပာယ်မရှိပါလား ငါဘာလုပ်ရမလဲ ဆိုတဲ့စိတ်နဲ့ပေါ့ အောင်မြင်ချင်လာတယ် လူရာဝင်ချင်လာတယ် လေးစားခံချင်လာတယ် ချမ်းသာချင်လာတယ် နေရာရချင်လာတယ် တချိုက အသိဝင်တာစောတယ် တချိုက အသိဝင်နောက်ကျတယ် တချိုက အသိတောင်ရမသွားရှာဘူး တချိုက မထူးဇတ်ပဲခင်းတော့တယ် တကယ်တော့ အဓိပ္ပာယ်ရှိတာတွေလုပ်ရင်း အဲ့ကနေပျော်ရွှင်ရတာက အကောင်းဆုံးပါပဲ

ထိုင်းထီပထမဆု ကံထူးရှင်ဖြစ်လာမယ့် မြန်မာတွေ ထီပေါက်ခဲ့ရင် လိုက်နာရန် သေချာဖတ်မှတ် လေ့လာထားကြပါ... ---------------------------
ထိုင်းထီပထမဆု ကံထူးရှင်ဖြစ်လာမယ့် မြန်မာတွေ ထီပေါက်ခဲ့ရင် လိုက်နာရန် သေချာဖတ်မှတ် လေ့လာထားကြပါ... --------------------------------- ကံထူးရှင်များဆက်သွယ်ရန်...💵💴💶💰 ....................................... MHAC မဟာမိတ်အဖွဲ့ ဖုန်းနံပါတ်များ..☎️ 📲-0888559792 📲-0649129190 📲-061 1414199 1/ ထိုင်းထီ အမြင့်ဆုံးဆုကံထူးပါက မိမိနေထိုင် လုပ်ကိုင်နေသည့် အလုပ်ရုံမှ လူအများကို လုံခြုံရေး အရ အသိမပေးရန်။ 2/ မိသားစုသဖွယ် စိတ်ချအရဆုံးမိတ်ဆွေကို ရွေးချယ်ပါ ခရီးသွားလာတတ်ပြီး အဆက်အသွယ် ရှိသော ပရဟိတအသင်းအဖွဲ့များ MHAC အဖွဲ့ဖုန်းများ အစရှိသော ကိုယ်ကျိုးမရှာဘဲ ငွေလွှဲပြောင်း ပေးနိုင်တဲ့ စိတ်ချယုံကြည်ရပြီး လုံခြုံရေးပေးနိုင်သော အဖွဲ့အစည်းများကို အမြန်ဆက်သွယ်ပါ။ 3/ ကံထူးရှင် လက်ရှိအလုပ်လုပ်နေသော နေရာမှ ထီပေါက်တာ သေချာပြီဆိုပါက အခြားနေရာ တစ်ခုသို့ လုံခြုံရေးအရ အမြန်ဆုံး ပြောင်းရွှေ့ နေထိုင်ရန်။ 4/ မိမိနေထိုင်ခွင့် အထောက်အထားများကို စနစ်တစ်ကျစစ်ဆေးပါ ပန်းရောင်ဘတ်နှင့် CI/PV/PJ/MOU အစရှိသော Passport အမျိုးအစားအလိုက် အလုပ်ပါမစ်များကို အထူး ဂရုစိုက်ပြီး စစ်ဆေးပါ၊အလုပ်ရှင်မကြာခဏပြောင်းတတ်တဲ့ လုပ်သားများ လုပ်ငန်းအခြေအနေကြောင့် မကြာခဏပြောင်းရွှေ့ လုပ်ကိုင်နေသူများ ထီပေါက်ပါက ထီလက်မှတ်နောက်ကျောမှာ အမည်ရေးခြင်းများ ဖုန်းနံပါတ် ရေးခြင်းများ လက်မှတ်ထိုးခြင်းများ မပြုလုပ်မိစေရန်။ 5/ ထီပေါက်ခဲ့ပါက ရဲစခန်းကို လုံခြုံရေးအရ သွားရောက်သတင်းပို့ခြင်းများကို အထောက်အထား များ မစစ်ဆေးရသေးခင်မှာ သတင်းမပို့မိစေရန် အထူးသတိပြုပါ။ 6/ ထိုင်းထီပထမဆုကံထူးရှင် ကိုယ်တိုင်နေထိုင်ခွင့် မရှိ အထောက်အထားမရှိခဲ့ရင်လည်း MHAC အဖွဲ့မှ ထီဆုငွေများအပြည့်အဝထုတ်ယူရရှိစေရန် ကူညီဆောင်ရွက်ပေးနိုင်ပါသည်။ 7/ ကံထူးရှင်ဖြစ်လို့ ဝမ်းသာအားရဖြစ်မိတယ် ဆိုပြီး FB ပေါ်တင်ခြင်း လူတိုင်းကို လိုက်ပြောခြင်း အခြားသူများကို မိမိထီလက်မှတ်အား ဓါတ်ပုံပေးရိုက်ခြင်းများ လုံးဝမပြုလုပ်ရ။ AAC မဟာမိတ်အဖွဲ့မှသည် ယခု MHAC မဟာမိတ်အဖွဲ့ အထိ အေအေစီ ကိုရဲမင်း မှ တာဝန်ခံပြီး ပထမဆုကြီး နှစ်စောင်တွဲ ကံထူးရှင် (5) ဦးအပါအဝင် ထိုင်းထီပထမဆုကြီး ကံထူးရှင် (50)ဦးထိ ထီဆုငွေများ ''အခမဲ့'' ကူညီထုတ်ပေးနိုင်ခဲ့ပါပြီ။ ယနေ့ ထိုင်းရောက်မြန်မာလုပ်သားများ ထိုင်းထီပထမဆုကြီးများကံထူးကြပါစေ... MHAC မဟာမိတ်အဖွဲ့ ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေး (Thailand mahachai Samutsakhon)

photo content
+1

အားလုံးပဲ မင်္ဂလာပါ ဒီနေ့မှာတော့ ပြည်ပရောက်ရွှေမြန်မာများအတွက်ငွေလွဲဆော့ဝဲလ်လေးကိုမျှဝေပေးလိုပါတယ်။ ဒီနေ့က လကုန်နေ့ ဖြစ်တာကြေ
အားလုံးပဲ မင်္ဂလာပါ ဒီနေ့မှာတော့ ပြည်ပရောက်ရွှေမြန်မာများအတွက်ငွေလွဲဆော့ဝဲလ်လေးကိုမျှဝေပေးလိုပါတယ်။ ဒီနေ့က လကုန်နေ့ ဖြစ်တာကြောင့် ကိုယ့်မိသားစုကိုငွေလွဲချင်တဲ့ မိတ်ဆွေများအတွက် ငွေဈေးအတက်အကျကို အတိအကျသိရအောင်မျှဝေပေးခြင်းဖြစ်ပါတယ်။ ဆော့ဝဲလ်လေးထဲမှာ ထိုင်း,မလေးရှား,ဂျပန်,ကိုးရီးယား,ဒူဘိုင်း တွေအပြင် အခြားနိုင်ငံပေါင်း ၂၀ကျော်အထိ ငွေဈေး အတက်အကျတွေကို အချိန်နဲ့တစ်ပြေးညီ မှန်ကန်တဲ့ ငွေဈေးအတိုင်းဖော်ပြပေးတဲ့ App လေးပါ။ ဆော့ဝဲလ်တစ်ခုထဲနဲ့ နိုင်ငံတိုင်းက ငွေဈေးတွေကို တစ်နေရာထဲမှာ ကြည့်လို့ရနိုင်မယ့် အကျိုးများစေရန်မျှဝေလိုက်ရပါတယ်။ ပြည်ပရောက်ရွှေမြန်မာများအားလုံး ငွေများများလွဲနိုင်ကြပါစေဗျ။👇😎 ငွေဈေးဆော့ဝဲလ်ကို Android နဲ့ IOS user များအတွက် ဖော်ပြပေးထားပါတယ်။ For Android - https://mm.nextworm.com/archives/4129 For IOS - https://mm.nextworm.com/archives/4135 နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/vtechguide

"စီမံခန့်ခွဲမှုနဲ့ တိုးတက်ရေးဆိုင်ရာ စာအုပ်များ" ✨ဒီနေ့‌လေးမှာတော့ BMI ကနေ အားလုံးအတွက် အကျိုးရှိစေမယ့် စီမံခန့်ခွဲမှုအပိုင်းနဲ့ တိုးတက်ရေးဆိုင်ရာ စာအုပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင့်။ - မောင်ကြည်သန့် ခေါင်းဆောင်ဟောင်းများမှ ခေါင်းဆောင်လောင်းများသို https://www.mediafire.com/download/sd93moeus833nve - ဖေမြင့် ဦးနှောက်တွင် ရင်းနှီးမြှုပ်နှံပါ https://yadi.sk/i/xUE0MVLN3aqLn4 - ဒေါက်တာဉာဏ်ဟိန်းလတ် Virgin တံဆိပ်ဖန်တီးရှင်၏ စီးပွားရေးလုပ်နည်းလုပ်ဟန် https://www.mediafire.com/download/9i5nth9gpuqghqc - ဖေမြင့် ခေါင်းဆောင်စိတ် ခေါင်းဆောင်အတွေး https://yadi.sk/i/dfXRdi7E3aqLq2 - ဦးကြည်မြင့် စီးပွားရေး ထင်တစ်လုံးအမှားနှင့်ကျင့်ထုံးများ https://www.mediafire.com/download/s7ne04uv8rtzm41 - ဖေမြင့် စီးပွားရေးတွေးခေါ်ရှင်များ https://yadi.sk/i/TG5S8S6Y3aqL2A - သတိုးနွယ် ဘာကြောင့် ထိပ်တန်းမရောက်တာလဲ https://www.mediafire.com/download/qd8gcs3usczul1s - ဖေမြင့် မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား https://yadi.sk/i/ivC2o0C03aqJpe - ခင်မောင်ညို (ဘောဂဗေဒ) ကိုယ့်နောက်က လိုက်နေသည့်ငွေ https://www.mediafire.com/download/6b5tzfm17zf5z56 - အောင်သစ် အထက်တန်းကျတဲ့စိတ် https://www.mediafire.com/download/z2uji2c4uy92tzg *မူရင်း link တင်သူများအား credit ပေးပါသည်*

သင်တန်းတွေ ဖွင့်ပြီး သင်နေကြတာလည်း ဒီစာတွေပဲနော် ။ ကိုယ်ကသာ တစ်ကယ် တတ်ချင်တယ် ကွန်ပြူတာအခြေခံကို ပိုင်နိုင်ချင်တယ် ဆိုရင်တော့
သင်တန်းတွေ ဖွင့်ပြီး သင်နေကြတာလည်း ဒီစာတွေပဲနော် ။ ကိုယ်ကသာ တစ်ကယ် တတ်ချင်တယ် ကွန်ပြူတာအခြေခံကို ပိုင်နိုင်ချင်တယ် ဆိုရင်တော့ ဒီဆော့ဝဲလ်လေး မှာ သင်ပေးတာတွေကို သေချာလိုက်လုပ် ရင် ကျွမ်းကျင်သွားပါလိမ့်မယ်။ ရုံးမှာ အလုပ်လျှောက် တဲ့နေရာတွေလည်း မျက်နှာ မငယ်ဘူး။ ကျောင်းသား ကျောင်းသူတွေဆိုရင်တော့ ပိုပြီးတော့တောင် အသုံးဝင်သေးတယ်။ ဘာသင်ချင်လဲ ကွန်ပြူတာနဲ့ပတ်သတ်တာအားလုံးဒီမှာရှိတယ်။ ။ အားလုံးကျန်းမာချမ်းသာလိုရာပြည့်ကြပါစေ။ဆော့ဝဲလ်ဒေါင်းရန်လင့် - For Android - https://bit.ly/4bTJDO0 For IOS - https://bit.ly/4bNOTSY နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023

MPT သုံးစွဲသည့် မိတ်ဆွေများ! *2006*5# နှိပ်ပါ။ (၇) ရက်အတွင်း အသုံးပြုနိုင်သော 500 MB ရပါတယ်။ ဇွန်-၂၉ မှ ဇူလှိုင်-၇ နေ့ အထိသာ။

အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ ပြည်ပနိုင်ငံတွေမှာ အသုံးများတဲ့ Line အကောင့်ဖွင့်နည်းကိုဖော်ပြပေးသွားပါမယ်။ Line ကို မြန်မာ
+8
အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ ပြည်ပနိုင်ငံတွေမှာ အသုံးများတဲ့ Line အကောင့်ဖွင့်နည်းကိုဖော်ပြပေးသွားပါမယ်။ Line ကို မြန်မာမှာ အသုံးနည်းပေမယ့် ပြည်ပနိုင်ငံတွေမှာတော့ အရမ်းကိုအသုံးများပါတယ်။ အထူးသဖြင့် ထိုင်းမှာ ပိုအသုံးများပါတယ်။ ဘယ်လိုနေရာတွေမှာသုံးကြသလဲ? Line App လေးက Viber လို အချင်းချင်းဆက်သွယ်ဖို ဖန်တီးထားတဲ့ App လေးပါ။ ပြည်ပနိုင်ငံတွေမှာ စတိုးဆိုင်လေးတွေကအစ ကုမ္ပဏီကြီးတွေအထိ Line App ကိုတွင်တွင်ကျယ်ကျယ်ကိုသုံးကြပါတယ်။အဓိက ကတော့ အလုပ်လျောက်တဲ့နေရာတွေ၊ ကျောင်းအဖွဲစည်းတွေမှာ ပိုအသုံများကြပါတယ်။ဒါကြောင့် မိတ်ဆွေမှာ Line App မရှိသေးဘူးဆိုရင် အကောင့်ဖွင့်ထားဖို အကြံပေးလိုပါတယ်။ အကောင့်ဖွင့်နည်းကိုလည်း ပုံနဲ့တစ်ကွ တစ်ဆင့်ချင်းဆီ ဖော်ပြပေးထားပါတယ်။မိတ်ဆွေများအားလုံး အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးပွားကြပါစေ။ Line App Latest Version For Android- https://mm.nextworm.com/archives/3516 For IOS- https://mm.nextworm.com/archives/3520 နည်းပညာစိတ်ဝင်စားသူများ Join ထားသင့်တဲ့ Channel Link- https://t.me/techworlds2023

Youtube Handle မှာ ဘာသာစကားပေါင်း ၇၅ မျိုးထိ အသုံးပြုခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ကံကောင်းစွာနဲ့ဘဲ အသုံးပြုခွင့်ပေးလိုက်တဲ့ ဘာသာစကားထဲမှာ မြန်မာဘာသာစကားလုံး ပါဝင်လာပါတာယ်။ ဒါကြောင့် ကိုယ့်ရဲ့ Youtube handle လင့်ကို အင်္ဂလိပ်ဘာသာစကားကနေ မြန်မာဘာသာစကားအနေဖြင့်လည်း ပြောင်းလဲလို့ ရသွားပြီ ဖြစ်ပါတယ်။ Handle ကို သုံးလိုက်ခြင်းအားဖြင့် ကိုယ့်ရဲ့ Youtube Channel ကို သူများကို Share ပေးတဲ့အခါ လင့်တွေက အရင်လို အရှည်ကြီးတွေ မဟုတ်တော့ဘဲ မှတ်မိရလွယ်ကူတဲ့ လင့်ပုံစံမျိုးနဲ့ မျှဝေနိုင်မှာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော မြန်မာနိုင်ငံသားတွေအတွက် Scholarship ရှာရတာ အလွယ်ဆုံး website နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဓိကကတော့ filter နဲ့ရှာလို့ရတော့ ကိုယ် study လုပ်ချင်တဲ့ နယ်ပယ်၊ နိုင်ငံ ၊ scholarship စသဖြင့်ကို လွယ်လင့်တကူ ရှာဖွေလို့ရပါတယ်။ ဉပမာ - Nationality နေရာမှာ Myanmar လို့ရိုက်ထည့်လိုက်တာနဲ့ မြန်မာနိုင်ငံသားတွေကို ပေးတဲ့ Scholarship တွေတန်းစိပြီး ကျလာပါလိမ့်မယ်။ အားလုံး အဆင်ပြေကြပါစေဗျာ။ Link: https://www.wemakescholars.com/scholarships-for-burmese...

ကိုယ့်ကိုယ်ကို နှိမ့်ချလိုက်တာက မာန်မာန ထောင်လွှားတာထက်စာရင် အများကြီး အကျိုးရှိပါတယ်

မလေးရှားကို ရောက်နေတဲ့ ရွှေမြန်မာတွေအတွက် အရမ်းကို အသုံးဝင်မယ့် မလေးရှားဘာသာ ဘာသာပြန်ဆော့ဝဲလ်ကောင်း ဘာကြောင့်သုံးသင့်လဲ? - မလ
မလေးရှားကို ရောက်နေတဲ့ ရွှေမြန်မာတွေအတွက် အရမ်းကို အသုံးဝင်မယ့် မလေးရှားဘာသာ ဘာသာပြန်ဆော့ဝဲလ်ကောင်း ဘာကြောင့်သုံးသင့်လဲ? - မလေးကိုရောက်နေသူတွေ မလေးသွားဖို မလေး စကားလေ့လာနေသူတွေ အတွက် မိမိသိချင်တဲ့ စကားလုံးကိုမြန်မာလိုရိုက်လိုက်ရုံနဲ့ မလေးလို ဖော်ပြပေးမယ့်အပြင် အသံထွက်ကိုပါ ဖော်ပြပေးတာကြောင့် အတော်လေး အဆင်ပြေစေမှာပါ။ -ဒါတင်ပဲလားဆိုတော့ ဒီထက်ပိုကောင်းတာက အသုံးများတဲ့ စကားစုတွေကိုဖော်ပြပေးထားတာမို ဘယ်လိုအခြေအနေမှာဘယ်လိုပြောသင့်လဲကအစ မှတ်သားနိုင်မှာပါ။ တိုင်းတစ်ပါးမှာ ဘာသာစကားကအရေးကြီးပါတယ်၊ ဘာသာစကားကျွမ်းကျင်ထားရင် ကိုယ့်ကို ဘယ်သူမှ လိမ်လိုမရသလို အလုပ်မှာလည်း နေရာတစ်နေရာ အမြန်ရနိုင်ပါတယ်။ရွှေမြန်မာများအကျိုးများစေရန်မျှဝေလိုက်ရပါတယ်။ အားလုံးပဲ အိမ်ကို ပိုက်ဆံများများ လွဲနိုင်ကြပါစေဗျ။ဆော့ဝဲလ်ကိုဒီမှာဒေါင်းယူပါ - https://mm.nextworm.com/archives/1494 ဆော့ဝဲလ်ဒေါင်းနည်းကို VD နဲ့ဖော်ပြပေးထားပါတယ် - https://fb.watch/n0fjiuMH-D/

ကိုယ်ပေးတဲ့ service က - ထိရောက်မှုရှိရင် - တော်ရုံcopy ကူးလိုမရရင် - စနစ်တကျရှိရင် - အားသာချက်တွေကိုပြောပြနိုင်ရင် သူများထက်ဈေးပိုကြီးလိုရတယ် ဘာပညာမှမရှိ ဘာနည်းစနစ်မှမကျ ဘာပြဿနာမှမရှင်းနိုင်ရင်တော့ အရင်းပါပြုတ်ဖိုများတယ်

ကိုယ်ရဲ့ဖုန်းထဲမှာ အရေးကြီးတဲ့ ဓာတ်ပုံ၊ ဗီဒီယိုအပါအဝင် လူသိမခံလိုတဲ့ App တွေကိုဝှက်ထားလိုရမယ့် ဆော့ဝဲလ် (၄)မျိုးကိုတင်ဆက်ပေးလ
ကိုယ်ရဲ့ဖုန်းထဲမှာ အရေးကြီးတဲ့ ဓာတ်ပုံ၊ ဗီဒီယိုအပါအဝင် လူသိမခံလိုတဲ့ App တွေကိုဝှက်ထားလိုရမယ့် ဆော့ဝဲလ် (၄)မျိုးကိုတင်ဆက်ပေးလိုက်ပါတယ်။ အသုံးပြုနည်းတွေကလည်း လွယ်ကူပါတယ်၊ ကိုယ်ကြိုက်နှစ်သက်ရာ လျိုဝှက်နံပါတ်ပေးပီး ကိုယ်ဝှက်ချင်တဲ့ ဆော့ဝဲလ်၊ ဓာတ်ပုံ၊ ဗီဒီယိုတစ်ခုကိုရွေးလိုက်ရင်ရပါပြီ။ အာလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။ App Hider For Android https://mm.nextworm.com/archives/4790 App Hider For IOS https://mm.nextworm.com/archives/4794 . Hyde App For Android https://mm.nextworm.com/archives/4804 Hyde App For IOS https://mm.nextworm.com/archives/4808 . Vault For Android https://mm.nextworm.com/archives/2266 VAUL For IOS https://mm.nextworm.com/archives/4799 . Calculator App Hider For Android https://mm.nextworm.com/archives/4545 Calculator App Hider For IOS https://mm.nextworm.com/archives/4549

အသက်ကြီးတိုင်းရင့်ကျက်လာတာမဟုတ်ဘူး ၅၀ ကျော်ထိကလေးဆန်နေတဲ့သူတွေအများကြီး ၂၀ ကျော်နဲ့ လူကြီးဖြစ်နေသူတွေလဲအများကြီး ရင့်ကျက်မှုကိုဖြစ်စေတဲ့ R ၄ ခုရှိတယ် Risk - အရဲစွန့်ပြီး လုပ်ခဲ့တာတွေ Responsibility - တာဝန်ယူမှု တာဝန်ခံမှုတွေ Reasoning - ဝေဖန်ပိုင်းခြားနိုင်စွမ်းတွေ Real - ကိုယ့်ကိုယ်ကို မလိမ်ပဲနေတာတွေ ဒီ ၄ ခုပေါ်မှာမူတည်တယ် လူကြီးဆန်တဲ့သူတွေကတော့ ပိုနားလည်မယ်ထင်ပါတယ်

ChatGPT Desktop App သုံးခွင့်ပေးလိုက်ပါပြီ။ Mac မှာအရင်လိုကျော်ခွသုံးစရာမလိုတော့ပါဘူး လူတိုင်းကိုသုံးခွင့်ပေးလိုက်ပါပြီ။ ပန်း
ChatGPT Desktop App သုံးခွင့်ပေးလိုက်ပါပြီ။ Mac မှာအရင်လိုကျော်ခွသုံးစရာမလိုတော့ပါဘူး လူတိုင်းကိုသုံးခွင့်ပေးလိုက်ပါပြီ။ ပန်းသီးအချစ်တော်များ Down ထားလိုက်တော့ ChatGPT Desktop App ဒေါင်းရန်လင့်- https://mm.nextworm.com/archives/4771

Repost from V Tech Guide
ကိုးရီးယားမှာ ရထားစီးဖို့အတွက် ရထားလမ်းပြမြေပုံဆော့ဝဲတစ်ခု တော့လိုအပ်ပါတယ်။ ဒီဆော့ဝဲကို ဆောင်ထားလိုက်မယ်ဆိုရင် ကိုယ်သွားချင်တ
ကိုးရီးယားမှာ ရထားစီးဖို့အတွက် ရထားလမ်းပြမြေပုံဆော့ဝဲတစ်ခု တော့လိုအပ်ပါတယ်။ ဒီဆော့ဝဲကို ဆောင်ထားလိုက်မယ်ဆိုရင် ကိုယ်သွားချင်တဲ့ ခရီးကို ထောက်လိုက်တာနဲ့ ဘယ်ဘူတာကနေပြီးတော့ စီးရမယ် စသည်ဖြင့် ပြပေးပါတယ်။မလိုအပ်ပဲနဲ့ ငွေကုန်ကြေးကျ မများပဲ ခရီးရောက်မယ့်အထောက်ကူပြု ဆော့ဝဲဖြစ်တာကြောင့် ကိုးရီးယားက ရွှေမြန်မာတွေအနေနဲ့ ဆောင်ထားသင့်ပါတယ်။ ရထားမြေပုံဆော့ဝဲ ‌ရယူရန် နှိပ်ပါ For Android -https://mm.nextworm.com/archives/2690 For IOS- https://mm.nextworm.com/archives/2873

Repost from V Tech Guide
ထိုင်း ကို ရောက်လာပြီး Taxi စီးမတတ်သေးတဲ့သူများဆောင်ထားသင့်တဲ့ဆော့ဝဲ ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို မြေပုံမှာ ထောက်လိုက်တာပြ
ထိုင်း ကို ရောက်လာပြီး Taxi စီးမတတ်သေးတဲ့သူများဆောင်ထားသင့်တဲ့ဆော့ဝဲ ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို မြေပုံမှာ ထောက်လိုက်တာပြီး Taxi Driver တစ်ယောက်ကို ရွေးလိုက်တာနဲ့ အဲ့ဒီ Taxi က ကိုယ့်ဆီကို ရောက်လာမှာပဲဖြစ်ပါတယ် ဒါတောင် ကိုယ် စီးမယ့်ကားက ရိုးရိုးလား ၊ ဇိမ်ခံကားလား ၊ ဆိုင်ကယ်လား ? စသဖြင့် ရွေးချယ်နိုင်မှာဖြစ်ပြီး Taxi ခ ဘယ်လောက်ကျသလဲဆိုတာကိုပါ ပြပေးပါလိမ့်မယ် ဒီဆော့ဝဲထဲက Driver တွေအားလုံးဟာ ကိုယ့်ရဲ့ ကိုယ်ရေး ရာဇဝင်တွေ သေချာဖြည့်ထားရတဲ့အတွက် အလိမ်အညာ ၊ လုံခြုံစိတ်ချမှု ကတော့ ပူနေစရာမလိုတော့ပါဘူး။ ဆော့ဝဲကိုဒီမှာဒေါင်းယူပါ - https://mm.nextworm.com/archives/2622