6 328
Подписчики
-1224 часа
-597 дней
-19930 день
Архив постов
6 325
Potential doesn’t mean shit if you don't do the work.
အလုပ် တကယ်မလုပ်ရင်
ဖြစ်နိုင်ခြေ ရှိတာတွေရော ၊ အလားအလာ
ရှိတာတွေရောက အလကားပဲနော် ။
လူတွေရဲ့ ကိုယ့်အပေါ် ပေးတဲ့
"မင်းက ဖြစ်နိုင်ခြေ ရှိတယ် ၊ အလားအလာရှိတယ်"
ဆိုတဲ့အပေါ် မှာပဲ ဖီးလ်တတ် မနေပါနဲ့ ။
အလုပ် တကယ်လုပ်ပါ ၊
အလုပ်တကယ် လုပ်မှ သူတိုပြောသလို အလားလာတွေ တကယ်ရှိလာမှာပါ ။ အိမ်မက်အကြီးကြီးတွေ ဖြစ်လာမှာပါ ။
မဟုတ်ရင်
ကျနော့်အဖေ ပြောလေ့ရှိသလို “မုန့်ဆီကြော်က ဘယ်ဆီနေမှန်း မသိ” ဆိုတာမျိုး
အိုင်ဒီယာတွေ ၊ လုပ်ချင်တာတွေ ပဲ ထိုင်ပြောပြီး အကောင်အထည် မဖော်တော့ လေထဲမှာတင် ပျောက်သွားသလို မဖြစ်အောင် တကယ် အကောင်အထည်ဖော်ပါ ၊
တကယ် လုပ်ကြည့်ပါ ။
6 325
တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ အသိုင်းအဝိုင်းနဲ့လည်း ဆိုင်တယ်။
ကိုယ့်တိုးတက်ရာတိုးတက်ကြောင်းကို အလေးထားတာ၊ ကိုယ့်ဘ၀အတွက်ကြိုးစားဖို အချိန်ပေးတာ၊ ကိုယ့်ကိုကိုယ်ချစ်တာတွေကို တချိုလူတွေက တစ်ကိုယ်ကောင်းဆန်တာလိုမြင်တယ်။
ဒါမဲ့ တကယ်ဘ၀တက်လမ်းအတွက် ကြိုးပမ်းနေကြတဲ့အသိုင်းအဝိုင်းမှာတော့ ဒါကိုတစ်ကိုယ်ကောင်းဆန်တယ်လိုမမြင်ဘူး။
အစွန်းမရောက်တတ်ဖိုတော့ အရေးကြီးတယ်။
တစ်ခုတော့ရှိတယ်၊ ကိုယ်က မိသားစုကိုထောက်ပံ့နေရတဲ့သူ၊ တာ၀န်ယူနေရတဲ့သူမျိုးဖြစ်နေတယ်
မှီခိုနေတဲ့သူတွေကလည်း ကိုယ်လဲကျသွားတာနဲ့ တစ်ပြုံကြီးလိုက်လဲကျမယ့်သူတွေချည်းပဲဆိုရင် ကိုယ့်ဘ၀ကိုလဲမကျသွားရအောင် ထိန်းထားတာ၊ဂရုစိုက်တာကို တစ်ကိုယ်ကောင်းဆန်တယ်လိုမခေါ်ဘူး။
ဒီလိုမျိုး ကိုယ့်ကိုကိုယ်ဂရုစိုက်လိုက်တာက အခြားသူတွေအတွက်လည်း ဂရုစိုက်ရာရောက်စေတယ်။
6 325
မကြာခဏကိုယ့်ကိုယ်ကို
အချိန်ပေးပြီး reflect လုပ်တဲ့သူတွေက
သူများထက် clarity ရှိတဲ့အတွက်
ကောင်းစွာလုပ်ဆောင်နိုင်လေ့ရှိတယ်
ဒီနေ့က ၁၀ ရက် ၁၀ လ မှာ
ကိုယ့်ကိုယ်ကိုမေးကြည့်ရမယ့် အရာ ၁၀ ခု
မျှဝေပေးလိုက်ပါတယ် 🫰🏻
၁. ငါအခုအရွယ်ထိ ဘဝမှာ လုပ်ခဲ့တာတွေထဲက
က်ုယ့်ကိုယ်ကို ဂုဏ်အယူရဆုံးက ဘယ်တစ်ခုလဲ?
၂. လက်ရှိသူငယ်ချင်းတွေကို
ဘယ်အရာတွေကိုကြည့်ပြီး
ငါသူငယ်ချင်းလိုသတ်မှတ်ခဲ့သလဲ ?
၃. ပိုက်ဆံကသာ ပြဿနာမဟုတ်ဘူးဆိုရင်
အခုအချိန်မှာ ငါအလုပ်ချင်ဆုံးကဘာလဲ ?
၄. ကိုယ်လေးစားရတဲ့ သူတွေမှာ
ကိုယ့်မှာမရှိသေးတာဘာတွေရှိနေလဲ ?
၅. ပြောင်းလဲမှုကြီးကြီးမားမား
ဘယ်တုန်းကနောက်ဆုံးလုပ်ခဲ့လဲ ?
၆. ငါမိဘတွေ ကျေးဇူးရှင်တွေကို
လုပ်ပေးချင်တာတွေလုပ်ပေးပြီးပြီလား ?
၇. ဘယ်အရာတွေစွဲလမ်းမိနေသလဲ ?
ဖြတ်လိုရောရနိုင်လား ?
၈. မနက်နိုးလာရင်ရခေါင်းထဲအရင်ဆုံး
ဝင်လာလေ့ရှိတဲ့ အတွေးကဘာများလဲ ?
၉. နောက် ၅ နှစ်မှာ ဘယ်လိုလူဖြစ်ချင်လဲ ?
၁၀. ဒီနေ့သေရမယ်ဆိုရင်
မသေခင်ဘာတွေလုပ်သွားချင်လဲ ?
6 325
👩💻👨လူဆိုတာ 👨👨💼
🕵️ ရှာထားတဲ့ငွေကြေး ကုန်သွားရင် ပြန်ရှာလို့ရတယ် 💵
နာမည်ပျက်သွားရင်တောင် ပြန်ပြင်လို့ရသေးတယ်🗣️
❤️ စိတ်ဓာတ်က ကောက်ကျစ်ယုတ်မာရင် လမ်းဆုံးပီး🛣️
6 325
တော်တဲ့သူတွေဆိုတာ
အကြောင်းမဲ့ တော်လာတာမဟုတ်ဘူး
သူတိုမှာ တော်လာစေတဲ့
- အကျင့်
- စိတ်ဓါတ်
- နည်းစနစ်
- ခံယူပုံနဲ့
- လောကအမြင်တွေရှိတယ်
ဒါတွေကို သင်ယူလေ့လာပြီး
ကိုယ့်ဘဝမှ လက်တွေကျင့်သုံးလေလေ
ကိုယ့် ဘဝရဲ့ qulity လဲ
ကောင်းလာလေလေပဲ
6 325
လူငယ် ၃ မျိုး ရှိတယ်။
လူငယ် ( ၁ )
ဒီလူငယ်တွေက ဘာမှမလုပ်တဲ့ လူငယ်ဖြစ်တယ် ။ သမီးရည်းစား ကိစ္စနဲ့တင် အချိန်တွေ ပုပ်နေတယ်။ မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေတယ်။
လိုတာထက်ပိုပြီးတော့ လမ်းပျောက်နေတယ်။ ဒီလူငယ်တွေအတွက် ဘာမှထွေထွေထူးထူး ပြောစရာကို မရှိဘူး။
သူတိုမှာ ရည်မှန်းချက်မရှိဘူး။ အနာဂတ်အတွက် တွေးပူတာမျိုး ၊ ပြင်ဆင်တာမျိုးလည်း မရှိဘူး။ နောင်ခါလာ နောင်ခါစျေး လူငယ်ဘဝ ပျော်ပျော်ပဲ နေလိုက်ဆိုတဲ့
လူငယ်တွေ ဖြစ်တယ်။
လူငယ် ( ၂ )
Fake Busy Dreamer
အလုပ်မဟုတ်တာကို အလုပ်လို ထင်နေတဲ့ လူငယ်တွေဖြစ်တယ်။
ဒီလူငယ်တွေက အလုပ်မလုပ်တာတော့ မဟုတ်ဘူး လုပ်တယ်။အလုပ်များနေပါတယ်ဆိုတဲ့ ပုံစံလည်း ပေါက်တယ်။
မိုတီဗေးရှင်း video တွေကြည့်တာကို အလုပ်လုပ်တယ်ထင်တာတို ၊ Note-taking ရေးတာ Free Seminar တွေတက်တာကို အလုပ်လုပ်တယ် ထင်တာတို ဖြစ်တယ်။
သူတို အချိန်တွေဖြုန်းနေတယ်လို မခံစားရဖိုကို သူတို အလုပ်လို ထင်တာတွေကို လုပ်နေခြင်းဖြစ်တယ်။
သူတိုကိုယ် သူတို အလုပ်လုပ်နေတယ်လို ခံစားရအောင် ၊ သက်တူရွယ်တူ အခြားသူတွေရဲ့ကြား social status တစ်ခု ရဖို အရေးမပါတာတွေလုပ်ပြီး အလုပ်ရှုပ်နေကြတဲ့ လူငယ်တွေဖြစ်တယ်။
လူငယ် ( ၃ )
ဒီလူငယ်တွေကတော့ တကယ် Builder ( တည်ဆောက်နေသူ )တွေဖြစ်တယ်။
သူတိုက တိတ်ဆိတ်ပြီးကြိုးစားသူ ဖြစ်ရင်ဖြစ်မယ်။
အသံကျယ်ပြီး ကြိုးစားသူ ဖြစ်ရင်ဖြစ်မယ်။
ကိုယ်လိုချင်တဲ့ Skills ( အရည်အချင်းတွေ ) ၊ ကိုယ်လိုချင်တဲ့ ပန်းတိုင်အတွက် လုံးဝအဆက်မပြတ် အားထုတ်နေသူတွေ ဖြစ်တယ်။
အံကြိတ်ပြီး ကြိုးစားနေတဲ့သူတွေ ဖြစ်တယ်။ ဖြစ်နိုင်တဲ့ အရာတွေအပေါ်မှာ လိုက်အားထုတ်နေတယ်။
ကိုယ့်ထက်ကြမ်းတဲ့ လူသစ်တွေနှင့် လိုက်တွေ့နေသူတွေ ၊
အခွင့်အလမ်းတွေကို လိုက်ရှာနေသူတွေ ၊
ဘယ်သူမှ တံခါးလာခေါက်တာကို မစောင့်ဘူး ၊ ကိုယ်တိုင်က တံခါးသွားခေါက်သူတွေ ဖြစ်တယ်။
ဒီလူငယ်တွေက တကယ် Builder ( တည်ဆောက်သူ )တွေဖြစ်တယ်။
အခု မသိသာရင်တောင် ၁နှစ်ကြာပြီးနောက် အရမ်းကို သိသာပါတယ် သူတိုရဲ့ တိုးတက်ဖွံဖြိုးမှုနှုန်းတွေက ။
သင်ကကော ဘယ်လူငယ်တွေထဲမှာ ပါဝင်နေလဲ ။
6 325
တစ်ခုခု လုပ်မယ်လို စိတ်ကူးတာက
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ
တစ်ခုခုလုပ်ဖို schedule လုပ်တာကလဲ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ
Todo list ထဲမှာလုပ်စရာတွေထည့်တာလဲ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ
လူတွေကို ငါဒါလုပ်တယ်မယ်လိုပြောတာလဲ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ
သူငယ်ချင်းတွေကို ငါလုပ်ပြီလိုပြောတာလဲ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ
ဘယ်လိုလုပ်မယ်ဆိုတာကို လိုင်းပေါ်တင်တာလဲ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ
စ မလုပ်သေးတဲ့ ကိုယ့်ကိုယ်ကိုအပြစ်တင်တာလဲ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ
လုပ်ပြီးသွားတဲ့သူတွေကို မုန်းတာလဲ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ
ကြုံရမယ့်အခက်အခဲတွေကိုမုန်းတာလဲ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ
လုပ်ပြီးရင် ရလာမယ့် result ကိုတွေးတာလဲ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ
ဘယ်လိုလုပ်ရမလဲစာဖတ်တာကလဲ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ
သူများဘယ်လိုလုပ်ခဲ့တာကို ဖတ်တာလဲ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာမဟုတ်ပါ
တကယ်လုပ်ရမယ့်အရာကို အမှန်တကယ်လုပ်တာမှ
တကယ်လုပ်ရမယ့်အရာကို လုပ်နေတာပါမိတ်ဆွေ 🫰🏻
6 325
နောက်ကျောကိုဓါးနဲ့ထိုးခံဖူးရင်
ကျောလုံဖို သတိပိုထား
ကျောမာလာဖိုကျင့်
မဟုတ်ရင် ထိုးကောင်းမှန်းသိရင်
လူတွေက မကြာခဏလာထိုးလိမ့်မယ်
အဲ့ကြရင်သူတိုအမှားမဟုတ်တော့ဘူး
ကိုယ်ညံ့တာဖြစ်သွားပြီ
6 325
ဖုန်းကို ဘုရားလိုသုံးပြီး
ဘုရားကိုဖုန်းလိုသုံးတဲ့
ခေတ်ကြီးတောင်ရောက်လိုနေပြီ
ဖုန်းလေးကိုနေ့စဉ်အားသွင်းကြိုးနဲ့ဆွမ်းကပ်
လိုအပ်တာလေးတွေဖြည့်ဆည်းပေး
ကာဗာလေးတွေနဲ့ သေချာကိုင်
ဖုန်းမရှိရင် ဘဝက အဓိပ္ပာယ်မဲ့သလိုခံစား
ဘုရားကြတော့ လိုချင်တာရှိမှ
ဖုန်းလှမ်းဆက်သလိုလှမ်းတောင့်တတာမျိုး
6 325
သူများတွေဘာထင်မလဲ
တွေးပူပြီးဘာမှသေချာမလုပ်ဖြစ်ဘူးဆိုတာ
တော်တော်အားယား အလုပ်မရှိ
ရည်ရွယ်ချက်မရှိ ပညာမရှိ
အားနေရင် သူများအကြောင်း
ထိုင်ပြောနေတတ်တဲ့
ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရလိုပဲ
တကယ်အလုပ်လုပ်တဲ့သူ
ရည်ရွယ်ချက်ကြီယတဲ့သူ
ပညာကြီးမားတဲ့သူတွေနားမှာနေကြည့်ရင်
သူတိုမှာ သူများဘာထင်မလဲ
တွေးမပူတာတွေ့ရလိမ့်မယ်
ကိုယ်က တွေးပူတတ်တဲ့ သူဆိုရင်
ကိုယ့်အတွက်ကိုယ်သာ တိုးတက်ဖိုသာ
သေချာအချိန်ပေးလိုက်
တွေးပူတာတွေလျော့လာမယ်
6 325
လွန်ဆွဲနေတဲ့ စိတ်တွေကြောင့်
ဘယ်မှမရောက်ပဲဖြစ်နေတာများတယ်
အောင်မြင်ချင်စိတ်တော့ရှိတယ်
အသုံးမကျတဲ့ သူငယ်ချင်းတွေကိုလဲချစ်တယ်
စွန့်စားပြီး တခြားနိုင်ငံတွေသွားချင်တယ်
ကြည့်ရှူရမယ့် မိဘတွေကရှိနေတယ်
စိတ်ဝင်စားတယ်လုပ်ကြည့်ချင်တယ်
အခက်အခဲတွေ ခေါင်းစားတာတွေတော့မခံချင်ဘူး
အလုပ်ကောင်းကောင်းလိုချင်တယ်
အောက်ခြေကနေစဖို့မလုပ်ချင်ဘူး
အစရှိတဲ့ ပြောင်းပြန် အစွန်း ၂ဖက်
ဆွဲအားတွေကြောင့် စိတ်ပျက်ရရင်
လိုချင်မှုတိုင်းအတွက်
ပေးဆပ်မှုရှိမှရမယ်ဆိုတာသတိရပါ မိတ်ဆွေ
6 325
ဘယ်တော့မှ မရှုးတဲ့
investment formula
( S + K + N ) x E = V
S - Skills
K - Knowledge
N - Network
E - Effort
V - Value
ကိုယ့်ရဲ့ skill , knowledge နဲ့
Network တွေအတွက်
လိုအပ်တဲ့ အားစိုက်ထုတ်မှုတွေ
Invest လုပ်လိုက်မယ်ဆိုရင်
Value ရှိတဲ့လူသားဖြစ်လာမယ်
ကိုယ့်ကိုယ်ကိုအတွက်
ရင်းနှီးမြှုပ်နှံလိုက်တာက
ဘယ်တော့မှ ရှုးတယ်လိုမရှိဘူး
6 325
လူတွေခန့်မှန်းလိုမရအောင်
နေတာကောင်းတယ်
ပုံမှန်လူတွေက ဒါဖြစ်ရင်ဒါလုပ်
ဒီလမ်းလျှောက်ဒီရောက်
စတဲ့ ရိုးရှင်းတဲ့ပုံစံနဲ့သွားတယ်
တကယ်တော့ အဲ့ဒီလို ပုံစံခွက်ကြီးနဲ့
သွားရမယ်လို ဘယ်သူမှ
ဥပဒေမထုတ်ထားဘူး
ပုံစံခွက်ထဲကကွဲထွက်အောင်လုပ်ပြီး
အောင်မြင်နေတဲ့သူတွေ
ပတ်ဝန်းကျင်မှာမှ အများကြီး
သီချင်းဆိုတဲ့ ဆရာဝန်
မင်းသားလုပ်တဲ့ rapper
Coffee ဆိုင်ဖွင့်တဲ့ engineer
အဝတ်ရောင်းတဲ့ DJ
Public speaking ပြောတဲ့ Tech သမား
ကိုယ့်ကိုယ်ကို ဘောင်ခတ်မထားရင်
သွားလိုရတဲ့လမ်းတွေမှအများကြီး
အရေးကြီးတာ ကိုယ်လုပ်တဲ့နယ်ပယ်မှာ
အဖြစ်ရှိအောင်လုပ်ဖိုပဲလိုတယ်
မထူးဇာတ်ခင်းပြီး မကြိုက်တာကြီးကို
ဖျစ်ညှစ်ပြီး တစ်သက်လုံးလုပ်နေဖိုမလို
Be a paradox 🪄
6 325
1) ဘာမဆို ဖြေရှင်းပေးနိုင်တဲ့ Chatgpt.com
2) အသံကို စာသားပြောင်းပေးတဲ့ RecCloud.com
3) ပန်းချီပုံတွေ ဖန်တီးပေးနိုင်တဲ့ MidJourney.com
4) ကုဒ်ရေးပြီး အလုပ်လုပ်ပေးတဲ့ Replit.com
5) AI ဗီဒီယိုတွေ ဖန်တီးပေးတဲ့ Synthesia.ai
6) စက္ကန့်ပိုင်းအတွင်း သီချင်းဖန်တီးပေးတဲ့ Soundraw.io
7) စာသားကို ဗီဒီယိုတွေအဖြစ် ပြောင်းပေးတဲ့ Fliki.ai
8 ) AI ပုံတူတွေ ဖန်တီးပေးတဲ့ Starry.ai
9) ဓာတ်ပုံတွေကို မြန်မြန်ပြင်ဆင်ပေးတဲ့ PicWish.com
10) Presentation တွေ ပြုလုပ်ပေးတဲ့ SlidesAI.io
Thank me later!!
6 325
ကိုယ်လုပ်နေတဲ့အလုပ်ကို
မိဘက ၁၀၀% support ပေးရင်
သင်ဟာသိပ်ကိုကံကောင်းတဲ့သူဖြစ်တယ်
- တချိုက မိဘကသဘောမတူဘူး ( ၀ % )
- တချိုက မိဘက ပိုက်ဆံတော့ ထုတ်ပေးတယ်သိပ်အကြိုက်ကြီးမဟုတ်ဘူး ( ၅၀ % )
- တချိုက ပိုက်ဆံလဲထုတ်တယ်
ဂုဏ်လဲယူတယ် ကိုယ်တိုင်လဲ
ပါဝင်ကူညီတယ် ( ၁၀၀ % )
အများစုကတော့ ကံမကောင်းကြဘူး
မိဘတွေမှာလဲ မိဘအတ္တလေးတွေရှိတော့
သူတိုလိုချင်တာ လုပ်ချင်တာ
ဖြစ်ချင်တာမလုပ်ရင်
သားသမီးဆိုးလို
သတ်မှတ်ကြတာလဲရှိသေးတယ်
အရေးကြီးတာတော့ communication ပဲ
Communicate လုပ်နိုင်ဖို ၂ ဖက်လုံးက
နားထောင်တတ်တဲ့နားရော
ပြောတတ်တဲ့ပါးစပ်တွေရောလိုတယ်
ကံကောင်းလာဖိုဆုမတောင်းပါနဲ့
ကံကောင်းလာဖို ကြိုးစားယူပါ 🙏🏻
6 325
Life hack
- ၁ လကို ကုန်ကျစရိတ်ဘယ်လောက်ရှိလဲ
အတိအကျတွက်
- ၆ လ ထိုင်စားလိုရတဲ့ Amount ရတဲ့ထိစု
- နောက်လတွေမှာ ဝင်တဲ့ဝင်ငွေရဲ့
50% ကို ဝင်ငွေပိုဝင်ပြီး အလုပ်မြန်မြန်ပြီးစေမယ့်
ပညာနဲ့ technology တွေမှာ invest လုပ်
- တတ်လာတဲ့ပညာတွေနဲ့
ဝင်ငွေ double ဖြစ်လာရင် နောက် level တက်ဖို
repeat the process 👀
6 325
ဉာဏ်ကောင်းရင် စိတ်ရှည်ဖိုခက်တယ်
သူ့အတွက်လွယ်နေတဲ့အရာတွေကို
ခက်ခက်ခဲခဲလုပ်နေတာမြင်ရင်
စိတ်တိုတာပုံမှန်ပဲ
ဒါကြောင့် ဉာဏ်တကယ်ကောင်းရင်
တရားထိုင်ဖိုလိုတယ်
သူများတုံးအမှုအတွက် ကိုယ့်ကိုယ်ကို
ပင်ပန်းဆင်းရဲအောင် ဒေါသနဲ့ မညှဉ်းဆဲနေမိဖို
စိတ်ကိုထိန်းနိုင်ဖို တရားထိုင်ဖိုလိုတယ်
ကိုယ့်ကိုယ်ကိုချစ်ရင်တရားထိုင်ဖိုလိုတယ်
ဘာသာရေးအရမလုပ်ရင်တောင်
စိတ်ကိုလေ့ကျင့်ခန်းလုပ်သလို
အထိန်းအကွပ်ရှိအောင်လေ့ကျင့်ဖိုလိုတယ်
6 325
ဘယ်လောက်ပဲ မွေးရာပါ
ပါရမီရှိနေပါစေ
အားစိုက်ထုတ်မှု မရှိရင်
ဘာမှဖြစ်လာမှာမဟုတ်ဘူး
ပါရမီပါပြီး ပျင်းနေသူထက်
ပါရမီမပါပဲ ပုံမှန်ကြိုးစားတဲ့ သူက
အမြဲ လိုလို သာနေဦးမှာပါပဲ 🤘🏻
6 325
ငါများတစ်ခုခုမှားနေလားဆိုပြီး
ကိုယ့်ကိုယ်ကိုလိုက် ပြုပြင်ခဲ့ဖူးတယ်
တကယ်တော့ကိုယ်က
ပျက်စီးနေတာမဟုတ်ပါဘူး
ဟန်ဆောင်နေရတာတွေများလို
ပင်ပန်းနွမ်းနယ်နေတာ
သူများတွေလက်ခံလာဖို
"ပိုကောင်းအောင်" ဆိုတဲ့ခေါင်းစဉ်အောက်မှာ
ကိုယ်မကြိုက်တာတွေလုပ်နေတာတွေ
ရပ်လိုက်မှ ကိုယ့်ကိုယ်ကိုပြန်တွေတော့တယ်
* ကိုယ့်ရဲ့အားသာချက်ရော၊
အားနည်းချက်တွေကိုပါ
အမှန်အတိုင်းလက်ခံဖိုကြိုးစားပါ
ကိုယ့်ကိုယ်ကိုယ် သူများကြိုက်လာဖို
ပြုပြင်ဖိုကြိုးစားနေမယ့်အစား
ကိုယ့်ကိုယ်ကို လေးစားတန်ဖိုးထားပြီး
ချစ်ခင်တဲ့အခါဘဝက ပိုပြီးလွယ်ကူ၊
ပေါ့ပါးလွတ်လပ်လာပါလိမ့်မယ်
6 325
ကိုယ်ဘာလိုချင်လဲမသိသေးရင်
ကိုယ်ဘာတွေမလိုချင်ဘူးလဲအရင်ရှာလိုက်
ဥပမာ
- ငါမဆင်းရဲချင်ဘူး
- အနှိမ်မခံချင်ဘူး
- နေပူထဲမလုပ်ချင်ဘူး
- လူတွေကို မလိမ်ချင်ဘူး
- ပင်ပန်းတာမလုပ်ချင်ဘူး
- ဝန်ထမ်းမလုပ်ချင်ဘူး
- ဈေးမရောင်းချင်ဘူး
- မျက်နှာမပြချင်ဘူး
- ပွဲစားမလုပ်ချင်ဘူး
စသည်ဖြင့်ပေါ့ ကိုယ်မလုပ်ချင်တာတွေကြီး
အကုန်ချရေးလိုက်
ဒါဆိုဒါတွေမဖြစ်အောင်ငါဘာလုပ်ရမလဲ
ဆိုတာစဉ်းစားရတာလွယ်သွားလိမ့်မယ်
