cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

PSLF/TNLA News

This is PSLF/TNLA News Official Channel.

Больше
Рекламные посты
16 248
Подписчики
+6624 часа
+3137 дней
+1 41930 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

မိုင်းငေါ့မြို့၌ ကျင်းပပြုလုပ်သည့် TLEC ၏ စွမ်းရည်မြင့်သင်တန်းဆင်းပွဲတွင် ဆရာ/မ(၁၃၀)ကျော် သင်တန်းဆင်း မိုင်းငေါ့၊ မေ ၂၃ ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ တပ်မဟာ(၂) စစ်ဒေသ၊ မိုင်းငေါ့မြို့အထကကျောင်း၌ ယမန်နေ့ မေလ(၂၂)ရက်နေ့တွင် တအာင်းပြည် ပညာရေးကောင်စီ (TLEC)မှ စွမ်းရည်မြင့်သင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပခဲ့သည်။ အချိန်ကာလ တစ်လကြာသည့် အဆိုပါ စွမ်းရည်မြင့်တင်ရေးသင်တန်းတွင် ဆရာ/မ(၁၃၂)ဦး တက်ရောက်ခဲ့ပြီး မိုင်းငေါ့မြို့နယ်အတွင်း ဖွင့်လှစ်မည့် အခြေခံစာသင်ကျောင်းများတွင် သင်ကြားရေးတာဝန်ဝတ္တရားများ ထမ်းဆောင်သွားကြမည်ဖြစ်သည်။ မိုင်းငေါ့ မြို့နယ်အတွင်း အခြေခံစာသင်ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းအတွက် ဒေသတွင်း ကျောင်းသား/သူများအတွက်သော်လည်းကောင်း၊ ဆရာ/မများအတွက်သော်လည်းကောင်း ဂုဏ်ယူဝမ်းမြောက်ဖွယ်လည်းဖြစ်သည်။ အဆိုပါ သင်တန်းဆင်းပွဲ၌ သင်တန်းကာလအတွင်း ထူးချွန်စွာ တက်ရောက်ခဲ့သည့် ဆရာ/မများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးခြင်း၊ ဘာသာရပ်အလိုက် ထူးချွန်ဆု ရရှိသည့် ဆရာ/မများအား ဆုများ ပေးအပ်ချီးမြင့်ခြင်းနှင့် သင်တန်းအား အောင်မြင်စွာ ပြီးမြောက်စေရေးအတွက် ကူညီထောက်ပံ့သည့် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြင့်ခဲ့သည်။ သင်တန်းဆင်းပွဲသို့ တအာင်းပြည်ပညာရေးကောင်စီ - TLEC အဖွဲ့ဝင်များ၊ မြို့နယ် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် သင်ကြားရေး ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြသည်။ #PSLF/TNLA #သတင်းနှင့် ပြန်ကြားရေးဌာန
Показать все...
သီပေါတွင် ပြည်သူတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိ သီပေါ၊ မေလ ၂၂ ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ တပ်မဟာ (၂) စစ်ဒေသ၊ သီပေါမြို့နယ်တွင် ဒေသခံ အမျိုးသားတစ်ဦး အပေါ့အပါးသွားနေစဥ် မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ ဖြစ်စဥ်တွင် ယနေ့ မေလ ၂၂ ရက်နေ့ နေ့လည် (၁၂း၀၀)နာရီတွင် တုံစင့်ရွာနှင့် ကုံးစုံရွာကြားရှိ လမ်းမဘေးတစ်နေရာတွင် အပေါ့အပါးသွားစဥ် မိုင်းနင်းမိပြီး ညာဘက်ခြေထောက် ဒူးအောက်ပိုင်းပြတ်ထွက်ဒဏ်ရာအပြင် ဘယ်ဘက်ခြေထောက်မှာလည်း မိုင်းစထိမှန်ဒဏ်ရာရသည်။ အဆိုပါ မိုင်းထိလူနာသည် အသက် ၆၀ ဝန်းကျင်အရွယ် ဦးသန်းဝင်းဆိုသူဖြစ်ကာ သီပေါမြို့ ပန်းတိမ်တောင်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။ ၎င်း မိုင်းထိလူနာအား ညီနောင်အကျိုးဆောင်လူမှုကူညီရေးအသင်းကားဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။ မေလ ၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ မိုင်းထိလူနာ ၇ ဦးဒဏ်ရာရပြီး ၅ ဦးသေဆုံးသွားသည်။ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
Показать все...
မန်တုံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ ဖြစ်ပွားကာ ပစ္စည်းအများအပြားဆုံးရှုံး မန်တုံ၊ မေလ ၂၂ ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ တပ်မဟာ(၃)စစ်ဒေသ မန်တုံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံ ဖြစ်ပွားကာ ပစ္စည်းအများအပြားဆုံးရှုံးသွားသည်။ မန်တုံမြို့တွင် မိုးသည်ထည်စွာ ရွာသွန်းမှုကြောင့် နေအိမ်များမြုပ်ကာ နေအိမ်များအတွင်းရှိ ပစ္စည်းအများအပြား ရေအတွင်းမျောပါပျက်စီးသွားခဲ့သည်။ မန်တုံမြို့သည် နှစ်စဥ် ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး လမ်းများပိတ်ထားရသည့်အထိ ဖြစ်ပွားခဲ့သည်။ ယခုရေကြီးရေလျှံမှုကြောင့် ပြည်သူလူထုများ၏ ပစ္စည်းဥစ္စာ ကာလတန်ဖိုး စုစုပေါင်း ဆုံးရှုံးမှု ပမာဏ (၁၁,၃၃၃,၀၀၀)ကျပ်ခန့် ရှိပါသည်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကလည်း မန်တုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် (၃)အိမ် ပျက်ဆီးသွားခဲ့သည်။ #PSLF/TNLA #သတင်းနဲ့ပြန်ကြားရေးဌာန
Показать все...
TLEC က ဆရာ/မများ စွမ်းရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြီးစီး နမ့်ဆန်၊ မေလ ၂၂ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ တပ်မဟာ (၂) စစ်ဒေသ၊ နမ့်ဆန်မြို့ ယနေ့ မေလ ၂၂ ရက်နေ့တွင် Ta'ang Land Education Council (TLEC) ၏ တစ်လကြာ ဆရာ/မများ စွမ်းရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ပြီးစီးခဲ့သည်။ အခမ်းအနားတွင် (PSLF/TNLA) ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်နှင့် အာရက္ခတပ်တော် (AA) ၏ ဒုတိယစစ်ဦးစီချုပ်တဖြစ်လည်း ဒုဥက္ကဌ (၁) ဒေါက်တာညိုထွန်းအောင် တို့အသီးသီး တတ်ရောက်အမှာစကားပြောကြားခဲ့ကြသည်။ စာသင်ကျောင်းတစ်ခုတွင် သင်ရိုးညွှန်းတမ်းထက် ကျောင်းသူကျောင်းသားများအား ပညာသင်ကြားပေးမည့် ဆရာ/မ များက အလွန်အရေးကြီးပြီး ပုံစံခွက်ဖြင့်သင်ကြားခြင်းထက် ကျောင်းသူ/သားများ စဥ်းစားတွေးခေါ်နိုင်အောင်၊ အရည်အချင်းပြည့်မီအောင် သင်ကြားပေးရမည်ဟု ဗိုလ်ချုပ် တားဘုန်းကျော်က မှာကြားခဲ့သည်။ ထို့နောက် သင်တန်းကာလအတွင်း ဘာသာရပ်ထူးချွန်သည့် ဆရာ/မများ ဆုချီမြှင့်ပေးခြင်းနှင့် ဖျော်ဖြေရေး အစီအစဥ်များဖြင့် အခမ်းအနားပြီးဆုံးသွားခဲ့သည်။ အဆိုပါ အပတ်စဥ်(၃)သင်တန်းသည် ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ မေလ ၂၂ ရက်နေ့အထိ တစ်လကြာ သင်တန်းပို့ချပေးကာ ဆရာ/မ လူဦးရေ (၄၀၀) တတ်ရောက်ခဲ့ပါသည်။ #PSLF/ TNLA သတင်းနှင်းပြန်ကြားရေးဌာန
Показать все...
ကျောက်မဲမြို့နယ် ဂေါ်လခါးရွာအနီးရှိ ထရန်စဖော်မာဝန်းအတွင်း အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး ကျောက်မဲ၊ မေလ ၂၂ ရက် တအာင်းပြည်သတင်း တအာင်းပြည်၊ တပ်မဟာ (၂)စစ်ဒေသ ကျောက်မဲမြို့နယ် ဂေါ်လခါးကျေးရွာအနီးရှိ ထရန်စဖော်မာဝန်းအတွင်းတွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးနေပါသည်။ ဖြစ်စဥ်မှာ မေလ ၂၁ ရက်နေ့ ညအချိန်တွင် ဂေါ်လခါးကျေးရွာအနီးရှိ ထရန်စဖော်မာဝန်းအတွင်စတွင် အမျိုးသားတစ်ဦးက ကေဘယ်ကြိုးများ ခိုးယူရန် ဖြတ်ယူစဥ် ဓာတ်လိုက်သေဆုံးသွားခြင်းဖြစ်သည်။ ယမန်နေ့ညက မီးပျက်သွားသောကြောင့် နံနက်အချိန်တွင် ထရန်စဖော်မာတွင် ​ရှော့ဖြစ်နေမည်စိုး၍ သွားရောက်ကြည့်ရှုချိန် ထိုအမျိုးသား သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ အဆိုပါ ဓာတ်လိုက်ပြီးသေဆုံးသွားသည့် အမျိုးသားတစ်ဦးတွင် အသက် (၄၀) ဝန်းကျင်အရွယ်ရှိကာ ၎င်း၏ အမည်နှင့် နေရပ်လိပ်စာအား မသိရသေးပေ။ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
Показать все...