cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

မြန်မာ OG ဒေါက်တာ

အမျိုးသမီး ကျန်းမာရေး ပညာပေး

Больше
Мьянма11 640Бирманский10 052Медицина7 787
Рекламные посты
2 380
Подписчики
+124 часа
+207 дней
+5030 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

Показать все...
သားဥပြွန် ကိုယ်ဝန် အကြောင်း

ဒေါက်တာမျိုးနန္ဒာ

9
Показать все...
ကလေး ပုံမှန် လှုပ်ခြင်း/ မလှုပ်ခြင်း

ဒေါက်တာမျိုးနန္ဒာ

11👍 2
Показать все...

22🥰 3
Фото недоступноПоказать в Telegram
21
💖 အခမဲ့ တိုင်ပင်ဆွေးနွေးခွင့် ကံစမ်းမဲ ပေါက်သူ နှစ်ဦးထဲမှ တစ်ဦး ဖြစ်တဲ့ Nway Oo Lay Pay ကို Video call နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပေးနိုင်ခဲ့တဲ့ အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်..🥰🤗🤗 💖 မ Nway Oo Lay Pay ရဲ့ ရင်တွင်း တုန့်ပြန်ချက် message လေးကို SS ထည့်ပေးထားပါတယ်... 👉 မ May Lay ကတော့ ကျွန်မကို CB ကနေ ဆက်သွယ်လာတာ မတွေ့ရသေးဘူး..တစ်ပတ်ထပ်စောင့်ပေးမယ်နော်.. အားလုံးဘဲ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ... 🙏😊🥰
Показать все...
12
Фото недоступноПоказать в Telegram
19
Фото недоступноПоказать в Telegram
21
🧡 မြန်မာ OG ဒေါက်တာ Followers များအတွက် မင်္ဂလာ ရှိသောနံနက်ခင်း ဖြစ်ပါစေလို့..ဆုတောင်းနှုတ်ခွန်းဆက်လိုက်ပါတယ်.. 🧡 ပြောထားတဲ့ အတိုင်း လာမယ့် တနင်္ဂနွေနေ့ ညနေ ၆ နာရီမှာ FB Live လွှင့်ပြီး ကျန်းမာရေး ပညာပေးပြောပြပေးမယ်..😊🥰 ခေါင်းစဉ်လေးကတော့ အခုတလောအမေးများတာလေးကို အရင် ဦးစားပေးပြောပြလိုက်မယ်ဆိုပြီး..သားဥပြွန်သန္ဓေသားအကြောင်း ပြောပြဖို့ ရွေးချယ်လိုက်တယ်.. 🧡 Live ပြီးသွားရင် အခမဲ့ တိုင်ပင်ဆွေးနွေးချင်သူတွေ က ကိုယ်မေးချင်တဲ့ အကြောင်းအရာကို မေးခွန်း အတို​လေး တစ်ကြောင်းလောက်မေးထားပေးပါ.. 🧡 လိုင်းမကောင်းသူတွေကိုပါ အခွင့်အရေးပေးချင်တာကြောင့်..Live လွှင့်ပြီး ၂၄ နာရီ အတွင်းမှာ live ကို share လုပ်ပေးပြီးမေးခွန်းမေးသူတွေထဲကလည်း အခမဲ့ တိုင်ပင်ဆွေးနွေးခွင့် ကံစမ်းမဲ ဖောက်ပေးပါမယ်.. 👉 Live လွှင့်ချိန် နဲ့ လွှင့်ပြီး ၂၄ နာရီအတွင်း သားဥပြွန်သန္ဓေသား Live ကို share ပေးသူတွေထဲကနေ အခမဲ့ တိုင်ပင်ဆွေးနွေးခွင့် ကံစမ်းမဲ ၂ ယောက် ဖောက်ပေးပါမယ်.. 🧡 @top fans ( စိန်တုံး ပိုင်ရှင် Followers များကို ဦးစားပေးရွေးပါမယ်..) Like နဲ့ share များများ လုပ်ပေးကြတာအတွက် ကျေးဇူးတင်တဲ့ အနေနဲ့ပါ.. 🧡 ကံကောင်းကြပါစေနော်..😊🥰🙏 တနင်္ဂနွေနေ့ ညနေ ၆ နာရီမှာ လိုင်း အဆင်ပြေရင်တွေ့ကြမယ်.. လိုင်းအဆင်မပြေသူများလည်း အားမငယ်ပါနဲ့..၂၄ နာရီ စောင့်ပေးမှာပါ..🥰😘 အားလုံးဘဲ အေးချမ်းကြပါစေ..🥰🙏
Показать все...
10👍 2
Фото недоступноПоказать в Telegram
14👍 3
🙏 အားလုံးဘဲ မင်္ဂလာပါနော်.. ခု ၂ ပတ်လောက် အတွင်း က အလုပ်ကိစ္စလေးတွေများနေတာမို့.ကျန်းမာရေးပညာပေး.စာလေးတွေလည်းသိပ်မရေးဖြစ်..video တွေ live တွေလည်း မတင်ပေးဖြစ်လို့ တောင်းပန်ပါတယ်..🙏😊🥰 💙 ခုတင်ပေးလိုက်တဲ့ post ကတော့ အရင်က ရေးထားတဲ့ post ပါ..messanger/ CB မှာ အမေးများတဲ့ အကြောင်းအရာမို့ ပြန်ရှာပြီး တင်ပေးလိုက်တာပါ.. 💙 ကျန်းမာရေးပညာပေးစာမရေးဖြစ်တာကို လျော်​ပေးတဲ့ အနေနဲ့ အမျိုးသမီး တွေမှာ အဖြစ်များတဲ့ သားအိမ်အသားလုံးအကြောင်း Live လွှင့်ပြောပြမယ် စိတ်ကူးထားတယ်... ထုံးစံအတိုင်း Live အပြီးမှာ အခမဲ့ တိုင်ပင်ဆွေးနွေးခွင့် မဲဖေါက်ပေးပါမယ်... 💙 Top Fan ထဲက ရွေးပြီး မဲဖေါက်ပါမယ် ( Top fan ရသူတွေက ကျွန်မ စာတွေ နဲ့ ဗွီဒီယိုတွေကို like and share လုပ်ပေးကြသူများ ဖြစ်လို့ ကျေးဇူးတုန့်ပြန်တဲ့ သဘောပါ. ) 💙 ခုလာမယ့် အပတ်ကတော့ ခရီး ထွက်ဖို့ စီစဉ်ထားတာမို့ နောက်တစ်ပတ်ကျော် တနင်္ဂနွေ ဖြစ်တဲ့ ဇွန်လ ၉ ရက်နေ့လောက် မှန်းထားပါတယ်.. ဒီကြားထဲမှာ နေ့ရက်..အချိန် ကို အတိအကျ ပြန်ပြောပါမယ်.. 💙 အခု post လေး ကို ဘဲ လိုအပ်နေသူများ ဆီရောက်ဖို့ ဝိုင်းဝန်းကူညီ share ပေးလိုက်ကြပေါ့နော်.. အားလုံးဘဲ ကျန်းမာ ဘေးကင်းကြပါစေ..🙏😊🥰 ဆက်တိုက် သားပျက် သားလျောခြင်း နှင့် ကိုယ်ဝန် ၃ လနောက်ပိုင်း သားပျက် သားလျှောခြင်း/ ကိုယ်ဝန်ပျက်ခြင်း 💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗💗 💗သားပျက် သားလျှောခြင်း ဆိုတာ တစ်ခါ ကြုံတွေ့ခံစားရရင်တောင် မျှော်လင့်တကြီး စိတ်ကူးနဲ့ပျော်ခဲ့ရတာတွေကို ဆိုးရွားလှတဲ့ ပျက်စီးဆုံးရှူံး မှုတွေနဲ့ အစားထိုး လဲလှယ် လိုက်ရတာဖြစ်တဲ့အတွက်......ဆက်တိုက် ထပ်ခါတစ်လဲလဲ ကြုံတွေ့ခံစားရသူများအတွက်တော့ ဖော်ပြစရာ စကားလုံး ရှာလို့တွေ့မယ် မထင်ပါဘူး... 💗 ကံမကောင်းစွာဘဲ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၀၀ မှာ ၁ ယောက် ဟာ ဒီ လို ဆက်တိုက် သားပျက် သားလျှော ခြင်း ကို ကြုံရတတ်ပါတယ်။ အဲ့ဒီလို ထပ်ခါတလဲလဲ ကြုံတွေ့ ခံစား ရလာတဲ့ အခါမှာ သူတို့တွေရဲ့ စိတ်ထဲမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု နည်းလာပြီး တခြားအမျိုးသမီးတွေနဲ့ ယှဉ်ရင် အားငယ်စိတ် ဝင်လာတတ်ပါတယ်၊ အများစုက ကိုယ့်ရဲ့ ကိုယ်ခန္ဓာမှာ မပြည့်စုံသလို၊ ချို့ယွင်းချက်ရှိသလို ခံစားရပြီး ကိုယ့်ကိုယ်ကို အပြစ်မကင်းသလို ခံစားရတတ်တယ်။ တချို့ဆိုရင် နောက်ထပ် ကိုယ်ဝန် ထပ်ဆောင် နိုင်တဲ့ သတ္တိ စွမ်းအား တွေ ကုန်ခန်းသွားသလိုဖြစ်ပြီး သားသမီး ထပ်မယူဖိူ့ ဆုံးဖြတ်လိုက်သူတွေတောင် ရှိကြပါတယ်။ 💗ဒါပေမယ့် ၃ ခါ ဆက်တိုက် သားပျက်သားလျှော ဖြစ်ပြီးသွား တဲ့ အမျိုးသမီး တွေရဲ့ ၆၀ ရာခိုင်နှုန်း (အယောက် ၁၀၀ မှာ အယောက် ၆၀ ) လောက်ဟာ နောက်ထပ် ကိုယ်ဝန်မှာ နေ့စေ့လစေ့ ကလေး လေး တွေကို မွေးဖွားနိုင်ကြပါတယ်။ ​ ပြောချင်တာက အများစုက သားသားမီးမီးလေးတွေ အောင် မြင်စွာရရှိကြမှာပါ... ဒီလို ရ ရှိနိုင်အောင် .. အကြောင်းရင်းခံရှိသလားဆိုတာကို ရှာဖွေ စစ်ဆေး ပြီး လိုအပ်ရင် ကြိုတင်ပြင်ဆင် ကုသမှုတွေ ပြုလုပ်လို့ရပါတယ်။ အခုရေးပေးလိုက်တဲ့ အကြောင်း ကတော့ အဲ့လို ဆက်တိုက် ထပ်ခါတလဲလဲ သားပျက်သားလျှောခြင်းနဲ့ ကိုယ်ဝန် ၃ လ ကျော်ပြီးမှ သားပျက်သားပျက်သားလျှောခြင်း အကြောင်း ဖြစ်ပါတယ်... 🤔 ဘာကြောင့် ဖြစ်တာလဲ? 💗💗💗💗💗💗💗💗💗 ဆက်တိုက် သားပျက်ခြင်း နှင့် ကိုယ်ဝန် ၃ လ ကျော် မှ သားပျက်ခြင်း တို့ မှာ ဖြစ်စေတဲ့ အကြောင်းရင်းခံတွေ ရှိတတ်ပါတယ်၊ ဒါပေမယ့် အဲ့ဒီလို ဖြစ်သူတိုင်းမှာတော့ အကြောင်းရင်းခံ ရှိချင်မှရှိမှာပါ.. သို့မဟုတ် တွေ့ချင်မှ တွေ့မယ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်.. ဖြစ်စေနိုင်တဲ့ အကြောင်းရင်းခံတွေကတော့.. (၁) အသက်အရွယ် အသက်ကြီးလာတာနဲ့အမျှ သားပျက်သားလျှော နိုင်ချေ ပိုများလာပါတယ်။ အသက် ၄၀ ကျော် ကိုယ်ဝန်ဆောင် နှစ်ယောက်မှာ တစ်ယောက် က သားပျက် သားလျှော ခြင်း ဖြစ်ပါတယ်။ အမျိုးသားက အသက်ကြီးရင် ပိုဖြစ်နိုင်ပါတယ်။ (၂) သွေးခဲလွယ်ရောဂါ သွေးခဲလွယ်တဲ့ ရောဂါ တစ်မျိုးမျိုးရှိခြင်းကလည်း ပိုဖြစ်စေနိုင်တဲ့ အကြောင်း တစ်ခု ဖြစ်ပါတယ်။ (၃) မျိုးရိုးဗီဇ ပုံမှန်မဟုတ်ခြင်း စုံတွဲ ၁၀၀ မှာ ၂ - ၅ စုံတွဲ လောက်ဟာ အမျိုးသား သို့ မဟုတ် အမျိုးသမီးမှာ ပုံမှန်မဟုတ်တဲ့ မျိုးရိုး ဗီဇပါတဲ့ ခရိုမိုစုန်းတွေကို သယ်ဆောင်ထားလေ့ရှိပါတယ်။ သယ်ဆောင်ထားတဲ့ သူမှာတော့ ဘာမှ ထူးထူးခြားခြား လက္ခဏာ မပြ ပေမယ့် သားပျက်သားလျှောခြင်းကို ဖြစ်စေနိုင်ပါတယ်။ (၄) သားအိမ်ခေါင်း မလုံခြင်း / အားနည်းခြင်း ( အားနည်းခြင်းလို့ ပြောထားလို့ အားဆေးသောက်လို့ ရတဲ့ ဟာမျိုးတော့ မဟုတ်ဘူးနော်...သားအိမ်ခေါင်းက ကိုယ်ဝန် ကျွံမကျလာအောင် /လုံအောင် / ခိုင်အောင် မပိတ်ထားနိုင်တာကို ဆိုလိုတာပါ။) ကိုယ်ဝန် ၁၄ ပတ်ကနေ ၂၇ပတ် လောက် အတွင်း မှာ ပျက်လေ့ရှိပါတယ်။
Показать все...
5👍 1
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.