ru
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Открыть в Telegram
803
Подписчики
+424 часа
+167 дней
+4630 день
Архив постов
အဒေါ်နဲ့အဖေကတော့ကံကောင်းသွားတာပေါ့နော်...ဒါပေမဲ့နောက်နောင်ကိုဆင်ခြင်နိုင်ရင်ပိုကောင်းတာပေါ့ ....ကိုယ့်မွေးထားတဲ့ကလေးဆိုပြီး ကိုယ်စိတ်တိုင်းကျရို//က်နှက်နှိပ်စက်ပိုင်ခွင့်မရှိပါဘူး ..ကလေးသူငယ်အခွင့်အရေးဆိုတာရှိပါတယ်..သားသမီးကို ကျွန်တစ်ယောက်လိုနှိ//ပ်စက်ခဲ့.....ရို//က်နှက်ခဲ့ပြီတော့ ...အရွယ်ရောက်လာတော့မှ မိဘကျေးဇူးဆပ်ပါလို့်အော်နေလို့မရဘူးနော်...မေတ္တာပေးခဲ့မှမေတ္တာပြန်ရတာပါ " " ဘာ..ဘာပြောတယ်...နင်ကဘာကြီးကြီးကျယ်ကျယ်စကားတွေလာပြောနေတာလဲ...နင်က ဒီလိုစကးတွေကို ငါ့သားသမီးတွေဆီကိုလာပြောနေတာလား.....နင့်လိုမျိုး... မိဘကိုစော်ကားတတ်အောင် သင်ပေးနေတာပေါ့ဟုတ်လား " ဒေါ်အေးလှိုင်ရဲ့မျက်နှာကြီးက ဒေါသကြောင့်နီရဲခက်ထန်လာပြီး တပေါင်းကိုစားတော့ဝါးတော့မလိုကြည့်ကာကြိမ်းမောင်းလိုက်တယ်။ " မကျေနပ်တာတွေရှိရင်...နောက်မှပြောပါ...ဒီနေရာက အသင်းအဖွဲ့ရုံးခန်းမို့ပြောချင်ရာတွေပြောလို့မရပါဘူး ..ကျွန်မလဲ အချိန်မရတော့ပါဘူး....ပြန်ကြပါတော့ " တပေါင်းပြောပြီးတာနဲ့ ကျောခိုင်လှည့်ထွက်ခဲ့လိုက်တယ်။ " ဟေ့..နင်ခဏနေအုံး ..အရေးကြီးတဲ့ စကးပြောဖို့ကျန်သွားလို့ " ဒေါ်အေးလှိုင်ရဲ့စကားကြောင့် တပေါင်းနောက်ကိုလှည့်ကြည့်လိုက်တယ်။ " ငါပြောတာကို သေချာနားထောင်စမ်း...နင့်လိုခြေမသန်တဲ့သူနဲ့ငါ့သားနဲ့မတန်ဘူးဆိုတာကိုသိရဲ့လား..ငါ့သားသမီးတွေနားကိုမလာနဲ့ ...ငါ့သားကို အမိဖမ်းဖို့မကြိုးစားနဲ့.....ငါ့သားကိုနင့်ထက်သာတဲ့မိန်းမနဲ့ပေးစားမှာ ..နင်လိုအရိုင်းအစိုင်းမနဲ့ လုံးဝသဘောမတူဘူးဟဲ့ သိရဲလား...ကိုယ့်အခြေအနေကိုကိုယ်သိ " ဒေါ်အေးလှိုင်ရဲ့နှုတ်ကထွက်လာတဲ့ ရင့်သီးလှတဲ့စကားတွေကြောင့် တပေါင်းဒေါသထွက်လွန်းလို အသားတွေဆိုးဆိုးဆတ်ဆတ်တုန်လာခဲ့တယ်။ဒေါသထွက်တာထက် ရှက်စိတ်ကြောင့် လူကမျက်လုံးတွေပါ ပြာဝေလာတယ်။ " တပေါင်း..ဘာဖြစ်တာလဲ ..ဘယ်ကဧည့်သည်တွေလဲ " တပေါင်းဒေါသထွက်လွန်းလို့ အသားတွေတုန်ပြီး စိတ်တွေလှုပ်ရှားလာချိန်မှာ အသံနဲ့အတူအခန်းထဲကိုဝင်ရောက်လာခဲ့သူက ကိုချမ်း ။ကိုချမ်းက ဒေါ်အေးလှိုင်နဲ့ဒေါ်သိန်းနုကို သေချာစူးစိုကြည့်လိုက်ပြီးတော့ " အန်တီတို့ ဘာကိစ္စများလဲ..အရေးကြီးတဲ့ကိစ္စဆိုရင် ..ကျွန်တော်တို့ရှေ့နေ့နဲ့ပြောလို့ရပါတယ်..ပန်းပျိုးလက်ရုံးထဲအထိဝင်ပြီး..ပန်းပျိုးလက်အဖွဲ့ဝင်တစ်ယောက်ကို စော်ကားတဲ့အပြုအမူမျိုးကို ...ကျွန်တော်တို့ဘက်ကသည်းခံမှာမဟုတ်ပါဘူး...ရှင်းရှင်းပြောရရင် ..မိဘညီကိုမောင်နှမဆိုရင်တောင် ခွင့်မပြုပါဘူး....တပေါင်းရဲ့ကိုယ်ရေးရာဇဝင်ထဲမှာလဲ ...မိခင်ဖြစ်သူဆုံးပါးလို့ရေးထားတာမို့ ...ဘာကိစ္စမဆို ဒေါ်ဒေါ်တို့မှာပြောပိုင်ခွင့်မရှိပါဘူး...ဒါကြောင့် ဒီနေရာကအမြန်ဆုံးထွက်သွားပေးကြပါ..မသွားဘူးဆိုရင် လုံခြုံရေးကို ခေါ်ရလိမ့်မယ် " ကိုချမ်းက မျက်နှာထားတင်းတင်းနဲ့ပြောလိုက်ရင်းမှ အားလုံးကိုထွက်သွားခိုင်းလိုက်တယ်။ " ခ..ခဏလေးပါ မောင်ရင်...အန်တီက တပေါင်းအဖေရဲ့နောက်အိမ်ထောင်ပါ...တပေါင်းတို့အဖေသိပ်ပြီး မကျန်းမာလို့ ...တပေါင်းကိုအကြောင်းလာကြားတာပါ ...ဖြစ်နိုင်ရင် ..သားသမီးတစ်ယောက်အနေနဲ့ ဖအေကြီးကို လာပြီးပြုစုပေးစေချင်တာ..တကယ်လို့်မပြုစုနိင်ရင်လဲ နည်းနည်းလောက်ထောက်ပံ့ပေးစေချင်တာပါ.....အန်တီလဲအသက်ကြီးမှာရှာဖွေစားသောက်နေရတာမို့ အဆင်မပြေလို့ပါ ...အခုဆိုရင် အန်တီ့မောင်လေးကပဲ..အန်တီတို့မိသားစုကို ရှာဖွေကျွေးနေတာပါ " ဒေါ်သိန်းနုက ကိုချမ်းသနားအောင်ပြောပြလိုက်တယ်။ " ကျွန်မ လာခဲ့မယ်လို့ပြောပြီးသွားပြီမဟုတ်လား အမေသိန်းနု..ပြန်ပါတော့ ..နောက်ကို ကျွန်မရဲ့အလုပ်ထဲကို လုံးဝမလားပါနဲ့..ဒါကနောက်ဆုံးသတိပေးတာပါ ..နောက်တစ်ခါထပ်လာရင် သည်းခံမှာမဟုတ်ဘူးနော် " " တပေါင်းတော့တော့....မင်း မပြောနဲ့တော့ .. အလုပ်ခန်းထဲ ပြန်သွားတော့ ...တပေါင်းကို ခေါ်သွားလိုက်ပါ ကိုစိုင်း " ကိုချမ်းက တပေါင်းလက်ကိုဆွဲကာ အခန်းဝမှာရပ်နေတဲ့ ကိုစိုင်းဆီကို တွန်းပို့လိုက်တယ်။တပေါင်းအပြင်ကိုရောက်သွားတာနဲ့ ကိုချမ်း အခန်းတံခါးကို ဆွဲပိတ်ပစ်လိုက်တယ်။ ================================= အပိုင်း (၂၈)ဆက်ရန် (ည ၈ နာရီမှာ အပိုင်း (၂၈) တင်ပါမယ် ) A Kyi Phyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/https://www.facebook.com/100067151540690/posts/735119455403099/https://www.facebook.com/100067151540690/posts/735674495347595/https://www.facebook.com/100067151540690/posts/736235605291484/https://www.facebook.com/100067151540690/posts/736791991902512/https://www.facebook.com/100067151540690/posts/737913055123739/https://www.facebook.com/100067151540690/posts/738456585069386/https://www.facebook.com/100067151540690/posts/739012378347140/https://www.facebook.com/100067151540690/posts/740077244907320/ ၁၀ https://www.facebook.com/100067151540690/posts/740644458183932/ ၁၁ https://www.facebook.com/100067151540690/posts/741255251456186/

သင်တန်းကအသိတစ်ယောက်လိုပဲ သဘောထားတာပါ ...အဲ့ဒီနေ့ကလဲ ... တပေါင်းကကိုယ့်ဘာသာစိတ်ရှုပ်အတွေးလွန်နေ ပြီး... အခန်းမှားဝင်သွားမိတော့ ..ကိုထိုက်ကဘာအကူအညီပေးရမလဲ ..ကိုသက်တော့မရှိဘူးလို့ပြောခဲ့တယ်..တပေါင်းကလဲ ....အခန်းမှားဝင်မိတာပါ..တောင်းပန်းပါတယ်ကိုထိုက်လို့်ပြောပြီးတာနဲ့ချက်ချင်းပြန်ထွက်လာခဲ့တာပါ ....ကိုထိုက်နဲ့ပတ်သက်ပြီး... မနွေးတို့အားလုံးစိတ်ရှင်းသွားအောင်ရှင်းပြတာပါ " သုံးယောက်လုံးက တပါင်းရှင်းပြတာကို ငြိမ်သက်စွာနားထောင်နေခဲ့ကြတယ်။ " ပြီးတော့ အားလုံးကို...အခုကတည်းက အသိပေးထားပါမယ်နော်...ဒီနှစ်မကုန်ခင်မှာ သင်တန်းကနေတပေါင်းထွက်မှာပါ ...ရက်ကိုအတိအကျမပြောနိုင်သေးတာမို့ ...ကိုချမ်းကိုတော့ မပြောရသေးပါဘူး...မနွေးတို့ကိုတော့.... အတူနေကြသူတွေမို့ ကြိုပြီးပြောပြထားတာပါရှင် ..တပေါင်းသွားအိပ်တော့မှာမို့ ခွင့်ပြုကြပါအုံး " အားလုံးကိုပြောပြီးတာနဲ့ တပေါင်းအခန်းထဲကပြန်ထွက်ခဲ့လိုက်တယ်။စိတ်ထဲမှာရှုပ်နေတာတွေကို ဖွင့်ပြောလိုက်ရတာမို့ ရင်ထဲမှာတော့ စိတ်နည်းနည်းရှင်းသွားသလို ခံစားလိုက်ရတယ်။ ~~~~~~~~~~~ "တပေါင်း ...ဧည့်သည်ရောက်နေတယ်တဲ့ " တစ်ယောက်ယောက်ရဲ့ လှမ်းပြောလိုက်သံကြောင့် တပေါင်းအံ့ဩသွားမိတယ်။တပေါင်းဧည့်သည်တဲ့ တပေါင်းဆီကို လာလည်မဲ့ဧည့်သည်မှ မရှိတာ။လာလည်စရာလူရယ်လို့လဲ ဖိုးဇင်တစ်ယောက်ပဲရှိတာလေ။ဖိုးဇင်ကလဲ ပန်းပျိုးလက်အဖွဲ့ဝင်ဖြစ်တာမို့ တပေါင်းကိုတွေ့ချင်ရင် ခွင့်တောင်းစရာမလိုဘဲနဲ့ တပေါင်းရဲ့အလုပ်ခန်းကိုလာလည်လို့ရတဲ့သူလေ ။၊အခုတော့ ထူးထူးခြားခြားဧည့်သည်လို့ ပြောသံကြားလိုက်ရတာမို့ တပေါင်းရင်တထိတ်ထိတ်နဲ့ ဧည့်သည်ခန်းကိုထွက်ခဲ့လိုက်တယ်။ ~~~~~~~~~~~~ ဧည့်ခန်းဆီကိုအရောက်မှာ အခန်းထဲမှာ ထိုင်နေကြသူတွေကို မြင်လိုက်ရတော့ တပေါင်းအသက်ရှူရပ်သွားသလိုဖြစ်သွားမိပြီး ကြက်သေသေကာ ငေးကြောင်ကြည့်နေမိတယ်။ " တပေါင်း ...လာလေ..ဘာရပ်ကြည့်နေတာလဲ ..ဘာလဲ...ငါတို့ကိုမမှတ်မိတာလား.....နင်ကမာနကြီးနေတာလား " ဒေါ်အေးလှိုင်ရဲ့အသံကစူးခနဲထွက်လာတော့မှ တပေါင်းသတီဝင်လာမိပြိး ယိုင်လဲမလိုတောင် ဖြစ်သွားမိတယ်။ဒေါ်အေးလှိုင်၊အမေသိန်းနုနဲ့အမေသန်းနုရဲ့မောင် ။အမေသိန်းနုကတပေါင်းကို အံ့ဩသလိုကြည့်နေခဲ့တယ်။အမေသိန်းနုမောင်ကတော့ တပေါင်းတစ်ကိုယ်လုံးကို စူးစူးရဲရဲကိုလှမ်းကြည့်နေခဲ့တာ။သူတို့သုံးယောက်ကို တပေါင်းနားမလည်နိုင်စွာကြည့်နေမိတယ်။သူတို့သုံးယောက်က တပေါင်းဆီကို လာစရာအကြောင်းမှမရှိတာလေ။တပေါင်းမျက်နှာကို တင်းပြီး အခန်းထဲကိုဝင်ချသွားလိုက်တယ်။ " ဘာကိစ္စရှိလို့ ရောက်လာကြတာလဲမသိဘူး...ဒါကရုံးခန်းပါ.....ပြောစရာရှိတာကို လိုရင်းပဲပြောကြပါ " တပေါင်းမျက်နှာကိုတင်းပြီး အသံမာမာနဲ့ပြောလိုက်တယ်။ " အမယ်လေးဟယ် ...ကြီးကျယ်လိုက်တာ...နင်စကားပြောတာကောင်းကောင်းပြောပါ တပေါင်း...တို့တွေက နင့်အဖေကိစ္စကိုပြောပြချင်လို့လာခဲ့တာ ...နင့်အဖေနေမကောင်းဘူး......တို့မိသားစုလဲ တတ်နိုင်သလောက်ပြုစုပေးနေတာပဲ .....ဒါပေမဲ့သူမသက်သာဘူးဖြစ်နေတယ်...အဲ့ဒါ နင်ပြန်လာပြီး .... ပြုစုပေးတာပဲဖြစ်ဖြစ် ..နင့်အဖေအတွက်ငွေထောက်ပံ့ပေးတာပဲဖြစ်ဖြစ်လုပ်ပေးပါ ...နင်ကတော့ ကောင်းကောင်းစားကောင်းကောင်းနေနေပြီး ...မိဘကိုတောင်သတိမရဘူးပဲ ...." အမေသိန်းနုရဲ့စကားကြောင့် တပေါင်းစိတ်ထဲထောင်းခနဲဒေါသဖြစ်သွားပေမဲ့ စိတ်ကိုထိန်းချုပ်လိုက်တယ်။ " ကောင်းပြီးလေ..အဖေ့ကိုလာကြည့်ခိုင်းတာမဟုတ်လား.....ကျွန်မလာကြည့်ပါ့မယ် ..ပြောလို့ပြီးရင် ..ကျွန်မသွားတော့မယ်..အလုပ်လုပ်နေတာမို့ပါ " တပေါင်းပြောပြီးတာနဲ့နေရာကထလိုက်တယ်။ " နေပါအုံး တပေါင်း...ငါတို့ပြောလို့တောင် မပြီးသေးဘူး ...ညည်းကဘာဖြစ်နေတာလဲ...အသင်းအဖွဲ့နဲ့အဲကွန်းခန်းထဲမှာ အလုပ်လုပ်နေရတယ်ဆိုပြီး မာန်တက်နေတာလား ....ငါ့တို့ကိုတော့ ....နင်လာပြီး မာန်တက် မပြနဲ့နော်.....နင်ဘာလဲဆိုတာကို ငါတို့ကသိပြိးသားပဲ...နင့်က ...အဖေရင်းကိုတောင် ...ဗိုက်ကိုဖန်ခွက်ကွဲနဲ့ထိုးခဲ့တဲ့သူဆိုတာကို ..ပရဟိတအဖွဲ့ကသိရဲ့လား.." ဒေါ်အေးလှိုင်ရဲ့ခနဲ့တဲ့တဲ့အမေးကြောင့် တပေါင်းလက်သီးကိုဆုပ်လိုက်မိပြီး အံကိုကြိတ်လိုက်မိတယ်။ပြီးတော့ ဒေါ်အေးလှိုင်ရဲ့မျက်နှာကိုကြည့်လိုက်ပြီး " ကျွန်မတို့ ပန်းပျိုးလက်ပရဟိတအသင်းက ..ဘယ်လိုလူတွေကို အဓိကထားပြီး ကူညီကယ်တင်ပေးတယ်ဆိုတာကိုရော သေချာသိရဲ့လား အဒေါ်.....မသိရင်မှတ်သွားလိုက်ပါ...ပန်းပျိုးလက်ပရဟိတအသင်းကြိးက.... မြို့နယ်တိုင်း ....ရပ်ကွက်တိုင်းမှာ အသင်းဝင်တွေရှိနေပြီးတော့ ..အဓိကလုပ်ဆောင်တဲ့လုပ်ငန်းကတော့ ...မိဘတွေရဲ့အိမ်တွင်းအကြမ်းဖက်တာကို ခံနေရတဲ့ ကလေးငယ်တွေကို ,.ကူညီကယ်တင်ပေးနေတာပါ...ဒီလိုကယ်တင်ပေးရာမှာ ..ငါ့သားသမီးငါဆုံးမတာ ..ဘယ်သူ့ဂရုစိုက်ရမှာလဲပြောတတ်ကြတဲ့ .....အသိဉာဏ်နည်းတဲ့လူမျိုးတွေကိုလဲ... တရားစွဲထောင်ချပြီး ...ဒဏ်ငွေလဲရို//က်ပါတယ် ..

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၂၇) akyiphyu ********** " တပေါင်း ..ထိုင်ပါအုံး ...မင်းနေကောင်းရဲ့လား...မျက်နှာသိပ်မကောင်းသလိုပဲ " " ဟုတ်...ဟုတ်ကဲ့ ...နေကောင်းပါတယ် ကိုချမ်း.." " အင်း...တပေါင်းကိုပြောစရာရှိလို့ .....အခုပြောမဲ့စကားက တပေါင်းကိုဆူတာမဟုတ်ဘူးနော် ...တပေါင်းအတွက်ပြောတာ....တပေါင်းကို တခြားသူတွေ အထင်လွဲတာမျိုးကို မလိုချင်ဘူး.....တပေါင်းနဲ့ကိုထိုက် ဘာမှမပတ်သက်ဘူးဆိုတာကိုလဲ ...ကိုယ်ယုံကြည်ပါတယ်...ပြီးတော့ နောက်ထပ်ပြောချင်တာက .... တပေါင်းသူငယ်ချင်နဲ့တပေါင်းက .....ရိုးရိုးသားသားသူငယ်ချင်းတွေဆိုတာသေချာလား " " ရှင်...ဟုတ်..ဟုတ်ပါတယ်ကိုချမ်း.... ဘာ..ဘာဖြစ်လို့လဲဟင် .." " ဘာမှတော့မဖြစ်ပါဘူး.....ဖြစ်နိုင်ရင်တော့ ...နောက်ဆိုရင်သူနဲ့အပြင်သွားတာကို ....ဆင်ခြင်စေချင်တယ်..ရုံးမှာက ကိုထိုက်ကိစ္စနဲ့ပတ်သက်ပြီး... မိန်းကလေးတွေက ...အမြင်မကြည်ကြဘူးမဟုတ်လား ..အဲ့ဒါကြောင့် သူတို့အထင်လွဲအထင်သေးမဲ့ကိစ္စမျိုးတွေ ထပ်မရှိစေချင်ဘူး " ကိုချမ်းရဲ့အသံက ဒေါသသံမပါပါ။အေးဆးတည်ငြိမ်တဲ့အသံနဲ့ပြောနေခြင်းသာဖြစ်တယ်။သို့ပေမဲ့ ဒီအသံကပဲ တပေါင်းကို ဘယ်လောက်အထိအထင်သေးနေပြီလဲ ဆိုတာကို တပေါင်းရင်ထဲက အလိုလိုနားလည်လိုက်မိတယ်။တပေါင်းခေါင်းကိုငုံ့ချလိုက်ပြီး ဝဲတက်လာတဲ့ မျက်ရည်စတွေကို မျက်တောင်နဲ့ပုတ်ခတ်ပစ်လိုက်တယ်။ " ဟုတ်ကဲ့ပါ ကိုချမ်း..တပေါင်းနားလည်ပါတယ်..နောက်ကို ဒီလိုမျိုးထပ်မဖြစ်စေရပါဘူးလို့ ကတိပေးပါတယ် .." တပေါင်း ကတိပေးစကားကိုပြောလိုက်ပြီးတော့ ကြမ်းပြင်ကိုပဲ စူးစိုက်ကြည့်နေမိတယ်။ " ကဲပါကွာ..သွားတော့ ..ကိုထိုက်နဲ့ကိစ္စကိုလဲ ..အားလုံးကို...ကိုယ်ပဲ ရှင်းပြလိုက်ပါ့မယ် ...ကိုထိုက်က ရှင်းပြနေပေမဲ့ .....သူတို့တွေလက်မခံနိုင်ဘူးဖြစ်နေကြလို့်လေ...အဲ့ဒါကြောင့် ဖြစ်နိုင်ရင် ..ဒီရက်တောတွင်းမှာ ...တတ်နိုင်သမျှ ငြိမ်ငြိမ်လေးနေပါတပေါင်းရယ်..နော် " " ဟုတ်..ဟုတ်ကဲ့ပါ ကိုချမ်း " ကိုချမ်းကို မော့မကြည့်ဘဲနဲ့တပေါင်း ကတိပေးခေါင်းငြိမ့်ပြလိုက်မိတယ်။ " သွားတော့ ..စောစောအိပ်တော့နော်..ဝရန်တာမှာ ထွက်မထိုင်နဲ့တော့ " " ရှင်...ဟုတ်ကဲ့" တပေါင်း ခေါင်းငြိမ့်ပြကာ ထွက်လာခဲ့ပြီးမှ ကိုချမ်းရဲ့အခန်းကို လှည့်ကြည့်လိုက်မိတယ်။ကိုချမ်းကလဲ တပေါင်းကို တကယ်ပဲမယုံကြည့်ဘူးဆိုတာကို တပေါင်းသိရှိလိုက်တာမို့ ရင်ထဲမှာတဆစ်ဆစ်နဲ့နာကျင်သွားမိတယ်။တပေါင်းက ညဘက်တွေဆိုရင် မိန်းကလေးဆောင်ရဲ့ဝရန်တာဘက်မှာထွက်ထွက်ထိုင်နေတတ်တဲ့အကျင့်ရှီတယ်။သူတို့တွေက တပါင်းဒီလိုထွက်ထိုင်တာကိုလဲ မယုံသင်္ကာဖြစ်နေကြတယ်ထင်ပါရဲ့။တပေါင်းတွေးရင်းနဲ့ ခပ်မဲ့မဲ့လေးပြုံးလိုက်မိရင်း မနွေးတို့သုံးယောက်ရှိရာ အခန်းဆီကို တန်းပြီးလျှောက်သွားလိုက်တယ်။ ~~~~~~~~~~~ " မနွေး ...ခဏလေးမနွေး ..ထက်ထက်နဲ့မာလာလဲနေပါအုံး ..တပေါင်းပြောစရာလေးရှိလို့ပါ ...အားလုံးကို တပေါင်းတောင်းပန်ပါတယ်...တပေါင်းပြောပြတာကို နားထောင်ပြီးမှ ...အားလုံးစိတ်ကြိုက်ဆုံးဖြတ်လို့ရပါတယ် " တပေါင်းခေါ်လိုက်ကာမှ နေရာကထသွားဖို့ ဟန်ပြင်လိုက်ကြတဲ့ သုံးယောက်သားကို တပေါင်းအမြန်တားဆီးလိုက်တယ်။အားလုံးက မျက်နှာထားတင်းတင်းတွေနဲ့ နေရာမှာရပ်နေခဲ့ကြတယ်။ " အားလုံးကို တပေါင်းရှင်းပြစရာရှိပါတယ်..ကျေးဇူးပြုပြီး တပေါင်းပြောမဲ့စကးကို ဆုံးအောင်နားထောင်ပေးကြဖို့ ကြိုပြီးတောင်းပန်ထားပါတယ် ...ဒီသုံးယောက်ထဲမှာ... မနွေးကတပေါင်းထက်အသက်ကြီးတာမို့ ...မနွေးကိုပဲ ဦးတည်ပြီးပြောပါရစေ " တပေါင်းကပြောလိုက်ရင်းမှ အားလုံးကိုအကဲခတ်ကြည့်လိုက်တယ်။၊သုံးယောက်လုံး တပေါင်းမျက်နှာကို မကြည့်ဘဲ မျက်နှာတွေကိုလွဲထားကြတယ်။အားလုံးကိုကြည့်ပြီး တပေါင်းသက်ပြင်းချလိုက်မိတယ်။မနွေးတို့သုံးယောက်ကို တပေါင်းစိတ်မဆိုးပါဘူး။တပေါင်းတို့လို အစွန့်ပစ်ခံခဲ့ရဖူးသူတွေဟာ နောက်ထပ်စွန့်ပစ်ခဲ့ရမှာကိုတွေးပြီး ကြောက်နေကြသူတွေမဟုတ်လား။ဘဝအတွေ့အကြုံတွေအရလဲ တစ်ခုခုဆိုရင် ရင်ထဲမှာ မယုံကြည်နိုင်ခြင်းတွေနဲ့ပဲ ရှင်သန်နေခဲ့ကြတာလေ။တပေါင်းလိုလူတောင် ကိုယ်နဲ့ဘာမှမဆိုင်တဲ့သူက သူ့ကောင်မလေးနဲ့တွဲသွားတွဲလာလုပ်နေတာကို မခံစားနိုင်ဖြစ်နေသေးတာဆိုတော့ ကိုထိုက်နဲ့ပတ်သက်နေတဲ့မိန်းကလေးကလဲ တပေါင်းလိုပဲခံစားနေရမယ်ဆိုတာကို ကိုယ်ချင်းစာမိပါတယ်။ပြီးတော့ မိသားစုတွေအဖြစ်အတူကြီးပြင်းခဲ့ကြတဲ့ ကျန်တဲ့နှစ်လေယာက်ကလဲ မနေ့တစ်နေ့ကမှရောက်လာတဲ့ တပေါင်းကို မု-*န်းတီးနေမယ်ဆိုတာကို တပေါင်းသိနေပါတယ်။ " အားလုံးကို တပေါင်းရှင်းပြချင်ပါတယ်...ဟိုရက်တုန်းက ...ကိုထိုက်ရဲ့အခန်းထဲကို တပေါင်းဝင်သွားတယ်ဆိုတာကလဲ ....အခန်းမှာပြီးဝင်မိတာပါ... ကျိန်ပြောရဲပါတယ်..တပေါင်း ဒီကိုရောက်ကတည်းက ... မိန်းကလေးတွေအပြင် ...ရင်းနှီးတာဆိုလို့ ကိုသက်တစ်ယောက်ပဲ ရှိတာပါ ..ကိုသက်နဲ့လဲ ရိုးရိုးသားသားခင်မင်ကြတာပါ ..ကိုထိုက်နဲ့က တစ်ခါနှစ်ခါပဲ စကားပြောဖူးတာပါ ....ကျန်တာဘာကိစ္စမှမရှိပါဘူး..ဟို...ပြီးတော တပေါင်းမှာ ချစ်ရမဲ့သူလဲရှိပါတယ်...သေချာတာက အဲ့ဒီလူက ကိုထိုက်မဟုတ်ပါဘူး.....ကိုထိုက်ကလဲ တပေါင်းကို

" သူဘာအလုပ်လုပ်တာလဲ သိလား...ခြေထောာက်မသန်ပေမဲ့ မျက်နှာလေးကတော့ လှတာပဲ....ဘာဘာညာညာတွေများ လုပ်နေတာလးမသိဘူး...ညည်းအစ်ကိုလဲ ...နိုင်ငံရပ်ခြားအထိသွားနေခဲ့ပြီးမှ ...ဒီအရိုင်းအစိုင်းမလေးနဲ့ပြန်ပတ်သက်နေတာလားမသိဘူး..တော်ကြာလှည်းကျိုးထမ်းနေရအုံးမယ် " စကားသံတွေက ရင့်သီးလွန်းလှတယ်။တပေါင်းဆက်ပြီးနားထောင်နေနိုင်စွမ်းမရှိတော့ပါ။ဆက်ပြီး နားထောင်နေခဲ့ရင် ကိုယ့်စိတ်ကိုမထိန်းနိုင်ဘဲ ဖြစ်မှာစိုးတာကြောင့် ကားလမ်းမဆီကိုထွက်ခဲ့လိုက်တယ်။ တပေါင်းကားလမ်းမပေါ်ကိုရောက်ပြီးသိပ်မကြာခင်မှာဘဲ ဖိုးဇင်ရဲ့ကားက ရောက်လာခဲ့တယ်။ " တပေါင်းရယ်..ဘာလို့အပြင်ထွက်စောင့်နေရတာလဲကွာ...နေတွေပူနေတာကိုး " " ရပါတယ်ဖိုးဇင်ရယ်.....ဒီနေလောက်ကဘာမှမဖြစ်ပါဘူး " တပေါင်းဘာမှ မဖြစ်သလိုပြောလိုက်ရင်းနဲ့ ကားပေါ်အမြန်တက်လိုက်တယ်။ဒေါ်အေးလှိုင်ပြောနေတဲ့ စကားတွေကိုလဲ ဖိုးဇင်ကိုပြန်ပြောဖို့စိတ်ကူးမရှိပါ။စိတ်ထဲမှာတွေးလိုက်မိတာက ဖိုးဇင်တို့ဆီကို သွားလည်တာဟာ ဒီတစ်ကြိမ်က ပထမဦးဆုံးနဲ့နောက်ဆုံးဖြစ်စေရမယ်လို့် စိတ်ထဲဆုံးဖြတ်လိုက်မိတာပါပဲ ။ " တပေါင်း ...အမေ့ကြောင့်စိတ်ညစ်သွားတာလား ...အမေကဒီလိုပါပဲဟာ...ဒါပေမဲ့ခုနောက်ပိုင်းတော့ စကားပြောရင် လက်မပါတော့ပါဘူး ..နောက်ကိုတဖြည်းဖြည်းနဲ့အကျင့်ဆိုးတွေ ပျောက်အောင်လုပ်ရမှာပေါ့လေ ...ခုတောင် သားသမီးတွေက ...သူတို့နဲ့အတူမနေတော့ နောင်တရနေပုံပါပဲ...ညနေတိုင်းဖုန်းဆက်တယ်လေ " " ဟုတ်လား..ပြောင်းလဲသွားတော့... ကောင်းတာပေါ့ဖိုးဇင်ရယ်..အသက်တွေလဲ ကြီးပြီလေ ..." တပေါင်းဒီမျှသာပြောပြီး နှုတ်ဆိတ်ကာ ငြိမ်သက်နေမိတယ်။ကားလေးက လမ်းမပေါ်မှာ တရိပ်ရိပ်ပြေးနေခဲ့တယ်။တပေါင်းစကားပြောချင်စိတ်မရှိတာမို့ မျက်လုံးကိုစုံမှိတ်ပြီး လိုက်ပါလာခဲ့တယ်။ ~~~~~~~~~~~ " တပေါင်း ...ထမင်းစားပြီးရင်အဆောင်ရှေ့ဝရန်တာကို ခဏလာခဲ့ပါအုံး ..ပြောစရာရှိတယ် " ထမင်းစားခန်းထဲမှာ တပေါင်းတစ်ယောက်တည်း ထမင်းစားနေချိန်မှာ ကိုချမ်းရောက်လာပြီး ပြောလိုက်တာမို့ တပေါင်းခေါင်းကိုငြိမ့်ပြလိုက်တယ်။ရင်ထဲမှာတော့ တဒိန်းဒိန်းခုန်လို့်ပေါ့။ တပေါင်းအဖြစ်က ဒီရက်ပိုင်းမှာ ပန်းပျိုးလက်မှာနေရတာ အရမ်းကိုမွန်းကျပ်လွန်းလို့ သူငယ်ချင်းဆီကို လိုက်လည်မိတော့လဲ သိက္ခာမရှိအောင် အပြောခံခဲ့ရတယ်။အခုလဲ ထပ်ပြီးအပြောခံရအုံးမှာလား ။ ကိုယ့်အတွေးနဲ့ကိုယ် တပေါင်းရင်တွေတုန်လာမိတယ်။နဂိုကမှ ထမင်းစားရတာမဝင်ပါဘူးဆိုမှ ထမင်းလဲဆက်ပြီးစားချင်စိတ်မရှိတော့။စိတ်လှုပ်ရှားရလွန်းလို့ ရင်ထဲမှာတုန်ခါပြီး မောဟိုက်လာသလိုတောင်ဖြစ်လာမိတယ်။ ================================= အပိုင်း (၂၇)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/https://www.facebook.com/100067151540690/posts/735119455403099/https://www.facebook.com/100067151540690/posts/735674495347595/https://www.facebook.com/100067151540690/posts/736235605291484/https://www.facebook.com/100067151540690/posts/736791991902512/https://www.facebook.com/100067151540690/posts/737913055123739/https://www.facebook.com/100067151540690/posts/738456585069386/https://www.facebook.com/100067151540690/posts/739012378347140/https://www.facebook.com/100067151540690/posts/740077244907320/ ၁၀ https://www.facebook.com/100067151540690/posts/740644458183932/ ၁၁ https://www.facebook.com/100067151540690/posts/741255251456186/ ၁၂ https://www.facebook.com/100067151540690/posts/741833594731685/ ၁၃ https://www.facebook.com/100067151540690/posts/742400951341616/ ၁၄ https://www.facebook.com/100067151540690/posts/742989231282788/ ၁၅ https://www.facebook.com/100067151540690/posts/743578934557151/ ၁၆ https://www.facebook.com/100067151540690/posts/743627364552308/ ၁၇ https://www.facebook.com/100067151540690/posts/744157521165959/ ၁၈ https://www.facebook.com/100067151540690/posts/744215504493494/ ၁၉ https://www.facebook.com/100067151540690/posts/744820244433020/ ၂၀ https://www.facebook.com/100067151540690/posts/744865391095172/ ၂၁ https://www.facebook.com/100067151540690/posts/745447884370256/ ၂၂ https://www.facebook.com/100067151540690/posts/746053474309697/ ၂၃ https://www.facebook.com/100067151540690/posts/746091874305857/ ၂၄ https://www.facebook.com/100067151540690/posts/746620510919660/ ၂၅ https://www.facebook.com/100067151540690/posts/747852280796483/

အငယ်ကောင်လေးရဲ့စကားကြောင့် တပေါင်းလန့်သွားမိပြီး ထိုင်နေရာကနေဝုန်းခနဲ့ထရပ်လိုက်မိတယ်။ " ဘာဖြစ်လို့လဲ တပေါင်းရဲ့ ..အမေ့ကိုကြောက်လို့်လား...အမေလာတာပဲလာလာပေါ့ ...ပိုက်ဆံလာတောင်းတာနေမှာပါ..အရင်ကလာလေ့မရှိဘူး.....ငါတို့က ဘာလုပ်နေလို့် လန့်နေရတာလဲ .....ထိုင်နေစမ်းပါကွာ " ဖိုးဇင်က တပေါင်းလက်ကိုဆွဲပြီး ပြန်ထိုင်ခိုင်းလိုက်ပြီးမှ အခန်းထဲဝင်ပြီး ပိုက်ဆံသွားယူတယ်။ကျန်ခဲ့တဲ့ တပေါင်းကနေရာမှာ ပြန်ထိုင်လိုက်ရပြီးအသားတွေဆိုးဆိုးဆတ်ဆတ်တုန်နေမိတယ်။ဘာအပြစ်မှမလုပ်ထားဘူးဆိုပေမဲ့ ဒေါ်အေးလှိုင်ကိုတွေ့ရမှာတော့ တပေါင်းအတော်လေးလန့်နေမိတယ်။ သိပ်မကြာခင်မှာဘဲ ဒေါ်အေးလှိုင်တစ်ယောက် အလုပ်ရုံထဲကိုဝင်လာတာတွေ့လိုက်ရတယ်။အကြီးမလေးကတော့ မအေကိုပြေးကြိုတယ်။အငယ်ကောင်လေးနှစ်ယောက်ကတော့ ကားအောက်ပိုင်းထဲကို အသိးသီးဝင်သွားကြတာမို့ အပြင်မှ မရှိကြတော့ဘူး။ ဒေါ်အေးလှိုင်တစ်ယောက် အလုပ်ရုံအတွင်းဘက်ကို လျှောက်ဝင်လာရင်းနဲ့ တပေါင်းကိုမြင်သွားတော့ စူးစိုက်ပြီးကြည့်နေတယ်။ပြီးတော့ သမီးဖြစ်သူဘက်ကိုလှည့်ကြည့်လိုက်ပြီးတော့ လေသံခပ်မာမာနဲ့မေးလိုက်တယ်။ " ဧည့်သည်ရောက်နေတာလား အကြီးမ..ကားလာပြင်တဲ့သူလား " အကြီးမက မအေဖြစ်သူကိုတစ်ချက်မော့ကြည့်လိုက်ပြီး ' မဟုတ်ဘူးအမေ ..မမတပေါင်းပါ ' " ဘာ..ဘာပြောတယ် ..တပေါင်းဟုတ်လား...သူကအောင်မင်းရဲ့သမီး ...တပေါင်းလား ...ဟုတ်လား " " ဟုတ်..ဟုတ်တယ်လေအမေ " အကြီးမရဲ့အဖြေစကားမဆုံးခင်မှာဘဲ ဒေါ်အေးလှိုင်က ခြေလှမ်းကိုခပ်သွက်သွက်လှမ်းပြီးတော့ တပေါင်းနားကိုလျှောက်သွားလိုက်တယ်။ " ကြည့်စမ်း ..ငါက ...ဘယ်သူလဲလို့်ကြည့်နေတာ ညည်းကတပေါင်းဆိုဟုတ်လား...ရုပ်ကတော့ လှလာပါလားအေ ...ဒါနဲ့ဘယ်မှာနေတာလဲ ...ဝတ်ကောင်းစားလှတွေနဲ့ဆိုတော့ အိမ်ထောင်ကျနေပြီလား ...ညည်းနေနိုင်တယ်နော်တပေါင်း..အိမ်ထောင်ကျလု့်ကောင်းစားနေတယ်ဆိုရင်လဲ ...ကိုယ့်ဖအေကိုတစ်ခေါက်တစ်လေတော့ လာကြည့်ဖို့ကောင်းတာပေါ့အေ ...ညည်းကဘဝမေ့တယ်နော် ...ဖအေကြီးရှာကျွေးတာကို ...တစ်သက်လုံးထိုင်စားခဲ့ပြီးမှ ကောင်းစားတော့မိဘကိုချောင်ထိုးတာပေါ့လေ " တပေါင်းမှန်း သိတာနဲ့ မနားတမ်းတတွတ်တွတ်ပြောနေတဲ့ ဒေါ်အေးလှိုင်ကြောင့် တပေါင်းမျက်လုံးပြူးကား ရင်တွေတလှပ်လှပ်တုန်လာသလို တစ်ကိုယ်လုံးဇောချွေးတွေလဲပြန်လာတယ်။၊ " အမေကလဲ ဘာတွေပြောနေတာလဲ ... ဒီကိစ္စတွေကအမေနဲ့လဲ မဆိုင်ဘူး..မဆိုင်တာတွေမပြောနဲ့ ...ဦးအောင်မင်းက သူ့မိန်းမအမျိုးတွေကိုပဲ ရှာကျွေးခဲ့တာမဟုတ်လား...သူနေမကောင်းတော့လဲ ... သူ့မိန်မအမျိုးတွေပြုစုပေးလိမ့်မယ်..အမေ...ပိုက်ဆံလာတောင်းတာမဟုတ်လား ...ဒီမှာယူလိုက်ပါ ..အမေပြန်မှာလား..နေအုံးမှာလား ..နေမယ်ဆိုလဲနေပါ..မဆိုင်တာတွေမပြောနဲ့ ကျွန်တော်မကြိုက်ဘူး " ဖိုးဇင်ကအသံမာမာနဲ့ပြောလိုက်တော့ ဒေါ်အေးလှိုင်ငြိမ်ကျသွားတယ်။သို့ပေမဲ့ သူ့ဝသီအတိုင်းမကျေမနပ်နဲ့ဖြစ်နေတယ်။ထိုင်ခုံမှာပေစောင်းစောင်းနဲ့သွားထိုင်ပြီးတော့ တပေါင်းကိုလှမ်းပြီးအကဲခတ်နေတယ်။တပေါင်းမှာ ထိုင်နေရင်းနဲ့ ရင်တွေတဆတ်ဆတ်တုန်ကာ ခြေဖျားလက်ဖျားတွေလဲ အေးစက်လာတယ်။သူမကို စိမ်းစိမ်းကြီးစိုက်ကြည့်နေတဲ့ ဒေါ်အေးလှိုင်ကိုလဲ မျက်လုံးတောင် လှန်မကြည့်ရဲဘဲဖြစ်နေမိတယ်။ " ဖိုး..ဖီုးဇင် ...ငါပြန်တော့မယ်နော်..နင်မအားရင်လဲနေပါ ..ကားငှားပြီးပဲပြန်လိုက်တော့မယ်နော် " တပေါင်းခပ်တိုးတိုးအသံနဲ့ဖိုးဇင်ကိုပြောလိုက်မိတယ်။ " ဟာ..မဟုတ်တာ..တစ်ယောက်တည်းမပြန်ရပါဘူး..ငါလိုက်ပို့ပေးမှာပေါ့ ..လာ..သွားမယ်လေ " ဖိုးဇင်ကလဲ အလိုက်တသိနဲ့ ရှေ့ကဦးဆောင်ခေါ်သွးတယ်။ "ဒေါ်...ဒေါ်လေး...တပေါင်းပြန်တောမယ်နော် ...အကြီးမရေ..မမပြန်တော့မယ်နော်..အငယ်ကောင်လေးတွေကိုလဲ နှုတ်ဆက်သွားတယ်လု့်ပြောပေးပါအုံး " "ဟုတ်ကဲ့...ဟုတ်ကဲ့မမ " အကြီးမကလဲ တုန်တုန်ယင်ယင်နဲ့ပြန်နှုဆ်ဆက်တယ်။ " တပေါင်း.....ဒီမှာခဏစောင့်နော်.....ကားသွားယူလိုက်အုံးမယ်.." ဖိုးဇင်ကပြောပြီးတာနဲ့ တစ်ဖက် လမ်းက မျက်စောင်းထိုးမှာ ရပ်ထားတဲ့ ကားဆီကိုခပ်သွက်သွက်ထွက်သွားခဲ့တယ်။ " သူက ..ဘာလာလုပ်တာတဲ့လဲ အကြီးမူ...ကြည့်ရတာနင့်အစ်ကိုက ...ထော့ကျိုးမကိုထောက်ပံ့ပေးနေတာထင်တယ်......ဒီကောင်တော့ငါနဲ့တွေ့အုံးမယ် " မကြားတကြားပြောတာလား။တမင်ကြားအောင် ပြောတာလားမသိ။အသံကတော့ တော်တော်ကျယ်ကျယ်ကိုကြားနေရတယ်။တပေါင်းမကြားချင်ယောင်ဆောင်ပြီး ခေါင်းကိုအတင်းငုံ့ထားလိုက်မိတယ်။ တပေါင်းတို့က ငယ်သူငယ်ချင်းတွေဖြစ်တာမို့ ခင်မင်တဲ့စိတ်လေးနဲ့ပဲ လိုက်လည်ခဲ့မိတာပါ။ဖိုးဇင်ပြန်လာတုန်းကလဲ လက်ဆောင်တွေပါလာခဲ့ပေမဲ့ အိတ်လေးတစ်လုံးပဲယူခဲ့တာ။ဒါတောင် သူငယ်ချင်းဖြစ်သူ စိတ်မကောင်းဖြစ်မှာစိုးလို့ ယူခဲ့တာ။ရှင်းရှင်းပြောရရင် တပေါင်းလှိုင်သာယာကပြောင်းခါနီးမှာ ငွေကြေားခက်ခဲခဲ့ပေမဲ့ ဖိုးဇင်ကိုယောင်လို့်တောင် မပြောခဲ့ဘူး။ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးလဲအဆင်ပြေတယ်ပဲပြောခဲ့တာ။ပြောရမယ်ဆိုရင် ဖိုးဇင်ဆီက စလင်းဘတ်အိတ်တစ်လုံးကလွဲလို့ ဘာမှကိုမယူခဲ့ဖူးပါဘူး။

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၂၆) akyiphyu ********** " တပေါင်း " မမြင်ချင်ယောင်ဆောင်ပါတယ်ဆိုမှ ကားဘေးနားကိုရောက်လာပြီး ခေါ်လိုက်တဲ့ ကိုချမ်းကြောင့် တပေါင်းအယောင်ယောင်အမှားမှားနဲ့ လက်သီးကိုဆုပ်လိုက်မိတယ်။ " တပေါင်း... ဘယ်သွားမလို့လဲ " ကိုချမ်းရဲ့မေးသံကထွက်လာခဲ့တယ်။ကိုချမ်းကအသံမာမာနဲ့မေးလိုက်တာမို့ တပေါင်းမဖြေလို့မရတော့ " ဟုတ်...ဟုတ်ကဲ့ ..သူငယ်ချင်းရဲ့အလုပ်ကိုခဏလိုက်ကြည့်မလို့ပါကိုချမ်း...မနွေးဆီမှာခွင့်တိုင်ခဲ့ပါတယ် " တပေါင်းရဲ့အဖြေကြောင့် ကိုချမ်းမျက်နှာ တစ်ချက်တင်းခနဲဖြစ်သွားရတယ်။ " ဘယ်အချိန်ပြန်လာမှာလဲ ...စောစောပြန်လာခဲ့...နောက်ဆိုအပြင်သွားမယ်ဆိုရင်... ခွင့်တစ်ရက်ကြိုတိုင်ပါ " ကိုချမ်းက တပေါင်းကိုပြောပြီးတော့ ဖိုးဇင်ကိုလှမ်းကြည့်တယ်။ "ကိုဇင်ဖြိုးပိုင် ကလေးတစ်ယောက်လာပို့တာဆို ...ကိုသက်ကဖုန်းဆက်တယ်..သူ့မိဘတွေဆီကို... ဒီနေ့လယ်မှာ ရုံးကသွားလိမ့်မယ်...ကျေးဇူးတင်ပါတယ် ကိုဇင်ဖြိုးပိုင် ..ဒါနဲ့ ...တပေါင်းကိုစောစောပြန်ပို့ပေးပါဗျာ ....ခွင့်ပြုပါအုံး " ကိုချမ်းကပြောပြီးတာနဲ့ ကားနားကပြန်လှည့်ထွက်သွားခဲ့တယ်။ပြန်လှည့်ထွက်သွားတဲ့ ကိုချမ်းကို ဖိုးဇင်လိုက်ကြည့်နေပြီးတော့မှ တပေါင်းကို ပြန်ကြည့်လိုက်တယ်။ဒီအခါငြိမ်သက်နေတဲ့ တပေါင်းကိုတွေ့လိုက်ရတာမို့ ဖိုးဇင်စိတ်ထဲ မကျေနပ်သလိုဖြစ်သွားမိတယ်။ " သူက အမြဲဒီလိုပဲလားတပေါင်း ...တပေါင်းကိုပဲ အနိုင်ကျင့်အာဏာပြနေတာလား...တခြားသူတွေကို ဒီလောက် မတင်းကြပ်သလိုပဲ " ဖိုးဇင်ရဲ့အမေးကြောင့် တပေါင်းမျက်လုံးပြူးကာ ထိတ်လန့်သွားရပြီး ပျာပျာသလဲရှင်းပြလိုက်မိတယ်။ " မ..မဟုတ်ပါဘူး...မိန်းကလေးတွေအပြင်ထွက်ရင်တော့... သူမေးပါတယ်...ဒါကလဲမေးသင့်တယ်လေ...တစ်ခုခုဆိုရင် သင်တန်းနာမည်ပျက်မှာလေ ..အဲ့ဒါကြောင့်ပါ..ကိုချမ်းကဘယ်သူ့အပေါ်မှ အာဏာမပြပါဘူး " တပေါင်းပျာပျာသလဲရှင်းပြနေတာကိုကြည့်ပြီး ဖိုးဇင်စိတ်တိုသွားတာမို့ ကားကိုခပ်ကြမ်းကြမ်းမောင်းထွက်ခဲ့လိုက်တယ်။ ~~~~~~~~~~ " ဟယ်...မမတပေါင်းကအရမ်းကိုလှလာတာပဲနော်..အသားတွေလဲ ဖြူဖွေးနေတာပဲ " ဖိုးဇင်ရဲ့ညီမဖြစ်တဲ့အကြီးမလေးက တပေါင်းကိုတွေ့တော့ ဝမ်းသာအားရနဲ့ပြေးဖက်ရင်းပြောတယ်။သူလေးလဲ အတော်လေးလှလာတာကိုတပေါင်းသတိထားလိုက်မိတယ်။ " အကြီးမက အသက်ဘယ်လောက်ရှိပြီးလဲ " " နှစ်ဆယ့်နှစ်ပြည့်တော့မယ်လေ မမတပေါင်းရဲ့ ....မမအဆင်ပြေတယ်မဟုတ်လား ..ပရဟိတအသင်းရုံးတစ်ခုမှာနေတာဆို ...ညီမလေးတို့နဲ့လာနေပါလားဟင်...အမေနဲ့အဖေက ရပ်ကွက်ထဲမှာပဲနေတာလေမမ...ဒီကိုမလာကြပါဘူး " အကြီးမလေးရဲ့စကားကြောင့်ဖိုးဇင်ကို တပေါင်းဖျတ်ခနဲ့လှမ်းကြည့်လိုက်မိတယ်။ဖိုးဇင်းက လှမ်းပြုံးပြတော့ တပေါင်းလဲခပ်ယဲ့ယဲ့ပြန်ပြုံးပြလိုက်မိတယ်။ " အင်း..မမက ...ဟိုမှာအလုပ်လုပ်နေတာလေအကြီးမရဲ့...တစ်လကိုသုံးသိန်းကျော်လောက်ရနေပြီလေ..ဒါနဲ့မမတို့ရပ်ကွက်ရော စည်နေပြီလား...မမရဲ့ကြီးကြီးဒေါ်အေးခင်ကိုရောတွေ့မိသေးလား " တပေါင်းက သိချင်တာကို မေးလိုက်မိတယ်။ " ရပ်ကွက်ကတော့ အရင်ထက်ပိုပြီးစည်လာပါတယ်..အိမ်ကြီးအိမ်ကောင်းတွေလဲများလာတယ်...မမတို့ကြီးကြီးကိုလဲ တွေ့ပါတယ်...အဆင်ပြေတဲ့ပုံပါပဲ ...သူ့သားသမီးတွေလဲ အလုပ်တွေရနေပြီးထင်တယ်..." ဖိုးဇင်တို့မောင်နှမတွေနဲ့အရင်ကအကြောင်းတွေပြန်ပြောကြရင်းနဲ့ တပေါင်းတို့ ထမင်းဟင်းတွေချက်စားကြတယ်၊။ငယ်ငယ်ကတည်းကသိကျွမ်းခဲ့ရတဲ့ ကလေးတွေနဲ့အခုလို ပျော်ပျော်ပါးပါးတွေဆုံရတော့လဲ စိတ်ရှုပ်ညစ်ထွေးနေတဲ့ တပေါင်းရဲ့စိတ်လေးပြန်လည်ကြည့်လင်လာခဲ့တယ်။ ~~~~~~~~~~~ " ငါ့ညီတွေညီမတွေက နင့်ကိုချစ်ကြသားပဲနော် တပေါင်း ..ငါ့ညီမက ...နင်နဲ့တွေ့မှစကားတွေအများကြီးပြောတာဟ...ငါပြန်ရောက်ကာစဆိုရင်... သူ့ကို ကြည့်ရတာ စက်ရုပ်ကြီးလိုပဲ ...အလုပ်လုပ်စရာရှိရင်လုပ်တယ်..အလုပ်မရှိရင်တချောင်ချောင်မှာကုပ်နေရောပဲ ...ငါပြန်လာလိုက်တာ မှန်သွားသလိုဖြစ်သွားတာပေါ့ .." " အင်း..နင်ကအစ်ကိုတစ်ယောက်ပီသပါတယ်ဟယ်...ကလေးတွေအစားဝမ်းသာပါတယ်...နင့်လုပ်ငန်းလဲ အောင်မြင်မှာပါ " " အောင်မြင်အောင် ကြိုးစားရမှာပေါ့ တပေါင်းရယ်...ငါ့မှာစောင့်ရှောက်ပေးရမဲ့သူတွေရှိတယ်လေ...ငါစောင့်ရှောက်ပေးရမဲ့သူတွေထဲမှာ... နင်လဲပါတယ်တပေါင်း " ဖိုးဇင်ရဲ့စကားကြောင့် တပေါင်းပြုံးလိုက်မိတယ်။ " ငါ့အတွက်မပူပါနဲ့ ဇိုးဇင်ရယ်..ငါကရှာဖွေစားသောက်တတ်ပါတယ်..အသက်ကြီးလာရင်နေဖို့အတွက်လဲ ... အိမ်တစ်လုံးလောက်ဝယ်ရမှာပေါ့ " " ဒီခေတ်ဒီခါကြီးထဲ အိမ်ဝယ်ဖို့ဆိုတာ အတော်လေးတော့ ကြိုးစာရမှာပဲ ...နင့်ကိုမပင်ပန်းစေချင်ပါဘူး...ဖြစ်နိုင်ရင်နင့်အတွက်အိမ်တစ်လုံးလောက်ဝယ်ပေးချင်မိတယ်...တစ်သက်လုံး...နင်မပူမပင်ရအောင်လဲ ငါစောင့်ရှောက်ပေးချင်တယ် " ဖိုးဇင်ရဲ့စကးကြောင့် တပေါင်းဖိုးဇင်ကိုမော့ကြည့်လိုက်မိတယ်။ဒီအချိန်မှာပဲ ဖိုးဇင်ရဲ့ညီအငယ်ကောင်လေးက ဆိုင်ထဲကို ပြေးဝင်လာတာကိုတွေ့လိုက်ရတယ်။ " အစ်ကို...အမေလာနေတယ်ဗျ....တက္ကစီငှားလာတာ "

ရှင်းပြဖို့မကြိုးစားတော့ဘဲ နေလိုက်ဖို့ပဲ တွေးပြီး နေလာခဲ့လိုက်တာ။ ~~~~~~~~~~~ ဖိုးဇင်မောင်းလာခဲ့တဲ့ကားပေါ်ကို တပေါင်းတက်လိုက်တယ်။ " ဒါက ..လပေးနဲ့ငှားထားတဲ့ကားဆိုတာလား ဖိုးဇင် " " အင်း ...ဟုတ်တယ်..ပစ္စည်းဝယ်ဘာညာနဲ့လိုအပ်တာလေးရှိလို့် ငှားထားလိုက်တာ..အခုတော့လဲ ဒီလိုအကျိုးရှိတာတွေအတွက်လဲ သုံးလို့ရတာပေါ့ ...အနီးနားက လူတွေအကူအညီလိုရင်လဲ ပေးလို့ရတာပေါ့ဟာ " " အင်း ..ကောင်းသားပဲဟဲ့...နင်လဲကုသိုလ်ရတာပေါ့ ..အလုပ်ကရောအဆင်ပြေလား " " ဖွင့်တာမကြာသေးတော့ ....မိတ်တော့သိပ်မရသေးဘူးပေါ့...ဒါပေမဲ့ ..မဆိုးဘူးပြောရမှာပဲ..အငယ်ကောင်တို့က ဆိုင်ကယ်တွေလဲကိုင်တယ်လေ...ဒီကြားထဲအကြီးမက ထမင်းဆိုင်ဖွင့်မယ်လုပ်နေသေးလို့် မနည်းတားနေရတယ်..သူ့ကိုတော့ မခိုင်းရက်သေးဘူးဟာ..သူ့ခမျာ...အမေတို့နှိပ်/စက်တာကိုခံခဲ့ရတော့ အတော်လေး ပင်ပန်းခဲ့တာမဟုတ်လား " ဖိုးဇင်ကပြောရင်းနဲ့ ကားကိုခြံပြင်ကိုမောင်းထွက််လိုက်တယ်။ဒီအချိန်မှာပဲ ခြံထဲကိုကားတစ်စိးမောင်းဝင်လားတာတွေ့လိုက်ရတယ်။ မောင်းဝင်လာတဲ့ကားကိုကြည့်ပြီး တပေါင်းကိုယ်လေးတုန်သွားမိတယ်။ခြံထဲဝင်လာသူက ကိုချမ်း ။ကိုချမ်းက တပေါင်းတို့ကားဆိကိုလှမ်းကြည့်တယ်။တပေါင်းကိုချမ်းရဲ့အကြည့်ကို မမြင်ချင်ယောင်ဆောင်ပြိးခေါင်းကိုငုံ့ထားလိုက်မိတယ်။ ================================= အပိုင်း (၂၆)ဆက်ရန် ဒီနေ့ တစ်ပိုင်းပဲ ဖတ်ပါရှင် A Kyi Phyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/https://www.facebook.com/100067151540690/posts/735119455403099/https://www.facebook.com/100067151540690/posts/735674495347595/https://www.facebook.com/100067151540690/posts/736235605291484/https://www.facebook.com/100067151540690/posts/736791991902512/https://www.facebook.com/100067151540690/posts/737913055123739/https://www.facebook.com/100067151540690/posts/738456585069386/https://www.facebook.com/100067151540690/posts/739012378347140/https://www.facebook.com/100067151540690/posts/740077244907320/ ၁၀ https://www.facebook.com/100067151540690/posts/740644458183932/ ၁၁ https://www.facebook.com/100067151540690/posts/741255251456186/ ၁၂ https://www.facebook.com/100067151540690/posts/741833594731685/ ၁၃ https://www.facebook.com/100067151540690/posts/742400951341616/ ၁၄ https://www.facebook.com/100067151540690/posts/742989231282788/ ၁၅ https://www.facebook.com/100067151540690/posts/743578934557151/ ၁၆ https://www.facebook.com/100067151540690/posts/743627364552308/ ၁၇ https://www.facebook.com/100067151540690/posts/744157521165959/ ၁၈ https://www.facebook.com/100067151540690/posts/744215504493494/ ၁၉ https://www.facebook.com/100067151540690/posts/744820244433020/ ၂၀ https://www.facebook.com/100067151540690/posts/744865391095172/ ၂၁ https://www.facebook.com/100067151540690/posts/745447884370256/ ၂၂ https://www.facebook.com/100067151540690/posts/746053474309697/ ၂၃ https://www.facebook.com/100067151540690/posts/746091874305857/ ၂၄ https://www.facebook.com/100067151540690/posts/746620510919660/

ပြောပြီးတာနဲ့ ကိုချမ်းရဲ့အခန်းထဲကနေ တပေါင်းထွက်ခဲ့လိုက်တယ်။ရင်ထဲမှာတော့ ဝမ်းနည်းခြင်း၊နာကျင်ခြင်းနဲ့နာကြည်းခြင်းတွေကို တစ်ပြိုင်တည်းခံစားလိုက်ရတယ်။နှလုံးသားက ရင်ခုန်လှုပ်ရှားမိရုံနဲ့တင် လောကကြီးက တပေါင်းကိုသင်ခန်းစာကောာင်းကောင်းပေးလိုက်လေပြီ။ယောက်ျားလေးကိစ္စနဲ့ပတ်သက်ရင် အပြောမခံရအောင်နေခဲ့တဲ့တပေါင်းပါ။မိန်းကလေးတစ်ယောက်တည်းနေရတာမို့ လူအထင်သေးမခံရအောင် အထူးဂရုစိုက်ပြီးနေခဲ့တာပါ။ဒီလိုနေလာခဲ့လို့လဲ တပေါင်းကိုတော်ရုံဘယ်သူမှ အထင်မသေးခဲ့ကြဘူး။အခုတော့ တပေါင်းယုံကြည်အားကိုးရတဲ့သူကိုဘ်တိုင်က တပေါင်းရဲ့ကိုယ်ကျင့်သိက္ခာကို မယုံကြည့်နိုင်ခဲ့ဘဲ အထင်သေးနေတာကိုသိလိုက်ရတယ်။တပေါင်းဘာကိုမှ ရှင်းပြမနေချင်တော့ဘူး။ရှင်းပြရတဲ့ကိစ္စတွေကိုလဲ တပေါင်းစိတ်ကုန်နေခဲ့ပါပြီး။ပြဿနာတစ်ခုဖြစ်တိုင်း မျက်ရည်မျက်ခွက်နဲ့အမြဲရှင်းပြခဲ့ဖူးပေမဲ့ အဆုံးမှာတော့ သူတို့ယုံကြည့်ရာကိုပဲလက်ခံလိုက်ကြတာမဟုတ်လား။တပေါင်းနှုတ်ခမ်းကိုတင်းတင်းစေ့ပြီး အံကိုကြိတ်ကာအခန်းထဲကထွက်လာခဲ့လိုက်တယ်။ ~~~~~~~~~~~~ " တပေါင်း ..နင်ဘာဖြစ်နေတာလဲ ..နေလို့မကောင်းဘူးလား " ဖိုးဇင်ရဲ့အမေးကြောင့် တပေါင်းခေါင်းကိုခါယမ်းပြလိုက်မိတယ်။ " ဘာမှမဖြစ်ပါဘူး..ဒါနဲ့ ...ကလေးတစ်ယောက်ကိုလာပို့တာဆို...ဘယ်သူလဲဟင်....တို့ရပ်ကွက်ထဲကလာား " တပေါင်း စကားကိုလွဲကာဖိုးဇင်ကိုမေးလိုက်မိတယ်။ " အင်း...ဟုတ်တယ်...သူ့အဖေနဲ့အမေက ရူးသလိုလိုပေါသလိုလိုနဲ့ ...ကလေးကို ပိုက်ဆံလိုက်တောင်းခိုင်းတယ်..သူတို့သက်မှတ်ထားတဲ့ငွေမရရင်ရို*က်တယ်တဲ့လေဟာ...ဒီရောက်တော့သေချာမေးကြည့်လိုက်မှ ...ဖအေက ပထွေးတဲ့.. အမေကတော့အမေရင်းပဲ ...ကလေးက ရှစ်နှစ်လောက်ပဲရှိအုံးမယ်...ရို//က်ခံထားရတာလဲ တစ်ကိုယ်လုံးမှာဒဏ်ရာတွေပြည့်နေတာပဲ " ဖိူးဇင်ပြောနေတာတွေကို နားထောင်ပြီး တပေါင်းလက်သီးကိုဆုပ်လိုက်မိတယ်။ " ကလေးက ...အခုဘယ်မှာလဲ ..ပန်းပျိုးလက်ကလက်ခံမှာတဲ့လား " " အင်း..လက်ခံမယ်တဲ့ ..ကလေးကိုစောင့်ရှောက်ရေးဂေဟာမှာခဏပို့ပေးထားမယ်တဲ့....ကျန်တဲ့ကိစ္စတွေအတွက် သူ့မိဘတွေကိုတရားစွဲဖို့ ရှေ့နေနဲ့စီစဉ်ပေးမယ်တဲ့လေ..အခုက ကိုချမီးပြည့်စုံမရှိလို့ ..ကိုသက်နဲ့ထားခဲ့လိုက်တယ်...ရှေ့နေလဲ ရောက်လာတယ်လေ " " ဟုတ်လား..တော်သေးတာပေါ့...ဒါဆိုရင်တော့ ...ကလေးအဆင်ပြေသွားမှာပါ " " အဆင်ပြေမှပဲဖြစ်မှာ..ကလေးကလဲ ...သူ့အိမ်ကိုမပြန်ချင်တော့ဘူး...ငါလဲကလေးကိုသူ့အမေ့ဆီကို ပြန်မထည့်ပေးချင်ဘူး...သူ့အတွက်ကောင်းတဲ့နေရာမှာပဲထားချင်တယ် ..ဒါနဲ့....ငါ့အလုပ်ရုံကိုတစ်ခါလောက်တော့လာလည်ပါအုံးဟာ...အခုလိုက်ခဲ့ပါလား " ဖိုးဇင်ရဲ့စကားကြောင့် တပေါင်းစိတ်ထဲဝမ်းသာသလိုဖြစ်သွားမိပြီး " အေးဟာ...ငါလဲခွင့်မယူတာကြာပြီပဲ ... ဒီနေ့လဲ အလုပ်သိပ်မရှိဘူး...သွားပြောကြည့်က်အုံးမယ်...နင်ပြန်လိုက်ပို့ပေးမှာမ ဟုတ်လား ..." " အေးပါ.. ပို့ပေးမယ်လေ " " အေး...ဒါဆိုရင်ခဏစောင့်ဟာ ..သွားပြောလိုက်အုံးမယ် " ဖိုးဇင်ကိုစောင့်ခိုင်းထားခဲ့ပြီးတပေါင်းထွက်လာခဲ့လိုက်တယ်။ ~~~~~~~~~~~ " မနွေး..တပေါင်းကို ..ဒီနေ့ခွင့်တစ်ရက်လောက်ပေးပါရှင်...အရေးကြီးတဲ့စာရွက်စာတန်းတွေအားလုံးကို တပေါင်းစာစီပြီးသွားပါပြီ..တကယ်လို့်... အရေးကြီးတာတွေထပ်ထွက်လာရင် ပြန်ရောက်တာနဲ့ အလုပ်လုပ်ပေးပါ့မယ်...ဖိုးဇင်တို့ အလုပ်ရုံကို လိုက်လည်ချင်လို့ပါ ...ဖိုးဇင်ရဲ့ ညီတွေ..ညီမတွေနဲ့လဲ တွေ့ချင်လို့ပါ " " အင်း ..သွားလေ....ညနေတော့ပြန်လာမှာမဟုတ်လား " " ဟုတ်ကဲ့ ပြန်လာမှာပါ " " အင်း..အင်း..." မနွေးဆီက ခွင့်ပြုချက်ရတာနဲ့ တပေါင်းအခန်းဆီကိုပြန်ပြီး အဝတ်အစားလဲကာထွက်ခဲ့လိုက်တယ်။ပန်းပျိုးလက်မှာက ခွင့်တိုင်မဲ့ကိစ္စတွေဆိုရင် မနွေးဆီမှာပဲပြောရတာ။မနွေးကဆင့်မှ ကိုချမ်းဆီကိုအကြောင်းကြားပေးတာ။ပန်းပျိုးလက်မှာက သင်တန်းကျောင်းမှာပဲနေတဲ့သူက တပေါင်းအပါအဝင်ဆယ်ယောက်ရှိတယ်။ဒီထဲအမှ ကိုချမ်း၊ကိုသက်။ကိုထိုက်၊ကိုမိုး၊ကိုစိုင်းနဲ့ကိုထွန်ူးတို့ခြောက်ယောက်နဲ့ မိန်းကလေးက လေးယောက်ရှိတယ် ။ရုံးမှာ အနေများတာက ကိုချမ်း၊ကိုသက်နဲ့ကိုထိုက် ။မိန်ကလေးတွေကတော့ မနွေး။ထက်ထက်နဲ့မာလာ၊ပြီးတော့တပေါင်း ။ထက်ထက်နဲ့မာလာရယ်ကိုထွန်းနဲ့ကိုစိုင်းက တပေါင်းထက်ငယ်ကြတယ်။အားလုံးထဲမှာမှ ဂေဟာမှာ အတူကြီးပြင်းခဲ့ကြတဲ့ ကိုချမ်း၊ကိုသက်၊မနွေး၊ထက်ထက်၊ကိုစိုင်းနဲ့မာလာတို့က ပိုပြီးတော့ ရင်းနှီးမှုရှီကြတာတော့အမှန်ပဲ။အစကတော့ တပေါင်းနဲ့လဲ မိသားစုပုံစံမျိုးလောက်နဲ့မရင်းနှီးသေးဘူးဆိုပေမဲ့ ငယ်သူငယ်ချင်းအရင်းကြီးတွေလို ချစ်ခင်နေခဲ့ကြတာပါပဲ။ပြောရရင် ဟိုရက်က ကိုထိုက်ရဲ့အခန်းထဲကို တပေါင်းမှားဝင်သွားမိပြီးမှ ဒိလိုတွေစိမ်းသွားခဲ့ကြတာ။ထက်ထက်နဲ့မာလာကဆိုရင် တပေါင်းကိုမြင်တာနဲ့မကြည်သလိုကြည့်တာ။ကြည့်ရတာ ကိုထိုက်နဲ့လက်ထပ်မဲ့သူက ရုံးမှာနေကြတဲ့ သုံးယောက်ထဲကတစ်ယောက်ဖြစ်မှာသေချာတယ်။ခက်တာက အဲ့ဒီတစ်ယောာက်က ဘယ်သူလဲဆိုတာကိုလဲ တပေါင်းသေချာမသိသလို သူတို့အထင်လွဲပြီးစိတ်ဆိုးနေကြတာလားဆိုတာကိုလဲ တပေါင်းသေချာမသိဘူး။ဒါကြောင့်လဲ ဘာကိုမှရှင်းပြလို့်မရဘူး။ရှင်းပြလို့မရတော့လဲ

တပေါင်းကို ကြည့်ပြီး ကိုထိုက်ကလဲအူကြောင်ကြောင်နဲ့ လှမ်းမေးတယ်။မေးသံကြားလိုက်ရမှ တပေါင်းလဲရှက်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိဘဲဖြစ်သွားမိတယ်။ " ဟို...ဟို ..အခန်းမှားဝင်မိတာပါ ကိုထိုက်...တပေါင်းတောင်းပန်ပါတယ်နော် " တပေါင်းပျာပျာသလဲတောင်းပန်လိုက်မိတယ်။ " ဪ ...ရပါတယ်တပေါင်းရဲ့...ကိုသက်ကိုလာရှာတာလားလို့ ..ကိုသက်ကအခုပဲ ..စာသင်ခန်းဘက်ထွက်သွားလို့်လေ " " ဟုတ်..ဟူတ်ကဲ့...တပေါင်းသွားတော့မယ်နော်ကိုထိုက် " တပေါင်းရှက်ရှက်နဲ့ အခန်းထဲက အမြန်ပြန်ထွက်လာခဲ့လိုက်တယ်။ " တ...တပေါင်း... " တပေါင်းအခန်းပြင်ကိုရောက်ချိန်မှာ ကိုချမ်းကိုမတွေ့ရဘဲ မနွေးနဲ့ဆုံလိုက်ရတာမို့ ရင်ထဲကအပူလုံးကြီးကျသွားရတော့တယ်။ " တ...တပေါင်းက ဘာကိစ္စရှီလို့လဲ ..ကိုထိုက်နဲ့ပြောစရာရှိလို့လား " " ရှင် " မနွေးရဲ့ အမေးကြောင့် တပေါင်းဖြေရခက်သွားမိတယ်။ကိုချမ်းနဲ့မဆုံအောင်ရှောင်ဖို့အတွက် အခန်းထဲဝင်လိုက်တာလို့ ဖြေရမှာလား။ " ဟို...ဟို ..ကိုထိုက်ကို အလုပ်အကြောင်းမေးတာပါ မနွေး....တပေါင်းသွားတော့မယ်နော် " ရှေ့ဆက်ပြောရင် အလိမ်တွေပေါ်ကုန်မှာ ကြောက်တာမို့ တပေါင်းနေရာကနေ အမြန်ထွက်လာခဲ့လိုက်တယ်။ ~~~~~~~~~~~ " မနွေးရေ...ဒီနေရာက ...စာသားကသိပ်ပြီးမရှင်းလို့ ဘာရေးထားတာလဲဟင် " တပေါင်းစာရိုက်နေရင်းကနေ မူကြမ်းပေးလိုက်တဲ့စာက သိပ်မရှင်းတာမို့ စာရွက်ကိုကိုင်ပြီးမနွေးကို သွားမေးလိုက်တယ်။မနွေးက တပေါင်းမေးတာကိုမကြားတာပဲလားမသိ ပြန်မဖြေ။ " ဟို..မနွေး ...ဒီစာလေး တပေါင်းကိုရှင်းပြပါလားဟင် " စာရွက်လေးကို မနွေးရှေ့ကို ထိုးပြလိုက်ပြီး တပေါင်းထပ်မေးလိုက်တယ်။ " တို့ မအားဘူးတပေါင်း...မင်းမသိတာရှိရင် ..ကိုထိုက်ကိုသွားမေးလိုက် " " ရှင်...ဟုတ်ကဲ့မနွေး...တပေါင်းနှောက်ယှက်မိတာ တောင်းပန်ပါတယ်နော်် " မနွေးရဲ့ခပ်မာမာအသံကြောင့် တပေါင်းရင်ထဲအောင့်ခနဲတော့ဖြစ်သွားမိတယ်။ဘာမှန်းသေချာမသိပေမဲ့ မနွေးတစ်ခုခုပြောင်းလဲသွားတာကို တပေါင်းသတိထားလိုက်မိတယ်။ဒါပေမဲ့ဘာက ပြောင်းလဲသွားတာကိုတော့မသိဘဲဖြစ်နေမိတယ်။တပေါင်းအခန်းထဲက အသာထွက်ခဲ့လိုက်တယ်။ ~~~~~ " ထက်ရေ ..ညီမလေး ..ဒီစာကြောင်းလေးကို...တပေါင်း သိပ်နားမလည်လို့ ...ဖတ်ပြပါလား... ဟင် " တပေါင်းက မေးရင်းနဲ့အခန်းထဲဝင်လိုက်ချိန်မှာ မျက်နှာတွေတင်းပြီး အပြင်ကို ထထွက်သွားကြတဲ့ ထက်ထက်နဲ့မာလာကိုကြည့်ပြီး တပေါင်းရင်ထဲမှာရှုပ်ထွေးသွားရတယ်။တစ်ခုခုကို မကျေနပ်ကြရင်လဲ ပွင့်ပွင့်လင်းလင်းမပြောကြဘဲ ခုလိုကြီး ဆက်ဆံကြတာကိုတော့ တပေါင်းမကြိုက်ဘူး။အစကတည်းကလဲ မိသားစုလိုနေကြမယ်လို့ ပြောထားခဲ့ကြတာမဟုတ်လား။အခုတော့ မနွေးကလဲ တပေါင်းကိုမကြည်သလိုမျက်နှာပေးနဲ့ဆက်ဆံပြီး စကားမပြောဘူး။ထက်ထက်တို့ဆီလာတော့လဲ ဒိလိုပုံစံပဲဆိုတော့ တစ်ခုခုတော့ဖြစ်နေပြီဆိုတာကို တပေါင်းသိလိုက်တယ်။ခက်တာက အဲ့ဒီတစ်ခုခုက ဘာလဲဆိုတာကိုသေချာမသိတာကအဆိုးဆုံးပဲ။တပေါင်းစိတ်ရှုပ်ထွေးစွာနဲ့အခန်းထဲကပြန်ထွက်ခဲ့လိုက်တယ်။ ~~~~~~ " တပေါင်း " အခန်းထဲက အထွက်မှာ ကိုချမ်းနဲ့မျက်နှာချင်းဆိုင်ဆုံလိုက်ရတာမို့ တပေါင်းရှောင်မပြေးနိုင်ဘဲဖြစ်သွားရတယ်။ " ကိုယ့်ရုံးခန်းထဲကို ခဏလိုက်လာခဲ့အုံးတပေါင်း. " "ရှင်...ဟုတ်...ဟုတ်ကဲ့ " ပြောပြီးတာနဲ့ ရှေ့ကထွက်သွားတဲ့ ကိုချမ်းနောက်ကို တပေါင်း မဝံ့မရဲနဲ့လိုက်လာခဲ့မိတယ်။ ~~~~~~~~~~~~~ " ထိုင်ပါအုံး တပေါင်း....မင်းကိုမေးစရာရှိလို့်...မနက်တုန်းက ကိုထိုက်ရဲ့အခန်းထဲကို ...ဘာဝင်လုပ်တာလဲ " "ရှင် " ကိုချမ်းရဲ့အမေးကြောင့်တပေါင်းတစ်ကိုယ်လုံးတုန်သွားတဲ့အထိဖြစ်သွားရတယ်။မေးရင်းနဲ့ စူးရှတဲ့မျက်ဝန်းတွေနဲ့ အကဲခတ်သလိုကြည့်နေတဲ့ ကိုချမ်းရဲ့အကြည့်တွေကြောင့် တပေါင်းစိတ်တွေလှုပ်ရှုားတုန်ယင်လာမိတယ်။ " ဟို ..ဟို..အခန်းမှားပြီးဝင်သွားမိတာပါ ကိုချမ်း " " ဘယ်လို ...အခန်းမှားတာလားဟုတ်လား...အခန်းတွေရှေ့မှာ ..စာတွေရေးထားတာပဲ ဘာမှားစရာရှိလို့်လဲ ..နောက်တစ်ခါ ဒီလိုထပ်မဖြစ်စေနဲ့တပေါင်း...ပေါ့ပေါ့တန်တန်အမူအရာမျိုးတွေကို ...ကိုယ်မကြိုက်ဘူးနော်... ပြီးတော့ ကိုထိုက်မှာချစ်သူရှီတယ်..နောက်နှစ်ဆိုသူတို့လက်ထပ်ကြတော့မှာ " " ရှင် " ကိုချမ်းဆီက စကားကိုကြားလိုက်ရတော့မှ တစ်စုံတစ်ရာကို တပေါင်းတွေးလိုက်မိပြီး အရှက်ကြီးရှက်သွားမိတော့တယ်။တင်းမာနေတဲ့ ကိုချမ်းရဲ့မျက်နှာကိုကြည့်ပြီး အဖေ့ကိုမြင်ယောင်လာတာမို့ တပေါင်းဆက်ပြီးရှင်းပြချင်စိတ်လဲမရှိတော့ဘဲ နှုတ်ဆိတ်ကာ ငြိမ်သက်နေမိတော့တယ်။ " လိမ်လိမ်မာမာနေပါ တပေါင်း...မင်းတစ်ဘဝလုံးအေးအေးချမ်းချမ်းနေရအောင် ..ကိုယ်စိစဉ်ပေးမှာပါ " " ဟုတ်...ဟုတ်ကဲ့ပါ ကိုချမ်း...ကျေးဇူးတင်ပါတယ်နော် ..တပေါင်းကိုသွားခွင့်ပြုပါအုံး...နောက်ထပ် ဒီလိုမျိုး မဖြစ်စေရပါဘူးရှင် ...တပေါင်းကတိပေးပါတယ် "

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၂၅) akyiphyu ********** " ကျွီ " အခန်းတံခါးဖွင့်သံကြောင့် တပေါင်းကိုယ်လေး ဆတ်ခနဲ တုန်သွာမိပြီး တံခါးဆီကို လှည့်ကြည့်လိုက်မိတယ်။ " ဪ ..တပေါင်းကအလုပ်တောင်ဝင်နေပြီလား ....စောစောစီးစီး ကြိုးစားနေပါလား တပေါင်းရဲ့ " အသံနဲ့အတူ အခန်းထဲကို ဝင်လာသူက မနွေး။တပေါင်းက အားတင်းပြီးတော့ မနွေးကို ပြုံးပြလိုက်တယ်။ " တပေါင်းရေ .... တစ်နေ့က အပ်ထားတဲ့ စာဖောင်တွေရိုက်လို့ပြီးပြီလား ...အဲ့ဒါတွေပရင့်ထုတ်ပြီး ...ဒီနေ့သွားပို့ရမှာကွ " ခပ်ကျယ်ကျယ် မေးသံနဲ့အတူ အခန်းထဲထပ်ရောက်လာသူက ကိုသက်။ကိုသက်က လောလောနဲ့ အနားကိုလျှောက်လာပြီး မေးတယ်။တပေါင်းက ပရင့်ထုတ်ပေးထားတဲ့ ဖိုင်တစ်ထပ်ကိုယူပြီး ကိုသက်ကိုပေးလိုက်တယ်။ " ဟ ..မြန်လှချည်လားကွ ...တပေါင်းတောင် အတော်လေးသွက်လာပြီပဲ .." ကိုသက်က တအံ့တသြနဲ့ ချီးကျူးလိုက်တယ်။တပေါင်း ဘာမှမပြောဘဲ ပြုံးရုံသာပြုံးပြလိုက်တယ်။ " ဘာလဲ ကိုသက် .. ဒီနေ့မနက်သွားပို့ရမှာလား " မနွေးက ကိုသက်ကိုလှမ်းမေးလိုက်တယ်။ " မနက်မဟုတ်ဘူး မနွေး ... နေ့လယ်လောက်သွားပို့ပေးရမှာ ..ဒီနေ့က ကိုချမ်းမရှိတော့ ....နေ့လယ်မှာကျွန်တော် အလုပ်များမှာမို့ .. အခုကတည်းက လာစုထားတာလေ " " ဪ ..ကိုချမ်းက ...ဟိုတစ်ယောက်နဲ့ အပြင်လိုက်သွားမလို့တဲ့လား ..." " ဟုတ်တယ် မနွေး ...သူတို့အပြင်မှာ နေ့လယ်စာသွားစားကြမယ်ထင်တယ် ....ကိုချမ်း ဘယ်လို ဆုံးဖြတ်မလဲမသိဘူးဗျာ ....ကြားထဲက ...ကျွန်တော် တောင်ရင်တုန်တယ် " မနွေးနဲ့ ကိုသက်တို့ ပြောနေကြတဲ့ စကားတွေကို တပေါင်း မသိမသာနားခွင့်နေမိတယ်။ဘာမှတော့ ဝင်မမေးမိပါ။တပေါင်းအနေအထားနဲ့မေးလို့လဲ မရဘူးမဟုတ်ပါလား။ " သွားလိုက်အုံးမယ် မနွေး ... နေ့လယ်အပြင်သွားရင် ဘာမှာ အုံးမလဲ " " မုန့်ပဲဝယ်ခဲ့ပါတယ် .... ကျန်တာ မမှာပါဘူး " ကိုသက်အခန်းထဲက ထွက်သွားတော့ အခန်းက တိတ်ဆိတ်သွားပြီး မနွေးရဲ့ ဝှီးချဲလ်ရွေ့သံကို ကြားလိုက်ရတယ်။ " တပေါင်းရေ ... တို့တွေတော့ မျက်ခုံးခပ်လှုပ်လှုပ်ပဲ...ကိုချမ်းဆီလာတဲ့ တစ်ယောက်ကလေ .. ကိုချမ်းနဲ့ နိုင်ငံခြားမှာကျောင်းအတူတူတက်ခဲ့တဲ့သူလေ.... သူတို့နှစ်ယောက်ချစ်သူတွေထင်ပါတယ်...ကိုချမ်းကတော့ တို့တွေကို တိတိကျကျအသိမပေးသေးပါဘူး ...ဒါပေမဲ့ အဲ့တစ်ယောက်က ... ကိုချမ်းကိုနိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ပြောနေတာကို ကြားခဲ့ရတယ်...သူတို့တွေ ဟိုမှာ အခြေချပြီး... သင်တန်းကို ငွေထောက်ပံ့ပေးမယ်တဲ့လေ ... ကိုချမ်းဘယ်လိုဆုံးဖြတ်မလဲမသိဘူး...စိတ်မကောင်းပေမဲ့ ...ကိုချမ်းထွက်သွားမယ်ဆိုရင်လဲ လက်ခံရမှာပဲပေါ့ ....တို့တွေအတွက်..သူအများကြီးလုပ်ပေးထားတာပဲလေ ...ဒါပေမဲ့လေ ... အတ္တကြီးတယ်ပဲပြောပြောပါ တပေါင်းရယ်....အချိန်တန်ရင် ကိုချမ်းလဲအိမ်ထောင်ပြုရမှာကိုသိပေမဲ့ .. တို့ဆီမှာ အတူနေနိုင်မဲ့သူမျိုးနဲ့ပဲ အိမ်ထောင်ပြုစေချင်မိတယ်...တို့ဆီကနေ ဆွဲခေါ်သွားမဲ့သူမျိုးနဲ့ မဖြစ်စေချင်မိဘူး ..ကိုချမ်းသာထွက်သွားရင် ..မနွေးတော့ အစ်ကိုကြီးတစ်ယောက်ဆုံးရှုံးလိုက်ရသလို ခံစားရလိမ့်မယ်ထင်တယ် " မနွေးက တိုးသဲ့သဲ့ပြောရင်းနဲ့ သူ့ စားပွဲဆီကို ဝှီးချဲလ်ကို တွန်းလှိမ့်သွားခဲ့တယ်။တပေါင်းကတော့ မနွေးရဲ့စကားတွေကို ဘာမှပြန်မပြောမိပါဘူး။ လူသားတိုင်းကို စာနာချစ်ခင်ပေးတတ်တဲ့ လူတစ်ယောက်ရဲ့ ကြင်နာယုယမှုတွေကို ထင်ယောင်ထင်မှားဖြစ်ခဲ့မိပြီး ရင်ခုန်ခဲ့မိတဲ့တပေါင်းရဲ့ နှလုံးသားလေးကတော့ အသံတိတ်ငိုကြွေးနေခဲ့ပါပြီ။တပေါင်းရဲ့အဖြစ်တွေကို တစ်ယောက်ယောက်ကများ သိသွားခဲ့ရင် တပေါင်းလို အနေအထားနဲ့ ကိုချမ်းလူမျိုးကိုများ ရည်မှန်းရသလားလို့အပြစ်တင်ကြလေမလားမသိ။တွေးရင်း ရင်ထဲတဆစ်ဆစ်နာကျင်လာတာမို့ တပေါင်းအလုပ်ထဲကိုပဲ အာရုံစိုက်ထားလိုက်တယ်။အချစ်ဆိုတာ တပေါင်းအတွက် အရမ်းကို အလှမ်းကွာလွန်းတယ် မဟုတ်ပါလား ။ ~~~~~ မျက်နှာချင်းဆိုင်ကလျှောက်လာတဲ့ ကိုချမ်းကိုမြင်လိုက်ရတာမို့ တွေ့ရာအနီးဆုံးအခန်းထဲကို တပေါင်းအမြန်ဝင်လိုက်မိတယ်။ခုရက်ပိုင်းထဲမှာ ကိုချမ်းနဲ့မဆုံမိအောင် တပေါင်းအတတ်နိုင်ဆုံးကြိုးစားရှောင်နေမိတယ်။သူက လူတိုင်းအပေါ်မှာ ကြင်ကြင်နာနာဆက်ဆံတတ်တာကို ကိုယ်ကအထင်မြင်တွေလွဲမှားပြီး ရင်တွေခုန်ခဲ့မိတာလေ။မျှော်လင့်ချက်တွေ ထားခဲ့မိတာ။တတကယ်တမ်းစဉ်းစားကြည့်တော့ တပေါင်းလိုလူက ကိုချမ်းနဲ့လိုက်ဖက်မတဲ့လား။ပညာမတတ်မတဲ့အပြင် ခြေတစ်ဖက်မသန်တဲ့သူက အိပ်မက်အကြီးကြီးကိုမက်ခဲ့မိတာလေ။အခုချိန်မှာတော့ တပေါင်းကိုယ့်အခြေအနေကို ကောင်းကောင်းနားလည်သွားပြီးမို့ အလုပ်ကိုပဲကြိုးစားလုပ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ " တပေါင်း....ဘာလိုချင်လို့လဲ .." တပေါင်းမှာ အနီးဆုံးအခန်းထဲကို အဝင်ကောင်းလိုက်တာ အခန်းထဲမှာ ကိုထိုက်တစ်ယောက်တည်းကိုတွေ့လိုက်ရတာမို့ အူကြောင်ကြောင်ဖြစ်သွားမိတယ်။ဒိတော့မှ အခန်းကိုသေချာကြည့်လိုက်မိတေ့မှ ကိုထိုက်ရဲ့အလုပ်ခန်းဖြစ်နေမှန်းသိလိုက်ရတယ်။ကိုထိုက်ဆိုတာက ပန်းပျိုးလက်ရဲ့ ပင်တိုင် အဖွဲ့ဝင် ဆယ်ယောက်ထဲက တစ်ယောက်လေ။

တပေါင်းဘာရယ်မဟုတ်ဘဲ မြင်ကွင်းကို မျက်တောင်မခတ်ဘဲငေးကြည့်နေမိတယ်။တပေါင်းကြည့်နေစဉ်မှာပဲ ကားတံခါးက ဖျတ်ခနဲပွင့်လာခဲ့ပြီး မိန်းကလေးတစ်ယောက် ကားပေါ်ကဆင်းလာတာကို တွေ့လိုက်ရတယ်။ကားပေါ်က ဆင်းလာတဲ့ မိန်းကလေးကိုကြည့်ပြီး တပေါင်းရင်ထဲမှာ နှလုံးခုန်သံတွေမြန်လာခဲ့တယ်။လူက အသားတွေ တဆတ်ဆတ်တုန်ယင်လာခဲ့တယ်။တပေါင်း မြင်တွေ့နေရတဲ့မိန်းကလေးက ကိုချမ်းပျာယာခတ်နေရလောက်အောင်ကိုလဲ လှလွန်းခဲ့ပါတယ်။နောက်တစ်ချက်က အမျိုးသမီးလေးက ခြေကောင်းလက်ကောင်းနဲ့ အပြစ်ရယ်လို့ဆိုစရာမရှိတဲ့ပုံစံမျိုးလေးလေ။ မိန်းမလှလေးကို တပေါင်းငေးကြည့်နေမိရင်းနဲ့ ပါးပြင်းပေါ်ကို မျက်ရည်ပေါက်အချို့ အလိုလိုစီးကျလာခဲ့မိတယ်။ပါးပြင်ပေါ်စီးကျလာခဲ့တဲ့ မျက်ရည်စတွေရဲ့ပူးနွေးတဲ့အထိအတွေ့ကြောင့် တပေါင်းသတိပြန်ဝင်လာခဲ့မီပြီး ညာဘက်ပေါင်ကို လက်နဲ့ကိုင်စမ်းလိုက်မိပြီး ခြေကိုထော့နင်းကာ ပြတင်းပေါက်နားက ထွက်လာခဲ့လိုက်တယ်။ ================================= အပိုင်း (၂၅)ဆက်ရန် ဒီနေ့ တစ်ပိုင်းပဲ ဖတ်ပါရှင် A Kyi Phyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/https://www.facebook.com/100067151540690/posts/735119455403099/https://www.facebook.com/100067151540690/posts/735674495347595/https://www.facebook.com/100067151540690/posts/736235605291484/https://www.facebook.com/100067151540690/posts/736791991902512/https://www.facebook.com/100067151540690/posts/737913055123739/https://www.facebook.com/100067151540690/posts/738456585069386/https://www.facebook.com/100067151540690/posts/739012378347140/https://www.facebook.com/100067151540690/posts/740077244907320/ ၁၀ https://www.facebook.com/100067151540690/posts/740644458183932/ ၁၁ https://www.facebook.com/100067151540690/posts/741255251456186/ ၁၂ https://www.facebook.com/100067151540690/posts/741833594731685/ ၁၃ https://www.facebook.com/100067151540690/posts/742400951341616/ ၁၄ https://www.facebook.com/100067151540690/posts/742989231282788/ ၁၅ https://www.facebook.com/100067151540690/posts/743578934557151/ ၁၆ https://www.facebook.com/100067151540690/posts/743627364552308/ ၁၇ https://www.facebook.com/100067151540690/posts/744157521165959/ ၁၈ https://www.facebook.com/100067151540690/posts/744215504493494/ ၁၉ https://www.facebook.com/100067151540690/posts/744820244433020/ ၂၀ https://www.facebook.com/100067151540690/posts/744865391095172/ ၂၁ https://www.facebook.com/100067151540690/posts/745447884370256/ ၂၂ https://www.facebook.com/100067151540690/posts/746053474309697/ ၂၃ https://www.facebook.com/100067151540690/posts/746091874305857/

ဆံပင်စုတ်ဖွာဖွာနဲ့ဖြူဖပ်ဖြူရော်နဲ့ကလေးမလေးလို့ပဲ မြင်နေမှာကိုတပေါင်းအကြောက်ဆုံးပဲ။ဗိုက်ဆာနေချိန်မှာ ထမင်းကိုမြင်လိုက်ရတော့ ဟန်တောင်မဆောင်နိုင်ခဲ့တဲ့ကလေးမလေး။ဟင်းပန်းကန်ထဲက ဟင်းကိုမနှိုက်ရဲလို့ ထမင်းဖြူတွေချည်းပဲ စားနေခဲ့တဲ့ကလေးမလေး။ဒီကလေးမလေးရဲ့ ပန်းကန်ထဲကို အစ်ကိုကြီးတစ်ယောက်လိုဟင်းခပ်ထည့်ပေးခဲ့တဲ့သူ။အဲ့ဒီအချိန်ကတည်းကများ သူက တပေါင်းရင်ထဲကိုရောက်နေခဲ့တာလား။မဟုတ်နိုင်ပါဘူးနော်။တပေါင်း ယော//က်ျားတွေကို မယုံဘူး။ယော//က်ျားအများစုက သူတို့သနားချင်ရင်အတင်းဇွတ်သနားတတ်ကြပြီး၊သူတို့ရက်စက်ပြီဆိုရင်လဲ အကြောင်းပြချက်မရှိဘဲ ရက်စက်တတ်ကြတယ်တဲ့။လောကမှာ ယော//က်ျားပီသတဲ့ယောက်ျားတွေရှိပေမဲ့လဲ အဲ့ဒီလိုယောက်ျားမျိုးနဲ့ဆုံဖို့ဆိုတာ ထိဆုကြိးပေါက်ဖို့ထက်တောင် ခဲယဉ်းသေးတယ်လို့ ကြီးစောကဆုံးမခဲ့ဖူးတယ်။တကယ်လဲ အဲ့ဒီလိုမျိုးပဲဆိုတာကို တပေါင်းယုံကြည်နေမိတယ်။လောကကြီးမှာ သားသမီးကိုမချစ်တဲ့မိဘ။သားသမိးကို ရန်သူလိုဆက်ဆံနေတဲ့မိဘဆိုတာ သိပ်ကိုရှားပါးတယ်လို့ တပေါင်းတို့သိထားခဲ့တာ။ဒါကြောင့်လဲ အဖေက တပေါင်းကိုဘယ်လောက်ပဲရို//က်ရို///က် အဖေ့ရင်ထဲမှာ တပေါင်းကိုချစ်တယ်လို့်ပဲ ယုံကြည့်ခဲ့မိတာ။ဒါပေမဲ့နောက်ဆုံး တဖြည်းဖြည်းသိလာခဲ့ရတာက အဖေကတပေါင်းကို မချစ်ရုံးတင်မဟုတ်ဘဲ မုန်းပါမုန်းနေခဲ့တယ်ဆိုတာကို သိခဲ့လိုက်ရတယ်။မိဘကမုန်းတဲ့သားသမီးဆိုတာ လောကကြီးမှာဖြစ်ခဲတဲ့ကိစ္စမျိုးပါတဲ့ ။အဲ့ဒီဖြစ်ခဲတဲ့ကိစ္စက တပေါင်းဆီမှာလာဖြစ်နေတယ်ဆိုတော့ တပေါင်းရဲ့မေတ္တာရေးကံတရားကနည်းပါးနေခဲ့ပြီလေ။ဒါကြောင့်လဲ ငွေရအောင်စုပြီး တစ်ယောက်တည်းနေလို့ ကြီးစောကဆုံးမသွားခဲ့တာလေ။တပေါင်းကိုယ်တိုင်လဲ ကြိးစောရဲ့ဆုံးမစကားတွေကို လက်ခံခဲ့တယ်။ဒီလိုလက်ခံပြီးနေလာခဲ့ပြီးမှ ကိုချမ်းနဲ့ပြန်ဆုံရတဲ့အခါ တပေါင်းစိတ်တွေလှုပ်ရှားခဲ့ရတယ်။အခုတော့ ဆယ်ကျော်သက်အရွယ်က စိတ်ခံစားမှုက နှလုံးသားရဲ့အနက်ရှိုုင်းဆုံးနေရာထိဝင်ရောက်နေခဲ့တယ်ဆိုတာကို ရိပ်စားလာခဲ့မိတယ်။ ~~~~~ " တပေါင်း....ဘာတွေလုပ်နေတာလဲ " မနွေးအပါအဝင် ထက်ထက်နဲ့ မာလာတို့ မိန်းကလေးအဖွဲ့ရယ် ကိုသက်တို့ယောက်ျားလေးအဖွဲ့တွေ ထမင်းစားခန်းထဲကို ဝင်လာခဲ့ကြပြီး တပေါင်းကို လှမ်းမေးကြတယ်။သူတို့မေးလဲမေးချင်စရာ၊ တပေါင်းကမိုးမလင်းခင်ကတည်းက နောက်ဖေးမီးဖိုခန်းထဲကို ရောက်နေခဲ့တာလေ။ " ဟို ..ဟိုလေ..အဆာပြေစားဖို့ ပေါင်မုန့်ကြက်ဥကြော်နေတာပါ " " ဟာ ..ဘိုစာပဲ မိုက်လှချည်လား " ကိုသက်က ရိုးရိုးတန်းတန်း ပြောလိုက်ပေမဲ့ တပေါင်းက ကိုယ့်ဘာသာ မလုံမလဲဖြစ်သွားမိပြီးရှက်သွားမိတယ်။ရည်ရွယ်ထားတာမဟုတ်ပေမဲ့လဲ ခုတလောမှာ ကိုယ်တိုင်မသိလိုက်ပါပဲ ကိုချမ်းကြိုက်တတ်တာလေးတွေကို တပေါင်း တကူးတကချက်ပြုတ်ကျွေးနေမိတယ်လေ။ ~~~~~~~~ ပေါင်မုန့်ကြက်ဥကြော်ပန်းကန်ကိုင်ပြီး ကိုချမ်းရဲ့အခန်းဆီကို တပေါင်းထွက်လာခဲ့လိုက်တယ်။ ဒီတခါတော့ အခန်းရှေ့အရောက်မှာ တပေါင်းတုံ့ဆိုင်းမနေတော့ဘဲ တံခါးကိုခေါက်လိုက်တယ် ။တံခါးခေါက်ပြီး သိပ်မကြာခင်မှာဘဲ အခန်းတံခါးဖွင့်သံကိုကြားလိုက်ရတယ်။အခန်းတံခါးပွင့်သွားချိန်မှာပဲ အခန်းဝမှာရပ်နေတဲ့ ကိုချမ်းရဲ့ပုံစံကိုကြည့်ပြီး တပေါင်းအံ့အားသင့်သွားမိတယ်။ ကိုချမ်းပုံစံက ခါတိုင်းထက် သပ်ရပ်စမက်ကျစွာ ပြင်ဆင်ထားတယ်။အခုမှ မနက် (၇)နာရီပဲရှိသေးတာကို ဝတ်စားပြင်ဆင်ထားတာ မင်းသားရှုံးလောက်တယ်။ရှပ်အဖြူရောင်၊ခရမ်းဖျော့ဖျော့ကွက်စိပ်ပုဆိုးနဲ့ ကိုချမ်းပုံစံက ကြည့်လိုက်တာနဲ့ မျက်စိထဲမှာ ထင်းနေတာမျိုး ။ အထူးဧည့်သည်တွေ လာမဲ့ရက်ကလွဲလို့ တီရှပ်နဲ့ဘောင်းဘီတိုကိုပဲ ဝတ်ဆင်ပြီး ပေါ့ပေါ့ပါးပါးနေတဲ့သူက ဒီနေ့တော့ စောစောစီးစီးမှာ ဝတ်စုံပြည့်နဲ့ လေ။ဝတ်စုံပြည့်ဝတ်ဆင်ကာ အခန်းထဲက ထွက်လာခဲ့ပြီဆိုတော့ တပေါင်းတကူးတက လုပ်လာခဲ့တဲ့ မုန့်ကိုလဲစားမဲ့ပုံမမြင်တော့ပါ။ " တပေါင်း ... ဘာတွေလဲဟင် " " ဟို ....ကိုချမ်းစားဖို့ ပေါင်မုန့်ကြက်ဥကြော်လာပို့ပေးတာ ...ကိုချမ်း အပြင်သွားမလို့လားဟင် " တပေါင်းလေသံတိုးဖျော့ဖျော့နဲ့ မေးလိုက်မိတယ်။ " အပြင်တော့ မသွားသေးဘူး တပေါင်းရဲ့ .....ဧည့်သည်က သင်တန်းကျောင်းကို အရင်လာလည်မှာ ...ပြီးမှသွားကြမှာလေ ...အချိန်ရရင်လဲ စားသွားလိုက်မယ် ...စားပွဲပေါ် တင်ထားခဲ့လိုက်နော်တပေါင်း ...ဧည့်သည်က ခြံရှေ့ရောက်တော့မယ်တဲ့လေ ..ကိုယ်သွားလိုက်အုံးမယ် " ပြောပြောဆိုဆိုနဲ့ ခပ်သုတ်သုတ်ထွက်သွားတဲ့ ကိုချမ်းကို တပေါင်းလိုက်ပြီး ငေးကြည့်နေမိတယ်။ကိုချမ်းကို လိုက်ငေးကြည့်နေမိရင်းနဲ့ တပေါင်းရင်ထဲမှာ ဝမ်းနည်းအားငယ်သလိုဖြစ်လာမိတယ်။ ~~~~~ တပေါင်းပြတင်းပေါက်ဘေးမှာပုန်းကွယ်ကာရပ်လိုက်ပြီး ခြံဝန်းရှေ့ကိုလှမ်းကြည့်လိုက်မိတယ်။တပေါင်းကြည့်နေချိန်မှာ ကိုချမ်းတစ်ယောက် ခြံတံခါးပေါက်ကိုဖွင့်ကာ ရပ်နေခဲ့ပြီး ခြံရှေ့ကိုကားတစ်စီးရောက်လာတာကို တွေ့လိုက်ရတယ်။ကားကခြံထဲကို မောင်းဝင်လာခဲ့တာကို တပေါင်းလှမ်းကြည့်နေမိတယ်။ကားက ခြံဝန်းထဲထိမောင်းဝင်လာခဲ့ပြီးတော့ ထိုးရပ်လိုက်တယ်။ကားရပ်သွားတာနဲ့ ကိုချမ်းက ကားဘေးနားကိုလျှောက်သွားခဲ့တယ်။

ဖိုးဇင်ရဲ့ စကားကြောင့် တပေါင်းစိတ်ထဲ ကျေးဇူးတင် သွားမိသလို ပြန်ဖြေဖို့ရန် ပြင်လိုက်ချိန်မှာပဲ အသံနဲ့အတူ အခန်းထဲကို ဝင်ရောက်လာတဲ့ ကိုချမ်းကို တွေ့လိုက်ရတာမို့ တပေါင်းကိုယ်လေးဆတ်ခနဲ တုန်သွားမိတယ်။ " ဟုတ် ..ဟုတ်ကဲ့ကိုချမ်း....သူက ဇင်ဖြိုးပိုင်တဲ့ ..တပေါင်းရဲ့ငယ်သူငယ်ချင်းပါ ..ငယ်ငယ်က တစ်ရပ်ကွက်ထဲ နေခဲ့ကြတာပါ " " ဟုတ်ကဲ့ ..တွေ့ရတာဝမ်းသာပါတယ် ကိုဇင်ဖြိုးပိုင် ... ကျွန့်တော့်နာမည်က ချမ်းပြည့်စုံပါ ..အေးအေးဆေးဆေးစကားပြောကြပါ ... သင်တန်းကျောင်းကိုလဲ ...ဝင်ပြီးလေ့လာသွားဖို့ ဖိတ်ခေါ်ပါတယ်ဗျာ ...ကျွန်တော်တို့ဆီမှာက ကူညီပေးမဲ့လူငယ်တွေကို လိုအပ်နေတာပါ ... တပေါင်းကလဲ ဒီမှာ မရှိမဖြစ် အားကိုးရတဲ့သူဖြစ်နေပြီလေ ...ကျွန်တော်တို့အမာခံအဖွဲ့သားတွေ ...သင်တန်းအတွက်ငွေရှာနေကြရတာကို ..တပေါင်းကလဲ ပါဝင်ကူညီပေးနေတဲ့သူပေါ့...ကျွန်တော့်ကိုခွင့်ပြပါအုံးနော် ကိုဇင်ဖြိုးပိုင် " ကိုချမ်းက ဖိုးဇင်ကို နှုတ်ဆက်ပြီး ပြန်လှည့်ထွက်ဖို့ပြင်လိုက်တယ်။ဒီချိန်မှာပဲ ဖိုးဇင်က ကိုချမ်းကိုသေချာလိုက်ကြည့်ပြီးတော့ လှမ်းခေါ်လိုက်တယ်။ " ဒီမှာဗျ ...ကိုချမ်းပြည့်စုံ " ဖိုးဇင်ရဲ့ခေါ်သံကြောင့် တပေါင်းက နားမလည်နိုင်ဘဲ ဖိုးဇင်ကို ကြည့်လိုက်မိတယ်။ ကိုချမ်းကလဲ ဖိုးဇင်ကိုပြန်လှည့်ကြည့်လိုက်တယ်။ " ဟုတ်ကဲ့ ......ပြောပါ ကိုဇင်ဖြိုးပိုင် " ကျွန်တော်လဲ ...ပန်းပျိုးလက်မှာ အဖွဲ့ဝင်ချင်ပါတယ်..." ဖိုဇင်ရဲ့ စကားကြောင့် ကိုချမ်းက တပေါင်းကိုဖျတ်ခနဲလှမ်းကြည့်လိုက်မိတယ်။ တပေါင်းကလဲ မျက်လုံး အဝိုင်းသားနဲ့ ဖိုးဇင်ကို လှမ်းကြည့်လိုက်မိတယ်။သူမတို့နှစ်ယောက်အမြဲလိုလို စကားပြောနေခဲ့ကြပေမဲ့ ပန်းပျိုးလက်ကို စိတ်ဝင်စားတယ်လို့ ဖိုးဇင်က တစ်ခါမှ မပြောခဲ့ဖူးဘူးမဟုတ်လား။ " ကျွန်တော်က ... နေ့တိုင်းတော့ ရုံးလာမတက်နိုင်ပါဘူး..ဒါပေမဲ့ လိုအပ်လို့ခေါ်ရင်လာမှာပါ ..ကျွန်တော်နဲ့ တပေါင်းကြီးပြင်းခဲ့တဲ့ ရပ်ကွက်မှာ အိမ်တွင်းအကြ*က်ဖက်ခံနေရတဲ့ကလေးတွေ အများကြီးရှိပါတယ်..အဲ့ဒီကလေးတွေကို ကူညီပေးချင်လို့ပါ ...ကျွန်တော့်ကို အသင်းသားအဖြစ်လက်ခံနိုင်မလား ..ကိုချမ်းပြည့်စုံ " ဖိုးဇင်က ကိုချမ်းကိုကြည့်ပြီး ထပ်မေးလိုက်တယ်။ " ဟုတ်ကဲ့ ..လက်ခံပါတယ် ကိုဇင်ဖြိုးပိုင် .....ကြိုဆိုပါတယ်ဗျာ " ကိုချမ်းက ဖိုးဇင်ကိုကြည့်လိုက်ပြီး လှိုက်လှိုက်လှဲလှဲပြုံးကာ လက်ခံကြောင်းပြောဆိုလိုက်တယ်။ ~~~~~ " ထိုင်ပါအုံးဆရာမရဲ့ ..သူနဲ့ကတကယ်ပဲ ငယ်သူငယ်ချင်းတွေလား " " ဟုတ်..ဟုတ်ပါတယ် ကိုချမ်းရဲ့...ငယ်ငယ်ကတည်းက တစ်ရပ်ကွက်တည်းနေလာခဲ့ကြပြီး ...ကျောင်းလဲအတူတက်ခဲ့ကြတာပါ...နှစ်ယောက်လုံးခြောက်တန်းအောင်ပြီးတော့ ...အိမ်ကကျောင်းထုတ်လိုက်ကြတာလဲတူတယ်လေ...တပေါင်းကအဖေရို//က်တာကိုအမြဲခံခဲ့ရသလို ..ဖိုးဇင်ကလဲ .... သူ့အမေရို/က်တာကိုခံခဲ့ရသူပါ...သူကအသက်ဆယ့်ငါးနှစ်မှာ.... မန္တလေးမှာအလုပ်သွားလုပ်တယ်...တပေါင်းကအသက်ဆယ့်ခြောက်နှစ်ကျော်မှာ အိမ်ပေါ်ကဆင်းခဲ့ရတယ်...တပေါင်းအိမ်ပေါ်ကဆင်းခဲ့ရပြီးသိပ်မကြာခင်မှာ ..ဖိုးဇင်ရန်ကုန်ပြန်လာလို့ တစ်ခါတွေ့ရတယ်..တွေ့ရတာက တစ်နာရီလောက်ပါပဲ..နောက်တော့ ..သူ့အိမ်မှာ ပြဿနာဖြစ်လို့ နှုတ်တောင်မဆက်ဘဲပြန်သွားခဲ့တယ်လေ...အဲ့ဒီကနေကစလို့ ..... တပေါင်းတို့ ဆယ်ကိုးနှစ်ပြည့်ပြီးချိန်မှာ... တစ်ခါပြန်တွေ့ကြတယ်...အဲ့ဒီအခေါက်က ..သူ ..မလေးရှားသွားတော့မှာမို့ တပေါင်းကိုလာနှုတ်ဆက်တာပါ ....အဲ့ဒီကနေပြီးတော့... ဒီမနက်မှပြန်တွေ့ကြတာပါ " ကိုချမ်းက မေးခွန်းအနည်းငယ်ပဲ မေးလိုက်တာဖြစ်ပေမဲ့ တပေါင်းတရှည်တလျားနဲ့ရှင်းပြလိုက်မိတယ်။ဒီလိုရှင်းပြလိုက်ရတော့ တပေါင်းရင်ထဲပေါ့သွားသလိုခံစားလိုက်ရတယ်။ " ငယ်သူငယ်ချင်းတွေဆိုလဲ ပြီးတာပါပဲကွာ ...မင်းကတစ်ခါမှပြောမပြဖူးဘူးလေ ...ဒီခေတ်က အွန်းလိုင်းပေါ်ကသိကြပြီး လိမ်နေကြတဲ့လူတွေက ...အများကြီးမဟုတ်လား ...ဒါကြေင့်မို့ စိုးရိမ်လို့ပြောတာပါ...ငယ်သူငယ်အရင်းတွေဆိုရင်တော့ ပြဿနာမရှီပါဘူး...မင်းကိုတစ်ခါတည်းမှာထားမယ်နော် တပေါင်း...ကိုယ်တို့တွေက မိသားစုတွေပဲ ..တစ်ခုခုဆိုရင် အခြားသူတွေကို မပြောချင်ရင်တောင်... မနွေးနဲ့တိုင်ပင်နော်...ကြားလား..ချစ်သူတွေဘာတွေရရင်လဲပြော..." "အို..ဘာချစ်သူလဲ ...မရပါဘူး " ကိုချမ်းရဲ့စကားကို တပေါင်းခပ်ဆတ်ဆတ်လေးတုံ့ပြန်လိုက်မိပြီးမှ ရှက်သွားမိတယ်။ " ဟုတ်ပါပြီဗျာ..ကိုယ်ကစိုးရိမ်လို့ပြောတာပါ ....လိမ်လိမ်မာမာနေ....အလုပ်ကိုသေချာကြိုးစားသင်နော် ..သင်တန်းမှာအဆင်မပြေတာရှိရင်ပြောနော်...သူငယ်ချင်းနဲ့အပြင်လျှောက်လည်ချင်တယ်ဆိုရင်လဲ ခွင့်တိုင်နော် " တပေါင်းရဲ့မျက်နှာကို သေချာစိုက်ကြည့်ပြိးပြောနေတဲ့ ကိုချမ်းကြောင့် တပေါင်းမှာမျက်နှာမထားတတ်အောင်ဖြစ်နေမိတယ်။ တစ်ခုခုဆိုရင် တပေါင်းကို ကလေးလေးတစ်ယောက်လို ထင်မြင်ပြီး သဘေားထားနေတာမျိုးကိုတော့ တပေါင်းသဘောမကျမိဘူး။ဒီလိုအချိန်မျိုးဆိုရင် ကိုချမ်းနဲ့တပေါင်းအသက်တူတူပဲနော်လို့် ပြောပစ်လိုက်ချင်မိတယ်။အထူးသဖြင့် သူ့မျက်လုံးထဲမှာ တပေါင်းကို အသက်ဆယ့်နှစ်နှစ်အရွယ်

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၂၄) akyiphyu ********** " သူက ... တပေါင်းရဲ့ငယ်သူငယ်ချင်းပါမနွေး.....နာမည်က ဇင်ဖြိုးပိုင်တဲ့..မလေးရှားမှာ အလုပ်သွားလုပ်နေတာ...ပြန်ရောက်လာတာမကြာသေးဘူးလေ ' တပေါင်းက မနွေးနဲ့ဖိုးဇင်ကိုမိတ်ဆက်ပေးလိုက်တယ်။ " ဟုတ်ကဲ့ ...တွေ့ရာတာဝမ်းသာပါတယ်နော် ကိုဇင်ဖြိုးပိုင်..ကျွန်မနာမည်က နွေးနွေးပါ...တပေါင်းနဲ့အတူနေကြတာပါ.." " ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် မနွေးနွေး " " ကဲပါ..သူငယ်ချင်းတွေ အေးအေးဆေးဆေးစကားပြောကြပါ ..နွေးကိုခွင့်ပြုပါအုံးရှင် " မနွေးကပြောပြောဆိုဆိုနဲ့ ဝှီးချဲလ်ကို လက်နဲ့အသာလှိမ့်တွန်းရင်း သူ့အလုပ်ခန်းဆီကို ပြန်သွားခဲ့တယ်။ဧည့်သည်ခန်းထဲမှာ တပေါင်းနဲ့ဖိုးဇင်တို့နှစ်ယောက်ပဲကျန်ခဲ့တယ်။ " ကဲ့...ပြောပါအုံးကိုဖိုးဇင်ရဲ့..ပြန်လာမယ်ဆိုတာကို အရိပ်အမြွက်လေးတောင်မပြောပြပါလား ...ဘယ်လိုဖြစ်ရတာလဲ ..." " အင်း...ဒီလိုပဲဖြစ်သွားတယ်ဟာ.. အမေတို့က မလိမ္မာဘူးတပေါင်းရာ..ငါပေးသမျှပိုက်ဆံကို အကုန်သုံးပစ်တာ...စုထားဆောင်းထားတာလဲမရှိဘူး...ကြာရင် အကြီးမပါ ဒုက္ခရောက်မှာစိုးလို့ ငါပြန်လာခဲ့လိုက်တာ ..ဒီမှာပဲအလုပ်လုပ်တော့မလားလို့် " " အေးပါ ..ကောင်းသားပဲ ...အလုပ်ကဘယ်မှာလုပ်မှာလဲ ..ရန်ကုန်မှာလား...မန္တလေးမှာလား " " ရန်ကုန်မှာပဲလုပ်မှာ ..ကားဝပ်ရှော့ရုံဖွင့်မလို့လေ..ငါ့ညီနှစ်ယောက်လဲ တော်တော်လေးကျွမ်းကျင်နေပြီဆိုတော့လေ....ဆိုင်ဖွင့်ဖို့အတွက် ဘကြီးကလဲ စပ်တူရှယ်ယာပါမယ်တဲ့လေ " " ဟုတ်လား..ကောင်းသားပဲ...နင်အဆင်ပြေမှာပါ ဖိုးဇင်ရယ်...နင်ကျွမ်းကျင်တဲ့ လုပ်ငန်းပဲမဟုတ်လား " " အင်း..အဆင်မပြေလဲ ပြေအောင်လုပ်ရမှာပေါ့ဟာ...ဆိုင်ဖွင့်ဖို့အတွက် နေရာလိုက်ရှာနေတာ ...ဒီရပ်ကွက်မှာလာဖွင့်ရမလား " ဖိုးဇင်ရဲ့စကားကြောင့် တပေါင်း နှာခေါင်းလေးကိုရှုံ့လိုက်မိပြီး " အမ်..နင်ကလဲ...ငါတော့ ဒီရပ်ကွက်မှာ ...ကားသိပ်မတွေ့မိပါဘူးဟယ်...စက်ဘီးနဲ့ဆိုင်ကယ်တွေပဲတွေ့တယ်...တော်ကြာနင်တို့ အလုပ်မဖြစ်ဘဲနေအုံးမယ်..." တပေါင်းရဲ့စကားကြောင့် ဖိုးဇင်ပြုံးရယ်လိုက်မိတယ်။ " ငါကစတာပါတပေါင်းရယ်...တကယ်တော့ နင်နဲ့နီးတဲ့နေရာမှာ...ဆိုင်လာဖွင့်ချင်တာလေ...ဒါနဲ့နင်အဆင်ပြေလားတပေါင်း " " အင်း ...ပြေပါတယ်.... ငါကလခလဲရနေပြီလေ...နေရတာလဲ နေစားငြိမ်းဆိုတော့ ...လစာကိုအသားတင်စုရုံပဲလေ ...ငါ့ဘဝတစ်လျှောက်လုံးမှာ.... အခုမှပဲ အေးအေးချမ်းချမ်းနေဖူးတာပါဖိုးဇင်ရယ် " တပေါင်းက အတိတ်ကိုပြန်တွေးလိုက်မိပြီး နာနာကျင်ကျင်နဲ့ပြောလိုက်မိတယ်။ " နင်ရော... နင့်အမေနဲ့အဆင်ပြေတယ်မဟုတ်လား ဖိုးဇင် " တပေါင်းရဲ့အမေးကြောင့် ဖိုးဇင်မချိပြုံးလေးပြုံးလိုက်မိတယ်။ " အဆင်ပြေတာမပြောတာထက် မနေ့ကမနက်ကပြန်ရောက်တာ... ညနေရောက်တော့စကားများကြတယ်လေ...အမေကအရင်လိုမဟုတ်တော့ပြန်ဘူးဟာ..အခုနောက်ပိုင်းတွေမှာ ...ငွေကိုနှမြောတွန့်တိုခြင်းမရှိတော့ပြန်ဘူး....ရသမျှကိုစားတာဝတ်တာကိုထားလိုက်ပါအုံး ..အခုကနှစ်လုံးသုံးလုံးပါထိုးနေတာလေ ...အိမ်ကအကြီးမကိုတော့ ...လူကြားသူကြားမရှောင် ဆဲလိုက်ဆိုလိုက်ရိုက်လိုက်လုပ်နေတုန်းပဲ ....ဘယ်လိုပြင်ပေးရမလဲမသိတော့ပါဘူးဟာ..လင်မယားနှစ်ယောက်တည်း ...တစ်အိမ်ထားလိုက်ပြီး ....ငါတို့မောင်နှမငါးယောက်လုံး အလုပ်ရုံမှာပဲနေမလားလို့တွေးနေတာ...အဲ့ဒီလိုနေရင်လဲ ပတ်ဝန်းကျင်ကအပြစ်ပြောအုံးမလားမသိဘူ....ငါတော့အဲ့ဒီလိုနေဖို့ဆုံးဖြတ်ထားတယ်...နင်ရောရပ်ကွက်ထဲပြန်မလာတော့ဘူးလား...နင်တို့အဖေသိပ်ပြီးနေမကောင်းဘူးလို့တော့ သတင်းကြားတယ် " ဖိုးဖင်ရဲ့စကားကြောင့် တပေါင်းရင်ထဲလှိုက်ခနဲတစ်ချက်တုန်ခါသွားရတယ်။သို့ပေမဲ့ တပေါင်းခပ်ယဲ့ယဲ့တစ်ချက်ပြုံးလိုက်ပြီး ခေါင်းကိုခါယမ်းလိုက်မိတယ်။ " ဟင့်အင်း ...မသွားတော့ပါဘူးဟာ...အဖေ့ဘေးနားမှာ အဖော်တွေအများကြီးရှိတာပဲလေ..ငါ့ညီမလေးလဲ ...အခုလောက်ဆိုရင် အထက်တန်းကျောင်သူဖြစ်နေလောက်ပြီပေါ့ " အင်း...နင့်ညီမလေးက အိမ်ကအငယ်ကောင်နဲ့ လပဲငယ်တာမဟုတ်လား....အငယ်ကောင်ကအခုတက်မယ်ဆိုရင် ကိုးတန်းလေ...အမေရို*က်လို့ ဆိုပြီး ..ကျောင်းမတက်တော့ဘဲ သူ့အစ်ကိုလတ်ဆီကို ပြေးတာလေ ... ကလေးတွေသာ အသက်ကြီးလာတယ် ....မိဘတွေက မပြောင်းလဲဘဲ အသက်ကြီးလာလေ ... ပိုပိုပြီးဆိုးလာသလိုပါပဲဟာ ..ဘယ်လိုပြောပြရမယ်မှန်းလဲ မသိတော့ဘူး " နှစ်ယောက်သား အတိတ်အကြောင်းတွေကိုပြောကာ မိဘတွေ အကြောင်းကို တွေးမိပြီး ရင်ထဲနာကျင်မောလျသွားမိကြတယ်။ " ဒါနဲ့ ..နင့်ကို ပြောစရာရှိတယ် တပေါင်း ...ငါလေ နိုင်ငံခြားကနေ ...ငွေထုပ်ကြီးပိုက်ပြီး ပြန်လာခဲ့တဲ့ ...အောင်မြင်သူတစ်ယောက်တော့ မဟုက်ဘူးပေါ့ဟာ ...ဒါပေမဲ့ ငါ့ညီတွေညီမတွေနဲ့ နင့်ကိုစောင့်ရှောက်ဖို့အတွက်တော့... ခွန်အားတွေ ပါလာပါတယ်...နင်တကယ်လို့ ဒီမှာ အဆင်မပြေဘူးဆိုရင် ... အကြီးမနဲ့အတူနေမလား...နင်တို့နှစ်ယောက်ကို အိမ်ငှားထားပေးပါ့မယ် " " ဪ...တပေါင်းက ဧည့်သည် ရောက်နေတာလား "