803
Подписчики
+424 часа
+167 дней
+4630 день
Архив постов
ကျွန်မစိတ်ထဲ ထိထိခိုက်ခိုက်နာနာကျင်ကျင်နှင့်ပင် စာအုပ်ကိုဆက်၍ဖတ်လိုက်သည်။ကျွန်မအနေနှင့် ယခုအချိန်မှတော့ သည်စာအုပ်ကိုမဖြစ်မနေအဆုံးထိဖတ်ရတော့မည်ဖြစ်သည်။
...ဒီအိမ်ကြီးကနေထွက်သွားကြရအောင်လို့ကိုကို့ကိုပြောလိုက်တယ်... ကိုကိုကသူရသင့်တာတွေရပြီးရင်သွားကြမယ်လို့ပြောတယ်...ရသင့်တာရဖို့ကဘယ်လောက်ကြာဦးမှာလည်းတော့မသိဘူး...တစ်နေ့တစ်နေ့ငါ့မှာကြောက်လို့သေတော့မယ်...
...အိမ်ကိုရောက်လာတဲ့ သူနာပြုဆရာမလေးကတစ်မျိုးပဲ... ညဘက်တွေမှာဆံပင်အရှည်ကြီးနဲ့မိန်းမတစ်ယောက်ကိုတွေ့တွေ့နေတယ်လို့ပြောတယ်...သေချာတယ် ဆံပင်အရှည်ကြီးနဲ့ဆိုတော့ မရတီချိုနေမှာပေါ့...ငါကြောက်တယ် ဒီလိုနဲ့အဖြစ်မှန်တွေပေါ်သွားရင်ကိုကိုရောငါပါအဖမ်းခံရမှာလား...
...ကိုကို့ကိုပြောတော့ ကိုကိုကမကြောက်နဲ့တဲ့ ဒေါ်မာလာတင်ကမရတီချိုသေတာသူ့သမီးကေတင်ကြောင့်ပဲလို့သိထားတာမို့ဒီအမှုကိုဖော်မှာမဟုတ်ဘူးတဲ့...ဒါပေမဲ့ ငါအရမ်းကြောက်နေမိတုန်းပဲ...
...ဒုက္ခတော့ရောက်ပြီး ကိုကိုနဲ့ငါ ခိုး ခိုးတွေ့နေတာကို ကေသီတင်သီသွားပြီး ငါ့ကိုပါးတွေလည်းရိုက်တယ်...အိမ်ပေါ်ကနေလည်းမောင်းချနေတယ် အိမ်ကမထွက်သွားရင်သတ်ပစ်မယ်လို့ခြိမ်းခြောက်နေတယ်...
...ကိုကိုကပိုက်ဆံထုတ်ပေးတယ်...အဆင်ပြေတဲ့နေရာမှာအရင်သွားနေနှင့်တဲ့ကိစ္စတွေပြီးတာနဲ့သူလိုက်လာမယ်တဲ့...သေချာလို့လား...ကိုကိုတကယ်လိုက်လာပါ့မလား...လိုက်မလာခဲ့ရင်ဘယ်လိုလုပ်မလဲ...
...မနက်ကအိမ်ကို ခဏပြန်ပါရစေလို့ သူဌေးကတော်ကိုပြောလိုက်တော့ ကြည်ကြည်ဖြူဖြူပဲ ခွင့်ပေးတယ်...ပြန်လာချင်လည်းလာမလာချင်လည်းနေ စိန်ပန်းမြိုင်ကအကြောင်းတွေဘယ်သူ့ကိုမှလျှောက်မပြောရဘူးလို့ပြောပြီး လမ်းစရိတ်ပါထုတ်ပေးလိုက်တယ်...တကယ်ထွက်သွားရတော့မယ်ဆိုတော့ ပျော်လည်းပျော်တယ် ကိုကိုလိုက်မလာမှာစိုးလို့ ထွက်လည်းမသွားချင်ဘူး...
...ဒီည ဒီစိန်ပန်းမြိုင်အိမ်ကြီးမှာနေရမယ့်နောက်ဆုံးညပဲ...ဒီညအပေါ်ထပ်မှာကိုကိုနဲ့ချိန်းထားတယ်...ညဥ့်နက်ရင်ကိုကိုနဲ့ခဏသွားတွေ့ပြီး မနက်အစောကြီးထပြန်ရမယ်...
ကျွန်မ စာကြောင်းများကို စိတ်မောပန်းစွာထက်၍ဖတ်လိုက်မိသည်။
...ကိုကိုကလိုက်လာခဲ့မယ်လို့ကတိပေးလိုက်တယ်...ကိုကို့ကိုယုံကြည်ပေမဲ့ ကံကြမ္မာကိုမယုံရတော့ကြောက်တော့ကြောက်နေမိတယ်...တံခါးခေါက်သံကြားတယ် ကိုကိုလာတာထင်တယ် ပျော်လိုက်တာ...ကိုကိုလည်းမဟုတ်ဘူး ....သူ
" ဒုတ် "
" အမလေး "
စာအုပ်ကိုစိတ်ဝင်တစားနှင့်ဖတ်နေစဥ်မှာပင် ကျွန်မရှေ့သို့ လူတစ်ယောက်ရောက်လာပြီး လက်ထဲမှ စာအုပ်ကိုတုတ်နှင့်ရိုက်ချလိုက်သည်မို့ အလန့်တကြားမော့ကြည့်လိုက်မိသောအခါ...
-----------
ဇာတ်သိမ်းပိုင်းဆက်ရန်
***
ဧကြည်ဖြူ
...ဒီနေ့စိန်ပန်းမြိုင်အိမ်ကြီးကိုရောက်တာ သုံးလပြည့်ပြီ...
ကျွန်မ မရွှေမိ၏ ခံစားချက်များကို ခပ်မြန်မြန်လေး လှန်လော ဖတ်နေရင်း တစ်နေရာအရောက်တွင် တွေ့လိုက်ရသော စာသားများကြောင့် အံ့သြမင်သက်သွားမိလေသည်။
...ကိုကိုအကျင့်မကောင်းဘူး...မရတီချိုကဒီလောက်ချော ဒီလောက်သဘောကောင်းတာကို ကေသီတင်ဆိုတဲ့မိန်းမနဲ့ဖောက်ပြန်ရသလား...
...စိတ်ရှိတိုင်းသာဆို ကိုကို့တို့ကိုမရတီချိုနဲ့တိုင်ပစ်ချင်တာ ကေသီတင်လိုအကျင့်မကောင်းတဲ့မိန်းမထက်စာရင် မရတီချိုနဲ့ကမှတော်ပါသေးတယ်ကိုကိုရယ်...
...ဒီနေ့ကိုကိုနဲ့မရတီချိုရန်ဖြစ်နေသံကိုကြားတယ်...ဒီအိမ်ရောက်ကတည်းက မရတီချိုဒေါသထွက်တာကို ဒီတစ်ခါပဲမြင်ဖူးသေးတယ်... ကိုကိုနဲ့ ကွာရှင်းမယ်လို့ပြောတဲ့မရတီချိုရဲ့အသံကိုကြားတော့စိတ်ထဲဝမ်းသာသလိုလိုဝမ်းနည်းသလိုလိုချည်းပဲ...ကိုကိုသာမရတီချိုနဲ့ကွာရှင်းရင် အကျင့်မကောင်းတဲ့ကေသီတင်ကိုမယူပါနဲ့ကိုကိုရယ်...ရွှေမိနဲကိုကိုဒီအိမ်ကြီးကနေအတူထွက်သွားရအောင်လေ...
ကျွန်မ ဒိုင်ယာရီစာအုပ်လေးကို ကိုင်ပြီးအံ့သြခြင်းမယုံကြည်နိုင်ခြင်းများဖြင့်ဆက်၍ဖတ်လိုက်သည်။
" ဒီနေ့လကွယ်နေ့...ညသန်းခေါင်ကျော်ရင် ကိုကိုနဲ့ငါချိန်းထားတယ်...
ကျွန််မဒိုင်ယာရီစာအုပ်လေးကို စိတ်ပျက်လက်ပျက်နှင့်ပင်ဆက်၍ဖတ်လိုက်သည်။
....ငါကြောက်တယ်...ငါအရမ်းကြောက်တယ်...မရတီချိုကိုငါသတ်မိတာလား...ကိုကိုသတ်တာလား...မဟုတ်ဘူး မရတီချိုကိုသတ်တာ ကေသီတင်ပဲ...ဟုတ်တယ် မရတီချိုသေတာငါနဲ့ကိုကိုကြောင့်မဟုတ်ဘူး ကေသီတင့်ကြောင့်ပဲ...
တွေ့မြင်လိုက်ရသောစာသားများကြောင့် ကျွန်မထိတ်လန့်အံ့သြလွန်းသဖြင့် လက်ထဲမှဒိုင်ယာရီစာအုပ်လေးမှာ မြေပြင်ပေါ်သို့ဘုတ်ခနဲပြုတ်ကျသွားရလေသည်။
...ကြောက်တယ်. ညတိုင်းအိပ်မက်ဆိုးတွေမက်ပြီးမရတီချိုကိုပဲမြင်နေမိတယ်...ရဲတွေက မရတီချိုသူ့ဘာသာလှေကားကပြုတ်ကျပြီးသေတယ်လို့ပြောပေမဲ့ နေရတာစိတ်မလုံဘူး ...အချိန်ရှိသ၍ အဲ့ဒီအကြောင်းကိုပဲပြန်မြင်ယောင်နေမိတယ်...ဘယ်လိုပဲကိုယ့်ကြောင့်မဟုတ်ဘူးလို့ တွေးလည်းမရဘူး...အဲ့ဒီညကအဖြစ်ကိုပဲအိပ်မက်တွေလည်းမက်တယ်...
...အဲ့ဒီနေ့က ကိုကိုနဲ့ချိန်းထားလို့သာ အရဲစွန့်ပြီးအပေါ်ထကပ်ကိုတက်ခဲ့ရတာ...အဲ့ဒီတုန်းကကြောက်ပြီးဆက်မတက်ခဲ့မိရင်အကောင်းသားလို့အခုတွေးမိတယ်...အပေါ်ထပ်ရောက်တော့ မရတီချိုနဲ့သူ့မောင်သီဟထွန်းရှိန်တို့စကားများနေတဲ့အသံကိုကြားပြီး နီးစပ်ရာအခန်းထဲကိုဝင်ပုန်းလိုက်မိတာပိုမှားသွားသလိုပဲ...တကယ်ဆိုအောက်ထပ်ကိုပြန်ဆင်းသွားခဲ့မိရင်အကောင်းသား...သီဟထွန်းရှိန်ကအတော်လေးမူးနေပုံရတယ် မရတီချိုကိုမအော်စဖူးပြန်အော်နေတယ်...သူအိမ်ကိုပြန်လာတာတစ်ပတ်မကြာသေးဘူး သူကလည်းအတော်မွှေတယ်...ဒီကိစ္စဖြစ်သွားတာသူ့ကြောင့်လည်းပါတယ်...မကြာဘူး သီဟထွန်းရှိန်အသံတိတ်သွားပြီး မရတီချိုလှေကားဘက်ကိုပြန်လာတဲ့အသံကိုကြားရလို့ ကြောက်ပြီး အခန်းထဲမှာငြိမ်နေမိတာ ပိုမှားသွားမှန်းခုမှနောင်တရမိတယ်...အဲ့ဒီအချိန်ကသာ ဆူညံသံတွေကြားလို့အပေါ်ထပ််ကိုတက်ကြည့်မိတာလို့ပြောရင် မမလေးရတီချိုလည်းသေမှာမဟုတ်သလို ငါလည်းကြောက်နေရမှာမဟုတ်ဘူး...ခုတော့အခန်းထဲမှာ ပုန်းနေခဲ့မိလို့ မမလေးရတီချိုလှေကားနားရောက်လာပြီး ဟိုမိန်းမကေသီတင်နဲ့တွေ့တာပေါ့...မမလေးရတီချိုနဲ့ကေသီတင်တို့ရန်ဖြစ်စကားများနေသံကိုးကြားပေမဲ့ အခန်းတံခါးပေါက်ကနေ ချောင်းကြည့်ပြီး ထွက်မဆွဲမိတာ တစ်ကယ်ကိုမှားတယ်...မကြာပါဘူး ကေသီတင်ဆောင့်တွန်းလိုက်လို့မမလေးရတီချို လှေကားပေါ်ကနေပြုတ်ကျသွားတယ်...ဟိုမိန်းမယုတ်မကေသီတင် မရတီချိုကိုထားခဲ့ပြီးသူ့အခန်းဘက်ကိုပြန်ပြေးသွားတာတွေ့လိုက်တယ်...အဲ့ဒီအချိန်အထိ မရတီချိုကိုသေစေလိုတဲ့ဆန္ဒလုံးဝမရှိခဲ့ပါဘူး...ကြောက်ပြီးအခန်းထဲမှာခဏငြိမ်နေမိပြီး သတိဝင်လာတာနဲ့မရတီချိုရှိတဲ့အောက်ထပ်ကိုပြေးသွားခဲ့တာငါ့ကိုယ်ငါသိတယ်...အောက်ထပ်ရောက်တော့ သွေးအိုင်ထဲမှာလဲနေတဲ့ မရတီချိုကို မတ်တတ်ရပ်ကြည့်နေတဲ့ ကိုကို့ကိုမြင်တော့ ငါအရမ်းအံ့သြသွားတယ်...ကိုကိုဘာလုပ်နေတာလဲ အိမ်သားတွေကိုနှိုးလေ မရတီချိုကိုကယ်ဖို့လုပ်လေလို့ ပြောခဲ့မိတာအမှန်ပါ...ကိုကိုကခေါင်းယမ်းတယ် မရတီချိုကိုကယ်လိုက်ရင် သူအိမ်ပေါ်ကနှင်ချခံရမယ်တဲ့ ပြီးတော့ငွေအလွဲသုံးစားလုပ်မှုနဲ့လည်းထောင်ကျမှာတဲ့နောက်ဆုံးသူ့ဘဝကဟိုအရင်ကလိုဆင်းရဲစုတ်ပြတ်တဲ့ဘဝကိုပြန်ရောက်သွားမှာတဲ့လေ...ငါမှားတာငါးပဲမှားတာ...ကိုကို့ကိုသနားပြီး ကိုကိုခိုင်းတဲ့အတိုင်း ကိုကိုပေးတဲ့လက်ကိုင်ပဝါနဲ့မရတီချိုရဲ့နှာခေါင်းကိုဖိအုပ်လိုက်မိတယ်...အဲ့ဒီတုန်းက မရတီချိုသွေအိုင်ထဲမှာလှုပ်ရှားလူးလွန်ရင် ငါ့ကိုကြည့်တဲ့အကြည့်တွေကို ခုထိမျက်စိထဲမှာမြင်ယောင်နေတုန်းပဲ...ငါအရမ်းကြောက်တယ်... ဒီစိန်ပန်းမြိုင်အိမ်ကြီးကနေအဝေးဆုံးကိုထွက်ပြေးသွားချင်တယ်...
ကျွန်မဖတ်နေရင်းမှ ရင်ထဲမှာစူးအောင့်နာကျင်လာမိသည်။
သနားစရာကောင်းလှသော ရတီချို၏ပုံစံကိုလည်း မျက်လုံးထဲမြင်ယောင်နေမိပြီး သေခါနီးမှာ ဘယ်လောက်တောင်များ နာနာကျင်ကျင်ဖြင့် လောကကြီးထဲမှထွက်ခွါသွားရသည်ကိုတွေးမိပြီး ကျွန်မပါးပြင်ပေါ်သို့ မျက်ရည်စက်များစီးကျလာလေသည်။
အပိုင်း ( ၁၀ )
" စိန်ပန်းမြိုင်မှအိမ်နီကြီး "
****
လက်နှင့်ဖိထားမိသော အရာဝတ္ထုကို ကျွန်မအံ့သြတကြီးကောက်ယူကြည့်လိုက်သောအခါ ဒိုင်ယာရီစာအုပ်တစ်အုပ်ဖြစ်နေသည်ကိုတွေ့လိုက်ရလေ၏။စာအုပ်၏မျက်နှာဖုံးတွင် "ရွှေမိ၏နေ့စဥ်မှတ်တမ်း "ဆိုသောနာမည်ကြောင့် ကျွန်မစိတ်ထဲ၌ လှိုက်ခနဲနေအောင်လှုပ်ရှားသွားပြီး စာအုပ်၏အတွင်းစာမျက်နှာများကို အလောတကြီးလှန်လောဖတ်ကြည့်လိုက်မိလေသည်။
.. ဒီနေ့ကဘဝအသစ်စတဲ့နေ့ ... ဆိုသော စာကြောင်းလေးကို စာအုပ်၏ပထမဆုံးစာမျက်နှာ၌ရေးသားထားလေသည်။
..အိမ်ကြီးကအရမ်းကိုခမ်းနားတယ်...တစ်သက်လုံးဒီလိုခမ်းနားတဲ့အိမ်ကိုပထမဆုံးတွေ့ဖူးတာပဲ...
...အိမ်ကြီးကအရမ်းခမ်းနားသလို အိမ်ရှင်တွေကလည်းအရမ်းချောလှကြတာပဲ...အထူးသဖြင့် မရတီချိုက ဆံပင်အရှည်ကြီးတွေနဲ့တအားလှတယ်...မရတီချိုကလှပြီးသဘောကောင်းသလောက် ကေသီတင်ဆိုတဲ့မိန်းမကသိပ်မောက်မာတာပဲ လူကိုများမတူသလိုမတန်သလိုဆက်ဆံတယ်...ဘာပဲဖြစ်ဖြစ် အရင်ကလုပ်ခဲ့တဲ့အိမ်ထက်စာရင် စိန်ပန်းမြိုင်အိမ်ကြီးက နတ်ဘုံနတ်နန်းပါပဲ...ဒီစိန်ပန်းမြိုင်အိမ်ကြီးမှာသူဌေးသမီးဖြစ်ချင်လိုက်တာနော်...
... လောကကြီးကအရမ်းကိုအံ့သြစရာကောင်းတယ်...ဒီနေ့ကိုကိုနဲ့မမျှော်လင့်ဘဲပြန်တွေ့ခဲ့ရတယ်...ဘဝတစ်လျှောက်လုံးကိုကိုကိုပဲချစ်ခဲ့တာ...ကိုကိုကိုပဲရှာခဲ့တာလေ...ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာက ကိုကိုကမရတီချိုရဲ့ယောကျ်ားတဲ့လေ...ဒီနေ့တော့ကိုကိုနဲ့ပြန်တွေ့ရလို့ဝမ်းသာမိသလို ဝမ်းလည်းနည်းမိလို့ငိုမိတယ်...
...ကိုကိုနဲ့ပြန်တွေ့ရတော့ ငယ်ငယ်ကအကြောင်းတွေကိုတောင်ပြန်သတိရမိတယ်...ဟိုငယ်ငယ်တုန်းက ကိုကို့အဖေနဲ့အမေရန်ဖြစ်တဲ့အချိန်တိုင်းကိုကိုက ရွှေမိတို့အိမ်ဘက်ကိုလာနေတာမဟုတ်လား...အဲ့ဒီတုန်းက ကိုကိုလာတဲ့အချိန်တိုင်း အရမ်းပျော်လို့ စိတ်ထဲကနေကိုကို့အဖေနဲ့အမေအမြဲရန်ဖြစ်ပါစေလို့ဆုတောင်းခဲ့မိသေးတယ်...ကိုကိုကရွှေမိထက်သုံးနှစ်ပဲကြီးပေမဲ့အရမ်းလူကြီးဆန်တယ် စာလည်းတော်တယ်...ရွှေမိတောင် ကိုကိုကျေးဇူးကြောင့်စာလည်းနည်းနည်းတော်လာပြီး ဒီလိုနေ့စဥ်ကြုံရတာတွေကိုရေးမှတ်တတ်တဲ့အကျင့်ရခဲ့တာမဟုတ်လား...ဒါပေမဲ့ကိုကိုရယ် ရွှေမိရဲ့မကောင်းတဲ့ဆုတောင်းတွေကြောင့်ထင်ပါရဲ့
ကိုကိုတက္ကသိုလ်တက်နေတုန်းမှာကိုကို့အဖေနဲ့အမေကွဲသွားပြီးကိုကိုတို့အိမ်ပြောင်းသွားခဲ့တာလေ...ကိုကိုအိမ်ပြောင်းသွားပြီးကတည်းက ရွှေမိရဲ့ဘဝကအဓိပ္ပါယ်မဲ့သွားသလိုခံစားခဲ့ရတာ...ရွှေမိဆယ်တန်းလည်းမအောင်ခဲ့တော့ ကိုကိုပြောသလိုပညာတတ်လည်းမဖြစ်ခဲ့ပါဘူး...စာနဲ့ပတ်သက်တာဆိုလို့ ဒီနေ့စဥ်မှတ်တမ်းရေးတာပဲရှိတယ်...ရွေမိဘဝလည်းကံမကောင်းပါဘူးကိုကိုရယ်... ကိုကိုတို့ပြောင်းသွားပြီးသုံးနှစ်ကျော်မှာ အဘွားဆုံးသွားလို့အရမ်းကိုဒုက္ခရောက်ခဲ့တာလေ...ရွေမိကငယ်ငယ်ကတည်းကမိဘတွေမရှိတော့လို့အဘွားနဲ့မြေးအဘွားနှစ်ယောက်တည်းနေခဲ့ရတော့ အဘွားမရှိတာနဲ့ဒုက္ခရောက်တော့တာပဲ ပညာကလည်းမတတ်အလုပ်ကလည်းမယ်မယ်ရရမလုပ်တတ်တော့ နောက်ဆုံးဒီလိုနေစရာစားစရာမပူရတဲ့ အိမ်ဖော်အလုပ်တွေကိုလိုက်လုပ်ခဲ့ရတာပေါ့...ခုဆိုကိုကိုနဲ့ရွှေမိကွဲသွားတာ ရှစ်နှစ်ကျော်ထင်တယ်...ဒါပေမဲ့ကိုကို့ကိုမြင်တာနဲ့ရွှေမိချက်ချင်းမှတ်မိတယ်သိလား...ကိုကိုလည်းချက်ချင်းမှတ်မိတယ်မဟုတ်လား...နောက်နေ့လူရှင်းတဲ့အချိန်မှာ ကိုကိုကရွှေမိကိုလာနှုတ်ဆက်ပြီး ကိုကို့ကိုမသိချင်ယောင်ဆောင်နေဖို့ပြောတော့ ရွှေမိအရမ်းဝမ်းနည်းခဲ့တာ...ဒါပေမဲ့ ဘယ်သူမှမသိအောင် ကိုကိုတို့စကားပြောကြမယ်လို့ကိုကိုပြောတော့ ရွှေမိအရမ်းကိုပျော်မိခဲ့တာ...
...ကိုကိုကသူပြောတဲ့ကတိကိုတော့တည်သားပဲ...ကိုကိုပေးတဲ့ပိုက်ဆံတွေကိုရွှေမိမသုံးရက်လို့ စုထားတယ်သိလား...ပြီးရင်လူတွေလစ်တဲ့အချိန်တိုင်းကိုကိုနဲ့စကားပြောခွင့်ရတာကိုလည်းအရမ်းပျော်တယ်...
ကျွန်မ ဒိုင်ယာရီစာအုပ်ကလေးကို ဖတ်နေရင်းမှ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
...စိန်ပန်းမြိုင်အိမ်ကြီးကလူတွေကချမ်းသာသလောက် ချစ်ချစ်ခင်ခင်လည်းမရှိကြဘူး...တစ်ယောက်နဲ့တစ်ယောက်ရန်ပဲဖြစ်နေကြတာပဲ...သူဌေးကတော်နဲ့ကေသီတင်ကအဆိုးဆုံးပဲ...တစ်အိမ်လုံးသူတို့အာဏာတွေပဲပြနေတာစိတ်ပျက်စရာပဲ...သူဌေးကတော်နဲ့ကေသီတင်က မရတီချိုနဲ့အမျိုးမတော်ဘူးလို့မိလုံးပြောတုန်းကသိပ်တောင်မအံ့သြမိဘူး...အကျင့်စရိုက်တွေကအရမ်းကွဲပြားတော့သိသာနေတာကို...ပြီးတော့မိလုံးကလည်းလိုရင်တစ်မျိုးမလိုရင်တစ်မျိုးနဲ့ပေါင်းရသင်းရခက်လိုက်တာနော်...ငါ့ဘာသာဒိုင်ယာရီရေးတာကိုသူကဘာလို့လှောင်ပြောင်နေရတာလဲ...
အထူးသဖြင့်မရတီချိုကငါ့ကိုမျက်နှာသာပေးတာကို နင်မကြိုက်မှန်းငါသိတယ်မိလုံး...နင့်ပါးစပ်ကနေ... နောက်ပေါက်တဲ့ရွှေကြာပင်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့စောင်းလားမြောင်းလားပြောနေတာကို ငါကြားတယ်နော်...
ကျွန်မစာအုပ်ကလေးကိုဖတ်နေရင်းမှသက်ပြင်းတွေအခါခါချမိသလိုစိတ်တွေလည်း မွန်းကြပ်လာမိသည်။
"သီဟထွန်းရှိန်တဲ့...သူဌေးကြီးရဲ့အငယ်ဆုံးသားလို့ပြောတယ်...မြို့ထဲမှာနေတာတဲ့လေ...တစ်ခါတလေမှအိမ်ကိုပြန်လာတတ်တယ်...သူပြန်လာရင်မရတီချိုနဲ့သူဌေးကြီးကိုပဲစကားပြောတာ ကျန်တဲ့သူတွေကိုအဖက်တောင်မလုပ်ဘူး...အထူးသဖြင့် ကိုကို့ကိုတွေ့ရင်ရန်သူနဲ့တွေ့သလိုမျက်နှာထားတင်းနေတာကိုသတိထားမိတယ်...
" အား....မလာနဲ့...ကျွန်မဆီကိုမလာခဲ့နဲ့..."
" ဝုန်း"
" အား "
ကျွန်မအသံကုန်အော်ဟစ်ပြီး ရုန်းကန်လိုက်မိရာ ဝုန်းခနဲလဲပြိုသံနှင့်အတူ ကျွန်မတစ်ကိုယ်လုံးကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားလေတော့သည်။
"အား...ကျွတ်...ကျွတ်..."ကျွန်မသတိဝင်လာပြီး ကြမ်းပြင်ပေါ်မှအမြန်လူးလဲထလိုက်သည်။ကျွန်မ စာကြည့်စားပွဲမှာစာအုပ်ဖတ်နေရာမှအိပ်ပျော်သွားပြီး အိပ်မက်မက်နေခြင်းပင်ဖြစ်လေသည်။အိပ်မက်ဟုဆိုသော်လည်း သွေးသံရဲရဲနှင့်မရွှေမိ၏ပုံစံကိုမြင်ယောင်မိပြီး တစ်ကိုယ်လုံးခြေဖျားလက်ဖျားတွေပါ အေးစက်လာလေသည်။
" ဆရာမလေး... ဆရာမလေး...ဘာဖြစ်တာလဲ..တံခါးအမြန်ဖွင့်ပါဦး..."
ကျွန်မတစ်ယောက်တည်း တုန်လှုပ်ချောက်ချားနေစဥ်မှာပင် အခန်းအပြင်မှ သီဟထွန်းရှိန်၏ အသံကိုကြားလိုက်ရသည်မို့ စိတ်ထဲမှ ထိတ်ခနဲနေအောင်ဝမ်းသာသွားမိလေသည်။
ကျွန်မ အခန်းတံခါးကိုဖွင့်ပေးလိုက်သောအခါ သီဟထွန်းရှိန်သည် စိုးရိမ်တကြီးပုံစံနှင့် အခန်းထဲသို့
ဝင်လာပြီး ကျွန်မလက်ကိုဆွဲကိုင်လိုက်ပြီး အလောတကြီးဖြင့်မေးလေသည်။
" ဘာဖြစ်တာလဲဆရာမလေး...ဆရာမလေးအခန်းထဲကအော်သံကြားလို့.... ဆရာမလေးဘာဖြစ်သွားသေးလဲဟင်..."
စိုးရိမ်တကြီးဖြင့် ကျွန်မလက်မောင်းနှစ်ဘက်ကို သူ့လက်နှင်ခပ်တင်းတင်းဆုပ်ကိုင်ပြီးမေးနေသော သီဟထွန်းရှိန်၏လက်အစုံကို ကျွန်မလက်နှင့်အသာအယာဖယ်ရှားလိုက်ပြီး ကျွန်မ ခုတင်ပေါ်သို့ အင်အားချည်နဲ့စွာထိုင်ချလိုက်မိသည်။
" ဘာ...ဘာမှ မဖြစ်ပါဘူး....ကျွန်မ...ကျွန်မအိပ်မက်ဆိုးတွေမက်နေတာ...အရမ်းကြောက်ဖို့ကောင်းတဲ့အိပ်မက်လေ....ရှင်....ရှင်က ကျွန်မအသံကိုဘယ်လိုကြားပြီး ရောက်လာတာလဲ...ရှင့်အခန်းနဲ့ကျွန်မအခန်းဒီလောက်အဝေးကြီးကို..."
" ဟို....ဟို....ကျွန်တော်...ဆရာမလေးကိုစိတ်ပူလို့မနေ့ညကတည်းက... ဒီဘေးကအခန်းကိုပြောင်းလာခဲ့တာ...."
သီဟထွန်းရှိန်သည် ကျွန်မအမေးကိုဖြေပြီးသည်နှင့် ခေါင်းကိုအောက်ငုံကာ ကျောက်ဆစ်ရုပ်ပမာရပ်နေလေသည်။ကျွန်မလည်းသီဟထွန်းရှိန်ကို မယုံမရဲနှင့် အတန်ကြာငေးမောကြည့်နေမိလေသည်။ထိုနောက် ကျွန်မတို့နှစ်ယောက်သား အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေမိကြသည်။အပြင်လောက၌ စိန်ပန်းမြိုင်အိမ်ကြီးသည်လည်း ချောက်ချားဖွယ်ရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်လေသည်။
** **
အချိန်ကနေ့ လယ်တစ်နာရီကျော်ကျော်။သူဌေးကြီးလည်း နေ့လယ်နေ့ခင်းတရေးတမောအိပ်သွားပေပြီ။ လပြည့်နေ့ဖြစ်၍ အိမ်တွင်လူစုံတက်စုံရှိသော်လည်း အိမ်အလုပ်သမားများကလည်း သူတို့အလုပ်နှင့်သူတို့ရှုပ်နေကြသလို ၊ အိမ်ကြီးရှင်များသည်လည်း အခန်းအောင်နေကြပုံရသည်။စိန်ပန်းမြိုင်အိမ်ကြီးမှာ နေ့လယ်နေ့ခင်း၌ပင် လူရိပ်လူခြည်ကင်းမဲ့လျက် တိတ်ဆိတ်ငြိမ်သက်နေလေသည်။မငြိမ်သက်နိုင်သူမှာ ကျွန်မသာဖြစ်ပါလေသည်။ကျွန်မသည် သူဌေးကြီး၏ အခန်းပြတင်းပေါက်တွင်ရပ်ပြီး ခြံထဲသို့ ငေးကြည့်နေရင်းမှ ညကအိပ်မက်ထဲမှ မရွှေမိကိုမြင်ယောင်လာမိပြီး ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်မိလေသည်။
****
ခြေလှမ်းတွေကို ခပ်မြန်မြန်ခပ်သွက်သွက်လှမ်းပြီး တောအုပ်ထဲသို့ ကျွန်မဝင်ရောက်လာခဲ့သည်။နေ့အချိန်ဖြစ်၍ တောအုပ်ထဲတွင် အလင်းရောင်ရှိသော်လည်း အနည်းငယ်ချောက်ချားစရာတော့ကောင်းနေသည်။ကျွန်မတောအုပ်ထဲကိုလျှောက်ဝင်လာခဲ့ရင်းမှ စိန်ပန်းမြိုင်အိမ်ကြီးကိုလှမ်း၍ကြည့်လိုက်မိသည်။ခပ်ဝေးဝေးသစ်ပင်ကြိုသစ်ပင်များကြားမှစိန်ပန်းမြိုင်အိမ်ကြီး၏တစ်ချို့တစ်ဝက်ကိုသာမြင်ရသော်လည်း စိန်ပန်းမြိုင်အိမ်ကြီး၏ ခမ်းနားထည်ဝါမှုကတော့ ယုတ်လျော့မသွားသည်မှာ သေချာလေသည်။ယခုသည်လိုနေရာမျိုးတွင် ကျွန်မသာအန္တရာယ်ကြုံလာလျှင် ဘယ်လောက်အော်အော် မည်သူမျှကြားနိုင်လိမ့်မည်မထင်ပါ။တွေးရင်းမှ ကျွန်မတစ်ကိုယ်လုံးကြက်သီးမွှေးညှင်းများထလာလေသည်။ပြီးနောက် ထိတ်ထိတ်လန့်လန့်နှင့် ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်လိုက်ပြီး ညကအိပ်မက်ထဲမှာ မြင်ရသော ကုန်းကမူလေးကိုရှာဖွေရင်းတောအုပ်ထဲသို့လျှောက်ဝင်လာခဲ့လိုက်သည်။အတန်ကြာလျှောက်နေပြီးနောက် ရှေ့ဆီမှကုန်းကမူလေးကိုတွေ့လိုက်ရသည်မို့ ကျွန်မဝမ်းသာအားရအပြေးအလွှားတက်သွားမိလေသည်။.
" အမေ့ "
ကုန်းကမူပေါ်သို့ အလောတကြီးလှမ်းတက်လိုက်မိသော ခြေထောက်များမှာ အရှိန်မထိန်းနိူင်တော့ဘဲ တလိမ့်ကောက်ကွေ့ပြုတ်ကျသွားလေတော့သည်။
"အ...ကျွတ်...ကျွတ် ..."ကျွန်မ မြေပြင်ပေါ်မှလူးလဲထလိုက်ပြီး ဆူးများခြစ်မိသောကြောင့် နာကျင်သွားသောလက်နှစ်ဘက်ကိုမြောက်ကြည့်လိုက်စဥ်မှာပင် လက်အောက်မှာ ဖိထားမိသော အရာဝတ္ထုတစ်ကိုတွေ့လိုက်ရသည်မို့ အံ့သြတကြီးကောက်ယူလိုက်မိလေသည်။
-------------
အပိုင်း ( ၁၀ )ဆက်ရန်
******
ဧကြည်ဖြူ
" သီဟထွန်းရှိန်...ရှင်ဘာအဓိပ္ပါယ်နဲ့ပြောနေတာလဲ...ကျွန်မနဲ့ကိုမင်းပိုင်ဦးကမိတ်ဆွေတွေပါ...ရှင်ထင်ချင်ရာထင်ပြီးတွေးချင်ရာတွေးမနေနဲ့...ပြီးတော့ ဘယ်သူ့ကိုမှစွပ်စွဲနေတာမဟုတ်ဘူး...ကျွန်မတို့အချင်းချင်းစည်းလုံးဖို့ကိုပဲပြောချင်တာ "
"ဆောရီး.... ကျွန်တော်တောင်းပန်ပါတယ်...ကျွန်တော့်စိတ်တွေ တအားရှုပ်ထွေးနေလို့ပါ...အဖြစ်မှန်တွေပေါ်အောင် ကျွန်တော်ကြိုးစားမှာပါ...ပြီးတော့ ဆရာမလေးလည်း ညဘက်တွေ အပြင်ကိုမထွက်ပါနဲ့နော်...ကျွန်တော့်ကိုယုံတယ်ဆိုရင်ဒီစကားလေးပဲနားထောင်ပေးပါ..."
****
ညကတစ်စထက်တစ်စပိုနက်လာသလို စိန်ပန်းမြိုင်အိမ်ကြီးကလည်း ယခင်နေ့များကထက်ပိုပြီး တိတ်ဆိတ်နေပုံမှာ ချောက်ချားဖွယ်ရာကောင်းလှပေသည်။
ကျွန်မ အိပ်မပျော်နိုင်သည်မို့ စာကြည့်စားပွဲတွင်ထိုင်ပြီး စာအုပ်ဖတ်နေမိလေသည်။
" ဂျိိီ... ဂျီ..."အသံကြားကြားချင်းပင် ကျွန်မ ဆတ်ခနဲတုန်သွားမိပြီး တစ်ကိုယ်လုံးဖိန်းခနဲရှိန်းခနဲနေအောင် ကြက်သီးမွှေးညှင်းများထလာလေသည်။ကျွန်မလက်ထဲမှ စာအုပ်ကိုချလိုက်ပြီး နောက်သို့ ခပ်ဖြည်းဖြည်းလှည့်ကြည့်လိုက်မိသည်။
"အီ "အံကိုကြိတ်၍ စိတ်ကိုတင်းထားသည့်ကြားမှ ဘယ်လိုမှအသားမကျနိုင်သောမြင်ကွင်းကြောင့် နှလုံးခုန်သံများက တဒိန်းဒိန်းမြည်အောင်ဆောင့်ခုန်လာလေသည်။ မျက်လုံးပြူးကြီးများနှင့်ကျွန်မကို လှမ်းကြည့်နေသော အမျိုးသမီးသည်လက်နှစ်ဖက်ကကြမ်းပြင်ကိုတဂျီဂျီမြည်အောင်ကုတ်ခြစ်နေလေသည်။ကျွန်မသည် လည်ပြန်ချည်းနှင့်ပင် ထိုမြင်ကွင်းကိုမရဲတရဲကြည့်နေမိသည်။ထိုစဥ်မှာပင် အမျိုးသမီးသည် ဒေါသတကြီးပုံနှင်မတ်တတ်ထရပ်လိုက်လေသည်။ဝဲခနဲလွင့်ကျလာသောဆံပင်ရှည်ကြီးများ၊ညအိပ်ဝတ်စုံးဖားဖားကြီးနှင့်ကြမ်းပြင်ကို ဖနောင့်နှင့်ဒေါသတကြီးပေါက်နေသော ထိုအမျိုးသမီး၏ကြောက်မက်ဖွယ် သွင်ပြင်သဏ္ဍန်ကိုကြည့်ပြီး ကျွန်မထိတ်လန့်တကြားအော်ဟစ်လိုက်မိကာ မျက်လုံးအစုံကိုမှိတ်ချလိုက်မိလေသည်။
"ဒေါက်...ဒေါက်..."
"အမလေး"
ရင်အစုံသည် တလှပ်လှပ်အခုန်မြန်နေဆဲမှာပင် အခန်းတံခါးခေါက်သံကိုကြားလိုက်ရသည့်မို့ အယောင်ယောင်အမှားမှားနှင့် လန့်ဖျပ်အော်လိုက်မိပြီး မျက်လုံးကိုမဝံ့မရဲဖွင့်ကြည့်လိုက်သောအခါ တစ်ခန်းလုံးရှင်းလင်းတိတ်ဆိတ်နေလေသည်။
ကျွန်မ တဆတ်ဆတ်တုန်ယင်နေဆဲဖြစ်သော ခြေလှမ်းများကိုထိန်းပြီး အခန်းတံခါးဝဆီသို့ ခပ်ဖြည်းဖြည်းလျှောက်သွားလိုက်ကာ တံခါးကိုဖွင့်လိုက်သည်။
" ဟင် "
တံခါးကို ဖွင့်ဖွင့်ချင်းမှာပင် မမျှော်လင့်ထားသူကိုတွေ့လိုက်ရသောကြောင့် ကျွန်မအထိတ်တလန့်နှင့်ခြေလှမ်းများကိုနောက်သို့ အလန့်တကြားပြန်ဆုတ်လိုက်မိသည်။သို့သော်လည်း ကျွန်မ၏ခြေလှမ်းများမှာ နောက်ကျသွားချေပြီ။မရွှေမိသည် သူ၏ရှည်လျားသောလက်နှင့် ကျွန်မလက်ကိုဆောင့်ဆွဲ့လိုက်လေသည်။မရွှေမိ၏ ရေခဲတမျှအေးစက်နေသောလက်နှင့်ထိတွေ့လိုက်ရသည့် တစ်ခဏ၌ ကျွန်မတစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားသလို ခံစားလိုက်ရပြီး မရွှေမိဆွဲခေါ်ရာနောက်သို့ တရွတ်ဆွဲ၍လိုက်ပါသွားရလေသည်။ကျွန်မ အားရှိသမျှရုန်းကန်ကာ မရွှေမိ၏လက်မှလွတ်အောင်ကြိုးစားသော်လည်း လူသေကဲ့သို့အေးစက်တောင့်တင်းနေသော မရွှေမိ၏လက်မှာ သံကဲ့သို့ခိုင်မာလှ၍ ရုန်းမထွက်နိုင်ဘဲရှိလေသည်။လေအဟုန်ကဲ့သို့လျှင်မြန်စွာရွေ့လျားသွားနေသောမရွှေမိနောက်မှ ကျွန်မလည်း တရွတ်တိုတ်လိုက်ပါလာခဲ့ပြီး စိန်ပန်းမြိုင်အိမ်ကြီး၏ အခန်းပေါင်းများစွာကိုကျော်ဖြတ်ပြီး ခြံကြီး၏ အနောက်ဘက်တောအုပ်အစပ်သို့ရောက်ရှိလာခဲ့လေသည်။ညအမှောင်အောက်၌ တောအုပ်ကိုကြည့်ရသည်မှာ တစ္ဆေကြီးတစ်ကောင်ငုတ်တုတ်ထိုင်နေသည့်ပမာ ချောက်ချားတုန်လှုပ်ဖွယ်ကောင်းလှပေသည်။မရွှေမိသည် ကျွန်မလက်ကိုမလွှတ်ဘဲ တောအုပ်ထဲသို့တရကြမ်းပြေးဝင်သွားလေသည်။
" လွှတ်..
လွှတ်...ကျွန်မလက်ကိုလွှတ်ပေးပါမရွှေမိ...ကျွန်မကြောက်တယ်...ကျွန်မ မလိုက်ချင်ဘူး "
ကျွန်မကြောက်လန့်တကြားနှင့်အော်ဟစ်နေသော်လည်း မရွှေမိသည် ကျွန်မ၏အသံကိုမကြားသည့်အလား ရှေ့ကိုဆက်၍သွားနေပြီး ကုန်းကမူလေးနားသို့ရောက်သောအခါ ခြေအစုံကိုရပ်တန့်လိုက်လေသည်။
" အူး..အူး...ဝူး...ဝူးဝူး....." ချောက်ချားဖွယ်ရာ ပေါ်ထွက်လာသော ခွေးအူးသံများကြောင့် ကျွန်မရင်ဘတ်ထဲမှအသည်းနှလုံးများ ဆွဲနုတ်ခံလိုက်ရသလို ရင်ထဲ၌ လှစ်ဟာအေးစက်သွားလေသည်။မရွှေမိသည် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသော ကျွန်မလက်ကိုလွှတ်လိုက်ပြီး ကုန်းကမူလေးဘေးရှိခြုံတောထဲမှ တစ်စုံတစ်ခုကိုကောက်ယူလိုက်ပြီး ကျွန်မကိုလှမ်း၍ပေးနေလေသည်။
"ယူ...လေ....လာယူ...."
" ဟင့်အင်း...မယူဘူး...မယူဘူး.."
အေးစက်ချောက်ချားဖွယ်ကောင်းသော အသံသြသြကြီးနှင့်ပြောလာသော မရွှေမိကိုကြည့်ပြီး ကျွန်မထိတ်လန့်တုန်လှုပ်စွာ ခေါင်းကိုခါယမ်းပြီးအော်ဟစ်ငြင်းဆန်လိုက်မိသည်။မရွှေမိသည် ကျွန်မကိုကြည့်ပြီး ဒေါသတကြီးနှင့်ကျွန်မရှိရာဆီသို့ တစ်လှမ်းချင်းလှမ်းလာလေသည်။ခြေကာရားလက်ကားရားနှင့်ကျွန်မဆီသို့လှမ်းလာနေသော မရွေမိ၏ပုံစံမှာ တွေ့စကထက်ပို၍ကြောက်မက်ဖွယ်ကောင်းလာပြီး ခေါင်းပေါ်မှ သွေးများသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ တစက်စက်စီးကျ၍နေလေသည်။ထိတ်လန့်ချောက်ချားဖွယ်ကောင်းလှသော မရွှေမိ၏ပုံပန်းသဏ္ဍန်ကိုကြည့်ပြီး ကျွန်မအားကုန်အော်ဟစ်လိုက်မိလေသည်။
အပိုင်း ( ၉ )
" စိန်ပန်းမြိုင်မှအိမ်နီကြီး "
****
" လာကြပါဦး....ကယ်ကြပါဦး..." ကျွန်မ အသံကုန်အော်ဟစ်လိုက်ပြီး လှေကားခြေရင်းတွင်သွေးအလူးလူးနှင့်လဲကျနေသော မင်းပိုင်ဦးဆီသို့အလျှင်အမြန်ပြေးဆင်းသွားမိသည်။
" ကိုမင်းပိုင်ဦး...ကိုမင်းပိုင်ဦး.. ကျွန်မခေါ်တာကြားလား...ရှင်သတိထားပါဦး ..."
ကျွန်မ မင်းပိုင်ဦး၏ခန္ဓာကိုယ်မှထိခိုင်ဒဏ်ရာများကိုကြည့်ရင်း နှုတ်မှတတွတ်တွတ်အားပေးစကားပြောလိုက်ပြီး သွေးထွက်မလွန်စေရန် လုပ်စရာရှိသည်များကို အလျှင်အမြန်လုပ်ဆောင်နေမိသည်။
"လူ ...လူသတ်တရားခံက...."
မင်းပိုင်ဦးသည် သတိရတစ်ချက် မရတစ်ချက်ကြားမှ တိုးတိတ်ဖျော့တော့လွန်းသော အသံဖြင့် အားယူပြောဆိုပြီးနောက် ငြိမ်သက်၍သွားလေသည်။
" ကိုမင်းပိုင်ဦး သတိထားလေ....ကျွန်မခေါ်နေတာကြားလား...လာကြပါဦး...ကယ်ကြပါဦးရှင်...."
ကျွန်မ၏ အော်သံအဆုံး၌ အိမ်သားများအားလုံး ကျွန်မနှင့်ကိုမင်းပိုင်ဦးရှိသော လှေကားခြေရင်းသို့ ရောက်ရှိလာကြလေသည်။
****
လူကသာ သူဌေးကြီး၏ခုတင်ဘေးတွင် ထိုင်နေရသော်လည်း ကျွန်မစိတ်အစဥ်မှာ ဆေးရုံပေါ်တွင် မေ့မျောနေဆဲဖြစ်သော မင်းပိုင်ဦးဆီသို့ ရောက်ရှိနေမိလေသည်။ဘယ်လိုမှမတတ်သာ၍သာ အိမ်သို့ပြန်လာခဲ့ရသော်လည်း မင်းပိုင်ဦးသတိရသည်အထိစောင့်ကြည့်ပြီး ဖြစ်ပျက်သမျှအလုံးစုံကို သိချင်နေမိသည်။မင်းပိုင်ဦး၏အဒေါ်လင်မယားက ဆေးရုံသို့လိုက်လာပြီးလျှင် စိန်ပန်းမြိုင်မှ အိမ်သားတွေကို တစ်ယောက်မှ လူနာတွေ့ခွင့်မပြုဟု တားမြစ်လိုက်သောကြောင့် ကျွန်မတို့အားလုံးဆေးရုံမှပြန်ခဲ့ရသည်။ပြီးလျှင် အိမ်ရောက်သည်နှင့် ရဲများရောက်လာပြီးမေးမြန်းစစ်ဆေးကြသေး၏။မင်းပိုင်ဦး၏ အဒေါ်က ရဲစခန်းကိုတိုင်လိုက်ခြင်းဖြစ်သည်။ရဲများရောက်လာသည်နှင့် စစ်ဆေးမေးမြန်းခံရဆုံးမှာ ကျွန်မပင်ဖြစ်သည်။
" မဝတ်ရည် သေချာစဥ်းစားပါဦး... ပထမဆုံး ကိုမင်းပိုင်ဦးကိုတွေ့ရတဲ့ အချိန်က ဘေးပတ်ဝန်းကျင်မှာ...မသင်္ကာစရာလူဖြစ်ဖြစ် ဒါမှမဟုတ်အခြားတစ်ခုခုကိုများသတိထားမိလား "
"မ...မသိတော့ပါဘူးရှင်....ကျွန်မလည်း ကိုမင်းပိုင်ဦးလဲကျနေတာကိုတွေ့တာနဲ့ ထူပူပြီး ပြေးဆင်းသွားမိတာပါ... ကျန်တာတွေကို သတိမထားမိဘူး "
ကျွန်မ စကားဆုံးသည်နှင့် တာဝန်ကျရဲက ရေးမှတ်စရာရှိသည်များကို ရေးမှတ်နေပြီး အခြားအိမ်သားများကိုထပ်မေးလေသည်။အိမ်သားအားလုံးကို စစ်ဆေးပြီးသောအခါ အမှုမှန်မပေါ်မချင်း မည်သူမျှ ခရီးသွားခွင့်မရှိဟု မှာကြားသွားလေသည်။စဥ်းစားမိသလောက် သေချာသည်မှာ မင်းပိုင်ဦးသည် လူသတ်တရားခံကို သိရှိသွားပေလိမ့်မည်။ ဒါကြောင့်ပင် လူသတ်သမားက နှုတ်ပိတ်ရန်အတွက် လှေကားပေါ်မှတွန်းချလိုက်ခြင်းဖြစ်လိမ့်မည်။ကျွန်မ မင်းပိုင်ဦးကိုစင်္ကြန်လမ်းမှာ တွေ့ပြီး အခန်းထဲပြန်ဝင်ကာ အင်္ကျီဝတ်၊ဓါတ်မိီးယူသည်မှာ ငါးမိီနစ်ပင်မကြာပါ။လှေကားထိပ်သို့ ကျွန်မရောက်သွားချိန်အထိ ကြာလှမှ ငါးမိနစ်ကျော်ကျော်သာဖြစ်သည်။ ထိုအချိန်အတွင်းမှာ လူသတ်သမားက ပျောက်ချင်းမလှပျောက်သွားသည်။ပြီးနောက် ကျွန်မအော်သံကြောင့် အိမ်သားများရောက်လာချိန်တွင်လည်း အားလုံးလိုလို တစ်ပြိုင်တည်းရောက်လာကြသည်။ခြံထဲမှာနေသော ခြံစောင့်ကြီး ဦးဖိုးထော်တစ်ယောက်ပဲ နောက်ဆုံးမှရောက်လာခဲ့သည်။ဘာပဲဖြစ်ဖြစ် သေချာသည်မှာသည်လူများထဲမှ တစ်ယောက်ကတော့ ကျိန်းသေလူသတ်သမားပင်ဖြစ်သည်။သည်လူသတ်သမားကို အမြန်ဆုံး မဖော်ထုတ်နိုင်လျှင် သည်စိန်ပန်းမြိုင်အိမ်ကြီးတွင် နောက်ထပ်သေဆုံးမှုများရှိလာနိုင်သည်။
"ဆရာမလေး "
ကျွန်မအတွေးထဲမှာ နစ်မျောနေမိရာမှ အခန်းဝမှခေါ်သံကြောင့် လှည့်ကြည့်လိုက်မိသောအခါ သီဟထွန်းရှိန်ကိုတွေ့လိုက်ရလေသည်။
" ကိုမင်းပိုင်ဦးအတွက်... ဆရာမလေးစိတ်ပူနေမှာစိုးလို့ပါ...ကျွန်တော် ဆေးရုံကိုဖုန်းဆက်မေးလိုက်တယ်...ကိုမင်းပိုင်ဦးသတိမရလာသေးပေမဲ့ အသက်အန္တရာယ်အတွက်မစိုးရိမ်ရတော့ဘူးတဲ့...အဲ့ဒါလာပြောတာ "
ပြောပြီးသည်နှင့် ညှိုးနွမ်းသောမျက်နှာနှင့်ကျောခိုင်းထွက်သွားသော သီဟထွန်းရှိန်၏နောက်ကျောပြင်ကို ငေးမောကြည့်နေမိပြီး ကျွန်မနှုတ်မှသူ့အလိုလိုလှမ်းခေါ်လိုက်မိလေသည်။
" သီဟထွန်းရှိန် ခဏနေပါဦး "
ကျွန်မခေါ်သံကြောင့် သီဟထွန်းရှိန်က လှမ်းနေသော ခြေလှမ်းများကို ရပ်တန့်လိုက်ပြီ လှည့်ကြည့်လေ၏။ကျွန်မလည်း သီဟထွန်းရှိန်ရှိရာသို့ ခပ်မြန်မြန်လျှောက်သွားလိုက်သည်။
"ကိုမင်းပိုင်ဦး ကိစ္စကို ရှင်ဘယ်လိုထင်လဲဟင်..."
ကျွန်မစကားအဆုံးမှာ သီဟထွန်းရှိန်က ဖျတ်ခနဲမော့ကြည့်လာပြီး
"ကျွန်တော် မပြောတတ်ဘူး ...ကိုမင်းပိုင်ဦးကရော ညနက်ကြီးမှာအောက်ထပ်ကိုဘာဆင်းလုပ်တာလဲ...ပြီးတော့ ဆရာမလေးကရောအပြင်ကိုဘာထွက်လုပ်တာလဲ ပြောပါဦး...ကျွန်တော်တစ်ချိန်လုံးအဲ့ဒါကိုပဲတွေးမိနေတာ...ကိုမင်းပိုင်ဦး အခုလိုဖြစ်သွားတာကို ကျွန်တော်စိတ်မကောင်းပါဘူး...ဒါပေမဲ့ အခုချိန်မှာ ရင်ကွဲမတက်ခံစားနေရတာ ကျွန်တော်ပါ...ကျွန်တော့်ရင်ထဲမှာ ဘယ်လောက်ထိခံစားနေရလဲသိလား...ဆရာ့မလေးရဲ့စိတ်ထဲမှာ...ဆရာမချစ်သူဒီလိုဖြစ်သွားလို့ ကျွန်တော့်ကို မသင်္ကာ
ဖြစ်နေတာမဟုတ်လား.."
" သားအရင်းအတွက်တောင် အမွေမပေးခဲ့လို့ အများအမြင်မှာ သူဌေးကြီးက ရက်စက်တယ်ထင်ရပေမဲ့ သူဌေးကြီးဘက်ကကြည့်ရင် သူမလွန်ဘူးဝတ်ရည်...ဘာလို့လဲဆိုတော့ သီဟထွန်းရှိန်ကသူဌေးကြီးရဲ့သွေးသားအရင်းမဟုတ်ဘူးလေ...ဒေါ်မာလာတင်ကသူဌေးကြီးကိုထောင်ချောက်ဆင်ဖမ်းခဲ့တာ... ဒီအကြောင်းတွေကို သီဟထွန်းရှိန်အရွယ်ရောက်လာမှ သူဌေးကြီးသိသွားတာ...ကြည့်ရတာ သီဟထွန်းရှိန်လည်း သူကသားအရင်းမဟုတ်ဘူးဆိုတာကိုသိပုံရတယ်...
နောက်တစ်ချက်
က ရတီချို့ကို ဒေါ်မာလာတင်တို့မိသားစုထဲက တစ်ယောက်ယောက်က သတ်လိုက်တယ်လို့ သူဌေးကြီးကထင်နေတာ...အဲဲ့ဒါကြောင့်လည်း သူ့ရှေ့နေကတစ်ဆင့် ကိုယ့်အဒေါ်ယောကျ်ားကိုအကူအညီလှမ်းတောင်းခဲ့တာပဲ...
ဘာပဲဖြစ်ဖြစ် အဖြစ်မှန်တွေမကြာခင်ပေါ်လာတော့မှာပါ...ဒီကြားထဲ ဝတ်ရည်လည်းသတိဝိီရိယနဲ့နေပါ "
****
မင်းပိုင်ဦးဆီမှကြားသိရသော အကြောင်းတွေကိုတွေးပြီး ကျွန်မစိတ်ထဲ သီဟထွန်းရှိန်ကို မြင်ယောင်နေမိသည်။သီဟထွန်းရှိန်၏ မျက်နှာပေါ်မှ ဝေခွဲရခက်သော အကြည့်များအပြုအမူများကို မြင်ယောင်လာပြီး ကျွန်မအမှတ်တမဲ့ ခေါင်းကိုယမ်းခါလိုက်မိပြီးသက်ပြင်းတစ်ချက်ကိုချလိုက်မိသည်။ကျွန်မခေါင်းထဲမှအတွေးတွေကို ဖယ်ထုတ်ပစ်လိုက်ပြီး သူဌေးကြီး၏ အခန်းဆီသို့ နှေးကွေးသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာခဲ့သည်။
" ဘာလို့ဒီလိုလုပ်ရက်တာလဲ အစ်ကိုကြီးရဲ့...ပြောပါဦး...အစ်ကိုကြီးရဲ့သမီးရတီချို့ကို ဟော့ဒီကမာလာ့သမီးအရင်းထက်တောင်ဂရုစိုက်ခဲ့ ပြုစုစောင့်ရှောက်ပေးခဲ့တာပါ...ဘာလဲ...သားငယ်လေး သီဟကအစ်ကိုကြီးရဲ့သွေးသားအရင်းမဟုတ်တာနဲ့အမွေမပေးနိုင်ဘူးပေါ့လေ...သားအရင်းမဟုတ်ပေမဲ့ နှစ်နှစ်ဆယ်ကျော်တောင်အတူနေခဲ့တဲ့သူပါ...သံယောစဥ်ကင်းမဲ့လှချည်လား ဦးထွန်းရှိန်ရဲ့..."
" အို...ငိုမနေစမ်းပါနဲ့ မာမီရယ်...ဒီအဘိုးကြီးကဘယ်လောက်ပြောပြော ရမယ့်သူလည်းမဟုတ်ဘူး...ကေသီတို့ကတော့ရှင်းရှင်းပဲ... ဒီအိမ်ကြီးပေါ်ကလည်းမဆင်းပေးနိုင်ဘူး...ရသင့်ရထိုက်တာကိုလည်းရအောင်ယူမှာ..."
"သမီးပြောတာမှန်တယ်...မာမီတစ်ဘဝလုံးရင်းခဲ့ရတာ ရသင့်ရထိုက်တာကိုတော့ ရအောင်ယူရမယ်...ဒီမှာ အစ်ကိုကြီး မာလာတို့ရသင့်ရထိုက်တာကို အစ်ကိုကြီးမပေးဘူးဆိုရင် ဟော့ဒီစိန်ပန်းမြိုင်အိမ်ကြီးကိုပါဖျက်ဆီးပစ်ဖို့ဝန်မလေးဘူးနော်... "
ကျွန်မ သူဌေးကြီး၏ အခန်းရှေ့တွင် တုတ်တုတ်မလှုပ်ဘဲ ငြိမ်သက်စွာရပ်နေမိသည်။အခန်းထဲမှ ဒေါ်မာလာတင်နှင့်ကေသီတင်တို့၏ မကျေမနပ်ပြောဆိုနေသောအသံများမှာ ကျွန်မရှိရာ အခန်းအပြင်အထိ လွင့်ပျံ့လာလေသည်။
***
ညကတဖြည်းဖြည်းနက်လာချေပြီ။စိန်ပန်းမြိုင်အိမ်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသော်လည်း ကျွန်မမှာ အိပ်မပျော်နိုင်သေးပါ။ခေါင်းထဲတွင် အတွေးပေါင်းများစွာနှင့်ရှုပ်ထွေးနေလေသည်။အိပ်မပျော်နိုင်သည့် အဆုံးစာဖတ်ရန်ဆုံးဖြတ်လိုက်ပြီး မီးအိမ်ကိုထွန်းကာ စားပွဲထက်မှစာအုပ်တစ်အုပ်ကိုဆွဲယူလိုက်သည်။
" တောက်...တောက် " နားထဲမှာ တစ်ခုခုပြုတ်ကျသံလိုမျိုးကြားလိုက်ရသည်မို့...အထိတ်တလန့်နှင့် အခန်းထောင့်ကို လှမ်းကြည့်လိုက်မိသည်။မီးအိမ်၏အလင်းရောင်အောက်၌ အခန်းသည်ရှင်းလင်းနေသည်။
" တောက်..တောက်.."
အသံကိုထပ်မံကြားလိုက်ရပြန်သည်။ လက်ထဲမှမီးအိမ်ကိုချလိုက်ပြီး အသံကြားရာဆီသို့ တစ်လှမ်းချင်းလှမ်းသွားမိသော ကျွန်မခြေထောက်တွေက အခန်းတံခါးနားသို့ရောက်လာလေသည်။ကျွန်မ အခန်းတံခါးကို ခပ်ဟဟဖွင့်ပြီး အခန်းပြင်ကိုချောင်းကြည့်လိုက်သည်။
" ဟင် "
စင်္ကြန်လမ်းတစ်လျှောက်ကျောခိုင်းသွားနေသော လူတစ်ယောက်ကိုမြင်လိုက်ရသည်မို့ ကျွန်မ အသက်ပင်မရှူဝံ့ဘဲ ငြိမ်ငြိမ်သက်သက်နှင့်ထိုလူ၏နောက်ကျောပြင်ကိုကြည့်နေမိရင်းမှ ချက်ချင်းပင်မှတ်မိသွားတာမို့ အခန်းထဲပြန်ဝင်ပြီး လက်ရှည်အင်္ကျီတစ်ထည်ကို အပေါ်ကထပ်ဝတ်လိုက်ပြီး လိုလိုမယ်မယ်လက်နှိပ်ဓါတ်မီးကိုကောက်ယူလိုက်ကာ မင်းပိုင်ဦးနောက်သို့လိုက်ရန် အခန်းအပြင်သို့ထွက်ခဲ့လေသည်။
"ဟင်... ဘယ်ရောက်သွားတာလဲ..."ကျွန်မနှုတ်မှ ခပ်တိုးတိုးရေရွတ်ရင်း စင်္ကြန်လမ်းတစ်လျှောက် လှမ်းမျှော်ကြည့်လိုက်သော်လည်း မင်းပိုင်ဦး၏အရိပ်အယောင်မှုန်ပျပျပင်မမြင်ရပါချေ။ကျွန်မစင်္ကြန်လမ်းအတိုင်းခြေဖွနင်း၍လျှောက်လာခဲ့သည်။ရှေ့လမ်းချိုးတစ်ခုသို့ရောက်လျှင် ကျော်စွာဦးအခန်းသို့သွားသောလမ်းနှင့်လှေကားဆီသို့သွားသောလမ်းရှိသည်။ကျွန်မ ခြေလှမ်းကို မသိမသာလေးမြန်လိုက်စဥ်မှာပင်
"အား" လှေကားဘက်ဆီမှ အော်သံခပ်သဲ့သဲ့ကိုကြားလိုက်ရသည်မို့ ကျွန်မအထိတ်ထိတ်အလန့်လန့်နှင့်လှေကားရှိရာသို့ အပြေးအလွှားသွားကြည့်လိုက်သည်။
" အမလေး "
လှေကားခြေရင်းမှ မြင်လိုက်ရသော မြင်ကွင်းကြောင့်ကျွန်မအထိတလန့်အော်ဟစ်လိုက်မိလေသည်။
------------
အပိုင်း( ၉ ) ဆက်ရန်
***
ဧကြည်ဖြူ
ကျွန်မ သီဟထွန်းရှိန်၏ မျက်နှာကို အလန့်တကြားမော့ကြည့်လိုက်မိသည်။မေကြောကြီးများထောင်၍လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသောသီဟထွန်းရှိန်၏မျက်နှာမှာအေးစက်တင်းမာနေလေသည်။
" ဆရာမလေး...မနက်ဖြန်ကစပြီး ဒီကနေအမြန်ထွက်သွားတော့...ဒီအိမ်ကကိစ္စတွေပြီးပြတ်သွားရင် ဆရာမလေးကို ကျွန်တော့်လာရှာပါ့မယ်.... ကျွန်တော်ပြောတာနားထောင်မယ် မဟုတ်လားဟင် "
" ဘာဖြစ်လို့ ကျွန်မကထွက်သွားရမှာလဲ...မဖြစ်နိုင်ပါဘူး...ပြီးတော့ သူဌေးကြီးကို မထားပစ်ခဲ့နိုင်ဘူး...ရှင်တို့မိသားစုတွေထဲကတစ်ယောက်မှသူဌေးကြီးကိုအလေးထားတာမဟုတ်ဘူး "
ကျွန်မစကားကြောင့် သီဟထွန်းရှိန်၏မျက်နှာမှာတင်းမာနေရာမှလျော့ကျသွားပြီး ကျွန်မဘေးနားမှာ အရုပ်ကြိုးပြတ်ထိုက်ချလိုက်သည်။ပြီးနောက် ကျွန်မပခုံးပေါ်သို့ မျက်နှာအပ်ကာရှိုက်ကြီးတငင်ငိုလေတော့သည်။ကျွန်မမှာ သီဟထွန်းရှိန်၏အပြုအမူကြောင့် ထိတ်လန့်အံ့သြသွားရလေသည်။
" ကျွန်တော်....ကျွန်တော်ကိုသာ မွေးမလာခဲ့ရင်...ကျွန်တော်တို့မိသားစုတွေ ဒီလိုအဖြစ်မျိုးနဲ့ကြုံရမှာမဟုတ်ဘူး...အားလုံး ကျွန်တော့်ကြောင့်....ကျွန်တော်မွေးလာလို့ မမရတီလည်းငယ်ငယ်ရွယ်ရွယ်နဲ့သေခဲ့ရတာ...."
" ဘာ...ဘာတွေပြောနေတာလဲ...မင်း ဘာတွေပြောနေတာလဲ သီဟထွန်းရှိန်...."
ကျွန်မ သီဟထွန်းရှိန်၏ ပခုံးကိုခပ်ကြမ်းကြမ်းဆွဲကိုင်လှုပ်ပြီးမေးလိုက်သောအခါမှ သီဝထွန်းရှိန်မှာ သတိဝင်လာပြီး ဖျတ်ခနဲမတ်တတ်ထရပ်လိုက်လေသည်။
"ဆောရီး...ကျွန်တော် တောင်းပန်းပါတယ် ဆရရာမလေး...ကျွန်တော်သွားတော့မယ်နော်..."
သီဟထွန်းရှိန်သည် ကျွန်မအမေးကိုမဖြေဘဲ အခန်းထဲမှ ကမူရှူးထိုးပြေးထွက်သွားလေသည်။
***
သီဟထွန်းရှိန်သည် ယခင်နေ့ကအဖြစ်အပျက်များ ဖြစ်ပြီးနောက်ကျွန်မကိုရှောင်နေသည်မှာ နှစ်ရက်သုံးရက်ခန့်ပင်ရှိနေလေပြီ။ကျွန်မလည်း အချိန်အားသည်နှင့် သီဟထွန်းရှိန်၏ အရိပ်အခြည်ကို စောင့်ကြည့်နေသော်လည်း သီဟထွန်းရှိန်၏အရိပ်အယောင်ကိုမျှပင် မမြင်ရပါလေ။
ယနေ့လည်း အချိန်အားသည်နှင့်တစ်ပြိုင်နက် သီဟထွန်းရှိန်အားရှာဖွေမိလေသည်။
" ရွှတ်...ရွှတ် .."
အသံကြား၍ ဝမ်းသာအားရလှည့်ကြည့်လိုက်မိသောအခါ ကိုယ်မျှော်လင့်ထားသူမဟုတ်ဘဲ မင်းပိုင်ဦးဖြစ်နေသောကြောင့် အနည်းငယ်တော့စိတ်ပျက်သွားမိလေသည်။
"လာ...ဝတ်ရည်...ကိုယ်ပြောစရာရှိတယ်....အမြန်လာ...."
မင်းပိုင်ဦးသည် ပြောပြောဆိုဆိုနှင့် ကျွန်မလက်ကိုဆွဲကာ အခန်းတစ်ခန်းထဲသို့ဝင်ခဲ့လေသည်။ကျွန်မမှာ ယောင်ယောင်ကန်းကန်းနှင့် မင်းပိုင်ဦးဆွဲခေါ်ရာနောက်သို့ပါသွားရလေသည်။
" ဘာပြောမလို့လဲ...လက်ကိုလွှတ်ဦး..."
" ကိုယ်ပြောတာ သေချာနားထောင်...နောက်အပတ်ထဲမှာ သူဌေးကြီးရဲ့ရှေ့နေက အမွေကိစ္စနဲ့ပတ်သက်ပြီး မိသာစုဝင်တွေကိုအသိပေးလိမ့်မယ်... သူဌေးကြီးက သူမသေခင်အမွေကိစ္စတွေကိုတစ်ခါတည်းရှင်းပေးသွားခဲ့မှာ..."
"အို...သူတို့အမွေကိစ္စရှင်းတာ ...ဝတ်ရည်တို့နဲ့မဆိုင်ဘူးလေ...ဒါက ဘာပြဿနာရှိလို့လဲ.."
" ဟုတ်တယ် ...သူတို့မိသားစုအမွေပြဿနာက ကိုယ်တို့နဲ့မဆိုင်ပါဘူး...ဒါပေမဲ့...
ကိုယ်စုံစမ်းလို့ရသလောက် သူဌေးကြီးရဲ့အမွေခွဲဝေမှုနဲ့ပတ်သက်ပြီးဆုံးဖြတ်ထားတဲ့ကိစ္စကို သူတို့သဘောမတူကြဘူး...ဒါကြောင့်မို့... ဒီကြားထဲမှာသူတို့ဘက်က သူဌေးကြီးကိုတစ်ခုခုလုပ်နိုင်တယ်... "
"ရှင်...ဘယ်..ဘယ်လို...ဟုတ်ရဲ့လား...ကျန်တဲ့သူတွေကသူဌေးကြီးကိုအန္တရာယ်ပေးနိုင်တယ်ထားဦး....သီဟထွန်းရှိန်...သီဟထွန်းကတော့ သူ့အဖေအရင်းခေါက်ခေါက်ကိုအန္တရယ်မပေးလောက်ဘူးထင်တယ်...အမွေကရောဘယ်လိုခွဲဝေပေးမှာမို့လဲ "
ကျွန်မအထိတ်တလန့်နှင့်မေးလိုက်မိသည်။မင်းပိုင်ဥိးက သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး
" သူဌေးကြီးဦးထွန်းရှိန်က သိပ်ကိုစေ့စပ်သေချာတဲ့သူပဲ ဝတ်ရည်...ဟိုအရင် သူကျန်းမာစဥ်ကတည်းက သူပိုင်ဆိုင်သမျှစည်းစိမ်ဥစ္စာတွေအားလုံးကို သူ့သမီးရတီချို့နာမည်နဲ့လွှဲထားတာ...ဒီထက်ပိုပြီး စေ့စပ်သေချာတာက...တကယ်လို့များ ဒီလောကကြီးမှာ သူရောသူ့သမီးရတီချိုပါမရှိတော့ရင် သူပိုင်ဆိုင်သမျှတွေကို ပရဟိတအဖွဲ့အစည်းတွေကို လှူဒါန်းဖို့ကြိုတင်စီစဥ်ထားတယ်...ဦးထွန်းရှိန်ဒီလိုစီစဥ်ထားတာကို ဒေါ်မာလာတင်တို့ မိသားစုတွေရိပ်မိသွားပုံရတယ်...ဒီအကြောင်းတွေကို ရတီချိုဦးလေးနဲ့ရှေ့နေကြီးကို ကိုယ်ပြောပြထားတယ်...ခက်တာက ရတီချိုရဲ့ရတနာသေတ္တာက ဘယ်သူဆီမှာရှိမှန်း မသိတာဘဲ "
" ဘယ်လို...ဒါဆို ဒေါ်မာလာတင်တို့ မိသားစုကအမွေဆက်ခံခွင့်မရဘူးပေါ့...ဒါနဲ့ ဒေါ်မာလာတင်နဲ့ကေသီတင်ကတော့ ထားပါတော့ သီဟထွန်းရှိန်က သူဌေးကြီးရဲ့သားအရင်းလေ သားအရင်းကိုတောင် အမွေမပေးဘူးလား... "
ကျွန်မ အမေးကြောင့် မင်းပိုင်ဦးက ကျွန်မမျက်နှာကို ကြည့်ပြီး ခေါင်ကိုအသာအယာခါယမ်းလိုက်လေသည်။
" ပေးပါတယ်...သီဟထွန်းရှိန်အတွက်...အရင်ကသီဟထွန်းရှိန်နေခဲ့တဲ့ မြို့ထဲကအိမ်နဲ့ခြံကိုပေးခဲ့ပါတယ်...တန်းကြေးသိပ်မများပေမဲ့ သီဟထွန်းရှိန်တို့မိသားစုတော့ အေးအေးဆေးဆေးနေလို့ရပါတယ်...ဒါပေမဲ့ဒေါိမာလာတင်တို့မိသားစုက ဒီအစွန်းထွက်တောင်မရှိတဲ့ ခြံနဲ့အိမ်လောက်ကို ဘယ်ကျေနပ်မှာတဲ့လဲ "
" ဒါနဲ့...သူဌေးကြီးက သူ့သားအရင်းအတွက်ငွေလေးနည်းနည်းပါးပါးတောင်အမွေမပေးဘဲရက်စက်လှချည်းလား "
****
ကျွန်မ လှေကားထစ် တစ်ထစ်ချင်းစီကို ခပ်ဖြည်းဖြည်းတက်လာရင်းမှ စိန်ပန်းမြိုင်အိမ်ကြီးအနှံကို လျှောက်ကြည့်ဖို့ရန် ဆုံးဖြတ်လိုက်သည်။မင်းပိုင်ဦး၏စကားကဘယ်လောက်အထိမှန်မည်ကို သေချာမသိသော်လည်း သည်စိန်ပန်းမြိုင် အိမ်ကြီးမှာ ကျွန်မကိုဒုက္ခပေးမည့်သူရှိနေသည်မှာသေချာသည်။ယခုအချိန်မှာ စိန်ပန်းမြိုင်အိမ်ကြီးမှ ဖြုန်းခနဲထွက်သွားဖို့ဆိုသည်မှာလည်း မဖြစ်နိုင်။လောလောဆယ် ပြန်စရာအိမ်လည်းမရှိသေးချေ။ရန်ကုန်ကနေ ဘုရင့်နောင်ဖောက်ဖျက်သလိုဖျက်ပြီး ထွက်ခဲ့မိသောကျွန်မအတွက် သည်စိန်ပန်းမြိုင်အိမ်ကြီးမှာ အနည်းဆုံးခြောက်လတစ်နှစ်လောက်တော့ အောက််အည်းသည်းခံနေရပေမည်။
ကျွန်မစင်္ကြန်လမ်းလေးအတိုင်း ခပ်ဖြည်းဖြည်းလျှောက်လာခဲ့ရင်းမှ ကျော်စွာဦး၏အခန်းသို့သွားသောစင်္ကြန်လမ်းသို့ရောက်လာခဲ့လေသည်။ကျွန်မ မျက်လုံးရှင်ရှင်ထားပြီး လမ်းတစ်လျှောက်ကြည့်လာခဲ့သော်လည်း မည်သည့်အရိပ်အယောင်မှမတွေ့ဘဲအပေါ်ထပ်တစ်ထပ်လုံးတိတ်ဆိတ်နေလေသည်။
"ဖြဲ..ဖြဲ"ခပ်တိုးတိုးအသံတစ်ခုကို နားထဲမှာလှစ်ခနဲကြားလိုက်မိသည်။ကြားရသော အသံမှာအဝတ်စသို့မဟုတ်တစ်ခုခုကိုစုတ်ဖြဲနေသော အသံမျိုးဖြစ်သည်။ကျွန်မ အသံလာရာ အခန်းနားသို့ တဖြည်းဖြည်းတိုးကပ်သွားလိုက်မိသည်။
" ကျွီ... "
" အမလေး... "
အခန်းတံခါးဝသို့ တိုးကပ်သွားနေမိသော ကျွန်မမှာ ရုတ်တရက်ပွင့်လာသောတံခါးကြောင့် လန့်ပြီးနောက်သို့ဆုတ်လိုက်မိရာ ဖင်ထိုင်ရက်လဲကျသွားရလေသည်။အခန်းတံခါးမှာလည်းပွင့်လာပြီး အခန်းထဲမှ လူတစ်ယောက်ထွက်လာလေသည်။
"ဟာ...ဆရာမလေး...ဘယ်လိုဖြစ်တာလဲ....ထနိုင်ရဲ့လား ကျွန်တော်ထူပေးမယ်..."
အခန်းထဲမှ ထွက်လာသော သီဟထွန်းရှိန်သည် ကျွန်မကိုမြင်သည်နှင့် ပျာပျာသလဲပြေးထူပေးလေသည်။ကျွန်မလည်း သီဟထွန်းရှိန်ကိုကျော်ပြီး ပွင့်နေသော အခန်းတံခါးမှနေ အခန်းထဲသို့လှမ်းကြည့်လိုက်ရာ...အခန်းထဲတွင် ပစ္စည်းအတိုအစများနှင့်ရှုပ်ပွနေပြီး မှို့စများပျံ့ကြဲနေသော မွေ့ရာတစ်ခုကိုလည်း တွေ့ရလေသည်။ကျွန်မကြည့်နေစဥ်မှာပင် သီဟထွန်းရှိန်က တံခါးကိုဖျတ်ခနဲပြန်လှည့်ပိတ်လိုက်လေသည်။ပြီးနောက် ကျွန်မဘေးမှာဒူးထောက်ထိုင်ချလိုက်လေသည်။
"ထနိုင်ရဲ့လား... ဆရာမလေး...ဟို...ကျွန်တော့်လက်ကိုကိုင်ပြီးထကြည့်ပါဦး..."
"ရ..ရပါတယ်...ခြေချင်းဝတ်နည်းနည်းနာသွားရုံပါ " ပြောပြောဆိုဆိုနှင့် ကျွန်မအားယူပြီးထရပ်ကြည့်လိုက်သည်။
"အ" ခြေချင်းဝတ်ဆီမှ စူးခနနာကျင်သွားပြီး လဲကျမလိုဖြစ်သွားသည်ကို သီဟထွန်းရှိန်ကလှမ်း၍ ထိန်းဖက်လိုက်ပြီး
"ကျွန်တော်ကို အားမနာပါနဲ့...အခန်းထဲထိကျွန်တော်လိုက်ပို့ပေးပါ့မယ် "
ကျွန်မ သီဟထွန်းရှိန်၏လက်ကို အားပြုကိုင်ပြီးလျှောက်နေရင်းမှ သီဟထွန်းရှိန်၏မျက်နှာကို အကဲခတ်ကြည့်နေမိသည်။တည်ငြိမ်သော မျက်နှာထား၊အေးဆေးသောသွင်ပြင်ဟန်က တရားခံဟုထင်ရက်စရာမရှိသော်လည်း တစ်ချက်တစ်ချက်တွင်တော့ ဝေခွဲရခက်သော အေးစက်စက်အသွင်ကို တွေ့ရတတ်လေသည်။
" ဆရာမ ခဏထိုင်ဦးနော်... ကျွန်တော်ဆေးလိမ်းပေးမယ်... ဆေးသေတ္တာဘယ်နားမှာလဲ... "
ကျွန်မ အတွေးလွန်နေမိသောကြောင့် အခန်းထဲကို ရောက်လာသည်ကိုပင် သတိမထားမိဘဲ သီဟထွန်းရှိန်၏ အသံကိုကြားမှ အယောင်ယောင်အမှားမှားနှင့် စာကြည့်စားပွဲသို့လက်ညှိုးထိုးပြလိုက်မိလေသည်။
သီဟထွန်းရှိန်သည် ဆေးပုလင်းကိုယူလိုက်ပြီး ကျွန်မခြေထောက်ကို ညင်ညင်သာသာဆေးလိမ်းပေးနေသောအခါမှ ကျွန်မ ဖျတ်ခနဲ့အသိဝင်လာပြီး ကမန်းကတန်းပင် သီဟထွန်းရှိန်၏ လက်ကို
ဆွဲဖယ်လိုက်သည်။
"အို...ကန်တော့နော်...ငရဲတွေကြီးကုန်တော့မှာပဲ ဖယ်ပါ...ကျွန်မဘာသာလိမ်းလိုက်ပါ့မယ်...."
"ရပါတယ် ဆရာမလေးရယ်...ဆရာမလေးက ကျွန်တော့်ထက်လည်းအသက်ကြီးတာပဲ ဘာမှမဖြစ်ပါဘူး...ငြိမ်ငြိမ်လေးနေပါ...ဆေးလိမ်းတာလောက်တော့ ကျွန်တော်လည်း ကျွမ်းပါတယ် "
" ရှင် ညကဘယ်အချိန်အိပ်လဲ "
ရုတ်တရက် မဆီမဆိုင်ထမေးလိုက်သော ကျွန်မမေးခွန်းကြောင့် သီဟထွန်းရှိန်သည် ခေတ္တမျှငြိမ်သက်သွားပြီးနောက် တိတ်ဆိတ်၍သွားလေသည်။အတန်ကြာမှာ ကျွန်မမျက်နှာကိုခပ်ငေးငေးကြည့်ပြီး ခပ်တိုးတိုးပြောလေသည်။
" အမှန်တိုင်း ပြောရရင် မနေ့ညက အရမ်းစိတ်ညစ်လို့ အရက်တွေသောက်ပြီးအိပ်လိုက်တာ ဘယ်အချိန်အိပ်ပျော်သွားမှန်းမသိဘဲ မနက်လင်းမှနိုးလာတာ...ဘာဖြစ်လို့မေးတာလဲ ဆရာမလေး.."
"ဘာရယ် မဟုတ်ပါဘူး...ညတုန်းကစင်္ကြန်လမ်းဘက်ကအသံတွေဘာတွေများကြားမိသေးလား မေးမလို့ပါ ...ညက ကျွန်မ စင်္ကြန်လမ်းမှာလျှောက်နေတုန်း အနောက်
ကနေဇာက်ပိုးကိုအရိုက်ခံလိုက်ရတယ်လေ... "
" ဗျာ...ဘယ်လို...ဆရာမလေး...အရိုက်ခံရတယ် ဟုတ်လား...ဘာဖြစ်သွားသေးလဲဟင်...ရိုက်တဲ့သူကိုရော မြင်လိုက်လား "
ကျွန်မစကားကြောင့် သီဟထွန်းရှိန်မှာ ထိတ်ထိတ်ပျာပျာနှင့်မတ်တတ်ထရပ်လိုက်ပြီး ကျွန်မခေါင်းကိုသူ့အလက်အစုံနှင့်ထိကိုင်လာလေသည်။ကျွန်မလည်း ခဏတာမျှသီဟထွန်းရှိန်၏ အပြုအမူများကိုမင်သက်ငေးမောကြည့်နေမိပြီးမှ သူ့လက်အစုံကိုဖယ်ရှားပြီး ခေါင်းကိုခပ်မြန်မြန်ခါယမ်းပြလိုက်မိလေသည်။
" အို...ရပါတယ်...ဘာမှမဖြစ်တော့ဘူး...သက်သာသွားပါပြီ..."
" ဒါကြောင့် ကျွန်တော်ပြောတာပေါ့...ညဘက်တွေအပြင်မထွက်ပါနဲ့လို့...မတော်လို့ ဆရာမလေးသာတစ်ခုခုဖြစ်သွားရင် ကျွန်တော်လူသတ်မိလိမ့်မယ်..."
အမွေရထားတဲ့ရတနာသေတ္တာပျောက်ဆုံးနေတာပဲ...အဲ့ဒါတွေကိုစုံစမ်းဖို့အတွက် ဒီစိန်ပန်းမြိုင်အိမ်ကြီးကို ကိုယ်ရောက်လာခဲ့တာ...ဖြစ်နိုင်ရင် ဝတ်ရည်ကိုဒီအိမ်ကြီးကနေအမြန်ဆုံးပြန်စေချင်တယ်...ပြီးတော့ကိုကျော်စွာဦးလှေကားပေါ်ကနေပြုတ်ကျတာလည်း ဘယ်လိုမှသွေးရိုးသားရိုးမဖြစ်နိုင်ဘူး "
"အဲ့ဒါတော့ ဟုတ်တယ်...ကိုကျော်စွာဦးသေဆုံးမှုက မတော်တဆမဖြစ်နိုင်ဘူးလို့ကျွန်မလည်းထင်နေတာ "
"သေချာတာက ဒီအိမ်ကြီးမှာ လူသတ်သမားတစ်ယောက်တော့ရှိနေပြီ...ရှင်ရောဘယ်လိုထင်လဲ...ဘယ်သူ့ကိုသင်္ကာမကင်းဖြစ်မိလဲ "
"အဲ့ဒါကတော့ ပြောရခက်တယ် ဝတ်ရည်...အားလုံးကမှင်သေသေနဲ့နေနေကြတာဆိုတော့...သေချာတာက ဒေါ်မာလာတင်ကနေအစ အိမ်အလုပ်သမားတွေအထိသတိထားရမယ်ဆိုတာပဲ...ပြီးတော့ ခုညဝတ်ရည်ကြုံခဲ့ရတဲ့အဖြစ်အပျက်အရ တရားခံဟာတစ်ယောက်တည်း မဟုတ်ဘူးဆိုတာသေချာသွားပြီး...ဒါကြောင့်မို့အစစအရာရာဂရုစိုက်နေပါကွာ...နောက်ဆိုညဘက်တွေအပြင်လုံးဝမထွက်ပါနဲ့ တစ်ခုခုအကြောင်းရှိရင်ကိုယ်နဲ့တိုင်ပင်ပါနော်...ဒီစိန်ပန်းမြိုင်ကဘယ့်သူကိုမှယုံလို့မရဘူးဝတ်ရည်...ကိုယ်ပြောတာကိုနားထောင်ပါနော် "
****
ကျွန်မ ဝှိီးချဲကို မြေနီလမ်းလေးအတိုင်း ခပ်ဖြည်းဖြည်းတွန်းလာခဲ့ရင်းမှ ခြံ၏အနောက်ဘက်သို့ ရောက်ရှိလာခဲ့လေသည်။အရိပ်ကောင်းသော သစ်ပင်ကြီးအောက်တွင် ဝှီးချဲကို ရပ်လိုက်ပြီး တောအုပ်ထဲကိုလှမ်းကြည့်လိုက်မိသည်။သူဌေးကြီးဦးထွန်းရှိန်သည်လည်း တောအုပ်ဘက်သို့ ညှို့မှိုင်းသော မျက်လုံးများဖြင့်ကြည့်နေသည်ကို တွေ့ရသည်။တစ်ချက်တစ်ချက်တောအုပ်ထဲမှ သတ္တဝါအကောင်ငယ်လေးများ၏ အော်သံများက ကျွန်မတို့ဆီသို့ လွင့်ပျံလာလေသည်။
"ဒီနေရာလေးက အရမ်းသာယာတယ်နော် ဆရာ...အရင်က ဒီနောက်ကတောအုပ်ထဲမှာ ဆရာအမဲပစ်ထွက်တာဆို...နောက်ပြန်ကျန်းမာလာရင် ကျွန်မကို ဒီတောအုပ်လေးထဲလိုက်ပြနော်..."
ကျွန်မ သူဌေးကြီးဦးထွန်းရှိန်၏ဝှိီးချဲဘေးမှာ ထိုင်လိုက်ပြီး သူဌေးကြီးရဲ့လက်ကိုအသာဆုပ်ကိုင်ပြီးပြောလိုက်တော့ သူဌေးကြီးက ကျွန်မမျက်နှာကို ခပ်ငေးငေးကြည့်နေရှာသည်။သူဌေးကြီး၏ အခြေအနေမှာကျွန်မရောက်စကထက် အနည်းငယ်သက်သာလာသည်ဟု ထင်ရသော်လည်း တိုးတက်မှုကသိသိသာသာတော့မရှိပါချေ။
"ဆရာ့ အခြေအနေက မကြာခင်ပြန်ကောင်းလာနိုင်တယ်လို့ ဆရာဝန်ကြီးလာတုန်းကပြောသွားတယ်ဆရာ...အဓိက ကစိတ်ဖိစီးမှု မရှိအောင်နေဖို့ပဲလိုတာတဲ့...ကိုယ့်ကျန်းမာရေးကိုပဲတွေးပြီး ကျန်တာတွေကို သိပ်မတွေးပါနဲ့ဆရာ..ဆရာအမြန်ဆုံးပြန်နေကောင်းလာအောင်... ကျွန်မသေချာစောင့်ရှောက်မှာပါ "
သူဌေးကြီးဦးထွန်းရှိန်က ကျွန်မပြောတာတွေကို နားထောင်နေရင်းမှ တောအုပ်ဘက်သို့ မျှော်ငေးကြည့်နေလေသည် ။ကျွန်မလည်းတောအုပ်ဘက်သို့ အမှတ်တမဲ့ငေးကြည့်လိုက်မိလေသည်။
" ဟင် "
တောအုပ်၏အစပ်တွင် ရပ်နေသော မိန်းမတစ်ယောက်သည် ကျွန်မတို့ရှိရာသို့ လှမ်းကြည့်နေသည်ကိုတွေ့လိုက်ရသည်။ကျွန်မလည်း ထိုမိန်းမကို ကြည့်နေရင်းထိတ်လန့်အံ့သြနေမိလေသည်။
"မရွှေမိ....မရွှေမိပါလား "ကျွန်မစိတ်ထဲမှ အံ့သြတကြီးရေရွတ်နေစဥ်မှာပင် မရွှေမိသည် ကျွန်မကိုလက်ယပ်၍ခေါ်လေသည်။ကျွန်မ ယောင်ယမ်းပြီး မရွှေမိဆီသို့ သွားရန်ခြေလှမ်းပြင်လိုက်စဥ်မှာပင် မရွှေမိ၏ပုံရိပ်သည် မြင်ကွင်းမှဖျတ်ခနဲပျောက်ကွယ်သွားလေသည်။
***
သူဌေးကြီးဦးထွန်းရှိန် အိပ်ပျော်သွားသည်နှင့် ကျွန်မလည်း အပြင်သို့ထွက်ခဲ့သည်။
အိမ်ကြီးမှာ တိတ်ဆိတ်၍နေသည်။ညတုန်းကတရားခံကို ဘယ်လိုများရှာရမည်လဲဟု အကြံထုတ်ရင်း စင်္ကြန်လမ်းတစ်လျှောက် လျှောက်လာခဲ့သည်။
"ဆရာမလေး "
"အမေ့ "ကိုယ့်အတွေးနှင့်ကိုယ် လျှောက်လာခဲ့ရင်း ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် လန့်သွားမိလေသည်။လှည်ကြည့်လိုက်တော့ အခန်းတစ်ခန်းထဲမှ ထွက်လာသောမိလုံးကိုတွေ့လိုက်ရသည်။
" လန့်သွားတာပဲ မိလုံးရယ်...ဘာတွေအလုပ်ရှုပ်နေတာလဲ..."
"အခန်းတွေရှင်းနေတာ ဆရာမလေး...ဒါနဲ့ ဒီနေ့အိမ်အခြေအနေသိပ်မကောင်းဘူး ဆရာမလေးရေ...မနေ့ကရှေ့နေကြီးပြန်သွားပြီးကတည်းက... သူဌေးကတော်ဒေါသတွေထွက်နေတယ် "
အနားသို့ကပ်ပြီး ခပ်တိုးတိုးပြောလာသော မိလုံး၏စကားကြောင့် ကျွန်မအံ့သြသွားရသည်။
" ဟုတ်လား...ဒီနေ့တော့ကြည့်နေကြည့်စားရမှာပေါ့...ဒါနဲ့မိလုံးကိုမေးစရာရှိတယ်.. "
" ဟုတ်ကဲ့... မေးလေဆရာမလေး...မိလုံးသိတာဆိုအကုန်ဖြေပါ့မယ် "
"ဟို...ခြံအနောက်ဘက်က တောအုပ်ထဲကို မိလုံးရောက်ဖူးလားဟင် ...."
ကျွန်မစကားဆုံးတော့ မိလုံးက မျက်လုံးပြူကြီးတွေနဲ့မော့ကြည့်လာလေသည်။
" ဘာ..ဘာဖြစ်လို့မေးတာလဲ ဆရာမလေး...တစ်ခါမှမရောက်ဖူးပါဘူး...တောအုပ်ထဲမှာ အကောင်ပလောင်တွေနဲ့အန္တရာယ်များကများနဲ့ ...မသွားရဲပါဘူး...ဆရာမလေးကဘာလုပ်ဖို့လဲ "
"ဘာမှမလုပ်ပါဘူး မိလုံးရယ်...တောအုပ်ထဲတစ်ခါမှမသွားဖူးလို့ တစ်ခါလောက်သွားကြည့်မလားလို့ပါ... "
" အို...အန္တရာယ်များကများနဲ့...မသွားပါနဲ့ဆရာမလေးရယ်...ဒါပဲနော် ဆရာမလေး...အခန်းတွေရှင်းဖို့ကျန်သေးလို့...."
အပိုင်း ( ၈ )
"စိန်ပန်းမြိုင်မှအိမ်နီကြီး "
****
"အ...ကျွတ်....ကျွတ် "
အသိဝင်လျှင်ဝင်ချင်း ပထမဆုံးခံစားရသည်မှာ ခေါင်းတစ်ခုလုံးအုံခဲနေသလိုဖြစ်နေပြီး ဇက်ပိုးဆီမှနာကျင်နေခြင်းဖြစ်လေသည်။ပြီးလျှင် တစ်ပြိုင်နက်တည်း ထိတ်လန့်ကြောက်ရွံ့စိတ်ပါဝင်လာလေသည်။
"ဘယ်နေရာရောက်နေတာလဲ"ကျွန်မစိတ်ထဲမှ ရေရွတ်လိုက်ပြီးလူးလဲထကြည့်လိုက်သည်။
"ဝတ်ရည်...ဝတ်ရည်သတိရပြီးလားဟင် ....နေဦး အရမ်းမထနဲ့ဦးလေ...ခဏပြန်လှဲနေဦး "
ရင်းနှီးလွန်းသော အသံကြောင့် စိတ်ထဲမှကြောက်စိတ်များအနည်းငယ်ပြေလျော့သွားပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်မိသည်။
ပြာလဲ့လဲ့အလင်းရောင်အောက်တွင်မြင်နေရသော အခန်းအပြင်အဆင်ကြောင့် ရင်ထဲမှအပူလုံးကြီးမှာငြိမ်းကျသွားလေသည်။ကျွန်မ ခပ်ဖြည်းဖြည်းထထိုင်လိုက်သည်။ခေါင်းထဲမှာ မူးနောက်နောက်ဖြစ်နေဆဲပင်။
"အတင်းမထနဲ့လေ ဝတ်ရည်...ဘယ်လိုနေလဲ... နေသာရဲ့လား "
" အင်း...သက်သာပါတယ်...ဒါ...ဒါနဲ့ကျွန်မကိုဘယ်သူရိုက်လိုက်တာလဲ...ရှင်ရိုက်လိုက်တာလား ကိုမင်းပိုင်ဦး "
" ဟာ...မဟုတ်ပါဘူး ဝတ်ရည်ရယ်...စင်္ကြန်လမ်းပေါ်မှာဝတ်ရည်လဲနေတာတွေ့လို့ ကိုယ့်ဝတ်ရည်အခန်းထဲကိုခေါ်ခဲ့တာ...ဝတ်ရည်ကဘယ်လိုဖြစ်တာလဲ...ရိုးရိုးမူးလဲတာမဟုတ်ဘူးလားဟင်...အရိုက်ခံရတာလား... "
မင်းပိုင်းဦးမျက်နှာကို ကျွန်မသေချာအကဲခတ်ကြည့်လိုက်သည်။မင်းပိုင်ဦး၏ပုံစံမှာ ကျွန်မကိုအမှန်တကယ်ပင်စိုးရိမ်နေသောပုံပေါ်လွင်နေ၍ ကျွန်မခေါင်းကိုအသာအယာငြိမ့်ပြလိုက်သည်။
"ဟုတ်တယ်... ကျွန်မကိုအနောက်ကနေရိုက်လိုက်တာပဲ...ရှင်ဘာမှမတွေ့လိုက်ဘူးလား "
"ဟင့်အင်း... ဘယ်သူ့ကိုမှမတွေ့ဘူး...ကိုယ်အဲ့နေရာရောက်တော့ ဝတ်ရည်တစ်ယောက်တည်းလဲနေတာကိုတွေ့တာ... ဒါနဲ့ရိုက်သွားတဲ့သူကိုရောမြင်လိုက်လား ဝတ်ရည် "
"ဟင့်အင်း...မတွေ့လိုက်ဘူး...နောက်ကခြေသံကြားလို့ လှည့်ကြည့်ဖို့လုပ်နေတုန်းမှာ အရိုက်ခံလိုက်ရတာ...ဒါနဲ့ ရှင်ကဘယ်လိုရောက်လာတာလဲ "
"အဲ့ဒါ ကိုယ်ကဝတ်ရည်ကိုမေးရမှာ...ဝတ်ရည်ကညကြီးသန်းခေါင် အဲ့ဒီနေရာကိုဘာသွားလုပ်တာလဲ "
"အခန်းတံခါးခေါက်သံကြားလို့ ထွက်ကြည့်တော့...အဝတ်နက်ခြုံထားတဲ့လူတစ်ယောက်ကိုတွေ့လိုက်တာနဲ့နောက်ကလိုက်ကြည့်တာ ကိုကျော်စွာဦးအခန်းထဲကိုဝင်သွားတာတွေ့လို့ ကြည့်နေတုန်းမှာ
အနောက်ကနေ ကျွန်မဇာက်ပိုးကိုရိုက်လိုက်တယ်ထင်တာပဲ "
" ဟာ...ဖြစ်ရလေ ဝတ်ရည်ရယ်... မသေကောင်းမပျောက်ကောင်းကွာ..."
မင်းပိုင်းဦးသည် စိုးရိမ်ပူပန်သောမျက်နှာဖြင့် ကျွန်မခေါင်းကို ခပ်ဖွဖွဆုပ်ကိုင်လေသည်။ကျွန်မလည်း ခေါင်းကိုအသာရှောင်တိမ်းလိုက်ပြီး မင်းပိုင်ဦး၏မျက်နှာကိုစေ့စေ့ကြည့်ကာမေးလိုက်သည်။
" ဒီအိမ်ကြီးနဲ့ပတ်သက်ပြီး ဘာတွေဖြစ်နေလဲဆိုတာ ရှင်သိတယ်မဟုတ်လား ကိုမင်းပိုင်ဦး...ဒီအိမ်ကြီးကိုရှင်ဘာလာလုပ်တာလဲဆိုတာ ကျွန်မကိုမပြောပြနိုင်ဘူးလား "
ကျွန်မစကားဆုံးသောအခါ မင်းပိုင်ဦးသည်
သက်ပြင်းတစ်ချက်ကိုချလိုက်ပြီး ကျွန်မမျက်နှာကိုစေ့စေ့ကြည့်ပြီးပြောလေသည်။
"ဒီအိမ်ကြီးကို ကိုယ်ဘာလို့ရောက်လာလည်းဆိုတာမပြောခင်...ဝတ်ရည်ကတိတစ်ခုတော်အရင်ပေးရမယ်...ဘယ်လိုလဲ ဖြစ်မလား "
ကျွန်မမင်းပိုင်ဦးမျက်နှာကိုဆတ်ခနဲမော့ကြည့်လိုက်မိသည်။
" ဘာကတိလဲ "
"ကိုယ်တောင်းမယ့် ကတိကခက်ခက်ခဲခဲကတိမဟုတ်ပါဘူး ဝတ်ရည်ရယ်...ဒီစိန်ပန်းမြိုင်အိမ်ကြီးကနေ ဝတ်ရည်အမြန်ဆုံးထွက်သွားပါ့မယ်ဆိုတဲ့ကတိပါ "
" ရှင်...ဘာလို့လဲ...ကျွန်မကဘာလို့ထွက်သွားရမှာလဲ...မသွားဘူး... သနားစရာကောင်းတဲ့သူဌေးကြီးကိုလည်းမထားခဲ့နိုင်ဘူး ...ရှင်ဘာအဓိပ္ပါယ်နဲ့ပြောတာလဲ "
" ပြောရခက်လိုက်တာ ဝတ်ရည်ရယ်...မင်းအတွက်အန္တရာယ်ရှိလာနိုင်လို့ပြောနေတာ...ကိုယ့်စကားကိုနားထောင်ပါကွာနော် "
" ဟင့်အင်း နားမထောင်နိုင်ဘူး ကျွန်မကသူနာပြုတစ်ယောက်ပါ ...ကျွန်မလူနာကိုမျက်နှာလွဲခဲပစ်မထားခဲ့နိုင်ဘူး... ဒီအိမ်ကြီးမှာဘာတွေဖြစ်နေလဲဆိုတာကိုသာ ကျွန်မကိုပြောပြ...အဲ့ဒါမှအန္တရာယ်ကို ကျွန်မလည်းရှောင်နိုင်မှာပေါ့ "
ကျွန်မစကားကြောင့် မင်းပိုင်းဦးက စိတ်ရှုပ်သွားဟန်နှင့်သူ့ခေါင်းမှဆံပင်များကိုလက်နှင့်ထိုးဖွပစ်လိုက်လေသည်။
"ကိုယ်ပြောပြမယ် သေချာနားထောင်...ကိုယ်ဒီစိန်ပန်းမြိုင်အိမ်ကြီးကိုရောက်လာတဲ့အကြောင်းအရင်းက ကိုယ့်အဒေါ်ယောကျ်ားကအကူအညီတောင်းလို့ပဲ...ဦးလေးကသူ့တူမရတီချိုသေဆုံးတာကို တစ်ယောက်ယောက်ကလုပ်ကြံတာလို့ထင်နေတယ်... "
" ရှင်...ဘာ.ဘာပြောတယ် ကိုမင်းပိုင်ဦး ဒါ ဒါဆို မရတီချိုသေဆုံးမှုက မတော်တဆမဟုတ်ဘူးလား "
" ဟုတ်တယ် သေချာတာက.. တစ်ယောက်ယောက်ကလုပ်ကြံခဲ့တာပဲ...ဘာလို့လုပ်ကြံတာလည်းဆိုတော့ ဒီစိန်ပန်းမြိုင်အိမ်ကြီးရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးက ရတီချိုနာမည်နဲ့ရှိနေတာမို့လို့ပဲ...သူဌေးကြီးဦးထွန်းရှိန်က ဒေါ်မာလာတင်ရဲ့နောက်မီးလင်းနေတဲ့ကိစ္စကိုရော၊လူယုံတော်ဦးသက်အောင်ရဲ့သစ္စာမဲ့မှုတွေကိုသိသွားခဲ့လို့ သူပိုင်ဆိုင်မှုမှန်သမျှကို သူ့သမီးနာမည်နဲ့အကုန်လွှဲထားတယ်...ဒီအကြောင်းကိုအိမ်သားတွေသိပြီးသိပ်မကြာခင်မှာပဲ ရတီချိုဆုံးသွားခဲ့ရတယ်...ဒီအကြောင်းတွေကို သူဌေးကြီးဦးထွန်းရှိန်ရဲ့ရှေ့နေက ပြောပြခဲ့တာ...ဒီထက်ပိုပြီးအရေးကြီးတာတစ်ခုက...ရတီချိုကသူ့အမေအရင်းဆီက
"တကယ်သိချင်တာလား...သိချင်ရင်လည်း ပြောပြရမှာပေါ့...ကျွန်မရဲ့ရည်းစားဟောင်းလေ..ခုတော့ဘာမှမပတ်သက်ပါဘူး..."
ပြောပြီးသည်နှင့် အခန်းထဲမှပြေးလွှားထွက်ခဲ့သည်။ထိုခဏ၌တော့ ကျွန်မစိတ်ထဲ၌ သီဟထွန်းရှိန်နှင့်ပတ်သက်သော သံသယစိတ်များလည်း ပျောက်ကွယ်နေလေသည်မှာတော့အမှန်ပါပင်။
****
ဖျတ်ခနဲ လန့်နိုးလာချိန်၌ တစ်ခန်းလုံးမှောင်မည်းနေသည်။
" ဂျီ.. ဂျီ ..ဂျီ.."
နိုးလျှင်နိုးချင်ပင် အခန်းထောင့်အမှောင်ထဲမှ ကြမ်းပြင်ကိုကုတ်ခြစ်နေသောအသံကဲ့သို့တဂျစ်ဂျစ်မြည်သံကိုကြားရလေသည်။ကျွန်မ မရဲတရဲနှင့်အခန်းထောင့် အမှောင်ထဲကို သေချာကြည့်လိုက်သည်။ကြုံဖူးနေကြဖြစ်သော်လည် နှလုံးခုန်သံများ တထိတ်ထိတ်နှင့်မြန်ဆန်လာသလို စိတ်တင်းထားသည့်ကြားမှချွေးစီးများလည်းအနည်းငယ်ပြန်လာလေသည်။
"အမလေး... ဘုရား"အခန်းထောင့်ကိုကြည့်နေရင်းမှ မြင်လိုက်ရသောမြင်ကွင်းကြောင့် လွှတ်ခနဲ လန့်အော်မိသော ပါးစပ်ကို လက်ဖဝါးနှင့်အမြန်ပိတ်လိုက်ရသည်။
အခန်းထောင့်အမှောင်ထဲတွင် ဆံပင်ဖိုးရိုးဖားရားနှင့် ငုတ်တုတ်ထိုင်နေသောမိန်းမတစ်ယောက်ကိုတွေ့လိုက်ရသည်။ထိုမိန်းမသည် ခေါင်းကြီးငိုက်စိုက်ချလျက် သူ၏လက်သည်းရှည်များဖြင့်ကြမ်းပြင်ကို ကုတ်ခြစ်နေလေသည်။ကျွန်မလည်းထိုမြင်ကွင်းကို ကြောက်ကြောက်နှင့်ကြည့်နေမိစဥ်မှာပင် မြင်ကွင်းမှဖျတ်ခနဲပျောက်သွားလေသည်။
"ဘုတ်..ဘုတ်..."
ရုတ်တရက် ပြတင်းမှန်းတံခါးဆီမှ ရိုက်ပုတ်လိုက်သံကဲ့သို့ အသံထွက်လာ၍ ကျွန်မတစ်ကိုယ်လုံး ဆတ်ခနဲတုန်တက်သွားရလေသည်။ပြီးလျှင်
အသက်ရှူသံတွေပါပိုမိုမြန်ဆန်လာပြီး လူမှာမောဟိုက်လာလေသည်။ကျွန်မရင်ဘတ်ကို လက်နှင့်ဖိပြီး ပြတင်းပေါက်နားသို့ထလာခဲ့လိုက်ပြီး လိုက်ကာစကိုဘေးသို့တွန်းပို့လိုက်ကာ ခြံထဲသို့ လှမ်းကြည့်လိုက်သည်။
လပြည့်
ရက်နီးလာပြီးမို့ ခြံထဲတွင်လရောင်ဖြင့်လင်း၍နေလေ၏။လ၏အလင်းရောင်အောက်တွင် ဟိုသည်ယိမ်းနွဲ့နေသော သစ်ပင်ကြီးများကို ကျွန်မခဏတာငေးမောကြည့်နေမိသည်။
"ဟင် "ည၏အလှကိုငေးကြည့်နေမိစဥ် မျက်လုံထဲမြင်လိုက်ရသော အရာကြောင့် ကျွန်မယောင်ယမ်းပြီးနောက်ကိုဆုတ်လိုက်မိသည်။ပြတင်းပေါက်မှတဆင့်မြင်လိုက်ရသည်မှာ ကျွန်မရှိရာပြတင်းပေါက်သို့ လှမ်းကြည့်နေသောမိန်းမတစ်ယောက် ။ပြီးလျှင် ထိုအမျိုးသမီးသည် ကျွန်မကိုလက်ယပ်၍ခေါ်နေပြန်သည်။ကျွန်မ လိုက်ကာစကို ဆတ်ခနဲဆွဲပိတ်ပစ်လိုက်သည်။
" ဒေါက်.. ဒေါက်..."
"အမလေး "
ပြတင်းပေါက်မှခြေလှမ်းကိုနောက်ဆုတ်လိုက်စဥ် ရုတ်တရက် အခန်းတံခါးခေါက်သံထွက်ပေါ်လာသောကြောင့် လန့်ဖျပ်ပြီး ခြေထောက်နှစ်ဘက်မှာ ကြမ်းပြင်ပေါ်သို့ ညွှတ်ခွေလဲကျမလိုပင်ဖြစ်သွားလေသည်။
" ဘယ်...ဘယ်သူလဲ "ကျွန်မတုန်တုန်ရီရီနှင့်လှမ်းမေးလိုက်သော်လည်း ပြန်ဖြေသံကိုမကြားရဘဲ တံခါးခေါက်သံမှာအဆက်မပြတ်ထွက်ပေါ်နေလေသည်။ကျွန်မရင်တထိတ်ထိတ်နှင့် တံခါးနားသို့လျှောက်သွားပြီး တံခါးကိုခပ်ဟဟဖွင့်ကြည့်လိုက်သည်။
" ဝှစ်"
" အမေ့ "
တံခါးကိုဖွင့်လိုက်သည်နှင့် လူတစ်ယောက်ဖြတ်ပြေးသွားသကဲ့သို့ ခံစားလိုက်ရသော် အခန်းအပြင်၌ မည်သူမှမရှိပါချေ။ကျွန်မစင်္ကြန်လမ်းတစ်လျှောက်လှမ်းကြည့်လိုက်သည်။
" ဟင်" စင်္ကြလမ်းပေါ်တွင်တရွေ့ရွေ့သွားနေသော အရိပ်မည်းကြီးတစ်ခုကိုတွေ့လိုက်ရသည်။ထိုအရိပ်မည်းကြီးသည် ကျော်စွာဦးနေခဲ့သော အခန်းရှိရာ စင်္ကြန်လမ်းဘက်သို့ ချိုးကွေ့သွားလေသည်။
ကျွန်မ အခန်းတံခါးကိုခပ်ဖြည်းဖြည်းဆွဲဖွင့်လိုက်ပြီး ခြေသံလုံလုံနှင့် စင်္ကြန်လမ်းအတိုင်းဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ကျော်စွာဦး၏ အခန်းဘက်သို့သွားသော စင်္ကြန်လမ်းထောင့်ချိုးသို့ ရောက်သောအခါ ခဏရပ်၍ အမောဖြေလိုက်ရသည်။ရင်အစုံမှာဖာဖိုကဲ့သို့ဖြစ်နေပြီး မောဟိုက်နေသော်လည်း သည်ညအဖို့ တရားခံကိုမိအောင်ဖမ်းရန် ကျွန်မဆုံးဖြတ်ချက်ချထားပြီးဖြစ်လေသည်။ကျော်စွာဦး၏ အခန်းရှိရာသို့ လမ်ထောင့်ချိုးမှအသာချောင်းကြည့်လိုက်သည်။ထိုအခါ အရိပ်မည်းကြီးမှာ အဝတ်နက်ကြီးခြုံထားသောလူတစ်ယောက်ဖြစ်မှန်းတွေ့လိုက်ရလေသည်။
ကြည့်နေစဥ်မှာပင် ထိုလူသည်ကျော်စွာဦး၏ အခန်းတံခါးကိုဖွင့်၍ဝင်သွားလေသည်။
ကျွန်မ လက်ထဲမှကိုင်ထားသော ဓါတ်မီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ပြီး ကျော်စွာဦး၏အခန်းဆီသို့ ခြေသံမမြည်အောင်လျှောက်ခဲ့သည်။
တဖြည်းဖြည်း ကျော်စွာဦး၏ အခန်းနှင့်နီးလာသည်နှင့်အမျှ ရင်တွေတဒိန်းဒိန်းအခုန်မြန်လာသည်။
" ရှပ်...ရှပ်..."
ရှေ့သို့သွားရန်လောနေစဥ်မှာပင် ရုတ်တရက်နောက်မှခြေသံကြားလိုက်ရ၍ ကျွန်မ အထိတ်တလန့်နောက်သို့ လှည့်ကြည့်လိုက်မိသည်။
" ဒုတ် "
" အ "ဖျတ်ခနဲအရိပ်သာမြင်လိုက်ရပြီး ဇာက်ပိုးဆီမှ နာကျင်မှုနှင့်အတူ လောကကြီးတစ်ခုလုံးမှောင်အတိကျသွားသည်ကိုသာ ကျွန်မသိလိုက်တော့သည်။
-------------
အပိုင်း (၈ )ဆက်ရန်
အပိုင်း( ၁၀ )မှာဇာတ်သိမ်းပါမယ်
***
ဧကြည်ဖြူ
ကျွန်မစိတ်တိုတိုနှင့်ရှေ့မှပိတ်ရပ်နေသော သူ့ကိုတွန်းဖယ်ပစ်လိုက်ပြီး
တိုက်ကြီးထဲ ပြန်ဝင်ရန်ဟန်ပြင်လိုက်စဥ်မှာပင် ခပ်လှမ်းလှမ်းမှနေ ကျွန်မတို့ကိုကြည့်နေသော သီဟထွန်းရှိန်တို့သားအဖနှစ်ယောက်ကိုတွေ့လိုက်ရလေသည်။သီဟထွန်းရှိန်၏ စူးစူးရဲရဲအကြည့်တွေကြောင့် ကျွန်မခေါင်းကိုငုံ့ပြီး ကျောခိုင်းလိုက်ကာ အိမ်ကြီးထဲသို့ ဒရောသောပါးပြေးဝင်ခဲ့မိလေသည်။
****
" ဆရာမ...ဧည့်ခန်းထဲကို ခဏလာပါဦး ပြောစရာလေးရှိလို့ "
ခြံထဲမှ အပြေးတစ်ပိုင်းဝင်လာမိသော ကျွန်မ။အိမ်ဝတွင် ဒေါ်မာလာတင်နှင့်တည့်တည့်ရင်ဆိုင်တိုးလေသည်။
------------
ဧည့်ခန်းထဲသို့ ရောက်သောအခါ ဒေါ်မာလာတင်သည် မျက်နှာထားခပ်တင်းတင်းနှင့် လှမ်းကြည်ပြီး တင်းမာသော လေသံနှင့်စကားစလေသည်။
"မောင်မင်းပိုင်ဦးနဲ့ဆရာမလေးတို့ ဘာပတ်သက်မှုရှိလဲ "
" ရှင် "
ကျွန်မ ဒေါ်မာလာတင်ကို အလန့်တကြားမော့ကြည့်လိုက်မိပြီး ခေါင်းကိုခါယမ်းပြလိုက်မိသည်။
" ကျွန်မတို့ဘာမှ မပတ်သက်ပါဘူး...ဟိုအရင်ကသိခဲ့ဖူးတဲ့မိတ်ဆွေတွေပါ...
"
"ဒါဆိုလည်း ကောင်းပြီလေ..ဆရာမတို့ရဲ့ကိုယ်ရေးကိုယ်တာာကိစ္စတွေကိုတော့ ဘာမှမပြောလိုပါဘူး...ဒါပေမဲ့ စိန်ပန်းမြိုင်အိမ်ကြီးမှာနေရင်တော့ အနေအထိုင်အပြောအဆိုဆင်ခြင်ပါ...စကားရှုပ်ရှုပ်ယှက်ယှက်တွေမပြောမိပါစေနဲ့ "
****
ဧည့်ခန်းထဲမှ ကျွန်မစိတ်တိုတိုနှင့်ထွက်လာခဲ့ပြီး စင်္ကြန်လမ်းတစ်လျှောက် တွေတွေဝေဝေနှင့်လျှောက်လာခဲ့သည်။စိတ်ထဲ၌မူ ဒေါ်မာလာတင်၏ မောက်မာသောပုံစံကိုသာ မြင်ယောင်နေမိလေသည်။
" အမေ့ "
စင်္ကြန်လမ်းအတိုင်း လျှောက်လာရင်းမှ ရုတ်တရက်လက်ကိုဆောင့်ဆွဲခံလိုက်ရပြီး အခန်းထဲသို့ ဆွဲသွင်းခံလိုက်ရသည်မို့ လန့်ဖျပ်ပြီး တွန်းထိုးရုန်းကန်အော်ဟစ်လိုက်မိသည်။
" ဘာလုပ်တာလဲ လွှတ်....အခုချက်ချင်းလွှတ်...မလွှတ်ရင် အော်လိုက်မှာနော်.. "
" ရှူး...တိုးတိုးပြောပါ...ဆရာမလေး မတော် ဒီအခန်းထဲမှာ ကျွန်တော်တို့နှစ်ယောက်တည်းရှိနေတာကို တစ်ယောက်ယောက်သိသွားရင်မကောင်းဘူး "
" ရှင်...သီဟထွန်းရှိန် ဒါဘာလုပ်တာလဲ...သူဌေးကြီးရောဘယ်မှာလဲ..."
" စိတ်မပူပါနဲ့...ရှေ့နေကြီးရောက်လာလို့ထားခဲ့တာပါ "
" ဒါနဲ့ ဘာကိစ္စ ကျွန်မကို ဒီအခန်းထဲခေါ်လာရတာလဲ..."
"မေးစရာရှိလို့ပါ ဆရာမလေး.. မနက်က ကျွန်တော့အစ်မကိစ္စကဘယ်လိုဖြစ်တာလဲ သိချင်လို့...."
ကျွန်မ သီဟထွန်းရှိန်၏ မျက်နှာကိုခပ်စူးစူးကြည့်လိုက်သည်။
"ကေသီတင် အဲ့ဒီအခန်းထဲဘယ်လိုရောက်နေတာလဲဆိုတာ ...ကျွန်မထက်ရှင်ကပိုသိတယ်မဟုတ်ဘူးလား...တကယ်လို့ မကေသီတင်ပြောသလို တစ်ယောက်ယောက်ကသာ သူ့ကို အဲ့ဒီအခန်းထဲသွားထားခဲ့တာဆိုရင် အဲ့ဒီလူကဘယ်သူလဲဆိုတာ ရှင်တို့က ပိုသိမှာပေါ့... ဘာပဲဖြစ်ဖြစ် မကေသီတင်ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ပဲသေးသေးသွယ်သွယ်လေး ဖြစ်နေပါစေ တော်ရုံလူကတော့ အပေါ်ထပ်ကနေအောက်ထပ်အထိ နိုင်မှာမဟုတ်ဘူး... ရှင့်လို့အရပ်အမောင်းနဲ့ခန္ဓာကိုယ်မျိုးရှိတဲ့သူဆိုရင်တော့ မပြောတတ်ဘူး "
" ဗျာ...ဆရာမလေး....
ဘာသဘောနဲ့ ပြောတာလဲ.... ကျွန်တော်ကဘာကိစ္စအပင်ပန်းခံပြီး အဲ့လိုလုပ်မှာလဲ "
" ဒါတော့...မသိဘူးလေ...ရှင်တို့မိသားစုကိစ္စပဲ ...ကျွန်မနဲ့မှမဆိုင်တာ...ဒါပဲမေးမှာမဟုတ်လား... ကျွန်မသွားတော့မယ် "
ကျွန်မပြောပြီးတာနှင့် သူရှေ့မှချာခနဲလှည့်ထွက်လိုက်ပြီး အခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။
"အမေ့ "ကျွန်မ အခန်းတံခါးကို ဆွဲဖွင့်နေစဥ်မှာပင် သီဟထွန်းရှိန်သည် နောက်မှကျွန်မလက်ကို လှမ်းဆွဲလိုက်၍ ကျွန်မ၏ခန္ဓာကိုယ်တစ်ခုလုံး အရှိန်မထိန်းနိုင်တော့ဘဲ သီဟထွန်းရှိန်၏ ရင်ခွင်ထဲသို့လဲကျသွားရလေသည်။
" အို ...ရှင် ဒါဘာလုပ်တာလဲ...လွှတ်...ဖယ်ဆို...အမြန်ဖယ် "
ကျွန်မရှက်ရှက်နှင့် သီဟထွန်းရှိန်၏ခန္ဓာကိုယ်ကြီးကိုတွန်းဖယ်ပြီး ရုန်းထွက်လိုက်သည်။
" ဖယ်မှာပါဗျာ...ဆရာမလေးက ကျွန်တော်ပြောတာကိုဆုံးအောင်နားမထောင်ဘဲ ထွက်သွားဖို့ပဲလုပ်နေလို့ လှမ်းဆွဲလိုက်တာပါ...ကျွန်တော်ပြောတာကို ခဏလောက်ငြိမ်ငြိမ်လေးပဲနားထောင်ပေးပါ...ဆရာမလေးကိုလက်ဖျားနဲ့တောင်မထိပါဘူး "
" အဲ့ဒါဆိုလည်း...ပြောစရာရှိတာ အမြန်ပြော "
"မပြောတော့ပါဘူးဗျာ...ဆရာမလေးက ကျွန်တော့်ကိုမြင်တာနဲ့ဒေါသပဲထွက်နေတယ်...ကျွန်တော်ဘာလုပ်မိလို့ ကျွန်တော့်ကိုမုန်းနေရတာလဲ..."
ကျွန်မမျက်နှာကို မမှိတ်မသုန်စိုက်ကြည့်ပြီးပြောနေသော သီဟထွန်းရှိန်ကို ကျွန်မသတိလက်လွတ်ငေးမောကြည့်နေမိသည်။သီဟထွန်းရှိန်နှင့်ကျွန်မ အတန်ကြာအကြည့်ချင်းဆုံမိကြပြီ နောက် ကျွန်မတို့နှစ်ယောက်လုံးအသိဝင်လာပြီး ရှိုးတိုးရှန့်တန့်ဖြင့် မျက်နှာများကိုလွှဲလိုက်ကြသည်။
"ဟို...ဟို...ဒါပဲမဟုတ်လားဟင်....ကျွန်မသွားတော့မယ်"
ကျွန်မ၏စကားသံမှာ ရှက်ရွံစိတ်ဖြင့်အထစ်ထစ်အငေါ့ငေါ့ဖြစ်နေလေသည်။ထို့အတူ သီဟထွန်းရှိန်သည်လည်း ခေါင်းကြီးကိုငုံ့ပြီးရပ်နေရာမှ ကျွန်မကိုမဝံမရဲနှင့်လှမ်းကြည့်ပြီး
" ဟို...ဟိုလေ..ဆရာမလေးနဲ့ကိုမင်းပိုင်ဦးကဘယ်လိုများပတ်သက်နေတာလဲ "
တံခါးကိုဖွင့်ဖို့လုပ်နေရင်းမှ သီဟထွန်းရှိန်ကို ကျွန်မ လည်ပြန်လှည့်ကြည့်လိုက်သည်။သီဟထွန်းရှိန်သည် ကျွန်မ၏အဖြေကို ငံ့လင့်နေဟန် ကြည့်နေလေသည်။
ကျွန်မ၏ စကားကိုကြားတော့မှ သူဌေးကြီး၏ဦးထွန်းရှိန်၏ ထိတ်လန့်နေသောမျက်နှာမှာ ပြေလျော့သွားပြီး သူ၏တုန်ယင်နေသောလက်နှင့် ကျွန်မလက်ကို ဆုပ်ကိုင်လာလေသည်။
" အိမ်သားတွေအတွက် စိတ်မပူပါနဲ့ ဆရာ..အားလုံးအဆင်ပြေပါတယ်..."
ကျွန်မ သူဌေးကြီး၏လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ပြီးအားပေးစကားပြောနေရင်းမှ ညကအဖြစ်များကို ပြန်တွေးမိလေသည်။ညကအဖြစ်သည် အိပ်မက်မဟုတ်လျှင် ကေသီတင်၏ ထူးဆန်းသော အဖြစ်သည် သီဟထွန်းရှိန်၏လက်ချက်လည်းဖြစ်နိုင်သည်။ထို့ပြင် ညကမြင်တွေ့ခဲ့ရသော ဝတ်စုံနက်နှင့်လူကိုမြင်ယောင်မိပြန်သည်။ထိုလူ၏မျက်နှာကိုသေချာမမြင်လိုက်သော်လည်း သွားလာဟန်ကို ရင်းနှိီးနေသည်။သေချာသည်မှာ ဤစိန်ပန်းမြိုင်အိမ်ကြီးမှာ ထူးဆန်းသောအရာများ ဖြစ်နေသည့််အပြင် သူတို့သည် တစ်စုံတစ်ခုကို အသည်းအသန်ရှာနေကြပုံလည်းရသည်။
" ဆရာမလေး..ကျွန်တော် ဒီနေ့အဖေ့ကို လမ်းလျှောက်ခေါ်သွားပါ့မယ် "
အသံနှင့်အတူ ဝင်လာသော သီဟထွန်းရှိန်ကို ကျွန်မခပ်တင်းတင်းတစ်ချက်ကြည့်လိုက်ပြီး ခေါင်းကိုငြိမ့်ပြလိုက်ရင်း ဝှီးချဲကို သူ့ရှေ့သို့တွန်းပို့ပေးလိုက်သည်။
****
တိုက်ကြီး၏ တံခါးဝတွင်ရပ်၍ ခြံထဲသို့ ကျွန်မလှမ်းကြည့်လိုက်သည်။ခြံထဲရှိ ခုံးတန်းပေါ်တွင်ထိုင်နေသော မင်းပိုင်ဦးကို တွေ့လိုက်ရတာမို့ မင်းပိုင်ဦးရှိရာဆီသို့ လျှောက်သွားလိုက်သည်။အနားသို့ရောက်သော့ခါ ခြေသံကြား၍ထင်သည်မင်းပိုင်ဦးကလှည့်ကြည့်လာလေသည်။
" ဟာ...ဝတ်ရည်
လမ်းလျှောက်ထွက်လာတာလား...တစ်ယောက်တည်းလား... သူဌေးကြီးရောမပါဘူးလား.. "
" အင်း...တစ်ယောက်တည်းပဲ...ရှင်ကရော ဒီနေ့အပြင်မသွားဘူးလား "
" နေ့လည်လောက်မှသွားမယ်ဝတ်ရည်...အိမ်ထဲမှာ ပြဿနာတွေဖြစ်နေတုန်း အပြင်ထွက်သွားရင်ရှောင်သလိုဖြစ်နေမှာစိုးလို့ ဒီမနက်မသွားတော့ဘူး...ဒါနဲ့ ဝတ်ရည်ရောနေရတာအဆင်ပြေရဲ့လား...ကိုယ်တို့အဖြစ်ကလည်း... ငါးနှစ်ကြာမှ ပြန်တွေ့ပြီး တစ်အိမ်ထဲနေရပေမဲ့ တစ်နေတစ်ခါတောင်တွေ့ရဖို့ မလွယ်ဘူးနော် "
ကျွန်မ သူ့စကားကို ခွန်းတုံ့မပြန်ဘဲ သူ့မျက်နှာကိုစေ့စေ့ကြည့်လိုက်သည်။သူကလည်း ကျွန်မကို ရွှန်းရွှန်းစားစားမျက်ဝန်းများဖြင့်ပြန်ကြည့်နေလေသည်။
" ရှင် ဒီစိန်ပန်းမြိုင်အိမ်ကြီးမှာ ဘာကိစ္စရှိလို့နေနေတာလဲ ကိုမင်းပိုင်ဦး... ကျွန်မ အမှန်အတိုင်းသိချင်တယ် "
ကျွန်မအမေးကြောင့် သူ့မျက်နှာမှာ ကွက်ခနဲပျက်သွားပြီး
"အလုပ်ကိစ္စရှိလို့နေတာလေ ဝတ်ရည်...ကိုယ်ရောက်တဲ့နေ့ကတည်းက ဝတ်ရည်ကို ပြောပြထားတယ်လေ...ဒီမြို့မှာဆောက်လုပ်ရေးလုပ်ငန်းတစ်ခုလုပ်ဖို့ နေရာရှာနေတုန်း ဒီမှာခဏတည်းနေတဲ့သဘောပါ ဝတ်ရည်ရယ် "
ကျွန်မ သူ့မျက်နှာကို စေ့စေ့ကြည့်လိုက်ပြီး ထပ်ပြီးမေးလိုက်သည်။
"ထားပါတော့လေ... ညဘက်တွေ ဘယ်အချိန်အိပ်လဲ...ညကရော တရေးနိုးချိန်မှာ အောက်ထပ်လေးဘာလေးဆင်းသေးလား "
ကျွန်မ အမေးကြောင့် သူထိတ်လန့်အံ့သြသွားပုံနှင့်
" ဘာ ...ဘာကိုမေးတာလဲ ဝတ်ရည်...ညကကိုယ်စောစောအိပ်တာပါ...တစ်နေကုန်သွားလာထားတော့ ပင်ပန်းပြီး တစ်ချိုးတည်း အိပ်ပျော်သွားတာ မိုးလင်းမှနိုးတာ "
"ရှင့်ပုံစံက အရင်အတိုင်းပဲနော်ကိုမင်းပိုင်ဦး... ရှင့်ကိုကြည့်လိုက်ရင် အမြဲလျှိုဝှက်ချက်တွေ့နဲ့ပြည့်နေတာပဲ...သူငယ်ချင်းသံယောစဥ်နဲ့ ပြောလိုက်မယ်...ရှင် ဒီအိမ်ကြီးကို ဘာအတွက်ရောက်လာမှန်းမသိပေမဲ့...ရှင်အခုလုပ်နေတာတွေကိုမလုပ်ဘဲ ပြန်သွားဖို့ပဲပြောချင်တယ် "
ကျွန်မ ပြောပြီးတာနှင့် ခုံမှထလိုက်ပြီး သူ့အနားမှထွက်ခဲ့လိုက်သည်။ထိုအခါ သူပါထိုင်နေရာမှ ထလိုက်ပြီး ကျွန်မလက်ကိုလှမ်းဆွဲလိုက်လေသည်။
" ခဏ...ခဏနေပါဦး ဝတ်ရည်
...ကိုယ်ပြောတာကို နားထောင်ပါဦး.. ဝတ်ရည်က ဘာအဓိပ္ပါယ်နဲ့ပြောလဲမသိပေမဲ့ ကိုယ့်ဒီအိမ်မှာလာနေတာက ဘယ်သူ့ကိုမှ ဒုက္ခပေးဖို့မဟုတ်ဘူးဆိုတာကျိန်ရဲပါတယ်...အရိုးသားဆုံးပြောရရင် ဒီအိမ်ကြီးမှာ ဝတ်ရည်ရှိနေလို့ နေဖို့ဆုံးဖြတ်လိုက်တာပါ..."
ကျွန်မလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်၍ တတွတ်တွတ်ပြောနေသော သူ့ကိုကြည့်ပြီး ကျွန်မ အတိတ်မှ ဒဏ်ရာများကိုသတိရသွားကပြီးလက်ကိုအတင်းဆောင့်ရုန်းပစ်လိုက်သည်။
" အို လွှတ်...ကျွန်မလက်ကိုလွှတ်... ရှင်ပြောသမျှစကားတွေကို လုံးဝအယုံအကြည်မရှိတော့ဘူး....အရင်က ရှင့်အလိမ်အညာစကားတွေကို ယုံခဲ့မိလို့ ဆွေမျိုးတွေကြားမှာ သိမ်ငယ်ခဲ့ရပြီးပြီ "
"အရင်က ကိစ္စတွေအတွက် ကိုယ်တောင်းပန်ပါတယ် ဝတ်ရည်ရယ်...အဲ့ဒီတုန်းက အမေကလည်းဆုံးသွားပြီး ကိုယ့်ဆီမှာငွေကလည်းမရှိမို့ စိတ်ဓါတ်ကျပြီး အဒေါ်နဲ့လိုက်သွားခဲ့တာပါ...ကိုယ်တစ်နေ့မှဝတ်ရည်ကိုမေ့လို့မရခဲ့ပါဘူး "
" အို တော်စမ်းပါ
...အရင်တုန်းကအကြောာင်းတွေကိုပြောမနေနဲ့တော့...ရှင့်ကို ကျွန်မ မယုံတော့ဘူး "
" မဟုတ်ဘူး ဝတ်ရည်...ကိုယ်တကယ်ပြောနေတာ...မကြာခင်ကိုယ့်ပြန်တော့မှာ ကိုယ်ပြန်ရင် ဝတ်ရည်ကိုပါ ခေါ်သွားဖို့ စီစဥ်ထားတယ်...ကိုယ်တို့နှစ်ယောက်လက်ထပ်ပြီး ရန်ကုန်မှာနေကြမယ်လေ "
"ဘာရှင့်..လက်ထပ်မယ် ဟုတ်လား...ဒီစကားကို ရှင်ပြောရဲသေးတယ်ပေါ့...ဒီစကားပြောဖို့နောက်ကျသွားပြီရှင့်...ဖယ်ပေး... ရှေ့ကနေမြန်မြန်ဖယ် "
သတ်ပုံအမှားတွေပါရင် နားလည်းပေးကြပါရန်တောင််းပန်ပါတယ်ရှင်
အပိုင်း ( ၇ )
"စိန်ပန်းမြိုင်မှအိမ်နီကြီး "
****
ကျွန်မ မိုက်ခနဲဖြစ်သွားသော ခန္ဒာကိုယ်ကိုမနည်းထိန်းလိုက်ရပြီး အခန်းထဲတွင် ခွေခွေလေးလဲနေသော ကေသီတင်အနားသို့ ပြေးသွားပြီးစိုးရိမ်ထိတ်လန့်စွာ ကြည့်လိုက်မိသည်။ကေသီတင်၏ခန္ဓာကိုယ်ပြင်ပတွင် ထိခိုက်ဒဏ်ရာကို မတွေ့ရသော်လည်း ကေသီတင်သည် ကြမ်းပြင်ပေါ်တွင် ငြိမ်သက်စွာလဲလျောင်းနေလေသည်။ကံကောင်းသည်မှာ ကေသီတင်ထံမှ ခပ်မှန်မှန်ရှူနေသော အသက်ရှူနေသံကို ကြားနေရသောကြောင့်ဖြစ်လေသည်။
" မကေသီတင်....မကေသီတင်... "
ကေသီတင်၏ လက်ကို ဆုပ်ကိုင်ပြီးခပ်ကြမ်းကြမ်းလှုပ်နှိုးလိုက်သောအခါတအင်းအင်းတအဲအဲညည်းညူသံနှင့်အတူ နိုးလာလေသည်။
" ဟင်... ရှင်.. ရှင်...ဆရာမလေးက ကျွန်မအခန်းထဲကို ဘယ်လိုရောက်နေတာလဲ...ဒါ......ဒါ ကျွန်မအခန်းလည်း မဟုတ်ဘူး "
ကေသီတင်သည် ကျွန်မကိုကြည့်လိုက် ၊သူရောက်နေသော အခန်းပတ်ဝန်းကျင်ကိုကြည့်လိုက်နှင့် လဲနေရာမှ ကုန်းရုန်းထလာလေသည်။
"ပြော...ပြောပါဦး...ရတီချို့အခန်းထဲကို ကျွန်မဘယ်လိုရောက်နေတာလဲ..."
ကေသီတင်မှာ သူ့အဖြစ်ကို သူ မယုံကြည်နိုင်ပုံနှင့် သွေးရူးသွေးတန်းမေးနေလေသည်။
" ကျွန်မလည်း မသိဘူးလေ မကေသီတင်... ကျွန်မ သူဌေးကြီးအခန်းကိုသွားတုန်း ဒီအခန်းထဲက အသံကြားလို့ ကြည့်လိုက်တော့ မကေသီတင်ကိုတွေ့တာပဲ "
" မဟုတ်တာ...မဖြစ်နိုင်တာတွေမပြောပါနဲ့... ....မာမီရေ... မာမီ...မာမီလာပါဦး... "
" အို...အရမ်းမအော်ပါနဲ့လား.. မကေသီတင်...တော်ကြာသူဌေးကြီး လန့်သွားမှာစိုးလို့ပါ "
အသံအကျယ်ကြီးနှင့်အော်ဟစ်လိုက်သော ကေသီတင်အား ကျွန်မအလျှင်အမြန်တားမြစ်လိုက်သော်လည်း ကေသီတင်သည်
စိတ်ဆိုးမာန်ဆိုးနှင့် ကျွန်မကိုတွန်းထုတ်လိုက်ပြီး ထပ်မံ၍အော်ဟစ်လိုက်လေသည်။
" အို...ဖယ်စမ်းပါ..ကျွန်မဘာသာအော်အော် မအော်အော် ရှင်နဲ့ဘာဆိုင်လဲ. ...ဒီလောက်အောက်သံကြောင့်နဲ့တော့ အဲ့ဒီအဘိုးကြီးမသေနိုင်ပါဘူး ဆရာမကြီးပုံစံလာလုပ်မနေနဲ့ ...မာမီ...မာမီအမြန်လာပါဦး...ဒေါ်ကြူ...မိလုံး အားလုံးဘယရောက်နေကြတာလဲ....ဒီကိုမြန်မြန်မလာနိုင်ကြဘူးလား "
ကေသီတင်၏ အသံကုန်အော်ဟစ်လိုက်သောအသံကြောင့် တစ်အိမ်သားလုံး အထိတ်တလန့်ပုံများနှင့် အပြေးအလွှားရောက်ရှိလာကြလေသည်။
ရှေ့ဆုံးမှရောက်လာသော ဒေါ်မာလာတင်မှာ သူ့သမီးကေသီတင်ကိုကြည့်ပြီး အံ့သြတကြီးနှင့်မေးလေသည်။
"ဘာ...ဘာဖြစ်တာလဲ သမီးကေသီ...ဒီအခန်းထဲ ဘာဝင်လုပ်နေတာလဲ "
" အီး....ဟီး..ဟီး..မာမီ....ညက သမီးအိပ်ရာမှာအိပ်နေတာပါပါ....ခုမနက်နိုးလာတော့ ဒီအခန်းထဲရောက်နေတယ်မာမီ "
"ဘာ...ဘာပြောတယ် သမီး...သေသေချာချာလေးပြောစမ်းပါဦး...မထိတ်သာမလန့်သာရှိလိုက်တာ "
" မသိဘူး...သမီးလည်း သေချာမသိဘူးမာမီ...ညကသမီး အခန်းထဲမှာအိပ်နေတာ... ခုမနက်နိုးတော့ ဒီအခန်းထဲကိုရောက်နေတယ်လေ...ပြီးတော့ ဒီသူနာပြုမလည်း ဒီအခန်းထဲရောက်နေတယ် "
"ဘာ...ဘယ်လို...ဒါကဘယ်လိုဖြစ်တာလဲ...ဆရာမလေး ရှင်းပြပါဦး "
ကေသီတင်တို့သားအမိ၏ စကားကြောင့်
စိတ်ထဲ ဒေါသထောင်းခနဲဖြစ်သွား၍ မနည်းပြန်မျိုသိပ်လိုက်ရလေသည်။
"ကျွန်မလည်း သေချာမသိပါဘူး သူဌေးကတော်...ကျွန်မ သူဌေးကြီး အခန်းကိုသွားနေတုန်း ဒီအခန်းထဲက အသံကြားလို့ကြည့်လိုက်တော့ မကေသီတင်ကို တွေ့တာပါ "
" ဟင်...ဒါဆိုဘယ်လိုများဖြစ်ရတာလဲ သမီးရယ်...သေချာစဥ်းစားပါဦး "
" မသိပါဘူးမာမီရယ်...ညကအိပ်မပျော်လို့ အိပ်ဆေးသောက်ပြီး အိပ်လိုက်တာပါ... မနက်လင်းတော့ ဒီအခန်းထဲရောက်နေတာပဲ...သမီးအိပ်မောကျနေတုန်း တစ်ယောက်ယောက်က ဒီအခန်းထဲကို ရွေ့ခဲ့တာဖြစ်မယ်...အဲ့လူကိုတွေ့အောင်ရှာပေးပါ မာမီ...တွေ့လို့ကတော့ ကေသီတင်ကဘာလဲဆိုတာသိအောင်ပြရမယ် "
..ကေသီတင်က ပြောပြောဆိုဆိုနှင့် အိမ်သားများအား မယုံသင်္ကာသော အကြည့်များဖြင့် ကြည့်လေသည်။
" ရူးရင်လည်း အေးဆေးရူးပါလား မမကေသီ...ဘာဖြစ်လို့ အခြားသူတွေကို ဆွဲထည့်နေတာလဲ...ကိုယ့်ဘာသာ အကြောင်းရှိလို့ ဒီအခန်းထဲ ရောက်လာပြီး အိပ်ပျော်သွားတယ်ဆိုရင်ရော ဘယ်သူကဘာပြောရဲမှာလဲ ဗျာ "
သီဟထွန်းရှိန်၏ ခနဲ့တဲ့တဲ့နှင့်ပြောလိုက်သော စကားကြောင့် ကေသီတင်တစ်ယောက် ဒေါသတကြီးနှင့်ပြန်လည်အော်ဟစ်လေသည်။
" ဘာ...ဘာပြောတယ်....နင့်ပါးစပ်ကိုပိတ်ထားစမ်း...ဘာအကြောင်းရှိလို့ ဒီလိုကျက်သရေမရှိတဲ့အခန်းထဲကိုလာရမှာလဲ.. မာမီသားကို ပါးစပ်ကိုပိတ်ထားခိုင်းမာမီ...ကေသီအရမ်းဒေါသထွက်လာပြီ "
"အငယ်ကောင် မင်းကလည်းပါးစပ်ပိတ်ထားစမ်း... ကိုယ့်အစ်မကို ဘယ်လိုပြန်ပြောနေတာလဲ...ကဲ ကဲ သွားကြတော့ ...အားလုံးကိုယ်လုပ်စရာရှိတာသွားလုပ်ကြ...ဒေါ်ကြူတစ်ယောက်ပဲနေခဲ့ "
အသီးသီးထွက်သွားကြသော အိမ်သားတွေကိုကြည့်ပြီး ကျွန်မသက်ပြင်းမောကိုချလိုက်ပြီး သူဌေးကြီး၏ အခန်းသို့ထွက်ခဲ
သည်။
***
အခန်းထဲသို့ရောက်သောအခါ ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများဖြင့် အခန်းဝကိုကြည့်နေသော သူဌေးကြီးကို တွေ့လိုက်ရ၍ စိတ်ထဲမကောင်းဖြစ်သွားရလေသည်။
" အသံတွေကြားလို့ စိတ်ပူနေတာလား ဆရာ... မစိုးရိမ်ပါနဲ့ ...မကေသီတင်ချော်လဲတာပါ...ဘာမှမဖြစ်ပါဘူး "
