cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

Shwe Phee Myay News Agency

News Company

Больше
Рекламные посты
28 600
Подписчики
+3524 часа
+3137 дней
+90830 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

🟢 တံတားဦးလေဆိပ်မှာ နိုင်ငံတော်သံဃာ့မဟာနာယကဆရာတော် မုနိန္ဒာဘိဝံသကို စစ်ကောင်စီက ပစ်သတ် ပျားကြီး၊ ဇွန်လ ၁၉ ရက်၊ မန္တလေး နိုင်ငံတော်သံဃာ့မဟာနာယက(မဟန) အဖွဲ့ဝင်ဆရာတော်တစ်ပါးဖြစ်တဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို တံတားဦးလေဆိပ်မှာ စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်ခဲ့တာကြောင့် ဆရာတော်ပျံလွန်တော်မူခဲ့တယ်လို့ သံဃာတော်တွေက အတည်ပြု မိန့်ကြားပါတယ်။ ဒီနေ့ ဇွန်လ ၁၉ ရက် မနက် ၁၀ နာရီဝန်းကျင်က မန္တလေးတိုင်း တံတားဦးမြို့နယ် တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို လေယာဥ်နဲ့ကြွရောက်လာတဲ့ ဆရာတော်ကြီးကို လေဆိပ်မှာရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တာဖြစ်ပါတယ်။ "ဆရာတော်ကြီးရဲ့ကားကို လေဆိပ်ဂိတ်မှာတင် ပစ်လိုက်တာပဲ။ တံတားဦးဆေးရုံကို ပို့သေးတယ်။ ဒါပေမဲ့ အသက်မှီတော့ဘူး"လို့ ဆရာတော်ကြီးနဲ့ နီးစပ်တဲ့ မန္တလေးမြို့ခံ ဆရာတော်တစ်ပါးက မိန့်ပါတယ်။ လက်ရှိအချိန်မှာ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို ပင့်ဆောင်ဖို့အတွက် ပဲခူးမြို့က ဆရာတော်ကြီးရဲ့တပည့်ရဟန်းသံဃာတွေနဲ့ ဒါယကာ ဒါယိကာမတွေက ကြိုးစားလုပ်ဆောင်နေတယ်လို့ ဆရာတော်တွေက ဆိုပါတယ်။ ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ ပဲခူးမြို့ကြခတ်ဝိုင်းကျောင်းရဲ့ တိုက်အုပ်ဆရာတော်ဟောင်းဖြစ်ပြီး လက်ရှိအချိန်မှာ ဝင်းနိမ္မိတာရုံကျောင်းရဲ့ ပဓာနနာယကဆရာတော်အဖြစ် သီတင်းသုံးနေတာလည်း ဖြစ်ပါတယ်။ ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။ YouTube https://youtube.com/@ShwePheeMyayNewsAgency Website https://shwepheemyay
Показать все...
🤬 21👍 16😁 5 1😢 1
Фото недоступноПоказать в Telegram
🤬 2
🟢 မိုးကုတ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ကလေးတစ်ဦးအပါအဝင် ဒေသခံ ၃ ဦး ဒဏ်ရာရ လွေးဇွန်မိုး၊ ဇွန်လ ၁၉ ရက်၊ မိုးကုတ် မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဇွန်လ ၁၉ ရက် ညနေ ၃ နာရီခွဲမှာ တောင်နီကျေးရွာကို စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ​ဖြစ်ပြီး ဒေသခံ ၃ ဦး ဒဏ်ရာရတဲ့အပြင် နေအိမ် ၂ လုံးလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ TNLA တပ်ဖွဲ့ကို ဦးတည်တိုက်ခိုက်နေတဲ့အပြင် အရပ်သားကိုလည်း ဦးတည်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖော်မှုတွေကို မှတ်တမ်းပြုစုထားတယ်လို့ PSLF/TNLA ရဲ့ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။ "သူတို့ရဲ့ရည်ရွယ်ချက်ကတော့ မပြောတတ်ဘူးပေါ့နော်။ ကျွန်မလည်း မသိဘူး။ ဒါပေမယ့် သူတို့ရဲ့လုပ်ဆောင်ချက်ကတော့ လက်ရှိ ကျွန်မတို့ကို ဦးတည်ပြီးမှ တိုက်ခိုက်တာဖြစ်သလို အရပ်သားဦးတည်ပြီးမှ တိုက်ခိုက်တဲ့ပုံစံလည်းဖြစ်တယ်" အလားတူ ဒီနေ့ ဇွန်လ ၁၉ ရက် မနက် ၁၁ နာရီခွဲမှာလည်း စစ်ကောင်စီတပ်က ၎င်းတို့ တပ်စွဲထားတဲ့ နောင်ချိုမြို့နယ် ရွှေညောင်ပင်ရွာကနေ ဆမ္မဆယ်ရွာရှိ TNLA တပ်စခန်းကို ဒရုန်းနဲ့ ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်လို့ TNLA တပ်သား ၂ ဦီး သေဆုံးခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။ ဒါ့အပြင် မနေ့ဇွန်လ ၁၈ ရက်ကလည်း အုမ္မတီးရွာမှာ တပ်စွဲထားနဲ့ စစ်ကောင်စီတပ်က ဆမ္မဆယ်ရွာအနီးရှိ TNLA တပ်စခန်းကို ဒရုန်းနဲ့လာရောက်ဗုံးကြဲလို့ TNLA တပ်သား ၁ ဦး သေဆုံးခဲ့ရပြီး ၄ ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်ပါတယ်။ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်ကစပြီး စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့တို့အကြား ရှမ်းမြောက်မှာ ယာယီ အပစ်ရပ်ထားတာ ဖြစ်ပါတယ်။ ဟိုင်ဂင်သဘောတူညီမှု စာချုပ်ကို အကြိမ်ကြိမ်ချိုးဖောက်နေတဲ့ စစ်ကောင်စီတပ်ကို ပြန်လည်တုံ့ပြန်ဖို့ ပြင်ဆင်နေတယ်လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေသို့ ပြောဆိုထားဖူးပါတယ်။ #ဓာတ်ပုံ- TNLA ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။ YouTube https://youtube.com/@ShwePheeMyayNewsAgency Website https://shwepheemyay
Показать все...
👍 7🤬 3 2🥱 1
🤬 4😢 3
🟢 နမ့်ခမ်းမှာ ဆေးကြောင်ပြီး ကိုယ့်နေအိမ်ကို မီးပြန်ရှို့လို့ မီးလောင်ပြာကျသွား လွေးပို့ဆပေ၊ ‌ဇွန်လ ၁၉ ရက်၊ နမ့်ခမ်း ရှမ်းမြောက် တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ အောင်မေတ္တာရပ်ကွက် လမ်းသွယ် (၂) မှာ ဆေးကြောင်ပြီး ကိုယ့်အိမ်ကို မီးပြန်ရှို့လို့ မီးလောင်ပြာကျသွားတဲ့ ဖြစ်စဉ် ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။ မနေ့ ဇွန်လ ၁၈ ရက် ည ၁၂ နာရီဝန်းကျင်မှာ အိမ်ပိုင်ရှင်ရဲ့ သားဖြစ်သူက ဆေးကြောင်ပြီး နေအိမ်ကို မီးရှို့လိုက်တာဖြစ်တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ ၎င်းက “ သူတို့မိသားစုက ၄ ယောက်ရှိတယ်။ တစ်ယောက်မှတော့ မထိဘူး။ နေအိမ်တော့ ပြာကျသွားပြီ သူ့သာက ဆေးသုံးတယ်လို့ ပြောတာပဲ။ ဆေးကြောင်ပြီးတော့ နေအိမ်ကို မီးရှို့လိုက်တာ” လို့ ပြောပါတယ်။ နေအိမ်ကို မီးရှို့တဲ့ အသက် ၂၈ ဝန်းကျင်ရှိ အမျိုးသားကို နမ့်ခမ်းမြို့နယ် PSLF/TNLA ရဲ့ တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီး အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း အထက်က အမျိုးသားက ဆိုပါတယ်။ အဲဒီနေအိမ်မီးလောင်မှုမှာ လူထိခိုက်တာ မရှိဘဲ မီးလောင်ဆုံးရှုံးသွားတဲ့ ပစ္စည်းတန်ဖိုး ခန့်မှန်းခြေကတော့ သိန်း ၂၂၀ ကျော်ရှိတယ်လို့ ပြောပါတယ်။ မီးလောင်ခဲ့စဉ်မှာ PSLF/TNLA ရဲ့ မီးသတ်ယာဥ် ၂ စီးအပါအဝင် ရပ်ကွက်ထဲရှိ မီးသတ်ယာဉ်၂စီးနဲ့ စုစုပေါင်းမီးသတ်ယာဥ် ၄စီးဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။ #ဓာတ်ပုံ- ဒေသခံ ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။ YouTube https://youtube.com/@ShwePheeMyayNewsAgency Website https://shwepheemyay
Показать все...
👍 14🤔 2🤬 1
🤬 2
🟢 လွယ်မောတောင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ၊ ပြည်သူ့စစ် ပူးပေါင်းတပ်တွေ တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံး အင်းငယ်၊ ဇွန်လ ၁၉ ရက်၊ ဆီဆိုင် ရှမ်းတောင် ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသ ထမ်းယံတိုင်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ်(PNA) ပူးပေါင်းတပ်တွေနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ မနေ့ ဇွန်လ ၁၈ရက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ ပူးပေါင်းတပ်တွေဘက်က ၃ ဦး သေဆုံးတာကို PNLA ဘက်က မျက်မြင်အတည်ပြုနိုင်ပြီး သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာတော့ မရှိဘူးလို့ ဆိုပါတယ်။ PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “ကျွန်တော်တို့နေတဲ့ နေရာကို သူတို့က စစ်ကြောင်းထိုးလာတာပေါ့။ သူတို့ဘက်ကကျတော့ ပြန်ဆုတ်သွားတယ်ပေါ့နော်။ ရွာက စာသင်ကျောင်းတွေမှာ တပ်စွဲထားတော့ ကလေးတွေ ပညာသင်လို့ မရတော့ဘူး။ ကျောင်းတွေ ပိတ်ထားရတာပေါ့နော်။ ရွာထဲမှာ တပ်စွဲပြီး အကုန်လုံးကို ခြိမ်းခြောက်နေတာပေါ့နော်” လို့ ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီ ပူးပေါင်းတပ်တွေဟာ ကျေးရွာတွင်း အထိုင်ချပြီးတောင်ယာစိုက်ခင်းတွေဖက်ကိုလက်နက်ကြီး ဦးတည်ပစ်ခတ်နေတဲ့အပြင် ရွာအပြင်ထွက်တဲ့ ဒေသခံတွေကိုလည်း တော်လှန်ရေးအဖွဲ့ဝင်လို့ သတ်မှတ်ပြီး ပစ်သတ်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။ အခုလို ခြိမ်းခြောက်ထားတာကြောင့် တောင်ယာလုပ်ချိန်ဖြစ်ပေမယ့် ရွာခံတွေ အနေနဲ့ တောင်ယာမသွားရဲကြဘဲ နေ့စဉ်နဲ့အမျှ ဝင်ငွေထိခိုက်တာတွေနဲ့ စိုက်ခင်းပြုစုမယ့်ချိန် မပြုစုရတာကြောင့် သီးနှံစိုက်ခင်း ပျက်စီးတာတွေလည်း ကြုံလာရနိုင်တယ်လို့ ဆိုပါတယ်။ ထမ်းယံတိုင်ကျေးရွာခံ တစ်ဦးက “ရွာထဲမှာ တပ်စွဲပြီး အသားဟင်းတွေ ချက်ပို့ခိုင်းနေတယ်။ အိမ်တိုင်းပို့ရတယ်။ ကြက်ဥဟင်းဆို လက်မခံဘူး။ အရွက်တွေလည်း ချက်ပို့လို့ မရဘူး။ တချို့အိမ်တွေဆိုရင် ဝင်စီးပြီး မွေးထားတဲ့ ဝက်တွေကို သူတို့ကိုယ်တိုင် ပေါ်စားနေတယ်” လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်ပျက်စီးတာတွေ ရှိနိုင်ပြီး စစ်ကောင်စီရဲ့ အသေအပျောက် စာရင်းကိုလည်း စုံစမ်းနေဆဲ ဖြစ်တယ်လို့ PNLA တာဝန်ရှိသူတွေက ပြောပါတယ်။ ပင်လောင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ PNA တပ် ၂ ခုလုံးက တပ်သားအပြိုင်စုဆောင်းနေတာကြောင့် ဒေသတွင်း လူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။ YouTube https://youtube.com/@ShwePheeMyayNewsAgency Website https://shwepheemyay
Показать все...
👏 11👍 6🔥 1😁 1
Фото недоступноПоказать в Telegram
5👍 2
🟢 နမ္မတူက အမျိုးသားတစ်ဦး လားရှိုး အလည်သွားရင်း ၉ လကြာတဲ့အထိ‌ ပျောက်ဆုံးနေ မိုင်းပန်ပျော်၊ ဇွန်လ ၁၉ ရက်၊ လာရှိး ရှမ်းမြောက် နမ္မတူမြို့နယ် ညောင်ပန်လှကျေးရွာက အမျိုးသားတစ်ဦးက လာရှိးမြို့ကို အလည်သွားရင် ၉ လကြာတဲ့အထိ ပျောက်ဆုံးနေပြီး အခုချိန်ထိအဆက်အသွယ်မရပဲ ပျောက်ဆုံးနေတယ်လို့ စုံစမ်းသိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလကတည်းက လာရှိးမြို့ပေါ်ကို အလည်သွားမယ်ဆိုပြီး ‌ရွာကနေထွက်ခွါသွားရာကနေ ၉ လကြာတဲ့အထိ အဆက်ပြတ်တောက်သွားပြီး ပျောက်ဆုံးသွားတာလို့ ဖခင်ဖြစ်သူ ဦးအိုက်ဆမ်က ရွှေဖီမြေသို့ ပြောပါတယ်။ "သူက သီတင်းကျွတ် လပြည့်တုန်းနေ့တုန်းက အိမ်ကိုထွက်သွားတာ လားရှိုးမှာအလည်သွားမယ်ဆိုပြီး သူထွက်သွားကတည်းက အခုထိအဆက်အသွယ်မရ။ ပြီးတော့ သူပါသွားတဲ့မှတ်ပုံတင်လဲ သူ့မိန်းမမှတ်ပုံတင်ကို မှားပြီးယူသွားတယ်" ပျောက်ဆုံးသွားခဲ့တဲ့ အမျိုးသားဟာ အသက် ၂၇ နှစ်အရွယ် မိုင်းအောင်ခင်ဆိုသူဖြစ်ပြီး ‌၎င်းမှာ အသက် ၁၃ နှစ်အောက် သားလေးနှစ်ယောက်ရှိသလို စားဝတ်နေရေးအတွက် ဇနီးဖြစ်သူတစ်ဦးသာ ရုန်းကန်နေရတာကြောင့် အခက်ခဲဖြစ်နေတယ်လို့လည်း ဆိုပါတယ်။ အလားတူ မေလ ၈ ရက်တုန်းကလည်း နမ္မတူမြို့က အမျိုးသမီးငယ်တစ်ဦးက ကျန်ပျူတာသင်တန်းသွားတက်မယ်ဆိုပြီး ပျောက်ဆုံးသွားတာရှိသလို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ၂၈ တုန်းကလည်း ပန်လုံကျေးရွာက အမျိုးသမီးငယ်တစ်ဦးက လားရှိုးမှာ အလုပ်သွားလုပ်ရင်း ၈ လကြာတဲ့အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေခဲ့ပါတယ်။ #ဓာတ်ပုံ - Local ~ ~ ~ ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Telegram အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။ YouTube https://youtube.com/@ShwePheeMyayNewsAgency Website https://shwepheemyay
Показать все...
👍 14🔥 2 1
Фото недоступноПоказать в Telegram
👍 3🔥 2