cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥

𝐒𝐩𝐫𝐢𝐧𝐠 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬

Больше
Рекламные посты
20 412
Подписчики
+1624 часа
+2457 дноК
+4630 дноК

Загрузка данных...

Прирост подписчиков

Загрузка данных...

Фото недоступноПоказать в Telegram
နောင်ချိုရှိ စစ်ကောင်စီ၏ ၆၀၆ တပ်ရင်းကို တိုက်ခိုက်စဉ် အဆိပ်ငွေ့ဗုံး ၃ လုံး  စစ်တပ်က အသုံးပြု တိုက်ခိုက်ခဲ့သဖြင့် TNLA ရဲဘော် ၈ ဦး အဆိပ်ငွေ့သင့်ပြီး ဆေးကုသမှု ခံယူရ ဇူလိုင်လ ၅ ရက် ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ ၆၀၆ တပ်ရင်းကို တိုက်ခိုက်စဉ် အဆိပ်ငွေ့ဗုံး ၃ လုံးကို   စစ်တပ်က အသုံးပြု တိုက်ခိုက်ခဲ့သဖြင့် TNLA ရဲဘော် ၈ ဦး အဆိပ်ငွေ့သင့်ပြီး ဆေးကုသမှု ခံယူရကြောင်း TNLA က သတင်းထုတ်ပြန်သည်။ ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် နောင်ချိုမြို့နယ်၊ စစ်ကောင်စီ၏ ဒုံးတပ်ရင်း ၆၀၆ ကို TNLA က တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်က  အဆိပ်ငွေ့ဗုံး ၃ လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊  စစ်ကောင်စီ တပ်က ယင်းသို့  အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်မှုကြောင့်  TNLA တပ်ဖွဲ့ဝင် ၈ ဦး အဆိပ်ငွေ့သင့်ပြီး အသက်ရှုမြန်ခြင်း၊ စိတ်လှုပ်ရှားမှုမြန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျခြင်းနှင့် မအီမသာဖြစ်ခြင်း ခံစားနေရပြီး ဆေးကုသမှု ခံယူနေကြရကြောင်း သိရှိရသည်။ အဆက် - ⤵️⤵️
Показать все...
👍 2
မကွေး မကွေးလေတပ်မှ Y-12 Military Transport Aircraft 1 စင်း အရှေ့မြောက်သို့ ပျံတက်။ 07:20, Jul 05 #EAR
Показать все...
မိတ္ထီလာ မိတ္ထီလာကိုဖြတ်၍ Y-12 Light Military Transport Aircraft 1စင်း မြောက်ဘက်သို့ ပျံသန်း။ 07:09, Jul 05 #EAR
Показать все...
မှော်ဘီ မှော်ဘီလေတပ်မှ Y-12 Military Transport Aircraft 1 စင်း အရှေ့မြောက်သို့ ပျံသန်း။ 07:00, Jul 05 #EAR
Показать все...
❤ 2
ရှမ်းပြည်မြောက်ပိုင်းရှိ လိုင်စင်ရ စက်သုံးဆီ အရောင်းဆိုင် ၄၈ ခုထံသို့ စက်သုံးဆီများ ရောင်းချသယ်ယူခွင့်  စစ်ကောင်စီက ပိတ်ပင် ■ ဆန်၊ အခြေခံစားကုန်နှင့်ဆေးဝါးများ ရှမ်းမြောက်သို့ သယ်ယူမှုမှန်သမျှ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးရန် ညွှန်ကြား ဇူလိုင်လ ၅ ရက် ရှမ်းပြည်မြောက်ပိုင်းရှိ လိုင်စင်ရ စက်သုံးဆီ အရောင်းဆိုင် ၄၈ ခုထံသို့ စက်သုံးဆီများ ရောင်းချသယ်ယူခွင့်  စစ်ကောင်စီက ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။ ဇူလိုင်လ ၄ ရက်နေ့မှစတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ရှိ စက်သုံးဆီ အရောင်းဆိုင် ၄၈ ခုထံသို့ စက်သုံးဆီများ ရောင်းချသယ်ယူခြင်းများကို ပိတ်သိမ်းလိုက်ကြောင်း၊ လတ်တလော ယင်းဆိုင်များသို့ မည်သည့် ရောင်းချမှုကိုမှ မပြုလုပ်ရန် ပိတ်ပင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ "ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင် ၄၈ ဆိုင်အား နယ်မြေအခြေအနေအရ ယာယီပိတ်သိမ်းပြုလုပ်လိုက်ပြီဖြစ်ပါသဖြင် ဇူလိုင်လ ၄ ရက်နေ့  ရက်နေ့မှစတင်၍ PO ခွင့်ပြုမှု ယာယီရပ်ဆိုင်းရန်နှင့် ခွင့်ပြုပြီး PO များကို ထုတ်ပေးခြင်း လုံးဝ(လုံးဝ) မပြုလုပ်ပါရန် လမ်းညွှန်မှုအရ အသိပေးအကြောင်းကြားပါသည်။" ဟု မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းထံသို့ စစ်ကောင်စီက အမိန့်ပေး ညွှန်ကြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ဆန်၊ ဆီ၊ ဆား အပါအဝင် အခြေခံ စားနပ်ရိက္ခာများ၊ ဆေးနှင့် ဆေးဝါးပစ္စည်း များ၊ ဆေးရုံ၊ဆေးခန်းသုံးပစ္စည်းများ သယ်ယူခြင်းများအားလုံးကို စစ်ဆေးရေးဂိတ်များတွင် မဖြစ်မနေ စိစစ် စစ်ဆေး လုံး၀ (လုံး၀) တားမြစ်ရမည်ဟု စစ်ကောင်စီက ဇူလိုင်လ ၄ ရက်နေ့တွင် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။ #KTM
Показать все...
❤ 4
ပြင်ဦးလွင် ပြင်ဦိးလွင်ဖြတ်၍ Y-12 Military Transport Aircraft 1 စင်း အနောက်တောင်သို့ ပျံသန်း။ 06:18, Jul 05 #EAR
Показать все...
သီပေါ သီပေါကိုဖြတ်၍ Y-12 MIlitary Transport Aircraft 1 စင်း အနောက်တောင်သို့ ပျံသန်း။ 05:50, Jul 05 #EAR
Показать все...
မိတ္ထီလာ ရှမ်းတဲလေတပ်မှ Y-12 Military Transport Aircraft 1စင်း မြောက်ဘက်သို့ ပျံတက်။ 03:44, Jul 05 #EAR
Показать все...
❤ 1
⚠️တံတားဦး တံတားဦးလေတပ်မှ တတိယ Fighter Jet (1)စီး ​အ​ရှေ့အရပ်သို့ ပျံတက်။ Source - #NAS 23:35, Jul 04 #EAR
Показать все...
❤ 3👍 1🤬 1
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.