cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

Min Thayt - Official

မင်းသေ့ရဲ့ နိုင်ငံရေးဆောင်းပါးများ ဖတ်ရန်။

Больше
Рекламные посты
5 325
Подписчики
+624 часа
+2377 дней
+56530 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

Фото недоступноПоказать в Telegram
ဒါကို [Territorial Claim] လို့ ပြောနိုင်ပါတယ်။ နယ်မြေအရ သီးခြားဖြစ်ဖို့၊ သီးသန့်ဖြစ်ဖို့ တောင်းဆိုလာတဲ့ သဘောဖြစ်ပါတယ်။ အထူးသဖြင့် ပထဝီဧရိယာထဲမှာ ငါတို့ရဲ့ “အမိမြေ” “အဖမြေ” ဆိုတဲ့ သမိုင်းဆိုင်ရာ ဇာတ်ကြောင်းက ပိုပြီး ထင်ရှားလာခြင်းပါ။ အတိတ်သမိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ သီးခြားနိုင်ငံ ဇာတ်ကြောင်းဟာ ခွဲထွက်ရေးလှုပ်ရှားသူတွေအကြားမှာ ပိုပြီး ထင်ရှားလာတယ်။ ဒါ့အပြင် လူမျိုးရေးအရ “ဒို့ဘိုးဘေးတွေဟာ ဒီမြေ ဒီရေမှာ အတည်တကျ အခြေချ နေထိုင် ရှင်သန်ခဲ့ကြတယ်” ဆိုတဲ့ လူနဲ့ မြေကို ပူးကပ်ပြီး တည်ဆောက်တဲ့ နိုင်ငံရေးဇာတ်ကြောင်းတွေဟာ ပိုပြီး ကျယ်ပြန့်လာပါတယ်။ ယဉ်ကျေးမှုအရလည်း ဒီမြေမှာ ကြီးပြင်း၊ ဒီရေကို သောက်ပြီး ယဉ်ကျေးမှုသမိုင်းကို ထူထောင်ခဲ့တယ်ဆိုတဲ့ သမိုင်းနောက်ခံတွေဟာ နယ်မြေ တောင်းဆိုမှုတွေကို ပိုပြီး သိသာထင်ရှားလာစေပါတယ်။ ဒါ့အပြင် ဒါဟာ ယခင်ကလည်း ငါတို့ ပိုင်ခဲ့တယ်၊ ယခုလည်း ပိုင်ဆိုင်ခြင်းဖြစ်တယ်ဆိုတဲ့ နယ်မြေ ပိုင်ဆိုးမှုတွေကို စိတ်အားဖြင့်လည်း ခိုင်မြဲလာသလို၊ လက်တွေ့ကာယကံမြောက် ပိုင်စိုးလာအောင်လည်း ကြိုးစားအားထုတ်လာတာတွေ့ရပါတယ်။ ■ ၄။ ကိုယ်ပိုင်အုပ်ချုပ်လိုစိတ် ကိုယ့်မြေ ကိုယ့်ရေမှာ ကိုယ့်လူမျိုးသာ ပိုင်စိုး အုပ်ချုပ်နိုင်ရမယ်ဆိုတဲ့ အယူအဆဟာ တဖြည်းဖြည်းနဲ့ မတူတဲ့ လူမျိုးခြားတွေ လာရောက် အုပ်ချုပ် စိုးမိုးခြင်းကို တဖြည်းဖြည်းနဲ့ ဖယ်ထုတ်လာပါတယ်။ ဒါကို [Desire for Self-Governance] လို့ ပြောနိုင်ပါတယ်။ ခွဲထွက်ရေးလှုပ်ရှားမှုမှာ နိုင်ငံရေးအရ ကိုယ်ပိုင်အုပ်ချုပ်မှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းမှုကို တောင်းဆိုလာတယ်။ ဒါ့အပြင် ကိုယ့်နယ်မြေမှာ ကိုယ့်လူမျိုးရဲ့ အကျိုးစီးပွားသာ တည်ရှိရမယ်ဆိုတဲ့ အမြင် အားကောင်းလာတယ်။ ဒါ့အပြင် ငါ့လူမျိုး၊ ငါ့တိုင်းပြည်၊ ငါ့ဘာသာ၊ ငါ့သာသနာ၊ ငါတို့ လက္ခဏာ…ဆိုတဲ့ အမြင်တွေ အားကောင်းလာပါတယ်။ နိုင်ငံရေးအရ သီးခြားအုပ်ချုပ်ခွင့်ရချင်စိတ်ကို နောက်ကွယ်ကနေ တွန်းအားပေးတာကတော့ အမျိုးသားရေးစိတ်နဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေက တွန်းအားဖြစ်စေပါတယ်။ ဒါ့အပြင် ကိုယ့်ပိုင်တဲ့ မြေမှာ ကိုယ့်လူမျိုးတွေရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ကိုယ့်လူမျိုးတွေကိုပဲ ကိုယ်စားပြုတဲ့ သီးခြား အမျိုးသားနိုင်ငံမျိုး ဖြစ်ချင်စိတ် အားကြီးလာပါတယ်။ တည်ဆဲနိုင်ငံကို သစ္စာခံစရာ မလိုဘူးဆိုတဲ့စိတ်လည်း အားကောင်းပါတယ်။ ဒါ့အပြင် ကိုယ့်လူမျိုးကို ကိုယ်စားမပြုတဲ့ တည်ဆဲနိုင်ငံကို ငြင်းပယ်ဖို့လည်း ဝန်မလေးတော့ပါဘူး။ ■ ၅။ ခွဲထွက်ရေးခေါင်းဆောင် ခွဲထွက်ရေးလှုပ်ရှားမှုတွေမှာ ခွဲထွက်ရေးကို စိတ်အားထက်သန်တဲ့ ခေါင်းဆောင်‌တွေ နေရာရလာတာ၊ ဩဇာကြီးလာတာဆိုရင် အဲသည့် ခွဲထွက်ရေးလှုပ်ရှားမှုဟာ ပိုပြီး အားကောင်းလာတတ်ပါတယ်။ အထူးသဖြင့် ခွဲထွက်ရေးလှုပ်ရှားမှုကို ဦးဆောင်တဲ့‌ ခေါင်းဆောင်တစ်ယောက်ဟာ ပုဂ္ဂိုလ်ရေးဩဇာ သိပ်ကြီးလာပြီး သူတို့ အုပ်စုအကြားမှာ [Charismatic leader] တစ်ယောက်ဖြစ်လာပြီဆိုရင်၊ ၎င်းခွဲထွက်ရေးလှုပ်ရှားမှုတွေဟာ လက်တွေ့ အသက်ဝင်လာပါတယ်။ ခွဲထွက်ရေးခေါင်းဆောင်တွေမှာ ခိုင်မာတဲ့ နိုင်ငံရေးပါတီ သို့မဟုတ် ခိုင်မာကျစ်လစ်တဲ့ နိုင်ငံရေးအဖွဲ့အစည်းမျိုးတွေ ရှိလာပြီး လက်နက်ကိုင်တပ်လည်း ပိုင်ဆိုင်လာပြီဆိုရင် ခွဲထွက်ရေးလှုပ်ရှားမှုတွေဟာ လက်တွေ့ ဖြစ်ရပ်တွေအဖြစ် အသက်ဝင်လာပါတယ်။ တစ်ဖက်မှာလည်း ခွဲထွက်ရေးလှုပ်ရှားမှုနဲ့ ခွဲထွက်ရေးကို ဦးဆောင်တဲ့ အဖွဲ့အစည်းမှာ သက်ဆိုင်ရာ လူထုရဲ့ ထောက်ခံမှုကို ရလာတယ်၊ မြေပြင်မှာလည်း လက်တွေ့ သက်ဝင် လှုပ်ရှားလာနိုင်တယ်ဆိုရင် ခွဲထွက်ရေးလှုပ်ရှားမှုတွေက လက်‌တွေ့ဖြစ်လာဖို့ နီးစပ်ပါတယ်။ အဲသည့်မှာ ထပ်မံ တွေ့ရတာက --- ခွဲထွက်ရေးခေါင်းဆောင်တွေနဲ့ ၎င်းတို့ရဲ့ အဖွဲ့အစည်းတွေဟာ သက်ဆိုင်ရာ နိုင်ငံရဲ့ ဗဟိုအစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်နိုင်စွမ်း ရှိလာတာ၊ နိုင်ငံတကာဇာတ်ကောင်တွေနဲ့ စကားပြောဆို ဆက်သွယ်ဆောင်ရွက်နိုင်စွမ်း ရှိလာတယ်ဆိုရင် ခွဲထွက်ရေးအသွင်အပြင်တွေဟာ ပိုပြီး ပီပြင်လာနိုင်ပါတယ်။ ■ ၆။ ဝါဒဖြန့်ချိရေး ခွဲထွက်ရေးလှုပ်ရှားမှုတွေမှာ ဝါဒဖြန့်ချိရေးတွေကိုလည်း ကောင်းကောင်း လုပ်လာနိုင်တယ်၊ ခွဲထွက်ရေးအမှတ်သရုပ်တွေကိုလည်း လူထုကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိလာနိုင်ပြီဆိုရင် သီးခြားခွဲထွက်မှုတွေဟာ သက်ဆိုင်ရာ လူမျိုးတွေရဲ့ နှလုံးအိမ်မှာ ပိုပြီး ပီပြင်လာတာတွေ့ရပါတယ်။ ဥပမာအားဖြင့် ငါတို့နိုင်ငံရဲ့ အလံ၊ ငါတို့ နိုင်ငံတော် သီချင်း၊ ငါတို့ရဲ့ အမျိုးသားရေးသမိုင်း၊ ငါတို့ အစိုးရ၊ ငါတို့ ဘာသာစကား၊ ငါတို့ ကိုးကွယ်ယုံကြည်ရာ သာသနာ… စတာတွေကို၊ မီဒီယာတွေနဲ့ သမိုင်းဆိုင်ရာ ဇာတ်ကြောင်းတွေမှာ ထင်ထင်ရှားရှား နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်ပျံ့နှံ့အောင် လုပ်လာနိုင်တာဟာ ခွဲထွက်ရေးလှုပ်ရှားမှုတွေ အောင်မြင်ရခြင်း အကြောင်းရင်းတွေထဲက တစ်ခုပါ။ ■ ၇။ နိုင်ငံတကာအသိအမှတ်ပြုမှုနဲ့ ထောက်ခံမှု
Показать все...
ခွဲထွက်ရေးလှုပ်ရှားမှုတွေရဲ့ နောက်ကွယ်မှာ နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှု ရှိခြင်း - မရှိခြင်းဟာ သိသာထင်ရှားတဲ့ကိစ္စ ဖြစ်သလို၊ အရေးကြီးတဲ့ကိစ္စလည်းဖြစ်ပါတယ်။ ယခုလို နိုင်ငံတကာအသိုင်းအဝိုင်းဟာ အပြန်အလှန် အမှီသဟဲပြုပြီး ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်လာတဲ့ အခြေအနေမျိုးမှာ နိုင်ငံတကာရဲ့ အားပေးထောက်ခံမှုက အလွန် အရေးကြီးပါတယ်။ ကိုယ့်နယ်မြေမှာ ကိုယ့်ဒေသတွင်းက လူထုရဲ့ ထောက်ခံမှုဟာ internal legitimacy ဖြစ်ပေမယ့် နိုင်ငံတကာရဲ့ ထောက်ခံမှုကတော့ external legitimacy ဖြစ်ပါတယ်။ ခွဲထွက်ရေးလှုပ်ရှားမှုတွေ အောင်မြင်နိုင်ဖို့အတွက် သံခင်းတမန်ခင်းအရ အသိအမှတ်ပြုမှု၊ စီးပွားရေးအကူအညီ၊ နိုင်ငံရေးထောက်ခံမှု စတာတွေ လိုအပ်ပါတယ်။ အဲသည့်အထဲမှာ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုခုရဲ့ အားပေးကူညီမှုကို ရရှိတယ်ဆိုရင်တော့ ကမ္ဘာ့အစီအစဉ်သစ်ထဲမှာ လိုက်ပါ စီးမျောရင်း ခွဲထွက်ရေးလှုပ်ရှားမှုတွေကို အောင်မြင်အောင် ဆောင်ကြဉ်းနိုင်ပါတယ်။ ■ ၈။ ပဋိပက္ခနဲ့ အကြမ်းဖက်မှုများ ခွဲထွက်ရေးလှုပ်ရှားမှုတိုင်းက ကတ္တီပါလမ်းကို လျှောက်ကြရတာတော့ မဟုတ်ပါဘူး။ ဆူးခင်းလမ်းကို လျှောက်ကြရတာဖြစ်ပါတယ်။ လမ်းမရှိတဲ့ တောနက်ထဲမှာ လမ်းဖောက်ရတာ ဖြစ်လို့ အခက်အခဲ အကျပ်အတည်း ပေါင်းစုံနဲ့ ကြုံတွေ့ကြရပါတယ်။ အဲသည့်ထဲမှာ အကြမ်းဖက်မှုတွေ၊ စစ်ပွဲတွေ၊ လက်နက်ကိုင်ပဋိပက္ခနဲ့ လူမျိုးရေး အဓိကရုဏ်းတွေကိုလည်း ကြုံကြရတာပါ။ များသောအားဖြင့် ခွဲထွက်ရေးလှုပ်ရှားသူတွေကို ဗဟိုအစိုးရကနေ ဖိနှိပ်တာတာမျိုး၊ သင်းခွဲတာမျိုး၊ စစ်ပြုတာမျိုး ကြုံကြရပါတယ်။ ခွဲထွက်ရေးလှုပ်ရှားမှုတိုင်းဟာ အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ သက်သောင့်သက်သာ ဖြစ်တယ်လို့ မရှိပါဘူး။ မုန်တိုင်းတွေကို ဖြတ်ရတယ်၊ သန်းခေါင်ယံတွေကို ကျော်လွှားကြရပါတယ်။ မင်းသေ့ ၃၀ ၊ ဇွန် ၂၀၂၄
Показать все...
6👍 1
❝ ခွဲထွက်ရေးလှုပ်ရှားမှု၏ ဝိသေသများ ❞ _____________________ “ခွဲထွက်ရေးလှုပ်ရှားမှု” [Secessionist Movement] ရဲ့ အသွင်သဏ္ဍာန် တချို့ကို အနည်းငယ် ပြောချင်ပါတယ်။ ဘယ်လို ဝိသေတွေကို တွေ့ရတယ်ဆိုရင် ခွဲထွက်ရေးလှုပ်ရှားမှုရဲ့ အသွင်အပြင်ဟာ ပိုမို ထင်ရှားလာလေ့ရှိသလဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။ “ခွဲထွက်ရေးလှုပ်ရှားမှု” [Secessionist Movement] ဆိုတာဟာ တည်ဆဲနိုင်ငံထဲကနေ နိုင်ငံရေးအရ၊ အုပ်ချုပ်ရေးအရ၊ ပထဝီအပိုင်းအခြားအရ ခွဲထွက်ပြီး လွတ်လပ်သော သီးခြားနိုင်ငံအဖြစ် နေထိုင်လိုတဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ ခွဲထွက်ရေးလှုပ်ရှားမှုတွေမှာ ဘယ်လို ဝိသေသတွေ ရှိနေတတ်ပါသလဲ။ ဘယ်လို ဝိသေသလက္ခဏာရပ်တွေကို တွေ့ရင် ခွဲထွက်ရေးလှုပ်ရှားမှုကို တွေ့ရပြီး၊ လက်တွေ့မှာလည်း ခွဲထွက်မှုတွေ ဘယ်လို အောင်မြင်လေ့ရှိပါသလဲ။ တကယ်တော့ ခွဲထွက်ရေးလှုပ်ရှားမှုတိုင်းက အောင်မြင်ကြတာတော့ မဟုတ်ပါဘူး။ ခွဲမထွက်ချင်ပေမယ့်၊ ခွဲထုတ်ခံရလို့ ကွဲထွက်သွားပြီး မခံချင်စိတ်နဲ့ ကြိုးစားလို့ အောင်မြင်ခဲ့တဲ့ နိုင်ငံလည်း ရှိပါတယ်။ အဲဒါကတော့ အရှေ့တောင်အာရှဒေသက စင်္ကာပူနိုင်ငံငယ်လေးပါ။ စင်္ကာပူနိုင်ငံဟာ မလေးရှားကျွန်းဆွယ်ကနေ ခွဲထုတ်ခံရတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ခွဲထွက်ချင်ပေမယ့် ခွဲထွက်ခွင့် မပေးဘဲ ပြည်တွင်းစစ်ဖြစ်ပြီး ပြည်ထောင်စုထဲ ပြန်လည် စုစည်းခံရတဲ့ ပြည်နယ်တွေလည်း ရှိပါသေးတယ်။ တချိန်က အမေရိကန်ပြည်ထောင်စုမှာ ကွန်ဖက်ဒရိတ်ပြည်နယ်တွေလို့ လူသိများတဲ့ တောင်ပိုင်းပြည်နယ်တွေပါ။ လူမည်းကျွန် ဖျက်သိမ်းရေးကိစ္စကို အကြောင်းပြုပြီး အမေရိကန်ပြည်ထောင်စုမှာ မြောက်ပိုင်းပြည်နယ်တွေနဲ့ တောင်ပိုင်းပြည်နယ်တွေအကြား ဖြစ်တဲ့ ပြည်တွင်းစစ် [၁၈၆၁ - ၁၈၆၅] ဖြစ်ပါတယ်။ တောင်ပိုင်းပြည်နယ်တွေကို ပြည်ထောင်စုထဲကနေ ခွဲမထွက်အောင် စစ်နဲ့ စုစည်းလိုက်တဲ့ သမိုင်းဇာတ်ကြောင်းတစ်ခုဖြစ်ပါတယ်။ ခွဲထွက်ခြင်းဟာ ကောင်းသလား - ဆိုးသလား။ ခွဲထွက်ခြင်းဟာ မှားသလား - မှန်သလား…ဆိုတာဟာ ပုံသေ ကံသေကံမ ပြောလို့ ရတာတော့ မဟုတ်ပါဘူး။ နိုင်ငံတစ်ခုချင်းစီရဲ့ အခြေအနေနဲ့ အကြောင်းအကျိုးနဲ့သာ ဆိုင်တယ်လို့ ပြောနိုင်ပါတယ်။ အာရှနိုင်ငံတွေနဲ့ အနီးစပ်ဆုံးသော ဝိသေသ တချို့ကို တင်ပြချင်ပါတယ်။ ■ ၁။ လူမျိုးရေး၊ ယဉ်ကျေးမှု၊ ဘာသာစကား အမှတ်သရုပ် တည်ဆဲနိုင်ငံအတွင်းက အုပ်စုအားကြီးတဲ့ လူမျိုးတစ်မျိုးမျိုးနဲ့ မတူကွဲပြားပြီး သီးခြား အမှတ်သရုပ်တွေ ရှိနေတာပါ။ အဲသည့်အထဲမှာ လူမျိုးရေးအရ မတူညီတာ၊ ယဉ်ကျေးမှုအရ ကွဲပြားတာ၊ ဘာသာစကားအရ သီးခြားဖြစ်ထွန်းနေတာတွေ ပါဝင်ပါတယ်။ မတူကွဲပြားခြားနားမှုတွေဟာ ငါတို့ဟာ တစ်မျိုးတည်း၊ ငါတို့ဟာ တစ်သားတည်း၊ ငါတို့ဟာ အတူတူပဲ ဆိုတဲ့ စိတ်အခံကို ယုတ်လျော့စေပြီး၊ သီးခြားခွဲထွက်နေလိုစိတ်ကို အားပေးနေပါတယ်။ လူမျိုးရေးအရ၊ ဘာသာ စကားအရ၊ ယဉ်ကျေးမှုအရ မတူ ခြားနားမှု ရှိတယ်ဆိုရင် ခွဲထွက်ရေးလှုပ်ရှားမှုအတွက် နောက်ကွယ်ကနေ တွန်းအားဖြစ်စေပါတယ်။ ဒါပေမယ့် လက်တွေ့မှာ အဲသည့်လို လူမျိုးရေးအရ၊ ယဉ်ကျေးမှုအရ၊ ဘာသာစကားအရ မတူညီတိုင်း ခွဲထွက်ရေးလှုပ်ရှားမှုတွေ ပေါ်လာတာတော့ မဟုတ်ပါဘူး။ မတူပေမယ့် အတူတကွ သဟဇာတဖြစ်စွာ အတူ ယှဉ်တွဲနေထိုင်ကြတဲ့ သာဓကတွေ အမြောက်အမြား ရှိပါတယ်။ ဒါပေမယ့် အဲသည့်လို မတူကွဲပြားမှုတွေဟာ သဟဇာတဖြစ်စွာ အတူတကွ မနေနိုင်ရခြင်း အကြောင်းတရားတွေ ရှိနေပါတယ်။ အဲသည့် အကြောင်းအရာတွေထဲက အဓိက အကြောင်းရပ်တစ်ခုကတော့ သမိုင်းဆိုင်ရာအာဃာတ-အမုန်းတရားပဲ ဖြစ်ပါတယ်။ ■ ၂။ သမိုင်းရေး အာဃာတများ ဒါကို [Historical Grievances] တွေလို့ ပြောလို့ ရနိုင်ပါတယ်။ မတူကွဲပြားတဲ့ လူမျိုးရေး ယဉ်ကျေးမှု အမှတ်သရုပ်တွေ ရှိနေတဲ့အပြင် အုပ်စုအားကြီးတဲ့ လူမျိုးက အုပ်စုငယ်တဲ့ လူမျိုးစုကို အနိုင်ကျင့်တာ၊ ဖိနှိပ်တာ၊ ခွဲခြားဆက်ဆံတာ၊ ဗိုလ်ကျလွှမ်းမိုးတာတွေ ရှိနေခဲ့တယ်ဆိုရင် သမိုင်းဆိုင်ရာ အမုန်းတရားတွေကနေ တစ်ဆင့် တဖြည်းဖြည်း ကြီးမားလာပြီး သမိုင်းရေး အာဃာတတွေကို မွေးဖွားပေးလိုက်ပါတယ်။ နှစ်ပေါင်းများစွာ ဖိနှိပ်မှု၊ ခွဲခြားဆက်ဆံမှုနဲ့ တစ်ဆင့်နိမ့် ဆက်ဆံခံရမှုတွေဟာ အငြိုးတရားနဲ့ အမုန်းတရားတွေကို မွေးဖွားပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီလို အခြေအနေတွေထဲမှာ ကာလရှည်စွာ ပဋိပက္ခဇာတ်ကြောင်း ရှိလာခဲ့တယ်ဆိုရင် ဒါဟာ အင်မတန် ကြီးမားတဲ့ အကွဲအပြဲကို ဦးတည်လာနိုင်ပါတယ်။ မတူကွဲပြားတဲ့ လူမျိုး နှစ်မျိုးအကြားမှာပဲ ဖြစ်ဖြစ်၊ နှစ်မျိုးထက် ပိုလွန်တဲ့ လူအုပ်စုတွေ ကြားထဲမှာပဲ ဖြစ်ဖြစ် စီးပွားရေးအရ နိမ့်ကျမှုက သိသာလွန်းတာ၊ နိုင်ငံရေးအရ အဆင့်အတန်း ခွဲခြားခံရမှုတွေက သိသာထင်ရှားလွန်းနေရင် အတူတူတကွ ယှဉ်တွဲနေချင်စိတ်ကို တဖြည်းဖြည်း ခေါင်းပါးအောင် လုပ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ခွဲထွက်ရေးလှုပ်ရှားမှုတိုင်းရဲ့ နောက်ကွယ်မှာ သမိုင်းရေးဆိုင်ရာ အငြိုးအတေးနဲ့ အာဃာတ - အမုန်းတရားတွေက တွန်းအားပေးနေတာတွေ့ရပါတယ်။ ■ ၃။ နယ်မြေ တောင်းဆိုမှု
Показать все...
Фото недоступноПоказать в Telegram
👍 6
“မဟာ” နှင့် မြန်မာသမိုင်းဇာတ် _____________________ မြသန်းစံ ရေးသားသီစပ်ပြီး၊ ဇော်ဝင်းထွဋ် ဆိုခဲ့တဲ့ "မဟာ" သီချင်းကို၊ ကျနော်တို့ မြန်မာတွေ အတော်များများ သိကြပါတယ်။ အကယ်၍ "ပုဂံ" ကို ရောက်တယ်ဆိုရင်လည်း၊ တချိန်က မြန်မာတို့ရဲ့ ကြီးမြတ်မှုကို စိတ်ထဲကနေ အမှန်တကယ် လှိုက်လှိုက်လှဲလှဲ ခံစားခဲ့ကြရတာပါ။ မြန်မာလူမျိုးစစ်စစ် မဟုတ်ရင်တောင်မှ၊ အကယ်၍ "ပုဂံ" ကို ရောက်တယ်ဆိုရင်၊ ကြီးမြတ်တဲ့ ယဉ်ကျေးမှု အမွေအနှစ်ရဲ့ ထီးရိပ်အောက်မှာ၊ လေးစားဦးညွှတ်ရစမြဲပါ။ မြန်မာတို့ကလည်း ပုဂံကို မြန်မာတို့ရဲ့ ခေတ်ဟောင်းသမိုင်းအစလို့ မှတ်ယူကြသလို၊ ပုဂံကို တည်ပြီး သမိုင်းဋီကာချဲ့ထွင်မှုတွေဟာ အစစ်အမှန်သမိုင်းရော၊ ဒဏ္ဍာရီသမိုင်းအနေနဲ့ပါ ရောပြွမ်းနေတာ တွေ့ရပါတယ်။ ဘယ်လိုပဲ ပြောပြော၊ ပုဂံမှာ ရှိတဲ့ စေတီ ကျောင်း ကန် ပုထိုးတွေရဲ့ ပြယုဂ်ဟာ မြန်မာတို့ရဲ့ "မဟာမြန်မာ" အယူအဆကို တွန်းတင်ပေးနေသလို၊ မြန်မာတို့ရဲ့ "မဟာလူမျိုးကြီးစိတ်" ကို နောက်ကွယ်ကနေ တွန်းတင်ပေးတဲ့ အတွေးအခေါ်ဒဿနတွေအဖြစ် ပံ့ပိုးနေပါတယ်။ မြသန်းစံ ရေးသားသီစပ်ခဲ့တဲ့ "မဟာ" သီချင်းဟာ၊ မြန်မာတို့ရဲ့ အမျိုးသားရေးစိတ်ကို နှိုးကြားအောင် စေစားနိုင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ပုဂံရဲ့ ကြီးမြတ်မှုကို အမွှမ်းတင်ရင်း၊ သွေးထဲ သားထဲမှာ အမျိုးသားရေးစိတ် ထက်သန်နိုးကြားစိတ်ကို ဖြစ်ပေါ်စေအောင် စွမ်းနိုင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။ မြန်မာတို့ရဲ့ အမျိုးသားအားမာန်ကိုလည်း ဂုဏ်ဖော်ချီးမြှောက်ပြီး အတိတ်သမိုင်းအစဉ်အလာရဲ့ ကြီးမြတ်မှုကို သတိရစေတဲ့ တေးသီချင်း တစ်ပုဒ်ဖြစ်ပါတယ်။ ■ မြသန်းစံ ဟူသည် ဒီသီချင်းကို ရေးသားခဲ့တဲ့ မြသန်းစံဟာ ၁၉၅၈ ခုနှစ် ဇန်နဝါရီလ (၉) ရက်နေ့မှာ မွေးဖွားခဲ့ပြီး ဗိုလ်ချုပ်ကြီးနေဝင်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီကို တည်ထောင်ခဲ့တဲ့ ၁၉၇၄ ခုနှစ်မှာ အထက်တန်းပညာပြီးဆုံးပြီး ရန်ကုန်တက္ကသိုလ်မှာ ဓာတုဗေဒက ဘာသာရပ်နဲ့ တက္ကသိုလ်ကျောင်းသားဘဝကို ဖြတ်သန်းခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်မှာ မြသန်းစံက ရန်ကုန်တက္ကသိုလ်က ဘွဲ့ရအပြီး နောက်ထပ် (၂) နှစ်အကြာ ၁၉၈၀ မှာ တပ်ထဲ ဝင်သွားပါတယ်။ တပ်ထဲမှာ ၁၉၉၉ ခုအထိ အမှုထမ်းပြီး ဗိုလ်မှူးအဆင့်အထိ အမှုထမ်းခဲ့သူ ဖြစ်ပါတယ်။ စာပေဝါသနာမှာ အထုံအလေ့ ကြီးမားသူ တစ်ယောက်လို့ ပြောနိုင်ပါတယ်။ မြသန်းစံ ရေးသားခဲ့တဲ့ စာပေလက်ရာတွေ အတော်များများကို တွေ့ဖူး ဖတ်ဖူးပါတယ်။ သီချင်းကိုတော့ "မဟာ" တစ်ပုဒ်ပဲ၊ ကျနော့် ရင်ထဲမှာ စွဲစွဲမြဲမြဲ ရှိခဲ့ပါတယ်။ တေးသီချင်း (၁၅) ခွေလောက် ကိုယ်တိုင်ရေးသား ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။ ရုပ်ရှင်ဇာတ်ညွှန်းတွေကိုလည်း အများအပြား ရေးသားခဲ့သလို၊ ဝတ္ထုတွေ ဆောင်းပါးတွေကိုလည်း အမြောက်အမြား ရေးသားခဲ့ပါတယ်။ နောက်ဆုံး အမှတ်ရနေတဲ့ မြသန်းစံရဲ့ စာပေလက်ရာကတော့ "ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာနန္ဒာမာလဘိဝံသ" ရဲ့ ထေရုပ္ပတ္တိကို စုံစုံလင်လင် ပြုစုရေးသားထားတဲ့ စာအုပ်ပါ။ မြသန်းစံဟာ ၁၉၉၉ ခုနှစ် နောက်ပိုင်း တပ်ထဲက ထွက်ပြီး သာသနာရေးဝန်ကြီးဌာနမှာ ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်းကိုလည်း စီစဉ် ထုတ်ဝေပြီး သူကိုယ်တိုင်လည်း ဓမ္မဆောင်းပါး အများအပြားကို အစဉ်တစိုက် ရေးသားခဲ့တယ်ဆိုတဲ့ မှတ်တမ်းကို တွေ့ရပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ရဟန်းဘဝကို ခံယူပြီး၊ သာသနာ့ဘောင်ကို ဝင်ရောက်ခဲ့တာ ယခုအချိန်အထိ ဖြစ်တယ်လို့ မှတ်တမ်းအရ တွေ့ရပါတယ်။ ■ မဟာမြန်မာ အတွေးအခေါ် ပုံဖော်ချက် "မဟာ" သီချင်းမှာ သီစပ်ခဲ့တဲ့ စကားလုံးတွေ၊ စာသားတွေနဲ့ သံစဉ်ဟာ မြန်မာတို့ ပုံဖော်ခဲ့တဲ့ အမျိုးသားရေးသမိုင်းကိုလည်း ပြသနေပါတယ်။ အထူးသဖြင့် ပုဂံမှာ အနော်ရထာမင်းမြတ်ရဲ့ ရဲရင့်မှု၊ တည်ကြည်မှု၊ အမြော်အမြင် ရှိမှု အပြင် ဆရာ - ဒကာ ပူးပေါင်းတည်ထောင်ခဲ့တဲ့ သမိုင်းဇာတ်ကြောင်းကိုလည်း ညွှန်းဆိုနေပါတယ်။ အနော်ရထာ မင်းနဲ့ အရှင်အရဟံရဲ့ "အာဏာ - သာသနာ အပေါင်းအစပ်" ကိုလည်း ထင်ထင်ရှားရှား ဖော်ညွှန်းထားတာတွေ့ရပါတယ်။ ဒါ့အပြင် မြန်မာတို့ရဲ့ အတိတ်အမျိုးသားရေးသမိုင်းမှာ အစဉ်တစိုက် ပုံဖော်ခဲ့တဲ့ မဟာသူရဲကောင်းအယူအဆကိုလည်း "မဟာ" သီချင်းမှာ တွေ့ရပါတယ်။
Показать все...
2👍 1
"မဟာ" သီချင်းမှာ ပါဝင်တဲ့ "ဒီမြေဟာ ဒို့မြေရဲ့ နှလုံးသားဝိညာဉ်ပဲ" "တို့အားလုံးရဲ့ ပုဂံ" "မဟာ" "မြန်မာတွေ အားလုံးရဲ့ ပုဂံ" "ပထမဆုံးသော ဒို့နိုင်ငံ" ဆိုတဲ့ စာသားတွေဟာ မြန်မာတို့ရဲ့ အမျိုးသားနိုင်ငံတော် တည်ဆောက်ပုံကို ညွှန်းဆိုနေပါတယ်။ အားလုံးကို တစ်စုတစ်စည်းတည်း အစုအပေါင်းပြုပြီး ညီညွတ်သော မြို့ပြနိုင်ငံတော်ကိုစတင်ခဲ့တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ သီချင်းရဲ့ အစမှာလည်း "ရာစုနှစ်အဆက်ဆက် ပေးဆပ်ခဲ့တဲ့ အားလုံးရဲ့ အမွေ" ဆိုတဲ့ စကားဟာ သမိုင်းအမွေလို့ခေါ်တဲ့ [History Legacy] ကို ပြနေပါတယ်။ ငါတို့ဟာ ဒီတိုင်းပြည်ကို ပေးစပ်မှုတွေနဲ့ ရင်းနှီးမြှုပ်နှံပြီး ပုံဖော်တည်ဆောက်ခဲ့ကြတာဆိုတာကို အသိရစေပါတယ်။ အဲသည့်ထဲမှာ မင်းမြတ် အနော်ရထာရဲ့ ကျေးဇူးတရားကိုလည်း အောက်မေ့ သတိရကြဖို့ နှိုးဆော်ထားတာတွေ့ရပါတယ်။ "သူရဲကောင်းရဲ့ လှံရာ ဓားချက်" တွေနဲ့ ရဲရင့်စွာ အနွံတာခံ အနစ်နာခံပြီး မြှုပ်နှံ ပေးဆပ် တည်ဆောက်ခဲ့ကြတယ်ဆိုတာကို ဖော်ညွှန်းနေတာတွေ့ရပါတယ်။ ဒီလို တိုင်းပြည်တည်ဆောက်ရေးမှာ ဘာသာ သာသနာရဲ့ အခန်းကဏ္ဍအနေနဲ့ ဗုဒ္ဓသာသနာရဲ့ ဉာဏ်အလင်းကိုလည်း ရခဲ့သူတွေဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ လူမျိုးသမိုင်းနဲ့ သာသနာသမိုင်းကို ပူးကပ်တည်ဆောက်တဲ့ပုံစံဖြစ်သလို၊ တိုင်းပြည်ရဲ့ သမိုင်းနဲ့ အခိုင်အမာ ပြုလိုက်တဲ့သဘောဖြစ်တယ်လို့ ယူဆရပါတယ်။ “မဟာ” သီချင်းမှာ ဆက်လက်ပြီး တွေ့ရတဲ့ သဘောအနက်ကတော့ ယဉ်ကျေးမှုသမိုင်း ကြီးမြတ်ခဲ့တယ်ဆိုတဲ့ ပြယုဂ်ပဲဖြစ်ပါတယ်။ မြန်မာတို့ဟာ တိုင်းနိုင်ငံကိုလည်း ထူထောင်နိုင်ခဲ့တယ်။ ကြီးမြတ်တဲ့ မဟာသူရဲကောင်းတို့ရဲ့ အချီးအမြှောက်ကိုလည်း ခံခဲ့ရတယ်။ ဘာသာ သာသနာရဲ့ အဆုံးအမနဲ့လည်း ကြီးပြင်းခဲ့ရတယ်။ ယဉ်ကျေးမှုအတတ်မှာလည်း မနိမ့်ကျခဲ့ဘူး... ဆိုတာကို ပြသနေပါတယ်။ "အရုပ်ဆေးမပျက် ပညာပန်းအတတ်များ" "မြန်မာအနုအလှ သုခုမလက်ရာများ... သမိုင်းဝင် ကမ္ဗည်းထက် တို့နှလုံးအိမ်သွေးစက် ခြယ်သထားမြဲ ထားပါ့လား" ဆိုတဲ့ စာသားဟာ ယဉ်ကျေးမှုအစဉ်အလာ မြင့်မားခဲ့တယ်ဆိုတာကို ဖော်ညွှန်းနေပါတယ်။ ■ ဆိုလိုချက် လိုရင်း "မဟာ" သီချင်းကို အကြောင်းပြုပြီး၊ ရေးသားခဲ့တဲ့ ဒီဆောင်းပါးရဲ့ ဆိုလိုချက်တွေကို အနှစ်ချုပ်ရရင် ..... (၁) မြန်မာတို့ရဲ့ သမိုင်းအစဉ်အလာ ကြီးမားမှု။ (၂) အစိုးရမင်းရဲ့ ဂုဏ်ကျေးဇူး။ (၃) ဗုဒ္ဓသာသနာရဲ့ အလင်း။ (၄) မဟာသူရဲကောင်းတို့ရဲ့ အနစ်နာခံမှုနဲ့ ရဲရင့်မှု။ (၅) ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားခဲ့မှု။ (၆) ကြီးမြတ်တဲ့ မဟာမြန်မာ အယူအဆ။ (၇) စုစည်းညီညွတ်ခဲ့ခြင်းရဲ့ ပြယုဂ်။ (၈) အမျိုးသားရေးလက္ခဏာ ကြီးမြတ်မှု။ (၉) မဟာမြန်မာ သမိုင်းဇာတ်အစ။ ဒါတွေကို တွေ့မြင်ရပါတယ်။ မင်းသေ့ ၃၀ ၊ ဇွန် ၂၀၂၄
Показать все...
👍 12 1
အဲသည့်နေရာမှာ နောက်ထပ် အရေးကြီးတာက [Framing issues] ကိစ္စ ဖြစ်တယ်။ ဖြစ်ရပ်တွေကို ဘယ်လို Framing လုပ်မှာလဲ။ ဒါက မီဒီယာသမားတွေ တတ်ကျွမ်းတဲ့ကိစ္စပါ။ ပုံဖော်ဖြန့်ဝေထားတဲ့ နိုင်ငံရေးဇာတ်ကြောင်းတွေ ၊ နိုင်ငံရေးစတိုရီတွေဟာ framing လုပ်ပုံ လုပ်နည်းပေါ် မူတည်ပြီး လူအများက ယုံမှတ် ထင်မှတ်ကြတာပါ။ ဒါတွေကို နားလည်ပြီး နိုင်ငံရေးဇာတ်ကြောင်းတွေရဲ့ သဘော သဘာဝကို ဆဝါးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
Показать все...
👍 5 5
နိုင်ငံရေးနယ်မှာ သိပ်ကို အရေးကြီးတဲ့ စကားလုံးတစ်လုံးကို ရှင်းလင်းချက် ထုတ်ချင်ပါတယ်။ အဲသည့်စကားလုံးကတော့ [Political Narrative] ဆိုတဲ့စကားလုံးပါ။ ဒါကို နိုင်ငံရေးအရ ခေါင်းဆောင်တဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးခေါင်းဆောင်၊ လူထုခေါင်းဆောင်တွေက အလေးအနက်ထားရတယ်။ [Political Narrative] ဆိုတာ ဘာလဲ။ [The term "political narrative" refers to the stories and narratives that are crafted and disseminated within a political community to shape perceptions, influence opinions, and drive political agendas.] လို့ အနက်ဖွင့်တာတွေ့ရတယ်။ ဒီနေရာမှာ - "ဖန်တီးဖြန့်ဝေထားတဲ့ စတိုရီတွေ၊ ဇာတ်ကြောင်းတွေ" လို့ ပြောပါတယ်။ ဘာအတွက် ဖန်တီးထားတဲ့ စတိုရီတွေ၊ ဇာတ်ကြောင်းတွေလဲ....။ Perception တွေ၊ Opinion တွေ၊ Political agenda တွေ....တဲ့။ ဒါတွေကို ပုံဖော်ဖို့အတွက် political narrative တွေက အရေးကြီးပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူတွေဟာ၊ အဲသည့် နိုင်ငံရေးဇာတ်ကြောင်းတွေ နဲ့ နိုင်ငံရေးစတိုရီတွေကို ဘယ်လို ပုံဖော်သလဲဆိုတာကို ကြည့်ရပါတယ်။ အဲသည့်လို ကြည့်တဲ့အခါ ခေတ်ရေစီးကိုလည်း ကြည့်ရတယ်။ ပြင်ပ,ပယောဂတွေကိုလည်း ကြည့်ရတယ်။ ဒါ့အပြင် အားလုံး သိုင်းဝိုင်း ဖန်တီးဖြန့်ဝေထားတဲ့ ဖော်ပြချက်တွေက ဘာတွေလဲ။ အထူးသဖြင့် လူထုမီဒီယာနဲ့ အများကြိုက် လူမှုကွန်ယက်တွေမှာ ဘယ်လို အရာတွေကို မီးမောင်းထိုးပြထားသလဲ၊ ဘယ်လိုအချက်အလက်မျိုးတွေကို အသားပေးပုံဖော်ထားသလဲဆိုတာကို ကြည့်ရပါတယ်။ မြန်မာပြည်မှာ လေ့လာစရာ political narrative တွေကို case study အနေနဲ့ အများကြီး လေ့လာစရာတွေ ရှိပါတယ်။ များသောအားဖြင့် လက်လှမ်းတမှီကြည့်လို့ ရတာက "ရိုဟင်ဂျာ- issue" ဖြစ်တယ်။ ယခင်ကတည်းက တည်ဆဲဖြစ်ပေါ်နေတဲ့ သမိုင်းနောက်ခံ အမွေအပေါ်မှာ ဖြစ်ပြီးခဲ့တဲ့ နိုင်ငံရေး အပွင့်ကာလတချို့မှာ ဘယ်လို ပုံဖော်ပြီး နိုင်ငံတကာအာဂျင်ဒါအဖြစ် ဘယ်လို တွန်းတင်သလဲဆိုတာ သိပ်စိတ်ဝင်စားစရာကောင်းတယ်။ ငွေရှိတယ်၊ လူရှိတယ်၊ နက်ဝက်ရှိတယ်၊ အသိပညာရှိတယ်၊ နည်းပညာရှိတယ်ဆိုရင် နိုင်ငံရေးအာဂျင်ဒါတွေကို လိုတဲ့ဘက်ကို တိမ်းညွှတ်အောင် တဖြည်းဖြည်း ပုံဖော်သွားလို့ ရတယ်ဆိုတာ အထင်းသားမြင်ရပါတယ်။ ဒါကတော့ ဥပမာအနေနဲ့ ပြောတာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံရေးဇာတ်ကြောင်းတွေကို ဘယ်လို ပုံဖော်သလဲဆိုတာကို အသေးစိတ်လည်း ကြည့်တတ်ဖို့ လိုတယ်၊ ခြုံငုံပြီးတော့လည်း ကြည့်တတ်ဖို့လိုတယ်။ [Political narratives are often constructed by political leaders, parties, or interest groups to frame events, policies, and ideologies in a way that aligns with their goals and resonates with the public.] ဒီဖွင့်ဆိုချက်မှာ အရေးကြီးတာက Frame ဆိုတဲ့ စကား။ Framing လုပ်တယ်ဆိုတဲ့ စကားလုံး။ ဒါကို ဂျာနယ်လစ်ဇင်မှာလည်း သုံးပါတယ်။ ဝါဒဖြန့်ချိရေးမှာလည်း သုံးလေ့ရှိပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေ၊ အာဏာပိုင်တွေ၊ ပါတီတွေနဲ့ interest group တွေဟာ သူတို့ရဲ့ မျှော်ရည်ချက်တွေနဲ့ ကိုက်ညီတဲ့ အယူအဆတွေ၊ မူဝါဒတွေ၊ ဖြစ်ရပ်တွေကို ဘယ်လို နည်းနဲ့ ပုံဖော်သလဲ၊ ဘယ်လိုနည်းနဲ့ ပဲ့တင်ထပ်စေသလဲဆိုတာဟာ သိပ်စိတ်ဝင်စားစရာကောင်းတယ်။ ဒီဘက်ခေတ်မှာ လူထုခေါင်းဆောင်လုပ်တဲ့သူတွေ၊ နိုင်ငံရေးခေါင်းဆောင်လုပ်တဲ့သူတွေက ဒါတွေကို သေချာ မြင်အောင် ကြည့်ကြတာတွေ့ရတယ်။ နိုင်ငံရေးဇာတ်ကြောင်းတွေကို ပုံဖော်ဖြန့်ချိတဲ့နေရာမှာ အရေးကြီးတဲ့စကားလုံး တစ်လုံး ရှိတယ်။ [Controlling the Discourse] တဲ့။ လူထုထဲမှာ ပျံ့နေတဲ့ discourse တွေ ရှိတယ်။ Discourse တွေကို ဘယ်လို ဘယ်လို ထိန်းချုပ်မလဲ။ အဲသည့်နေရာမှာ အရေးကြီးတာက အနက်ဖွင့်မှုတွေ။ အနက်ဖွင့်ဆိုမှုတွေ၊ အနက်ပြန်ဆိုမှုတွေ။ ဖြစ်ရပ်တစ်ခု ဖြစ်ပျက်တာ မှား၏ မှန်၏ ဆိုတာကို လူထုထဲမှာ ဘယ်လို ပျံ့နှံ့စေမှာလဲ။ အဲသည့်အတွက် မီဒီယာတွေက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ လူထုရဲ့ အမြင်တွေ၊ လူထုရဲ့ သဘောထားတွေကို ပုံဖော်ထိန်းချုပ်နိုင်ဖို့အတွက် လူထုထဲမှာ ပျံ့နေတဲ့ discourse တွေကို ဘယ်လို ထိန်းချုပ်မလဲ၊ ဘယ်လို ပုံဖော်တည်ဆောက်မလဲ။ တကယ်တော့ ဒါက ဝါဒဖြန့်ချိရေးနည်းနာတွေ ဖြစ်သလို၊ တစ်ဖက်မှာလည်း ပြည်သူ့ဆက်ဆံရေးလို့ခေါ်တဲ့ PR - ပီအာ လုပ်ငန်းတွေဖြစ်တာတွေ့ ရပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ်မှာ လူမှုကွန်ယက်မီဒီယာနဲ့ အင်တာနက်ကြောင့် အာဏာပိုင်တွေက မောင်ပိုင်စီးထားလို့ မရနိုင်တော့ပါဘူး။ ဘယ်လောက်ပဲ အမြော်အမြင် ရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေဖြစ်ပါစေ၊ ထိန်းချုပ် ပုံဖော်ဖို့ ခဲယဉ်းသွားတယ်။ ပိုဆိုးတာက အနောက်တိုင်းက ဒေါ်လာနဲ့မောင်းနဲ့ မီဒီယာတွေကနေ ဖောက်ထွက်ဖို့ ခက်လှတယ်။ ဒေါ်လာနဲ့ မောင်းတဲ့ နိုင်ငံရေးအာဂျင်ဒါတွေ ရှိတယ်။ ဒါတွေကို ဘယ်လိုနည်းနဲ့ ပုံဖော် ညွှန်းဆိုစေမှာလဲ။
Показать все...
1
လူဟာ ဘဝကို တန်ဖိုးထားသင့်တယ်။ လူဟာ ဘဝကို တန်ဖိုးထားရင်၊ ဘဝမှာ "ပြီးကပစ်" မနေဖြစ်တော့ဘူး။ "ဖြစ်ကတတ်ဆန်း" မနေဖြစ်တော့ဘူး။ အစားစားရင်လည်း၊ ဂရုတစိုက်စားမယ်။ ကိုယ့်မှာ အပူအအေးမျှသလားဆိုတာကို ချင့်တွက်တတ်လာမယ်။ ဝတ်ရင်လည်း သက်သောင့်သက်သာ ဖြစ်ရဲ့လား ဆိုတာကို ကြည့်ပြီး ဝတ်မယ်။ အလှုပ်အရှားနည်းနေသလား၊ ချွေးထွက်များသလားဆိုတာကို ဂရုတစိုက် ကြည့်ဖြစ်မယ်။ အထူးသဖြင့် ကိုယ့်ရဲ့ ဘိုင်အိုရမ်သမ်ကို သေချာ နားထောင်မယ်၊ သေချာ ကြည့်မယ်။ ဒါဆိုရင် လူဟာ စိတ်ရောလူရော ကျန်းမာလာမှာပဲ။ ကျန်းမာတယ်ဆိုရင် လူဟာ ကိုယ်လုပ်စရာ ရှိတာကို အာရုံစိုက်ပြီး လုပ်လာနိုင်မယ်။ အာရုံစိုက်ပြီး လုပ်တဲ့ အလုပ်တိုင်းက ကွာလတီ ပိုပြီးတက်လာမယ်။ ကိုယ်လုပ်တဲ့အလုပ်က ကွာလတီတက်တယ်ဆိုရင် ကိုယ့်ဘဝကလည်း ကွာလတီတက်လာမှာပဲ။ ကိုယ့်ရဲ့ ပြောပုံဆိုပုံ၊ ကိုယ့်ရဲ့ တွေးပုံခေါ်ပုံက ပိုပြီး ကောင်းလာမယ်။ စိတ်ကိုလည်း ထားတတ်လာမယ်။ လောကကို မြင်ပုံကြည့်ပုံကလည်း မျှမျှတတဖြစ်လာမယ်။ ဘဝကို တန်ဖိုးထားရင် တစ်ဖက်စောင်းနင်းလုပ်တာတွေ၊ ဖြစ်ကတတ်ဆန်းလုပ်တာ ပြောတာတွေကို သိပ်မလုပ်ဖြစ်တော့ဘူး။ ကိုယ့်ရဲ့ နှုတ်ထွက်စကားကိုလည်း အလေးအနက်ထားလာမယ်။ ကိုယ့်ရဲ့ အပြုအမူကိုလည်း သေးသေးဖွဲဖွဲရယ်လို့ လက်လွှတ်စပယ် ထားလိုက်တာမျိုး မလုပ်တော့ဘူး။ ဘဝကို တန်ဖိုးထားတယ်ဆိုရင် ကိုယ်နေရမယ့် နေရာကိုလည်း သေချာ ရွေးချယ်တတ်လာမယ်။ ကိုယ်လုပ်ရမယ့် အလုပ်ကိုလည်း သေချာ ရွေးချယ်ရဲလာမယ်။ ကိုယ်ပေါင်းရမယ့်လူကိုလည်း သေချာ စိစစ်တတ်လာမယ်။ ကိုယ်စားမယ့် အစားအစာကိုလည်း သေချာ ဂရုဓမ္မထားပြီး ရွေးချယ် ချင့်ချိန် စားသောက်တတ်လာမယ်။ လူဟာ ဒီလိုဖြစ်ဖို့ အရေးကြီးတယ်။ အထူးသဖြင့် ဒီဘက်ခေတ်မှာ ပိုပြီး အရေးကြီးတယ်။ ခေတ်က ဆိုးလာလေလေ၊ လူတွေရဲ့ စရိုက်တွေက သိပ်ကို ကြမ်းတမ်းလာလေလေပဲ။ ကြမ်းတမ်းလာတာထက် ယုတ်ညံ့လာတာက ပိုဆိုးတယ်။ အဲသည့်လို ဝန်းကျင်မှာ ကိုယ့်ကိုယ်ကို သီးသီးသန့်သန့်လေး ထားထားနိုင်ဖို့ဆိုတာကလည်း ခက်သားလား။ ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ် သတိနဲ့ နေထိုင်ရင် ပိုပြီး ကွာလတီဖြစ်တဲ့ အချိန်တွေကို စုမိဆောင်းမိလာမှာပါ။ ဘဝမှာ ဖြတ်လျှောက်ရတဲ့ အချိန်တစ်ဖြတ်ချင်းစီဟာ ကိုယ့်အတွက် အဓိပ္ပာယ်တစ်ခုချင်းစီ ဆောင်နေနိုင်ဖို့ လိုတယ် မဟုတ်လား။
Показать все...
19👍 5🥰 1
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.