cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

Eleven Sports

Больше
Мьянма4 038Бирманский3 636Спорт3 709
Рекламные посты
17 980
Подписчики
+1124 часа
+1837 дней
+79530 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

#EURO2024 ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စု(B) ခရိုအေးရှား - အီတလီ ပွဲထွက်လူစာရင်း (မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီ) Photos: UEFA Euro 2024
Показать все...
ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စု(B) အယ်လ်ဘေးနီးယား - စပိန် ပွဲထွက်လူစာရင်း (မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီ) Photos: UEFA Euro 2024
Показать все...
🤔 1
#EURO2024 ကွန်တေသည် ဆော်ဒီလိဂ်၏ အရည်အသွေးအတွက် သက်သေပြချက်ဟု လာပေါ့တ် ဆို Read More - - - >>> https://news-eleven.com/article/292999
Показать все...
ကွန်တေသည် ဆော်ဒီလိဂ်၏ အရည်အသွေးအတွက် သက်သေပြချက်ဟု လာပေါ့တ် ဆို

စပိန်နောက်ခံလူ လာပေါ့တ်က ယူရိုပြိုင်ပွဲ၌ ပြင်သစ်အသင်းနှင့်အတူ ကွန်တေ ခြေစွမ်းပြနေခြင်းမှာ ဆော်ဒီလိဂ်ပြိုင်ပွဲ၏ အရည်အသွေးအတွက် သက်သေပြချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ကွန်တေသည် ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်း၌ ကစားနေသူဖြစ်ပြီး ပြင်သစ်အသင်း ယှဉ်ပြိုင်ပြီးခဲ့သည့် အုပ်စုနှစ်ပွဲစလုံးတွင် ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု ရရှိခဲ့သူဖြစ်သည်။ လာပေါ့တ်မှာလည်း ဆော်ဒီကလပ် အယ်လ်နာဆာအသင်းတွင် ကစားနေသူဖြစ်ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲ၌ ဆော်ဒီလိဂ်မှ ကစားသမား (၁၄)ဦး ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

👍 4
FIFA-MFF ယူ-၁၇ လိဂ် ပြိုင်ပွဲ ပွဲစဉ်(၂၀) အပြီးတွင် ရခိုင်ယူနိုက်တက်အသင်း ဦးဆောင် Read More - - - >>> https://news-eleven.com/article/293010
Показать все...
FIFA-MFF ယူ-၁၇ လိဂ် ပြိုင်ပွဲ ပွဲစဉ်(၂၀) အပြီးတွင် ရခိုင်ယူနိုက်တက်အသင်း ဦးဆောင်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) တို့ ပူပေါင်း၍ ၂၀၂၄  FIFA-MFF ယူ-၁၇ လိဂ်ပြိုင်ပွဲကို ကျင်းပပြုလုပ်နေပြီး ပွဲစဉ်(၂၀) အပြီးတွင် ရခိုင်ယူနိုက်တက်အသင်းက အမှတ်ပေးဇယားကို ဦးဆောင်ခဲ့ကြောင်း သိရသည်။ ပွဲစဉ်(၂၀) ကို ပြီးခဲ့သည့် ဇွန် ၂၁၊ ၂၂၊ ၂၃ ရက်များက ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

👍 4 1
ဂျူဗင်တပ်စ်နှင့် ဗီလာအသင်း ကစားသမားအလဲအထပ်အတွက် သဘောတူညီမှု ရရှိ Read More - - - >>> https://news-eleven.com/article/292997
Показать все...
ဂျူဗင်တပ်စ်နှင့် ဗီလာအသင်း ကစားသမားအလဲအထပ်အတွက် သဘောတူညီမှု ရရှိ

အက်စတွန်ဗီလာအသင်းနှင့် ကစားသမားအလဲအထပ်အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ဂျူဗင်တပ်စ်အသင်းက အတည်ပြုကြေညာခဲ့သည်။ ဂျူဗင်တပ်စ်အသင်းသည် ဗီလာမှ ဘရာဇီးလ်ကွင်းလယ်လူ ဒူးဂလပ်စ်လူးဝစ်ဇ်ကို ခေါ်ယူမည်ဖြစ်ပြီး အသင်းကြယ်ပွင့်များဖြစ်သည့် အာဂျင်တီးနားကွင်းလယ်လူ ဘာရန်နက်ချယ်ယာနှင့် အင်္ဂလန်တောင်ပံကစားသမား အီလင်းဂျူနီယာတို့မှာ ဗီလာအသင်းထံ ပြောင်းရွှေ့ရမည်ဖြစ်သည်။ ဒူးဂလပ်စ်လူးဝစ်ဇ်၏ ပြောင်းရွှေ့ကြေးကို ယူရို သန်း(၅၀)သတ်မှတ်ထားပြီး ဘာရန်နက်ချယ်ယာနှင့် အီလင်းဂျူနီယာတို့ နှစ်ဦးအတွက် ယူရို(၂၂)သန်းနှင့် Add-ons ကြေး ယူရို (၃)သန်းရှိကြောင်း သိရသည်။

👍 7 1
၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၌ ဘရာဇီးလ်အသင်း၏လူစာရင်း ယူရို(၁.၂၇) ဘီလီယံဖြင့် တန်ဖိုးအများဆုံးအဖြစ်ရပ်တည်နေဟု Transfermarkt ဖော်ပြ Read More - - - >>> https://news-eleven.com/article/292995
Показать все...
၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၌ ဘရာဇီးလ်အသင်း၏လူစာရင်း ယူရို(၁.၂၇) ဘီလီယံဖြင့် တန်ဖိုးအများဆုံးအဖြစ်ရပ်တည်နေဟု Transfermarkt ဖော်ပြ

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၌ ဘရာဇီးလ်အသင်း၏လူစာရင်းမှာ တန်ဖိုးအများဆုံးအဖြစ် ယူရို(၁.၂၇)ဘီလီယံဖြင့် ရပ်တည်နေကြောင်း Transfermarkt ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။ ဘရာဇီးလ်အသင်းသည် နာမည်ကျော်ကစားသမား အများအပြားဖြင့် ဖွဲ့စည်းထားသောကြောင့် လက်ရှိစျေးကွက်တန်ဖိုးအရ ကိုပါအမေရိကပြိုင်ပွဲ၌ တန်ဖိုးအများဆုံးလူစာရင်းကို ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ယူရို-၂၀၂၄ ပြိုင်ပွဲဝင်အသင်းများ၏ လူစာရင်းနှင့် နှိုင်းယှဉ်ကြည့်လျှင်လည်း အင်္ဂလန်အသင်း၏နောက် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

👍 10
ကိုပါအမေရိကပြိုင်ပွဲ အုပ်စု(D) ပွဲကြိုသုံးသပ်ချက် Read More - - - >>> https://news-eleven.com/article/292993
Показать все...
ကိုပါအမေရိကပြိုင်ပွဲ အုပ်စု(D) ပွဲကြိုသုံးသပ်ချက်

ကိုလံဘီယာ နှင့် ပါရာဂွေး (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၄း၃၀ နာရီ) ကိုလံဘီယာအသင်းက ခေတ်ကောင်းတစ်ခေတ်ကို ပြန်ရောက်ဖို့ လမ်းစပြင်နေတယ်။ အိမ်ရှင် အမေရိကန်အသင်းကို ခြေစမ်းပွဲမှာ ဂိုးပြတ်အနိုင်ကစားပြလိုက်တာက ကိုလံဘီယာရဲ့ လက်ရှိဖြစ်တည်စွမ်းကို လှစ်ဟပြနေသလိုပါပဲ။ ကစားသမားစုဖွဲ့မှုကလည်း နေရာစုံမှာ တောင့်တင်းနေတဲ့အနေအထားကို တွေ့နေရတယ်။ ပါရာဂွေးအသင်းကတော့ အယ်လ်မီရွန်၊ ဘရေရီတန်တို့ ဦးဆောင်တဲ့အားနဲ့ ရင်ဆိုင်မှာဖြစ်ပေမဲ့ ကိုလံဘီယာနဲ့ယှဉ်ရင်တော့ တစ်ဆင့်နိမ့်နေတယ်။ ကိုလံဘီယာပဲ နိုင်ဖို့များတယ်။

👍 14
TGL-7 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ကျော်စွာဝင်းနှင့် အမေရိကန် MMA ဖိုက်တာ ဘရတ်ပါဆတိုရီ ယှဉ်ပြိုင်ထိုးသတ်မည် Read More - - - >>> https://news-eleven.com/article/293008
Показать все...
TGL-7  မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ကျော်စွာဝင်းနှင့် အမေရိကန် MMA ဖိုက်တာ ဘရတ်ပါဆတိုရီ ယှဉ်ပြိုင်ထိုးသတ်မည်

TGL-7 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ကျော်စွာဝင်းနှင့် အမေရိကန် MMA ဖိုက်တာ ဘရတ်ပါဆတိုရီ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။ The Great Lethwei(TGL) အဖွဲ့အစည်းသည် ပြည်တွင်း၌ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို ကျင်းပနေလျက်ရှိပြီး လာမည့်ဇူလိုင် ၇ ရက်တွင် ရန်ကုန်မြို့၌ TGL-7 မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်သည်။

👍 7👏 2
#EURO2024 သြစတြီးယားနှင့်ပွဲတွင် ပိုလန်ပရိသတ်တစ်ဦး ပွဲကြည့်စင်ပေါ်မှ ပြုတ်ကျ Read More - - - >>> https://news-eleven.com/article/292994
Показать все...
သြစတြီးယားနှင့်ပွဲတွင် ပိုလန်ပရိသတ်တစ်ဦး ပွဲကြည့်စင်ပေါ်မှ ပြုတ်ကျ

ပိုလန် ၁-၃ သြစတြီးယားပွဲတွင် ပိုလန်ပရိသတ်တစ်ဦး ပွဲကြည့်စင်ပေါ်မှ ပြုတ်ကျခဲဲ့သည့်အတွက် ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း သိရသည်။ ယင်းပွဲကို ဘာလင်မြို့မှ အိုလံပစ်ကွင်းတွင် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး သြစတြီးယားပရိသတ်များ အောင်ပွဲခံနေစဉ် ပိုလန်ပရိသတ် ပြုတ်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းသည် (၃)မီတာအမြင့်မှ ပြုတ်ကျခဲ့ခြင်းဖြစ်ပြီး သတိလစ်သွားသည့်အတွက် ကွင်းအတွင်းမှ ဆေးအဖွဲ့က အရေးပေါ်ကုသပေးခဲ့ပြီးနောက် ဆေးရုံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းပရိသတ် အမှန်တကယ်ပြုတ်ကျခြင်းဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

👍 6😢 3
ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စု(B) ပွဲကြိုသုံးသပ်ချက် Read More - - - >>> https://news-eleven.com/article/292992
Показать все...
ယူရို-၂၀၂၄ ပြိုင်ပွဲ အုပ်စု(B) ပွဲကြိုသုံးသပ်ချက်

ခရိုအေးရှား နှင့် အီတလီ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

👍 16 1
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.