ru
Feedback
AlpHa's Sharing ( FMMC )

AlpHa's Sharing ( FMMC )

Открыть в Telegram
546
Подписчики
Нет данных24 часа
Нет данных7 дней
Нет данных30 дней

Загрузка данных...

Облако тегов
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Входящие и исходящие упоминания
---
---
---
---
---
---
Привлечение подписчиков
декабрь '24
декабрь '24
+10
в 0 каналах
ноябрь '24
+28
в 0 каналах
Get PRO
октябрь '24
+47
в 0 каналах
Get PRO
сентябрь '24
+50
в 0 каналах
Get PRO
август '24
+2
в 0 каналах
Get PRO
июль '24
+47
в 0 каналах
Get PRO
июнь '24
+41
в 0 каналах
Get PRO
май '24
+8
в 0 каналах
Get PRO
апрель '24
+8
в 0 каналах
Get PRO
март '24
+33
в 0 каналах
Get PRO
февраль '24
+78
в 0 каналах
Get PRO
январь '24
+99
в 0 каналах
Get PRO
декабрь '23
+371
в 0 каналах
Дата
Привлечение подписчиков
Упоминания
Каналы
21 декабря0
20 декабря+1
19 декабря0
18 декабря+1
17 декабря+1
16 декабря0
15 декабря+1
14 декабря+2
13 декабря0
12 декабря0
11 декабря0
10 декабря0
09 декабря0
08 декабря0
07 декабря+2
06 декабря0
05 декабря0
04 декабря+2
03 декабря0
02 декабря0
01 декабря0
Посты канала
ဒီနေ့ကစပြီး Page ရော၊ Account ရော၊ Channel ရော၊ Group ရောကနေ ခတ္တအနားယူပါပြီခင်ဗျာ။ ဘယ်ချိန် ပြန်လည်စတင်ဖြစ်မယ်ဆိုတာကို မသိပါ
ဒီနေ့ကစပြီး Page ရော၊ Account ရော၊ Channel ရော၊ Group ရောကနေ ခတ္တအနားယူပါပြီခင်ဗျာ။ ဘယ်ချိန် ပြန်လည်စတင်ဖြစ်မယ်ဆိုတာကို မသိပါဘူး။ ဝင်္ကပါထဲထွက်ချိန်ရောက်ပြီမို့လို့ ဖြစ်ပါတယ်။ အားလုံး‌ဘေးကင်းကျန်းမာပြီး လိုရာဆန္ဒပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ ... 🎉🎉🎊 We win or we learn AlpHa (FMMC)

2
Нет текста...
337
3
Crypto သုံးပြီးလိမ်နည်းတွေကို ရသလောက် မှတ်စုလုပ်ပြီး လေ့လာနေတယ်။ ငွေပေးငွေယူကို Crypto သုံးလို့သာ Crypto လိမ်နည်းပြောတာပါ။ အချို့နည်းတွေက ရွာဘုရားပွဲမှာရော ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီအတုတွေမှာရော သုံးတဲ့နည်းတွေပါပဲ။ လိမ်နည်းတွေကတော့ အမျိုးကို စုံနေတာပဲ။ တခုနဲ့တခု ဆင်တူတာတွေရော၊ ဆင်မတူတာတွေရော။ နည်းပညာတွေကြောင့် စနစ်တွေပြောင်းလဲလာပေမယ့် စိတ်ကိုပစ်မှတ်ထားတိုက်ခိုက်ပုံချင်းတော့ တူတယ်။ Dark Psychology ကိုသုံးတယ်။ ယုတ္တိကျကျစဉ်းစားတဲ့အပိုင်းရပ်သွားပြီး စိတ်ခံစားမှုကိုလှုံဆော်ဖို့ ကြိုးစားတာချင်း တူတယ်။ 👉 လောဘမကြီးတတ်၊ 👉 မကြောက်တတ်၊ 👉 သူများကို ဖျံမကျတတ် (ဒါက ထူးဆန်းတယ်နော်၊ ကတုံးပေါ်ထိပ်ကွက်လုပ်တာ၊ လူလည်တွေကို ရိုးအချင်ယောင်ဆောင်ပြီး ငါးစာချတာ၊ ငါးမျှားသလိုပဲ၊ ဘယ်လိုအကောင်ဆိုရင် ဘယ်ငါးစာသုံးရမယ်ဆိုတဲ့နည်းနစ်နဲ့ 😅) 👉 နည်းပညာအလှမ်းမဝေးပဲ ပြဿနာတိုင်းကို ခေါင်းအေးအေးနဲ့ စဉ်းစားတုန့်ပြန်တတ်သူတွေကိုတော့ လိမ်လို့မရဘူး။ 👉 နောက်တစ်ခုက မြှောက်တိုင်းမမြောက်တတ်ဖို့နဲ့ အယုံမလွယ်ဖို့လည်းလိုတယ်။ 👉 အရမ်းမချစ်တတ်ဖို့လည်း လိုတယ်။ ဒါက Point 😅 Romance Scams က ကမ္ဘာပေါ်က ဒုတိယအမြတ်အများဆုံးရရှိတဲ့ လိမ်လည်နည်း ဖြစ်ပါတယ်တဲ့။ We win or we learn AlpHa (FMMC)
295
4
ရင့်ကျက်မှုဆိုတာ ကြီးကျယ်တဲ့အရာတွေကို စတင်ပြောဆိုချိန် မဟုတ်ပါဘူး။ သေးငယ်တဲ့အရာတွေကို စတင်နားလည်ချိန် ဖြစ်ပါတယ်။
ရင့်ကျက်မှုဆိုတာ ကြီးကျယ်တဲ့အရာတွေကို စတင်ပြောဆိုချိန် မဟုတ်ပါဘူး။ သေးငယ်တဲ့အရာတွေကို စတင်နားလည်ချိန် ဖြစ်ပါတယ်။
240
5
The Seven Principles of Consistency ရဲ့ နံပါတ် (၁) အချက်က "ငါ့ရဲ့အဝင်အထွက်စနစ်ကို ခံစားမှုမပါပဲ ယထာဘူတကျကျရေးဆွဲထားတယ်" တဲ့။
The Seven Principles of Consistency ရဲ့ နံပါတ် (၁) အချက်က "ငါ့ရဲ့အဝင်အထွက်စနစ်ကို ခံစားမှုမပါပဲ ယထာဘူတကျကျရေးဆွဲထားတယ်" တဲ့။                 ဖြစ်နိုင်ချေတွေကိုစဉ်းစားပြီး အကျိုးအများဆုံးဖြစ်စေမယ့်တသမတ်တည်းလုပ်ဆောင်ချက်ကို သတ်မှတ်ရတဲ့အချိန်တိုင်းမှာ အဲဒီမှတ်ကျောက်တွေနဲ့ ပြန်တိုက်စစ်ကြည့်လေ့ရှိတယ်။ The Five Truths about Trading နဲ့ The Seven Principles of Consistency က ကိုယ့်အတွက် Guideline ပဲ။ အဲဒီဘောင်အတွင်းမှာ ပြေးချင်သလိုပြေး၊ အပြင်ထွက်ရင်တော့ အမဲဖျက်မယ့်ကောင်တွေနဲ့ ရင်ဆိုင်ရမယ်။                  We win or we learn                  AlpHa (FMMC)
238
6
Нет текста...
224
7
Trading Edge က စည်းကမ်းလိုပဲ။ ပြင်လို့ရတယ်၊ ဖောက်ဖျက်လို့မရဘူး။ ကိုယ်ပိုင်စည်းကမ်းဆိုတော့ မကြိုက်ရင် ကိုယ့်ဟာကိုယ်ပြင်လို့ရတယ်။ ဖောက်ဖျက်ချင်တိုင်း ဖောက်ဖျက်လို့‌တော့မရဘူး။ ဖောက်ဖျက်လိုက်ရင် စည်းကမ်းမရှိတဲ့လူ ဖြစ်သွားရော။ စည်းကမ်းမရှိရင် မထိန်းကွပ်နိုင်ဘူး။ မထိန်းကွပ်နိုင်ရင် ဘယ်လိုကြီးပွားအောင်လုပ်မလဲ။ ကံ (Luck) ကိုပဲ အားကိုးရမလို ဖြစ်နေမှာပေါ့။ Trading Edge ကို ပြုပြင်ဖန်တီးရာမှာ လှေနံဓါးထစ်မမှတ်သင့်ဘူး။ ထန်းသီးကြွေခိုက် ကျီးနင်းခိုက်ဖြစ်တာကို ကျီးကြောင့်ထန်းသီးကြွေတာလို့ မယူဆသင့်ဘူး။ အခြားဖြစ်နိုင်ခြေတွေကို ထည့်သွင်းစဉ်းစားရမယ်။ သက်ရောက်မှုအရှိဆုံးကို ရွေးယူပြီး Trading Edge ထဲမှာ ထည့်ရမယ်။ ကိုယ်ဖြစ်ချင်တာ၊ လိုချင်တာကို Trading Edge ထဲမှာ ဇွတ်ထည့်လို့ မရဘူး။ ဈေးကွက်က ဖြစ်နေတာကို မြင်အောင်ကြည့်ပြီး အလိုက်သင့်ဖန်တီးရမယ်။ Trading ရဲ့ အမှန်တရားတွေနဲ့ကိုက်ညီတဲ့ဘောင်အတွင်းမှာ ဖန်တီးရတယ်။ ဘာလို့ ဒါကိုပြောလဲဆိုတော့ ကိုယ်ယူဆချင်သလိုယူဆတဲ့အခါ လူဟာ သူများကိုဖုံးကွယ်နိုင်ပေမယ့် ကိုယ့်ကိုကိုယ် မဖုံးကွယ်နိုင်ဘူး။ အဲဒီ Trader ဟာ သူ့ Trading Edge ကို သူမယုံကြည်သလို အလိုမပြည့်တာကိုလည်း ခံစားနေရလိမ့်မယ်။ Trading Edge ဖန်တီးတဲ့အခါ ကိုယ့်ကိုကိုယ် မေးခွန်းတွေမေးပြီး စဉ်းစားဖို့ လိုအပ်တယ်။ "ဒီလိုစဉ်းစားတာက တကယ်သက်ရောက်မှု ရှိလို့လား"၊ "မှန်ရောမှန်ရဲ့လား"၊ "ဈေးကွက်ရဲ့သဘောသဘာဝနဲ့ရော နီးစပ်ရဲ့လား"လို့ မေးကြည့်သင့်တယ်။ အတွေ့အကြုံရင့်လာရင် ကိုယ့်ဟာကိုယ်ဖြေတတ်လာပါလိမ့်မယ်။ အစပိုင်းမှာတော့ အများကြီးသိထားတာမရှိတော့ ဖြေတတ်ဦးမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ ကိုယ်ထူကိုယ်ထ Trader တွေက Learn, Unlearn လုပ်ကြရတာ။ သင်ယူပြီးရင် ကိုယ့်အတွက်အသုံးမဝင်တာတွေကို စွန့်ပစ်လိုက်ရတယ်။ Trader တယောက်ရဲ့ခရီးမှာ အချို့ပညာရပ်ပိုင်းတွေကို စွန့်ပစ်လိုက်ရတာတွေ ရှိတယ်။ ခရီးတွင်ဖို့ပေါ့။ We win or we learn AlpHa (FMMC)
222
8
Нет текста...
209
9
Crypto Trade မယ်ဆိုရင် ဆက်သွယ်ချက်အနေနဲ့ USDT.D ၊ BTC.D နဲ့ BTC ကို ကြည့်လေ့ရှိပါတယ်။ USDT.D နဲ့ BTC.D ဆိုတာက USDT Dominance နဲ့ BTC Dominance ကိုဆိုလိုတာပါ။ Dominance ဆိုတာကတော့ ဈေးကွက်အတွင်းလွှမ်းမိုးနိုင်စွမ်းကို ရာခိုင်နှုန်းနဲ့ပြတဲ့ သက်ဆိုင်ရာ Cryptocurrency ရဲ့အညွှန်းကိန်းဖြစ်ပါတယ်။ တွက်နည်းကတော့ USDT Dominance ဆိုရင် USDT Market Cap ကိုတည်၊ Top 125 Cryptocurrency ရဲ့ Overall Market Cap နဲ့စား၊ 100 နဲ့မြှောက်ပါတယ်။ 100 နဲ့မြှောက်တာက % ပြောင်းချင်လို့ပါ။ BTC Dominance ဆိုရင် BTC Market Cap ကိုတည်၊ Top 125 Cryptocurrency ရဲ့ Overall Market Cap နဲ့စား၊ 100 နဲ့မြှောက်ပါတယ်။ Market Cap ဆိုတာကတော့ သက်ဆိုင်ရာ Cryptocurrency ရဲ့ Circulating Supply နဲ့ Current Price ကိုမြှောက်ထားတဲ့တန်ဖိုးပါ။ BTC Dominance တက်လာတာက Alt Coin တွေဆီကငွေထုတ်ပြီး BTC ဖက်မှာပြောင်းရင်းနှီးမြှုပ်နှံကြလို့ ဖြစ်နိုင်ပါတယ်။ BTC Dominance ကျလာတာက BTC ကနေငွေတွေထုတ်ယူပြီး Alt Coin တွေဖက်မှာ ရင်းနှီးမြှုပ်နှံလို့ဖြစ်နိုင်ပါတယ်။ USDT Dominance တက်လာတာက Cryptocurrency တွေရောင်းချပြီး Stable Coin တွေပြောင်းကိုင်ထားလို့ ဖြစ်နိုင်ပါတယ်။ USDT Dominance ကျလာတာက Cryptocurrency တွေ အဝယ်လိုက်ပြီး Cryptocurrency ဖက်မှာ ပြောင်းလဲရင်းနှီးမြှုပ်နှံကြလို့ ဖြစ်နိုင်ပါတယ်။ အခြားဖြစ်နိုင်ချေနဲ့ အခြေအနေတွေရှိနိုင်သေးပေမယ့် လိုရင်းက Trading အကြောင်းရေးချင်တာမို့လို့ အသေးစိတ်ထပ်မရေးတော့ပါဘူး။ အဲတော့ ဆက်ရအောင်။ Chart ကြည့်ပြီဆိုရင် USDT.D ကို အရင်ကြည့်လိုက်တယ်။ တက်နေရင် Crypto ကျနေပြီ၊ ကျနေရင် Crypto တက်နေပြီလို့ အကြမ်းဖျင်းယူဆလိုက်တယ်။ ပြီးရင် BTC.D ကိုဆက်ကြည့်တယ်။ BTC.D တက်နေရင် BTC တက်နေပြီ၊ BTC.D ကျနေရင် BTC ကျ (ဒါမှမဟုတ်) Alt တက်နေပြီလို့ အကြမ်းဖျင်းယူဆလိုက်တယ်။ ရှင်းသွားအောင် မြှားလေးတွေနဲ့ ပြပေးပါမယ်။ 🔰USDT.D ⬆️ 👉Crypto (BTC+Alt) ⬇️ 🔰USDT.D ⬇️ 👉Crypto (BTC+Alt) ⬆️ 🔰BTC.D ⬆️ 👉 BTC ⬆️ (or) Alt ⬇️ 🔰BTC.D ⬇️ 👉 BTC ⬇️ (or) Alt ⬆️ 🎯USDT.D ⬆️ BTC.D ⬆️ 👉 Alt ⬇️ 🎯USDT.D ⬆️ BTC.D ⬇️ 👉 BTC ⬇️ 🎯USDT.D ⬇️ BTC.D ⬆️ 👉 BTC ⬆️ 🎯USDT.D ⬇️ BTC.D ⬇️ 👉 Alt ⬆️ အောက်ကနှစ်စုံကို သိရင် ရပါပြီ။ အပေါ်နှစ်စုံက သဘောတရားနားလည်အောင် ပြထားတာပါ။ Chart ကြည့်ရင် USDT.D ၊ BTC.D နဲ့ BTC (၃) ခုကို အတွဲလိုက်ဆက်တိုက်ကြည့်သွားပါတယ်။ Alt ⬆️ Alt ⬇️ မြင်ပြီဆိုရင် Alt တိုင်းက အတက်အကျဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ အချို့ Alt တွေ သိသိသာသာတက်တာကျတာမျိုးကို ဆိုလိုတာပါ။ အဲဒီတိုင်မင်ကိုကြည့်ပြီး BTC အလှည့်လာမလား၊ Alt အလှည့်လာမလား ခန့်မှန်းပြီး အားကောင်းကောင်းနဲ့ရွေ့လျားမယ့်ဖက်ကို ဝင် Trade ပါတယ်။ Sideway ဖြစ်နေတတ်တဲ့အခြေအနေကို ထည့်မရေးထားပါဘူး။ အဲဒါထည့်ရေးလိုက်ရင် ပိုရှုပ်သွားမှာမို့လို့ပါ။ အဲဒီအဆက်အစပ်ကို Live Market မှာကြည့်ပါများရင် အမြင်အသားကျပြီး တဖြည်းဖြည်းနားလည်သဘောပေါက်လာပါလိမ့်မယ်။ အောင်မြင်တဲ့ Trader တွေ ဖြစ်ကြပါစေခင်ဗျာ ... We win or we learn AlpHa (FMMC)
238
10
Trading အတွက် Crypto Dominance နဲ့ ဆက်သွယ်ချက်တွေအကြောင်းရေးလိုက်တာ ဖတ်ရမယ့်သူတော့မသိဘူး။ ရေးတဲ့သူပါ မူးသွားတယ်။ စရေးတုန်းက ခဏပဲဆိုပြီးရေးလိုက်တာ ခုထိကို မပြီးသေးဘူး 😅
173
11
Нет текста...
207
12
ကျွန်တော် သင်တန်းဖွင့်ထားတာမျိုး မရှိပါဘူးခင်ဗျာ။ ခဏခဏ လာမေးကြလို့ပါ။ အချိန်သီးသန့် မပေးချင်လို့ပါ။ ပြီးတော့ နိုင်ငံကလည်း ခက်ခဲကြပ်တည်းချိန်မို့ စမ်းတဝါးဝါးမှန်းသွားနေရသူတွေအဆင်ပြေပါစေဆိုပြီး ကိုယ့်ရဲ့အတွေ့အကြုံတွေ၊ ကိုယ်လေ့လာရရှိလိုက်တဲ့ပညာတွေကို အခမဲ့မျှဝေပေးလိုက်တာပါ။ ကျွန်တော်သာ Newbie ဘဝက ဒီလိုမျှဝေမှုတွေရရှိခဲ့ရင် စောစော Trader ဖြစ်ခဲ့မှာပါ။ ကျွန်တော်မရခဲ့တာတွေကို Fmmer တို့ကို အခမဲ့ပေးပါတယ်။ သင်တန်းတွေက Trading ပညာသင်ပေးနိုင်ပေမယ့် Trader ဖြစ်ဖို့ကျ ကိုယ်နဲ့ပဲဆိုင်ပါတယ်။ ကိုယ်ကောင်းရင် သင်တန်းမတက်ပဲလည်း Trader ဖြစ်နိုင်ပါတယ်။ ကိုယ်မကောင်းရင် သင်တန်းတကာပတ်တက်လည်း Trader မဖြစ်နိုင်ပါဘူး။ အိမ်ထဲမှာ လက်စွပ်ကျပျောက်တာကို မှောင်လို့ဆိုပြီး အိမ်ပြင်ထွက်ရှာလို့ တွေ့မှာမဟုတ်ပါဘူး။ Trader ကလည်း ကိုယ့်စိတ်အတွင်းမှာပျောက်ဆုံးနေတဲ့အရာကို ရှာရတာပါ။ နောက်စာရေးတာကလည်း ကိုယ့်ဟာကိုယ်ကတိ‌ပေးပြီး ရေးဖြစ်နေတဲ့သဘောပါ။ နေ့စဉ်မှတ်တမ်းရေးသလိုပါပဲ။ တခါတလေဆို စာရေးနေရင်းနဲ့မှ ကိုယ့်ဟာကိုယ် ပိုပိုရှာတွေ့လာတာမျိုး ရှိပါတယ်။ နောက်စာရေးမယ်ဆိုရင် အချို့ဝေဝါးနေတဲ့အပိုင်းတွေကို ထပ်လေ့လာရတော့ ကိုယ်မသိသေးတာတွေ ပိုသိလာတာမျိုးလည်း ရှိပါတယ်။ ကိုယ်လေ့လာပြီးတာတွေ မျှဝေလိုက်တော့ ဖတ်သူလည်းသိ၊ ကိုယ်လည်းပြန်မှတ်မိတာမျိုးတွေ ရှိပါတယ်။ ကိုယ့်စိတ်ကိုလည်း ပြန်မြင်လာတယ်။ကိုယ့်စိတ်ကိုသိရင် သူများစိတ်ကိုလည်း အနီးစပ်ဆုံးခန့်မှန်းတတ်လာပါတယ်။ ကိုယ်သိစေချင်တာကိုလည်း ဖော်ပြတတ်လာပါတယ်။ သူလည်းအကျိုးရှိ၊ ကိုယ်လည်းအကျိုးရှိမို့လို့ စာရေးနေတာပါ။ မှန်ရမယ်၊ စာနာရမယ်၊ အကျိုးရှိရမယ်ဆိုတဲ့မူနဲ့ စာရေးပါတယ်။ သူများကို ထိခိုက်ရေးရရင်တောင် သင်ခန်းစာတခုယူစရာရှိမှ ရေးပါတယ်။ ဗြောင်တိုက်ခိုက်တာမျိုး မလုပ်ပါဘူး။ မကောင်းတဲ့ခံစားချက်တွေကို ကိုယ်တိုင်လည်း မခံစားချင်သလို သူများကိုလည်း မပေးချင်ပါဘူး။ ကိုယ့်ခေါင်းကတန်ဖိုးရှိတဲ့အရာတွေနဲ့ပဲ ထိုက်တန်တယ်လို့ ယူဆပါတယ်။ အမှိုက်တွေကို ခေါင်းထဲမထည့်ပါဘူး။ ကိုယ့်ကိုကိုယ်တည်ဆောက်ဖို့ပဲ ပိုအာရုံစိုက်ပါတယ်။ နေ့တိုင်းအသစ်လေ့လာတယ်။ နေ့တိုင်းပြန်မျှဝေတယ်။ လူက တိုးတက်နေရင် အပျက်စိတ်လျော့ပြီး နေပျော်ပါတယ်။ စိတ်က ရေလိုပါပဲ။ အရမ်းအားနေရင် နိမ့်ရာကိုပဲ စီးတတ်ပါတယ်။ အပျက်တွေများနေတဲ့ခေတ်မှာ တုန်လှုပ်နေတဲ့စိတ်အစား တည်ငြိမ်တဲ့စိတ်နဲ့ပဲ တုံ့ပြန်ချင်ပါတယ်။ ဒီတိုင်းအကျိုးများလို့ စာရေးနေတဲ့သဘောပါပဲ။ အားလုံးဘေးကင်းကျန်းမာပြီး လိုရာဆန္ဒပြည့်ပါစေ ... We win or we learn AlpHa (FMMC)
203
13
Нет текста...
162
14
Trading Edge ထဲက (၁) ချက်ချက်နဲ့မကိုက်ညီပေမယ့် Entry ဝင်လိုက်မိတာမျိုး ရှိတတ်တယ်။ TP ရချင်ရမယ်၊ SL ထိချင်ထိမယ်။ ဘာလို့လို့အဲလိုဝင်မိတာလဲဆိုတာကိုလေ့လာကြည့်တော့ အဲဒီအချက်နဲ့ပတ်သက်ပြီး ယုံကြည်မှုမရှိလို့ဆိုတာကို တွေ့ရတယ်။ အဲဒါကိုဘယ်လိုဖြေရှင်းလဲဆိုတော့ အဲဒီအချက်နဲ့ပတ်သက်ပြီး သုတေသနလုပ်ရတယ်။ အဲဒါကို စာအုပ်ထဲမှာ လိုက်ရှာလို့မရဘူး။ Youtube မှာလည်း ရှာလို့မရဘူး။ အခြား Trader တွေဆီမှာလည်း လိုက်ရှာလို့ မရဘူး။ Traing Edge ရဲ့ အသေးစိတ်အချက်ချင်းတူဖို့ မလွယ်ဘူးလေ။ တူရင်တောင် ကိုယ်တိုင်သုတေသနထားတာမဟုတ်ရင် ရာနှုန်းပြည့်မယုံကြည်ဘူး။ ကိုယ်ယုံကြည်ရတဲ့သူပြောလို့ လက်ခံရင်တောင် တကယ့် Live Market ရောက်ရင် Emotion ဝင်လာပြီး ဖောက်ဖျက်မိရော။ အဲလိုဖြစ်ရတာက ယုံကြည်မှုက ကိုယ့်စိတ်မှာ မရှိသေးလို့။ ရေကြောင့်ဖြစ်တဲ့ညွန်ကို ရေနဲ့ဆေးသလို စိတ်မှာဖြစ်တဲ့သံသယကို စိတ်နဲ့ပဲ ရှင်းလင်းအောင်လုပ်ရတာပဲ။ အဲဒါက ကိုယ်တိုင် သုတေသနလုပ်တာပဲ။ သုတေသနဆိုလို့ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ဘူး။ Backtest Result ဒါမှမဟုတ် Trading Journal မှာ သိမ်းထားတဲ့ပုံတွေကိုပြန်ကြည့်ပြီး ကိုယ်သံသယဖြစ်တဲ့အချက်ကို ပြန်ရှာကြည့်ရတယ်။ ဘယ်လိုဆိုရင် TP ရပြီး ဘယ်လိုဆိုရင် SL ထိလဲ၊ ဘာကြောင့် TP ထိတာလဲ၊ ဘာကြောင့် SL ထိတာလဲ၊ အဲဒီအချက်အောက်မှာ အချက်အသေးလေးတွေထပ်ခွဲထည့်ပြီး စမ်းစစ်လိုက်ရင် ပိုပြီးအမှားနည်းသွားမလားဆိုတာတွေကို တကြိမ်ပြီး တကြိမ်နဲ့ အကြိမ်ကြိမ်ပြန်သုတေသနလုပ်ရတယ်။ အကောင်းဆုံးပုံစံရသွားရင် Trading Edge မှာ ပြန်ပေါင်းထည့်ရတယ်။ ကိုယ်တိုင်သုတေသနလုပ်ထားတဲ့ Trading Edge ကို ကိုယ့်ဟာကိုယ်ယုံကြည်လိမ့်မယ်။ Trading Edge ကိုဖောက်ဖျက်မိပြီဆိုရင် အဲဒီ Trading Edge နဲ့ပတ်သက်ပြီး ကိုယ့်မှာလုပ်စရာအလုပ်ရှိနေပြီဆိုတဲ့ သဘော။ We win or we learn AlpHa (FMMC)
206
15
အကြံပြုချက်တွေ ထပ်မလိုတော့ပါဘူး။ လုပ်ကြည့်ဖို့ပဲ လိုတော့ပါတယ်။
237
16
Demo ဖြင့် ၁ ရက် ၁ သန်း ငွေရှာနိုင်ပြီးနောက် ...
Demo ဖြင့် ၁ ရက် ၁ သန်း ငွေရှာနိုင်ပြီးနောက် ...
298
17
Нет текста...
295
18
ဘယ်လိုအချိန်မှာ ကျွန်တော်အမှားလုပ်လေ့ရှိလဲဆိုတဲ့ စိတ်ရဲ့ Pattern ကို ရှာထားတယ်။ ဘယ်လိုအချိန်မှာ စည်းကမ်းပိုင်းလျော့ရဲလာသလဲ၊ ဘယ်လိုအချိန်မှာ ဆုံးဖြတ်ချက်အမှားတွေချဖြစ်လဲ၊ ဘယ်လိုအချိန်မှာ စိတ်ခံစားချက်တွေဝင်လာတတ်သလဲဆိုတာကို လေ့လာထားတယ်။ လူတွေက တစ်ယောက်နဲ့တ‌ယောက်တော့ တူမှာမဟုတ်ဘူး။ ကိုယ့်အကြောင်း ကိုယ်အသိဆုံးဖြစ်ဖို့ပဲ လိုမယ်။ ကျွန်တော်က Risk ကို (၁) ကြိမ်ပဲ ယူတယ်။ Trade တစိခုကို BE ရွှေ့ပြီးမှ နောက် Trade တစ်ခုကို ဝင်တယ်။ အခွင့်အရေးရရင်ရသလို တပြိုင်တည်း Trade (၂) ခု (၃) ခုဝင်တာမျိုး မလုပ်ဘူး။ Risk Management တွက်ကြည့်ရင် မငြိမ်တာ၊ မမှန်တာကို တွေ့လို့။ နောက်အဲလို စိတ်ပါရင်ပါသလို ၃၊ ၄၊ ၅ ခု တပြိုင်တည်းဝင်တတ်တဲ့ Trader တွေကို လေ့လာကြည့်တော့ Roller Coaster Trader တွေ ဖြစ်နေတတ်တယ်။ Account Size က ထိုးတက်လိုက်၊ ထိုးဆင်းလိုက်ဖြစ်ပြီး ဖြည်းဖြည်းမှန်မှန်တိုးပွားလာတာမျိုး မတွေ့ဘူး။ အချို့ဆို အတွေ့အကြုံရင့် Trader တွေဖြစ်ပြီးမှ ပြန်ထိုးဆင်းသွားတာတောင် မြင်ဖူးတယ်။ ထားပါတော့။ Trade တစ်ခုက Profit နဲ့ Run နေပြီ၊ BE လည်း ရွှေ့ပြီးပြီဆိုရင် ကျွန်တော့်စိတ်က ပေါ့ပျက်လာတတ်တယ်။ နောက် Trade တစ်ခုထပ်ဝင်ဖို့ အာရုံစိုက်နေတတ်တယ်။ နောက် Trade တစ်ခုက ကိုယ့် Trading Edge နဲ့ (၁) ချက် (၂) ချက်လောက် မကိုက်ညီလည်း ဖြေလျှော့ပြီး တွေးပေးမိတတ်တယ်။ စည်းကမ်းပိုင်းလျော့ရဲလာတာပေါ့။ ဘာလို့လဲဆိုတော့ Trade တစ်ခုကလည်း BE ရွှေ့ပြီးပြီ၊ နောက်တစ်ခုထပ်ဝင်လည်း Risk က (၁) ကြိမ်ပဲ၊ Profit ရရင်တော့ Trade (၂) ခုမို့ (၂) ဆ ရတော့မှာလို့ တွေးတာ။ အဲလိုအချိန်ဆို စိတ်က အကောင်းမြင်လာတာ။ အဲလိုနဲ့ပဲ ကိုယ့် Trading Edge နဲ့မကိုက်ညီပဲ Entry ထပ်ဝင်မိတတ်တယ်။ ဒါပေမယ့် အဲဒီကိုယ့်စိတ်ရဲ့ Pattern ကို သိသွားတော့ Trade တစ်ခုဝင်ပြီးလို့ အခြေအနေကောင်းနေပြီ၊ Profit နဲ့ Run နေပြီ၊ BE ရွှေ့ပြီးပြီဆိုရင် သတိပိုကပ်ထားတယ်။ နောက် Trade တွေမှာ ကိုယ့် Trading Edge နဲ့ (၁) ချက်ချက်ငြိနေပြီဆိုရင် "လက်ရှောင်လိုက်တော့"လို့ ကိုယ့်ကိုကိုယ် သတိပေးဖြစ်တယ်။ "မင်းစိတ်ထဲမှာ မင်းဝင်တဲ့ဖက်ကို သွားမယ်လို့ ထင်နေတယ်မလား၊ ဆန့်ကျင်ဖက်လဲ သွားနိုင်တာပဲလေ၊ အဲလိုသွားခဲ့တာလည်း ရှိတာပဲ၊ သတိထားဦး၊ လောဘစွတ်တက်မနေနဲ့"လို့ ကိုယ့်ကိုကိုယ် သတိပေးဖြစ်တယ်။ ဘယ်အချိန်မှာ ဘယ်လိုတွေးတတ်တယ်၊ အဲလိုတွေးပြီး ဘယ်လိုအမှားလုပ်တတ်တယ်ဆိုတာကို သိဖို့လိုတယ်။ အဲလိုသိတယ်ဆိုရင် ဘယ်ချိန်မှာတော့ ပိုပြီးသတိထားရမယ်၊ ဘယ်လိုတွေးနေပြီဆိုရင် ကိုယ့်ကိုယ်ကို ဘယ်လိုဆုံးမရမယ်ဆိုတာကို ပြင်ဆင်ထားဖို့လိုတယ်။ မှန်ဖို့ကြိုးစားမယ့်အစား အမှားနည်းလာအောင်ကြိုးစားတာက ရေရှည်အတွက်ပိုအလုပ်ဖြစ်တယ်။ တကယ်တော့ Trader အများစုရဲ့ဒုက္ခက ကြုံဖူးပြီးသားအမှားကိုပဲ ထပ်ခါထပ်ခါလုပ်မိနေခြင်းကနေ လာတယ်မဟုတ်လား။ ကိုယ့်စိတ်ရဲ့ Pattern ကိုရှာဖွေပြုပြင်နိုင်ပြီး အောင်မြင်တဲ့ Trader တွေ ဖြစ်ကြပါစေခင်ဗျာ .... We win or we learn AlpHa (FMMC)
281
19
Advisor ညီလေးတစ်ယောက် အကြွေးတွေတင်ပြီး ဒုက္ခရောက်သွားတာ တွေ့ခဲ့ရတယ်။ သူလည်း ဒီလောကထဲရောက်တာ (၂) နှစ်ကျော်ပြီ။ ငွေဖြစ်လွယ်တယ်ဆိုတဲ့စကားက သူ့ကိုဆွဲဆောင်သွားတာပဲ။ သူများကိုသင်တန်းပြန်ပေးဖို့ သူတို့ကို Broker ကုမ္ပဏီက သင်တန်းအရင်ပေးပုံရတယ်။ အဲဒီစကားတွေပေါ်သာယာသွားပြီး သူကိုယ်တိုင်လည်း Trade လုပ်တယ်။ လောဘနဲ့ Trade တော့ Risk Management မမှန်ဘူး။ Trading လုပ်ရင် မြန်မြန်ချမ်းသာမယ်လို့ ယူဆပုံရတယ်။ သူ့မိသားစုကိုလည်း မစားရဝခမန်း ဟိုဟာဝယ်ပေးမယ်၊ ဒီဟာဝယ်ပေးမယ်ဆိုတဲ့ မက်လုံးတွေပေးတယ်။ နောက်ကျ အက်စီးဒန့်ဖြစ်လို့၊ ဟိုဟာဖြစ်လို့၊ ဒီဟာဖြစ်လို့ဆိုပြီး အိမ်ကနေငွေတွေပြန်တောင်းတယ်။ ကိုယ်ကတော့ သိလိုက်ပြီ။ Trading မှာ အရှုံးကြီးရှုံးပြီး အားနဲ့ရုန်းလေ ပိုနစ်လေဖြစ်နေပြီဆိုတာကို။ ဒါ သင်ခန်းစာယူစရာနော်။ သူ့ကို အပြစ်တင်ချင် မဟုတ်ပါဘူး။ Trading လုပ်ရင် Risk Management နိုင်နင်းရမယ်၊ စည်းကမ်းရှိရမယ်၊ Trading Edge ရှိရမယ်၊ မြန်မြန်ချမ်းသာမယ့်အလုပ်လို့ မတွေးရဘူး။ လစဉ် ဒါမှမဟုတ် နှစ်စဉ် ပုံမှန်ငွေဝင်တဲ့အလုပ်တစ်ခုလို တွေးရမယ်။ ငွေတွေဒလဟောဝင်မယ့်ပုံ၊ မြန်မြန်ချမ်းသာမယ့်ပုံဖော်ပြတာက လူလာအောင်ဆွယ်တဲ့သဘောပဲ။ တကယ်က အဲလိုမဟုတ်ဘူး။ ဒါကို ဘဝမပျက်ခင် သိဖို့လိုတယ်။ နောက်တစ်ခုက Trading နဲ့ Speculating ကို ခွဲထားဖို့လိုတယ်။ Trading ကို တည်ငြိမ်တဲ့ရှိရင်းစွဲ Pair တွေမှာ Trade ပါ။ မတည်ငြိမ်တဲ့ပေါ်ပင် Pair တွေကိုရောင်းဝယ်ချင်ရင် Speculating ခေါင်းစဉ်အောက်ကသွားပါ။ မခွဲလဲရပေမယ့် စိတ်ရှင်းချင်ရင် ခွဲဖို့လိုပါတယ်။ နောက်တစ်ခုက Trader တွေ နဲနဲလောက် Profit လေးဆက်တိုက်ရလာရင် ဘဝင်မြင့်ချင်လာတယ်၊ အောက်ခြေလွတ်ချင်လာတယ်၊ သူများကို အထက်စီးကနေ ဆရာလုပ်ချင်လာတယ်။ အဲလိုပဲ ငွေလေးများများကိုင်ဖူးရင် ကိုယ့်ကိုကိုယ် ထိပ်ဆုံးက Trader လို့ထင်လာတယ်။ ထင်တာက ပြဿနာမဟုတ်ဘူး။ သူများတွေကိုပါ နှိမ့်ချပုတ်ခတ်ချင်လာတယ်။ သင်တန်းဖွင့်လို့ တပည့်တပန်းနဲနဲရလာရင် "ငါဆရာ"ဆိုတဲ့စိတ်ဝင်လာတယ်။ လေသံတွေရင့်လာတယ်။ ဝေဖန်ခံရရင် ငါမှားနေလားလို့ မတွေးဘူး။ အပင်မြင့်လို့ လေတိုက်ခံရတာလို့ မာန်တက်တယ်။ အဲဒါတွေအားလုံးက သတိအားနည်းလို့ ဖြစ်နေတာ။ မြန်မြန်ချမ်းသာမယ်ဆိုတဲ့ လောဘတွေ၊ ငါက သူများထက် ဆရာကျတယ်ဆိုတဲ့မာနတွေ အဲဒါတွေအကုန်လုံးက မလိုအပ်တဲ့အပိုတွေ။ လူဆိုတော့ ရှိမှာပဲလေ။ ဒါလူ့သဘာဝပါပဲ။ ဒီစာရေးလို့ ကိုယ့်မှာတော့ မရှိဘူးလို့ ယူဆလို့မရဘူး။ ကိုယ့်မှာလည်း ရှိတာပဲ။ ကိုယ့်စိတ်ထဲမှာ ဖြစ်လာတာကို သတိနဲ့မြင်အောင်ကြည့်ပြီး ဖြစ်သင့်တဲ့လမ်းကြောင်းပေါ်ရောက်အောင် ပြန်ထိန်းကွပ်ရတာပဲ။ သတိလွတ်တဲ့အချိန်ကျရင် မြင်သာထင်သာပေါ်လာမှာပေါ့။ ဘာလို့သတိ‌အကြောင်းပြောလဲဆိုတော့ Trader လုပ်မယ်ဆိုရင် သတိအားကောင်းဖို့အရေးကြီးဆုံးပဲ။ သတိအားမကောင်းတဲ့သူက စိတ်ရှည်ရှည်နဲ့မစောင့်နိုင်ဘူး၊ Risk Management ကို မထိန်းနိုင်ဘူး၊ ခံစားချက်နဲ့ Entry/ Exit လုပ်တတ်တယ်။ Strategy တွေအလုပ်ဖြစ်မဖြစ်က လူပေါ်မူတည်တာ။ ဒါပေမယ့် လူတွေက ကိုယ့်ကိုကိုယ်မပြင်ပဲ အလုပ်ဖြစ်မယ့် strategy နောက်ကို လိုက်ရှာကြတယ်။ အဲ့မှာ မုန့်လုံးကို စက္ကူကပ်နေတော့တာပဲ။ သတိအားနည်းရင် ရှုံးလာတဲ့အခါ ကြောက်စိတ်နဲ့ အရှုံးကိုကာမိအောင် Over Trade လုပ်မိတတ်တယ်။ နိုင်လာတဲ့အခါ ငါသာအတော်ဆုံး၊ ငါ Trade ရင်မြတ်မှာပဲဆိုတဲ့စိတ်နဲ့ မာန်တက်ပြီး လောဘနဲ့ Over Trade လုပ်မိတတ်တယ်။ Midas Touch Syndrome ပေါ့။ အဲတော့ သတိအားနည်းရင် အခြားဟာလုပ်လို့ အဆင်ပြေချင်ပြေမယ်။ Trader လုပ်လို့တော့ မရဘူး။ We win or we learn AlpHa (FMMC)
239
20
Нет текста...
197