ပါချုပ်ဆရာတော်ဘုရား၏တရားတော်များ (main channel)
ဆရာတော်ဘုရားကြီး၏ အဆုံးအမဖြင့် ဓမ္မအသိများ ထွန်းကားပြန့်ပွားအောင် နိုင်ရာဝန်မှ ပူဇော်သော channel ဖြစ်ပါသည်။ဤစေတနာတို့ကြောင့် ဓမ္မအလှူခံယူသူအပေါင်း ငြိမ်းချမ်းမှု နှင့် ပြည့်စုံစေသတည်း။🙏
Больше📈 Аналитический обзор Telegram-канала ပါချုပ်ဆရာတော်ဘုရား၏တရားတော်များ (main channel)
Канал ပါချုပ်ဆရာတော်ဘုရား၏တရားတော်များ (main channel) (@wtp14) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 143 466 подписчиков, занимая 192 место в категории Религия и духовность и 521 место в регионе Мьянма.
📊 Показатели аудитории и динамика
С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 143 466 подписчиков.
Согласно последним данным от 23 октября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -577, а за последние 24 часа — 31, при этом общий охват остаётся высоким.
- Статус верификации: Не верифицирован
- Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 30.08%. В первые 24 часа после публикации контент обычно набирает 3.53% реакций от общего числа подписчиков.
- Охват публикаций: В среднем каждый пост получает 0 просмотров. В течение первых суток публикация набирает 5 072 просмотров.
- Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 0.
📝 Описание и контентная политика
Автор описывает ресурс как площадку для выражения субъективного мнения:
“ဆရာတော်ဘုရားကြီး၏ အဆုံးအမဖြင့် ဓမ္မအသိများ ထွန်းကားပြန့်ပွားအောင် နိုင်ရာဝန်မှ ပူဇော်သော channel ဖြစ်ပါသည်။ဤစေတနာတို့ကြောင့် ဓမ္မအလှူခံယူသူအပေါင်း ငြိမ်းချမ်းမှု နှင့် ပြည့်စုံစေသတည်း။🙏”
Благодаря высокой частоте обновлений (последние данные получены 24 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Религия и духовность.
Загружаем данные
| Дата | Привлечение подписчиков | Упоминания | Каналы | |
| 24 октября | 0 | |||
| 23 октября | +31 | |||
| 22 октября | +2 | |||
| 21 октября | +58 | |||
| 20 октября | +33 | |||
| 19 октября | +74 | |||
| 18 октября | +76 | |||
| 17 октября | +19 | |||
| 16 октября | 0 | |||
| 15 октября | 0 | |||
| 14 октября | 0 | |||
| 13 октября | 0 | |||
| 12 октября | 0 | |||
| 11 октября | +21 | |||
| 10 октября | 0 | |||
| 09 октября | +14 | |||
| 08 октября | +3 | |||
| 07 октября | 0 | |||
| 06 октября | +24 | |||
| 05 октября | +10 | |||
| 04 октября | +4 | |||
| 03 октября | +5 | |||
| 02 октября | +5 | |||
| 01 октября | +18 |
တရားချစ်ခင်သူတော်စင်အပေါင်းတို့ ခင်ဗျာ...🙏 ယခုအခါ မြန်မာ့ရိုးရာ သီတင်းကျွတ်အခါသမယကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ 🤩🤩🤩🤩🤩🤩🤩🤩 သီတင်းကျွတ်လပြည့်နေ့ဆိုတာ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ လူ့ပြည်ကို ပြန်လည်ဆင်းသက်တော်မူတဲ့ အဘိဓမ္မာအခါတော်နေ့ ဖြစ်ပါတယ်နော်။ ထိုသို့မင်္ဂလာရှိတဲ့နေ့တွင် အသိပညာတွေ တိုးပွားပြီး ကုသိုလ်ကောင်းမှုတွေရရှိစေဖို့ ရည်သန်ပြီး... အဘိဓမ္မာအခါတော်နေ့ အကြောင်း ကို ဒီလင့်ခ်ထဲမှာ မျှဝေပေးထားပါတယ် ခင်ဗျာ🙏 https://telegra.ph/%E1%80%9E%E1%80%90%E1%80%84%E1%80%80%E1%80%90%E1%80%9C%E1%80%95%E1%80%8A%E1%80%94-%E1%80%A1%E1%80%98%E1%80%93%E1%80%99%E1%80%99%E1%80%A1%E1%80%81%E1%80%90%E1%80%94-09-30 မိတ်ဆွေအပေါင်းတို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ခင်ဗျာ။🙏🙏🙏
| 2 | "သာသနာ့ အလံ"
နီလ = အပြာရင့်ရောင်✅
➡️ မြတ်စွာဘုရားရှင်၏ ဆံတော်၊ မျက်မှောင်တော်တို့၏ အရောင်ဖြစ်ပြီး "မေတ္တာကရုဏာတော်" ကြီးမားခြင်းကို ဆောင်သည်။
ပီတ =အဝါရင့်ရောင်✅
➡️မြတ်စွာဘုရားရှင်၏ အရေပြားတော်မှ ထွက်ပေါ်သော ရွှေအိုရောင်ဖြစ်ပြီး "မဇ္ဈိမပဋိပဒါ" ခေါ် အလယ်အလတ်လမ်းစဉ်အတိုင်း ကျင့်ကြံခြင်းကို ဆောင်သည်။
လောဟိတ = အနီရောင်✅
➡️မြတ်စွာဘုရားရှင်၏ အသွေးတော်၊ မံသတော်တို့၏ အရောင်ဖြစ်ပြီး "သဒ္ဓါတရား ထက်သန်ခြင်း" နှင့် ရဲရင့်ခြင်းကို ဆောင်သည်။
သြဒါတ = အဖြူရောင်✅
➡️မြတ်စွာဘုရားရှင်၏ အရိုးတော်၊ သွားတော်တို့၏ အရောင်ဖြစ်ပြီး "စင်ကြယ်သန့်ရှင်းခြင်း" နှင့် ငြိမ်းချမ်းခြင်းကို ဆောင်သည်။
မဉ္ဇေဋ္ဌ = ပန်းနုရောင်✅
➡️မြတ်စွာဘုရားရှင်၏ ဖဝါးတော်၊ လက်ဝါးတော်တို့၏ အရောင်ဖြစ်ပြီး "ပညာဉာဏ်တော်" ကြီးမားခြင်းနှင့် လောဘ၊ ဒေါသ၊ မောဟတို့ကို အောင်နိုင်ခြင်းကို ဆောင်သည်။
ပဘဿရ = အလင်းတောက်ပသောအရောင်🔘
➡️နောက်ဆုံးသော အရောင်သည်အထက်ပါ အရောင်ငါးမျိုးတို့ စုပေါင်းကွန့်မြူးပြီး ထွက်ပေါ်လာသော ပြိုးပြိုးပြက်ပြက် တောက်ပသည့် အရောင် ဖြစ်ကာ "သစ္စာတရား တောက်ပခြင်း" ကို ဆောင်သည်။
Admin @wtp14141414⭐ | 38 561 |
| 3 | ချမ်းမြေ့ဆရာတော်ဘုရားကြီး အန္တိမအဂ္ဂိစျာပန ပူဇော်ပွဲ ၌ ပါမောက္ခချုပ်ဆရာတော်ဘုရား ဟောကြားတော်မူသည့် “ဘဝ နှင့် ဘဝနိရောဓ” တရားဒေသနာ တိုက်ရိုက်ထုတ်လွှင့်နေပါကြောင်း အသိပေးအပ်ပါသည်ခင်ဗျာ။
https://www.youtube.com/live/HNZpUUdqCCA?si=Jra6Du-RFIbjpNMm
စာသား - ဆရာတော်ဘုရာကြီး၏FB page မှ ကူးယူသည်။ | 37 008 |
| 4 | 🗞သတင်း ➡️Source Eleven Media Broadcasting | 34 651 |
| 5 | ကြေညာချက်ထုတ်ပြန်ခြင်း
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ၏ ဘွဲ့ အမည် ကို အလွဲသုံးစားပြုလုပ်၍ အလှူခံခြင်း၊ ဆရာတော်ဘုရားထံ သွားရောက် လှူဒါန်းပေးမည်ဟုဆိုကာ ငွေကြေး လိမ်လည် ကောက်ခံ ခြင်းများ အစရှိသည့် မလျော်ကန်သည့် လုပ်ဆောင်မှုများ ပြုလုပ် နေကြသည်ကို တွေ့ရှိရပါသည်။
အလှူအတန်းများနှင့်စပ်လျဉ်း၍ ဆရာတော် ဘုရား ထံ တိုက်ရိုက်လျှောက်ထား ပြီး ဆရာတော်ဘုရားခွင့်ပြုသည့် အလှူကိစ္စရပ်များမှ လွဲ၍ တဆင့် လှူဒါန်းရန် ငွေကြေး ကောက်ခံခြင်း၊ ပါဝင်လှူဒါန်းခြင်းများ လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် ဆရာတော်ကြီး၏ တိုက်ရိုက်ညွှန်ကြားချက်အရ အသိပေး ကြေညာချက် ထုတ်ပြန်အပ်သည်။
https://www.drnandamalabhivamsa.com.mm/activities/announcement/
အနီးကပ်ကပ္ပိယအဖွဲ့
၁၇/၀၉/၂၀၂၆ | 36 972 |
| 6 | Нет текста... | 47 256 |
| 7 | ယနေ့ ဥပုသ်နေ့ဖြစ်ပါသောကြောင့် ဥပုသ်သီလများ စောင်ထိန်းနိုင်ရန် အသိပေးအပ်ပါသည်။🎁
သီလ နှင့် ပရိတ်တရားတော် 🙏 | 51 459 |
| 8 | Нет текста... | 49 413 |
| 9 | ပညာဘူမိ သက္ကသိုလ်မှ စာမေးပွဲများ ဝင်ရောက် ပူဇော်လိုသူများ အတွက် ဖောင်အတွက် အချိန်ဇယား ထွက်နေပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
🔵လေ့လာရန် - နှိပ်ပါ | 48 951 |
| 10 | အားလုံးသော တရားချစ်ခင် သူတော်စင် အပေါင်းတို့ ခင်ဗျာ🙏။
ယခု ဝါတွင်းကာလအတွင်း ကျွန်တော်တို့၏ Channel တွင် ပါချုပ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော
"ပဋ္ဌာန်းမြတ်ဒေသနာတော်ကြီး"
အား အနှစ်ချုပ်မှတ်စုများ၊ ဓမ္မဆောင်းပါးတိုများကို စနစ်တကျ ဝေမျှပူဇော်သွားမည် ဖြစ်ပါသည်။
━━━━━━━━━━━━━━━━━━
အလွန်နက်နဲသော ပဋ္ဌာန်းဒေသနာတော်ကို အခြေခံမှစ၍ အရိုးရှင်းဆုံး လေ့လာမှတ်သားလိုကြသော ဓမ္မမိတ်ဆွေအပေါင်းအား အတူတကွ ပညာပွားများနိုင်ရန် လှိုက်လှဲစွာ ဖိတ်မန္တကပြုအပ်ပါသည်ခင်ဗျာ။
🔗Link Here ⤵️
[🙏 https://t.me/wtp170702 ]
Admin - @wtp14141414✅ | 45 904 |
| 11 | Нет текста... | 43 165 |
| 12 | Нет текста... | 42 616 |
| 13 | မွေးနေ့မှာ ဆုတောင်းပေးကြသူများနှင့် မုန့်ဖိုးပေးကြသူများ အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။🙏 | 10 189 |
| 14 | တရားချစ်ခင် သူတော်စင်အပေါင်းတို့ ခင်ဗျာ 🙏
ယနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့သည် ကျွန်တော့်၏ (2️⃣4️⃣) နှစ်ပြည့် မွေးနေ့ 🎂ဖြစ်ပါသောကြောင့် အထိမ်းအမှတ်အဖြစ် ဓမ္မမိတ်ဆွေအပေါင်း တရားတော်များ နာယူကြည်ညိုနိုင်စေရန် ရည်ရွယ်၍ ဓမ္မဒါနပြု မျှဝေပေးမည့် တရား Channel တစ်ခုနှင့် မိတ်ဆက်ပေးပါရစေခင်ဗျာ။🙏🙏🙏
ထို Channel တွင် ⤵️
➡️ မဟာစည်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသောဘန ၏ တရားတော်များ
➡️ တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး ဘဒ္ဒန္တဥတ္တမသာရ ၏ တရားတော်များ
➡️ ပါချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ၏ တရားတော်များ
➡️ ဗန်းမော်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကုမာရာဘိဝံသ ၏ တရားတော်များ
➡️ ကြာနီကန်ဆရာတော်ဘုရားကြီး အရှင်ဇဋိလ ၏ တရားတော်များ
➡️ ဆရာဦးဆန်းလင်း (ဆည်မြောင်း) ၏ ဓမ္မအမေးအဖြေများ
➡️ ဓမ္မတေးသီချင်းများ
စသည်တို့ကို စနစ်တကျ စုစည်း၍ စဉ်ဆက်မပြတ် ဓမ္မဒါနပြု မျှဝေပေးသွားမည် ဖြစ်ပါသည်။
━━━━━━━━━━━━━━━
"မွေးနေ့ ဆုတောင်းနှင့် အမျှဝေခြင်း"
မြတ်စွာဘုရားရှင်၏ အဆုံးအမတရားတော်များအား ဆရာတော်ဘုရားကြီးတို့ထံမှတစ်ဆင့် နာယူမှတ်သား၊ လိုက်နာကျင့်သုံးရန် အစဉ်အမြဲ ကြိုးစားအားထုတ်ရသည့် ကျွန်တော့်၏ ယနေ့ယခု ပြုလုပ်သမျှသော ကုသိုလ်စေတနာ စေတသိက အစုစုတို့ကြောင့် မြင့်မြတ်လှသော နိဗ္ဗာန်သို့ လျှင်မြန်စောစီးစွာ ရောက်ရှိရပါလို၏။
ယနေ့ မွေးနေ့တွင် ပြုလုပ်သမျှသော ဓမ္မဒါန ကုသိုလ်အစုစုတို့အားလည်း ၇ ရက်သားသမီး အပေါင်းနှင့်တကွ ဓမ္မမိတ်ဆွေသူတော်စင်အပေါင်း၊ သတ္တဝါဝေနေယျအပေါင်းတို့အား အမျှပေးဝေပါ၏။ ကုသိုလ်အမျှ ရကြပါစေသား...။🙏🙏🙏
Admin - @wtp14141414✅ | 53 277 |
| 15 | 🙏နေ့တိုင်း ဆင်ခြင် စိတ်ကိုပြင်
ကြာချိန် - ၁နာရီ ၀၆ မိနစ် ၂၈ စက္ကန့်
━━━━━━━━━━━━━━━
ကျွန်ုပ်တို့ဘဝတွင် ကြုံတွေ့နေရသော ဆင်းရဲဒုက္ခများမှ ကင်းဝေးပြီး စစ်မှန်သော ကောင်းကျိုးချမ်းသာများ ရရှိနိုင်မည့် လက်တွေ့ကျသော လမ်းညွှန်ချက်များကို လမ်းညွှန်ပြသထားပါတယ် ခင်ဗျာ။
တရားတော်တွင်
➡️ မိမိတို့၏ အပြင်ပန်းရုပ်ခန္ဓာကိုယ်ကြီးသည် မည်မျှပင် ပြင်ဆင်စေကာမူ သဘာဝအားဖြင့် မမြဲခြင်း၊ အနံ့အသက်မကောင်းခြင်းနှင့် ပျက်စီးလွယ်ခြင်း သဘောသာရှိသဖြင့် ရုပ်ထက် "အတွင်းစိတ်" ကိုသာ အဓိကထား ပြင်ဆင်ရမည်ဖြစ်ကြောင်း။
➡️ ဘဝ၏ အရေးကြီးဆုံး ဗဟိုချက်မှာ "မိမိ၏ စိတ်" သာဖြစ်ပြီး၊ သူတစ်ပါးစိတ်ကို အကဲခတ်နေမည့်အစား မိမိစိတ်ကိုသာ သတိသမ္ပဇဉ်ဉာဏ်ဖြင့် နေ့စဉ် စောင့်ကြည့်ဆင်ခြင်ရမည်ဖြစ်ကြောင်း။
➡️ ဘုရားရှင် ဟောကြားတော်မူခဲ့သည့် အင်္ဂုတ္တရနိကာယ်လာ မိမိစိတ်ကို ဆန်းစစ်ရမည့် အချက် (၁၀) မျိုးကို သိရှိနိုင်ပြီး၊ အကယ်၍ မိမိသန္တာန်တွင် ထိုမကောင်းမှုများ ရှိနေပါက ဦးခေါင်းတွင် မီးလောင်နေသကဲ့သို့ အရေးတကြီး မဂ္ဂင်တရားဖြင့် ဖယ်ရှားပုံများကို နာယူမှတ်သားခွင့် ရရှိမှာဖြစ်ပါသည်။
မိမိ၏ အတွင်းစိတ်ထားကို နေ့စဉ်မှန်မှန် ဆန်းစစ်ပြုပြင်ပြီး ဘဝခရီးကို အဆင်ပြေချောမွေ့စွာ ဖြတ်သန်းလိုကြသူ တရားချစ်ခင် သူတော်စင်အပေါင်းတို့အတွက် မပျက်မကွက် နာယူကြည်ညိုသင့်သည့် တရားတော်ကောင်းတစ်ပုဒ် ဖြစ်ပါကြောင်း နိဗ္ဗာန်ဆော်အဖြစ် ဓမ္မလက်ဆောင် မျှဝေအပ်ပါသည်ခင်ဗျာ။
သစိတ္တသုတ္တန်လာ အချက် (၁၀) ချက် အား ဖတ်ရှုရန် 👉 နှိပ်ပါ
📖📖📖📖📖📖📖📖📖 | 50 834 |
| 16 | ပညာဘူမိတက္ကသိုလ်ရဲ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ သုတဓမ္မစာမေးပွဲ အောင်စာရင်း ကြေညာချက်
📅 ထုတ်ပြန်မည့်ရက်နှင့် အချိန်
ရက်စွဲ ➡️ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် ၊ ဗုဒ္ဓဟူးနေ့။
အချိန် ➡️ နံနက် ၆:၀၀ နာရီ။
━━━━━━━━━━━━━━━
🎓 သက်ဆိုင်သည့် အတန်းများ
သုတဓမ္မ ဒီပလိုမာတန်း (Level 1, 2, 3)
သုတဓမ္မဂဝေသီ B.A တန်း (Part 1, 2, 3)
(ဂုဏ်ထူးအောင်နှင့် ရိုးရိုးအောင် ပုဂ္ဂိုလ်များစာရင်းကို ထုတ်ပြန်ပေးမည် ဖြစ်ပါသည်။)
━━━━━━━━━━━━━━━
💻 အောင်စာရင်း ကြည့်ရှုနိုင်မည့်နည်းလမ်း
https://admission.universitywisdomland.edu.mm/result
Website ထဲသို့ တိုက်ရိုက်ဝင်ရောက်ပြီး မိမိရဲ့ ခုံနံပါတ် (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (မှတ်ပုံတင်) ရိုက်နှိပ်၍ ရှာဖွေကြည့်ရှုနိုင်ပါသည်။
ပညာဘူမိ သက္ကသိုလ် ၊ အုပ်ချုပ်ရေး နှင့် ပညာရေး အဖွဲ့မှ ထုတ်ပြန်ပါသည်။ | 45 264 |
| 17 | 📣Ads ( တရားဓမ္မ နှင့် ပတ်သတ်သော ကြော်ငြာများသာ စီစစ်၍ လက်ခံပါသည်။ )
━━━━━━━━━━━━━━━
တရားဓမ္မနဲ့ စိတ်နှလုံးကို အေးချမ်းစေချင်တဲ့ ဓမ္မမိတ်ဆွေများအတွက် သတင်းကောင်းလေးတစ်ခု ပါးပါရစေ🙏
📹 YouTube မှာ တရားနာရတာ ရှင်းလင်းလို့ ကြိုက်ပေမဲ့ ဖုန်း screen ပိတ်လိုက်ရင် အသံပါ ပိတ်သွားတာမျိုး၊ ဒါမှမဟုတ် အင်တာနက်ဒေတာ (Data) အရမ်းစားတာမျိုးတွေအတွက် စိတ်ညစ်နေရပါသလား။
အခု "ဓမ္မခရီးသည်" App လေးမှာတော့ YouTube လိုပဲ သုံးရတာ ရှင်းရှင်းလင်းလင်းနဲ့ ပေါ့ပေါ့ပါးပါး ရှိလှပါတယ်။
✨ ဒီ app လေးရဲ့ အာသာချက်လေးတွေကတော့
➡️ ဖုန်းပိတ်ထားပြီး (Screen ပိတ်ထားပြီး) လည်း တရားတော်တွေကို အေးချမ်းစွာ ဆက်လက်နာယူနိုင်လို့ ဘက်ထရီစားလည်း အရမ်းသက်သာပါတယ်။
➡️ အင်တာနက်ဒေတာ (Data) စားလည်း အရမ်းသက်သာလို့ ဖုန်းဘေလ်အတွက် စိတ်ပူစရာမလိုပါဘူး။
━━━━━━━━━━━━━━━━━━
ဆရာတော်ကြီးများ၏ တရားတော်၊ ပရိတ်တော်များကို စနစ်တကျ စုစည်းပေးထားတဲ့ ဒီ App လေးကို ဖုန်းထဲမှာ ဆောင်ထားပြီး အေးချမ်းစွာ နာယူနိုင်ဖို့ မိတ်ဆက်ပေးလိုက်ရပါတယ်။
▶️ Play Store ကနေ Install လုပ်ရန် Link
( https://play.google.com/store/apps/details?id=com.pale.dhammakayeethe )
( ဓမ္မမိတ်ဆွေအပေါင်း ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ 🙏🙏🙏 ) | 15 270 |
| 18 | "သူတော်ကောင်းတို့၏ စီးပွားရေးဆိုင်ရာ အခြေခံ ကိုယ်ကျင့်တရားများ"
၁။သူတစ်ပါးပစ္စည်းကို မခိုးယူခြင်း
၂။မမှန်မကန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း
၃။တရားသဖြင့် စီးပွားရှာခြင်း
၄။စည်းစိမ်ကြောင့် ရစ်မူးမှုကင်းခြင်း
၅။ကောက်ကျစ်စဉ်းလဲမှုမှ ရှောင်ကြဉ်ခြင်း
၆။စွန့်ကြဲပေးကမ်းမှု ရှိခြင်း
၇။စိတ်တည်ငြိမ်မှု ရှိခြင်း
၈။ခိုင်မာသော ယုံကြည်ချက်ရှိခြင်း
၉။မိမိ၏ အခြေခံဘဝကို မမေ့ခြင်း
၁၀။သူတော်ကောင်းတို့ကို စွပ်စွဲပုတ်ခတ်မှုမှ ရှောင်ကြဉ်ခြင်း
၁၁။အပြောနှင့် အလုပ် ညီညွတ်ခြင်း
🙏လူတို့၏အခြေခံကိုယ်ကျင့်တရား မှ ထုတ်နုတ်သည်။ | 55 944 |
| 19 | 🙏 လူတို့၏အခြေခံကိုယ်ကျင့်တရား
ကြာချိန် - ၁နာရီ၂မိနစ်၁၁စက္ကန့်
━━━━━━━━━━━━━━━━━
ကျွန်တော်တို့ ကျင်လည်နေရတဲ့ လူ့လောကကြီးမှာ စီးပွားရေး၊ လူမှုရေးတွေ ဘယ်လောက်ပဲ အောင်မြင်နေပါစေ... "အခြေခံကိုယ်ကျင့်တရား" ဆိုတဲ့ အုတ်မြစ်မခိုင်မာရင် ဘဝရဲ့ စစ်မှန်တဲ့အေးချမ်းမှုကို မရနိုင်ကြောင်း ဒီတရားတော်ကနေ အလင်းပြပေးထားပါတယ်။
ဒီတရားတော်ကို နာယူကြည်ညိုခြင်းဖြင့် 🙏
➡️ မိမိတို့ ရှာဖွေထားတဲ့ စည်းစိမ်ဥစ္စာတွေထက် "အပြစ်ကင်းခြင်း" ဆိုတဲ့ အနဝစ္စသုခ ကသာ ဘဝရဲ့ အမြင့်မြတ်ဆုံး ချမ်းသာဖြစ်ကြောင်း သိရှိရခြင်း၊
➡️လောကီစီးပွားရေးကို တရားနည်းလမ်းကျစွာ ဘယ်လိုရှာဖွေပြီး မာန်မာနတွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့ ဓမ္မလမ်းညွှန် (၁၁) ချက်ကို သိရှိရခြင်း၊
➡️ အိုခြင်း၊ နာခြင်းတွေ ရှိနေမယ့် လူ့ဘဝကြီးကို တန်ဖိုးအရှိဆုံးဖြစ်အောင် သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ်တွေနဲ့ ဘယ်လို အဆင့်ဆင့် မြှင့်တင်သွားရမလဲဆိုတာတွေကို သေသေချာချာ သဘောပေါက် နားလည်သွားစေမှာ ဖြစ်ပါတယ်။
မိမိဘဝကို အစစ်အမှန် အေးချမ်းချင်သူများ၊ တရားနည်းလမ်းကျကျနဲ့ အောင်မြင်လိုသူများ လက်မလွှတ်တမ်း နာယူသင့်တဲ့ တရားကောင်းတစ်ပုဒ်ဖြစ်လို့ ဓမ္မမိတ်ဆွေများအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ။ 🙏
Admin @wtp14141414✅ | 50 804 |
| 20 | ခေါင်းစဉ် - 🙏သတိသမ္ပဇညဖြင့်နေထိုင်ခြင်းနှင့်ရင်ထဲမှအမုန်းတရားဖယ်ရှားခြင်း
ကြာချိန် - ၅၀ မိနစ် ၂၄ စက္ကန့်
━━━━━━━━━━━━━━━━━━
ကျွန်တော်တို့ နေ့စဉ် ဖြတ်သန်းနေရတဲ့ ဘဝခရီးလမ်းမှာ "သတိ" နဲ့ "ဉာဏ်" ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို ဒီတရားတော်က လက်တွေ့ကျကျ လမ်းညွှန်ပြသပေးသွားပါတယ်။🙏
တရားတော်ကို နာယူကြည်ညိုခြင်းအားဖြင့် —
➡️ နေ့စဉ်ဘဝရဲ့ အသေးအဖွဲ လှုပ်ရှားမှုတွေဖြစ်တဲ့ လမ်းလျှောက်တာ၊ ကြည့်တာ၊ စားသောက်တာကအစ အညစ်အကြေးစွန့်တာအဆုံး ဣရိယာပုဒ်တိုင်းမှာ ဘာကြောင့် "သတိသမ္ပဇည" ကပ်ပြီး နေထိုင်ရမယ်ဆိုတဲ့ အကျိုးကျေးဇူးတွေကို သိရှိရမှာဖြစ်ပါတယ်။
➡️ ဒါ့အပြင် ကွဲပြားခြားနားတဲ့ လူ့အသိုင်းအဝိုင်းကြားမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ ဘဝကို အမှောင်ချပစ်တတ်တဲ့ ရင်ထဲက အဖျက်စွမ်းအားစုတွေဖြစ်တဲ့ "ဣဿာ" (မနာလိုခြင်း) နဲ့ "မစ္စရိယ" (နှမြောတွန့်တိုခြင်း ၅ မျိုး) ရဲ့ သဘောသဘာဝတွေကို သေသေချာချာ ခွဲခြားနားလည်သွားစေမှာပါ။
☸ဘဝကို ဘေးရန်ကင်းကင်းနဲ့ အေးချမ်းအောင်မြင်ချင်တယ်၊ ရင်ထဲက အမုန်းတရားတွေကို ဖယ်ရှားပြီး ရက်ရောတဲ့ သဒ္ဓါတရားတွေနဲ့ ငြိမ်းချမ်းမှုကို တည်ဆောက်ချင်တယ်ဆိုရင်တော့ ဒီတရားတော်ဟာ ဓမ္မမိတ်ဆွေတို့အတွက် မရှိမဖြစ် နာယူမှတ်သားသင့်တဲ့ တရားတော်တစ်ပုဒ် ဖြစ်ပါတယ်ခင်ဗျာ။🙏🙏🙏 | 45 833 |
