ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Am I Next (2023) ⭐IMDB: 7.4/10 (104 Votes) 🎬 #Bollywood #Crime 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 1 နာရီ 26 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Am I Next (2023)IMDb 7.3/10 ဒီကားကတော့ မင်းသားမင်းသမီးဘယ်သူဆိုတာမကြည့်အားဘဲအဆုံးထိ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့ Crime/ Drama ဇာတ်ကားမျိုးပါ ။ ဟန်နီဆိုတဲ့ကလေးမလေးက ၁၄နှစ်သာရှိပါသေးတယ် အဖေရောအမေရောကပါ တုန်နေအောင်ချစ်ကြတဲ့သမီးငယ်လေးစာလည်းတော်တဲ့ကလေးက တစ်ရက်တော့ကျောင်းမှာမူးလဲလို့ဆေးရုံတင်လိုက်ရပါတယ် ဆေးစစ်ချက်ထဲ ထင်မထားတဲ့ကိစ္စကြီးပေါ်လာပါတော့တယ် ဒီ၁၄နှစ်အရွယ်ကလေးမလေးမှာ ကိုယ်ဝန်ရှိနေတာပါ အဖေရော အမေပါယူကြုံးမရဖြစ်ကြပြီး တရားမျှတမှုကိုမြေလှန်ရှာပါတော့တယ်ဒါပေမဲ့ကိုယ်ချင်းစာတရားမရှိတဲ့မီဒီယာရဲ့ဖိအားတွေ ပတ်ဝန်းကျင်ဖိအားတွေကြားသူတို့ဘယ်လိုနှစ်ပါးသွားမလဲ ကလေးမလေးကို Rape လုပ်ခဲ့တဲ့မုဒိမ်းကောင်ဘက်ကလည်းခေသူမဟုတ်တော့ အိန္ဒိယထိပ်တန်းရှေ့နေနဲ့ဟန်နီ့ဘက်က အမျိုးသမီးလူမှုဖူလုံရေးထိပ်တန်းရှေ့နေတို့ရဲ့အပြိုင်အဆိုင်တွေကိုအားပါးတရကြည့်ရှုရမဲ့ဇာတ်လမ်းကောင်းပဲဖြစ်ပါတယ်

Puli Meka (2023- ) ⭐IMDB: 6.7/10 (214 Votes) 🎬 #Crime #Mystery #Thriller 🗓️ 2023- 🎞️ Series 📺 1080p 🌎 #India ⏰ 36 မိနစ် 57 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Puli Meka(2023)Puli Meka (2023)IMDb 6.8/10 ဒီတစ်ခေါက်ထွက်ရှိလာတာကတော့ စုံထောက်ဇာတ်လမ်းတွေကြိုက်နှစ်သက်သူတွေကို အရမ်းအကြိုက်တွေ့စေမယ့် လှည့်ကွက်တွေ ဇာတ်လမ်းအကွေ့အပြောင်းတွေအမျိုးမျိုး ပါဝင်ပြီးThrillerဆန်ဆန်ထွက်ရှိလာတဲ့ Puli Mekaပဲဖြစ်ပါတယ် မင်းသားချော Aadi Saikumar နဲ့ မင်းသမီးချောလေး Lavanya Tripathi တို့ အဓိကပါ၀င်သရုပ်ဆောင်ထားပါတယ်စိတ်ပညာဆိုင်ရာ မှုခင်းပညာရပ်မှာ မာစတာရထားတဲ့ လေ့ကျင့်ရေးအရာရှိရဲမေ ကီရန်ပရာဘတ်ဟာ ထက်မြက်ပြီးကျရာတာဝန်ကိုလက်မနှေးထမ်းဆောင်တတ်သူ တစ်ယောက်ဖြစ်ပါတယ် သူ့ကိုတာဝန်ပေးအပ်လိုက်တဲ့ အမှုမှန်သမျှကိုလည်း အချိန်တိုအတွင်းဖြေရှင်းနိုင်တာမို့ အထက်လူကြီးရဲ့အားကိုးယုံကြည်မှုကို ရထားသူလည်းဖြစ်ပါတယ်တစ်ဖက်မှာလည်း မှုခင်းဆေးပညာကျွမ်းကျင်သူခေါင်းဆောင်ဖြစ်တဲ့ ပရာဘာကာရှာမာက ချက်ဆိုနားရွက်က မီးထတောက်တဲ့အထိ ဉာဏ်ကောင်းပြီး သူ့တာဝန်ကိုအာရုံစိုက်တတ်တာကြောင့် အထက်လူကြီးရဲ့ယုံကြည်အားကိုးခြင်းကို ခံထားရသူတစ်ယောက်ပါတခြားဇာတ်လမ်းတွေနဲ့မတူပဲ အနည်းငယ်ကွဲပြားနေတာက ဇာတ်လမ်းအများစုမှာမင်းသားကရဲဖြစ်ပြီး မင်းသမီးကဆရာဝန်ဖြစ်ပေမယ့် ဒီဇာတ်မှာကတော့ မင်းသားကမှုခင်းဆရာဝန်ဖြစ်ပြီး မင်းသမီးကရဲဖြစ်ပါတယ်ဒီလိုနဲ့မတူညီတဲ့နယ်ပယ်တွေမှာတာဝန်ထမ်းဆောင်နေကြတဲ့ သူတို့နှစ်ယောက်ကိုဆုံစည်းစေမယ့် လူသတ်မှုတစ်ခုက တစ်နေ့မှာပေါ်လာပါတော့တယ် ဒီလူသတ်မှုမှာလူသတ်သမားရဲ့ ထူးခြားချက်က သူ့ရဲ့သားကောင်ကရဲအရာရှိတွေဖြစ်ပြီး ရဲတွေကိုပဲလိုက်သတ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ပါဒီကိစ္စကိုအစပြုပြီး သူတို့နှစ်ယောက်တွဲဖက်ကာ ဒီကွင်းဆက်လူသတ်သမားမှုကို စုံစမ်းရင်းမထင်ထားတဲ့ အလှည့်အပြောင်းတွေ သဲလွန်စတွေထွက်ပေါ်လာတဲ့အခါ ဘယ်လိုကျော်ဖြတ်ကြမလဲ သူတို့လိုက်ရှာနေတဲ့တရားခံက ဘာအကြောင်းကြောင့်နဲ့ ရဲအရာရှိတွေကိုပစ်မှတ်ထားနေတာလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အကြည့်မလွှဲနိုင်အောင်ထိ ကြည့်ရှု့ရင်းအဖြေရှာလိုက်ရအောင်File Size – 800MB  / 400MBQuality – 1080p / 720pDuration –32 minutesTotal Episodes: 8EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime , Mystery

Casando a mi Ex (2023) ⭐IMDB: 5.1/10 (59 Votes) 🎬 #Romance #Comedy 🗓️ 2023 🎞️ Movie 📺 720p 🌎 #Mexico ⏰ 1 နာရီ 33 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Casando a mi Ex (2023)================= မိဘဖြစ်သူရဲ့ အိမ်ထောင်ဆက်များတာကြောင့် လက်ထပ်ရမှာကြောက်နေတဲ့ မင်္ဂလာပွဲစီစဉ်သူ မာရီယာနာကို ရည်းစားဖြစ်သူ စားဖိုမှူး လူးဝစ်ကလက်ထပ်ခွင့်တောင်းရာ ငြင်းဆိုခံလိုက်ရပါတယ်။ အချစ်ကြီးချစ်ကြပြီးမှ အငြင်းခံလိုက်ရတဲ့အတွက် လက်စားချေချင်တာကြောင့် ဟန်ဆောင်လက်ထပ်ပေးရင် နိုင်ငံသားဖြစ်မယ်ဆိုပြီး ကိုလံဘီယာသူ lesbianသူငယ်ချင်းလူစီယာ ကို အသုံးချပြီး ရည်းစားဟောင်းဆီမင်္ဂလာပွဲသွားအပ်ရာကနေ အရင်လို ပြန်အဆင်ပြေကြမလားပိုဆိုးသွားမလား ဟန်ဆောင်သတို့သမီးကရော သူ့ချစ်သူကောင်မလေးနဲ့ ဘယ်လိုရှင်းကြမလဲ ဆိုတာကို ကြည်ကြည်နူးနူးလေးကြည့်ရမယ့် healing drama လေးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Chit Min Thu ဖြစ်ပါတယ်)

Casando a mi Ex (2023) ⭐IMDB: 5.1/10 (59 Votes) 🎬 #Romance #Comedy 🗓️ 2023 🎞️ Movie 📺 1080p 🌎 #Mexico ⏰ 1 နာရီ 33 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Casando a mi Ex (2023)================= မိဘဖြစ်သူရဲ့ အိမ်ထောင်ဆက်များတာကြောင့် လက်ထပ်ရမှာကြောက်နေတဲ့ မင်္ဂလာပွဲစီစဉ်သူ မာရီယာနာကို ရည်းစားဖြစ်သူ စားဖိုမှူး လူးဝစ်ကလက်ထပ်ခွင့်တောင်းရာ ငြင်းဆိုခံလိုက်ရပါတယ်။ အချစ်ကြီးချစ်ကြပြီးမှ အငြင်းခံလိုက်ရတဲ့အတွက် လက်စားချေချင်တာကြောင့် ဟန်ဆောင်လက်ထပ်ပေးရင် နိုင်ငံသားဖြစ်မယ်ဆိုပြီး ကိုလံဘီယာသူ lesbianသူငယ်ချင်းလူစီယာ ကို အသုံးချပြီး ရည်းစားဟောင်းဆီမင်္ဂလာပွဲသွားအပ်ရာကနေ အရင်လို ပြန်အဆင်ပြေကြမလားပိုဆိုးသွားမလား ဟန်ဆောင်သတို့သမီးကရော သူ့ချစ်သူကောင်မလေးနဲ့ ဘယ်လိုရှင်းကြမလဲ ဆိုတာကို ကြည်ကြည်နူးနူးလေးကြည့်ရမယ့် healing drama လေးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Chit Min Thu ဖြစ်ပါတယ်)

El Cid (2020-2021) ⭐IMDB: 6.7/10 (4 k Votes) 🎬 #Action #Drama #History #Adventure #War #Politics 🗓️ 2020-2021 🎞️ Series 📺 1080p 🌎 #Spain ⏰ 1 နာရီ 36 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 El Cid (2020)El Cid (2020) Season 01 Complete  ~ IMDb – 6.7/10, Rotten Tomatoes – 75% ~ El Cid စီးရီးကို တော်တော်များများကတော့ ကာရိုက်တာတွေတော်တော်ကြမ်းပြီး တိုက်ပွဲခန်းတွေ တော်တော်လန်းတဲ့ဇာတ်လမ်းတွဲလို့ မှတ်ချက်ပေးထားကြတယ်။ ကြည့်သင့်တဲ့စီးရီးတစ်ခု အဖြစ်လည်း တော်တော်များများက ညွှန်းဆိုထားကြတယ်။ ဒီဇာတ်လမ်းတွဲက Rodrigo Díaz de Vivar လို့ခေါ်တဲ့ အလယ်ခေတ်စပိန်က သူရဲကောင်းတစ်ယောက်အကြောင်းကို အကျယ်တဝင့်ရိုက်ပြထားတဲ့ ဇာတ်လမ်းတွဲ။ သူ့အဖေက ဘုရင်စေလွှတ်တဲ့ နယ်စပ်ကလေးမှာ စောင့်ကြပ်ရင်း အသက်ပေးခဲ့ရတဲ့ သူရဲကောင်းတစ်ယောက်။ သူ့အဖေဟာ နိုင်ငံအတွက် အသက်ပေးတိုက်ခိုက်ရင်း သေဆုံးခဲ့ပေမဲ့ တိုင်းပြည်ကရော သူတို့အရှင်တွေကရော သူ့အဖေကို ရှိတယ်လို့တောင်မထင်ခဲ့ကြဘူး။ ဘာလို့ဆို သူ့အဖေက စစ်ရှုံးပြီး ကျရှုံးသွားတာကိုး။ ဒီတော့ သူက တိုက်ပွဲတိုင်းအောင်တဲ့ သူရဲကောင်းဖြစ်ရမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ သူရဲကောင်းတွေရဲ့ မြင်းတွေကို အစာကျွေး မြင်းချေးကျုံးရတဲ့ အကူဘဝကနေ ကြီးကျယ်တဲ့ El Cid ဖြစ်လာတဲ့အထိ သူလျှောက်လှမ်းလာခဲ့တာတွေကို ကျွန်တော်တို့မြင်ရလိမ့်မယ်။ သူတို့ခေတ်ကိုက နိုင်ငံငယ်လေးတွေ အစိတ်စိတ်ကွဲလိုက် စစ်ဘုရင်တွေကတိုက်လိုက် ပြန်စုသွားလိုက် နန်းလုကြလိုက် ပြန်ကွဲသွားလိုက် ဖြစ်နေတဲ့ ခေတ်ဆိုတော့ နန်းတွင်းထဲက ဆွေတွေမျိုးတော်တွေ တော်ဝင်မျိုးတွေကြားက အာဏာလုပွဲတွေ၊ တိုင်းတစ်ပါးနဲ့ စစ်ပွဲတွေ အစုံပါသလို ဗာတီကန်ရဲ့ဩဇာသက်ရောက်မှုရှိနေတဲ့ နိုင်ငံတွေဖြစ်လို့ နိုင်ငံရေးလှည့်ကွက်တွေမျိုးစုံကိုလည်း မြင်ရမယ့် တကယ့်အလယ်ခေတ်စီးရီးပါပဲ။ မာယာတွေရော သတ်တာဖြတ်တာတွေရော ကြမ်းသလို မင်းသားကလည်း ပြောရရင် ဗျာဒိတ်ရသူရဲကောင်းလိုဖြစ်နေတာဆိုတော့ ဂျွန်စနိုးတောင် နည်းနည်းဆန်ချင်သလိုပါပဲ။ စိတ်ကူးယဉ်မဟုတ်ဘဲ တကယ့်ဖြစ်ရပ်ကို ရိုက်ထားတဲ့ထဲတော့ ဒီစီးရီးဟာ တော်တော်စုံလင်ပြီး ကြမ်းတဲ့စီးရီးလို့ပြောရပါမယ်။ Money Heist စပိန်ဗားရှင်းရဲ့ ဒန်ဗာက ရိုဒရီဂိုတဖြစ်လဲ ရိုင်အဖြစ် သရုပ်ဆောင်ထားပါတယ်။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်)Size ~ 800MB+

Shangri-La Suite (2016) ⭐IMDB: 5.1/10 (903 Votes) 🎬 #Action #Crime #Drama #Romance 🗓️ 2016 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kill the King (0r) Shangri-La Suite (2016)============================= ဂျက်ဘလူးဘလဒ်ဟာ ကံဆိုးတဲ့ဂေါက်ဘဲတစ်ပွေပဲ။ မိခင်ဟာ မီးတွင်းထဲမှာပဲဆုံးပါးခဲ့တယ်။ အဲဒီအတွက်သူ့ကို ခွင့်မလွှတ်နိုင်တဲ့အဖေနဲ့ ကြီးပြင်းခဲ့ရတယ်။ ငယ်စဉ်တောင်ကျေးထဲက ဖခင်ရဲ့အငြိုးကြီးစွာနဲ့ရိုက်နှက်မှုကိုခံရင်း အရွယ်ရောက်ခဲ့ပေါ့။ ရော့အင်ရိုးလောကရဲ့ဘုရင်တစ်ပါးလို့တင်စားကြတဲ့ အဲလ်ဗစ်ပရတ်စလေ(Elvis Presley) ဟာသူ့ဘဝရဲ့ကိုးကွယ်ရာဖြစ်ခဲ့တယ်။ အထီးကျန်ညတွေကို အဲလ်ဗစ်သီချင်းတွေနားထောင်ရင်းကျော်ဖြတ်ခဲ့ရ။ နောက်ပိုင်းအရွယ်ရောက်လာတော့ ဆေးစွဲပြီး ဆေးဖြတ်ခန်းကိုပို့ခံခဲ့ရတယ်။ အဲလ်ဗစ်ကိုလည်း ခင်ဗျားတော့ လိုင်းကြောင်နေပြီဘာညာရေရွတ်လို့ပေါ့။ အဆိုပါ ဆေးဖြတ်ခန်းမှာပဲ သူဟာ ကယ်ရင်ဘဒ် ဆိုတဲ့ မိန်းမချော လေးနဲ့တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့တယ်။ နောက်တော့ နှစ်ယောက်သား အတူတူထွက်ပြေးပြီး အဲလ်ဗစ်ပရတ်စလေကို လုပ်ကြံသတ်ဖြတ်ဖို့ခရီးနှင်ခဲ့ကြတယ်။ ဇာတ်လမ်းကတော့ဒါပါပဲ။ ၁၉၇၄ နွေရာသီ၊ ကိုယ်စီကိုယ်စီအိပ်မက်တွေနဲ့ ချစ်သူနှစ်ယောက်၊ ဂေါက်ဘဲရဲ့ဘဝရည်မှန်းချက်ကရှင်းရှင်းလေး အဲလ်ဗစ်ကိုသတ်မယ်။ ဒီဇာတ်လမ်းမှာကောင်မလေးအကြောင်းလည်းနည်းနည်းထည့်ပြောရလိမ့်မယ်။ သူနေထိုင်တဲ့လူ့အဖွဲ့စည်းကို စိတ်ကုန်နေတဲ့အမျိုးသမီးငယ်တစ်ယောက်။ ကောင်းကောင်းမွန်မွန်ကြီးပြင်းခဲ့ပေမယ့် မိသားစုနဲ့အစေးမကပ်သူ။ ကဗျာတွေရေးတယ်။သူများတွေမတွေးမိတာတွေတွေးပြီး ငေးချင်ငေးမယ်။ ရှင်သန်ခြင်းအပေါ်မှာတုံဏိဘာဝေဖြစ်နေသူ။ ဂျက်နဲ့တွေ့တော့ ဂျက်ရဲ့စောက်ဂရုမစိုက်တဲ့ အထာတွေ၊ကမူးရှူးထိုးပုံစံတွေ၊ ထီမထင်တဲ့ပြောပေါက်တွေဟာ သူမကိုကိုင်လှုပ်လိုက်သလိုဖြစ်သွားတယ်။ အဲဒီမှာ ဇာတ်လမ်းစခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာ အင်ဒီဒရမ်မာအမျိုးစားလို့ပြောလိုရတယ်။ ကင်မရာကိုလက်နဲ့ပဲကိုင်ရိုက်ထားတဲ့အခန်းတွေမှာ တုန်နေတဲ့ရိုက်ချက် များစွာပါဝင်ပါတယ်။ သဘာဝအလင်းရောင်ကိုအသားပေးရိုက်ထားပြီး၊ အဝေးမှ ဆွဲရိုက်ချက်တွေလည်းအများကြီးပါ။ နောက်ဆုံးတစ်ခုအနေနဲ့ကတော့ ဒီရုပ်ရှင်ဟာ ပြဇာတ်ဆန်တာပါ။ ဇာတ်ကြောင်းပြောသူဟာ ရုပ်ရှင်တစ်လျှောက် နောက်ခံအသံဖြင့်ရှင်းလင်းပြောပြနေပြီးဇာတ်ကောင်တွေဟာ တစ်ယောက်ကိုတစ်ယောက်ပြောစရာရှိမှပဲ စကားကိုပြောကြပါတယ်။ ဒီအတိုင်းပေါ့ပေါ့ပါးပါး ခံစားချင်တဲ့ စူးစမ်းလေ့လာမှုအခြေခံနဲ့ကြည့်မယ်ဆိုရင်တော့ ခံစားမှုတစ်ခုခုပေးမှာ အသေချာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KaungPaing ဖြစ်ပါတယ်)

Land of the Lost (2009) ⭐IMDB: 5.3/10 (73 k Votes) 🎬 #Action #Adventure #Comedy #SciFi 🗓️ 2009 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 42 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Land of the Lost (2009) ဒီဇာတ်ကားကတော့ အားလုံးနဲ့မစိမ်းတဲ့ ဟာသမင်းသားကြီး Will Ferrell ရဲ့ ဇာတ်ကားဟောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂေါက်သီးသိပ္ပံပညာရှင်လို့ ယူဆခံထားရတဲ့ ဒေါက်တာရစ်ခ်မာရှယ်ဟာ အစပိုင်းမှာတော့ တခြားသူတွေရဲ့ လှောင်စရာတစ်ခုကနေ မပိုခဲ့ပါဘူး။ ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့ သီအိုရီတွေမှန်ကန်မယ်လို့ ယုံကြည်တဲ့ ကမ်းဘရစ်ခ်ျက ကျောင်းသူတစ်ယောက်ရောက်လာချိန်မှာတော့ သူ့သီအိုရီတွေကိုလက်လျှော့လိုက်တဲ့ ရစ်ခ်မာရှယ်တစ်ယောက် လုပ်ငန်းပြန်စရပါတော့မယ်။ ထင်ထားတဲ့အတိုင်း သူ့သီအိုရီတွေဟာ မှန်ကန်ခဲ့ပြီး အချိန်နဲ့အာကာသဟင်းလင်းပြင်ကိုဖြတ်လို့ တခြားကမ္ဘာဦးလူသား‌တွေ ဒိုင်နိုဆောတွေရှိတဲ့ အချိန်တစ်ခုဆီရောက်သွားပါတော့တယ်။ ဒါပေမဲ့ အချိန်သာမတူမယ် ပြဿနာတွေကတော့တူတူပဲဆိုတဲ့အတိုင်း ပြဿနာတွေတစ်ခုပြီးတစ်ခုလာပါတော့တယ်။ သူတို့တွေ အတိတ်ကနေပြန်လာနိုင်မလား… ရစ်ခ်မာရှယ်ကကော ဟာသကြီးတစ်ခုအဖြစ်ကနေ လွတ်နိုင်ပါ့မလား… ဆိုတာကို ရယ်ရင်းမောရင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Adventure/Comedy ကားလေးဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး ဟာသကားတွေကြည့်ချင်သူတွေအတွက် အဆင်ပြေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)

Land of the Lost (2009) ⭐IMDB: 5.3/10 (73 k Votes) 🎬 #Action #Adventure #Comedy #SciFi 🗓️ 2009 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 42 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Land of the Lost (2009) ဒီဇာတ်ကားကတော့ အားလုံးနဲ့မစိမ်းတဲ့ ဟာသမင်းသားကြီး Will Ferrell ရဲ့ ဇာတ်ကားဟောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂေါက်သီးသိပ္ပံပညာရှင်လို့ ယူဆခံထားရတဲ့ ဒေါက်တာရစ်ခ်မာရှယ်ဟာ အစပိုင်းမှာတော့ တခြားသူတွေရဲ့ လှောင်စရာတစ်ခုကနေ မပိုခဲ့ပါဘူး။ ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့ သီအိုရီတွေမှန်ကန်မယ်လို့ ယုံကြည်တဲ့ ကမ်းဘရစ်ခ်ျက ကျောင်းသူတစ်ယောက်ရောက်လာချိန်မှာတော့ သူ့သီအိုရီတွေကိုလက်လျှော့လိုက်တဲ့ ရစ်ခ်မာရှယ်တစ်ယောက် လုပ်ငန်းပြန်စရပါတော့မယ်။ ထင်ထားတဲ့အတိုင်း သူ့သီအိုရီတွေဟာ မှန်ကန်ခဲ့ပြီး အချိန်နဲ့အာကာသဟင်းလင်းပြင်ကိုဖြတ်လို့ တခြားကမ္ဘာဦးလူသား‌တွေ ဒိုင်နိုဆောတွေရှိတဲ့ အချိန်တစ်ခုဆီရောက်သွားပါတော့တယ်။ ဒါပေမဲ့ အချိန်သာမတူမယ် ပြဿနာတွေကတော့တူတူပဲဆိုတဲ့အတိုင်း ပြဿနာတွေတစ်ခုပြီးတစ်ခုလာပါတော့တယ်။ သူတို့တွေ အတိတ်ကနေပြန်လာနိုင်မလား… ရစ်ခ်မာရှယ်ကကော ဟာသကြီးတစ်ခုအဖြစ်ကနေ လွတ်နိုင်ပါ့မလား… ဆိုတာကို ရယ်ရင်းမောရင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Adventure/Comedy ကားလေးဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး ဟာသကားတွေကြည့်ချင်သူတွေအတွက် အဆင်ပြေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)

High & Low: The Red Rain (2016) ⭐IMDB: 6.1/10 (358 Votes) 🎬 #Action #Drama #Mystery 🗓️ 2016 🎞️ Movie 📺 720p 🌎 #Japan ⏰ 1 နာရီ 50 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်လမ်းအစမှာတော့ အာမားမီးရားညီအစ်ကိုတွေဖြစ်ကြတဲ့. ဟီရိုးတိုးနဲ့ မာဆားကိတိုဟာရုတ်တရက် အစအနရှာမရအောင် ပျောက်ဆုံးသွားခဲ့တဲ့ အစ်ကိုဖြစ်သူ တာကဲရုကိုလိုက်လံရှာဖွေနေခဲ့ပါတယ်.မထင်မှတ်ဘဲ မိန်းမချောလေးဖြစ်သူ အိုင်ကာ နဲ့ တွေ့ဆုံမိပြီး.မိသားစု (၉) စု ရှိတဲ့ ခူရူးယုဂိုဏ်းရဲ့ မိသားစု (၁) စု ဖြစ်တဲ့. ကာမီဇိုနို မိသားစုရဲ့အရှုပ်အရှင်းတွေကြားထဲ ရောပါသွားချိန်မှာတော့.သူ့အဖေအတွက် တရားမျှတမှုကို ရှာဖွေနေသူ အိုင်ကာကို ကူညီရင်း. ဟီရိုးတိုးနဲ့ မာဆားကိတို့ ညီအစ်ကိုနှစ်ယောက်သူတို့တွေ့ချင်နေတဲ့ အစ်ကိုဖြစ်သူကို ရှာတွေ့မလား.ခူရူးယုဂိုဏ်းတင်မက တိုင်းပြည်ကိုပါ ရုန်းရင်းဆန်ခတ် ဖြစ်သွားစေနိုင်တဲ့လျို့ဝှက်ချက်ကြီးကို ဖော်ထုတ်နိုင်မလား. မထင်မှတ်ထားတဲ့ ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့.ညီအစ်ကိုသံယောဇဉ်. အနစ်နာခံမှု. မိသားစုရဲ့အဓိပ္ပါယ် ဆိုတာတွေကို ချပြထားတဲ့အက်ရှင်ကြမ်းကြမ်း. ဇာတ်ကားကောင်းလေးတစ်ပုဒ်ကိုCM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.

Road to High & Low (2016) ⭐IMDB: 6.4/10 (236 Votes) 🎬 #Action #Drama 🗓️ 2016 🎞️ Movie 📺 1080p 🌎 #Japan ⏰ 1 နာရီ 34 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 High & Low ဂျပန်ရုပ်ရှင်နဲ့ စီးရီးတွေဆိုတာကတော့ Gangster လူမိုက်တွေ ဂိုဏ်းတွေ အုပ်လိုက်ချကြတာတွေ ကြိုက်တဲ့လူတွေအတွက်တော့ ရှယ်ပါပဲ။ သူကတော့ စီးရီးကို Season 1 & 2 ရှိထားပြီး ရုပ်ရှင်ဆိုလည်း ၆ ကားထိ ထွက်ရှိရတဲ့ထိ အောင်မြင်မှုရထားပါတယ်။ (၆ ကားလုံးလည်း တင်ဆက်ပေးမှာပါ)။High & Low ကြည့်ဖို့ အတွက် အကျဉ်းချုံး ဒါလေးကို ရှင်းပြထားချင်ပါတယ်။ ပထမဆုံး SWORD ဆိုပြီး နယ်မြေကြီးတစ်ခု ရှိပါတယ်၊ ဒီနယ်မြေထဲမှာ လူမိုက်ဂိုဏ်း ၅ ဂိုဏ်းက အချင်းချင်း သိပ်မတည့်ကြပဲ ကိုယ်စီအုပ်ချုပ်လျက်ရှိပါတယ်။ 1. ဆန်းနိုးလူမိုက်ဂိုဏ်း (SWORD ထဲက S)ဒီရုပ်ရှင်ရဲ့ဇာတ်ဆောင်လို့ပြောရမယ့် မင်းသားတို့ရဲ့အဖွဲ့ပါ ခေါင်းဆောင်ကော်ဘရာနဲ့အတူ ယာမာတိုတို့က ဖွဲ့စည်းထားတာပါ။ 2. ဝှိုက်ရတ်စကဲလ်ဂိုဏ်း- အဖြူရောင်လူပေလူတေများ (SWORD ထဲက W)ယောက်ျားသားတွေရဲ့နှိပ်စက်ရမ်းကားတဲ့ဒဏ်ကိုခံရတဲ့ မိန်းကလေးတွေကို ကာကွယ်ဖို့ဆိုပြီး ကလပ်ထောင် ဖွဲ့စည်းထားတဲ့ဂိုဏ်းပါ၊ ခေါင်းဆောင်ကတော့ ရော့ကီဖြစ်ပါတယ်။ 3. အိုယာအထက်တန်းကျောင်းဂိုဏ်း (SWORD ထဲက O)အချိန်ပိုင်းကျောင်းသား၊ အချိန်ပြည့်ကျောင်းသားတွေနဲ့ ဖိုက်ကလပ်လုပ်ပြီး ဖွဲ့စည်းထားတဲ့ဂိုဏ်းပါ၊ ခေါင်းဆောင်ကတော့ မူရာယာမဖြစ်ပါတယ်။ 4. ရူဒီဘွိုင်းစ်ဂိုဏ်း – လူရိုင်းလေးများ (SWORD ထဲက R)မိဘကစွန့်ပစ်ထားသူတွေ၊ ခိုလှုံရာမဲ့သူတွေ လာစုဝေးကြတဲ့ အမည်မရှိဆိုတဲ့ ဥပဒေမဲ့မြို့လေးကို စောင့်ရှောက်ပေးနေတဲ့ဂိုဏ်းဖြစ်ပါတယ်၊ ခေါင်းဆောင်ကတော့ စမုတ်ကီဖြစ်ပါတယ်။ 5. ဒါရူးမားဂိုဏ်း (SWORD ထဲက D)SWORD နယ်မြေရဲ့ ပွဲတော်တွေကို ထိန်းချုပ်ကိုင်တွယ်ထားတဲ့ ဂိုဏ်းပါ၊ ခေါင်းဆောင်ကတော့ ဟျူဂါဖြစ်ပါတယ်။ တစ်ဖက်မှာ ဒီ SWORD တွေကို ကြည့်မရဖြစ်နေပြီး အဲဒီနယ်မြေကို အသစ်ပြန်တည်ဆောက်မယ့်စီမံကိန်းတွေကို လုပ်ချင်နေတဲ့ ငွေကြေးဓနရှင် ခူရူးယုအဖွဲ့ လူမိုက်ဂိုဏ်းအကြီးစားကြီး ရှိပါတယ်။ ဒီဇာတ်လမ်းလေးရဲ့အကြောင်းကတော့ ကော်ဘရာ၊ ယာမာတိုနဲ့ နိုဘိုရုဆိုပြီး ကလေးဘဝကတည်းက သူငယ်ချင်းသုံးယောက်ရှိကြပါတယ်။ သူတို့ထဲကမှ နိုဘိုရုကတော့ အားနည်းသူတွေကို ကာကွယ်ဖို့ဆိုပြီး ရှေ့နေဖြစ်ချင်တဲ့လူတစ်ယောက်ပါ (ကျန်တဲ့နှစ်ယောက်က လေးစားအားကျရတဲ့ စတားတစ်ယောက်ပေါ့)။အသက်တွေကြီးလာတော့ ကော်ဘရာနဲ့ ယာမာတိုက မူဂန်ဂိုဏ်းမှာ လူမိုက်တွေဖြစ်နေတာပေါ့၊ နိုဘိုရုကလည်း သူ့အိပ်မက်ဖြစ်တဲ့ ရှေ့နေဖြစ်ဖို့ ကြိုးစားကျောင်းတက်နေရင်းပေါ့။ဒါပေမဲ့ ကြမ္မာဆိုးတစ်ခုကြောင့် နိုဘိုရု ထောင်ကျသွားပါတော့တယ် အဲဒီမှာ သူတို့ ၃ ယောက်လည်း ကွဲခဲ့ရပါတယ်။အဲဒါပြီးတော့ အချိန်ကြာလာတဲ့အခါ ကော်ဘရာနဲ့ ယာမာတိုက ဆန်းနိုးဂိုဏ်းကို တည်ထောင်ထားပြီး ပြဿနာလေးတွေ ဖြေရှင်းနေရင်း ရှင်သန်နေကြပါတယ်။တစ်နေ့မှာတော့ သူတို့ရဲ့ SWORD ၅ ဂိုဏ်းလုံးကို ခူရူးယုအဖွဲ့ခွဲဖြစ်တဲ့ အဲအိမုရမိသားစုဆိုတဲ့ ဂိုဏ်းကြီးက သူတို့အဖွဲ့အစည်းထဲ လာပေါင်းဖို့ လာစည်းရုံးပါတယ်၊ လက်မခံရင်လည်း ချေမှုန်းခံရမယ်ဆိုပြီး ချိန်းခြောက်ပါတယ်။ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒီလိုလာပြောတဲ့လူဟာ သူတို့လေးစားအားကျခဲ့ရတဲ့ ငယ်သူငယ်ချင်းနိုဘိုရုတစ်ယောက် ဖြစ်နေပြီး ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဘာဆက်ဖြစ်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာပါ။ကြားထဲမှာလည်း ဂိုဏ်းအချင်းချင်းကြားက ပြဿနာတွေ အရှုပ်တော်ပုံတွေနဲ့အတူ လှည့်ကွက်တွေနဲ့ ခပ်မိုက်မိုက်အက်ရှင်တွေကို ခံစားရမှာပါ။ဇာတ်ကားကလည်း ၆ ကားလုံး တင်ဆက်ပေးသွားမှာဆိုတော့ လူမိုက်တွေ အုပ်လိုက်ဖိုက်တင်းချကြတဲ့ ပရိသတ်တွေအဖို့ အကြိုက်တွေ့မှာသေချာပါတယ်၊ မိန်းကလေးပရိတ်သတ်တွေအတွက်လည်း ဂျပန်လူမိုက်အဆင်လေးတွေဖြစ်လို့ ငမ်းရဖို့သာ ပြင်ထားပါ။

High & Low: The Red Rain (2016) ⭐IMDB: 6.1/10 (358 Votes) 🎬 #Action #Drama #Mystery 🗓️ 2016 🎞️ Movie 📺 1080p 🌎 #Japan ⏰ 1 နာရီ 50 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်လမ်းအစမှာတော့ အာမားမီးရားညီအစ်ကိုတွေဖြစ်ကြတဲ့. ဟီရိုးတိုးနဲ့ မာဆားကိတိုဟာရုတ်တရက် အစအနရှာမရအောင် ပျောက်ဆုံးသွားခဲ့တဲ့ အစ်ကိုဖြစ်သူ တာကဲရုကိုလိုက်လံရှာဖွေနေခဲ့ပါတယ်.မထင်မှတ်ဘဲ မိန်းမချောလေးဖြစ်သူ အိုင်ကာ နဲ့ တွေ့ဆုံမိပြီး.မိသားစု (၉) စု ရှိတဲ့ ခူရူးယုဂိုဏ်းရဲ့ မိသားစု (၁) စု ဖြစ်တဲ့. ကာမီဇိုနို မိသားစုရဲ့အရှုပ်အရှင်းတွေကြားထဲ ရောပါသွားချိန်မှာတော့.သူ့အဖေအတွက် တရားမျှတမှုကို ရှာဖွေနေသူ အိုင်ကာကို ကူညီရင်း. ဟီရိုးတိုးနဲ့ မာဆားကိတို့ ညီအစ်ကိုနှစ်ယောက်သူတို့တွေ့ချင်နေတဲ့ အစ်ကိုဖြစ်သူကို ရှာတွေ့မလား.ခူရူးယုဂိုဏ်းတင်မက တိုင်းပြည်ကိုပါ ရုန်းရင်းဆန်ခတ် ဖြစ်သွားစေနိုင်တဲ့လျို့ဝှက်ချက်ကြီးကို ဖော်ထုတ်နိုင်မလား. မထင်မှတ်ထားတဲ့ ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့.ညီအစ်ကိုသံယောဇဉ်. အနစ်နာခံမှု. မိသားစုရဲ့အဓိပ္ပါယ် ဆိုတာတွေကို ချပြထားတဲ့အက်ရှင်ကြမ်းကြမ်း. ဇာတ်ကားကောင်းလေးတစ်ပုဒ်ကိုCM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.

High & Low: The Movie (2016) ⭐IMDB: 6.4/10 (690 Votes) 🎬 #Action #Drama 🗓️ 2016 🎞️ Movie 📺 720p 🌎 #Japan ⏰ 2 နာရီ 9 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ SWORD နယ်မြေဖြစ်ထွန်းပြီးမကြာခင်မှာပဲ အဲဒီနယ်မြေကိုအပိုင်သိမ်းချင်တဲ့ အုပ်စုတစ်စုဟာ ကောက်ကျစ်တဲ့နည်းတစ်ခုကိုအသုံးချပြီး သိမ်းပိုက်ဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ SWORD ကိုချစ်ကြတဲ့ ဂိုဏ်းငါးဂိုဏ်းလုံးဟာ သူတို့ကိုပြန်လည်ခုခံကြပါတယ်။သူငယ်ချင်းကြားက သံယောဇဉ်တွေနဲ့ action ကြမ်းကြမ်းလေးတွေကိုပေါ်လွင်အောင်ပြသတာကို ရသစုံစုံ ခပ်မိုက်မိုက်ကြည့်ရမယ့် ဂျပန်ဂန်းစတားကားလေးဖြစ်ပါတယ်။ဒါကတော့ဒုတိယမြောက်ကားဖြစ်ပါတယ်။

High & Low: The Movie (2016) ⭐IMDB: 6.4/10 (690 Votes) 🎬 #Action #Drama 🗓️ 2016 🎞️ movie 📺 1080p 🌎 #Japan ⏰ 2 နာရီ 9 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ SWORD နယ်မြေဖြစ်ထွန်းပြီးမကြာခင်မှာပဲ အဲဒီနယ်မြေကိုအပိုင်သိမ်းချင်တဲ့ အုပ်စုတစ်စုဟာ ကောက်ကျစ်တဲ့နည်းတစ်ခုကိုအသုံးချပြီး သိမ်းပိုက်ဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ SWORD ကိုချစ်ကြတဲ့ ဂိုဏ်းငါးဂိုဏ်းလုံးဟာ သူတို့ကိုပြန်လည်ခုခံကြပါတယ်။သူငယ်ချင်းကြားက သံယောဇဉ်တွေနဲ့ action ကြမ်းကြမ်းလေးတွေကိုပေါ်လွင်အောင်ပြသတာကို ရသစုံစုံ ခပ်မိုက်မိုက်ကြည့်ရမယ့် ဂျပန်ဂန်းစတားကားလေးဖြစ်ပါတယ်။ဒါကတော့ဒုတိယမြောက်ကားဖြစ်ပါတယ်။

High & Low: The Movie 2 - End of Sky (2017) ⭐IMDB: 7.1/10 (492 Votes) 🎬 #Action #Drama 🗓️ 2017 🎞️ Movie 📺 720p 🌎 #Japan ⏰ 2 နာရီ 4 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အဆိုပါဂျပန်ရုပ်ရှင်ဟာ High & Low Franchise မှ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Imdb 7.1အထိရရှိထားပြီး ရုံတင်ငွေ ၁.၃၄ ဘီလျံယန်းထိရရှိပြီး Japanese Box officeမှာအတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပါတယ်။ ဇိုးအထာဖမ်းထားတဲ့တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူငယ်ဇာတ်ကောင်များပါဝင်ပြီး လူငယ်ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ဒုစရိုက်လောကကိုအုပ်စိုးတဲ့ ခူရူးယုဂိုဏ်း(KURYU GROUP) ဟာ SWORD နယ်မြေမှာ ကာစီနိုဖွင့်ရန်ကြံစည်နေပါတယ်။ အဆိုပါ ကိစ္စကို SWORD နယ်ခံဂိုဏ်းတွေကမလိုလားပါဘူး။ ဆန်းနိုးဂိုဏ်းကကော်ဘရာရဲ့ အပြောရဆိုရင် SWORD ဟာခူရူးယုဂိုဏ်းအုပ်စိုးနေသရွေ့အနာဂတ်ဆိုတာလည်းမရှိဘူးလို့ဆိုပါတယ်။အင်အားကြီးတဲ့ဧရာမဂိုဏ်းကြီးနဲ့ အားပြိုင်ဖို့ကြိုးစားပုံမှာဇာတ်အိမ်တည်ထားတယ်။တချိန်တည်းမှာပဲ SWORD နယ်မြေကို ခပ်ထန်ကြမ်းတမ်းလွန်းတဲ့ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြတဲ့ ရမ်မာရုရဲ့သံသယဂိုဏ်းနဲ့ ဂျက်စီရဲ့ ထောင်ဂိုဏ်းတို့ပူးပေါင်းကာ တိုက်ခိုက်ဖို့ကြံစည်ကြပါတယ်။ အဓိကကသံသယဂိုဏ်းရဲ့ထာဝရရန်ဖက်ဖြစ်တဲ့ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကို ချေမှုန်းချင်ရာကနေစတင်ပါတယ်။ဝှိုက်ရတ်စကဲလ်တွေဟာအမျိုးသမီးတွေကို ကာကွယ်သူတွေအဖြစ်ခံယူထားကြပြီးသံသယဂိုဏ်းသားတွေကတော့ ငွေရရင်ဘာမဆိုလုပ်ကြမယ့်လူတွေဖြစ် တယ်။ SWORD နယ်မြေကဆန်းနိုးလူဆိုးဂိုဏ်းကိုယ်စားပြု ကော်ဘရာဟာ SWORD ဂိုဏ်းတွေမဟာမိတ်ဖွဲ့ဖို့ အဆိုကိုတင်သွင်းပြီးအားလုံးလိုလိုကငြင်းဆန်ခဲ့ကြပါတယ်။ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကရော့ကီဟာ သံသယဂိုဏ်းကဘဲတွေကိုသူကိုယ်တိုင်ပဲရိုက်ခွဲချင်နေပြီးအခြားဘေးကပါဝင်သူတွေကိုထိခိုက်နစ်နာမှာကိုမလိုလားပါဘူး။တစ်ဖက်မှာတော့ အာမားမီးယားညီအစ်ကိုဂိုဏ်းဟာ ဒုစရိုက်လောကရဲ့အကြီးဆုံးဂိုဏ်းဖြစ်တဲ့ခူရူးယုဂိုဏ်းကို အမြစ်ကနေဆွဲလှန်ပြီးဖျက်စီးနိုင်မယ့် ယူအက်စ်ဘီ(USB FLASH DRIVE)ကိုလက်ဝယ်ရရှိထားပါတယ်။ အဆိုပါ ယူအက်စ်ဘီကိုခူရူးယုဂိုဏ်းဘက်ကပြန်လည်ရယူဖို့ကြိုးစားပုံတွေ၊ တစ်ဖန်ပြန်လည်ခုခံပုံတွေ၊ လမ်းမပေါ်ကဂိုဏ်းတွေမတစ်ထောင်တစ်ကောင်ဖွားတွေ အချင်းချင်း ရိုက်ကြနှက်ကြထိုးကြခွဲကြဆိုးကြ ပုံတွေကို အားပါးတရပဲ အံ့တကြိတ်ကြိတ်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။

High & Low: The Movie 2 - End of Sky (2017) ⭐IMDB: 7.1/10 (492 Votes) 🎬 #Action #Drama 🗓️ 2017 🎞️ Movie 📺 1080p 🌎 #Japan ⏰ 2 နာရီ 4 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အဆိုပါဂျပန်ရုပ်ရှင်ဟာ High & Low Franchise မှ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Imdb 7.1အထိရရှိထားပြီး ရုံတင်ငွေ ၁.၃၄ ဘီလျံယန်းထိရရှိပြီး Japanese Box officeမှာအတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပါတယ်။ ဇိုးအထာဖမ်းထားတဲ့တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူငယ်ဇာတ်ကောင်များပါဝင်ပြီး လူငယ်ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ဒုစရိုက်လောကကိုအုပ်စိုးတဲ့ ခူရူးယုဂိုဏ်း(KURYU GROUP) ဟာ SWORD နယ်မြေမှာ ကာစီနိုဖွင့်ရန်ကြံစည်နေပါတယ်။ အဆိုပါ ကိစ္စကို SWORD နယ်ခံဂိုဏ်းတွေကမလိုလားပါဘူး။ ဆန်းနိုးဂိုဏ်းကကော်ဘရာရဲ့ အပြောရဆိုရင် SWORD ဟာခူရူးယုဂိုဏ်းအုပ်စိုးနေသရွေ့အနာဂတ်ဆိုတာလည်းမရှိဘူးလို့ဆိုပါတယ်။အင်အားကြီးတဲ့ဧရာမဂိုဏ်းကြီးနဲ့ အားပြိုင်ဖို့ကြိုးစားပုံမှာဇာတ်အိမ်တည်ထားတယ်။တချိန်တည်းမှာပဲ SWORD နယ်မြေကို ခပ်ထန်ကြမ်းတမ်းလွန်းတဲ့ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြတဲ့ ရမ်မာရုရဲ့သံသယဂိုဏ်းနဲ့ ဂျက်စီရဲ့ ထောင်ဂိုဏ်းတို့ပူးပေါင်းကာ တိုက်ခိုက်ဖို့ကြံစည်ကြပါတယ်။ အဓိကကသံသယဂိုဏ်းရဲ့ထာဝရရန်ဖက်ဖြစ်တဲ့ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကို ချေမှုန်းချင်ရာကနေစတင်ပါတယ်။ဝှိုက်ရတ်စကဲလ်တွေဟာအမျိုးသမီးတွေကို ကာကွယ်သူတွေအဖြစ်ခံယူထားကြပြီးသံသယဂိုဏ်းသားတွေကတော့ ငွေရရင်ဘာမဆိုလုပ်ကြမယ့်လူတွေဖြစ် တယ်။ SWORD နယ်မြေကဆန်းနိုးလူဆိုးဂိုဏ်းကိုယ်စားပြု ကော်ဘရာဟာ SWORD ဂိုဏ်းတွေမဟာမိတ်ဖွဲ့ဖို့ အဆိုကိုတင်သွင်းပြီးအားလုံးလိုလိုကငြင်းဆန်ခဲ့ကြပါတယ်။ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကရော့ကီဟာ သံသယဂိုဏ်းကဘဲတွေကိုသူကိုယ်တိုင်ပဲရိုက်ခွဲချင်နေပြီးအခြားဘေးကပါဝင်သူတွေကိုထိခိုက်နစ်နာမှာကိုမလိုလားပါဘူး။တစ်ဖက်မှာတော့ အာမားမီးယားညီအစ်ကိုဂိုဏ်းဟာ ဒုစရိုက်လောကရဲ့အကြီးဆုံးဂိုဏ်းဖြစ်တဲ့ခူရူးယုဂိုဏ်းကို အမြစ်ကနေဆွဲလှန်ပြီးဖျက်စီးနိုင်မယ့် ယူအက်စ်ဘီ(USB FLASH DRIVE)ကိုလက်ဝယ်ရရှိထားပါတယ်။ အဆိုပါ ယူအက်စ်ဘီကိုခူရူးယုဂိုဏ်းဘက်ကပြန်လည်ရယူဖို့ကြိုးစားပုံတွေ၊ တစ်ဖန်ပြန်လည်ခုခံပုံတွေ၊ လမ်းမပေါ်ကဂိုဏ်းတွေမတစ်ထောင်တစ်ကောင်ဖွားတွေ အချင်းချင်း ရိုက်ကြနှက်ကြထိုးကြခွဲကြဆိုးကြ ပုံတွေကို အားပါးတရပဲ အံ့တကြိတ်ကြိတ်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။

High & Low: The Movie 3 - Final Mission (2017) ⭐IMDB: 7.2/10 (712 Votes) 🎬 #Action #Drama 🗓️ 2017 🎞️ Movie 📺 720p 🌎 #Japan ⏰ 1 နာရီ 58 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 High & low the Movie 3 – Final Mission ကတော့ဂျပန်အက်ရှင်ဒရာမာ ရုပ်ရှင်တွဲဖြစ်တဲ့ High and Low series ရဲ့လေးကားမြောက်ပါ။ဂျပန်ယာကူဇာတွေဖြစ်တဲ့ ခူရူးယုဂိုဏ်း(Kuryu Group)နဲ့ SWORD အဖွဲ့တို့ကြားက တိုက်ပွဲကိုရိုက်ထားပြီး ရှေ့ကသုံးကားဖြစ်တဲ့ High & Low the Movie 1,High & Low the Red Rain,High & Low the Movie 2/ End of Sky တို့ရဲ့အဆက်ပါ။ရုပ်ရှင်ဒရာမာရသအပြည့်အဝခံစားချင်ရင်တော့ ကားအစဉ်လိုက်ကြည့်ဖို့ညွှန်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Nameless City ဆိုတဲ့အမည်မရှိမြို့မှာအရင်ကဆေးဝါးစက်ရုံတစ်ခုရှိခဲ့ပါတယ်။အဲ့ဆေးဝါးက ဗိုင်းရပ်စ်ကုသတဲ့နေရာမှာထိရောက်မှုရှိခဲ့တဲ့အတွက်အစိုးရကလည်းထောက်ခံမှုပေးခဲ့ပါတယ်။ဒါပေမဲ့ဆေးကအခြားဘက်မှာဆိုးကျိုးတွေရှိနေပြီး ကုသခဲ့တဲ့လူနာတွေကခြောက်လအတွင်းမှာသေဆုံးခဲ့ပါတယ်။အဲ့အကြောင်းကြောင့်ကုမ္ပဏီလည်း ဒေဝါလီခံလိုက်ရပါတယ်။ထို့အပြင်ကုမ္ပဏီကထွက်တဲ့အညစ်အကြေးစွန့်ပစ်ပစ္စည်းတွေအနီးနာရေကန်ဆီစွန့်ပစ်ခံလိုက်ရပြီး ထိုဒေသမှာနေတဲ့လူတွေ အဆိပ့်သင့်ဓာတ်ပစ္စည်းတွေရဲ့အကျိုးဆက်ကိုခံစားခဲ့ကြရပါတယ်။ထိုအကြောင်းတွေသိတော့ အစိုးရကသက်ဆိုင်ရာတွေကိုခေါ်ပြီးမြေဖို့ ဖုံးဖိခဲ့ပါတယ်။ ဆေးကုမ္ပဏီက ကျန်ရှိနေတဲ့သက်သေတွေအစဖျောက်ဖို့ ခူရူးယုဂိုဏ်းကိုငှားခဲ့ပါတယ်။တစ်ဖက်မှာလည်း အစိုးရနဲ့ခူရူးယုပူးပေါင်းကာ မိုင်းတွင်းနဲ့အမည်မရှိမြို့ကိုဖောက်ခွဲဖျက်ဆီးပစ်ပြီး ထိုနေရာမှာသူတို့အကျိုးအမြတ်ရမဲ့ ကာစီနိုတစ်ခုကိုတည်ဆောက်ဖို့လုပ်ပါတော့တယ်။ထိုအခါ အဆိပ်သင့်ဘေးကိုခံရရုံမက အမည်မရှိမြို့သူမြို့သားတွေက နေထိုင်ရာမှအတင်းအကျပ်ဖယ်ခိုင်းခံရပြီး အဆိပ်သင့်ခံထားရတဲ့သားကောင်များကိုပါသုတ်သင်ရှင်းလင်းဖို့လုပ်တာခံရပါတော့တယ်။SWORD အဖွဲ့ဟာမိမိတို့ပိုင်နက် နယ်မြေနဲ့ အမည်မရှိမြို့ကိုကာကွယ်ဖို့ကြိုးစားရင်း ခူရူးယုနဲ့အတိုက်အခံဖြစ်ကာမိမိတို့အသင်းသားများနဲ့မိသားစုဝင်များပါလုပ်ကြံခံရပါတယ်။ထိုသို့မတရားမှုများကိုပြန်လည်တွန်းလှန်ရန် SWORD အဖွဲ့များစည်းလုံးပြီး ခူရူးယုကိုတိုက်ခိုက်ချေမှုန်းဖို့ပြင်ဆင်ပါတော့တယ်။ အင်အားကြီးမားလှတဲ့ ခူရူးယုဂိုဏ်းကိုဘယ်လိုအနိုင်တိုက်ချေမှုန်းသွားမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပြီးဂျပန်အက်ရှင်ကြိုက်သူတို့အတွက် လက်လွတ်မခံသင့်တဲ့ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။

High & Low: The Movie 3 - Final Mission (2017) ⭐IMDB: 7.2/10 (712 Votes) 🎬 #Action #Drama 🗓️ 2017 🎞️ Movie 📺 1080p 🌎 #Japan ⏰ 1 နာရီ 58 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 High & low the Movie 3 – Final Mission ကတော့ဂျပန်အက်ရှင်ဒရာမာ ရုပ်ရှင်တွဲဖြစ်တဲ့ High and Low series ရဲ့လေးကားမြောက်ပါ။ဂျပန်ယာကူဇာတွေဖြစ်တဲ့ ခူရူးယုဂိုဏ်း(Kuryu Group)နဲ့ SWORD အဖွဲ့တို့ကြားက တိုက်ပွဲကိုရိုက်ထားပြီး ရှေ့ကသုံးကားဖြစ်တဲ့ High & Low the Movie 1,High & Low the Red Rain,High & Low the Movie 2/ End of Sky တို့ရဲ့အဆက်ပါ။ရုပ်ရှင်ဒရာမာရသအပြည့်အဝခံစားချင်ရင်တော့ ကားအစဉ်လိုက်ကြည့်ဖို့ညွှန်းပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ Nameless City ဆိုတဲ့အမည်မရှိမြို့မှာအရင်ကဆေးဝါးစက်ရုံတစ်ခုရှိခဲ့ပါတယ်။အဲ့ဆေးဝါးက ဗိုင်းရပ်စ်ကုသတဲ့နေရာမှာထိရောက်မှုရှိခဲ့တဲ့အတွက်အစိုးရကလည်းထောက်ခံမှုပေးခဲ့ပါတယ်။ဒါပေမဲ့ဆေးကအခြားဘက်မှာဆိုးကျိုးတွေရှိနေပြီး ကုသခဲ့တဲ့လူနာတွေကခြောက်လအတွင်းမှာသေဆုံးခဲ့ပါတယ်။အဲ့အကြောင်းကြောင့်ကုမ္ပဏီလည်း ဒေဝါလီခံလိုက်ရပါတယ်။ထို့အပြင်ကုမ္ပဏီကထွက်တဲ့အညစ်အကြေးစွန့်ပစ်ပစ္စည်းတွေအနီးနာရေကန်ဆီစွန့်ပစ်ခံလိုက်ရပြီး ထိုဒေသမှာနေတဲ့လူတွေ အဆိပ့်သင့်ဓာတ်ပစ္စည်းတွေရဲ့အကျိုးဆက်ကိုခံစားခဲ့ကြရပါတယ်။ထိုအကြောင်းတွေသိတော့ အစိုးရကသက်ဆိုင်ရာတွေကိုခေါ်ပြီးမြေဖို့ ဖုံးဖိခဲ့ပါတယ်။ ဆေးကုမ္ပဏီက ကျန်ရှိနေတဲ့သက်သေတွေအစဖျောက်ဖို့ ခူရူးယုဂိုဏ်းကိုငှားခဲ့ပါတယ်။တစ်ဖက်မှာလည်း အစိုးရနဲ့ခူရူးယုပူးပေါင်းကာ မိုင်းတွင်းနဲ့အမည်မရှိမြို့ကိုဖောက်ခွဲဖျက်ဆီးပစ်ပြီး ထိုနေရာမှာသူတို့အကျိုးအမြတ်ရမဲ့ ကာစီနိုတစ်ခုကိုတည်ဆောက်ဖို့လုပ်ပါတော့တယ်။ထိုအခါ အဆိပ်သင့်ဘေးကိုခံရရုံမက အမည်မရှိမြို့သူမြို့သားတွေက နေထိုင်ရာမှအတင်းအကျပ်ဖယ်ခိုင်းခံရပြီး အဆိပ်သင့်ခံထားရတဲ့သားကောင်များကိုပါသုတ်သင်ရှင်းလင်းဖို့လုပ်တာခံရပါတော့တယ်။SWORD အဖွဲ့ဟာမိမိတို့ပိုင်နက် နယ်မြေနဲ့ အမည်မရှိမြို့ကိုကာကွယ်ဖို့ကြိုးစားရင်း ခူရူးယုနဲ့အတိုက်အခံဖြစ်ကာမိမိတို့အသင်းသားများနဲ့မိသားစုဝင်များပါလုပ်ကြံခံရပါတယ်။ထိုသို့မတရားမှုများကိုပြန်လည်တွန်းလှန်ရန် SWORD အဖွဲ့များစည်းလုံးပြီး ခူရူးယုကိုတိုက်ခိုက်ချေမှုန်းဖို့ပြင်ဆင်ပါတော့တယ်။ အင်အားကြီးမားလှတဲ့ ခူရူးယုဂိုဏ်းကိုဘယ်လိုအနိုင်တိုက်ချေမှုန်းသွားမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပြီးဂျပန်အက်ရှင်ကြိုက်သူတို့အတွက် လက်လွတ်မခံသင့်တဲ့ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။

High & Low: The Worst X (2022) ⭐IMDB: 6.5/10 (446 Votes) 🎬 #Action #Drama #Crime #Thriller 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #Japan ⏰ 1 နာရီ 59 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 High & Low The Worst X ကတော့ ၂၀၂၂ တုန်းကနောက်ဆုံးထွက်ထားတဲ့ ၇ ကားမြောက်ဇာတ်ကားဖြစ်ပြီး High & Low The Worst အပြီး ၃ နှစ်အကြာမှာ ဇာတ်လမ်းတည်ထားတာပါ။အိုယာကျောင်းဂိုဏ်းဟာ ခေါင်းဆောင်အသစ်နဲ့အတူ ဂိုဏ်းအားလုံးထဲမှာ အတောင့်တင်းဆုံးနီးပါးအထိဖြစ်လာပြီး ဒါကို ပြဿနာရှာချင်တဲ့ ဆဲနိုမွန်ကျောင်းဂိုဏ်းက တခြားအဖွဲ့နှစ်ဖွဲ့နဲ့ပေါင်းပြီး အိုယာကျောင်းဂိုဏ်းကိုဖျက်ဆီးကြတဲ့အခါမှာ သုံးဖွဲ့တစ်ဖွဲ့ချကြပါတယ်။ဇာတ်ကောင်အဟောင်းအနေနဲ့ကတော့ တိုဒိုရိုကီ၊ ဖူဂျီအို၊ ဆာချီအိုနဲ့ တခြားဇာတ်ပို့တွေပြန်ပါမှာဖြစ်ပြီး ဇာတ်ကောင်အသစ်တွေအများကြီးနဲ့ ကျစ်လစ်တဲ့ဇာတ်အိမ်ကြောင့် ကြည့်ဖို့နှစ်ခါမစဉ်းစားသင့်တဲ့ဇာတ်ကားပါ။

High & Low: The Worst (2019) ⭐IMDB: 6.7/10 (634 Votes) 🎬 #Action #Drama #Comedy 🗓️ 2019 🎞️ Movie 📺 720p 🌎 #Japan ⏰ 2 နာရီ 5 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 High and Low ပရိသတ် တွေအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီ High and Low:The Worst ဟာ High & Low movieတွဲတွေထဲမှာ (၆)ကားမြောက်ဖြစ်ပြီး timeline အားဖြင့် Final Mission အပြီး ခရူးယုဂိုဏ်းရှုံးနိမ့်သွားချိန်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်ကြောင်းကို နည်းနည်း ပြောပြရရင် Final Mission အပြီးမှာ ခရူးယုဂိုဏ်း ၊သံသယဂိုဏ်းတို့နဲ့ အတူ ပျောက်ကွယ်သွားတဲ့ ရတ်ဒရမ်မူးယစ်ဆေးတွေဟာ SWORD ရဲ့ လမ်းမတွေပေါ်မှာ တစ်စတစ်စနဲ့ ပြန်ပေါ်လာပါတော့တယ်။ဆေးရောင်းချမှုတွေဟာ တဖြည်းဖြည်းနဲ့ ပမာဏများလာပြီး မူရာယာမတို့ရဲ့ အိုယာအထက်တန်းကျောင်းအထိ ပြန့်နှံ့ရောက်ရှိလာပါတယ်။အဲ့ဒီအချိန်မှာ အိုယာအထက်တန်းကျောင်းဂိုဏ်းမှာလည်း ပြဿနာတွေတက်နေပြီး ပုဂ္ဂိုလ်စွဲတွေနဲ့ ဂိုဏ်းခွဲတွေ အများကြီး ကွဲလာပါတော့တယ်။ ဒီလိုအတွင်းရေး ပြဿနာတွေကြားထဲမှာ အိုယာဂိုဏ်းသားတွေဟာ ရတ်ဒရမ်ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ၊သူတို့ကြားထဲမှာရော ဘယ်လိုကိစ္စတွေကြောင့် ပြဿနာတွေတက်နေရတာလဲ၊အိုယာကျောင်းဂိုဏ်းမှာရော ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာတော့ ဒီဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အရင် High & Low ဇာတ်ကားတွေထဲက မူရာယာမတို့ တိုဒိုရိုကီတို့လို ဇာတ်ကောင်အဟောင်းတွေလည်း ပြန်ပါပြီး ဇာတ်ကောင်အသစ်တွေနဲ့ ဇာတ်လမ်းအသစ်တွေကိုလည်း မြင်ရမှာမို့ High & Low ပရိတ်သတ်တွေအနေနဲ့ အလွမ်းလဲပြေရမှာ ဖြစ်သလို နောက်ဆက်မယ့် ဇာတ်ကားတွေအတွက်အချိတ်အဆက်တွေလည်း မြင်တွေ့ရပါလိမ့်မယ်။ ဒါကြောင့်မို့ အရင် High and Low ဇာတ်ကားတွေကို ကြိုက်နှစ်သက်တယ်ဆို ဒီ High and Low: The Worst ကိုလည်း ဆက်ဆက်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျ။

High & Low: The Worst (2019) ⭐IMDB: 6.7/10 (634 Votes) 🎬 #Action #Drama #Comedy 🗓️ 2019 🎞️ Movie 📺 1080p 🌎 #Japan ⏰ 2 နာရီ 5 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 High and Low ပရိသတ် တွေအားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ဒီ High and Low:The Worst ဟာ High & Low movieတွဲတွေထဲမှာ (၆)ကားမြောက်ဖြစ်ပြီး timeline အားဖြင့် Final Mission အပြီး ခရူးယုဂိုဏ်းရှုံးနိမ့်သွားချိန်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်ကြောင်းကို နည်းနည်း ပြောပြရရင် Final Mission အပြီးမှာ ခရူးယုဂိုဏ်း ၊သံသယဂိုဏ်းတို့နဲ့ အတူ ပျောက်ကွယ်သွားတဲ့ ရတ်ဒရမ်မူးယစ်ဆေးတွေဟာ SWORD ရဲ့ လမ်းမတွေပေါ်မှာ တစ်စတစ်စနဲ့ ပြန်ပေါ်လာပါတော့တယ်။ဆေးရောင်းချမှုတွေဟာ တဖြည်းဖြည်းနဲ့ ပမာဏများလာပြီး မူရာယာမတို့ရဲ့ အိုယာအထက်တန်းကျောင်းအထိ ပြန့်နှံ့ရောက်ရှိလာပါတယ်။အဲ့ဒီအချိန်မှာ အိုယာအထက်တန်းကျောင်းဂိုဏ်းမှာလည်း ပြဿနာတွေတက်နေပြီး ပုဂ္ဂိုလ်စွဲတွေနဲ့ ဂိုဏ်းခွဲတွေ အများကြီး ကွဲလာပါတော့တယ်။ ဒီလိုအတွင်းရေး ပြဿနာတွေကြားထဲမှာ အိုယာဂိုဏ်းသားတွေဟာ ရတ်ဒရမ်ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ၊သူတို့ကြားထဲမှာရော ဘယ်လိုကိစ္စတွေကြောင့် ပြဿနာတွေတက်နေရတာလဲ၊အိုယာကျောင်းဂိုဏ်းမှာရော ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲဆိုတာတော့ ဒီဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အရင် High & Low ဇာတ်ကားတွေထဲက မူရာယာမတို့ တိုဒိုရိုကီတို့လို ဇာတ်ကောင်အဟောင်းတွေလည်း ပြန်ပါပြီး ဇာတ်ကောင်အသစ်တွေနဲ့ ဇာတ်လမ်းအသစ်တွေကိုလည်း မြင်ရမှာမို့ High & Low ပရိတ်သတ်တွေအနေနဲ့ အလွမ်းလဲပြေရမှာ ဖြစ်သလို နောက်ဆက်မယ့် ဇာတ်ကားတွေအတွက်အချိတ်အဆက်တွေလည်း မြင်တွေ့ရပါလိမ့်မယ်။ ဒါကြောင့်မို့ အရင် High and Low ဇာတ်ကားတွေကို ကြိုက်နှစ်သက်တယ်ဆို ဒီ High and Low: The Worst ကိုလည်း ဆက်ဆက်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်ခင်ဗျ။