ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
The Good Son (1993) ⭐IMDB: 6.4/10 (43 k Votes) 🎬 #Drama #Horror #Thriller 🗓️ 1993 🎞️ Movie 📺 #1080p #720p 💿 1.9 GB ⦿ 810.5 MB 🌎 #UnitedStates ⏰ 1 နာရီ 27 မိနစ် 21 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Good Son (1993) IMDb Rating (6.4) Home Alone ထဲက ကလေးလေး Macaulay Culkin နဲ့ The Lord of The Ring ထဲကဖရိုဒိုလေး Elijah Wood တို့ငယ်ငယ်က ဇာတ်ကားပါ။ဇာတ်ကားနာမည်က The Good Son ဖြစ်တာရယ် သရုပ်ဆောင်ကလေးလေးတွေ ချစ်စရာလေးဆိုလို့ ကြည်နူးရမယ့် ဇာတ်ကားလို့ ထင်လိုက်ရင် မှားသွားပါမယ်။Child’s Play တို့ The Omen တို့လို Horror/Thriller အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းလေးက……..–Spoiler Alert– …….. …….၁၂ နှစ်သားလေး မက်ခ်ရဲ့အမေဖြစ်သူဟာ မကြာခင်က ဆုံးပါးသွားခဲ့တယ်။မက်ခ်ရဲ့အဖေက ဂျပန်ကိုအလုပ်ကိစ္စအတွက်ခရီးသွားရမှာဖြစ်လို့ မက်ခ်ကို သူ့ဦးလေး ဝေါလေစ့် နဲ့အဒေါ်ဆူဇန် တို့အိမ်ရှိရာကိုပို့ထားခဲ့ပါတယ်။အဲ့ဒီအိမ်မှာ မက်ခ်တစ်ယောက် မတွေ့ရတာကြာပြီဖြစ်တဲ့ သူ့ဝမ်းကွဲညီမ ကောလင်းနဲ့  ညီ ဟင်နရီတို့နဲ့အတူနေထိုင်ဖို့ဖြစ်လာပါတယ်။ ဟင်နရီက အစပိုင်းတော့ တကယ်ကို အမူအကျင့်ကောင်းတဲ့ကလေးလိုပါပဲ..ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူ့အပြုမူတွေက ဆိုက်ကိုပက် တစ်ယောက်ရဲ့အမူအကျင့်တွေလိုဖြစ်လာပါတယ်။ခွေးတွေ ကြောင်လေးတွေသတ်တာ လမ်းပေါ်ကကားတွေတိုက်မိအောင် အရုပ်ကြီးပစ်ချတာတွေကိုသူနဲ့အတူမက်ခ်ကိုပါလှည့်စားပြီး ဝင်ပါမိအောင်အကွက်ချလုပ်ဆောင်လာပါတယ်။အဆိုးဆုံးက သူ့ညီမလေးကိုစကိတ်စီးရင်း ရေခဲပြင်ထဲကျအောင်လုပ်ခဲ့ပြီး သူ့ညီမလေးလေးလဲ ကိုမာဝင်သွားပါတော့တယ်။ သူ့အမေ ဆူဇန်မှာ အရင်က ဟင်နရီတို့မောင်နှမနှစ်ယောက်အပြင် ကလေးအငယ်ဆုံးလေး ရစ်ချက်ပါရှိခဲ့ဖူးပါတယ်အဲ့ဒီကလေးက ငယ်တော့ရေချိုးရင်းရေဇလုံထဲရေမွန်းပြီးသေသွားခဲ့တာကြာခဲ့ပါပြီအခုဆူဇန်က ဒီကလေးအငယ်လေးသေခဲ့တဲ့ဖြစ်စဥ်မှာ ဟင်နရီက တရားခံဆိုတာသိသွားချိန်မှာသူ့အမေကိုပါ နှုတ်ပိတ်ဖို့ သားဆိုးဟင်နရီကလုပ်လာပါတော့တယ်ဒါကိုမက်ခ်လေးက ဘယ်လိုကယ်မလဲ ဆိုးသွမ်းတဲ့ကလေး ဟင်နရီကဘာဖြစ်သွားမလဲဆိုတာ……….။ (ရုပ်ရှင်အညွှန်းကို Movieholic Myanmar FB Page မှကူးယူဖော်ပြထားတာဖြစ်ပြီး Myo Min Aung ((MMA) မှ ဘာသာပြန်တင်ဆက်ထားပါတယ်။

The Blue Caftan (2022) ⭐IMDB: 7.7/10 (2 k Votes) 🎬 #Drama #Romance 🗓️ 2022 🎞️ Movie 📺 #1080p #720p #480p 💿 1.9 GB ⦿ 916.4 MB ⦿ 424.6 MB 🌎 #France #Morocco #Belgium #Denmark ⏰ 2 နာရီ 3 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီနေ့မှာတော့ Morocco နိုင်ငံမှာ အခြေတည်ထားပြီး ဆုတွေလည်း အများကြီးရထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ Halim နဲ့ Mina တို့ ဇနီးမောင်နှံဟာ စျေးထဲမှာ Caftan လို့ ခေါ်တဲ့ရိုးရာဝတ်စုံတွေချုပ်တဲ့ အပ်ချုပ်ဆိုင် တစ်ဆိုင်ဖွင့်ထားပါတယ်။ Caftan ဆိုတာ ပိုးစ၊ ဖဲစတွေကို ရွှေချည်တွေ အနုစိတ်ထိုးပြီး အမျိုးသမီးတွေ မင်္ဂလာပွဲလို ထူးခြားတဲ့ အခမ်းအနားမျိုးမှာ ဝတ်ဆင်ကြတဲ့ ဝတ်ရုံတစ်မျိုးပါ။ ရွှေချည်ထိုးတွေ အနားကွပ်တွေကို တစ်ထည်လုံး လက်နဲ့ အနုစိတ်လုပ်ရတာမလို့ လက်ဝင်ပြီး အချိန်လည်း ကုန်ပါတယ်။ စက်နဲ့ချုပ်တာတွေလည်း ရှိလာပေမဲ့ Mina ရဲ့ ခင်ပွန်း Halim ကတော့ လက်မှုပညာကို တန်ိဖုးထားပြီး လက်နဲ့ အသေးစိတ်ချုပ်တတ်တာကြောင့် သူတို့ဆိုင်က သူများထက် အချိန်ကြာပြီး နောက်ကျလေ့ရှိပါတယ်။ အပ်ထည်တွေကို အချိန်မီပေးနိုင်ဖို့ တပည့်တွေ မွေးပြီးသင်ပေးပေမဲ့ ရောက်လာလိုက် ထွက်သွားလိုက် ဖြစ်နေရာက Youssef လို့ ခေါ်တဲ့ လူငယ်တပည့်တစ်ယောက် ရောက်လာချိန်မှာတော့ Mina တို့ ဇနီးမောင်နှံရဲ့ ဆက်ဆံရေးမှာ အပြောင်းအလဲတွေ ဖြစ်လာပြီး Halim တစ်ယောက် ဖုံးကွယ်ထားတာတွေ တဖြည်းဖြည်း ပေါ်လာပါတော့တယ်။ ဇနီးဖြစ်သူ Mina ရဲ့ ကျန်းမာရေးကလည်း တစ်စတစ်စ ယိုယွင်းလာချိန်မှာတော့….

Dark Nature (2022) ⭐IMDB: 4.6/10 (397 Votes) 🎬 #Horror 🗓️ 2022 🎞️ Movie 📺 #1080p #720p #480p 💿 1.3 GB ⦿ 782.9 MB ⦿ 383.0 MB 🌎 #Canada ⏰ 1 နာရီ 25 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ ၂၀၂၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကနေဒါရုပ်ရှင်ဖြစ်ပြီး Horror အမျိုးအစား​ဖြစ်ပါတယ်။ Jigsaw နဲ့​ The​ Purge မှာပါဝင်ခဲ့တဲ့ Hannah Anderson က အဓိကဇာတ်ဆောင်အဖြစ်နဲ့ပါဝင်ထားပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ ဂျွိုင်း​ (Hannah Anderson) ဆိုတဲ့အမျိုးသမီးဟာ ခင်ပွန်းဟောင်းဖြစ်သူ​ ဒဲရက်ရဲ့​ အကြမ်းဖက်​နှိပ်စက်​မှုတွေကြောင့်​ စိတ်ဒဏ်ရာရနေသူဖြစ်ပါတယ်။ ဒါကြောင့်​ သူငယ်ချင်းဖြစ်သူ ကာမင်​က​ ဂျွိုင်း​ကို​ စိတ်​ရောဂါပညာရှင်ဒေါက်တာဒန်လေ​ရဲ့​ တောနက်ကြီးထဲမှာ ခရီးထွက်ရင်း​ သဘာဝတရားနဲ့ထိတွေ့ပြီးစိတ်​ဝေဒနာတွေကိုကုသမဲ့ ကုထုံးအစီအစဥ်မှာပါဝင်စေခဲ့တယ်။ ဂျွိုင်း​တို့နှစ်ယောက်က​ ဒေါက်တာ​ဒန်လေရဲ့ဦးဆောင်မှုအောက်မှာ သူမတို့လိုပဲ အတိတ်ဖြစ်ရပ်တွေကြောင့် စိတ်ဒဏ်ရာရနေသူအမျိုးသမီးနှစ်ယောက်နဲ့တွေ့ဆုံပြီး​ ငါးယောက်သားအတူခရီးထွက်ခဲ့ကြပါတယ်။ ခရီးစပြီးမကြာမီ ဂျွိုင်း​တစ်ယောက်​ တောထဲမှာ သူတို့ကိုနောက်ယောင်ခံ​လိုက်နေသူတစ်ဦးရှိနေတယ်လို့ သံသယဝင်လာပါတော့တယ်။ မကြာခင်သူတို့ငါးယောက်ဟာ သူတို့အတိတ်ကခြောက်လှန့်နေတဲ့အဖြစ်အပျက်တွေထက် ပိုပြီးကြောက်စရာကောင်းတဲ့အရာတစ်ခုကို လူသူမနီးတဲ့တောတောင်ထဲမှာ​ ကြုံတွေ့​ရပါတော့တယ်။ သဘာဝတရားဖြစ်တဲ့​ တောတောင်ရေမြေတွေနဲ့ထိတွေ့ခြင်းက စိတ်ဝေဒနာဒဏ်ရာတွေကို​ ကုသပေးတယ်ဆိုပေမဲ့ ဂျွိုင်း​တို့အတွက်ကတော့ ဒီသဘာဝတရားက​ သူတို့စိတ်ဒဏ်ရာတွေကိုကုသပေးမလား ပိုပြီးဆိုးဝါးတဲ့စိတ်ဒဏ်ရာတွေကို ပေးမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘာသာပြန်သူ​က​ Wolfenheim​ ဖြစ်ပါတယ်။

Nick of Time (1995) ⭐IMDB: 6.3/10 (44 k Votes) 🎬 #Action #Crime #Thriller #Uncategorized #Drama 🗓️ 1995 🎞️ Movie 📺 #1080p #720p #480p 💿 2.4 GB ⦿ 1.4 GB ⦿ 746.7 MB 🌎 #UnitedStates ⏰ 1 နာရီ 29 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာ ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ မင်းသားကြီး Jhonny Deep ရဲ့ ၁၉၉၅ ခုနှစ်လောက်ကထွက်ရှိထားတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Realistic ဆန်ပြီး ကြည့်ရှူသူတွေကိုပါ “ငါသာသူ့နေရာမှာသာဆိုရင်…”ဆိုတဲ့မေးခွန်းတွေအပြည့် စိတ်ထဲမှာတွေးမိနေပြီးတော့ ခံစားကြည့်ရှူသွားရစေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ ရထားဘူတာမှာထူးဆန်းတဲ့လူ ၂ ယောက်က ကြုံရာကျပန်းလူတစ်ယောက်ကို ရွေးချယ်နေပါတယ်။ တစ်စုံတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက်ပေါ့… အဲဒီအချိန်မှာ မိန်းမနဲ့ကွာရှင်းပြတ်စဲလုနီးပါးဖြစ်နေတဲ့ မစ္စတာဝက်ဆန်တစ်ယောက် သမီးလေးလက်ကိုဆွဲပြီး ရထားဘူတာထဲကိုဝင်လာခဲ့ပါတယ်.. အဲဒီ လူရွေးချယ်နေတဲ့သူထဲက တစ်ယောက်က မစ္စတာဝက်ဆန်ကို သူတို့ပရောဂျက်နဲ့ ကိုက်ညီတဲ့သူအဖြစ် သတ်မှတ်လိုက်ပြီး သူ့သမီးလေးနဲ့ ခြိမ်းခြောက်အကြပ်ကိုင်ကာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးကို လုပ်ကြံခိုင်းပါတော့တယ်။ ဒီတော့ “Nick of time:အဲဒီသတ်မှတ်ထားတဲ့အချိန်လေးအတွင်းမှာ လူ ၃ ယောက်ရဲ့ဘဝက ဘယ်လိုအပြောင်းအလဲတွေနဲ့ တွေ့ကြုံရမှာလဲ” ဝက်ဆန်တစ်ယောက် ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ချနိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူခံစားရမှာပါ။

Two Blue Stripes (2019) ⭐IMDB: 7.8/10 (1 k Votes) 🎬 #Drama 🗓️ 2019 🎞️ Movie 📺 #1080p #720p 💿 1.4 GB ⦿ 773.1 MB 🌎 #Indonesia ⏰ 1 နာရီ 53 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Original Title – Dua Garis BiruGenre – DramaIMDB – 7.8/10 ရုပ်ရှင်နာမည်က အပြာရောင်မျဉ်းလေး ၂ ချောင်းတဲ့၊ ဒီ အပြာရောင်မျဉ်းလေး ၂ ချောင်းဆိုတာ တချို့အတွက် နိဗ္ဗာန်ဖြစ်သွားနိုင်သလို တချို့အတွက်လည်း ငရဲလိုမျိုး ဖြစ်သွားစေနိုင်တဲ့အရာတစ်ခုပါ၊ ဟုတ်ပါတယ် ကိုယ်ဝန်စစ် ဆေးတံက အပြာရောင်မျဉ်းလေး ၂ ချောင်းကို ပြောတာပါ။ ဒီ အင်ဒိုနီးရှားကားလေးက လိင်ကိစ္စပညာပေးအနေနဲ့ရော မိဘအုပ်ထိန်းမှုတွေကိုရော ပညာပေးချင်တဲ့ ကားကောင်းလေး တစ်ကားပါ။ သူတို့နိုင်ငံက ပေးအပ်တဲ့ ရုပ်ရှင်ဆုတွေလည်း တော်တော်များများ ရရှိထားတာကို တွေ့ရပါတယ်။ အသက် ၁၇ အရွယ် စုံတွဲလေးတစ်တွဲ အရာအားလုံးကို မေ့လျောပြီး ကမ္ဘာကြီးကို မမှုပဲ သိပ်ချစ်ကြတယ်ပေါ့ မိဘတွေရဲ့ မအားလပ်မှု အချိန်မပေးနိုင်မှုရဲ့ ပေါ့လျော့မှုအောက်မှာ ဒီကလေး နှစ်ယောက်ဟာ အရွယ်မတိုင်ခင် ချစ်သူရည်းစားတွေ ကြုံလာရမယ့် စည်းတစ်ခုကို ငယ်ငယ်ရွယ်ရွယ် အကာအကွယ်မရှိ ကျူးလွန် မိလိုက်ကြပါတော့တယ်။ နောက်ဆက်တွဲ ဘာဖြစ်မလဲဆိုတာ လူတိုင်းသိပါတယ် ကလေးမလေး ကိုယ်ဝန်ရှိလာမယ် အဲဒါကို နှစ်ဖက်မိဘတွေ သိသွားကြပြီး ပြဿနာတွေ ကြုံလာကြတယ်ပေါ့၊ ကောင်လေးဖက်က ဆင်းရဲတယ် ကောင်မလေးဖက်က ချမ်းသာ တယ်၊ ဒီလိုမျိုး မတူညီတဲ့ မိသားစုနှစ်ဖက်ကြားမှာ ဒီ ငယ်ရွယ်တဲ့ ကလေးနှစ်ယောက် ဘယ်လိုမျိုး တာဝန်ဝတ္တရားတွေယူပြီး ဘယ်လိုတွေ ဖြေရှင်းကြမလဲ၊ မိဘတွေကလည်း ဘယ်လိုဖြေရှင်း ကြမလဲ၊ ပြဿနာ ဘာတွေတက်မလဲဆိုတာကို ပညာပေးအနေနဲ့ရော လူမျိုးဘာသာ ယဉ်ကျေးမှုတွေနဲ့ရော ကောင်းကောင်းရိုက်ကူးထားတဲ့ ဒရမ်မာကားကောင်းလေးတစ်ကားပါ။ ဒီကားလေးကို ကြည့်ခြင်းအားဖြင့်လည်း ကလေးတွေကို လိင်ပညာ ပေးကိစ္စတွေ သင်ပေးရမှာတွေ မိဘတွေအနေနဲ့ အလုပ်များပြီး ကလေးကို မကြည့်ရှုနိုင်လို့ ဖြစ်လာနိုင်မယ့် နောက်ဆက်တွဲတွေ ဆယ်ကျော်သက်တွေရဲ့ စိတ်နေစိတ်ထား သဘာဝလေးတွေ စသဖြင့် ပညာလည်း ရစေနိုင်မယ့် အင်ဒိုနီရှား ကားကောင်းလေး ဖြစ်ပါတယ်၊ သရုပ်ဆောင်လေးတွေဆိုလည်း ငယ်ကြသေးပေမဲ့ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ထားကြပြီး ဇာတ်ပို့တွေကလည်း တော်တော်ကောင်း ကြပါတယ်။ ဇာတ်လမ်းကတော့ မြန်မာကားတွေလို ခပ်ဆင်ဆင်ဆိုပေမဲ့ သူ့နည်းသူ့ဟန်နဲ့ပဲ အာရှမိသားစုလောကကို ဖော်ကျူးထားတဲ့ပုံစံမျိုးပါ။

A Night of Return (2023) ⭐TMDB: 40.0% User Score 🎬 #Horror #Thriller 🗓️ 2023 🎞️ Movie 📺 720p #1080p #480p 💿 675.7 MB ⦿ 417.1 MB 🌎 #China ⏰ 1 နာရီ 19 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လူငယ်လေးတယောက်က အဘိုးကြီးတစ်ဦးနဲ့ဆုံတွေ့ပြီးအဘိုးကြီးခေါ်တဲ့နောက်ကိုလိုက်သွားရင်ထူးဆန်းတာတွေတခုပြီးတခုမြင်နေရပါတော့တယ်…… အဲ့ဒီ့အဘိုးကြီးက ဘယ်ကနေပေါ်လာတာလဲ…မမြင်အပ်မမြင်သင့်တဲ့ဘဝတွေကိုပါမြင်နေရတာက ဘယ်ကအစပြုခဲ့တာလဲ…..အိမ်ပြန်ချင်ပေမယ့် ပြန်လိုမရပဲပိတ်မိနေတဲ့အကြောင်းအရင်း‌အစရှိတဲ့ပဟေဠိ‌ပေါင်းမြောက်မြားစွာကို ဖော်ထုတ်နိုင်ပြီးအိမ်ပြန်လိုရသွားမလားဆိုတာကိုတော့ သည်းထိတ်ရင်ဖိုစွာကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်

2018 (2023) ⭐IMDB: 8.8/10 (4 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓️ 2023 🎞️ Movie 📺 #1080p #720p 💿 1.8 GB ⦿ 1.0 GB 🌎 #India ⏰ 2 နာရီ 28 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2018 (2023)(IMDb 8.8/10,RT 100%) ယခုတစ်ခါ ပရိသတ်ကြီးကို ၂၀၂၃ မေလမှာထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်အခြေခံ survivalရုံတင်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေVaashi,Neelavelicham တို့မှာကျရာဇာတ်ရုပ်က ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့Tovino Thomas ဟာဆိုရင်ဖြင့် ဒီကားထဲမှာလည်း ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြန်ပါတယ်ရုံတင်ငွေဟာလည်း 171ကုဋေအထိ ပြန်ရခဲ့တဲ့ကားဖြစ်လို့ Survival ကားကြိုက်ပရိသတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ကားပါပဲ အိန္ဒိယတောင်ပိုင်း ကယ်ရာလာမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြောင့်တစ်ပြည်နယ်လုံး ရေထဲမြုပ်သွားပြီ တောင်ကုန်းပါမကျန် ဘာဆိုဘာမှမကျန်အောင် အကုန်ရေထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ်အဆိုပါရေလွှမ်းမိုးမှုဟာ မိုးရေချိန်များပြားစွာ ရွာသွန်းမှု ဆည်ရေလျှံမှု ‌မြစ်ရေကြီးမှု စသည်ဖြင့် အကြောင်းရင်းများစွာရှိခဲ့ပါတယ် ယခုအချိန် ၂၀၁၈ မှာ အဆိုပါရေကြီးမှုမျိုးထပ်မံဖြစ်လာတဲ့အခါ ရုန်းကန်လှုပ်ရှားကယ်ဆယ်ကြရတာကို ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဖြစ်ရပ်မှန်အခြေပြုရိုက်ပြလိုက်တဲ့အခါမှာ အခုလို rating တွေ လန်ပြန်ထွက် ရှယ်ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ် Survival ကားကောင်းကောင်း ကြည့်ချင်တဲ့ပရိတ်သတ်တွေအဖို့လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုရင်းသဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ပါ တိုက်တွန်းပေးလိုက်ရပါတယ်ဗျာ(အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်တွေကတော့Sai~Thaik~Chiclon3~YH~Aditiနဲ့ Yunni တို့ပဲဖြစ်ပါတယ်)

Are You There God? It's Me, Margaret. (2023) ⭐IMDB: 7.8/10 (4 k Votes) 🎬 #Comedy #Drama #Family 🗓️ 2023 🎞️ Movie 📺 #1080p #720p 💿 1.7 GB ⦿ 792.1 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Are You There God? It’s Me, Margaret. (2023) ~ IMDb – 7.8/10, Rotten Tomatoes – 99% ~ ဒီရုပ်ရှင်လေးကတော့ Anne with an E လိုမျိုး မြီးကောင်ပေါက်လေးတွေရဲ့ ခံစားချက်နဲ့ ဇာတ်လမ်းလေးတွေကို ချစ်စရာရိုက်ကူးထားတဲ့ Coming of Age အမျိုးအစားပါပဲ။ ဒီနာမည်နဲ့ပဲ မူရင်းဝတ္ထုဟာ 1970 မှာ စာရေးဆရာ Judy Blume ကရေးသားခဲ့ပြီး ၁၉၂၃ နောက်ပိုင်း အကောင်းဆုံး စာအုပ် ၁၀၀ ထဲမှာ အပါအဝင်အဖြစ် တိုင်းမ်မဂ္ဂဇင်းက ၂၀၁၀မှာဖော်ပြခဲ့ပါတယ်။ ကလေးတွေအတွက် အကောင်းဆုံး စာအုပ် ၁၀၀ စာရင်းထဲမှာလည်း အပါအဝင်ပါပဲ။ ဒီဝတ္ထုကိုပဲ ခြေခံပြီး ဒါရိုက်တာ Kelly Fremon Craig က ဇာတ်ညွန်းခွဲ ရိုက်ကူးခဲ့တာပါ။ အဓိကမင်းသမီးလေး မာဂရက် အဖြစ် Ant-Man ရဲ့သမီး ကတ်ဆီ ငယ်ငယ်တုန်းက နေရာက‌နေ ပါဝင်ခဲ့တဲ့ Abby Ryder Fortson က သရုပ်‌ဆောင်ထားသလို မာဂရက်ရဲ့ မိခင်နေရာကတော့ ဒေါက်တာစထရိန့်ရဲ့ အချစ်ဆုံး ခရစ္စတင်းဖြစ်ခဲ့တဲ့ Rachel McAdams ပါ။ မာဂရက်ရဲ့ သူငယ်ချင်း နန်စီကတော့ Stranger Things ထဲက ရဲမှူးကြီးရဲ့ သမီးဖြစ်ခဲ့တဲ့ Elle Graham ပါပဲ။ ~ ဇာတ်လမ်းအကျဉ်း ~ မာဂရက်ဟာ ဂျူးအဖေ ခရစ်ယာန်အမေကနေ မွေးဖွားလာသူဖြစ်ပြီး မိဘတွေက ဘာသာမဲ့အဖြစ်ပဲထားထားပြီး အရွယ်ရောက်လာမှ ကိုယ်ပိုင်ဘာသာရွေးချယ်ခွင့်ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့် ဘာသာတရားတွေကို သူ့ဘာသာ လေ့လာဆဲ စဉ်းစားဆဲပါပဲ။ သူတို့မိသားစု နယူးယောက်ကနေ နယူးဂျာဆီကို ပြောင်းလာပြီး ၆ တန်းမှာ ရွယ်တူ သူငယ်ချင်းတွေနဲ့ မိန်းကလေး ယောက်ျားလေးသဘာဝ ချစ်စရာ ဖြစ်ပျက်ပုံလေးတွေကို အခြေခံထားတာပါ။ ရင်သားတွေကြီးလာဖို့၊ ဘရာတွေအကြောင်းပြောဖို့၊ ဓမ္မတာလာတာရဲ့ ထူးဆန်းမှုတွေ၊ ကောင်လေးတွေအကြောင်းတွေ စသဖြင့် ကလေးဘဝကနေ အရွယ်ရောက်လာတဲ့မိန်းကလေးတွေရဲ့ အတွေးတွေနဲ့ စူးစမ်းမှုလေးတွေကို ပြထားတာမို့ မြီးကောင်ပေါက်ရုပ်ရှင်ကောင်းလေးတစ်ခုအဖြစ် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)

Primo (2023- ) ⭐IMDB: 8.2/10 (1 k Votes) 🎬 #Comedy 🗓️ 2023- 🎞️ Series 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 23 မိနစ် 38 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Primo (2023) CompletePrimo (2023) Complete  ~ IMDb – 8.1/10, RT – 100%, Meta – 82% ~ ပေါ့ပေါ့ပါးပါး ရယ်ရပြီး ချစ်စရာကောင်းတဲ့ မိသားစု ဇာတ်ကားလေးကြည့်ချင်တယ်ဆိုရင်တော့ Primo ကို ကြည့်သင့်ပါတယ်။ ဆန်အန်တိုနီယိုဆိုတဲ့ တက္ကဆက်မြို့လေးတစ်မြို့က အရမ်းချစ်စရာကောင်းတဲ့ မိသားစုလေးတစ်ခုအကြောင်း Sitcom အမျိုးအစား Series ပါ။ သူတို့လို အောက်ခြေလူတန်းစားတွေမှာတွေ့ရတဲ့ စိတ်ပျက်စရာကိစ္စတွေကိုလည်း ရယ်စရာလိုပဲ ပေါ့ပေါ့ပါးပါး ပြပေးထားတာလည်း တော်တော်လေးလှပါတယ်။ စိတ်ညစ်စရာလို့တောင် သတိထားမိမယ်မထင်ပါဘူး။ ဇာတ်ကားနာမည်က အဓိကဇာတ်ဆောင်နာမည်ဖြစ်ပြီး ပရီမို ဆိုတာကတော့ ရတနာလေးလို့ အဓိပ္ပါယ်ယူရမယ်ထင်ပါတယ်။ တစ်ကိုယ်တော်အမေက ပြုစုပျိုးထောင်လာခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေးကို သူ့ရဲ့ဦးလေး ငါးယောက်က ချစ်စနိုးနဲ့ ပရီမို လို့ အမြတ်တနိုးခေါ်ကြတာပါ။ မောင် ၅ ယောက်က ယောက်ျားပစ်သွားတဲ့ တစ်ကိုယ်တော်အမေနဲ့ သူရဲ့ သားလေးကို ဝိုင်းချစ်ပြီး ဂရုစိုက်ပေးကြတာ ကြည်နူးစရာလို့ ထင်ကြမှာပေါ့။ ဒါပေမဲ့ အဲဒီလောက်တော့ မရိုးရှင်းပါဘူး။ သူတို့ ငါးယောက်က တစ်ယောက်တစ်မျိုး ဒုက္ခပေးတဲ့နေရာမှာ ထူးချွန်ကြတယ်။ တစ်ယောက်က ကြောင်တောင်တောင် ဘိုးတော်ယောင် အူတိအူကြောင်တွေလုပ်ပြီး အမျိုးသား လိင်အင်္ဂါပုံ ပန်းပုတွေရောင်းတယ်။ တစ်ယောက်က အလုပ်ခေါင်း၊ ယောက်ျားပီသတယ်ဆိုတာ ဖုန်တွေကြားမှာ ချွေးတွေ၊ သွေးတွေနဲ့ရင်းပြီး လုပ်ရတာဆိုပြီး ယုံတယ်။ မိန်းမချစ်တတ်တာကလည်း ပြောမနေနဲ့။ တစ်ယောက်က လူမိုက် တွေ့တာအကုန်ချမယ်ဆိုတာချည်းပဲ။ အချုပ်ခန်းရဲ့ ဖောက်သည် အကြီးစားကြီး။ တစ်ယောက်က ဘဏ်စာရေး။ သူ့ကိုယ်သူ ညီအစ်ကိုတွေထဲမှာ ဉာဏ်အကောင်းဆုံးလို့ ထင်တဲ့သူ။ တကယ်လည်း သူတို့အုပ်စုထဲမှာ ဉာဏ်အကောင်းဆုံးဆိုပေမဲ့ အနူတောကလူချောဆိုတော့ ပေါတောတောပါပဲ။ နောက်ဆုံးက တပ်ထွက်။ တပ်သားသစ်စုဆောင်းရေးမှာ လုပ်နေတယ်။ သူ့လိုအူကြောင်ကြောင်ကောင်က ဘယ်လိုတောင် တပ်ထဲဝင်ဖို့စည်းရုံးမလဲတော့မစဉ်းစားတတ်ဘူးဗျာ။ သူတို့ ငါးယောက်က တွေ့လိုက်တိုင်း အချင်းချင်းပြဿနာတက်ကြပြီး ပျားအုံထဲ ခေါင်းစိုက်နေသလို နားငြီးအောင် လုပ်တတ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း အမြဲတမ်းလိုလို တစ်ခုမဟုတ် တစ်ခု ပြဿနာတက်ကြတယ်။ သူတို့တွေ တစ်ယောက်တစ်မျိုး ကြောင်ကွက်တွေရှိနေပေမဲ့ တူတာတစ်ခုကတော့ သူတို့အစ်မကို ကြောက်ကြတယ်။ ချစ်ကြတယ်။ တူကိုလည်း အရမ်းချစ်ကြတယ်။ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်၊ တစ်ကိုယ်တော်အမေနဲ့ ဦးလေးငါးယောက်တို့ရဲ့ ချစ်စရာ၊ ကြည်နူးစရာ တလွဲဖြစ်ကြတဲ့ မိသားစုလေးအကြောင်းကို ဝင်ခံစားလိုက်ကြပါဦး။ (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ 666 ပဲဖြစ်ပါတယ်)Size ~ 450MB+

Superwho? (2021) ⭐IMDB: 6.1/10 (3 k Votes) 🎬 #Action #Comedy 🗓️ 2021 🎞️ Movie 📺 #1080p #720p 💿 1.3 GB ⦿ 588.1 MB 🌎 #France #Belgium ⏰ 1 နာရီ 23 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Superwho? (2021)=============IMDb Rating – 6.1/10Original Title: Super-héros malgré luiGenre – Action, Comedy ခုလိုရာသီဥတုမှာ စိတ်အမောပြေ အပန်းပြေစေပြီးတစ်ချိန်လုံး ခွီနေရမယ့် ပြင်သစ်ဟာသကားလေး လာပါပြီဗျာ။Marvel တို့ DC တို့အပြင် X-Men တွေရော Mission Impossibleတွေရော ပေါင်းစုံသရော်ထားပြီး Easter Egg တော်တော်များများကိုလည်း တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းလေး အရင်ပြောပြလိုက်မယ်ဗျာ။ဟာသကားတွေရဲ့ရိုးရာမပြတ် မင်းသားက သရုပ်ဆောင်ဖြစ်ချင်တဲ့အရှုံးသမားတစ်ယောက် ကောင်မလေးက ပလစ်လိုက်တော့ ညီမအိမ်မှာကပ်နေနေရတာပေါ့။ ရဲဖြစ်တဲ့ဖအေကြီးကိုလည်း သားကသရုပ်ဆောင်ပါဆိုပြီး အရမ်းဂုဏ်ယူစေချင်တဲ့ကောင်လေးပေါ့။ဒီလိုနဲ့ အလုပ်ရှာတုန်းမှာ ကံကောင်းထောက်မစွာနဲ့ စူပါဟီးရိုးကားကို မင်းသားနေရာက ရတယ်၊ ဇာတ်ကောင်ကလည်း Batman ကိုပရမ်းပတာကူးချထားတဲ့ Badman တဲ့ (Joker ကိုတောင် Clownလုပ်လိုက်သေးတယ်)။ အဲဒါနဲ့ တစ်ရက်ရိုက်ကွင်းပြီးတဲ့အချိန် ညီမဖြစ်သူဆီကနေ အဖေသေခါနီးဖြစ်တဲ့သတင်းကို ကြားတော့ လောလောနဲ့ ရိုက်ကွင်းကကားရယ် ဟီးရိုးဝတ်စုံရယ် ရုပ်ရှင်ထဲက ပိုက်ဆံတုတွေရယ် အလောင်းအတုကြီးရယ်နဲ့ ထွက်သွားပါလေရော။ ပြီးတော့ ကားမတော်မဆဖြစ်သွားတယ်။ ဒီမှာ ဆရာသမားက အတိတ်မေ့သွားပြီး တိုက်ထားတဲ့နေရာက ငွေထုတ်စက် ကားထဲမှာက ပိုက်ဆံတွေ ကားကြီးကလည်း အမည်းကြီး သူက ဓားပြတိုက်နေတာပဲဆိုပြီး ရူးကြောင်မူးကြောင်နဲ့ ထွက်ပြေးပြီး သူ့ကိုယ်သူ ရုပ်ရှင်ထဲကဇာတ်ကောင်အတိုင်း ဟီးရိုးတစ်ယောက်လို့ ထင်လိုက်တဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ အလွဲလွဲအချော်ချော်တွေ ကြည့်ရမှာပါ။ သူ့ညီမနဲ့ သူငယ်ချင်း ၂ ကောင်ရဲ့ လိုက်ရှာကြတဲ့အချိန်အလွဲတွေ၊လမ်းမှာ သတင်းထောက်မလေးတွေ့ပြီး လွဲကြတာတွေ၊ သူ့အဖေရဲဌာနက လမ်းလုံခြုံရေးစနစ်သစ်ရဲ့ အလွဲတွေစသဖြင့် တစ်ကားလုံးပါးစပ်မစိရအောင် ခွီနေရမယ့်ကားဗျာ လုံးဝကို အာမခံတယ်။ ဒိုင်ယာလော့ခ်တွေလည်းမပေါဘူး ရုပ်တည်ကြီးတွေနဲ့ ထိုင်ဖောက်ထားကြတာ… ကဲ ပြောနေရင် ကြာပါတယ် ပြေးသာကြည့်ကြပါ။ တလောကလည်း Facebook မှာ ဒီကားထဲက ဇာတ်ဝင်ခန်းလေးနဲ့တောင်းထားတာမြင်မိတယ် အခုကြည့်လို့ရပါပြီလို့…။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)

အမှတ်တရနွေ - Memories of Summer ⭐N/A 🎬 #Drama 🗓️ 2023 🎞️ Series 📺 1080p 🌎 #Myanmar ⏰ 37 မိနစ် 26 စက္ကန့် (တစ်ပိုင်းလျှင်) 👑 FDMN ဇာတ်ညွှန်း 📜 အမှတ်တရဆိုတာ ဖြတ်မရတဲ့ကြိုးပါတဲ့.. ဒါဆိုရင် ခွန်နောင်နဲ့ မေစီတို့ရဲ့ အမှတ်တရတွေနဲ့ပြည့်နေတဲ့ တစ်ချိန်ကနွေရာသီရဲ့ အတိတ်နေ့ရက်လေးတွေကရော အချိန်ကြာလာတဲ့အခါ ပျောက်ပျက်သွားမှာလား.. ဆက်လက်စွဲထင်ကျန်ရစ်နေဦးမှာလား။ ဒီလွမ်းမောဖွယ်ဇာတ်လမ်းလေးနဲ့အတူ အမှတ်တရတွေဖန်တီးကြဖို့ "အမှတ်တရနွေ"ကို အတူကြည့်ရှုခံစားလိုက်ကြရအောင်နော်။ ဒါရိုက်တာ Win Lwin Htet အမျိုးအစား TV Shows ဘာသာစကား Burmese သရုပ်ဆောင် Everest Moe,Wa Wa Win Shwe, Thain Mwave Than Sin

The Youth Memories (2023- ) ⭐IMDB: 9.7/10 (315 Votes) 🎬 #Drama 🗓️ 2023- 🎞️ Series 📺 1080p 🌎 #China ⏰ 46 မိနစ် 1 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Youth Memories ( 2023 )Xiao Zhan ကောကော နဲ့ မမ Li Qin တိုရဲ့ကားသစ်လေးလာပါပြီ……၁၉၇၀ခုနှစ်ရဲ့ပေကျင်းကိုနောက်ခံထားပြီး ပြုပြင်ပြောင်းလဲရေးခေတ်မှ ာ သာမန်လူငယ်လေးတွေရဲ့ ကြီးပြင်းလာပုံနဲ့တိုးတက်ပြောင်းလဲလာပုံကိုပုံဖော်ထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ရှောင်းချွင်းရှန်း၊ ယဲ့ကော်ဟွာနဲ့ ချန်ဟုန်ကျွင်းတိုဟာ ကွဲပြားတဲ့ကိုယ်ရည်ကိုသွေးတွေနဲ့အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေဖြစ်ကြတယ်။သူတိုတွေဟာစစ်ထဲဝင်ကြရတယ်…… တက္ကသိုလ်ဝင်ခွင့်ဖြေကြတယ်……ပင်လယ်အတူထွက်ကြတယ်……လုပ်ငန်းတည်ထောင်ကြတယ်……ဒီလိုနဲ့အခက်အခဲအမျိုးမျိုးကျော်ဖြတ်ပြီး ကံကြမ္မာအနိမ့်အမြင်အတက်အကျတွေနဲ့လူ့ဘဝရဲ့အဓိပ္ပါယ်ကိုရှာတွေ့လာကြတယ်။သူတိုတွေကြားကသူငယ်ချင်းသံယောဇဉ်၊ သူတိုတွေရဲ့အချစ်ရေး၊ရည်မှန်းချက်အိပ်မက်တွေနဲ့ အခက်အခဲတွေဟာ ရင်ခုန်စရာအရမ်းကောင်းပါတယ်။သာမန်လူငယ်လေးတွေ ဘယ်လိုကြီးပြင်းတိုးတက်လာကြလဲဆိုတာအတူကြည့်လိုက်ကြရအောင်နော်……Reviewed By Nu MonQuality : WEB-DL 720p,1080pTotal Episodes : 38Format : mp4Genres : Romance, Drama, Life, YouthDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )

Asur: Welcome to Your Dark Side (2020- ) ⭐IMDB: 8.5/10 (48 k Votes) 🎬 #Crime #Drama #Mystery #Thriller 🗓️ 2020- 🎞️ Series 📺 1080p 🌎 #India ⏰ 1 နာရီ 2 မိနစ် 15 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Asur: Welcome to Your Dark Side (2020)Asir : Welcome to your dark side (2020)IMDb – 8.5/10 Asur ဆိုတဲ့ အိန္ဒိယ ဘောလိ၀ုဒ် crime thriller စီးရီးဇာတ်ကားလေး ကိုတင်ဆက်ပေးလိုက်ပါတယ်ဒီစီးရီးလေးမှာဆိုရင် Asur ဆိုတဲ့ မကောင်းဆိုးဝါးလို့အဓိပ္ပာယ်ရတဲ့ သူတစ်ယောက် ဇာတ်လမ်းအစမှာတော့ ဇာတ်အိမ်လေးတွေပြန့်ကျဲနေတယ်ဆိုပေမယ့် နောက်ပိုင်းမှာတော့ ဇာတ်အိမ်ကို စုစည်းခိုင်မာစွာတင်ဆက်ထားတာကိုမြင်ရမှာပါခေတ်သစ်သိပ္ပံပညာ မှုခင်းဆေးပညာနဲ့ ဘာသာရေးအယူအဆတွေ စိတ္တဇကွင်းဆက်လူသတ်သမားကဘယ်သူဖြစ်နိုင်လဲ လူသတ်သမားကိုဖော်ထုတ်ဖို့အတွက် ဘယ်လိုတွေ ကြိုးစားကြမလဲ မှုခင်းသိပ္ပံပညာရှင်ဖြစ်တဲ့ ဆရာတပည့်နှစ်ယောက်ကရောသဲလွန်စကိုရှာတွေ့နိုင်ပ့ါမလား ဆိုတာ ကိုဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ စီးရီးလေးဖြစ်တာကြောင့်လက်မလွှတ်ဘဲ စောင့်ကြည့်သင့်တဲ့ စီးရီးလေးဖြစ်ကြောင်းအကြံပေးလိုက်ချင်ပါတယ်အညွှန်းကိုတော့ Poe က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ Poe, Loon Swal Eain, JimX, MTA, Roman NoX, Lwin Htoo Aung တို့ပဲ ဖြစ်ကြပါတယ်။Genre…..Crime, Mystery

Kudimahaan (2023) ⭐TMDB: 0.0% User Score 🎬 #Bollywood #Comedy #Drama 🗓️ 2023 🎞️ Movie 📺 #1080p #720p 💿 2.5 GB ⦿ 1.1 GB 🌎 #India ⏰ 2 နာရီ 21 မိနစ် 3 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kudimahaan(2023) IMDb-9.7/10 အရက်သစ္စာ အရက်မေတ္တာတွေ အရက်နဲ့ သံယောဇဉ်တွေဟာဘယ်လောက်ထိခိုင်မာကြောင်းတွေကအရက်တစ်ပိုင်းနဲ့ ကူဖိုက်ပေးဖို့ဝန်မလေးတဲ့အကြောင်းတွေအရက်နဲ့ရင်းရင်ဘတ်ချင်းနီးတဲ့ ဘော်ဒါအချင်းချင်းမှသိကြတာမဟုတ်လား ဒီကားထဲမှာတော့ မင်းသားကစစချင်း မသောက်မစားတဲ့ ဘဏ်ဝန်ထမ်း လူရိုးသားတစ်နေ့ အဖေဖြစ်သူကိုဆေးရုံလိုက်ပို့ရင်း ဆေးရုံက ကော်ဖီကိုမှာသောက်လိုက်မိတယ်။သူ့နဲ့ဘာဓာတ်မတည့်ဖြစ်သွားမှန်းမသိ အရက်သောက်လိုက်မိသလိုကို မျက်စိထဲတကယ်မရှိတာတွေမြင်လာပြီး အမူးသမားလုံးလုံးဖြစ်သွားလေရဲ့။ ဒီလိုနဲ့ လုံးဝအသိစိတ်လွတ်နေတဲ့လူလို ဆေးရုံမှာပတ်ပွဲကြမ်းရင်း လူတွေဝိုင်းဆွဲကြနဲ့ပွက်လောရိုက်သွားပါ‌လေရော နောက်ထပ်လည်း မိတ်ဆွေတစ်ယောက်ရဲ့ပွဲမှာအရက်ထည့်ထားတဲ့ အအေးကိုသောက်မိပြီး ပွဲပျက်တက်ထိ ရမ်းကားမိပြန်ပါတယ်။ဒါပေမဲ့ သူအိမ်ပြန်ရောက်တိုင်း ဒါတွေတစ်ခုမှ မမှတ်မိဘဲ အဖေနဲ့ ဇနီးဖြစ်သူကအရက်သမားလို့စွပ်စွဲလေတော့ လူရိုးသား အရက်သမားဇာတ်လိုက်လေးဘုမသိဘမသိနဲ့ စိတ်ညစ်နေရပါတယ်။ ဘဏ်ဝန်ထမ်းဖြစ်တဲ့ ဇာတ်လိုက်ဟာထုံးစံအတိုင်း နမော်နမဲ့နဲ့ သူ့တပည့်လေးရဲ့ မုန့်ပဲသွားရည်စာကို စားမိပြီးဟက်ကာတစ်ယောက်ဟက်ခ်ထားတဲ့ အေတီအမ်စက်ထဲကို ပိုက်ဆံတွေအရွက်မှားထည့်မိတဲ့အချိန်မှာတော့ ပြဿနာတွေအကြီးကြီးတက်ကုန်ပါတော့တယ် ကွိုင်တွေတက် အစွပ်စွဲခံ မသောက်ပဲမူးနေတဲ့ဖိုးသခွားလေးတစ်ယောက်ဒီလိုပဲဒုက္ခပင်လယ်ဝေနေမလား ထိပ်ဆုံးမှာပြောခဲ့တဲ့ အရက်ရဲ့ဂုဏ်ကျူးတွေကဘယ်နေရာမှာဘယ်လိုပါဝင်ဆက်စပ်သွားမလဲဆိုတာ ရှုစားကြည့်ပါဦး

Funny Bunny (2021) ⭐TMDB: 0.0% User Score 🎬 #Mystery #Drama 🗓️ 2021 🎞️ Movie 📺 #1080p #720p 💿 2.1 GB ⦿ 967.9 MB 🌎 #Japan ⏰ 1 နာရီ 44 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 FUNNY BUNNY ( 2021 ) စာရေးဆရာတစ်ယောက်နဲ့ သူ့သူငယ်ချင်းတွေဟာ သေသွားတဲ့လူတစ်ချို့နဲ့ပတ်သက်တဲ့ ကြွင်းကျန်ရစ်တဲ့ကိစ္စတွေ ကျန်ရစ်သူတို့ရဲ့ အပြစ်ရှိစိတ်တွေကိုဖြေဖျောက်ပေးဖို့ ကိစ္စတွေကို လုပ်ပေးတဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းလေးက နည်းနည်းထူးခြားသလို သူ့ တင်ဆက်ပုံကလည်း ထူးခြားပါတယ်။ မလိုအပ်ဘဲ ယုန်ခေါင်းစွပ်အကြီးကြီးကိုစွပ်ပြီး စာကြည့်တိုက်ထဲခိုးဝင်တာတို့ အသံလွှင့်ရုံထဲခိုးဝင်တာတို့ ဘာတို့ပေါ့။ နာမည်နဲ့လိုက်တဲ့ ဖန်နီဘန်နီခေါင်းစွပ်ကြီးစွပ်ပြီး လူတွေကို ကူညီဖို့ ကြိုးစားကြတဲ့ သူငယ်ချင်းတစ်အုပ်ရဲ့ဇာတ်လမ်းလို့ပြောလို့ရပါတယ်။ ဘဝမှာကြုံရတဲ့ အပြစ်ရှိစိတ်တွေ မမေ့နိုင်တဲ့ကိစ္စတွေကို‌ မေ့ပစ်ဖို့ ကျန်ရစ်သူတွေကို သင်ပေးဖို့ ကြိုးစားတဲ့ သူငယ်ချင်းတစ်အုပ်ရဲ့အကြောင်းကို ကြည့်ရမှာပါ။ ဇာတ်လမ်းဆန်းဆန်းလေးကြည့်ချင်ရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။

Cinderella 3: A Twist in Time (2007) ⭐IMDB: 6.0/10 (12 k Votes) 🎬 #Animation #Family #Fantasy #Adventure #Musical #Romance 🗓️ 2007 🎞️ Movie 📺 #1080p #720p 💿 1.1 GB ⦿ 548.8 MB 🌎 #USA #UnitedStates #Australia ⏰ 1 နာရီ 15 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စင်ဒရဲလားကာတွန်းတွေရဲ့ တတိယမြောက် နောက်ဆုံး ဇာတ်ကားလေးကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ Rating တွေအနေနဲ့ IMDb မှာ 6/10 ရထားပြီးတော့ Rotten Tomatoes မှာ 75% ရရှိထားပါတယ်။ Personal အမြင်အရတော့ No1 လောက်တော့မဟုတ်သေးပေမဲ့ No2ထက်လည်းအများကြီးပိုကြည့်ကောင်းတာမို့ ကြည့်ရှုလို့ နောင်တရမယ့်အထဲမပါတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ စင်ဒရဲလား နဲ့ မင်းသားလေးဟာ ပျော်ရွှင်စွာပေါင်းဖက်နေထိုင် သွားကြလေသတည်းဆိုပြီး ဇာတ်ကသိမ်းပြီးနေပါပြီ ဒါပေမဲ့ ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ နတ်သမီးဖွားဖွားရဲ့မှော်တုတ် တံဟာ မိထွေးကြီးဆီရောက်သွားရာကနေစပြီး ဒီဇာတ်လမ်းလေး ပေါ်ပေါက်လာရပါတယ်။ စွမ်းအားရှိတဲ့အရာတွေဟာ မကောင်းတဲ့ လူတွေရဲ့လက်ထဲမှာဆိုရင် အရမ်းအန္တာရယ်များတယ် ဆိုတဲ့စကား အတိုင်းပဲ မိထွေးကြီးဆီကိုမှော်တုတ်တံရောက်သွားတဲ့အခါ စင်ဒရဲလားတို့ ဘယ်လိုဒုက္ခမျိုးစုံနဲ့ကြုံတွေ့ရမလဲ ကြွက်ကလေး တွေကဘယ်လိုထပ်ပြီးကူညီပေးကြမလဲ ပြီးတော့ အချစ်စစ်ရဲ့အင်အား ဆိုတာကိုလည်း ဒီဇာတ်လမ်းလေးမှာခံစားကြည့်ရှုရဦးမှာဖြစ်ပါတယ်။ ကဲ ငယ်ဘဝအလွမ်းပြေဖို့ အခုပဲ Download ဆွဲပြီး ခံစားကြည့်ရှု လိုက်ကြပါဦးလို့ CM ပရိတ်သတ်များကိုတိုက်တွန်းလိုက်ရပါတယ်။

Cinderella II: Dreams Come True (2001) ⭐IMDB: 5.0/10 (13 k Votes) 🎬 #Animation #Family #Fantasy #Musical #Romance 🗓️ 2001 🎞️ Movie 📺 #1080p #720p 💿 1.2 GB ⦿ 631.0 MB 🌎 #USA #UnitedStates #Japan ⏰ 1 နာရီ 15 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Cinderella I ကို CM ပရိတ်သတ်တွေအတွက်တင်ဆက်ပေးခဲ့ပြီး တဲ့နောက်မှာ 2002ခုနှစ်မှာထွက်ခဲ့တဲ့ Cinderella II ကိုရော ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ Cinderella II က နံပါတ် I လောက်တော့ Rating မကောင်းပေမဲ့ IMDbမှာ Rating 5/10 ရှိထားပြီး စင်ဒရဲလားအလွမ်းပြေ အပျင်းပြေ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုလို့ အဆင်ပြေတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ​ကြွက်ကလေးတွေက ပုံပြင်လေး၃ပုဒ်ကို ပြောပြကြတာဖြစ်ပါတယ်။ ပထမပုံပြင်မှာ ရဲတိုက်ကြီးကို မင်းသမီးဖြစ် ပြီးတဲ့နောက်ပထမဆုံးအကြိမ်ရောက်လာရတဲ့ မင်းသမီးစင်ဒရဲလားရဲ့ အခက်အခဲလေးတွေနဲ့ ရဲတိုက်ရဲ့အစဥ်အလာဓလေ့ထုံးတမ်းတွေကို သူ့ရဲ့ကိုယ်ပိုင်ပုံစံနဲ့ဘယ်လိုတွေပြောင်းလဲလိုက်တယ်ဆိုတာမြင်ရမှာဖြစ်ပါတယ်။ ဒုတိယပုံပြင်မှာတော့ ဂျက်ခ်ဂျက်ခ်လေးရဲ့လူသားဖြစ်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပြီးတဲ့နောက် ကြုံတွေ့ရမယ့် လူသားဘဝအလွဲ တွေနဲ့ ဂျက်ခ်အတွက် ကြွက်တစ်ကောင်အဖြစ်နဲ့လူတစ်ယောက်အဖြစ် ဘယ်ဟာကပိုကောင်းတယ်ဆိုတာသိရအောင်သင်ခန်းစာတွေကြုံတွေ့ရ တာကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။ နောက်ဆုံးပုံပြင်ကတော့ Title ဖြစ်တဲ့ Dreams Come True ဆိုတဲ့အတိုင်း စင်ဒရဲလားရဲ့ အဖေတူအမေကွဲညီမ အန်နာစတေးရှားရဲ့အချစ်စစ်ကိုရှာတွေ့ပြီးပျော်ရွှင်ရတဲ့အိပ်မက်အမှန် တစ်ကယ်ဖြစ်လာအောင် စင်ဒရဲလား နဲ့ ကြွက်ကလေးတွေဘယ်လိုကူညီ ကြမယ်ဆိုတာ တွေ့မြင်ကြရမှာဖြစ်ပါတယ်။ ကဲ သီချင်းလေးတွေကအစ သေချာလေးဘာသာပြန်ပေးထားတာမို့ CM ရဲ့ လက်ရာနဲ့ Quality ကောင်းကောင်းလေး ကြည့်ရှုခံစားချင်တဲ့ပရိတ်သတ်ကြီးတို့ ငယ်ဘဝအလွမ်းပြေဖို့ Cinderella II လေးကို အခုပဲခံစားကြည့်ရှုလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Cinderella (1950) ⭐IMDB: 7.3/10 (167 k Votes) 🎬 #Animation #Family #Fantasy #Musical #Romance 🗓️ 1950 🎞️ Movie 📺 #720p 💿 1.0 GB ⦿ 718.3 MB 🌎 #UnitedStates ⏰ 1 နာရီ 16 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီနေ့မှာတော့ CM က Disney ဖန်တွေအတွက် Old but Gold ဆိုတဲ့အတိုင်း ဟောင်းပေမဲ့လည်း ဘယ်အချိန် ကြည့်ကြည့်မရိုးပဲ ကောင်းနေဆဲဆိုတဲ့ ကာတွန်းကားလေး တစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ အဲ့တာကတော့ IMDb မှာ 7.3/10 နဲ့ Rotten Tomatoes မှာ 97% ရထားတဲ့ ကိုယ်တွေငယ်ဘဝရဲ့ အသည်းစွဲ Cinderella (I) 1950 လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မသိတဲ့သူမရှိသလောက်ပါပဲ။ မိထွေးနဲ့ မိထွေးရဲ့သမီး၂ယောက်ဆီမှာ အစေခံတစ်ယောက်လို အလုပ်လုပ်ပေးရပြီး အနိုင်ကျင့်ခံရတဲ့ စင်ဒရဲလားလေးရဲ့ သနားစရာ ဘဝဇာတ်ကြောင်းလေးပါပဲ။ ဟိုးအဝေးဆီက နန်းတော်ကြီးဆီ လှမ်းမျှော်ကြည့်ပြီး စင်ဒရဲလားလေးဟာ တော်ဝင်ကပွဲကိုတက်ခွင့် ရဖို့စိတ်ကူးယဥ်နေပါသတဲ့။ အဲ့လို စင်ဒရဲလား လေးရဲ့ စိတ်ကူးတွေကို အကောင်အထည်ပေါ်အောင် သူရဲ့သူငယ်ချင်း ကြွက်ကလေးတွေက ဘယ်လိုကူညီကြမလဲ၊ စိတ်ထားမကောင်းတဲ့မိထွေးဆိုးကြီးက ဘယ်လိုယုတ်မာပြမလဲ၊ သူတော်ကောင်းနတ်ကောင်းမ ဆိုတဲ့ စကားအတိုင်း အစောင့်အရှောက်နတ်သမီးဖွားဖွားက ဘယ်လိုတွေ ကူညီပေးမလဲ ဆိုတာကို ငယ်ဘဝကခံစားချက်တွေ နဲ့ ရသစုံလင်စွာ ပျော်ပျော်ရွှင်ရွှင်ခံစားကြည့်ရှုနိုင်ဖို့ CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ သီချင်းလေးတွေကအစ သေချာလေးခံစားဘာသာပြန်ပေးထားတာမို့ CM လက်ရာ ကောင်းကောင်းလေးနဲ့ တစ်ဖန်ပြန်လည်ခံစားကြည့်ရှူ ချင်ကြတဲ့ ပရိတ်သတ်ကြီးတို့အတွက် down ရကျိုးနပ်စေမယ့် ကားကောင်းလေးတစ်ကားဖြစ်စေရဖို့ အာမခံပါတယ်လို့ပြောရင်း

Locked-in Society (2022) ⭐IMDB: 6.2/10 (767 Votes) 🎬 #Comedy 🗓️ 2022 🎞️ Movie 📺 #1080p #720p #480p 💿 1.5 GB ⦿ 848.9 MB ⦿ 409.0 MB 🌎 #Germany ⏰ 1 နာရီ 41 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကျွန်တော်တို့ငယ်စဉ်တုန်းက လူကြီးအများစုနဲ့ အမြင်မတူကြပါဘူး။ လူကြီးတွေကလည်း ကျွန်တော်တို့ ကလည်း လူကြီးတွေကို ခေတ်ဟောင်းနေပြီ၊ ဒိတ်အောက်နေပြီ ဆိုပြီး ကိုယ်ကြီးလာတဲ့တစ်နေ့ကျ သူတို့တွေ လုပ် တာတွေ၊ သူတို့အတွေးအမြင်မျိုးတွေနဲ့ မတူအောင် ပြောင်းလဲမယ်လို့ အများစုက တွေးဖူးကြပါတယ်။ ဒီလိုသဘော ထားခဲ့တဲ့သူတွေအတွက် ဒီကားလေးက မီးမောင်းထိုးပြနေပါတယ်။ လူတွေရဲ့အခြေခံစိတ်ထားတွေအားလုံးကို ဒီ ဇာတ်ကားလေးထဲမှာ တွေ့နိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့သားဖြစ်သူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် မရလို့ ပေါက်ကွဲနေတဲ့ ဖခင် တစ်ယောက်က ကျောင်းရှိ ဒုကျောင်းအုပ်နှင့် ဝင်တွေ့ပြီး အကြောင်းခြင်းရာကို လာဆွေးနွေးပါတယ်။ ထိုကိစ္စ အပေါ် အခြေတည်ပြီး ကျောင်းရှိ ကာယဆရာ၊ ဓါတုဗေဒဆရာ၊ အလုပ်သင်ဆရာမ၊ ဂီတဆရာမ၊ လက်တင်ဆရာ၊ ဂျာမန်ဆရာတို့က စုရုံးစည်းဝေးကြပြီး အများရဲ့အမြင်ကိုဆွေးနွေးကြပါတယ်။ “စကား စကားပြောပါများ စကား ထဲကဇာတိပြ” ပြီး ဆရာ၊ ဆရာမတွေ အချင်းချင်း သူ့အမြင်၊ ကိုယ့်အမြင်ပေါ်မှာ အကြိုက်မတွေ့တာတွေ၊ တစ်ယောက်အမှား တစ်ယောက် ထောက်ပြဝေဖန်တာတွေဖြစ်လာပါတော့တယ်။ ဇာတ်ကားကတော့ သူတို့ဆွေး နွေးတာ၊ တိုင်ပင်တာနဲ့ ပြီးသွားတာပါ။ ဒါပေမယ့် သင်ခန်းစာယူစရာတွေအများကြီးပါပဲ။ လောကကြီးမှာ ကိုယ်ဖြစ် ချင်တိုင်း၊ လုပ်ချင်တိုင်း ပတ်ဝန်းကျင်ဆိုတာကြီးရဲ့ အမြင်တွေနဲ့ တလွဲတချော်ဖြစ်နေတဲ့သဘောသဘာဝကို သေသေသပ်သပ် ရိုက်ပြထားတာပါ။ ဒီကားကြည့်လိုက်ရင် တစ်ခုခုတော့ ရင်ထဲမှာ ကျန်သွားမှာ သေချာပါတယ်။

Ride (2023- ) ⭐IMDB: 6.4/10 (547 Votes) 🎬 #Drama #Western 🗓️ 2023- 🎞️ Series 📺 1080p 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 44 မိနစ် 25 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ride (2023)Ride (2023) ========= ဇာတ်လမ်းတွဲကောင်းတွေထွက်တဲ့ amazon prime ရဲ့ နွားရိုင်းစီးနင်းတဲ့ အားကစားကို အခြေခံထားတဲ့ Sports, Drama ဇာတ်လမ်းတွဲလေးဖြစ်ပါတယ် မက်မယ်ရီမိသားစုဟာ ကန်ညွန်တောင်တန်းတွေမှာ နေထိုင်ရင်း မွေးမြူရေးခြံနဲ့ နွားရိုင်းစီးနင်းမှုကိုလုပ်ကိုင်တဲ့ မိသားစုပါ သူတို့နယ်မြေမှာတော့ အကောင်းဆုံး နွားရိုင်းစီးနင်းသူ ချန်ပီယံတွေကိုမွေးထုတ်ပေးတဲ့ မိသားစုအဖြစ် ကျော်ကြားပါတယ် ဖခင်ဖြစ်သူ ဒက်စတီခေတ်က စလို့ သားဖြစ်သူ အော်စတက် မက်မယ်ရီအထိ နွားရိုင်းစီးနင်းပြိုင်ပွဲတွေမှာဗိုလ်စွဲခဲ့တာကြောင့် မြို့ဂုဏ်ဆောင်နေတဲံ့ မိသားစုလည်းဖြစ်ပါတယ် အောစတင်..ကတ်ရှ်…တက်ဖ် ဆိုတဲ့ ညီအစ်ကိုသုံးယောက်ရှိတဲ့အထဲ အော်စတင်ကတော့ မိသားစုဂုဏ်ဆောင်သားကြီးဖြစ်ပြီး အလေးပေးအခံရဆုံးပါ တစ်နေ့မှာ အော်စတင်အတွက် သမိုင်းဝင်စေမယ့် ဟာရီကိန်းနွားရိုင်းကြီးကို တစ်မြို့လုံးရှေ့မှာ ၈ စက္က့န်အကြာထိ တောင့်ခံစီးပြရင်းနဲ့ မတော်တဆဖြစ်ကာ နွားတက်နင်းပြီး သေဆုံးသွားပါတယ်… သူတို့မိသားစု ဂုဏ်သိက္ခာလည်း တဖြည်းဖြည်း ကျဆင်းလာပြီး ခြံကိုပါ ဆုံးရှုံးရမလိုဖြစ်နေပါပြီမရိန်းတပ်မှာတာဝန်ထမ်းဆောင်ပြီး အိမ်ပြန်လာတဲ့ သားအလတ် ကတ်ရှ်က သူ့အစ်ကိုကြီး အော်စတင်ရဲ့ တာဝန်ကိုယူပြီး ကျန်ခဲ့တဲ့မိသားစုဝင်ကို စောင့်ရှောက်ဖို့တာဝန်ကျလာပါတယ် သူ့အစ်ကိုနဲ့ အဖေ့ခြေရာနင်းဖို့ နွားရိုင်းစီးနင်းသူအဖြစ် လေ့ကျင့်ရင်း ကန်ညွန်ချန်ပီယံဖြစ်အောင် ပြန်ကြိုးစားပါတော့တယ်… အပိုင်း ၁၀ ပိုင်းပါဝင်ပြီး စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲကောင်းလေးဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။Genre….. Sports, Drama, Western