ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
The Perfect Couple (2024) ⭐IMDB: 6.6/10 (34 k Votes) 🎬 #Drama #Mystery #Crime 🗓 2024 🎞 tv mini series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 5 မိနစ် 1 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခေါက်မှာတော့ CM ပရိသတ်များအတွက် မင်းသားကြီး Liev Schreiber နဲ့ မင်းသမီး Nicole Kidman တို့အပြင်အခြားသော သရုပ်ဆောင်ကောင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်ဝင်စားစရာ Netflix seriesတစ်ခုကိုတင်ဆက်ပေးလိုက်ပါရစေ။ အမေရိကန်နိုင်ငံ Massachusettsပြည်နယ်ထဲက Nantucketကျွန်းပေါ်မှာ ဘိုးစဉ်ဘောင်ဆက်ချမ်းသာကြွယ်ဝတဲ့ Winbury မိသားစုနေထိုင်ပါတယ်။ အိမ်ထောင်ဦးစီးဖြစ်သူ Tag Winbury ဟာ ကျွန်းပေါ်မှာ ဂုဏ်သတင်း အတော်ကျော်ကြားသလို သူ့ဇနီး Mrs.Greer Winbury ဟာလည်း အောင်မြင်တဲ့စာရေးဆရာမတစ်ယောက်ဖြစ်ပါတယ်။ သားသုံးယောက်ရှိပြီး အိမ်ထောင်သက် ၂၉နှစ်ရှိပြီဖြစ်တဲ့ Mr နဲ့ Mrs Winbury တို့ကို “ပြီးပြည့်စုံတဲ့ စုံတွဲ”လို့ လူအများကတင်စား ကြပါတယ်။ သူတို့သားအလတ်ဖြစ်တဲ့ Banjiရဲ့ လက်ထပ်ပွဲအကြိုနေ့ ညစာစားပွဲမှာ ဇာတ်လမ်းစတင်ထားပြီး အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့ အကုန်ချောချောမွေ့မွေ့အဆင်ပြေလျက်ပါပဲ။ ဒါပေမဲ့ လက်ထပ်ပွဲလုပ်မဲ့ မနက်မှာ သူတို့ Winbury အိမ်ကြီးရဲ့ ပိုင်နက်ဖြစ်တဲ့ ပင်လယ်ကမ်းစပ်မှာ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ သေဆုံးသူဟာလည်း လက်ထပ်ပွဲအတွက်အရေးပါတဲ့လူဖြစ်ပြီး လက်ထပ်ပွဲတက်ဖို့ Winbury အိမ်မှာလာတည်းတဲ့ဧည့်သည်ပါ။ ဒီလိုနဲ့လက်ထပ်ပွဲလည်းပျက်၊ Winbury မိသားစုလည်းရဲစခန်းမှာ စစ်မေးခံရ၊ တစ်စတစ်စနဲ့ Winbury မိသားစုရဲ့အရှုပ်တော်ပုံတွေ တစ်ခုချင်းစီပေါ်လာပါတော့တယ်။ “ပြီးပြည့်စုံတဲ့ စုံတွဲ”လို့သတ်မှတ် ခံထားရတဲ့ Mr & Mrs Winbury တို့က တကယ်ရော ပြီးပြည့်စုံနေတာ ဟုတ်ရဲ့လား၊ Winbury မိသားစုထဲမှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ၊ ဘယ်သူက ဘယ်သူ့ကို ဘာကြောင့်သတ်လိုက်လဲဆိုတာတွေကိုတော့ စီးရီးထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဇာတ်လမ်းအစကနေအဆုံးထိ Tempoကောင်းကောင်းနဲ့ဆွဲခေါ်သွားတာ ဖြစ်လို့ Crime/Mystery အမျိူအစား ကြိုက်နှစ်သက်သူတွေလည်း သဘောကျမိမဲ့ စီးရီးတစ်ခုပဲဖြစ်ပါတယ်။...
Hypnotique (2023) ⭐IMDB: 4.2/10 (28 Votes) 🎬 #Thriller #Romance #ScienceFiction #Short 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 43 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hypnotique (2023) အိမ်ထောင်ရေးရဲ့ ညရေးညတာ ကိစ္စမှာ ပြဿနာဖြစ်နေကြတဲ့ စုံတွဲနှစ်ယောက် စုံတွဲကုထုံးဆရာမဆီသွားရင်း ပြဿနာတက်ကြတဲ့အကြောင်းလေးပါ။ ဒွန်နဲ့ ဂျိန်းက လက်ထပ်ထားတာ ကြာပြီဖြစ်ပြီး မိန်းမက ညစာမကျွေးချင်တဲ့ ကိစ္စကို ကြုံနေရပါတယ်။ ဒွန်ရဲ့သူငယ်ချင်း ဂျွန်က စိတ်ကုဆရာမဆီသွားပြီး သူတို့အတွဲအခြေအနေတိုးတက်လာတယ်တဲ့အကြောင်း ပြောပြီး ဆရာမဆီညွန်းလိုက်ပါတယ်။ ဆရာမက ကုထုံးအဆန်းတွေနဲ့ ကုပေးပါလေရော။နောက်ကျတော့ ဂျွန်ကို သူ့မိန်းမက သတ်လိုက်တယ်။အဲဒီမှာ ဆရာမက ကုပေးနေတာမဟုတ်ဘဲ တခြား အကြံတွေရှိတာကိုသိလာရပါတယ်။ မင်းသမီးတွေကတော့ အသက်ပြည့်ပြီးမှ ကြည့်လို့ရတဲ့ဇာတ်ကားရိုက်တဲ့ မင်းသမီးတွေချည်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်)...
Demonte Colony 2 (2024) ⭐IMDB: 7.5/10 (3 k Votes) 🎬 #Bollywood #Thriller #Horror 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 16 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Demonte Colony 2(2024)”ဒီမွန့် စံအိမ်ကြီး အပိုင်း ၂” ============================================= IMDb 7.7 ရရရှိထားတဲ့ တမီလ်စကားပြောရုံတင်ရုပ်ရှင်ကားတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့Demonte Colony ရုပ်ရှင်ရဲ့ တိုက်ရိုက်အဆက်ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုလည်း ပထမ Demonte Colony ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ အာဂ်အဂျေးဂါနန်နာမူသူကပဲဆက်လက်ရိုက်ကူးထားတာဖြစ်ပဲ ပထမရုပ်ရှင်မှာရခဲ့တဲ့သည်းထိတ်ရင်ဖိုသရဲကားဆိုတဲ့အရသာကို ဆက်လက်ပေးစွမ်းနိုင်ဆဲပါပဲ။ ဒီ နံပါတ် ၂ မှာတော့ ဆုံးပါးသွားတာ ခြောက်နှစ်ရှိပြီဖြစ်တဲ့ ခင်ပွန်းအတွက် ဖြေမဆည်နိုင်သေးတဲ့ဒယ်ဘီဆိုတဲ့မိန်းကလေးဟာ သဘာဝလွန်အစီအရင်တွေသုံးကာ ခင်ပွန်းဖြစ်သူနဲ့ ဆက်သွယ်ဖို့ကြိုးစားရင်းလူတစ်ယောက်နဲ့တွေ့ကာ ဒီမွန့်စံအိမ်ကြီးရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ကြပုံကို မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
Decoded (2024) ⭐IMDB: 5.8/10 (200 Votes) 🎬 #Drama #History #Thriller #War 🗓 2024 🎞 movie 🌎 #China ⏰ 2 နာရီ 35 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မိုက်ကျားဆိုတဲ့ ကလောင်နာမည်နဲ့ ၂၀၀၂ ခုနှစ်မှာ ရေးသားထုတ်ဝေလို့တရုတ်အစိုးရ ခေါ်ယူစစ်ဆေးခံခဲ့ရတဲ့ ကုဒ်ဖျက်သူဝတ္ထု ကိုအခုတော့ ရုပ်ရှင်ဇာတ်ကားအနေနဲ့ ရိုက်ကူးခဲ့ပါပြီ… ဇာတ်လမ်းလေးကတော့ ဒုတိယကမ္ဘာစစ်ကာလခေတ်နှောင်းပိုင်းဆိုက်ဘာစစ်ပွဲကာလကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး… ” တိုင်းပြည်ဆိုတာ ငါတို့အသက်ကိုစတေးပြီးတောင် ကာကွယ်သင့်တဲ့ အရာ” လို့သင်ပေးတဲ့လူတစ်ယောက်စကားကြောင့်…“တိုင်းပြည်ဆိုတာ ချစ်တဲ့သူ၊ မိတ်ဆွေ၊ ကိုယ်ချစ်မြတ်နိုးတဲ့အရာတွေ စုဝေးရာ အိမ်” လို့ပြောပြခဲ့တဲ့ လူတစ်ယောက်ကြောင့် … နာမည်ကောင်းမရလည်း… နာမည်ဂုဏ်မဖော်လိုဘဲ တိတ်တဆိတ် ကြိုးစားအားထုတ်ခဲ့တဲ့လျို့ဝှက်ကုဒ် ဖြေသူ သင်္ချာကိန်းဂဏန်းပါရမီရှင်ရုံကျင်းကျန်းရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ရိုက်ကူး ပုံဖော်ထားတာဖြစ်တယ်… ရုံကျင်းကျန်းက တစ်မူထူးခြားတဲ့ ပညာရှင်ဖြစ်တဲ့အတွက် လူမှုဆက်ဆံရေးမှာအားနည်းချက်ရှိပေမယ့် သင်ပြပေးသူမရှိဘဲ သင်္ချာကို ထူးချွန်သူဖြစ်လို့သင်္ချာပညာရှင် ပါမောက္ခ Liseiwicz ရဲ့ အလေးပေးခံရပြီးလူဦးနှောက်ကို အသုံးပြုပြီး ဖန်တီးတဲ့ ကွန်ပျူတာအကြောင်းနဲ့ ကုတ်အကြောင်းကို နားလည်ခဲ့ပါတယ်… အပေါ်မှာပြောသလိုပဲ ဆိုက်ဘာစစ်ပွဲကာလဖြစ်လို့ ကုတ်ဖြေသူကို တိုင်းပြည်ကလိုအပ်ချိန်မလို့ ရုံကျင်းကျန်းက အထူးတပ်ဖွဲ့ အမှတ်၇၀၁ မှာ လျို့ဝှက် မစ်ရှင်ဆောင်ရွက်ဖို့ ကြောင်းဖန်လာပါတယ်…. လျို့ဝှက်မစ်ရှင်ဖြစ်တဲ့အတွက် သူ့စွမ်းဆောင်မှုကိုသာသိကြပြီး နောက်ကွယ်ကကြိုးစားအားထုတ်သူကိုတော့ မသိခဲ့ကြတာ ယနေ့တိုင်ပါပဲ…ရုံကျန်းကျင်းက ငါဘယ်သူဆိုတာထက် ငါ့လုပ်ရပ်က ဘာဆိုတာအရေးကြီးကြောင်း ပြသခဲ့တဲ့ ယုံကြည်ချက်နဲ့ အသက်ရှင်ခဲ့တဲ့ သူရဲကောင်းတွေထဲက တစ်ဦးပါ…“Decoded” ဇာတ်ကားလေးက သာမန်အချစ် အလွမ်းအမုန်းစိတ်ကူးပုံဖော်ထားတဲ့ ကားမျိုးမဟုတ်ဘဲ မတူကွဲပြားတဲ့ လျှို့ဝှက်လုပ်ငန်းစဉ်တွေနဲ့ပါရမီရှင် ရုံကျန်းကျင်းရဲ့ ထူးခြားတဲ့ အတွေးတွေနဲ့အတူလက်ဗလာကနေ လက်ရှိဘဝကို ရောက်အောင်ကြိုးစားခဲ့တဲ့တစ်ခေတ်တစ်ခါက သူတို့သမိုင်းကြောင်းရဲ့ တစ်ခန်းတစ်ကဏ္ဏကိုပုံဖော်ရိုက်ကူးထားတဲ့ကားမို့ ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်...
It Ends with Us (2024) ⭐IMDB: 6.6/10 (32 k Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 10 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Deadpool မင်းသား ရိုင်ရန်ရေးနိုးရဲ့ ဇနီးဖြစ်သူ Blake Lively ရဲ့ အချစ်ကားအသစ်ထွက်လာပါတယ်။ သူ့ကိုတော့ The Age of Adaline ကားမှာကတည်းက ရင်းနှီးကြမှာပါ။ Gossip Girls စီးရီးမှာလည်း ပါဖူးတာမို့ သိကြမှာပါ။ အခုရုပ်ရှင်ကတော့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်းတစ်ခုကို အမျိုးသမီးတွေအတွက် ပညာပေးသလိုလေးလည်း ဖြစ်အောင် ရိုက်ပြထားတာပါပဲ။ ရုပ်ရှင်ထဲက အလှဆုံးစကားကတော့ “နင် တစ်ယောက်ယောက်ကို ချစ်ဖြစ်ဦးမယ်ဆိုရင်တော့ ငါ့ကိုပဲ ချစ်ဖြစ်လိုက်ပါ” ဆိုတာပါပဲ။ လီလီဘလွန်းဆိုတာ ပန်းဆိုင်ဖွင့်ဖို့အရမ်းကို ရူးသွပ်ခဲ့တဲ့ မိန်းကလေး။ သူ့ရဲ့ အချစ်ဦးက အိမ်ခြေရာမဲ့ကောင်လေးတစ်ယောက်။ ပန်းဆိုင်ဖွင့်ပြီးချိန်မှာ သူချစ်မိသွားတာက ဦးနှောက်အာရုံကြော ခွဲစိတ်ဆရာဝန် လူချောကြီးတစ်ယောက်ပေါ့။ အဲဒီဆရာဝန်က သူ့ကိုအရမ်းချစ်ပေမဲ့ သူ့မှာလည်း လူမသိတဲ့ အမှောင်လျှို့ဝှက်ချက်တွေ ရှိနေပြန်တယ်။ ဆရာဝန်လေးနဲ့တွဲနေကြချိန်မှာပဲ သူငယ်ငယ်က အိမ်ခြေရာမဲ့ ကောင်လေးက သူ့ဘဝထဲကို ပြန်ဝင်လာခဲ့တယ်။ ဒီအခြေအနေတွေကနေ အကောင်းဆုံးဖြစ်အောင် ဘယ်လို ရုန်းထွက်မလဲဆိုတာ ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အချစ်ကားကောင်းကောင်း ကြိုက်တတ်သူတွေအတွက် ကြည့်ရမဲ့ ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။...
Respati (2024) ⭐IMDB: 6.5/10 (107 Votes) 🎬 #Fantasy #Horror #Thriller 🗓 2024 🎞 movie 🌎 #Indonesia #SouthKorea ⏰ 1 နာရီ 53 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Respati (2024) IMDb Rating (6.5) သူတို့ဆီမှာရုံတင်နေစဉ်ကတည်းက တစ်တော့မှာနာမည်ကြီးနေခဲ့တဲ့ အင်ဒိုသရဲကားလေးရပါပြီ။ Assembly စီနေကြတဲ့ ကျောင်းသူကျောင်းသားတွေထဲမှာ သရဲတွေကိုမြင်နေရတဲ့ကျောင်းသားလေးတစ်ယောက်ဆီကို သရဲစုံတွဲလေထဲမှာမျောပြီးရွေ့လာတဲ့အခန်းကိုကြည့်ဖူးသူတွေမှတ်မိကြပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ရတ်စ်ပါတီဟာ မိဘမဲ့ဆယ်ကျော်သက်ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး အဘိုးဖြစ်သူနဲ့အတူနေထိုင်ပါတယ်။ သူ့မိဘနှစ်ပါးသေဆုံးခဲ့ရမှုအပေါ်အပြစ်မကင်းသလိုခံစားချက်နဲ့အခုချိန်ထိ အိမ်မက်ဆိုးတွေနဲ့အတူ အိပ်မပျော်ရောဂါကိုပါခံစားနေရတဲ့သူဟာ တစ်စတစ်စနဲ့ တစ်ပါးသူတွေရဲ့အိမ်မက်တွေထဲကိုဝင်ရောက်နိုင်စွမ်းရှိတာကိုသိစပြုလာချိန် သူ့ဘေးပတ်ဝန်းကျင်မှာ ရက်စက်ပြီး တရားခံမပေါ်တဲ့လူသတ်မှုတွေဆက်တိုက်ဖြစ်လာနေပါတယ်။ အဲ့ဒီအချိန်မှာပဲသူခံစားနေရတဲ့ ဝေဒနာတွေကိုနားလည်တဲ့ သူ့လိုပဲ နာမ်လောကနဲ့အဆက်အသွယ်ရှိတဲ့ကျောင်းသူလေးတစ်ယောက် သူတို့ကျောင်းကိုပြောင်းလာတဲ့အချိန်မှာတော့ ရတ်စ်ပါတီ၊ သူ့သူငယ်ချင်းတာတာနဲ့ ကျောင်းသူသစ်လေး ၀ူလန်တို့သုံးယောက်ဟာ သူတို့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ ထူးခြားဆန်းကြယ်တဲ့အဖြစ်တွေကို အဖြေရှာဖို့ကြိုးစားရင်း ထင်ထားတာထက်ကြောက်မက်ဖွယ်ကောင်းနေတဲ့ ရန်သူတွေကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။ Indo horror တို့ထုံးစံဇာတ်လမ်းဇာတ်အိမ်ကောင်း၊ လှည့်ကွက်ကောင်းတွေနဲ့ ပရိသတ်စိတ်မပျက်စေရမယ့်ကားကောင်းတစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်)...
Red Dawn (1984) ⭐TMDB: 63% User Score 🎬 #Action #Drama #Thriller #War #ScienceFiction 🗓 1984 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ ၁၉၈၄တုန်းကထွက်ရှိခဲ့တဲ့ action, drama , thrillerဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရုရှားနဲ့ကူဘန်(ကျူးဘား)စစ်တပ်က အမေရိကန် ကော်လိုရာဒိုနယ်ကို ၀င်ကျူးကျော်ပြီး တတိယကမ္ဘာစစ်ကိုစတင်ခဲ့တဲ့ဇာတ်ကြောင်းမျိုးဖြစ်ပါတယ်။ ဆိုဗီယက်တွေက မြို့ထဲ လေထီးနဲ့ဆင်းလာကြလို့ ဂျတ်နဲ့မတ်ညီအစ်ကိုနဲ့အတူ ကျောင်းသားအချို့က တောင်ပေါ်မှာ စစ်ပွဲသွားရှောင်ကြပါတယ်။ နောက်တော့ ရှောင်လွှဲလို့မရဘဲ ပြောက်ကျားတပ်အဖြစ်နဲ့ ကျူးကျော်သူတွေကို ခုခံတိုက်ခိုက်ကြပါတယ်။ ဒီကားလေးက ဆယ်ကျော်သက်အရွယ်ကြည့်ခဲ့ရတုန်းက အရမ်းကြိုက်ခဲ့ရတဲ့ကားဖြစ်ပါတယ်။ အခုပြန်ကြည့်တော့ plot holeတွေ တပုံတပင်နဲ့ အရင်ကလောက် စိတ်ကျေနပ်စရာမကောင်းတော့ပင်မဲ့ သူ့အခြေအနေနဲ့သူကြည့်ကောင်းနေဆဲ ဖြစ်တာကြောင့် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။...
The Cheating Game (2023) ⭐IMDB: 5.6/10 (96 Votes) 🎬 #Drama #Romance #Crime #Mystery #Thriller 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 45 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Cheating Game (2023) IMDb Rating (5.6) ဒီဇာတ်လမ်းလေးမှာ Hope က သူ့ရည်းစား တခြားမိန်းကလေးနဲ့ ဖောက်ပြန်နေတဲ့ sex ဗီဒီယိုကိုမြင်ပြီး ရည်းစားနဲ့လမ်းခွဲခဲ့ရတဲ့ Content creator တစ်ယောက်ပါ။ အလုပ်ကိုပဲချစ်တဲ့သူပီပီ content တွေရဖို့ပဲ ကြိုးစားရင်းက အရာရာပြီးပြည့်စုံပြီး လိုက်ဖက်ညီနေတဲ့ လူကောင်းလေးတစ်ယောက်နဲ့ ထပ်တွေ့ပြန်ပါတယ်။ ဒါပေမဲ့ အဲဒီကောင်လေးက Hope ထင်သလို Perfect ဖြစ်နေတဲ့သူတစ်ယောက်လား ဒါမှမဟုတ် သူ့မှာ Hopeမသိတဲ့ လျှို့ဝှက်ချက်တွေရှိနေမလားဆိုတာကိုတော့ ဒီဖိလစ်ပိုင်အချစ်ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့Thwal Htoo Zinပဲဖြစ်ပါတယ်)...
Bangkok Breaking: Heaven and Hell (2024) ⭐IMDB: 7.0/10 (66 Votes) 🎬 #Action #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #Thailand ⏰ 2 နာရီ 28 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bangkok Breaking: Heaven and Hell (2024) IMDb Rating (6.8 ) Weirနဲ့ Aom Sushar ရဲ့ နာမည်ကြီးဇာတ်လမ်းတွဲဖြစ်တဲ့ Bangkok Breaking ရဲ့ sequel ဖြစ်တဲ့ Bangkok Breaking: Heaven and Hell ထွက်ရှိလို့လာပါပြီ။ဒီတစ်ခါမှာလည်း ကယ်ဆယ်ရေးသမားလေး ဝမ်ချိုင်တစ်ယောက် ဘယ်ဇာတ်ရှုပ်ထဲပါသွားဦးမလဲ ရှုစားကြပါဦး။ မထင်မှတ်ထားတဲ့ဖြစ်ရပ်တစ်ခုကြောင့် ကယ်ဆယ်ရေးအဖွဲ့ကနေ ကန်ထုတ်ခံလိုက်ရတဲ့ဝမ်ချိုင်တစ်ယောက်အရှုပ်မတွေ့ရမနေနိုင်ဆိုတဲ့အတိုင်းပဲ ကလေးမလေးတစ်ယောက်ကို ပြန်ပေးဆွဲတဲ့အမှုမှာ ပါဝင်ပတ်သက်မိပြန်တော့တာပေါ့။ ဒါပေမဲ့ ဒီကလေးမလေးက ဩဇာညောင်းတဲ့သူဌေးတစ်ယောက်ရဲ့သမီးဖြစ်နေပြီးသာမန်ပြန်ပေးမှုလေးမဟုတ်ဘဲ ဂိုဏ်းတွေရဲ့အရှုပ်အရှင်းတွေအပြင် အိမ်ရာစီမံကိန်းကြီးတစ်ခုနဲ့အာဏာပြိုင်ဆိုင်မှုတွေပါဝင်ပတ်သက်နေတဲ့အခါ… အပြစ်ရှိတဲ့စိတ်တွေနဲ့ ရှင်သန်နေတဲ့ကယ်ဆယ်ရေးသမားလေးဝမ်ချိုင်နဲ့ သူနာပြုလက်သစ်လေးမယ်ဂျီတို့အရှုပ်အထွေးတွေကြားက ကလေးမလေးကို ဘယ်လိုကယ်ဆယ်မလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mary Christ, Su Myat, Dao Phyo တို့မှ တင်ဆက်ထားပါတယ်။)...
The Man Who Wasn't There (2001) ⭐TMDB: 75% User Score 🎬 #Crime #Drama 🗓 2001 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 56 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မရှိခဲ့တဲ့သူတစ်ယောက်အကြောင်း မနေ့က လှေကားခွင်မှာ မရှိခဲ့တဲ့သူ တစ်ယောက်နဲ့ဆုံခဲ့တယ် ဒီနေ့လည်း သူရှိမနေပြန်ဘူး ဒီလူမရှိတော့ရင် သိပ်ကောင်းမှာပဲ။ မနေ့က လှေကားပေါ်တက်လာတော့ ဒီနေ့လည်း သူ့ကိုထပ်မတွေ့ရပြန်ဘူး ဒီလူပျောက်ကွယ်သွားရင် သိပ်ကောင်းမှာပဲ။ “Antigonish” William Hughes Mearns အက်ဒ်ကရိန်းဆိုသူက ရှိနေပေမယ့်လည်း မရှိနေသူတစ်ယောက်လိုဖြစ်နေတဲ့သူပါ။ သူက ဆေးလိပ်ကိုသာ မပြတ်တမ်းဖွာနေပြီး စကားအပြောအဆိုနည်းလှပါတယ်။ ဆံသဆရာတစ်ယောက်ဖြစ်ပြီး အရာအားလုံးပိုင်ဆိုင်ထားတဲ့ ပြည့်စုံသူတစ်ယောက်ဖြစ်ပေမယ့်လည်း သူပိုင်ဆိုင်တာဘာမှလည်း ရှိမနေပြန်ပါဘူး။ အပြောင်းအလဲကြီးကြီးမားမားလည်းမရှိသလို ပြောင်းလဲဖို့လည်း မကြိုးစားနေသူပါ။ တနေ့မှာတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ထံမှာ ရင်းနှီးမြှပ်နှံချင်စိတ်တွေ ပေါ်လာပြီးနောက် သူ့ဘဝနဲ့ သူ့ပတ်ဝန်းကျင်ဟာ တစ်ဆစ်ချိုးပြောင်းလဲဖို့ဖြစ်လာပါတယ်။ ၂၀၀၁ခုနှစ်မှာရိုက်ကူးခဲ့ပေမယ့် ၁၉၄၉ခုနှစ်မှာ ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်ကားကို ဆေးရောင်စုံနဲ့ရိုက်ကူးပြီး တည်းဖြတ်ချိန်မှာ အဖြူအမဲအဖြစ်ပြောင်းလဲထားတဲ့ neo-noir crime film အမျိုးအစားဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ ဇာတ်လမ်း၊ ရိုက်ကူး၊ တည်းဖြတ်၊ ထုတ်လုပ်သူ ဒါရိုက်တာတွေဖြစ်ကြတဲ့ Coen brothers ကိုတော့ No Country for Old Men နဲ့ The Ladykillers ရုပ်ရှင်တွေနဲ့ လူအများသိကြမှာပါ။ အခြားရုပ်ရှင်ရိုက်ကွင်းတစ်ခုက ခေတ်ဟောင်းဆံပင်ညှပ်ဆိုင် ပိုစတာကို မြင်ခဲ့ရာက ဒီဇာတ်လမ်းကို အတွေးရခဲ့ကြပြီး ခေတ်ဟောင်း film noir ပုံစံအတိုင်း နောက်ခံစကားပြောပုံစံကို အသုံးပြုထားပါတယ်။ ပုံမှန် film noirတွေနဲ့ ကွဲပြားတာကတော့ ဒီရုပ်ရှင်မှာ ဘီသိုဗင်ရဲ့ ဂန္တဝင်တေးသွားတွေကို အသုံးပြုထားခြင်းပဲဖြစ်ပါတယ်။...
Land of Happiness (2024) ⭐IMDB: 6.8/10 (58 Votes) 🎬 #Drama #Political 🗓 2024 🎞 movie 🌎 #SouthKorea ⏰ 2 နာရီ 5 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Land of Happiness (2024) ************************** ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Choo Chang-Min ရိုက်ကူးထားပြီး Castတွေ အနေနဲ့ကတော့ Jo Jung-suk. Lee Sun-Kyun နဲ့ Yoo Jae-Myung တို့ အဓိကပါဝင်ထားတဲ့ ၁၉၇၉ ခုနှစ် သမ္မတလုပ်ကြံခံရမှုအပြီး ခေတ်အခြေအနေကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း တရားရေးတိုက်ပွဲတွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Jung In-Hoo ဟာ သမ္မတကို လုပ်ကြံသတ်ဖြတ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ထောက်လှမ်းရေးအဖွဲ့ရဲ့ ဗိုလ်မှူး Park Tae-Juဘက်နေ ခုခံကာကွယ်ပေးခြင်းဖြင့် တောင်ကိုရီးယားနိုင်ငံရဲ့ သမိုင်းမှာ အခက်ခဲဆုံးသော နိုင်ငံရေးတရားခွင်ထဲက တစ်ခုကို ရင်ဆိုင်နေရပါတယ်။ ဖြစ်စဥ်ကတော့ သမ္မတ လုပ်ကြံမခံရခင်မှာ Tae-Ju ဟာ သက်တော်စောင့်တွေကို နှိမ်နင်းထားဖို့ ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲဆီမှ အမိန့်ကို လက်ခံရရှိခဲ့တာပါပဲ။ ဒါပေမဲ့ အဲဒီဖြစ်ရပ်ကို “ကြိုတင်စီစဉ်ထားတဲ့ ပုန်ကန်မှု” အဖြစ် ခေါင်းစဉ်တပ်ခံလိုက်ရတဲ့အခါ In-Hoo ဟာ Tae-Ju ကို အမှုကနေ ကယ်တင်နိုင်မဲ့နည်းလမ်းနဲ့ သက်သေပြဖို့ အကြံတွေပေးခဲ့ပေမဲ့လည်း Tae-Ju က နားမထောင်ခဲ့ပေ။ Tae-Ju ဟာ စစ်သားတစ်ယောက်ဖြစ်တဲ့အတွက် စစ်တပ်ဥပဒေအတိုင်း ကြားနားခွင့် တစ်ကြိမ်သာ ပြုလုပ်ပြီး စီရင်ချက်ချခံရမှာ ဖြစ်တာကြောင့် In-hoo က တရားမျှတတဲ့ တရားစီရင်မှု ဖြစ်ဖို့အတွက် မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့ပေမဲ့ တရားမျှတမှု မရှိတဲ့ တရားစီရင်ရေး လုပ်ငန်းစဉ်ကြောင့် In-Hoo ရဲ့ စိတ်ပျက်ဒေါသနဲ့ ခံပြင်းမှုတွေသာ ကျန်ရစ်ခဲ့တဲ့ တရားခွင်ဖြစ်လာတော့တယ်။ တစ်ဖက်မှာလည်း ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့က ခေါင်းဆောင် Jeon Sang-Doo ကလည်း နောက်ကွယ်ကနေ တရားခွင်ကို လိုသလိုကြိုးကိုင်နေတဲ့အခါမှာတော့.. နိုင်ငံရေးခြစားမှုတွေကြား In-Hoo က သမ္မတကို လုပ်ကြံမှုနဲ့ စွဲချက်တင်ခံနေရတဲ့ Tae-Ju ကို ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Miri မှ ရေးသားပေးထားပါတယ်။)...
Everwinter Night (2023) ⭐IMDB: 3.5/10 (155 Votes) 🎬 #Comedy #Horror 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 45 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မက်ဒီနဲ့Vတို့သူငယ်ချင်းနှစ်ယောက်ဟာ အားလပ်ရက်ပိတ်ရက်မှာခရီးထွက်ဖို့စီစဥ်ထားကြပေမဲ့ မက်ဒီရဲ့အခြားသူငယ်ချင်းနှစ်ယောက်ကြောင့်မလို့ သူတို့အစကစီစဥ်ထားခဲ့တဲ့နေရာကိုမသွားဖြစ်တော့ဘဲ ဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုက နှင်းလျှောစီးတဲ့တောင်ခြေနားကအိမ်တစ်လုံးကိုသွားဖြစ်ကြပါတယ် အဲ့မှာထူးဆန်းတဲ့လူချမ်းသာတစ်စုက သူတို့ရဲ့ရိုးရာပွဲတော်တစ်ခုကိုကျင်းပကြပါတယ်Vဟာရောက်စကတည်းက အဲ့အိမ်မှာတည်းခိုနေကြတဲ့လူတွေအားလုံးဟာ ပဟေဠိဆန်ပြီးတစ်ခုခုကိုလျှို့ဝှက်ထားတယ်လို့သံသယဝင်ခဲ့ပေမဲ့ သူငယ်ချင်းဖြစ်သူမက်ဒီကတော့မယုံကြည်ခဲ့ပါဘူး Vထင်နေတာတွေကမှန်နေမလား သူတို့ကျင်းပနေတဲ့ပွဲတော်ဆိုတာကရော ဘာအတွက်ကျင်းပတာဖြစ်မလဲ……. တကယ်တော့ဒီဇာတ်ကားက Horror Genreလို့ပြောထားပေမဲ့ တခြားဟော်ရာကားတွေလို ဇာတ်ရှိန်မြင့်မြင့်နဲ့သွားတာမျိုးမဟုတ်ဘဲ ဇာတ်အေးပုံစံမျိုးကြီးရိုက်ပြထားတာပါ နောက်ဆုံးပြီးခါနီးမှ ဇာတ်လမ်းရဲ့အဓိကအကြောင်းပါလာတာမလို့ Horror Vibe တော့အပြည့်အဝခံစားရမှာမဟုတ်ပါဘူး...
Best. Christmas. Ever! (2023) ⭐IMDB: 4.4/10 (10 k Votes) 🎬 #Comedy #Romance 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2023 မှာ ထွက်ရှိထာားတဲ့ Christmas ရုပ်ရှင်ဖြစ်ပြီးတော့ Heather Graham , Brandy Norwood, Jason Biggs တို့ ပါဝင်သရုပ်ဆောင်ပြီး Mary Lambert ကရိုက်ကူးထားပါတယ်…. Charlotte Sanders ဆီမှာ holiday newsletter ပို့ရတာကို ခုံမင်သဘောကျတဲ့ Jackie Jennings ဆိုတဲ့ ကောလိပ်တုန်းက သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ တစ်နှစ်ကြာ newsletter မပို့ဘဲ Christmas မှာ စာပြန်ပို့တဲ့ Jackie ရဲ့ newsletter ထဲမှာ သူ့ရဲ့ အသက်အငယ်ဆုံးနဲ့ ဟားဗတ်တက်ရောက်ခွင့် ရထားတဲ့သမီး ၊ အာဖရိကမှာ charity လုပ်နေတဲ့သား ၊ ကရာတေး သင်တန်းကျောင်းဖွင့်ထားတဲ့ခင်ပွန်း နဲ့ သူ့ရဲ့ လေယာဥ်စက်ပစ္စည်း ကုမ္ပဏီကိုရောင်းချပြီး အနားယူနေတဲ့ ဘဝအကြောင်းကို ရေးသား ထားပါတယ်။ Jackie ရေးထားတာတွေကိုအတုအယောင်လို့ထင်နေတဲ့ Charlotte တစ်ယောက်အကြောင်းတစ်ခုခုကြောင့် Jackie တို့ မိသားစုနဲ့ Christmas ကိုဖြတ်သန်းဖြစ်တဲ့အခါ...
Project Gutenberg (2018) ⭐IMDB: 6.8/10 (5 k Votes) 🎬 #Action #Crime #Mystery #Thriller 🗓 2018 🎞 movie 🌎 #China #HongKong ⏰ 2 နာရီ 11 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rate 6.9 နဲ့အတူ နာမည်ကြီးမင်းသား ချောင်ယွမ်ဖတ်ကလည်းပါဝင်သရုပ်ဆောင်ထားပြီး ဂျင်းကားမဟုတ်တာတော့ 100 %ကျိန်းသေနေတာပါပဲ ဇာတ်လမ်းအကျဉ်းလေးကတော့လွန်ခဲ့တဲ့ နှစ်တွေက ချစ်သူ ၂ယောက် …အတူပန်းချီဆွဲကြတယ်..ကောင်မလေး က လက်ရာမှာပါရမီပါတယ်ကောင်လေးကတော့ သူ့လောက်ပါရမီမထူးပေမယ့်ပုံတူဆွဲနေတဲ့နေရာမှာလည်း သူက ပါရမီပါတယ်ကံကြမ္မာလှည့်ကွက်တွေကြောင့်၂ယောက်သားဝေးပြီးတော့ ပြန်လည်ဆုံတွေ့တဲ့အခါမှာတော့ကောင်လေးက လူသတ်တရားခံအဖြစ်အဖမ်းခံထားရတယ် ကောင်မလေးကတော့ နိုင်ငံတကာအသိအမှတ်ပြုပန်းချီပညာရှင်တစ်ယောက်….ရဲစခန်းကဟွကျားလို့ခေါ်တဲ့လူတစ်ယောက် အကြောင်းကိုကောင်လေးကိုမေးတယ်..ကောင်မလေးပါတော့မှပဲကောင်လေးက ဟွကျားအကြောင်းကိုဖွင့်ပြောတော့တယ် ကောင်မလေးနဲ့ဝေးပြီးတဲ့နောက် ကောင်လေးဟာဟွကျားဦးဆောင်တဲ့ ငွေတုဂိုဏ်းတခုကိုရောက်သွားတာကနေအစပြုပြီး မြုပ်ကွက်များစွာပါဝင်တဲ့ ဇာတ်လမ်းလေးတပုဒ်ဖြစ်တည်လာပါတော့တယ်ထိုင်ရာကမထချင်ပဲ အဆုံးထိ စိတ်ဝင်စားပြီးစောင့်ကြည့်သွားရမယ့် ဇာတ်ကားမျိုးဖြစ်လို့ရုပ်ရှင်ချစ်သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်...
Winner (2024) ⭐IMDB: 6.2/10 (710 Votes) 🎬 #Biography #Comedy #Drama 🗓 2024 🎞 movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Winner (2024) IMDb Rating (6.2) ဇာတ်ကားက အမေရိကန်လေတပ်ရဲ့ ဘာသာပြန်နဲ့ စကားပြန် ရီရယ်လတီ *ဝင်နာ* (Reality Winner) ရဲ့ ဖြစ်ရပ်မှန်အကြောင်းအရာကို အခြေခံထားတဲ့ ဇာတ်ကားပါ။ *ဝင်နာ* က အမေရိကန် လေတပ်တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး၊အမေရိကန်အစိုးရအတွက် စာချုပ်ချုပ်ဆိုထားတဲ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေစဉ်မှာ ရုရှားနိုင်ငံက ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲတွေကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းမှုရှိကြောင်းကို ဖော်ထုတ်ထားတဲ့ လျှို့ဝှက်အစီရင်ခံစာတစ်စောင် ရှိကြောင်းကို တွေ့ရှိခဲ့ပါတယ်။ အမေရိကားက မဲပေးတဲ့အွန်လိုင်းစနစ်နဲ့ စက်ပစ္စည်းတွေကို ရုရှားက ဟက်ခ်လုပ်ဖို့ ကြိုးပမ်းခဲ့တာပါ။ ဒါပေမဲ့ မဲအရေအတွက် ဘယ်လောက်များများ ရုရှားက ပြောင်းလဲပစ်နိုင်သလဲဆိုတဲ့အပေါ်မှာတော့ သက်သေမပြနိုင်ခဲ့ပါဘူး။ အမျိုးသားလုံခြုံရေးဆိုင်ရာ ဒီလို လျှို့ဝှက်ချက်ကြီးကြီးမားမားကို ထိန်းသိမ်းထားဖို့ စည်းကမ်းတွေ ကျမ်းသစ္စာတွေရှိနေပေမဲ့ *ဝင်နာ* က ပြည်သူတွေအနေနဲ့ အမှန်တရားကို သိနိုင်ခွင့်ရှိရမယ်ဆိုတဲ့ စိတ်ကူးနဲ့အတူ အဲဒီစာရွက်စာတမ်းကို မီဒီယာတွေဆီ ဖော်ကောင်လုပ်လိုက်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဒီလုပ်ရပ်ဟာ သူ့အတွက် အန္တရာယ်ကျရောက်စေတဲ့ အရာတစ်ခုဖြစ်လာပါတယ်။ FBI အဖွဲ့ဟာ ပေါက်ကြားသွားတဲ့ အချက်အလက်တွေဟာ *ဝင်နာ* ရဲ့ လက်ချက်ဖြစ်ကြောင်း ဖော်ထုတ်နိုင်ပြီး မြန်ဆန်စွာ ဖမ်းဆီးရမိခဲ့ပါတယ်။ သူ့ရဲ့ ကြိုးစားမှုတွေကို အစိုးရက အက်စပွန့်နေ့ခ်ျအက်ဥပဒေ (အသံလွှင့်မှုဆိုင်ရာဥပဒေ) နဲ့ ပြစ်မှုစွဲတင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ Reality Winner အဖြစ် Emillia Jones က သရုပ်ဆောင်ထားပါတယ်။ Kathryn Newton ကလည်း Reality ရဲ့ အစ်မအဖြစ် လုပ်ခွင့်ရသလောက် ဇာတ်ကွက်လေးတွေမှာ တာဝန်ကျေခဲ့ပါတယ်။ ဇာတ်ကားအဆုံးမှာ ဖြစ်ရပ်မှန်ထဲက လူအစစ်တွေရဲ့ ဓာတ်ပုံများပါ ထည့်ပေးထားလို့ ဗဟုသုတ ရစရာပါ။ ဒီတော့ ဒီမိုကရေစီဘိုးအေကြီးဖြစ်တဲ့ အမေရိကားမှာတောင် အစိုးရက သူမပြောချင်တဲ့အရာကို လျှာရှည်ပြီး ဖော်ကောင်လုပ်တဲ့သူကို ဘယ်လိုများ အငြိုးတကြီး လက်စားချေလိုက်သလဲဆိုတာကို သံဝေဂရစရာ ကြည့်ရှုရမှာဖြစ်ကြောင်းပါဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့Arr Khun Winchesterပဲဖြစ်ပါတယ်)...
Mr. Zoo: The Missing VIP (2020) ⭐IMDB: 5.6/10 (557 Votes) 🎬 #Action #Comedy #Fantasy 🗓 2020 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 54 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ၂၀၂၀ ဇန်နဝါရီလောက်က ထွက်ရှိထားတာပါအမျိုးအစားကတော့Drama/Comedy ဖြစ်ပြီး IMDB က5.7/10 ရထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ လူနဲ့တိရိစ္ဆာန်တွေကြားကအပြန်အလှန်ချစ်ခြင်းမေတ္တာနဲ့ဂရုဏာတရားကိုဖော်ကျူးပေးထားပြီးတိရိစ္ဆာန်တွေရဲ့ခံစားချက်ကို ပေါ်လွင်အောင်ရိုက်ပြထားတဲ့ ဟာသကားကောင်းလေးတစ်ကားပါ။ လျှို့ဝှက်အေးဂျင့်တယောက်ဖြစ်တဲ့ဂျူထယ်ဂျူက တိရိစ္ဆာန်တွေဆိုအရမ်းမုန်းတဲ့သူပပေါ့။သူနဲ့ဆန့်ကျင်ဖက်သူ့သမီးလေးဆိုယောင်းကတော့တိရိစ္ဆာန်တွေကိုအရမ်းချစ်တတ်တဲ့အပြင် တိရိစ္ဆာန်ဆေးကုဆရာဝန်ဖြစ်ချင်နေတဲ့ကလေးမလေးပါ။တစ်နေ့သူ့သမီးလေးကကြောင်တစ်ကောင် သခင်ပျောက်နေတာကိုကယ်တင်ဖို့ အဖေဖြစ်သူဂျူထယ်ဂျူကိုသခင်ရှာပေးဖို့အကူအညီတောင်းလိုက်ပါတယ်။ တိရိစ္ဆာန်မုန်းသူကြီး ဂျူထယ်ဂျူဆိုသည်မှာလည်းအဲ့ကြောင်ကို သူလက်ထဲထည့်တာနဲ့ အမှိုက်ပုံးထဲပစ်ထည့်လိုက်တယ်။အဲ့အချိန်ကစပြီးသူဘဝကအပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါတယ်။တိရိစ္ဆာန်တွေကို ဂရုမစိုက်လို့ဒဏ်ခတ်ခံလိုက်ရတယ်တဲ့။အဲ့ဒီပြစ်ဒဏ်ကတော့အဲ့အချိန်ကစပြီးသူတိရိစ္ဆာန်စကားကိုနားလည်သွားတာပါ။ တိရိစ္ဆာန်တွေရဲ့ခံစားချက်တွေ၊ပြောစကားတွေကိုနားလည်သွားပြီးနောက် ဂျူထယ်ဂျူတစ်ယောက်ဘယ်လိုပြောင်းလဲသွားမှာလဲဆိုတာကို CM ပရိတ်သတ်ကြီး ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ကြပါ။ ဟာသသရုပ်ဆောင်တော်တော်များများက အသံသရုပ်ဆောင်ပေးထားတဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်လေးကလည်းကောင်းလို့ ဟာသလေးတွေနဲ့တဝါးဝါးတဟားဟားရယ်ရမှာဖြစ်တဲ့အတွက် ကြည့်ပျော်မယ့်ကားကောင်းလေးတစ်ကားဆိုတာတော့အသေအချာပါပဲလို့ညွှန်းချင်ပါတယ်။***English စာတန်းထိုးဖိုင် အမှန် မထွက်တာကြောင့်ဇာတ်လမ်းတစ်ခုလုံးကို ကိုယ့်ဖာသာ Timing လုပ်နားထောင်ပြီး ပြန်ထားတာဖြစ်လို့ ဘာသာပြန်အမှားအယွင်းအနည်းငယ်ပါပါက သည်းခံကြပါ...
When Sun Meets Moon (2018) ⭐IMDB: 6.0/10 (112 Votes) 🎬 #Romance 🗓 2018 🎞 movie 🌎 #HongKong ⏰ 1 နာရီ 34 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးဟာ Imdb 6.1ရထားတဲ့အချိန်ရိုမန့်ဇာတ်ကားလေးတစ်ပုဒ်ဖြစ်ပါတယ်..1992ခုနစ်မှာဟောင်ကောင်မှာမုန်တိုင်းတစ်ခုဖြစ်ပြီးမီးတွေပျက်သွားခဲ့ပါတယ်.ဒီလိုမီးပျက်တဲ့အချိန်ခဏလေးမှာ ကြယ်တာရာကြည့်ရှုရတာကြိုက်တဲ့ရွှင့်ရိနဲ့ကျေယွဲ့တို့ဟာ အမှတ်မထင်စုံစည်းခဲ့ကြပါတယ်…သူတို့တွေဟာစိတ်တူကိုယ်တူတွေမို့အချင်းချင်းသံယောဇဉ်တွေတိုးလာခဲ့ပါတယ်.. ရွှင့်ရိဟာနောက်နှစ်မှာနိုင်ငံခြားကိုပြောင်းရွှေ့နေထိုင်မှာဖြစ်လို့သူတို့နှစ်ဦးဟာနေမင်းနဲ့လမင်းလိုပဲအချိန်တွေကွာခြားပြီးခွဲခွာနေရတော့မှာပါ…သူတို့တွေဝေးကွာခြင်းတွေကိုအံတုပြီး ပြန်လည်ပေါင်းစည်းနိုင်ပါ့မလားအရမ်းကိုရိုမန့်ဖြစ်တဲ့ဇာတ်ကားလေးဖြစ်လို့ အချစ်ကားကောင်းကြိုက်တတ်တဲ့သူတွေအတွက်တော့ အရမ်းကိုကြည်နူးရမှာပါ...
Manorathangal (2024) ⭐IMDB: 6.3/10 (338 Votes) 🎬 #Comedy #Drama #Romance 🗓 2024 🎞 tv series 🌎 #India ⏰ 53 မိနစ် 40 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Manorathangal 2024 ဆရာအမ်တီ၏လက်ရွေးစက်ဇာတ်လမ်းများ IMDb – 6.3/10 အိန္ဒိယလွတ်လပ်ရေးရပြီးနောက်ပိုင်းမှာအကျော်ကြားဆုံးစာရေးဆရာတွေထဲကတစ်ယောက်ဖြစ်တဲ့မလေယာလမ်စာရေးဆရာကြီး အမ်တီဗာဆူဒေဗမ်နိုင်ရာအသက် 20 ကတည်းက ကမ္ဘာ့ဇာတ်လမ်းတိုပြိုင်ပွဲမှာ ဆုယူထားနိုင်တဲ့အထိငယ်စဉ်ကတည်းက ကလောင်စွမ်းထက်လွန်းတဲ့ ကလောင်ရှင်တစ်ယောက် ဇာတ်ညွှန်းဆရာတစ်ယောက်ဖြစ်ပြီးသူအဓိက ကျွမ်းကျင်ဆုံးကတော့ လူ့သဘောလူ့သဘာဝကိုဖန်သားပြင်ထက်မှာလို့ သတိမရမိလောက်တဲ့အထိလက်တွေ့ကြုံနေရသလို့ ခံစားမိအောင် ကွင်းကွင်းကွက်ကွက် ရုပ်လုံးကြွအောင် ရေးသားပြနိုင်တာပါပဲ။ ဒီဇာတ်လမ်းတွဲလေးထဲမှာတော့ မလေယာလမ်ကျေးလက်လူနေမှုဘဝအကြောင်းတစ်စေ့တစ်စောင်းရှုစားနိုင်မယ့် ရသစုံလင် ခံစားရစေမယ့် ဇာတ်လမ်းတို 9 ပုဒ်ကိုအတူရှုစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်။)...
A Holy Conspiracy (2022) ⭐IMDB: 7.6/10 (67 Votes) 🎬 #Bollywood #Drama 🗓 2022 🎞 movie 🌎 #India ⏰ 2 နာရီ 20 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Holy Conspiracy (2022) “ဘာသာရေးနဲ့ သိပ္ပံကြားက တရားခွင်” IMDb-7.6/10 အိန္ဒိယတရားခွင်ဇာတ်ကားတွေထဲကမှ ဒီတစ်ခါရှုစားရမှာတော့ သိပ္ပံပညာနဲ့ ဘာသာရေးရဲ့ အားပြိုင်မှုတရားခွင်ပဲဖြစ်ပါတယ်။ ခရစ်ယာန်အထက်တန်းကျောင်းတစ်ခုမှာ ချားစ်ဒါဝင်ရဲ့ သီအိုရီကို မသင်ခင်သမ္မာကျမ်းစာမှာပါတဲ့ ကမ္ဘာဦးကျမ်းအခန်းကြီး အရင်သင်ဖို့ စည်းကမ်းသတ်မှတ်တာကိုလက်မခံတဲ့ ကျောင်းဆရာတစ်ယောက်။ လူနည်းစုဘာသာရေးအသိုင်းအဝိုင်းကို စော်ကားတယ်၊ ကျောင်းပိုင်ပစ္စည်းတွေကို ဖျက်ဆီးတယ်၊ကျောင်းအုပ်ကို ကိုယ်ထိလက်ရောက်ကျူးလွန်တယ်ဆိုတဲ့စွဲချက်တွေနဲ့ အဖမ်းခံပြီးတဲ့နောက်နှစ်လကြာတဲ့ထိ ဘာစစ်မေးမှုမှလည်းမရှိသလို အသနားခံစာတွေလည်း ပယ်ချခံရ၊အစားအသောက်ကောင်းကောင်းမစားရနဲ့ ပြစ်မှုကြီးရာဇဝတ်သားလို ခံစားနေရတဲ့ ကျောင်းဆရာတစ်ယောက်။ ဒီအမှုအတွက် တရားလိုရှေ့နေလိုက်မဲ့သူက နယူးဒေလီက ခရစ်ယာန်တွေရဲ့အလေးထားကိုးကွယ်ကြတဲ့ဘုန်းတော်ကြီး ဘာဆန်တာကူးမားချက်တာဂျီး…။ ကျောင်းဆရာဘက်ကလိုက်ပေးမဲ့ရှေ့နေကတော့ တစ်ချိန်က အထူးတရားရုံးကအမှုတွေထိဖြေရှင်းခဲ့တဲ့ အငြိမ်းစားရှေ့နေကြီး အန်တွန်ဒီဆူဇာ…..။ ဘုန်းတော်ကြီးဘက်မှာက ဘာသာရေးသမားက နိုင်ငံရေးသမားအလယ် ဝန်ကြီးအဆုံး အကြီးအကဲအစုံရှိတယ်။ဒီအမှုမှာလည်း ရုံးတင်စစ်ဆေးတာနဲ့ချက်ချင်း သူပဲ အနိုင်ရမယ်လို့ ယုံကြည်နေတာပေါ့။ ရှေ့နေကြီးဒီဆူဇာကလည်း သူ့ရဲ့ပညာနဲ့ အမှန်တရားကို တထစ်ချယုံကြည်သူဆိုတော့ ဒီနှစ်ယောက်ကြားမှာတရားခွင်ပေါ်က အမှန် အမှား ပြတ်ပြတ်သားသားဆုံးဖြတ်လို့မရတဲ့ သိပ္ပံနဲ့ ဘာသာရေးရဲ့ အားပြိုင်မှုတွေအပြင်ပညာနဲ့ သိက္ခာအားပြိုင်မှု၊ အမှန် နဲ့ အမှားဆိုတာထက် ပိုရှုပ်ထွေးတဲ့ နိုင်ငံရေးလှည့်ကွက်တွေကိုပါ ငြင်းခုံယှဉ်ပြိုင်ကြတာကိုရှုစားရမှာဖြစ်ပါတယ်။ (***များစွာသော ဘာသာရေးအကြောင်းအရာများပါဝင်တာမို့ ဘာသာရေးဆိုင်ရာ အသုံးအနှန်းတစ်ခုခု မှားယွင်းခဲ့တာရှိရင်ခွင့်လွှတ်နားလည်ပေးပါဖို့ မေတ္တာရပ်ခံအပ်ပါတယ်***) အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်...
MacGruber (2010) ⭐TMDB: 54% User Score 🎬 #Action #Comedy 🗓 2010 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2010 တုန်းက ထွက်ရှိခဲ့တဲ့ ဟာသ အက်ရှင်ကားလေး တင်ဆက်ပေးချင်ပါတယ်။ ဒီကားကတော့ ကြည့်ရှုသူတွေ အပန်းပြေရမှာ အမှန်ပါပဲ။ Rated R ဖြစ်တဲ့ အတွက်ကြောင့် လူကြီးဟာသတွေလည်း အများကြီးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ မင်္ဂလာပွဲမှာ ဇနီးသည် သေဆုံးပြီးတဲ့နောက် အနားယူလိုက်တဲ့ စစ်မှုထမ်း အထူးအေးဂျင့်ဟောင်း မက်ခ်ဂရူဘာကို နျူးကလီယား ဒုံးကျည် အခိုးခံရမှု အတွက် လာခေါ်ခံရပြီး။ သူ့ဇနီးကို သတ်သွားတဲ့ သူက နျူးကလီးယား ဒုံးကျည်ကို ခိုးခဲ့တယ်ဆိုတာ သိသွားတဲ့ အခါမှာတော့ ကလဲ့စားအတွက်ရော နိုင်ငံကို ကာကွယ်ဖို့ အတွက်ရော မစ်ရှင် စတင်ပြီး ဘယ်လို ဆက်ဖြစ်သွားမယ်ဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။...
