ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
June Zero (2024) ⭐TMDB: 0.0% User Score 🎬 #Drama #History 🗓 2024 🎞 movie 🌎 #Israel #UnitedStates #UnitedStatesofAmerica #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 File size…(2.2 GB)/(1.3 GB)Quality….Webrip 1080p / 720pFormat…mp4Duration….01:46:00Genre…Drama, HistorySubtitle….Myanmar Subtitle (Hardsub)Encoder….Mr. AndersonTranslated by Swe Yee...

Greta (2018) ⭐IMDB: 6.0/10 (37 k Votes) 🎬 #Drama #Mystery #Thriller 🗓 2018 🎞 movie 🌎 #Ireland #USA #UnitedStates #Canada #HongKong #SouthKorea #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အထီးကျန်ခြင်းဆိုတာ ခံစားချက်တွေထဲမှာ အဆိုးဆုံးတွေထဲက တစ်ခုပါ။ အကြောင်းမျိုးမျိုးကြောင့် အထီးကျန်တတ်ကြပြီး အထူးသဖြင့် အသက်အရွယ်ကြီးမြင့်တဲ့အခါတွေ အဖြစ်များလာတတ်ပါတယ်။ တစ်ချို့ကလည်း လွတ်မြောက်ရာနည်းလမ်းကို ရှာဖွေတွေ့ရှိကြသလို ကံဆိုးတဲ့တစ်ချို့ကလည်း အထီးကျန်မှုကြောင့် မဖြစ်သင့်တာတွေ ဖြစ်လာခဲ့ရပါတယ်။ ဒီဇာတ်ကားလေးရဲ့ အညွှန်းကတော့ ယောက်ျားလည်းဆုံး သမီးလည်းသေဆုံးခဲ့လို့ အထီးကျန်နေတဲ့ အမျိုးသမီးကြီးတစ်ဦး… နယ်ကလာပြီး မြို့ပေါ်မှာ သူငယ်ချင်း တစ်ယောက်နဲ့ အတူနေပြီး အလုပ်လာလုပ်နေတဲ့ မိတဆိုး ကောင်မလေးတစ်ယောက်… ရထားပေါ်က ပိုင်ရှင်မဲ့ အစိမ်းရောင် လက်ကိုင်အိတ်တစ်လုံး…. ဒီအရာတွေ အားလုံးပေါင်းစပ်လိုက်တော့ ထိတ်လန့်သည်းဖို ဆိုက်ကိုဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။ ကြည့်ရှုအားပေးကြပါဦး...

Spring Lakes (2023) ⭐IMDB: 4.6/10 (78 Votes) 🎬 #Drama #Horror 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 50 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 File size…(1.29 GB)/(658 Mb)Quality….Webrip 1080p / 720pFormat…mp4Duration….01:50:00Genre…Drama, HorrorSubtitle….Myanmar Subtitle (Hardsub)Encoder….GarfieldTranslated by Ruby Jane...

Migration (2023) ⭐IMDB: 6.8/10 (7 k Votes) 🎬 #Action #Adventure #Animation #Comedy #Family #Fantasy 🗓 2023 🎞 movie 🌎 #UnitedStates #France #Canada #UnitedStatesofAmerica ⏰ 1 နာရီ 23 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ချစ်စရာဇာတ်အိမ်လေးတွေ၊ ချစ်စရာဇာတ်ကောင်လေးတွေအမြဲ တင်ဆက်တတ်တဲ့ Illumination Entertainment နဲ့ Universal Pictureတိုရဲ့ နောက်ထပ်ကာတွန်းကားကောင်းလေးတစ်ပုဒ်ကို ထပ်မံခံစားရဦးမှာပဲဖြစ်ပါတယ်…။ ဇာတ်လမ်းအကြောင်းအရာလေးကတော့ ဘဲခေါင်းစိမ်းမိသားစုလေးတစ်ခု ဆောင်းရာသီအတွက် ဆောင်းခိုဖို အသိုက်ပြောင်းကြတဲ့အကြောင်း အရာလေးပါ…။ ဒီဘဲမိသားစု‌လေးဟာဆိုရင် အမေရိကန်မူးစ်ဟတ်ရေအိုင်လေးမှာပဲ အမြဲအတည်တကျနေထိုင်ခဲ့ကြတာ သူတိုတစ်သက်တာပါပဲ…။ ဘာလိုလည်းဆိုတော့ ရေအိုင်ရဲ့အပြင်မှာဆိုရင် ဘေးဒုက္ခတွေအပြည့်၊ သားရဲတွေအပြည့်ဆိုတာကို ကာကွယ်တတ်လွန်းတဲ့ဘဲဖေဖေကြီးက ပုံပြင်တွေပြောပြရင်းအမြဲခြောက်လှန့်ထားလိုပါ။ သိုပေမဲ့ စူးစမ်းချင်တဲ့ ဘဲပေါက်လေးနှစ်ကောင်က ငယ်ရွယ်သူတို သဘာဝအတိုင်း အပြင်လောကကိုစူးစမ်းချင်ကြောင်း ပူဆာတယ်…။ ဘဲမေမေကြီးကလည်း အခြားဘဲခေါင်းစိမ်းတွေ အသိုက်ပြောင်းတာ၊ လောကကြီးထဲခြေဆန့်တာမြင်တော့ စွန့်စားခန်းတွေအားကျမိပြန်ပါတယ်။ သားအမိသုံးယောက် အသိုက်ပြောင်းဖိုဝိုင်းပူဆာတော့ ဘဲဖေဖေကြီးလည်း မလွန်ဆန်နိုင်တော့ဘဲ လက်ခံလိုက်ပါတယ်…။ ဒီလိုနဲ့ ဘဲခေါင်းစိမ်းမိသားစုလေးတစ်ခု အသိုက်ပြောင်းဖိုထွက်အလာ လမ်းမှာ ဘယ်လိုအသစ်အဆန်းတွေကြုံတွေရမလဲ၊ ဘယ်လိုစွန့်စားခန်းတွေ မြင်တွေ့ရမလဲဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရဦးမယ့် ကားကောင်းလေးပဲ ဖြစ်ပါတယ်...

Aquaman and the Lost Kingdom (2023) ⭐IMDB: 5.9/10 (32 k Votes) 🎬 #Action #Adventure #Fantasy #SciFi 🗓 2023 🎞 movie 🌎 #UnitedStates #UnitedKingdom #Canada #Australia #Iceland #UnitedStatesofAmerica ⏰ 2 နာရီ 4 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အကွာမန်းရုပ်ရှင်ဒုတိယကားထပ်လာပါပြီ။ ဒီရုပ်ရှင်ဟာ DCEU ရုပ်ရှင်တွဲတွေရဲ့ ၁၅ ကားမြောက်နဲ့ နောက်ဆုံးကားပဲ ဖြစ်ပါတယ်။ဒါရိုက်တာ ဂျိမ်းဝမ်ပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။ အာကွာမန်း၊အွမ်း နဲ့ ဒေးဗစ်ကိန်းတို့နေရာမှာ အရင်သရုပ်ဆောင်တွေပဲ ပြန်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဒေးဗစ်ကိန်းဟာ သူ့အဖေအတွက်လက်စားချေဖို့ အာကွာမန်းကိုသတ်နိုင်ဖို့အတွက် အတ္တလန်းတစ်နည်းပညာတွေကိုလိုက်ရှာရင်း အတ္တလန်းတစ်မြို့တော်ဟောင်းကြီးတစ်ခုကို တွေ့သွားပါတယ်။အဲဒီမှာနည်းပညာတွေအပြင် အနက်ရောင် သုံးခွလှံလည်းရှိနေပြီး အဲဒီကနေ စွမ်းအားတွေရလာပါတယ်။ ဒါပေမဲ့ အဲဒီအနက်ရောင်လှံကို ကိုင်ခဲ့တဲ့ ဘုရင်ဟာ ဆိုးသွမ်းလွန်းလို့ အတ္တလန်းတစ်တိုင်းပြည်ရဲ့သမိုင်းတွေကနေပါ ဖျောက်ထားပြီး ရေခဲပြင်အောက်မှာဖမ်းဆီးခံထားရတာဖြစ်ပါတယ်။ ဒေးဗစ်ကိန်းကြောင့် အတ္တလန်းတစ်ရှေးဟောင်းမြို့တော်ရဲ့မကောင်းဆိုးဝါးတွေ နိုးထလာပြီး ကုန်းမြေရောပင်လယ်ကမ္ဘာတွေပါ ပျက်စီးရမဲ့အခြေအနေဖြစ်လာတာကို အာသာကာရီတားဖို့ကြိုးစားရပါတော့တယ်။ ဒါပေမဲ့ဒေးဗစ်ကိန်းကို ရှာနိုင်တဲ့သူကလည်း သူကိုယ်တိုင် အနိုင်တိုက်ပြီးဖမ်းထားတဲ့ သူညီ အွမ်းပဲရှိတာကြောင့် အွမ်းကိုပြန်ခေါ်ပြီး မတည့်တဲ့ညီအစ်ကိုနှစ်ယောက် ဘုံရန်သူကိုတိုက်ဖို့ကြိုးစားရပါတော့တယ်။...

Santa, Maybe (2023) ⭐IMDB: 6.2/10 (293 Votes) 🎬 #Drama #Romance #TVMovie #Comedy 🗓 2023 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Santa Maybe (2023)================IMDb Rating – 6.2/10Genre – Drama, Romance လိုင်လာဆိုတဲ့ ကောင်မလေးက ပြဇာတ်ရုံတစ်ခုမှာ ရုံမန်နေဂျာဖြစ်ပြီးအရာအားလုံးကို စိတ်ပူပင်တတ်ပြီး ကိုယ်တိုင်ဝင်ပါလုပ်ရမှာ စိတ်အေးတတ်တဲ့လူမျိုး။ အစ်ကိုနဲ့ အမေဖြစ်တဲ့ မိသားစုအချိန်တွေတောင် အလုပ်ရှိလို့ဆိုပြီး တစ်ခါတလေ အချိန်မပေးနိုင်သူမျိုး။ တစ်ရက်ကျ ပြဇာတ်ရုံကို မားကတ်တင်းမန်နေဂျာအသစ် ဂလင်းရောက်လာတယ်။ ဖြစ်ချင်တော့ ဂလင်းဆိုတဲ့လူက အထက်တန်းကျောင်းမှာတုန်းက လိုင်လာ့ကို အမျိုးမျိုးစနောက်ပြီး အနိုင်ကျင့်ခဲ့တဲ့လူတစ်ယောက်။ ခုလည်းအလုပ်ထိ ရောက်လာတော့ လိုင်လာနဲ့ ဂလင်းတို့ ဘုနဲ့ဘောက် ဘယ်လိုဆက်ဖြစ်မလဲပေါ့လေ။ ဒီအချိန်မှာပဲ ကုမ္ပဏီကနေ လျှို့ဝှက်ဆန်တာဆိုတဲ့ကစားနည်းကစားတဲ့အခါ ဂလင်းအနေနဲ့ မဲနှိုက်ရာမှာ လိုင်လာ ဖြစ်နေတော့သူမသိအောင်လည်း တစ်ပတ်ကို လက်ဆောင်တစ်ခု ဘယ်လိုပေးကြမလဲဆိုတာ ကြည့်ရှုရမယ့် ခရစ္စမတ်အခြေခံ ဒရမ်မာအချစ်ကားလေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thura Aung ဖြစ်ပါတယ်)...

Neru (2023) ⭐IMDB: 7.8/10 (2 k Votes) 🎬 #Bollywood #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 31 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Neru (2023) “အမှန်တရား”IMDb – 7.8/10 လေးတန်းတောင်မအောင်ဘဲ မိသားစုကိုစော်ကားဖို့ကြံတဲ့သူရဲ့အလောင်းကို ဖျောက်ပြခဲ့တဲ့မူရင်းမလေယာလမ်းရုပ်ရှင်ထဲက မင်းသားကြီး Mohanlal Viswanathanရဲ့ ရုံတင်ဇာတ်လမ်းကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကို အမေရိကန်ဒေါ်လာ တစ်သန်းကျော်အသုံးပြုရိုက်ကူးခဲ့ပြီး ဆယ်ဆကျော် ပြန်လည်ရရှိခဲ့တာပါ။Jawan (2023)ရုပ်ရှင်ထဲမှာပါခဲ့တဲ့ မင်းသမီးချောလေး ပါရီယာမာနီလည်း ပါဝင်ထားပါသေးတယ်။ ပန်းပုပညာရှင် မျက်မမြင်အမျိုးသမီးလေးရဲ့ ပုံဖော်မှုကြောင့် မုဒိမ်းသမားကို ဖမ်းဆီးနိုင်ခဲ့ပေမဲ့သက်သေမခိုင်လုံတာကြောင့် မုဒိမ်းကောင်က အာမခံနဲ့ လွတ်သွားခဲ့ပါတယ်။ မုဒိမ်းကောင်မိသားစုက အင်မတန်ချမ်းသာတဲ့မိသားစု ဖြစ်တာရော သူတို့အမှုကို လိုက်ပေးတဲ့ရှေ့နေရဲ့ဂုဏ်သတင်းကျော်ဇောမှု ဩဇာညောင်းမှုတွေကြောင့်ရောနဲ့ ကျူးလွန်ခံရတဲ့ အမျိုးသမီးငယ်ဘက်ကနေလိုက်ပေးမဲ့ ရှေ့နေကို ရှာဖို့ရာမလွယ်ကူခဲ့။ ဒီမှာပဲ ကျွန်တော်တို့ရဲ့ လေးတန်းမအောင်တဲ့ဇာတ်လိုက်ကျော်ကြီးက အဓိကနေရာကိုရောက်လာပါတော့တယ်။တရားကိုစောင့်ပါတယ်ဆိုတဲ့ နတ်က တကယ်ပဲရှိတာလားဆိုတာ ကြည့်ရှုသူအပေါင်းတို့ကပဲ ဝေဖန်သုံးသပ်ကြပါဦးတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Pan's Labyrinth (2006) ⭐TMDB: 78.0% User Score 🎬 #Drama #Fantasy #War 🗓 2006 🎞 movie 🌎 #Mexico #Spain #USA #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒဏ္ဍာရီဆန်ဆန် နတ်သမီးပုံပြင်ကားလေးတွေ ကြည့်ရတာ ကြိုက်တဲ့လူတွေအတွက် 2006 ခုနှစ်ကထွက်ရှိခဲ့တဲ့ စပိန်ဇာတ်ကားဟောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Pan’s Labyrinth ဖြစ်ပြီး IMDb Rating 8.2 အထိတောင်ရရှိထားပါတယ်။ ဒီဇာတ်ကားကို ၁၉၄၄ ခုနှစ် စပိန်ပြည်တွင်းစစ်ပြီးစအချိန်မှာ ဇာတ်အိမ်တည်ထားပြီး အဲ့ဒီကာလမှာနတ်သမီးပုံပြင်တစ်ပုဒ်ရှိပါတယ်။ အဲ့ဒီပုံပြင်ကတော့ မြေအောက်ကမ္ဘာမှာနေထိုင်နေပြီး ကမ္ဘာကြီးပေါ်ကို သွားချင်နေခဲ့တဲ့ မင်းသမီးလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ ဒါပေမယ့်အဲ့ဒါကပုံပြင်မဟုတ်ပဲတကယ့်အဖြစ်အပျက်ဖြစ်ပါတယ်။ အဲ့ဒီမင်းသမီးက ကမ္ဘာပေါ်ကိုရောက်သွားတဲ့အချိန်မှာ နေရောင်ခြည်ကို မခံနိုင်ဘဲသေဆုံးသွားခဲ့ပါတော့တယ်။ဒါပေမယ့်တကယ်တမ်းသေဆုံး သွားတာမဟုတ်ပဲ လူဝင်စားအဖြစ်နဲ့အိုလီဖီယာဆိုတဲ့ကောင်မလေး ဆီမှာလူပြန်ဝင်စားနေတာဖြစ်ပါတယ်။အိုလီဖီယာရဲ့အမေမှာ သူ့မောင်လေးရဲ့ ကိုယ်ဝန်ကိုလွယ်ထားရပြီး ခင်ပွန်းဖြစ်သူကဆုံးပါးသွားတဲ့အတွက်အားကိုးရာ အဖြစ်စစ်တပ်ကပ္ပတိန် တစ်ယောက်ကိုယူထားပါတော့တယ်။အဲ့ဒီခေတ်တုန်းက ကပ္ပတိန်တွေကသိတဲ့ အတိုင်းအရမ်းရက်စက်တတ်ပြီးသနားကြင်နာမှုကင်းမဲ့တဲ့ အတွက် အိုလီဖီယာကတော့ကပ္ပတိန်ကိုသူ့အဖေအဖြစ်မသတ်မှတ်ပါဘူး။ အခုလဲသူ့အမေခေါ်သွားလို့ကပ္ပတိန်တာဝန်ကျရာနေရာကိုသွားပြီး နေထိုင်နေရတဲ့ အချိန်မှာနတ်သမီးလေးတွေနဲ့တွေ့ပြီး သူ့ရဲ့အရင်ဘ၀က မြေအောက်ကမ္ဘာရဲ့ မင်းသမီးဖြစ်တယ်ဆိုလာကိုသိလာရပြီးနောက်ပိုင်းမှာ ဘယ်လိုစိတ်ဝင်စားစရာ ကောင်းတဲ့အရာတွေဆက်ဖြစ်လာမယ်ဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။...

Wish (2023) ⭐IMDB: 5.8/10 (15 k Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy #Musical 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒစ္စနေးရဲ့ ဂီတကာတွန်းရုပ်ရှင်အသစ် ရပါပြီ။ Frozen ရဲ့ ဒါရိုက်တာ Chris Buck ရိုက်ကူးထားပြီး အသံသရုပ်ဆောင်အနေနဲ့ West Side Story ထဲက Ariana DeBose နဲ့ Chris Pine တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်း သီချင်း ဖန်တီးမှု အားလုံးကောင်းတာမို့ မိသားစုလိုက်ရော ကလေးတွေအတွက်ရော တစ်ယောက်တည်း အပန်းဖြေဖို့ရော အကုန်သင့်တော်တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** တစ်ခါတုန်းက မဂ္ဂနီဖီကိုဆိုတဲ့လူတစ်ယောက်ဟာ မှော်ပညာကို အသည်းအသန်လေ့လာခဲ့ပြီး ဆုတောင်းတွေကိုပါ ဖြည့်ပေးနိုင်တဲ့ အစွမ်းအထိပိုင်ဆိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်းတစ်ကျွန်းမှာ သူ့ဇနီး အမာရာနဲ့အတူ ရိုဆက် ဆိုတဲ့ တိုင်းပြည်တစ်ခုတည်ထောင်ခဲ့ပြီး လူအားလုံးကို လက်ခံထားခဲ့ပါတယ်။ အဲဒီကျွန်းက လူတွေဟာ သူတို့အလိုချင်ဆုံး ဆုတောင်းတစ်ခုကို ဘုရင်ကြီးဆီမှာ အပ်ထားနိုင်ပြီး ဘုရင်ကြီးက ဆုတောင်းတွေကို ကာကွယ်ပေးထားတဲ့အပြင် တစ်လတစ်ခါ ထိုက်တန်သူတစ်ယောက်ရွေးပြီး ဆုတောင်းဖြည့် ပေးပါသေးတယ်။ အားနည်းချက်အနေနဲ့ကတော့ ကိုယ့်ရဲ့အလိုချင်ဆုံး ဆုတောင်းတစ်ခုကို အပ်ထားလိုက်ပြီးသွားရင် ကိုယ်အလိုချင်ဆုံး အရာက ဘာလဲဆိုတာပါ မမှတ်မိတော့ဘဲ တစ်နေ့မှာ ဆုတောင်းပြည့်ဖို့ စောင့်နေရတော့တာပါပဲ။ ဒီလိုစောင့်နေတဲ့သူတွေထဲမှာ အားရှာဆိုတဲ့ မိန်းကလေးရဲ့ အသက် ၁၀၀ ပြည့်သွားတဲ့အဘိုးနဲ့အမေလည်း ပါဝင် ပါတယ်။ အားရှာဟာ ဘုရင်ကြီးဆီမှာ ဆုတောင်းတွေနဲ့ပတ်သတ်တဲ့ အလုပ်ကို လက်ထောက်အဖြစ် လုပ်ခွင့်ရဖို့ သွားလျှောက်ရင်းနဲ့ ဒီဆုတောင်းတွေထဲက အများစုဟာ ဘယ်တော့မှ ဖြည့်ပေးတာမခံရမှန်း သိလာပါတယ်။ အနည်းဆုံးတော့ ဆုတောင်းတွေ မပြည့်တော့ရင်တောင် ကိုယ်အလိုချင်ဆုံးအရာကို ကိုယ်သတိရပြီး ကြိုးစားခွင့်ရှိဖို့ ထိုက်တန် တယ်လို့ ယုံကြည်တဲ့ အားရှာဟာ ဘုရင်ကြီးဆီကနေ ဆုတောင်းတွေကို ခိုးယူပြီး ပိုင်ရှင်တွေကို ပြန်ပေးဖို့ ကြိုးစားတဲ့အခါ...

Going by the Book (2007) ⭐IMDB: 7.3/10 (2 k Votes) 🎬 #Action #Comedy #Crime 🗓 2007 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 43 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Going by the Book (2007) ************************* အကောင်းဆုံးထဲမပါပေမယ့် ၂ မိနစ်ခြားတစ်ခါရယ်ပြီး တစ်ကြိမ်ကို ၅၈ စက္ကန့် လောက်ရယ်ရစေမယ် ဒီကားကြည့်နေရင်း စင်ကာပူကိုကျော်မည်နှင့်ထူးဆန်းသော မြေအောက်မြို့တော်ကြီး ဇာတ်လမ်းလိုခွီကနဲ ခွီကနဲ ဖြစ်သွားစေမယ့် ကားပါ။ “- လက်ဝှေ့ချန်ပီယံနဲ့ ဝူရှုးချန်ပီယံ ဖိုက်ရင် ဘယ်သူနိုင်မလဲ “ ဒီကားကို ၂၀၀၇ ခုနှစ် အောက်တိုဘာမှစပြသခဲ့ပြီး တစ်ကားလုံးကို ၁၀၂ မိနစ်ကြာမြင့်ပါတယ်။IMDb Rating 7.4 ၊ AsianWiKi 93 ရရှိထားပါတယ်။CJ Entertatinment ကထုတ်လုပ်ထားပြီး ကိုရီးယား ဘာသာစကားပြောရုပ်ရှင်ဖြစ်ပါတယ်။ Box office မှာ ကန်ဒေါ်လာ ၁၄ သန်းကျော်ရရှိခဲ့ပါတယ်။ ဒီကားစတင်ပြသတဲ့ အပတ်မှာဝင်ငွေအကောင်းဆုံး ကားအဖြစ်ရပ်တည်ခဲ့ပါတယ်။ဒီကားမှာ ဆုတွေရထားတာတော့မတွေ့ရှိပါဘူး။ဒီဇာတ်လမ်း ရဲ့ script က တော်တော်လေးကောင်းပါတယ်။ script ကောင်းလို့ကြည့်ရတာ ပိုပြီးအရသာရှိသွားတာပါ။ sex အသားပေးဟာသ ၊ လူငယ်တွေဘဲနားလည်နိုင်တဲ့ ဟာသ၊စူပါဟီးရိုးတွေ ကို သောက်တစ်လွဲပြန်ရိုက်ထားတဲ့ ဟာသအချစ်ဟာသ ဒီလိုဟာသတွေနဲ့ မဟုတ်ဘဲမိသားစုလိုက် လူကြီးတွေနဲ့ ပါကြည့်လို့ရတဲ့ ဟာသကားမျိုးပါ။ ရိုင်းတဲ့ ဟာသမပါဘူးလို့ ပြောချင်တာပါ။နောက်တစ်ခုက ရိုင်းမှရယ်ရတာမဟုတ်ဘူးဆိုတဲ့sex comedy တော်လှန်ရေးထဲမှာဒီ ဟာသကားလဲ ပါပါတယ်။Hangover ဇာတ်လမ်းတွေ နဲ့ ကျောရိုးခြင်းတူပါတယ်ဟာသဇာတ်ကွက်ကို ဇာတ်လမ်းသွားတဲ့ ထဲမှာဘဲလုပ်ပြသွားပြီး ထိထိမိမိရယ်ရပါတယ်။Hangover တို့ American Pie တို့ ပြီးရင် ကြည့်သင့်တယ်လိုထင်ပါတယ်။ကြောင်တောင်တောင်စရိုက်တစ်ယောက်တစ်မျိုးစီနဲ့ဇာတ်ဆောင်တွေအပြင်ဒါပြီးရင်ဘာလုပ်မလဲဆိုတဲ့ ခံစားမှုနဲ့ပါဝင်ထားတဲ့ဇာတ်ဆောင်တွေ ရဲ့ အသက်ဝင်မှုတေကြောင့် ဆွဲဆောင်မှုလေးတစ်မျိုးရှိနေပါတယ်။ မင်းသားက က အဓိကပါဘဲ ဒီဇာတ်ကားတစ်ခုလုံးမှာသူ့နေရာက ဇာတ်လမ်းထဲမှာ အခရာဖြစ်နေပြီးသူ့ ဇာတ်ကောင်ကလဲ စာအုပ်ကြီး (ဝါ) ဂေါက်သီး ဖြစ်နေပါတယ်။တစ်ကားလုံးမှာသူရယ်တာ တစ်နေရာမှမတွေ့ ပါဘူး။ကြည့်တဲ့သူပဲရယ်သွားရပါတယ်။ဒီလို ဂေါက်သီး ပုံနဲ့ ဇာတ်ကောင်ကြောင့်ဟာသက ပိုပြီးထိမီသွားပါတယ်။ဒီကားက ဟာသ ဆိုပေမယ့် လူ့အဖွဲ့အစည်းထဲကနားခါးတဲ့ အမှန်တရားကို သိအောင် ထုတ်ပြပေးပြီးလူ့အဖွဲ့အစည်းထဲက ဖရိုဖရဲဖြစ်နေတဲ့ နေရာတွေကို သရောပြီး ထောက်ပြထားပါသေးတယ်။မှန်တာပြောရင် ရွှာပြင်ထုတ်ခံရဆိုတဲ့အတိုင်းကိုယ်မှန်ကြီး ဖြစ်လွန်းနေတာကလဲ ၂၁ ရာစု အပြစ်ကြီး ဆိုတာကိုမင်းသားဇာတ်ကောင်နေရာကနေ ထောက်ပြထားပါတယ်။ ဒီဇာတ်ကားမှာအကောင်းဆုံး က ဇာတ်ညွှန်းလို့ထင်ပါတယ်။ဟာသဇာတ်ကွက်တွေကို လုပ်ထားတာတမင်ဟာက ဇာတ်ကွက်ဖန်တီးထားတာမဟုတ်ဘဲဇာတ်လမ်းအတိုင်းဘဲ လုပ်ပြသွားပါတယ်။ပြောချင်တာကအနှစ်သာရရှိတဲ့ဟာသဖြစ်တယ်ဆိုတာပါ။တစ်ချို့ အနောက်တိုင်း ဟာသတွေ ကတော်တော် ကြည့်လို့ကောင်းပေမယ့်ဟာသဖြစ်အောင် မဖြစ်နိုင်တဲ့ ဇာတ်ကွက်ကြီး တွေကောင်းကင်ပေါ် သေနတ်ထောင်ပစ်လိုက်ရင်စန်တာ ကလော့ဘိုးဘိုးကြီး ထိပြီး ပြုတ်ကျလာတို့ လိုover ဆန်တဲ့ ဟာကွက်တွေ မဟုတ်ဘဲ သူဘာများ ထပ်လုပ်ဦးမှာပါလိမ့် ဆိုပြီးမြင့်မြတ်အကယ်ဒမီ အထိမ်းအမှတ်ဆော်လေး သူ့ပိုင့်လယ်ကွက်လေးကို Live လွှင့်ဂုဏ်ပြုတာကိုကြည့်သလိုဇာတ်ရှိန်က ကြာလေမြင့်လာလေပါဘဲ။ဒါပေမယ့် နောက် ဆုံးမှာသူ့လိုတော့ ဂျင်းမထည့်ပါဘူး။ နောက်ဆုံးအထိဟာသ ဇာတ်ကွက်ကို ထည့်ထားပါတယ်။ ဒီဇာတ်လမ်း က လက်ရှိလောက(အစိုးရဌာန)မှာဖြစ်နေတဲ့အထက်လူကြီး နဲ့အောက်ပိုင်းက လူတွေ ကြားက ဆက်ဆံရေးတွေအထက်ပိုင်းရောက်ရင် အချိုးပြောင်းပြီး ဖော်ရှိုးမုန့် တို့ရှီုရှောင် အချိုရည်တို့ကို သိပ်ကြိုက်ပြီးဒီကအခေါ်ဝေါ်အရဆို ကွီးတို့ ဘဘတို့ လိုကိုယ်တော်ကြီး ကိုယ်တော်လေးတွေ ရဲ့မကောင်းကွက်ကို ဦးတည်ဖော်ပြထားတာပါ။ဒါတွေဟာသအနေနဲ့ ရိုက်ထားပြီးကိုနားရင်းကို လက်ဖျားနဲ့ အုပ်သလိုခပ်ပါးပါးလေးပုတ်ထားပါတယ်။ ပင်ပန်းလာသမျှ ကို ဇာတ်လမ်းနဲ့ ရောပြီ ရယ်ချပလိုက်ရင် စိတ်လဲပေါ့ပါး သွားပါတယ်။ပြီးတော့ဇာတ်ကားတွေ ကိုကြည့်ရင် ညဘက် ကြည့်တာ ဇာတ်လမ်းကို ပိုခံစားမိစေပြီးဇာတ်လမ်းက ပိုစိတ်ဝင်စားစရာ ကောင်းနေမှာပါ။...

From the Ashes (2024) ⭐TMDB: 59.0% User Score 🎬 #Drama #Thriller 🗓 2024 🎞 movie 🌎 #SaudiArabia #SaudiArabia ⏰ 1 နာရီ 33 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 From the Ashes (2024) ဒီကားလေးကိုတော့ ဆော်ဒီအာရေဗျမှာဖြစ်ခဲ့တဲ့တကယ့်အဖြစ်အပျက်တွေကို အခြေခံပြီးရိုက်ကူးထားတယ်လို့ဆိုပါတယ်။ အမျိုးသမီးသီးသန့်ကျောင်းတစ်ကျောင်း မီးလောင်တဲ့အကြောင်း ဖြစ်ပါတယ်။ မီးလောင်နေတုန်း ဆရာမတွေရော ကျောင်းသူတွေရော ဝရုန်းသုန်းကားတွေဖြစ်၊ အဲဒါအပြင်ကို စတိုခန်းထဲမှာပိတ်မိနေတဲ့ ကျောင်းရဲ့စံပြကျောင်းသူလေး အသက်သေဆုံးသွားတာကြောင့် ကျောင်းအုပ်ဆရာမကြီးက တရားခံရှာပုံတော်ဖွင့်တာကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ သင်ခန်းစာတွေပါတဲ့ကားတွေကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် ဒီကားလေးက‌ရွေးချယ်သင့်တဲ့ကားလေးပါပဲ။ တစ်နာရီခွဲစာအချိန်လေးမှာ ပေးချင်တဲ့မက်ဆေ့ဂ်တွေ သင်ခန်းစာတွေ တပြုံတခေါင်းကြီး ပြွတ်သိပ်ထည့်တာကို အားရပါးရကြည့်ရှုနိုင်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...

It's Only the End of the World (2016) ⭐IMDB: 6.8/10 (25 k Votes) 🎬 #Drama 🗓 2016 🎞 movie 🌎 #Canada #France ⏰ 1 နာရီ 39 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 It’s only the end of the world (2016) ဒီတစ်ခါတော့ 1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Jean-Luc Lagarce ရဲ့ It’s only the end of the world ဇာတ်လမ်းကို ဇာတ်အိမ်တည်ထားပြီး ရိုက်ကူးထားတဲ့ drama ဇာတ်လမ်းလေးကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။ Rating အနေနဲ့လည်း IMDb rating 6.8, Rotten Tomatoes rating 44% နဲ့ FilmAffinity rating 6.2 ရရှိထားတဲ့ကားလေးပဲဖြစ်ပါတယ်။ အကြောင်းမျိုးစုံကြောင့် အိမ်ကနေ ထွက်လာခဲ့တဲ့ လူဝီက မိသားစုနဲ့ စာအပေးအယူဆက်ဆံရေးပဲ ရှိခဲ့ပါတယ်။ စာအပေးအယူလို့ ပြောပေမယ့်လည်း လူဝီကတော့ နှစ်လုံး သုံးလုံးလောက်ပဲ ပြန်ရေးပေးတတ်တာမျိုးပါ။ ဒီလိုမျိုး ၁၂ နှစ်တိုင်တိုင်ကြာသွားတဲ့အချိန်မှာတော့ လူဝီ့မှာ သေလုမြောပါး‌ရောဂါရှိနေကြောင်း သိလာရပါတော့တယ်။ ခလုတ်ထိမှ အမိ တ ဆိုသလိုပဲ လူဝီတစ်ယောက် သေရတော့မှာကို သိတဲ့အချိန်မှ မိသားစုအိမ်ကိုပြန်ပြီး မိသားစုဝင်တွေနဲ့ ပြန်လည်တွေ့ပါတော့တယ်။ သွေးသားအရင်းအခြာတွေဆိုပေမယ့် နှစ်ပေါင်းများစွာဝေးကွာနေခဲ့တဲ့အတွက် သူစိမ်းသာသာဆက်ဆံရေးပဲရှိတော့တဲ့ကြားက လူဝီတစ်ယောက် ဘယ်လိုမျိုး ဖြေရှင်းပြီး ရင်းနှီးမှုတွေ ပြန်ယူမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုအဖြေရှာကြစို့ပါဗျာ။ ပညာပေးဇာတ်လမ်းမဟုတ်ပေမယ့် ကြည့်ရှုသူပရိတ်သတ်ကြီးအနေနဲ့ ဒီကားလေးကိုကြည့်ရင်းနဲ့ အသိပညာတစ်ခုခုရသွားမယ်လို့ မျှော်လင့်ပါတယ်ဗျာ...

Hellhound (2024) ⭐IMDB: 5.2/10 (93 Votes) 🎬 #Action #Crime #Thriller 🗓 2024 🎞 movie 🌎 #Thailand ⏰ 1 နာရီ 44 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hellhound (2024) ဘုရားသခင်ကိုမယုံကြည်ဘဲ ဘ၀တစ်လျှောက်လုံး အကြမ်းဖက်သတ်ဖြတ်မှုတွေ ကြေးစားအလုပ်တွေပဲ လုပ်လာခဲ့တဲ့ လုပ်ကြံသတ်ဖြတ်ရေးသမားရဲ့ အနားမယူခင် နောက်ဆုံး Mission ဆောင်ရွက်တာကို ရှုစားရမယ့် အက်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး လိုရန်နိုက မစ်ရှင်အတွက် အရင်တုန်းက သူနဲ့အတူတွဲလုပ်နေကျ ထိုင်းလူမျိုး မိတ်ဆွေဟောင်း Cetan အကူအညီနဲ့ ပစ်မှတ်ကို သတ်ဖို့ ရောက်လာပါတယ်။ ထိုင်းမှာ အနားယူတဲ့ လူချမ်းသာ သူဌေးကြီးကို မယားငယ်နဲ့ သူ့ရည်းစား ထာ က သတ်ပစ်တဲ့အတွက် သူဌေးကြီးရဲ့သမီးဖြစ်သူက တရားမျှတမှုပြန်ယူပေးဖို့ လိုရန်နိုကိုငှားတာဖြစ်ပါတယ်။ ထာက နှယ်နှယ်ရရတော့မဟုတ်ပါဘူး။ သူ့အဖွဲ့နဲ့ မကောင်းတာအကုန်လုပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့သူပါ။ ထာကို ရှာပြီးသတ်ဖို့ ရောက်လာပေမဲ့ အမှားသေးသေးလေး လုပ်မိပြီ ထာတို့ဘက်က သူ့ကို အရင်ရှာတွေ့သွားတဲ့အခါ… ထိုင်းမှာ ကျင်လည်ကျက်စားနေတဲ့ သူတို့လိုလူ အကူအညီယူခဲ့ပေမဲ့ သစ္စာဖောက်ခံရတဲ့အခါ… Easy Job လေးကနေ စစ်ပွဲအဖြစ် ပြောင်းလဲသွားပြီး Cetan ပါ ပါလာရပါတော့တယ်။ ရေကုန်ရေခမ်းကြမ်းတဲ့ တိုက်ပွဲမှာ လိုရန်နိုတစ်ယောက် နောက်ဆုံးအလုပ်ကို အောင်အောင်မြင်မြင် အပြီးသတ်နိုင်မလားဆိုတာ… ဆက်လက်အားပေးနိုင်ပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

Kronk's New Groove (2005) ⭐TMDB: 64.0% User Score 🎬 #Adventure #Animation #Comedy #Family 🗓 2005 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 15 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီကားကတော့ 2000 ခုနှစ်ကထွက်ခဲ့တဲ့ နာမည်ကြီး The Emperor’s New Groove ရဲ့ sequel လေးပါ ဒီကားမှာတော့ အဓိကဇာတ်ဆောင်က ဧကရာဇ်ခုဇ်ကို မဟုတ်တော့ဘဲ နှလုံးသားနုနုနဲ့ လူကြမ်းကြီး ထမင်းချက် ခရွန့်ခ်ရဲ့အကြောင်းကို တင်ဆက်ပြထားပါတယ် 2005 ခုနှစ်မှာ ထွက်ရှိလာတာဖြစ်ပြီးတော့ IMDB rating 5.8 ရရှိထားတဲ့ ကြည့်ပျော်ရှုပျော် Animation ကားကောင်းလေးပါပဲ Musical genre မို့ ost မြူးမြူးလေးတွေလည်း ပါပါသေးတယ် ဇာတ်လမ်းအကျဉ်းကတော့ ကောက်ကျစ်တဲ့မိန်းမရဲ့ လူယုံတော်အဖြစ်ကနေ လွတ်မြောက်လာတဲ့ ခရွန့်ခ်တယောက် မဒ်ကာရွာလေးမှာ စားသောက်ဆိုင်တဆိုင် ဖွင့်ပြီး မိတ်ဆွေအပေါင်းအသင်းများစွာနဲ့ ဘဝကို အေးချမ်းစွာဖြတ်သန်းနေပါတယ် တနေ့မှာတော့ ခရွန့်ခ်ရဲ့အဖေဖြစ်သူဆီကနေ သားတော်မောင်ကို မျက်နှာလာကြည့်မဲ့အကြောင်း ကြေးနန်းရောက်လာပါတော့တယ် ခက်တာက သူ့အဖေက သူ့ရဲ့ ထမင်းချက်အလုပ်ကို အသိအမှတ်မပြုပါဘူး ဒီတော့ ခရွန့်ခ်တယောက် သူ့‌ပါပီဆီကနေ အထင်ကြီးတာခံရဖို့ ကြံမိကြံရာတွေ ကြံရင်း ဘယ်လိုကမောက်ကမ အလွဲတွေနဲ့ ကြုံရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး...

Shanghai Noon (2000) ⭐TMDB: 64.0% User Score 🎬 #Action #Adventure #Comedy #JackieChan #Western 🗓 2000 🎞 movie 🌎 #HongKong #USA #UnitedStates #HongKong #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၁၉ရာစုနှောင်းပိုင်းတုန်းက ချောင်ဝမ် ( Jackie Chan ) ဟာ အင်မတန်ကို့ရို့ကားယားနိုင်ပြီး တရုတ်နိုင်ငံရဲ့ ဘုရင့်သက်တော်စောင့်တစ်ယောက်ဖြစ်ပါတယ်… ဘုရင်ကြီးမှာ သမီးတော်တစ်ပါးရှိပြီး မင်းသမီးလေး ဖေးဖေး ( Lucy Liu) လို့ အမည်တွင်ပါတယ်… တနေ့မှာ တရုတ်ပြည်ကို ရောက်လာတဲ့ နိုင်ငံခြားသားတွေက မင်းသမီးလေးကို တစ်ဖက်လှည့်နဲ့ အမေရိကကို ပြန်ပေးဆွဲခေါ်ဆောင်သွားပါတော့တယ်…ဒီအခါမှာ ချောင်ဝမ်တို့တွေဟာ မင်းသမီးလေးကို ကယ်တင်ဖို့အတွက် တာဝန်ပေးခြင်းခံလိုက်ရပြီး အနောက်ဘက်ကိုထွက်လာခဲ့ကြပါတော့တယ်… အဲ့ဒီအချိန်မှာ မလိမ့်တပတ် လူလိမ်လုပ်စားနေတဲ့ သူခိုးတစ်ယောက်လည်းဖြစ်တဲ့ ရွိုင်းအိုဘန်နွန်နဲ့ တွေ့တဲ့ အခါမှာတော့….ချောင်ဝမ်တစ်ယောက် မင်းသမီးလေးကို ပြန်ပြီး ကယ်တင်နိုင်မှာလား ???ဘယ်လိုပြန်ကယ်တင်မလဲ ??? ချောင်နဲ့ ရွိုင်းအိုဘန်နွန်နဲ့ရော ဘယ်လိုနှစ်ပါးသွားကြမလဲ ??? ဆိုတာတွေကိုတော့ ဆက်လက်ကြည့်ရှုခံစားပေးကြပါလို့… မင်းသားကြီးဂျက်ကီချန်းနဲ့ ဟာသသရုပ်ဆောင် အိုဝင် ဝီလ်ဆင် တို့ အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားကြပြီး ဟာသအက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်… IMDb rating 6.6/10 ရရှိထားပြီး ဂျက်ကီချန်းပရိတ်သတ်တွေအကြိုက်တွေ့စေမယ့်ကားကောင်းတစ်ကားဖြစ်ပါကြောင်း… ကြည့်ရှုအားပေးကြပါဦး...

Fallen Leaves (2023) ⭐IMDB: 7.5/10 (11 k Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #Finland #Germany ⏰ 1 နာရီ 21 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Fallen Leaves (2023) ~ IMDb – 7.5/10, RT – 98%, Meta – 86% ~ ” ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတွေ ကြားဖူးတယ်မလား။ ဂန္ထ၀င်စာအုပ်တွေလိုမျိုးလေ။ နမ်းခန်းတောင်မပါဘူး။ မနမ်းကြဘူး။ လုံး၀ ဘာမှကိုမဖြစ်ဘူး အရမ်းသန့်စင်တယ်။ ဒါကြောင့်ပဲ ကြီးကျယ်ခမ်းနားတာ။ ထုတ်မပြောထားတဲ့ ခံစားချက်တွေဟာ မမေ့ရက်နိုင်စရာကောင်းတယ်… “ ဒီစကားက တာကော့စကီးရဲ့ Nostalghia ထဲက စကား။ ဘာလို့ ဒီစကားထည့်ပြောရသလဲဆို ဒီရုပ်ရှင်ဟာ အချစ်အကြောင်းမို့ပါပဲ။ ဒါပေမဲ့ အချစ်အကြောင်းလို့မထင်ရအောင်ကို ဒီရုပ်ရှင်ဟာ မကြီးကျယ်မခမ်းနားဘူး။ ခပ်ရှင်းရှင်းပြောရရင် အချစ်ဇာတ်အနေနဲ့ဆို တော်တော်လေး သိမ်ငယ်ရမယ့်အထဲတောင် ဝင်သွားနိုင်တယ်။ ဒါကြောင့်လည်း ဒီရုပ်ရှင်နဲ့သိပ်ဆန့်ကျင်ဘက်ဖြစ်လွန်းတဲ့ တာကော့စကီးပြောတဲ့ ကြီးကျယ်ခမ်းနားတဲ့ အချစ်တွေအကြောင်း သွားပြေးမြင်မိတာပဲ။ ထုတ်မပြောဖို့နေနေသာသာ တန်းပြောတန်းဖြစ်ဆိုတဲ့ သဘောမျိုးတောင် ဆန်တယ်။ ဒါကို ဘာလို့ပြေးမြင်မိသလဲဆို ဘာမှမဆိုင်လို့ပါပဲ။ ” ဘာဆိုင်လို့လွမ်းတာလဲ” ” ဘာမှမဆိုင်လို့ကို လွမ်းတာပါ” ဆိုတဲ့ စကားအတိုင်းပေါ့။ ဒီရုပ်ရှင်က Aki Kaurismäki ရဲ့ ကျောမွဲလူတန်းစားတွေအကြောင်းရိုက်ထားတဲ့ Proletariat Trilogy ထဲကို လေးကားမြောက်ထပ်ဖြည့်ထားတဲ့ကားဆိုတော့ ကျောမွဲလူတန်းစားအကြောင်း ဇာတ်ပဲ။ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင်၂ကောင်လုံးက လူမရိုသေရှင်မရိုသေအလုပ်တွေ လုပ်နေရတဲ့ ဒီနေ့အလုပ်မလုပ်ရင် မနက်ဖြန်ငတ်သွားနိုင်တဲ့ လူတွေထဲကလူတွေပဲ။ Kaurismäki ဟာ ဇာတ်ရဲ့ သုံးချိုးတစ်ချိုးလောက်အထိကို သူတို့အချစ်ဇာတ်ကို မပြသေးဘဲ သူတို့ရဲ့ ကျောမွဲလူတန်းစားဘဝကို အရင်ပြတယ်။ တကယ်တမ်း သူတို့ဆုံစည်းခြင်း ချစ်ကြိုက်ခြင်းကိုပြတော့လည်း တာကော့စကီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတွေနဲ့ ဆန့်ကျင်စွာပဲ ခုတွေ့ ခုကြိုက် ခုချစ် ပုံစံမျိုးကို ရောက်သွားတယ်။ အမှတ်တမဲ့ဆို မမြင်သာနိုင်အောင်လောက်ပဲ ချစ်တယ်ဆိုတဲ့ စကားလုံးတော့ တစ်လုံးမှမပါခဲ့ဘူး။ ဒါကလည်း မဆန်းပါဘူး။ သက်လတ်ပိုင်း တစ်ကိုယ်တော်လူတစ်ယောက်နဲ့ သက်လတ်ပိုင်း အထီးကျန်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ဘာတွေများ ရွေးချယ်စရာများများစားစားရှိမှာလဲ။ ဒီတိုင်းဘဝဆိုတာကို ဒီတိုင်းလက်ခံလိုက်ကြရမှာပဲ။ ဒါပေမဲ့ ကံက သူတို့ဘက်မရှိပေမဲ့ ဒီအချစ်ကို သူတို့လက်မလျှော့လိုက်တဲ့အချက်ကတော့ သဘောကျစရာကောင်းနေတယ်။ Fallen Leaves ဟာ ရိုးရိုးလေးပါပဲ။ ဒီလိုရိုးရိုးလေးဆိုတဲ့ ဘာထူးထူးခြားခြားမှမပါတဲ့ ဇာတ်လမ်းတွေကို မကြိုက်တတ်ရင် Fallen Leaves ဟာ ခင်ဗျားအတွက်မဟုတ်လောက်ဘူး။ ဒီလို ရိုးရိုးလေးဆိုတဲ့ အရာရာပါနေတဲ့ ဇာတ်လမ်းတွေကို ကြိုက်တတ်ရင်တော့ ဒီဇာတ်လမ်းဟာ ခင်ဗျားအတွက်ဖြစ်လောက်မယ်။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Aki Kaurismäki ဟာ နာမည်ကျော်ဖင်လန် ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ဖင်လန်ရဲ့နာမည်အကျော်ဆုံး ဒါရိုက်တာလည်းဟုတ်တယ်။ သူရိုက်ခဲ့တဲ့ ကားအများစုက ကိန်းမှာဆုအသီးသီးရခဲ့ပြီး အော်စကာဆန်ခါတင်ဝင်ဖူးတာတွေလည်းရှိတယ်။ Fallen Leaves လည်း လက်ရှိမှာ Shortlist ထဲတော့ ဝင်ထားတာပါပဲ။ ပြီးတော့ နောက် တစ်ချက်ရှိတာက ဒီရုပ်ရှင်က သီချင်းတွေက တော်တော်လေးကောင်းတယ်။ Autumn Leaves ခေါ် Fallen Leaves လို ၁၉၄၅ကတည်းက သီချင်းကအစ မျက်မှောက်​ခေတ် ဖင်လန်ပေါ့ဂီတအဖွဲ့ဖြစ်တဲ့ Maustetytöt ရဲ့ ၂၀၂၀ကထွက်ခဲ့တဲ့ Syntynyt suruun ja puettu pettymyksin အဆုံး သုံးထားတယ်။ ရုပ်ရှင်ရဲ့ နာမည်ဖြစ်တဲ့ Fallen Leaves ကတော့ တော်တော်သမိုင်းကြီးတဲ့သီချင်းလို့ပြောရမယ်။ Nat King Cole တို့၊ Frank Sinatra တို့လို ဂီတသမိုင်းရဲ့ အကျော်အမော်တွေပါ ဆိုဖူးတဲ့သီချင်းပဲ။ ဂျတ်ဇ်ဂီတပညာရှင်တွေကတော့ အမေရိကန်ကထွက်တာမဟုတ်တဲ့ထဲ ဂျတ်ဇ်သမိုင်းရဲ့အရေးအပါဆုံးသီချင်းလို့ သမုတ်ကြတယ်။ မိန်းစထွင်းနဲ့ မော်ဒန်ဂျတ်ဇ်သမားတွေချည်း အကြိမ်ပေါင်း ၁၄၀၀လည်း အသံသွင်းဖူးသလို ဂျတ်ဇ်ဂီတရဲ့ ပြန်ဆိုသူအများဆုံးသီချင်းလည်း ဟုတ်နေတယ်။ Syntynyt suruun ja puettu pettymyksin ကတော့ နားထောင်ရတာ တော်တော်လေး နားဝင်လွယ်သလို သူတို့ခေတ် သူတို့နိုင်ငံရဲ့ အခြေအနေကိုလည်း ထင်ဟပ်နေသလို ခံစားရတယ်။ Fallen Leaves ကို Aki Kaurismäki ဟာ မျက်မှောက်ခတ်မှာပဲ အခြေတည်ထားသလို ရုံမှာ သူတို့သွားကြည့်ကြတဲ့ကားကလည်း The Dead Don’t Die ဖြစ်နေပေမဲ့ သုံးထားတဲ့အရောင်တွေက အဟောင်းဆန်နေသလို ရုပ်ရှင်ပိုစတာတွေကလည်း အဟောင်းတွေပါပဲ။ ဂိုးဒတ်တို့ ဘာတို့အကြောင်းတောင် ကောက်ပြောလိုက်ကြသေးတယ်။ ဘာကြောင့်လဲတော့ ရုပ်ရှင်ကိုကြည့်ပြီးတဲ့အခါ ကိုယ်တိုင်ပဲ ဆုံးဖြတ်ပေးလိုက်ပေါ့။ Fallen Leaves ဟာ ဘယ်လိုရုပ်ရှင်လဲဆိုတော့ ဆိုခဲ့သလို ကြီးကျယ်ခမ်းနားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်မဟုတ်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ဒါပေမဲ့လည်း နှောင်...

Self Reliance (2023) ⭐IMDB: 6.1/10 (6 k Votes) 🎬 #Comedy #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 39 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 သောမတ်စ် ဝဲကော့ဒ်ဟာ (၂၃) နှစ်တာ အတူနေပြီးတွဲလာခဲ့တဲ့ ကောင်မ‌လေးဖြစ်သူနဲ့ လမ်းခွဲပြီးကတည်းက ဘဝကြီးမှာပိတ်မိနေသလိုမျိုး စိတ်ဓာတ်ကျနေခဲ့သူပါ။ တစ်နေ့မှာတော့ သူ့ရှေ့ကို လီမိုစင်ကားကြီးရောက်လာပြီး ကစားပွဲတစ်ခုမှပါဝင်ဖို့ ကမ်းလှမ်းခံခဲ့ရပါတယ်။ ကစားပွဲကတော့ ဒက်ခ်ဝဘ်ပေါ်မှာလွှင့်မဲ့ ဖြစ်ရပ်မှန်ရှိုးဖြစ်ပြီး ကမ္ဘာပေါ်ကနေရာအနှံ့မှာရှိနေတဲ့ မုဆိုးတွေက အမဲလိုက်မှာကို ရက်ပေါင်း (၃၀) တိတိ အသက်မသေပဲ ရှင်သန်နေထိုင်နိုင်ရင် ဒေါ်လာ တစ်သန်းရမှာပဲဖြစ်ပါတယ်။ စည်းကမ်းချက်ကတော့ တစ်ခုပဲရှိပြီး အဲဒါကတော့ ပါဝင်တဲ့သူတစ်ယောက်ထဲ ရှိနေတဲ့အချိန်မှာပဲ အမဲလိုက်လို့ရမှာဖြစ်ပြီး တခြားလူတစ်ယောက်ယောက်နဲ့အတူနီးကပ်စွာရှိနေရင် အမဲလိုက်လို့ရမှာ မဟုတ်ပါဘူး။ ဒီစည်းကမ်းချက်က သူ့အတွက်လွတ်ပေါက်ဖြစ်နေမှာကို သဘောပေါက်သွားတဲ့ သောမတ်စ်တစ်ယောက်ကတော့ သူ့ရဲ့ ပိတ်မိနေတဲ့ဘဝကြီးထဲကနေ ရုန်းထွက်ချင်စိတ်နဲ့ လက်ခံလိုက်ပါတော့တယ်။ ဒါပေမဲ့ သူ့အမေဖြစ်သူအပါအဝင် မိသားစုဝင်တွေအကုန်လုံးကပါ သူပြောတာကို မယုံကြတဲ့အခါမှာတော့ ရက် (၃၀) လုံးကို အမဲလိုက်မခံရပဲ ဘယ်လို ဖြတ်ကျော်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။...

Lake Placid 3 (2010) ⭐TMDB: 51.0% User Score 🎬 #Action #Adventure #Comedy #Horror #ScienceFiction #Thriller 🗓 2010 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇာတ်ကားနံပါတ် 2 မှာ ရေကန်ထဲကမိကျောင်းတွေကိုရှင်းပစ်ပြီးအတွက် မိန်းမြို့ကအရင်လိုပြန်စည်းကားနေပါတယ်။ ဒါပေမယ့် မိကျောင်း အန္တရာယ်တွေကိုသတိထားကြောက်နေရတုန်းပါပဲ။ တာဝန်ခံတောခေါင်း ဝေလင်းဂျာကတော့သူ့လက်ထက်မှာအရင်လိုထပ်ဖြစ်မှာစိုးတဲ့အတွက် ရေကန်ကိုတောက်လျှောက်ကင်းလှည့်နေပါတယ်။ တစ်ဖက်မှာ အဖွားကြီးဆေဒီရဲ့ တူဖြစ်သူ နေသန်ဟာ ရေကန်ဘေးကသူ့‌အဒေါ်ပိုင်ဆိုင်တဲ့ အိမ်ကိုရောင်းချဖို့အတွက်လာရောက်ကြည့်ရှုနေပါတယ်။ နေသန်က တိရိစ္ဆာန်ဗေဒပညာရှင်ဖြစ်တဲ့အတွက် သစ်တောနားက သမင်ကြီးတွေကို လေ့လာကြည့်ရှုရင်းနဲ့ ရောင်းမယ့်အိမ်မှာ ခဏတာနေနေပါတယ်။ နောက်ပိုင်းမှာ အချက်ပေးစက်တပ်ထားသမင်တစ်ကောင်က မြစ်နား အသတ်ခံလိုက်ရတယ်။ အစက ဒါကိုအမဲခိုးလိုက်သူတွေရဲ့လုပ်ရပ်လို့ ထင်ထားပေမယ့် ခဏခဏပျောက်ဆုံးနေတဲ့အခါ မသင်္ကာတော့ပဲ တောခေါင်းနဲ့အတူ လိုက်လံရှာဖွေကြည့်တဲ့အခါတော့...

Lake Placid 2 (2007) ⭐TMDB: 49.0% User Score 🎬 #Action #Adventure #Comedy #Horror #SciFi #Thriller #ScienceFiction 🗓 2007 🎞 tv movie 🌎 #UnitedStates #Bulgaria #Canada #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 26 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ Lake Placid ကားတွရဲ့နှစ်ကားမြောက်ပါ။ ဒီဇာတ်ကားမှာတော့ မိန်းမြို့က‌ရေကန်တစ်ခုမှာ လူတွေပျောက်ပျောက် နေတဲ့သတင်းက ခဏခဏကြား‌နေရပါတယ်။ ရေကန်နားကို စခန်းချ ခရီးထွက်သူတွေရော စူးစမ်းရှာတွေတဲ့သူတွေရောအကုန်လုံးက သတိမမူပဲလာရောက်ကြပြီး ပျောက်ချင်းမလှပျောက်သွားကြတယ်။ ဒီကိစ္စကရေကန်မှာ တာဝန်ကျတဲ့ ရှရစ်ဖ်ရိုင်လီအတွက်ခေါင်းခဲစရာ တွေဖြစ်လာပါတော့တယ်။ အကြောင်းအရင်းကိုရှာဖွေကြည့်တဲ့အခါမှာ ဧရာမမိကျောင်းတွေကြောင့်ဆိုတာသိသွားတယ်။ မိကျောင်းတွေကို စခန်းလူတွေနဲ့ အမဲလိုက် သမားစထရတ်သာစ်တို့နဲ့အတူ ဘယ်လိုနှိမ်နင်းမလဲ ဆိုတာ သည်းထိတ်ရင်ဖိုကြည်ရှု့ပေးကြပါဦး။...

Lake Placid (1999) ⭐TMDB: 59.0% User Score 🎬 #Action #Comedy #Horror #ScienceFiction #Thriller 🗓 1999 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဧရာမသတ္တဝါကြီးတွေနဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကိုကြိုက်တဲ့လူတွေအကြိုက်တွေစေမယ့် Old But Gold ကားကောင်းလေးဖြစ်ပါတယ် နယူးအင်္ဂလန်ပြည်နယ် မိန်းမြို့လေးမှာ…ဘယ်ကမှန်းမသိတဲ့ပေ ၃၀ ရှည် ဧရာမမိကျောင်းကြီးတစ်ကောင်ကို ပေါ်လာပြီး လူတွေရဲ့အသက်အန္တရာယ်ကို တစ်စတစ်စ ခြိမ်းခြောက်လာပါတယ်…ဒီလိုဧရာမကောင်ကြီးတွေ မျိုးတုန်းသွားပြီလို့ ယူဆရပေမယ့် ပေါ်လာခဲ့တာကြောင့်စူးစမ်းလိုစိတ်နဲ့ နယူးယောက်က ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်ကယ်လီစကော့ဟာ မိန်းမြို့သို့ ရောက်လာပါတယ်…ဒီမိကျောင်းကြီးက ဘယ်ကနေရောက်လာတာလဲလူတွေကို ဘာကြောင့်ရန်ပြုနေတာလဲဆိုတာကိုတော့ကယ်လီနဲ့ မိန်းမြို့က တောခေါင်း ရဲမှူးတစ်ယောက်ပူးပေါင်းပြီးအဖြေရှာနှိမ်နင်းပုံကို သည်းထိတ်ရင်ဖို ရိုက်ပြထားပါတယ် (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်)...