ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Aattam (2023) ⭐IMDB: 8.5/10 (1 k Votes) 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 19 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aattam (2024) ပြဇာတ်IMDb 8.5/10 အဖွဲ့သားတွေတစ်စုတစ်စည်းနဲ့ အောင်မြင်မှုတွေဆွတ်ခူးကြတဲ့ပြဇာတ်အဖွဲ့သားများ နိုင်ငံခြားသားတွေတောင်သဘောကျလို့ချီးကျူးသံတွေကြားဝေဝေဆာနေတာပေါ့ အကြောင်းကတော့ဒီ၁နှစ်နေမှ ၃ပွဲလောက်ကရတဲ့အဖွဲ့ထဲ ရုပ်ရှင်မင်းသားတစ်ယောက်ရောက်လာလို့ပါ အမာခံပရိသတ်တွေကြားရေပန်းစားလာတော့ ပြဇာတ်ထဲရောက်တာ၂နှစ်ပဲကြာသေးပေမဲ့သူ့ကိုခေါင်းဆောင်မင်းသားတင်လိုက်ပါတယ် ဒီပြဇာတ်ထဲမှာ ၁၄နှစ်လောက်နေလာတဲ့လူကိုတော့ဟီးရိုးနေရာမပေးလို့တင်းတဲ့လူကတင်းပေါ့ ဒီလိုနဲ့ အအောင်မြင်ဆုံးပြဇာတ်ကပြီးနိုင်ငံခြားသားစုံတွဲကသဘောကျသွားလို့သူတို့အိမ်ဆီ တစ်ဖွဲ့လုံးကိုအလည်ဖိတ်ခဲ့တယ်အဖွဲ့လိုက်ရောက်သွားတဲ့ ဒီပါတီမှာမူးတဲ့လူကမူး ရူးတဲ့လူကရူး နဂိုတည်းကတင်းနေတဲ့ကောင်ကတင်းဆိုတော့ထင်မထားတဲ့ဘယ်လိုပြဿနာတွေကြုံကြမလဲငွေနဲ့တရားမျှတမှုကြား ဘာတွေကအနိုင်ရမလဲဆိုတာတော့ …. ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ BpL ~ Alex ~ ToMo ~ KKKZ ပဲဖြစ်ပါတယ်)...
Between Calmness and Passion (2001) ⭐TMDB: 65.0% User Score 🎬 #Romance #Drama 🗓 2001 🎞 Series 🌎 #Japan #Italy ⏰ 2 နာရီ 5 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Reisei to jônetsu no aida (2001) Between Calmness and Passion ~ IMDb – 6.6/10, MyDramaList – 7.3/10 ~ ဟောင်ကောင်ရုပ်ရှင် Lost and Found ထဲက ညှို့ဓာတ်အပြည့်နဲ့ မင်းသမီး Kelly Chan ပါလို့ကတစ်ကြောင်း၊ စကားလုံးမပါတဲ့ နောက်ခံတေးဂီတသံသက်သက်နဲ့ ဒီရုပ်ရှင်ထဲက အဓိကဇာတ်ဆောင်နှစ်ယောက် လူအုပ်ကြားထဲ တွေ့ကြတာကို ရိုက်ပြထားတဲ့ ဇာတ်၀င်ခန်းကိုကြည့်မိပြီး တော်တော်သဘောကျသွားက တစ်ကြောင်း၊ ဒီရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့တယ်။ ဟောင်ကောင်မင်းသမီး ကယ်လီချန်းပါထားပေမဲ့ တကယ်က ဒီရုပ်ရှင်က ဂျပန်ကား။ ဂျပန်မှာ ဘတ်ဆဲလ်လားဖြစ်ခဲ့တဲ့ စာအုပ်ကို ပြန်ရိုက်ထားတာ။ ဒါပေမဲ့ ဇာတ်အိမ်ကတော့ အဓိကအားဖြင့် အီတလီက ဖလောရန့်မှာ တည်ထားတယ်။ အီတလီအငွေ့အသက် အီတလီမြင်ကွင်းတွေကို နောက်ခံထားထားတဲ့ ရုပ်ရှင်လို့ ပြောရမယ်။ နောက် မင်းသားရဲ့ အလုပ် Art Restoration ခေါ် ပျက်စီးသွားတဲ့အနုပညာလက်ရာတွေကို ပြန်အဖတ်ဆည်မွမ်းမံပေးရတဲ့အလုပ်။ ဖလောရန့်က အဲဒီပညာရဲ့ အချက်အချာမြို့လို့ ရုပ်ရှင်ထဲပြောထားတယ်။ တစ်မြို့လုံး အဲဒီအလုပ်ပဲလုပ်ကြတယ်ပေါ့။ ဒီလိုအလုပ်ကို စိတ်နှစ်လုပ်နေတဲ့ မင်းသားကို ကြည့်ရတာလည်း တော်တော်ကြည့်ကောင်းနေတယ်။ မင်းသားနဲ့ ကယ်လီချန်းက ကောလိပ်မှာကတည်းက ချစ်ခဲ့ကြတဲ့လူတွေ။ အကြောင်းကြောင်းနဲ့ဝေးသွားခဲ့ပြီး အီတလီမှာ သူတို့ပြန်တွေ့ကြတဲ့အခါမှာလည်း ဆိုင်သူကိုယ်စီရှိနှင့်ပြီးနေပြီ။ ပြီးတော့ သူတို့ကြားက အဖုအထစ်တွေကလည်း မပျက်ပြယ်သေးဘူး။ ဒီတော့ သံယောဇဉ်လက်ကျန်နဲ့ တွေ့ချင်ကြလို့ ပြန်တွေ့ဖြစ်ကြပေမဲ့ အလိုက်မသိခဲ့တဲ့ အခြေအနေတွေကို မကျော်လွှားနိုင်ခဲ့ကြဘူး။ ဒီလိုနဲ့ အစကတည်းက ဝေးပြီးသားဘ၀တွေ အဝေးကြီးကို ထပ်ဝေးလွင့်ခဲ့ကြတယ်။ ဇာတ်က အဲဒီအခြေအနေကမှ ရိုးရှင်းလှပတဲ့စကားလုံးတွေပါတဲ့ နှုတ်ဆက်စာလို့ ပြောရမယ့် စာလေးတစ်စောင်နဲ့ သူတို့အတိတ်ကို ပြန်လှစ်ဟပြသွားတယ်။ ကြင်နာတာတွေကို ပြန်ပြောင်းအောက်မေ့မိတဲ့အခါ နာကျင်တာတွေရဲ့ ပိုထင်ရှားလာခြင်းတွေအကြောင်းပေါ့။ ဒီဇာတ်ဟာ လှပတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်သက်သက်ပါပဲ။ ဂီတတွေ အနုပညာတွေနဲ့ အနုပညာမြို့ကြီးတစ်မြို့မှာ အခြေတည်ထားတဲ့ ဒီအချစ်ဇာတ်လမ်းဟာ တည်ဆောက်ပုံလှပသလို ဟောင်ကောင် ကလပ်စစ်အရသာလည်း ပေးနိုင်တယ်။ ဂျပန်ကားပေမဲ့ ဇာတ်ရဲ့အရသာကတော့ ဂျပန်ကားဆိုတာထက် ဝေါင်ကာဝေးကားကလိုလို အရသာလေးတော့ သန်းနေတယ်။ ဇာတ်ကြောင်းပြန်ပြောင်းပြောပြခြင်းတွေကလည်း ဒီအရသာပိုသန်းစေခဲ့တယ်။ ဒီရုပ်ရှင်ဟာ ဟောင်ကောင်ရိုမန့်တွေ ကြိုက်တဲ့လူတွေအတွက်တော့ အရသာသိပ်တွေ့မယ့် လွမ်းတတ်ရင် မျက်ရည်ဝေစေမယ့် ရုပ်ရှင်တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Mune: Guardian of the Moon (2014) ⭐IMDB: 7.1/10 (8 k Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy 🗓 2014 🎞 movie 🌎 #France ⏰ 1 နာရီ 25 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mune : Guardian of the Moon (2014) ဒီကားလေးကတော့ ၂၀၁၄ မှာထွက်ရှိခဲ့တဲ့ Family/Fantasy အမျိုးအစား animation ကားကောင်းလေးတစ်ကားပါRating မှာလည်း MIDb 7.1 ထိရရှိထားပြီးတော့ကလေးရောလူကြီးပါကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါအချိန် ၁ နာရီကျော်လောက်ကြာပြီး ဇာတ်အိမ်ဖွဲ့ထားတာလေးကချစ်ဖို့ကောင်းလွန်းတော့ အကြိုက်တွေ့မယ်ဆိုတာသေချာပါတယ်ဇာတ်လမ်းအစမှာ နေနဲ့လရဲ့စောင့်ရှောက်သူတွေဟာကမ္ဘာကြီးကိုဟန်ချက်ညီအောင်ထိန်းသိမ်းနေကြရတယ်နက်ခရော့ဆိုတဲ့ မိစ္စာတစ်ကောင်က စောင့်ရှောက်သူအသစ်ခန့်အပ်လွှဲပြောင်းပွဲအပြီးမှာလူသစ်လေးတွေဖြစ်တာကိုအခွင့်ကောင်းယူပြီး နေကိုခိုးဖို့ကြိုးစားပါတော့တယ်အရည်ပျော်လိုက် ခဲလိုက်ဖြစ်နေတဲ့ ဖယောင်းကောင်မလေးက ဘယ်လိုတွေကူညီပေးနိုင်မလဲစောင့်ရှောက်သူတွေဖြစ်တဲ့ မူရ် နဲ့ ဆိုဟွန်းတို့ဘယ်လိုတွေကြိုးစားပြီး ကမ္ဘာကြီးကိုကယ်တင်ကြမလဲဆိုတာရင်ခုန်စရာလေးတွေ ဟာသလေးတွေရောပြီးမိသားစုနဲ့တူတူကြည့်ဖို့အသင့်တော်ဆုံးကားလေးတစ်ကားပဲဖြစ်လို့ အခုပဲဒေါင်းထားလိုက်ကြတော့နော် အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။...
Baby Bandito (2024) ⭐TMDB: 77.0% User Score 🎬 #Crime #Drama 🗓 2024 🎞 Series 🌎 #Chile ⏰ 41 မိနစ် 25 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Baby Bandito (2024)Baby Bandito (2024) =============== IMDb Rating – 6.1/10 Crime , DramaNetflix ရဲ့ စပိန်စကားပြော လူငယ်ဓားပြဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ စပိန်တွေက ဓားပြတိုက်တာတော့ အတော်ကြိုက်ပုံရတယ်။ အခုဇာတ်လမ်း တွဲမှာလည်း..ချီလီရဲ့ ဆင်းရဲသားရပ်ကွက်မှာကြီးပြင်းလာတဲ့ စကိတ်သမား လေး ကယ်ဗင်တာပီယာဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးက ချီလီနိုင် ရာစုနှစ်ရဲ့ အကြီးဆုံး ဓားပြမှုကြီးကို လုပ်ခဲ့တဲ့အကြောင်းကိုဖြစ်ရပ်မှန် ရိုက် ကူးထားတာဖြစ်ပါတယ်။ အစိုးရ ဗဟိုဘဏ်ကနေ အေတီအမ်စက်တွေမှာထည့်ဖို့ ပီဆိုငွေသား ၄ ဘီလီ ယံကို လေဆိပ်ကိုပို့လိုက်မယ်ဆိုတဲ့ သတင်းကိုကြားတဲ့ နယ်ခံလူမိုက်ဂိုဏ်း ဘွတ်ချာအဖွဲ့ဟာ ဒီငွေတွေကို ဝင်လုဖို့ ဆုံးဖြတ်ပြီး အစီအစဉ်တွေအသေးစိတ် ဆွဲထားပါတယ်။ ဒီအစီအစဉ်တွေကို ဓားပြလက်ထဲကနေ သူခိုးပြန်လုပ်မယ့် သူကတော့ ကယ်ဗင်တာပီယာခေါ် ကလေးဓားပြ( Baby Bandito )လို့နာမည် ပြောင်ပေးထားခံရသူဖြစ်ပါတယ်။သူဒီငွေတွေကို ဘယ်လိုလုယူပြီးနောက်ဆက်တွဲအကျိုးဆက်တွေကို ဘယ်လို ရင်ဆိုင်သွားမလဲဆိုတာကို ဖြစ်ရပ်မှန်ပေါ် အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)...
Nurse Sisters (2003) ⭐TMDB: 53.0% User Score 🎬 #Adult #Drama 🗓 2003 🎞 tv movie 🌎 #Japan ⏰ 1 နာရီ 4 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပရိသတ်ကြီးအတွက် ဂျပန်ခေတ်ရွှေဇာတ်ကားလေးတစ်ခုကိူတင်ဆက်ပေးချင်ပါတယ်… သူနာပြုဆရာမလေးတွေဖြစ်တဲ့ ချီကာကို နဲ့ ဝါကာကိုညီမနှစ်ယောက်ဟာ ငယ်စဉ်ကတည်းက ဖခင်ရဲ့ပစ်ထားခြင်းခံရခဲ့တော့အိမ်ထောင်ပြုဖို့ကြောက်နေခဲ့ပြီး အမဖြစ်သူ ချီကာကိုကလက်ထပ်ခွင့်တောင်းခံရတာတောင်တွေဝေနေခဲ့တယ် ညီမဖြစ်သူ ဝါကာကိုကတော့ ဆေးခန်းက အိမ်ထောင်သည်ကလေးအဖေဆရာဝင်နဲ့အမြဲခိုးစားနေပြီး အိမ်ထောင်ပြုဖို့စိတ်ကူးလုံးဝမရှိပါဘူးသူတို့နှစ်ယောက်ရဲ့ခက်ခဲတဲ့ဘဝကိုဘယ်လိုရုန်းကန်ကြမလဲစိတ်ဒဏ်ရာတွေဘယ်လိုပြေပျောက်သွားကြမလဲဆိုတာ18+ ခန်းတွေနဲ့ ရင်သက်ရှုမောဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် ဂျပန် 18+ ကားတွေထဲမှာမှ IMDb 6.5 ထိရရှိခဲ့တဲ့ကားလေးလဲဖြစ်ပါတယ်တကယ့်အပြင်မှာလဲ ညီအမအရင်းတွေဖြစ်တဲ့ 18+ မင်းသမီးချောလေးတွေဖြစ်တဲ့Yumika Sasaki နဲ့ Nikki Sasaki တို့ရဲ့ လှပလွန်းတဲ့ကောက်ကြောင်းလေးတွေကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်အားပေးကြဖို့ ထိုက်တန်တဲ့ကားလေးတစ်ခုပါပဲလို့ ညွှန်းဆိုမိလိုပါတယ်...
The Chapel (2023) ⭐IMDB: 5.8/10 (262 Votes) 🎬 #Drama #Thriller 🗓 2023 🎞 movie 🌎 #Belgium #Netherlands ⏰ 1 နာရီ 37 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Chapel [2023]( IMDb 5.8/10 ) ဂျနီဖာဟာ ငယ်စဉ်ကလေးဘဝကတည်းက မိခင်ရဲ့ လမ်းညွှန်မှုနဲ့ စန္ဒရားပညာကို လေ့လာသင်ကြားခဲ့ရပါတယ်…မိခင်ဖြစ်သူကလည်း သာမန်စန္ဒရားပညာရှင် ဖြစ်စေချင်ရုံတင်မဟုတ်ပဲQueen Elizabath ပြိုင်ပွဲမှာ အနိုင်ရတဲ့ထိ ယှဉ်ပြိုင်စေချင်ခဲ့တာပါ…ဒီလိုနဲ့ပဲ ဂျနီဖာဟာ အသိစိတ်ရှိစဉ်ကစလို့ အရွယ်ရောက်တဲ့အထိ ပီယာနိုသာ သူမဘဝဖြစ်ခဲ့ရပါတယ်…သူတို့ရည်မှန်းထားတဲ့ ပြိုင်ပွဲရဲ့ ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာမို့Chapel ဆိုတဲ့ စံအိမ်မှာ ခေတ္တတည်းခိုရင်း ပြိုင်ပွဲအတွက် လေ့ကျင့်ရပါတော့တယ်…ဒီစံအိမ်မှာ ဖိုင်နယ်ပြိုင်ပွဲဝင် ၁၂ယောက် ရှိနေပြီးတော့သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် အနိုင်ရဖို့ ဘယ်လို ဆောင်ရွက်လှုပ်ရှားသွားကြမလဲ…ဂီတဟာ အများထင်သလို နူးညံ့မှု သိမ်မွေ့မှု မွန်မြတ်မှုတွေနဲ့ချည်း ဖွဲ့စည်းထားတာ ဟုတ်ရဲ့လားဆိုတာကို ရှုစားရမှာပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်။...
Pati Patni Aur Woh (2021) ⭐- 🎬 #Adult #Bollywood #Romance 🗓 2021 🎞 movie 🌎 #India ⏰ 1 နာရီ 33 မိနစ် 31 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pati Patni Or Woh“ခံစားချက် အသစ်အဆန်း” တခြား Dark Side တွေ ကြည့်ရတာ ရိုးအီနေမယ့် ပရိသတ်ကြီးအတွက်21 မကျ 18 မကတဲ့ အိန္ဒိယ erotic ဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ် ရွှေရင်နှစ်မွှာ ဖွံ့ခိုင်ပြီး ကိုယ်လုံးကိုယ်ပေါက် ဆူဖြိုးတဲ့မင်းသမီးနှစ်လက် အပီအပြင် ချစ်ပွဲဝင်တာကို ကြည့်ရမှာ ဖြစ်ပြီး… ပြကွက်တိုင်းမှာ နောက်ခံတီးလုံးလေးကလည်း လှုပ်ရှားပွတ်သပ်မှုတစ်ချက်တိုင်းစီနဲ့ လိုက်ဖက်ညီတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာပါ နီခေးလ်နဲ့ ဆိုနိုင်နာတို့က တစ်ယောက်ကိုတစ်ယောက် အရိပ်တကြည့်ကြည့်အရမ်းချစ်ကြပြီး နီခေးလ် ရုံးရောက်နေရင်တောင် လစ်တဲ့အချိန် phone sex ရင်း ချစ်ကြပါတယ် တစ်နေ့ “နိုင်နာ”ဆိုတဲ့ နီခေးလ်ရဲ့သူငယ်ချင်း အိမ်ကိုလာလည်ရင်းညဘက်ရောက်တော့ အခန်းထဲမှာ နိုင်နာတစ်ယောက်တည်းပတ်ဝန်းကျင်ဘေးဘီကို မေ့ပြီး စိတ်လွတ်လက်လွတ် တစ်ကိုယ်တော် ချစ်ပွဲနွှဲနေတာကို…. အိမ်ထောင်သည်ဖြစ်သူ ဆိုနိုင်နာ မြင်တွေ့သွားချိန်မှာ ခံစားချက်အသစ်အဆန်းတွေပေါက်ဖွားလာပြီး မိန်းမသားနှစ်ယောက်ကြား ရမ္မက်ဇောအပြည့်နဲ့ ချစ်ပွဲဝင်ကြပုံကို ပရိသတ်ကြီး အားပေးလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ Thaik San ပဲ ဖြစ်ပါတယ်...
My Husband's Seven Wives (2024) ⭐IMDB: 5.1/10 (143 Votes) 🎬 #Thriller 🗓 2024 🎞 tv movie 🌎 #UnitedStates ⏰ 1 နာရီ 28 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Husband’s Seven Wives (2024)========================== ဒီဇာတ်လမ်းကတော့ Maggie ဆိုတဲ့အမျိုးသမီးတစ်ယောက်အမှတ်မထင်ဘဲ အလုပ်ခရီးသွားနေတဲ့ သူ့ယောက်ျားAlanရဲ့ကားကို သူစိမ်းအိမ်မှာတွေ့ရာကနေ အဲဒီအိမ်ရှင်အမျိုးသမီးPamက သူ့ယောက်ျားနဲ့လက်ထပ်ထားတာကို သိလိုက်ရတာပါပဲ။ ပိုမဖြစ်နိုင်စရာကောင်းတာက Maggie နဲ့ Pam တို့ သူတို့ပျောက်သွားတဲ့ပိုက်ဆံတွေအတွက် Alan ရဲ့ ဘဏ်ရှင်းတမ်းတွေကိုလိုက်ရှာလေ Alan မှာ တစ်ခြားလက်ထပ်ထားတဲ့ဇနီးသည်တွေတစ်ယောက်ပြီးတစ်ယောက် ထပ်ပေါ်လာတာပါပဲ။ နောက်တော့ Maggie၊ Pamနဲ့ ကျန်တဲ့ Alanရဲ့ဇနီးသည်တွေအကုန်ပေါင်းပြီး Alan ကို လက်စားချေရင်း Alanခိုးသွားတဲ့ သူတို့ပိုက်ဆံတွေကိုပြန်ရှာဖို့ ဘယ်လိုကြိုးစားကြမလဲကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ Mystery ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...
Megamind vs. The Doom Syndicate (2024) ⭐IMDB: 2.2/10 (2 k Votes) 🎬 #Animation #Comedy #ScienceFiction #Action #Adventure #Crime #Family #SciFi 🗓 2024 🎞 movie 🌎 #UnitedStates #India #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2010 ခုနှစ်ကထွက်ရှိခဲ့တဲ့ Megamind ရုပ်ရှင်ရဲ့ sequel အနေနဲ့ထွက်လာတဲ့ရုပ်ရှင်ပါ။ rating ကတော့မကောင်းလှဘူး။ ဇာတ်လမ်းအကျဉ်းကတော့ မက်ဂါမိုင်းက မက်ထရိုမြို့တော်ကြီးကို တိုက်တန်ရဲ့လက်ကနေ ကယ်တင်ပေးပြီးလိုက်တဲ့နောက်မှာတော့ သူကောင်းဘွဲ့ခံယူပြီး ဗီလိန်ဘ၀ကနေ ဟီးရိုးဘ၀ကိုရောက်ရှိသွားပါတယ်။ မက်ဂါမိုင်းတစ်ယောက် လူဆိုးကနေ သူရဲကောင်းဖြစ်သွားပြီဆိုတဲ့ သတင်းဟာ ထောင်ထဲရောက်နေတဲ့ မက်ဂါမိုင်း လူဆိုးဖြစ်စဉ်က လူဆိုးအဖွဲ့ဟောင်းဖြစ်တဲ့ Doom Syndicate လို့ခေါ်တဲ့ ဂြိုဟ်ဆိုးအဖွဲ့ဆီရောက်သွားပါတယ်။ ဒီလိုနဲ့ ဂြိုဟ်ဆိုးအဖွဲ့လည်း သူတို့ရဲ့ဆရာဟောင်း မက်ဂါမိုင်း တစ်ချိန်ကပြောပြဖူးခဲ့တဲ့ မဟာဗျူဟာမြောက် လူဆိုးအစီအစဉ်ကြီးကိုအကောင်အထည်ဖော်ဖို့အတွက် ထောင်ဖောက်ပြီး ဆရာဖြစ်သူဆီတန်းတန်းမတ်မတ် ရောက်ရှိလာတဲ့အချိန်မှာတော့ ဟီးရိုးဘ၀ရောက်သွားပြီဖြစ်တဲ့ မက်ဂါမိုင်းတစ်ယောက် သူ့ရဲ့လူဆိုးအဖွဲ့ဟောင်းကို ဘယ်လိုရင်ဆိုင်ရဦးမလဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး။...
Rival (2023) ⭐IMDB: 3.4/10 (59 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 30 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရက်ဝုဒ်စပရင်းမြို့လေးဟာ မှုခင်းဖြစ်ပွားမှုနှုန်းလည်းနည်းပါးပြီး အေးချမ်းတဲ့မြို့လေးတစ်မြို့ပါ။ ဒီလိုနဲ့ ညတစ်ညမှာတော့ အချိန်ပိုင်းကလေးထိန်းလုပ်နေတဲ့ ဂျန်နာ ရိုင်လေဆိုတဲ့ ကျောင်းသူတစ်ယောက် ဓ-ားနဲ့ရက်ရက်စက်စက် ထိုးသ-တ်ခံလိုက်ရပါတယ်။ ဒီဖြစ်စဉ်ဟာ လွန်ခဲ့တဲ့ဆယ်နှစ်ကဖြစ်သွားခဲ့တဲ့ အသက်ရှစ်နှစ်အရွယ် မိုင်လို ဆောရာ ဆိုတဲ့ကောင်လေးတစ်ယောက် အသ-တ်ခံလိုက်ရတဲ့ပုံစံနဲ့ဆင်တူနေတာကြောင့် မြို့တော်ရဲမှူးလည်း လူသ-တ်သမားကို ရှာနိုင်ဖို့ ရနိုင်သမျှနည်းလမ်းတွေသုံးပါတော့တယ်။ ဒါပေမဲ့လည်း လူသ-တ်မှုတွေကဆက်တိုက်ဆိုသလို ဆက်ပြီးဖြစ်လာတဲ့အခါမှာ …. ဒီလူသ-တ်မှုပုံစံတွေကဘာလို့ဆင်တူနေရတာလဲ၊ နောက်ဆုံးမှာလူသ-တ်သမားကို ဖမ်းမိမလားဆိုတာကတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ သွေးထွက်သံယိုပြကွက်တွေ၊ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူးဗျ။...
My Wife Is a Gangster 3 (2006) ⭐TMDB: 58.0% User Score 🎬 #Action #Comedy #Drama 🗓 2006 🎞 movie 🌎 #China #HongKong #SouthKorea ⏰ 1 နာရီ 56 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Wife Is a Gangster 3 (2006) မှာတော့ ရှေ့ကထွက်ရှိခဲ့တဲ့ ကိုရီးယားမင်းသမီး Eun-Kyung Shin ရဲ့ ဇာတ်ကားတွေနဲ့ မဆက်စပ်တော့ပါဘူး။ ဒီတစ်ခါ ဂိုဏ်းစတားမလေးကတော့ တရုတ်မင်းသမီးလေး ရှုကြည် Shu Qi ပါ။ မင်းသားကတော့ ကိုရီးယားက တလွဲကောင်ဖြစ်ပြီး သူ့ရဲ့လက်ထောက် လူမိုက်တလွဲကောင်တွေနဲ့ ရှယ်ရီနေရပါတယ်။ မင်းသမီးရှုကြည်က တရုတ်လိုပဲရတော့ တရုတ်-ကိုရီးယား ဘာသာပြန်ငှားရပြီး ငှားလိုက်တဲ့ ဘာသာပြန်ကလဲ တကယ့်ထွန်းထွန်းပေါက်ပေါက်မလို့ အလွဲလွဲအချော်ချော်တွေနဲ့ mission တွေကို ချီတက်ကြမှာပါ။ ဒီဇာတ်ကားက My Wife is a Gangster ဇာတ်ကားတွေထဲမှာ အရယ်ရဆုံးဇာတ်ကားဖြစ်ပြီး ဒရမ်မာဖက်မှာတော့ ရှေ့ကကားတွေလောက် မဖိစီးထားပါဘူး…အက်ရှင်ဟာသဖက်ပိုသွားပါတယ်။ Sequel အဖြစ်ထွက်ရှိခဲ့ပေမယ့် မတူကွဲပြားတဲ့တင်ဆက်မှုတွေကြောင့် IMDb Rating (6.4) ထိ ရရှိအောင်မြင်ခဲ့ပါတယ်။ ****My Wife is a Gangster ရုပ်ရှင်ကားတွေက ၃ ကားထွက်ရှိထားပြီးhttps://channelmyanmar.org/?s=my+wife+is+a+gangsterမှာကြည့်ရှုနိုင်ပါတယ်။...
All the Names of God (2023) ⭐IMDB: 5.8/10 (1 k Votes) 🎬 #Action #Adventure #Drama #Thriller 🗓 2023 🎞 movie 🌎 #Spain ⏰ 1 နာရီ 46 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အကြမ်းဖက်ဝါဒ (terrorism) တစ်ကမ္ဘာလုံးက အစိုးရတွေရော၊ သာမန်လက်နက်မဲ့ပြည်သူတွေကိုပါ အနုနည်း၊ အကြမ်းနည်းနဲ့ ဒုက္ခပေးနေတဲ့ အကြမ်းဖက်ဝါဒနဲ့ အကြမ်းဖက်သမားတွေအကြောင်းကို နိုင်ငံတကာက ဇာတ်လမ်းအမျိုးမျိုး၊ ဝတ္တုအမျိုးမျိုးနဲ့ မရိုးနိုင်အောင်ရိုက်ကူးရေးသား ဖော်ပြခဲ့ကြ၊ ဖော်ပြနေကြဆဲပါ။ အခုတင်ဆက်မယ့်ဇာတ်ကားလေးကလည်း အဲ့ထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ အကျင့်အတိုင်း ဘာသာရေး၊ နိုင်ငံရေး၊ လူမျိုးစုကောင်းစားရေး စတဲ့မြင့်မြတ်သန့်စင်တဲ့အကြောင်းအရာတွေကို မစားရဝခမန်းပြောပြီး သူတို့လိုချင်တဲ့အရာကို သူရဲဘောနည်းစွာသူတို့ကိုယ်တိုင်မလုပ်ဘဲ အသိဉာဏ်နည်းပါးတဲ့ အူကြောင်ကြားတွေ၊ ဂေါက်သီးတွေ၊ စိတ်မူမမှန်သူတွေ၊ အစွန်းရောက်တွေကို ချကျွေးပြီး ယုတ်မာတာဟာ အကြမ်းဖက်ဝါဒပါပဲ။ ဒီဇာတ်ကားထဲမှာလည်း ဘာသာရေးအကြောင်းပြပြီး လူငယ်သုံးယောက်ကို လေဆိပ်မှာ အသေခံဗုံးခွဲခိုင်းပါတယ်။ နှစ်ယောက်က အောင်မြင်စွာခွဲနိုင်ခဲ့ပေမယ့် တစ်ယောက်ကတော့ မအောင်မြင်ဘဲ လေဆိပ်ကနေ တက္ကစီသမားတစ်ယောက်ကိုတားစီးပြီး ကိုယ်လွတ်ရုန်းထွက်ပြေးတာနဲ့ ဇာတ်လမ်းစဖွင့်ပါတယ်။ ဒဏ်ရာရသူထင်ပြီး ဆေးရုံပို့ပေးဖို့ စေတနာနဲ့တင်ခေါ်ခဲ့တဲ့ တက္ကစီသမားခမျာ သူ့နားထင်ကိုသေနတ်နဲ့အထောက်ခံပြီး ပြန်ပေးဆွဲခံရမှ အဖြစ်မှန်သိလိုက်ရပါတော့တယ်။ အဲ့ကတဆင့် တက္ကစီသမားနဲ့ မအောင်မြင်ခဲ့တဲ့အကြမ်းဖက်သမား ဘယ်လိုနှစ်ပါးသွားကြမလဲ၊ ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေကရော ဗုံးခွဲတရားခံတွေနဲ့ တက္ကစီသမားကိုဓားစာခံလုပ်ထားတဲ့ အကြမ်းဖက်သမားကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှူကြရမှာပါ။ Rating အများကြီးရမထားပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ဇာတ်လမ်းအစမှအဆုံးထိ ဇာတ်အိမ်ခိုင်ခိုင်နဲ့ တောက်လျှောက်မလွတ်တမ်း ကြည့်ဖြစ်အောင် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်လမ်း၊ အခက်အခဲကြုံရချိန်မှာ ရှိလာတတ်တဲ့ မိသားစုသံယောဇဥ်စိတ်ကိုဖော်ကျူးနိုင်တဲ့ ဇာတ်လမ်းအဖြစ် အသိအမှတ်ပြုမိပါတယ်။ ဥရောပရုပ်ရှင်ဇာတ်ကားတွေထဲကမှ စပိန်ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း dialouge နည်းနည်း၊ idea များများ ပုံစံမျိုးနဲ့ လေးနက်တဲ့ရသတစ်မျိုး ခံစားမိမှာပါ။ စပိန်ဒါရိုက်တာ Daniel Calparsoro ကရိုက်ကူးပေးထားပြီး Luis Tosar၊ Inma Cuesta၊ Nourdin Batan၊ Patricia Vico၊ Lucas Nabor၊ Antonio Buil စတဲ့စပိန်သရုပ်ဆောင်များ ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb rating 5.7 ရရှိထားပါတယ်။...
My Wife Is a Gangster (2001) ⭐TMDB: 60.0% User Score 🎬 #Action #Comedy #Romance 🗓 2001 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 48 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Wife Is a Gangster ရုပ်ရှင်တွေဟာ ကိုရီးယားရုပ်ရှင်လောကကို တစ်ခေတ်ထွန်းစေခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များဆီက ရသစုံတဲ့ ဇာတ်လမ်းအမျိုးအစားတွေထဲက တစ်ခုပါပဲ။ အဲ့ဒီခေတ်က တင်ဆက်ပုံမျိုးက အစပိုင်းမှာ ရီနေရမယ် ပြီးရင် ငိုရမယ် ပြီးရင် စွဲငြိသွားစေရမယ်ဆိုတဲ့ Taste မျိုးဖြစ်ပြီး ဒီရုပ်ရှင်ကလဲ အဲ့လိုအရသာမျိုးနဲ့ နာမည်ကြီး လူကြိုက်များခဲ့ပြီး နောက်ထပ်အဆက်ဇာတ်ကားတွေ ထွက်တဲ့အထိအောင်မြင်ခဲ့ပါတယ်။ မင်းသမီး Eun-Kyung Shin ရဲ့ မှင်သေသေ သရုပ်ဆောင်ချက်တွေ Action တွေက ဇာတ်ကောင်တွေရဲ့ ထူးခြားတဲ့ဇာတ်ရုပ်တွေနဲ့လိုက်ဖက်ပြီး ကွဲပြားတဲ့ ဇာတ်အိမ်ကြောင့်လဲပိုမိုအသက်ဝင်ခဲ့ပါတယ်။ My Wife Is a Gangster (2001) My Wife Is a Gangster 1 ဒီဇာတ်လမ်းကတော့….. ကိုရီးယားက ဂိုဏ်းစတားအဖွဲ့ရဲ့ ထိပ်သီးခေါင်းဆောင်ဖြစ်သလို အဖွဲ့သားတွေက ချစ်ကြောက်ရိုသေရပြီး “အစ်ကိုကြီး” လို့ တလေးတစားခေါ်ကြရတဲ့ ဖိုက်တာကောင်မလေးတစ်ယောက်နာမည်ကတော့ ပိုးကောင်ဖြူပါတဲ့။ ငယ်ကတည်းက လက်ဇောင်းထက်ပြီး အရာရာကိုလက်ပါဒုတ်ပါဖြေရှင်းတတ်တာ သူမရဲ့ပင်ကိုယ်စတိုင်ပါပဲ။ လူမိုက်တွေနဲ့ပြိုင်မိုက်ပြီး ကျင်လည်ကျက်စားနေတဲ့ ဒီလို ဂျစ်ကန်ကန်ဖိုက်တာ ကောင်မလေးခမျာ အစ်မဖြစ်သူရဲ့ဆန္ဒအရ အိမ်ထောင်ပြုရဖို့အကြောင်းဖန်လာတဲ့အခါ…….။ ****My Wife is a Gangster ရုပ်ရှင်ကားတွေက ၃ ကားထွက်ရှိထားပြီးhttps://channelmyanmar.org/?s=my+wife+is+a+gangsterမှာကြည့်ရှုနိုင်ပါတယ်။...
My Wife Is A Gangster 2 (2003) ⭐TMDB: 58.0% User Score 🎬 #Action #Comedy #Crime 🗓 2003 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 44 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Wife Is a Gangster ရုပ်ရှင်တွေဟာ ကိုရီးယားရုပ်ရှင်လောကကို တစ်ခေတ်ထွန်းစေခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်များဆီက ရသစုံတဲ့ ဇာတ်လမ်းအမျိုးအစားတွေထဲက တစ်ခုပါပဲ။ အဲ့ဒီခေတ်က တင်ဆက်ပုံမျိုးက အစပိုင်းမှာ ရီနေရမယ် ပြီးရင် ငိုရမယ် ပြီးရင် စွဲငြိသွားစေရမယ်ဆိုတဲ့ Taste မျိုးဖြစ်ပြီး ဒီရုပ်ရှင်ကလဲ အဲ့လိုအရသာမျိုးနဲ့ နာမည်ကြီး လူကြိုက်များခဲ့ပြီး နောက်ထပ်အဆက်ဇာတ်ကားတွေ ထွက်တဲ့အထိအောင်မြင်ခဲ့ပါတယ်။ မင်းသမီး Eun-Kyung Shin ရဲ့ မှင်သေသေ သရုပ်ဆောင်ချက်တွေ Action တွေက ဇာတ်ကောင်တွေရဲ့ ထူးခြားတဲ့ဇာတ်ရုပ်တွေနဲ့လိုက်ဖက်ပြီး ကွဲပြားတဲ့ ဇာတ်အိမ်ကြောင့်လဲပိုမိုအသက်ဝင်ခဲ့ပါတယ်။ My Wife Is A Gangster 2 (2003) ဒီဇာတ်လမ်းကိုတော့ ရှေ့က ပထမဇာတ်ကားရဲ့အဆက်အနေနဲ့ ဆက်စပ်ထားပါတယ်။ မင်းသမီးနဲ့လူဆိုးဂိုဏ်းတွေဟာ ပထမကားက ရန်ကြွေးလက်ကျန်တွေကို ဆက်လက်ဖြေရှင်းကြမှာပါ။ တစ်ခုကတော့ မင်းသမီးဟာ ဇာတ်လမ်းအစမှာကတည်းက ဒဏ်ရာပြင်းထန်စွာရရှိပြီးတော့ အတိတ်မေ့သွားခဲ့တာပါ။ အတိတ်ကိုသတိရဖို့ကြိုးစားနေတဲ့ သူမနဲ့ ပထမဇာတ်လမ်းက ရန်ညိုးတွေဘယ်လိုဖြေရှင်းကြမယ်ဆိုတာ….။ IMDb Rating (6.1) ထိ ရရှိထားပြီး Action အသားပေး ဟာသကားဆန်ဆန်အဖြစ် တင်ဆက်ထားပါတယ်။ ****My Wife is a Gangster ရုပ်ရှင်ကားတွေက ၃ ကားထွက်ရှိထားပြီးhttps://channelmyanmar.org/?s=my+wife+is+a+gangsterမှာကြည့်ရှုနိုင်ပါတယ်။...
特种突袭之觉醒 (2024) ⭐TMDB: 0.0% User Score 🎬 #Action #Crime #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 26 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မှုခင်းအက်ရှင်ရုပ်ရှင်ကိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက်Special Raid ဆိုတဲ့ ရုပ်ရှင်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- အထူးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တဲ့ ခဲပေဟာ ရာထူးက ရပ်နားပြီးသာမန်ဘဝကို မိသားစုနဲ့အတူ ဖြတ်သန်းနေသူ ဖြစ်ပါတယ်။တစ်နေ့မှာနိုင်ငံခြားကိုမိသားစုလိုက် ခရီးထွက်လာတဲ့ခဲပေဟာ ဒုစရိုက်ဂိုဏ်းတွေ အပေးအယူလုပ်တဲ့ထဲ ပါဝင်မိသွားခဲ့ပါတယ်။ မိန်းမနဲ့ ကလေးဖြစ်သူကို ကာကွယ်ဖို့အတွက် ဒုစရိုက်ဂိုဏ်းတွေ လက်ထဲကလွတ်မြောက်ဖို့ ကြိုးစားခဲ့ပေမဲ့ အတိတ်ကရန်သူဟောင်းရယ်ကုန်ဖြစ်သူနဲ့ ပြန်တွေ့ခဲ့ပါတယ်။ ရယ်ကုန်က သူ့ရဲ့ မိန်းမနဲ့ကလေးကိုဖမ်းသွားခဲ့ပြီး တရုတ်ငွေအတုရိုက်နှိပ်ဖို့မိတ္တူပြားကို အပေးအယူလုပ်ဖို့ တောင်းဆိုလာပါတယ်။ မိသားစုနဲ့ နိုင်ငံ့အကျိုးကြား ရွေးချယ်ရတဲ့အခါ ခဲပေတစ်ယောက် ဘယ်လိုဆုံးဖြတ်မလဲ……ဒုစရိုက်သမားတွေရဲ့ ဇာတ်သိမ်းကရော ဘယ်လိုဖြစ်မလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။...
Camp Hideout (2023) ⭐IMDB: 4.7/10 (918 Votes) 🎬 #Comedy #Family 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 40 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Camp Hideout (2023)================ လူငယ်ထိန်းသိမ်းရေးစခန်းကနေ လွတ်လာတဲ့ Noah က သူနဲ့ရွယ်တူဆယ်ကျော်သက်ကလေးတွေစုထွက်တဲ့ နွေရာသီစခန်းဆီ ဆန္ဒမပါဘဲဝင်ခဲ့ရတယ်။ ဖော်ဖော်ရွေရွေမရှိ အမြဲတမ်းစိတ်တိုနေတတ်တဲ့ Noahက စခန်းမှာလည်း လူတွေနဲ့အရောတဝင်မရှိခဲ့ဘူး။ အဲဒီအချိန်မှာ သူအရင်ကပတ်သက်ခဲ့တဲ့ လူလိမ်သူခိုးတွေရဲ့ပစ္စည်းက သူ့ဆီ မှားပါနေတာကိုသိလိုက်ရပြီး အဲဒီပစ္စည်းကို လူဆိုးတွေလာယူရင် သူ့သူငယ်ချင်းတွေဒုက္ခမရောက်ဖို့ ကြိုးစားရပါတော့တယ်။ ဒီဇာတ်လမ်းက ဆယ်ကျော်သက်လူငယ်ကလေးတွေရဲ့ ဟာသဇာတ်လမ်းဖြစ်ပြီး သူငယ်ချင်းတွေရဲ့ အချင်းချင်းစည်းလုံးပြီးကူညီတတ်တဲ့ဆက်ဆံရေးကို နားလည်အောင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...
Deep Woods (2022) ⭐IMDB: 4.2/10 (165 Votes) 🎬 #Thriller 🗓 2022 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 34 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Deep Woods (2022)================ ဒါရိုက်တာ Steve Laughlin ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးကတော့သည်းထိပ်ရင်ဖိုဇာတ်ကားနှစ်သက်သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ နစ်ခ် နဲ့ တိုင် တို့ဟာ မတွေ့ရတာကြာပြီဖြစ်တဲ့ အရမ်းခင်ကြတဲ့ သူငယ်ချင်းဟောင်းတွေပါ။ တစ်နေ့တော့ မြို့ပေါ်မှာနေတဲ့ တိုင် ဟာစိတ်ကူးပေါက်ပြီး တောရိုင်းထဲမှာ ငှက်ပစ်ချင်လာပါတော့တယ်။ အဲဒီလိုနဲ့ ရှေးခေတ်လူမျိုးစုတွေရဲ့မျိုးဆက်ဖြစ်တာနဲ့အညီသစ်တောတွေ၊ အမဲလိုက်တာတွေနဲ့ ပတ်သက်ပြီးကျွမ်းကျင်တဲ့ သူငယ်ချင်းဟောင်း နစ်ခ် ကိုဆက်သွယ်လာပါတော့တယ်။ ဒီလိုနဲ့ နစ်ခ် နဲ့အတူအမဲလိုက်ထွက်ရင်း တောထဲမှာတရားမ၀င်ဆေးခြောက်စိုက်နေတဲ့ အဖွဲ့နဲ့သွားရှုပ်မိပါတယ်။ အဲဒီနောက်တော့ ပစ်ခတ်မှုတွေဖြစ်ပြီးနစ်ခ် နဲ့လူချင်းကွဲသွားပါတယ်။ တိုင် ဟာဆေးခြောက်စိုက်တဲ့သူတွေရဲ့ ဒုစရိုက်မှုတွေကို မျက်မြင်သက်သေတစ်ဦးဖြစ်သွားလို့ လိုက်ပြီးအရှင်းခံရတဲ့အခါမှာ တိုင် တစ်ယောက်ဘယ်လိုလွတ်အောင်ပြေးမလဲ၊ နစ်ခ် ကရောအဲဒီအဖွဲ့နဲ့ ဘယ်လိုပတ်သက်နေလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Theo Katt ဖြစ်ပါတယ်)...
Anakku Enthinte Keda (2023) ⭐TMDB: 0.0% User Score 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 # ⏰ 2 နာရီ 9 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Anakku Enthinte Keda (2023)“ဆံသဆရာ သား” မလေယာလမ် ဒရာမာ/အချစ်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်IMDb rating 9.5 တောင်ရထားတာဆိုတော့ ဘာပြောကောင်းမလဲပေါ့ဗျာ မလေယာလမ် ရုပ်ရှင်တွေ ထုံးစံအတိုင်း star ပါဝါနဲ့ ဇာတ်ရှုပ်တွေကို အသားမပေးဘဲရိုးရှင်းတဲ့ အချစ်နဲ့ ဘဝဇာတ်လမ်းကို ငြိမ့်ငြိမ့်လေးကြည့်ရမှာပါ ဇာတ်လမ်းအကျဥ်းကတော့ ဆယ်မန်က ငယ်ငယ်ကတည်းက ဉာဏ်ကောင်းလွန်းလို့ပဟေဠိပြိုင်ပွဲတွေမှာ ဆုရပေမယ့် “ဆံသဆရာရဲ့သား” ဆိုပြီး ကလေးတွေကလှောင်ကြရာကနေ သည်းမခံနိုင်တော့ ကလေးတစ်ယောက်ကို ခေါင်းရိုက်ခွဲမိသွားတယ် ဆယ့်မန့်အဖေက ဆယ်မန့်ကို ဒေါသတကြီး ကြိုးတုပ်ပြီး ရိုက်နေတဲ့အချိန် အစ္စလာမ်တရားဟောဆရာတစ်ယောက်က တားလို့ ဆယ်မန့်ကို ဗလီခေါ်သွားပြီး စာသင်ပေးတယ် ဒီလိုနဲ့ ကြီးလာတော့လည်း ဆယ်မန်က ဗလီိမှာပဲ တရားဟောဆရာလုပ်… ရည်းစားကောင်မလေးကလည်းတက်သစ်စဖက်ရှင်ဒီဇိုင်နာ… နှစ်ယောက်အတူ ကြိုးစားပေမယ့်လည်း အခက်အခဲဆူးငြှောင့်ခလုတ်အမျိုးမျိုးကသူတို့တွေကို သာယာခွင့် သိပ်မပေးဘူးပေါ့လေ… လိုချင်တဲ့ ဘဝရည်မှန်းချက်တွေကိုတကယ်ရော ရောက်နိုင်ပါ့မလားဆိုတာ… အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်...
Drugstore June (2024) ⭐IMDB: 5.1/10 (362 Votes) 🎬 #Comedy #Crime #Mystery 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 31 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုခေတ်လူငယ်တွေ ကြုံတွေ့ဖြတ်သန်းနေရတဲ့ အဖြစ်အပျက်တွေကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးနှောပြီး တင်ဆက်ရိုက်ကူးထားတဲ့ “Drug store June” ဆိုတဲ့ ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးထဲမှာတော့ – ဆိုရှယ်မီဒီယာ ဆယ်လီကောင်မလေးဖြစ်ချင်တဲ့ ဇွန် အများအပေါ် ဝေဖန်ပြစ်တင်တတ်တဲ့ ဇွန် မိဘတွေနဲ့ သဘောထားမတိုက်ဆိုင်တဲ့ ဇွန် ရည်းစားဟောင်းအပေါ် စိတ်မပြတ်နိုင်သေးတဲ့ ဇွန် စတဲ့ လူမှုရေးပြဿာနာပေါင်းစုံကြားထဲမှာ ရုန်းကန် နေရတဲ့ဇွန်လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ…. တစ်နေ့မှာတော့ သူအလုပ်လုပ်တဲ့ဆေးဆိုင် ဓားပြတိုက်ခံလိုက်တော့ အမှုကို သူကိုယ်တိုင် ဝင်ရောက်ဖြေရှင်းဖို့ ကြိုးစားပါတော့တယ်…. အမှုဖြေရှင်းရင်း ဇွန်တစ်ယောက် ဘယ်လိုပြောင်းလဲ သွားလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းစွာနဲ့ ကြည့်ရှုခံစားရမှာပါ.. လက်တွေ့အပြင်လောက လူငယ်သဘောသဘာဝတွေကိုပါ ထည့်ရိုက်ပြထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရပျော်စေမှာ အမှန်ပါပဲ...
Fleet of Time (2014) ⭐IMDB: 5.6/10 (641 Votes) 🎬 #Drama #Romance 🗓 2014 🎞 movie 🌎 #China ⏰ 1 နာရီ 59 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ တရုတ် romance ကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားနာမည်ကတော့ fleet of time လို့ခေါ်ပြီးတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ ၁၉၉၀ – ၂၀၀၀ ပြည့်နှစ်ကြားမှာ အထက်တန်းကျောင်းသားဘဝကို ဖြတ်သန်းခဲ့ကြတဲ့ သူငယ်ချင်းတစ်ဖွဲ့အကြောင်းကို အဓိက ရိုက်ကူးထားတာဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်တွေအနေနဲ့ မင်းသား Eddie Peng က ချန်ရွှင်အဖြစ်နဲ့ နာမည်ကြီးရုပ်ရှင် Lost in the Stars ထဲက မင်းသမီး Ni Ni က ဖန်းဟွေအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဖန်းဟွေဟာ တခြားကျောင်းကနေ ပြောင်းလာတဲ့ ကျောင်းသူအသစ်ပါ။ အမြဲတမ်း တစ်ယောက်တည်း သီးသန့်နေတတ်ပြီး ဘယ်သူနဲ့မှလည်း စကားမပြောပါဘူး။ ချန်ရွှင်က ဖန်းဟွေကို စစတွေ့ချင်းနေ့မှာတင် စိတ်ဝင်စားသွားခဲ့ပြီးတော့ ဖန်ဟွေရဲ့ အာရုံစိုက်မှုကိုရဖို့ နည်းမျိုစုံသုံးတော့တာပေါ့။ ချန်ရွှင်တို့ သူငယ်ချင်းအဖွဲ့ထဲက လင်းကျားမော့ဆိုတဲ့ ကောင်မလေးရဲ့ ဖန်တီးပေးမှုကြောင့် ဖန်းဟွေလည်း ချန်ရွှင်တို့အဖွဲ့ထဲကို ရောက်လာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ချန်ရွှင်ဟာ ဖန်းဟွေရဲ့ နာကျင်စရာ အတိတ်စိတ်ဒဏ်ရာကို သိသွားရင်းကနေ ချစ်မိသွားခဲ့ပါတယ်။ ဖန်းဟွေကလည်း ချန်ရွှင်ကို ပြန်ချစ်နေခဲ့တာမလို့ နှစ်ယောက်ဟာ ရည်းစားတွေဖြစ်သွားခဲ့ကြပါတယ်။ ဒါပေမဲ့လည်း တစ်ခါတလေမှာ အချစ်ဆိုတဲ့အရာက ဒီလူတစ်ယောက်နဲ့စခဲ့ပြီး ဒီလူနဲ့ပဲ အဆုံးသတ်မယ်လို့ တပ်အပ်မပြောနိုင်တဲ့ အရာတစ်ခုပါပဲ။ အထူးသဖြင့် အထက်တန်းဘဝမှာ စတင်တွေ့ရှိခဲ့တဲ့ အချစ်ဟာ တစ်သက်စာ အတူရှိသွားနိုင်ဖို့က လက်တွေ့မှာ မလွယ်ကူခဲ့ပါဘူး။ ချန်ရွှင်နဲ့ ဖန်းဟွေဟာလည်း အချိန်ရေစီးကြောင်းထဲမှာ ဖြတ်သန်းနေတဲ့ လူတွေပဲဖြစ်တာမလို့ သူတို့နှစ်ယောက်ကရော အချိန်ရဲ့ စမ်းသပ်မှုတွေကို ကျော်လွှားနိုင်ပါ့မလား။ အထက်တန်းဘဝမှာ ထားရှိခဲ့တဲ့ ကတိတွေကိုရော တစ်သက်စာ တည်သွားနိုင်လိမ့်မလားဆိုတာကိုတော့ ပရိသတ်ကြီးတို့ကိုယ်တိုင် ကြည့်ရှုလိုက်ပါ။ ဇာတ်လိုက်နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းအပြင် ကျောင်းသားဘဝမှာ တွေ့ကြုံလေ့ရှိတဲ့ အချစ်မေတ္တာတွေ၊ လွဲချော်သွားခဲ့တဲ့ ရေစက်တွေ၊ ချစ်တိုင်းလည်း မနီးစပ်နိုင်တာတွေ…. ဒါတွေအားလုံးကို ရိုက်ပြထားတာမလို့ ရင်ထဲမှာ ခပ်ဆွေးဆွေးဖြစ်စေမယ့် ရုပ်ရှင်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ ပရိသတ်ကြီးတို့လည်း လက်မလွတ်တမ်း ကြည့်ရှုလိုက်ပါဦးနော်။...
