ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Mission: Impossible - Rogue Nation (2015)
⭐IMDB: 7.4/10 (384 k Votes)
🎬 #Action #Adventure #Thriller
🗓️ 2015 🎞️ Movie
📺 #720p #4K
💿 1.11 GB ⦿ 9.90 GB
🌎 #UnitedStates #China #UnitedStatesofAmerica
⏰ 2 နာရီ 11 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mission: Impossible V – Rogue Nation (2015)
=================================
IMDb Rating 7.4/10
ဒီကားကတော့ အားလုံးသိတဲ့အတိုင်း မင်းသားချော Tom Cruise ရဲ့ Mission Impossible ဇာတ်လမ်းတွဲ ထဲက ငါးကားမြောက် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်ကားအကြောင်းမပြောခင် MI ဇာတ်ကားတွေမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ ဇာတ်ကားတစ်ကားပြောင်းတိုင်း ဒါရိုက်တာ အသစ်ပြောင်းသွားပြီး ဒါရိုက်တာအားလုံးကလည်း အသစ်တွေဖြစ်ကြပါတယ်။ Mission Impossible ကိုမရိုက်ကူးခင်မှာ အဲ့ဒီဒါရိုက်တာတွေ က ဇာတ်ကားကြီးတွေမရိုက်ဖူးထားပါဘူး။ Brian De Palma က ပထမဆုံးကား၊ John Woo က ဒုတိယကား၊ J.J. Abram က တတိယကားနဲ့ နောက်ဆုံး Brad Bird က Ghost Protocol ကိုရိုက်ကူးထားကြပါတယ်။ အခု Rogue Nation ကိုတော့ Christopher McQuarrie (Edge of Tomorrow) ကရိုက်ကူးထားပါတယ်။ ဇာတ်ကားအားလုံးကို Tom Cruise က တည်းဖြတ်ထုတ်လုပ်ခဲ့ပြီး ဒါရိုက်တာတွေကိုလည်း သူကိုယ်တိုင် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
Mission Impossible က ပထမသုံးကားက ဆင်တူ ယိုးမှားဇာတ်လမ်းတွေပဲဖြစ်ပြီး၊ စတုတ္ထကား Ghost Protocol ကနေစပြီး Spy Action ကားကောင်း တစ်ကား အသွင်ဖြစ်လာပါတယ်။ ပထမသုံးကားက တစ်ကားနဲ့ တစ်ကား အဆက်အစပ်မရှိသလို သုံးကားလုံးမှာ Luther နဲ့ Hunt ကလွဲရင် ပါတဲ့ သရုပ်ဆောင်တွေ လည်း မတူပါဘူး။ ဒါပေမယ့်ဒီကားမှာ တော့ အရင် တုန်းကနဲ့ မတူပဲ Ghost Protocol အဆုံးကနေ ပြန်ဆက်ထားပါတယ်။ Ghost Protocol အဆုံးသတ်မှာ Ethan Hunt က The Syndicate ဆိုတဲ့အဖွဲ့အစည်းကို ခြေရာခံဖို့ တာဝန်ပေးခံရပါတယ်။
ဒီဇာတ်ကားအစမှာ Ethan Hunt က Nerve Gas တွေကို အကြမ်းဖက်သမားတွေ လက်ထဲမရောက်အောင် လုပ်ရင်းက The Syndicate ဆိုတဲ့အဖွဲ့အစည်း အကြောင်းကို စုံစမ်းဖို့ လုပ်ပါတယ်။ ဒီအချိန်မှာပဲ London မှာ သူ့ရဲ့ နောက်ထပ် Mission အကြောင်းအရာကို နားထောင်နေတုန်းမှာပဲ Syndicate ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ တစ်ဖက်မှာလည်း IMF အဖွဲကို ဖျက်သိမ်းလိုက်ပြီး CIA ရဲ့ လက်အောက်ကို ပေါင်းထည့်လိုက်ပါတယ်။ IMF Chief Analyst ဖြစ်တဲ့ William Brandt (Jeremy Renner) က လည်း CIA အရာရှိ Alan Hunley (Alec Baldwin) လက်အောက်ကို ရောက်သွားပါတယ်။
ဒါကြောင့် Hunt ကိုလည်းမကူညီနိုင်တော့သလို သူတို့ IMF အဖွဲ့လည်း ပျက်သွားပြီဖြစ်လို့ ဘာလုပ်ရမှန်း မသိဖြစ်နေပါတယ်။ Hunt က Syndicate ရဲ့ လက်ထဲကနေ MI6 (British Intelligence) Secret Agent မလေး ရဲ့ အကူအညီနဲ့ လွတ်မြောက်လာခဲ့ပြီးနောက် Syndicate ရဲ့ အဓိက ခေါင်းဆောင် Solomon Lane ကို ရအောင် ရှာဖွေပြီး သူရဲ့ အကြံအစည်တွေ အထမမြောက်အောင် တားဆီးရမှာဖြစ်ပါတယ်။The Syndicate ဆိုတာ British တွေ ရဲ့ Black Ops အဖွဲ့အစည်းဖြစ်ပြီး သူတို့ရဲ့ အစီအစဉ်က အခြား နိုင်ငံတွေက Spy တွေကို Recruit လုပ်ပြီး Black Ops Mission တွေလုပ်ခိုင်းမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို Prime Minister က အတည်မပြုပေမယ့် သူတို့ က တရားမဝင်လုပ်နေရင်းက Solomon Lane က သစ္စာဖောက်ပြီး သူ့ပါသူ ခွဲထွက်သွားတာဖြစ်ပါတယ်။
ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပြီး James Bond ဇာတ်ကားတွေ ကြည့်ရသလိုပဲ Spy ကားဆန်ဆန် ရိုက်ကူးထားပါတယ်။ ဒါပေမယ့် James Bond ဇာတ်ကားတော်တော်များများထက်ကောင်းပြီး အက်ရှင် ကောင်းကောင်းတွေလည်းပါပါတယ်။ MI6 Agent အဖြစ် သရုပ်ဆောင်ထားတဲ့ Rebecca Ferguson က သရုပ်ဆောင်ကောင်းပြီး အက်ရှင် စတားတစ်ဦးအဖြစ်လည်း ပီပီပြင်ပြင် သရုပ်ဆောင်ထားနိုင်တာ တွေ့ရပါတယ်။ Tom Cruise နဲ့ အတူ Jeremy Renner, Simon Pegg နဲ့ Ving Rhames (Luther Stickell) တို့ကလည်း ပြန်လည်ပါဝင်ထားကြပါတယ်။ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Spy ကားကောင်း တစ်ကား ဖြစ်တာနဲ့အညီ ဇာတ်လမ်းကလည်း ပရိတ်သတ်ကို လှည့်စား ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။
ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး မင်းသမီး Rebbeca ကို ရေကူးဝတ်စုံနဲ့ တစ်ခန်းတွေ့ရပေမယ့် No Sex, No Nudity ဖြစ်လို့ မိသားစု တူတူကြည့်နိုင်ပါတယ်။(ရုပ်ရှင်အညွှန်းကို Movies For Myanmar မှ တင်ဆက်ထားပါတယ်။)
Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာhttps://channelmyanmar.org/?s=mission+impossibleကြည့်ပါ။
Mission: Impossible - Ghost Protocol (2011)
⭐IMDB: 7.4/10 (502 k Votes)
🎬 #Action #Adventure #Thriller
🗓️ 2011 🎞️ Movie
📺 #720p #4K
💿 1.12 GB ⦿ 10.88 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 12 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mission: Impossible – Ghost Protocol (2011)================================IMDb Rating 7.4/10
ကျွန်တော်တို့ဘဝမှာ No Plan,No Backup,No Choice အခြေအနေဖြစ်နေတဲ့အခက်အခဲတွေကိုကြုံ ဖူးကြမှာပါ၊ ဒီဇာတ်ကားထဲကလိုပေါ့။
ကျွန်တော်အကြိုက်ဆုံးဇာတ်ကားတွေထဲမှာ Mission Impossible ဇာတ်ကားတွေလည်း ပါပါတယ်။Mission Impossible ဇာတ်ကားတိုင်းဟာ ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းဇာတ်ကွက်၊ မရိုးနိုင်တဲ့စွန့်စားခန်းတွေနဲ့ ရုံဝင်ငွေကိုဦးဆောင်နိုင်ခဲ့တာချည်းပါပဲ။
ဇာတ်လမ်းအကျဉ်းကတော့…
အကြမ်းဖက်သမားတွေ ကရင်မလင် နန်းတော်ကို ဗုံးခွဲရာမှာ မတားဆီးနိုင်ခဲ့တာကြောင့် IMF အေးဂျင့်တွေဖြစ်တဲ့အီသန်ဟန့်နဲ့ ထောက်လှမ်းရေး အေဂျင်စီ တစ်ဖွဲ့လုံး နုတ်ထွက်လိုက်ရပါတယ်။
အဖွဲ့အစည်း အထောက်အပံ့ မရတော့ပေမယ့် အီသန်ဟန့်တစ်ယောက် လက်မလျှော့ဘဲသူ့နာမည်နဲ့ သူတို့အေဂျင်စီ ဂုဏ်သတင်းကို ကာကွယ်ဖို့နဲ့ နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်ဖြစ်မလာဖို့ အားကုန်ရုန်းပါတော့တယ်။
ဒါပေမယ့် သူတို့အဖွဲ့မှာ သူနဲ့ရည်မှန်းချက်မတူတဲ့လူတွေလဲပါဝင်နေတာကြောင့် မှန်ကန်တဲ့ရွေးချယ်မှုတွေနဲ့ IMF တစ်ဖွဲ့လုံးကို ပြန်လည်ကယ်တင်နိုင်မလားဆိုတာကတော့…။
Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာhttps://channelmyanmar.org/?s=mission+impossibleကြည့်ပါ။
Mission: Impossible III (2006)
⭐IMDB: 6.9/10 (367 k Votes)
🎬 #Action #Adventure #Thriller
🗓️ 2006 🎞️ Movie
📺 #720p #4K
💿 1.06 GB ⦿ 9.10 GB
🌎 #UnitedStates #Germany #China #Italy
⏰ 2 နာရီ 5 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mission: Impossible III (2006)
=======================
IMDb Rating 6.9/10
ဒီထဲမှာတော့ အီသန်ဟန့်တစ်ယောက် IMF Agent အသစ်တွေကို ထရိန်းဖို့ Agent ဘဝကနေ အနားယူခဲ့ပေမယ့်
လက်နက်မှောင်ခိုရောင်းဝယ်ရေးအရှုပ်ထုပ်အတွင်းမှာ သူ့ချစ်သူကို လိုက်ကယ်ရတဲ့ Mission ကို မြင်တွေ့ရမှာပါ…
ထုံးစံအတိုင်း ရှေ့က ၂ ကားရဲ့ ရသကို မီခဲ့တဲ့အပြင် ဒီဇာတ်ကားက တော်တော်လေးကြမ်းတမ်းတဲ့ လှည့်ကွက်တွေနဲ့ ဟင်ခနဲ ဟာခနဲဖြစ်ရတဲ့ MI ဇာတ်ကားပါပဲ…
ဒါကြောင့်လဲ နံပါတ် ၃ ကားမြှောက်ဇာတ်ကားဆိုပေမယ့် တစ်ချက်လေးမှ ပေါ့ရွှတ်မနေခဲ့ဘဲ Rating မြင့် အက်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။
Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာhttps://channelmyanmar.org/?s=mission+impossibleကြည့်ပါ။
Mission: Impossible II (2000)
⭐IMDB: 6.1/10 (353 k Votes)
🎬 #Action #Adventure #Thriller
🗓️ 2000 🎞️ Movie
📺 #720p #4K
💿 1.04 GB ⦿ 8.99 GB
🌎 #UnitedStates #Germany
⏰ 2 နာရီ 3 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mission: Impossible II (2000)=======================IMDb Rating 6.1/10
မင်းသား Tom Cruise ရဲ့ Mission Impossible ဇာတ်ကားတွေထဲကမှ နံပါတ် ၂ ဇာတ်ကားပါ…ဇာတ်လမ်းအကျဉ်းကတော့….
ဒေါက်တာ ဗလာဒီမာဟိုနိုဗစ်ဟာ အဖျက်စွမ်းအားအင်မတန်ကြီးမားတဲ့ ကိုက်မယ်ရာ လို့ခေါ်တဲ့ဗိုင်းရပ်စ်တစ်မျိုးကို မှားယွင်းတီထွင်မိပါတယ်။သူ့ကိုယ်သူအမှားလုပ်မိမှန်းသိလို့ ဖြေဆေးကိုပါပြန်ပြီး တီထွင်ပါတယ်။
ပြီးတော့ ဒီဗိုင်းရပ်ကို မသမာသူတွေလိုချင်တယ်ဆိုတာကိုသိလို့ ဖြေဆေးရော ဗိုင်းရပ်စ်ပိုးကိုယူပြီး အဝေးကိုထွက်သွားဖို့ကြိုးစားရမှာ သူ့ရဲ့အယုံကြည်ရဆုံးသူဖြစ်တဲ့IMF အေးဂျင့် အီသန်ဟန့် ကိုအကူအညီတောင်းပါတယ်။ ဖြစ်ချင်တော့ အီသန်ဟန့်ဟာအဲ့အချိန်မှာအားလပ်ရက်ယူနေတာဖြစ်ပြီး၊ IMF အဖွဲ့အစည်းက ဘယ်လိုမှရှာမရတာမို့ အီသန်ဟန့်ရဲ့မျက်နှာဖုံးကိုတခြားသူမှာတက်ပြီးလူစားထိုးလွှတ်လိုက်ပါတယ်။
အဲ့လူက လောဘတက်ပြီးသစ္စာဖောက်သွားတဲ့အခါမှာ အီသန်ဟန့်တစ်ယောက် ဗိုင်းရပ်ကိုဘယ်လိုပြန်ပြီးယူမလဲ စတဲ့စွန့်စားခန်းတွေနဲ့အတူအက်ရှင်ကားအကောင်းစားတွေကြိုက်နှစ်သက်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာhttps://channelmyanmar.org/?s=mission+impossibleကြည့်ပါ။
Mission: Impossible (1996)
⭐IMDB: 7.1/10 (439 k Votes)
🎬 #Action #Adventure #Thriller
🗓️ 1996 🎞️ Movie
📺 #720p #4K
💿 947.36 MB ⦿ 8.52 GB
🌎 #UnitedStates
⏰ 1 နာရီ 50 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mission: Impossible I (1996)
====================
IMDb Rating 7.1/10
1996 ခုနှစ်မှာ စတင်ထွက်ရှိခဲ့ပြီး Mission Impossible ဇာတ်ကားတွေရဲ့ ပထမဦးဆုံးကားဖြစ်ပါတယ်..မင်းသားတွမ်ခရုရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ film စီးရီးပါပဲ…Brian De Palma ရိုက်ကူးတင်ဆက်ခဲ့ပြီး ဒီဇာတ်ကားဟာ IMDb Rate မှာလည်း 7.1 ရရှိခဲ့ပါတယ်..မင်းသားတွမ်ခရုကိုလည်း ငယ်ငယ်ရွယ်ရွယ်နဲ့တွေ့မြင်နိုင်တဲ့ကားဖြစ်ပါတယ်။
ဇာတ်လမ်းကတော့…
IMF အဖွဲ့အစည်းရဲ့အစဖြစ်တဲ့ တကယ်တော်တဲ့အေးဂျင့်တွေနဲ့စုပေါင်းလှုပ်ရှားထားတဲ့ အဖွဲ့ဟာပရောဂျက်တခုကိုလုပ်ဆောင်နေရင်းနဲ့ အီသန်ဟန့် ကလွဲရင် ကျန်တဲ့အဖွဲ့ဝင်တွေအားလုံးအသတ်ခံလိုက်ရပါတယ်..
တကယ်တော့အဲ့ဒီပရောဂျက်ဟာ ဗဟိုအဖွဲ့အစည်းက သစ္စာဖောက်ကိုဖေါ်ထုတ်မယ့်ပရောဂျက်ပါ..အီသန်တစ်ဦးတည်းသာအသက်ရှင်ကျန်ခဲ့တာမို့ CIA ကနေ ဖမ်းဖို့ကြိုးစားပါတော့တယ်ထိပ်တန်းလျို့ဝှက်ချက်ဖိုင်ကြောင့် သစ္စာဖောက်တယ်ဆိုတာသိပေမယ့် အီသန်ဟန့်ဟာ တကယ့်သစ္စာဖောက်ခဲ့တဲ့သူကိုလိုက်ရှာဖို့ကြိုးစားပါတယ်..ဒီတော့ သူကိုယ်တိုင် သူလျိုအဖြစ်နဲ့ အဝယ်တော်ဘက်ကိုပူးပေါင်းကာ သစ္စာဖောက်အစစ်ကိုရှာဖို့အတွက် ထိပ်တန်းလျို့ဝှက်ချက်ကို စီအိုင်အေ ရုံးချုပ်ကနေမရရအောင်ပြန်ခိုးပါတော့တယ်…
အမိုက်စားအက်ရှင်ဇာတ်ကားဖြစ်တဲ့အဖြစ်..မင်းသားတွမ်ခရုရဲ့သရုပ်ဆောင်ကောင်းမှု …ဇာတ်လမ်းဇာတ်အိမ်စုဖွဲ့မှုကောင်းမှုတွေကြောင့် 1996 က ထွက်ရှိခဲ့ပေမယ့်ယခုထိတိုင်အသက်ဝင်နာမည်ကျော်ကြားဆဲဇာတ်ကားဖြစ်ပါတယ်။
Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာhttps://channelmyanmar.org/?s=mission+impossibleကြည့်ပါ။
Tin & Tina (2023)
⭐IMDB: 4.8/10 (2 k Votes)
🎬 #Horror #Mystery #Thriller
🗓️ 2023 🎞️ Movie
📺 #1080p #720p #480p
💿 2.96 GB ⦿ 1.45 GB ⦿ 561.80 MB
🌎 #Spain #UnitedStates #Romania
⏰ 2 နာရီ 41 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
After a traumatic miscarriage, Lola and her husband Adolfo adopt Tin and Tina, a lovely albino brother and sister with an ultra-catholic education that makes them interpret Holy Bible verbatim.
The Lion King (2019)
⭐IMDB: 6.8/10 (254 k Votes)
🎬 #Adventure #Animation #Drama #Family #Musical
🗓️ 2019 🎞️ Movie
📺 1080p #720p #4K
💿 1.41 GB ⦿ 4.47 GB
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 58 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Lion King (2019)______IMDb – 6.9/10
ကလေးဘဝရဲ့ အကောင်းဆုံး ကာတွန်းရုပ်ရှင်တွေထဲက တစ်ခုကို
Live action ပြန်လည်ရိုက်ကူးထားတာပါပဲ။
၉၀ဖွား အများစုကတော့ Lion King ကို အတော်ရင်းနှီးနေကြမှာပါ။
ဇာတ်လမ်းအကျဉ်းကတော့ ပြောစရာတောင် လိုမယ်မထင်ပါဘူး။
ဒီကားမှာလဲ သီချင်းတွေ၊ နာမည်ကျော်ခဲ့တဲ့ စကားစုတွေ အကုန်ပြန်ပါပါတယ်။
အမြင်သစ်နဲ့ ခံစားရမှာပါပဲ။
အသံသရုပ်ဆောင်တွေကတော့ အပြောင်းအလဲဖြစ်လာခဲ့ပါပြီ။
ဥပမာ နာလာ နေရာမှာ ဘီယွန်စေး၊ ဇာဇူးရဲ့ မစ္စတာဘင်း အသံနေရာမှာ
ဂျွန်အိုလီဗာ စသည်ဖြင့်ပါ။
ဒါပေမယ့် မူဖာဆာရဲ့ အသံပိုင်ရှင်ကတော့ မပြောင်းလဲခဲ့ပါဘူး။
ဂျိမ်းစ် အားလ် ဂျုန်း ပါပဲ။
အမှတ်တရလေးတွေ ပြန်ကြည့်ဖို့ရယ် ကလေးတွေကို မိတ်ဆက်ပေးဖို့ရယ်
ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါတယ်။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Mr Anderson ပဲဖြစ်ပါတယ်……
Natural City (2003)
⭐IMDB: 5.7/10 (5 k Votes)
🎬 #Action #Drama #SciFi #Thriller
🗓️ 2003 🎞️ Movie
📺 #1080p #720p #480p
💿 2.95 GB ⦿ 981.60 MB ⦿ 490.70 MB
🌎 #SouthKorea
⏰ 1 နာရီ 53 မိနစ် 41 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Natural City (2003)
မဝေးတော့တဲ့ အနာဂတ်ကာလတစ်ခုမှာ လူသားတွေဟာ လူ့အဖွဲ့အစည်းကို ထိန်းသိမ်းဖို့အတွက် စက်ရုပ်တွေကို မှီခိုလာကြပါတယ်။ လူသားတွေနဲ့ စွမ်းဆောင်ရည်တူအောင် ထုတ်လုပ်ထားတဲ့ အဆိုပါ ဆိုင်ဘော့ စက်ရုပ်တွေဟာ သုံးနှစ်သာ သက်တမ်းရှိကြပြီး သက်တမ်းပြည့်တဲ့အခါ ဖျက်ဆီးစွန့်ပစ်ရုံကို ပို့ဆောင်ခံရမှာပါ။
ဒါပေမဲ့ စမ်းသပ်ပေါင်းစည်းသူ ပညာရှင်တွေဟာ လူသားတွေနဲ့ ဆိုက်ဘော့စက်ရုပ်တွေရဲ့ စိတ်ဝိညာဉ်ကို ပေါင်းစည်းနိုင်တဲ့ လုပ်ငန်းစဉ်ကို တီထွင်ခဲ့တဲ့အခါ တင်းကျပ်စွာ ခွဲခြားထားတဲ့ လူ့အဖွဲ့အစည်းမှာ အပျက်အစီးတွေ စတင်ဖြစ်ပေါ်လာပါတယ်။
တိုက်ခိုက်ရေး ဆိုက်ဘော့တွေဟာ သူတို့ရဲ့ သုံးနှစ်တာသက်တမ်းကို ရှည်ကြာစေမယ်လို့ ယူဆရတဲ့ DNA နမူနာကို ရှာဖွေဖို့ ပင်မဓာတ်ခွဲခန်းကို ဝင်ရောက်စီးနင်းလာတဲ့အခါမှာတော့ …
အဆိုပါ ပုန်ကန်မှုကို နှိမ်နင်းဖို့အတွက် ရဲအရာရှိတွေဖြစ်ကြတဲ့ R နဲ့ Noma တို့က ဘယ်လိုအခက်အခဲတွေကို ဖြတ်ကျော်ရမလဲ?အဆုံးသတ်မှာရော လူသားတွေနဲ့ ဆိုင်ဘော့ကြားမှာ ဘယ်သူက အနိုင်ရသွားနိုင်မလဲ?
ဒီရုပ်ရှင်ဟာ Blade Runner နဲ့ Ghost in the shell အစရှိတဲ့ ရုပ်ရှင်တွေနဲ့ ဆင်တူပြီး Sci-Fi ကြိုက်သူတွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုအားပေးကြပါဦးနော်။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Hazelပါ။)
Girlfriend na pwede na (2023)
⭐IMDB: 6.5/10 (18 Votes)
🎬 #Asian #Comedy #Romance
🗓️ 2023 🎞️ Movie
📺 #1080p #720p
💿 1.82 GB ⦿ 679.01 MB
🌎 #Philippines
⏰ 1 နာရီ 40 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Girlfriend na pwede na (2023)imdb6.5/10
ဒီဇာတ်လမ်းလေးကတော့ အချစ် ကြည်နူးမူ နဲ့ ဟာသလေးတွေကို ပေါင်းစုပြီး ကြည့်ရမည့်ကားလေးတစ်ကားပါအချစ်ကြောင့် ငိုရ ရီရ အခြေအနေအမျိူးမျိူးအကြောင်းကို ပုံဖော်ရိုက်ကူးထားပြီးဟာသလေးခပ်စိပ်စိပ်နဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရမယ့် ရုပ်ရှင်လေးတပုဒ်ဆိုလဲမမှားပါဘူး
ဇာတ်လမ်းအကျဉ်းကတော့ အချိန်အကြာကြီးအတူရှိလာခဲ့တဲ့ တက်သစ်စဒါရိုက်တာလေးနဲ့သူ့ရဲ့ချစ်သူ အူကြောင်ကြောင်ကောင်မလေးတိုရဲ့ အဆင်မပြေမှုတွေကနေ စထားပါတယ်ပန်ဆိုတဲ့ ကောင်မလေးဟာ သူ့ရဲ့စီးပွားရေးနယ်ပယ်မှာတော့ အောင်မြင်နေတဲ့အမျိုးသမီးလေးတဦးဖြစ်ပေမယ့် ချစ်သူဒါရိုက်တာလေး သိပ်ကိုရူးသွပ်တဲ့ ရုပ်ရှင်တွေနဲ့ပက်သက်လာရင်တော့ဘာမှမသိသူလေးပါ…. ကိုယ့်နယ်ပယ်နဲ့ကိုယ် အောင်မြင်နေကြပေမယ့် သူ့ချစ်သူဒါရိုက်တာလေးကမတူညီတဲ့ သူတိုရဲ့နယ်ပယ်တွေကို နှိင်းယှဉ်ပြီး ပန်ကို ဝေဖန်အပြစ်တင်လာတဲ့အခါ…သူတိုရဲ့အချစ်ရေးဟာ အဆင်ပြေပါတော့မလား ဘယ်လိုပြန်ညှိနှိင်းကြမလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှုကြရမှာပါ
ဒီဇာတ်ကားလေးက ကိုယ့်ချစ်သူကိုတန်ဖိုးထားသင့်ပြီ ဆုံးရူံးပြီးမှနောင်တရနေရမဲ့အဖြစ်မျိူးတွေကိုရှောင်လိုရအောင် ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ ရောနှောဖန်တီးထားတာကြောင့်ရယ်ရယ်မောမောနဲ့ ကြည့်ရှုသွားရမယ့်ဇာတ်လမ်းလေးတပုဒ်ပဲဖြစ်ပါတယ်
Brothers (2004)
⭐IMDB: 7.5/10 (12 k Votes)
🎬 #Drama #War
🗓️ 2004 🎞️ Movie
📺 #1080p #720p #480p
💿 2.64 GB ⦿ 1.10 GB ⦿ 551.53 MB
🌎 #Denmark #UnitedKingdom #Sweden #Norway
⏰ 1 နာရီ 52 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Brothers (2004)
အကြောင်းအရာကတော့ ညီအစ်ကိုနှစ်ယောက်အကြားက မိသားစုအရှုပ်အရှင်းပြဿနာပါပဲ။ အစ်ကို ဖြစ်သူဟာ အောင်မြင်တဲ့ ဖခင်တစ်ယောက် ဖြစ်ပြီး ချောမောတဲ့ ဇနီးဖြစ်သူနဲ့ သမီးနှစ်ယောက်ကိုပိုင်ဆိုင်ထားပါတယ်။ အလုပ်အကိုင်ကလည်း အတည်တကျ စစ်ဗိုလ်ပေါ့။
ညီဖြစ်သူကတော့ လေလွင့်လိုက်၊ ထောင်ကျလိုက်နဲ့ ဘာမှ မည်မည်ရရ မရှိ။ တစ်နေ့ အစ်ကိုဖြစ်သူက အာဖဂန်ကို ဝာာဝန်အရ စစ်တိုက်ဖို့သွားရင်း စစ်ပွဲမှာကျဆုံးသွားပါတယ်။ဒီလိုနဲ့ အစ်ကိုဖြစ်သူရဲ့ မိသားစုကို ညီဖြစ်က နှစ်သိမ့်အားပေးရင်း အစ်ကိုဖြစ်သူရဲ့ဇနီးနဲ့ပါ ကြိုးချင်းငြိသွားတယ်ပေါ့။
အဲ့ဒီမှာ အစ်ကိုဖြစ်သူက စစ်ပွဲမှာ မသေဘဲ ပြန်ရောက်လာတဲ့အခါမှာတော့…ဘာတွေဆက်ဖြစ်မလဲဆိုတာ တကူးတကပြောနေစရာမလိုတော့ပါဘူး ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Themesပါ။)
Age Of Heros (2023)
⭐⁉️
🎬 #Crime #Drama
🗓️ 2023 🎞️ Movie
📺 #1080p #480p
💿 1.20 GB ⦿ 466.11 MB
🌎 #China
⏰ 1 နာရီ 29 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဝမ်ဇီဟာရိုက်ကူးရေးတွေမှာ လူစားထိုးအဖြစ်သရုပ်ဆောင်ရတဲ့ကိုယ်ခံပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ဇနီးဟောင်းဟာအရမ်းကိုအောင်မြင်တဲ့မင်းသမီးတစ်ယောက်ဖြစ်နေပြီးအဆင်မပြေမှုတွေကြောင့်ကွာရှင်းခဲ့ရပါတယ်။
လူလတ်ပိုင်းလူတစ်ယောက်ဖြစ်တဲ့ဝမ်ဇီဟာ အလုပ်အကိုင်မှာရောအိမ်ထောင်ရေးမှာပါ အဆိုးဆုံးအခြေနေကိုရောက်နေပါတယ်။သမီးကိုစောင့်ရှောက်ခွင့်ရနိုင်ဖို့ရာ ကြိုးစားနေတုန်းမှာပဲမထင်မှတ်ပဲသမီးလေးကိုပြန်ပေးဆွဲခံလိုက်ရပါတယ်။
ဝမ်ဇီဟာအစွမ်းကုန်ကြိုးစားပြီး သူရဲ့ဇနီးဟောင်းနဲ့အတူသမီးလေးကိုကယ်ဖို့ကြိုးစားကြပါတယ်။ အခက်အခဲတွေအမျိုးမျိုးကျော်ဖြတ်ပြီးသူရဲ့သမီးလေးကိုဘယ်လိုကယ်တင်မလဲဆိုတာအက်ရှင်တွေဝေဝေဆာဆာနဲ့ သဲထိတ်ရင်ဖိုဖြစ်ရတဲ့ပြင်ဟာသလေးတွေနှောပြီး မပျင်းရအောင်ကြည့်ရမယ့်Comedy Action ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်
The Devildom Elephant Man (2023)
⭐TMDB: 0.0% User Score
🎬 #Action #Fantasy #Mystery
🗓️ 2023 🎞️ Movie
📺 #1080p #480p
💿 877.17 MB ⦿ 389.03 MB
🌎 #China
⏰ 1 နာရီ 15 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရှင်းလော်(ယခင် ထိုင်းနိုင်ငံအခေါ်အဝေါ်)ဆိုတဲ့နိုင်ငံမှာရှင်းလော်ဆင်မျိုးနွယ်ဆိုတဲ့ ဒဏ္ဍာရီလာမျိုးနွယ်တစ်စုရှိပါသတဲ့။မင်းသမီးစင်သီယာရဲ့ဖခင်ဖြစ်သူမျိုးနွယ်ခေါင်းဆောင်ဟာယဇ်ဆရာ”ဆာဖော့်ခွမ်း”ရဲ့ယုတ်မာသွေးဆောင်မှုကြောင့်အစီရင်လုပ်ထားတဲ့ဆေးတစ်မျိုးကို သောက်သုံးခဲ့ပါတယ် ၊အဲ့နောက်ပိုင်းကစပြီး….ပုံပြင်ဟာအစပြုလေပါတော့တယ်…
မင်းသမီး’စင်သီယာ’ဟာ ဖခင်ဖြစ်သူရဲ့အမှန်တရားကိုဖော်ထုတ်ဖိုကြိုးစားပါတော့တယ်ထိုစဉ်မှာ ယွင်ချင်ဘုရင်နဲ့လက်ဆက်ဖိုပိုလိုက်တဲ့ ရှင်းလော်ဆင်းမျိုးနွယ်မင်းသမီးစင်သီယာဟာ ရုတ်တရက်ပျောက်ဆုံးသွားတဲ့အခါ…
“ဟုန်လူစုသတ်ဖြတ်မှု”ဆိုတဲ့ လူပေါင်းရာချီအသက်သေဆုံးခဲ့ရတဲ့အမှုမှာမိသားစုဝင်ကိုဆုံးရှုးခဲ့ရတဲ့-“ဟုန်ရှီးကွမ်း”ရန်သူကို ကလဲ့စားချေဖိုလုပ်ရင်း အကျိုးတူအလဲလှယ်တစ်ခုကြောင့်စင်သီယာမင်းသမီးပျောက်ဆုံးမှုကို ဟုန်ရှီးကွမ်တစ်ယောက် ပါဝင်ရှာဖွေဖိုဖြစ်လာတဲ့အခါ…
-မိမိကိုယ်တိုင်ပျောက်ဆုံးနေတဲ့မင်းသမီးလေးရော ဖခင်ဖြစ်သူရဲ့အမှုကို ရှင်းလင်းနိုင်ပါ့မလား-ဟုန်ရှီးကွမ်းလုပ်ခဲ့တဲ့အလဲအလှယ်ကရော ဘာများဖြစ်နေမလဲ-လမ်းသွယ်လေးနှစ်ခွဲကနေ နောက်ဆုံးမှာဘယ်လိုလမ်းဆုံးဆုံမှတ်ကို ရောက်သွားနိုင်မလဲ….
Sulaikha Manzil (2023)
⭐IMDB: 7.2/10 (367 Votes)
🎬 #Bollywood #Drama #Fantasy #Romance #Comedy #Family
🗓️ 2023 🎞️ Movie
📺 #1080p #720p
💿 2.30 GB ⦿ 1019.74 MB
🌎 #India
⏰ 1 နာရီ 59 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sulaikha Manzil 2023 (IMDb 8.4/10)
ဘဝကြီးမှာ တစ်ခါမှမမြင်ဖူးသေးပဲ တစ်ပတ်လောက်ပဲ သိကျွမ်းဖူးတဲ့လူတစ်ယောက်ကို လက်ထပ်ရမယ်ဆိုရင် သင်ဘယ်လိုလုပ်မှာလဲဝမ်းသာမှာလား ပျော်ရွှင်မှာလားရင်ခုန်စိတ်လှုပ်ရှားမှာလားကြည်နူးနေမှာလားဒီမင်္ဂလာပွဲကြီးကိုရော သင်ဘယ်လိုစီစဉ်မလဲ ဘယ်လိုပြင်ဆင်မလဲစိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အဆင်သင့်ဖြစ်အောင်ပေါ့
ယခုဇာတ်ကားလေးထဲမှာလည်းအချိန်မယူရသေးဘဲ အလောတကြီးစီစဉ်လိုက်တဲ့ မင်္ဂလာပွဲတစ်ခုကိုကာယကံရှင်နှစ်ယောက်က ဘယ်လိုရင်ဆိုင်ကြမလဲသူတို့မိသားစုတွေရဲ့ကူညီမှုကရောအကူအညီဖြစ်မှာလား ဖိအားတွေပိုတိုးလာမှာလားသူငယ်ချင်းတွေကရော ကူညီကြမှာလားကူညီသလိုနဲ့ ဆေးတွေပဲဝိုင်းထိုးနေမလားနောက်ဆုံး အဆင်ပြေပြေနဲ့ပဲ အချစ်တွေပေါက်ဖွားလာပြီး မင်္ဂလာပွဲလေး အောင်မြင်သွားမလားစသည်ဖြင့် ခံစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပါ
ခုချိန်ထိ စော်မရဘဲမရ မိဘပေးစားမှ လင်ရမိန်းမရမဲ့ လူပျိုကြီး အပျိုကြီးများသို့မဟုတ် အသက်ငယ်ပေမဲ့ အဖြစ်မရှိလို့ မိဘကစောစောစီးစီးပေးစားတာခံရမဲ့FA ပေါက်စလေးများ ကြည့်ရင်းနဲ့ ပညာလဲရ ကိုယ့်အဖြစ်နဲ့လဲ ယှဉ်ထိုးခံစားလို့ရတာမို့လက်မလွှတ်တမ်းကြည့်ကြဖို့ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်( အညွှန်းရေးသားသူကတော့ Sai~Aditi ဖြစ်ပြီး ဘာသာပြန်တွေကတော့Sai~Aditi~Chiclon3~Yunni~Nyein~BpL တို့ပဲ ဖြစ်ပါတယ်)
Garmi (2023- )
⭐IMDB: 7.5/10 (575 Votes)
🎬 #Crime #Drama
🗓️ 2023- 🎞️ Series 📺 1080p
🌎 #India
⏰ 51 မိနစ် 12 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Garmi (2023) CompleteGarmi (TV Series 2023)
IMDb 7.5/10ရှာရွတ်ရဲ့ Dil Se…
အီဖာရဲ့ Haasil တို့လို ဇာတ်လမ်းကောင်းတွေကို ဇာတ်ညွှန်းဖန်တီးရိုက်ကူးခဲ့တဲ့
ဒါရိုက်တာကြီး Tigmanshu Dhulia ဇာတ်ညွှန်းရေးရိုက်ကူးထားတဲ့ စီးရီးလေးပါ။
Tigmanshu Dhulia က နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဇာတ်လမ်းတွေမှာ တင်ဆက်မှုအားကောင်းတာနဲ့
နာမည်ရှိပြီးသားသူတယောက်လည်းဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့…
နယ်မြို့လေးက လူငယ်လေးတစ်ယောက်
အစိုးရ၀န်ထမ်းဖြစ်ဖို့ရာ
ကိုယ့်ဆီမှာကို နေပြီး ကျောင်းတက်ချင်ပေမဲ့ အပြိုင်အဆိုင်များတဲ့
မြို့ကြီးက တက္ကသိုလ်တစ်ခုကို သွားတက်ဖို့ အဖေဖြစ်သူရဲ့ တွန်းအားပေးမှုနဲ့ သွားခဲ့ရတယ်။
အဲဒီမြို့ အဲဒီတက္ကသိုလ်မှာပဲ စီးပွားရေး နိုင်ငံရေး အားပြိုင်နေတဲ့ လူနှစ်ယောက်က ရှိပြန်ရော။
အစိုးရဖြစ်ဖို့အရေး အစရိုးချင်ယောင်ဆောင်ကြတဲ့ အဲဒီလူ၂ယောက်ရယ်ကျောင်းသားသစ်လေး
မောင်အာဗင်တယောက် အစိုးရ၀န်ထမ်းပဲ ဖြစ်ဖို့ကြိုးစားနိုင်မလား တစ်ခြားနယ်ပယ်တခုခုကိုပဲ ရောက်သွားမလား ကြည့်ရမဲ့ နိုင်ငံရေးနဲ့ ကျောင်းသားအရေး ရောသမမွှေထားတဲ့ စိတ်ဝင်စားဖွယ် အိန္ဒိယ၀က်ဘ်စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်
(အညွှန်းနဲ့ဘာသာပြန်ထားသူတွေကတော့ chiclon3~YH~Bpl~Yunni~Nyein တို့ပဲဖြစ်ပါတယ်)File Size – 900MB / 400MBQuality – 1080p / 720pDuration – 44 minute Total Episodes: 9EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime, Drama
Jujutsu Kaisen (2020- )
⭐IMDB: 8.5/10 (73 k Votes)
🎬 #Action&Adventure #Animation #SciFi&Fantasy #Action #Adventure #SciFi #Fantasy #Thriller
🗓️ 2020- 🎞️ tv series 📺 1080p
🌎 #Japan
⏰ 23 မိနစ် 56 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Jujutsu Kaisen (2020) Season 1 IMDb 8.5/10
MyAnimeList 8.6/10
ဒီဂျပန်ကာတွန်းကိုစကြည့်တော့ ပေါက္ကံပြည်ကိုအိန္ဒိယကနေ(မလေးနိုင်ငံ ပီနန်ကျွန်းလို့လည်းတချို့ကပြောကြတယ်) သင်္ဘောပျက်လို့ ပျဥ်ပြားဖက်ပြီးရောက်လာတဲ့ ဗျတ်ဝိ၊ ဗျတ္ထပဲပြေးမြင််တယ်ဗျ။နိုင်ငံခြားသားဆိုပေမဲ့ ဘုန်းကြီးကျောင်းက ဇော်ဂျီဖိုဝင်သားခိုးစားရာကနေ အစွမ်းရသွားလိုက်တာ အငယ်ကောင်ဖြစ်တဲ့ဗျတ္ထရဲ့သားတွေအထိ အစွမ်းတွေရခဲ့တယ်လို့ဆိုကြတယ်။ ဗျတ္ထသားတွေဖြစ်တဲ့ ရွှေဖျင်းကြီး၊ ရွှေဖျင်းလေးတို့နှစ်ကောင် ဘယ်လောက်ကြမ်းလဲဆိုရင်တရုတ်ပြည်က ဗိုက်ပူမြို့စားရဲ့ဗိုက်ကို ရန်သူပေါင်းသောင်းခြောက်ထောင်မကရှိနေတဲ့ကြားက ထုံးသွားကွင်းပြီး “ဖတ်၊ ဖတ်၊ ဖတ်”ရိုက်ကာခြိမ်းခြောက်ခဲ့တဲ့အထိပါပဲ။ စွမ်းလွန်းလို့ သေသွားတာတောင် မင်းကြီး၊မင်းလေးဆိုပြီး မြန်မာတနိုင်ငံလုံးက နတ်ကိုးကွယ်တဲ့သူတွေဖင်ဘူးထောင်းထောင်ပြီး ထိုင်ကန်တော့ခဲ့ကြတာ အခုအချိန်အထိပဲဗျ။ ဒီစီးရီးရဲ့ဇာတ်လမ်းမှာလည်း ဇာတ်လိုက်မင်းသားဟာ ဆုခုနဆိုတဲ့ကျိန်စာကောင်ရဲ့လက်ချောင်းကိုစားမိလိုက်တာကနေ သောက်ကြမ်းကြီးဖြစ်သွားပါတယ်။ (မြန်မာမှာဆိုရင် နတ်ကွန်းပဲတင်ပြီး ဂျပန်ဆာကေးအရက်တိုက် ထိုင်ကန်တော့နေကြလောက်ပြီ)။ ဒါပေမဲ့လည်းသူ့ထက်သူသောက်ကြမ်းတွေရှိနေတော့ ပိုပြီးသောင်းကြမ်းဖြစ်အောင်ကြိုးစားတယ်ပေါ့ဗျ။ ဒါက ဇာတ်လမ်းအကျဥ်း။နည်းနည်းဖြည့်ပြောချင်တာလေးတွေဆက်ပြောပါမယ်။Jujutsu Kaisenကိုဖန်တီးသူ ဆရာ ဂဲဂဲ အခုတမိဟာ Bleachရဲ့ပရိသတ်အကြီးစားပါ။ ဒါကြောင့် ဒီစီးရီးကိုကြည့်နေရင်းနဲ့bleachအငွေ့အသက်မျိုးရပါလိမ့်မယ်။ (ကော်ပီကူးတာမဟုတ်ဘူးနော်။ ဇာတ်လမ်းက ဘာမှမဆိုင်တာ။ fighting styleတွေလည်းမတူဘူး)။ ပြီးတော့ ဒီဂျပန်ကာတွန်းရဲ့ထူးခြားချက်ကဘတ်ဂျက်ဗျ။ တပိုင်းကို အမေရိကန်ဒေါ်လာတသိန်းခွဲသုံးခဲ့တာဆိုတော့ သူ့ထက်ပိုများတာ dragon ball superပဲရှိပါတယ်။ဒါကြောင့်မလို့လည်း animationတွေက တော်တော်ကိုလှပသပ်ရပ်နေတာပါ။ (သူ့လောက်ဘက်ဂျက်သုံးထားတာဆိုရင်aotရှိပါတယ်။ narutoလည်း တပိုင်း တသိန်းသုံးခဲ့တာပါ။တခုတော့ရှိတယ်ဗျ။ ငွေကြေးဖောင်းပွတာနဲ့ပြန်တွက်ရင် narutoရဲ့ထုတ်လုပ်မှုစရိတ်က တပိုင်း တသိန်းခွဲလောက်ရှိနိုင်ပါတယ်။မြန်မာငွေနဲ့ဆိုရင် သိန်း၄ထောင့်ငါးရာလောက်ပေါ့။ စျေးသိပ်မများပါဘူး။ 🤣)အတွဲ ၂လည်း ဂျူလိုင်လဆိုရင် ကြာသပတေးညတိုင်းလာတော့မှာဗျ။အတွဲ၂ကတော့ ဘတ်ဂျက်အဲ့လောက်မသုံးတော့ဘူးလို့ကြားတာပဲ။ကဲပါလေ….ကြည့်ကောင်းမကောင်း ကိုယ်တိုင်သာကြည့်လိုက်ကြပါတော့တော်သေးပြီ File Size – 426MB @EpisodeQuality – 1080pDuration – 24 minute (@Episode)Total Episodes: 24EpsSubtitle – Myanmar HardsubFormat – Mp4Genre : Animation / Action / Adventure
The Big Door Prize (2023- )
⭐IMDB: 6.3/10 (4 k Votes)
🎬 #Comedy #Drama #SciFi
🗓️ 2023- 🎞️ tv series 📺 1080p
🌎 #UnitedStates #SouthKorea #UnitedStatesofAmerica
⏰ 1 နာရီ 38 မိနစ် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Big Door Prize (2023)The Big Door Prize (2023)ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ Comedy, Drama, Sci-Fi အမျိုးအစား ဇာတ်လမ်းတွဲလေးတစ်ခု ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ Dusty က မြို့ငယ်လေးတစ်မြို့မှာ ဇနီးရယ် သမီးရယ်နဲ့အတူ
ကျောင်းဆရာအလုပ်လုပ်ရင်း သမားရိုးကျဘဝတစ်ခုကို ဖြတ်သန်းနေတဲ့သူပါ။
သူအသက် ၄၀ ပြည့်တဲ့နေ့မှာပဲ မြို့ငယ်လေးက စတိုင်းဆိုင်မှာ MORPHO ဆိုတဲ့
လူတွေရဲ့ ဘဝအနာဂတ်ကို ခန့်မှန်းပေးနိုင်တဲ့ စက်တစ်လုံး ပေါ်လာခဲ့ပါတယ်။
အရင်းအမြစ်သေချာမသိရတဲ့ အဲဒီစက်အကြောင်းက မြို့ငယ်လေးမှာ ရေပန်းစားလာပြီး
စတိုးဆိုင်မှာလည်း စက်ကိုစမ်းသုံးကြည့်ချင်တဲ့လူတွေ တန်းစီနေပါတယ်။
စက်ကထုတ်ပေးတဲ့ ဟောပြောချက်ကတ်တွေကြောင့် လူတော်တော်များများကလည်း
သူတို့ရဲ့လျှို့ဝှက်ထားတဲ့ ရည်မှန်းချက်တွေကို စက်ကသိနေပြီးတော့ သူတို့ကို လမ်းပြပေးနေတယ်လို့ လက်ခံလာပြီး
ဘဝအပြောင်းအလဲတွေလုပ်ဖို့ စိတ်အားထက်သန်လာကြပါတယ်။
Dusty ကတော့ စက်တစ်လုံးက အနာဂတ်ကိုပြောင်းလဲမပေးနိုင်ဘူးလို့ လက်ခံထားပေမယ့်
လူတော်တော်များများက အဲဒီအကြောင်းပဲပြောနေကြတော့ အဲဒီကိစ္စကို ခေါင်းထဲကထုတ်မရဖြစ်လာတာကြောင့်
တစ်ညမှာ စတိုင်းဆိုင်ကိုသွားပြီး စက်ကို စမ်းသုံးကြည့်လိုက်တဲ့အခါ သူ့အနာဂတ်က ဘာဖြစ်လာမလဲ၊
ဘာတွေပြောင်းလဲသွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ပါနော်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre….. Comedy
Siren: Survive the Island (2023- )
⭐IMDB: 8.2/10 (40 Votes)
🎬 #Reality #GameShow #RealityTV
🗓️ 2023- 🎞️ Series 📺 1080p
🌎 #SouthKorea
⏰ 41 မိနစ် 3 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Siren: Survive the Island (2023)Siren : Survive the Island (2023)ဒီတစ်ခေါက်မှာတော့ Netflix ကနေ အသစ်ထွက်လာတဲ့ သည်းထိတ်ရင်ဖို survival show တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်
၂၄ ယောက်သော ရဲအရာရှိ၊ မီးသတ်သမား၊ သက်တော်စောင့်၊ စစ်သား၊ အားကစားသမား၊ စတန့်သမား အစရှိတဲ့ အမျိုးသမီးတွေက
ဝေးလံခေါင်ဖျားအရပ်က လူသူကင်းဝင်းတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ အသက်ရှင်ကျန်ရစ်ဖို့အတွက် သူ့ထက်ငါအပြိုင် အစွမ်းကုန်ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်ဘယ်လိုအားပြိုင်မှုတွေ စိန်ခေါ်မှုတွေနဲ့ အနိုင်ယူကြမလဲဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာဖြစ်လို့
သည်းထိတ်ရင်ဖိုအမျိုးအစားကို ကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးတို့ လက်လွတ်မခံသင့်ဘူးနော်စုစုပေါင်း ၁၀ ပိုင်း ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။အညွှန်းကိုတော့ Hsu က ရေးထားပေးပြီးတော့
ဘာသာပြန်ထားတာကတော့ CM Variety Team ပဲ ဖြစ်ပါတယ်။Genre….. Reality
The Hunt (2012)
⭐IMDB: 8.3/10 (341 k Votes)
🎬 #Drama
🗓️ 2012 🎞️ Movie
📺 #1080p #480p
💿 1.28 GB ⦿ 330.06 MB
🌎 #Denmark #Sweden #Belgium #France
⏰ 1 နာရီ 56 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Hunt (2012)
ဇာတ်ကားနာမည်အတိုင်း ကိုယ့်ရဲ့ဖြစ်ရပ်ဆိုးကြီးကကိုယ့်ကို လိုက်ခြောက်လန့်နေမယ့် ခံစားချက်ကိုရစေမယ့် Drama ကားလေးပါ။ ပိုဆိုးတာက ကိုယ် ကိုယ်တိုင်မလုပ်ထားတဲ့ လုပ်ရပ်အတွက် ပေးဆပ်ခံစားနေရရင် ပိုဆိုးပါတယ်။ ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေ ပီပြင်စွာ လက်စွမ်းပြထားတဲ့ ဒီရုပ်ရှင်ဟာ ဆုတံဆိပ်တွေများစွာရထားပြီး စီးမျှောခံစားကြည့်လို့ကောင်းတဲ့ ဒိန်းမတ်ကားလေးပါပဲ။
ဇာတ်လမ်းအကျဥ်းကတော့ နယ်မြို့လေးတစ်မြို့မှာ ကလေးတွေနဲ့ဆို ခင်တတ်မင်တတ် ပျော်တတ်တဲ့ မူကြိုကျောင်းဆရာတစ်ယောက်ရှိပါတယ်။ အလုပ်ကိုလည်းကြိုးစားရင် သားဖြစ်သူရဲ့ အုပ်ထိန်းခွင့်ကိုလည်း ရအောင်ကြိုးစားရင်း ရုန်းကန်နေရတဲ့ သာမန်ဘဝလေးတစ်ခုပေါ့။
တစ်နေ့ကျတော့ သူအလုပ်လုပ်တဲ့ မူကြိုက ကလေးမလေးတစ်ယောက်ဟာ ဒီဆရာဖြစ်သူက ကလေးမကို လိင်ပိုင်းဆိုင်ရာပြုကျင့်ကြောင်း ပြောဆိုတိုင်ကြားလာပါလေရော။ဒီကိစ္စဟာ လူ့အသိုင်းအဝိုင်းမှာ မဖြစ်သင့်တဲ့ကိစ္စမို့ မိဘဆရာတွေကလည်း ထိထိရောက်ရောက်ဆောင်ရွက်၊ ကလေးတွေကြားမှာလည်း အချင်းချင်းပြောရင်းဆိုရင်းကနေ အမှုကပိုကြီးလာပါတယ်။
သို့ပေမဲ့ ဒီမူကြိုဆရာကတော့ သူလုပ်တာမဟုတ်ကြောင်း တတွင်တွင်ငြင်းဆိုရင်း လူအများရဲ့ ဒဏ်ခတ်မှုကို သည်းညည်းခံ ခါးစည်းခံနေရပါတယ်။ အဆုံးမှာ ဘယ်လိုဖြစ်သွားမလဲကတော့ စိတ်ဝင်စားစရာပါပဲ။ Dramaကားကောင်းကြိုက်သူတိုင်း ကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်ဗျ။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Themesပါ။)
Stay Out of the Basement (2023)
⭐IMDB: 3.1/10 (129 Votes)
🎬 #Horror
🗓️ 2023 🎞️ Movie
📺 #1080p #480p
💿 1.23 GB ⦿ 308.85 MB
🌎 #UnitedStates
⏰ 1 နာရီ 11 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“မြေအောက်ခန်းနဲ့ ဝေးဝေးနေ”ဆိုတဲ့ စကားကိုနားထောင်ဘဲ လျှာရှည်မိရင်တော့ ခြောက်ခံရမှာပဲ မက်ကန်ဇီဆိုတဲ့ ၁၄နှစ်အရွယ်ကောင်မလေးက သူငယ်ချင်းတွေနဲ့ အလောင်းအစားလုပ်ပြီး သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ပြောင်းခင်းထဲကို တစ်ယောက်တည်းသွားကြည့်ခဲ့ရာကနေ သူ့နောက်ကို တစ်ယောက်ယောက်လိုက်လာတယ်လို့ ခံစားလာရပါတော့တယ်။
အဲဒီနောက်မှာတော့ သားအမိနှစ်ယောက်နေတဲ့အိမ်မှာ ကလေးထိန်းသွားလုပ်ဖို့ အကြောင်းဖန်လာရင်းကနေ အဲဒီ အိမ်က ပုံမှန်မဟုတ်ဘူးဆို သိလာရပါတော့တယ်။ အိမ်ရှင်မိန်းမကြီးက မြေအောက်ခန်းထဲမသွားဖို့ပြောထားတဲ့ကြားက စပ်စုလိုက်မိတဲ့အခါ … အဲဒီအိမ်မှာလည်း သဘာ၀လွန်ဖြစ်ရပ်တွေဖြစ်နေတယ်ဆိုတာ သိလိုက်ရတဲ့အခါမှာတော့… ပြောင်းခင်းထဲမှာတွေ့ခဲ့တဲ့အရာကြီးနဲ့ ဒီအိမ်နဲ့က ဘယ်လိုဆက်စပ်နေတာလဲ? အိမ်ရှင်သားအမိကရော ဘာတွေလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားက ဝူးဝါးရှူးရှား jumpscareကြီးတွေနဲ့ အတင်းဖြဲခြောက်တာမဟုတ်တာကြောင့် ညဘက်နားကြပ်လေးတပ် background musicကို သေချာလိုက်ခံစားပြီး တစိမ့်စိမ့်ကြောက်ရမဲ့ကားမျိုးပါ။
Hypnotic (2023)
⭐IMDB: 5.5/10 (4 k Votes)
🎬 #Action #Mystery #Thriller #Crime
🗓️ 2023 🎞️ Movie
📺 #1080p #480p
💿 1.20 GB ⦿ 305.01 MB
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 33 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hypnotic (2023)
ဒါရိုက်တာ Robert Rodriguez ရိုက်ကူးပြီး ဘန် အက်ဖလစ် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်အသစ်တစ်ကားပါ။လှည့်ကွက်လေးတွေပါတဲ့ အက်ရှင် သရေလာ အမျိုးအစားပါပဲ။ဘန်ဟာ ရွတ်ခ်ဆိုတဲ့ ရဲစုံထောက်တစ်ယောက်ပါ။သူ့ရဲ့သမီးလေးကို တစ်နေ့မှာ လူတစ်ယောက်က ပြန်ပေးဆွဲသွားပြီးလုံးဝ ပြန်ရှာမတွေ့တော့ပါဘူး။သူ့ကိုပြန်ပေးဆွဲသွားတဲ့လူကလည်း သူ့သမီးရဲ့နေရာကိုလုံးဝမမှတ်မိဘူးဖြစ်နေပါတယ်။အဲဒီအမှုကို လက်လျှော့လိုက်ရပြီး သူ အခြားအမှုတစ်ခုကိုလိုက်ရင်းနဲ့လူတွေကို အိပ်မွေ့ချပြီး အမိန့်ပေးချင်ရာပေးနိုင်တဲ့အစွမ်းရှိသူတစ်ယောက်နဲ့ တွေ့သွားပါတော့တယ်။အဲဒီလူက သူ့သမီးပျောက်ဆုံးမှုနဲ့ ထူးထူးခြားခြား ဆက်စပ်နေပြီးအဲဒီလူနောက်ကိုလိုက်ရင်းနဲ့ ဘာတွေဖြစ်လာမလဲဆိုတာ…
အညွန်း နဲ့ ဘာသာပြန်ကတော့Mr.Andersonပဲ ဖြစ်ပါတယ်။
