ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Suburbicon (2017)
⭐TMDB: 59.0% User Score
🎬 #Crime #Drama #Mystery #Comedy #Thriller
🗓 2017 🎞 movie
🌎 #USA #UnitedKingdom #UnitedStates #China #UnitedStatesofAmerica
⏰ 1 နာရီ 45 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဆက်ပ်ပါဘေကွန်ဆိုတာကတော့ အလွန်ငြိမ်းချမ်းပြီးတော့၊မြို့ကြီးပြကြီးတွေလိုကားသံယာဉ်သံတွေနဲ့ရှုပ်ထွေးကြပ်ညှပ်နေခြင်းမရှိတဲ့ တောမကျမြို့မကျနေရာလေးတစ်ခုပဲဖစ်ပါတယ်။
ဇာတ်လမ်းလေးကတော့ ၁၉၄၀-၅ဝဝန်းကျင်တွေလောက်ကကြီးထွားခဲ့တဲ့ လူဖြူလူမည်းခွဲခြားရေးပြဿ နာပေါ်မူတည်ပြီး ဇာတ်အိမ်ဖွဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။
အဆိုပါ ဆက်ပ်ပါဘေကွန်ဟာတော့ လူဖြူအများစုသာနေထိုင်ကြတဲ့ဒေသဖြစ်ပါတယ်။
တနေ့မှာတော့ လူမည်းမိသားစုဖြစ်တဲ့ မေယာတို့မိသားစုဟာအဆိုပါဒေသကိုပြောင်းရွေ့လာတဲ့အခါမှာတော့လူဖြူတွေကအပြင်းအထန်ကန့်ကွက်ကြပြီး လူမည်းမိသားစုကိုဆက်ပ်ပါဘေကွန်ကထွက်ခွာသွားအောင် နည်းအမျိုးမျိုးနဲ့လုပ်ဆောင်ပါတော့တယ်။
သို့ပေမယ့် ဒီဇာတ်ကားထဲမှာတော့ အဲ့ဒီလူမည်းမိသားစုဟာ ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်တွေမဟုတ်ဘဲနဲ့သူတို့ရဲ့အိမ်နီးနားချင်းဖြစ်တဲ့ လောချ့်မိသားစုကအဓိကဇာတ်ဆောင်ဖြစ်နေပါတယ်။
မစ္စတာလော့ခ်ဟာအောက်ပိုင်းမသန်တော့တဲ့ သူ့ဇနီးဖြစ်သူရယ် သူ့ရဲ့တစ်ဦးတည်းသောသားကလေးရယ်၊ ခယ်မဖြစ်သူတို့နဲ့အတူနေပါတယ်။
တစ်ညမှာ မစ္စတာလော့ချ်တို့မိသားစုမှာ အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီး မသန်စွမ်းတဲ့ဇနီးသည်ရဲ့အသက်ဆုံးရှုံးခဲ့ရပါတယ်။
အဆိုပါ အကြမ်းဖက်မှုမှာ မစ္စတာလော့ချ်ကိုယ်တိုင်ပါဝင်ပက်နေတာဖြစ်ပါတယ်။
ဘာကြောင့်မစ္စတာလော့်ချ်က ဒီလိုမျိုးလုပ်ရတယ်၊ အဲ့ဒီကနေပြဿ နာတွေကြီးထွားလာပြီးဘာဆက်ဖြစ်မယ်၊ ဘယ်လိုအလိမ်တွေပေါ်ကုန်မလဲ၊ ဘယ်လိုဖြေရှင်းကြမယ်ဆိုတာကိုတော့ ဇာတ်လမ်းကလေးမှာဆက်လက်ကြည့်ရှု့လိုက်ပါ။
ဒီဇာတ်လမ်းကို ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါ။
ဘာဖြစ်လို့လဲဆိုတော့ ဒီဇာတ်လမ်းလေးဟာ ကြည့်ပြီးသွားရင် ဘာမှမရလိုက်တဲ့ပေါကားဇတ်လမ်းမျိုးမဟုတ်ပါဘူး။
ကြည့်ပြီးတာနဲ့ တစိမ့်စိမ့်နဲ့စဉ်းစားစရာတွေချန်ထားခဲ့မယ်ဇာတ်ကားမျိုးဖြစ်ပါတယ်။
ဇာတ်လမ်းလေးရဲ့အဓိကပေးချင်တဲ့ မက်ဆေ့ချ်ကတော့ လူတွေရဲ့အပြင်ပန်းအသွင်အပြင်နဲ့အသားအရောင်တွေကိုကြည့်ပြီးတော့ လူမျိုးရေးခွဲခြားနေတာဟာ လုံးဝမဖြစ်သင့်ကြောင်းပြသသွားတာပါ။
လူမည်းဖြစ်ပေမယ့်စိတ်ထားဖြူစင်တဲ့ မိသားစုကိုတော့လူတွေကပစ်ပယ်ကြပြီး၊ လူဖြူ ဖြစ်ပြီး စိတ်ဓာတ်ညစ်နွမ်းတဲ့မိသားစုကိုတော့ သနားနေကြတဲ့ပုံကိုပညာသားပါပါလေးတင်ပြသွားတာပါ။
ကြည့်ပြီးရင်မိမိအတွက်တစ်ခုခုပြန်ရလိုက်မယ့်ဇာတ်ကားလေးဖြစ်လို့ ကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါဦး...
Corsicana (2022)
⭐IMDB: 5.0/10 (915 Votes)
🎬 #Drama #Thriller #Western
🗓 2022 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 42 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Corsicana (2022)
~ IMDb – 5/10, Rotten Tomatoes – 79% ~
အမေရိကန်တောင်ပိုင်းက အန္တရာယ်အရှိဆုံး ဥပဒေမဲ့လုပ်ရပ်တွေ လူဆိုးတွေကို နှိမ်နင်းဖမ်းဆီးပေးခဲ့တဲ့ လူမည်း Marshal အရာရှိ ဘက်စ်ရိဖ် အကြောင်း ပြောင်မြောက်တဲ့ လက်ရာတစ်ခုပါ။
ဘက်စ်ရိဖ်က အသက် 23 နှစ်မှာ ကျွန်သဘောက်ဘဝကနေ ထွက်ပြေးလွတ်မြောက်လာပြီး သူ့ရဲ့ ထူးချွန်မှုနဲ့ သတ္တိကြောင့် အရာရှိအဖြစ်ရာထူးရလာပြီး နှစ်ကာလကြာရှည် အမှုထမ်းခဲ့ပါတယ်။ ရိဖ်က စာတော့မဖတ်တတ်ပါဘူး။ သူ့ကို Legend အဖြစ် တင်စားခဲ့ကြပါတယ်။
အခု ဇာတ်အိမ်ကတော့ ကိုစီကန်နာပြည်နယ်က ရေနံထွက်တဲ့ စားကျက်မြေကို ၀ယ်ချင်တဲ့ သူဌေးတစ်ယောက်က ကောင်းဘွိုင်လူဆိုးဂိုဏ်းကို ငွေပေးခိုင်းတာကနေ စပါတယ်။ ရိဖ်ကလည်း ဒီလူဆိုးဂိုဏ်းကို သုတ်သင်ဖို့သူ့အပေါင်းအပါ ၂ယောက်နဲ့ လာမှာပါ။ သူ့အဖွဲ့သားတွေက မိတ်ဆွေဟောင်း ဆမ်နဲ့ သူထွက်ပြေးနိုင်အောင် ကူညီပေးခဲ့တဲ့ ကယ်လီဖိုးနီးယားဆိုတဲ့ လက်ဖြောင့် သေနတ်သမား ဖြစ်ပါတယ်။ ကမ်းကုန်အောင် ယုတ်မာဆိုးသွမ်းတဲ့ ဂိုဏ်းနဲ့ ရိဖ်တို့ အဖွဲ့ ရင်ဆိုင် တိုက်ခိုက်ကြတာကို ရှုစားကြည့်လိုက်ပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
The Swan (2023)
⭐IMDB: 6.9/10 (5 k Votes)
🎬 #Drama #Short #Comedy
🗓 2023 🎞 short
🌎 #UnitedStates #UnitedStatesofAmerica
⏰ 18 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Wes Anderson’s Short Films Event (2023)Wes Anderson’s Short Films Event (2023)
လွန်ခဲ့တဲ့၁၄နှစ်တုန်းက ဝက်စ်အန်ဒါဆန်ဟာ ဗြိတိန်စာရေးဆရာ Roald Dahl ရဲ့ Fantastic Mr. Fox လို့ခေါ်တဲ့ Children’s Novel တစ်ပုဒ်ကို ပြန်ရိုက်ခဲ့ဖူးတယ်။ တော်တော်လည်း ကောင်းခဲ့ပါတယ်။ Roald Dahl ဟာ Children’s Literature ခေါ် ကလေးစာပေနဲ့ နာမည်ကြီးသလို ဇာတ်လမ်းတိုတွေ ကဗျာတွေလည်းရေးခဲ့တဲ့သူဆိုလည်း မမှားဘူး။ Dahl ကို “၂၀ရာစုရဲ့ အကြီးကျယ်ဆုံး ကလေးပုံပြင်ရေးဆရာတွေထဲက တစ်ယောက်” လို့တောင် ဆိုကြတယ်။ Wes Anderson ကလည်း သူ့ကို တော်တော်သဘောကျပုံပါပဲ။ ဒီနှစ်မှာလည်း Dahl ရဲ့ ဇာတ်လမ်းတို ပုံပြင်တိုလေးတွေကိုသုံးပြီး သူလည်း ဇာတ်လမ်းတို လေးပုဒ်ရိုက်ခဲ့တယ်။ ဒီလေးပုဒ်လုံးဟာလည်း မူရင်းစာရေးဆရာကို သစ္စာရှိတဲ့အတွက်ရော၊ ပါဖောမင့်န်ကောင်းတဲ့ သရုပ်ဆောင်တွေကြောင့်ရော၊ ဒါရိုက်တာကောင်းလို့ရော ကောင်းသတင်းတွေချည်း ကြိုင်ခဲ့တယ်။ ဝက်စ်အန်ဒါဆန်ဟာ သိပ်မကြာသေးခင်ကတင် Asteroid City ထွက်ထားတာဆိုတော့ ဒီနှစ်သူ့ကားတွေ တော်တော်ဖောဖောသီသီကြည့်ရတယ်ပြောရမယ်။ ဒီလေးပုဒ်ထဲက တစ်ချို့ဇာတ်လမ်းတွေဆို ဇာတ်လမ်းတိုပေမဲ့ Asteroid City ထက်တောင် ပိုကြည့်ကောင်းပါတယ်။ ဇာတ်လမ်းတိုဆိုပေမဲ့လည်း Ralph Fiennes လို သရုပ်ဆောင်ဆရာကြီးက လေးပုဒ်လုံးမှာပါထားသလို Benedict Cumberbatch တို့၊ Ben Kingsley တို့၊ Dev Patel တို့၊ Rupert Friend တို့လိုလူတွေကိုလည်း ၂ပုဒ်ထည့်သုံးထားတယ်။ မူရင်းဇာတ်လမ်းတွေကိုက လှလှပပနဲ့ အသက်ဝင်နေပြီးသားကို Wes Anderson က ပြန်အသက်သွင်းလိုက်တယ်ဆိုတော့ ဒီဇာတ်လမ်းတွေ ဘယ်လိုလှပကြောင်း ပြောစရာလည်းမလိုတော့ပါဘူး။
The Wonderful Story of Henry Sugar (Runtime: 37 minutes) Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid ~ IMDb – 7.5/10, Rotten Tomatoes – 98% ~ ဒီဇာတ်လမ်းတိုမှာတော့ Benedict Cumberbatch, Ralph Fiennes, Dev Patel နဲ့ Ben Kingsley တို့က ဝင်သရုပ်ဆောင်ထားတယ်။ Benedict ဖန်တွေဆို သူက ဘယ်လိုကာရိုက်တာတွေနဲ့ အံဝင်ခွင်ကျ အသက်ဝင်တတ်လဲ ကောင်းကောင်းသိကြမှာပါ။ များသောအားဖြင့်လည်း Benedict က အဲဒီလိုကာရိုက်တာမျိုးတွေကိုပဲ ရွေးတာများပါတယ်။ ဒီတစ်ခါလည်း သစ္စာမဖောက်ဘူးပြောရမှာပဲ။ သူနဲ့ အံဝင်ခွင်ကျ ကွက်တိကျလွန်းတဲ့ ကာရိုက်တာကိုပဲ ထပ်ရွေးလိုက်ပါတယ်။ ဒီဇာတ်က ဒီလေးပိုင်းထဲ ကျွန်တော်တော့ အကြိုက်ဆုံးဇာတ်ပါပဲ။ အနောက်တိုင်းနဲ့ အိန္ဒိယ သမထားတဲ့ဇာတ်မျိုးပေါ့။ ဒါမျိုးတွေ အရင်ကလည်း သူရိုက်ဖူးပါတယ်။ ဆန်းတော့လည်းမဆန်းပါဘူး။ သူက ဆတ္တရာဂျစ်ရေးဖန်ပဲမို့လား။ ဇာတ်က မျက်လုံးမသုံးဘဲ မြင်ရတဲ့လူတစ်ယောက်ရှိတဲ့အကြောင်းကို လူတစ်ယောက်က မှတ်တမ်းစာအုပ်တစ်အုပ်ထဲ ဖတ်မိရာက ထူးခြားသွားတဲ့အကြောင်းကို စာရေးဆရာတစ်ယောက်က ပြန်ပြောတာကို နားထောင်ရတဲ့ဇာတ်မျိုး။ စားတော့စားတယ်မလား။ ပိုစားတာက ဒါကို Wes Anderson က ပြန်တင်ဆက်သွားတဲ့ပုံစံပဲ။ ကကျိုးကကြောင်နဲ့ကို တင်ဆက်သွားတာပါ။ ရယ်လည်းရယ်ရ စားလည်းစား ဒါပေမဲ့ ဒီလိုတင်ဆက်ပုံက တော်တော်လည်းကြည့်လို့ကောင်းနေပြန်တာပဲ။ အိန္ဒိယက ဂုရုတွေဘာတွေနဲ့ ပဉ္စလက်တွေဘာတွေနဲ့ နောက် ဒီအစွမ်းနဲ့ လူ့အကျိုးဆောင်သွားတဲ့ လူတွေဘာတွေနဲ့ပေါ့။ အကြောင်းအရာမိုက်တယ်… ကြည့်လို့ကောင်းတယ်… ကြည့်ရတာလည်း တော်တော်အရသာရှိတယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ ခင်ဗျားသာ နက္ခတ္တရောင်ခြည်တို့ သူရဇ္ဇတို့ထဲက ဂမ္ဘီရနှောတဲ့စာတွေကို ဖတ်ရတာအရသာတွေ့ဖူးတဲ့လူဆို ဒီအရသာကို သိလောက်မှာပဲ။ ဒီဇာတ်လမ်းက အဲဒီလိုပဲ။ ယုံရလည်းခက်တယ်။ အရသာလည်းရှိတယ်။ ဒီလိုဇာတ်ပဲ။ အရသာရှိရှိကြည့်ချင်ရင် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်လမ်းတိုပါပဲ။The Swan (Runtime: 17 minutes) Yoteshin / MegaUp / MegaNZ / UsersDrive / StreamWish / StreamVid ~ IMDb – 7.5/10, Rotten Tomatoes – 98% ~ ငန်းရိုင်းတွေ ရေကန်တွေ မိုးမခပင်တွေ ခရိုးထက်ကခြုံတွေ
တိမ်တိုက်တွေ ရထားသံလမ်းတွေနဲ့ သိပ်လှတဲ့ကမ္ဘာကြီးပေါ့။
သူ့ရဲ့ နောက်ကျောဘက်မှာ ရက်စက်ခြင်းတွေလည်း လွင့်နေကြတယ်။
လက်မြောက်အရှုံးပေးကြသူတွေလည်းရှိတယ်။
ဘယ်တော့မှ အရှုံးမပေးခဲ့သူတွေလည်းရှိမယ်။
စစ်အတွင်းမှာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကာလမှာပဲဖြစ်ဖြစ်
ရေခဲမြစ်တွေဟာ အရည်ပျော်ပြီး ပြန်စီးဆင်းကြရမှာပဲ။
မလာတော့ဘူးထင်ရပေမဲ့ နွေဦးဟာ လာလိမ့်ဦးမယ်။
တစ်စစီပါပဲ… အရှုံးမပေးခဲ့ကြဘူး (ဒီဇာတ်လမ်းတိုတွေနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)...
Adiyae (2023)
⭐IMDB: 6.4/10 (475 Votes)
🎬 #Bollywood #Comedy #Romance #SciFi #ScienceFiction
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 18 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Adiyae (2023)
IMDb-6.6/10
ဒီတစ်ခါမှာတော့ ထူးချွန်ဆုတွေရဖူးပြီး Nominations များစွာဝင်ခဲ့ကြဖူးတဲ့လူငယ်နှစ်ယောက် ဒါရိုက်တာ Vignesh Karthick နဲ့ တေးရေးJustin Prabhakaran တို့ လက်စွမ်းပြထားကြတဲ့ကားပါ
တစ်ကမ္ဘာထဲအတူရှိနေတာတောင် သူမနဲ့မဆုံစည်းနိုင်သေးတဲ့လူတွေ နည်းနာနိဿယယူနိုင်ဖို့အတွက်IMDb 6.6 ရထားတဲ့ သိပ္ပံစိတ်ကူးယဉ်အချစ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။သာမန်အချစ်ကားတွေလို ချစ်ကြိုက်ညားကွဲလောက်မဟုတ်ဘဲ parallel universe နဲ့ time travelသဘောတရားလေးတွေ ခပ်ပါးပါးထည့်ထားတာဆိုတော့ တမူထူးခြားတဲ့ရသမျိုးရစေမှာပါ။
ဇာတ်လမ်းအကျဉ်း
ဆီသာဇ်ဟီနီဆိုတဲ့မိန်းကလေးကို ကျောင်းသားဘဝထဲက တိတ်တခိုးcrushခဲ့ရတဲ့ ဂျီဗာဆိုတဲ့ကောင်လေးတစ်ယောက် နှစ်တွေကြာလို့ ဆီသာဇ်ဟီနီက နာမည်ကျော်အဆိုတော်ဘဝကိုရောက်ခဲ့ချိန်မှာတော့ တိတ်တခိုးချစ်ရသူဘဝကနေ အဆင့်တက်ဖို့ ပိုပြီးအလှမ်းဝေးခဲ့ရပါပြီ။ဒီအချိန်မှာပဲ မတော်တဆမှုတစ်ခုကြောင့် တခြားကမ္ဘာကိုကူးသွားတဲ့အခါ…
ကမ္ဘာကူးသွားပေမဲ့ ခွက်ရှ်လေးနဲ့ညားတဲ့အပြင် အောင်မြင်တဲ့ဂီတဒါရိုက်တာတစ်ယောက်ဘဝကိုပါပိုင်ဆိုင်ထားတဲ့ အာဂျွန်ဆိုတဲ့ဘဝမှာ ယစ်မူးနေတဲ့ဂျီဗာတစ်ယောက် အချိန်စေ့လို့ဒီဘက်ကမ္ဘာကိုပြန်ရောက်လာတဲ့အခါမှာတော့ သာယာတဲ့အိပ်မက်ကနေ မနိုးထချင်ဘဲလန့်နိုးလိုက်ရတဲ့အပြင် ဒီဘက်ကမ္ဘာမှာလည်း အဖြစ်ဆိုးကြီးက စောင့်ကြိုနေပါသတဲ့။
ခွက်ရှ်နဲ့ညားရတဲ့အရသာကို ဂျီဗာတစ်ယောက်သိပြီးပြီဖြစ်လို့ ဆီသာဇ်ဟီနီကိုပိုင်ဆိုင်ရရေးအတွက်ကမ္ဘာတွေခြား အချိန်တွေခြားနေတဲ့ကြားကနေ ဘယ်လိုကြိုးစားသွားမလဲဆိုတာ ရှုစားနည်းယူလိုက်ကြပါစို့လား။
အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Alex ~ BpL ~ Zwe ~ ToMo ~ KKKZ တို့ပဲဖြစ်ပါတယ်...
After Ever Happy (2022)
⭐IMDB: 4.6/10 (9 k Votes)
🎬 #Drama #Romance
🗓 2022 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
After Ever Happy (2022)==================After ရုပ်ရှင် Franchise ကတော့ After, After We Collided , After We Fell တို့အပြီးမှာနောက်ဆုံးထွက်လာတဲ့ After Ever Happy ဆိုတဲ့ ၄ ကားမြောက်ရုပ်ရှင်နဲ့ အဆုံးသတ်သွားပါပြီ….
ဟာဒင်စေကာ့ဆိုတဲ့ ခပ်ဆိုးဆိုးကောင်လေးရဲ့ ဘ၀ထဲကို ၀င်လာတဲ့ တက်စ်ဆာဟာနှစ်ယောက်အတူတူ လူငယ်ဘ၀ကို အခက်အခဲ အတားဆီး အနိမ့်အမြင့်အတက်အကျတွေကို ဖြတ်သန်းရင်းနဲ့တည်ငြိမ်တဲ့ Relationship တစ်ခုကို တည်ဆောက်ဖို့ ကြိုးစားလာခဲ့ပါတယ် ။ဒါပေမယ့် ဟာဒင်ကို တစ်သက်လုံးဖုံးကွယ်လာခဲ့တဲ့ မိဘတွေနောက်ကွယ်က အမှန်တရားကိုသိသွားပြီးနောက်မှာ …ဟာဒင် တက်စ်တာတို့ရဲ့ ဆက်ဆံရေးဟာလည်း အရင်ကထက် ပိုခက်ခဲတဲ့အခြေအနေကိုရောက်လာပါတယ်….နှစ်ယောက်သားနေရာတွေပြောင်းကာ တစ်ရောက်တစ်နေရာစီ လမ်းခွဲခဲ့ကြပေမယ့်အချစ်စစ်တို့မှန်ရင် ကံကြမ္မာက ပျော်စရာအဆုံးသတ်ကို ယူလာပေးမှာလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရင်းAfter ရုပ်ရှင်တွဲတွေကို နှုတ်ဆက်ရပါတော့မယ်။
( အညွှန်းနဲ့ ဘာသာပြန်ကတော့Thiha Yan Naingဖြစ်ပါတယ်)...
After We Collided (2020)
⭐IMDB: 5.0/10 (36 k Votes)
🎬 #Drama #Romance
🗓 2020 🎞 movie
🌎 #USA #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 45 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hello Hello !
အချစ်တွေနဲ့ အမုန်းကြမ်းမယ့် Tessa နဲ့ Hardin ပြန်လာပါပြီ
But ….
ဒီကားလေးကို မကြည့်ခင် After ဆိုတဲ့ 2019 တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းလေးကို ကြည့်ဖူးမှဖြစ်ပါမယ်
ဒီတော့ မကြည့်ရသေးရင် အခုပဲ ပြေးကြည့်လိုက်ပါ
ဇာတ်ကြောင်းလေးပြန်ကောက်ပေးရမယ်ဆိုရင်တော့ ပါတီတစ်ခုက Truth or Dare ဆိုတဲ့ ဂိမ်းလေးရဲ့ ကျေးဇူးနဲ့ ချစ်သူတွေ ဖြစ်သွားကြတဲ့
Hardin နဲ့ Tessaဆိုတဲ့ ကောလိပ်ကျောင်းသားနဲ့ ကျောင်းသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ….
After မှာ နှစ်ယောက်အတူ အနမ်းတွေ ခြွေခဲ့တဲ့ ရေကန်လေးမှာ အတူတူထိုင်ရင်း အဆုံးသတ်သွားတာ မှတ်မိကြဦးမှာပါ
” လောကမှာ အချစ်ဆုံးက ငါ့ကိုယ်ငါလို့ ဖြေခဲ့တာ နင်မှတ်မိလား
တကယ်တော့ လောကမှာ ငါအချစ်ဆုံးက နင်ပါ ” ဆိုတဲ့ စကားလေးရော မှတ်မိကြသေးရဲ့လားမှတ်မိရင် ဆက်ကြည့်လို့ရပါပြီ
After We Collided ရော အချစ်ငှက်နှစ်ကောင် ဘယ်လိုတွေ ကြမ်းကြ အဲ …. ချစ်ကြဦးမလဲ ……
ကာရိုက်တာ အသစ်တစ်ယောက်လည်း ပါလာပြီမို့ ဘယ်လိုဇာတ်တွေရှပ်ကြဦးမလဲ …..
ဘယ်လို စိတ်၀င်စားစရာအခြေအနေတွေ ဖြစ်လာဦးမလဲ ဆိုတာကတော့ …….. ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါတော့
ဒီ Sequel မှာတော့” I think you owe me a dare ” ဆိုတဲ့ လေသံလေးကြောင့် ပျိုပျိုမေတို့ ကြွေဆင်းခဲ့ရတဲ့ မင်းသားချောလေး Hero အပြင်
Sprouse ညီအစ်ကိုထဲက အကြီးဖြစ်တဲ့ Dylan Sprouse ပါ ထပ်တိုးပါလာပြီမို့ နှုတ်ခမ်းနီမလေးတွေအတွက်တော့ ဒီ ၂ ယောက်နဲ့တင် တန်နေပါပြီ
ဒါတင်ပဲလား …?
After We Collided မှာ ပိုပြီး sexy ဖြစ်လာတဲ့ မင်းသမီးလေးကတော့ ပုရိသ ယောက်ျားတို့အတွက် ဂွင်ပါပဲနော်
ကဲ ပြောနေတာကြာတယ်
အခုပဲ မြန်မြန်သာ ဒေါင်းကြည့်လိုက်ကြပါတော့ ပေါ့ပါ့ပါးပါး အချစ်ဇာတ်လမ်းလေးမို့ Home Stay ကာလမှာ အပန်းပြေစေမှာ အမှန်ပါပဲ
ဘာသာပြန်ပေးထားသူကတော့ Littleneo ပဲ ဖြစ်ပါတယ်။...
Muzzle (2023)
⭐IMDB: 5.6/10 (264 Votes)
🎬 #Thriller #Action #Crime #Drama
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 41 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Muzzle (2023)============Crime,Thriller
Batman ကားတွေထဲမှာ Harvy Dent (Two Face ) အဖြစ်သရု်ဆောင်ခဲဲ့တဲ့မင်းသားကြီး Aaron Eckhart ရဲံ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်
မှုခင်းအရာရှိ ဂျိတ်ရိုဆာက တစ်ကိုယ်ထဲသမားဖြစ်တဲ့အတွက်သူ့ဘေးမှာ အဖော်ပြုပေးမယ့် K-9 မျိုးစိတ် ဂျာမန် ရဲခွေးကြီးတစ်ကောင်ပဲရှိပါတယ်ဘယ်သွားသွား သူ့ကိုကားနဲ့အမြဲခေါ်သွားပြီး အလုပ်မှာရော အိမ်မှာပါသူ့ရဲ့ တစ်ဦးထဲသောမိသားစုဝင်လိုဖြစ်နေတာပေါ့တစ်နေ့ မူးယစ်သမားတွေကို သူ့ခွေးနဲ့လိုက်ဖမ်းရင်းလူတစ်ယောက်က ဂျာမန်စကားနဲ့ သူ့ခွေးကို ယဉ်ပါးအောင်လုပ်ကာ သေနတ်နဲ့ပစ်သတ်သွားပါတယ်…ခွေးကို ဂျာမန်လိုခိုင်းနိုင်တာ သူတို့ရဲဌာနက ခွေးထိန်းနဲ့ ရဲအချို့ပဲရှိပါတယ်…မိသားစုဝင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ဂျိတ်အတွက်…သူ့ခွေးအတွက် ဂျွန်ဝစ်လိုမျိုး လက်စားချေဖို့ ပြန်လာခဲ့ပါပြီ…
(အညွှန်းနဲ့ဘာာသာပြန်ကတော့Thiha Yan Naingပဲ ဖြစ်ပါတယ်...
After We Fell (2021)
⭐IMDB: 4.7/10 (18 k Votes)
🎬 #Drama #Romance
🗓 2021 🎞 movie
🌎 #UnitedStates #Bulgaria #France #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2019 မှာ အရမ်းအောင်မြင်ခဲ့တဲ့ After ဇာတ်ကားကတော့ 2020 မှာတော့ After we collided ဆိုတဲ့ ဒုတိယကားနဲ့ ဆက်လက်အောင်မြင်ခဲ့ပြန်ပါတယ်အခု 2021 မှာလည်း After we fell ဆိုပြီး အသစ်ထပ်မံထွက်ရှိလာပါပြီ
ဒီတစ်ခါမှာတော့ ဟာဒင်နဲ့ တက်ဆာ ဘွဲ့ရခါနီး အချိန်ဆိုတော့ ဘဝရည်မှန်းချက်တွေ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီး ပါလာပါပြီ
အရင်ကတည်းက ရည်မှန်းချက်ကြီးတဲ့ တက်ဆာတစ်ယောက် သူအမြဲသွားချင်ခဲ့တဲ့ စီရာတယ်မှာ job offer ကောင်းကောင်းရလာပါတယ်
သူက ဟာဒင်နဲ့အတူ စီရာတယ်ကို သွားချင်ပေမဲ့ ဟာဒင်ကတော့ ဘွဲ့ရပြီးတာနဲ့ နှစ်ယောက်အတူ လန်ဒန်ကို သွားကြဖို့ ရည်ရွယ်ထားခဲ့တာပါ
ဒီလို စိတ်ကူးအိပ်မက်တွေ မတူညီမှု ကြုံလာရတဲ့အခါ တက်ဆာတစ်ယောက် ဘယ်လိုဆုံးဖြတ်မှာလဲ
ဟာဒင်ကရော သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ လိုက်လိုက်လျောလျော ခွင့်ပြုပေးပါ့မလား
Relationship တွေမှာ ကြုံလေ့ရှိတဲ့ ဒီလိုအခက်အခဲတွေကို နှစ်ယောက်သား ဘယ်လို ညှိနှိုင်းဖြေရှင်းသွားကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားရမယ့် love scene လေးတွေနဲ့ ကြည့်ရှုရမှာပါ
ဟာဒင်ရဲ့ မိသားစုပြဿနာတွေထဲက မြှုပ်ကွက်တချို့ကိုလည်း ထပ်မံမြင်တွေ့ရဦးမှာမို့ စောင့်မျှော်နေကြတဲ့ ပရိသတ်တွေ အမြန်ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ ။
( အညွှန်းရေးသားထားသူကတော့...
After Everything (2023)
⭐IMDB: 4.6/10 (1 k Votes)
🎬 #Drama #Romance
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 34 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
After Everything (2023)=========Romance ,Drama
”အချစ်ဆိုတဲ့အရာက ဆန်းကြယ်တယ်…အချစ်ဆိုတာ ကြင်နာမှုနဲ့ စိတ်ရှည်သည်းခံမှု ” တဲ့ ဟာဒင်ကပြောတယ်…
ပြန်မလာနိုင်တော့တဲ့ လူတစ်ယောက်ကို ဘယ်လောက်အကြာကြီးစောင့်ခဲ့ဖူးလဲ..ဘယ်လောက်ပဲ အတူရှိမယ်ကတိတွေအထပ်ထပ်ပေးခဲ့ခဲ့ …လူနှစ်ယောက် ကံမပါလာရင် ဝေးကွာရစမြဲပဲမဟုတ်လား…အတူရှိဖို့ ကံပါလာရင် ဘယ်လောက်ပဲ ဆက်ဆံရေးတွေ ဘယ်လောက်ပဲခက်ခဲနေပါစေ အတူရှိသွားမှာပဲ
After ဇာတ်လမ်းတွဲဆိုတာ ဟာဒင်နဲ့ တက်စ်ဆာရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ပါFifty Shades နဲ့ 365 DNIရုပ်ရှင်တွေလို ရမက်ကြမ်းကြမ်းနဲ့ အချစ်ဇာတ်လမ်းတွေ မဟုတ်ဘူး…လူငယ်နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို Romance အဆန်ဆုံးနည်းလမ်းနဲ့ ယဉ်ယဉ်လေးပုံဖော်ထားခဲ့တာအခုဆို နောက်ဆုံးဆိုတဲ့ မှတ်တိုင်ကိုရောက်လာခဲ့ပြီ…ဟာဒင်နဲ့တက်စ်ရဲ့ ခံစားချက်တွေ အသည်းကွဲဖူးတဲ့ လူငယ်တိုင်း ခံစားပေးလို့ရတယ်..ဒါကြောင့်ပဲ ဒီဇာတ်လမ်းဟာ Romance genre မှာ နေရာတစ်ခုရနေတာဖြစ်တယ်
ဇာတ်လမ်းအကြောင်းပြောရရင်…စိတ်ပိုင်းဖြတ်ပြီး move one လုပ်သွားတဲ့ တက်စ်ဆာဆိုတဲ့ကောင်မလေးကို မမေ့နိုင်သေးတဲ့ ဟာဒင်ရဲ့အကြောင်း..အရင်လို စိတ်ထင်တိုင်းဝုန်းဒိုင်းကြဲပေါက်ကွဲတတ်တဲ့အချိန်တွေကျော်လွန်ပြီး ရင့်ကျက်တဲ့ လူငယ်စာရေးတစ်ယောက်ဖြစ်လာပြီ…သူ့ခံစားချက်တွေကို အမြဲတမ်း သူ့စာအုပ်တွေထဲမှာပဲ ချရေးရင်း တက်စ်ကို အလွမ်းသယ်တတ်တယ်..သူတို့ပြန်တွေ့ရမယ့် အကြောင်းပါလာတာက…သူတို့နှစ်ယောက်လုံးရဲ့ သူငယ်ချင်းစုံတွဲရဲ့ မင်္ဂလာဆောင်မှာ သတို့သား/သမီး အရံအနေနဲ့ပါ…ဒါပေမယ့် တက်စ်ဆာမှာ ရည်ရွယ်ထားတဲ့လူအသစ်တစ်ယောက်ရှိနေပြီလို့ ဟာဒင်ကြားမိတယ်…ဟာဒင်နဲ့တက်စ်တို့ဇာတ်လမ်းဟာ ဘယ်လိုအဆုံးသတ်သွားမလဲ ကြည့်ရှုရင်းနဲ့…After အချစ်ဇာတ်လမ်းတစ်ပုဒ်ကို နှုတ်ဆက်လိုက်ပါပြီ…
(အညွှန်းနဲ့ဘာာသာပြန်ကတော့Thiha Yan Naingပဲ ဖြစ်ပါတယ်...
Coriolanus (2011)
⭐IMDB: 6.1/10 (33 k Votes)
🎬 #Drama #Thriller #War
🗓 2011 🎞 movie
🌎 #UnitedKingdom #Italy #Montenegro #Serbia #UnitedStatesofAmerica
⏰ 2 နာရီ 3 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
War/Drama အမျိုးအစား IMDB 6.1/10, RT 92 % ရရှိထားတဲ့ ဒီဇာတ်ကားမှာ Ralph Fiennes (Harry Potter ထဲက နှာခေါင်းမပါတဲ့ Lord Voldemort, The Menu ထဲက Chef Slowik,The Grand Budapest Hotel ထဲက M. Gustave) က ဒါရိုက်တာအဖြစ်ရိုက်ကူးကာ ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားပြီး Gerard Butler (300 ဘုရင်, Plane လေယာဉ်မှူး, London Has Fallen/ Olympus Has Fallen စတဲ့ ဘာ Fallen ညာ Fallen တွေထဲက အေးဂျင့် Mike Banning) က အပြိုင်ပါဝင် သရုပ်ဆောင်ထားပါတယ်။ ရှိတ်စပီးယားရဲ့ နာမည်တူမူရင်းပြဇာတ်ကို ဆီလျော်အောင် ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး မူရင်းပြဇာတ်ထဲကအတိုင်း ရှေးအသုံးအနှုန်းစကားလုံးတွေကို အသုံးပြုထားတာကြောင့် လူအများအတွက် အဆင်မပြေဘဲ နားလည်ရခက်ခဲတယ်ဆိုတဲ့ မှတ်ချက်တွေရရှိခဲ့သလို သရုပ်ဆောင်တွေက ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဖော်နိုင်ပြီး သက်ဝင်ခံစားနိုင်ခဲ့တယ်ဆိုတဲ့ ချီးကျူးစကားအများအပြားကိုလည်း ရရှိခဲ့တာပါ။
ပါဝင်တဲ့သရုပ်ဆောင်တွေဟာ အကောင်းဆုံးသရုပ်ဆောင်ဆု အပါအဝင် စုစုပေါင်း ဆု ၁၀ ဆုရရှိခဲ့ပြီး ဇကာတင်ဆုတွေလည်းဝင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ (ရှိတ်စပီးယားရဲ့ထုံးစံအတိုင်း စာသားတွေက အရမ်းရှုပ်ပြီး နားလည်ရခက်တာမို့ ကြိုးစားပြီး ဘာသာပြန်တင်ဆက်ပေးထားပေမဲ့ အဆင်မပြေမှုတစ်စုံတစ်ရာရှိခဲ့ပါက ဘာသာပြန်သူရဲ့ လိုအပ်ချက်သာဖြစ်တာမို့ သည်းခံပြီးနားလည်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်ရှင်) ဇာတ်လမ်းအကျဉ်းကတော့ ရောမမြို့ရဲ့ဗိုလ်ချုပ်ကြီး မားရှက်စ်က စစ်တိုက်ရာမှာ သူမတူအောင် ထူးချွန်ကာ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံသူဖြစ်ပြီး ဗော့စ်ကီးစ်မြို့က သူ့ရဲ့ရန်သူတော်ကြီးဖြစ်တဲ့ အော်ဖီးဒီးယပ်စ်နဲ့လည်း ကြုံရင်ကြုံသလို နိုင်သူဦးစတမ်း တိုက်ခိုက်လေ့ရှိကြပါတယ်။ တစ်နေ့မှာတော့ ကိုရိုင်ရိုလိစ်မှာ နှစ်ဖက်စစ်တပ် တွေ့ဆုံတိုက်ခိုက်ကြရင်း ရန်သူတွေကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်နိုင်ခဲ့လို့ မားရှက်စ်က”ကော်ရီယိုလေးနက်စ်”ဆိုတဲ့ ဘွဲ့ထူးကို ရရှိခဲ့ပြီး ကောင်စစ်ဝန်အဖြစ် လျာထားခံခဲ့ရပါတယ်။ ကောင်စစ်ဝန်အဖြစ် အဆုံးသတ်ရွေးကောက်ခံရဖို့ဆိုရင် ပြည်သူလူထုရဲ့ ထောက်ခံမှုလိုအပ်တာမို့ ထောက်ခံမှုရဖို့ ကြိုးစားခဲ့ရာမှာ နှုတ်ချိုလျှိုတစ်ပါးမဟုတ်ဘဲ မာနကြီးသလို ဘွင်းဘွင်းပြောတတ်တဲ့ မားရှက်စ်တစ်ယောက် ပြည်သူနဲ့ ထိပ်တိုက်တွေ့ရာကနေ ကြမ်းကျွံရင်နှုတ်လို့ရသေး စကားကျွံရင်နှုတ်လို့မရဆိုသလို ဖြစ်ခဲ့ရပြီး အပြောမတတ်တဲ့လူကြမ်းကြီး မားရှက်စ်ကို ပြည်သူလူထုက ဝိုင်းဝန်းကန့်ကွက်ကာ နယ်နှင်ဒဏ်ပေးဖို့ တောင်းဆိုကြပါတော့တယ်။
အသက်နဲ့ရင်းပြီး သူ့မြို့ကိုကာကွယ်ခဲ့ပေမဲ့ မမျှော်လင့်ထားတဲ့ရလာဒ်ကို ရရှိခဲ့တာမို့ ရောမကို အမုန်းကြီးမုန်းသွားတဲ့ မားရှက်စ်က သူ့ရဲ့ရန်သူတော် အော်ဖီးဒီးယပ်စ်ဆီသွားပြီး ခိုလှုံဖို့ကြိုးစားရင်းနဲ့ ရောမကိုလက်တုံ့ပြန်ဖို့ ကြိုးစားပါတော့တယ်။ သူနဲ့နှစ်ရှည်လများ ပြိုင်ဘက်ဖြစ်ခဲ့သူမို့ သူ့ရဲ့တောင်းဆိုမှုကို အော်ဖီးဒီးယပ်စ်တစ်ယောက် ယုံကြည်လက်ခံနိုင်ပါ့မလား.. သူကရော အော်ဖီးဒီးယပ်စ်နဲ့ပေါင်းပြီး သူ့ရည်ရွယ်ချက်အတိုင်း ရောမမြို့ကို သိမ်းပိုက်တိုက်ခိုက်နိုင်မှာလား.. ဒါမှမဟုတ် အော်ဖီးဒီးယပ်စ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရပြီး အနိုင်အရှုံး အသက်လုဆုံးဖြတ်ရမလား (300 ဘုရင်နဲ့ ဗိုဒါမော့ဒ် ပြိုင် ဘယ်သူနိုင်မလဲ).. ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ)...
After (2019)
⭐IMDB: 5.3/10 (62 k Votes)
🎬 #Drama #Romance
🗓 2019 🎞 movie
🌎 #USA #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 46 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“သူနဲ့ မတွေ့ခင်က ကျွန်မဘဝဟာ… အရမ်းကို ရိုးရှင်းပြီး ပုံသေ သတ်မှတ်ထားပြီးသားပါ…
အခုတော့ သူနဲ့ တွေ့ပြီးနောက်ပိုင်း… သူနဲ့ တွေ့ပြီးတဲ့ နောက်ပိုင်း ဆိုတာပဲ… ရှိတော့တယ်”
“ကျွန်တော့်ဘဝမှာ ဝတ္ထုပေါင်းများစွာ ဖတ်ခဲ့ဖူးပါတယ်…
အများစုက အချစ်ဆိုတာ စကြဝဠာကြီးရဲ့ ဗဟိုချက်လို့ ပြောကြပါတယ်…
အချစ်က ကျွန်တော်တို့ရဲ့ အတွင်းဒဏ်ရာတွေကို ကုစားပေးနိုင်တယ်…
အချစ်ဟာ ကျွန်တော်တို့ အသက်ရှင်ဖို့ လိုအပ်တဲ့အရာပါပဲတဲ့…
သူနဲ့ မတွေ့ခင်အထိ ကျွန်တော့်ကို အခြားတစ်ယောက်က… လုံးဝဖမ်းစားသွားနိုင်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဖူးပါဘူး”
ဒီတစ်ခါတော့ ရိုမက်တစ်ဆန်ဆန် အချစ်ဇာတ်လမ်းကောင်းလေးတွေကို ချစ်တဲ့
ပရိသတ်တွေအတွက် After ဆိုတဲ့ ဇာတ်လမ်းကောင်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်
တက်ဆာဆိုတဲ့ စာတော်ပြီး အမေစိတ်တိုင်းကျ ကြိုးစားနေတဲ့
စာကြမ်းပိုးမလေးတစ်ယောက် ကောလိပ်ကို ရောက်လာတာက ဇာတ်လမ်းကို စတည်ထားပါတယ်
အမေဖြစ်သူက စီစဉ်တဲ့အတိုင်း ဘဝကို နေထိုင်ရင်း ဟာဒင်ဆိုတဲ့ ကောင်လေးနဲ့ တွေ့တဲ့အချိန်မှာ သူဘာတွေ ပြောင်းလဲ သွားမှာလဲ
ဟာဒင်ကရော ဘယ်လိုကောင်လေးလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါ
ဇာတ်ကားအနှစ်သာရ ပျက်သွားမှာ စိုးလို့ အများကြီး မညွှန်းပေးတော့ပါဘူး
စကြည့်မိတာနဲ့ လုံးဝနစ်မျောသွားမယ့် အချစ်ဇာတ်လမ်းလေးပါ ကြည့်ပြီး
နောင်တမရစေရမယ့်ဇာတ်ကားကောင်းလေးဖြစ်လို့ လက်မလွတ်တမ်း ကြည့်ကြဖို့ ညွှန်းပေးပါရစေ
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့May Tharaphi Lwinပါ)...
The Equalizer 3 (2023)
⭐IMDB: 7.1/10 (24 k Votes)
🎬 #Action #Crime #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #Italy #UnitedStatesofAmerica
⏰ 1 နာရီ 49 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Equalizer 3 (2023)
IMDb Rating (7.1) / Rotten Tomatoes (75%)
“မင်းက အငြိမ်းစားပါ”“ဒါပေမဲ့ တစ်နေ့နေ့မှာ တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို ရက်ရက်စက်စက်တစ်ခုခုလုပ်လိုက်တာကို မြင်ရင် မင်း တစ်ခုခုပြန်လုပ်ပေးလိုက်မိလိမ့်မယ်၊ ဘာလို့လဲဆိုတော့ မင်းမှာလုပ်နိုင်စွမ်းရှိလို့ပဲ”“မင်းဟာ ဒီလိုလူစားပဲ၊ အမြဲတမ်း ဒီလိုလူစားပဲ”
မင်းသားကြီး ဒန်ဇယ်ဝါရှင်တန်ရဲ့ ကမ္ဘာကျော် Equalizer ရုပ်ရှင်တွေဟာဘာအကြောင်းလဲဆိုတာ ဒီဒိုင်ယာလော့တွေနဲ့တင် ဖော်ပြသွားခဲ့ပါတယ်။ မက်ကောဆိုတဲ့ စီအိုင်အေရဲ့ အတော်ဆုံးတွေထဲက တစ်ယောက်။ အငြိမ်းစားယူပြီး အေးဆေးနေနေခဲ့ပြီ။ ဒါပေမဲ့ သူ့ရှေ့မှာ မတရားမှုမြင်လာတိုင်း မပါဖို့ကြိုးစားပေမဲ့ ဝင်ပါမိသွားတယ်။ သူပြန်ယူပေးတဲ့ တရားမျှတမှုက သွေးအေးအေးနဲ့ ရက်ရက်စက်စက်ပါပဲ။ ဘဝမှာအရေးကြီးဆုံးက အချိန်ကိုက်ဖို့ပဲလို့ ခံယူထားတဲ့လူတစ်ယောက်။ မတိုက်ခိုက်ခင် နာရီလေးနဲ့ အချိန်ကိုက်တဲ့အကွက်ဟာ အားလုံးမှတ်မိနေမဲ့အချက်ပါပဲ။ အခုရုပ်ရှင်ကတော့ ၃ ကားမြောက်ဖြစ်ပြီး ပထမနှစ်ကားကိုလည်း ချန်နယ်မြန်မာမှာ ကွာလတီအကြည်အသစ်၊ ဘာသာပြန်ကောင်းကောင်းနဲ့ ကြည့်လို့ရပါတယ် ။
ဒီရုပ်ရှင်အစမှာတော့ မက်ကောဟာ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတစ်ခုကို လာရှင်းရင်းနဲ့ သေလာက်တဲ့ဒဏ်ရာရသွားခဲ့ပါတယ်။ အဲဒီဒဏ်ရာကို အီတလီရဲ့ Altamonte မြို့လေးက ဆရာဝန်တစ်ယောက်က ကုပေးပြီး ကယ်ဆယ်ထားခဲ့ပါတယ်။ အဲဒီမြို့ကလေးဟာ အေးချမ်းပြီးလူတွေကလည်း သဘောကောင်းကျတာမို့ မက်ကော ပျော်စပြုလာပါတယ်။ ဒါပေမဲ့ ဒီတစ်မြို့လုံးကို အရမ်းရက်စက်တဲ့ မာဖီးယားခေါင်းဆောင်တစ်ယောက်က ထိန်းချုပ်ထားတာမို့ သူခင်တဲ့ မိတ်ဆွေအသစ်တွေကို ကာကွယ်ဖို့ တစ်ဂိုဏ်းလုံးနဲ့ ရင်ဆိုင်ရတဲ့အခါ…
ဒီကားရဲ့ဒါရိုက်တာကတော့ အရင်နှစ်ကားကို ရိုက်ကူးခဲ့တဲ့ Antoine Fuqua ပါပဲ။ သူ့လက်ရာတွေထဲမှာ The Magnificent Seven, Training Day, Southpaw, Bullet Train တို့ဟာလည်း နာမည်ကျော်တွေပါပဲ။ အကုန်ချန်နယ်မြန်မာမှာ ကြည့်လို့ရပါတယ်။ စီးရီးကြိုက်တဲ့သူတွေအတွက်လည်း သူ ထုတ်လုပ်ခဲ့တဲ့ Shooter, Mayour of Kingstown စီးရီးတွေဟာလည်း ထိပ်တန်းပါပဲ။ ဒါလည်း ချန်နယ်မြန်မာမှာ ကြည့်လို့ရပြန်တာပါပဲ။
စပွိုင်လာအနည်းငယ်ပါမည်… ကြည့်ပြီးမှဖတ်ရင်
မက်ကော စီအိုင်အေမှာလုပ်တုန်းက ကူညီခဲ့တဲ့ Brian နဲ့ Susan Plummer တို့ရဲ့သမီးအမ်မာကော်လင်နဲ့ တိုက်တိုက်ဆိုင်ဆိုက်ပြန်တွေ့ကြတာပါ။
ဇာတ်လမ်းအဆုံးမှာ မက်ကောက မှတ်စုစာအုပ်အနက်လေးကို အမ်မာကော်လင့်ကို ပေးလိုက်တဲ့သဘောဟာ သူအပြီးတိုင်အငြိမ်းစားထပ်ယူပြီး သူ့နေရာကို အမ်မာ ဆက်ယူစေချင်တဲ့သဘောလို့ ယူဆရပါတယ်။ ဒါကြောင့် ငွေကို ကိုယ်တိုင်သွားပေးခိုင်းပြီး လူစိမ်းတစ်ယောက်ကို ကူညီလိုက်ရတဲ့ ခံစားချက်ကို ပြတာပါ။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှတင်ဆက်ထားပါတယ်။)...
Talladega Nights: The Ballad of Ricky Bobby (2006)
⭐TMDB: 63.0% User Score
🎬 #Comedy #Sport
🗓 2006 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 48 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အနောက်တိုင်း Comedy movie တွေကို 2k vibe နဲ့ ခံစားချင်သူတွေအတွက် 2006 ခုနှစ်ကထွက်ရှိထားတဲ့ ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီဇာတ်ကားက ရစ်ကီဘော်ဘီလို့ခေါ်တဲ့ ပြိုင်ကားမောင်းသမားတစ်ယောက်ရဲ့ ဘဝအနိမ့်အမြင့် အတက်အကျကို ရိုက်ပြထားတာဖြစ်ပြီး အတော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရစ်ကီဘော်ဘီဟာ ပြိုင်ကားမောင်းရတာကို အရူးအမူးစွဲလမ်းတဲ့ ရိစ်ဘော်ဘီလို့ခေါ်တဲ့လူတစ်ယောက်ရဲ့ ရင်သွေးဖြစ်ပြီး သူဟာလည်းအဖေ့သွေးအပြည့်ပါတဲ့အပြင် ငယ်ငယ်ကဖခင်ဖြစ်သူပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် လူငယ်အရွယ်မှာပဲ NASCAR ရဲ့ ပြိုင်ကားလောကထဲကိုရောက်လာပြီး ကမ္ဘာ့နံပါတ်တစ်နေရာကို စောစောစီးစီးယူနိုင်ခဲ့သူဖြစ်ပါတယ်။ သူ့အောင်မြင်မှုတွေကို ခံစားလို့မဝသေးခင်အချိန်မှာပဲ ဂျွန်ဂျရတ်ဒ်လို့ခေါ်တဲ့ ပြင်သစ်လူမျိုး ပြိုင်ကားမောင်းသမားတစ်ယောက် NASCAR ကိုရောက်ရှိလာချိန်မှာတော့ သူဟာအရှုံးတွေနဲ့ရင်ဆိုင်ရပြီး သူ့ဘဝဟာလည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ပါတယ်။
ဒီလိုနဲ့ တစ်ချိန်ကအတော်ဆုံးပြိုင်ကားမောင်းသမား ရစ်ကီဘော်ဘီဟာ စုတ်ပြတ်သတ်နေတဲ့သူ့ဘဝထဲကရုန်းထွက်ပြီး အတော်ဆုံးဆိုတဲ့ဂုဏ်ပုဒ်ကို ပြန်လည်ရယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားက IMDB rating 6.6 အထိရရှိထားပြီး အားကစားနဲ့ပတ်သက်တာတွေ ကြည့်ချင်သူတွေ ဟာသကားကြိုက်တဲ့သူတွေအတွက်ကတော့ ကြည့်လို့ကောင်းမဲ့ဇာတ်ကားတစ်ကားပါပဲ။
File size…(2.4 GB)/(...
Strange Way of Life (2023)
⭐IMDB: 6.6/10 (2 k Votes)
🎬 #Drama #Short #Western #Romance
🗓 2023 🎞 short
🌎 #France #Spain
⏰ 32 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Strange Way of Life (2023)
~ IMDb – 6.6/10, Rotten Tomatoes – 78% ~
The Skin I Live In တို့၊ Pain and Glory တို့လို အော်စကာတန်းဝင်ကားတွေကို ရိုက်ခဲ့တဲ့ စပိန်ဒါရိုက်တာ Pedro Almodóvarရဲ့ Short film အသစ်ပါ။ Pedro Pascal နဲ့ Ethan Hawke တို့လို ထိတ်ထိတ်ကြဲ မင်းသားတွေကို သုံးထားတယ်။ Almodóvar ရိုက်ခဲ့တဲ့ ဒုတိယမြောက် အင်္ဂလိပ်စကားပြော ရုပ်ရှင်ဆိုလည်းဟုတ်တယ်။ Western Drama ပေမဲ့ ပုံမှန်မြင်နေကျ Western Drama တွေနဲ့မတူဘဲ ဇာတ်အိမ်ကို မထင်ထားတဲ့ပုံစံမျိုး သုံးပြထားတယ်။
ဒီဇာတ်လမ်းဟာ နာရီဝက်သာသာပဲရှိတဲ့ ဇာတ်လမ်းပေမဲ့ Western Drama အရသာကို ပေးသင့်သလောက်ပေးနိုင်ခဲ့သလို ကျွန်တော်တို့ ပုံမှန်မြင်နေကျ Western Drama တွေနဲ့မတူတဲ့ အငွေ့အသက်လည်း လွှမ်းထားတယ်။ နောက်တစ်ခုထူးတာကတော့ ဒီရုပ်ရှင်တိုကို Western ရုပ်ရှင်တွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Sergio Leone က သူ့ရဲ့နာမည်ကျော် Dollars Trilogy ကို ရိုက်ခဲ့တဲ့ စပိန်တောင်ပိုင်းမှာပဲ ရိုက်ထားခဲ့တာပါ။ Pedro နဲ့ Ethan ပရိသတ်တွေတော့ အတိုင်းအတာတစ်ခုထိတော့ ကျေနပ်ကြလောက်မယ့် ရုပ်ရှင်ပါပဲ။
(ဒီဇာတ်လမ်းတိုနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)...
The Haunting of Hell Hole Mine (2023)
⭐IMDB: 3.1/10 (143 Votes)
🎬 #Horror #Mystery #Thriller #Western
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 48 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းလေးကတော့ လုခ်တောင်ဆန်ဟာ သူ့တူမလေး ပိုနီရဲ့မိဘတွေ
ကျိန်စာဆိုးတစ်ခုကြောင့် သေဆုံးသွားတဲ့အတွက် မိသာစုဝင်အနေနဲ့
တူမလေးတစ်ယောက်သာကျန်တဲ့အတွက် အစစအရာရာတာဝန်ယူပြီး
စောင့်ရှောက်ပေးထားတယ်။ တောင်ဆန်တို့မျိုးရိုစဉ်ဆက်တစ်ခုလုံးက
စိတ်ကျန်းမာရေးကြောင့် သေဆုံးသွားကြတယ်။ လုခ်ဟာ ဒီကိစ္စကိုမယုံပေမယ့်
ဦးလေးဖြစ်သူသေဆုံးသွားပြီးနောက်မှာ သူတို့အတွက် ရွှေမိုင်းတွင်းဟောင်း
တစ်ခုကိုအမွေပေးခဲ့တယ်။အဲ့နောက်ပိုင်းမှာ ပိုနီဟာစိတ်ကယောင်ခြောက်ခြားတွေ
စဖြစ်လာပြီး ကိုယ့်ကိုယ်သတ်သေဖို့အဆင့်အထိဖြစ်လာတယ်။ လုခ်ဟာသူ့တူမကို
တားဆီးလိုက်နိုင်ပြီးတော့ ဆေးရုံပို့လိုက်တယ်။ တူမလေးကိုအရမ်းစိတ်ပူတဲ့အတွက်
သီးသန့်နေရာကိုပြောင်းပေးချင် ပိုက်ဆံကလည်းမရှိဘူး။ သူနဲ့အတူတူနေတဲ့
ရော့စကိုနဲ့ဒွန်ဟာ အမွေရထားတဲ့ရွှေမိုင်းတွင်းကို သွားကြည့်သင့်ကြောင်းပြောလာတဲ့အခါမှာတော့...
All Fun and Games (2023)
⭐IMDB: 4.3/10 (556 Votes)
🎬 #Horror #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 16 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2023 မှာ အသစ်စက်စက်ထွက်ရှိထားတဲ့ horror ဇာတ်ကားကောင်းလေး
တစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ပါပြီ။
ဂျိုးဆိုတဲ့ကောင်လေးဟာ လူမနေတော့တဲ့အိမ်တစ်လုံးကနေ ဓါးတစ်ချောင်းကို
ရှာတွေ့ခဲ့ပါတယ်။ သူ့အစ်ကိုက ယူမလာဖို့သတိပေးနေရက်နဲ့ ဂျိုးဟာ ကလေးပီပီ
အရာရာကိုစူးစမ်းချင်စိတ်နဲ့ မဖြစ်ဖြစ်အောင်ယူလာခဲ့ပါတယ်။
ယူလာကတည်းက အဲဒီဓါးအထဲကနေ သူ့နာမည်ခေါ်သံတွေကြားနေရပြီးတော့
ညဘက်ကျတော့ ဓါးကအသက်ဝင်လာပြီး ဂျိုးကို ဂိမ်းတစ်ခုကစားဖို့စေခိုင်းပါတော့တယ်။
အဲဒီဂိမ်းကတော့ အခြားမဟုတ်ပါဘူး။ တူတူပုန်းတမ်းကစားခိုင်းတာပါ။
ဂျိုးဟာ သူ့အစ်မ၊ သူ့အစ်ကိုနဲ့ သူ့အစ်မရဲ့သူငယ်ချင်းတွေပါ တူတူပုန်းတမ်းကစားအောင်
ဓါးကစေခိုင်းတဲ့အတိုင်း လုပ်ဆောင်ရပါတော့တယ်။
ဖြစ်ချင်တော့ ဓါးက အသေဆိုးနဲ့မရှုမလှသေခဲ့ရတဲ့သားတစ်ယောက်အတွက်
စုန်းမတစ်ယောက်ကိုယ်တိုင်ပြုလုပ်ထားတဲ့ ဓါးပါ။
အဲဒီဓါးပေါ်က စာလုံးတွေကို ဂျိုးရဲ့အစ်ကို မားကတ်က ဖတ်လိုက်မိပြီးနောက်မှာတော့
မားကတ်ကို နတ်ဆိုးဝင်ပူးသလိုဖြစ်သွားပြီး ဂိမ်းပွဲမှာပါဝင်တဲ့သူတွေကို ဓါးနဲ့
လိုက်သတ်ပါတော့တယ်။
ရုပ်ရှင်က ဇာတ်လမ်းလည်းကောင်းသလို သရုပ်ဆောင်တွေကလည်း
လူတိုင်းသိတဲ့နာမည်ကြီးသရုပ်ဆောင်တွေပါ။ ဒီကားထဲမှာ မားကတ်ဆိုတဲ့
အစ်ကိုနေရာက သရုပ်ဆောင်တဲ့မင်းသားဆိုရင် sex education ထဲက
မင်းသားဖြစ်ပါတယ်။ သရုပ်ဆောင်ပီပြင်ချက်က ကြောက်စရာကောင်းလွန်းလို့
ကြည့်ရင်းနဲ့ကြက်သီးတွေတဖြန်းဖြန်းထလာစေပါတယ်။
Horror ဇာတ်လမ်းတစ်ခုတည်းမဟုတ်ဘဲ မိသားစုဝင်တွေ၊ မောင်နှမတွေ၊
သူငယ်ချင်းတွေကြားက သံယောဇဥ်တွေကိုပါ ပီပီပြင်ပြင်ပြသထားပါတယ်။
သူတို့တွေဘယ်လိုပူးပေါင်းပြီး အဲဒီဓါးထဲကနတ်ဆိုးကိုနှိမ်နှင်းကြမလဲ၊
နတ်ဆိုးဝင်ပူးခံနေရတဲ့မားကတ်ကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့
ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ပါဦးနော်...
Kleo (2022- )
⭐IMDB: 7.5/10 (12 k Votes)
🎬 #Action #Adventure #Drama #Comedy #Crime #Thriller
🗓 2022- 🎞 tv series
🌎 #Germany
⏰ 56 မိနစ် 57 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Kleo (2022)Kleo (2022)
===========
IMDb Rating – 7.5/10Kill Bill လိုမျိုး လက်စားလိုက်ချေတဲ့ကား၊ Atomic Blonde နဲ့ Red
Sparrow တို့လို စပိုင် ဇာတ်လမ်းမျိုးတွေ ကြိုက်တယ်ဆိုရင် ဒီဇာတ်လမ်း
တွဲကို လက်လွှတ်မခံပါနဲ့။ IMDb rating 7.5, Rotten Tomatoes 92%
ရထားပါတယ်။ ဇာတ်လမ်းကတော့ မမိုက်မှာမပူနဲ့။ ဂျာမန်တွေ ရိုက်ကူး
ထားပြီး Netflixက ထုတ်ဝေထားတာပါ။ Netflix က ကျန်တဲ့ ဇာတ်ကား
တွေသာ ချာရင်ချာမယ်၊ ဥရောပတစ်ခွင်ကရိုက်တဲ့ ဇာတ်လမ်းတွေကတော့
ဇာတ်လမ်း၊ ဇာတ်အိမ် ခိုင်မာကြသလို တော်တော်ကြီးကြည့်လို့ကောင်းတဲ့
အစဉ်အလာရှိပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ကလီယိုဟာ အရှေ့ဂျာမနီအစိုးရရဲ့ ထောက်
လှမ်းရေးဌာနခွဲက လျှို့ဝှက်အေးဂျင့်တစ်ယောက်ပါ။ ကလီယိုဟာ စည်းကမ်း
ကို ချိုးဖောက်ပြီး လုပ်ဖော်ကိုင်ဖက်နဲ့ ချစ်ကြိုက်မိကာ ကိုယ်ဝန်ကိုလည်း
လွယ်ထားရပါတယ်။ ဒီလိုနဲ့ အလုပ်ကနေ အနားယူမယ် လုပ်တုန်းက ချောက်
ချခံရပြီး တစ်သက်တစ်ကျွန်း ထောင်ကျသွားပါတယ်။ ထောင်ထဲမှာ ကိုယ်ဝန်
ပျက်ကျ၊ ဒုက္ခပေါင်းစုံကိုခါးစည်းခံရပါတယ်။ ၁၉၉၀ ပြည့်ချိန် ဘာလင်တံတိုင်း
ကြီး ပြိုကျသွားပြီး အရှေ့ဂျာမနီနဲ့ အနောက်ဂျာမနီတို့ ပြန်လည်ပေါင်းစည်းချိန်
မှာ ကလီယိုတစ်ယောက် ထောင်ကနေ လွတ်လာပါတယ်။ ကလီယိုလည်း
ထောင်ကနေ လွတ်လွတ်ချင်းပဲ သူ့ကို ထောင်ကျအောင် လုပ်ခဲ့တဲ့ သူတွေကိုလက်
စားလက်ချေဖို့ လုပ်တာကိုစိတ်ဝင်တစားကြည့်ရှူရမှာပါ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ဘာသာပြန် ရေးသားပေးသူကတော့
Leonard Lin ဖြစ်ပါတယ်။)...
The Hound of the Baskervilles: Sherlock the Movie (2022)
⭐IMDB: 6.2/10 (59 Votes)
🎬 #Crime #Drama #Mystery
🗓 2022 🎞 movie
🌎 #Japan
⏰ 2 နာရီ 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Hound of Baskervilles: Sherlock the Movie (2022)
~ IMDb – 6.2/10, MyDramaList – 7.7/10 ~
အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်တဲ့ The Hound of Baskervilles ဆိုတာ ဆာအာသာကိုနင်ဒွိုင်း Sir Arthur Conan Doyle (1859~1930) ရဲ့ ရှားလော့ဟုမ်းဝတ္ထုရှည်လေးပုဒ်ထဲက ၁၉၀၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ တတိယမြောက်ဝတ္ထုရှည်တစ်ပုဒ်ဖြစ်ပါတယ်။
မူရင်းဇာတ်ကြောင်းကတော့ ၁၈၈၉ ခုနှစ် အင်္ဂလန်နိုင်ငံအနောက်တောင်ပိုင်း၊ ဒီဗွန် (Devon) က ဒတ်မိုးတောင်ပေါ်ဒေသ (Dartmoor) ကိုနောက်ခံထားပြီး ဘတ်စကာဗျီလ်မိသားစုမျိုးဆက် (Baskerville Family) က အဲဒီဒေသမှာ ဒဏ္ဍာရီလာငရဲခွေးကြီးတစ်ကောင်ကြောင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြတာမို့လို့ လူသေဆုံးမှုထပ်မရှိရလေအောင် ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝပ်ဆန်တို့ကို လာရောက်အကူအညီတောင်းရာကနေ တကယ်ပဲ ဖြစ်ရပ်ဆန်းကြယ်ကြောင့် လူသေဆုံးသွားကြတာလား… ဒဏ္ဍာရီလိုလို ကျိန်စာလိုလိုကို အကြောင်းပြပြီး ရည်ရွယ်ချက်ရှိရှိ လူသတ်နေတာလား… ဆိုတာကို ဖော်ထုတ်တာဖြစ်ပါတယ်။
The Hound of Baskervilles ကို တိုက်ရိုက်တစ်ဖုံ မှီးငြမ်းတစ်သွယ် ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲအပိုင်းတွေများစွာရှိရာမှာ ဂျပန်ဘက်မှ ရိုက်ကူးပြီး ၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The Hound of Baskervilles: Sherlock the Movie” လည်း တစ်ကားအပါအဝင်ဖြစ်ပြီး မူရင်းဇာတ်အိမ်ထဲက အဓိကအကြောင်းအရာကို နည်းနည်းပဲအခြေခံပြီး ကိုယ်ပိုင်ဇာတ်လမ်းနဲ့ အကောင်းဆုံးဖြစ်အောင် မှီးငြမ်းရိုက်ကူးထားပါတယ်။
ဒီဇာတ်ကားရဲ့ဇာတ်ကြောင်းကတော့ ဒီလိုပါ။ သတ္တုမိုင်းသူဌေးကြီး ဟာဆုကာဘေးချီဇူးအို (Hasukabe Chizuo) ရဲ့ သမီးဖြစ်သူ ဟာဆုကာဘေးဘန်နီ (Hasukabe Beni) ကိုပြန်ပေးဆွဲပြီး “သမီးဖြစ်သူကို ပြန်လိုချင်ပါက ဆဲတိုကုန်းတွင်းပင်လယ်ရှိ ကာဆုမိကျွန်း (Kasumi Island) ဆီ သူဌေးကြီးတစ်ယောက်သာ ပြန်ပေးငွေနှင့်တကွ လာရောက်ပါရန်” ဆိုပြီး ခြိမ်းခြောက်စာပို့လာလို့ ဟာဆုကာဘေးချီဇူးအိုတစ်ယောက် ထိုကျွန်းကို ပြန်ပေးငွေပေးဖို့ သွားပေမဲ့ တကယ်တမ်းတော့ ပြန်ပေးငွေလည်း လာမယူ၊ ဘန်နီလည်း အိမ်ပြန်ရောက်နေတာကို တွေ့လိုက်ရတယ်။ ဒီလိုနဲ့ တစ်လကြာသွားတဲ့နောက် အဲဒီကိစ္စကိုအခဲမကျေနိုင်တဲ့ သူဌေးကြီးက ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအကြံပေး တစ်နည်း အလွတ်စုံထောက် လုပ်နေတဲ့ ဆရာဝန်ဝါခါမီရာဂျွန်အီချိ (Wakamiya Junichi) ဆီမှာ ပြန်ပေးဆွဲမှုလက်သည်ကို စုံစမ်းပေးဖို့ အကူအညီလာတောင်းရာကနေ ဝါခါမီရာနဲ့ ဟိုမာရေး ရှီရှီအို (Homare Shishio) တို့နှစ်ယောက်သား ကာဆုမိကျွန်းကို မဖြစ်မနေ သွားရောက်စုံစမ်းရပါတော့တယ်။ အဲဒီကျွန်းမှာ လူတွေရဲ့အတ္တဆန်တဲ့အပြုအမူကြောင့် သေဆုံးသွားကြတဲ့ ခွေးနက်တွေက နတ်ဆိုးခွေးတွေအဖြစ် ပြောင်းသွားကြပြီး လူတွေကို လိုက်လံတိုက်ခိုက်နေတယ်ဆိုတဲ့ အရင်ကတည်းရှိနေတဲ့ ဒဏ္ဍာရီလိုလို ယုံတမ်းစကားတစ်ခုကို ကြားလိုက်ရတဲ့အခါမှာတော့…
The Hound of Baskervilles Sherlock the Movie ရဲ့ဒါရိုက်တာကတော့Suspect X (2008)ကို ရိုက်ကူးခဲ့တဲ့ Hiroshi Nishitani ပဲဖြစ်ပါတယ်။ Homare Shishio (ရှားလော့ဟုမ်း) အနေနဲ့ သရုပ်ဆောင်ထားတဲ့သူက Fullmetal Alchemist Live-Action Trilogy ထဲမှာ Roy Mustang အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Dean Fujioka ဖြစ်ပြီး Wakamiya Junichi (ဒေါက်တာဝပ်ဆန်) က High & Low ဇာတ်ကားတွေမှာ Cobra အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Takanori Iwata ဖြစ်ပါတယ်။ Reiji Eto (ရဲအုပ်လက်စထရိတ်) ကတော့ Kuranosuke Sasaki ဖြစ်ပြီး တစ်ခြားသရုပ်ဆောင်တွေက Yuko Araki (Once Upon a Crime, Roppongi Class), Nijiro Murakami (Alice In Borderland), Ryoko Hirosue, Kotaro Koizumi အစရှိသဖြင့် ပါဝင်အားဖြည့်ထားပါတယ်။
၂၀၁၉ ခုနှစ်မှာ ၁၁ ပိုင်းပါတဲ့ “Sherlock: Untold Stories” စီးရီးကို ထုတ်လွှင့်ပြသခဲ့ပြီးမှ The Hound of Baskervilles: Sherlock the Movie ကို ၂၀၂၂ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တာပါ။ Sherlock: Untold Stories မှာ Dean Fujioka, Takanori Iwata, Kuranosuke Sasaki တို့ပဲ သရုပ်ဆောင်ထားတာမို့လို့ ဒီဇာတ်ကားမှာလည်း ပြန်လည်ပါဝင်ခဲ့ကြတာပါ။
The Hound of Baskervilles ဝတ္ထုကို ဆရာကြီးရွှေဥဒေါင်းက ပွေလီအင်းခွေးကြီးအမှု (မှီးငြမ်း) နဲ့ ဘတ်စကာဗျီလ်ခွေးကြီး (ဘာသာပြန်-အကျဉ်း)၊ ဆရာစိုးမြိုင်က ဖုန်းဆိုးမြေမှ ခွေးတစ္ဆေ (ဘာသာပြန်-အကျယ်)၊ ဆရာဆွေမင်း(ဓနုဖြူ) က မြိုင်ရာဇာတွတ်ပီ ကျွန်ုပ်နှင့်ကောလ္လိယအင်းခွေးကြီး (မှီးငြမ်း)၊ ဆရာမောင်မြတ်မိုးက ရှားလော့ဟုမ်းနှင့် ကျိန်စာသင့်အိမ် (ဘာသာပြန်) စသဖြင့် အသီးသီး မှီးငြမ်း၊ ဘာသာပြန်ခဲ့ကြပါတယ်။
ခေတ်သစ်ရှားလော့ဟုမ်းကိုမှ ဂျပန်ဗားရှင်းအနေနဲ့ ကြည့်ချင်ရင် ဒါမှမဟုတ် ရှားလော့ဟုမ်းရဲ့ဝတ္ထုရှည်...
Insidious Inferno (2023)
⭐IMDB: 5.1/10 (58 Votes)
🎬 #Horror
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Horror ကားကြိုက်နှစ်သက်သူတွေအတွက် Insidious Inferno ဆိုတဲ့
ဇာတ်ကားအသစ်တစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။နာမည်ကြောင့် Insidious
ကားတွေနဲ့မမှားသွားပါနဲ့။ဒီကားကသက်သက်ပါ။ဇာတ်ကားပုံစံကဘယ်လိုလဲဆိုတော့
ထုံးစံအတိုင်းနတ်ဆိုးတွေ မကောင်းဆိုးဝါးတွေအကြောင်းကိုမှ Storyline
အသစ်တစ်ခုနဲ့ရိုက်ကူးထားတာပဲဖြစ်ပါတယ်။မိုနီကာနဲ့ အန်ဒရေးတို့ဆိုတဲ့
လင်မယားနှစ်ယောက်က မိုနီကာရဲ့အဖေဖြစ်သူဆုံးပါးခဲ့ပြီးနောက်မှာ သူ့အဖေ
ပိုင်ခဲ့တဲ့အိမ်ကြီးကို အမွေရခဲ့ကြပါတယ်။ဒီလိုနဲ့ သူတို့လင်မယားနှစ်ယောက်က
အဲ့ဒီအိမ်ကြီးကို ပြင်ပြီးပြန်ရောင်းစားဖို့အတွက် ကိုယ်တိုင်သွားရောက်ကြည့်ရှု
ပြင်ဆင်ဖို့ဆုံးဖြတ်ခဲ့ကြပါတော့တယ်။မိုနီကာမှာ တစ်ခါတစ်လေမူးခနဲမိုက်ခနဲ
ဖြစ်သွားတတ်ပြီး အာရုံထဲမှာအနီရောင်တွေချည်းပဲမြင်နေရတတ်တာမျိုးတွေ
ဖြစ်လေ့ဖြစ်ထရှိပါတယ်။အခုလည်း အဲ့ဒီအိမ်ကြီးကိုသွားရမယ်ဆိုတဲ့ အခါမှာ
ငယ်ဘဝတုန်းက စိတ်ဒဏ်ရာတွေကြောင့် မသွားချင်ဘူးဖြစ်နေပေမဲ့ ရောက်တော့
ရောက်သွားခဲ့ပါတယ်။ထင်ထားတဲ့အတိုင်းပါပဲ မိုနီကာအဲ့ဒီအိမ်ကိုရောက်ပြီးကတည်းက
အတိတ်က ကြောက်စရာအဖြစ်အပျက်တွေ ပြန်မြင်ယောင်လာပြီး အဖြစ်ဆိုးတွေကိုလည်း
တစ်ခုပြီးတစ်ခု ကြုံတွေ့လာရပါတယ်။သူတို့လင်မလားနှစ်ယောက်ဒီအဖြစ်အပျက်တွေကို
ကျော်ဖြတ်နိုင်ကြပါ့မလား မိုနီကာနဲ့အဲ့ဒီအိမ်နဲ့ကရောဘယ်လိုတွေ ရေစက်ရှိနေတာလဲဆိုတာကို
ကြည့်ရှုရမဲ့ Horror ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။...
The Nun II (2023)
⭐IMDB: 5.9/10 (21 k Votes)
🎬 #Horror #Mystery #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 50 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Conjuring ရုပ်ရှင်စကြဝဠာထဲက တစ်ကားဖြစ်တဲ့ Nun 2 လာပါပြီ။ ဒီရုပ်ရှင်ကတော့ Ed and Lorraine ရဲ့ ယနေ့ခေတ်ကာလမဟုတ်ဘဲ သီလရှင်နတ်ဆိုး သောင်းကျန်းခဲ့တဲ့ ရှေးခေတ်ကာလမှာ သူ့ကိုရှင်ဆိုင်ခဲ့ကြတဲ့ ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေအကြောင်းပါပဲ။
ဒီဇာတ်လမ်းအစမှာတော့ စိန့်ကာတာဘုရားကျောင်းမှာ သီလရှင်တွေဆက်တိုက် သေဆုံးမှုတွေဖြစ်ပြီး ဘုန်းတော်ကြီးတစ်ပါးနဲ့ သီလရှင်တစ်ပါးက သွားရောက်အဖြေရှာတဲ့အခါ နတ်ဆိုးတစ်ကောင်ရဲ့ လက်ချက်ဖြစ်နေတာကြောင့် နှိမ်နင်းခဲ့ရပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အကြာမှာပဲ အဲဒီနတ်ဆိုးရဲ့လုပ်ရပ်တွေနဲ့ ခပ်ဆင်ဆင်တူတဲ့ သေဆုံးမှုတွေ ဘုန်းတွေကြီးတွေနဲ့သီလရှင်တွေထပ်ကြုံလာရပြီးဥရောပတဝှမ်းမှာဖြစ်လာတာကြောင့် ဘုရားကျောင်းက ဒီအမှုတွေကိုစုံစမ်းဖို့ စိန့်ကာတာက နတ်ဆိုးကို အနိုင်ယူခဲ့တဲ့ သီလရှင်ကိုတာဝန်ပေးလိုက်ပါတော့တယ်။ အဲဒီတုန်းက ဘုန်းတော်ကြီးက သေသွားပြီဖြစ်လို့ပါ။ အဲဒီသီလရှင်နဲ့အတူ သီလရှင်အသစ်လေးတစ်ယောက် လိုက်လာပြီး နတ်ဆိုးက ဒီလိုလုပ်နေရတဲ့အကြောင်းရင်းကို လိုက်စုံစမ်းတဲ့အခါ….
ဒီရုပ်ရှင်ထဲမှာ သူတော်စင် လူစီအကြောင်းကို အခြေခံထားပါတယ်။ ရောမအင်ပါယာခေတ် Pagan ဗာရီဟဝါဒီ အားကောင်းနေတဲ့အချိန်မှာ ခရစ်ယာန်ကိုးကွယ်သူတွေ အမြောက်အမြား အသတ်ခံခဲ့ရပါတယ်။ သူတော်စင်လူစီကတော့ နောက်ဆုံးနဲ့အပြင်းထန်ဆုံးသတ်ဖြတ်တာခံရတဲ့သူပါပဲ။ မှတ်တမ်းအရတော့ သူတော်စင်လူစီကို မီးတင်ရှို့ပပေမဲ့ မီးမစွဲတာကြောင့် မျက်လုံးနှစ်လုံးကို ဖောက်ထုတ်ပြီး ကွက်မျက်ခဲ့ပါတယ်။ ဒါကြောင့် သူတော်စင်လူစီကို မျက်မမြင်တို့ရဲ့သူတော်စင်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်ထဲက နတ်ဆိုးနဲ့ အသတ်ခံရသူတွေဘယ်လိုပတ်သတ်လဲ၊ သူတော်စင်လူစီနဲ့လည်း ဘယ်လိုပတ်သတ်လဲဆိုတာ သိအောင် ဆက်ကြည့်လိုက်ပါဦး။
Conjuring ဇာတ်လမ်းတွေက အချိန်အစဉ်လိုက် ကြည့်ချင်တယ်ဆိုရင်တော့
The Nun (2018)https://channelmyanmar.org/the-nun-2018/Annabelle: Creation (2017)The Nun 2 (2023)Annabelle (2014)The Conjuring (2013)Annabelle Comes Home (2019)The Conjuring 2 (2016)The Conjuring: The Devil Made Me Do It (2021)
ဒီလိုကြည့်ရှုနိုင်ပါတယ်။
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mr.Anderson မှတင်ဆက်ထားပါတယ်။)...
