ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Medellin (2023)
⭐IMDB: 4.8/10 (959 Votes)
🎬 #Comedy #Action
🗓️ 2023 🎞️ Movie
📺 #1080p #720p #480p
💿 1.6 GB ⦿ 1.0 GB ⦿ 489.3 MB
🌎 #France #Colombia
⏰ 1 နာရီ 45 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Medellin (2023)
ဟာသအက်ရှင်ကား ကောင်းကောင်းကြိုက်သူတွေအတွက် ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အဓိကမင်းသားတွေအဖြစ် Taxi 5 ရုပ်ရှင်ထဲမှ မင်းသား Frank Gastambide နဲ့2 lone in Paris ဟာသရုပ်ရှင်ကားထဲမှ မင်းသား Ramzy Bedia တို့မှ တွဲဖက်မိမိနဲ့ သရုပ်ဆောင်ထားပါတယ်။Mike Tyson လည်း ပါဝင် အားဖြည့်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ရီဒါဟာ ပြင်သစ်မှာ လက်ဝှေ့အားကစားရုံဖွင့်ထားတဲ့လူတစ်ယောက်ပါ။သူ့ညီဖြစ်သူ ဘရာဟင်းကတော့ နာမည်ကြီးမင်းသားအတိုင်း ဝတ်စားပြင်ဆင်တတ်တဲ့ Influencer တစ်ယောက်ပါ။ဘရာဟင်းလည်း ကိုလမ်ဘီယာနိုင်ငံ မက်ဒလင်းမြို့ကို သွားလည်ရင်းနဲ့ မူးယစ်ဂိုဏ်းတစ်ခုရဲ့ ပြန်ပေးဆွဲတာကို ခံလိုက်ရပါတယ်။အဲဒါကို သိသွားတဲ့ ရီဒါလည်း သူ့ညီကို ဒီအတိုင်းပစ်မထားနိုင်တာကြောင့် ဘရာဟင်းကို ကယ်ဖို့ ကိုလမ်ဘီယာကို လိုက်ဖို့ လုပ်ပါတော့တယ်။ဒီလိုနဲ့ ရီဒါရယ် စတန်ရယ် ရှာဖိခ်ဆိုတဲ့ လူပုလေးတို့ ဘရာဟင်းကို ကယ်ဖို့လာရင် မက်ဒလင်းမြို့မှာ စွန့်စားခန်းထွက်ပါတော့တယ်……
အညွှန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။
The Year I Started Masturbating (2022)
⭐IMDB: 5.2/10 (2 k Votes)
🎬 #Comedy #Drama #Romance
🗓️ 2022 🎞️ Movie
📺 #1080p #720p #480p
💿 1.7 GB ⦿ 867.2 MB ⦿ 415.5 MB
🌎 #Sweden
⏰ 1 နာရီ 41 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Year I Started Masturbating (2022)
Netflix ကထွက်ထားတဲ့ The Year I Started Masturbating ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်ကားနာမည်ကြည့်ပြီးတော့ ကျောင်းသားကားဆိုပြီး တွေးနေရင်တော့ မှားသွားပါလိမ့်မယ်။၁၈ ယောက်စုကြည့်ရမယ်ထင်နေရင်လဲ သင့်ရဲ့ စိတ်ကို အမှောင်ဘက်ခြမ်းကနေ ပြန်ခေါ်လိုက်ပါ။ဒီဇာတ်ကားလေးဟာ မိန်းကလေးတွေ ကိုယ့်ကိုကိုယ် ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ ပြသွားမဲ့ကားမျိုးပါ။ဒါပေမဲ့ စကားလုံးတွေက ပွင့်ပွင့်လင်းလင်းပြောထားတော့ မိသားစုနဲ့တွဲကြည့်လို့လဲ အဆင်ပြေမှာမဟုတ်ပါဘူး။(ဥပမာဆို လူတိုင်းသိကြတာက ဂျီစပေါ့ လောက်ပါပဲဒါပေမဲ့ ဒီထဲမှာတော့ ဂျီစပေါ့တင်မကဘဲ အိုစပေါ့ အမ်စပေါ့ ဒီစပေါ့ တွေပါ ပါပြီးတော့ဘယ်နေရာမှပါ ရှိတယ်ဆိုတာ ညွှန်ပြထားပါသေးတယ်)။
ဇာတ်လမ်းအကျဉ်းလေးကတော့ ဟန်နာဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ အလုပ်တွေကြိုးစားပြီး မိသားစုကို အချိန်မပေးနိုင်ဘဲ အလုပ်ပဲဖိလုပ်တဲ့သူပါ။ယောကျာ်းဖြစ်သူဟာလဲ ကြာလာတေ့ ငြိုငြင်လာပါတယ်။ဟန်နာအတွက်ကတော့ ကလေးတွေယူပြီး အလုပ်လုပ် ပိုက်ဆံရှာပေးနေရင် မိသားစုကိစ္စပြီးပြီလို ထင်နေပါတယ်။ဒါပေမဲ့ တစ်နေ့မှာ ယောကျာ်းဖြစ်သူနဲ့ ပြဿနာ ဖြစ်ပြီး အိမ်ကနေဆင်းလာတဲ့အချိန်မှာ အချစ်ဆုံးသူငယ်ချင်းကလဲ သူ့ကိုပစ်ခွာသွားတော့ဟန်နာ တစ်ယောက် သူ့ဘဝမှာ ရင်းနှီးခဲ့တဲ့သူတေွ အနားမှာမရှိတော့ဘဲ တစ်ယောက်တည်း ဘဝကိုရင်ဆိုင်ရတဲ့အချိန်မှာဘယ်သူတွေက သူ့ကိုကူညီပြီး ဘယ်သူတွေက အမြတ်ထုတ်မလဲ။နောက်ဆုံးမှာတော့ အခြားသူတွေအမြင်က အရေးမကြီးဘဲကိုယ့်ကိုကိုယ် ဘယ်လိုမြင်လဲဆိုတာသာ အဓိကကျကြောင်းဘယ်လိုတင်ဆက်သွားမလဲဆိုတာ ကြည့်ရှုအားပေးလိုက်ကြပါဦး ။
အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။
Princess Protection Program (2009)
⭐IMDB: 5.6/10 (25 k Votes)
🎬 #Comedy #Drama #Family #TVMovie
🗓️ 2009 🎞️ Movie
📺 #1080p #720p
💿 2.7 GB ⦿ 1.0 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Princess Protection Program (2009)
Selena Gomez နဲ့ Demi Lovato တို့ရဲ့ ငယ်ရွယ်တက်ကြွတဲ့ ပုံစံကို ပြန်မြင်ရမယ့် ကားဟောင်းလေးပါ။ Selena ကတော့ ကာတာလို့ခေါ်တဲ့ ငါးစာရောင်းတဲ့ သာမန်အထက်တန်းကျောင်းသူလေးဖြစ်ပြီး Demi ကတော့ ရိုဆလင်ဒါလို့ခေါ်တဲ့ မင်းသမီးတစ်ပါးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ကာတာရဲ့အဖေက ခြိမ်းခြောက်ခံရတဲ့ နေရာအနှံ့က မင်းသမီးတွေကိုကယ်တင်တဲ့ နိုင်ငံတကာလျှို့ဝှက်အေဂျင်စီမှာ အလုပ်လုပ်တာပါ။
မင်းသမီးရိုဆလင်ဒါနေတဲ့ ကိုစတာလူနာဆိုတဲ့တိုင်းပြည်က ကျွန်းနိုင်ငံလေးဖြစ်ပြီး သူ့ဖခင်ဘုရင်ကြီးနတ်ရွာစံသွားတဲ့အတွက် မင်းသမီးက နောက်တစ်လနေရင် ဘုရင်မအဖြစ် နန်းတက်ရတော့မှာပါ။ နန်းတက်ပွဲအတွက်လေ့ကျင့်နေချိန်မှာ ဗိုလ်ချုပ်ကိန်းက မင်းသမီးငယ်သေးတာကို အကြောင်းပြပြီး အာဏာသိမ်းဖို့လုပ်ပါတော့တယ်။ ကံကောင်းစွာနဲ့ ရိုဆလင်ဒါအမေစီစဉ်ထားမှုကြောင့် ကာတာ့အဖေက ရိုဆလင်ဒါကို ခေါ်ထုတ်လာနိုင်ပါတယ်။
ရိုဆလင်ဒါကို အေဂျင်စီက လုံခြုံတဲ့အချိန်ရောက်တဲ့ထိ နေရာချပေးဖို့လုပ်ရာကနေ ကာတာတို့အိမ်ကို ၀မ်းကွဲညီအမ ရိုစီအဖြစ်ရောက်လာပါတော့တယ်။
ရိုစီကို သာမန်ဆယ်ကျော်သက်ကောင်မလေးလို နေတတ်အောင် ကာတာက သင်ပေးရင်း ကြုံတွေရတဲ့ အဖုအထစ်လေးတွေ ကျောင်းမှာကြုံရတဲ့အခက်အခဲတွေကို တွေ့ရဉီးမှာပါ။ ကျောင်းကပွဲတွေ ဘုရင်မရွေးတာတွေပါ ကြည့်ရမှာဖြစ်ပြီး နောက်ဆုံးမှာ ရိုစီ သူ့တိုင်းပြည်ကို ပြန်နိုင်အောင် ကြိုးစားပုံတွေကိုပါ အားပေးခံစားရမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)
The Dancing Detective: A Deadly Tango (2023)
⭐IMDB: 6.7/10 (318 Votes)
🎬 #Crime #Drama #TVMovie #Mystery
🗓️ 2023 🎞️ Movie
📺 #1080p #720p
💿 1.4 GB ⦿ 681.8 MB
🌎 #Canada #UnitedKingdom #Malta #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Dancing Detective: A Deadly Tango(2023)
*******************************************
မော်လ်တာမြို့မှာ ဆီနိတ်တစ်ယောက်ရဲ့အစ်ကို လူကုံထံသူဌေးတစ်ဦးဟာ ရုတ်တရက်ကြီး သေဆုံးသွားပါ တယ်။
ရိုးရိုးသေတာလား၊ အသတ်ခံရတာလား မသေချာတော့ ဆီနိတ်တာက အမေရိကန်ရဲတွေထဲကအတော်ဆုံ
း စုံထောက်လွှတ်ပြီး အမှုစုံစမ်းပေးဖို့ အကူအညီတောင်းပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အတော်ဆုံး စုံထောက်ဟာ အမှုလိုက် ရာမှာ
တွဲဖက်ရဲတွေနဲ့ ဘုဘောက်ကျပြီး ကိုယ့်သဘောနဲ့ကိုယ်ပဲလုပ်တတ်တဲ့ စုံထောက်မဘေလီပါ။
အမှုက အရေး ကြီး နေတာကြောင့် ဘေလီ့ကို အင်တာပိုလ်က စီစဉ်ပေးတဲ့ တွဲဖက်တွေနဲ့ အဆင်ပြေပြေအလုပ်လုပ်ဖို့ နားချပြီး
စေ လွှတ်လိုက်ပါတယ်။ မော်လ်တာရောက်တော့ အင်တာပိုလ်က စီစဉ်ပေးတဲ့တွဲဖက်ဟာ ရဲတွေ၊
စုံထောက်တွေ မဟုတ်ဘဲ အကသင်တဲ့နည်းပြဖြစ်နေတော့ ဘေလီတော်တော်စိတ်ညစ်သွားပါတယ်။
ပြီးတော့ အမှုကို စုံစမ်းတဲ့ အခါ ဘေလီတစ်ခါမှ မကဘူးတဲ့ အကပြိုင်ပွဲဝင်အနေနဲ့ စုံစမ်းရမှာဖြစ်လို့ ဘေလီအတွက်
တော်တော်သေချင်စော်နံ့ သွားပါလေရော။ ဒီလိုခွတီးခွကျ အဖြစ်အပျက်များစွာနဲ့အတူ ဘေလီ
အောင်အောင်မြင်မြင် အမှုဖော်ထုတ်နိုင်ပါ့ မလားဆိုတာကို ရှုစားကြရမှာပါ။ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ စုံထောက်၊ ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။
ဥရောပနိုင်ငံလေး မော်လ်တာနိုင်ငံရဲ့ သဘာဝအလှတွေ တစ်လှေကြီး ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
Missing Home (2022)
⭐IMDB: 8.0/10 (2 k Votes)
🎬 #Comedy #Drama
🗓️ 2022 🎞️ Movie
📺 #1080p #720p
💿 1.2 GB ⦿ 540.9 MB
🌎 #Indonesia
⏰ 1 နာရီ 54 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ngeri-Ngeri Sedap (2022)
************************
သား ၃ ယောက်နဲ့ သမီး ၁ ယောက်မွေးထားတဲ့ လင်မယား ၂ ယောက်… သား ၃ ယောက်ကို
အကောင်းဆုံးပညာရေးရဖို့ တခြားမြို့တွေမှာ ကျောင်းထားခဲ့ရာကစလို့ သားယောက်ျားလေးတွေဟာ
လက်တွေ့ကျကျ စဉ်းစားတွေးခေါ်တတ်ပြီး ကိုယ်ဖြစ်ချင်တာကိုပဲ လုပ်ကြရာကနေ မိဘအိမ်ကို ပြန်မလာခဲ့ကြတာ
၁၀ နှစ်နီးပါး ရှိသွားခဲ့တယ်။ ဒီလိုနဲ့ပဲ အဘွားဖြစ်သူရဲ့ မင်္ဂလာအခမ်းအနားကို မိသားစုစုံစုံလင်လင်
ကျင်းပဖို့အတွက် သား ၃ ယောက်ကို လင်မယား ၂ ယောက် ဘယ်လို လှည့်ဖြားပြီး အိမ်ကို ပြန်လာအောင် ခေါ်ကြမလဲ…
သူတို့ ချက်ချင်း မပြန်သွားအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။တစ်ခါတစ်လေကျ သားသမီးရဲ့ ပျော်ရွှင်မှုဟာ မိဘရဲ့ စိတ်တိုင်းကျ မဖြစ်နိုင်သလို, မိဘရဲ့ စိတ်တိုင်းကျဆန္ဒဟာလည်း
သားသမီးကို မပျော်စေတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ မိသားစုတစ်ခုမှာ ဒီလိုမျိုး စိတ်သဘောထားမတိုက်ဆိုင်မှုတွေ ဖြစ်လာတဲ့အခါ
တစ်ဖက်ဖက်က အလျှော့ပေးမှသာ ပျော်ရွှင်တဲ့ မိသားစုမျိုး ပိုင်ဆိုင်နိုင်မှာပဲဖြစ်တယ်။ မိဘတွေဟာလည်း
လူကြီးဆိုပြီး အာဏာမပြသင့်သလို သားသမီးတွေဟာလည်း အတ္တကြီးစွာ
မိဘတွေကို လျစ်လျူရှုမထားသင့်ကြောင်း ဒီဇာတ်ကားလေးက သက်သေပြပေးသွားမှာပါ။
Buddy Games: Spring Awakening (2023)
⭐IMDB: 4.5/10 (328 Votes)
🎬 #Comedy
🗓️ 2023 🎞️ Movie
📺 #1080p #720p
💿 1.5 GB ⦿ 747.2 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Buddy Games: Spring Awakening (2023)
ဒီဇာတ်ကားကတော့ ၂၀၁၉ ခုနှစ်ကထွက်ရှိထားတဲ့Buddy Gamesဆိုတဲ့ ဇာတ်ကားလေးရဲ့ အဆက်ပဲဖြစ်ပါတယ်။
ဒီ ဇာတ်ကားထဲမှာဆိုရင်တော့ Supernatural ထဲက ဒင်းန်ဝင်ချက်စတာကြီး Jensen Ackles အပြင်ကို Once Upon A Time ရဲ့ စနိုးဝှိုက်မင်းသမီးနဲ့ မိုက်ကယ်ဘေးရဲ့ Transformers ဇာတ်ကား တွေထဲပါ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး ဂျော့ဒူဟာမယ်လည်းပါတဲ့အပြင် တခြားနာမည်ကြီး မင်းသား မင်းသမီးတွေ ရောကျော်ပါဝင်ထားလို့ ကြည့်လို့ကောင်းမှာကတော့ သေချာပါတယ်။
ပထမကားလိုပဲ ငယ်ပေါင်းချစ်သူငယ်ချင်း ခြောက်ယောက်ကို အခြေခံပြီးရိုက်ထားတဲ့ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်ဆောင်သူငယ်ချင်းခြောက်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဒယ်ဖီသေသွားပြီးနောက်ပိုင်း ဒယ်ဖီ့ကို ဂုဏ်ပြုပေးဖို့အတွက် ဒယ်ဖီ့ရဲ့ ပြာအိုးကို ဘယ်နေရာသွားကြဲမလဲဆိုတာကို ဆုံးဖြတ်ရာကနေစတင်ခဲ့ပါတယ်။ နွေရာသီအားလပ်ရက်မှာ ကျန်နေခဲ့တဲ့ သူငယ်ချင်းတစ်သိုက်က ဒယ်ဖီ့ရဲ့ အသုဘအခမ်းအနားမှာ ဘယ်လိုသောင်းကျန်းခဲ့၊ ပြာအိုးကို နေရာချဖို့ကိစ္စကို ဆုံးဖြတ်ရင်းနဲ့ ဘယ်လို ထူးဆန်းတဲ့နေရာတွေ လူတွေနဲ့တွေ့ပြီး ဘယ်လိုစွန့်စားခန်းတွေနဲ့ ရင်ဆိုင်ခဲ့ရလဲဆိုတာကို သိရဖို့အတွက် ဒီဇာတ်ကားလေးထဲမှာ ဆက်ကြည့်လိုက်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)
We Are What We Are (2013)
⭐IMDB: 5.9/10 (22 k Votes)
🎬 #Drama #Horror #Thriller
🗓️ 2013 🎞️ Movie
📺 #1080p #720p
💿 1.5 GB ⦿ 504.5 MB
🌎 #UnitedStates #France #UnitedStatesofAmerica
⏰ 1 နာရီ 46 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခေါက်မှာတော့ အမေရိကန် horror/thriller
ဇာတ်ကားလေးတစ်ကား မိတ်ဆက်ပေးချင်ပါတယ်။
နည်းနည်းအော်ဂလီဆန်စရာလည်းကောင်းတာကြောင့်
အသည်းနုတဲ့သူတွေကြည့်ရင် နည်းနည်းသတိထားဖို့လိုပါလိမ့်မယ်။
ပါကာမျိုးနွယ်မိသားစုဟာ ရှေးခေတ်ရိုးရာအလ့အထကို
လက်ခံကျင့်သုံးနေကြတဲ့ မိသားစုတစ်စုဖြစ်ပြီး သူတို့အဲလို
ဆိုတာကို တစ်မြို့လုံးကလည်း ဘယ်သူမှမသိကြပါဘူး။
မစ္စတာပါကာရဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ အိုင်းရစ် နဲ့ ရို့စ် တို့ဟာ
ရုပ်ရောစိတ်ထားပါ လှပတဲ့သူတွေဖြစ်တာကြောင့် မြင်သမျှ
လူတိုင်းကလည်း ချစ်ခင်ကြပါတယ်။ ဒါပေမယ့် နောက်ကွယ်
မှာတော့ အင်မတန်ကြောက်စရာကောင်းတဲ့ ဓလေ့တစ်ခု
သူတို့ဆီမှာရှိနေခဲ့ပါတယ်။ တစ်ရက်ကျတော့ သူတို့ရဲ့ အမေ
ဆုံးပါးသွားတဲ့နောက် မိသားစုရိုးရာကို ဆက်ဆံထိန်းသိမ်းဖို့က
သမီးကြီးဖြစ်တဲ့ အိုင်းရစ်ပေါ် ကျရောက်လာခဲ့ပါတယ်။
စိတ်နှလုံးဖြူစင်သူတွေအတွက် ဒီကြောက်စရာဓလေ့ကြီး
တစ်ခုကိုလက်ခံဖို့ ခက်ခဲလွန်းတာကြောင့် အိမ်ကနေ
ရုန်းထွက်ဖို့ကြိုးစားကြမှာဖြစ်ပြီး သူတို့တွေအောင်မြင်
သွားကြမလား၊ သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ ရှေးခေတ်
ရိုးရာဓလေ့က ဘာများဖြစ်မလဲဆိုတာ စိတ်၀င်စားဖို့
ကောင်းလွန်းတာမို့ ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားအဖြစ်
ညွှန်းပေးလိုက်ရပါတယ်။
( ဘာသာပြန်နှင့် အညွှန်းကတော့ Jaka ပဲ ဖြစ်ပါတယ် )
Smile or Hug (2022)
⭐IMDB: 5.6/10 (30 Votes)
🎬 #Comedy
🗓️ 2022 🎞️ Movie
📺 #1080p #720p
💿 1.3 GB ⦿ 498.1 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 17 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Smile or Hug (2022)===============
ဒီတစ်ခါမှာတော့ CM ပရိတ်သတ်ကြီးတို့အတွက် ပေါ့ပေါ့ပါးပါးဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ သမီးရည်းစားဆက်ဆံရေးတွေ၊ သူငယ်ချင်းဆက်ဆံရေးတွေမှာ အချိန်တွေအကြာကြီးဖြတ်သန်းခဲ့တယ်ဆိုရင်တောင် အထင်လွဲတာ၊ နားလည်မှုလွဲတာလေးတွေ ရှိစမြဲပဲမဟုတ်လား။ သူငယ်ချင်းသံယောဇဉ်တွေမှာလည်း တစ်ခါတလေ မတိုက်ဆိုင်တာလေးတွေကြောင့် အဖုအထစ်လေးတွေ၊ မကျေနပ်မှုလေးတွေစုရင်း ပြဿနာတက်တတ်ကြတယ်လေ။
ဒီလိုအခြေအနေမျိုးဆိုရင် ဘယ်လိုဖြေရှင်းတတ်ကြပါသလဲ။ ပြဿနာကို တစ်ယောက်တည်းအထင်နဲ့ဆွဲတွေးရင် အမှုပိုကြီးတတ်တယ်နော်။ ဒီလိုအချိန်မှာ “မျက်နှာချင်းဆိုင်ဖြေရှင်း”လိုက်တာက အကောင်းဆုံးနည်းလမ်းပါပဲ။ အမှားတွေ၊အထင်လွဲမှုတွေကို ရှောင်ပုန်းမနေဘဲထိပ်တိုက်ရင်ဆိုင်လိုက်တာက အကောင်းဆုံးဆိုတာကို ဆန်တို့စ်ဆိုတဲ့ကောင်မလေးတစ်ယောက် သင်ယူလိုက်ရပုံလေးကို ကြည့်ရှုရမှာပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)
Pollen (2023)
⭐IMDB: 4.2/10 (188 Votes)
🎬 #Horror #Mystery #Thriller
🗓️ 2023 🎞️ Movie
📺 1080p #1080p #720p
💿 1.0 GB ⦿ 361.8 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pollen (2023)==========
ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘဝမှာ မသိမသာရော သိသိသာသာပါabuse လုပ်ခံရတဲ့ အချိန်တွေ ရှိနေတတ်ပါတယ်။ ကျူးလွန်တဲ့သူဘက်ကတော့ မဖြစ်စလောက်လေးဆိုပေမဲ့ ကျူးလွန်ခံလိုက်ရတဲ့သူအတွက်ကတော့ တစ်ဘဝလုံးစာပါပဲ။ ဟုတ်ပါတယ်။ ဒီဇာတ်လမ်းကရုံးတွင်းအနိုင်ကျင့်မှုတွေကို ခံခဲ့ရတဲ့ ဟယ်ရာဆိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပါ။
ဟယ်ရာက အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ရည်မှန်းချက်အရောင်တလက်လက်တောက်နေတဲ့ မျက်လုံးလေးတွေနဲ့ပေါ့။ သူ့ရဲ့အလုပ်မှာအမြင့်ဆုံးရာထူးထိရောက်အောင် တက်လှမ်းမယ်ဆိုတဲ့ ခံယူချက်နဲ့ကြိုးစားတဲ့သူလေးပါ။ ဒါပေမဲ့ သူ့အိပ်မက်တွေကို ဖျက်ဆီးပစ်ကြတာကတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေပါပဲ။ အထက်လူကြီးတစ်ယောက်ရဲ့rape လုပ်တာကို ခံခဲ့ရပြီး အဲဒီလူ လက်ဆောင်ပေးခဲ့တဲ့ ပန်းပင်လေးကနေ မကောင်းဆိုးဝါးတစ်ကောင် ကပ်ပါလာခဲ့တယ်။ လုပ်ငန်းခွင်အဆင်မပြေမှုတွေအပြင် အဲဒီမကောင်းဆိုးဝါးကပါ သူ့ရဲ့အိပ်မက်တွေထိ လိုက်နှောင့်ယှက်လာတဲ့အခါ ဟယ်ရာတစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို ကြည့်ရှု့ခံစားလိုက်ကြရအောင်ပါ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)
Dabbe 6: The Return (2015)
⭐IMDB: 5.6/10 (3 k Votes)
🎬 #Horror #Mystery
🗓️ 2015 🎞️ Movie
📺 #1080p #720p
💿 1.7 GB ⦿ 695.3 MB
🌎 #Turkey
⏰ 2 နာရီ 13 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb- 5.5
Rotten Tomatoes- 80%
ဇာတ်လမ်းအညွှန်း
ဒီဇာတ်လမ်းကတော့ မူခက်ဒါ ရာမန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို
ကျိန်စာတိုက်ဖို့ ဘယ်သူမှန်းမသိရတဲ့အမျိုးသမီးတစ်ဦးက
စုန်းကဝေတစ်ယောက်ဆီမှာ အစီအရင်ပြုလုပ်ခိုင်းရာကနေ
အစပြုထားပါတယ်။ နောက်နေ့မှာတော့ မူခက်ဒါ ဟာ သေဆုံးသွား
ပါတယ်။ မှုခင်းဆေးပညာရှင်တွေက သေဆုံးခြင်းအကြောင်းရင်းဟာ
ဦးနှောက်သွေးယိုစိမ့်မှုလို့ ကောက်ချက်ချပေမယ့် သူ့အမေသေဆုံးတာကို
မျက်မြင်တွေ့ထားတဲ့ သမီးငယ် အိုင်လာကတော့ သူ့အမေကို ဂျင်
သတ်သွားတာလို့ပဲ ပြောနေတာပါ။ အဲ့နောက်ပိုင်းမှာစိတ်ကယောင်
ချောက်ချားတွေဖြစ်ပြီး အပြုအမူတွေလည်း ထူးဆန်းလာတဲ့ အိုင်လာကို
ဆေးပညာအရလည်း အဖြေရှာကုသလို့မရဖြစ်နေတဲ့အခါ အမ
ဖြစ်သူ ဇီရန်က ဘယ်လို အဖြေရှာ ကုသပေးသွားမလဲ။ အမေဖြစ်သူ
သေဆုံးသွားရတာက တကယ်ပဲ ဂျင်က သတ်သွားတာလား။
ကျိန်စာအစီအရင်ကြောင့်လား။ကျိန်စာကြောင့်ဆိုရင်ရော ဘယ်သူက
ဘာလို့လုပ်ရတာလဲ။ ညီမဖြစ်သူ အိုင်လာကရော ဘာတွေကြုံတွေ့နေရ
တာလဲ။ ဇီရန် တစ်ယောက် ဘာတွေဆက်လုပ်မလဲဆိုတာကို အံဩစရာ
ဇာတ်လမ်းဇာတ်ကွက်တွေထဲ စီးမြောပြီး ကြည့်ရှုကြရမှာပဲ
ဖြစ်ပါတယ်။ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။
Dabbe ဇာတ်လမ်းတွေထဲက ၆ကားမြောက် တူရကီ horror
ဇာတ်လမ်းလေးဖြစ်ပါတယ်။ အခန်းမီးကိုပိတ်ပြီး ညအမှောင်ထဲ
တစ်ယောက်တည်းကြည့်လိုက်လို့ကတော့ horror ရဲ့ အရသာကို
အပြည့်အဝပေးမယ့်ဇာတ်လမ်းဖြစ်တာကြောင့် horror
ပရိတ်သတ်တွေအတွက် တကယ် အကြိုက်တွေ့စေမယ့်
ဇာတ်ကားလေးဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။)
The Secret Kingdom (2023)
⭐IMDB: 4.7/10 (229 Votes)
🎬 #Adventure #Family #Fantasy
🗓️ 2023 🎞️ Movie
📺 #1080p #720p #480p
💿 2.4 GB ⦿ 1.1 GB ⦿ 462.1 MB
🌎 #Australia
⏰ 1 နာရီ 39 မိနစ် 9 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Verity and Peter’s trip to the old family mansion takes a turn when the floor of their room suddenly gives way and they fall into an underground chamber where they are met by a civilization of creatures. The leader tells them that Peter’s arrival was foretold as he’s the one who can use Great Clock of the Citadel to restart time and destroy the Shroud, a malevolent creature who feeds on fear itself…
Dabbe 5: Curse of the Jinn (2014)
⭐IMDB: 5.9/10 (4 k Votes)
🎬 #Horror #Mystery
🗓️ 2014 🎞️ Movie
📺 #1080p #720p
💿 1.7 GB ⦿ 695.3 MB
🌎 #Turkey
⏰ 2 နာရီ 13 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်ကားရဲ့အစမှာ မိန်းမတစ်ယောက် ကလေးမွေးနေတဲ့
အခန်းနဲ့ စထားတယ်။ဘေးမှာလည်း မိန်းမဖော်တွေအများကြီးနဲ့ပေါ့ ။
ညွှစ်ထား ထွက်တော့မယ် အားတင်းထား စသဖြင့် အသံတွေ
ဆူညံလို့။အဲ့အသံတွေကြားထဲမှာမှ ကိုယ်ဝန်သည်မိန်းမရဲ့ နာကျင်
လွန်းလို့ အော်ညည်းသံကတော့ အကျယ်ဆုံးပဲ။သိပ်မကြာလိုက်ပါဘူး။
ထွက်လာပြီဆိုတဲ့ ဝမ်းဆွဲသည်ရဲ့ အသံနဲ့အတူ ကလေးငိုသံလေးကို
ကြားလိုက်ရတယ်။ကိုယ်ဝန်သည်မိန်းမဟာ ပင်ပန်းလွန်းလို့
ခြေပစ်လက်ပစ်ပေါ့။အဲ့ဒီအချိန်မှာပဲ မွေးခန်းထဲကို လူတွေ
သုတ်သုတ်ပြာပြာ ဝင်လာတယ်။ပေး ပေး ဆိုပြီး ဝမ်းဆွဲသည်ဆီက
ကလေးကို လုသွားတယ်။
ပင်ပန်းလွန်းလို့လှဲနေတဲ့ကလေးမိခင်ဟာ ထိတ်ထိတ်ပြာပြာနဲ့
ခေါင်းထောင်လာတယ်။ရှင်တို့ ဘယ်သူတွေလဲ ကျွန်မကလေးကို
ဘယ်ခေါ်သွားကြမလို့လဲ မလုပ်ကြပါနဲ့ စသဖြင့် တစာစာအော်လို့။
ဒါပေမယ့် ဟိုလူတွေကတော့ ဂရုမစိုက်ပါဘူး။ခုမှမွေးထားတဲ့ကလေးကို
သွေးနုသားနုမိခင်ဆီက ရက်ရက်စက်စက်ပဲ ခေါ်ယူသွားကြတယ်။
ဝမ်းဆွဲသည်တွေကလည်း ဟိုလူတွေကို တားရမယ့်အစား
ကလေးမိခင်ကိုပဲ ဝိုင်းချုပ်ထားကြတယ်။ နောက်တစ်ခန်းမှာတော့
အိုမာ နဲ့ ဒီလေ့ဆိုတဲ့ စုံတွဲတစ်တွဲရဲ့ အိမ်ကိုပြတယ်။အခုတလောမှာ
ဒီလေ့ဟာ ညဘက်ဆို အိပ်မက်ဆိုးတွေ မက်လာတယ်။သူ့အိပ်မက်ထဲမှာ
လူတစ်စုက ကလေးတစ်ယောက်ကို မိခင်ဆီက လုသွားတဲ့ ပုံရိပ်တွေကို
ထပ်ခါထပ်ခါမြင်နေတယ်။နောက်တော့ ဒီလေ့ဟာ ဒီစိတ်နဲ့ပဲ
ကျန်းမာရေးချို့ယွင်းလာတယ်။မမြင်သင့်တာတွေကို မြင်လာရတယ်။
သူ့ယောကျ်ား အိုမာကတော့ ဒီလေ့ကို စိတ်ရောဂါဆရာဝန်နဲ့ ပြချင်တယ်။
ဒါပေမယ့် ဒီလေ့ရဲ့ သူငယ်ချင်း စုံတွဲကတော့ ဒီကိစ္စကို ပယောဂဆရာနဲ့
ပြကြည့်ဖို့ အကြံပေးတယ်။ ဒီလေ့ဟာ အဲ့ဒီအိပ်မက်တွေကို ဘာလို့
မက်နေတာလဲ။အဲ့ဒီအဖြစ်အပျက်ဟာရော ဒီလေ့နဲ့ ဘယ်လို ပက်သက်
နေသလဲ။အိုမာထင်သလိုမျိုး ပင်ပန်းလွန်းလို့ စိတ်ဂယောက်ဂယက်
ဖြစ်တာလား။ဒါမှမဟုတ် တကယ်ပဲ ပယောဂလား။
(သရဲကားဆိုမှတော့ သရဲပဲပေါ့နော့် :3)
ကျွန်တော်ပြန်ရတဲ့ Dabbe ကားတွေကို Ratting ပေးရရင် ဒီကောင်က
နံပါတ်(၂)မှာ ချိတ်တယ်။ သရဲကားဆိုတာထက် လျှို့ဝှက်သဲဖိုဘက်
ပိုသွားတယ်။မထင်ထားတဲ့ လှည့်ကွက်တွေများတယ်။
ကြောက်လည်းကြောက် စိတ်လည်းစိတ်ဝင်စားနဲ့ ကြည့်ရမယ့် ကားမျိုးမို့
ညွှန်းပေးချင်ပါတယ်။ IMDB မှာတော့ 5.9 ရထားပါတယ်။
Passengers (2016)
⭐IMDB: 7.0/10 (422 k Votes)
🎬 #Drama #Romance #SciFi #ScienceFiction #Thriller
🗓️ 2016 🎞️ Movie
📺 #720p #1080p #4K
💿 902.8 MB ⦿ 1.5 GB ⦿ 4.4 GB
🌎 #UnitedStates #Australia #UnitedStatesofAmerica
⏰ 1 နာရီ 56 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Passengers (2016)
Avalon အာကာသယာဉ်ကြီးဟာ ခရီးသည် ၅ထောင်ကျော်နဲ့ အတူ ယာဉ်ဝန်ထမ်း ၂၅၈ ယောက်ကို သယ်ဆောင်ပီး ဂြိုလ်အသစ် Homestead II ဆီသို့ပျံသန်းလာခဲ့ပါတယ်။ ကမ္ဘာမြေကနေ Homestead II ဆီသို့ ပျံသန်းချိန်ဟာ နှစ်ပေါင်း ၁၂၀ ကြာမြင့်မှာဖြစ်ပါတယ်။ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ သူအားလုံးဟာ Hibernation Pod လို့ခေါ်တဲ့ အသက်အရွယ် အိုမင်းခြင်းမရှိဘဲ အိပ်စက်နေရတဲ့ ဖန်ပေါင်းချောင် တွေထဲမှာအိပ်စက်ရင်းလိုက်ပါနေကြတာဖြစ်ပါတယ် ( Hibernation Pod တွေကို Avator ဇာတ်ကားထဲမှာလည်းတွေ့ဖူးကြမှာပါ) ဒီလိုလိုက်ပါလာရင်း နှစ်ပေါင်း ၃၀ အကြာမှာတော့ Jim Preston ဆိုတဲ့ mechanical engineer တစ်ယောက် ဟာ Hibernation Pod ထဲကနေ စက်ချို့ယွင်းပီး နိုးလာပါတယ်။ ယာဉ်တစ်ခုလုံးမှာ သူတယောက်ထဲသာ နိုးလာခြင်းဖြစ်ပီး Homestead II သို့ရောက်ရှိဖို့ နှစ်ပေါင်း ၉၀ကျန်နေပါသေးတယ်။ Hibernation Pod ကိုပြင်ပီး ပြန်အိပ်စက်ဖို့ သူကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ယာဉ်ဝန်ထမ်းတွေကို နှိုးပီးအကူအညီ ယူဖို့ကလည်း သူတို့တွေ အိပ်စက်နေတဲ့ အခန်းတွေကို သာမန်ခရီးသည်တဦးက ဝင်ရောက်ခွင့်မရှိတဲအတွက် Jim အခက်တွေ့ရပြန်ပါတယ်။ယာဉ်တခုလုံး အဖော်ပြုစရာဆိုလို့ Arthur ဆိုတဲ့ ဘားကောင်တာကစက်ရုပ်တစ်ရုပ်ဘဲရှိပါတယ်။
ဒီလိုနဲ့ Jim တစ်ယောက် ယာဉ်ပေါ်မှာရှိတဲ့ ကစားစရာတွေကစားရင်း စားစရာတွေစားရင်း နေလာလိုက်တာ တစ်နှစ်ရှိသွားခဲ့ပါတယ်။ အထီးကျန်မှုကို မခံစားနိုင်လို့ သူ့ကိုယ်သူ သတ်သေဖို့လည်းတွေးမိခဲ့ပါသေးတယ်။ တစ်ရက်မှာတော့ အမှတ်မထင်ဘဲ Aurora ဆိုတဲ့လှပချောမောတဲ့မိန်းကလေးတစ်ယောက်ရဲ့ Hibernation Pod ကို Jim တွေ့သွားပါတယ်။ သူမရဲ့ Video file ကို ပြန်ကြည့်မိတဲ့အခါမှာတော့ သူမဟာ စာရေးဆရာမတစ်ယောက်ဖြစ်ပီး ဂြိုလ်အသစ်နဲ့ စတင်မယ့် လူတွေအကြောင်း စာအုပ်ရေးသားဖို့ လိုက်ပါလာတဲ့သူ ဖြစ်နေပါတယ်။ အထီးကျန်နေတဲ့ Jim အတွက် သူစွဲလန်းသွားတဲ့ မိန်းကလေး Aurora ကို နှိုးလိုက်ရင် ကောင်းမလား မကောင်းဘူးလားဝေခွဲမရဖြစ်နေရာကနေ နောက်ဆုံးမှာတော့ Aurora ကို နှိုးလိုက်ပါတယ်။ Aurora ကိုတော့ သူမရဲ့ စက်ဟာ သူ့စက်လို ချို့ယွင်းပီး နိုးလာတာလို့ဘဲ အသိပေးခဲ့တာပါ။တကယ်တော့ သူတို့နှစ်ယောက်ဟာ Hibernation Sleep ကိုပြန်မသွားနိုင်ရင် ကျန်ရှိတဲ့ နှစ်ပေါင်း ၈၉နှစ်ကို ဒီယာဉ်ကြီးပေါ်မှာသာကုန်ဆုံးရတော့မှာပါ။ Aurora တစ်ယောက် သူ့ကို Jim က ရည်ရွယ်ချက်ရှိရှိနဲ့ နှိုးခဲ့တာ သိသွားခဲ့ရင် Jim ကို ခွင့်လွှတ်နိုင်ပါ့မလား….သူတို့တွေ Hiberbnation Sleep ကိုပြန်သွားနိုင်မှာလား ဒါမှမဟုတ် ကျန်ရှိတဲ့ နှစ်တွေကို ယာဉ်ပေါ်မှာ ဘယ်လိုကုန်ဆုံးကြမလဲ…..
Jim အဖြစ် မင်းသား Chris Pratt ကသရုပ်ဆောင်ထားပီး Aurora အဖြစ် Jennifer Lawrence က သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ 2014 တုန်းက The Imitation Game နဲ့ Oscar ဆုရာထားခံခဲ့ရတဲ့ Morten Tyldum ဖြစ်ပါတယ်။ Passenger ဟာ Sci-Fi ဇာတ်ကားဆိုပေမဲ့ လူသား နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာပေါ် အခြေ ခံထားပါတယ်။ ဇာတ်ကားကို ကြည့်ရင်းနဲ့ Avalon ယာဉ်ပျံကြီးကို စိတ်မဝင်စားတော့ဘဲ Jim နဲ့ Aurora ရဲ့ အချစ်ဇာတ်လမ်းကို ပိုအာရုံရောက်လာစေပါတယ်။ Titanic နဲ့ Wall-E ပေါင်းထားတဲ့ ပုံစံမျိုးကို ခံစားမိမှာပါ။
Jim ဘက်ကကြည့်ရင် Aurora ကို နှိုးလိုက်ခြင်းဟာ သူအသက်ဆက်ရှင်သန်ဖို့ မျှော်လင့်ချက်ဖြစ်ပီး Aurora ဘက်ကကြည့်ရင်တော့ သူမကိုနှိုးလိုက်ခြင်းဟာ သူမဘဝကို အဆုံးသတ်လိုက်ခြင်းဖြစ်နေပါတယ်။ သူတို့ နှစ်ယောက် တွေ့ဆုံမှုဟာ ကံကြမ္မာကြောင့်ဖြစ်လာခဲ့တယ်လို့ပြောရင် သင်ယုံမလား…အကယ်၍ Jim သာ Hibernation Sleep ကနေ စက်ချို့ယွင်းပီး မနှိုးထခဲ့ရင်………
Imdb Rating- 7/10
#ThuYein
(ရုပ်ရှင်အညွှန်းကို Movie Gods FB Page မှကူးယူဖော်ပြပါသည်။)
Sightseers (2012)
⭐IMDB: 6.5/10 (30 k Votes)
🎬 #Adventure #Comedy #Crime #Romance #Horror
🗓️ 2012 🎞️ Movie
📺 #1080p #720p #480p
💿 1.4 GB ⦿ 635.6 MB ⦿ 366.2 MB
🌎 #UnitedKingdom
⏰ 1 နာရီ 28 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sightseers (2012)
ခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၁၂ထွက် sightseer ဆိုတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ Dark comedy တွေရိုက်နေကျ ဒါရိုက်တာ Ben Wheatleyရဲ့ လက်ရာလေးပါ။
ဇာတ်လမ်းအကျဉ်းကတော့ သာမန်စုံတွဲတစ်တွဲ နောက်တွဲယာဉ်နဲ့ အားလပ်ရက်ခရီးထွက်တာကနေ စတင်ခဲ့ပါတယ်။ ခရစ်နဲ့ တီနာတို့က ချစ်ချစ်ခင်ခင်နဲ့ ရိုမန်တစ်ဆန်တဲ့ ခရီးတစ်ခုကို စီစဉ်ခဲ့ကြတာပါ။ တီနာရဲ့အမေကတော့ ခရစ်ကို မယုံပေမဲ့ တီနာကတော့ ပျော်ပျော်ရွင်ရွင်ပဲ ခရီးထွက်လာခဲ့ပါတယ်။
ဇာတ်လမ်းအစပိုင်းမှာ ပျော်စရာ သာမန်ဇာတ်ကားလေးလို့ထင်ရပေမဲ့ ခရစ်ဟာ မထင်မှတ်ဘဲ လူတစ်ယောက်ကို ကားနဲ့ တိုက်သတ်မိခဲ့ပါတယ်။ ခရစ်ဟာ တမင်တကာပဲ သတ်ခဲ့တာလား? မတော်တဆဖြစ်သွားတာလား?
ခရီးစဉ်ကို မပျက်ဆီးစေချင်တဲ့ တီနာကရော ပြန်ခေါ်နေတဲ့ သူ့အမေရယ် ဒီလိုအဖြစ်ဆိုးဖြစ်လာတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ?
အဲဒီအချိန်ကနေစပြီးတော့ ဇာတ်လမ်းရဲ့ ပုံစံဟာ ပြောင်းလဲသွားပြီး ဇာတ်ဆောင်တွေရဲ့ နားလည်ရခက်တဲ့ စိတ်တွေ …မထင်ထားတဲ့ အခြေအနေတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။
သွေးသံရဲရဲအခန်းတွေ လိင်ဆက်ဆံခြင်းတွေ ညစ်ညမ်းအသုံးအနှုန်းတွေပါဝင်လို့ မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့််တော်ပါဘူးမိုးအေးအေးမှာ ထူးခြားတဲ့ darkဖြစ်တဲ့ဇာတ်ကားတစ်ကားကြည့်ချင်သူတွေအတွက်တော့ ဇာတ်ကားကောင်းလေးတစ်ကားအဖြစ်ညွန်းလိုက်ပါတယ်။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Vo Aung Dinပါ။)
Dream (2023)
⭐IMDB: 6.1/10 (122 Votes)
🎬 #Comedy #Drama #Sport
🗓️ 2023 🎞️ Movie
📺 #720p #1080p #480p
💿 815.1 MB ⦿ 2.0 GB ⦿ 405.1 MB
🌎 #SouthKorea
⏰ 2 နာရီ 5 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dream (2023)
အားလုံးမေးနေကြတဲ့ Park Seo Joon နဲ့ IU တို့ရဲ့ ရုပ်ရှင်ထွက်လာပါပြီရှင်
ဇာတ်လမ်းအကျဉ်းကိုပြောရရင် တအားကြိုးစားပေမဲ့ မဖြစ်မြောက်တဲ့ ဘောလုံးသမားယွန်းဟုန်းဒယ်ဟာစိတ်ဆတ်ပြီး ဒေါသမထိန်းနိုင်ရာကနေ အနုပညာထဲဝင်မယ်ဆိုပြီး ဖြစ်လာပါတော့တယ်
အဲဒီမှာ ပီဒီအီဆိုမင်းနဲ့တွေ့ပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ အကြောင်းဖန်ရင်းနဲ့ကြောင်နဲ့ကြွက်လို မတည့်အတူနေ အလုပ်အတူတွဲလုပ်ရပါတယ်
သူတို့ရိုက်တဲ့အစီအစဉ်ကလည်း အိမ်ခြေရာမဲ့တွေကို ကမ္ဘာ့ဖလားဝင်ပြိုင်ဖို့အတွက် လေ့ကျင့်ပေးရတဲ့အလုပ်ဆိုတော့အခက်အခဲတွေကြားက ရုန်းကန်ပြီး အိပ်မက်တွေကို ဖြည့်ဆည်းသွားကြမှာပါ
အမျိုးမျိုးကြုံတွေ့ရပြီးမှ ရေစက်လာဆုံကြတဲ့ သူတို့အသင်းကနောက်ဆုံးမှာ အောင်မြင်မလား ကျရှုံးမလားဆိုတာကို ကြည့်လိုက်ကြပါဦးနော်
အညွှန်းကိုတော့Joyzက ရေးထားပေးပြိးတော့ဘာသာပြန်ထားတာကတော့JoyzandHmweပဲ ဖြစ်ပါတယ်။
Beau Is Afraid (2023)
⭐IMDB: 7.1/10 (20 k Votes)
🎬 #Comedy #Drama #Horror #Adventure #Fantasy
🗓️ 2023 🎞️ Movie
📺 1080p #1080p #720p #4K
💿 2.5 GB ⦿ 1.2 GB ⦿ 4.0 GB
🌎 #UnitedStates #UnitedKingdom #Finland #Canada #UnitedStatesofAmerica
⏰ 3 နာရီ 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Beau Is Afraid (2023)
~ IMDb – 7.1/10, Rotten Tomatoes – 67% ~
မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဟာသ၊ ဒရာမာ၊ ဟော်ရာ အမျိုးအစားပါ။ ရုပ်ရှင်လောကရဲ့ ထူးထူးဆန်းဆန်းနဲ့ ပြောင်မြောက်တဲ့ ရုပ်ရှင်တွေကို ထုတ်လုပ်နေကျ A24 ကုမ္ပဏီရဲ့ ရုပ်ရှင်ပေါ့။ ဒါရိုက်တာကလည်း ဟော်ရာရုပ်ရှင်လောကရဲ့ ပြောစမှတ်ဖြစ်စရာ ရုပ်ရှင်နှစ်ကားဖြစ်တဲ့Midsommarနဲ့Hereditaryကို ရိုက်ခဲ့တဲ့ Ari Aster ပါပဲ။ သူကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာ၊ တွဲဖက်ထုတ်လုပ်သူအဖြစ်လုပ်ခဲ့တာပါ။ ရုပ်ရှင်တစ်ခုလုံးက အိပ်မက်ဆိုးကြီးနဲ့ တူနေပါတယ်။ ကြောက်စရာတွေ ရယ်စရာတွေ သောင်းပြောင်းဖြစ်နေပြီး တစ်ခုကနေ တစ်ခုကို ခုန်ကူးသွားပါတယ်။
ဒီရုပ်ရှင်ဟာ မူလက ၄ နာရီစာ ရိုက်ကူးဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ရုံတင်ဖို့အတွက် ၂ နာရီ ၅၉မိနစ် ဖြစ်အောင် ချုံ့လိုက်ရတာပါ။ မူရင်း ၄ နာရီများ ရှိရင် ကြည့်ချင်စရာပါပဲ။ ဒီရုပ်ရှင်ဟာ ပရိသတ်တွေကို အရှုံးသမား ဆန်ကုန်မြေလေးတစ်ယောက်ရဲ့ နေရာကနေ ခံစားမိအောင် ပြချင်တာပါလို့ ဒါရိုက်တာက ပြောခဲ့ပါသေးတယ်။ ဝါကင်းဖီးနစ်ဟာ သရုပ်ဆောင်တဲ့နေရာမှာ ဆရာတစ်ဆူပါပဲ။ ဒါပေမဲ့ ပိုပီပြင်သွားအောင် သူထပ်ကြိုးစားခဲ့တာတွေရှိပါသေးတယ်။ သူရဲ့လက်ပတ်တီးထဲကို အပ်အချွန်တွေစိုက်ထားပြီး အဲဒီလက်ကို သုံးလိုက်တိုင်းနာကျင်သွားတဲ့ပုံကို သဘာဝကျအောင်လုပ်ခဲ့တာပါ။ ဗိုက်မှာလည်း စက္ကူညှပ်တွေ ညှပ်ထားပြီး လမ်းလျှောက်လိုက်တိုင်း ဗိုက်သားနာနေတာကို ဟန်မဆောင်ဘဲ တကယ်တူအောင် သရုပ်ဆောင်ခဲ့ပါသေးတယ်။
ဒီတော့ ရုပ်ရှင်ကြည့်မယ်ဆိုရင် ရုပ်ရှင်က ဘာအကြောင်းလဲ မေ့မသွားအောင် သေချာတာလေးကို မှတ်ထားလိုက်ပါ။ သားတစ်ယောက်က သူ့အမေရဲ့ဈာပနကို အမီ အိမ်ပြန်တယ်။ ဒါပါပဲ။ ဇာတ်လမ်းနာမည်က “ဘိုး ကြောက်တယ်” တဲ့။ ဘိုးဘာကိုကြောက်လဲဆိုတာ ခေါင်းစဉ်မှာမပါပါဘူး။ ဘိုးကလည်း အများကြီးကိုကြောက်ပါတယ်။ လူသတ်သမားတွေ၊ မိစ္ဆာတွေ၊ လိပ်ပြာမလုံတာတွေ၊ ဘာမှန်းမသိတာတွေ အကုန်ကြောက်ပါတယ်။ ဇာတ်လမ်းထဲမှာ ခွဲထွက်သွားတဲ့ ဇာတ်လမ်းတွေ၊ ပြောင်းသွားတဲ့ Theme တွေ၊ သဲလွန်စတွေလိုလိုတွေအများကြီးပါပါတယ်။ အကောင်းဆုံးအကြံပေးချင်တာက ပြသမျှကို ထိုင်ကြည့်နေဖို့ပါပဲ။ လိုက်စဉ်းစားဖို့လည်းမကြိုးစားပါနဲ့၊ နားလည်ဖို့လည်းမကြိုးစားပါနဲ့၊ သင်ခန်းစာယူဖို့လည်းမကြိုးစားပါနဲ့။ အေး ပြချင်တာပြကွာဆိုပြီး ထိုင်ကြည့်လိုက်ပါ။ ဒါဆိုအရသာရှိပါလိမ့်မယ်။ ကြည့်ပြီးသွားလို့ အတွေးအမြင်တွေ ရဗြူးတွေ တင်ချင်ရင်ချန်နယ်မြန်မာဂရုကနေ ဖိတ်ခေါ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)
Saint X (2023- )
⭐IMDB: 6.1/10 (1 k Votes)
🎬 #Crime #Drama #Mystery #Thriller
🗓️ 2023- 🎞️ Series 📺 1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 54 မိနစ် 13 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Saint X (2023)Saint X (2023)
===========
IMDb Rating – 6.1/10အပန်းဖြေခရီးထွက်ရတာကို သဘောမကျတဲ့သူမျိုး မရှိနိုင်ဘူး
ထင်ပါတယ်။ စိတ်ပျော်ရွှင်ဖို့အတွက် ခရီးတွေထွက်ကြတယ်၊
တချို့ကတော့ မိသားစုအချိန်လေးရဖို့ ခရီးထွက်တတ်ကြတယ်။
အယ်လီဆန်တို့ မိသားစုလေးကလည်း ကျောင်းပိတ်ရက်ရာသီ
လေးမှာ အပန်းဖြေခရီးထွက်ခဲ့ကြတဲ့ သာမန်မိသားစုလေးပါပဲ။
ဒါပေမဲ့ ပျော်ရွှင်စရာအပန်းဖြေခရီးမဟုတ်ဘဲ ကြမ္မာဂြိုဟ်ဆိုး
ဝင်မွှေခံရတဲ့ အပန်းဖြေခရီးတစ်ခု ဖြစ်လို့လာခဲ့တဲ့အခါ….
ဇာတ်လမ်းလေးကတော့ ဒီလိုပါ။
ဝက်စ်ချက်စတာမြို့က လူကုံထံလူဖြူမိသားစုတွေ အင်ဒီဂိုပင်
လယ်အော်ကျွန်းလေးပေါ်က အပန်းဖြေစခန်းတစ်ခုဆီ အပန်း
ဖြေခရီး ထွက်လာခဲ့ကြပါတယ်။ အယ်လီဆန်တို့ မိသားစုအပါ
အဝင်ပေါ့။ အယ်လီဆန်က သိပ်ကိုလှပပြီး ဆွဲဆောင်မှုအပြည့်
ရှိတော့ ခရီးစဉ်မှာပါသမျှ ပုရိသတွေအပြင် ကျွန်းသားတွေရဲ့
လည်ပြန်ငေးခြင်းကိုပါ ခံရတဲ့ ဆယ်ကျော်သက်ကောင်မလေး
တစ်ယောက်ပေါ့လေ။ တစ်ညမှာတော့ အယ်လီဆန်တစ်ယောက်
ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့ပြီး ကျွန်းနဲ့မိုင်ချီဝေးတဲ့ ဖားရ်
အဝေးကေးဆိုတဲ့ တောအုပ်ထဲမှာ သူ့ရဲ့အလောင်းပေါ်လာခဲ့
ပါတယ်။ဒါပေမဲ့ အာဏာပိုင်တွေက သူ့အမှုကို မတော်တဆမှုတစ်ခုအနေ
နဲ့ပဲ ပိတ်လိုက်ခဲ့ကြတယ်။ နှစ် ၂၀ ကြာပြီးတဲ့နောက်မှာတော့ အယ်
လီဆန်ရဲ့ ညီမဖြစ်သူ အမ်မလီတစ်ယောက် အရွယ်ရောက်လာတဲ့
အခါမှာ သူ့အစ်မရဲ့ ပဟေဠိဆန်စွာ သေဆုံးရမှုအတွက် တရားခံ
ရှာဖို့ စတင်ပါတော့တယ်။ မမျှော်လင့်ထားတဲ့ အချိုးအကွေ့တွေနဲ့
အဆုံးထိ ဆွဲခေါ်သွားမဲ့ စီးရီးကောင်းတစ်ခုပါပဲ။ ကျွန်တော်တို့တွေ
အမ်မလီနဲ့အတူတူ တရားခံအစစ်ကို ဝိုင်းဖမ်းပေးလိုက်ကြရအောင်ပါ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet
Khine Soe ဖြစ်ပါတယ်။)File Size………….(350 MB) / (850 MB)
Malpractice (2023-2023)
⭐IMDB: 7.0/10 (1 k Votes)
🎬 #Drama
🗓️ 2023-2023 🎞️ Series 📺 1080p
🌎 #UnitedKingdom
⏰ 48 မိနစ် 41 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Malpractice (2023)ဆရာဝန်အလုပ်ဆိုတာ ဆေးထိုးအပ်ကိုင်တတ်ရုံနဲ့ မပြီးသေးပါဘူး။ အရေးကြီးတဲ့ အခြေအနေမှာ ဆုံးဖြတ်ချက်တစ်ခု လွဲမှားသွားတာနဲ့ အမှားတွေ တန်းစီသွားနိုင်ပါတယ်။ ဒီအကြောင်းကို Malpractice ဆိုတဲ့ ဇာတ်ကားမှာ သေသေချာချာရိုက်ပြတယ်။ ဒေါက်တာလူစင်ဒါက A&E အရေးပေါ်ဌာနက ဆရာဝန်ပါ။ တစ်ရက်မှာ ဆေးလွန်တဲ့လူနာကို ကုနေတုန်း သေနတ်သမားတစ်ယောက် ရောက်လာပြီး သေနတ်နဲ့ချိန်ကာ သူ့လူ့နာကို အရင်ကုခိုင်းပါတယ်။ တစ်ဖက်ကလည်း အရေးပေါ်လူနာ၊ တစ်ဖက်ကလည်း အသက်အန္တရာယ်ကို ခြိမ်းခြောက်ပြီး ကုခိုင်းနေတဲ့အခါ ဆုံးဖြတ်ချက်တစ်ခုကို မဖြစ်မနေ ချရပါတော့တယ်။ ဒီမှာပဲ အလွဲတွေ စဖြစ်လာပြီး တရားခွင်တက်ရတဲ့အထိပါ ဖြစ်လာတဲ့အခါ ဒေါက်တာတစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဒီဇာတ်ကားမှာ ကြည့်ရှူရမှာ ဖြစ်ပါတယ်။
Spy/Master (2023- )
⭐IMDB: 8.0/10 (1 k Votes)
🎬 #Drama #Action #Thriller
🗓️ 2023- 🎞️ Series 📺 1080p
🌎 #Romania #Hungary
⏰ 46 မိနစ် 47 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Spy/Master (2023)Spy/Master (2023)
==============
IMDb Rating – 8.0/10Victor Godeanu က ရိုမေးနီးယား အာဏာရှင် Nicolae
Ceausescu ရဲ့ ညာလက်ရုံး အရင်းနှီးဆုံး အကြံပေးပါ။ တစ်နေ့
Ceausescu က သူ့အတွင်းလူတွေထဲ သစ္စာဖောက်သူလျှို ရှိနေ
တယ်ဆိုပြီး Godeanu ကို စုံစမ်းခိုင်းခဲ့တယ်။
ဒါပေမဲ့ တကယ်တော့ Ceausescu ရဲ့ အကြံပေး Godeanu ကိုယ်
တိုင်က အဲဒီသူလျှိုဖြစ်နေတာပါ။ Godeanuက KGB အတွက်
လျှို့ဝှက်အေးဂျင့် ဖြစ်နေပြီး သူ့ရဲ့သရုပ်မှန်ကို Ceausescu မသိခင်
ရိုမေးနီးယားကနေ ထွက်သွားဖို့ ဘယ်လိုတွေ ကြိုးစားမလဲ၊ ဘယ်
သူ့အကူအညီတွေ ယူပြီး လှုပ်ရှားမလဲဆိုတာကို စိတ်ဝင်စားဖွယ်
ကြည့်ရှုရမယ့် စီးရီးတစ်ခု ဖြစ်ပါတယ်။(၁)ပတ်တစ်ပိုင်းနှုန်းဖြင့် စုစုပေါင်း(၆)ပိုင်းထွက်ရှိမှာဖြစ်ပြီး အပတ်
စဥ်တင်ဆက်ပေးသွားပါမယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal
Htoo Zin ဖြစ်ပါတယ်။)File Size………….(400 MB) / (800 MB)
The Clearing (2023- )
⭐IMDB: 6.1/10 (758 Votes)
🎬 #Drama #Drama #Family #Drama #Mystery #Thriller
🗓️ 2023- 🎞️ Series 📺 1080p
🌎 #Australia
⏰ 48 မိနစ် 48 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Clearing (2023)The Clearing (2023)
===============
IMDb Rating – 6.1/10ဝင်္ကပါတစ်ခုထဲကို ဝင်မိသွားပြီဆိုတာနဲ့ ထွက်ပေါက်ကို လိုက်ရှာဖို့ပဲ
ရှိပါတော့တယ်တဲ့။ ဝင်ပေါက်ဆီကို ပြန်သွားဖို့လည်း မလွယ်တော့
သလို ရှိတာသေချာနေတဲ့ ထွက်ပေါက်ဆီကိုပါ မမှန်းဆနိုင်တဲ့ အချိန်
မျိုးမှာဆိုရင်ရော ရှေ့ပဲတိုးကြမလား နောက်ပဲပြန်ဆုတ်ကြမလား။
ဒီအခြေအနေကိုတော့ ကြည့်ရှု့တဲ့သူတွေကိုယ်တိုင်ကပဲ ဆုံးဖြတ်
ရပါလိမ့်မယ်။
ဒီဇာတ်လမ်းကို ဝင်္ကပါစံအိမ်တစ်ခုနဲ့ပဲ တင်စားပါရစေ။
အင်္ဂလိပ်အက္ခရာ “A” နဲ့ပဲ အစပြုပြီး မှည့်ခေါ်ထားတဲ့ နာမည်တွေနဲ့
ကလေးတွေ၊ ဆံပင်အမည်းရောင်ကို အရောင်ချွတ်ထားခံရတဲ့ ကလေး
တွေ၊ အသက်ကြီးကြီးမိန်းမကြီးတစ်ယောက်ကို မာမီလို့ခေါ်ပြီး တစ်
သွေးတစ်သံတစ်မိန့် နေနေရတဲ့ကလေးတွေ၊ အဲဒီကလေးတွေက
စံအိမ်ကြီးထဲကို ဘယ်ကနေ ရောက်လာခဲ့ကြတာလဲ။ သူတို့ကို ကြီး
ကြပ်ရတဲ့သူတွေပြောတာကတော့ ပြင်ပကမ္ဘာကြီးက သိပ်ကြင်နာ
တတ်သလို တစ်ချိန်တည်းမှာပဲ သိပ်ကိုရက်စက်တတ်ပါတယ် တဲ့။
ဆာရာ ဆိုတဲ့ ရှစ်နှစ်အရွယ်ကလေးမလေး ပျောက်ဆုံးမှုက မီဒီယာ
တွေပေါ်မှာ ဟိုးလေးတကြော်ကြော်ဖြစ်ပြီးတဲ့နောက် သားလေး
ပျောက်ဆုံးသွားမှာကို စိတ်ပူနေရှာတဲ့ မိခင်တစ်ဦးရယ်၊ ဆာရာကနေ
အာရှာလို့ ပြောင်းသွားရတဲ့ ကလေးမလေးရဲ့အဖြစ်ရယ်၊ စံအိမ်ထဲ
က ကလေးတွေရဲ့ ပဟေဠိတွေရယ် ဒါတွေအားလုံးရဲ့အဖြေကတော့
ဒီစီးရီးရဲ့ တစ်နေရာမှာ ရှိလို့နေပါတယ်။ ကျွန်တော်ပြောခဲ့တဲ့ ဆုံးဖြတ်
ရမဲ့ အခြေအနေဆိုတာကတော့ ဒါပါပဲ။(ဒီစီးရီးရဲ့ အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊
ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe, EL
တို့ဖြစ်ပါတယ်။)File Size………….(400 MB) / (800 MB)
