ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
What the Peeper Saw (1972) ⭐TMDB: 58% User Score 🎬 #Crime #Horror #Mystery #Drama #Thriller 🗓 1972 🎞 movie 🌎 #UnitedKingdom #Italy #WestGermany #Spain ⏰ 1 နာရီ 37 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating – 5.8/10 (18+ အခန်းတချို့ပါဝင်၍ အသက်ရွယ်မပြည့်သူများနှင့် မိသားစုဝင်များအတူတကွ ကြည့်ရှုရန်မသင့်တော်ပါ) မားကပ်စ်ရဲ့အမေရင်းဆုံးသွားပြီးတဲ့နောက် အယ်လီစ်က မားကပ်စ်ရဲ့အဖေပေါလ်နဲ့လက်ထပ်ခဲ့ပြီး သူတို့အိမ်ကိုပြောင်းနေခဲ့ပါတယ်။ မားကပ်စ်နဲ့စတွေ့ပြီးနောက်ပိုင်း အယ်လီစ်က မားကပ်စ် ရဲ့အပြုအမူတွေမူမမှန်တာ ထူးဆန်းနေတာကိုစတင်သတိထားမိလာပြီး မားကပ်စ်က သူ့အမေသေဆုံးမှုနဲ့ပတ်သတ်ပြီး လျှို့ဝှက်ထားတာတွေရှိနိုင်တယ်လို့သံသယဝင်လာပါတော့တယ်။ အယ်လီစ်က အမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားရင်း မိသားစုအတွင်းမှာဖြစ်လာတဲ့စိတ်ဖိစီးမှုတွေ,မယုံကြည်မှုတွေ, အလိမ်အညာတွေ နဲ့ နောက်ကွယ်ကအကြောင်းတွေ,လျှို့ဝှက်ချက်တွေ………. စတဲ့အကြောင်းတွေကိုpsychological thrillerဆန်ဆန် ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်။...
My Usually Quiet Roomate[SSIS-282 ] ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 32 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 JAV လောကမှာ မော်ဒယ်များစွာရှိတဲ့အနက် ဒီကောင်မလေးကတော့ တစ်မျိုးလေးပါချောတယ်လှတယ်ကိတ်တယ်ဆိုတာထက် ချစ်စရာလေးပါလားဟဆိုပြီးဖြစ်မယ့်ကောင်မလေးပါပဲ နာမည်လေးကတော့ Kasui Jun ပါတဲ့ မကိတ်ဘူးဆိုပေမယ့် ငါးရံ့ကိုယ်လုံးလေးလို ဖုသင့်တာဖုဖောင်းသင့်တာဖောင်းလေးမို့ညိုကီတို့သဘောကျ ဖြူဖြူဖွေးဖွေးသွယ်သွယ်လျလျကောင်မလေးတစ်ယောက်ပါပဲ ဇာတ်လမ်းလေးကလည်း သူ့ရုပ်ရည်လေးနဲ့လိုက်ဖက်တဲ့ စာကြိုးစားပြီးစာဖတ်ဝါသနာပါတဲ့ကောင်မလေးနေရာကနေ သရုပ်ဆောင်ထားပြီးစာဂျပိုးလေးရဲ့ ဝတ္ထုတွေဖတ်ပြီး စိတ်ကူးယဉ်မိရာက ဆရာ့ကိုဘယ်လိုအထာပေးပြီးဘယ်လိုဇာတ်လမ်းဆက်မလဲဆိုတာတော့ ပရိသတ်ကြီးပဲ ဆက်လက်ရှုစားနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ် (Dark Side Production မှ တင်ဆက်သည်။)Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
In Dreams (2023) ⭐IMDB: 4.4/10 (126 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #Russia ⏰ 1 နာရီ 21 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကတော့ Psychological, Thriller ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းအညွှန်းကတော့ အယ်လ်မာဟာ ငယ်စဉ်ကတည်းက စိတ်ရောဂါအခံရှိတာမို့လို့ ဆယ်ကျော်သက်အရွယ်ကတည်းက ဆေးတွေအမြဲသောက်ရတာပါ။ ဒီလိုနဲ့ သူအရွယ်ရောက်လာတဲ့အချိန် တစ်ရက်မှာတော့ သူ့အဖိုးဟာ အသတ်ခံလိုက်ရပါတယ်။ သူ့မိဘတွေမရှိတော့ကတည်းက သူ့ကိုစောင့်ရှောက်ခဲ့တာဟာ အဖိုးပဲရှိတာမို့လို့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေဟာ ပိုပြီးဆိုးရွားလာတာပေါ့။ ဒါ့ကြောင့်ပဲ သူနဲ့ သူ့ရဲ့ခင်ပွန်းဟာ စိတ်ပြေလက်ပျောက်ဖြစ်ဖို့အတွက် ငယ်ဘဝကအမြဲသွားခဲ့တဲ့ ရေကန်ငယ်နားက အိမ်တစ်လုံးကိုအနားယူဖို့သွားပါတယ်။ အဲဒီမှာ သူမသိခဲ့တာကတော့ သူ့အဖိုးဆုံးခဲ့ရခြင်းရဲ့ အကြောင်းအရင်းက အဲဒီနေရာအထိကိုလိုက်ပါလာခဲ့တာပါ။ ဒီတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။...
Fatum (2023) ⭐IMDB: 5.9/10 (1 k Votes) 🎬 #Crime #Drama #Thriller 🗓 2023 🎞 movie 🌎 #Spain #France ⏰ 1 နာရီ 32 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် စပိန်စကားပြော crime,drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်….ဒီရုပ်ရှင်ကဆုတစ်ဆုရရှိထားပြီး ဇကာတင်ဆုငါးခုရရှိထားပါတယ်… ဇာတ်လမ်းကတော့ မိသားစုနှစ်ခုအပေါ်အခြေခံပြီးရိုက်ကူးထားပါတယ်….ပထမမိသားစုကတော့ လောင်းကစားသမား ဆာဂီယိုနဲ့လစ်ဒီယာတို့ပါ…ဆာဂီယိုကလောင်းကစားမပြတ်နိုင်တဲ့အတွက်လစ်ဒီယာကကွဲချင်နေတာပါ…တစ်ရက်ကျဆာဂီယိုကသားနဲ့သမီးကိုလိုက်ပို့ရင်း နောက်ဆုံးအနေနဲ့ဘောလုံးပွဲလောင်းဖို့သွားခဲ့ပါတယ်…ဒါကိုလစ်ဒီယာသိသွားပြီးသူမလည်းလောင်းကစားရုံကိုရောက်ရှိလာပါတယ်….သူတို့လင်မယားချင်းပြဿနာတက်ပြီး ဆိုင်ထဲကပြန်ထွက်ဖို့အလုပ်မှာပဲ လောင်းကစားဆိုင်ထဲကိုဓားပြတွေဝင်လာပြီး ဓားပြတိုက်ပါတော့တယ်…. နောက်မိသားစုတစ်စုကတော့ ရဲအရာရှိပါဘလိုတို့မိသားစုပါ…ပါဘလိုရဲ့သားလေးဟာနှလုံးအစားထိုးကုသဖို့လိုအပ်နေသူပါ….အဲ့တော့ခုနကဓားပြတိုက်တဲ့နေရာကဓားစာခံတွေကိုကယ်ထုတ်ဖို့ပါဘလိုလည်းရောက်ရှိလာခဲ့ပါတယ်…ရုပ်ရှင်ရဲ့နာမည်ကတော့ fate ကံကြမ္မာလို့အမည်ရပါတယ်…ဘယ်လိုကံကြမ္မာအလှည့်အပြောင်းတွေဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှူကြပါခင်ဗျာ...
Knox Goes Away (2023) ⭐IMDB: 6.9/10 (7 k Votes) 🎬 #Crime #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 54 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Knox goes away ဆိုတဲ့ကားလေးကတော့ 2023 မှာထွက်ရှိထားပြီး နာမည်ကြီးမင်းသား Michael Keaton နဲ့ James Marsden တို့ပါဝင်ထားတဲ့ Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ကြေးစားလူသတ်သမားတစ်ယောက်က သူဟာရူးသွပ်ပြီးမှတ်ဉာဏ်ပျောက်တဲ့ရောဂါကို ခံစားနေရကြောင်းမထင်မှတ်ထားစွာသိရှိလိုက်ရပါတယ်။ဘဝကိုအထီးကျန်စွာဖြတ်သန်းနေခဲ့တဲ့သူမလို့ သူလုပ်စရာရှိတဲ့ကိစ္စတွေလုပ်ပြီးရင် အဝေးကိုအေးဆေးပဲထွက်သွားလိုက်တော့ဖို့စီစဉ်ထားခဲ့ပေမယ့် အဆက်သွယ်ပြတ်နေတာကြာပြီတဲ့ သားဖြစ်သူက ပြဿနာရှာမိပြီး သူ့ကိုလာရှာအကူအညီတောင်းတဲ့အခါ သူဟာရူးသွပ်နေတဲ့ရောဂါလက္ခဏာကိုအန်တုလို့ အသိစိတ်မပျောက်ခင် သားဖြစ်သူကိုကူညီကယ်တင်ရဖို့ဖြစ်လာခဲ့ပါတော့တယ်။...
3 Bed, 2 Bath, 1 Ghost (2023) ⭐IMDB: 7.1/10 (1 k Votes) 🎬 #Comedy #Romance #TVMovie #Drama #Family #Thriller 🗓 2023 🎞 tv movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အန်နာက အိမ်ခြံမြေအကျိုးဆောင်လိုင်စင်ကို ရတာမကြာသေးဘဲ မိသားစုစီးပွားရေးဖြစ်တဲ့ သူမဖခင်ရဲ့ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှာ ဝင်လုပ်ပါတယ်။ ပထမဆုံးအလုပ်အနေနဲ့ သူမရဲ့ဖခင်က သက်တမ်းကြာပြီဖြစ်တဲ့ အိမ်ကြီးတစ်အိမ်ကို ပြင်ဆင်ရောင်းချဖို့အတွက် တာဝန်ပေးလိုက်ပါတော့တယ်။ သူမအနေနဲ့ ထိုအိမ်ကြီးကို ၂ ပတ်အတွင်း ပြင်ဆင်ရမှာဖြစ်ပြီး အိမ်ကို ရောင်းထုတ်ရမှာပါ။ အိမ်ကြီးကိုထိန်းသိမ်းထားပေမယ့် လူမနေတာ နှစ်ပေါင်း ၇၀ နီးပါးလောက်တော့ရှိနေပါပြီ။ ငါးကြိမ်တိတိ အိမ်ကို ရောင်းဖို့ပြင်ဆင်ကြော်ငြာခဲ့ဖူးပေမယ့် တစ်ခါမှရောင်းမထွက်ပါဘူး။ အန်နာအနေနဲ့ ထိုအိမ်ကို ရောက်ရောက်ချင်းနေ့မှာပဲ ရူဘီဘိတ်ကာလို့ခေါ်တဲ့ အိမ်ပိုင်ရှင်သရဲကို တွေ့လိုက်ရပါတော့တယ်။ ရူဘီက ၁၉၂၀ ပြည့်နှစ်တွေမှာ ခေတ်ဆန်ပြီးရေပန်းစားသူတစ်ယောက်ဖြစ်ကာ သူမရဲ့ ၂၅ နှစ်ပြည့်မွေးနေ့မှာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀ ကြာသည်အထိ သူမရဲ့အိမ်ကြီးမှာပဲ နေထိုင်ကာ သူမကို ဘယ်သူကမှ မမြင်တွေ့ဖူးပါဘူး။ အန်နာက သူမကို ပထမဆုံးမြင်တွေ့သူဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုဆက်နွယ်မှုမျိုးရှိနေမှာလဲ။ ရူဘီကရော ဘာလို့ နှစ်ပေါင်း ၁၀၀ ကြာလောက်တဲ့အထိ ဘဝမကူးနိုင်ဘဲ အဲ့ဒီအိမ်ကြီးကိုပဲ စွဲကပ်နေရတာလဲ။ အန်နာကရော သူမရဲ့ ပထမဆုံးအလုပ်ကို အောင်အောင်မြင်မြင်နဲ့ ဆောင်ရွက်နိုင်မှာလား။ ဒါတွေကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Comedy/ Drama အမျိုးအစားဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ မိသားစုကြည့်လို့ရတဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ nway oo k zaw ဖြစ်ပါတယ်။...
The Beat That My Heart Skipped (2005) ⭐TMDB: 69% User Score 🎬 #Crime #Drama #Music 🗓 2005 🎞 movie 🌎 #France ⏰ 1 နာရီ 47 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 သောမတ်စ်ဆေယာဟာ ပီယာနိုတီးရာမှာပါရမီပါတဲ့လူတစ်ယောက်ပါ ဒါပေမဲ့ သူ့အမေဆုံးသွားပြီးကတည်းက ပီယာနိုမတီးဖြစ်ခဲ့တော့ပဲ သူ့အဖေရော့ဘတ်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့ အိမ်ခြံမြေရောင်းဝယ်ရေးအလုပ်ကိုပဲလုပ်ကိုင်ခဲ့ပါတယ် သူတို့လုပ်တဲ့အလုပ်ဆိုတာကလည်း ဖြူဖြူစင်စင်သန့်ရှင်းရှင်းမဟုတ်ဘဲ ဒုစရိုက်ဆန်ပါတယ် တစ်ရက်မှာ သူ့အမေရဲ့မန်နေဂျာအဖြစ်လုပ်ကိုင်ခဲ့သူ မစ္စတာဖော့ခ်စ်နဲ့ပြန်လည်တွေ့ဆုံပြီး ဖော့ခ်စ်က တွမ်မှာပါရမီပါတာကိုသိတာကြောင့် လူရွေးပွဲဝင်ပြိုင်ဖို့ကမ်းလှမ်းခဲ့ပါတယ် မိခင်ဆုံးသွားပြီးကတည်းက ပီယာနိုမတီးဖြစ်တော့တဲ့ တွမ်တစ်ယောက် နှစ်တွေအကြာကြီးနေမှပီယာနိုပြန်တီးရတဲ့အခါ သူ့ကိုအနီးကပ်လေ့ကျင့်ပေးဖို့ဆရာမလေးတစ်ယောက်ကိုငှားရပါတော့တယ် တွမ်တစ်ယောက် ဒုစရိုက်ဆန်တဲ့အလုပ်ကိုစွန့်လွှတ်ပြီး အေးဆေးသာယာစွာပဲ ပီယာနိုလေးတီးရင်းဖြတ်သန်းမယ်ကြံကာမှ သူ့အဖေရဲ့ကိစ္စတွေလိုက်ဖြေရှင်းပေးရတဲ့အခါ...
Man of the House (2005) ⭐TMDB: 57% User Score 🎬 #Action #Comedy #Crime 🗓 2005 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တက္ကဆက်မြို့က အမှုတခုအကြောင်းအပေါ်အခြေခံထားပြီး မှုခင်းဆန်ဆန်ဇာတ်အိမ်မျိုးကိုမှ ဟာသလေးတွေနှောထားတဲ့ ဇာတ်ကားလေးပါ၊ဒီကားမှာ မင်းသားကြီး Tommy Lee က ရိန်းဂျားတပ်ဖွဲ့က ဆာဂျင် ရိုလန်ရှက်ဖ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး တာဝန်ကလွဲပြီး ဘာကိုမှမသိတဲ့ ရှေးရိုးစွဲ ဘုကလန့်လူကြီးတယောာက်ပါ၊ တဖက်မှာလည်း ဘဝကိုပေါ့ပေါ့ပါးပါးနဲ့နေတတ်တဲ့ Cheerleaders ကောင်မလေး၅ယောက်က မထင်မှတ်ဘဲ လူသတ်မှုတခုကို မျက်မြင်တွေ့လိုက်ရပြီး အမှုရဲ့အရေးကြီးတဲ့ သက်သေတွေဖြစ်လာခဲ့ပါတယ်၊ဒီမျက်မြင်သက်သေကောင်မလေးတွေကိုကာကွယ်ဖို့တာဝန်က ရှက်ဖ်တယောက်အပေါ်ကျလာပါတော့တယ်၊ အကျင့်စာရိုက်ချင်းမတူတဲ့ ရှက်ဖ်နဲ့ကောင်မလေးတွေ တွေ့ကြတဲ့အခါမှာ အဆင်ပြေကြပါ့မလား၊ ရှက်ဖ်တယေက်ကကော ကောင်မလေးတွေ အဆုံးထိကာကွယ် ပေးသွားပြီး လူသတ်သမားကိုဖမ်းမိသွားမလား ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရမှာပါ...
Monster (2023) ⭐IMDB: 4.6/10 (174 Votes) 🎬 #Horror #Mystery #Thriller 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 25 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ ဘယာနကရသ ကိုပေးတဲ့ ရုပ်ရှင်ဖြစ်ပြီး ပါဏာတိပါတာကား အမျိုးအစား ဖြစ်ပါတယ်။ စိတ္တဇကောင်တစ်ကောင်က ကျောင်းနေအရွယ် ကလေးလေးနှစ်ယောက်ကို ဖမ်းသွားပြီး ရက်ရက်စက်စက်လုပ်ဖို့ ကြိုးစားလာတဲ့အချိန်မှာ ကလေးနှစ်ယောက် နိုင်သလောက်အားလေးနဲ့ အသက်ရှင်ဖို့ ရုန်းကန်တိုက်ခိုက်တာကို ကြည့်ရမှာ ဖြစ်ပါတယ်။ တစ်ကားလုံး ဒိုင်ယာလော့မသုံးဘဲနဲ့ ပြကွက်တွေကိုချည်း သုံးထားပြီး အသက်အောင့် ကြည့်မိအောင်လုပ်ထားတဲ့ကားမျိုးမို့ ဟော်ရာကား ကြိုက်သူတွေ ခံစားကြည့်ပါဦး။...
The Child (2005) ⭐TMDB: 72% User Score 🎬 #Drama #Crime #Romance 🗓 2005 🎞 movie 🌎 #Belgium #France ⏰ 1 နာရီ 36 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dardenne brothers ရိုက်ကူးခဲ့တဲ့ ပြင်သစ်စကားပြော ဘယ်လ်ဂျီယံရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဘရူနိုနဲ့ ဆိုနီယာတို့က အလုပ်ရယ်လို့ မယ်မယ်ရရမရှိဘဲ ဘ၀ကိုကြုံသလိုဖြတ်သန်းနေတဲ့ စုံတွဲလေးတစ်တွဲ။ သူတို့တွေ အတူနေရင်း ကလေးလေးတစ်ယောက်ရလာရော။ ကလေးအတွက် စရိတ်စကရော နေရာထိုင်ခင်းပါ အဆင်မပြေတဲ့အဆုံး ဘရူနိုတစ်ယောက် ကြံမိကြံရာကြံရင်း ရက်သားကလေးလေးကို မွေးစားဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရောင်းစားလိုက်မိတယ်။ ဒီမှာပဲ သူတို့စုံတွဲ စကားတွေများကြပြီး ပြဿနာတွေကြီးထွားလာခဲ့ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)...
Bad Hombres (2023) ⭐IMDB: 5.2/10 (268 Votes) 🎬 #Crime #Thriller #Uncategorized 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Bad Hombres Knights of the Zodiac, Muzzle, On My Blockတို့လို ရုပ်ရှင်စီးရီးကောင်းတွေထဲက မင်းသား တစ်လက်ဖြစ်တဲ့ Diego Tinocoနဲ့အတူ Queen of the South, Peter’s to do list, Rango, Spiderman (Tom Holland’s versions), Perry Masson စတဲ့ ရုပ်ရှင်စီးရီးကောင်းတွေနဲ့ လူသိများကြတဲ့ Hemky Maderaတို့က ဇာတ်လမ်းကို အတိုင်ဖောက်ညီညီ ဦးဆောင်ထားကြပါတယ်။ ဒါ့အပြင် Tyrese Gibson၊ Luke Hemsworth၊ Thomas Janeတို့လို actors တွေကပါ ဇာတ်လမ်းကို ပိုပြီး အဓိပ္ပာယ်ရှိသွားအောင် အားဖြည့်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ ဖီးလစ်က အီကွေဒေါလို ဆင်းရဲတဲ့နိုင်ငံကနေ မိသားစုကို ဆင်းရဲတွင်းကနေ လွတ်မြောက်အောင် ကြိုးစားမယ်ဆိုပြီး အမေရိကန်နိုင်ငံဆီမှာ အလုပ်လုပ်ဖို့ ရွှေ့ပြောင်းလာပါတယ်။ ဖီးလစ် တစ်ယောက် အမေရိကန်ကို ရောက်ရောက်ချင်း ပထမဆုံး အလုပ်လုပ်တဲ့နေ့မှာတင် မထင်မှတ်တဲ့ အလုပ်တစ်ခုကို လုပ်ရပါတော့တယ်။ ဘုမသိပါ့မသိနဲ့ ပိုက်ဆံရမယ့် အလုပ်ဖြစ်ပြီးရင် ပြီးရောဆိုပြီး လိုက်သွားရာကနေ မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါမှာတော့ ….. သူနဲ့အလုပ်တွဲလုပ်ရတဲ့လူက ပုံမှန်သာမန်အလုပ်သမား မဖြစ်နေတဲ့အခါမှာတော့ ….ဘယ်လိုဒုက္ခမျိုးတွေကို ဖီးလစ်တစ်ယောက် တွေ့ကြုံရမလဲ၊ သူ ဒီဒုက္ခတွေကို ကျော်ဖြတ်နိုင်ပါ့မလား၊ သူ့အနောက်ကနေ လိုက်လာတဲ့ လူသတ်သမားတွေရဲ့ရန်ကနေရော လွတ်မြောက်နိုင်ပါ့မလား၊ အစရှိတာတွေကို actionဆန်ဆန်လေး ကြည့်ရှု့ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...
Wishmaster (1997) ⭐TMDB: 60% User Score 🎬 #Fantasy #Horror 🗓 1997 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 42 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Genre – Fantasy, Horror မီးခွက်စောင့်ဘီလူး ဂျင်နီနဲ့ တောင်းဆု ၃ ဆိုတာ ကျွန်တော်တို့တွေနဲ့ သိပ်မစိမ်းတဲ့ ပုံပြင်လေးတစ်ပုဒ် ဖြစ်ပါတယ်။ အာလာဒင်တို့ရှိမယ် ဟိုးအရင်တုန်းက မီးခွက်စောင့်ဂျင်နီမလေး ဇာတ်လမ်းတွဲတွေ ရှိကြမယ်။ ဒါပေမဲ့ ဒါတွေဟာ အနောက်တိုင်းက ပြန်လည်မွမ်းမံထားတဲ့ ချစ်စရာ ရယ်မောစရာ ဇာတ်ကောင်လေးပါ။ တကယ့် အာရေဗျကျမ်းစာတွေအရ ဂျင်ဆိုတဲ့ နတ်ဆိုးဟာ တမန်တော်တွေနဲ့ ခေတ်အပြိုင် တည်ရှိခဲ့တဲ့ နတ်ဆိုး ဖြစ်ပြီး ကမ္ဘာမြေကို ပျက်သုဉ်းသွားနိုင်အောင်ထိ လုပ်နိုင်စွမ်းရှိပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ တကယ်ကို ဆိုးသွမ်းရက်စက်ပြီး ယုတ်မာကောက်ကျစ်တဲ့ ဂျင်နတ်ဆိုးပဲ ပါဝင်ပါတယ်။ ဆု ၃ ဆုတောင်းရတာတော့ မှန်ပါတယ် ဒါပေမဲ့ တောင်းဆုတွေကို ဖြည့်ပေးတဲ့နေရာမှာ တကယ်ဖြည့်ပေးပေမဲ့လည်း လှည့်ကွက်တွေ ရှိနေပါတယ်။ နောက်ပြီး ၃ ဆုမြောက်တောင်းပြီးသွားတဲ့အချိန်ဆို သူ့အနေနဲ့ ကမ္ဘာပေါ်ကို တံခါးပွင့်လာပြီး အုပ်စိုးလို့ရနိုင်တဲ့ အခြေအနေထိ ရောက်သွားမှာပါ။ ဇာတ်လမ်းအရ ပြောရမယ်ဆို ရှေးခေတ်ပါရှားခေတ်တုန်းက ၃ ဆု ပြည့်မြောက်တော့မယ့်အချိန် မှော်ဆရာတစ်ပါးကြောင့် ဂျင်ဟာ မဟူရာကျောက်နီထဲကို ပိတ်လှောင်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ ၂၀ ရာစုကို ရောက်လာခဲ့ချိန်မှာတော့ ဒီ မဟူရာကျောက်ကို မင်းသမီးက အသက်ဝင်လာအောင် နိုးထပေးလိုက်သလိုဖြစ်ပြီး ကမ္ဘာမြေပေါ် ပြန်ရောက်လာပြီး လူတွေကို ဆုတွေတောင်းခိုင်းလိုက် သတ်ဖြတ်လိုက်နဲ့ သောင်းကျန်းနေတဲ့အခါ မင်းသမီးတစ်ယောက် ဘယ်လိုတားဆီးမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ငယ်ငယ်တုန်းကတော့ ပတ္တမြားအနီ သရဲကားဆိုပြီး အစ်ကိုတွေ ကြည့်နေတဲ့အချိန် လက်ဖဝါးလေးအုပ်ပြီး ခိုးကြည့်ခဲ့ဖူးပါတယ်။ ခိုးကြည့်ရဆို သူက သတ်တာဖြတ်တာတွေ သေတာတွေက သွေးသံတရဲရဲနဲ့ ရက်ရက်စက်စက် R Rated အဆင့် ရှိတာကိုး။ ဂျင်နတ်ဆိုးကြီးဆိုလည်း ခုမျက်စိနဲ့သာ မကြောက်တော့တာ ငယ်ငယ်ကတော့ သွေးပျက်ခဲ့ရတာပေါ့ဗျာ။ အဲဒါကြောင့် ကိုယ်တွေလိုမျိုး ငယ်ငယ်က ကြည့်ပြီး မှတ်မိနေတဲ့လူတွေလည်း အလွမ်းပြေ ပြန်ကြည့်နိုင်အောင် မကြည့်ဖူးသေးတဲ့လူတွေလည်း ဇာတ်လမ်းဆန်းဆန်းလေးနဲ့ Horror ကားကောင်းလေး ကြည့်နိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်ဗျာ။...
Wishmaster 3: Beyond the Gates of Hell (2001) ⭐TMDB: 43% User Score 🎬 #Fantasy #Horror #Thriller 🗓 2001 🎞 video movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 32 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Genre – Fantasy, Horror နတ်ဆိုးကြီးဂျင် သို့မဟုတ် ဆုတောင်းသခင်ကြီးရဲ့ တတိယကား ဖြစ်ပါတယ်။ ဒီကားမှာတော့ တက္ကသိုလ်ကျောင်းတစ်ခုတည်းမှာ အခြေခံထားတာ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက မိဘနှစ်ပါးကို ကားမီးလောင်ပြီး ဆုံးရှုံးထားတဲ့ ကျောင်းသူလေး ဒိုင်ယာနာဟာ ပရော်ဖက်ဆာဖြစ်သူနဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို ဖွင့်ကြည့်ရာကနေ ထုံးစံအတိုင်း ဂျင်ဟာ နိုးထလာခဲ့ပါတော့တယ်။ ဒီတော့ အရင်ကားတွေအတိုင်းပဲ နိုးထပေးတဲ့လူကို ဆု ၃ ဆု ဖြည့်ပေးမယ်ဆို ကမ္ဘာကို သိမ်းပိုက်နိုင်မှာ ဖြစ်တဲ့အတွက် ဒိုင်ယာနာ့နောက်ကို လိုက်ပြီး ချစ်ခင်တဲ့လူတွေကို သတ်ဖြတ်ကာ ဆုတောင်း ၃ ခု ပြည့်ဖို့အတွက် ဖိအားလိုက်ပေးတဲ့အခါမှာတော့….။ ဒီကားမှာတော့ ရှေ့ ၂ ကားတုန်းက ဘဲကြီး သရုပ်မဆောင်တော့ပဲ နတ်ဆိုးဂျင်နေရာ နောက်တစ်ယောက်ပြောင်းသွားလို့ ကြည့်ရတာ ဖီးလ်နည်းနည်းကျဲပါတယ်။ ဇာတ်လမ်းပိုင်းမှာလည်း မဆီမဆိုင်တွေ လျှောက်ထည့်ပြီး တခြားကားတွေကို မမှီတာ တွေ့ရပါတယ်။ နောက်ပြီး ဒီကားမှာ ခါတိုင်းလို အသတ်အဖြတ်တွေအပြင် ကိုယ်လုံးတီးခန်းတွေပါ ပါဝင်တဲ့အတွက် ကြည့်ရှုမယ်ဆို သတိချပ်စေလိုပါတယ်ဗျ။...
Wishmaster 2: Evil Never Dies (1999) ⭐TMDB: 54% User Score 🎬 #Fantasy #Horror 🗓 1999 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Genre – Fantasy, Horror ဆုတောင်းသခင်ကြီး နတ်ဆိုးဂျင်ရဲ့ ဒုတိယကား ရောက်လာပါပြီ။ ဒီကားထဲမှာလည်း အနုပညာပြခန်းကို ပန်းချီကားခိုးသူ ၂ ယောက်ကြောင့် ရုပ်ထုထဲကနေ မဟူရာကျောက် ပြန်ထွက်လာပြီး ဂျင်တစ်ယောက် လူ့ပြည်ကို နောက်ထပ်တစ်ခါ လွတ်မြောက်လာပြန်ပါတယ်။ ဒီကားထဲမှာတော့ သူ့ကို နိုးထပေးတဲ့လူကို ဆုတောင်း ၃ ဆု မဖြည့်စည်းပေးခင် လူတွေရဲ့ဝိဉာဉ် ၁၀၀၁ ခုကို အရင်လိုက်ပြီး စုဆောင်းရဦးမှာပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ဂျင် တစ်ဖြစ်လဲ ဒဲမရက်စ်ကြီးတစ်ယောက် အကျဉ်းထောင်ထဲကိုဝင်ပြီး ဝိဉာဉ်တွေ ရဖို့အတွက် ထောင်သားတွေကို ဘယ်လိုမွှေဦးမလဲ၊ ဘယ်လိုဆုတောင်းတွေနဲ့ ဘယ်လိုသေကြဦးမလဲ၊ မင်းသမီးအနေနဲ့ရော ဒီတစ်ခေါက် ဂျင်ကို တားဆီးနိုင်ပါ့မလား စသဖြင့် သွေးထွက်သံယို အသတ်အဖြတ်တွေကို ခံစားကြည့်ရှုရဦးမှာပဲ ဖြစ်ပါတယ်။ ပထမကားမှာ လူချဉ်စရာကောင်းလောက်အောင် လူယုတ်မာရုပ်ကြီးနဲ့ ဂျင် (ဒဲမရက်စ်) နေရာကို သရုပ်ဆောင်ပေးခဲ့တဲ့ Andrew Divoff ကပဲ ဒီကားမှာ ပြန်လည် သရုပ်ဆောင်ပေးထားပါတယ်။ အဓိကဇာတ်ကောင်နေရာကတော့ တခြားမင်းသမီး ဇာတ်ရုပ် ပြောင်းသွားခဲ့ပြီပဲ ဖြစ်ပါတယ် ခံစားလိုက်ကြပါဦး။...
Wishmaster: The Prophecy Fulfilled (2002) ⭐TMDB: 45% User Score 🎬 #Fantasy #Horror #Romance 🗓 2002 🎞 video movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 30 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Genre – Fantasy, Horror ဆုတောင်းသခင်ကြီး နတ်ဆိုးဂျင်ရဲ့ ၄ ကားမြောက်နဲ့ နောက်ဆုံးကား ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အရင် ၃ ကားလုံးမှာ မဖြစ်ဖူးတဲ့ တတိယမြောက်ဆုတောင်း ပြည့်တဲ့ထိ ပါဝင်တာကို မြင်ရမှာပါ။ ဒါပေမဲ့လည်း အခက်အခဲလေးတော့ ရှိနေပါတယ် ဒါကတော့ ဂျင်ဘဲကြီးဟာ ဒီကားထဲမှာ လူသားဆန်လာပြီး ကောင်မလေးကို ချစ်ကြိုက်သွားမိခဲ့တာပဲ ဖြစ်ပါတယ်။ ထားပါ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆို လီဆာနဲ့ ဆမ်ဆိုတာ သိပ်ချစ်ကြတဲ့ စုံတွဲလေးပါ ဒါပေမဲ့ ဆမ်တစ်ယောက် ဆိုင်ကယ်မတော်မဆဖြစ်ပြီး အောက်ပိုင်းသေရာကနေ ဒီအတွဲလေးက အရင်တုန်းကလို ချစ်ဇောဟုန်တွေ မပြင်းထန်တော့ပဲ ဆမ်လည်း အရက်သမားဖြစ်ပြီး လီဆာတစ်ယောက်ပဲ အမှုနိုင်ဖို့ မိတ်ဆွေရှေ့နေ ဗာဒယ်နဲ့အတူ ပူးပေါင်း ကြိုးစားနေပါတယ်။ ပြဿနာတွေမှာ ဒီရှေ့နေလည်း ပါပါတယ် သူကလည်း လီဆာလေးကို အခွင့်ရရင် ရသလို စားချင်နေတဲ့ ကြောင်ဖားကြီးပါ တစ်ရက်ကျ ကြောင်ဖာကြီးလုပ်ဖို့ လက်ဆောင်ဝယ်ပေးရာကနေ ထုံးစံအတိုင်း ဂျင်ကို နိုးထစေခဲ့ပါတယ်။ ဒီလိုနဲ့ ခါတိုင်းလိုပဲ လူတွေကို ဆန္ဒတွေထုတ်ဖော် ပြဿနာတွေပေးပြီး သူ့မျိုးနွယ်ဂျင်တွေကို ကမ္ဘာပေါ်ခေါ်နိုင်မလား ချစ်မိသွားတဲ့ လူသားမလေးနဲ့ အဆင်ပြေအောင်နေမလားဆိုပြီး ဂျင်ဇိုးကြီးတစ်ယောက် ဗြာတွေများပြီး ပြဿနာတက်ရတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ကိုယ်လုံးတီးတွေ အိပ်ရာပေါ်အခန်းတွေ ဇာတ်လမ်းစကတည်းက ပါဝင်နေတာကြောင့် ကြည့်ရှုတွေ သတိပြုစေလိုပါတယ်ဗျ။ ဆုတောင်းသခင်ကြီး ၄ ကားလုံးကို အကုန်တင်ဆက်ပေးလိုက်ပြီ ဖြစ်လို့ ကြည့်ရှုရင်း အပန်းပြေစေဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။...
Krishnamma (2024) ⭐IMDB: 8.4/10 (55 Votes) 🎬 #Action #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 10 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Krishnamma (2024)“ပုရွက်ဆိတ်များ” ရီဗျူးကောင်းတွေ ရထားတဲ့ တေလဂူး အက်ရှင်ဇာတ်လမ်းအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်တေလဂူးအက်ရှင်ဆိုတဲ့အတိုင်း နုရွနေမှာမဟုတ်ဘဲ အောက်ခြေလူနေမှုဘဝတွေကို မြင်တွေ့ရမယ့်ကားပါ မြေကြီးထဲ ခန္ဓာကိုယ်မြှုပ်ထားခံရပြီး ခေါင်းတစ်ခုတည်းပေါ်နေတဲ့ အလောင်းတစ်လောင်း —တစ်ခေါင်းလုံး သကာရည်တွေအလောင်းခံထားရပြီး ပုရွက်နီအပြုံလိုက်တက်နေတဲ့ လူသတ်မှုတစ်ခု အစကပြန်ကောက်ရရင် ရွာတစ်ရွာမှာ မိဘမဲ့ သူငယ်ချင်းသုံးယောက်ရှိတယ် ရှီဗာ၊ ကိုတီနဲ့ ဘာဒရာရယ်…ပေါ့ပေါ့နေ ပေါ့ပေါ့စား တွယ်တာစရာဆိုလို့ ဘာမှမရှိတဲ့ မိဘမဲ့တွေသူတို့အလုပ်က အသေးစားဒုစရိုက်လေးတွေ အရောင်းအဝယ်လေးတွေ လိုက်လုပ်မယ်ပြီးရင် အရက်သောက်မယ် ဒါပဲ… သူများတကာလို မိသားစုဘဝကို လိုချင်ပေမယ့်သူတို့အချင်းချင်းပဲ ညီအစ်ကိုလို မိသားစုဝင်လို သဘောထားကြတယ် ဒီလိုကနေ ဒုစရိုက်လောကထဲက ရုန်းထွက်ဖို့လုပ်ပေမယ့် ရုန်းမထွက်နိုင်ပဲ ရှုပ်ထွေးတဲ့ အမှုတစ်ခုထဲ တွန်းပို့ခံလိုက်ရချိန်မှာတော့ … ဘာတွေဆက်ဖြစ်မှာလဲ ပုရွက်ဆိတ်လို သူတို့ဘဝတွေကို တန်ဖိုးမရှိသလို သဘောထားခဲ့တဲ့ လူကိုပုရွက်တွေကိုက်ပြီး အသက်ဆုံးရအောင် ရက်ရက်စက်စက် လက်စားချေတဲ့ ဇာတ်လမ်းတစ်ပုဒ်ဘယ်လိုဖြစ်လာလဲဆိုတာ ပရိသတ်ကြီးကပဲ ရှုစားအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်...
The Legend of Yang Jian (2024) ⭐TMDB: 0% User Score 🎬 #Fantasy #History 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 21 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ တရုတ်ပြည်မှာနာမည်ကြီးတန်ခိုးကြီးနတ်မင်းတစ်ပါးဖြစ်တဲ့ယန်ကျန်နတ်မင်းရဲ့လူ့ဘဝတုန်းကအကြောင်းလေးကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ :လူ့ပြည်မှာကောင်းကင်နဲ့မြေကြီးကိုတောင်ခွဲနိုင်တယ်ဆိုတဲ့ဖန့်ကူပုဆိန်တစ်လက်ရှိပါတယ် ။ အဲဒီပုဆိန်က ကောင်းတဲ့လူလက်ထဲရောက်ရင်တော့ လောကသားတွေအတွက်အကျိုးရှိမှာဖြစ်ပြီးတော့ မကောင်းတဲ့သူရဲ့လက်ထဲမှာဆိုရင်တော့တော်တော်လေး ဒုက္ခများစေမဲ့အရာလည်းဖြစ်ပါတယ် ။ အဲဒါကြောင့် အဲဒီဖန့်ကူပုစိန်ထဲက ဖန့်ကူနှလုံးကို နတ်မင်းကြီးဖုရှီးကထုတ်ယူပြီးတော့ မျိုးနွယ်စုနှစ်ခုကိုကာကွယ်စောင့်ရှောက်စေခဲ့ပါတယ် ။ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ ယန်ကျန်ဟာသူတို့ကျင်းရှားဂူမှာအတော်ဆုံးတပည့်လည်းဖြစ် ဆရာဖြစ်တဲ့သူကလည်းသူ့ကိုယုံကြည်တာမို့ ဆရာတံခါးပိတ်မကျင့်ကြံခင်မှာသူ့ကို ဓားစံအိမ်ကဖန့်ရှင်းနှလုံးကိုကြည့်ရှုကာကွယ်ထားဖို့တာဝန်တစ်ခုပေးခဲ့ပါတယ် ။ကိုယ့်ကိုယ်ကိုယ်အထင်ကြီးလွန်းတဲ့ယန်ကျန်ဟာသတိလက်လွတ်နေရင်းနဲ့ ဖန့်ကူနှလုံးဟာလည်း အခိုးခံလိုက်ရပါတော့တယ် ။ အပြစ်ရှိစိတ်နဲ့ယန်ကျန်ဟာ သူ့တာဝန်သူကျေပွန်စေရမယ်ဆိုပြီးဖန့်ကူနှလုံးကိုခိုးသွားတဲ့သူနောက်ကိုလိုက်ရင်းနဲ့ သူ့ရဲ့စွန့်စားခန်းစာတင်ခဲ့ပါတော့တယ်...
Northeast Folktales () ⭐TMDB: 0% User Score 🎬 #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 15 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တရုတ်ပြည်အရှေ့မြောက်ပိုင်းတုံးပေဒေသကကျေးလက်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ယုံတမ်းစကားတွေရဲ့နောက်ကွယ်မှာ ဖြစ်ရပ်မှန်တွေရှိနေတတ်တယ်။ တုံးပေဒေသမှာ မြွေ၊ ဖျံနီညို၊ မြေခွေး စတဲ့သတ္တဝါ(၅)မျိုးကို နတ်အဖြစ်ယူဆလေ့ရှိကြတယ်။ဒေသန္တရာပုံပြင်တွေကိုအသုံးချပြီး ဇာတ်ကြောင်းတွေကိုတစ်ခုချင်း ပုံဖော်ပြသွားတာဖြစ်ပါတယ်။ဆန်းကြယ်တဲ့ ဂန္ဘီရဆန်ဆန်ဇာတ်လမ်းရဲ့နောက်ကွယ်ကသနားစရာကောင်းတဲ့ ငယ်ချစ်လူငယ်နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။...
Sweet Dreams (2024) ⭐IMDB: 5.4/10 (759 Votes) 🎬 #Comedy #Drama #Sport 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sweet Dreams (2024)================IMDb – 5.4/10 လမ်းမှားရောက်နေတဲ့သူအားလုံးဟာ အရင်တစ်ချိန်က ကောင်းကောင်းမွန်မွန်ဘ၀ကို ပြန်ရဖို့ အိမ်မက်လှလှလေးမက်မိတာ သဘာ၀ပါပဲ။ မော်ရစ် တစ်ယောက်ဟာ အရက်စွဲနေတာကြောင့်မူးယစ်ဆေးဖြတ်တဲ့သူတွေစုနေတဲ့ Sweet Dreams ဆိုတဲ့ ဂေဟာကိုရောက်လာပါတယ်။ ဂေဟာမှာက မူးယစ်သေစာအမျိုးမျိုးစွဲလမ်းနေတဲ့ လူတန်းစားအမျိုးမျိုးရှိနေပြီး ရောက်ခါစမှာတော့ မော်ရစ် တစ်ယောက် လိုက်လျောညီထွေစွာနေနိုင်ဖို့ရုန်းကန်ရပါတယ်။ သူတို့တွေဟာ အပျော်တမ်း ဆော့ဖ်ဘောကစားကြလေ့ရှိပြီးတစ်နေ့မှာတော့ ဂေဟာရဲ့ငွေကြေးအခက်အခဲကြောင့် ဒေါ်လာရှစ်သောင်းရရှိမယ့် ပြိုင်ပွဲကို ၀င်ပြိုင်ဖြစ်ကြပါတယ်။ အဲဒီအခါမှာတော့ မော်ရစ် ဟာ မထင်မှတ်ဘဲ သူတို့ဂေဟာရဲ့ ဆော့ဖ်ဘောအသင်းကို နည်းပြလုပ်လိုက်ရပါတယ်။ အားကစားကြောင့်တစ်ယောက်နဲ့တစ်ယောက်ကြားမှာ တဖြည်းဖြည်းနဲ့ နားလည်မှု၊နွေးထွေးမှုတွေရှိလာကြပုံတွေ… မော်ရစ်တစ်ယောက်သူချစ်ရတဲ့သမီးလေးနဲ့ ပြန်တွေ့ရဖို့နဲ့ သူ့ရဲ့အရင်အောင်မြင်ခဲ့တဲ့ဘ၀ကို ရရှိဖို့ပြန်လည်ကြိုးစားပုံတွေကို စိတ်၀င်စားဖွယ် ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Theo Katt ဖြစ်ပါတယ်)...
Blood Hangs In The Coffin ( 2024 ) ⭐TMDB: 0% User Score 🎬 #Action #Crime #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 14 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တာ့မင်ပြည်မှာ အကျင့်ပျက်ချစားနေတဲ့တုန်းချန်စစ်တပ်နဲ့ညွှန်းကြားရေးမှူးတစ်ဦးရှိပါတယ် ။သူကရုံးတော်ကတခြားအမတ်တွေနဲ့ပေါင်းပြီးလာဘ်စားကြတာကြောင့် ပြည်သူတွေလည်းအခွန်အခတွေများပြီး ဆင်းရဲဒုက္ခတွေကြုံရတာပေါ့ ။ ဒီလိုအကျင့်ပျက်ချစားမှုတွေကို ဖူအိမ်တော်က သခင်ကြီးဖူကသေချာစုံစမ်းပြီးအမှုမှာပါဝင်နေတဲ့အမတ်တွေနဲ့နာမည်ကိုချရေးပြီး မင်းကြီးဆီတင်ပြဖို့လုပ်ပါတော့တယ် ။ ဒါပေမဲ့ မထင်မှတ်ထားဘဲ တုန်းချန်စစ်တပ်တွေဆီကနေလုပ်ကြံခံရပြီး အငယ်ဆုံးသမီးလေးတစ်ယောက်တည်းရှင်သန်လွတ်မြောက်ခဲ့ပါတယ် ။ ညွှန်ကြားရေးမှူးဟာ သူတကယ်လိုချင်တဲ့နာမည်စာရင်းကိုမရလိုက်တဲ့အပြင်လူတစ်ယောက်ကပါလွတ်သွားတော့ ဒေါသထွက်ပြီးအခေါင်းတစ်ခုကို ဖူအိမ်မှာပဲ ဖူအိမ်ကအိမ်သား၃၄ယောက်ရဲ့ခေါင်းတွေထည့်ပြီးချိတ်ဆွဲစေခဲ့ပါတယ် ။ နှစ်၂၀ကြာပြီးတဲ့အချိန်မှာတော့ ညွှန်းကြားရေးမှူးကမတော်တဆ သူတစ်အိမ်လုံးအပြတ်ရှင်းခဲ့တဲ့ဖူအိမ်ကိုပြန်ရောက်လာချိန်မှာတော့…သူသတ်ခဲ့တဲ့ဖူအိမ်ဆိုတာကိုမှတ်မိပါ့မလားလွတ်သွားတဲ့ကလေးကရော သူ့ကိုရန်သူအဖြစ်သဘောထားနေအုံးမလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်လမ်းလေးဖြစ်လို့ စောင့်ကြည့်ပေးဖို့မမေ့ပါနဲ့...
