ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
https://image.tmdb.org/t/p/original/ynhMoPag6kwPOxOmF586s9MZPWJ.jpg
Thousand Faces of Qi Men ( 2023 )
⭐IMDB: ⁉️
🎬 #Action #Fantasy #Romance
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 China
⏰ 1 နာရီ 27 မိနစ် 07 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကောင်းကင်ဘုံ ဧကရာဇ်မင်းတို့ အုပ်စိုးချိန်အချိန်ကာလ ဂျပန်နိုင်ငံမှမင်းဆရာ အမတ်ချုပ်တွေဟာ မှော်စွမ်းအားတွေနဲ့ဧကရာဇ်မင်းကိုလှည့်စားခဲ့ကြပါတယ်။ ဧကရာဇ်အရှင်ကိုနှစ်ပေါင်းများစွာတိုင်အောင် ချိတ်ပိတ်ထားတဲ့ မိစ္ဆာအရှင်ကိုလွှတ်ပေးဖို့ဖိအားတွေ အကြိမ်ကြိမ်ပေးပြီး လောကကြီးကို ဘေးဥပါဒ်ဖြစ်စေခဲ့ပါတယ်။
ဒီဘေးဥပါဒ်တွေကို ကာကွယ်ဖို့ ကြိုးစားနေသူကတော့ဆရာကြီး တုန်းကော်လျောင်ပါ။ တစ်နေ့မှာတော့ဆရာကြီးတုန်းကော်လျောင်ဟာ စျေးထဲမှာလှည့်လည်သွားလာနေခဲ့ပြီးထူးဆန်းလှတဲ့ လူငယ်လေးတစ်ဦးဖြစ်တဲ့ လျိုဇီမော့နဲ့တွေ့ဆုံခဲ့ပါတယ် ။ထူးဆန်းလှတဲ့ အရည်းအချင်းတွေကြောင့် လျိုဇီမော့ကိုတပည့်အဖြစ် ခံယူပေးခဲ့ပါတော့တယ်။ ဂျပန်လူမျိုးတွေရဲ့ယုတ်မာမှုတွေတင်းကျပ်လာတာနဲ့အမျှ တပည့်ဖြစ်သူလျိုဇီမော့ကိုကာကွယ်ဖို့ ဆရာကြီးဟာ အသက်ပေးသွားခဲ့ရတဲ့အခါ…?
❏ ဆရာကြီးပေးအပ်ခဲ့တဲ့ တာဝန်တွေကိုလျိုဇီမော့တစ်ယောက် ထမ်းဆောင်နိုင်ပါ့မလား?❏ ဂျပန်မကောင်းဆိုးဝါးတွေကိုရော သူဘယ်လိုနှိမ်နှင်းမလဲ?❏ လောကကြီးအတွက်ရော အေးချမ်းမှုတွေယူဆောင်လာပေးမလား?ဆိုတာ ကြည့်ရှုလိုက်ကြရအောင်လားရှင် ။
https://m.media-amazon.com/images/M/MV5BMTYxMDg5NTkxMF5BMl5BanBnXkFtZTcwNjA4MDUzMQ@@._V1_FMjpg_UX1000_.jpg
Flyboys (2006)
⭐IMDB: 6.5/10 (43 k Votes)
🎬 #Action #Drama #History
🗓️ 2006 🎞️ Movie 📺 720p HD
🌎 United Kingdom, United States
⏰ 2 နာရီ 19 မိနစ် 03 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Flyboys(2006)
*************
ဒီဇာတ်လမ်းဟာ ပထမကမ္ဘာစစ်စတင်ပြီး 1916 ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ကိုပြန်ရိုက်ကူးထားတာပါ။
ဒီကာလမှာက အမေရိကန်ဟာ စစ်ထဲဝင်မပါသေးတော့ စစ်တိုက်ချင်တဲ့၊ လေယာဉ်မောင်းချင်တဲ့
အမေရိကန်လူငယ်အချို့ဟာ စစ်ပညာသင်ပေးမယ့်ပြင်သစ်ကိုသွားပြီး စစ်ထဲဝင်ကြရပါတယ်။အကြောင်းကြောင်းနဲ့ စစ်ထဲဝင်လာတဲ့သူတွေရှိသလို ကျဆုံးသွားသူတွေလည်း ဒုနဲ့ဒေးပါပဲ။လေယာဉ်နဲ့ မစ်ရှင်လုပ်ရတိုင်း ဘယ်တော့သေမယ် မသိတဲ့ရတဲ့ လေယာဉ်မှူးတွေအတွက်ကတော့
ကျဆုံးသတင်းဆိုတာ ထူးမခြားနားလိုဖြစ်နေပါပြီ။မနေ့ကအတူရှိနေပြီး ဒီနေ့ကျဆုံးသွား၊ သူ့အတွက်လက်စားချေနိုင်မယ့်အချိန်ကိုစောင့်ရင်း
အရက်တွေပဲသောက် နောက်လူတွေကိုကာကွယ်ပေး အသက်ကိုစတေးခံ စတဲ့ သရုပ်တွေကို
ကွက်ကွက်ကွင်းကွင်းမြင်ရမယ့်အပြင် လေယာဉ်အချင်းချင်း စီးချင်းတိုက်တာတွေကို
တဝကြီးကြည့်ရှုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။
https://m.media-amazon.com/images/M/MV5BNjI0NDkxMjYtZjgzZC00MWFhLTk4MTktNDg4YzU3ZmI4NDI4XkEyXkFqcGdeQXVyMjkyMDI4NTQ@._V1_FMjpg_UX1000_.jpg
Oh! Woman: A Dirty Song (1981)
⭐IMDB: 5.6/10 (76 Votes)
🎬 #Adult #Asian
🗓️ 1981 🎞️ Movie 📺 1080p FHD
🌎 Japan
⏰ 1 နာရီ 23 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လူတွေက လိင်ရဲ့သားကောင်တွေလားအောင်မြင်ခြင်းရဲ့နောက်ကွယ်မှာဘာတွေဆက်ပြီး တပ်မက်စရာရှိလဲ
တပိုင်းတစအောင်မြင်မှုတွေနဲ့ ရော့ခ်အဆိုတော် ဂျော့ချ်အောင်မြင်မှုရဲ့နောက်ကွယ်မှာ ကပ်လိုက်ပါလာလေ့ရှိတဲ့အမျိုးသမီးထုကြီးသူ့မှာ တရားဝင် အသက်ကြီးကြီး မိန်းမရှိနေပါတယ်သိသိကြီးနဲ့ လာလာတိုးနေတဲ့ မိန်းကလေးတွေ
အဲဒီထဲမှာအချောဆုံးက သူနာပြုမလေးပဲဗျသူကအတော်လေးကိုချစ်ဖို့ကောင်းတယ်အပြောအဆို အမူအရာချွဲချွဲနွဲ့နွဲ့လေးတွေဒါပေမဲ့ မိန်းမတွေကိုတော့ အထင်မသေးမိစေနဲ့နော်သူတို့ဘယ်လောက် အငြိုးကြီးတယ်ဘယ်လောက် ရင်းပြီး အသုံးချတက်တယ်ဆိုတာဇာတ်ကားလေးကြည့်ရင် သိနိုင်ပါလိမ့်မယ်မိန်းမတွေရင်ထု လင်လုတဲ့ခေတ် ဆိုတဲ့ရသတွေ့ရပါလိမ့်မယ်အရွယ်စုံ အလှစုံ အမူရာစုံ နဲ့ လိင်အသားပေးဖော်ပြထားတာဖြစ်တဲ့အတွက် DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်
https://image.tmdb.org/t/p/original/T0bgy5JVsAeG0bzJWeVsmiyzto.jpg
Strange Talk About Heishiling ( 2022 )
⭐IMDB: ⁉️
🎬 #
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 China
⏰ 1 နာရီ 14 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အားလုံးပဲ သိုင်းကားတွေအချစ်ကားတွေမှုခင်းကားတွေပဲကြည့်ပြီး ရိုးအီနေကြလောက်ရောပေါ့ဒီတစ်ခါတော့ CMကနေသရဲကားကောင်းကောင်းလေးကို တင်ဆက်ပေးသွားမှာပါ
ပဟေဠိပေါင်းစုံ စကားပုံပေါင်းစုံနဲ့ ဟယ်ရှီလင်မြိုကလေးပိုပြီး လူသိများတာက တော့ ဟယ်ရှီလင်မြိုရဲ့နာကြည်းချက်မြစ်ပါပဲအဲ့မြစ်နာမည်ဘယ်လိုဖြစ်ပေါ်လာရလဲဆိုရင် အငြိုးအာဃာတမကျေနပ်ချက် နာကြည်းချက်တွေနဲ့ သေဆုံးရသူတွေဟာ မကျွတ်မလွတ်ဘဲ အဲ့မြစ်မှာသရဲတစ္ဆေသွားဖြစ်ကြလိုပါပဲ
လတိုင်းရဲ့၁၅ရက်နေ့မြောက်ရောက်ရင် မှော်ဆရာတွေဟာအဲ့မြစ်ကိုသွားပြီးဝိဉာဥ်ဆင့်ခေါ်ကာ လူပြန်ဝင်စားဖိုအာဃာတတွေလွှတ်ချဖို လုပ် ဆောင်ပေးရပါတယ်မလုပ်ဆောင်ပေးနိုင်ဘဲ စိတ်ဆိုးအောင်လုပ်မိရင်တော့ဟယ်ရှီလင်တစ်ရွာလုံး ဘေးဒုက္ခဆိုးကြီးကျရောက်ပြီး လူတွေသေကြေကြရမှာပါ
ဒီဇာတ်လမ်းထဲမှာလည်းအစပြုထားတာကရွှအခေါင်းဆိုင်ကအလုပ်သမား ကျိုးလော့ဟန်ပျောက်ဆုံးရာကနေစတင်ခဲ့တာပါသူက လျိုအိမ်တော်ကလူနှစ်ယောက်သေဆုံးချိန်ရှိသောလူသူမိန်းမသေဆုံးပြီးပျောက်သွားသောလူဖြစ်တာကြောင့်စုံထောက်လျိုကဒီကိစ္စကိုစုံစမ်းဖို ဟယ်ရှီလင်ရွာရောက်လာပါတော့တယ်
အယုံအကြည်မရှိတဲ့လူက ဘယ်လိုဖြစ်ရပ်ဆန်းတွေ ကြုံတွေ့ရမလဲ?တကယ့်တရားခံကရော ဘယ်သူလဲ?ဒီကိစ္စကိုရော ကိုင်တွယ်နိုင်ပါ့မလား?ဆိုတာဇာတ်လမ်းလေးထဲ ရင်တဖိုဖိုနဲ့ ကြည့်ကြရအောင်နော်
https://m.media-amazon.com/images/M/MV5BMTAzZmRjMjEtMjVhNC00MTgwLWEyOGMtNDk0YmU1MDU3M2I0XkEyXkFqcGdeQXVyMjAwNzczNTU@._V1_FMjpg_UX1000_.jpg
The Dog Lover's Guide to Dating (2023)
⭐IMDB: 6.2/10 (230 Votes)
🎬 #Romance
🗓️ 2023 🎞️ tv movie 📺 1080p FHD
🌎 Canada
⏰ 1 နာရီ 22 မိနစ် 14 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
The Dog Lover’s Guide to Dating (2023)ဒီတစ်ခေါက်မှာတော့ ၂၀၂၃မှာမှအသစ်စက်စက်ထွက်ရှိထားတဲ့ရိုမန်ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။အဲလက်စ်ကတော့ ခွေးတွေကိုထိန်းကျောင်းလေ့ကျင့်ပေးတဲ့သူတစ်ယောက်ပါ။ တစ်နေ့ပန်းခြံထဲမှာခွေးကျောင်းသွားရင်းနဲ့ဆိုင်မွန်နဲ့တွေ့ခဲ့ပါတယ်။သူဆိုင်မွန်ကိုတွေ့တဲ့အချိန်မှာတော့ဆိုင်မွန်က ကလိုဝီရဲ့ခွေးနဲ့တိုင်ပတ်နေပြီးပန်းခြံတစ်ခုလုံးဗြောင်းဆန်နေလို့အဲလက်စ်ကဝင်ပြီးကူညီပေးခဲ့ပါတယ်။ကလိုဝီကတော့ ဆိုင်မွန်ရဲ့အိမ်မက်ထဲကမိန်းကလေးပါ။ဒီတော့ဆိုင်မွန်က ခွေးနဲ့ရင်းနှီးအောင်အရင်လုပ်ပြီး ကလိုဝီနဲ့ပိုပြီးရင်းနှီးမှုရယူမယ်လို့အကြံပေါ်လာတော့ပါတယ်။ဒါကြောင့်ခွေးတွေကိုလေ့ကျင့်ထိန်းကျောင်းပေးတဲ့အဲလက်စ်ဆီအကူအညီတောင်းပါတော့တယ်။ဒီတော့ အဲလက်စ်နဲ့သူဘာတွေဆက်ဖြစ်သွားမှာလဲ သူအိမ်မက်ထဲကမိန်းကလေးကလိုဝီနဲ့ကောအဆင်ပြေသွားနိုင်မလားဆိုတာGC ပရိသတ်ကြီးတို့ဆက်လက်ကြည့်လိုက်ကြရအောင်Reviewed & Translated by AyeThinzarEncoded by Siran
https://image.tmdb.org/t/p/original/qpAQck9DAAIZLsE32rrGX8qFgKr.jpg
Get In The Dark ( 2022 )
⭐IMDB: ⁉️
🎬 #Mystery #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 China
⏰ 1 နာရီ 37 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဖူရွှိန်မြို့တော်မှာ တည်ရှိတဲ့ စက္ကူအရုပ်ဆိုင်လေးတစ်ဆိုင်ဆီကိုဧည့်သည်တစ်ယောက်ရောက်ရှိလို့လာခဲ့ပါတယ်….!သူကတော့ သတင်းတစ်ယောက်ဖြစ်တဲ့ လုရှောင်ရှန်းပါ ။လာရတဲ့ အကြောင်းအရင်းကတော့ မြို့တော်မှာ ပျံ့နှံ့နေတဲ့ထူးဆန်းလှတဲ့ အကြောင်းအရာတစ်ခုကြောင့်ပါ ။အဲဒီ ထူးဆန်းလှတဲ့ အကြောင်းအရာက ဘာများဖြစ်နေမလဲ…?
❏ လွန်ခဲ့တဲ့ အနှစ် ၂၀ ခန့် ချောင်အိမ်တော်ရဲ့ မမလေးဖြစ်သူချောင်ယွမ်ယွမ်ဟာ သေဆုံးခဲ့ရပါတယ်။ ချောင်အိမ်တော်ရဲ့အိမ်တော်ထိန်းဖြစ်သူဟာ ချောင်ယွမ်ယွမ်ကို သဂြိုလ်ဖို့စက္ကူရုပ်ဆိုင်ပိုင်ရှင် လျိုစန်းကို စက္ကူရုပ်တစ်ရုပ်လုပ် ခိုင်းခဲ့ပါတယ် ။
လျိုစန်းဟာ စက္ကူရုပ်အပေါ်ကို မျက်လုံးတပ်ပေးလိုက်တဲ့အချိန်မှာတော့ ချောင်အိမ်တော် သခင်ကြီးကိုလက်စားချေဖို့ ကြောက်မက်ဖွယ်ရာကိစ္စတွေ ဖြစ်ပေါ်လာခဲ့တဲ့အခါ…?
❏ သရဲ သစ္ဆေနဲ့ပတ်သတ်လာရင် အယူသီးခြင်းမရှိလှတဲ့လုရှောင်ရှန်း တစ်ယောက် ဒီအမှုကို ကိုင်တွယ်ဖြေရှင်းစစ်ဆေးရင်း သူနဲ့ပတ်သတ်ခဲ့သမျှ လူတွေဟာ သေဆုံးပြီးသားလူတွေဖြစ်ကြောင်း သိရှိသွားတဲ့အခါ….?
❏ လုရှောင်ရှန်းတစ်ယောက် ဒီအမှုရဲ့ နောက်ကွယ်အမှန်တရားကို ရှာဖွေနိုင်ပါ့မလား …?ဆိုတာ ထိတ်လန့်ခြောက်ခြားဖွယ်ရာကြည့်ရှုရမဲ့ Horrorဇာတ်ကားလေးတစ်ပုဒ်ပဲဖြစ်ပါတယ်ရှင် ။အခုပဲ ကြည့်ရှုအဖြေရှာလိုက်ရအောင်ပါနော် ။
https://image.tmdb.org/t/p/original/92pteeaSY7DO5RPjDxzuWnpgSMb.jpg
Siklo (2022)
⭐IMDB: 6.3/10 (406 Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 Philippines
⏰ 1 နာရီ 49 မိနစ် 24 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
18+ Siklo (2022)လူငယ်ကောင်လေးတစ်ယောက် သူ့ရည်းစားမှာ ကိုယ်ဝန်ရှိမှန်းသိလိုက်ရပြီးနောက် ပိုက်ဆံရှာဖို့ အလုပ်လုပ်ရန် Siklo ကုမ္ပဏီမှာ အလုပ်ရသွားရာမှ….ချမ်းသာကြွယ်ဝသော ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်၏အိမ်မှ သခင်မထံသို့ပါဆယ်ပို့ရာ မထင်မှတ်ဘဲ အိမ်ကြီးရဲ့သခင်မ ဆိုသူနဲ့တွေ့ကာ ချစ်ကျွမ်းဝင်ခဲ့ပြီး…. အိမ်ရဲ့ အရှုပ်အရှင်းများကိုသိကာ ကောင်မလေးကို ထိုပတ်ဝန်းကျင်မှ ဘယ်လိုကယ်ထုတ်ကြိုးစားမလဲဆိုတာ…သူတို့ရဲ့ အဖြစ်မှန်ကို သိသွားတဲ့အချိန်မှာရော ကောင်လေး ဘယ်လိုရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာ…Translated by AungMyintOoEncoded by Hubin
https://m.media-amazon.com/images/M/MV5BNjMyMDBjMGUtNDUzZi00N2MwLTg1MjItZTk2MDE1OTZmNTYxXkEyXkFqcGdeQXVyMTQ5NjA0NDM0._V1_FMjpg_UX1000_.jpg
Puss in Boots: The Last Wish (2022)
⭐IMDB: 7.8/10 (12 k Votes)
🎬 #Adventure #Animation #Comedy
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 United States
⏰ 1 နာရီ 43 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2011 တုန်းက လူတိုင်းကြိုက်ခဲ့တဲ့ ကာတွန်းရုပ်ရှင်တစ်ခုဖြစ်တဲ့ Puss in Boots ရဲ့အဆက် လာပါပြီ။ ဒါရိုက်တာကတော့ အရင်ဒါရိုက်တာ မဟုတ်တော့ဘဲ Joel Crawford ဖြစ်သွားပေမဲ့ အသံသရုပ်ဆောင်ကတော့ Antonio Banderas ပါပဲ။ Black Widow အသစ်လေးဖြစ်တဲ့ Florence Pugh ကတော့ ဂိုဒီ့နေရာမှာ အသံသရုပ်ဆောင်ထားပြီး၊ ဝက်ဝံအမေကြီးနေရမှာလည်း Olivia Colman ပါဝင်ထားပါသေးတယ်။ rating 7.8 အထိ ရနေပြီး တကယ်လည်း ကောင်းတာမို့ ကြည့်လိုက်ကြပါဦး။ ပုံဆွဲစတိုင်ကတော့ အရင်ရုပ်ရှင်နဲ့အတူတော့ဘဲ Spiderman into the spider-verse လိုလို bad guys လိုလိုဒီဇိုင်းတစ်မျိုးလေး ပြောင်းဆွဲထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့
လူဆိုးပေါင်းစုံဟာ မှော်ဝင်တောအုပ်ကြီးတစ်ခုထဲက ဆုတောင်းတစ်ခုကို ဖြည့်ပေးနိုင်တဲ့ ကြယ်တစ်လုံးကို လိုက်ရှာဖို့ ကြိုးစားနေကြပါတယ်။ဘွတ်ဖိနပ်ကြောင်ကြီးဟာ ကြောင်ပီပီအသက် ၉ ချောင်းရှိပေမဲ့ စောင်တလွဲတွေလုပ်ရင်း သေတာများတော့ အသက်နောက်ဆုံးတစ်ချောင်းပဲကျန်ပါတော့တယ်။ အဲဒီတော့ အရင်လို အသက် ၉ ချောင်းပြန်ပြည့်ဖို့ ဆုတောင်းဖို့ သူလည်း ကြယ်ကြီးကို ရှာဖို့ကြိုးစားရပါတော့တယ်။ အဲဒီစွန့်စားခန်းတစ်လျှောက် ရန်သူတွေ၊ မိတ်ဆွေတွေ၊ မိသားစုတွေ ဘယ်လိုကြုံပြီး ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ဆက်ပြီးကြည့်ရမှာပါပဲ။
https://m.media-amazon.com/images/M/MV5BMGE4YjBmZTAtNjlhMC00NzRkLThlYzktNjRmNjJiYTU5YWFkXkEyXkFqcGdeQXVyMTQzNTA5MzYz._V1_FMjpg_UX1000_.jpg
Spoiler Alert (2022)
⭐IMDB: 6.9/10 (2 k Votes)
🎬 #Comedy #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 United States
⏰ 1 နာရီ 53 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“အချစ်”ဆိုတာ ဘယ်လိုအရာမျိုးလဲ။
စွန့်လွှတ်အနစ်နာခံခြင်းလား၊ ရယူပိုင်ဆိုင်ခြင်းလား။
ယောကျာ်းလေး၊ မိန်းကလေး၊ အသက်ကြီးသူ၊ အသက်ငယ်သူ၊ လူဖြူ၊ လူမည်း
မတူကွဲပြားတဲ့ပုံပန်း သဏ္ဌာန်တွေကြား “အချစ်”ကို အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းလည်း
ကွဲပြားနိုင်ကြတယ်မဟုတ်လား။
မွေးထုတ်ပေးထားတဲ့ မိဘနဲ့တောင် စိတ်အခန့်မသင့်လို့
ရန်ဖြစ်စကားများတတ်ကြသေးတာ သွေးမတော်သားမစပ် သူစိမ်းတစ်ယောက်နဲ့
“အချစ်” တစ်ခုတည်းကြောင့် နှစ်ရှည်လများအတူရှိနေဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။
တကယ်ချစ်တဲ့သူက “ဘဝရဲ့အခက်ခဲဆုံးအချိန်မှာတောင် ကိုယ့်ကိုစွန့်ခွာမသွားတဲ့သူ”တဲ့။
ဘဝရဲ့တကယ့်အခက်ခဲ အပင်ပန်းဆုံးဆိုတဲ့ အချိန်ဆိုတာမျိုးရောက်လာခဲ့ရင်ရော
ကြီးကျယ်မြင့်မြတ်လှပါတယ်ဆိုတဲ့ အချစ်က
စွန့်ခွာမသွားဘူးဆိုတာ သေချာနိုင်ပါ့မလား။
မသေချာ မရေရာတာတွေများတဲ့လောကကြီးထဲ
ကံကောင်းထောက်မစွာနဲ့ Right person ကို ရှာတွေ့နိုင်ခဲ့မယ်ဆိုရင်တောင်
Right time ဖြစ်ဖို့ အခွင့်အရေးရှိပါ့မလား။
စတဲ့မေးခွန်းတွေရဲ့အဖြေကို The Big Bang Theory ထဲက မင်းသားကြီး Jim Parsonက
မိုက်ကယ်ဆိုတဲ့ လိင်တူချစ်မိသူအမျိုးသားအဖြစ် ဒီကားလေးထဲမှာ
ဆွတ်ပျံကြည်နူးစရာ လွမ်းမောတမ်းတဖွယ်ရာ ပုံဖော်ပြထားပါတယ်။
ဒီကားလေးက ပရိသတ်ကြီးတို့ရဲ့”အချစ်”အပေါ်ရှုမြင်ပုံကို တစ်မျိုးတစ်မည်ပြောင်းလဲသွားစေနိုင်မှာလား။
ပရိသတ်ကြီးတို့ရဲ့ “အချစ်”အပေါ်ရှုမြင်ပုံခြင်းနဲ့ရော
ထပ်တူကျပါ့မလားဆိုတာကို အဖြေရှာဖို့ ခံစားသက်ဝင်ကြည့်လိုက်ကြပါဦးနော်။
ဪ တစ်ခုလောက်ကြိုတင်သတိပေးချင်တာက
ဒီကားလေးက ဖြစ်ရပ်မှန်ကို အခြေခံတဲ့ဝတ္တုကို ရိုက်ကူးထားတာမို့
တချို့ဝမ်းနည်းစရာဇာတ်ဝင်ခန်းတွေကို မကြည့်ခင် တစ်ရှူးလေးတော့ဆောင်ထားကြပါလို့။
https://m.media-amazon.com/images/M/MV5BMTQyNjhhYmUtYWI0Ny00NDgyLTg1YmYtNGNmYjZmODI0NDE1XkEyXkFqcGdeQXVyOTI3MzI4MzA@._V1_FMjpg_UX1000_.jpg
Uunchai (2022)
⭐IMDB: 7.6/10 (4 k Votes)
🎬 #Adventure #Bollywood #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 India
⏰ 2 နာရီ 43 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Uunchai ( 2022 )IMDb 7.7/10
အခုတစ်ခေါက်မှာတော့ ပြည်သူ့အချစ်တော်မင်းသားကြီး အမီတာဘဂျမ်းရဲ့ ရုံတင်၀င်ငွေခန့်မှန်းခြေ ၄၈ကုဋေကျော်ရရှိထားတဲ့ နောက်ဆုံးထွက်ရုံတင်ကားသစ်ကြီးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဝါရင့်သရုပ်ဆောင်မင်းသားကြီးတွေဖြစ်ကြတဲ့ Anupam Kherနဲ့3 idiotsရုပ်ရှင်ထဲက ဗိုင်းရပ်စ်ကြီး Boman Irani တို့အပြင် မင်းသမီးချောလေး Parineeti Chopraတို့ကပါ ပါ၀င်အားဖြည့်ထားပါသေးတယ်…
ဇာတ်လမ်းအကျဉ်းကတော့အွန် ၊ အာမစ် ၊ ဘူပန် နဲ့ ဂျာဗစ်လို့ခေါ်တဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းလေးယောက်ရှိပါတယ်။ အဘိုးအရွယ်ရောက်တဲ့အထိ မခွဲအတူရှိနေကြတဲ့သူငယ်ချင်းတွေပေါ့။ အဲ့ဒီထဲမှာမှဘူပန်လို့ခေါ်တဲ့သူငယ်ချင်းဟာ ဧ၀ရတ်တောင်ကိုစွဲလမ်းသူပါ။ ဧ၀ရတ်တောင်တက်ခရီးစဉ်ကိုအမြဲတမ်းသွားတဲ့အပြင် သူငယ်ချင်းတွေကိုပါအတူတူလိုက်ဖို့ အကြိမ်ကြိမ်ခေါ်ပေမဲ့ ကျန်သုံးယောက်ကတော့ အကြောင်းအမျိုးမျိုးပြပြီးငြင်းလေ့ရှိပါတယ်။ တစ်ရက် ဘူပန်ရဲ့မွေးနေ့မှာ သူငယ်ချင်းလေးယောက် ဧ၀ရတ်တောင်တက်ခရီးကိုအတူတူသွားဖို့ အစီအစဉ်ဆွဲကြပါတယ်။ ဒါပေမဲ့ သူငယ်ချင်းဘူပန်ဟာ ကံအကြောင်းမလှပဲ ခရီးမထွက်ခင် ဆုံးပါးသွားပါတော့တယ်။ဒီလိုနဲ့ သူငယ်ချင်းရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းဖို့ ကျန်ရစ်တဲ့သူငယ်ချင်းသုံးယောက် ဧ၀ရတ်တောင်ထိပ်ကိုတက်ဖို့ဖြစ်လာတဲ့အခါမှာတော့…။ငယ်ရွယ်သူတွေအတွက်တောင်ခက်ခဲမယ့် ဧ၀ရတ်တောင်တက်ခရီးစဉ်ကိုသွားဖို့ အသက်၇၀အရွယ်သူတို့ဘယ်လိုပြင်ဆင်ကြမလဲ…။ တောင်တက်ခရီးတစ်လျှောက်မှာရော ဘာတွေကြုံတွေ့ရမှာလဲ…။ သူငယ်ချင်းရဲ့နောက်ဆုံးဆန္ဒကိုရော ဖြည့်ဆည်းပေးနိုင်မှာလားဆိုတာကိုတော့….ရင်ခုန်စွာနဲ့ဆက်လက်ကြည့်ရှုပေးကြပါဦးနော်
https://channelmyanmar.org/wp-content/uploads/2023/01/fighter.jpg
Fighter ( 2022 )
⭐IMDB: ⁉️
🎬 #Action #Drama
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 China
⏰ 1 နာရီ 38 မိနစ် 08 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ရုပ်ရှင်တော်တော်များများရဲ့ ခံစားချက်ကို ရနိုင်တဲ့ တရုတ်ကားလေးများကြည့်ချင်ပါသလား။ မြန်မာလို မင်္ဂလာပါလို့ အသံဝဲဝဲလေးနဲ့ နှုတ်ဆက်တာကိုကြားချင်ပါသလား၊ တရုတ်မလေးတွေ မြန်မာ ဘီယာဗူးကိုဖွင့်ပြီးချီးယားကမ်းပေ့ လုပ်တာကိုတွေ့ချင်ပါသလား။ဒါဆိုရင်တော့ ဒီကားလေးက သင့်အတွက်ဖြစ်လာမှာပါ။
ဇာတ်လမ်းအကျဉ်း
တရုတ်လက်ဝှေ့ဖိုက်တာ တစ်ယောက်ဟာ အမေရိကန်ဖိုက်တာတစ်ဦးရဲ့ညစ်ပတ်စွာတိုက်ခိုက်မှုကြောင့် MMA ပွဲမှာသေဆုံးသွားခဲ့ပါတယ်။တစ်ချိန်ထဲမှာပဲ အဲ့ဒီပွဲကို စီစဉ်ပေးခဲ့တဲ့ မိန်းကလေးရဲ့ကုမ္မဏီဟာMMA ကိုတရုတ်မှာ စျေးကွက်တိုးချဲ့ဖို့အတွက် ပြိုင်ဖက်ကုမ္မဏီတစ်ခုနဲ့အတူရွေးချယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် အလောင်းအစား တစ်ခုလုပ်ဖို့ ရှိပြီးအဲ့ဒီအလောင်းအစားကို နိုင်မှ အလုပ်ကိုဆက်လုပ်ခွင့်ရမှာပါ။
ဒီတော့ အလောင်းအစားက ဘာများလဲ။ အဲ့ဒီအမျိုးသမီးကရောနိုင်အောင် လုပ်နိုင်မှာလား သေဆုံးသွားတဲ့ တရုတ်လူမျိုး MMA သမားမှာရောဘယ်လိုနောက်ဆက်တွဲတွေရှိနိုင်မလဲ ဆိုတာ ရုပ်ရှင်မှာပဲ စီးမျောခံစားလိုက်ပါ။ဒီကားကိုစကြည့်လိုက်တော့ ထိုင်းနာမည်ကျော် ဝမ်းဘတ်မင်းသားကို သတိရသွားပါတယ်နောက်တစ်ချက်က အရှေ့တောင်အာရှမှာ အခြေတည်တာကိုရိုက်ပြထားတော့မြန်မာလိုလေးတွေပါတာကိုသဘောကျတယ်။MMA သဘောကျတဲ့လူတွေအတွက်လဲ ကျေနပ်လောက်ဖွယ်ရာပါပဲ။
https://m.media-amazon.com/images/M/MV5BNjMyMDBjMGUtNDUzZi00N2MwLTg1MjItZTk2MDE1OTZmNTYxXkEyXkFqcGdeQXVyMTQ5NjA0NDM0._V1_FMjpg_UX1000_.jpg
Puss in Boots: The Last Wish (2022)
⭐IMDB: 7.8/10 (12 k Votes)
🎬 #Adventure #Animation #Comedy
🗓️ 2022 🎞️ Movie 📺 720p HD
🌎 United States
⏰ 1 နာရီ 43 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2011 တုန်းက လူတိုင်းကြိုက်ခဲ့တဲ့ ကာတွန်းရုပ်ရှင်တစ်ခုဖြစ်တဲ့ Puss in Boots ရဲ့အဆက် လာပါပြီ။ ဒါရိုက်တာကတော့ အရင်ဒါရိုက်တာ မဟုတ်တော့ဘဲ Joel Crawford ဖြစ်သွားပေမဲ့ အသံသရုပ်ဆောင်ကတော့ Antonio Banderas ပါပဲ။ Black Widow အသစ်လေးဖြစ်တဲ့ Florence Pugh ကတော့ ဂိုဒီ့နေရာမှာ အသံသရုပ်ဆောင်ထားပြီး၊ ဝက်ဝံအမေကြီးနေရမှာလည်း Olivia Colman ပါဝင်ထားပါသေးတယ်။ rating 7.8 အထိ ရနေပြီး တကယ်လည်း ကောင်းတာမို့ ကြည့်လိုက်ကြပါဦး။ ပုံဆွဲစတိုင်ကတော့ အရင်ရုပ်ရှင်နဲ့အတူတော့ဘဲ Spiderman into the spider-verse လိုလို bad guys လိုလိုဒီဇိုင်းတစ်မျိုးလေး ပြောင်းဆွဲထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့
လူဆိုးပေါင်းစုံဟာ မှော်ဝင်တောအုပ်ကြီးတစ်ခုထဲက ဆုတောင်းတစ်ခုကို ဖြည့်ပေးနိုင်တဲ့ ကြယ်တစ်လုံးကို လိုက်ရှာဖို့ ကြိုးစားနေကြပါတယ်။ဘွတ်ဖိနပ်ကြောင်ကြီးဟာ ကြောင်ပီပီအသက် ၉ ချောင်းရှိပေမဲ့ စောင်တလွဲတွေလုပ်ရင်း သေတာများတော့ အသက်နောက်ဆုံးတစ်ချောင်းပဲကျန်ပါတော့တယ်။ အဲဒီတော့ အရင်လို အသက် ၉ ချောင်းပြန်ပြည့်ဖို့ ဆုတောင်းဖို့ သူလည်း ကြယ်ကြီးကို ရှာဖို့ကြိုးစားရပါတော့တယ်။ အဲဒီစွန့်စားခန်းတစ်လျှောက် ရန်သူတွေ၊ မိတ်ဆွေတွေ၊ မိသားစုတွေ ဘယ်လိုကြုံပြီး ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ဆက်ပြီးကြည့်ရမှာပါပဲ။
https://m.media-amazon.com/images/M/MV5BZDg2YThlMTItYzhhMy00OWE3LTljYTAtYTExMDM5NzRjOGFhXkEyXkFqcGdeQXVyMTEzMTI1Mjk3._V1_FMjpg_UX1000_.jpg
The Pale Blue Eye (2022)
⭐IMDB: 6.6/10 (3 k Votes)
🎬 #Crime #Horror #Mystery
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 United States
⏰ 2 နာရီ 10 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Pale Blue Eye (2023)==================IMDb Rating – 6.5/10
Christian Baleရဲ့ Crime, mystery ရုံတင်ဇာတ်ကားသစ်ကြီးDigital version အနေနဲ့ ထွက်ရှိလာတာကြောင့် CM fan တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Baleဟာ ဒီဇာတ်ကားမှာစုံထောက်ကြီး ဩဂတ်စတပ် လန်ဒေါအဖြစ် ပါဝင်ထားပါတယ်။
အစောပိုင်း IMDbမှာ 6.5, RT 68% ရရှိထားပါတယ်။တစ်ခေတ်တစ်ခါက နယူးယောက်မြို့မှာ အလွန်နာမည်ကြီးခဲ့တဲ့စုံထောက်ကြီးလန်ဒေါဟာ တချို့သောကိစ္စတွေကြောင့် မြို့လေးတစ်မြို့မှာ ဇာတ်မြုပ်နေထိုင်နေတာပါ။ ဒါပေမဲ့ သူရှိရာ မြို့မှာပဲထူးဆန်းတဲ့အမှုတစ်ခုဟာ ဆိုက်မြိုက်စွာ ရောက်လာခဲ့ပါတယ်။ထိုမြို့လေးရှိ စစ်သင်တန်းကျောင်းမှ ဗိုလ်လောင်းတစ်ယောက်ကြိုးဆွဲချသတ်သေပြီးတော့မှ အလောင်းထဲက နှလုံးကို ခိုးယူခံလိုက်ရတာပါ။
စုံထောက်ကြီး လန်ဒေါဟာ ဒီအမှုရဲ့သဲလွန်စတွေကို စုံစမ်းလာရင်းသေကြောင်းကြံတာ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း သိလာရပြီး ထိုကျောင်းမှ ကဗျာရူးစာရူး ဗိုလ်လောင်းအီး.အေ.ပိုးဆိုသူနဲ့ ရင်းနှီးကာ အမှုလိုက်ရာမှတဆင့် ထင်တာထက်များစွာနက်နဲတဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်နေမှန်း သိသွားကြပါတယ်။ထိုကဗျာရူး ဗိုလ်လောင်းဆိုသည်မှာ တခြားသူမဟုတ်.. နောင်အခါEdgar Allen Poeဆိုသည့် နာမည်ကျော်စာရေးဆရာကြီး ဖြစ်လာမယ့်သူပါ။
လန်ဒေါနဲ့ ပိုးတို့ အမှုကို ဆုံးခန်းတိုင်အောင် ဖော်ထုတ်နိုင်ကြမလား၊တရားခံအစစ်က ဘယ်သူဖြစ်မလဲ၊ ဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှုများစွာနဲ့ ရင်ဆိုင်ရမလဲဆိုတာ ခုလိုချမ်းစိမ့်စိမ့်ရာသီမျိုးမှာ ကော်ဖီတစ်ခွက်နဲ့ အရသာခံပြီးကြည့်လို့ရမယ့် စုံထောက်ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းကို illidanမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team ဖြစ်ပါတယ်)
https://image.tmdb.org/t/p/original/fUdeneiMUQkE1Yb3Qx7dML0HVf.jpg
No Limit (2022)
⭐IMDB: 5.8/10 (3 k Votes)
🎬 #Drama #Romance #Sport
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 France
⏰ 1 နာရီ 59 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
No Limit (2022)
(ပြင်သစ်ကားတွေထုံးစံအတိုင်း မိသားစုနဲ့အတူ ကြည့်ရှူဖို့ မသင့်တော်ပါ)
ဒီဇာတ်ကားကတော့ Audrey Mestre ရဲ့တစ်ကယ့်အဖြစ်အပျက်ပေါ်မူတည်ပြီး Netflix ကရိုက်ကူးထားတဲ့ပြင်သစ်ဇာတ်ကားတစ်ကားပါ။ The Deep House မှာပါဝင်သရုပ်ဆောင်ထားတဲ့ Camille Rowe က Roxana Aubry အနေနဲ့သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်ကားမှာ Roxy ကလမ်းပျောက်နေပြီး ငယ်ငယ်တည်းက ရေငုပ်လာခဲ့ပေမဲ့ ကြီးလာတော့ သူ့ရဲ့ Passion တွေက ပျောက်ဆုံးပြီး ဘာလုပ်ရကိုင်ရမလဲဝေဝါးနေချိန် ကမ္ဘာ့ချန်ပီယံ Pascal Gautier ရဲ့သင်တန်းကိုတွေ့ သွားပြီး သွားတက်မိလိုက်တာကနေဖြစ်ပေါ်လာတဲ့အချစ်တွေ လူ့သဘာဝတွေ လက်တွဲဖော်ကိုယုံကြည်မှုတွေအပြင် အဓိကအနေနဲ့ သူကျင်လည်ရာ အလွတ်တန်းရေငုပ်အားကစားအကြောင်းကို အသေးစိတ်ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဒီအားကစားကို စိတ်ဝင်စားတဲ့လူမှ ကြည့်သင့်တဲ့ဇာတ်ကားမဟုတ်ပဲ ပင်လယ်ပြင်ကိုနှစ်သက်သဘောကျတဲ့လူတွေပါကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါ။ ရင်သပ်ရှုမောဖို့ကောင်းတဲ့ရှုခင်းတွေနဲ့ ပါဝင်ထားတဲ့ဇာတ်လိုက် ဇာတ်ပို့တွေအကုန်လုံးကလည်း လိုလေသေးမရှိ သရုပ်ဆောင်ကောင်းမွန်ပြီး တစ်ကယ့်အဖြစ်အပျက်လား စိတ်ကူးယဥ်လားဆိုပြီး ဇာတ်လမ်းအဆုံးမှာ အတွေးတွေနဲ့ ချန်ခဲ့ပေးနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားပါ။ အခြားဇာတ်လမ်းတွေလို အချစ်အကြောင်းချည်းသက်သက် ပြွတ်သိပ်ထည့် အိုဗာတင်းမလုပ်ထားပဲ ကွဲထွက်ပြီးလှပနေတဲ့ ဇာတ်ကားကောင်းတစ်ကားမို့ ကြည့်ရှုဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုTissueမှ ပြန်ဆို ရေးသားထားပါတယ်)
https://m.media-amazon.com/images/M/MV5BMTQyNjhhYmUtYWI0Ny00NDgyLTg1YmYtNGNmYjZmODI0NDE1XkEyXkFqcGdeQXVyOTI3MzI4MzA@._V1_FMjpg_UX1000_.jpg
Uunchai (2022)
⭐IMDB: 7.6/10 (4 k Votes)
🎬 #Adventure #Bollywood #Drama
🗓️ 2022 🎞️ Movie 📺 720p HD
🌎 India
⏰ 2 နာရီ 43 မိနစ် 17 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Uunchai ( 2022 )IMDb 7.7/10
အခုတစ်ခေါက်မှာတော့ ပြည်သူ့အချစ်တော်မင်းသားကြီး အမီတာဘဂျမ်းရဲ့ ရုံတင်၀င်ငွေခန့်မှန်းခြေ ၄၈ကုဋေကျော်ရရှိထားတဲ့ နောက်ဆုံးထွက်ရုံတင်ကားသစ်ကြီးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဝါရင့်သရုပ်ဆောင်မင်းသားကြီးတွေဖြစ်ကြတဲ့ Anupam Kherနဲ့3 idiotsရုပ်ရှင်ထဲက ဗိုင်းရပ်စ်ကြီး Boman Irani တို့အပြင် မင်းသမီးချောလေး Parineeti Chopraတို့ကပါ ပါ၀င်အားဖြည့်ထားပါသေးတယ်…
ဇာတ်လမ်းအကျဉ်းကတော့အွန် ၊ အာမစ် ၊ ဘူပန် နဲ့ ဂျာဗစ်လို့ခေါ်တဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းလေးယောက်ရှိပါတယ်။ အဘိုးအရွယ်ရောက်တဲ့အထိ မခွဲအတူရှိနေကြတဲ့သူငယ်ချင်းတွေပေါ့။ အဲ့ဒီထဲမှာမှဘူပန်လို့ခေါ်တဲ့သူငယ်ချင်းဟာ ဧ၀ရတ်တောင်ကိုစွဲလမ်းသူပါ။ ဧ၀ရတ်တောင်တက်ခရီးစဉ်ကိုအမြဲတမ်းသွားတဲ့အပြင် သူငယ်ချင်းတွေကိုပါအတူတူလိုက်ဖို့ အကြိမ်ကြိမ်ခေါ်ပေမဲ့ ကျန်သုံးယောက်ကတော့ အကြောင်းအမျိုးမျိုးပြပြီးငြင်းလေ့ရှိပါတယ်။ တစ်ရက် ဘူပန်ရဲ့မွေးနေ့မှာ သူငယ်ချင်းလေးယောက် ဧ၀ရတ်တောင်တက်ခရီးကိုအတူတူသွားဖို့ အစီအစဉ်ဆွဲကြပါတယ်။ ဒါပေမဲ့ သူငယ်ချင်းဘူပန်ဟာ ကံအကြောင်းမလှပဲ ခရီးမထွက်ခင် ဆုံးပါးသွားပါတော့တယ်။ဒီလိုနဲ့ သူငယ်ချင်းရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းဖို့ ကျန်ရစ်တဲ့သူငယ်ချင်းသုံးယောက် ဧ၀ရတ်တောင်ထိပ်ကိုတက်ဖို့ဖြစ်လာတဲ့အခါမှာတော့…။ငယ်ရွယ်သူတွေအတွက်တောင်ခက်ခဲမယ့် ဧ၀ရတ်တောင်တက်ခရီးစဉ်ကိုသွားဖို့ အသက်၇၀အရွယ်သူတို့ဘယ်လိုပြင်ဆင်ကြမလဲ…။ တောင်တက်ခရီးတစ်လျှောက်မှာရော ဘာတွေကြုံတွေ့ရမှာလဲ…။ သူငယ်ချင်းရဲ့နောက်ဆုံးဆန္ဒကိုရော ဖြည့်ဆည်းပေးနိုင်မှာလားဆိုတာကိုတော့….ရင်ခုန်စွာနဲ့ဆက်လက်ကြည့်ရှုပေးကြပါဦးနော်
https://image.tmdb.org/t/p/original/s6n1woXpGRKDJllx0734iigumHb.jpg
Strawberry Shortcakes (2006)
⭐IMDB: 7.0/10 (769 Votes)
🎬 #Adult #Drama
🗓️ 2006 🎞️ Movie 📺 1080p FHD
🌎 Japan
⏰ 2 နာရီ 06 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
**********************************
မိသားစုနဲ့အတူမကြည့်သင့်ပါဘူးခင်ဗျ…}
ဒီဇာတ်ကားလေးကတော့ တိုကျိုမှာနေထိုင်နေကြတဲ့ မိန်းကလေးတွေရဲ့စိတ်မလုံခြုံမှုတွေအခက်အခဲတွေကိုရိုက်ပြထားတယ်။ တစ်ယောက်ချင်းစီရဲ့ဇာတ်ကွက်တွေကိုရိုက်ပြထားတာကြောင့် ဇာတ်ကောင်တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်မှုတွေသိပ်မရှိပါဘူး။ ဒီထဲက ဇာတ်ကောင်တစ်ယောက်က အခိယောဆန်ပါ၊ပြည့်တန်ဆာအလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မိန်းကလေးတွေထဲမှာ အခိယောဆန်ဟာအသက်အရွယ်အားဖြင့်အကြီးဆုံးဖြစ်ပြီးအရင့်ကျက်ဆုံးလို့လဲပြောလို့သလို့စိတ်ဓာတ်အကျဆုံးသူပါပဲကိုယ်ပိုင်တိုက်ခန်းနဲ့နေချင်တဲ့အတွက် လာသမျှဖောက်သည်တိုင်းကိုလိုက်ပါတယ်။နောက်တစ်ယောက်ကတော့ တိုကို ၊ စာအုပ်မျက်နှာဖုံးတွေ ပန်းချီတွေကိုဆွဲပြီးအသက်မွေးတယ်။သူတန်ဖိုးထားတဲ့အရာတွေကို အခြားသူတွေက မျက်နှာလွှဲခဲပစ်ခပ်ပေါ့ပေါ့ထားတာကိုသူအရမ်းမုန်းတယ်။နောက်တစ်ယောက်က တိုကိုနဲ့အတူနေတဲ့ ချိဟိယိုက ကုမ္ပဏီတစ်ခုမှာအလုပ်လုပ်တယ်။နောက်ဇာတ်ကောင်တစ်ယောက်က ဆတိုကိုက အသက်လည်းငယ်တယ် ချစ်သူရည်းစားထားချင်တယ်။သူချစ်သလိုမျိုး သူ့ကိုချစ်မယ်သူမျိုးကိုလိုချင်တယ်၊ သူတို့တွေရဲ့ တိုကျိုမြို့ကြီးမှာ ကြုံတွေရခဲ့တဲ့အခက်အခဲတွေကိုစိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့အတွက် ကြည့်ရှုပေးပါဦး…
https://image.tmdb.org/t/p/original/5LoxZ4r8UNjSZ3jt94gcn8sYATV.jpg
Highway Family (2022)
⭐IMDB: ⁉️
🎬 #Drama #Family
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 N/A
⏰ 2 နာရီ 08 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Highway Family (2022)
Good Job အပြီး Jung IL Woo ရဲ့ Drama ကို မျှော်လင့်နေကြသူတွေအတွက်-Highway Family ဆိုတဲ့ မိသားစုဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ။
ဇာတ်လမ်းနာမည်လေးအတိုင်းပဲ အဝေးပြေးလမ်းမပေါ်က အိမ်ရာမဲ့မိသားစုလေးတစ်ခုအကြောင်းကို ရိုက်ကူးပြထားတဲ့ဒီဇာတ်ကားမှာဆိုရင်တော့ ကိုယ့်ရဲ့ဘဝတစ်ကွေ့မှာကြုံတွေ့ရနိုင်တဲ့ လောကဓံတရားတွေနဲ့မိဘမေတ္တာတွေအကြောင်းကို ဇာတ်အိမ်ဆန်းဆန်းလေးနဲ့ ရိုက်ကူးတင်ဆက်ပြထားပါတယ်။
နေစရာအိမ်လည်းမရှိ အလုပ်အကိုင်လည်းမရှိတဲ့ ဂျန်ဂီဝူတို့မိသားစုဟာ သားတစ်ယောက် သမီးတစ်ယောက်နဲ့အတူလမ်းပေါ်မှာပဲ တောင်းရမ်းစားသောက်နေရင်း တစ်နေ့မှာတော့ ဇနီးသည်ဂျီဆူမှာ နောက်ထပ်ကိုယ်ဝန်ရလာခဲ့ပြန်ပါတယ်။
အလိုလိုနေရင်း မနည်းရုန်းကန်နေရတဲ့ ဒီမိသားစုလေးထဲကိုကလေးလေးတစ်ယောက် ထပ်ရောက်လာတော့မယ်ဆိုကာမှဂျန်ဂီဝူဟာ ရုတ်တရက် အဖမ်းခံလိုက်ရချိန်မှာတော့…။
ကျန်ရစ်ခဲ့တဲ့ ကလေးနှစ်ယောက်နဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ဂျီဆူတို့ ဘဝကို ဘယ်လိုရှေ့ဆက်ဖြတ်သန်းကြမလဲ။
သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ လောကဓံတွေကို မျှဝေခံစားပေးမယ့်သူ၊အကူအညီပေးမယ့်သူ ပေါ်လာပါဦးမလားဆိုတာ ရင်တနင့်နင့်နဲ့ ကြည့်ရှုခံစားရမှာဖြစ်လို့Family Movie ကြိုက် ပရိသတ်ကြီးတို့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။
Cast တွေအနေနဲ့ကလည်း Jung IL Woo, Kim Seulgi နဲ့Ra Miran တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာမို့ သေချာပေါက်ကြည့်ကောင်းမယ်ဆိုတာ အထွေအထူးမိတ်ဆက်နေစရာမလိုတော့ပါဘူးနော်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Hmwe Thet Winnပဲ ဖြစ်ပါတယ်။
https://channelmyanmar.org/wp-content/uploads/2023/01/girl.jpeg
(21+) I Can’t Tell My Wife [JUL-984]
⭐IMDB: ⁉️
🎬 #Adult #Asian
🗓️ 984 🎞️ Movie 📺 720p HD
🌎 ⁉️
⏰ 1 နာရီ 56 မိနစ် 51 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Riko Saitou ရဲ့အလှတရားတွေကို တဝကြီးခံစားရမဲ့ ရင်ဖိုစရာ ဇာတ်လမ်းလေးတစ်ပုဒ်သူမရဲ့ ရွှေရင်အစုံက အရမ်းကိုအနုပညာမြောက်တဲ့အရုပ်လေးတစ်ရုပ်လိုပါပဲသူမရဲ့ မျက်နှာထားလေးက တည်ကြည်ခန့်ညားတယ်သူမကို နှစ်ခါ ပြန်မကြည့်တဲ့ ယောင်္ကျားမရှိဘူးအဲဒီလောက်ထိ သူမက ဆွဲဆောင်မှုရှိတာဒါပေမဲ့သူမက ဒုတိယလူဖြစ်နေပါတယ်
သူမရဲ့ အပြုစု အနေထားတွေက ရင်ဖိုစရာကြီးတွေဖြစ်နေတဲ့အတွက်DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
https://image.tmdb.org/t/p/original/gLGmzBWuz5MPRejutuv4s58qXFk.jpg
Love 101 (2022)
⭐IMDB: ⁉️
🎬 #Comedy #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 Thailand
⏰ 1 နာရီ 33 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Love 101 (2022) (အညွှန်း)==================ဂင်မ်ချီမြေက “ဦး” တွေကိုပဲငမ်းနေကြတဲ့ ယူတို့တွေသင်္ဘောသီးထောင်းမြေက “ဦး” ကိုရော ပြောင်းမငမ်းချင်ကြဘူးလား 🌚
လက်ရှိမှာ တပ်ကြပ်ရာထူးနဲ့တာဝန်ထမ်းဆောင်နေပြီးမနက်မိုးလင်းတာနဲ့အလုပ်ခွင်ဝင် ညနေအိမ်ပြန်ရောက်ရင် အနားယူ .. အိပ် ..နေ့စဥ်နေ့တိုင်း ဘဝကို ဒီလိုပျင်းစရာကောင်းအောင်ဖြတ်သန်းနေရတဲ့ “ဒန်း” ဘဝထဲကိုတစ်နေ့မှာတော့မြားနတ်မောင်ကြီးရဲ့ကူညီစောင်မမှုနဲ့ အထက်တန်းကျောင်းသူအရွယ် “ဖတ်” ရောက်လာခဲ့တယ်။မြင်မြင်ချင်းအချစ်လို့ပဲပြောရမလားအသက် ၃၀ ကျော်ကွာပြီး အဖေ့ထက်တောင်အသက်ကြီးတဲ့ “ဒန်း” ကိုတခြားသူတွေက “ခွေးချီးရုပ်, ဂြိုဟ်သားရုပ်, ဖားကိုပြုတ်ထားတဲ့ရုပ်” အမျိုးမျိုးဝေဖန်ကြပေမယ့်“ဖတ်” မျက်လုံးထဲမှာတော့ “ဦး” က ရိုးရိုးလေးနဲ့ခန့်နေခဲ့တာပေါ့:)ဒီလိုနဲ့နှစ်ယောက်သား fall in love သွားကြပြီးနှစ်ယောက်ကြားအသက်ကွာဟမှုက များလွန်းတာကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်လာရပါတော့တယ်။
အတားအဆီးတွေအများကြီးနဲ့ “ဦး နဲ့ သမီး” ရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုဖြစ်မလဲ ..“ဦး” အဖြစ် ထိုင်းဟာသကားပေါင်းများစွာရဲ့အဓိကဇာတ်လိုက်ကျော် “Phetthai Vongkumlao” နဲ့“ဖတ်” အဖြစ် မင်းသမီးချောလေး “Daraphak Thawinun” က ပါဝင်သရုပ်ဆောင်ထားပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Lai Laiiပဲ ဖြစ်ပါတယ်။
https://image.tmdb.org/t/p/original/5LoxZ4r8UNjSZ3jt94gcn8sYATV.jpg
Highway Family (2022)
⭐IMDB: ⁉️
🎬 #Drama #Family
🗓️ 2022 🎞️ Movie 📺 720p HD
🌎 N/A
⏰ 2 နာရီ 08 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Highway Family (2022)
Good Job အပြီး Jung IL Woo ရဲ့ Drama ကို မျှော်လင့်နေကြသူတွေအတွက်-Highway Family ဆိုတဲ့ မိသားစုဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ။
ဇာတ်လမ်းနာမည်လေးအတိုင်းပဲ အဝေးပြေးလမ်းမပေါ်က အိမ်ရာမဲ့မိသားစုလေးတစ်ခုအကြောင်းကို ရိုက်ကူးပြထားတဲ့ဒီဇာတ်ကားမှာဆိုရင်တော့ ကိုယ့်ရဲ့ဘဝတစ်ကွေ့မှာကြုံတွေ့ရနိုင်တဲ့ လောကဓံတရားတွေနဲ့မိဘမေတ္တာတွေအကြောင်းကို ဇာတ်အိမ်ဆန်းဆန်းလေးနဲ့ ရိုက်ကူးတင်ဆက်ပြထားပါတယ်။
နေစရာအိမ်လည်းမရှိ အလုပ်အကိုင်လည်းမရှိတဲ့ ဂျန်ဂီဝူတို့မိသားစုဟာ သားတစ်ယောက် သမီးတစ်ယောက်နဲ့အတူလမ်းပေါ်မှာပဲ တောင်းရမ်းစားသောက်နေရင်း တစ်နေ့မှာတော့ ဇနီးသည်ဂျီဆူမှာ နောက်ထပ်ကိုယ်ဝန်ရလာခဲ့ပြန်ပါတယ်။
အလိုလိုနေရင်း မနည်းရုန်းကန်နေရတဲ့ ဒီမိသားစုလေးထဲကိုကလေးလေးတစ်ယောက် ထပ်ရောက်လာတော့မယ်ဆိုကာမှဂျန်ဂီဝူဟာ ရုတ်တရက် အဖမ်းခံလိုက်ရချိန်မှာတော့…။
ကျန်ရစ်ခဲ့တဲ့ ကလေးနှစ်ယောက်နဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ဂျီဆူတို့ ဘဝကို ဘယ်လိုရှေ့ဆက်ဖြတ်သန်းကြမလဲ။
သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ လောကဓံတွေကို မျှဝေခံစားပေးမယ့်သူ၊အကူအညီပေးမယ့်သူ ပေါ်လာပါဦးမလားဆိုတာ ရင်တနင့်နင့်နဲ့ ကြည့်ရှုခံစားရမှာဖြစ်လို့Family Movie ကြိုက် ပရိသတ်ကြီးတို့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။
Cast တွေအနေနဲ့ကလည်း Jung IL Woo, Kim Seulgi နဲ့Ra Miran တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာမို့ သေချာပေါက်ကြည့်ကောင်းမယ်ဆိုတာ အထွေအထူးမိတ်ဆက်နေစရာမလိုတော့ပါဘူးနော်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Hmwe Thet Winnပဲ ဖြစ်ပါတယ်။
