ru
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
The Exorcism of Saint Patrick (2024) ⭐IMDB: 4.4/10 (95 Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 # ⏰ 1 နာရီ 31 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပုံမှန် Horror movie တွေနဲ့ မတူတဲ့ The Exorcism of Saint Patrick ဇာတ်ကားဟာ ဘာသာရေး အစွန်းရောက်မှုတွေ၊ တယူသန်မှုတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို သိသာပေါ်လွင်အောင် ရိုက်ကူး ပြထားတဲ့ ဇာတ်ကားလို့ ပြောလို့ရပါတယ်။ ဇာတ်ညွှန်းပြောရရင်တော့ ပတ်ထရစ်လို့ ခေါ်တဲ့ ဆယ်ကျော်သက် ဂေးလူငယ်တစ်ယောက်ဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ မိဘတွေ အလိုကျ ဂေးဖြစ်တည်မှု အစွဲကို ချွတ်ဖို့ သင်းအုပ်ဆရာ ပတ်ထရစ်နဲ့အတူ လူသူဝေးတဲ့ အိမ်လေးတစ်လုံးမှာ ရက်အတန်ကြာ နေဖို့ ဖြစ်လာခဲ့တာပါ။ (ဂေးဖြစ်တည်မှုဆိုတာ နတ်ဆိုးနှောင့်ယှက်မှုကြောင့် ဆိုတဲ့ ရှေးရိုးဆန် ဘာသာရေးအစွန်းရောက် ယုံကြည်မှု ရှိခဲ့ပါတယ်) အပြောချိုသာပြီး စိတ်ကောင်းနှလုံးကောင်း ရှိပုံပေါက်တဲ့ သင်းအုပ်ဆရာ ပတ်ထရစ်ဟာ အမှန်တကယ်မှာတော့ ဘာသာရေးကို အရေခြုံ ဗန်းပြပြီး ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ အရပါ အနိုင်ကျင့် နှိပ်စက်တတ်တဲ့ သူတစ်ယောက် ဖြစ်နေတာပါ။ ဒီလူငယ်လေး မတိုင်ခင်မှာ သူကိုင်တွယ် ခဲ့ဖူးတဲ့ လူငယ်တချို့ဟာ သေကြောင်းကြံစည်ခဲ့တဲ့အထိ ဆိုးရွားခဲ့တာပါ။ ဒီဇာတ်ကားမှာ ပေးချင်တဲ့ မက်ဆေ့ပြောရရင် မကောင်းဆိုးဝါး နတ်ဆိုးဗီဇ ဆိုတာ သေလွန်ပြီးသား သူတွေမှာပဲ ရှိနိုင်တာ မဟုတ်ဘဲ ဟန်ဆောင် မျက်နှာဖုံးတွေနဲ့ နေထိုင်ရှင်သန်နေကြသူတွေထဲမှာလည်း ရှိနိုင်တယ် ဆိုတာပါပဲ။
...

Rose Rosy Te Gulab (2024) ⭐IMDB: 6.4/10 (171 Votes) 🎬 #Comedy #Western #Romance #Drama 🗓 2024 🎞 movie 🌎 #UnitedStates #India ⏰ 2 နာရီ 14 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rose Rosy Te Gulab (2024)“နှင်းဆီများပေါင်းဆုံရာ” ပေါ့ပေါ့ပါးပါး ပန်ဂျာဘီ အချစ်ဟာသကားလေးကို တင်ဆက်ပေးပါရစေ ဂူလာ့ဘ်ဆိုတာ ငယ်ငယ်ကတည်းက မိဘတွေမရှိတော့ဘဲသူ့ဦးလေးဖြစ်သူ လူပျိုကြီးနဲ့ အတူတူကြီးပြင်းလာရတာ ဖြစ်ပါတယ် အိမ်ထောင်ဖက်လာတွေ့ကြတဲ့ မိသားစုတွေနဲ့ တစ်ခါမှအဆင်မပြေခဲ့တာကြောင့် ဆင်ဂယ်ဘဝကို မပျော်ပိုက်နိုင်ဘဲသူ့ဦးလေးလို အထီးကျန်သွားမှာကို စိုးရိမ်ကာသူငယ်ချင်းတွေအကြံနဲ့မင်္ဂလာရက် နီးနီးကပ်သတ်မှတ်လို့ မင်္ဂလာခန်းမပါ ကြိုတင်ငှားလိုက်ပြီးအချိန်တိုအတွင်း သတို့သမီး ရှာပုံတော်ဖွင့်ရင်းရို့စ်နဲ့ ရိုစီ ဆိုတဲ့ အမျိုးသမီးနှစ်ဦးနဲ့ဘယ်လိုပတ်သက်ရှုပ်ထွေးမိသွားမှာလဲ ဆိုတာကတော့ ….. အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပါ
...

The Signature (2024) ⭐IMDB: 6.8/10 (281 Votes) 🎬 #Bollywood #Drama #Family 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 36 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Signature 2024 (လက်မှတ်) ယခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ဝါရင့်သရုပ်ဆောင် Anupam Kher ပါဝင်တဲ့ဒရာမာဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ အိမ်ထောင်သက် ၃၅နှစ်တာသက်တမ်းရှိပြီဖြစ်တဲ့အာဗင်နဲ့ မာဒူတို့ လင်မယားနှစ်ယောက်၊တစ်ရက်မှာ သူတို့လင်မယားခရီးထွက်ဖို့ပြင်ရင်းနဲ့လေဆိပ်မှာတင်ပဲ မာဒူတစ်ယောက် မူးလဲရာကနေဆေးရုံတင်လိုက်ရပါတော့တယ်။ အခုခေတ်မှာ ဆေးရုံဆေးခန်းဆိုတာကလည်း သိတဲ့အတိုင်းပဲဘာလေးပဲဖြစ်ဖြစ် ငွေအတောင့်လိုက်ကုန်တဲ့ခေတ်ဆိုတော့လည်းမာဒူတစ်ယောက်အတွက် ဆေးရုံတက်တဲ့ ပထမနေ့မှာတင်ရူပီး၁သိန်းခွဲကုန်ခဲ့ပြီးတော့ ၉ရက်တာကာလအတွင်းမှာတင်အာဗင်စုထားတဲ့ ရူပီးငွေ၆သိန်းကျော်လုံး ကုန်သွားခဲ့ပါတော့တယ်။ ဇနီးဖြစ်သူဟာ အသက်ရှူစက်အကူအညီနဲ့ နေနေရတာဖြစ်ပြီးတော့တစ်ရက်တစ်ရက် ကုန်ကျစရိတ်ကလည်း မနည်းဆိုတော့မိန်းမဖြစ်သူအတွက်နဲ့ ဘယ်တုန်းကမှ သားသမီးတွေကိုအောက်ကျို့မခံခဲ့တဲ့အာဗင်ဟာ သားသမီးတွေဆီကနေငွေအကူအညီတောင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း အိမ်ထောင်ကိုယ်စီကျနေပြီဖြစ်တဲ့သားသမီးတွေဟာလည်း အများကြီး ကူညီမပေးနိုင်ကြပါဘူး။ဒီလိုနဲ့ သားဖြစ်သူဟာ အမေကိုချစ်ပေမယ့်ဆေးရုံစရိတ်တွေမနိုင်တဲ့အတွက် အဖေဖြစ်သူကိုအမေ့အတွက် DND လုပ်ဖို့ လက်မှတ်ထိုးခိုင်းလာတဲ့အချိန်မှာတော့မိန်းမကို ရသလောက်အသက်ဆက်ဖို့ပဲလုပ်မယ်ဆိုပြီး ငြင်းပယ်ရင်းနဲ့ ……. ဆေးရုံစရိတ်ခတွေအတွက် အာဗင်တစ်ယောက် ဘယ်လိုတွေ ကြံဖန်မလဲ …..သူ့မိန်းမကို ကယ်တင်နိုင်ဖို့ ဘယ်လိုတွေ လုပ်ဆောင်သွားမလဲ …….ဆိုတာကို ကြည့်ရှုရမယ့် ဒရာမာဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Alex~Yunni တို့ပဲဖြစ်ပါတယ်)
...

Go West (2023) ⭐TMDB: 46% User Score 🎬 #Comedy #Western 🗓 2023 🎞 movie 🌎 # ⏰ 1 နာရီ 22 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 6.4 ကောင်းဘွိုင်ဟာသကားလေးတစ်ကားကို တင်ဆက်လိုက်ပါတယ် အယ်ဗလင်းဟာ မုဆိုးမတစ်ယောက်ဖြစ်ပြီး သူချစ်မိတဲ့ ယောကျာ်းမှန်သမျှ သေဆုံးခဲ့ရတာကြောင့် ကျိန်စာသင့်မုဆိုးမလို့ လူတွေကသူ့ကို ခေါ်ကြပါတယ် တစ်နေ့ အယ်ဗလင်းရဲ့သမီးဖြစ်သူက ဝရမ်းပြေးနဲ့လက်ထပ်တော့မယ် သတင်းကြားတာကြောင့် အော်ရီဂွန်ကို သွားရဖို့ အကြောင်းဖန်လာတဲ့အခါ… သူ့အစ်မ ရောဂါသည် ကိုရာ၊ ကျောင်းဆရာ အီလိုင်ဂျာနဲ့ လမ်းပြကပ္ပတိန်အပါအဝင် လူထူးလူဆန်းတွေ ပေါင်းစုံနဲ့အတူ ခက်ခဲကြမ်းတမ်းလှတဲ့ အနောက်အရပ်ခရီးကို ဘယ်လိုသွားကြမလဲဆိုတာကတော့
...

Caddo Lake (2024) ⭐IMDB: 6.9/10 (8 k Votes) 🎬 #Drama #Mystery #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Rating အရမ်းကောင်း‌တဲ့အပြင် Dylan O’Brien(ပဲရစ်)၊ Eliza Scanlen (အယ်လီ) တို အဓိက သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်မှာတော့ အသက် ရှစ်နှစ်အရွယ်ကလေး‌မလေး အန်နာတစ်ယောက်၊ ရေကန်အတွင်းမှာ ပျောက်ဆုံးပြီးတဲ့နောက်၊ သူ့ကိုရှာဖွေရင်းနဲ့ မထင်မှတ်ထားတဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ရင်ဆိုင်‌တွေ့ကြရပြီး အတိတ်နဲ့လက်ရှိကာလက အဖြစ်အပျက်တွေ အားလုံးရဲ့ ဆက်သွယ်ချက်ဟာ ကတ်ဒိုရေကန်ထဲမှာ တဖြည်းဖြည်း ရုပ်လုံးပေါ်လာတာကို သည်းထိပ်ရင်ဖို ကြည့်ရှုသွားရမဲ့ Mystery , thriller ဇာတ်လမ်းတစ်ခုပါပဲ။
...

The Rebellious (2024) ⭐IMDB: 4.4/10 (115 Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #France #Switzerland ⏰ 1 နာရီ 20 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပြင်သစ်စကားပြော ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ် ပြင်သစ်နိုင်မှာ ၂၀၂၀ ကိုဗစ်ကာလ ဧပြီမှာ လော့ဒေါင်းချတော့ ဟိုတယ်မန်နေဂျာ ဖီးလစ်က လျှို့ဝှက်လုပ်ငန်းတစ်ခုကို ကြံစည်ပါတယ် အဲဒါကတော့ ပြည့်တန်ဆာတချို့ကို ငှားပြီး ကိုဗစ်ရဲ့ တင်းကျပ်တဲ့စည်းကမ်းတွေနဲ့ အခြအနေဆိုးတွေကြောင့် စိတ်ဖိစီးနေသူတွေ တိတ်တဆိတ်လာအပန်းဖြေဖို့ ဖွင့်လိုက်တာပါ နောက်ခံမတူတဲ့အမျိုးမျိုးသော လူတစ်စုရဲ့ ရင်ဖွင့်စကားတွေ၊ ကိုဗစ်ကာလအတွင်း အတွေ့အကြုံနဲ့ခံစားချက်တွေကို ကြည့်ရှုအားပေးကြပါဦး
...

Blind Waters (2023) ⭐IMDB: 3.2/10 (381 Votes) 🎬 #Action #Horror #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2024 မှာထွက်ရှိထားတဲ့ ဒါရိုက်တာ Anthony C. Ferrante ကိုယ်တိုင်ဇာတ်ညွှန်းရေးထားတဲ့ Thriller ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ်။ မျက်နှာသစ်မင်းသားမင်းသမီးတွေပြောလို့ရမဲ့ Meghan Carrasquillo , Noam Sigler နဲ့ Francisco Angelini တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Valentina နဲ့ Weston တို့စုံတွဲဟာ ကမ်းခြေမြို့တစ်ခုမှာ အပန်းဖြေ ခရီးထွက်ကြရင်း Weston မှာလှေမောင်းလိုင်စင်ရှိတဲ့အတွက် လှေတစ်စီးငှားပြီး scuba diving လုပ်ကြဖို့ ပြင်ဆင်ထားကြပါတယ်။ ကံမကောင်းစွာနဲ့ဘဲ သူတို့သွားမဲ့နေ့ရဲ့ ညနေပိုင်းမှာ မုန်တိုင်းဝင်ဖို့ရှိနေတဲ့ အတွက် စောစောပြန်လာရမဲ့အပြင် ငါးမန်းမလာတာဆယ့်ငါးနှစ်မျှ ရှိနေပြီ ဖြစ်တဲ့ ဆိပ်ကမ်းမှာ သူတို့သွားကြချိန်မှ ငါးမန်းတစ်ကောင်ပေါ်လာပါတော့တယ်
...

That Kind of Love (2024) ⭐IMDB: 5.7/10 (187 Votes) 🎬 #Comedy #Drama #Romance 🗓 2024 🎞 movie 🌎 #Philippines ⏰ 2 နာရီ 16 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 That Kind of Love (2024) တစ်ကယ်တော့ အချစ်ဆိုတာ ကိုယ်မြတ်နိုးတဲ့ လူတစ်ယောက်ကို ပျော်ရွှင်စေချင်တယ်၊ စိတ်ချမ်းသာစေချင်တယ် အဲ့ဒိအတွက်ကိုဘေးကနေဖြည့်ပေးနေရုံလေးနဲ့ တစ်ဖက်လူရဲ့ဘဝလေး ပျော်ရွှင်​နေတယ် ပြည့်စုံနေတယ်ဆိုရင်ကိုပဲ ဝမ်းသာပီတိဖြစ်ရတယ်ဆိုတာကို အချစ်စစ်တယ်လို့ခေါ်ပါတယ်..  **ဆရာမ ဂျူး** That Kind of Love ဟာဆိုရင် Director Catherine O. Camarillo ရိုက်ထားတဲ့ ဖိလစ်ပိုင် Romantic comedy ကားကောင်းတစ်ကားဖြစ်ပါတယ်။ သရုပ်ဆောင်အတွေအနေနဲ့ မင်းသမီး Barbie Forteza နဲ့ မင်းသား David Licauco တို့က ပါ၀င်အားဖြည့်ထားပါတယ်။ Mila (Barbie Forteza) ဆိုတဲ့ dating coach က Adam (David Licauco) ဆိုတဲ့ဘ၀င်ရူးပြီး အလုပ်များတဲ့ကောင်လေးကို ဖူးစာရှင်ရှာပေးရာကနေ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ကြပါခင်ဗျာ…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wai Hylan ဖြစ်ပါတယ်။)
...

Cassino in Ischia (2024) ⭐IMDB: 5.0/10 (110 Votes) 🎬 #Action #Comedy 🗓 2024 🎞 movie 🌎 #UnitedStates #Italy #UnitedStatesofAmerica ⏰ 1 နာရီ 58 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရုပ်ရှင်လောကမှာ သက်တမ်းရင့်လာပြီးအသက်ကြီးလာပြီဆိုရင် နောက်တက်လေးတွေကို လမ်းဖယ်ပေးရတာကထုံးစံတစ်ခုပါပဲ။ တခြားနယ်ပယ်တွေမှာလည်း အဲ့လိုမျိုးဆိုပေမဲ့ ရုပ်ရည်နဲ့ လုပ်ကိုင် နိုင်စွမ်းတွေကိုမှီခိုပြီးလုပ်ကိုင်ရတဲ့အလုပ်မှာတော့ဒါမျိုးတွေကမလွှဲ မရှောင်သာပါပဲ။အဲ့ဒါကိုလက်ခံနိုင်ပြီး အနားယူသွားတဲ့သူတွေရှိသလို လက်မခံနိုင်ဘဲ ကိုယ့်ရဲ့အစွမ်းအစတွေကိုဆက်လက်ထုတ်ပြချင် နေသေးတဲ့ မင်းသားမင်းသမီးတွေလည်းရှိပါတယ်။ အဲ့ဒီအကြောင်းတွေကို ဟာသလေးတွေနှောပြီးမှ မြင်သာအောင် ရိုက်ကူးပြသထားတဲ့ Cassino in Ischia ဆိုတဲ့အမေရိကန်- အီတလီဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ထဲက ကက်စီနိုဆိုတဲ့လူကအထက်မှာပြောခဲ့သလိုပဲ အသက်ကြီးလာလို့ တက်သစ်စမင်းသားလေးတစ်ယောက်က သူ့နေရာတွေကိုအစားထိုးလာတဲ့အခါမှာ လက်မခံနိုင် မကျေမချမ်းတွေ ဖြစ်ပြီး အကြံအိုက်နေပါတော့တယ်။ ခေတ်ပေါ်ရေပန်းစား လူကြိုက်များတဲ့ဇာတ်ကားတွေမှာသရုပ်ဆောင်ဖို့ ဆိုတော့လည်း အရိုးများသလေးချေးခါးသလေးဖြစ်နေတာနဲ့တိုင်တွေပတ် နေပါတော့တယ်။အဲ့ဒါကြောင့် အစ်စ်ကီရာဆိုတဲ့ကျွန်းလေးမှာ အပန်း သွားဖြေရင်း သူ့အစွမ်းအစတွေကိုထုတ်ပြဖို့ကိုယ်တိုင်ဇာတ်ညွှန်းရေးဖို့ ကြိုးစားရင်းနဲ့ အဲ့ဒီကျွန်းပေါ်ကခင်မင်စရာကောင်းတဲ့လူတွေနဲ့တွေ့ပြီး အောက်ခြေကို ထိုးကျနေတဲ့သူ့သရုပ်ဆောင်အလုပ်ကို ဘယ်လိုပြန် ဆွဲတင်သွားမယ်ဆိုတာကို ပေါ့ပေါ့ပါးပါးရယ်ရယ်မောမောကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။
...

Ghost Town (2008) ⭐TMDB: 65% User Score 🎬 #Comedy #Drama #Fantasy #Romance 🗓 2008 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ghost Town (2008) IMDb Rating (6.7) / Rotten Tomatoes (85%) Ghost Twin ကားလေးဟာဆိုရင် IMDb Rating (6.7)ထိ ရရှိထားတဲ့ ဟာသ၊စိတ်ကူးယဥ် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒေါက်တာ ပင်းကတ် ဟာ သွားဆရာဝန်တစ်ယောက်ဖြစ်ပြီး လူမှုပတ်ဝန်းကျင်မှာလဲ အားလုံးနဲ့ကင်းကင်းရှင်းရှင်းနေလေ့ရှိပြီး နားငြီးမခံနိူင်သော ဇီဇာကြောင်၊ ကပ်စီးနည်း လူပျိုကြီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့​တော့ ပင်းကတ် ဟာ ကျန်းမာရေးကြောင့် အူမကြီးခွဲစိတ်ဖို့ဖြစ်လာပါတယ်။ ဆေးရုံတစ်ခုမှာ ပင်းကတ်ဟာ အူမကြီးခွဲစိတ်ခံနေရင်း ၇မိနစ်သေးဆုံးသွားခဲ့ရာကနေ ပြန်သတိရလာခဲ့ပါတယ်။ အဲ့အချိန်ကစပြီး ပင်းကတ်ဟာ ဝိဉာဥ်တွေကို မြင်နိူင်စွမ်းရှိလာပြီး ဝိဉာဥ်တချို့ဟာ သူတို့ မသေခင်ကမပြီးပြတ်ခဲ့တဲ့ ကိစ္စရပ်တွေကို ကူညီပေးဖို့ပြောလာတဲ့အခါမှာတော့… လူမှုဆက်ဆံရေးညံ့တဲ့ ပင်းကတ်တစ်ယောက် ဝိဉာဥ်တွေအကူညီတောင်းတဲ့ကိစ္စတွေကို ကူညီပေးသွားမှာလား ဆိုတာကိုတော့ ဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြည့်လိုက်ပါဦးခင်ဗျာ
...

The Wild Robot (2024) ⭐IMDB: 8.5/10 (23 k Votes) 🎬 #Adventure #Animation #Family #ScienceFiction #SciFi 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 DreamWorks Animation ရဲ့ အကောင်းဆုံးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ တောရိုင်းစက်ရုပ်ဆိုတဲ့ ကာတွန်းရုပ်ရှင်ပါ။ Mulan, How to Train your dragon တို့လို အကောင်းဆုံး ကာတွန်းတွေကို ဖန်တီးခဲ့တဲ့ Chris Sanders ရဲ့ လက်ရာပဲ ဖြစ်ပါတယ်။ စက်ရုပ် ရော့ဇ် အဖြစ် Black Panther ထဲက Lupita Nyong’o ပါဝင်ထားပြီး၊ မြေခွေး ဖင့်အဖြစ် Pedro Pascal က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း လူသားတွေအတွက် အကူအညီပေးတဲ့ စက်ရုပ်အမျိုးအစားတစ်ခုဖြစ်တဲ့ ရော့ဇမ်အမျိုးအစား စက်ရုပ်တစ်ရုပ်ဟာ လူမရှိတဲ့ ကျွန်းတစ်ကျွန်းအပေါ်ကို ပြုတ်ကျလာခဲ့ပါတယ်။ အဲဒီကျွန်းပေါ်က တိရစ္ဆာန်တွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားရင်းကနေ မတော်တဆ ငန်းမိသားစုတစ်စုကို သေစေမိလိုက်ပါတယ်။ အဲဒီငန်းမိသားစုမှာ ငန်းပေါက်လေးတစ်ကောင် ကျန်ခဲ့ပြီး အဲဒီငန်းလေးကို မသေအောင်စောင့်ရှောက်ရမဲ့ တာဝန်ကို ပရိုဂရမ်ကနေ လက်ခံမိလိုက်ပါတယ်။ အဲဒီငန်းကို သူနဲ့အတူစောင့်ရှောက်ချင်ယောင်ဆောင်ပြီး အမြတ်ထုတ်ဖို့ ကြိုးစားတဲ့ မြေခွေးတစ်ကောင်နဲ့လည်း တွေ့လိုက်ရပါတယ်။ စက်ရုပ်နဲ့မြေခွေးဟာ ငန်းပေါက်လေးကို အတူစောင့်ရှောက်ရင်းနဲ့ အချိန်တွေကြာလာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာရယ်… စက်ရုပ်ရဲ့ မူလကုမ္ပဏီက ဘယ်လိုတွေ တုံ့ပြန်လာမလဲဆိုတာရယ်ကို ကြည့်ရမှာပါ။ ကာတွန်းကောင်းတွေရဲ့ ထုံးစံအတိုင်း အသေငိုခိုင်းလိုက် ပြန်ပြုံးခိုင်းလိုက် ဖြစ်မှာမို့ တစ်ရှုးလေးတွေ ဆောင်ပြပြီး ကြည့်ကြဖို့ မမေ့ကြပါနဲ့လို့ ပြောချင်ပါတယ်။
...

The Untouchables (1987) ⭐TMDB: 78% User Score 🎬 #Crime #Drama #Thriller #History 🗓 1987 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Untouchables(1987) IMDb….7.9,,,,,Rotten…..80 ချီကာဂိုမြို့မှာ မြို့မျက်နှာဖုံးလို့တင်စားလောက်တဲ့ လူတစ်ယောက်ရှိတယ်…သူကငွေကြေးချမ်းသာတဲ့အပြင် အစိုးရအသိုင်းအဝန်းကအကြီးအကဲတွေ ရှေ့နေတွေနဲ့လည်း ရင်းနှီးကျွမ်းဝင်တယ်.. သူ့ရဲ့ အဓိက ချမ်းသာမှုက တရားမဝင်အရက်ချက်ရောင်းတာပဲ… ဆိုင်တွေဖြန့်တယ်.. မယူတဲ့ဆိုင်ကို တစ်နည်းနည်းနဲ့ဒုက္ခပေးတယ်…ဆိုင်ကိုဗုံးခွဲတယ်.. ရဲတွေလည်းသူ့ဆီက ငွေကြေးထောက်ပံ့မှုတွေရနေတော့ သူလုပ်နေတဲ့လုပ်ရပ်တွေကို မျက်ကွယ်ပြုထားတယ်.. ဒီလိုနဲ့ ချီကာဂိုမြို့ရဲ့စနစ်တကျပျက်စီးမှုကို ပြုပြင်ပေးဖို့ အထူးအေးဂျင့်တစ်ယောက်လွှတ်လိုက်ပါတယ်… အဲဒီအေးဂျင့်က လူမှန်တစ်ယောက်..သူပြုပြင်နိုင်ရမယ်…ချီကာဂိုမြို့ကိုဖျက်ဆီးနေတဲ့အဖွဲ့ကိုလည်း သူဖမ်းနိုင်ရမယ်လို့ယုံကြည်တယ်… ဒါပေမယ့် သူထင်ထားသလိုဖြစ်မလာဘူး.. တိကျတဲ့သတင်းရလို့ ဝင်ဖမ်းတာတောင် ဘာသက်သေမှမရတဲ့အပြင် သတင်းစာမျက်နှာဖုံးမှာ အရှက်ခွဲခံလိုက်ရတယ်… ကိုင်းပရိတ်သတ်ကြီးရေ ဒီကားထဲကမင်းသားကြီး (၃)ဦးကိုတော့ ရင်းနှီးပြီးသာဖြစ်မှာပါ…. Kevin Costner, Sean Connery, Robert De Niro တို့ပါ… ကျွန်တော်သူတို့ကားတွေလည်းရှေ့မှာအတော်များများတင်ခဲ့ပါတယ် …အထူးသဖြင့် Robert De Niro  ပေါ့.. .ဒီကားထဲမှာတော့ ဗီလိန်ကြီးပေါ့ဗျာ…ဂျိန်းစဘွန်းမင်းသားကြီးလို့လူသိများတဲ့ , Sean Connery  ကတော့ ဒီကားနဲ့ အကောင်းဆုံးဇာတ်ပို့အော်စကာဆုရခဲ့ပါတယ်. ..ကိုင်း အထူးအေးဂျင့်ကြီး အခက်အခဲတွေဘယ်လိုကျော်လွှားမလဲကြည့်လိုက်ပါဦး
...

The Insider (1999) ⭐TMDB: 75% User Score 🎬 #Biography #Drama #Thriller 🗓 1999 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 39 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Insider(1999) IMDb…..7.9,,,Rotten….96 IMDb rating 7.9 ရရှိထားတဲ့ ဒီ The Insider ဆိုတဲ့ဇာတ်ကားဟာဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်.. .ဒီကားထဲမှာ အဓိကသရုပ်ဆောင်ထားတဲ့ မင်းသားကြီး ၂ဦးဖြစ်တဲ့ Russell Crowe,နဲ့Al Pacino တို့ကိုတော့ တော်တော်များများသိမယ်ထင်ပါတယ်.. နာမည်ကြီးဆေးလိပ်ကုမ္ပဏီ(၇)ခုရှိတယ် … အဲဒီဆေးလိပ်ကုမ္ပဏီတစ်ခုမှာ ဆေးရွက်ကြီးသုတေသနပိုင်းနဲ့ပတ်သက်ပြီးအလုပ်လုပ်တဲ့ ဒေါက်တာတစ်ယောက်ရှိတယ်.. စမ်းသပ်စစ်ဆေးချက်နဲ့ပတ်သက်ပြီး နီကိုဒင်းဓတ်ရဲ့ဆိုးကျိုးတွေအကြောင်း အထက်လူကြီးဆီကို အဲဒီဒေါက်တာက တင်ပြခဲ့တယ်… အဲ့ဒီကုမ္ပဏီတွေက သူတို့ရဲ့ထုတ်ကုန်ဖြစ်တဲ့ ဆေးလိပ်တွေဟာ ဘေးဥပါဒ်ဖြစ်စေနိုင်တယ်ဆိုတာကို သိပေမယ့် လျှို့ဝှက်ထားခဲ့ကြတယ်… ဆိုးကျိုးတွေတင်ပြခဲ့တဲ့ ဒေါက်တာဟာလည်း နောက်ပိုင်းမှာ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရတယ်… .. ဖြစ်ချင်တော့တိုက်တိုက်ဆိုင်ဆိုင် သူအလုပ်ဖြုတ်ခံရပြီးချိန်မှာ နာမည်ကြီးတီဗွီအစီအစဉ်တစ်ခုရဲ့ ပရိုဂျူဆာတစ်ယောက် နဲ့အဆက်အသွယ်ရခဲ့တယ်… အဲဒီမှာ ပရိုဂျူဆာ က အလုပ်ဖြုတ်ခံလာရတဲ့ ဒေါက်တာကိုဆေးလိပ်လုပ်ငန်းရဲ့ အတွင်းရေးတွေနဲ့ပတ်သက်ပြီးလျှို့ဝှက်ထားတဲ့အချက်အလက်တွေကို ဖြေပေးဖို့သူတို့အစီအစဉ်မှာပါဝင်ဖို့ပြောလာပါတော့တယ်… ….ဒီကားဟာ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာဖြစ်သလို ဇာတ်ကောင်တွေ ဒိုင်ယာလော့တွေကလည်း လက်တွေ့ဆန်ပြီး သဘာဝကျတဲ့ ဘက်ကို အားပြုချဉ်းကပ်ထားပါတယ်…. ပြသချိန်၂နာရီကျော်ကြာမြင့်တဲ့ဒီကားဟာ အစပိုင်း နာရီဝက်ကျော်လောက်အထိတော့ လိုက်လံဆက်စပ်နေရလို့ အနည်းငယ် ပျင်းဖို့ကောင်းနေနိုင်ပါတယ်.. ..နောက်ပိုင်းမှာတော့ ကျွန်တော့်လိုခပ်ကြောင်ကြောင်ကားတွေကြိုက်တဲ့သူတွေအဖို့ လုံးဝသဘောကျစေရမယ်လို့တော့အာမခံပါတယ်
...

Major Grom: The Game (2024) ⭐IMDB: 6.1/10 (2 k Votes) 🎬 #Action #Adventure #Mystery 🗓 2024 🎞 movie 🌎 #Russia ⏰ 2 နာရီ 48 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တလွဲဆံပင်ကောင်းဖြစ်သွားခဲ့တဲ့ ပုလိပ်ဆရာဝန်ကို အနိုင်ယူပြီး တစ်နှစ်အကြာမှာတော့ ရဲမှူးဂရွန်ဟာ မြို့တော်လူထုက အားကိုး အထင်ကြီးရတဲ့ သူရဲကောင်းတစ်ယောက်သဖွယ် ကျောကြားလာပါတော့တယ်။ ဗီလိန်တစ်ယောက်ကို အနိုင်ယူပြီးသကာလ အကျဥ်းထောင်တစ်ခုမှာ အကျဥ်းသားတွေရဲ့ အဓိကရုဏ်းတစ်ခုပေါ်ပေါက်လာကာ ဂရွန်နဲ့အတူ သူ့ပါတနာ ဒီမာတို့အတူ ဖြေရှင်းရပြန်တော့တယ်။ ဒီမာတစ်ယောက် ဒီအဓိကရုဏ်းကို သာမန်မဟုတ်ဘူးလို့ တွေးမိသွားပေမယ့်လည်း ဂရွန်ဟာ စစချင်း နားမထောင်ခဲ့ပါဘူး။ အဲ့ဒီကနေ ဂရွန်တစ်ယောက် ဘယ်လို ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ရင်ဆိုင်ရတော့မလဲ၊ ဘယ်လို ဖြေရှင်းမလဲဆိုတာကို (၂၀၂၄) ခုနှစ်ထွက် ရုရှားစူပါဟီးရိုး ဇာတ်လမ်းတစ်ခုဖြစ်တဲ့ Major Grom:The Game ဆိုတဲ့ Action/Adventure ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ မေဂျာဂရွန်က တကယ်ပဲ သူရဲကောင်း Superhero ဟုတ်ရဲ့လား၊ သူ့မြို့တော်ကိုကော ကာကွယ်နိုင်မှာလားဆိူတာကို စွန့်စားခန်းတွေနဲ့အတူ ကြည့်ရှုနိုင်မယ့် ရုရှားစူပါဟီးရိုးဇာတ်ကားပဲ ဖြစ်ပါတယ်။
...

American History X (1998) ⭐TMDB: 83% User Score 🎬 #Crime #Drama 🗓 1998 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 American History X (1998) IMDb 8.5/10Rotten Tomatoes 83% လူငယ်ဆိုတဲ့အရွယ်က ဂျုံမှုန့်ဖြူကလေးတွေနဲ့ နှယ်ထားပြီး ပုံသွင်းတဲ့ အရုပ်လုပ်သမားလက်ထဲက ပုံစံတုလေးတစ်ခုလိုပါပဲ။ဝယ်ယူမယ့်သူရဲ့ခိုင်းစေမှု အလိုက် ကျေးရုပ်ကလေးလည်း ဖြစ်ချင်ဖြစ်မယ်။မျောက်ရုပ်ကလေးလည်း ဖြစ်ချင်ဖြစ်မယ်။ဆိုလိုချင်တာက အရာရာကိုဖြေးညင်းစွာနဲ့ လိုက်ပါပုံသွင်းရင်း မိမိစိတ်သဏ္ဍာန်နဲ့ ရုပ်ပိုင်းဆိုင်ရာတွေက ဖြစ်တည်လာတဲ့ အခြေအနေတွေရဲ့ ရိုက်ခတ်မှု အလိုက် ဘဝအရုပ်ပုံဖော်ဖန်တီးထုဆစ်သူရဲ့ လက်ဖဝါးထဲက အရုပ်ကလေးလိုမျိုး ပြောင်းလဲသွားကြတာမဟုတ်ပါလား။ ရော့ခ်အပြင်းစား သီဆိုသူတွေရဲ့ ဖက်ရှင်တွေခေတ်ထလာချိန်မှာ လူငယ်တွေကလည်း ဂျင်းဘောင်းဘီတွေအကောင်းတွေကို တမင်ဖြဲပြီး ဝတ်ခဲ့ကြတယ်။ဆံပင်ရှည်ထားပြီး ဂစ်တာကိုကျောမှာလွယ်ခဲ့ကြတယ်။ပစ္စည်းမဲ့လူတန်းစားအသားပေးဝတ္ထု တွေ ဇာတ်လမ်းတွေခေတ်စားတုန်းကဆိုရင် အဲဒီခေတ်ကလူငယ်တွေက ပုဆိုးအပြဲ ။ဖိနပ်မြီးတိုနဲ့ ရုပ်ဝါဒရဲ့အလေးပေးမှု တွေကို တွန်းလှန်ပြသလိုမျိုးပေါ့။ထိုနည်းနှင်နှင်နဲ့ နေထိုင်ခြင်းကသာ မှန်ကန်တဲ့ လူဘဝနေနည်းစစ်စစ်။စလို့ ဟစ်ကြွေးခဲ့ကြသလိုမျိုးပါပဲ။ လူငယ်ဆိုတာ ခေတ်စနစ်ရဲ့ ရိုက်ခတ်မှု အလိုက် မျောပါကြသူတွေကများပါတယ်။မှားတယ်မှန်တယ်ဆိုတာထက် ။အနိုင်ယူလိုစိတ်။တွန်းကန်လိုစိတ်နဲ့။ထင်ပေါ်ကိုးကွယ်လိုမှု ကို အလွန်အမင်းလိုချင်ကြတဲ့ အရွယ်အခါမျိုးမှာ သွေးဆူမှု ကို တွန်းအားပေးစေတဲ့ ဝိဝါဒအမျိုးမျိုးကို လက်သင့်ခံ လိုက်ပါလုပ်ဆောင်ကြတာ အဆန်းမဟုတ်ပါဘူး။ ယခုရုပ်ရှင်မှာလည်း Derek ဆိုတဲ့ အမေရိကန်လူဖြူ လူငယ်ကလေးဟာ neo-Nazi လို့ အမည်ပေးထားတဲ့ ဟစ်တလာရဲ့ဝိဝါဒ အမွှန်းတင်စကားတွေကို အထူးသက်ဝင်ယုံကြည်နေတဲ့ လူငယ်တစ်ဦး ဖြစ်ပါတယ်။ဆံပင်ကို ကတုံးပေါက်ပုံစံပဲ ထားတယ်။တကိုယ်လုံးမှာ နာဇီအမှတ်တံဆိပ်ကို တက်တူးထိုးပြီး ယုံကြည်ကိုးကွယ်ကြောင်း ပြဆိုထားတယ်။သူ့ရဲ့မျက်လုံးတွေ။ နှု တ်ခမ်းတွေက ယင်းအကြောင်းအရာတွေရဲ့ လှုံ့ဆော်နေမှု ကြောင့် ထင်ပါတယ်။အမြဲတစ်စေပဲ ဖိတ်ဖိတ်တောက် တင်းမာစေ့ကပ်လို့နေတယ်။သူ့ရဲ့အနားမှာ Neo-Nazi ဝါဒတွေကို လက်ဆင့်ကမ်းသွန်သင်ပေးနေတဲ့ ပုဂ္ဂို လ်တစ်ဦးလည်း ရှိနေတယ်။သူကိုယ်တိုင်ကလည်း သူလိုသက်တူရွယ်တူအပေါ် အမျိုးသားရေး ဝါဒတွေ ပြည့်နှက်နေတဲ့ စကားလုံးတွေကို ရွှန်းရွှန်းဝေအောင် သြဘာပေးလို့နေပါတယ်။အထူးသဖြင့် သူတို့အမေရိကမှာ တိုင်းတစ်ပါးသားတွေ အခွင့်ကောင်းယူ နေထိုင်နေတာကို တွန်းလှန်ပစ်ဖို့လိုကြောင်း။သူတို့ကသာ အရာရာအသာစီးနေရာကောင်းယူထားပေမယ့် ဇာတိချက်ကြွေ လူမျိုးစစ်စစ်တွေမှာတော့ အောက်ကျစွာနေထိုင်နေရကြောင်း စလို့ အမျိုးသားရေးပါတဲ့ စကားလုံးတွေအများကြီးနဲ့ လှုံ့ဆော်တယ်။အထူးသဖြင့် လူမည်းတွေရဲ့ ကြီးစိုးလာမှု တွေအကြောင်းလည်း ပါတယ်။ဆဲ့ဆိုတဲ့ စကားလုံးတွေနဲ့ တစ်ပြည့်တစ်သိပ်ပြောတယ်။ ပြီးနောက်မှာတော့ သူလို စိတ်ဓါတ်တက်ကြွနေကြတဲ့ လူငယ်တွေဟာ တိုင်းတစ်ပါးသားတွေဖွင့်ထားတဲ့ ဆိုင်တွေကို ဝင်ရောက်ဖျက်ဆီးကြတယ်။လူမည်းအမျိုးသမီးတွေကို အနိုင်ကျင့်ကြတယ်။လူငယ်လေး Derek ဟာ သူတို့တွေအကြားမှာ သူရဲကောင်းတစ်ယောက်အဖြစ် ထင်ပေါ်နေတော့တယ်။ Derek ရဲ့ အစွန်းရောက်ခါးသီးတဲ့အမုန်းတရားတွေက သူ့ကိုယ်ထဲမှာ အဆိပ်လို စိမ့်ဝင်နေပြီဆိုတာ သူကိုယ်တိုင်တောင်မသိတော့ဘူး။ဒီလို အမျိူးသားရေးဝါဒ နှီးနှောယှက်နွယ်တဲ့ အကြောင်းတရားတွေကို အကြွင်းမဲ့ လိုက်နာယုံကြည်နေတာကလည်း ရဲတစ်ယောက်ဖြစ်တဲ့ ဖခင်ကြီးကို လူမည်းဆေးသမားတွေက သတ်ဖြတ်မှု ကြောင့်လည်းပါသလို ဖခင်ကြီးပြောခဲ့တဲ့ လူမည်းမုန်းတီးရေးစကားတွေကနေ သူ့ရဲ့သင်ယူနေဆဲ စိတ်သဏ္ဍာန်မှာ ကပ်ငြိကြီးထွားနေတာကြောင့်လည်း ဖြစ်ပါမယ်။ တစ်ညမှာတော့ ဘတ်စ်ကတ်ဘောဆော့ကစားရာကနေ အငြိုးအတေးဖြစ်သွားခဲ့တဲ့ လူမည်းအုပ်စုက သူအိမ်ရှေ့ကို ရောက်လာပြီးတော့ မကောင်းမှု တစ်ခုခုကို ကျူးလွန်ဖို့ အားထုတ်နေကြချိန်မှာ သူ့ညီကလေးရဲ့ ပြောကြားမှု ကနေ လူမည်းတွေကို သေနတ်နဲ့ ရက်ရက်စက်စက် ပစ်သတ်ပစ်မိတော့တယ်။မသေဆုံးဘဲ ကျန်နေသေးတဲ့ လူမည်းလေးတစ်ယောက်ကိုလည်း ပါ့စပ်ကို ပလက်ဖောင်းဘောင်အေစောင်းပေါ်ကို အကိုက်ခိုင်းပြီး အပေါ်ကနေ ဆောင့်နင်းပစ်လိုက်တော့တယ်။အဲဒီအချိန်မှာ သူခန္ဓာဟာ အပေါ်ပိုင်း ဗလာထီးထီးနဲ့ နာဇီ စင်္ကြာတံဆိပ်ကြီးက မီးရောင်အောက်မှာ ထင်းနေတယ်။သူ့မျက်နှာဟာ တိုက်ပွဲတစ်ခုကို အနိုင်ပိုင်းနိုင်သွားလို့ အောင်ပွဲခံနေတဲ့ လူတစ်ယောက်အသွင်မျိုး။အထူးသဖြင့် Neo-Nazi ဝါဒအပေါ် အထူးလိုက်နာကျင့်သုံးလိုက်နိုင်လို့ ဂုဏ်ယူနေတဲ့ အသင်းသားတစ်ယောက်အသွင်မျိုးပေါ့။ ဒါပေမယ့် သူက ထောင်သုံးနှစ်ပဲ ကျတယ်။ထောင်ထဲကို တကယ်ရောက်ရှိသွားတဲ့ အချိန်မှာတော့ သူယုံကြည်ခဲ့တဲ့ သဘောတရားတွေဟာ ဘာအဓိပ္ပာယ်ယ်မှ ရှိမလာဘူးဆိုတာ သိလာတယ်။သူ့အနေနဲ့ ရန်သူကြီးတွေသဖွယ် အမုန်းကြီးမုန်းမိခဲ့တဲ့ လူမည်းတွေဟာလည်း သူထင်သ...

Lonely Planet (2024) ⭐IMDB: 5.8/10 (4 k Votes) 🎬 #Drama #Romance 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ မော်ရိုကို နိုင်ငံကို နောက်ခံထားထားတဲ့ မနဲ့မောင် ဇာတ်လမ်းချိုချိုလေး တစ်ပုဒ်ကို ဘာသာပြန် တင်ဆက်ပေးလိုက် ရပါတယ် ။ လောလောလတ်လတ်ကမှ ခင်ပွန်းဖြစ်သူနဲ့ ပြတ်စဲထားတဲ့ ကတ်သရင်းဟာ သူရေးနေတဲ့ စာအုပ်ကို အပြီးသတ်ဖို့အတွက် မော်ရိုကိုက စာရေးဆရာများ တွေ့ဆုံပွဲကို လာခဲ့ပါတယ် ။ ပထမဆုံး စာအုပ်မှာတင် နေ့ချင်းညချင်း နာမည်ကြီးသွားတဲ့ လူငယ်စာရေးဆရာမ လီလီကလည်း ချစ်သူဖြစ်တဲ့ အိုဝမ်ကိုပါ ဆွဲခေါ်ပြီး မော်ရိုကို ကို ရောက်လာခဲ့ပါတယ် ။ အေးအေးဆေးဆေး စာရေးချင်တဲ့ ကတ်သရင်း နဲ့ စာရေးဆရာတွေ ကြားထဲမှာ မနေတတ်မထိုင်တတ် အံဝင်ခွင်ကျမဖြစ်တဲ့ အိုဝမ် ။ လူတွေနဲ့ ဝေးရာကို ရှောင်ထွက်ရင်းကနေ သူတို့နှစ်ယောက်က ပိုရင်းနှီးလာတဲ့အခါ ။ လီလီနဲ့ အိုဝမ်ကြားထဲမှာ ဘယ်လို အဖုအထစ်တွေ ဖြစ်လာမလဲ ။ ကတ်သရင်းနဲ့ရော ဘယ်လို ဆက်ဖြစ်ကြမှာလဲ ။ မ နဲ့ မောင် ဇာတ်လမ်းလေးကို မော်ရိုကို နောက်ခံထားပြီး လှလှပပ ရှုစားရမှာဖြစ်တဲ့အတွက် နေသာတဲ့နေ့မျိုးမှာ အပျင်းပြေကြည့်ဖို့ ကွက်တိကျတဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း အကြံပေးလိုက်ရပါတယ်
...

Puli (2015) ⭐IMDB: 4.3/10 (11 k Votes) 🎬 #Action #Adventure #Bollywood #Fantasy 🗓 2015 🎞 movie 🌎 #India ⏰ 2 နာရီ 25 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Puli (2015)ကျားရဲ ဒီတစ်ခေါက်မှာတော့ဗီဂျေးနဲ့ ရှရူသီဟာဆန်တို့လို နာမည်ကြီးမင်းသားမင်းသမီးဒိတ်ဒိတ်ကြဲတွေပါဝင်တဲ့ကားဟောင်းလေးကိုCM Bollywood fan တွေအတွက်တစ်ဖန်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် မာရူဒီရာဟာ‌မွေးကင်းစမှာ မြစ်ထဲကနေမြောလာလို့လူမျိုးစုတစ်ခုကနေကယ်တင်ခြင်းခံထားရတဲ့ကောင်လေးတစ်ယောက်ပါ ထူးဆန်းတာကသူနဲ့အတူဥလေးတစ်လူံးပါလာပြီး အဲဒီဥကပေါက်တဲ့ငှက်ကလေးဟာလည်းလူစကားပြောတတ်နေပါတယ် ဒီလိုမွေးကတည်းကဆန်းကြယ်တဲ့ကံကြမ္မာနဲ့ကောင်လေးဟာထူးခြားတဲ့စွမ်းရည်တစ်ခုကိုလည်းပိုင်ဆိုင်နေပါသေးတယ်သူဟာကျားတစ်ကောင်လိုခွန်အားရှိပါတယ် တစ်နေ့မှာသူတို့ရွာကိုအနိုင်ကျင့်အုပ်ချုပ်နေတဲ့ဗီသယ်မျိုးနွယ်စုဟာသူရဲ့အချစ်သည်းငြှာဖြစ်တဲ့ကောင်မလေး ပါဗလာမာလီကို ပြန်ပေးဆွဲသွားခဲ့ပါတော့တယ် မာရူဒီရာတစ်ယောက်မှော်ဘုရင်မ ယာဗာနာ နဲ့သူ့ရဲ့ စွမ်းအားကြီးမားလှတဲ့ စစ်သူကြီးဂျာလာဒါရန်ဂါကိုပြန်ခံတိုက်ခိုက်ပြီးသူ့ရဲ့ချစ်သူကောင်မလေးကိုပြန်ပြီးကယ်ဆယ်နိုင်ပါ့မလားဆိုတာကတော့…. (အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်)
...

City of Damnation (2009) ⭐TMDB: 51% User Score 🎬 #Action #Comedy #Crime 🗓 2009 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 57 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 City of Damnation (2009) **************************** Action + Comedy + Crime ပေါင်းစပ်ထားတဲ့ (3 in 1) ရသခံစားကြည့်ရအောင် ပရိသတ်ကြီးတို့…. ကြမ်းခန်းရမ်းခန်းအက်ရှင်ခန်းတွေ မှုခင်းဖြေရှင်းပုံတွေကို ကြည့်ရှုခံစားရမယ့်အပြင် ဟာသအနှောလေးပါတာကြောင့် ပရိသတ်ကြီးအနေနဲ့ စိတ်အမောပြေတဲ့မယ့် ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ City of Damnation ဇာတ်ကားလေးကို မိတ်ဆက်လိုက်ပါတယ်။ Jeong Jun-Ho၊ Jung Woong-In၊ Kim Sang-Joong ၊ Jeong Woon-Taek တို့လို ဝါရင့်သဘာရင့် သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားတာမို့ ဇာတ်ကားရသအပြည့်ရမှာတော့ အမှန်ပါပဲ။ ဇာတ်လမ်းအကျဥ်း- ချန်းချွန်းဒုံဟာ သာမန်ယာဉ်ထိန်းရဲအရာရှိဖြစ်သော်ငြားလည်း သူ့ရဲ့ဖြောင့်မတ်မှုတို့ အတိုက်အခိုက်စွမ်းရည်တို့ကြောင့် ရဲဌာနမှာ နာမည်ဂုဏ်သတင်းရှိတဲ့သူတစ်ယောက်ပါ။ ထိုအချိန်မှာ အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့က လူမိုက်ဂိုဏ်းအဖွဲ့ခေါင်းဆောင် ယန်ဂန်ဆော့ရဲ့ နောက်ကြောင်းကိုလိုက်ပြီး ဖမ်းဆီးဖို့အတွက် ကြိုးစားနေတဲ့အချိန်ဖြစ်ပြီး ဂိုဏ်းသတင်းတွေကို အတိအကျသိရဖို့အတွက် ဂိုဏ်းထဲမှာ သူလျှိုထည့်မယ့်အစီအစဉ်ကို အကောင်အထည်ဖော်တဲ့အခါ အရာရှိချန်းတစ်ယောက်အရွေးခံလိုက်ရပါတယ်။ အရာရှိချန်း လူမိုက်ဂိုဏ်းအဖွဲ့ထဲကို လက်သစ်လူမိုက်အနေနဲ့ရောက်ရှိသွားချိန်မှာပဲ တစ်ဖက်လူမိုက်ဂိုဏ်းကလည်း ရဲတွေဟာ သူတို့ကို မျက်စိဒေါက်ထောက်ကြည့်နေမှန်းသိတဲ့အတွက် ရဲဌာနထဲမှာ သူတို့ရဲ့ တစ်ဦးတည်းသော တက္ကသိုလ်ဘွဲ့ရအဖွဲ့ဝင်လည်း ဖြစ်တဲ့အပြင် ဉာဏ်ထက်တဲ့ အီဂျုံဒယ်ကို သူလျှိုအနေနဲ့ လွှတ်လိုက်ပါတယ်။ လက်ရည်ရှိတဲ့ ချန်းချွန်းဒုံဟာ တစ်ဖက်လူမိုက်ဂိုဏ်းခေါင်းဆောင်ရဲ့ယုံကြည်မှုကို ရလာခဲ့ပြီး အဆင့်နေရာတွေ ရလာခဲ့သလို တစ်ဖက်က အီဂျုံဒယ်ကလည်း ထက်မြက်မှုတွေကို အသုံးချကာ အထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့မှူး ရာထူးအထိ ရောက်လာပါတော့တယ်။ အချင်းချင်း သတင်းတွေ ဖလှယ်ရင်း ရဲတပ်ဖွဲ့ဘက်ကပဲ လူမိုက်ဂိုဏ်းကို နှိမ်နင်းနိုင်မလား လူမိုက်ဂိုဏ်းကပဲ ရဲတပ်ဖွဲ့ကို အနိုင်ယူနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့်အပြင် ဟာသအနှောကြောင့် တစ်ခဏတာ စိတ်အမောလည်း ပြေစေနိုင်မယ့် ဇာတ်ကားကောင်းတစ်လက်ဆိုတာတော့ မမှားပါဘူး။ (ဇာတ်လမ်းအကျဉ်းကို Thinn မှ ရေးသားပေးထားပါတယ်။)
...

The Art of the Steal (2013) ⭐IMDB: 6.3/10 (26 k Votes) 🎬 #Comedy #Crime #Thriller 🗓 2013 🎞 movie 🌎 #Canada #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Art of the Steal(2013) (အမိုက်စားကားမို့ Blu-Ray 1080p 5.1 CH ပါပြုလုပ်ပေးထားပါတယ်…) ကျွန်တော်တို့ဟာ မကောင်းမှုကို အားပေးတာမျိုးမဟုတ်ပေမဲ့ အမိုက်စား ဘဏ်ဓားပြကားတွေ၊ သူခိုးကားတွေဆိုရင်တော့ အရမ်းသဘောကျတယ်…ဘာလို့ဆိုဒီလိုကားတွေဟာ အချက်အလက်တွေများစွာ အသုံးပြုရသလို ခေတ်မှီနည်းပညာတွေနဲ့ ပါဝင်ဖွဲ့စည်းထားပြီး ဇာတ်လမ်းအစမှအဆုံးထိ စိတ်လှုပ်ရှားရင်ခုန်မှုပေးနိုင်လွန်းလို့ဖြစ်တယ်… ဒီကားထဲမှာလည်း တကယ့်အချီကြီးတွေကိုမှ ခိုးကြလိမ်ကြတာ…ညီအကို(၂)ယောက်ဉီးဆောင်ပြီး အဖွဲ့လေးတစ်ဖွဲ့ရှိတယ်..အချီကြီးတွေမှ သမတာ…ကျွမ်းကျင်မှုကိုယ်စီရှိသလို အဆက်အသွယ်ကောင်းတွေလည်းရှိတယ်… အကိုဖြစ်သူဟာ ခိုးမှုကြောင့်ပဲ ထောင်(၁၀)နှစ်ကျသွားတယ်…အကျင့်တွေပြင်အောင်ထောင်ထဲထည့်လိုက်ပေမဲ့ ထောင်ကထွက်လာပြီးနောက် အချီကြီးပွပေါက်တစ်ခုထပ်တွေ့တဲ့အခါမှာတော့… သူတို့ ဘယ်လိုဆရာကျကျ ခိုးကြမလဲဆိုတာကိုတော့…… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်
...

Nandhan (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Drama 🗓 2024 🎞 movie 🌎 #India ⏰ 1h 50m 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Nandhan 2024 “ကျေးရွာအုပ်ချုပ်ရေးမှူး”IMDb – 8.9/10 အသစ်ထွက်ရှိလာတဲ့ ကျေးလက်အငွေ့အသက်အပြည့်နဲ့ဇာတ်အနိမ့်အမြင့်တွေခွဲခြားခံရတဲ့ အဖိနှိပ်ခံလူတန်းစားတစ်ရပ်ရယ်ရာထူးလိုချင်သူတွေကြားက ပြဿနာတွေ နောက်ပြီးနင်းပြားတွေရဲ့ဘ၀ ဖိနှိပ်ခံရမှုတွေကိုမီးမောင်းထိုးပြထားတဲ့တမီးလ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဗာနန်ဂန်ကူဒီကျေးရွာမှာ ရွာသူကြီးနေရာအတွက် ရွေးကောက်ပွဲလုပ်ဖို့စီစဉ်နေကြပါတယ်။စီစဉ်နေကြပါတယ်လို့ ပြောပေသိ ဆယ်စုနှစ်တစ်ခုလောက်အုပ်စိုးခဲ့တဲ့ဇာတ်မြင့်က ရွာသူကြီး ကိုပူလင်ဂမ်ကပဲဆက်လက်တင်မြှောက်ခံရဖို့များနေပါတယ်။ ဒါပေမဲ့ သတ်မှတ်ချက်တစ်ခုကြောင့် ရွာသူကြီးနေရာ ဝင်အရွေးခံလို့မရတဲ့အချိန်မှာတော့သူ နှိမ်ချပြီး အောက်တန်းစားလို့သတ်မှတ်ထားတဲ့ သူ့အိမ်က အိမ်အကူ ကိုဇ်ပါနန်ကိုရွာသူကြီးနေရာပေးဖို့ ကြံစည်တဲ့အခါမှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...