ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Sisu (2022) ⭐IMDB: 7.3/10 (7 k Votes) 🎬 #Action #War 🗓️ 2022 🎞️ Movie 📺 1080p 🌎 #Finland #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sisu(2022) ********* ဇာတ်ကားနာမည် Sisu ဆိုတာ ဖင်လန် စကားလုံးပါ။ တိုက်ရိုက်တစ်ခွန်းတည်းဘာသာပြန်လို့မရတဲ့ စာလုံးလည်းဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ မဆုတ်မနစ်ဇွဲနပဲကြီးကြီး လုံးဝလက်မလျှော့ဘဲ သဲကြီးမဲကြီးလုပ်တတ်တဲ့သူပါတဲ့။ သမိုင်းနောက်ခံကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီးကာလ ဂျာမန်တွေ ဖင်လန်ကနေ ပြန်ဆုတ်နေချိန်ပါ။ မြေလှန်နည်းကိုသုံးပြီး နာဇီတွေဟာ လမ်းတလျှောက် အရာရာတိုင်းကို ဖျက်ဆီးပြီး ဆုတ်ခွာနေပါပြီ။ ဒါပေမဲ့ နာဇီတပ်ခွဲတစ်ခုကတော့ လမ်းမှာ ကံကောင်းပြီး ရွှေတွေအများကြီးသယ်လာတဲ့ ဘိုးတော်တစ်ယောက်နဲ့တွေ့သွားပါတယ်။ သူ့ဆီက ရွှေတွေကို လုယူလာပြီး သူ့ကိုသတ်ဖို့ကြိုးစားခဲ့ပေမဲ့။ သူတို့တွေ့တဲ့ဘိုးတော်က ဂျွန်ဝစ်ရဲ့အဘိုးအဆင့်လောက်ဖြစ်နေတဲ့အခါ တပ်ခွဲတစ်ခွဲလုံးကို လိုက်သတ်တာကြောင့် ခွေးပြေးဝက်ပြေးပြေးရပါတော့တယ်။ ကျန်တာကတော့ အက်ရှင်အကြမ်းသီးသန့်မို့ အများကြီးပြောစရာမရှိပါဘူး ကြည့်လိုက်ပါဦး။

Behind the Blue Eyes (2023) ⭐IMDB: 7.8/10 (29 Votes) 🎬 #Romance #Comedy #Drama 🗓️ 2023 🎞️ Movie 📺 1080p 🌎 #China #Taiwan ⏰ 1 နာရီ 37 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ငါတို့ရဲ့ ပုံပြင်မှာ ပြီးပြည့်စုံတဲ့ ဇာတ်သိမ်းမရှိပေမဲ့ ငါဒီဘဝမှာနင့်ကို ရှာတွေနိုင်တာ ကံကောင်းမှုကြီးပဲ။ ဒီဇာတ်လမ်းလေးကတော့ကျောက်ရှင်းဟွေ့နဲ့ လင်ဟန့်ချုံးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ကျောက်ရှင်းဟွေ့နဲ့ လင်ဟန့်ချုံးတို့ဟာ ငယ်ငယ်ကတည်းကသူငယ်ချင်းတွေ ဖြစ်ခဲ့ပြီး ရင်ခုန်ခဲ့ကြပါတယ်။ သို့ပေမဲ့ အကွာအဝေးတွေ၊မိသားစုပြဿနာတွေကြောင့် သူတို့နှစ်ယောက်ဟာ အကြိမ်ကြိမ် ခွဲခွါခဲ့ကြရတယ်။ ရှင်းဟွေ့တစ်ယောက် တွေဝေနေချိန်မှာ သူ့ဆီကို ဟန့်ချုံးရဲ့ အသံသွင်းထားတဲ့ကက်ဆက်ခွေလေး ရောက်လာပါတယ်။ ကက်ဆက်ခွေနားထောင်ပြီးနောက်ရှင်းဟွေ့တစ်ယောက် သူ့ရဲ့အချစ်ကို လိုက်ရှာဖို့အတိတ်က မှတ်ဉာဏ်တွေအတိုင်း တစ်ရက်တာ ခရီးထွက်ခဲ့ပါတယ်။ ရှင်းဟွေ့တစ်ယောက် ဟန့်ချုံးကို ရှာတွေ့နိုင်မလား……သူတို့နှစ်ယောက်ရဲ့ ခိုင်မာတဲ့ အချစ်ကရော အခက်အခဲတွေကို ကျော်ဖြတ်နိုင်မလား……ဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ ခံစားကြည့်ရှုလိုက်ပါနော်။

Sisu (2022) ⭐IMDB: 7.3/10 (7 k Votes) 🎬 #Action #War 🗓️ 2022 🎞️ Movie 📺 720p 🌎 #Finland #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sisu(2022) ********* ဇာတ်ကားနာမည် Sisu ဆိုတာ ဖင်လန် စကားလုံးပါ။ တိုက်ရိုက်တစ်ခွန်းတည်းဘာသာပြန်လို့မရတဲ့ စာလုံးလည်းဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ မဆုတ်မနစ်ဇွဲနပဲကြီးကြီး လုံးဝလက်မလျှော့ဘဲ သဲကြီးမဲကြီးလုပ်တတ်တဲ့သူပါတဲ့။ သမိုင်းနောက်ခံကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီးကာလ ဂျာမန်တွေ ဖင်လန်ကနေ ပြန်ဆုတ်နေချိန်ပါ။ မြေလှန်နည်းကိုသုံးပြီး နာဇီတွေဟာ လမ်းတလျှောက် အရာရာတိုင်းကို ဖျက်ဆီးပြီး ဆုတ်ခွာနေပါပြီ။ ဒါပေမဲ့ နာဇီတပ်ခွဲတစ်ခုကတော့ လမ်းမှာ ကံကောင်းပြီး ရွှေတွေအများကြီးသယ်လာတော့ ဘိုးတော်တစ်ယောက်နဲ့တွေ့သွားပါတယ်။ သူ့ဆီက ရွှေတွေကို လုယူလာပြီး သူ့ကိုသတ်ဖို့ကြိုးစားခဲ့ပေမဲ့။ သူတို့တွေ့တဲ့ဘိုးတော်က ဂျွန်ဝစ်ရဲ့အဘိုးအဆင့်လောက်ဖြစ်နေတဲ့အခါ တပ်ခွဲတစ်ခွဲလုံးကို လိုက်သတ်တာကြောင့် ခွေးပြေးဝက်ပြေးပြေးရပါတော့တယ်။ ကျန်တာကတော့ အက်ရှင်အကြမ်းသီးသန့်မို့ အများကြီးပြောစရာမရှိပါဘူး ကြည့်လိုက်ပါဦး။

Wetlands (2013) ⭐IMDB: 5.8/10 (12 k Votes) 🎬 #Comedy #Drama 🗓️ 2013 🎞️ Movie 📺 720p 🌎 #Germany ⏰ 1 နာရီ 50 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းထဲမှာတော့ ထူးခြားတဲ့ ၁၈နှစ်အရွယ် ဟယ်လင် ဆိုတဲ့ ကောင်မလေးက သူ့ဇာတ်ကြောင်းလေးကို ပြန်ပြော ပြပေးနေတာပါ။ ငယ်ငယ်လေးတည်းက မိဘအုပ်ထိန်းမှုတွေ ထူးဆန်းတာရယ်၊ မိဘတွေ အဆင်မပြေဖြစ်တာတွေ ရန်ဖြစ် တာတွေ နောက်ဆုံးကွာရှင်းတာအထိ ကြုံတွေ့ဖူးထားတာရယ်နဲ့ အခု ဟယ်လင်တစ်ယောက်ဟာ တကယ်ကို ထူးထူးခြားခြား နေထိုင်နေသူဖြစ်ပါတယ် (မိုက်မိုက်ရူးရူးနေတယ်လို့ပြောရင် ပိုမှန်မလား)။ သူ့ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုအပေါ်မှာ မသန့်ရှင်းတဲ့ အရာတွေနဲ့ စမ်းသပ်မှုတွေလုပ်နေပြီး ဆယ်ကျော်သက်လေး တစ်ယောက်ဖြစ်သည့်အလျောက် သူ့ရဲ့လိင်ပိုင်းဆိုင်ရာအပေါ်မှာလည်း ပုံမှန်လူတွေနဲ့မတူတဲ့ သဘောထားတွေ ရှိတဲ့သူပါ။ သူ့မှာ လိပ်ခေါင်း ရောဂါလည်းရှိပြီး တစ်နေ့တော့ အမွေးရိတ်တာကနေ anal fissure လို့ခေါ်တဲ့ စအိုကအရေးပြားမှာ ပေါက်သွားပြီး ဆေးရုံရောက်သွားတယ်။ ဆေးရုံမှာ သူ့မိဘတွေအတူ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ကြိုးစားတာတွေ၊ သူ့ရဲ့ သူနာပြုကောင်လေး ရော်ဘင်ကို ချစ်မိသွားတာလေးတွေ ကြည့်ရှုရမှာပါ။ ဒီဇာတ်လမ်းဟာ 2008 ခုနှစ်တုန်းက ဂျာမနီမှာ ထုတ်ဝေခဲ့တဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို “စာအုပ်တစ်အုပ်အနေနဲ့ဖတ်ဖို့ရော ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ရော ကြည့်ရှုဖို့က မသင့်တော်ပါဘူး၊ ဝမ်းနည်းဖွယ်ရာလူ့အဖွဲ့အစည်းရဲ့ ရောင်ပြန်သက်သက်ပြသခြင်းဖြစ်ပါတယ်”တဲ့။ ညစ်ညမ်းမှုတွေ လိင်အသားပေးမှုတွေနဲ့ မိဘတွေကို ပြန်လည်ပေါင်းစည်းပေးချင်တဲ့ ဆယ်ကျော်သက်လေးအကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ ပုံမှန်လူ့အဖွဲ့အစည်းမှာ တွေ့ရခဲတဲ့ ဆယ်ကျော်သက်လေးအကြောင်းကို “အို ဘယ်လိုကြီးလဲ …. Omg“ ဒါမျိုးတပြီး ကြည့်ရမယ့် ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ (လိင်အသားပေးမှုများတာကြောင့် ၁၈နှစ်အောက် ကလေးများ ကြည့်ရှုရန်မသင့်တော်ပါ၊ မိဘများနဲ့ ကြည့်ရှုရန်မသင့်တော်ပါ။ ဒီဇာတ်လမ်းထဲမှ ကျန်းမာရေးနဲ့မညီညွှတ်သည့်အကြောင်းအရာ များကို တုပလုပ်ဆောင်ရန် မသင့်တော်ပါ။) ( ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသူက Orika ဖြစ်ပါတယ် )

Wetlands (2013) ⭐IMDB: 5.8/10 (12 k Votes) 🎬 #Comedy #Drama 🗓️ 2013 🎞️ Movie 📺 1080p 🌎 #Germany ⏰ 1 နာရီ 50 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းထဲမှာတော့ ထူးခြားတဲ့ ၁၈နှစ်အရွယ် ဟယ်လင် ဆိုတဲ့ ကောင်မလေးက သူ့ဇာတ်ကြောင်းလေးကို ပြန်ပြော ပြပေးနေတာပါ။ ငယ်ငယ်လေးတည်းက မိဘအုပ်ထိန်းမှုတွေ ထူးဆန်းတာရယ်၊ မိဘတွေ အဆင်မပြေဖြစ်တာတွေ ရန်ဖြစ် တာတွေ နောက်ဆုံးကွာရှင်းတာအထိ ကြုံတွေ့ဖူးထားတာရယ်နဲ့ အခု ဟယ်လင်တစ်ယောက်ဟာ တကယ်ကို ထူးထူးခြားခြား နေထိုင်နေသူဖြစ်ပါတယ် (မိုက်မိုက်ရူးရူးနေတယ်လို့ပြောရင် ပိုမှန်မလား)။ သူ့ရဲ့တစ်ကိုယ်ရည်သန့်ရှင်းမှုအပေါ်မှာ မသန့်ရှင်းတဲ့ အရာတွေနဲ့ စမ်းသပ်မှုတွေလုပ်နေပြီး ဆယ်ကျော်သက်လေး တစ်ယောက်ဖြစ်သည့်အလျောက် သူ့ရဲ့လိင်ပိုင်းဆိုင်ရာအပေါ်မှာလည်း ပုံမှန်လူတွေနဲ့မတူတဲ့ သဘောထားတွေ ရှိတဲ့သူပါ။ သူ့မှာ လိပ်ခေါင်း ရောဂါလည်းရှိပြီး တစ်နေ့တော့ အမွေးရိတ်တာကနေ anal fissure လို့ခေါ်တဲ့ စအိုကအရေးပြားမှာ ပေါက်သွားပြီး ဆေးရုံရောက်သွားတယ်။ ဆေးရုံမှာ သူ့မိဘတွေအတူ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ကြိုးစားတာတွေ၊ သူ့ရဲ့ သူနာပြုကောင်လေး ရော်ဘင်ကို ချစ်မိသွားတာလေးတွေ ကြည့်ရှုရမှာပါ။ ဒီဇာတ်လမ်းဟာ 2008 ခုနှစ်တုန်းက ဂျာမနီမှာ ထုတ်ဝေခဲ့တဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို “စာအုပ်တစ်အုပ်အနေနဲ့ဖတ်ဖို့ရော ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ရော ကြည့်ရှုဖို့က မသင့်တော်ပါဘူး၊ ဝမ်းနည်းဖွယ်ရာလူ့အဖွဲ့အစည်းရဲ့ ရောင်ပြန်သက်သက်ပြသခြင်းဖြစ်ပါတယ်”တဲ့။ ညစ်ညမ်းမှုတွေ လိင်အသားပေးမှုတွေနဲ့ မိဘတွေကို ပြန်လည်ပေါင်းစည်းပေးချင်တဲ့ ဆယ်ကျော်သက်လေးအကြောင်းကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ ပုံမှန်လူ့အဖွဲ့အစည်းမှာ တွေ့ရခဲတဲ့ ဆယ်ကျော်သက်လေးအကြောင်းကို “အို ဘယ်လိုကြီးလဲ …. Omg“ ဒါမျိုးတပြီး ကြည့်ရမယ့် ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ (လိင်အသားပေးမှုများတာကြောင့် ၁၈နှစ်အောက် ကလေးများ ကြည့်ရှုရန်မသင့်တော်ပါ၊ မိဘများနဲ့ ကြည့်ရှုရန်မသင့်တော်ပါ။ ဒီဇာတ်လမ်းထဲမှ ကျန်းမာရေးနဲ့မညီညွှတ်သည့်အကြောင်းအရာ များကို တုပလုပ်ဆောင်ရန် မသင့်တော်ပါ။) ( ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသူက Orika ဖြစ်ပါတယ် )

How I Live Now (2013) ⭐IMDB: 6.4/10 (31 k Votes) 🎬 #Action #Adventure #Drama #Thriller #War #Romance #SciFi 🗓️ 2013 🎞️ Movie 📺 1080p 🌎 #UnitedKingdom #Canada ⏰ 1 နာရီ 42 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မွေးကတည်းက အမေဖြစ်သူဆုံးသွားပြီး အဖေဖြစ်သူကလည်း ဂရုမစိုက်တာကြောင့် အမေ့ရဲ့အမျိုးဖြစ်တဲ့ ဗြိတိန်က အဒေါ်တွေဆီမှာ နွေရာသီပိတ်ရက်အတွင်း လာနေတဲ့ အမေရိကန်လူမျိုး ဒေစီ… ငယ်စဉ်ကတည်းက သူနားကလူတိုင်း သူ့ကြောင့်ဒုက္ခရောက်ရ တယ်ဆိုတဲ့ စိတ်အစွဲနဲ့ ဒေစီက အဒေါ်‌တို့မိသားစုနဲ့လည်း ကင်းကင်းရှင်းရှင်းပဲနေပါတယ်..‌ တစ်နေ့မှာ အဒေါ်ဖြစ်သူက ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်ပြီး ဂျနီဗာမြို့ကို ခရီးထွက်ရမှာမို့လို့ သူငယ်ချင်းဖြစ်သူကို ကိုယ်စား စောင့်ရှောက်ပေးဖို့ အပ်ခဲ့ပါတယ်။ အဒေါ့်သူငယ်ချင်းဖြစ်သူ မရောက်ခင်မှာ ဗုံးပေါက်ကွဲပြီး စစ်စဖြစ်ပါတော့တယ်.. စစ်အတွင်းမှာ ဒေစီတို့ မောင်နှမလေးယောက် ဘယ်လိုတွေဖြစ်မလဲ၊ ဒေစီ တစ်ယောက် ဘယ်လိုတွေ ပြောင်းလဲလာမလဲ ဆိုတာကို ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှူလိုက်ကြရအောင်ပါနော်.. ဒီကားထဲမှာ စစ်ဖြစ်တာတွေ ပါတယ်ဆိုပေမယ့် လုံးဝ ပျင်းစရာမကောင်းဘဲ အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ကားလေးဖြစ်လို့ မလွတ်တမ်းကြည့်ရှူသင့်တဲ့ ဇာတ်ကားလေးတစ်ခုပဲဖြစ်ပါတယ်..

How I Live Now (2013) ⭐IMDB: 6.4/10 (31 k Votes) 🎬 #Action #Adventure #Drama #Thriller #War #Romance #SciFi 🗓️ 2013 🎞️ Movie 📺 720p 🌎 #UnitedKingdom #Canada ⏰ 1 နာရီ 42 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မွေးကတည်းက အမေဖြစ်သူဆုံးသွားပြီး အဖေဖြစ်သူကလည်း ဂရုမစိုက်တာကြောင့် အမေ့ရဲ့အမျိုးဖြစ်တဲ့ ဗြိတိန်က အဒေါ်တွေဆီမှာ နွေရာသီပိတ်ရက်အတွင်း လာနေတဲ့ အမေရိကန်လူမျိုး ဒေစီ… ငယ်စဉ်ကတည်းက သူနားကလူတိုင်း သူ့ကြောင့်ဒုက္ခရောက်ရ တယ်ဆိုတဲ့ စိတ်အစွဲနဲ့ ဒေစီက အဒေါ်‌တို့မိသားစုနဲ့လည်း ကင်းကင်းရှင်းရှင်းပဲနေပါတယ်..‌ တစ်နေ့မှာ အဒေါ်ဖြစ်သူက ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်ပြီး ဂျနီဗာမြို့ကို ခရီးထွက်ရမှာမို့လို့ သူငယ်ချင်းဖြစ်သူကို ကိုယ်စား စောင့်ရှောက်ပေးဖို့ အပ်ခဲ့ပါတယ်။ အဒေါ့်သူငယ်ချင်းဖြစ်သူ မရောက်ခင်မှာ ဗုံးပေါက်ကွဲပြီး စစ်စဖြစ်ပါတော့တယ်.. စစ်အတွင်းမှာ ဒေစီတို့ မောင်နှမလေးယောက် ဘယ်လိုတွေဖြစ်မလဲ၊ ဒေစီ တစ်ယောက် ဘယ်လိုတွေ ပြောင်းလဲလာမလဲ ဆိုတာကို ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှူလိုက်ကြရအောင်ပါနော်.. ဒီကားထဲမှာ စစ်ဖြစ်တာတွေ ပါတယ်ဆိုပေမယ့် လုံးဝ ပျင်းစရာမကောင်းဘဲ အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ကားလေးဖြစ်လို့ မလွတ်တမ်းကြည့်ရှူသင့်တဲ့ ဇာတ်ကားလေးတစ်ခုပဲဖြစ်ပါတယ်..

The SZN (2023) ⭐IMDB: 4.3/10 (26 Votes) 🎬 #Crime #Drama #TVMovie 🗓️ 2023 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 30 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The SZN(2023) ************** ရိုမန် ပယ်ရီဟာ ဖခင်ဖြစ်သူရဲ့မာနကြီးမှုတွေ စိတ်ကြီးဝင်မှုတွေကြောင့် မိသားစုကိုမုန်းတီးနေသူပါ။ဘယ်လောက်ထိ မုန်းတီးနေလဲဆို အလုပ်ကလူတိုင်းကို မိဘတွေဟာ ကားမတော်တဆမှုကြောင့်သေသွားပြီ၊ သူဟာ တစ်ဦးတည်းသောသားပါလို့ လိမ်ညာထားသူပါ။မွေးချင်း မောင်နှမတွေဖြစ်တဲ့ လန်ဒန် အဗ်ဗာရိုစ်တို့နဲ့လည်း အဆက်အသွယ်ဖြတ်ကာ အလုပ်ကိုသာကြိုးစားနေခဲ့ပါတယ်။တစ်နေ့ကျတော့ သူ့အလုပ်ရုံးခန်းဆီ လူတစ်ယောက်ရောက်လာပြီး သူ့အစ်ကိုဖြစ်သူ အဗ်ဗာရိုစ်ရဲ့ ရာဇဝတ်မှုအ‌ကြောင်းလာပြောပါတော့တယ်။မိသားစုအကြောင်းလိမ်ညာထားသူဖြစ်ပေမယ့်လည်း သွေးသားတော်စပ်တဲ့အစ်ကိုဖြစ်သူက ပြဿနာရှာထားပြီဆိုတော့ ကယ်တင်ဖို့အကြောင်းဖန်လာရပါပြီ။ဒါပေမဲ့ ဒီပြဿနာဟာ ရိုမန် ပယ်ရီကို ရည်ရွယ်ပြီးအကွက်ဆင်ထားတဲ့ သူ့အစ်ကိုရဲ့လက်ချက်ဖြစ်နေတဲ့အခါမှာတော့…..ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ မှန်းလို့မရတဲ့ plotတွေအကြားကြည့်ရှုရမယ့် မိသားစုအရှုပ်တော်ပုံ ဇာတ်ကားပဲဖြစ်ပါတယ်။

Saani Kaayidham (2022) ⭐IMDB: 7.5/10 (4 k Votes) 🎬 #Action #Bollywood #Crime #Drama #Romance 🗓️ 2022 🎞️ Movie 📺 1080p 🌎 #India ⏰ 2 နာရီ 17 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Saani Kaayidham 2022 ဒဏ်ရာတွေကပျောက်ကွယ်သွားနိုင်တယ် မှတ်ဉာဏ်တွေကလည်း‌အရောင်မှိန်သွားနိုင်ပေမယ့်ဒီနာကျင်မှုကတော့ ဘယ်တော့မှပျောက်မသွားဘူး.. ဒီတစ်ခါမှာတော့ IMDb 7.7ရရှိထားပြီး ဖြစ်ရပ်မှန်လူကြိုက်များခဲ့တဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးထားပါတယ် အထက်လူကြီးနဲ့ အခက်မသင့်ဘဲအလုပ်ထွက်လာခဲ့တဲ့ယောကျာ်းဖြစ်သူမာရီအား ပွန်နီကအထက်လူကြီးကိုပြန်တောင်းပန်ဖို့ကြိုးစားခိုင်းပေမယ့်ကိစ္စတွေကစီစဉ်ထားသလိုဖြစ်မလာဘဲ လူကြီးရဲ့မျက်နှာကိုတံတွေးနဲ့ထွေးလိုက်မိပါတယ် ဒါကိုအထက်ကရန်ငြိုးထားပြီးသူတို့မိသားစုကိုပြန်ကလဲ့စားချေပါတော့တယ်ပွန်နီကိုမုဒိမ်းကျင့် ယောကျာ်းနဲ့သမီးဖြစ်သူကိုအရှင်လတ်လတ်မီးရှို့ပြီးရက်ရက်စက်စက်သတ်ပစ်ခဲ့ပါတယ် ပွန်နီကတခြားသူမဟုတ်ဘဲ ရဲမေပါ ဒါပေမယ့် ရဲဌာနကလည်းပွန်နီ့ဘက်မှာရှိမနေခဲ့ပါဘူး ဒီကိစ္စအမှန်အတိုင်းပေါ်သွားခဲ့ရင်ရဲဌာနသိက္ခာကျတယ်ဆိုပြီး ဖုံးဖိထားခိုင်းခဲ့ပါတယ်။ ရာထူး ပိုက်ဆံ အင်အားတစ်ခုမရှိတဲ့ပွန်နီတို့ကိုအဖက်ဖက်ကဖိအားပေးလာခဲ့ပါတယ် ဒါ့အပြင်ရာထူးမြင့်လူတစ်ယောက်ရဲ့အကူအညီနဲ့မုဒိမ်းကောင်တွေလွတ်သွားတဲ့အခါမှာတော့….. ပွန်နီတစ်ယောက် ဘယ်လိုလက်စားချေမလဲ အမှန်တရားကအနိုင်ရမှာလားဆိုတာအားရပါးရကြည့်ရှုရမှာဖြစ်ပါတယ် ဒီကားကသွေးသံရဲရဲနဲ့သတ်ခန်းဖြတ်ခန်းတွေပါတာကြောင့်လူသတ်ကားကြိုက်တဲ့ပရိတ်သတ်ကြီးတို့အတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ရှင်

Rudhran (2023) ⭐IMDB: 5.0/10 (445 Votes) 🎬 #Action #Bollywood #Drama #Thriller 🗓️ 2023 🎞️ Movie 📺 720p 🌎 #India ⏰ 2 နာရီ 28 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rudhran (2023)IMDb 5.1 ယခုတစ်ခါတင်ဆက်ပေးမှာကတော့ ရုံကားလည်းဖြစ် ရုံတင်ငွေကလည်းကုဋေ၂၀လောက်ပြန်ရခဲ့တဲ့ အပျင်းပြေအနေနဲ့ ကြည့်ရှုဖို့သင့်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း….ဘွန်မီဆိုတာက ဂိုဏ်းခေါင်းဆောင်တစ်ယောက် သူ့ကိုဆန့်ကျင်တဲ့လူရှိရင်တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ သတ်ပစ်တတ်တဲ့လူ ဒီလူ့မှာတော့ သူချစ်ရတဲ့ညီဆာရှီဆိုတာရှိပါတယ် တစ်နေ့ သူ့ညီဆာရှီက အသတ်ခံလိုက်ရတော့ ဘွန်မီ့တစ်ယောက်ယူကြုံးမရတွေဖြစ်ပြီး တရားခံကိုအားကုန်သုံးကာ မြေလှန်ရှာပါတော့တယ် … ရူဒရန်ကတော့ ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေတဲ့ကောင်လေး သူ့ကိုချစ်ပေးတဲ့မိသားစုသူငယ်ချင်းနဲ့ လိုလေသေးမရှိတဲ့လူပေါ့ အချိန်တန်ရင် အလုပ်သွား လစာထုတ်သောက်စားပျော်ပါးနေတတ်တဲ့ကောင်လေးက ဘွန်မီ့ညီကိုသတ်မိတဲ့ တရားခံဖြစ်နေခဲ့ပါတယ်ဒါကဘာကြောင့်ဖြစ်နိုင်မလဲ အကုန်ကြောက်ရတဲ့ ဘွန်မီနဲ့မှ သွားပတ်သက်မိလေတော့ သူ့ဘဝရော အရင်လိုအေးချမ်းနိုင်ပါ့မလား ရှေ့တစ်ခန်းနှစ်ခန်းနဲ့ ပေါကားလို့ အဆုံးဖြတ်မစောဘဲ ဇာတ်လမ်းအလှည့်အပြောင်းကို စောင့်ကြည့်ခံစားကြပါဦး

Rudhran (2023) ⭐IMDB: 5.0/10 (445 Votes) 🎬 #Action #Bollywood #Drama #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 2 နာရီ 28 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rudhran (2023)IMDb 5.1 ယခုတစ်ခါတင်ဆက်ပေးမှာကတော့ ရုံကားလည်းဖြစ် ရုံတင်ငွေကလည်းကုဋေ၂၀လောက်ပြန်ရခဲ့တဲ့ အပျင်းပြေအနေနဲ့ ကြည့်ရှုဖို့သင့်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း….ဘွန်မီဆိုတာက ဂိုဏ်းခေါင်းဆောင်တစ်ယောက် သူ့ကိုဆန့်ကျင်တဲ့လူရှိရင်တွေ့ရာသင်္ချိုင်းဓားမဆိုင်းဘဲ သတ်ပစ်တတ်တဲ့လူ ဒီလူ့မှာတော့ သူချစ်ရတဲ့ညီဆာရှီဆိုတာရှိပါတယ် တစ်နေ့ သူ့ညီဆာရှီက အသတ်ခံလိုက်ရတော့ ဘွန်မီ့တစ်ယောက်ယူကြုံးမရတွေဖြစ်ပြီး တရားခံကိုအားကုန်သုံးကာ မြေလှန်ရှာပါတော့တယ် … ရူဒရန်ကတော့ ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေတဲ့ကောင်လေး သူ့ကိုချစ်ပေးတဲ့မိသားစုသူငယ်ချင်းနဲ့ လိုလေသေးမရှိတဲ့လူပေါ့ အချိန်တန်ရင် အလုပ်သွား လစာထုတ်သောက်စားပျော်ပါးနေတတ်တဲ့ကောင်လေးက ဘွန်မီ့ညီကိုသတ်မိတဲ့ တရားခံဖြစ်နေခဲ့ပါတယ်ဒါကဘာကြောင့်ဖြစ်နိုင်မလဲ အကုန်ကြောက်ရတဲ့ ဘွန်မီနဲ့မှ သွားပတ်သက်မိလေတော့ သူ့ဘဝရော အရင်လိုအေးချမ်းနိုင်ပါ့မလား ရှေ့တစ်ခန်းနှစ်ခန်းနဲ့ ပေါကားလို့ အဆုံးဖြတ်မစောဘဲ ဇာတ်လမ်းအလှည့်အပြောင်းကို စောင့်ကြည့်ခံစားကြပါဦး

I'll Be Watching (2023) ⭐IMDB: 3.7/10 (225 Votes) 🎬 #Sci-Fi #Thriller #ScienceFiction #Horror #SciFi 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 37 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 I’ll be watching (2023) သင့်ကို လူတစ်ယောက်ကအမြဲစောင့်ကြည့်နေတယ်လို့ တွေးမိကြဖူးလား???အဲ့လိုသာဆို တကယ်ကျောချမ်းစရာကြီးပါ။အဲ့လိုလူတွေကို လိုက်ချောင်းတတ်တဲ့ကောင်လေး ဇူဇူတောင် လျော်ကြေးတွေတော်တော်ပေးလိုက်ရပါသေးတယ်။ကျွန်တော်တို့ မဖတ်ဘဲ ကျော်ကျော်သွားတဲ့ Privacy and Terms တွေလိုပေါ့ဟိုက ကိုယ့်ရဲ့ Gallery Contacts Folder ကိုဝင်ခွင့်ရသွားတာမျိုးပေါ့။ခုနောက်ပိုင်း AI တွေကလဲပိုဆိုးလာကြပါပြီ> တွေးတောဆင်ဉာဏ်ကိုပါ လုပ်ဆောင်နိုင်ဖို့ နီးစပ်လာနေပါပြီ။အီလွန်မက်ကြီးပြောသလိုပေါ့AI တွေက Nuke တွေထက်ပိုကြောက်ဖို့ကောင်းတယ်ဆိုတာလေ။ ခုလဲ ၂၀၂၃ ထွက် Thriller အမျိုးအစား I’ll be Watching ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်း အကျဉ်းလေးကတော့ မားကပ်စ်နဲ့ ဂျုလီဆိုတဲ့ လင်မယားစုံတွဲ တစ်တွဲရှိပါတယ်။ယောကျာ်းကတော့ အိုင်တီပညာရှင်ပေါ့ မိန်းမက နာမည်ကြီးပန်းချီဆရာမ သူတို့ဘဝကြီးက အရာရာအေးချမ်းနေခဲ့တာ။တစ်နေ့ သူ့တို့အိမ်ထဲ ဖောက်ဝင်လာသူက သူ့အစ်မကို သတ်သွားရာကလေ Truama တွေရပြီး မြို့နဲ့ဝေးတဲ့ ဆိတ်ငြိမ်ရပ်ကွက်ကို ပြောင်းသွားကြပါတယ်။သူ့မိန်းမကို စိတ်မချလို့ဆိုပြီး ယောကျာ်းဖြစ်သူက သူကိုယ်တိုင်ထွင်ထားတဲ့ AI နဲ့ အိမ်ရဲ့လုံခြုံရေးစနစ်တွေကို သေချာအောင်လုပ်ထားတာပေါ့။ဒါပေမဲ့ အိမ်ကိုဖောက်ဝင်လာသူကလဲ မြင့်လှပါတဲ့ လုံခြုံရေးစနစ်ကို ကျော်ပြီး ဝင်လာပါတယ်။ဒီအိမ်ဖောက်တဲ့သူက ဘယ်သူလဲ ဘာအတွက်လဲ ဘာကြောင့်လဲ။သူ ဘယ်လို လုံခြုံရေးစနစ် ကိုကျော်ဝင်လာလဲဆိုတာ မထင်မှတ်ထားတဲ့ ဇာတ်ကွက် မြုပ်ကွက်တွေနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။

Fatal Witness (2023) ⭐IMDB: 3.0/10 (17 Votes) 🎬 #Crime #Thriller #Drama 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 11 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Fatal Witness(2023) ****************** ဒီတစ်ခါတော့ Thriller, crime ကြိုက်တဲ့လူတွေအတွက်ပါဇာတ်လမ်းကတော့ Jackson strangler လို့ခေါ်တဲ့ လူသတ်သမားကိုရှာတာကနေ စထားပါတယ်။ ကွင်းဆက်လူသတ်သမားတွေရဲ့ထုံးစံအတိုင်း သူသတ်ခဲ့တဲ့လူတိုင်းရဲ့ လည်ပင်းမှာ တူညီတဲ့ကြိုးနဲ့ ပတ်ထားလေ့ရှိပါတယ်။စုံထောက်ရဲဖြစ်တဲ့ Rashaad Williams ကတော့ ဒီအမှုကိုကိုင်ရတဲ့သူပေါ့။ တစ်နေ့တော့ သူ့မိန်းမရဲ့ညီမပါ အသတ်ခံလိုက်ရပါတော့တယ်။ အဲ့ကနေ ဒီအမှုကို ဘယ်လိုတွေကိုင်တွယ်ဖြေရှင်းသွားကြမလဲဆိုတာကတော့ ရုပ်ရှင်ကြည့်ရင်း ရှူစားလိုက်ကြပါ

Hustlter vs Scammer (2023) ⭐⁉️ 🎬 #Comedy #Drama 🗓️ 2023 🎞️ Movie 📺 720p 🌎 #⁉️ ⏰ 1 နာရီ 52 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hustler vs Scammer (2023) “ကလိမ်စေ့ ငြမ်းဆင်” တို့ “ခေါင်းတုံးပေါ်ထိပ်ကွက်” တို့ စကားလုံးတွေကြားဖူးကြမှာပါအဲ့လိုစကားလုံးတွေနဲ့ လိုက်ဖက်တဲ့ လူလိမ်ကားမျိုးလေး သဘောကျတတ်ရင်တော့ဒီကားလေးက မိတ်ဆွေတို့အတွက် အပန်းပြေကြည့်ကို ကြည့်သင့်တဲ့ကားလေးပါပဲ။ဒါ့အပြင် ကိုယ်တွေနဲ့လဲ ယဉ်ကျေးမှုသိပ်မဝေးတဲ့ ဗီယက်နမ်ကားလေးဆိုတော့ ကြည့်ရတာ တော်တော်လေးကို အဆင်ပြေပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ခိုအာ ဆိုတဲ့ Low Level လူလိမ်လေးတစ်ယောက်ဟာလမ်းကြိုလမ်းကြားတွေမှာ တစ်ပြားနှစ်ပြားလောက်လိမ်တဲ့ကောင်ပေါ့။ စိတ်ထားလေးကလဲ မဆိုးရှာဘူးလေ။တစ်နေ့တော့ သူ့ထက်မြင့်တဲ့ Medium Level လူလိမ်တစ်စုနဲ့ ဆုံပြီး လိမ်လည်မှု အတတ်ပညာရပ်တွေ သင်ရင်းကသူတို့သွားမလိမ်သင့်တဲ့ အလှကုန်တွေ ရောင်းတဲ့ မမကြီး တစ်ယောက်ကို သွားလိမ်မိရာကနေဘယ်လိုအရှုပ်အရှင်းတွေနဲ့ တွေ့ရပြီး ဘယ်လိုတွေဖြေရှင်းကြမလဲဆိုတာဇာတ်လမ်းသွားလှည့်ကွက်လေးတွေနဲ့ စိတ်ဝင်တစားကြည့်ရှုရမဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။

Hustlter vs Scammer (2023) ⭐⁉️ 🎬 #Comedy #Drama 🗓️ 2023 🎞️ Movie 📺 1080p 🌎 #⁉️ ⏰ 1 နာရီ 52 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Hustler vs Scammer (2023) “ကလိမ်စေ့ ငြမ်းဆင်” တို့ “ခေါင်းတုံးပေါ်ထိပ်ကွက်” တို့ စကားလုံးတွေကြားဖူးကြမှာပါအဲ့လိုစကားလုံးတွေနဲ့ လိုက်ဖက်တဲ့ လူလိမ်ကားမျိုးလေး သဘောကျတတ်ရင်တော့ဒီကားလေးက မိတ်ဆွေတို့အတွက် အပန်းပြေကြည့်ကို ကြည့်သင့်တဲ့ကားလေးပါပဲ။ဒါ့အပြင် ကိုယ်တွေနဲ့လဲ ယဉ်ကျေးမှုသိပ်မဝေးတဲ့ ဗီယက်နမ်ကားလေးဆိုတော့ ကြည့်ရတာ တော်တော်လေးကို အဆင်ပြေပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ခိုအာ ဆိုတဲ့ Low Level လူလိမ်လေးတစ်ယောက်ဟာလမ်းကြိုလမ်းကြားတွေမှာ တစ်ပြားနှစ်ပြားလောက်လိမ်တဲ့ကောင်ပေါ့။ စိတ်ထားလေးကလဲ မဆိုးရှာဘူးလေ။တစ်နေ့တော့ သူ့ထက်မြင့်တဲ့ Medium Level လူလိမ်တစ်စုနဲ့ ဆုံပြီး လိမ်လည်မှု အတတ်ပညာရပ်တွေ သင်ရင်းကသူတို့သွားမလိမ်သင့်တဲ့ အလှကုန်တွေ ရောင်းတဲ့ မမကြီး တစ်ယောက်ကို သွားလိမ်မိရာကနေဘယ်လိုအရှုပ်အရှင်းတွေနဲ့ တွေ့ရပြီး ဘယ်လိုတွေဖြေရှင်းကြမလဲဆိုတာဇာတ်လမ်းသွားလှည့်ကွက်လေးတွေနဲ့ စိတ်ဝင်တစားကြည့်ရှုရမဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။

Ivy (2015) ⭐IMDB: 7.9/10 (13 k Votes) 🎬 #Drama #Fantasy #Thriller 🗓️ 2015 🎞️ Movie 📺 720p 🌎 #Turkey #Germany ⏰ 1 နာရီ 40 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sarmasik(2015) ************** ၂၀၁၅ ခုနှစ်မှာထွက်ရှိထားတဲ့ ဆုတံဆိပ်အောင်မြင်မှုများနဲ့ IMDb 7.9/10 အထိရရှိထားပြီး Sarmasil(IVY)ဆိုတဲ့သင်္ဘောပေါ်က ပရိပက္ခတွေပြဿနာတွေအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ IVY ဆိုတဲ့သင်္ဘောဟာ အီဂျစ်မှာကုန်အတင်အချလုပ်ပြီး အန်ဂိုလာကိုပို့ဖို့ရည်ရွယ်ခုတ်မောင်းခဲ့ပါတယ်။ ဒါပေမယ့် အဲ့လိုသွားနေတုန်းမှာပဲ သင်္ဘောရဲ့ပိုင်ရှင်တွေဟာသင်္ဘောသားတွေကို လစာမပေးနိုင်တဲ့အပြင် ကုမ္ပဏီပါဒေဝါလီခံသွားရပါတယ်။ အီဂျစ်ကိုရောက်တဲ့အခါမှာလည်း ပိုင်ဆိုင်မှုပြဿနာတွေကြောင့် သင်္ဘောသားတွေဟာ ကမ်းပေါ်ကိုတက်လို့မရဘဲပိုင်ရှင်ကဖြေရှင်းပေးမှာကိုစောင့်ကြရပါတော့တယ်။ အဲ့လိုစောင့်နေရင်း ရက်တွေလတွေ ကြာလာပြီး ရိက္ခာတွေကုန်သလောက်ဖြစ်လာတဲ့အခါမှာတော့…

Ivy (2015) ⭐IMDB: 7.9/10 (13 k Votes) 🎬 #Drama #Fantasy #Thriller 🗓️ 2015 🎞️ Movie 📺 1080p 🌎 #Turkey #Germany ⏰ 1 နာရီ 40 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sarmasik(2015) ************** ၂၀၁၅ ခုနှစ်မှာထွက်ရှိထားတဲ့ ဆုတံဆိပ်အောင်မြင်မှုများနဲ့ IMDb 7.9/10 အထိရရှိထားပြီး Sarmasil(IVY)ဆိုတဲ့သင်္ဘောပေါ်က ပရိပက္ခတွေပြဿနာတွေအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ IVY ဆိုတဲ့သင်္ဘောဟာ အီဂျစ်မှာကုန်အတင်အချလုပ်ပြီး အန်ဂိုလာကိုပို့ဖို့ရည်ရွယ်ခုတ်မောင်းခဲ့ပါတယ်။ ဒါပေမယ့် အဲ့လိုသွားနေတုန်းမှာပဲ သင်္ဘောရဲ့ပိုင်ရှင်တွေဟာသင်္ဘောသားတွေကို လစာမပေးနိုင်တဲ့အပြင် ကုမ္ပဏီပါဒေဝါလီခံသွားရပါတယ်။ အီဂျစ်ကိုရောက်တဲ့အခါမှာလည်း ပိုင်ဆိုင်မှုပြဿနာတွေကြောင့် သင်္ဘောသားတွေဟာ ကမ်းပေါ်ကိုတက်လို့မရဘဲပိုင်ရှင်ကဖြေရှင်းပေးမှာကိုစောင့်ကြရပါတော့တယ်။ အဲ့လိုစောင့်နေရင်း ရက်တွေလတွေ ကြာလာပြီး ရိက္ခာတွေကုန်သလောက်ဖြစ်လာတဲ့အခါမှာတော့…

Anthropoid (2016) ⭐IMDB: 7.2/10 (51 k Votes) 🎬 #Action #Biography #Drama #History #Thriller #War #Romance 🗓️ 2016 🎞️ Movie 📺 720p 🌎 #UnitedKingdom #France #UnitedStates #CzechRepublic #Czechia #UnitedStatesofAmerica ⏰ 2 နာရီ 1 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Anthropoid(2016) ***************** ၁၉၃၈ခုနှစ် စက်တင်ဘာလမှာ ပြင်သစ်၊အီတလီ၊ဗြိတိန်မှ ခေါင်းဆောင်များနှင့် အက်ဒ်ဒေါဖ့် ဟစ်တလာဟာ မြူးနစ်မြို့၌ ညီလာခံတစ်ခုကျင်းပခဲ့ကြပါတယ်။အဆိုပါ ညီလာခံမှာ ချက်ကိုစလိုဗားကီးယားကို ဂျာမဏီလက်သို့မအပ်ပါက အိမ်နီးချင်းနိုင်ငံများတွင် စစ်ဖြစ်လာနိုင်ကြောင်း ဟစ်တလာက ခြိမ်းခြောက်တယ်။ဂျာမဏီကိုရင်ဆိုင်ရန် မဟာမိတ်မရှိသေးတဲ့ ချက်ကိုစလိုဗားကီးယားဟာ အသာတကြည်လက်နက်ချခဲ့ရပြီး ဂျာမဏီဟာ သေနတ်ကျည်တစ်ချက်မျှ မဖောက်ရဘဲ ချက်ကိုစလိုဗားကီးယားကို သိမ်းပိုက်သွားပါတယ်။သို့ပေမဲ့ နာဇီအုပ်ချုပ်မှု ဆန့်ကျင်သူများကတော့ ဆက်လက်ခုခံတော်လှန်နေကြပြီး ဟစ်တလာက ထိုသူတွေကိုချေမှုန်းဖို့ ဗိုလ်ချုပ်ကြီးReinhard Heydrichကို Pragueမြို့ကိုစေလွှတ်ခဲ့ပါတယ်။နာဇီအင်ပါယာမှာတော့ ဟစ်တလာနဲ့ ဟင်မလာပြီးရင် ထိုဗိုလ်ချုပ်ကြီးဟာ တတိယမြောက်အာဏာအရှိဆုံးလူပါ။ဇာတ်ကားရဲ့ နာမည်ဖြစ်တဲ့ Anthropoidဆိုတာက ထိုဗိုလ်ချုပ်ကြီးကိုလုပ်ကြံမယ့် ချက်ဇ်အစိုးရရဲ့ စစ်ဆင်ရေးနာမည်ပဲဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း နာဇီဘက်မှ လုပ်ကြံခံရတဲ့ ရာထူးအကြီးဆုံးလူဖြစ်ပါတယ်။လုပ်ကြံမှုကို ဦးဆောင်ခဲ့သူနှစ်ယောက်အဖြစ် Fifty Shades မင်းသား Jamie Dornan နဲ့ Peaky Blindersမင်းသား Cillian Murphyတို့ နှစ်ယောက်ကသရုပ်ဆောင်ထားပါတယ်။လုပ်ကြံမှုကို ဘယ်လိုလုပ်ခဲ့လဲ၊ ဘယ်လိုပြီးဆုံးသွားလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့အပြင်ရဲ့ Cillian Murphyရဲ့ မာစတာမိုင်းဆန်ဆန်သရုပ်ကိုတွေ့မြင်နိုင်သေးတဲ့ ကားကောင်းလေးဖြစ်ပါတယ်။

Anthropoid (2016) ⭐IMDB: 7.2/10 (51 k Votes) 🎬 #Action #Biography #Drama #History #Thriller #War #Romance 🗓️ 2016 🎞️ Movie 📺 1080p 🌎 #UnitedKingdom #France #UnitedStates #CzechRepublic #Czechia #UnitedStatesofAmerica ⏰ 2 နာရီ 1 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Anthropoid(2016) ***************** ၁၉၃၈ခုနှစ် စက်တင်ဘာလမှာ ပြင်သစ်၊အီတလီ၊ဗြိတိန်မှ ခေါင်းဆောင်များနှင့် အက်ဒ်ဒေါဖ့် ဟစ်တလာဟာ မြူးနစ်မြို့၌ ညီလာခံတစ်ခုကျင်းပခဲ့ကြပါတယ်။အဆိုပါ ညီလာခံမှာ ချက်ကိုစလိုဗားကီးယားကို ဂျာမဏီလက်သို့မအပ်ပါက အိမ်နီးချင်းနိုင်ငံများတွင် စစ်ဖြစ်လာနိုင်ကြောင်း ဟစ်တလာက ခြိမ်းခြောက်တယ်။ဂျာမဏီကိုရင်ဆိုင်ရန် မဟာမိတ်မရှိသေးတဲ့ ချက်ကိုစလိုဗားကီးယားဟာ အသာတကြည်လက်နက်ချခဲ့ရပြီး ဂျာမဏီဟာ သေနတ်ကျည်တစ်ချက်မျှ မဖောက်ရဘဲ ချက်ကိုစလိုဗားကီးယားကို သိမ်းပိုက်သွားပါတယ်။သို့ပေမဲ့ နာဇီအုပ်ချုပ်မှု ဆန့်ကျင်သူများကတော့ ဆက်လက်ခုခံတော်လှန်နေကြပြီး ဟစ်တလာက ထိုသူတွေကိုချေမှုန်းဖို့ ဗိုလ်ချုပ်ကြီးReinhard Heydrichကို Pragueမြို့ကိုစေလွှတ်ခဲ့ပါတယ်။နာဇီအင်ပါယာမှာတော့ ဟစ်တလာနဲ့ ဟင်မလာပြီးရင် ထိုဗိုလ်ချုပ်ကြီးဟာ တတိယမြောက်အာဏာအရှိဆုံးလူပါ။ဇာတ်ကားရဲ့ နာမည်ဖြစ်တဲ့ Anthropoidဆိုတာက ထိုဗိုလ်ချုပ်ကြီးကိုလုပ်ကြံမယ့် ချက်ဇ်အစိုးရရဲ့ စစ်ဆင်ရေးနာမည်ပဲဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း နာဇီဘက်မှ လုပ်ကြံခံရတဲ့ ရာထူးအကြီးဆုံးလူဖြစ်ပါတယ်။လုပ်ကြံမှုကို ဦးဆောင်ခဲ့သူနှစ်ယောက်အဖြစ် Fifty Shades မင်းသား Jamie Dornan နဲ့ Peaky Blindersမင်းသား Cillian Murphyတို့ နှစ်ယောက်ကသရုပ်ဆောင်ထားပါတယ်။လုပ်ကြံမှုကို ဘယ်လိုလုပ်ခဲ့လဲ၊ ဘယ်လိုပြီးဆုံးသွားလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့အပြင်ရဲ့ Cillian Murphyရဲ့ မာစတာမိုင်းဆန်ဆန်သရုပ်ကိုတွေ့မြင်နိုင်သေးတဲ့ ကားကောင်းလေးဖြစ်ပါတယ်။

Beautiful Disaster (2023) ⭐IMDB: 5.2/10 (3 k Votes) 🎬 #Drama #Romance #Comedy 🗓️ 2023 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Beautiful Disaster (2023) Disaster လို့ပြောလိုက်ရင် အားလုံးနားလည်ထားတာ ဒါအဆိုးထဲမှာမှ တော်တော့်ကိုဆိုးရွားတဲ့အရာပေါ့။ဒါပေမဲ့ ဒါကို Beautiful နဲ့တွဲဖက်ပြီးမြင်ရတော့ အတော်လေးကို နားလည်ရခက်သွားစေမှာပါ။ဒီတော့ ဒီ Beautiful Disaster ဆိုတဲ့ဒီကားလေးကရော ဘယ်လိုအချစ်မျိုးကိုသရုပ်ဖော်ထားလဲဆိုတာ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။ အက်ဘီဆိုတဲ့ကောင်မလေးဟာ ဖဲသမားအဖေရဲ့ ပျိုးထောင်မှုနဲ့ ကြီးပြင်းလာရတဲ့ မိန်းကလေးတစ်ယောက်ပါ။အိမ်ထောင်ဦးစီးက လောင်းကစားသမားဖြစ်နေလေတော့ အမေကထားရစ်ခဲ့တဲ့ အက်ဘီရဲ့မိသားစုဘဝကလည်း သာယာနိုင်စရာအကြောင်းမရှိဘူးပေါ့။ငယ်စဉ်ကတည်းက Pokerနဲ့ထိတွေ့ခဲ့တဲ့အက်ဘီဟာ Pokerမှာ အလွန်ပါရမီထူးသူဖြစ်ပေမဲ့ သူ့အဖေလိုမဟုတ်ဘဲ သာမန်ဘဝနဲ့ပဲရှင်သန်ချင်သူရယ်ပါ။ဒါကပဲသူ့ကို အဖေဆီကနေထွက်ပြေးဖို့ တွန်းအားပေးခဲ့တဲ့အချက်ပါပဲ။ Poker Prodigy Lucky 13 ဘဝကိုထားရစ်ခဲ့ပြီး တည်ငြိမ်အေးချမ်းတဲ့ သာမန်ကောလိပ်ကျောင်းသူလေးဘဝကိုစဖို့ ရည်ရွယ်ထားတဲ့ အက်ဘီတစ်ယောက်သူငယ်ချင်းကောင်းမှုနဲ့ ဖိုက်တာလေးထရားဗစ်ရဲ့လက်ဝှေ့ပွဲကို ကြည့်ရဖို့ဖြစ်လာပြီးတော့ အက်ဘီဆိုတဲ့ကောင်မလေးရဲ့အလှမှာ ထရားဗစ်တစ်‌ယောက် ကြွေဆင်းသွားတဲ့အခါ… ဘဝကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းဖို့အတွေးနဲ့ ပလေးဘွိုင်းငပွေးလေးထရားဗစ်ကို အကြောက်အကန်ငြင်းရင်းနဲ့ ကိုတည်ကြည်ဆရာဝန်လေး ပါကာကို အတင်းတွေခေါင်းငြိမ့်နေတဲ့ အက်ဘီ၊ဇွဲနပဲကြီးကြီးနဲ့ အက်ဘီကိုအရလိုက်မဲ့ထရားဗစ် သူတို့နှစ်ယောက်ကြားက လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဖြစ်နေတဲ့ ဘာရယ်လို့နာမည်တပ်မရတဲ့ပတ်သက်မှုကို ရုပ်လုံးပေါ်လာစေမဲ့ အလောင်းအစားတစ်ခု— ကဲ အရှုပ်အထွေးတွေကနေ လွတ်မြောက်ချင်စိတ်ပြင်းပြနေတဲ့အက်ဘီတစ်ယောက် bad boyလေးကိုမှ တမ်းတမ်းစွဲမိလေတော့ ဘာတွေဆက်ဖြစ်ကြမလဲ။လူမသိစေချင်တဲ့အတိတ်က တစ်ဖန်ပြန်လည်ဒုက္ခပေးလာချိန်မှာ အက်ဘီတစ်ယောက်ဘယ်လိုဖြေရှင်းသွားမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုရင်းအဖြေရှာလိုက်ရအောင်ပါ။ Serious love storyမဟုတ်ဘဲ ပေါ့ပေါးပါးပါး teen romanceလေးကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ကြည့်သင့်တဲ့ စိတ်အပန်းဖြေစရာရုပ်ရှင်‌တစ်ကားအဖြစ် Recommendပေးပါတယ်နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။