ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Love Per Square Foot (2018) ⭐IMDB: 7.2/10 (9 k Votes) 🎬 #Bollywood #Comedy #Romance 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 13 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မြို့ပြတစ်ခုမှာ နေရပြီဆိုရင် လူတိုင်း ကြောက်တဲ့၊ ဒါမှမဟုတ် ကြောက်ရတဲ့ အရာတစ်ခု ရှိပါတယ်။ အဲဒါကတော့ နေစရာ အိမ်တစ်ဆောင်ပါ။ ဘာကြောင့် မြို့ပြမှာ နေချင်ရတာလဲ ဆိုတာတော့ အကြောင်းပြချက် အများကြီး ရှိပါတယ်၊ အဲဒီ အကြောင်းပြချက်တွေထဲမှာ အရေးကြီးဆုံး တစ်ချက်ကတော့ အမိုးအကာရှိတဲ့ အိမ်တစ်ဆောင်မှာ လုံလုံခြုံခြုံ ဇိမ်ကျကျနဲ့ နေရဖို့ပါပဲ။ နေစရာ အိမ်အတွက် ပိုက်ဆံကလည်း မရှိမဖြစ် လိုတာပေါ့လေ။ ရေချိုးခန်း၊ အိမ်သာ၊ အိပ်ခန်းပါတဲ့ အိမ်ကို ငှားပြီးနေမယ်ဆိုရင် သာမန်လက်လုပ်လက်စားတွေအတွက် ရှာသမျှ အိမ်ရှင်ကိုပဲ ပေးရလို့ သမင်မွေးရင်း ကျားစားရင်း ဆိုသလို ဖြစ်နေတော့မှာလေ။ ဒီတော့ အဆောင်တွေမှာ စုတ်စုတ်ကပ်ကပ်နေရင်နေ၊ မနေရင် လူတွေအများကြီးပေါင်းနေမှ ပိုက်ဆံရှာတာ အဆင်ပြေပါတယ်။ ဝန်ထမ်းဆိုလည်း အစိုးရက ပေးထားတဲ့ အိမ်လေးမှာ ဖြစ်သလိုနေပြီး အလုပ်လုပ်ရတာပေါ့။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ သာမန်လူတန်းစားတွေအဖို့ မြို့မှာနေမယ်ဆိုရင် ထောင်ကျကျ ပြားကျကျ နေမှပဲ ရနိုင်ပါလိမ့်မယ်။ ဒါက အိမ်ငှားဖို့ပဲ ရှိပါသေးတယ်။ အိမ်ဝယ်ဖို့ဆိုတာတော့ စဉ်းစားလို့တောင် မရပါဘူး။ စဉ်းစားရင် စိတ်ကျရောဂာ ရဖို့ပဲ ရှိပါတယ်။ ဒီတော့ နေစရာအိမ်ဆိုတာ အိမ်မက်ဆိုးကြီး တစ်ခုပါပဲ။ ဒီကိစ္စဖြေရှင်းဖို့ အစိုးရက တန်ဖိုးနည်းအိမ်ယာတွေကို အရစ်ကျစနစ်နဲ့ ဝယ်ခွင့်ပေးပါတယ်။ အဲဒီလိုဝယ်ဖို့အတွက် အရင်ဆုံး ပုံမှန်ဝင်ငွေရှိတဲ့ အလုပ်တစ်ခု လိုအပ်ပါတယ်။ ဒါမှ ဘဏ်ကနေ ချေးငွေယူလို့ရပါတယ်။ ပြီးရင် ရတဲ့လစာထဲကနေ တစ်လတစ်ခါ ဆပ်သွားယုံပေါ့။ ဒါပေမဲ့ ပြႆနာက ရှိပါသေးတယ်။ အဲဒါက လစာနည်းတဲ့ လူတွေကို ဘဏ်က ချေးငွေ အများကြီး မထုတ်ပေးပါဘူး။ လစာနည်းတဲ့လူတွေက အခုနပြောတဲ့ ကိုယ်ပိုင်ရေချိုးခန်း၊ အိမ်သာ၊ အိပ်ခန်း စတာတွေပါတဲ့ တိုက်ခန်းရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ရမယ်ဆိုရင်လည်း မြို့ထဲမှာ မရနိုင်ပါဘူး။ မြို့ထဲမှာလည်း နေချင်တယ်၊ ခုနလို တိုက်ခန်းမှာလည်း နေချင်တယ်ဆိုရင်တော့ ဘဏ်ကနေ ပိုက်ဆံများများ ချေးမှ ရပါမယ်။ ဒါပေမဲ့ ဝင်ငွေနည်းရင် ပိုက်ဆံ အများကြီး ချေးလို့မရပါဘူး။ အဲဒါက ဒီဇာတ်ကားရဲ့ အဓိက ပြႆနာပါပဲ။ ဇာတ်လိုက်က မြို့ပြမှာ ဇိမ်ရှိတဲ့ တိုက်ခန်းလေးနဲ့၊ တီဗွီအပြားကြီး တစ်ခုနဲ့၊ အဲယားကွန်းနဲ့၊ ကိုယ်ပိုင် ရေချိုးခန်း၊ ကိုယ်ပိုင်အိမ်သာနဲ့၊ အတော်အတန် ကျယ်တဲ့ နေအိမ်မှာ နေချင်တာဆိုတော့ သူရတဲ့ လစာက၊ သူလိုချင်တဲ့ ပိုက်ဆံကို ချေးမပေးနိုင်ပါဘူး။ ဒီတော့ ဒီဇာတ်ကားထဲမှာ မင်းသားက အဲဒီ အိမ်ကိုရဖို့အတွက် ကြိုးစားနေတဲ့အချိန်မှာ ကောင်မလေးနဲ့တွေ့ပြီး ဘယ်လို အချစ်ဇာတ်လမ်းတွေကြားထဲကနေ တိုက်ခန်းကို ရအောင် ဘယ်လိုလုပ်ယူနိုင်မလဲ ဆိုတဲ့ မေးခွန်းတွေကိုတော့ ဇာတ်ကားကြည့်ရင်းနဲ့ပဲ အဖြေရှာကြပါတော့လို့ တင်ပြရင်း ဒီဇာတ်ကားလေးကို ညွှန်းလိုက်ပါရစေ…။ ဒီဇာတ်ကားနာမည်မှာ မေးထားပါတယ်။ တစ်စတုရန်းပေ အကျယ်မှာ အချစ်ဘယ်လောက်ရှိပါသလဲတဲ့? (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက ကိုရာဇာထွန်းပါ)

Qarib Qarib Single (2017) ⭐IMDB: 7.1/10 (9 k Votes) 🎬 #Bollywood #Comedy #Romance #Drama 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 05 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “ချစ်ခြင်းတရားဆိုသည်မှာ” “Qarib Qarib Singlle” မင်းသား အီရာဖန် နဲ့ မင်းသမီးချော ပါရာဗသီတို့ရိုက်ကူးထားတဲ့ဆွတ်ပျံ့ကြည်နူးဖွယ် ဘောလိ၀ုဒ်ဇာတ်လမ်းတစ်ပုဒ်ပါ။ “ပါရာဗသီ”က ငယ်ငယ်ရွယ်ရွယ်နဲ့ လင်ယောက််ားသေဆုံးခဲ့ပြီးအရွယ်ကောင်းမုဆိုးမလေးတစ်ယောက်ဖြစ်ကာ”တစ်ပင်လဲမူ တစ်ပင်ထူ”ဖို့ မ၀ံ့မရဲဖြစ်နေရှာသူ “ဂျာယား”ဆိုတဲ့ သက်လတ်ပိုင်း ရုံး၀န်ထမ်းအမျိုးသမီးတစ်ဦး အဖြစ်သရုပ်ဆောင်ထားပါတယ်။ “အီရာဖန်”ကိုတော့ ဘ၀မှာငယ်ချစ်ဦးတွေနဲ့ လွဲခဲ့ပြီးနောက်ပိုင်းမှာတော့ တစ်ကိုယ်တည်းဧကစာရီကျင့်နေရရှာတဲ့ ကဗျာဆရာ “ဗီယောဂီ”အဖြစ်နဲ့ဘ၀ကြင်ဖော်ရှာဖွေနေသူ သနားစရာ တစ်ပင်တိုင်မင်းသားကြီးအဖြစ်တွေ့မြင်ရမှာပါ။ တစ်နေ့မှာတော့ ဂျာယားဟာ အွန်လိုင်းပေါ်ကနေ ဖူးစာရှင်ရှာဖွေရေး ၀ဘ်ဆိုက်ပေါ်မှာ လူစိမ်းတစ်ဦးနဲ့ စကားစမည်ပြောဆိုအပြီးမှာတော့ ထိုသူနဲ့ အပြင်မှာတွေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီလူစိမ်းကတော့ ဇာတ်လိုက်ကျော်ကြီး ဗီယောဂီပါပဲ။ နှစ်ယောက်စလုံးက ၁၉၈၀ ခုနှစ်မတိုင်ခင်မှာ မွေးဖွားခဲ့သူတွေပီပီ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ အရှက်အကြောက်ကြီးကြပုံချင်းတူပါတယ်။ တစ်ယောက်ရင်ထဲက တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက်က ဖွင့်ပြောဖို့ ဆိုတာက သူတို့အတွက်တော့ အပြစ်ကြီးတစ်ခုကို ကျူးလွန်မိမယ့်အတိုင်းနှစ်ယောက်စလုံးက မ၀ံ့မရဲသူတွေပါ။ “သူ့ရည်းစားဟောင်း သုံးဦးက ဗီယောဂီကို အခုထိစွဲလန်းနေကြတုန်းပဲ”လို့ ဗီယောဂီက ထုတ်ပြောမိတဲ့အခါ ဂျာယားက မယုံမကြည်ဖြစ်တဲ့အကြောင်း ငြင်းခုန်ကြရင်းနဲ့ ဗီယောဂီ ကသူ့ရီးစားဟောင်းတွေနဲ့ဂျာယားကို မိတ်ဆက်ပေးဖို့ အစီအစဥ်ဖြစ်လာခဲ့ပြီးတော့ နှစ်ယောက်သားခရီးရှည်ထွက်ခဲ့ကြဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ သမားရိုးကျ အိနိၵယအက်ရှင်ကားတွေနဲ့မတူဘဲ ထူးခြားဆန်းသစ်တဲ့ ခရီးသွားအတွေ့အကြုံတွေ၊လူသားတွေရဲ့ ပင်ကိုယ်ရှိစမြဲဖြစ်တဲ့ အတ္တ၀ါဒအခြေပြု စဥ်းစားပုံတွေရယ်၊ ၁၉၈၀-၁၉၉၀ ခုနှစ်၂၀ ရာစုလူသားတွေရဲ့ အချစ်ရေးနဲ့ပတ်သက်တဲ့အခါ အရှက်အကြောက်ကြီးစွာတုန့်ပြန်ပုံတွေကိုပါမြင်တွေ့ရမယ့် မြန်မာဆန်တဲ့ အိန္ဒိယဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်ဆိုရင် မှားမယ်မထင်ပါဘူး။ ***ရွှင်လန်းချမ်းမြေ့ကြပါစေ***

Mom (2017) ⭐IMDB: 7.2/10 (11 k Votes) 🎬 #Bollywood #Drama #Thriller #Crime 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 26 မိနစ် 24 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2017 မှာထွက်ခဲ့သမျှ Bollywood ကားတွေမှာ အားရစရာ သိပ်မတွေ့ခဲ့ဘူးအထူးသဖြင့် တကယ့် ဂရိတ်ကြီးတွေရဲ့ ကားတွေ တော် မျှော်လင့်သလို် ဖြစ်မလာခဲ့ဘူး(Akshay ရဲ့ Toilet တော့မကြည့်ရသေး) Badrinath Ki Dulhania ေလးေတာ့ မဆုိးပါဘူး ==================================================== ဒီတစ်ခါ Bollywood ပရိတ်သတ်ကြီးကို တင်ဆက်ပေးမှာကတော့ မင်းသမီးကြီး Sridevi ရဲ့ Mom ဆိုတဲ့ ဇာတ်ကားပါပဲ ႕႕႕႕႕English Vinglish မှာ ထူးထူးခြားခြား သတိထားမိတာပါ ( တခြားကားတွေ မကြည့်ဖူး ) ဒီကားထဲမှာလည်း သရုပ်ဆောင်သွားတာ သိပ်ကောင်းလွန်းလို့ မျက်ရည်ဝဲမိတဲ့ အထိပါပဲ ႕႕႕႕႕႕႕အမေတစ်ယောက်ရဲ့ မေတ္တာ ဂရုဏာ ဒေါသ အားလုံးကို ကျွန်တော့်တို့ကို ချပြသွားနိုင်ပါတယ် မိခင် ဖြစ်ထားတဲ့ သူတွေ မိခင်ဖြစ်လာမည့် သူတွေ တွေ သမီးမိန်းကလေးတွေသမီးရှင်တွေ လက်လွတ်မခံပဲ ကြည့်ထားသင့်တဲ့ ပညာပေး ဇာတ်ကား တစ်ကားပါ။ IMDB 7.4/10 ထိ ရရှိထားတာဆိုတော့ ကောင်းမကောင်း ပြောမနေတော့ပါဘူး ဒါ့အပြင် သဘာဝမင်းသားကြီး Nawazuddin Siddiqui ကလည်း အထူးသရုပ်ဆောင် အဖြစ်ပါဝင်ထားပါတယ်။ ဇာတ်လမ်းလေးကို ပြောရမယ်ဆိုရင် ႕႕႕႕႕႕ ဒေ့ဗ်ကီဆိုတဲ့ ကျောင်းဆရာမ တစ်ယောက်ဟာ ခင်ပွန်းနဲ့ သမီးလေး နှစ်ယောက်နဲ့ ပျော်ရွှင်ဖွယ်ဘဝလေးကို ဖြတ်သန်းနေတာပါ။ပြသနာ ရှိတာဆိုလို့ သမီးနှစ်ယောက်ဆိုတဲ့ အထဲမှာ သမီးအကြီးက လင်ပါသမီးပါ ႕႕႕႕႕လင်ပါသမီး ဖြစ်ပေမယ့် ကိုယ့်သမီးအရင်းလို သဘောထားပြီး မေတ္တာတွေ ပေးခဲ့တယ် ႕႕႕႕ ဘယ်တော့မှ ခွဲခြားခွဲခြား မဆက်ဆံခဲ့ပါဘူး ဒါပေမဲ့ အာယာ ႕႕႕႕႕ အာယာကတော့ အဖေဖြစ်သူ နောက်မိန်းမယူလိုက်ပေမယ့် မိမိ အမေဖြစ်သူ့ကို အခုချိန်ထိ မမေ့နိုင်သေးပဲအမေ့နေရာကို တခြား တစ်ယောက်ကို အစားထိုးလို့ မရနိုင်သေးဘူး ” အမေတစ်ယောက်ရဲ့ ဘဝမှာ သမီးတစ်ယောက်ဆိုတာ ရှ်ိစမြဲပဲ့႕ဒါပေမဲ့ သမီးတစ်ယောက်အတွက်တော့ အမေဆိုတာ အစားထိုးလို့ မရဘူး “ ==================================================== အဆင်မပြေလှတဲ့ အာယာကို ကလေးမို့ အတတ်နိုင်ဆုံး လိုက်လျောပြီး တနေ့ အဆင်ပြေသွားမှာပါဆိုတဲ့ စိတ်နဲ့ ရှေ့ဆက်နေ့တဲ့ ဒေ့ဗ်ကီ တို့ ဘဝထဲကိုမထင်မှတ်ထားတဲ့ ကံကြမ္မာဆိုးကြီး ကျရောက်လာပါတော့တယ် ႕႕႕႕႕ အာယာ တစ်ယောက် ချစ်သူများနေ့ ပါတီပွဲကအပြန် အဓမ္မကျင့်ခံလိုက်ရပါတယ် ႕႕႕႕႕ တရားခံတွေကို ဖမ်းမိပေမယ့် လူယုတ်မာတွေဟာ ခြေရာလက်ရာ ဖျောက်ကာသက်သေတွေကို ဖျက်စီးခဲ့တဲ့အတွက် တရားဥပဒေအရ အပြစ်ပေးလို့ မရပါဘူးတရားသေ ပြန်လွှတ်ပေးခဲ့ရပါတယ် ႕႕႕႕႕႕ ဒီအခါမှာတော့ အမေတစ်ယောက်က သမီးတစ်ယောက်အတွက် အကြွေးကို ကိုယ်တိုင် သိမ်းယူဖို့ ဖြစ်လာခဲ့ပါတော့တယ် ” ဘုရားကို ယုံကြည်ပါ အစစအရာရာ အဆင်ပြေသွားလိမ့်မယ်ဘုရားက နေရာတကာမှာ ရှိမနေနိုင်ပါဘူးရှင်သိတယ်လေဒါကြောင့်ပဲ အမေတွေကို ဖန်ဆင်းထားတာပေါ့ “ ===================================================== (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ကိုဇော်ထူးပါ။)

Running Shaadi (2017) ⭐IMDB: 6.5/10 (3 k Votes) 🎬 #Bollywood #Comedy #Romance 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #India ⏰ 1 နာရီ 54 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အရှေ့တိုင်းနဲ့ အနောက်တိုင်းမှာ ကွာခြားတာတွေ အများကြီး ရှိပါတယ်။ အဲဒီအထဲမှာ လက်ထပ်ဖို့ အစီစဉ်ချတဲ့ ပုံစံ၊ လမ်းကြောင်းတဲ့ပုံစံ ကလည်း တစ်ခုအပါအဝင်ပါပဲ။ အရှေ့တိုင်းတွေထဲမှာမှ အိန္ဒိယနိုင်ငံမှာ ဇာတ်မြင့်၊ ဇာတ်နိမ့် ခွဲခြားတာက တစ်မျိုး၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားတာက တစ်ဖုံဆိုသလို လက်ထပ်တဲ့ ကိစ္စတွေမှာ အဲဒီ ကိစ္စတွေဟာလည်း ဂရက်ရိုက်လာပြန်ပါတယ်။ အိန္ဒိယနိုင်ငံမှာ အဲဒီပြႆနာတွေကြောင့် အိန္ဒိယအစိုးရက နောက်ဆုံး ဥပဒေတစ်ခုကို ပြဋ္ဌန်းခဲ့ရပါတယ်။ ကြိုက်တဲ့လူမျိုး ကြိုက်တဲ့ဇာတ်ကို လက်ထပ်နိုင်တဲ့ ဥပဒေပါ။ “Special Marriage Act” လို့ခေါ်တဲ့ အထူးထိမ်းမြားမင်္ဂလာ အက်ဥပဒေပါ။ စတဲ့ ဥပဒေ ကိစ္စတွေကိုပါ ထည့်သွင်း ရိုက်ကူးထားတဲ့ အချစ်ဇာတ်လမ်းလေးပါ။ ဘာသာမတူရင်၊ ဇာတ်အဆင့်တန်း မတူရင် ပြႆနာတွေ တက်လွန်းတဲ့အတွက် လူငယ်တွေကြားမှာ ဒုက္ခရောက်ကျပါတယ်။ လူငယ်တွေဆိုတဲ့အတိုင်း ရှေးလူကြီးတွေရဲ့ အယူအဆတွေကို တစ်တဝေမတိမ်း မလိုက်နာချင်ကြပါဘူး၊၊ လူကြီးတွေကိုလည်း မလွန်ဆန်နိုင်ကြဘူး။ အဲဒါတွေရဲ့ ရလဒ်ကတော့ နောက်ဆုံး ခိုးပြေးကြရတော့တာပါပဲ။ လူများနဲ့ မတူတဲ့ စွန့်ဦးတီထွင်လုပ်လိုက်နိုင်တဲ့ ဝဘ်ဆိုဒ်လေးကို လူငယ်တွေ ဘာကြောင့် သဘောကျလာသလဲ? အဲဒီဝဘ်ဆိုဒ်ကို ထောင်ဖို့ ဇာတ်လိုက်မင်းသားက ဘာကြောင့် အကြံရခဲ့တာလဲ? ခိုးပြေးဖို့ အစီအစဉ် မရှိတဲ့ ဇာတ်လိုက်ဟာ ဘာကြောင့် ခိုးပြေးတဲ့ ကိစ္စတွေထဲကို ဝင်ပါလာရတာလဲ? ဖြစ်လာတဲ့ ပြႆနာတွေကို ဘယ်လို ဖြေရှင်းခဲ့ဲလဲ? စတဲ့အကြောင်း အရာတွေကို ကြည့်ရှုခံစားရမှာပါ။ အဲဒီအချက်တွေ အပြင် ဇာတ်လိုက်မင်းသားက မင်းသမီးအပေါ် ထားတဲ့အချစ်ကလည်း အတုယူစရာလေးပါပဲ။ ဇာတ်လိုက် မင်းသမီးရဲ့ မထုံသက်သေး အမှုအရာလေးကလည်း ကြည့်လို့ကောင်းပါတယ်။ ဟာသတွေလည်း ပါတဲ့အတွက် လုံးဝမပျင်းရတဲ့အပြင် ကြည်နူးဖို့ကောင်းအောင် ရိုက်ပြထားတဲ့ ဇာတ်ကားလေး တစ်ကားပါပဲ။ (သေချာတာကတော့ ဒီကားကြည့်ပြီးရင် ဘယ်လိုခိုးပြေးရမလဲဆို ကောင်းကောင်း သဘောပေါက်သွားမှာပါ…??) (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက ကိုရာဇာထွန်းပါ)

1921 (2018) ⭐IMDB: 4.3/10 (1 k Votes) 🎬 #Bollywood #Horror #Romance #Thriller #Mystery 🗓️ 2018 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 22 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2018 ခုနှှစ်ထွက်ရှိထားပြီး အခုလောလောလတ်လတ် ရုံတင်နေဆဲဖြစ်တဲ့ ၁၉၂၁ ဆိုတဲ့ အိန္ဒိယ အချစ်သရဲ သဲထိပ်ရင်ဖိုကားကြီးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးက အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့ အတိုင်းပဲ အချစ်ကိို ကိုးကွယ်မိရာမှ တဏှာ လွန်တော့ အရူးဖြစ်ပြီး သေပြီးတာတောင် စွဲလမ်းစိတ်ကြောင့် မကျွတ်လွတ်နိုင်ပဲ သရဲဘဝ နဲ့ ချစ်ရသူကို တပါးသူ မိန်းကလေးလက်ထဲ မပါသွားအောင် လိုက်လံ နှောင့်ယှက်ပုံ တွေကို ရိုက်ကူးပြထားတာပါ ဇာတ်လမ်း အကျဉ်းလေးကတော့ –  အိန္ဒိယမှ ထူးချွန်တဲ့ ပီယာနိုပညာရှင်လေး အာရွတ်ရှ်ကို သူ့ရဲ့သူဌေးက လန်ဒန်ကို ဂီတပညာသင်ဖို့စေလွှတ်ခံခဲ့ရတယ်။လန်ဒန်မှာရှိတဲ့ သူ့အိမ်ကိုလည်း စောင့်ရှောက်စေရင်းနဲ့ပေါ့။ ဒါပေမယ့် တစ်နေ့မှာ အာရွတ်ရှ်က အမှားတစ်ခုလုပ်မိသွားပါတယ်။ အဲ့ဒီအမှားကြောင့် သူနေနေတဲ့အိမ်ကြီးမှာ သရဲတစ္ဆေတွေရဲ့ခြောက်လှန့်ခြင်းကို ခံရပါတော့တယ်။ သူတစ်ယောက်တည်းဒီပြဿနာတွေကြုံနေရင်းမှ တစ်နေ့သတင်းစာထဲမှာ ဝိဉာဉ်တွေနဲ့စကားပြောတတ်တဲ့ ရို့စ်ဆိုတဲ့ ကောင်မလေးတစ်ယောက်အကြောင်း ဖတ်မိတဲ့အချိန်မှာ သူ့အတွက် မျှော်လင့်ချက်တွေရှိလာပါတယ်။ ဘောလိဝုဒ်ရဲ့ နာမည်ကြီးသရဲကားရိုက်တဲ့ဒါရိုက်တာ Vikram Bhatt ရိုက်ကူးထားတာပါ။ သရဲကားကြိုက်သူတွေအတွက် တကယ်ကိုထိန်လန့်မှုတွေပေးစွမ်းစေမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ အသံချဲ့ပြီး အိမ်ထဲမှာ တစ်ယောက်တည်းကြည့်မယ်ဆိုရင် ပိုပြီးကြောက်စရာကောင်းမယ်ဆိုတာကြေငြာလိုက်ပါတယ်။

Tiger Lives (2017) ⭐IMDB: 5.9/10 (30 k Votes) 🎬 #Action #Adventure #Bollywood #Thriller 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 40 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၂၀၁၂ တုန်းက Ek Tha Tiger ဆိုတဲ့ သူလျှူိအက်ရှင်ကားအပြီး ဒုတိယမြောက် Tiger ရုပ်ရှင်အဖြစ် ထွက်ရှိလာတာဖြစ် ပြီး စူပါစပိုင်နှစ်ယောက်ဖြစ်တဲ့ တိုက်ဂားနဲ့ဇိုရာ သူလျှူိဇာတ် လမ်းကို ဆက်လက်ရှုစားရမှာပါ။ ဖြစ်ရပ်မှန်အကြောင်းအရာဖြစ်တဲ့ ၂၀၁၄ တုန်းက အိုင် အက်စ်အဖွဲ့က ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ သူနာပြု ၄၆ ယောက်ကို ကယ်ဆယ်တဲ့အကြောင်း အဓိက ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်။ ပထမဇာတ်လမ်းရဲ့ အဆက်အနေနဲ့ RAW အေးဂျင့်တိုက်ဂားနဲ့ သူ့ချစ်သူ ISI အေးဂျင့်ဇိုရာတို့ဟာ လက်ထပ်ခဲ့ကြပြီး သားလေးနဲ့အ တူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ကြပါတယ်။ ဒီလိုနဲ့ ရှစ်နှစ်လောက်ကြာခဲ့အပြီးမှာ တော့ အချစ်ကိုဦးစားပေးပြီး မိသားစုအရေးပဲ အာရုံစိုက်ခဲ့ကြ တဲ့ တိုက်ဂားတို့စုံတွဲအတွက် မစ် ရှင်တစ်ခုပေါ်လာခဲ့ပါတယ်။ တိုက်ဂားရဲ့ အလုပ်ရှင် ဟောင်းဖြစ်တဲ့ ရှီနွိုင်က အီရတ် မှာ အကြမ်းဖက်သမားတွေရဲ့ ပြန်ပေးဆွဲခြင်းခံရတဲ့ အိန္ဒိယသူနာပြု ၂၅ ယောက်ကို ပြန်ကယ်စေချင် ခဲ့ပါတယ်။ အကြမ်းဖက်သမား တွေလက်ထဲမှာ အိန္ဒိယသူနာပြု တွေအပြင် ပါကစ္စတန်သူနာပြု ၁၅ ယောက်လည်း ပါနေသေးတဲ့ အတွက် အိန္ဒိယသူလျှူိတိုက်ဂားနဲ့ ပါကစ္စတန်သူလျှူိဇိုရာတို့စုံတွဲ စစ် ဆင်ရေးကို အတူလှုပ်ရှားခဲ့ကြပါ တယ်။ အတိုက်အခိုက်၊ အပစ်အ ခတ်တွေနဲ့မို့ အက်ရှင်ဇာတ်ကြမ်း ကြိုက်ပရိသတ်အကြိုက်တွေ့ မယ့် ဇာတ်ကွက်တွေ အများကြီး ပါသလို ဂီတ၊ အကနဲ့ ဒရာမာ တွေလည်း ပါတာမို့ ရသစုံပေး စွမ်းတဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ အကြမ်းဖက်သမားတွေရဲ့ နယ်မြေထဲကို တိုက်ဂားတို့စုံတွဲ ဘယ်လိုအစီအမံတွေနဲ့ ဝင်ကြမှာ လဲ။ ဓါးစာခံသူနာပြုတွေကို ဘယ်လိုကယ်တင်ကြမှာလဲဆိုတာ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါ တယ်။ ဒီဇာတ်ကားမှာ ဝါရင့်သရုပ်ဆောင်မင်းသား ဆယ်လ်မန်ခန်း နဲ့ မင်းသမီး ကက်ထရီနာကိတ်ဖ် တို့ကပဲ အဓိကဇာတ်ကောင်အ ဖြစ် သရုပ်ဆောင်ထားကာ ဆာဂျက်ဒယ်ဖရူဇ်၊ ဆူဒိ၊ အန်ဂက် ဘီဒီ၊ ကူမွတ်မစ်ရှ်ရာ စတဲ့သူတွေအားဖြည့်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7daily Website မှကူးယူဖော်ပြသည်)

Haseena (2017) ⭐IMDB: 4.3/10 (1 k Votes) 🎬 #Biography #Bollywood #Crime #Thriller #Drama 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #India ⏰ 1 နာရီ 57 မိနစ် 37 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဘောလီဝုဒ် ပရိတ်သတ်တွေအတွက် Biography ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်မွန်ဘိုင်းမြို့ရဲ့ ဂိုဏ်းစတားတစ်ဦးဖြစ်တဲ့ ဒါဝူဒ် အေဗရာဟင်ရဲ့ ညီမဖြစ်သူ ဟစီနားပါကရ်ရဲ့ အထ္ထုပ္ပတ္တိကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်အနေနဲ့ မင်းသမီး ရှရ်ဒါးကပူးရ်က သရုပ်ဆောင်ထားပြီးအရင်က သူ့သရုပ်ဆောင်မှုတွေကို သိပ်သဘောမတွေ့ခဲ့ပေမယ့်ဒီကားထဲမှာ တော်တော်လေး နှစ်ခြိုက်မိပါတယ် လူတွေလက်ခံထားတဲ့ စကားပုံအတိုင်း ဒီပုတ်ထဲက ဒီပဲ ဆိုတဲ့အယူအဆတွေနဲ့ဂိုဏ်းစတား ဒါဝူဒ်ရဲ့ ဒုစရိုက်မှုမှန်သမျှအတွက် ညီမဖြစ်သူ ဟစီနားကို သံသယဝင်ကာ စစ်ဆေးမေးမြန်းဖို့အတွက်အကြိမ်ကြိမ် ရဲစခန်းက ခေါ်လို့ အသွားအလာလုပ်ခဲ့ရပါတယ် နောက်ဆုံးထွက်သက်အထိ တရားရုံးနဲ့အိမ် ကူးကလန်ခက်ရင်းသေဆုံးခဲ့ရတဲ့ ဖြစ်ရပ်မှန် အကြောင်းအရာကို ပုံဖေါ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဟစီနားဆိုတာ မွေးချင်းညီကိုမောင်နှမများတဲ့ သာမန်မိသားစုလေးတစ်စုက ကောင်မလေးတစ်ယောက်အထက်က အစ်ကိုနှစ်ယောက်နဲ့ အသက်ချင်းသိပ်မကွာတော့ပိုနီးစပ်သလို သံယောဇဉ် ပိုရှိတာပေါ့ အစ်ကိုကြီးဆုံး ဒါဝူဒ်က မှောင်ခိုနဲ့ဒုစရိုက်အလုပ်တွေ လုပ်ပြီးဂိုဏ်းစတား ဖြစ်လာခဲ့တယ် အချိန်ကြာလာတာတော့ ရဲတပ်ဖွဲက ပစ်ခတ်ဖမ်းစီးမှုတွေရှိလာတော့ တခြားနိုင်ငံကူးသွားခဲ့တယ် ဒါပေမဲ့ ဟစီနားကတော့ အိမ်ထောင်ကျပြီး သူ့ယောက်ျားနဲ့အဆင်ပြေပြေဘဝလေးနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတယ် ဘာသာရေးအဓိကရုဏ်းတွေဖြစ်ပြီး ဗုံးပေါက်ကွဲမှုတစ်ခုမှာဟစီနားအစ်ကိုကို တရားခံဖြစ်သတ်မှတ်ပြီး ရဲစခန်းကစစ်ဆေးဖို့ အကြိမ်ကြိမ်ခေါ်ခဲ့တယ် အခက်ခဲပေါင်းများစွာနဲ့ ဟစီနားတစ်ယောက် သူ့ဘဝကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ခဲ့သလဲဆိုတာကိုတော့ဆက်လက်ကြည့်ရှု့လိုက်ပါဦး ခင်ဗျာ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက ကိုဇော်ထူးပါ)

R... Rajkumar (2013) ⭐IMDB: 5.2/10 (6 k Votes) 🎬 #Action #Bollywood #Romance #Comedy #Crime 🗓️ 2013 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 25 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါတော့ ဘောလီဝုဒ်ပရိတ်သတ်တွေအတွက် အလန်းစားCrime,Comedy,Action ကားကောင်းတကားကိုိ တင်ဆက်ပေးလိုက်ပါတယ်။ Prabhu Deva ရိုက်တဲ့ ဇာတ်ကားဖြစ်တာကြောင့် ဇာတ်လမ်းက ခပ်မြူးမြူးနဲ့ ပေါ့ပေါ့ပါးပါးလေး တင်ဆက်ထားပြီးMusic ပိုင်းတွေ၊ Action ပိုင်းတွေကို အမှန်အကန် ပုံဖေါ်ထားပါတယ်။ Rody Rahtore, Boss တို့လို ဇာတ်လမ်းမျ်ိုးတွေ ကြိုက်တဲ့သူတွေအတွက်တော့ လက်လွတ်မခံသင့်ပါဘူး ဒိုဟရ်ပူးရ်ဆိုတဲ့ရွာလေးမှာ အစိုးရဆိုတာ ဘယ်ဆီနေမှန်းမသိ၊ တရားဥပဒေဆိုတာ ဘာမှန်းမသိ အဲ့ဒီရွာကို အဓိက ဗိုလ်ကျနေတဲ့ လူနှစ်ယောက်ရှိတယ် ရှိဗ်ရာဂျ်နဲ့ ပရ်မာ နှစ်ယောက်လုံးက ဘိန်းဘုရင်အကြီးစားတွေ ဖြစ်ကြသလို ကို်ယ်ကျိုးတွက်ဆို လူသတ်ဖို့ ဝန်မလေး ဒုစရိုက်မှုကို ခါးဝတ်ပုဆိုးလို ဖြစ်နေကြတယ်။ အဖွဲ့နှစ်ဖွဲ့က တဖက်နဲ့တဖက် အမြဲလိုလို ချောင်းမြောင်းလုပ်ကြံနေကျ ဒါပေမဲ့ ရှိဗ်ရာဂျ်ကံကောင်းတယ်ပဲ ပြောရမလားဂျာရ်ကူမားရ်ဆိုတဲ့ လူငယ်တစ်ယောက် သူ့ဆီရောက်လာတယ်bရာဂျ်ကူမားရ်ဆိုတာ ဇသိပ်ပြင်းတဲ့ မြွေပွေးလိုကောင်မျိုးသူနဲ့ ထိပ်တိုက်တွေ့မိသမျှ ဘယ်သူမှ အသက်ဆိုးမရှင်ကြဘူး ” အသံတိတ်နေလိုက် …မဟုတ်လို့ကတော့ အကြမ်းပတမ်းဖြစ်သွားမယ်” သူပြောသလို အသံတိတ်နေလိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်မဟုတ်ရင် တကယ့်ကို အကြမ်းပတမ်းတွေ ဖြစ်သွားအောင်ကိုဆော်တဲ့ လူမိုက်ဗျသူ့မှာလည်း အားနည်းချက်တော့ ရှိတယ်အဲ့ဒီအားနည်းချက်က ချန်ဒ ဒီအားနည်းချက်ကြောင့်ပဲ သူ့သူဌေးလည်းဖြစ်၊ ဆရာလည်းဖြစ်တဲ့ရှိဗ်ရာဂျ်နဲ့ ထိပ်တိုက်တွေ့ဖို့ ကြမ္မာဖန်လာခဲ့ပါတယ် ရှိဗ်ရာဂျ်ကလည်း ချန်ဒကို စွဲလန်းပြီး သိမ်းပိုက်ဖို့ ကြံနေလို့ပါပဲ ရိဗ်ရာဂျ်နဲ့ ရာဂျ်ကူမားရ် ကျားနဲ့ဆင် လယ်ပြင်မှာတွေ့သလိုအားပြိုင်မှုကြီးကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ခံစားလိုက်ပါဦးဗျာ ့့့့့ ” ငါ့ဘဝမှာ အကြောင်းရာနှစ်ခုပဲရှိတယ်ချစ်၊ ချစ်၊ ချစ်မလားသေ၊ သေ၊ သေမလား ပိုက်ဆံအတွက်နဲ့တောင် ငါဘာမဆို လုပ်ရဲတယ်ဆိုရင်တွေးသာကြည့်လိုက် ့့့ ငါ့အချစ်တွက် ဘာတွေလုပ်မလဲဆိုတာကို ” (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က ကိုဇော်ထူးပါ)

7 Khoon Maaf (2011) ⭐IMDB: 6.3/10 (6 k Votes) 🎬 #Bollywood #Drama #Mystery #Thriller #Comedy 🗓️ 2011 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 27 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မိန်းမတိုင်းဟာတစ်သက်မှာ တစ်ခါတော့ သူတို့ ယောကျာ်းတွေကို သတ်ပစ်ဖို့ စဥ်းစားဖူးတယ် တဲ့ ….. ခင်ဗျားဟာ အိမ်ထောင်သည်ဆိုရင် ခင်ဗျားရဲ့မိန်းမကို မေးကြည့်ပါ ။အနည်းဆုံး တစ်ကြိမ်တော့ ခင်ဗျားကို သတ်ဖို့ နည်းလမ်းတစ်ခုတော့ သူစဥ်းစားဖူးလိမ့်မယ်တဲ့ ….. ကဲ .. ဒါဆို ဘာလို့ ခင်ဗျား အခုထိ အသက်ရှင်နေလဲ သိလား? “ကေလး” ကလေးတစ်ယောက်လောက် ရလိုက်ရင်မိန်းမတွေဟာ ယောကျာ်းကို ပိုပြီး သည်းခံလာနိုင်လာတယ်တဲ့ … ဒါကြောင့် ခင်ဗျား အခုချိန်အထိ အသက်ရှင်နေတာပေါ့ ….. ဆူဆန်နာ အန်နာမရင်း ဂျိုဟန်နာ ဆိုတဲ့သူဌေးမ တစ်ယောက် ယောကျာ်း ၆ ယောက်ထိ ယူခဲ့တယ် အကုန်သေကုန်တယ် ။ တကယ်တော့ ဆူဆန်နာဟာသူ့ဘဝသက်တမ်း တစ်လျှောက်လုံး ထာဝရအချစ်ကို ရှာဖွေခဲ့တာပါ ၊ အရမ်းအထီးကျန်ခဲ့ရပါတယ် ။ သူ မွေးကင်းစအရွယ်မှာပဲ သူအမေ ဆုံးပါးသွားခဲ့တယ် ။ ပြီးတော့ သူအရွယ်မရောက်ခင်မှာဘဲ သူ့အဖေ ထပ်ဆုံးသွားခဲ့ပါတယ် ။ သူ့အဖေက သူအတွက်တော့ အရာရာပါပဲ သူငယ်ချင်းလို.. အမေလို.. အဖေလို.. အစ်ကိုလို ဖြစ်နေခဲ့တယ် ။ သူအဖေဆုံးသွားတဲ့နောက်ပိုင်းမှာ သူ့အဖေလို ယောက််ားမျိုးကိုတွေ့ဖို့ ကြိုးစားခဲ့ပါတယ် ။ တကယ်တော့ ဆူဆန် ဘဝကမကောင်းတဲ့ ယောကျာ်းတွေနဲ့ပဲ ဆုံဖို့ ကံပါလာတယ် ထင်ပါတယ် ။ ဆူဆန်နာမှာ သိပ်ချစ်တတ်တဲ့ နှလုံးသားရိွတယ်အဲဒိနှလုံးသားကြောင့်ပဲ လူ ၆ ယောက်ကို သေနေ့မစေ့ပဲ ကောင်းကင်ဘုံကို စောစောစီးစီး ပို့ပစ်လိုက်တယ်လေ …. ဆူဆန်ရဲ့ အလှက ကြောက်စရာကောင်းတယ်ဒါပေမယ့် သူ့ကို အရှိအတိုင်း လက်ခံနိုင်မယ့်သူမျိုး …. သူ့ရဲ့ဒုစရိုက်တွေ သုစရိုက်တွေနဲ့ ဒီကြောက်စရာမျက်နှာကြီးကို လက်ခံနိုင်မယ် လူမျိုးကို သူရွေးချယ်တော့မယ် ။ အဲဒါကတော့ သူ့ရဲ့ ၇ ယောက်မြောက် ယောကျာ်းပါပဲ ….. (ဇာတ်လမ်းအညွှန်းကို DMO Entertainment Page (https://www.facebook.com/DMO-Entertainment-171295570154166/) မှကူးယူဖော်ပြပါသည်)

Pyaar Impossible (2010) ⭐IMDB: 4.9/10 (3 k Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓️ 2010 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 20 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Screen Shots

Once There Was a Tiger (2012) ⭐IMDB: 5.5/10 (36 k Votes) 🎬 #Action #Bollywood #Romance #Thriller #Adventure 🗓️ 2012 🎞️ Movie 📺 720p HD 🌎 #India #Ireland ⏰ 2 နာရီ 12 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီကားလေးက IMDB 5.3 ရထားတဲ့ကားလေးပါမြန်မာလိုကတော့တစ်ခါတုန်းက ကျားတစ်ကောင် ရှိခဲ့သည်တဲ့ အိန္ဒိယ နဲ့ ပါကစ္စတန် သူလိွ်ဳတွေကြားရိုက်ကူးပြထားတဲ့ဇာတ်ကားလေးပါ Tiger (ဆလက်မန်ခမ်း) ဟာအိနိၵယ အထူးစပိုင်တစ်ဦးဖြစ်ပြီးRAW အဖွဲ့အစည်းရဲ့ လက်အောက်မှာ လုပ်ကိုင်ရသူဖြစ်ပါတယ်။ သူရဲ့လုပ်ငန်းမှာ ပါကစ္စတန် သူလိ်ဳ ISIS များအားနှိမ်နင်းရမည်ဖြစ်ပါတယ် တစ်နေ့မှာတော့ သူ့ဆရာ goyi ရဲ့Mission အရ ပါကစ္စတန် ရဲ့အကြောင်းအစကို လိုက်ပြီး ရှာဖွေရတော့တယ် ဒီတစ်ခါမှာတော့ Tiger ဟာ ပရော်ဖက်ဆာ တစ်ဦးဆီ သွားပြီးပါကစ္စတန် သမိုင်းကြောင်းကိုစတင်စုံးစမ်းခဲ့ပါတယ် ထိုပရော်ဖက်ဆာမှာ မည်သူ့မှ တပည့်အဖြစ် လက်မခံခဲ့သလိုTiger ဟာလည်း ငြင်းပယ်ခံခဲ့ပါတယ် Tiger ဟာ တပည့်အဖြစ် လက်ခံပေးရန်အကြိမ်ကြိမ်ကြိုးစားခဲ့ပြီးZoya ဆိုတဲ့မိန်းကလေးတစ်ဦးနှင့်လည်းတွေ့ဆုံခဲ့ပါသေးတယ် ဒီနေရာမှာတော့ zoya (ကတ်ထရီနာ ကေ့ဖ်)အကြောင်းလည်း ပြောပြချင်ပါတယ် Zoya ဟာ ပရော်ဖက်ဆာကို ပြုစုစောင့်ရှောက်နေသူတစ်ဦးဖြစ်ပြီးအက သင်တန်းတစ်ခုမှာ တက်ရောက်နေသူပါ ဒီဇာတ်လမ်းမှာတော့Tiger. တစ်ယောက် ပရော်ဖက်ဆာ တပည့်အဖြစ်တွေ့ရဦးမည်လောပါကစ္စတန် သမိုင်းကြောင်းကို စုံစမ်းနိုင်မည်လောTiger နှင့် zoya တို့၏ ဘ၀တို့ရှေ့ဆက် မည်သို့ဖြစ်နေမည်နည်း ဟုလှိ်ဳ႕၀ွက်ဆန်ဆန် မေးထုတ်ရမှာပါ Imdb 5.3 ရထားသည့်အတွက်အတော်အသင့် ကောင်းမွန်တဲ့ ဇာတ်ကားကောင်းလို့ ပြောရမှာပါဒါကြောင့် channel. Myanmar ပရိသတ်ကြီးလည်းကြည့်ရခံစားကြည့်ပါဦးလို့

Badlapur (2015) ⭐IMDB: 7.4/10 (25 k Votes) 🎬 #Action #Bollywood #Crime #Drama #Thriller 🗓️ 2015 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 14 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ​သွေး​အေး​အေးနဲ့ကြမ်​းတဲ့ကား​လေးလာပါပြီ ​အငြိုးအ​တေးနဲ့ကလဲ့စား​ကား​တွေဆို ပီပီပြင်​ပြင်​ရိုက်​တတ်​တဲ့​ဘောလိဝုဒ်​ရဲ့အထာအတိုင်​း ဒီကား​လေးထဲမှာလည်​းရင်​နင်​့ဖွယ်​ရာအဖြစ်​အပျက်​ကို​တွေ့ရမှာပါ ဇာတ်​လမ်​းအညွှန်​းက​တော့ ရက်​ဂျ်​ဟူးနဲ့မီရှာတို့ဟာ ​ရော်​ဘင်​ဆိုတဲ့သား​လေးတစ်​​ယောက်​ပိုင်​ဆိုင်​ထားတဲ့​ပျော်​ရွှင်​စရာမိသားစု​လေးတစ်​ခုပါ အနိစ္စဆိုတဲ့သ​ဘောအတိုင်​းကံကြမ္မာမုန်​တိုင်​းတစ်​ခု​ကြောင့်​့တစ်​​နေ့မှာ ဘဏ်​ဓါးပြတိုက်​မှုတစ်​ခုက​နေ​ ကားယူ​ပြေးတဲ့ဓါးပြ​တွေ​ကြောင်​့မီရှာနဲ့​ရော်​ဘင်​တို့​သေဆုံးသွားခဲ့ရပါတယ်​ လိုက်​ရက်​ခ်​လို့​ခေါ်တဲ့ရာဇဝတ်​​ကောင်​တစ်​​ယောက်​ကိုဖမ်​းမိခဲ့​ပေမယ့်​ ကြံရာပါတစ်​​ယောက်​က​တော့​ငွေ​တွေနဲ့အတူအစအန​ပျောက်​သွားပါတယ် ဖမ်​းမိခဲ့တဲ့လိုက်​ရက်​ခ်​ကလည်​းသူ့ကြံရာပါနာမည်​ကို​ရေငုံနှုတ်​ပိတ်​​နေခဲ့ပြီး​ထောင်​အကျခံခဲ့ပါတယ်​ ဒီလိုရင်​နင့်​့ဖွယ်​ဖြစ်​ရပ်​မျိုးဟာ​သေသွားတဲ့ သူအတွက်​​တော့ဘဝကူးရုံပဲဆို​ပေမယ့်​ ကျန်​​နေခဲ့တဲ့ရက်​ဂျ်​ဟူးအတွက်​​တော့ကမ႓ာပျက​္​နေတ့ဲအရူးတစ်​​ယောက်​လိုပါပဲ သား​သေ/ မယား​သေလို့ အမုန်​းတရား​တွေနဲ့ပြည်​့နှက်​​နေခဲ့တဲ့ ရက်​ဂျ်​ဟူးတစ်​​ယောက်​ အမုန်​းတရား​တွေကိုဘယ်​လို​ချေဖျက်​သွားမလဲ တရားခံဆိုတဲ့သူ​တွေက​ကော ဘယ်​လိုဆက်​ဖြစ်​ကြမလဲ စတဲ့ ဇာတ်​ရှိန်​အလှည်​့အ​ပြောင်​း​လေး​တွေကိ​ု​တော့ ဇာတ်​သိမ်​းပိုင်​းကျမှပဲ နားလည်​သ​ဘော​ပေါက်​ကြမှာဖြစ်​တဲ့အတွက်​ ပြီး​အောင်​ကြည်​့ရမှာ​တော့ကျွန်​​တော်​တို့အပိုင်​း​ပေါ့ဗျာ… (ဘာသာျပန္သူကေတာ့ Pyae Xeinn Sett ပါ)

Golmaal Again (2017) ⭐IMDB: 4.9/10 (10 k Votes) 🎬 #Action #Bollywood #Comedy #Fantasy #Horror 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 31 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မွေးရပ်မြေနေရာဟောင်းဆီ ကို ပြန်လာကြတဲ့ ဂိုပဲလ်၊ မာဒက်ဗ်၊လပ်ကီး၊ လက်စ်မန်ပရာဆပ်နဲ့ လက်စ်မန်တို့ဟာ အသစ်ပြန် လည်မွမ်းမံထားတဲ့ မိသားစုပိုင်အိမ်ကြီးမှာ နေကြပါတယ်။ ဂိုပဲလ်တို့မှာ ကလေးဘ၀ကတည်းက မတည့်ကြတဲ့ အဖွဲ့တစ်ဖွဲ့ရှိပြီး အရွယ်ရောက်လာတဲ့အချိန်ထိ မတည့်ကြဘဲ ပြန်ရောက်လာတဲ့ ဂိုပဲလ်တို့နဲ့ တွေ့တာနဲ့ကို ရန်ဖြစ် ကြပါတော့တယ်။ တစ်ရက်မှာတော့ ဂိုပဲလ် တစ်ယောက် အိမ်ကြီးမှာနေရင်း ထူးဆန်းတဲ့ အဖြစ်အပျက်တွေကြုံ ရလို့ တခြားသူတွေကို ပြောပြပေမယ့် ဂိုပဲလ်ကို တစ်ယောက်မှ မယုံပါဘူး။ ဒါပေမဲ့ နောက်တော့ အိမ်ကြီးထဲက ဆန်းကြယ်မှုတွေကို အကုန်ကြုံရတဲ့အခါမှာတော့ အ ခြောက်အလှန့်တွေရှိ တယ်ဆို တာ သဘောပေါက်ခဲ့ပါတယ်။ ဒါနဲ့ သရဲတစ္ဆေတွေမောင်း ထုတ်ဖို့ဆိုပြီး ဆရာတွေ မျိုးစုံခေါ် လုပ်ပေမယ့် ထူးခြားမှုမရှိဘဲ အ ခြောက်အလှန့်မျိုးစုံနဲ့သာ ကြုံရပါတယ်။ ဂိုပဲလ်တို့ရဲ့ အဖြစ်အပျက်တွေကို ဟာသဇာတ်ကွက် လေးတွေနဲ့ တင်ဆက်ထားတာမို့ ရယ်မောရဦးမှာပါ။ အိမ်ကြီးထဲက အခြောက်အ လှန့်တွေနောက်ကွယ်မှာ ဘယ်လိုအကြောင်းရင်းတွေရှိနေလဲ၊ ဂို ပဲလ်တို့အဖွဲ့က ဒီပြႆနာကို ဘယ်လိုနည်းလမ်းတွေနဲ့ ရှင်းထုတ်မှာလဲဆိုတာတော့ ဘောလိ၀ုဒ်ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ကကွက်အလှ၊ ရိုက်ချက်အလှတွေနဲ့အတူ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါတယ်။ ပါ၀င်ထားသူတွေကတော့ Ajay Devgn၊ ParineetiChopra၊ Tabu ၊ Arshad Warsi၊ Tushar Kapoor၊ ShreyasTalpade၊ Kunal Khemu စသူတွေဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7Daily Website မှ ကူးယူဖော်ပြပါသည်)

Ittefaq (2017) ⭐IMDB: 7.2/10 (13 k Votes) 🎬 #Bollywood #Mystery #Thriller #Crime 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #India ⏰ 1 နာရီ 45 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့မှာ မိုးတွေသည်းနေပါတယ်…မိုးရေထဲမှာပဲ ဖြစ်ပွားခဲ့တဲ့ လူသတ်မှုနှစ်ခု… ဗစ်ကရမ်စီသီးဟာ ယူကေနိုင်ငံမှာ လူကြိုက်များတဲ့ ဝတ္ထုရေးဆရာတစ်ယောက်ပါ… သူဟာ ကတ်သရင်းဆိုတဲ့ foreigner အမျိုးသမီးနဲ့ အိမ်ထောင်တစ်ခုတည်ထောင်ခဲ့ပါတယ်… တစ်နေ့ သူပြန်လာတဲ့အချိန်မှာတော့ ကတ်သရင်း သေဆုံးနေခဲ့ပါတယ်… ချက်ချင်းပဲ သူရဲကိုဖုန်းဆက်တယ်… ရဲတွေက သူသတ်တယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်… ဗစ်ကရမ်ဟာ ကြောက်ကြောက်လန့်လန့်နဲ့ ခြေဦးတည့်ရာကားမောင်းပြေးပါတော့တယ်…. ကားအရှိန်လွန်ပြီး တိမ်းမှောက်ခဲ့ပါတယ်… ဒဏ်ရာတွေနဲ့ ဗစ်ကရမ်ဟာ နီးစပ်ရာ အိမ်ထဲဝင်ပြီး အိမ်ပိုင်ရှင် မာယာဆိုတဲ့အမျိုးသမီးကို အကူအညီတောင်းခဲ့ပါတယ်… ဒီကူညီပေးတဲ့အိမ်မှာလဲ လူသတ်မှုဖြစ်နေခဲ့ပါတယ်… မာယာခင်ပွန်းဖြစ်သူ ရှက်ကာ ဆိုတဲ့ သူသေဆုံးနေတာပါ… ဗစ်ကရမ်အမှုကို မွန်ဘိုင်းထိပ်တန်းစုံထောက် ဒေ့ဗ် တာဝန်ယူရပါတယ်… ဒေ့ဗ်ဟာ မာယာနဲ့ ဗစ်ကရမ်ရဲ့ ထွက်ဆိုချက်များကို နားထောင်ရပါတယ်…. ဗစ္ကရမ္ထြက္ဆိုခ်က္================ ကျွန်တော် အိမ်ပြန်ရောက်တော့ ကတ်သရင်း အသက်မရှိတော့ပါဘူး… ကျွန်တော်ရဲကို ချက်ချင်းအကြောင်းကြားခဲ့တယ်.. ဒါပေမဲ့ရဲတွေက ကျွန်တော့်ကို မိန်းမကို သတ်တယ် ရဲစခန်းလိုက်ခဲ့ဖို့ ခြိမ်းခြောက်ကြတယ်.. ကျွန်တော်လဲ ကြောက်လန့်ပြီးထွက်ပြေးမိတယ်… ကျွန်တော် အိမ်တစ်အိမ်ကို အကူအညီတောင်းခဲ့တယ်.. မာယာဆိုတဲ့အမျိုးသမီးကူညီပေးတယ်… သူ့ယောကျာ်းပြန်မရောက်သေးဘူးတဲ့.. သူက အတော်ကူညီပေးရှာပါတယ်… ကျွန်တော့်ဒဏ်ရာကိုဆေးထည့်ပေးတယ်…သောက်စရာပေးတယ်… အဲ့အချိန်သူ့ခင်ပွန်းရှက်ကာ ရောက်လာတယ်.. .ရှက်ကာက ရှေ့နေတစ်ယောက်တဲ့ ကျွန်တော့်ကိုကူညီပေးနိုင်တယ်လို့ မာယာပြောခဲ့တယ်… ခဏကြာတော့ ကျွန်တော်ဘာဖြစ်သွားမှန်းမသိ…မေ့လဲသွားတယ်… ကျွန်တော်နိုးလာတော့ ရှက်ကာအလောင်းကိုတွေ့တယ်… မာယာထြက္ဆိုခ်က္=============== ကျွန်မ တံခါးဘဲလ်တီးသံကြားလိုက်တယ်… ဖွင့်ကြည့်တော့ တစ်ယောက်မှမရှိဘူး… တံခါးပြန်ပိတ်မယ့်အချိန်မှာပဲ လူတစ်ယောက် ကျွန်မကို အတင်းဖမ်းထားတယ်… ကျွန်မလဲ ကြောက်လန့်ခဲ့တယ်… သူက ကျွန်မ အိမ်မှာဘယ်သူရှိလဲမေးတယ်…ဓါးနဲ့ခြိမ်းခြောက်တယ်…အဲ့အချိန်မှာ ရှက်ကာအလုပ်က ပြန်လာတယ်… ရုန်းရင်းဆန်ခတ်ဖြစ်ကြတယ်… ရှက်ကာနဲ့အဲ့လူလုံးထွေးနေတဲ့အချိန်မှာ ကျွန်မ ရဲကားအသံကြားတော့ အောက်ပြေးဆင်းပြီး အကူအညီတောင်းခဲ့တယ်… ကျွန်မပြန်ရောက်တဲ့အချိန်မှာ ရှက်ကာ အသက်မရှိတော့ဘူး…. ဒေ့ဗ်ဟာ ထွက်ဆိုချက်နှစ်မျိုးလုံးကို နားထောင်ပြီး ဝေခွဲမရဖြစ်ခဲ့ပါတယ်… ဗစ်ကရမ်က ထွက်ပြေးပြီး မာယာအိမ်မှာ မေ့လဲသွားတာလား….မာယာက သူ့ခင်ပွန်းကို သူကိုယ်တိုင်သတ်တာလား… ဗစ္ကရမ္က အျပစ္မရွိဘဲခံလိုက္ရတာလား… ကတ်သရင်းသေဆုံးမှုကကော ဖြစ်ရိုးဖြစ်စဥ်လို သေဆုံးမှုဟုတ်ရဲ့လား ဆိုတာကို… ပဟေဠိဆန်ဆန် ဖြေရှင်းချက် သုံးသပ်ချက်များနဲ့ ရိုက်ကူးထားပါတယ်… CM ပရိတ်သတ်ကလဲ ဘယ်သူက လူသတ်တရားခံလဲဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်တဲ့အတွက် လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပါ…

Double Dhamaal (2011) ⭐IMDB: 3.9/10 (4 k Votes) 🎬 #Bollywood #Comedy #Crime #Drama 🗓️ 2011 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 17 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Dhamaal ဇာတ်ကားရဲ့ နောက်ဆက်တွဲအဖြစ် ဆက်လက်ထွက်ရှိခဲ့တာပါ။ ပထမဇာတ်ကားက သရုပ်ဆောင်အများစုပဲ ပါဝင်ထားပြီး ပထမဇာတ်ကားက မကြေတဲ့ရန်ကြွေးတွေကို အကြေဆပ်ဖို့ကြိုးစားကြရာက ဂျိုကာ(၄)ကောင်ရဲ့ တလွဲတွေကို ဟားတိုက်ကြည့်ရှုရမှာပါ။ ပထမဇာတ္ကား Dhamaal (2007) ကိုhttps://channelmyanmar.org/dhamaal-2007/မွာၾကည့္ပါ။

A Gentleman (2017) ⭐IMDB: 6.2/10 (7 k Votes) 🎬 #Action #Bollywood #Comedy #Romance 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 06 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ​ဘောလိဝုဒ်​ကား​တွေရဲ့ထုံးစံအတိုင်​းပရိသတ်​မထင်​ထား​လောက်​​အောင်​လှည်​့ကွက်​​လေး​တွေကဆရာကျတတ်​ကြပါတယ်​။ ဇာတ်​​ကြောင်​းဇာတ်​အိမ်​တည်​​ဆောက်​ပုံကလည်​း​တောင်​့တင်​းတယ်​ဆိုတာ ​ဘောလိဝုဒ်​ပရိသတ်​ကြီးလည်​းသိပြီးသားပါ။ ​ဘောလိဝုဒ်​ကားအများစုဟာ ဟာသ/ အချစ်​ / အလွမ်​း /ဇာတ်​ကြမ်​း /လှည့်​ကွက်​ ​စတဲ့ ရသ​တွေထောင်​့​​စေ့​အောင် ​တည်​​ဆောက်​ထား​လေ့ရှိပါတယ်​။ ဒီကား​လေးရဲ့အညွှန်​းကိုမျှ​ဝေရမယ်​ဆိုရင်​ဖြင်​့ အိန္ဒိယနိုင်​ငံရဲ့လျှူိ့ဝှက်​​အေးဂျင်​့အဖွဲ့တစ်​ခုဖြစ်​တဲ့ အဖွဲ့ X ​​အ​ကြောင်​း​​လေးနဲ့ပဲစချင်​ပါတယ်​ ​​အဖွဲ့ X ရဲ့​ခေါင်​း​ဆောင်​ ကာနယ်​ဟာဆိုရင်​ဖြင့်​့အာဏာကိုအလွဲသုံးစားလုပ်​ပြီး’ရ​လေလို​လေအိုတ​စ္ဆေဆိုသလို’ကိုယ်​ကျိုးရှာ​လောဘသား​ခေါင်​း​ဆောင်​တစ်​​ယောက်​ပါအဖွဲ့ X ရဲ့​ခေါင်​း​ဆောင်​က​တော့ ရှရီဆိုတဲ့အရည်​အချင်​းရှိ​အေးဂျင်​့ပါသူက​တော့ မတရားမှု​တွေလုပ်​​နေတဲ့​ခေါင်​း​ဆောင်​ရဲ့လက်​​အောက်​က​နေလွတ်​​မြောက်​ခွင်​့ရဖို့ခက်​ခဲ​နေတဲ့သူတစ်​​ယောက်​ပါ ​ သူ့သ​ဘောထားကိုသိသွားတဲ့ကာနယ်​က​နောက်​ဆုံးအ​နေနဲ့မစ်​ရှင်​တစ်​ခုလုပ်​​ပေးဖို့​တောင်​းဆိုလိုက်​ပါတယ်​ ဒါကိုသ​ဘောတူပြီး​နောက်​ပိုင်​းဘာ​တွေဖြစ်​လာမလဲ တစ်​ဖက်​မှာလည်​းဒါရိုက်​တာပံ​ု​ဖော်​ပြီးရိုက်​ပြထားတဲ့ ဂော်ရဗ်​ ဆိုတဲ့ဝန်​ထမ်​း​လေးတစ်​​ယောက်​အ​ကြောင်​း​လေးလည်​းပြောချင်​ပါ​သေးတယ်​သူက​တော့ ဘဝကိုအရှုပ်​အရှင်​းကင်​းကင်​းနဲ့ရိုးသားစွာဖြတ်​သန်​းချင်​တဲ့သူပါ ကုမ္ပဏီမှာအလုပ်​ကြိုးစားတယ်​ အိမ်​​ကောင်​း​ကောင်​းတစ်​လုံးနဲ့​နေချင်​တယ်​ သာမန်​​နေထိုင်​မှုလို့ပဲဆိုရမှာပါ မင်​းသမီးကလည်​းနာမည်​​ရေးပြစရာမလို​လောက်​​အောင်​ ​ဘောလိဝုဒ်​ပရိသတ်​​တွေအကြိုက်​ ဇာတ်​ကြမ်​း/ အချစ်​/အလွမ်​း /ဟာသ ဘက်​စုံရတဲ့သမီးတစ်​လက်​ပါ ဒီ character ​တွေစု​ပေါင်​းလိုက်​တဲ့ဇာတ်​လမ်​းအသွားအလာဘယ်​လိုပီပြင်​လာမလဲဆိုတာ​တော့ ဇာတ်​ကားပြီးခါနီး​လေးမှပဲသိရမှာပါ ဇာတ်​အိမ်​/ ဇာတ်​​ကြောင်​း/ သရုပ်​​ဆောင်​/ ​နောက်​ခံသီချင်​း အပြစ်​​ပြောရာမရှိ​အောင်​​ကောင်​းတဲ့ ဇာတ်​ကား​လေးဖြစ်​​ပြီးဟာသ​လေး​တွေလည်​းပါဝင်​ထားလို့ကြိုက်​နှစ်​သက်​ကြမယ်​လို့ ယူဆမိပါ​ကြောင်​း……. (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Pyae Xeinn Sett ပါ)

Judwaa 2 (2017) ⭐IMDB: 3.6/10 (11 k Votes) 🎬 #Action #Bollywood #Comedy #Romance 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 20 မိနစ် 08 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လန်ဒန်မှာ ကြီးပြင်းတဲ့ ပရမ်ကတော့ ခပ်အေးအေးနဲ့ရိုးအတဲ့အတွက် သူများနှိပ်စက်ခံဖြစ်ပေ မယ့်လို့ မွမ်ဘိုင်းက ရာဂျာကတော့ ရန်ဖြစ်သတ်ပုတ်တဲ့နေရာမှာ ဆရာကျတဲ့ဖိုက်တာ တစ်ယောက် ပါ။ ဒီလိုနဲ့ တစ်ရက်မှာတော့ရာဂျာတစ်ယောက် လန်ဒန်ကို သွားဖို့ ဖြစ်လာခဲ့ပြီး မွမ်ဘိုင်းမှာနေ နေကျ ဆံပင်အရှည်ပုံစံမဟုတ်ဘဲ ဆံပင်တွေ ဘာတွေသပြီးသွား တာမို့ ပရမ်နဲ့ပိုလို့တောင်တူပါ တယ်။ တစ်ရက်မှာတော့ ညီအစ်ကိုနှစ်ယောက် ထိပ်တိုက်ဆုံမိခဲ့ကြ ပြီး အမြွှာညီအစ်ကိုမှန်းသိသွားခဲ့ ကြပါတယ်။ နှစ်ယောက်တွေ့ပြီး နောက်မှာ ထူးခြားတာတစ်ခုက တစ်ယောက်ယောက်ထိခိုက်ဒဏ် ရာရရင်ပဲဖြစ်ဖြစ်၊ တစ်ခုခုဖြစ် ရင်နောက်တစ်ယောက်မှာအတူတူ လာပြီးဖြစ်တာလည်း ရယ်မောရ စေမှာပါ။ ပရမ်နဲ့ ရာဂျာကို လူတွေမှားကြတဲ့ ဇာတ်ကွက်တွေထဲမှာ အရယ်ရဆုံးကတော့ အမြွှာနှစ် ယောက်ရဲ့ ချစ်သူတွေ လူမှားကြတာပါ။ ဘောလိဝုဒ်ဇာတ်ကား တွေရဲ့ ထုံးစံအတိုင်း မြူးမြူးကြွကြွအကတွေနဲ့ ကြည်နူးစရာဇာတ် ကွက်လေးတွေကိုလည်း အကြိုက်တွေ့ကြမှာပါ။ အမြွှာညီအစ်ကိုနှစ်ယောက် ပြန်ဆုံပြီးနောက်မှာတော့ မိသားစု ကို အန္တရာယ်ပေးမယ့်သူတွေကို အတူရင်ဆိုင်ကြတာကိုလည်း အက်ရှင်ရသအပြည့်နဲ့ တင်ဆက် ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ 7daydaily Website မှကူးယူဖော်ပြသည်။)

Toilet: A Love Story (2017) ⭐IMDB: 7.2/10 (22 k Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 33 မိနစ် 17 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “Toilet”လို့​ပြောလိုက်​တာနဲ့ပရိသတ်​ကြီးပိုပြီးစိတ်​ဝင်​စားလာသလိုနည်​းနည်​းလည်​း​ကြောင်​သွားမယ်​ထင်​တယ်​ဗျ မြန်​မာလိုအဓိပ္ပါယ်​ပြန်​ရရင်​​တော့သန်​႔စင်​ခန်​း (သို့)​ရေအိမ်​​ပေါ့ဗျာအရပ်​အ​ခေါ်​တော့”အိမ်​သာ”​ပေါ့ ဇာတ်​ကားနာမည်​ထက်​ပိုအံ့သြဖို့​ကောင်​းတာက အိန္ဒိယနိုင်​ငံမှာသန်​႔စင်​ခန်​းတစ်​ခု​ကြောင့်​့အစိုးရအထိဂယက်​ရိုက်​ခဲ့ရတယ်​ဆိုတာပါပဲ ဇာတ်​လမ်​းအကျဥ်​းက​တော့ မန်​ဂာဝန်​ဆိုတဲ့ရွာတစ်​ရှာမှာ ဓ​လေ့တစ်​ခုရှိပါတယ်​ အ့ဲ့ဒါကဘာလဲဆို​တော့ မနက်​အ​စောအာရုဏ်​မတက်​ခင်​ အမျိုးသမီး​တွေစုပြီးလိုတာပါတီလို့​ခေါ်တဲ့​ရွာန့ဲခပ်​လှမ်​းလှမ်​းကို​ရေအိမ်​စု​ဝေးသွားကြတဲ့ဓ​လေ့ပါ အမျိုးသား​တွေက​တော့ကြုံရာကျပန်​း​ပေါ့ဗျာ သူတို့ရဲ့အယူသည်​းတဲ့ယဥ်​​ကျေးမှုရအိမ်​တိုင်​းမှာသန်​႔စင်​ခန်​းဆိုတာမရှိကြပါဘူး သန်​႔စင်​ခန်​း​တွေကိုအိမ်​ထဲမှာ​ဆောက်​ရင်​ နိမိတ်​မရှိဘူး ညစ်​ပတ်​တယ်​ ရွံစရာ​ကောင်​းတယ်​စသဖြင်​့အယူအစွဲ​တွေနဲ့သမုတ်​ထားကြတာပါ ရွာထဲက Akshay Kumar (Kesav)က​​တော့စက်​ဘီး​ရောင်​းတဲ့သူပါ တ​စ်​​နေ့စက်​ဘီးမှာတာသွားပို့ရင်​း Jaya လို့​ခေါ်တဲ့BCA​ကျောင်​းသူ(ကွန်​ပြူတာ​ကောလိပ်​​ကျောင်​းသူ)​လေးတစ်​​ယောက်​နဲ့ဆုံခဲ့ပါတယ်​ ဒီမိန်းက​လေးနဲ့​တွေ့မှသူ့ရဲ့နှလုံးသားဟာပြန်​အသက်​ဝင်​လာခဲ့ပါတယ်​ သူဘာလို့ အသက်​၃၆နှစ်​ထိမိန်​းမမရတာလဲဆိုတာ​တော့စိတ်​ဝင်​စားစရာတစ်​ပိုင်​း​ပေါ့ဗျာ ဒီလိုနဲ့အသက်​ကြီး​ပေမယ့်​မပျက်​စီး​သေးတဲ့သူ့ရဲ့အချစ်​​တွေကနှလုံးသားက​နေတစ်​ဆင်​့ပါးစပ်​ဖျာ​း​က​တော်​ကီ​တွေအဖြစ်​ရောက်​လာလို့​​နောက်​ဆုံး​​ကောင်​မ​လေးနဲ့ညားသွားပါတယ်(​ တကယ်​​တော့ချစ်​တတ်​ဖို့ပဲလိုတာပါ​ဗျာ…..ငိငိ ) မင်္ဂလာ​ဦးညမှာတင်​အခက်​​တွေ့​တာတစ်​ခုက အ​စောကကျွန်​​တော်​​ပြောခဲ့တဲ့လိုတာပါတီပဲ​ကောင်​မ​လေးက ကီရှက်​ဖ်​နဲ့အိမ်​မှာ သန်​႔စင်​ခန်​းမရှိတာမသိဘူးဗျ လူကလည်​းပညာတတ်​/ အယူမသည်​းတဲ့သူ /ဒီလိုအပြင်​ထွက်​ပြီးကိစ္စဝိစ္စရှင်​းရ​တော့မယ်​ဆို​တော့သူလည်​း ပျားတုတ်​​တော့တာပဲ ဒီလိုနဲ့အချစ်​​တွေပြည်​့​ဝနေတဲ့သူတို့ရဲ့အိမ်​​ထောင်​​ရေးက သန်​႔စင်​ခန်​းဆိုတဲ့ဗီလိန်​​ကြောင်​့အချိန်​ကြာလာ​တော့လည်​းမ​ကျေနပ်​စရာ​တွေဖြစ်​လာတာ​ပေါ့ အ​ေ​ရး​ပေါ်အစီအစဥ်​​တွေနဲ့ ​ဖြေရှင်​းခဲ့​ပေမယ့်​လည်​းအဆင်​မ​ပြေခဲ့ပါဘူး ​နောက်​ပိုင်​း သူတို့လင်​မယားကွဲရမယ့်​အ​ခြေအ​နေအထိဖြစ်​သွားခဲ့ပါတယ်​ ဒီသန်​႔စင်​ခန်းမရှိတာနဲ့ပတ်​သတ်​ပြီး လင်​မယားကွဲရတယ်​လို့​ပြောရင်​ဘယ်​သူယုံမှာလဲဗျာ သန့်​စင်​ခန်​းမရှိတာများ​ဆောက်​လိုက်​​ပေါ့လို​႔​ဖြေကြမှာပါ ဒီဇာတ်​ကာ​းလေးကြည်​့လိုက်​ရင်​​တော့ယုံသွားမှာအ​သေအချာပါပဲ ဒါ​ပေမယ့်​အဲ့ဒီသန်​႔စင်​ခန်​း​လေးတစ်​ခု​ဆောက်​ရဖို့အ​ရေးတစ်​ဖက်​ကလည်​း မိန်​းမ တဖက်​ကလည်​း​ရှေးရိုးစွဲ​နေတဲ့ရွာခံ​တွေနဲ့ကီရှက်​ဖ်​ရဲ့အ​ဖေ ဒီကိစ္စ​တွေကြားမှာတိုင်​ပတ်​သွားတာက ကီရှက်​ဖ်​နဲ့ဂျာရာ​ပေါ့သူတို့၂​ယောက်​​ပေါင်​းပြီးဒီလိုမှားယွင်​းနဲ့အယူအဆ​ရှေးရိုးအစဥ်​အလာ​တွေကိုဘယ်​လိုအတူရင်​ဆိုင်​​ဖြေရှင်​းကြမလဲဆိုတာက​တော့………………., ပညာ​ပေးဇာတ်​ကားဖြစ်​သလို ဟာသ/ အချစ်​/ အလွမ်​း​တွေပြည်​့နှက်​​နေတဲ့ဇာတ်​ကား​ကောင်​း​လေးတစ်​ကားပါ (ဘာသာျပန္သူကေတာ႔ Pyae Xeinn Sett ပါ)

Bhoomi (2017) ⭐IMDB: 5.3/10 (2 k Votes) 🎬 #Action #Bollywood #Drama #Crime 🗓️ 2017 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 12 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bhoomi ဆိုတာ ့့့ အာဂ်ရမြို့ရဲ့ ဖိနပ်ဆိုင်လေး တစ်ဆိုင်ရဲ့ နာမည်။ ဆိုင်ပိုင်ရှင်နာမည်က အာရွှန်ဆိုတဲ့ အသက်ကြီးပိုင်း လူကြီးတစ်ယောက် ဆိုင်နာမည်ကိုတော့ သူအချစ်ဆုံး မိတဆိုး သမီးလေးရဲ့ နာမည်ကို ပေးထားတာ Bhoomi ဆိုတဲ့ကောင်မလေးကတော့ ပညာတတ်ငယ်ငယ်ရွယ်ရွယ်နဲ့ အချောအလှလေး အဖေဖြစ်သူက ဖိနပ်ဆိုင်ပိုင်ပေမယ့် ကိုယ့်အလုပ်ကိုယ်လုပ်တယ် ချစ်သူကလည်း ရှိတော့ မကြာခင်မှာ လက်ထပ်ဖို့ ရည်ရွယ်ထားတယ်။ သာသာယာယာ ဘဝလေးထဲကို ဝင်လာတဲ့ ပြသနာကတော့ ့့့့ ဗီရှဲလ် ့့့့့ အင်း ့့့့့ ဗီရှဲလ်ဆိုတာ ဘူမီတို့ ပတ်ဝန်းကျင်က ရွယ်တူ ကောင်လေးတစ်ယောက် ့့့့ ဘူမီကို ချစ်ခွှင့်အကြိမ်ကြိမ်ပန်ခဲ့ပေမယ့် ့့့့ ဘူမီက သူငယ်ချင်းတစ်ယောက်လိုပဲ သတ်မှတ်ပြီး ငြင်းခဲ့တယ် ့့့့့ အယုတ်တမာ ဗီရှဲလ်က လက်မခံပဲ ့့့့့့ သူ့အစ်ကို ဝမ်းကွဲဖြစ်တဲ့ ဒိုလီဆီက အကူအညီတောင်းခဲတယ် ့့့့ ဒိုလီ ့့့့ ” လွယ်လွယ်နဲ့နိုင်မယ့် ကစားပွဲတွေကို ငါဝင်မဆော့ဘူးအရှုံးဆိုတဲ့ အငွေ့အသက်ပါမှ အနိုင်ဆိုတာ ချိုမြိန်တာကွ ့့့့” ဒိုလာပူးရ်ရဲ့ လူဆိုးလူမိုက် ဖြစ်တဲ့ ဒိုလီရဲ့ အကူအညီနဲ့ ဗီရှဲလ်ဟာ ဘူမီကို မင်္ဂလာမဆောင်ခင်ညမှာ အုပ်စုဖွဲ့ အဓမ္မကျင့်လိုက်ပါတယ်။ အဲ့ဒီညမှာ ဖြစ်ခဲ့တဲ့ အဖြစ်တွေကို ဘာဖြစ်လို့ ဖြစ်နေမှန်း ရေရေရာရာ မသိခဲ့ဘူးသတိမေ့နေခဲ့တယ် သူကိုယ်သူ ဘာဖြစ်သွားလဲ သိပေမယ့် ဘယ်သူ့လက်ချက်လဲ မသိခဲ့ဘူး ့့့့့ မင်္ဂလာဆောင်မှာ အားလုံးပျော်ပျော်ရွှင်ရွှင်ဖြစ်နေပေမယ့် အသက်မဲ့နေတဲ့ ဘူမီဟာ သူ့ချစ်သူကို အကြောင်းစုံ ပြောပြခဲ့ပါတယ် ့့့့့ ဒီအချိန်မှာ ချစ်လှပါတယ်ဆိုတဲ့ ချစ်သူက မင်္ဂလာပွဲကို ဖျက်ပြီး ပြန်သွားလိုက်တော့တယ် ့့့့့ ရဲစခန်းမှာ အမှုဖွှင့် တရားရုံးထိရောက်ခဲ့ပေမယ့် တရားခံတွေကို ဖမ်းမိခဲ့ပေမယ့်သက်သေအထောက်အထား မပြနိုင်လို့ ပြန်လွတ်သွားခဲ့တယ် တရှက်က နှစ်ရှက်ဆိုသလို အရှက်ကွဲ အကျိုးနည်း ဖြစ်ခဲ့ပြီး ပတ်ဝန်းကျင်မှာ မျက်နှာမပြနိုင်အောင် ဖြစ်ခဲ့တယ် နောက်ဆုံး အာရွန်အနေနဲ့ လူယုတ်မာတွေကို သမီးအတွက် ကိုယ်တိုင်အပြစ်ပေးဖို့ ဖြစ်လာခဲ့ပါတော့တယ် ့့့့့ (#သမီးတစ်ယောက် အပေါ်မှာထားတဲ့ အဖေတစ်ယောက်ရဲ့ မေတ္တာတရားကိုအကောင်းဆုံး ဖေါ်ကြူးတင်ဆက်ထားပါတယ်။ ၁၅ဝဝမေတ္တာနဲ့ ၅၂၈ရဲ့ ကွာခြားမှု၊ အရေးအကြောင်းဆို ကိုယ့်ဘေးမှာ ရပ်တည်ပေးနိုင်တာ ကိုယ့်မိဘပဲဆိုတာ အကောင်းဆုံး ပြသသွားပါတယ်။ မင်းသားကြီး ဆန်ဂျေးဒက် နဲ့ မင်းသမီး အဒီသီရာဟို ကလည်း အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားပါတယ်။ အကြိုက်ဆုံးကတော့ လူယုတ်မာကောင်တွေကို အားရပါးရ နွှာတာပါပဲ ့့ #Bollywood ကားကောင်းကောင်းတွေ ကြည့်ချင်တယ်ဆို ဒီဇာတ်ကားကို လုံးဝ လက်လွတ်မခံပါနဲ့လို ပြောချင်တယ်။) (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဇော်ထူးပါ)

Haider (2014) ⭐IMDB: 8.0/10 (56 k Votes) 🎬 #Action #Bollywood #Crime #Drama #Romance #Thriller 🗓️ 2014 🎞️ Movie 📺 720p HD 🌎 #India ⏰ 2 နာရီ 41 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ၂၀၁၄ခုနှစ်ထွက်အိန္ဒိယကားကောင်းလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ Ratingအနေနဲ့8.2အထိရရှိထားတယ်ဆိုတော့တော်ရုံဇာတ်ကားတစ်ကားမဟုတ်တာတော့အသေအချာပါပဲ။ ဆုပေါင်းများစွာဆွတ်ခူးနိုင်ခဲ့တဲ့Action/Crimeအမျိုးအစားကားကောင်းလေးပါ။ ဒီကားလေးဟာဆိုရင်စာရေးဆရာကြီး၀ီလီယံရှိတ်စပီးယားရဲ့”Helmet”ဆိုတဲ့ဇာတ်လေးကိုကျောရိုးကိုယူပြီးပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်အိမ်ကိုတော့၁၉၉၅ခုနှစ်ကတ်ရှမီးယားဒေသကိုအခြေပြုထားပါတယ်။ လူငယ်လေးတစ်ယောက်သူ့ဖခင်ရုတ်တရက်ပျောက်ဆုံးသွားတဲ့အကြောင်းသိလိုက်ရတဲ့အချိန်မှာပဲအဲဒီကတ်ရှမီးယားဒေသကိုသွားရောက်ခဲ့တာကစတင်ထားပါတယ်။ ဇာတ်လမ်းလေးမှာအချိုးအကွေ့လေးတွေစိတ်၀င်စားဖို့ကောင်းတာမို့ဇာတ်ကြောင်းကိုသိပ်မပြောပြတော့ပါဘူး။ ကိုယ်တိုင်အပြည့်အ၀ခံစားကြည့်တာပိုကောင်းမယ်ထင်ပါတယ်။ ဒီလူငယ်လေးအနေနဲ့ဘယ်လိုမြုပ်ကွက်တွေကိုဖော်ထုတ်လိုက်နိုင်မလဲ။ သူ့ဖခင်ကိုရောပြန်တွေ့နိုင်မှာလား။ ဘယ်လိုပျောက်ဆုံးသွားတာလဲ။ နောက်ကွယ်ကဘယ်လိုအကြောင်းတရားတွေရှိနေလည်းဆိုတာတော့ အပြည့်အ၀ဇာတ်ကားလေးကြည့်ရင်းရင်တမမနဲ့ခံစားကြည့်လိုက်ပါဦး။ နိုင်ငံတကာမှာလည်းမှတ်ချက်ကောင်းတွေရထားတဲ့ကားလေးဖြစ်ပါတယ်။ ကတ်ရှမီးယားဒေသကိုအခြေတည်ထားတာကလည်းစိတ်၀င်စားစရာအချက်တချက်ပါပဲ။ ကဲRatingမြင့်တာနဲ့အညီဘယ်လိုကြောင့်မြင့်ရသလဲဆိုတာတော့ကိုယ်တိုင်ပဲကြည့်ရှုေ၀ဖန်လိုက်ပါဦးလို့။ (ဘာသာပြန်သူကတော့ ကိုကျော်ဇေလတ် ပါ)