ru
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Gadera (2024) ⭐IMDB: 7.1/10 (10 Votes) 🎬 #Bollywood #Drama #History #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 44 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gadera (2024) “ရတနာသိုက်ရှာပုံတော်” လူငယ် မျက်နှာသစ်ဒါရိုက်တာ ရေဂတ်ရှ်ဗတ်စ်ရဲ့ အကောင်းဆုံးကြိုးစားအားထုတ်ထားတဲ့အိန္ဒိယရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၁၂ခုနှစ် အိန္ဒိယကို ဗြိတိသျှနယ်ချဲ့တွေအုပ်စိုးချိန်။sလောဘဇောတိုက်နေတဲ့ ဗြိတိသျှလူမျိုးတွေဟာ ဟိမ၀န္တာတောင်တန်းတစ်ဝိုက်ကသစ်တောတွေကိုရှင်းလင်းဖို့ အနီးနားက ရွာတွေမှာရှိတဲ့ ကျန်းမာသsန်စွမ်းတဲ့သူတွေကိုအတင်းအဓ္ဓမခိုင်းစေကြပါတယ်။ တစ်နေ့ ဂါဒီရာစမ်းချောင်းမှာ မျောပါလာတဲ့ မုဆိုးတစ်ယောက်ရဲ့အလောင်းဆီကနေ ရှေးဟောင်းရွှေဒင်္ဂါးပြားတစ်ခုကိုတွေ့တဲ့အချိန်မှာတော့ အရင်က ပုံပြင်လိုပြောနေကြတဲ့ ရတနာသိုက်ကြီး ရှိနေတယ်ဆိုတဲ့အချက်ဟာရုပ်လုံးပေါ်လာခဲ့ပါတယ်။ ရွာသူရွာသားတွေကတော့ ဒီရွှေဒင်္ဂါးကို ကျိန်စာသင့်နေတာလို့ ယုံကြည်နေကြပါတယ်။ယုံကြည်တဲ့အတိုင်းလည်း ဒီရွှေဒင်္ဂါးနဲ့ပတ်သက်သူတွေ အသေဆိုးနဲ့သေကုန်ကြပါတော့တယ်။ကျိန်စာဆိုတာတွေကိုမယုံတဲ့ ဗြိတိသျှတွေကတော့ ဒီဒင်္ဂါးတွေ့တဲ့နေရာမှာ ရတနာသိုက်ရှိမယ်ဆိုပြီးစူးစမ်းရှာဖွေကြတဲ့နောက်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Something in the Water (2024) ⭐IMDB: 4.1/10 (683 Votes) 🎬 #Thriller #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom ⏰ 1 နာရီ 26 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Something in The Water ကတော့ နာမည်အတိုင်း ရေထဲမှာရှိနေတဲ့အရာတစ်ခုခုဟာ ငါးမန်းဆိုတာကို ရုပ်ရှင်ကြည့်ပရိသတ်တွေရိပ်မိကြမှာပါ။ ၂၀၂၄ မေလ ၃ ရက်ကမှထွက်ရှိထားတဲ့ငါးမန်းရုပ်ရှင်သစ်က Mystery ၊ Thriller အမျိုးအစားဖြစ်ပြီး ပင်လယ်ထဲကို စွန့်စားခန်းထွက်မယ့်ဇာတ်ကောင်တွေက အမိုက်စား ကောင်မလေးငါးယောက်ဖြစ်တဲ့အတွက် ပရိသတ်တွေကို ဆွဲဆောင်နိုင်မယ့်ဇာတ်ကားတစ်ခုပါပဲ။ ဇာတ်လမ်းအကျဉ်း ***************မက်ဂ်၊ လစ်ဇီ၊ ကမ်၊ ရု့သ်နဲ့ကေလာတို့သူငယ်ချင်း ငါးယောက်ဟာ တစ်ယောက်အကြောင်းတစ်ယောက် အတွင်းကျကျသိရှိထားကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ပါတယ်။ သူတို့ထဲက မက်ဂ်နဲ့ကေလာကတော့ တစ်ဘဝလုံးစာအထိရည်ရွယ်ထားကြတဲ့လိင်တူချစ်သူတွေ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ လစ်ဇီကို ကမ်ရဲ့အစ်ကို ဖြစ်တဲ့ဒွန်က လက်ထပ်ခွင့်တောင်းလိုက်တဲ့အတွက် မင်္ဂလာဆောင်ကို ကမ်းခြေမှာသွားလုပ်ဖို့စီစဉ်ခဲ့ကြပါ တော့တယ်။ လစ်ဇီရဲ့မင်္ဂလာဆောင်အတွက် ပြဿနာ တွေကြောင့်ခဏတာဝေးကွာနေတဲ့မက်ဂ်နဲ့ကေလာလည်း ကမ်းခြေကိုရောက်ရှိလာခဲ့ပါတယ်။ လစ်ဇီရဲ့မင်္ဂလာဆောင် မတိုင်မီတစ်ရက်မှာတော့ ကမ်က ဟိုတယ်ရဲ့လှေနဲ့အလည် အပတ်ခရီးကိုမလိုက်ဘဲ လှေငယ်လေးတစ်စီးနဲ့ပင်လယ်ထဲကို သူငယ်ချင်းငါးယောက်စွန့်စားခန်းထွက်ဖို့လုပ်ပါတော့တယ်။ ခရီးစဉ်ရဲ့တကယ့်ရည်ရွယ်ချက်က မက်ဂ်နဲ့ကေလာကို ပြန်တွဲအောင်လုပ်ပေးဖို့ဖြစ်တာကြောင့် ဝေးလံတဲ့နေရာက လူမရှိတဲ့ကျွန်းတစ်ခုအထိသွားခဲ့ကြပါတယ်။ အစောပိုင်းမှာ အဆင်ပြေနေခဲ့ပေမယ့် သူတို့ရောက်နေတဲ့ရေပိုင်နက်ဟာ ငါးမန်းတွေကျက်စားရာနေရာမှန်းသိလိုက်ရတဲ့အခါမှာတော့ သူငယ်ချင်းငါးယောက်ဟာ မင်္ဂလာပွဲအတွက် အိမ်ပြန်နိုင်ဦး မှာလားဆိုတာ ဆက်လက်ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။
...

A Hipster in Rural Spain (2024) ⭐IMDB: 4.4/10 (447 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #Spain ⏰ 1 နာရီ 38 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနှစ်​မှ​အသစ်ထွက်​ရှိလာတဲ့ စပိန်​စကားပြော​ရုပ်ရှင်​လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်း​အမျိုး​အစား​က Romance​/Comedy​ အမျိုး​အစား​ဖြစ်ပြီး ပေါပေါ့ပါးပါး ကြည်ရှုလို့ရမဲ့ ဟာသ​ဇာတ်ကား​လေးဖြစ်ပါတယ်။ ဇာတ်ကား​နာမည်​ရဲ့အဓိပ္ပာယ်က စပိန် ကျေးလက်​ဒေသ​ရောက်​ Hipster​ တစ်ယောက်လို့ အဓိပ္ပာယ်​ရပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ လီနာနဲ့ ကီကေးက အတူနေချစ်သူတွေဖြစ်ပြီး Progressive နိုင်ငံ​ရေး​ပါတီ​တစ်ခုမှာ ပါဝင်​လှုပ်ရှား​နေကြတဲ့ Activist တွေဖြစ်ပါတယ်။ တစ်နေ့မှာ​ ကီကေးက စပိန်​ကျေးလက်​ဒေသ​ပြုပြင်​ပြောင်းလဲ​ရေးအစီအစဥ်အရ ဝေးလံခေါင်​သီတဲ့ လာကညာဒါ​လို့ခေါ်တဲ့တောမြို့လေးကိုစေလွှတ်ခံရပါတယ်။ တကယ်​တော့​ လီနာ​နဲ့သူ့အထက်လူကြီး ဂတ်စပါတို့နှစ်ယောက်တိုင်​ပင်ပြီး ကီကေး​ကိုကန်ထုတ်လိုက်တဲ့သဘောပါ။ မြို့​လေးကို​ရောက်​သွား​ချိန်​မှာတော့ လိင်​တူ​အခွင့်အရေး​​ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျား​မတန်းတူရေး​နဲ့ တိရစ္ဆာန်​အခွင့်အရေး​တွေကို ပါးစပ်​ကမချတဲ့ မက်ဒရစ်မြို့သားကီကေး​နဲ့ ရှေး​အစဥ်အလာ​တွေကို ထိန်း​သိမ်းဖက်တွယ်ထားတဲ့လာကညာဒါ​မြို့​သူမြို့သားတို့အကြား ပဋိပက္ခ​တွေဖြစ်ပေါ်လာပါတော့တယ်။ ရှေးရိုးစွဲ​မြို့​လေးကို ပြုပြင်​ပြောင်းလဲ​မယ်​ဆိုပြီး​ ကီကေး​တစ်ယောက်​ မြို့​တော်​ဝန်​ ဝင်အရွေးခံဖို့ကြိုးစားရာကနေ ဘာ​တွေ​ဆက်​ဖြစ်​မလဲ​ကြည့်​ရှုရမှာပါ။ ဇာတ်​အိမ်​က​ရိုး​ရှင်းပေမဲ့ ပေါ့​ပေါ့ပါး​ပါး​နဲ့ ကြည်နူး​စရာဇာတ်လမ်းလေးဖြစ်ပြီး စပိန်​နိုင်​ငံကျေးလက်မြို့လေးတစ်ခုမှာ တည်​ထားတာဖြစ်လို့ ဥရောပ​ကျေး​လက်​ရဲ့အငွေ့အသက်တွေကို တဝကြီးတွေ့မြင်ရမှာပါ။ ဥရောပ​ရုပ်ရှင်​နှစ်သက်​သူများ​ ကြည့်​ရှု​သင့်တဲ့​ဇာတ်ကား​လေး​ဖြစ်ပါတယ်။
...

Honeymoonish (2024) ⭐IMDB: 5.2/10 (694 Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #Kuwait #Lebanon ⏰ 1 နာရီ 41 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၂၄ ဧပြီလ ၃၀ ရက်ကမှထွက်ရှိထားတဲ့ Honeymoonish ဆိုတဲ့ရုပ်ရှင်ကတော့ ကူဝိတ်အချစ်ဟာသဇာတ်လမ်းချိုချိုလေးဖြစ်ပါတယ်။ ကူဝိတ်ရုပ်ရှင်ဆိုပေမယ့် Netflix က ထုတ်လုပ် ပေးထားပြီး လက်ဘနွန်နိုင်ငံရဲ့လှပတဲ့ ရှု့မျှော်ခင်းပေါင်းများစွာကိုထည့်သွင်းရိုက်ကူးထားပါတယ်။ ကူဝိတ်ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ Nour Al Ghandour နဲ့ Mahmoud Boushahri တို့က အဓိကပါ၀င်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ***************ဇာတ်လမ်းနာမည်အတိုင်း ပျားရည်ဆမ်းခရီးဆိုတာဟာ ပုံမှန်အားဖြင့် ချစ်သူနှစ်ဦးအတွက် ပျားရည်လို ချိုမြိန်မှုတွေပြည့်နှက်နေတဲ့ခရီးတစ်ခုလိုမှတ်ယူ ထားကြပေမယ့် နောနဲ့ဟာမတ်အတွက်တော့ မဟုတ်ခဲ့ပါဘူး။ ကုမ္ပဏီမန်နေဂျာတစ်ဦးဖြစ်တဲ့ ဟာမတ်ဟာ ကုမ္ပဏီပိုင်ရှင်ဖခင်က မြေးရအောင် မလုပ်ပေးနိုင်ရင် အမွေမပေးဘူးလို့ဆိုတာကြောင့် အချိန်တိုအတွင်း သတို့သမီးတစ်ယောက်ကိုအမြန် ရှာနေသူဖြစ်ပါတယ်။ နောကတော့ ချစ်သူက သစ္စာ ဖောက်ပြီးမိန်းမယူသွားတာကြောင့် ချစ်သူကို လက်စားချေဖို့ အမြန်ဆုံးလက်ထပ်ချင်နေသူ တစ်ယောက်ပါ။ ရည်ရွယ်ချက်တူတဲ့ဟာမတ်နဲ့နောဟာ သူငယ်ချင်းလင်မယားနဲ့ချိတ်ဆက်ပေးမှုကတစ်ဆင့် အမြန်ဆုံးမင်္ဂလာဆောင်ပြီး လက်ဘနွန်ကို ပျားရည် ဆမ်းခရီးထွက်လာခဲ့ကြပါတယ်။ တစ်ယောက်အကြောင်း တစ်ယောက်ဘာမှမသိကြတဲ့ဟာမတ်နဲ့နောရဲ့ ပျားရည်ဆမ်းခရီးဟာ ချိုမြိန်ရမယ့်အစား ခါးသက်တဲ့ အရာတွေနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ကြရပါတော့တယ်။
...

Layar (2023) ⭐IMDB: 8.8/10 (55 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 10 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Layar (  2023 )=========== အန်နီဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့အမေ သူ့ကိုမွေးတဲ့ အချိန်မှာ ရုပ်ရှင်ကြမ်းပိုး သူ့အဖေက သူ့အမေနားမရှိနေဘဲ ရုပ်ရှင်ရုံကိုသွားနေခဲ့တာကြောင့် သူဟာ မွေးကတည်းက ရုပ်ရှင်တွေကို မုန်းတဲ့လူအဖြစ် မွေးလာတယ်။ ရုပ်ရှင်တွေကိုချစ်တဲ့ သူ့အဖေက သူ့ကို ရုပ်ရှင်ရုံကို လိုက်ခဲ့ဖို့ ခေါ်ပေမဲ့ သူက တစ်ခါမှ မလိုက်ခဲ့ဘူး။ တီဗီမြင်ရင် တီဗီကို တုတ်နဲ့ရိုက်ချင်တဲ့အထိ ရုပ်ရှင်ကို မုန်းတဲ့ပိုးက သူ့မှာပါလာခဲ့တယ်။ ဒါက သူ့အဖေမဆုံးခင်အထိပေါ့။ သူ့အဖေဆုံးသွားတဲ့နောက် သူ့အဖေချစ်တဲ့ ရုပ်ရှင်တွေကို သူ့အဖေ ဘာလို့ ဒီလောက်ချစ်နေလဲသိရအောင် အဖြေရှာဖို့လုပ်ရင်း  ရုပ်ရှင်တွေသွားသွားကြည့်ရာက ရုပ်ရှင်တွေချည်းဆက်တိုက်ကြည့်နေမိပြီး သူလည်း ရုပ်ရှင်ကြမ်းပိုဖြစ်လာခဲ့တယ်။ နောက်ဆုံး ရုပ်ရှင်အမြဲကြည့်နေရအောင် ရုပ်ရှင်ရုံမှာ အလုပ်လုပ်ခဲ့တဲ့အထိ သူက ရုပ်ရှင်တွေကိုချစ်ခဲ့တယ်။ ဒီလိုနဲ့ ကိုဗစ်ကာလရောက်လာတဲ့အချိန် ရုပ်ရှင်ရုံတွေ အားလုံးပိတ်လိုက်ရတယ်။ ရုပ်ရှင်ရုံမှာ အလုပ်လုပ်နေတဲ့သူတွေ ရုပ်ရှင်ရုံကို အမီပြုပြီးနေနေရသူတွေလည်း အခက်တွေ့ကုန်ကြတယ်။ အန်နီတို့ရဲ့ နယ်ဘက်ကျေးဘက်က ရုပ်ရှင်ရုံလေးဆို အရှုံးပေါ်နေတာလည်း ကြာပြီဆိုတော့ပိုင်ရှင်က ချောလဲရောထိုင် တစ်ခါတည်းရောင်းပစ်ဖို့လုပ်လာတယ်။ အန်နီကတော့ သူချစ်တဲ့ရုပ်ရှင်ရုံမပိတ်သွားဖို့အတွက် ပိုင်ရှင်နဲ့ညှိပြီး သူဦးစီးပြီး ရုပ်ရှင်ရုံကို အမြတ်အစွန်းထွက်အောင် လုပ်ပါ့မယ်လို့ အာမခံပြီး လက်လွှဲယူခဲ့တယ်။ ဒီလိုနဲ့ အန်နီနဲ့ သူ့မိတ်ဆွေတွေဟာ ဒီရုပ်ရှင်ရုံကြီး ဆက်လက်ရှင်သန်နိုင်အောင် လုပ်နိုင်ပါ့မာလး ဒီရုပ်ရှင်မှာ ကျွန်တော်တို့ကြည့်ရလိမ့်မယ်။ ကိုဗစ်ကာလ ရုပ်ရှင်ရုံတွေရဲ့အခက်အခဲနဲ့ ရုပ်ရှင်ကို ချစ်တဲ့လူတွေအကြောင်းကို ပေါင်းစပ်ရိုက်ပြထားတဲ့ အင်ဒိုနီးရှားကားလို့ပဲပြောရပါမယ်။ ဇာတ်က အရမ်းကြီးလည်းမကောင်းနေသလို စုတ်လည်းစုတ်မနေဘူး။ ဒါပေမဲ့လည်းရုပ်ရှင်ကို ချစ်လို့ ကြည့်ကြတဲ့လူတွေဆိုတော့ ရုပ်ရှင်ကိုချစ်လို့ ရုပ်ရှင်ရုံပိတ်မသွားအောင် ကြိုးစားကြတဲ့လူတွေ ရုပ်ရှင်ကိုချစ်ကြတဲ့သူတွေအကြောင်းရိုက်ထားတဲ့ ဒီရုပ်ရှင်ကို သဘောကျကြမှာပါပဲ။ အရမ်းကြီးမကောင်းနေဘူးဆိုပေမဲ့ အင်ဒိုးနီးရှားကားအနေနဲ့တော့ တော်တော်လေးကောင်းတဲ့ အနေအထားလို့ပြောရမယ်ထင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Abang Adik (2023) ⭐IMDB: 7.4/10 (866 Votes) 🎬 #Crime #Drama 🗓 2023 🎞 movie 🌎 #Malaysia #Taiwan ⏰ 1 နာရီ 55 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Abang Adik ( 2023 ) ================ မလေးရှားဒါရိုက်တာ Jin Ongရဲ့ ပွဲဦးထွက်ကားသစ်ဖြစ်တဲ့ Abang Adikဟာ Golden Horse Awardsမှာ နိုမီ၇ခုဝင်ခဲ့ပြီး အကောင်းဆုံးသရုပ်ဆောင်ဆုကို ဒီရုပ်ရှင်က မင်းသား Wu Kang-renက ရရှိထားတဲ့ ပွဲဦးထွက်ပေမဲ့ ဘောင်ဝင်တန်းဝင်ကားပါပဲ။ ထိုင်ဝမ်လို ရုပ်ရှင်အဆင့်မြင့်တဲ့ နေရာမှာပြခဲ့ပြီး တော်တော်လည်း ဝင်ငွေကောင်းခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဒါရိုက်တာဖြစ်တဲ့ Jin Ong ကိုယ်တိုင်ပဲ ဒီရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးသားခဲ့ပြီး သူလည်းပွဲဦးထွက်ကားနဲ့တင် တော်တော်ချီးကျူးခံလိုက်ရပါတယ်။ ဟောင်ကောင်မှာလည်း အောင်မြင်ခဲ့တဲ့ မလေးရှားရုပ်ရှင်ပါပဲ။ဇာတ်ကတော့ မလေးရှားက ခိုးဝင်တွေအကြောင်းကို အဓိကထား ဦးတည်ထားတယ်။ ဒီထဲက ခိုးဝင်ဆိုရာမှာ လူမျိုးပေါင်းစုံပါတယ်။ အိန္ဒိယ ,  တရုတ်, မြန်မာ အစုံပဲ။ အဓိကကတော့ မလေးရှားမှာမွေးလာခဲ့ရင်းနဲ့ကို မွေးစာရင်းမရှိ ဘာအထောက်အထားမှမရှိလို့ ခိုးဝင်စာရင်းဝင်သွားတဲ့ လူငယ်လေးနှစ်ယောက်အကြောင်းပေါ့။ သူတို့နှစ်ယောက်က ငယ်ငယ်ကတည်းက တစ်ယောက်အတွက် တစ်ယောက်ရှိပေးရင်း နေလာတာဆိုတော့ တစ်ယောက်ကို တစ်ယောက်သိပ်ချစ်ကြတယ်။ သူတို့အိပ်မက်က တရားဝင်နေနိုင်တဲ့လူတွေဖြစ်ဖို့ပေါ့။ ဒီအတွက်လည်း သူတို့ငွေ ငွေတွေရှာပြီး ကြိုးစားလုပ်ကြတယ်။ အဓိကမင်းသားကတော့ ဒီလိုဘဝရောက်နေတဲ့အပြင် နားလည်းမကြား စကားလည်းမပြောတတ်တော့ တော်တော်တော့ ခက်ခဲခဲ့တယ်။ သူကြိုက်နေတဲ့ မြန်မာမလေးကိုတောင် သူရဲရဲဖွင့်မပြောရဲတဲ့အထိ သူ့ဘဝကို သူသိမ်ငယ်နေခဲ့တယ်။ ဒီလိုဘဝကနေ ရုန်းထွက်ဖို့ တရားဝင်နေထိုင်သူဖြစ်လာအောင် သူကြိုးစားခဲ့ပေမဲ့ မထင်မှတ်ထားတဲ့ အရာတွေကြုံလာရာကနေ သူ့ဘဝကြီး ဇောတ်ထိုးမိုးမျှော်ဖြစ်သွားတာကို သူဘယ်လိုပြန်ကုစားမလဲ ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ဒီလိုကားတွေ တော်တော်တော့ ထွက်ဖူးပေမဲ့ ဒီကားက အရသာကတော့ သူ့ရှေ့က ထွက်ဖူးတဲ့ ဒီလိုခိုးဝင်ကားတွေနဲ့ နည်းနည်းတော့ကွဲထွက်နေပါတယ်။ နောက် ရုပ်ရှင်တစ်ကားမှာ ရှိသင့်တဲ့အချက်အလက်တွေလည်း သူ့မှာ လိုသလောက်တော့ ပါနေတယ်။ ဒါရိုက်တာက လက်သစ်ပေမဲ့ သူပြချင်တာကို ကောင်းကောင်းပြနိုင်ခဲ့တဲ့ ဒါရိုက်တာပါပဲ။ ဒါကြောင့်လည်း ဒီကားဟာ တော်တော်လည်းအောင်မြင်ခဲ့ပုံပါပဲ။ ထူးတာကတော့ ဒီလိုကားတွေကို စိတ်ညစ်စရာနည်းနည်းကောင်းလို ပုံမှန်ဆို ကျွန်တော်‌တော့ သိပ်သဘောမကျတတ်ပေမဲ့ ဒီရုပ်ရှင်မှာတော့ အဲဒီစိတ်ညစ်စရာတွေနဲ့ ဆွဲဆောင်မှုကို အချိုးကျကျသုံးထားတာမို့ ကြည့်လို့တော့ တော်တော်ကောင်းတဲ့ရုပ်ရှင်ပါပဲ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )File size_(1.7GB)/(850MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Crime, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
...

The Ministry of Ungentlemanly Warfare (2024) ⭐IMDB: 7.2/10 (11 k Votes) 🎬 #Action #Drama #War #Comedy 🗓 2024 🎞 movie 🌎 #UnitedStates #UnitedKingdom #Turkey #UnitedStatesofAmerica ⏰ 2 နာရီ 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Ministry of Ungentlemanly Warfare ၂၀၂၄ (ငမိုက်သား ဝန်ကြီးဌာန) စစ်ကား အက်ရှင်ကား အလန်းစားကြီး ရပါပြီ။ ဒုတိယကမ္ဘာစစ် ဖြစ်ရပ်မှန်အပေါ် အခြေခံထားပါတယ်။ ဝန်ကြီးချုပ် ဝန်စတန် ချာချီရဲ့ ဒုကမ္ဘာစစ်ကာလ လျို့ဝှက်စစ်ဆင်ရေးဖိုင်တွေထဲကအချို့ကို ၂၀၁၆ မှာမှ ဖွင့်ပြခဲ့တာဖြစ်ပြီး အဲဒီစစ်ဆင်ရေးထဲက တစ်ခုကို ကိုးကားထားတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တပ်တွေ ဥရောပမှာ လာပေါင်းဖို့ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကူးလို့မရဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ ဂျာမန်တွေရဲ့ ကြောက်စရာအကောင်းဆုံး သေမင်းတမန် ယူ-ဘုတ် ရေငုတ်သင်္ဘောတွေ ကြီးစိုးနေလို့ပါ။ သူတို့တွေကို ဖျက်ဆီးဖို့လည်း အရမ်းခက်တာမို့ နောက်ဆုံးမှာ ဝန်ကြီးချုပ် ချာချီက ယူ-ဘုတ်တွေရဲ့ အဓိက ထောက်ပို့သင်္ဘောကြီး ဒူခေးဆာကို ဖျက်ဆီးဖို့ အထူးကွန်မန်ဒိုအဖွဲ့တစ်ဖွဲ့ လွှတ်လိုက်ပါတယ်။ ဒါပေမဲ့ သင်္ဘောတည်နေရာက စပိန်ကိုလိုနီ ကြားနေဇုံထဲမှာဖြစ်နေလို့ တရားဝင်တိုက်ခိုက်ရင် ဥရောပနိုင်ငံအချို့ နာဇီဘက်က ပါလာနိုင်ပါတယ်။ ဒါကြောင့် သူလွှတ်လိုက်တဲ့အဖွဲ့ဟာ ဗြိတိန်ကမိလည်း အဖမ်းခံရမယ်၊ နာဇီကမိလည်း အသတ်ခံရမယ်။ တာဝန်ခံမဲ့သူ မရှိပါဘူး။ ဒီလို စစ်ဆင်ရေးကို စပိုင်နှစ်ယောက် ကွန်မန်ဒို ၅ ယောက်ပေါင်းပြီး ဘယ်လို လုပ်ကြမလဲ ကြည့်ရမှာပါ။ ဒါရိုက်တာကတော့ တလောလေးကပဲ Gentlemen စီးရီးနဲ့ အားလုံးကို အစွမ်းပြထားတဲ့ Guy Ritchie ပါပဲ။ မင်းသားတွေကတော့ စူပါမန်းကြီး Henry Cavill နဲ့ ဂျက်ရိချာကြီး Alan Ritchson တို့ပါပဲ။ ဟင်နရီ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင် ဗိုလ်မှူး ဂပ်စ် ဟာဆိုရင် အပြင်မှာတကယ်ရှိတဲ့သူဖြစ်ပြီး ဂျိမ်းစ်ဘွန်း ဇာတ်ကောင်ရဲ့ မြစ်ဖျားခံရာ မူလ စစ်ပြန်သူရဲကောင်းလို့တောင် သမုတ်ကြပါတယ်။ ဒီလောက်ကောင်းတဲ့ကားကို ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦး။
...

The Day Before the Wedding (2023) ⭐IMDB: 5.2/10 (128 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Indonesia ⏰ 1 နာရီ 12 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Day Before The Wedding (2023) ========================= IMDb – 5.2/10 ဒီတစ်​ခေါက်တင်ဆက်​ပေးမယ့်ကား​လေးက​တော့ 2023 မှာထွက်ရှိထားတဲ့ The Day Before The Wedding ဆိုတဲ့ ဒရာမာကား​လေးပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း ​လေယာဥ်မယ်အရမ်းဖြစ်ချင်တဲ့ကလယ်ရာတစ်​ယောက် သူ့အိမ်မက်ကို ဆက်​လျှောက်လှမ်းဖို့ သူငယ်ချင်းဖြစ်သူ ကီနန်နဲ့အတူ မဂ်လာဝတ်စုံပြစားရင်း ဘဝကိုဖြတ်သန်းခဲ့ကြပါတယ် တစ်​နေ့ သူငယ်ချင်းဖြစ်သူ ကီနန်မှာလည်းကိုယ်ဝန်ရှိ မိမိမှာလည်းကိုယ်ဝန်ရှိလာတာကိုသိလိုက်ရတဲ့အပြင် ကိုယ်ဝန်​တွေက အမျိုးသားတစ်​ယောက်တည်းက​ကြောင့်ဆိုတာ သိလိုက်ရတဲ့အခါ ကလယ်ရာနဲ့ကိုနမွသူငယ်ချင်းနှစ်ယောက်​ကြား ဘာ​တွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်
...

Lay Back And Take It [SSIS-038] ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 1 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခေါင်းကြီးတို့ကို တကိုယ်တော်သိုင်းကျင့်ဖို့သင်ပေးမှာကတော့ မထုံတက်သေးအမူအရာလေးနဲ့စိတ်အာရုံအစုံကလိကလိဖြစ်အောင်လုပ်တတ်တဲ့ Tsukasa Aoiလေးရဲ့အဆုံးစွန်ထိခံစားရစေမဲ့ ဗီဒီယိုအပိုင်းအစလေးတွေပေါ့။ လုံးကျစ်သေးသွယ်ပြီး ရင်ဝယ်လှိုက်ဖိုစေမဲ့အချောကလေးရဲ့ သင်ကြားပြသပုံတွေကိုခံစားရင်း စိတ်ကူးယဉ်ကမ္ဘာဆီကိုခေါ်သွားဖို့ Tsukasa Aoiလေးက တာဝန်ယူထားပါတယ်။ အပြုံးချိုချိုလေးနဲ့ ခေါင်းကြီးတို့ကိုဖြေသိမ့်ပေးမဲ့ Tsukasa Aoiရဲ့ အပြုအစုအပြောအဆိုလေးတွေခံစားရင်း ပီတိဝေဖြာလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoပဲဖြစ်ပါတယ်)
...

The Embroidered Sword and The God of Cookery (2024) ⭐TMDB: 0% User Score 🎬 #Action #Drama 🗓 2024 🎞 tv movie 🌎 #China ⏰ 1 နာရီ 24 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ လူငယ်တွေအတွက် အကျိုးရှိတဲ့ကိုယ်ဒေသရဲ့ထူးခြားတဲ့အမွေအနှစ်ကိုအသုံးချပြီးကိုယ့်ကျေးရွာစီးပွားရေးတိုးတက်ဖို့ လူငယ်လေးတွေကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ – ဘိုးဘေးတွေက မင်ခေတ်ကတော်ဝင်ကိုယ်ရံတော်တပ်ရဲ့အမွေဖြစ်တဲ့ရှို့ချွင်းဓားနဲ့ ရှို့ချွင်းဓားသိုင်းပညာကို အမွေဆက်ခံထားတဲ့ စားဖိုမှူးလေးတစ်ယောက် -ကိုယ့်ဇာတိရဲ့အဝေးမှာအခြေချခဲ့ပေမယ့် အသဲကွဲပြီးကိုယ့်မျိုးနွယ်ဇာစ်မြစ်ကိုပြန်လာရှာတဲ့ ဘလော့ဂါမလေးတစ်ယောက် – မြို့ကလာတဲ့ကောင်မလေးကို မြင်မြင်ချင်းချစ်မိသွားပြီးအရာရာကူညီပေးနေတဲ့ ရွာသားကြီး – အစ်မကိုလိုက်ရှာရင် ရွာလေးကိုရောက်လာတဲ့အစားအသောက်အရည်အသွေးဝေဖန်သူမြို့သားလေးသူတို့(၄)ယောက်ပေါင်းပြီးတော့ ရှို့ချွင်းဓားကိုအကြောင်းပြုပြီးတော့ကျေးရွာတိုးတက်ဖို့ လုပ်ငန်းတည်ထောင်ကြတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။
...

Better Off Dead... (1985) ⭐TMDB: 66% User Score 🎬 #Comedy #Romance 🗓 1985 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ 1985 တုန်းကထွက်ထားတဲ့ Romance/Comedy ကားလေးဖြစ်ပါတယ် Romance/comedy. ဆိုပေမဲ့ comedy ဘက်ကို ပိုသွားလို့ ပေါ့ပေါ့ပါးပါးကြည့်လို့ရတဲ့ကားလေးပါ ထွက်ထားတာကြာပြီ ဆိုပေမဲ့လည်း တော်တော်လေးရီရတဲ့ old but goldကားလေးပါ ဇာတ်လမ်းလေးကတော့ရှင်းပါတယ် Lane Myer က ကောင်မလေးပစ်တာခံရပြီးတော့ စိတ်ဓာတ်ကျနေတဲ့ လူငယ်တစ်ယောက်ပါသူကသူ့ကိုသူအဆုံးစီရင်ဖို့ခနခနကြိုးစားရင်း မအောင်မြင်တာနဲ့ နောက်ဆုံးကောင်မလေးကိုပြန်ရအောင်လုပ်ရင်းနဲ့ဘယ်လိုတလွဲတွေဖြစ်မလည်း နောက်ဆုံး ကောင်မလေးနဲ့ ရောပြန်အဆင်ပြေသွားမှာလား? ဆိုတာကို ဟာသ နှောပြီးရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်
...

Engaged to Be Murdered (2023) ⭐IMDB: 5.5/10 (180 Votes) 🎬 #Thriller #TVMovie 🗓 2023 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 28 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တစ်ခါတလေကျ ဘဝမှာ ထင်မှတ်မထားတာတွေဖြစ်တတ်ပါတယ်။ ဘဝဆိုတာ တခါတလေ ရိုးရှင်းမှုမရှိဘဲ ရှုပ်နေတတ်ပါတယ်။Engaged to be Murdered ဟာ ၂၀၂၃ ထွက် ရုပ်ရှင်တစ်ကားဖြစ်ပြီး အမေတစ်ယောက်ရဲ့​ချစ်ခြင်းနဲ့ ချစ်သူနှစ်ယောက်ရဲ့ချစ်ခြင်းအားအကောင်းမွန်ဆုံးပြသသွားတဲ့ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ Jack ကတော့ Amanda ရဲ့အချစ်ဆုံးတစ်ဦးတည်းသောသားဖြစ်ပါတယ်။ သူဟာစင်္ကာပူမှာ အလုပ်လုပ်ရင်း Olivia ဆိုတဲ့ မိန်းမချောလေးနဲ့ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ ချစ်ကျွမ်းဝင်ရုံမကပဲ မင်္ဂလာပါတစ်ခါတည်း ဆောင်ဖို့ရည်ရွယ်ထားကြပါတယ်။ ခက်တာက Amanda ဟာသူ့ရဲ့တစ်ဦးတည်းသောသားလေး မိန်းမယူမယ့်ကိစ္စကို အမေတစ်ယောက်အနေနဲ့ ချင့်ချိန်ရမှာတွေရှိတာမလို့ သဘောချက်ချင်းမတူခဲ့ပါဘူး။ Jack ကလည်း Olivia မှ Olivia ဖြစ်နေတာမလို့ ဘာတွေဆက်ဖြစ်ကြမှာလဲကြည့်လိုက်ကြပါ။ ဇာတ်လမ်းပြီးခါနီးထိခန့်မှန်းမရလောက်တဲ့ဇာတ်လမ်းမလို့ အတော်လေးဆွဲဆောင်မှုရှိပါတယ်။ တစ်ခုပြောချင်တာက လူကြီးမင်းတို့ထင်နေသလိုမဟုတ်ဘူးဆိုတာပါပဲ
...

Billy Madison (1995) ⭐TMDB: 62% User Score 🎬 #Comedy 🗓 1995 🎞 video movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 နာမည်​​​ကျော် ဟာသသရုပ်​ဆောင် Adam sandler ကိုယ်တိုင်ပါဝင်သရုပ်​ဆောင်တဲ့အပြင် ဇာတ်ညွှန်း​ပါရေးသားထားတဲ့ ၁၉၉၅ခုနှစ်ထွက် ဟာသဇာတ်ကား​လေးတစ်ကားပါ။ ဒီဇာတ်ကားမှာ adam က အဓိကဇာတ်​ကောင် Billy madison ​​​နေရာက​နေသရုပ်​ဆောင်ထားတာကို​တွေ့ရမှာပါ။ ဇာတ်လမ်းက​တော့ Billy ဟာ နေ့တိုင်း အရက်​သောက်၊ ​ပါတီလုပ်ရင်းအချိန်ကုန်နေတဲ့ ဟိုတယ်ပိုင်ရှင်​သူ​ဌေးသား လူကြီး​ပေါ ကြီးတစ်​ယောက်ဖြစ်ပါတယ်။ တ​နေ့မှာ​တော့ သူ့အ​ဖေရဲ့ စည်းစိမ်တွေ တစ်ခြားတစ်​ယောက်ကို အ​​​မွေ​ပေးဖို့ဖြစ်လာပါတယ်။ အဲဒီ့အခါမှာ Billyက ဒီအ​မွေ​​တွေကိုဆက်ခံဖို့ ထိုက်တန်​ကြောင်း ကို သူငယ်တန်းက​နေ အထက်တန်း​ကျောင်း​အောင်တဲ့အထိ ကျောင်းပြန်တက်ပြီး ဘယ်လိုသက်​သေပြမလဲဆိုတာကို….Adam sandlerရဲ့ ဟာသဉာဏ်ရွှင်ရွှင်သရုပ်​ဆောင်ထားတာနဲ့အတူမြင်ရမှာဖြစ်လို့ ရှုစားကြပါဦး ခင်ဗျာ။
...

Justice League: The New Frontier (2008) ⭐TMDB: 68% User Score 🎬 #Action #Adventure #Animation #Fantasy #SciFi #ScienceFiction #Family 🗓 2008 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 15 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB 6.9 (nice) နဲ့ Rotten Tomatoes 71% ရရှိထားပါတယ်။ဒီတစ်ခါတော့ Justice League အဖွဲ့ဝင်တွေဟာ 2000 ခုနှစ်လောက်မှာ ရှိခဲ့ကြတာမဟုတ်တော့ဘဲ ဒုတိယကမ္ဘာစစ်မပြီးခင် 1940 ဝန်းကျင်မှာ ရှိခဲ့တာပါ။အဖွဲ့ဝင်တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူညီမှုတွေကြောင့် Justice League ဆိုတာဖြစ်မလာသေးဘဲ တစ်နေရာဆီ ကွဲနေကြပါတယ်။ အမေရိကန်တွေဘက်ကနေ ရပ်တည်တဲ့ Superman, ဒုတိယကမ္ဘာစစ်အတွင်းမှာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရတဲ့ ဗီယက်နမ်တွေဘက်က ရပ်တည်တဲ့ Wonder Woman, အမေရိကန်အစိုးရရဲ့လုပ်ရပ်ကို လက်မခံလို့ ဝရမ်းပြေးဖြစ်နေတဲ့ Batman, ရာဇဝတ်သားတွေကို တစ်ကိုယ်တော်လိုက်ဖမ်းပေးနေတဲ့ Flash, ဒုတိယကမ္ဘာစစ်မှာဝင်တိုက်ပေးပြီး စိတ်ဒဏ်ရာအကြီးအကျယ်ရသွားတဲ့ Green Lantern နဲ့ အခုမှ ကမ္ဘာပေါ်ကိုရောက်လာပြီး လူသားတွေအကြောင်းသိဖို့ကြိုးစားနေတဲ့ Martian Manhunter တို့ဟာ ကမ္ဘာပေါ်က လူတွေအားလုံးကိုသတ်မယ့် ရန်သူတစ်ကောင်ကို တိုက်ရဖို့ အကြောင်းဖန်လာပါတယ်။ အဲဒါကတော့ ကမ္ဘာကြီးနဲ့အသက်အတူတူလောက်ရှိတဲ့ ဗဟို (The Centre) လို့ခေါ်တဲ့ သတ္တဝါကြီးတစ်ကောင်ကြောင့်ပါပဲ။ တခြားအပြိုင်စကြာဝဠာဇာတ်လမ်းမျိုးမဟုတ်ဘဲ စစ်ပွဲပြီးတဲ့အချိန်မှာ Justice League အဖွဲ့ဝင်တွေ ပေါ်ပေါက်လာခဲ့ရင် ဘယ်လိုကွဲပြားသွားမယ်၊ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို ဖော်ပြရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။
...

Justice League: Throne of Atlantis (2015) ⭐IMDB: 6.6/10 (25 k Votes) 🎬 #Action #Adventure #Animation #ScienceFiction #Fantasy #SciFi 🗓 2015 🎞 video movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 12 မိနစ် 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB 6.3 နဲ့ Rotten Tomatoes 63% ရရှိထားပါတယ်။Aquaman ရဲ့နောက်ခံဇာတ်လမ်းကို ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။Justice League: War အပြီးမှာ အရာအားလုံးငြိမ်းချမ်းသွားပြီလို့ထင်ရပေမဲ့ ဒဏ္ဍာရီလာကျွန်းမြို့တစ်မြို့ဖြစ်တဲ့ အတ္တလန်တစ်ရဲ့ပြဿနာတွေက ကုန်းမြေပြင်ပေါ်ကို ရောက်ဖို့အကြောင်းဖန်လာပါတယ်။ အဲဒီပြဿနာတွေထဲကတစ်ခုကတော့ လူနဲ့အတ္တလန်တစ်သူနဲ့စပ်ပြီး မွေးလာတဲ့ အာသာကာရီကိုမုန်းတဲ့ သူ့ရဲ့ညီဖြစ်သူ မင်းမျိုးမင်းနွယ်သွေးအပြည့်ပါတဲ့ မင်းသားအော်မ်ပါပဲ။အာသာရဲ့အမေဖြစ်တဲ့ ဘုရင်မအတ္တလာနာဟာ ငြိမ်းချမ်းရေးကိုလိုလားပေမဲ့ ကုန်းမြေပြင်သားတွေကြောင့် ဘုရင်ဖြစ်သူသေရတယ်လို့ယုံကြည်ထားတဲ့ မင်းသားအော်မ်ကတော့ သူ့အမေနဲ့ဆန့်ကျင်ဘက်ပါ။ ဒါကိုဘုရင်မအတ္တလာနာကသိတာကြောင့် ကမ္ဘာနှစ်ခုလုံးမှာနေဖူးတဲ့သူကို ခေါင်းဆောင်အဖြစ်ထားချင်ခဲ့တယ်။ ဒါကြောင့်ပဲ အာသာကာရီကိုခေါ်ဖို့ စေလွှတ်လိုက်ပေမဲ့ မင်းသားအော်မ်ရဲ့ အကြံအစည်တွေကြောင့် အခြေအနေတွေက ပြောင်းပြန်ဖြစ်ကုန်ပါတော့တယ်။
...

Shaandaar (2015) ⭐IMDB: 3.6/10 (6 k Votes) 🎬 #Bollywood #Comedy #Drama #Romance 🗓 2015 🎞 movie 🌎 #India ⏰ 2 နာရီ 24 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Shaandaar 2015 (ဖူးစာ) Super 30, Shaitaan, Goodbye တို့လို နာမည်ကြီးဇာတ်ကားပေါင်းများစွာကို ရိုက်ကူးတင်ဆက်ထားပြီးအကောင်းဆုံးဒါရိုက်တာဆုကို ရရှိထားတဲ့ ဒါရိုက်တာVikas Bahl ဘတ်ဂျက်သန်း၆၀၀နဲ့ ရိုက်ကူးထားတဲ့တစ်ခေတ်တစ်ခါက နာမည်ကြီးရုပ်ရှင်ကားကြီးကို တင်ဆက်ပေးထားပါတယ်။ ဘောလိ၀ုဒ်ပရိသတ်တို့ရဲ့ အချစ်တော် ရှာဟစ်ကပူးလ်နဲ့ အာလီယားတို့လို နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ အာလီယားလေးက ညမအိပ် နေ့မအိပ်တဲ့ဇီးကွက်လေးလို့ မွေးစားဖခင်ကတင်စားထားရသူလေးပါ။မိဘမဲ့တစ်ယောက်ကိုအိမ်ခေါ်လာပြီးတော့ သမီးရင်းလိုပြုစုစောင့်ရှောက်ထားပေမဲ့ ဘယ်ကနေခေါ်လာတယ် ဘာလို့ခေါ်လာတယ်ဆိုတာကိုတော့ဘယ်သူမှမသိကြပါဘူး။ ဒီလိုနဲ့နှစ်တွေကြာပြီး ကြီးပြင်းလာချိန်မှာတော့ မွေးစားဖခင်ဘီပင်ရဲ့သမီး မင်္ဂလာပွဲစီစဉ်ဖို့အကြောင်းဖန်လာခဲ့တယ်။ပွဲစီစဉ်ဖို့သွားရင်း လမ်းမှာ ရှာဟစ်နဲ့ကားအက်စီးဒင့်ဖြစ်ကြပါလေရော။ ဘီပင်နဲ့ရှာဟစ်တို့ စကားအချေအတင်ဖြစ်ရင်း ကားပေါ်ကဆင်းလာတဲ့အာလီယားလေးကိုမြင်တော့ နှစ်သက်ရတဲ့ဆေးလိပ်ကိုတောင် ပစ်ချရတဲ့ထိ မြင်မြင်ချင်းသဘောကျသွားလေရဲ့။ ကံကြမ္မာဖန်လေတော့ မင်္ဂလာပွဲစီစဉ်သူက ရှာဟစ်ဖြစ်နေပြီးရှာဟစ်နဲ့အာလီယားတို့ကြား ဘယ်လိုဇာတ်လမ်းတွေဖြစ်တည်လာမလဲဆိုတာကတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)
...

8 A.M. Metro (2023) ⭐IMDB: 7.1/10 (184 Votes) 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 55 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 8 A.M Metro (2023) ရှစ်နာရီမက်ထရို Saithan၊ Hate Story နဲ့Hunterrr တို့ရဲ့မင်းသားGulshan Devaiah နဲ့ Ghoomerမင်းသမီး Saiyami Kherတို့ရဲ့ ဒရာမာကားလေးပါ. ဘဝဟာ ရထားတစ်စင်းနဲ့တူတယ်လို့ပြောကြတယ်။ ဘဝတစ်လျှောက်မောင်းနှင်သွားလိုက်ရတာ ကိုယ်ဆင်းမယ့် ဘူတာမရောက်ခင်ထိပေါ့။ ရထားပေါ်မှာလူအမျိုးမျိုး အဖြစ်အပျက်အမျိုးမျိုးကို တွေ့ကြုံရတတ်ကြတယ်။ မြင်ရခံစားရတယ်။ကိုယ့်ကိုကိုယ်ပျောက်ဆုံးနေတယ်လို့ ခံစားရတဲ့သူအဖို့တော့ ရထားဟာလည်း ဗလာပါပဲ။ အီရာဟာ သာမန်အိမ်ထောင်ရှင်မတစ်ယောက်ပါ။ အရမ်းအလုပ်များတဲ့ ခင်ပွန်းနဲ့ ကလေးနှစ်ယောက်နဲ့ ပြည့်စုံတဲ့မိသားစုလေးနဲ့ပါ။အတိတ်ကဖြစ်ရပ်တွေကြောင့် စိတ်ဒဏ်ရာရပြီး ရထားစီးရမှာ ကြောက်နေတဲ့ အီရာဟာ ဆေးရုံတက်နေတဲ့ ညီမဖြစ်သူကိုပြုစုဖို့အတွက်နှစ်ပတ်လောက် မက်ထရို(ရထား) စီးရဖို့ ဖြစ်လာပါတယ်။ အဲဒီမှာ သူ့လိုပဲ လူသိပ်မရောတတ်တဲ့ ပရီတမ်နဲ့ ဆုံခဲ့တယ်။အီရာလိုပဲ ပရီတမ်မှာလည်း အတိတ်ဒဏ်ရာတွေနဲ့ပါ။ ဝါသနာအရ ကဗျာရေးတဲ့ အီရာဟာ ကဗျာချစ်သူပရီတမ်နဲ့ ရထားပေါ်မှာပဲပိုရင်းနှီးလာခဲ့တယ်။ အိမ်ထောင်ကိုယ်စီရှိကြတဲ့ နှစ်ယောက်သား၊ ကဗျာရေးတဲ့သူနဲ့ ကဗျာဖတ်တဲ့သူနှစ်ယောက်ကြား ခင်မင်ရုံပဲလား။အဲဒီထက်ပိုလာမလား။ နှလုံးသားချင်းနီးစပ်ရင် အချိန်တွေဟာ အလကားပါဆိုတဲ့ စကားအတိုင်း တစ်ယောက်နဲ့ တစ်ယောက်စာနာနားလည်ကြတဲ့ သူတို့အတွက် ဘာတွေဆက်ဖြစ်လာကြမလဲဆိုတာကတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ Alex ~ToMo ~ V ~ Suri ဖြစ်ပါတယ်)
...

Dragoste Pe Muchie De Cutit (2023) ⭐IMDB: 5.2/10 (63 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #Romania ⏰ 1 နာရီ 22 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ပိုလန်တာဟင်းဆိုတာက ​ပြောင်းဂျုံကို ထောပတ် ချိစ်စတာတွေနဲ့ရောချက်ရပြီး ကြက်ဥနှစ်လိုအရောင် ပြောင်းဖူးလိုအရသာမျိုးရှိတဲ့ အီတလီအစားအစာတစ်မျိုးပါ။ ဒီရိုမေးနီယားဇာတ်ကားထဲမှာတော့ ပိုလန်တာကို ဝက်ဝံရုပ်မိုနဲ့ ပုံဖော်ပြီးတည်ခင်းတာမို့လို့ ဝက်ဝံပိုလန်တာအချိုပွဲလို့ခေါ်ပါတယ် ။ တစ်ကားလုံးက ဒီပိုလန်တာအစားအစာကိုဇာတ်အိမ်တည်ထားတာပါ ။ တစ်မြို့လုံးရဲ့အထင်ကရ အတော်ဆုံးစားဖိုမှူးဖြစ်တဲ့ အဖွားအိုမာသာမာရာမှာ ဒူကူဆိုတဲ့မြေးတစ်ယောက်ရှိတယ်။ ဒူကူက ငယ်ဘဝမှာ မိသားစုရဲ့ပြိုင်ဘက်စားဖိုမှူးကက်ပါကိုမိသားစုကမြေးမလေးမာရီနာကို ချစ်ကျွမ်းဝင်ခဲ့တယ်။ ဒါပေမဲ့ မိသားစုရန်ငြှိုးကြောင့် ဒူကူက မာရီနာကိုလက်လွှတ်ခဲ့ရပါတယ် ။ ဒါပေမဲ့ မာသာမာရာက ​မြေးဒူကူရဲ့ခံစားချက်ကိုဂရုမစိုက်ခဲ့ပါဘူး ။ ဒါကြောင့်ပဲဒူကူက ပိုပြီးနာကျည်းလာရင်း မာသာမာရာနဲ့ဆန့်ကျင်ဘက်တွေလုပ်ခဲ့တယ် ။ ဆယ်စုနှစ် နှစ်ခုစာကြာခဲ့ပြီး ဒူကူကအချစ်ဦးမာရီနာနဲ့အမှတ်မထင် ပြန်ဆုံတွေ့လာတဲ့အခါမှာတော့
...

The Victims (2024) ⭐IMDB: 5.1/10 (24 Votes) 🎬 #Drama #Mystery 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 39 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ မှုခင်းဇာတ်ကားကောင်းကောင်းကြည့်ချင်နေကြတဲ့ပရိတ်သတ်ကြီးအတွက် The Victim ဆိုတဲ့မှုခင်းဇာတ်ကားကောင်းလေးကို CM ကနေတင်ဆက်ပေးလိုက်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးအနေနဲ့ –ဟွမ်ချွဲ့ဗီလာစားသောက်ဆိုင်မှာ အားလုံးဘောလုံးပွဲကြည့်နေကြတုန်းမှာဆိုင်ရှေ့မှာရပ်ထားတဲ့ကားက alarm မြည်တာမလို့မန်နေဂျာမာဆိုတဲ့သူကသွားကြည့်ခဲ့ပါတယ် ။အဲဒီအချက်ပေးသံထမြည်တဲ့ကားထဲမှာ အမျိုးသမီးတစ်ယောက်သေနေရာကနေ ဒီဇာတ်လမ်းလေးစခဲ့ပါတယ် ။ မန်နေဂျာမာရဲတိုင်ပြီးပြီးချင်းမှာ ရဲတွေရောက်လာပြီး စစ်ဆေးကြရာမှာသေဆုံးသူက ကာရာအိုကေဆိုင်က ကွမ်းရှို့ယင်းဆိုတဲ့အမျိုးသမီးဖြစ်ပြီးသေဆုံးပုံကလည်း ‌လည်ပင်းအညှစ်ခံထားရတဲ့အပြင် ဓားနဲ့ပါအထိုးခံထားရပါတယ် ။ အဲဒီထူးဆန်းတဲ့‌လူသတ်မှုကို ရဲတွေစုံစမ်းဖို့လုပ်ပေမဲ့ဟွမ်ချွဲ့ဗီလာက CCTV မရှိတဲ့အပြင်လူသွားလူလာပြတ်တဲ့နေရာဖြစ်နေချိန်မှာတော့… ကွမ်းရှို့ယွမ်ကိုသတ်တဲ့သူကဘယ်သူဖြစ်မလဲ ? ရဲတွေသံသယရှိနေတဲ့သူနဲ့တကယ့်တရားခံအစစ်ကရောတူညီနိုင်ပါ့မလား ? ဆိုတာကိုဇာတ်လမ်းထဲမှာ အလှည့်အပြောင်းများစွာနဲ့စိတ်ဝင်စွားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါရစေ
...

3 (2012) ⭐IMDB: 7.4/10 (6 k Votes) 🎬 #Bollywood #Drama #Mystery #Thriller #Romance 🗓 2012 🎞 movie 🌎 #India ⏰ 2 နာရီ 28 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 3 Three (2012) အချစ်ရူးလေးရမ်IMDb – 7.4/10 Vaathiလို ဒရာမာပဲလာလာ Maariလိုခပ်ကြမ်းကြမ်းဇာတ်ရုပ်ပဲလာလာ သရုပ်ဆောင်ချက်ပိုင်နိုင်လွန်းတဲ့တစ်ကားဆိုရင် တစ်ကားဆိုသလောက်‌ ပရိသတ်ရင်ထဲ‌ရောက်တဲ့ မင်းသားကြီးဒနွတ်ရှ်နဲ့ Salaarထဲကဒိတ်ဒိတ်ကြဲမင်းသမီးချောလေး ရှရူတီဟာဆန်ရဲ့ မာစတာပိစ်တစ်ကားဖြစ်တဲ့Three (2012)ကို စီအမ်ချစ်သူ‌တို့ တောင်းဆိုနေတဲ့အတိုင်း တင်ဆက်ပေးလိုက်ပါပြီ။ ဒီတစ်ခါမှာတော့ ဆယ်ကျော်သက်အရွယ် အချစ်ဇာတ်လမ်းလေးကိုထူးဆန်းထွေလာဇာတ်ကြောင်းလေးပါဝင်တဲ့အချစ်ဒရာမာ ဇာတ်လမ်းဟောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ရမ်လို့ခေါ်တဲ့ ၁၂တန်းအရွယ်ကျောင်းသားလေးဟာ တစ်ရက်ကျောင်းကိုသွားရင်းမိုးရွာနေတဲ့လမ်းမပေါ်မှာ စက်ဘီးချိန်းကျပြီး ဒုက္ခရောက်နေတဲ့ ဂျာနန်နီကိုမြင်လို့ဝင်ရောက်ကူညီပေးရင်း ချစ်မိသွားပါတော့တယ်။ အချစ်နဲ့တွေ့ရင် အရာရာကို ကြိုးစားချင်တယ်ဆိုတဲ့စိတ်တွေနဲ့ အရင်က စာကို အာရုံမစိုက်ခဲ့တဲ့ရမ်တစ်ယောက် ချစ်ရသူကိုမြင်ခွင့်ရဖို့အတွက်နဲ့ ဂျာနန်နီတက်တဲ့ ကျူရှင်ကိုလိုက်တတ်ရင်းစာတွေကြိုးစားခဲ့တဲ့အထိပါပဲ။ ဒီလိုနဲ့ ကြိုးစားလာလိုက်တာ ဂျာနန်နီရဲ့အချစ်ကိုရရှိခဲ့ပြီး အသက်အရွယ်ရလာတဲ့အခါမှာတော့ လက်ထပ်လိုက်ကြပြီး ဘဝတစ်ခုကိုထူထောင်ခဲ့ကြပါတယ်။ အိမ်ထောင်တစ်ခုကို တည်ထောင်ပြီဆိုရင် ဖြစ်တတ်ကြတဲ့ထုံးစံအတိုင်းပဲ ပြဿနာသေးသေးလေးတွေကနေ ကြီးထွားလာခဲ့ပါတော့တယ်။လက်ထပ်ခါစ စုံတွဲလေးဖြစ်ပေမယ့် နားလည်မှုလွဲတဲ့ကိစ္စတွေ အခက်အခဲတွေကို ရင်ဆိုင်လာရင်းတစ်ရက်မှာ မထင်မှတ်ထားပဲ ရမ်ဖြစ်သူဟာ သတ်သေသွားတဲ့ အခါမှာတော့ ….. ရမ်ဘာကြောင့် သတ်သေရလည်းဆိုတာကို ဂျာနန်နီတစ်ယောက် စုံစမ်းကြည့်တဲ့အခါမှာ ဘယ်လိုထူးဆန်းထွေလာကိစ္စတွေ ပေါ်ပေါက်လာမလဲ ….ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမယ့်အပြင် ရမ်နဲ့ ဂျာနန်နီတို့ရဲ့ ဆယ်ကျော်သက်အချစ်ဇာတ်လမ်းလေးကိုလည်းရင်ခုန်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ V~ToMo~Alex~KKKZ~Suri တို့ပဲ ဖြစ်ပါတယ်)
...