ru
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Himas (2024) ⭐IMDB: 7.6/10 (28 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 49 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Himas (2024) ========== ဒါနာဟာ တစ်ချိန်က ပြည့်တန်ဆာတစ်ဦးဖြစ်ခဲ့ပေမယ့် လက်ရှိကာလမှာတော့ ငယ်သူငယ်ချင်း မီးသတ်သမားဟောင်းတစ်ယောက်နဲ့အိမ်ထောင်ကျပြီး ရိုးရှင်းတဲ့ဘ၀ကိုတည်ဆောက်ဖိုကြိုးစားနေပါတယ်။ သူ့ခင်ပွန်းဖြစ်သူ အက်ဒ် ဟာ ဖာတန်းမီးလောင်တုန်း သူ့အသက်ကိုကယ်တင်ခဲ့ရာက ရခဲ့တဲ့ဒဏ်ရာနဲ့မျက်စိကွယ်နေသလို အဲ့ဒီစိတ်ဒဏ်ရာတွေကြောင့် ယောက်ျားကိစ္စစွမ်းဆောင်ရည်မှာပါ ချိုယွင်းစပြုနေပါပြီ။အဲ့ဒါကြောင့်ပဲ ဒါနာစာကြည့်တိုက်တစ်ခုမှာ အလုပ်ရသွားတဲ့နောက် အက်ဒ်အတွက် သူဖွင့်ထားတဲ့ Spa မှာကူဖော်လောင်ဖက်ရဖိုအဖော်တစ်ယောက်လိုအပ်လာပါတယ်။ အဲ့ဒီလိုအဖော်အဖြစ် အက်ဒ်ရွေးချယ်လိုက်တဲ့သူကတော့ သူတိုရွာမှာ ကြုံရာကျပမ်းလုပ်နေတဲ့ ကိုကွိင်းဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပါ။ သူ့ရဲ့စွမ်းဆောင်ရည်လိုအပ်ချက်ကြောင့် ဟာစလာဖြစ်နေတဲ့ ဇနီးဖြစ်သူနဲ့သန်သန်မြန်မြန်သွေးသားဆန္ဒတက်ကြွတဲ့ လူငယ်လေးတိုနှစ်ဦးကိုအနေနိးစပ်အောင်ဖန်တီးပေးလိုက်တာဟာ သူ့အတွက်အမှားတစ်ခုဖြစ်လာမလား?ဒါမှမဟုတ် သူ့ဇနီးဟာ တကယ်ပဲအရင်လိုအကျင့်စရိုက်တွေကိုမေ့ပစ်ပြီးသူ့အပေါ်သစ္စာစောင့်ထိန်းသူတစ်ယောက်ဖြစ်နေပြီလား? ဆက်လက်ရှုစားကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Look to the Light (2024) ⭐IMDB: 6.0/10 (98 Votes) 🎬 #Drama 🗓 2024 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 31 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒရမ်မာကား ကြိုက်သူလား အဲဒါဆိုရင်တော့ အခု ဒီ Look To the Light ဇာတ်ကားက သင့်အတွက်ပါပဲ။ ဒရမ်မာမှ ဒရမ်ကား စစ်စစ်ပါ။ UK ဒရမ်မာကားတစ်ကားဖြစ်ပြီး မျက်နှာသစ် မင်သားနဲ့ မင်းသမီးကို သုံးထားတော့ သူတို့ရဲ့ နုပျိုလန်းဆန်းမှုတွေကို သူတို့ရဲ့ သရုပ်ဆောင်မှုတွေမှာ တွေ့ရလို့ ကြည့်ရတဲ့သူအဖို့ ခံစားချက်တွေ ဖြစ်ပေါ် စေမှာ သေချာပါတယ်။ ဇာတ်လမ်းပြောရရင်တော့ မင်းသားက influcener ဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ယောက် မင်းသမီးက ရိုးရိုးအေးအေးလေး တစ်နေ့မှာ မင်းသားအတွက် ခိုင်မာတဲ့တက်လမ်းတစ်ခုက သူတို့ ၂ ယောက်ရဲ့ အချစ်ရေးကို ချနင်းပြီး တက်ဖို့ ဖြစ်လာပါတယ်။ မင်းသားအနေနဲ့ အချစ်ထက် ဘဝကို ဦးစားပေးလိုက်တဲ့ အခါ သူ့ရဲ့ရွေးချယ်မှုတွေက ဘယ်လိုဖြစ်သွားမှာလဲ။ မင်းသမီးကိုရော ဘာတွေ ထိခိုက်မှု ရှိသွားမလဲ။ အဆုံးသတ်မှာရော ဘယ်လို မထင်ထားတာတွေ ဖြစ်မှာလဲ စတာတွေကို တစ်ကားလုံး အက်တင် ကောင်းကောင်းအောက်မှာ စီးမျှောသွားရမဲ့ ဒရမ်မာကား ကောင်းလေးတစ်ကား ဖြစ်ပါတယ်။ IMDB မှာ 7.3 ရတဲ့ ဒရမ်မာကားဆိုတော့ ညံ့တဲ့ထဲ မပါတာတော့ အသေအချာပါပဲ
...

Murder in Mahim (2024) ⭐TMDB: 0% User Score 🎬 #Crime 🗓 2024 🎞 Series 🌎 #India ⏰ 42 မိနစ် 55 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Murder in Mahim (2024)Murder in Mahim (2024) “အင်စပက်တာဂျန်ဒီနှင့် မာဟင်မ်ဘူတာလူသဝာ်မှု” =======================================စုံထောက်ဇာတ်လမ်းကြိုက်သူတွေ သေချာပေါက်သဘောကျကြမယ့် အပိုင်း ၈ ပိုင်းပါ ဇာတ်လမ်းတွဲတစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာဆိုရင် အိန္ဒိယနာမည်ကြီး စာရေးဆရာ ဂျယ်ရီပင်တိုရဲ့ဝတ္ထုကို ပြန်ရိုက်ထားတာပါ။ ဇာတ်လမ်းကို အကြမ်းဖျင်းပြောရရင်… မွမ်ဘိုင်းမြို့ရဲ့ မာဟင်မ်ဘူတာထဲမှာ လူသဝာ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။သေဆုံးသူဟာ လိင်တူစိတ်ဝင်စားသူယောက်ျားလေးတစ်ယောက်ဖြစ်ပြီး သူရဲ့အလောင်းဟာ ကျောက်ကပ်ကို လက်နဲ့နှိုက်ထုတ်ခြင်းထားရပါတယ်။ အဲဒီအမှုကို တာဝန်ယူရတဲ့သူကတော့ ဘာအမှုမှမဖော်ထုတ်နိုင်တာ ၇ လရှိပြီဖြစ်တဲ့ အင်စပက်တာဂျန်ဒီပါပဲ။ ဂျန်ဒီဟာ ဒီအမှုကိုလိုက်ရင်းနဲ့ ငယ်ငယ်ကတည်းက ကိစ္စတစ်ခုကြောင့်ခွာပြဲခဲ့ရတဲ့ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ပြန်တွဲမိပြီး တရားခံအတူလိုက်ကြပုံတွေကို ဒီဇာတ်လမ်းတွဲထဲမှာမြင်တွေ့ကြရမှာပါ…။(ဒီဇာတ်လမ်းတွဲအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

မင်္ဂလာပါ Triggered... 💤 Welcome to FDMN Bot သည် အောက်ပါအချိန်များအတွင်း အသုံးပြုသူမရှိပါက အနားယူတတ်ပါသည်။
တနင်္လာ မှ သောကြာ 🌄 မနက် ၈ နာရီ မှ နေ့လည် ၁၂ နာရီ ထိ 🌅 နေ့လည် ၁ နာရီ မှ ညနေ ၅ နာရီ ထိ 🌃 ည ၁ နာရီ မှ မနက် ၅ နာရီ ထိ စနေ နှင့် တနင်္ဂနွေ 🌃 ည ၁ နာရီ မှ မနက် ၈ နာရီ ထိ
🛌 သင် တောင်းဆိုမှုပြုလုပ်စဉ်က Bot မှာ အနားယူနေနိုင်ပါသည်။ 🛏️ Bot သည် ယခုကစ၍ ၂ မိနစ်ခန့် အတွင်း ပြန်လည်ပတ်ပါမည်။ 🐰 ခေတ္တစောင့်ဆိုင်းပြီး သင့်တောင်းဆိုမှုကို ပြန်လုပ်ကြည့်ပါ။

Azhagiya Kanne (2023) ⭐IMDB: 7.9/10 (162 Votes) 🎬 #Bollywood #Drama 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 56 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒါရိုက်တာကြီးရဲ့ ဖူးစာ IMDb-7.9/10 တမီးလ်ရုပ်ရှင်တွေရဲ့ ညိုချောမင်းသမီးလေး Sanchita Shetty ကLeo Sivakumar တိုရဲ့ မတူညီတဲ့ အဆင့်အတန်းတွေကြားက အချစ်ဇာတ်လမ်းတစ်ပုဒ်။ ဗီဂျေးစည်သူပတီနဲ့ နာမည်ကြီးဒါရိုက်တာ Prabhu Solomon တိုပါဧည့်သည်သရုပ်ဆောင်ပါဝင်ထားတဲ့ကားဖြစ်ပါတယ် စီရူမာလိုင်ရွာလေးက နွားနိုသည်ရဲ့သားအဖြစ်နဲ့ မွေးဖွားလာပေမဲ့ နာမည်ကြီးရုပ်ရှင်ဇာတ်လမ်းတွေရဲ့ဒါရိုက်တာကိုအားကျပြီး နာမည်ကြီးဒါရိုက်တာဖြစ်ချင်သူ အင်ဘာ ။ ဖုန်းတွေ အင်တာနက်တွေကမဟုတ်ဘဲဒါရိုက်တာကြီးတွေဆီ စာပိုသမား စာတိုက်ကတစ်ဆင့် စာတွေနေ့စဉ်ပိုပြီး ဒါရိုက်တာအိပ်မက်အတွက် ဇွဲကြီးလွန်းသူ။ ကောလိပ်က ဇာတ်လမ်းအညွှန်းပြိုင်ပွဲတစ်ခုအတွက် ပါရမီရှိပြီးသားအင်ဘာဆီကို အကူအညီလာတောင်းတဲ့ ပုဏ္ဏားမျိုးရိုးကကာ့စ်သူရီတို ဇာတ်လမ်းအကြောင်းပြ တီတီတာတာဖြစ်နေကြတာကို ပတ်ဝန်းကျင်ကတစ်ဆင့် ကာ့စ်သူရီတိုအုပ်ထိန်းသူတွေရဲ့ နားပေါက်သွားတော့တယ် ။ အင်ဘာ့ဆီ နာမည်ကြီးဒါရိုက်တာကြီးဆီက ပြန်စာလည်းရောက်လာပြီဆိုတော့ မျိုးရိုးအဆင့်အတန်းကွာခြားမှုတွေနဲ့အလှမ်းကွာကြဦးမလား ဒါရိုက်တာလောင်းကြီးဆိုတာနဲ့ ကြည်ဖြူသွားကြမလား ဘောလိဝုဒ်ကားတိုပီပီ နိုင်ငံရေးအလှည့်အပြောင်းတွေရော ပါလာဦးမလားဆိုတာတော့ ရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်
...

မင်္ဂလာပါ Triggered... 💤 Welcome to FDMN Bot သည် အောက်ပါအချိန်များအတွင်း အသုံးပြုသူမရှိပါက အနားယူတတ်ပါသည်။
တနင်္လာ မှ သောကြာ 🌄 မနက် ၈ နာရီ မှ နေ့လည် ၁၂ နာရီ ထိ 🌅 နေ့လည် ၁ နာရီ မှ ညနေ ၅ နာရီ ထိ 🌃 ည ၁ နာရီ မှ မနက် ၅ နာရီ ထိ စနေ နှင့် တနင်္ဂနွေ 🌃 ည ၁ နာရီ မှ မနက် ၈ နာရီ ထိ
🛌 သင် တောင်းဆိုမှုပြုလုပ်စဉ်က Bot မှာ အနားယူနေနိုင်ပါသည်။ 🛏️ Bot သည် ယခုကစ၍ ၂ မိနစ်ခန့် အတွင်း ပြန်လည်ပတ်ပါမည်။ 🐰 ခေတ္တစောင့်ဆိုင်းပြီး သင့်တောင်းဆိုမှုကို ပြန်လုပ်ကြည့်ပါ။

Come and See (1985) ⭐TMDB: 83% User Score 🎬 #Drama #Thriller #War 🗓 1985 🎞 movie 🌎 #SovietUnion ⏰ 2 နာရီ 23 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Come and See ( 1985 ) IMDb Rating (8.4) / Rotten Tomatoes (90%) Greatest War Films of all time စာရင်းမှာ ကူးဘရစ်ရဲ့ Paths of Glory (1957)နဲ့ Full Metal Jacket (1987)တို့ ကော်ပိုလာရဲ့ Apocalypse Now (1979)တို့ Jean Renoirရဲ့ Grand Illusion (1937)တို့နောက်မှာ ကပ်ပါလာတာကတော့ ဆိုဗီယက်ကား Come and See ( 1985 )ဆိုတဲ့ရုပ်ရှင်ကားပါပဲ။ တစ်ချက်ရှိတာက ဒီကားတွေကို အကောင်းဆုံးစစ်ကားတွေလို့ ပြောကြပေမဲ့ ဒီကားတွေအကုန်လုံးက Anti-war filmsစာရင်းမှာ ဝင်နေတာပါပဲ။ Anti-war filmsတွေဆိုတာကတော့ စစ်ဆိုတာ အဓိပ္ပာယ်မရှိတဲ့အရာ အနိဠာရုံများတဲ့အရာလို့ဖော်ပြထားတဲ့ စစ်ရဲ့မကောင်းခြင်းတွေကို မီးမောင်းထိုးပြနေတဲ့ ရုပ်ရှင်တွေပါပဲ။ The Thin Red Lineတို့ Platoonတို့လိုကားတွေ ဒီနောက်ပိုင်းထွက်တဲ့1917တို့ All Quiet on the Western Frontရဲ့ ဗားရှင်း၃ခုလုံးတို့အကောင်းဆုံးဆိုတဲ့စာရင်းဝင် စစ်ကားမှန်သမျှဟာ စစ်ကိုဆန့်ကျင်တဲ့ကားတွေ ဖြစ်နေတာတော့ သမိုင်းတစ်လျှောက် အနုပညာရဲ့ရပ်တည်ချက်ကို ပြနေသလိုလိုပါပဲ။ Come and See ဟာ ဆိုဗီယက်ရုရှား ရုပ်ရှင်ဒါရိုက်တာ Elem Klimovရဲ့ အအောင်မြင်ဆုံးကားဖြစ်သလို သူ့ရဲ့နောက်ဆုံးပိတ်ရုပ်ရှင်ဆိုလည်း ဟုတ်ပါတယ်။ Klimov ငယ်ဘဝက စစ်တွင်းအတွေ့အကြုံတွေကို နည်းနည်းထင်ဟပ်နေတယ်လို့လည်း ဆိုထားတယ်။ Klimov ဟာ Come and See နောက်ပိုင်းမှာတော့ ဘာရုပ်ရှင်မှ မရိုက်ခဲ့ပါဘူး။ သူလုပ်နိုင်သလောက် လုပ်ပြပြီးပြီလို့ ခံစားရလို့လို့လည်း ပြောခဲ့တယ်။ Greatest Films of all Time စာရင်းမှာ အဆင့်၄၁ချိတ်နေတဲ့ကားကို ရိုက်ပြီးပြီဆိုတော့ သူပြောသလိုဟုတ်ရင်လည်းဟုတ်ပါလိမ့်မယ်။ သူနဲ့ဇာတ်ညွှန်းတွဲဖက်ရေးတဲ့သူကလည်း ဒီစစ်ကို တကယ်တိုက်ခဲ့တဲ့သူဆိုတော့ ဒီဇာတ်လမ်းရဲ့ အများစုကတော့ သူတို့အတွေ့အကြုံတွေကပဲ လာတယ်လို့ ပြောရပါမယ်။ ပြတာတွေကလည်း အပေါ်ကစာရင်းထဲက စစ်ကားတွေအားလုံးမှာ အရက်စက်ဆုံးလို့ပြောရပါမယ်။ တစ်နည်းနဲ့ပြောရရင် သူကစစ်တိုက်တာထက် စစ်ရဲ့နစ်နာသူတွေကို အဓိက မီးမောင်းထိုးပြထားတဲ့ ကားလို့ပြောရမယ်။ ဇာတ်အိမ်ကိုတော့ ဒုတိယစစ်လယ်ကာလ ၁၉၄၃မှာ တည်ထားတယ်။ သူတို့ဆီက ယောက်ျားလေးအများစု တိုက်ပွဲဝင်နေရတဲ့ကာလပေါ့။ အဲဒီကာလမှာ ကလေးသာသာကောင်လေးတစ်ယောက်က စစ်တော်တော်ဝင်တိုက်ချင်ခဲ့တယ်။ မြေကြီးတွေပတ်တူးပြီး မြေကြီးထဲက လက်နက်ရှာနေခဲ့တယ်။ လက်နက်ရှိမှ လက်ခံမကိုး။ ဘယ်သူတွေဘာလို့မြုပ်ထားကြလဲတော့ မပြောတတ်ဘူး။ ဒီလိုနဲ့ကောင်လေးဟာ လက်နက်ကို တွေ့သွားတော့ စစ်ထဲလိုက်သွားခဲ့တယ်။ အဲဒီနောက် အနိဠာရုံအတိနဲ့ သူမမြင်ဖူးခဲ့တဲ့လောကကို သူမြင်ခဲ့ရတယ်။ Come and See ဆိုတဲ့ စကားလုံးက သမ္မာကျမ်းစာရဲ့ Revelation 6- Four Horsemen & Six Sealsထဲက Apocalypse ဖြစ်ဖို့ ဘုရားသခင်ရဲ့ Seals ၄ခုပွင့်ပြီးတဲ့နောက်မှာ four living beasts ထဲက တစ်ကောင်က ပြောခဲ့တဲ့စကားပါပဲ။ တစ်နည်းအားဖြင့် Come and See ဆိုတာကလည်း Apocalypse Now လို့ပြောတာပါပဲ။ ဒါပေမဲ့ Come and See ဟာ Apocalypse Now ထက် အများကြီး ပိုရက်စက်တဲ့ ရုပ်ရှင်, ပိုရက်စက်တဲ့ အနိဠာရုံတွေအကြောင်းပါပဲ။ ရုပ်ရှင်အစက ကောင်လေးဟာ စစ်ဟာ ဘယ်လောက်ရက်စက်လဲ မသိခဲ့ပါဘူး။ ဒီတော့ သူ့မှာဝင်တိုက်ချင်စိတ် အပြည့်ရှိခဲ့တယ်။ တကယ်တမ်းဝင်တိုက်တဲ့အခါမှာ စစ်ရဲ့အနိဠာရုံတွေကို မခံစားနိုင်ဘဲ ရူးသွားခဲ့တယ်။ ဆယ်ကျော်သက်ကောင်လေးအဖြစ်ကနေ နေ့တွင်းချင်းပဲ အိုမင်းရင့်ရော်သွားခဲ့တယ်။အနိဠာရုံတွေဟာ လူတွေကို ရူးသွားစေနိုင်တဲ့အကြောင်း ကျွန်တော်တို့ ခဏခဏမြင်ခဲ့ပြီးပါပြီ။ Come and See ကလည်း ဒါကိုပြထားတဲ့ မာစတာပိစ်ရုပ်ရှင်တစ်ကားပါပဲ။ တစ်ခုရှိတာက ဒီရုပ်ရှင်ရဲ့ အရက်စက်ဆုံးဆိုတဲ့အရာတွေမလာခင်မှာ လှပတဲ့အရာတစ်ချို့အရင်လာခဲ့တယ်။ ကောင်လေးဟာ အနိဠာရုံတွေနဲ့ ပက်ပင်းမတိုးခင်မှာ သူ့အချစ်ကို တွေ့ရှိသွားခဲ့တယ်။ မိုးစက်တွေ နူးညံ့ခြင်းတွေ အနွေးဓာတ်တွေ နေရောင်ခြည်တွေနဲ့ စိမ်းစိုနေအောင်လှနေတဲ့‌ တောအုပ်ကလေးကို သူတွေ့ရှိသွားခဲ့တယ်။ ချစ်ချင်တယ်ဆိုတဲ့ ကောင်မလေးကို သူတွေ့ရှိသွားခဲ့တယ်။ အနိဠာရုံတွေရဲ့အရှေ့မှာ ဒီလိုအရာကို အရင်ထည့်တာက ဒါရိုက်တာက နောက်လာတော့မယ့် ရက်စက်ခြင်းတွေအတွက် ကျွန်တော်တို့ကိုရော ဇာတ်ကောင်တွေကိုရော သက်ညှာတဲ့အနေနဲ့ ခဏလေးစိတ်အေးစေခဲ့တာလား။ ဒါမှမဟုတ် ပိုရက်စက်လိုက်တာလားတော့ မသိနိုင်ဘူး။ အခုတော့ ချစ်ချင်ခဲ့တဲ့ကောင်မလေးရဲ့ ခြေထောက်တွေဟာ သွေးစိမ်းရှင်ရှင်ယိုလို့။ သေချာတာတော့ အဲဒီမျက်ဝန်းတွေဟာ ဒီကမ္ဘာမှာ အချစ်ရှိပါတယ်လို့ ဘယ်တော့မှ မယုံတော့မယ့်မျက်ဝန်းတွေ ဖြစ်သွားခဲ့ပြီ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wira Aung မှ တင်ဆက်ထားပါတယ်။)
...

မင်္ဂလာပါ Triggered... 💤 Welcome to FDMN Bot သည် အောက်ပါအချိန်များအတွင်း အသုံးပြုသူမရှိပါက အနားယူတတ်ပါသည်။
တနင်္လာ မှ သောကြာ 🌄 မနက် ၈ နာရီ မှ နေ့လည် ၁၂ နာရီ ထိ 🌅 နေ့လည် ၁ နာရီ မှ ညနေ ၅ နာရီ ထိ 🌃 ည ၁ နာရီ မှ မနက် ၅ နာရီ ထိ စနေ နှင့် တနင်္ဂနွေ 🌃 ည ၁ နာရီ မှ မနက် ၈ နာရီ ထိ
🛌 သင် တောင်းဆိုမှုပြုလုပ်စဉ်က Bot မှာ အနားယူနေနိုင်ပါသည်။ 🛏️ Bot သည် ယခုကစ၍ ၂ မိနစ်ခန့် အတွင်း ပြန်လည်ပတ်ပါမည်။ 🐰 ခေတ္တစောင့်ဆိုင်းပြီး သင့်တောင်းဆိုမှုကို ပြန်လုပ်ကြည့်ပါ။

Teen Titans: Trouble in Tokyo (2006) ⭐TMDB: 78% User Score 🎬 #Action #Adventure #Animation #Comedy #Family #Fantasy #Mystery #SciFi #ScienceFiction #TVMovie 🗓 2006 🎞 tv movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 15 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဇာတ်လမ်းအကျဉ်း တစ်ရက်မှာ တင်းန်တိုက်တန်စ်မျှော်စင်ကို သူတို့မမြင်ဖူးတဲ့ လူဆိုးတစ်ယောက်က လာဖျက်ဆီးခဲ့တယ်။ လူဆိုးကိုဖမ်းပြီး စစ်မေးတဲ့အခါမှာ သူ့ကိုဂျပန်က ဘရက်ရှိုးဂန်း (Brushogun) ဆိုတဲ့လူဆိုးတစ်ယောက်က အတင်းခိုင်းလို့ရောက်လာတာပါလို့ ပြောတာကြောင့် တိုက်တန်တို့ တိုကျိုမြို့ကိုသွားဖို့ အကြောင်းဖန်လာပါတယ်။ ဂျပန်စကားလည်းမတတ်ကြသလို ဂျပန်စာလည်းမဖတတ်တဲ့ တင်းန်တိုက်တန်အဖွဲ့သားတို့ အမှန်တရားကို ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကိုသိရဖို့တော့ ဇာတ်လမ်းလေးကို ကြည့်ရှုလိုက်ကြပါ။
...

Demi-Gods and Semi-Devils (2003) ⭐TMDB: 82% User Score 🎬 #Drama 🗓 2003 🎞 Series 🌎 #China #UnitedStatesofAmerica ⏰ 48 မိနစ် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Demi-Gods and Semi-Devils (completed)ဟိုး…လွန်လေပြီးခဲ့သော ၁၉၅၀-၁၉၆၀ ခုနှစ်ဝန်းကျင်တွေမှာ သိုင်းလောကသားတွေရဲ့နှလုံးသားကို ဖမ်းစားလှုပ်ကိုင်နိုင်ခဲ့တဲ့ သိုင်းဇာတ်လမ်းပေါင်းများစွာ အပြိုင်းအရိုင်းပေါ်ထွက်လာခဲ့ပါတယ်ရိုးရိုးဝတ္ထုတစ်အုပ်စာ ရုပ်ရှင်အနေနဲ့ တစ်နာရီခွဲဝန်းကျင်စာ သိုင်း ဇာတ်လမ်းတွေမှ ဝတ္ထုစာအုပ် ၅ အုပ်တွဲ ၁၀ အုပ်တွဲမှ ၁၆-၁၇ အုပ်တွဲ လောက်အထိ အခန်းဆက်ပေါင်းများစွာ ဇာတ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဖော်ထားကြတဲ့ သိုင်းဇာတ်လမ်းများလည်း အပြိုင်ပေါ်ထွက်လာခဲ့ပါတယ် ၎င်းသိုင်းဇာတ်လမ်း များထဲမှ ကျနော်တို့သတိပြုမိ နှစ်သက်မိခဲ့တဲ့ သိုင်းဝတ္ထုဇာတ်လမ်းများကို လက်ရာကောင်းမွန်သေသပ်စွာသီကုန်းနိုင်ခဲ့တဲ့ စာရေးဆရာကြီးကျင်းယုံရဲ့ လက်ရာမွန်များဖြစ်သော သိန်းငှက်သူရဲကောင်း အတွဲ(၂) နဲ့ သိုင်းလောကရဲ့စိန်ခေါ်သံ တို့ကို channelmyanmar မှ သိုင်းချစ်သူများအတွက် တင်ဆက်ပေးခဲ့ပြီးပါပြီယခုတစ်ဖန် ပြန်လည်တင်ဆက်ပေးချင်တဲ့ သိုင်းဇာတ်လမ်းတွဲတစ်ခုကတော့ ဆရာကြီးကျင်းယုံရဲ့လက်ရာမွန်တစ်ခုဖြစ်တဲ့ Dami-gods and semi-devils ပဲဖြစ်ပါတယ် ကျနော်တို့ မြန်မာပြည်က သိုင်းလောကသားတွေကတော့ စာအုပ်အဖြစ် `လွမ်းငွေ့ဝေဖြာ သိုင်းကမ္ဘာ´ လို့သိထားခဲ့ပြီး ဇာတ်လမ်းအနေနဲ့လည်း `တိမ်လွှာနဂါး သူရဲကောင်းများ´အဖြစ်သိရှိထားခဲ့ပြီးသားပါသို့ပေမယ့် ခေတ်ဟောင်းက သိုင်းဇာတ်လမ်းတွေကိုမှ ရင်ခုန်စိတ် ဝင်စားတတ်ကြတဲ့ သူတွေအတွက်ရော ခုခေတ်ညီ/ညီမငယ်တို့အတွက်ပါ အပြင်မှာ လုံးဝမရှိသလာက်ရှားသွားပြီဖြစ်တဲ့ ကြည်တောက်ရှင်း ဗားရှင်းနဲ့တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဇာတ်လမ်းကိုနည်းနည်းလောက်ညွှန်းစာပြရရင်တော့ တရုပ်ပြည်မကြီးထဲကို သီချင်းလေးတစ်အေးအေးနဲ့ အလည်လာခဲ့တဲ့ ခေတန်လူမျိုးမိသားစုလေးတစ်စုဟာ လမ်းခရီးမှာ ကြမ္မာငင်စွာပဲ လူတစ်စုရဲ့ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပါတယ်နောက် သိုင်းပညာမသင်ချင်တဲ့အတွက် တလိပြည်ကထွက်ပြေးလာခဲ့တဲ့ မင်းသားလေးသွမ့်လန်::: သိုင်းပညာထက်မြက်ပြီး အမှန်တရားကို အသက်ထက်မြတ်နိုးလို့ သူရဲကောင်းပီသလှတဲ့ တရုပ်ပြည်မကြီးရဲ့ မြောက်ပိုင်းချောင်ဖုန်းလို့ နာမည်တွင်ရလောက်သော သူတောင်းစား ဂိုဏ်းအတွင်းမှ မကြာခင် ဂိုဏ်းချုပ်ရာထူးကိုလွှဲပြောင်းရရှိတော့မယ့် ချောင်ဖုန်း:::: ယန်နိုင်ငံတော်ကြီးကို ပြန်လည်ထူထောင်ရမယ်ဆိုတဲ့ ဘိုးဘေးတို့ပေးအပ်ခဲ့တဲ့ ကြီးမားတဲ့တာဝန်ကိုထမ်းပိုးထားခဲ့ရတဲ့ တောင်ပိုင်းမုလုံ လို့နာမည်ကြီထင်းရှားတဲ့ ကုစုမုလုံဖု:::ရိုးသားဖြူစင် ပြီး ဂိုဏ်းစည်းကမ်းကိုတန်ဖိုးထားတတ်တဲ့ ရှောင်လင်ကျောင်းတော် ကြီးမှ ကိုရင်လေးဖူကျို့ :::: အလုပ်ကြံခံခဲ့ရတဲ့ ခေတန်မိသားစုကရော ဘယ်လိုအကြောင်းကြောင့် လုပ်ကြံခံခဲ့ရတာလဲ သိုင်းပညာမသင်ကြားချင်ခဲ့တဲ့ တလိမင်းသားလေးသွမ့်လန်ကရောသူ့ဆန္ဒပြည့်ဝနိုင်ပါ့မလား မြောက်ပိုင်းချောင်ဖုန်းနဲ့ တောင်ပိုင်းမုလုံဖုတို့ကရော သူတို့ရဲ့နာမည်ကျော်ကြားမှုအတိုင်း တကယ်ပဲထိုက်တန်ကြရဲ့လား ဖူကျို့ကိုရင်လေးရဲ့ ဘဝခရီးကရော သူမျှော်မှန်းခဲ့သလို အေးချမ်းနိုင်ပါ့မလား သူတို့သူတို့တွေရဲ့ ထူးခြားလှတဲ့ဘဝအလှည့်အပြောင်းတွေ အချစ်အမုန်း ရန်ငြိုးအာဏာ ရမ္မက် ရာထူးဂုဏ်ဒြပ် လွမ်းမောဖွယ် အချိုးအလှည့် အယိမ်းအနွဲ့တွေကြားမှာ ပြောင်မြောက်လှတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ပဲ ညွှန်းဆိုလိုက်ပါရစေခင်ဗျာ ::::ဇာတ်လမ်းထဲမှာပါတဲ့ နဂါးနိုင်လက်ဝါးသိုင်း ၁၈ ကွက် , ဆန်းကြယ်လှိုင်းခြေလှမ်း , ရှောင်းယောင်သိုင်း , တလီပြည်နယ်ရဲ့ပြိုင်စံရှားသိုင်းကွက်ဖြစ်တဲ့ သဏာန်မဲ့နတ်လက်ညိုးသိုင်း စတဲ့သိုင်းတွေဟာတချိန်တုန်းက ကျွန်တော်တို့သိုင်းချစ်သူတွေအရူးအမူးစွဲလန်းခဲ့ဖူးမှာပါ တိမ်လွှာနဂါးသူရဲကောင်းများဇာတ်လမ်းဟာ အားလုံးသိကြတဲ့ မက်မွန်မြေက ချစ်တေးတစ်ပုဒ် သိမ်းငှက်သူရဲကောင်း , နဂါးနိုင်ဓါး စတဲ့ ဇာတ်လမ်းတွေရဲ့ Timeline မတိုင်ခင် 11 ရာစုနှစ်က အကြောင်းကိုဇာတ်လမ်းဆင်ရေးဖွဲ့ခဲ့ပါတယ်.သိုင်းချစ်သူတွေအနေနဲ့ ဗဟုသုတရအောင်ပြောရမယ်ဆိုရင် မက်မွန်မြေက ချစ်တေးတစ်ပုဒ် နဲ့ သိမ်းငှက်သူရဲကောင်း ဇာတ်လမ်းကို 13 ရာစုအချိန်ကာလနဲ့ဇာတ်လမ်းတည်ပြီး နောက်ဆုံး နဂါးနိုင်ဓါးကိုတော့ 14 ရာစုနှစ် အချိန်ကာလနဲ့ဇာတ်လမ်းတည်ပြီးဖန်တီးခဲ့ပါတယ် အခုတော့ condor trilogy မတိုင်အစ မြစ်ဖျားခံရာ ဇာတ်လမ်းလေးကို အကြည်လင်ဆုံးရုပ်သံ နဲ့ ဘာသာပြန်မှုတွေနဲ့အတူ ပြန်လည်ခံစားကြည့်ပါဦးအပိုင်း40 တိတိရှိပါတယ်..တရက်ကိုနည်းနည်းချင်းစီတင်ပေးသွားပါမယ် Episode (1) UserDrive /  Gdrive / YuuDrive / Megaup / Meganz / UpstreamEpisode (2) Userdrive /  Gdrive / YuuDrive / Megaup / Meganz / UpstreamEpisode (3) Userdrive / Gdrive / YuuDrive / Megaup / Meganz / UpstreamEpisode (4) Userdrive /  Gdrive / YuuDrive / Megaup / Meganz / UpstreamEpisod...

I Am Not Big Bird (2024) ⭐IMDB: 5.5/10 (125 Votes) 🎬 #Comedy 🗓 2024 🎞 movie 🌎 #Philippines #Thailand ⏰ 1 နာရီ 36 မိနစ် 13 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ” ကျွန်တော် ငှက်ကြီးမဟုတ်ပါ”ဆိုတဲ့ ထူးထူးဆန်းဆန်း နာမည်နဲ့ ဇာတ်ကားကတော့ဖိလစ်ပိုင်ရဲ့ နာမည်ကြီးမင်းသား Enrique Gil ရဲ့ သုံးနှစ်ကြာမှပြန်ရိုက်တဲ့ comeback ဇာတ်ကား ဖြစ်ပါတယ်။s3x comedy ကားဖြစ်တာကြောင့် ကြည့်မယ်ဆိုရင် ၁၈ ယောက်အထက် စုပြီးမှ အောက်က အညွှန်းကို ဖတ်ပေးကြပါ။ ဖိလစ်ပိုင်က ဘဏ်ဝန်ထမ်း လူဝိစ်ကာပီယိုဆိုတဲ့ သူရဲ့ဘဝဟာ စိတ်ဝင်စားစရာမရှိလှပါဘူး။ဘဏ်မှာ အဆင်မပြေဖြစ်မယ်၊ သူ့ရည်းစား ကတ်သီကို လက်ထပ်ခွင့်တောင်းမယ်ပဲ စိတ်ထဲရှိနေတာပါ။ဒါပေမဲ့ ကတ်သီတစ်ယောက် သူ့ကို ဘာမှမဘာတာလို့ နာကျည်းပြီး လမ်းခွဲလိုက်တဲ့အချိန်ကာပီယိုတစ်ယောက် စိတ်ညစ်ညစ်နဲ့ သူရည်းစားရှိတုန်းက ပလစ်ခဲ့တဲ့ ဂျူလိုင်နဲ့ မက်ကီတို့ကို ခေါ်ပြီး ထိုင်းနိုင်ငံဆီ သွားဖို့ ပြင်ပါတော့တယ်။ထိုင်းရောက်သွားတဲ့ သူတို့သုံးယောက်ကို ထိုင်းပြည်သူတွေက ပါးတွေနားတွေရိုက်ကြတာကိုထိုင်းတွေက ဒီလိုပဲနှုတ်ဆက်တတ်တာလားလို့ ထင်သွားကြတဲ့ သူတို့တတွေ၊လမ်းမှာတွေ့တဲ့ တိုးဂိုက် ပရာဂျက်သီသီနဲ့အတူ ညမှာကဲဖို့ နိုက်ကလပ်ကိုသွားတော့မှပါးရိုက်နှုတ်ဆက်ခံရတဲ့အကြောင်းအရင်းကို သိကြတော့တာပါပဲ။ အကြောင်းကတော့ ကာပီယိုရဲ့ ရုပ်ဟာ ထိုင်းနိုင်ငံဂုဏ်ဆောင် နာမည်ကြီးပွန်းစတား ဘစ်ဘတ်နဲ့ တော်တော့်ကို ဆင်နေလို့ပါပဲ။သူတို့နှစ်ယောက်မဆင်တာဆိုလို့ ငှက်အရွယ်အစားပဲရှိပါတယ်။ဘစ်ဘတ်က နာမည်နဲ့လိုက်အောင် ဧရာမငှက်ကြီးဖြစ်ပေမဲ့ကာပီယိုရဲ့ ငှက်ကတော့ မိုက်ခရိုစကုပ်နဲ့ကြည့်မှ မြင်ရတဲ့ဘဝလေးပါ။ဖြစ်ချင်တော့ ဘစ်ဘတ်ဟာလည်း အခွေအသစ်မထွက်ဘဲ ပျောက်ဆုံးနေတာကြာပြီဖြစ်ပြီးဘစ်ဘတ်ကိုလိုက်ရှာနေကြတဲ့ ဘစ်ဘတ်ကိုးကွယ်သူတို့ စုဝေးနေတဲ့ ထိုင်းပြည်ကိုမှ ကာပီယိုတစ်ယောက် ခြေချမိတဲ့အခါ…ကာပီယိုတစ်ယောက် သူနဲ့ရုပ်ဆင်တဲ့ ဘစ်ဘတ်ဆိုတာကရော ဘယ်မှာလဲ?ဘစ်ဘတ်လို့ အထင်မှားခံရတဲ့ကိစ္စကို ဘယ်လိုဖြေရှင်းမလဲ?အထင်မှားခံရလို့ အသတ်ခံရမယ့်အရေးကနေ ဘယ်လိုထွက်ပြေးမလဲဆိုတာကိုတော့ဟိုဒင်းဟိုဝှာကိစ္စတွေကို ဟာသလေးရောယှက်ထားတဲ့ “ကျွန်တော် ငှက်ကြီးမဟုတ်ပါ” မှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့Xing Eggပဲ ဖြစ်ပါတယ်။
...

မင်္ဂလာပါ Triggered... 💤 Welcome to FDMN Bot သည် အသုံးပြုသူမရှိဘဲ အချိန်ကြာမြင့်လာပါက အနားယူတတ်ပါသည်။ 🛌 သင် တောင်းဆိုမှုပြုလုပ်စဉ်က Bot မှာ အနားယူနေနိုင်ပါသည်။ 🛏️ Bot သည် ယခုကစ၍ ၂ မိနစ်ခန့် အတွင်း ပုံမှန်လည်ပတ်ပါမည်။ 🐰 ခေတ္တစောင့်ဆိုင်းပြီး သင့်တောင်းဆိုမှုကို ပြန်လုပ်ကြည့်ပါ။

Yellowstone (2018- ) ⭐IMDB: 8.7/10 (225 k Votes) 🎬 #Western #Drama 🗓 2018- 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 46 မိနစ် 44 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Yellow Stone (2018) Season-1+2+3+4+5 Cowboyဇာတ်လမ်း​တွေကို သ​ဘောကျတဲ့ ပရိသတ်​တွေအတွက်အစိမ်းသက်သက် မဖြစ်​လောက်သလို ဒီဘက်​ခေတ်ရဲ့ westernကောင်းဘွိုင်seriesတွေထဲမှာ ဇာတ်အိမ်ခိုင်ပြီး ​လူကြိုက်များတဲ့Yellowstone ဆိုတဲ့ Seriesကြီးကို စတင်​တင်ဆက်​လိုက်ပါပြီ။Yellowstoneဆိုတဲ့နာမည်ကို CMပရိသတ်​တွေအ​နေနဲ့ အ​ရှေ့မှာတင်ဆက်ခဲ့ဖူးတဲ့ Prequelစီးရီးဖြစ်တဲ့1883မှာ ရင်းနှီးခဲ့ဖူးမှာပါ။အခုစီးရီးက​တော့ အဲဒီထဲက ဒပ်တန်မိသားစုရဲ့ မျက်​မှောက်​​ခေတ်​ကောင်းဘွိုင်ဘဝကို ကြည့်ရှုရမှာပါ။Oscarနဲ့ Emmyဆုရှင် မင်းသားကြီး Kevin Costner က ဒပ်တန်မိသားစုရဲ့အိမ်​ထောင်ဦးစီး ဂျွန်ဒပ်တန်အဖြစ် ပါဝင််ထားတာဖြစ်ပြီးIMDb 8.7, RT 85%အထိ ရရှိထားပါတယ်။ ဒီစီးရီးက နိုင်ငံတကာကောင်းဘွိုင်ဇာတ်ကားပရိသတ်​တွေကြား အ​တော်​ရေပန်းစားသလို​အောင်မြင်မှုလည်း ကြီးတာမို့ လက်ရှိမှာSeason 5အထိ ​ရောက်ရှိ​နေပါပြီ။ဇာတ်လမ်းအကျဉ်းက​တော့ အ​မေရိကန်ရဲ့အကြီးဆုံး ​မွေးမြူ​ရေးခြံဖြစ်တဲ့ မွန်တားနားပြည်နယ် ရဲလိုးစတုန်းမ်ခြံကြီးရဲ့ ပိုင်ရှင် ဒပ်တန်မိသားစု​အ​ကြောင်းကို အသား​ပေးထားတာ ဖြစ်ပါတယ်။ မိသားစုရဲ့အိမ်​​​ထောင်ဦးစီးဖြစ်တဲ့ ဂျွန်ဒပ်တန်ဟာ သူပိုင်တဲ့ခြံကြီးကို ဦးစီးရင်းခြစားမှု​တွေနဲ့လက်ဝါးချင်းရိုက်​နေတဲ့ နိုင်ငံ​ရေးသမား​​တွေနဲ့ ​ဒေသခံသစ်လုပ်ငန်းရှင်​တွေ ကန်ထရိုက်လုပ်ငန်းရှင်​​တွေ၊ မြို့ပြတိုးချဲ့​ရေးအ​ကြောင်းပြ ပြည်သူပိုင်သိမ်းယူလိုမှု​တွေ၊ နယ်​မြေချင်းဆက်​​နေတဲ့အင်ဒီးယန်း​တွေနဲ့ကာလရှည်မသင့်မြတ်​မှုတွေ၊ မိသားစုပဋိပက္ခ​တွေကြားထဲက ခြံကြီးကို မဆုံးရှုံးရ​အောင် ကြိုးစားထိန်းသိမ်းပုံ​တွေကိုကြည့်ရှူရမှာပါ။ဒီစီးရီးဟာ ​ကောင်းဘွိုင်ဇာတ်တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံ​ရေးနဲ့စီးပွား​ရေး၊ ဥပ​ဒေ​ရေးရာ အားပြိုင်မှု​တွေ၊ ​တစ်ဘက်နဲ့တစ်ဘက်ရဲ့​ခေါင်းတုံး​ပေါ် ထိပ်ကွက်မှု​တွေ၊ လျင်သူစား​ကြေး ဉာဏ်ရည်ချင်းအားပြိုင်မှု​၊ လက်ရုံးချင်းအားပြိုင်မှု စသဖြင့် ရသမျိုးစုံပေးနိုင်တဲ့စီးရီးဖြစ်ပြီး ဇာတ်လမ်းတင်ဆက်ပုံကလည်း အ​တော်ကြမ်းတာမို့​ကောင်းဘွိုင်series ကြိုက်သူ​တွေအတွက် တ​မျှော်​မျှော်ဖြစ်​စေမဲ့Seriesပဲဖြစ်ပါတယ်။
...

Penduko (2023) ⭐IMDB: 5.9/10 (65 Votes) 🎬 #Action #Adventure #Fantasy 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 50 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စူပါစွမ်းအားရှင် ဂမ္ဘီရစိတ်ကူးယဉ် ဖိလစ်ပိုင်ရုပ်ရှင်ကားကောင်းတကား ဖြစ်သလို ဖျော်ဖြေရေး စွန့်စားခန်းရုပ်ရှင်လည်းပါတယ်။ ဒီကားထဲမှာ ဖိလစ်ပိုင်ဒဏ္ဍာရီ‌တွေနဲ့ ရိုးရာပုံပြင်ကို မီးမောင်းထိုးပြထားပြီး မှော်ပညာဆန်းတွေနဲ့ Harry Potter ကို ဖိလစ်ပိုင်ဗားရှင်းနဲ့ ရိုက်ကူးထားတဲ့ ကွဲပြားခြားနားတဲ့ စူပါဟီးရိုးဇာတ်ကားလို့ ချီးကျုးခံထားရပါတယ်။ Pedro Penduko ဟာ သူ့ရဲ့ဘိုးဘေးတွေဆီက သဘာဝလွန်စွမ်းအားတွေကို ရရှိထားတဲ့လူငယ် တယောက်ပါ။ သူက ဆင်းရဲနွမ်းပါး ကျေးလက်ဒေသကို မုန်းတီးပြီး ရေကြည်ရာ မြက်နုရာရှာဖွေဖို့ မနီလာမြို့တော်ကြီး ဆီကို ထွက်လာခဲ့တဲ့အခါမှာတော့ တမူထူးခြား မှော်ပညာ တွေကို အသက်သွင်းနေတဲ့ ကုမ္ပဏီတခုမှာ အလုပ်ဝင် လုပ်ခဲ့ပါတယ်။ ဒီကုမ္ပဏီက သူ့ရဲ့ဇာတိရွာလေးကို အပိုင်သိမ်းဖို့ ကြံစည်လာတဲ့ အခါမှာတော့ ထူးခြားစွမ်းအင်ကို ပိုင်ဆိုင်ထားသူ ဆေးဆရာဖြစ်တဲ့ သူ့ရဲ့ဖခင်နဲ့ ပြန်လည်ပူးပေါင်းပြီး အောက်လမ်းစုန်းကဝေတွေကို ဘယ်လိုပညာပေး၊ မောင်းထုတ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
...

Penduko (2023) ⭐IMDB: 5.9/10 (65 Votes) 🎬 #Action #Adventure #Fantasy 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 50 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စူပါစွမ်းအားရှင် ဂမ္ဘီရစိတ်ကူးယဉ် ဖိလစ်ပိုင်ရုပ်ရှင်ကားကောင်းတကား ဖြစ်သလို ဖျော်ဖြေရေး စွန့်စားခန်းရုပ်ရှင်လည်းပါတယ်။ ဒီကားထဲမှာ ဖိလစ်ပိုင်ဒဏ္ဍာရီ‌တွေနဲ့ ရိုးရာပုံပြင်ကို မီးမောင်းထိုးပြထားပြီး မှော်ပညာဆန်းတွေနဲ့ Harry Potter ကို ဖိလစ်ပိုင်ဗားရှင်းနဲ့ ရိုက်ကူးထားတဲ့ ကွဲပြားခြားနားတဲ့ စူပါဟီးရိုးဇာတ်ကားလို့ ချီးကျုးခံထားရပါတယ်။ Pedro Penduko ဟာ သူ့ရဲ့ဘိုးဘေးတွေဆီက သဘာဝလွန်စွမ်းအားတွေကို ရရှိထားတဲ့လူငယ် တယောက်ပါ။ သူက ဆင်းရဲနွမ်းပါး ကျေးလက်ဒေသကို မုန်းတီးပြီး ရေကြည်ရာ မြက်နုရာရှာဖွေဖို့ မနီလာမြို့တော်ကြီး ဆီကို ထွက်လာခဲ့တဲ့အခါမှာတော့ တမူထူးခြား မှော်ပညာ တွေကို အသက်သွင်းနေတဲ့ ကုမ္ပဏီတခုမှာ အလုပ်ဝင် လုပ်ခဲ့ပါတယ်။ ဒီကုမ္ပဏီက သူ့ရဲ့ဇာတိရွာလေးကို အပိုင်သိမ်းဖို့ ကြံစည်လာတဲ့ အခါမှာတော့ ထူးခြားစွမ်းအင်ကို ပိုင်ဆိုင်ထားသူ ဆေးဆရာဖြစ်တဲ့ သူ့ရဲ့ဖခင်နဲ့ ပြန်လည်ပူးပေါင်းပြီး အောက်လမ်းစုန်းကဝေတွေကို ဘယ်လိုပညာပေး၊ မောင်းထုတ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
...

Love Me If You Dare (2024) ⭐IMDB: 5.2/10 (131 Votes) 🎬 #Bollywood #Romance #Fantasy #Horror 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Love Me if You Dare 2024 ဝိညာဉ်ချစ်သူ အချစ်ဟာမျက်ကန်းလို့ပဲပြောပြော ချစ်တဲ့သူကမျက်ကန်းပဲပြောပြောကျွန်တော်တို့အားလုံးဟာ ချစ်မိပြီဆိုရင် သူ့ရဲ့ဆိုးကွက်တွေကို ဘာမှမမြင်ဘဲရူးရူးမိုက်မိုက် ချစ်မိတတ်ကြသတဲ့။ ဒီဇာတ်လမ်းလေးထဲက အာဂျွန်သည်လည်း ထိုနည်းတူပေါ့။ အာဂျွန်ဟာ ဖြစ်ရပ်ဆန်းတွေကို လိုက်လံစုံစမ်းတတ်တဲ့ YouTuberလေးတစ်ယောက်ပါ။သူနောက်ဆုံးမျက်စိကျမိသွားတာကတော့ ဒီဗ်ယာဗာသီဆိုတဲ့မိန်းကလေးနဲ့ ရွာထဲကတစ်နာရီလောက်အမြဲငိုသံကြားရတဲ့ ထူးဆန်းတဲ့အိမ်ကြီး အာဂျွန်ကတော့ ဒီဗ်ယာဗာသီအကြောင်းကို စုံစမ်းဖို့ စိတ်အားထက်သန်နေပေမဲ့ဒီဗ်ယာဗာသီကို မြင်လိုက်တဲ့သူတိုင်း အသက်မရှင်ဘူးဆိုတဲ့ နာမည်ဆိုးကြောင့်အာဂျွန်ကိုစိတ်ပူနေတဲ့ ပရီယာနဲ့ ပရာတပ် ဒီအကြောင်းကိုစုံစမ်းလေလေ သိချင်စိတ်နဲ့အတူ ဒီဝိညာဉ်မလေးအပေါ် ရင်ထဲကအချစ်စိတ်တွေယိုဖိတ်လာမိတဲ့အာဂျွန်တစ်ယောက် တစ်စတစ်စ နက်နက်ရှိုင်းရှိုင်း တိုးဝင်မိရင်းဘာတွေဆက်ဖြစ်လာမလဲ‌ဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ~ V ~ Alex ~ Yunniတို့ပဲဖြစ်ပါတယ်။)
...

Cruella (2021) ⭐IMDB: 7.3/10 (268 k Votes) 🎬 #Comedy #Crime #Adventure #Drama 🗓 2021 🎞 movie 🌎 #UnitedStates #UnitedKingdom #Canada #Ireland #UnitedStatesofAmerica ⏰ 2 နာရီ 17 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခရူရယ်လာဆိုတဲ့ ဒစ်စနေးရဲ့ နာမည်ကျော် ဗီလိန်ကြီးလာပါပြီ။ကျတော်တို့ငယ်ငယ်ကတည်းက ခွေးလေးတွေကို လိုက်ဒုက္ခပေးချင်တဲ့ဒီမိန်းမကြီးကို မြင်တာနဲ့ မုန်းခဲ့တာပါ။အခုတော့ သူ့နေရာကို အမ်မာကျောက်တုံးလေးက ဝင်ပြီးသရုပ်ဆောင်လိုက်တော့လည်း မုန်းလို့မရတော့ပါဘူး။မယ်လီဖီးဆန့် ဂျိုလီကို မုန်းလို့မရသလိုပေါ့။ဒီ Live action အသစ်ကတော့ အတော်ကောင်းတဲ့အထဲမှာ ပါပါတယ်။ဇာတ်လမ်းဇာတ်ကွက်လည်း အဆင်ပြေတယ်။ခရူရယ်လာဆိုတဲ့ သူဌေးမကြီးဘယ်လိုဖြစ်လာသလဲဆိုတာကို ကောင်းကောင်းပြထားတာပါပဲ။ရိုက်ထားတာတွေ ဖက်ရှင်တွေကလည်းအတော်ကိုကောင်းပါတယ်။ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ခရူရယ်လာ အကြောင်းကို ပြန်ကြည့်ချင်ရင်တော ့101 dalmatians နဲ့ 102 dalmatians ဆိုတဲ့ ရုပ်ရှင်နှစ်ကားရှိပါသေးတယ်။ဒါကိုလည်း တစ်ခါတည်း တင်ထားပေးပါတယ်။File size…(2 GB) and (1.4 GB) Quality….Webrip 1080p and 720p Format…mp4 Duration….02:14:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.AndersonTranslated by Mr.Andreson ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
...

A Peeping Hole (2014) ⭐IMDB: 7.2/10 (100 Votes) 🎬 #Mystery #Comedy #Romance 🗓 2014 🎞 Series 🌎 #Japan ⏰ 49 မိနစ် 53 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 [18+] A Peeping Hole (or) Nozoki Ana (2014)  Dark Side Production မှ ပထမဆုံးတင်ဆက်လိုက်သော 18+ ဂျပန်စီးရီးလေးပါ။စုစုပေါင်း အပိုင်း(၈)ပိုင်းရှိပါတယ်။ ဇာတ်ကားရဲ့ဂျပန်နာမည် Nozoki Ana ဆိုတာကတော့ ချောင်းကြည့်ပေါက်လို့အဓိပ္ပါယ်ဖွင့်ရမလားပဲ။Nozoki Ana ဆိုတဲ့ ဂျပန် Manga စာအုပ်ကိုအခြေခံပြီး Live Action အဖြစ်အသက်သွင်းထားတဲ့ စီးရီးလေးပါ။ဇာတ်လမ်းကတော့…အဆောင်နေကျောင်းသားလေးတစ်ယောက်နဲ့ ဘေးခန်းကိုပြောင်းလာတဲ့ ချစ်စရာကောင်မလေးနဲ့နံရံပေါ်ကအပေါက်တစ်ပေါက်ကိုအပြန်အလှန်ချောင်းရာကနေ ဖြစ်ပေါ်လာတဲ့ဇာတ်လမ်းလေးပါ။ကောင်လေးမှာချစ်ရတဲ့ကောင်မလေးကလဲရှိ…သူ့ကောင်မလေးမှာလဲ လျှူိ့၀ွက်ဇာတ်လမ်းတွေကရှိ…ကောင်လေးရဲ့ငယ်ချစ်ဟောင်းနဲ့ဇာတ်လမ်းလေးတွေ…ဆရာမနဲ့ဇာတ်လမ်းလေးတွေ….ဘေးခန်းကကောင်မလေးနဲ့သူငယ်ချင်းကောင်မလေးရဲ့ဇာတ်လမ်းလေးတွေ…အစုံပလုံပါပဲ။ဂျပန် Ecchi ဇာတ်ကားတို့ရဲ့ထုံးစံအတိုင်း အကြမ်း္တွေတော့ပါတာပေါ့…ဒါကြောင့် အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးတွေလက်ရှောင်ရမယ့်ဇာတ်ကားပါ။မင်းသားလေးကချောသလို မင်းသမီးလေးတွေကလဲ အကုန်အမိုက်စားတွေချည်း။တစ်ရက်တစ်ပိုင်းတင်ဆက်သွားမှာပါ။(Jueno , Dark Kimchi , Dark Sithu တို့မှတင်ဆက်ထားတာပါ။)  Quality – HDTV Rip 720pDuration – 50 Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Encoder – RGB   Episode (1)>>> Gdrive(500MB)  ၊ Soliddrive(500MB) ၊                                Openload(500MB)   ၊  Stream(500MB)   Episode (2)>>> Gdrive(500MB)  ၊ Soliddrive(500MB) ၊ MegaUp(500MB)                               Openload(500MB)   ၊  Stream(500MB)  Episode (3)>>> Gdrive(500MB)  ၊ MegaUp(500MB)                               Openload(500MB)   ၊  Stream(500MB)  Episode (4)>>> Gdrive(500MB)  ၊ MegaUp(500MB)                               Openload(500MB)   ၊  Stream(500MB)  Episode (5)>>> Gdrive(500MB)  ၊ MegaUp(500MB)                               Openload(500MB)   ၊  Stream(500MB)  Episode (6)>>> Gdrive(500MB)  ၊ MegaUp(500MB)                               Openload(500MB)   ၊  Stream(500MB)  Episode (7)>>> Gdrive(500MB)  ၊ MegaUp(500MB)                               Openload(500MB)   ၊  Stream(500MB)  Episode (8)The End >>> Gdrive(500MB)  ၊ MegaUp(500MB)                               Openload(500MB)   ၊  Stream(500MB)      The End! ~ Dark Side Production ~  ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
...

13 Hours: The Secret Soldiers of Benghazi (2016) ⭐IMDB: 7.3/10 (162 k Votes) 🎬 #Action #Drama #History #War #Thriller 🗓 2016 🎞 movie 🌎 #Malta #Morocco #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 25 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 13 Hours: The Secret Soldiers of Benghazi (2016)Imdb rating 7.1/10 ၂၀၁၆ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ Transformers ကား​တွေရဲ့ ဒါရိုက်တာ​ Michael Bay ရိုက်​ကူး​ခဲ့တဲ့ ရုပ်ရှင်​ဖြစ်​ပါတယ်။အမျိုး​အစား​က action / war ဖြစ်​ပြီး ၂၀၁၂ ခုနှစ်​ လစ်​ဗျား​မှာ ဖြစ်​ပွားခဲ့တဲ့ တကယ့်​ဖြစ်ရပ်​မှန်​ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကား​လည်း​ဖြစ်​ပါတယ်။Michael Bay ရဲ့လက်ရာမလို့ တိုက်ပွဲတွေ ပစ်တာခတ်တာတွေ ဆက်တင်ပိုင်းတွေ အလွန်ပီပြင်ပြီး အပြင်ကအတိုင်း ကြမ်းတယ် တကယ်ရိုက်ပြနိုင်တယ်ဆိုပြီး ချီးကျူးခံခဲ့ရပါတယ်။John Krasinski က အဓိက​ဇာတ်​ကောင်​ Jack Silver အဖြစ်​သရုပ်ဆောင်​ထား​ပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ ၂၀၁၂ ခုနှစ်​မှာ ကဒါဖီ ပြုတ်ကျပြီးနောက် လစ်​ဗျား​နိုင်ငံ​ ဘင်ဂါဇီမြို့ဟာ ကမ္ဘာ့​အန္တရာယ်​အရှိဆုံး နေရာ​တွေထဲကတစ်ခုဖြစ်လာပါတယ်။ဘင်ဂါဇီမြို့မှာ တရား​ဝင်​မဟုတ်​တဲ့ အမေရိကန်​သံတမန်​ရုံး​တစ်ခု​ရှိပြီး အဲဒီ​သံတမန်ရုံး​နဲ့ တစ်မိုင်တောင်မဝေးတဲ့ နေရာ​မှာ Annex လို့ခေါ်​တဲ့ စီအိုင်အေလျှို့ဝှက်စခန်းရှိပါတယ်။Jack Silver​ ဟာ နေဗီဆီးလ်​တပ်ဖွဲ့​ဝင်​ဟောင်းဖြစ်ပြီး စီအိုင်အေဝန်ထမ်း​တွေရဲ့ လုံခြုံရေး​အတွက်​ပုဂ္ဂလိက​ လက်​နက်​ကိုင်​ ကန်​ထရိုက်တာအဖြစ် တာဝန်​ထမ်းဆောင်​ပေး​ဖို့​ လစ်ဗျား​ကို ရောက်​ရှိလာပါတယ်။အဲဒီ​အချိန်​မှာပဲ အမေရိကန်သံအမတ် လစ်ဗျား​ကို ရောက်ရှိလာပြီး ဘင်​ဂါ​ဇီ​မြို့​က သံတမန်​ရုံး​မှာ တည်း​ခိုနေပါတယ်။9-11 နှစ်ပတ်လည်နေ့ဆိုပြီး စက်​တင်​ဘာ ၁၁ ရက်နေ့​ညမှာပဲ လစ်ဗျား​စစ်သွေးကြွများက သံတမန်​ရုံး​နဲ့ စီအိုင်အေစခန်းကို အင်​အား​အများ​အပြား​နဲ့ တိုက်​ခိုက်​သိမ်း​ပိုက်​ဖို့​ကြိုးစားရာကနေJack Silver​တို့​ရဲ့ ၆ ယောက်ပဲ အဓိကပါရှိတဲ့ လုံခြုံရေး​အဖွဲ့​အနေနဲ့​ အင်အားလုံးဝမမျှတဲ့ကြားက ၁၃ နာရီ​ကြာ ခုခံ​မှုကြီးအတွက် ပြင်ဆင်​ရပါ​တော့တယ်။ Michael Bay​ ရဲ့ထုံးစံအတိုင်း non-stop အက်​ရှင်​ဖြစ်တဲ့အပြင် battle sequences တွေကလည်း လှပသပ်ရပ်တာမို့ စစ်ကားကောင်းကြည့်လိုသူများ၂ နာရီခွဲကျော်ကြာမြင့်အောင် စိတ်ကြိုက်ထိုင်ကြည့်ရမယ့် ရုပ်ရှင်ကားကြီး​ဖြစ်​ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Wolfenheim မှ တင်ဆက်ထားပါတယ်။)
...

13 Hours: The Secret Soldiers of Benghazi (2016) ⭐IMDB: 7.3/10 (162 k Votes) 🎬 #Action #Drama #History #War #Thriller 🗓 2016 🎞 movie 🌎 #Malta #Morocco #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 25 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 13 Hours: The Secret Soldiers of Benghazi (2016)Imdb rating 7.1/10 ၂၀၁၆ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ Transformers ကား​တွေရဲ့ ဒါရိုက်တာ​ Michael Bay ရိုက်​ကူး​ခဲ့တဲ့ ရုပ်ရှင်​ဖြစ်​ပါတယ်။အမျိုး​အစား​က action / war ဖြစ်​ပြီး ၂၀၁၂ ခုနှစ်​ လစ်​ဗျား​မှာ ဖြစ်​ပွားခဲ့တဲ့ တကယ့်​ဖြစ်ရပ်​မှန်​ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဇာတ်ကား​လည်း​ဖြစ်​ပါတယ်။Michael Bay ရဲ့လက်ရာမလို့ တိုက်ပွဲတွေ ပစ်တာခတ်တာတွေ ဆက်တင်ပိုင်းတွေ အလွန်ပီပြင်ပြီး အပြင်ကအတိုင်း ကြမ်းတယ် တကယ်ရိုက်ပြနိုင်တယ်ဆိုပြီး ချီးကျူးခံခဲ့ရပါတယ်။John Krasinski က အဓိက​ဇာတ်​ကောင်​ Jack Silver အဖြစ်​သရုပ်ဆောင်​ထား​ပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ ၂၀၁၂ ခုနှစ်​မှာ ကဒါဖီ ပြုတ်ကျပြီးနောက် လစ်​ဗျား​နိုင်ငံ​ ဘင်ဂါဇီမြို့ဟာ ကမ္ဘာ့​အန္တရာယ်​အရှိဆုံး နေရာ​တွေထဲကတစ်ခုဖြစ်လာပါတယ်။ဘင်ဂါဇီမြို့မှာ တရား​ဝင်​မဟုတ်​တဲ့ အမေရိကန်​သံတမန်​ရုံး​တစ်ခု​ရှိပြီး အဲဒီ​သံတမန်ရုံး​နဲ့ တစ်မိုင်တောင်မဝေးတဲ့ နေရာ​မှာ Annex လို့ခေါ်​တဲ့ စီအိုင်အေလျှို့ဝှက်စခန်းရှိပါတယ်။Jack Silver​ ဟာ နေဗီဆီးလ်​တပ်ဖွဲ့​ဝင်​ဟောင်းဖြစ်ပြီး စီအိုင်အေဝန်ထမ်း​တွေရဲ့ လုံခြုံရေး​အတွက်​ပုဂ္ဂလိက​ လက်​နက်​ကိုင်​ ကန်​ထရိုက်တာအဖြစ် တာဝန်​ထမ်းဆောင်​ပေး​ဖို့​ လစ်ဗျား​ကို ရောက်​ရှိလာပါတယ်။အဲဒီ​အချိန်​မှာပဲ အမေရိကန်သံအမတ် လစ်ဗျား​ကို ရောက်ရှိလာပြီး ဘင်​ဂါ​ဇီ​မြို့​က သံတမန်​ရုံး​မှာ တည်း​ခိုနေပါတယ်။9-11 နှစ်ပတ်လည်နေ့ဆိုပြီး စက်​တင်​ဘာ ၁၁ ရက်နေ့​ညမှာပဲ လစ်ဗျား​စစ်သွေးကြွများက သံတမန်​ရုံး​နဲ့ စီအိုင်အေစခန်းကို အင်​အား​အများ​အပြား​နဲ့ တိုက်​ခိုက်​သိမ်း​ပိုက်​ဖို့​ကြိုးစားရာကနေJack Silver​တို့​ရဲ့ ၆ ယောက်ပဲ အဓိကပါရှိတဲ့ လုံခြုံရေး​အဖွဲ့​အနေနဲ့​ အင်အားလုံးဝမမျှတဲ့ကြားက ၁၃ နာရီ​ကြာ ခုခံ​မှုကြီးအတွက် ပြင်ဆင်​ရပါ​တော့တယ်။ Michael Bay​ ရဲ့ထုံးစံအတိုင်း non-stop အက်​ရှင်​ဖြစ်တဲ့အပြင် battle sequences တွေကလည်း လှပသပ်ရပ်တာမို့ စစ်ကားကောင်းကြည့်လိုသူများ၂ နာရီခွဲကျော်ကြာမြင့်အောင် စိတ်ကြိုက်ထိုင်ကြည့်ရမယ့် ရုပ်ရှင်ကားကြီး​ဖြစ်​ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Wolfenheim မှ တင်ဆက်ထားပါတယ်။)
...