ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Knife + Heart (2018) ⭐IMDB: 6.3/10 (6 k Votes) 🎬 #Drama #Horror #Mystery #Romance #Thriller 🗓 2018 🎞 movie 🌎 #France #Mexico #Switzerland ⏰ 1 နာရီ 42 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘတ်ဂျက်နည်းနည်းနဲ့ gay porn ရုပ်ရှင်ကားထုတ်လုပ်သူ Anne ဟာ သူ့ကိုစွန့်ပစ်သွားတဲ့ ချစ်သူဟောင်းလည်းဖြစ်သလို သူ့ရုပ်ရှင်ကားတွေရဲ့ တည်းဖြတ်သူလည်းဖြစ်တဲ့ Lois နဲ့ လမ်းခွဲလိုက်ရတဲ့အခါမှာ ချစ်သူကို ပြန်လည်ရယူလိုစိတ်နဲ့ ပြန်လည်ရုန်းထဖို့ ဆုံးဖြတ်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ Anne ဟာ သူ့အပေါ်သစ္စာရှိတဲ့ သူငယ်ချင်းဖြစ်သူ Archibald ရဲ့အကူအညီနဲ့ သူ့ရဲ့စိတ်ဆန္ဒအပြင်းပြဆုံးရုပ်ရှင်ကို ရိုက်ကူးဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ တဖက်မှာတော့ သူ့ရဲ့အဓိက သရုပ်ဆောင်တွေထဲကတဦးက စအိုမှာ ဓားချက်ပေါင်းများစွာနဲ့ ရက်ရက်စက်စက် အသတ်ခံရတဲ့အခါ Anne ဟာ ထူးဆန်းတဲ့ စုံစမ်းစစ်ဆေးမှုတခုမှာ ပါဝင်ပတ်သက်ပြီး သူ့ဘဝကို ဘယ်လို ဇောက်ထိုးမိုးမျှော်ဖြစ်သွားစေမလဲဆိုတာ ထင်မှတ်မထားတဲ့ လှည့်ကွက်တွေနဲ့ ဆွဲဆောင်မှုရှိရှိ ကြည့်ရှုခံစားရမယ့် Gay Porn အသားပေး ဇာတ်ကားကောင်းတကားဖြစ်ပါတယ်။...
Young Woman and the Sea (2024) ⭐IMDB: 7.6/10 (2 k Votes) 🎬 #Biography #Drama #Romance #History #Sport 🗓 2024 🎞 movie 🌎 #UnitedStates #Hungary #Italy #UnitedKingdom #France #UnitedStatesofAmerica ⏰ 2 နာရီ 9 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးဟာ တကယ့်အပြင်ကဖြစ်ရပ်မှန် နယူးယောက်မြို့က ဂျာမန်သူ ရေကူးကစားသမား ထရူဒီ အယ်ဒါလီအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ လက်ရှိအခြေအနေအမျိုးမျိုးကြောင့် စိတ်ဓာတ်ကျနေသူတွေ၊ စိတ်ပျက်အားလျော့နေသူတွေ မိုတီယူဖို့အတွက် ကြည့်နိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ ကြည့်နေရင်းနဲ့ကို ဇာတ်က ဆွဲဆောင်သွားပြီး ထိုင်ရာကမထ ကြည့်ရှုရမှာပါ… ဇာတ်လမ်းအစကိုတော့ ဝက်သက်ပေါက်ပြီး အိပ်ရာပေါ်မှာ လဲနေတဲ့ ကောင်မလေး ထရူဒီနဲ့ စထားပါတယ် ဝက်သက်ဝေဒနာကို အပြင်းအထန်ခံစားနေရလို့ “ဒီနေ့ညကို မကျော်နိုင်ဘူး” လို့ ဆရာဝန်ကပြောခဲ့ပေမဲ့ ရောဂါကို အံတုပြီး အသက်ဘေးကလွတ်ခဲ့တဲ့ ထရူဒီ သူနေမကောင်းဖြစ်နေတုန်းမှာ ရေမကူးတတ်လို့ သင်္ဘောပေါ်မှာ မီးလောင်သေဆုံးကြတဲ့ အမျိုးသမီးတွေအကြောင်းကို ကြားထားရတဲ့ အမေဖြစ်သူက သားသမီးတွေ အကုန်လုံးကို ရေကူးသင်ပေးမယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ် ဖြစ်ချင်တော့ ထရူဒီဟာ ဝက်သက်ရောဂါက နားအထိဝင်ခဲ့တာမလို့ ရေထဲဆင်းရင် နားကန်းမှာဆိုတဲ့အတွက် ရေကူးသင်ခွင့် မရခဲ့ပါဘူး ဒါပေမဲ့ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် ခေါင်းမာမာနဲ့ ရအောင်လုပ်ခဲ့တဲ့ ထရူဒီဟာ ရေကူးတာကို ဝါသနာ ပါတဲ့အလျောက် ရေကူးတဲ့နေရာမှာလည်း သူမတူအောင် ထူးချွန် ခဲ့ပါတယ်.. မိန်းကလေးဆို အချိန်တန် ယောကျ်ားယူ၊ ကလေးမွေး၊ အိမ်မှု ကိစ္စပဲလုပ်ရမယ်ဆိုတဲ့ အယူအဆတွေ၊ ပတ်ဝန်းကျင်တွေရဲ့ ကြားထဲမှာ ထရူဒီတစ်ယောက် အမေနဲ့ အစ်မဖြစ်သူရဲ့ အားပေးမှုကို အကူအညီယူလို့ ရအောင်တွန်းလှန်ခဲ့ပါတယ် သို့ပေမဲ့လည်း ဘယ်လိုနေရာမှာမဆို ကျရှုံးအောင် ထိုးချမယ့် သူတွေက ရှိနေလေတော့ အမျိုးသမီးတွေကလည်း စွမ်းဆောင် နိုင်တယ်၊ ယောကျ်ားသားတွေနဲ့ ရင်ဘောင်တန်းနိုင်တယ်ဆိုတာကို ပြသပြီး ထိုက်သင့်တဲ့ အခွင့်အရေး ရဖို့အတွက်… အမျိုးသားကျွမ်းကျင်ရေကူးသမားအနည်းငယ်သာ ဖြတ်ကူးနိုင်ခဲ့ပြီး အတော်များများ အသက်ဆုံးရှုံးရတဲ့ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကူးဖို့ ထရူဒီတစ်ယောက် ဆုံးဖြတ်လိုက်ပါတယ်… အဲဒီလိုဖြတ်ကူးရာမှာရော သူ့ကိုယ်သူ ယုံကြည်ထားသလို ထရူဒီ တစ်ယောက် ဖြတ်ကူးနိုင်ခဲ့မလား.. ရေခဲရေလို အေးစက်နေတဲ့ ပင်လယ်ရေ၊ ရာသီဥတုအလိုက် ပြောင်းလဲတတ်တဲ့ ရေစီးကြောင်းတွေ၊ လှိုင်းတံပိုးတွေ၊ ပင်လယ်ထဲက ရေသတ္တဝါတွေနဲ့ ကြိုတင်တွက်ဆလို့မရတဲ့ အန္တရာယ်တွေကြားမှာ ပြင်သစ်ကနေ အင်္ဂလန်အထိ ဖြတ်ကူးရတဲ့ အင်္ဂလိပ်ရေလက်ကြားရဲ့ ၂၁ မိုင်ကွာဝေးတဲ့လမ်းခရီးကို ဘယ်လို ရေကူးပြီး ဖြတ်သန်းမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်…. ဒီကားလေးကိုကြည့်ပြီး ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချ၊ လုပ်စရာ ရှိတာကို ယုံကြည်မှုရှိရှိနဲ့လုပ်ဆောင်ရင် အချိန်တန်တဲ့အခါ ရလဒ်ကောင်းတစ်ခု ရလာနိုင်ပါကြောင်း အားပေးလိုက်ရပါတယ် အားလုံး ဖိုက်တင်းပါ...
The House That Jack Built (2018) ⭐IMDB: 6.8/10 (94 k Votes) 🎬 #Crime #Drama #Horror #Thriller 🗓 2018 🎞 movie 🌎 #Denmark #France #Germany #Sweden ⏰ 2 နာရီ 33 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The House that Jack Built(2018)IMDb: 6.8/10Rotten Tomatoes: 60%Genre: Psychological Horror/ Psychological Thriller“ဂျက်ခ်တည်ဆောက်ခဲ့တဲ့အိမ်လေး” တဲ့ရုပ်ရှင်ခေါင်းစဉ်က။မသိရင်ပဲ သာယာလှပတဲ့ ရုပ်ရှင်လိုလိုနဲ့။တကယ်တမ်းဒီရုပ်ရှင်ကအတော်လေးစိတ်ညစ်ဖို့ကောင်းပါတယ်။တကယ်လည်းကောင်းတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ American Psycho ကြိုက်ရင် ဒီရုပ်ရှင်ကိုသဘောကျမှသေချာပါတယ်။ ကျွန်တော်ကအကျင့်တစ်ခုရှိတယ်။အဲဒါက ရုပ်ရှင်တစ်ခုကို ဘာသာမပြန်ချင် အဲဒီရုပ်ရှင်နဲ့ပတ်သက်သမျှကို လိုက်ရှာကြည့်တာ။ရှာကြည့်တော့ တကယ်ပဲ ဒီရုပ်ရှင်က လူကြိုက်များလှပါတယ်။တချို့ဆိုရင် ရုပ်ရှင်ဝေဖန်ရေးသမားတွေပြောတာကိုနားမယောင်နဲ့။ဒီရုပ်ရှင်ကိုကြည့်ဖြစ်အောင်ကြည့်လို့ဆိုပါတယ်။ တကယ်ပဲကောင်းတယ်လို့ပြောပါရစေ။ ဇာတ်ညွှန်းဂျက်ခ် ဟာ OCD ရောဂါခံစားနေရတဲ့ စိတ်ရောဂါရှင် ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်ပါတယ်။သူဟာလူကိုကြုံရင်ကြုံသလိုသတ်နေတဲ့လူတစ်ယောက်လည်းဖြစ်ပါတယ်။ သူဟာလူသတ်ရတာကိုအနုပညာမြောက်တယ်လို့ထင်နေပြီး လူသတ်တာကိုပဲပျော်မွေ့နေတဲ့လူဖြစ်ပါတယ်။ သူ့ရဲ့အယူအဆတွေက တကယ့်လက်တွေ့လောကနဲ့လုံးဝကိုဆန့်ကျင်နေပြီး အတော်လေးလည်းကြောက်ဖို့ကောင်းလှပါတယ်။ သူဘယ်နှစ်ယောက်ထိထပ်ပြီးတော့သတ်နိုင်မှာလဲ။ ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကိုကြည့်လိုက်ပါ။ ကြည့်နေရင်းနဲ့ သူ့ရဲ့အယူအဆတွေကိုတောင်လက်ခံမိမလိုလို ဘာသာပြန်ရင်းဖြစ်သွားပါသေးတယ်။ ဂျက်ခ်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Matt Dillion ဟာလည်းအတော်လေးကိုသရုပ်ဆောင်ကောင်းလှပါတယ်။ ဒီဇာတ်လမ်းလေးကိုတော့ ၁၂ နှစ်တာကာလအတွင်းမှာ သူသတ်ခဲ့တဲ့လူတွေအကြောင်းကိုပြန်ပြောပြတဲ့ပုံစံနဲ့ ဖော်ဆောင်သွားမှာဖြစ်ပါတယ်။...
All Lives (2024) ⭐TMDB: 65% User Score 🎬 #Drama 🗓 2024 🎞 movie 🌎 #Japan ⏰ 1 နာရီ 49 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းကတော့ ဝေဒနာတွေရဲ့ ဇာတ်လမ်းလို့ပြောရမယ်။ ခင်ဗျားတို့ဘဝထဲမှာ ဘာမှမလုပ်နိုင်မကိုင်နိုင်တော့ဘဲ ဆေးသက်သက်နဲ့ အသက်ဆက်ပြီး လှဲနေရုံကလွဲ ဘာမှ မထူးတော့တဲ့ လူတွေရှိဖူးမလားမသိဘူး။ ကျွန်တော့်အဘွားကတော့ အဲဒီလိုနှစ်နည်းနည်းနေသွားခဲ့တယ်။ သူ့အကြောင်းတွေးမိရင် ဒီလောက်ထိ ဆွဲဆန့်ထားကြဖို့ မကောင်းဘူးလို့ အမြဲတွေးမိတယ်။ ကိုယ်တိုင်ဖြစ်ခဲ့ရင်လည်း တစ်ခါပဲ သေလိုက်မယ်ဆိုတဲ့ အတွေးမျိုးပဲရှိခဲ့တယ်။ ဒီရုပ်ရှင်ကတော့ ဘဝရဲ့နောက်ဆုံးအချိန်မှာ ဝေဒနာတွေ အတိနဲ့ပဲ ရှင်သန်နေရတဲ့လူတွေနဲ့ သူတို့ကို ကုသေပေးနေတဲ့ ဆရာဝန်တွေကြားထဲက အကြောင်းအရာပါပဲ။ ဝေဒနာ ခံစားရုံသက်သက်အတွက် အသက်ဆက်နေရတဲ့ ဒီလူတွေကတော့ ဘယ်လိုမှ ဆက်မရှင်ချင်ကြပါဘူး။ ဒါပေမဲ့လည်း ဒီလိုရှင်သန်ရတာက တန်လားမတန်လား သေသင်လား မသေသင့်သလား။ ဘာအကြောင်းအတွက် အသက်ဆက်ရှင်သင့်လဲဆိုတာကို ဒီရုပ်ရှင်မှာ သူ့အမြင်နဲ့သူပြသွားတယ်။ ဒီကားရဲ့ပွိုင့်ကတော့ ကောင်းပေမဲ့ ကျွန်တော့်စိတ်ကတော့ မပြောင်းသွားခဲ့ပေမဲ့ ဒီကားဟာ ဒီကားထဲက ဇာတ်ကောင်တွေနဲ့ ထပ်တူညီတဲ့ ခံစားချက်ရှိချင်ရှိလောက်မယ့်လူတွေအတွက်ပေါ့။...
B4S: Truoc Gio Yeu (2024) ⭐IMDB: 6.4/10 (37 Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #Vietnam ⏰ 1 နာရီ 38 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “Before Sex” ရုပ်ရှင်ကတော့ ဗီယက်နမ်လူငယ်အချစ် ဟာသဇာတ်လမ်းကောင်းတခုဖြစ်ပြီး ငယ်ရွယ်တဲ့ စုံတွဲသုံးတွဲကြားက အချစ်၊ လိင်တပ်မက်မှုနဲ့ ဆက်ဆံရေး တည်ဆောက်မှုတွေရဲ့ ရှုပ်ထွေးနက်နဲမှုအကြောင်းကို စူးစမ်းလေ့လာပြီး ထည့်သွင်းတင်ပြထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အချစ်ကံခေတဲ့ လူငယ်လေးတွေရဲ့ ဘဝလမ်းကြောင်းတွေဟာ မျှော်လင့်မထားတဲ့နည်းလမ်းတွေနဲ့ ဆုံစည်းဖို့ဖြစ်လာတဲ့အခါ လူငယ်တွေကြားက ဆက်ဆံရေးမှာ ယုံကြည်မှုတည်ဆောက်မှုတွေ ဘဝရဲ့အားနည်းချက်တွေ၊ ရူးသွပ်မှုတွေနဲ့ မိမိကိုယ်ကိုရှာဖွေ တွေ့ရှိမှုတွေအကြောင်း၊ အချစ်နဲ့ လိင်စိတ်ဆန္ဒတွေစတဲ့ လေးနက်မှုတွေ အကြောင်းကို ဟာသနှောပြီး ပေါ့ပေါ့ပါးပါးတင်ဆက်ထားတာကြောင့် မိုးအေးအေးနဲ့ကွေးပြီး အရသာခံကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ။...
Laandhar (2024) ⭐IMDB: 5.0/10 (28 Votes) 🎬 #Bollywood #Crime 🗓 2024 🎞 movie 🌎 #India ⏰ 1 နာရီ 55 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Laandhar 2024 ( လူထူးဆန်း)Imdb -7.8 လူနေထူထပ်လှတဲ့ Coimbatore မြို့တော်ကြီးမှာထူးဆန်းတဲ့အမှုကိစ္စတစ်ခုထွက်ပေါ်လာပါတယ်ဂေါ်ပြားကိုကိုင် မိုးကာကြီးဝတ်ထားတဲ့လူတစ်ယောက်က သူ့လမ်းမှာရှိသမျှလူတိုင်းကိုမညှာမတာရိုက်ပစ်တာပါ သူ့ကြောင့်ဆေးရုံတင်ရပြီး အသက်လုနေရတဲ့နစ်နာသူတွေလည်းဒုနဲ့ဒေးဖြစ်လာခဲ့တယ်ဒါကြောင့်ရဲတွေဝင်ပါလာရပြီး ဒီလူကိုအင်တိုက်အားတိုက်ရှာရပါတော့တယ် ဒါပေမဲ့သာမန်လူမဟုတ်တဲ့ဒီလူထူးဆန်းကြောင့် ရဲတွေပါဆေးရုံတင်ရတဲ့အထိဖြစ်လာတော့ ဒီအမှုထဲ ACP အာရာဗင်ဝင်ပါလာရပါတော့တယ် ACP အာရာဗင်အကြောင်းပြောရရင် ဒီလူကလာဘ်မစား တရားမျှတမှုဘက်တော်သားပေါ့ဗျာ သူ့အထက်ကလူတွေတောင်သူ့ကိုပြန်ကြောက်ရတဲ့အထိ လုပ်ရည်ကိုင်ရည်လည်းရှိတယ် သူ့အမျိုးသမီးကတော့ လူတအားကြောက်ပါတယ်ပြောရရင်တစ်ယောက်တည်းနေရမှာလည်းကြောက်တတ်ပြီး အကြောက်လွန်ရင် မေ့လဲတတ်တဲ့ရောဂါရှိသူတစ်ဦးပါကံဆိုးချင်တော့ ဒီလူထူးဆန်းကိစ္စကိုလိုက်မိရာကနေ မိန်းမဖြစ်သူပျောက်သွားလေတော့ သူဘယ်လိုတွေကြိုးစားအားထုတ်ပြီးပြန်ရှာဖို့ကြိုးစားမယ်ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Thura ~ ToMo တို့ပဲဖြစ်ပါတယ်...
Sound of the Sea (2001) ⭐TMDB: 58% User Score 🎬 #Adult #Drama #Romance 🗓 2001 🎞 movie 🌎 #Spain ⏰ 1 နာရီ 36 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Sound of the Sea(2001) Son De MarIMDb Rating (6.0)Rotten Tomatoes (68%) Sound of the Sea (2001) ရုပ်ရှင်ဟာ စပိန်စကားပြော Romance/Drama ရုပ်ရှင်ကားဖြစ်ပါတယ်။18+ အခန်းတချို့ပါတာမလို့ မိသားစုနဲ့အတူကြည့်လို့တော့မရပါဘူး။ဇာတ်သိမ်းမှာ ရင်ထဲတစ်မျိုးဖြစ်သွားစေမယ့် ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့….အူလိဆက်စ်ဟာ မြို့ကိုအသစ်ပြောင်းလာတဲ့ ကျောင်းဆရာအသစ်ဖြစ်ပါတယ်။မာတီနာကတော့ မြို့ခံဆိုင်တစ်ခုက ပိုင်ရှင်ရဲ့သမီးဖြစ်ပါတယ်။လိုတိုရှင်းပြောရရင် မာတီနာမှာ ကိုယ်ဝန်ရှိလာတော့ နှစ်ယောက်သားလက်ထပ်လိုက်ကြပါတယ်….သာမန်အပေါ်ယံကြည့်ရင်တော့ သူတို့ချစ်သူနှစ်ဦးဘဝလေးဟာပျော်ရွှင်ကြည်နူးအတိနဲ့ပေါ့….ဒါပေမယ့် တကယ်ပဲပျော်ဖို့ကောင်းခဲ့သလားဆိုတာ…..။စပိန်ရုပ်ရှင်အထိအတွေ့နဲ့ ဆွဲဆောင်မှုရှိတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)...
Babumoshai Bandookbaaz (2017) ⭐IMDB: 6.9/10 (2 k Votes) 🎬 #Action #Bollywood #Crime #Thriller #Comedy #Drama 🗓 2017 🎞 movie 🌎 #India ⏰ 1 နာရီ 58 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Babumoshai Bandookbaaz (2017) ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားက ချန်နယ်မြန်မာမှာ တောင်းဆိုမှုအများဆုံးဇာတ်ကား တစ်ကားဆိုရင် မမှားပါဘူး။အချစ်အတွက်နဲ့ တောင်ဖြိုပြခဲ့တဲ့ မြန်မာပရိသတ်တွေရဲ့ အကြိုက်မင်းသားကြီး Nawazuddin Siddiqui ရဲ့ 2017 က ထွက်တဲ့ ဂန်းစတား ဘဝ သရုပ်ဖော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။ သဘာဝကျတဲ့ ဇာတ်ရုပ်တွေကိုအပိုအလိုမရှိ သရုပ်ဆောင်တတ်တဲ့မင်းသားကြီးနဝဇ်ရဲ့ ကားဆိုတော့မကောင်းမှာ မပူရသလို၊လူ့သဘာဝနဲ့ လူ့စိတ်ကို အကောင်းဆုံး ပြသပေးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။အပစ်အခတ် အသတ်အပုတ်တွေ ကြမ်းသလို၊ အချစ်ခန်းတွေကလည်း ကြမ်းပါတယ်။ဒါ့အပြင် ဒီကားက မင်းသမီး Bidita Bag လက်စွမ်းပြလိုက်တဲ့ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကို လက်ဖျားခါရပါတယ်။ ဇာတ်ကားအကြောင်းအရာကို မညွှန်းတော့ပါဘူး။တစ်ခါတစ်လေဇာတ်လမ်းအကြောင်းအရာကို ဖတ်ကြည့်တာထက်ကိုယ်တိုင်ကြည့်လိုက်တာက ပိုကောင်းလို့ပါ။ပြောလိုတာကတော့မြင်နေကျ ဂန်းစတားတွေလိုစကားတွေအများကြီး မပြောပါဘူး။မျက်နှာတွေ ရှုံ့မပြပါဘူး။မျက်နှာ အမူအရာတွေ ၊မျက်လုံးအကြည့်တွေ၊သီချင်းတွေနဲ့တင် မြိုင်ဆိုင်ပြည့်စုံနေတဲ့ကြေးစားလူသတ်သမား၂ယောက်ရဲ့ ကစားပွဲပါ။ဒီကစားပွဲကို ပြည့်စုံစေဖို့ နိုင်ငံရေးလောကထဲဝင်မယ့် လူမိုက်ကြီးတွေကလည်း အားဖြည့်ထားပါတယ်။ “ရသမပါတဲ့ အနုပညာက ဆားမပါတဲ့ဟင်းနဲ့တူတယ်၊ဘဝအမောတွေ ပြေပျောက်စေသည်မှာ ရသပင်ဖြစ်သည်” တဲ့။ဆရာဇော်ဂျီရဲ့ အဆိုအမိန့်ကလည်း ရှိခဲ့တယ်။ဒီတော့ ဘဝအမောတွေကို ပြေပျောက်စေဖို့ သဘာဝစစ်စစ်ကို အရသာလေးကိုခံစားကြည့်ကြရအောင်ပါ။(အရွယ်မရောက်သေးသူတွေ၊မိသားစုနဲ့အတူကြည့်မယ့်သူတွေ အတွက်တော့ တချို့ဇာတ်ဝင်ခန်းတွေနဲ့ ပြောစကားတွေဟာ ကြမ်းတမ်းတာသတိပြုရပါမယ်။) ရုပ်ရှင်အညွန်းနဲ့ ဘာသာပြန်ကို Myin Thu နဲ့ Nyi Nyi Koe တို့မှတင်ဆက်ထားပါတယ်။...
The Last Breath (2024) ⭐IMDB: 4.9/10 (143 Votes) 🎬 #Horror #Thriller 🗓 2024 🎞 movie 🌎 #Sweden #UnitedKingdom ⏰ 1 နာရီ 37 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရေအောက်ထဲနှစ်မြုပ်နေတဲ့စစ်သင်္ဘောကြီးကိုရှာတွေ့တဲ့အချိန်မှာ နိုအာနဲ့သူငယ်ချင်းတသိုက် စစ်သင်္ဘောကြီးထဲကိုစူးစမ်းလေ့လာဖို့ရေငုပ်သွားကြပါတယ်။ စစ်သင်္ဘောထဲမှာ သူတို့ပဲရှိတာမဟုတ်မှန်းသိသွားကြတဲ့အခါ အပျော်ရေငုပ်ခရီးစဉ်ဟာ အထိတ်လန့်ခြောက်ခြားစရာအဖြစ်ပြောင်းလဲသွားပါတော့တယ်။ သူတို့သူငယ်ချင်းတဖွဲ့လွတ်မြောက်နိုင်ပါ့မလား? ဘယ်လိုရင်ဆိုင်ကြမလဲ?ဆိုတာကိုစိတ်လှုပ်ရှားစွာဖြင့်ကြည့်ရှူနိုင်ပါတယ်။...
Hush (2016) ⭐IMDB: 6.6/10 (156 k Votes) 🎬 #Horror #Thriller 🗓 2016 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 22 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hush (2016)IMDb rating – 6.6/10, Rotten tomatoes 93%(Award – wins ၂ ဆု nominations ၇ ဆု) အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2016 ခုနှစ်ထွက် horror/thriller ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်လမ်းကတော့…. မက်ဒီဟာ စာရေးဆရာမတစ်ယောက်ဖြစ်ပြီး တစ်နေ့တော့ တောစပ်တစ်ခုကိုစာရေးဖို့ရောက်လာခဲ့ပါတယ်တောစပ်ဆိုတော့ အိမ်လေးတွေတော့ရှိပေမယ့် အလှမ်းတော့ဝေးတာပေါ့ မက်ဒီကငယ်ငယ်က ရောဂါတစ်ခုကြောင့် နားမကြားနိုင်တော့ဘဲ စကားပြောဖို့လည်းခက်ခဲသွားပါတယ်။ သူစာရေးလို့ရတဲ့ စာမူခတွေကိုလည်း ဆွံ့အ,နားမကြားစောင့်ရှောက်ရေးတွေမှာ ကူညီပေးနေသူလေးပါ… ဒီလိုတောစပ်ထဲကအိမ်လေးထဲမှာ သူမတစ်ယောက်ထဲဆိုပေမယ့် သူမတစ်ယောက်ထဲ မဟုတ်ခဲ့ပါဘူး… ရက်စက်တတ်တဲ့ လူသတ်သမားတစ်ယောက်က သူမကိုစောင့်ကြည့်နေပါတယ်… သူမလို ဆွံ့အ,နားမကြားသူတစ်ယောက်အတွက်က ရန်သူနဲ့ရင်ဆိုင်ရရင် ရန်သူ့လှုပ်ရှားမှုကိုလဲ မကြားနိုင် အကူအညီအော်တောင်းဖို့လဲအသံမထွက်နိုင်….အားနွဲ့တဲ့မိန်းမသားဆိုတော့ ပြေးဖို့ကလဲမလွယ်လှ။ တောထဲမှာလူကလဲသိပ်မရှိတော့ ရက်စက်တဲ့လူသတ်သမားရဲ့သနားစရာပစ်မှတ်ဖြစ်သွားတာပေါ့… ဒီတော့ ရက်စက်တဲ့လူသတ်သမားနဲ့ဖြတ်ထိုးဉာဏ်ကောင်းတဲ့စာရေးဆရာမလေးတို့ရဲ့ တွေ့ဆုံမှုမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ….။ ဆုတွေလည်းအများကြီးစကာတင်ဝင်ခဲ့ပြီး တကယ်လဲကြည့်လို့ကောင်းတဲ့ Horror,Thriller ကားလေးပါ… သည်းထိတ်ရင်ဖို လိုက်ပါစီးမျောခံစားကြည့်ကြပါဦး။...
My Life Without Me (2003) ⭐TMDB: 60% User Score 🎬 #Drama #Romance 🗓 2003 🎞 movie 🌎 #Canada #Spain ⏰ 1 နာရီ 46 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘဝမှာ နေရတော့မဲ့ အချိန်သိပ်မကျန်တော့ဘူးဆိုရင် ဘာလုပ်ကြမလဲ။ ဒီမေးခွန်းက ဖြေရခက်ပါတယ်။ လုပ်ချင်တာတွေများပြီး အချိန်မကျန်တော့ရင်… အန်းဆိုတဲ့ အမျိုးသမီးဟာ သမီးနှစ်ယောက်အမေပါ။ အလုပ်ကိုအရမ်းကြိုးစားပြီး တစ်နေ့ နေမကောင်းဖြစ်လို့ ဆေးရုံသွားပြရာမှာ ကင်ဆာဖြစ်နေကြောင်း သိလိုက်ရပါတယ်။ ကျန်ရှိတဲ့ အချိန်နှစ်လမှာ ထားခဲ့ရမယ့် သူတွေအတွက် အစီအစဥ်တွေ တိတ်တဆိတ် ပြင်ဆင်ပါတော့တယ်။ မိသားစုကို မပြောပြဖို့ ဆရာဝန်ကိုလဲ မှာထားပါသေးတယ်။ ကျန်ရစ်ခဲ့မယ့်သူတွေ အတွက် သတင်းစကားတွေ အသံသွင်းရင်း လက်ကျန်အချိန်ကို အစီအစဥ်တကျ ဖြစ်အောင်ပြင်ဆင်သွားခဲ့ပါတယ်...
Summer of 85 (2020) ⭐IMDB: 6.9/10 (14 k Votes) 🎬 #Drama #Romance 🗓 2020 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 42 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးကိုအခေခံထားတာကတော့ ၁၉၈၅ခုနစ်ရဲ့ နွေရာသီတစ်ခုမှာပါ စာမေးပွဲဖြေပြီး ကြားကာလအချိန်ဆိုတော့ လူငယ်သဘာဝအချိန်ပိုင်းအလုပ်လေးလုပ်ပြီး ပျော်လိုက်ပါးလိုက်နေချိန်ပေါ့ အဲဒီလိုလူငယ်ထဲမှာ အဲလက်စီလို့ခေါ်တဲ့ခပ်နွဲ့နွဲ့ကောင်လေးလည်းပါပါတယ် သူတို့မိသားစုကကမ်းခြေနားကိုပြောင်းလာပြီးနေတာသိပ်မကြာသေးပါဘူး ဒါပေမဲ့ အဲလက်စီကတော့သူ့သူငယ်ချင်းတွေနဲ့ တစ်ခါတစ်လေ လှေအပျော်လွင့်ဖို့သွားတတ်ပါတယ် တစ်နေ့မှာတော့ သူ့သူငယ်ချင်းမအားလို့ လှေကိုတစ်ယောက်ထဲရွက်လွင့်ရင်းနဲ့ လှေမှောက်ပါတော့တယ် ဒါပေမဲ့ကံကောင်းချင်တော့ ဒေးဗစ်ဆိုတဲ့သူနဲ့သက်တူရွယ်တူကောင်ချောလေးက အဲဒီနားမှာရှိနေပြီးသူ့ကိုကယ်နိုင်လိုက်ပါတယ် ပြီးတော့သူ့အိမ်ကိုခေါ်သွားပြီး သူ့အမေနဲ့မိတ်ဆက်ပေးကာ သူငယ်ချင်းတွေဖြစ်သွားကြပါတယ် ဒီလိုဂရုစိုက်ခံလိုက်ရတော့ အဲလက်စီကဒေးဗစ်ကိုစကြွေလာပါတော့တယ် ဒီလိုနဲ့သူတို့နှစ်ယောက်အချိန်တွေတူတူကုန်ဆုံးကြရင်းလိင်တူအတွဲလေးလိုဖြစ်လာကြပါတယ် ဒီလိုနဲတစ်နေ့မှာတော့အရာအားလုံးကတစ်ခဏတွင်းပြောင်းလဲသွားပြီး သူတို့ကြားထဲက ကိတ် ဆိုတဲ့ကောင်မလေးတစ်ယောက်ကရောက်လာခဲ့ပါတယ် ဒီလိုနဲ့ပဲ ဘာတွေဆက်ဖြစ်သွားမလဲ ဒေးဗစ်နဲ့အဲလက်စီတို့ကရောလက်တွဲမြဲပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်...
Shame (2011) ⭐IMDB: 7.2/10 (207 k Votes) 🎬 #Drama 🗓 2011 🎞 movie 🌎 #UnitedKingdom #Canada #UnitedStates ⏰ 1 နာရီ 42 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဘရန်ဒန်ဆိုတဲ့ အောင်မြင်ပြီးရုပ်ရည်ရှိတဲ့ နယူးယောက်ကလူတစ်ယောက်က လိင်မှုကိစ္စတွေကိုအသည်းအသန်စွဲလန်းနေတဲ့တစ်ယောက်ပါ။ အိမ်မှာအပျော်မယ်တွေခေါ် လိင်မှုကိစ္စမှန်သမျှကိုစွဲစွဲလန်းလန်းနဲ့ လုပ်နေပြီးတော့ တစ်နေ့မှာ သူ့ညီမဖြစ်သူ စစ်စီက အိမ်ကို ရုတ်တရက် ရောက်လာရာကနေ သူအရင်လို လိင်မှူကိစ္စတွေလုပ်မရတော့ဘဲ အူကြောင်ကြောင်ဖြစ်လာပါတော့တယ်။ ဒီဇာတ်လမ်းမှာ X- men ထဲက magneto နဲ့ The killer ထဲက သရုပ်ဆောင် Michael Fassbender က လိင်စိတ်အလွန်အကျွံစွဲလမ်းနေတဲ့ နေရာကနေသေချာသရုပ်ဆောင်ပြထားပါတယ်။ ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့ အဖော်အချွတ်အခန်းတွေအများကြီးပါတာကြောင့် အနည်းဆုံး လူ ၁၈ ယောက်လောက်စုပြီးမှကြည့်စေချင်ပါတယ်။...
Hummus Full Trailer (2022) ⭐IMDB: 7.0/10 (95 Votes) 🎬 #Comedy #Crime 🗓 2022 🎞 movie 🌎 #Israel ⏰ 1 နာရီ 30 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အားလုံးပဲ မင်္ဂလာပါ ဒီတစ်ခါမှာတော့ အရင်ကကားတွေနဲ့မတူတဲ့ရသပေးနိုင်တဲ့ကားသစ်လေးတစ်ကားတင်ဆက်သွားမှာပါ ဒီကားလေးကို ဒါရိုက်တာ Adam Kobrovskyနဲ့ Nimrod Reshef ဒါရိုက်တာနှစ်ယောက်က ရိုက်ကူးထားတာပဲ ဖြစ်ပြီး IMDb 7ရရှိထားတဲ့ ကားကောင်းလေးတစ်ကားပါ ဒီကားက ဇာတ်လမ်းအကျဉ်းလေးကတော့ အစ္စရေးကိုခိုးဝင်တဲ့ နောက်တွဲယာဉ်သုံးတွဲမှားသွားတဲ့ အခါမှာ ဖြစ်ပေါ်လာတဲ့ ကိစ္စတွေကို ဟာသနှောတင်ပြထားတာပဲဖြစ်ပါတယ်မင်္ဂလာဆောင်တော့မဲ့ မာဖီးယားဂျူးလူမျိုးရယ် ဂေးစုံတွဲရယ် ဒုစရိုက်လောကဆရာမကြီးရှင်းရစ်ရယ် သုံးဖွဲ့သား အလွှဲတွေနဲ့ ဘယ်လိုခရီးဆက်ကြမလဲ ဒီယာဉ်သုံးတွဲမှာ ဘာပစ္စည်းတွေပါလာမှာလဲ ဘယ်လိုလူတွေနဲ့ တွေ့ကြံုရမလဲဆိုတာကို ဇာတ်အလှည့်အပြောင်းများစွာနဲ့ စိတ်ဝင်တစား ကြည့်ရှုနိုင်မဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ဟာသအက်ရှင်ကားကြိုက်တဲ့ ပရိသတ်ကြီးအတွက် ညွှန်းပေးလိုက်ပါတယ်နော် ဇာတ်လမ်းအကျဉ်းရေးသားသူ...
Anjaamai (2024) ⭐IMDB: 7.2/10 (37 Votes) 🎬 #Bollywood #Drama #Family 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 58 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Anjaamai (2024) “အကြောက်တရားမဲ့”IMDb – 7.6/10 ၂၀၁၇ခုနှစ်က ဖြစ်ရပ်မှန်တွေကို အခြေခံထားတဲ့ တမီးလ်ရုပ်ရှင်။ခေတ်စနစ်ဆိုးတစ်ခုရဲ့သားကောင်ဖြစ်ရတဲ့ အောက်ခြေလူတန်းစားတွေရဲ့ ပညာရေးအတွက်ရုန်းကန်ရပုံတွေနဲ့စနစ်ထဲက မကောင်းတဲ့အရာရှိတွေရဲ့အကျင့်ပျက်ခြစားပုံတွေကို ရိုက်ပြထားတဲ့ရုပ်ရှင်။ မိုးတွေသည်းကြီးမည်းကြီးရွာနေတဲ့တစ်နေ့ ကောင်လေးတစ်ယောက် ရဲစခန်းထဲကိုဝင်လာခဲ့တယ်။ဘာလို့လဲဆိုတော့ တိုင်ချက်ဖွင့်ချင်လို့တဲ့။ ဘယ်သူ့ကိုလဲဆိုတော့ အစိုးရကိုတဲ့။ အဲဒီကောင်လေးက ပုံမှန်တမီးလ်အစိုးရကျောင်းငယ်လေးမှာတက်ရင်းနဲ့ ခရိုင်အဆင့်မှာထိပ်ဆုံးအဆင့်ကိုရောက်ခဲ့တဲ့သူ။သူ ပညာရေးမှာကြိုးစားဖို့ အဖေဖြစ်သူ ဆာကာက ပန်းစိုက်ရင်းခက်ခဲပင်ပန်းစွာနဲ့ပုခုံးထမ်းတင်ပေးခဲ့။ အဖေဖြစ်သူ ဆာကာက ရပ်ရွာအကျိုးကို ကိုယ်ကျိုးစွန့်တဲ့ထိလုပ်ကိုင်ဆောင်ရွက်တတ်တဲ့သူ။သားဖြစ်သူ ထိပ်ဆုံးအဆင့်နဲ့ စာမေးပွဲအောင်ချိန် ဆရာဝန်ဖြစ်ဖို့ကြိုးစားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကြောင့်တစ်မိသားစုလုံးပျော်ရွှင်နေကြတာပါ။ဒီလိုကောင်လေးက ရဲစခန်းထဲကိုဝင်လာပြီး ဘာကြောင့် အစိုးရကိုတိုင်ချက်ဖွင့်ချင်ရတာလဲဆိုတာကိုခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)...
Both Sides of the Blade (2022) ⭐IMDB: 6.1/10 (4 k Votes) 🎬 #Drama #Romance #Thriller 🗓 2022 🎞 movie 🌎 #France ⏰ 1 နာရီ 57 မိနစ် 11 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကတော့ လူလတ်ပိုင်းအရွယ်တွေအတွက် ပညာပေးဇာတ်လမ်းတစ်ခုပါ ကိုယ်ချစ်တဲ့သူနဲ့ အတူမနေရဘဲ အတူနေတဲ့သူကိုလည်း မချစ်ပေမယ့် လက်မလွှတ်နိုင်တဲ့အခါ အားလုံးဟာ ရင်နာ စရာတွေပဲပေါ့ သူငယ်ချင်း ၂ယောက်ကိုမှ မပြတ်မသား ပတ်သက်မိတဲ့ ဆာရာ……. လုပ်ငန်းရှင် တစ်ဖြစ်လဲ အချစ်ဟောင်း ဖရန်ဆွာ……. ထောင်ထွက် သားတစ်ယောက်အဖေ တစ်ခုလပ် ဂျင်း……… ဒီသုံးပွင့်ဆိုင်ဇာတ်လမ်းမှာ ဘယ်လို ပြသနာတွေ ကြုံရမလဲ ဘယ်လို ရင်ဆိုင်ဖြတ်ကျော်ကြမလဲ ဆိုတာ အားပေးလိုက်ကြပါအုံး...
Touchless (2013) ⭐IMDB: 4.1/10 (283 Votes) 🎬 #Adult #Drama #Thriller 🗓 2013 🎞 movie 🌎 #Czechia #CzechRepublic ⏰ 1 နာရီ 14 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Touchless (2013) Bez Doteku Dark Side Production အနေနဲ့ နိုင်ငံစုံက Dark Side ကားတွေကို တင်ဆက်နိုင်ဖို့ ကြိုးစားနေတာမလို့ခုတစ်ခါလဲ Czech စကားပြောရုပ်ရှင်တစ်ခုဖြစ်တဲ့ Touchless (2013) ကိုတင်ဆက်လိုက်ပါတယ်။Netflix ကနေ ထွက်ရှိခဲ့တာဖြစ်ပြီး ချက်ရုပ်ရှင်တွေ ဘယ်လိုအထာရှိလဲ ခံစားကြည့်ကြည့်တာပေါ့။ ဇာတ်လမ်းကတော့…ယိုလာနာဆိုတဲ့ကောင်မလေးဟာ သူမရဲ့ပထွေးဖြစ်သူနဲ့အတူတူ တစ်အိမ်ထဲနေကြပါတယ်…သူမဟာ အိမ်နဲ့အဆင်ပြေနေပေမယ့် ဆယ်ကျော်သက်တို့ထုံးစံအတိုင်း တစ်ရက်မှာတော့ ပထွေးဖြစ်သူနဲ့ ရန်ဖြစ်ပြီး အိမ်ပေါ်ကဆင်းသွားပါတော့တယ်။စိတ်ရူးပေါက်ရာလျှောက်လုပ်ရင်းနဲ့ ဘယ်ကိုရောက်သွားလည်းဆိုတော့ ပြည့်တန်ဆာအိမ်ကိုရောက်သွားပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ……။ (Dark Side Production မှ တင်ဆက်သည်။)...
The Akaali (2024) ⭐IMDB: 8.8/10 (45 Votes) 🎬 #Bollywood #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 24 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Akaali (2024) မသေမျိုး မေလ ၃၁ ရက်နေ့မှာ စတင်ရုံတင်ပြသခဲ့တဲ့ အိန္ဒိယ Thriller ရုံတင်ကားကြီး Akaali နဲ့ မိတ်ဆက်ပေးပါရစေအိန္ဒိယကားတွေထဲမှာမှ ထူးထူးခြားခြား အောက်လမ်းပညာပါတဲ့မှုခင်းတစ်ခုအကြောင်းရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာတော့…လွန်ခဲ့တဲ့ ၇ နှစ်က ဖြစ်ပျက်ခဲ့တဲ့မှုခင်းတစ်ခု… အစကတော့ မူးယစ်ဆေးဝါးမှုအနေနဲ့ပဲ စတင်စုံစမ်းခဲ့တာစုံစမ်းရင်းနဲ့ နက်နဲလာတဲ့အခါ ကောင်မလေး တစ်ယောက်ပြန်ပေးဆွဲခံရတာတွေမြို့တစ်မြို့ထဲမှာတင် လူ ၁ သောင်းကျော် ပျောက်ဆုံးသွားတာတွေ သင်္ချိုင်းဖောက်အလောင်းတွေ တူးထုတ်ခံရတာတွေနဲ့ ဆက်စပ်နေတာ တွေ့ရတယ် ဒါပေမဲ့ အဲဒီအမှုက အကြောင်းအမျိုးမျိုးကြောင့် ပိတ်သိမ်းခဲ့ပြီး၇ နှစ်အကြာမှာမှ ပြန်စစ်ဆေးဖို့ ဖြစ်လာခဲ့တယ်အဲဒီအမှုကို ခေါ်တာက “ဂျာနစ်လူသတ်မှု” ဂျာနစ်ဆိုတာက လူလား အဖွဲ့အစည်းလားတော့ ဘယ်သူမှမသိခဲ့ကြဘူးနည်းပညာ တိုးတက်ပြီးသားနိုင်ငံမှာ အောက်လမ်းတွေ အယူသည်းတာတွေယဇ်ပူဇော်တာတွေက ရှိနေသေးတယ်ဆိုရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်ခဲ့တာလဲ မှုခင်းတွေရဲ့ နောက်ကွယ်မှာရော ဘယ်လိုရည်ရွယ်ချက်တွေ ရှိနေတာလဲအဖြေထုတ်ရခက်တဲ့ ပွေလီရှုပ်ထွေးမှုတွေနဲ့ အောက်လမ်းနည်းပညာတွေ၊နောက် စုံစမ်းစစ်ဆေးမှုတွေကြားထဲက ကွက်လပ်တွေမဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့ သဲထိတ်ရင်ဖို ဖြစ်ရပ်တွေကို cinematicရိုက်ကူးချက်အလန်းစားတွေနဲ့ ကြည့်ချင်တော့ ဒီကားလေးကိုဆက်ဆက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်...
Company Ain't No School (2018) ⭐TMDB: 80% User Score 🎬 #Drama 🗓 2018 🎞 Series 🌎 #Japan ⏰ 42 မိနစ် 22 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Company Ain’t No School (2018) ထယ်ပေ ဖူဂျီမူရာကတော့ ကျောင်းသာဘဝကတည်းက စီးပွားရေးစလုပ်နေခဲ့သူပါ။သူ့ကိုစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်လာအောင် တွန်းအားပေးခဲ့တာကတော့နာမည်ကြီး ကုမ္ပဏီ ဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့ ဆာဝါဘဲရဲ့ စာအုပ်ကြောင့်ပါပဲ။ ဒါကြောင့်လည်း သူကျောင်းပြီးတဲ့အချိန်မှာ ဥက္ကဋ္ဌ ဆာဝါဘဲရဲ့ ကုမ္ပဏီမှာတက်ကြွစွာအလုပ်ဝင်ခဲ့ပေမဲ့လည်း နေ့စဉ်ပုံမှန်အလုပ်တစ်မျိုးချည်းလုပ်နေရပါတယ်။တစ်နေ့မှာတော့ လုပ်ငန်းသစ်အတွက် ကုမ္ပဏီတွင်းပြိုင်ပွဲလုပ်တဲ့အခါ ထယ်ပေနဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်သူဟီဒါကာတို့နှစ်ယောက် “အင်ဖလူရန်ဆာစီးပွားရေးလုပ်ငန်း” နဲ့ ဝင်ပြိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ ထယ်ပေတို့ရဲ့ အင်ဖလူရန်ဆာလုပ်ငန်းက သူတို့ရဲ့ စီနီယာဖြစ်သူ ယာမာနို တင်ပြတဲ့လုပ်ငန်းနဲ့ ဆင်တူနေတဲ့အခါမှာတော့...
Encounter Love (2024) ⭐TMDB: 60% User Score 🎬 #Drama #Family #Romance 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 17 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ကျေးလက်အလှရှုခင်းတွေကို ခံစားလို့ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် မာစတာကျောင်းသူတစ်ယောက်ကျိုးယွဲ့ဟာ သူ့ကောင်လေးနဲ့ အတူနေပြီးကိုယ်ဝန်ရှိသွားခဲ့ချိန်မှာတော့ ကောင်လေးက လက်မခံခဲ့ပါဘူး အဲ့လိုနဲ့ပဲ မိဘတွေရှိတဲ့ ရွာကိုပြန်သွားတဲ့လမ်းမှာ လီဝေဆိုတဲ့ကောင်လေးနဲ့ဆုံတွေ့ခဲ့ပါတယ် ကျိုးယွဲ့တစ်ယောက် ရွာထိပ်လမ်းမှာ အိမ်ရောက်ရင် အဖေရိုက်မှာကိုကြောက်ပြီး ငိုနေခဲ့တာကိုလီဝေကမကြည့်ရက်ဘဲနဲ့ လက်ထပ်မှတ်ပုံတင်ထားဟန်ဆောင်ပြီးလိုက်သွားပေးခဲ့ပါတယ် သူ့အဖေကတော့ ထင်ထားတဲ့အတိုင်းသဘောမတူပေမယ့်လည်း နောက်ဆုံးမှာသဘောတူပြီးတော့ ရွာမှာ မင်္ဂလာပွဲကျင်းပပေးဖို့ လုပ်ပါတော့တယ် လီဝေက တစ်ရက်ပဲကူညီပေးဖို့ဆုံးဖြတ်ထားခဲ့ပေမယ့် ဒီလိုမျိုးလူကြီးတွေကပါ မင်္ဂလာပွဲစီစဉ်တာတွေနဲ့ကြုံရချိန်မှာတော့ဘာတွေဆက်ဖြစ်မှာလဲ တကယ်လက်ထပ်ဖြစ်သွားမှာလားဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှုလို့ရပါတယ်နော်...
