ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Reacher (2022- )
⭐IMDB: 8.1/10 (155 k Votes)
🎬 #Action #Adventure #Crime #Drama #Thriller
🗓 2022- 🎞 tv series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 52 မိနစ် 35 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Reacher (2022) Season 1 Complete
………………………မာဂရေ့ဗ်ဆိုတဲ့ မြို့လေးက နှစ် ၃၀ ကြာတဲ့အထိ လူသတ်မှုတို့ အမှုအခင်းတို့ ကင်းရှင်းတဲ့သာယာတဲ့မြို့လေးပေါ့ဗျာ။ ဒါပေမယ့် ဂျက်ရစ်ချာဆိုတဲ့ ဘဲကြီး အဲဒီမြို့ကို စရောက်လာတာနဲ့လူသတ်မှုတွေက တစ်ခုပြီးတစ်ခုဖြစ်ပါလေရော။ ကွင်းဆက်လူသတ်မှုလို့ထင်ရလောက်အောင်ရက်ရက်စက်စက်သတ်ဖြတ်ထားတာတွေပေါ့ဗျာ။ဒီတော့ ရဲတွေက ရစ်ချာကို သံသယတရားခံအနေနဲ့ ဖမ်းလိုက်ကြတာပေါ့။ဒါပေမယ့် ရစ်ချာဆိုတဲ့ဘဲကလည်း ခေသူမဟုတ်။ သူက အနားယူထားတဲ့ စစ်တပ်ဘက်ကရဲအရာရှိလေ။ ဒီနယ်ပယ်ရဲ့အလုပ်လုပ်ပုံတွေ နောက်ကွယ်က လှည့်ကွက်တွေကို သူများထက် ကြိုမြင်နိုင်တာပေါ့။နောက်ဆုံး သူမှားယွင်းစွပ်စွဲခံရတာကို သက်သေပြနိုင်သွားတော့ ရဲတွေဘက်ကနေပြီး ဒီအမှုကိုလိုက်ဖို့အကူအညီပြန်တောင်းပါလေရော။ အသတ်ခံလိုက်ရတဲ့လူတွေထဲမှာ သူ့ရဲ့တစ်ဦးတည်းသောအစ်ကိုဂျိုး လည်းပါနေတော့ လက်စားချေဖို့အတွက် ရစ်ချာက ဒီအလုပ်ကို လက်ခံလိုက်ပါတယ်။အဲဒီနောက်မှာ မာဂရေ့ဗ်ဆိုတာ တကယ်ပဲ အေးချမ်းတဲ့မြို့လေးဟုတ်ရဲ့လား။ မြို့ဝန်ကစပြီးစီးပွားရေးသမားတွေ နိုင်ငံရေးသမားတွေ ရဲတွေအထိ ဘယ်သူတွေက ဒီကိစ္စမှာ ပါဝင်ပတ်သတ်နေတာလဲ။“မူးယစ်ဆေး၊ သေနတ်၊ လူကုန်ကူးတာ…ဘယ်လိုအမှုပဲဖြစ်ဖြစ် ငွေကနေစတာပဲ”သူ့အစ်ကိုဂျိုးကရော အပြစ်ကင်းရဲ့လား။သဲလွန်စတွေကို ခြေရာခံပြီး ရှုပ်ထွေးလှတဲ့ ဇာတ်အိမ်မှာ ခေါင်းကိုမနားတမ်းအလုပ်ပေးရင်းဘဲကြီးရဲ့ဖိုက်တင်ခန်းတွေကို ရင်သပ်ရှုမောကြည့်ရမှာပါ။မနေ့ကမှစထွက်တာပေမယ့် IMDb မှာ rating 8.9 ချက်ချင်း ရသွားတဲ့အထိနိုင်ငံတကာပရိတ်သတ်တွေဆီက တခဲနက်အားပေးမှုရထားတဲ့ရုပ်ရှင်မို့ လက်မလွှတ်တမ်း ခံစားလိုက်ပါခင်ဗျာ။...
The Abode (2023)
⭐IMDB: 3.8/10 (52 Votes)
🎬 #Horror
🗓 2023 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 30 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Abode (2023)==============
ဒီဇာတ်လမ်းကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ရာက အမေရိကန်လူမျိုးနယ်သစ်ချဲ့ထွင်သူ ပင်လယ်ဓားပြခေါင်းဆောင်က မြို့တစ်မြို့ကိုသိမ်းပြီး အဲဒီကမြို့သား အိန္ဒိယန်လူမျိုးတွေအကုန်လုံးကို သတ်ပစ်ရာကနေစတာပါပဲ။ အဲဒီအချိန်တုန်းက ပင်လယ်ဓားပြ ရဒ်ဘတ်ရဲ့အိမ်ဖော်လာရာက အိန္ဒိယန်လူမျိုး တလာကိုကို သူ့သခင် မသိအောင် ကယ်တင်လိုက်ပါတယ်။
နောက်ပိုင်းမှာ လာရာနဲ့ တလာကိုတို့ အချင်းချင်းချစ်သွားကြချိန် ရဒ်ဘတ်ကမိပြီး တလာကိုကို သတ်လိုက်ပါတယ်။ ဒီလိုနဲ့ အခုခေတ်ကိုရောက်လာတော့ လာရာက ရဒ်ဘတ်ရဲ့သမီးအဖြစ် လူပြန်ဝင်စားပြီးသူ့အဖေကိုမုန်းနေတော့တာပါပဲ။ နောက်တော့ အိန္ဒိယန်လူမျိုးတွေအသတ်ခံရတဲ့မြို့ကို လာရာ သူ့သူငယ်ချင်းတွေနဲ့ တလာကိုအကြောင်းစုံစမ်းဖို့သွားပြီး ရဒ်ဘတ်အပါအဝင် လူတွေအများကြီးသေခဲ့တဲ့ သရဲခြောက်လို့နာမည်ကြီးတဲ့အိမ်မှာ တည်းကြပါတယ်။ ဒီလိုနဲ့ သရဲကားထုံးစံအတိုင်း အိမ်ကြီးထဲ ဘယ်လိုတွေအခြောက်ခံရမလဲဆိုတာကိုခြောက်ခြားစွာ ကြည့်ရှုနိုင်မယ့် လူဝင်စားတာနဲ့ပတ်သက်တဲ့ သရဲကားတစ်ကားပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...
Vigilante (2023- )
⭐IMDB: 7.7/10 (447 Votes)
🎬 #Crime #Action #Adventure #Drama #Thriller
🗓 2023- 🎞 tv mini series
🌎 #SouthKorea
⏰ 42 မိနစ် 7 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Vigilante(2023)S1[Complete]Vigilante(2023)**************
[ 4K Quality ထိတင်ဆက်ထားပါပြီ။]
ဒီဇာတ်ကားလေးက နာမည်ကြီး Webtoon ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး Nam Joo Hyuk စစ်မှုမထမ်းခင်နောက်ဆုံး ရိုက်သွားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ အဲဒီအပြင် ပါဝင် သရုပ်ဆောင်ထားတဲ့ မင်းသား ၊မင်းသမီးတွေနဲ့တင် မထွက်ခင်ကတည်းက ဒရာမာ ပရိတ်သတ်တွေ ကြားထဲမှာ နာမည်ကြီးနေခဲ့တဲ့ ဇာတ်ကားလေးပါ။Nam Joo Hyuk ကိုလည်း လုံးဝ မမြင်ဖူးသေးတဲ့ ဇာတ်ကောင်ပုံစံနဲ့ တွေ့ရမှာဖြစ်ပါတယ်.ဂင်ဂျီယုံး ငယ်စဉ်က သူ့အမေ့ကို လူမိုက်တစ်ယောက်က အကြောင်းပြချက်မရှိဘဲ လမ်းပေါ်မှာရက်ရက်စက်စက် သတ်ပစ်ခြင်း ခံလိုက်ရပါတယ်။ အဲဒီလို အပြစ်မဲ့ ပြည်သူတစ်ယောက်လုံးအသတ်ခံလိုက်ရတာတောင် တရားခံက တရားဥပဒေအရ ထောင်ဒဏ် ၃နှစ်ပဲ အချခံခဲ့ရပါတယ်။ဂျီယုံး အရွယ်ရောက်လာတဲ့အခါမှာတော့ သူ့မိဘတွေကို သတ်သွားတဲ့ ရာဇဝတ်ကောင်ကို လက်စားချေဖို့ ရဲ တက္ကသိုလ်ထဲဝင်ခဲ့ပါတော့တယ်။ ရဲတက္ကသိုလ်ထဲ ဝင်ပြီးနောက်မှ သူ့အမေကို သတ်သွားတဲ့ ရာဇဝတ်ကောင်ကအရင်အတိုင်း ပြောင်းလဲခြင်းမရှိဘဲ လူ့အဖွဲ့အစည်းထဲမှာ သာမန်လူတစ်ယောက်လို နေထိုင်နေတာကိုတွေ့လိုက်ရတဲ့အခါ တရားဥပဒေနည်းအရမဟုတ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အဲဒီရာဇဝတ်ကောင်ကို အပြစ်ပေးဖို့ လုပ်ပါတော့တယ်။အဲဒီအချိန်က စပြီး ဂျီယုံးက လုံးဝမတူတဲ့ ဘဝနှစ်ခုနဲ့ နေထိုင်ပါတော့တယ်။နေ့ဘက်တွေမှာဆိုရင် ရဲတက္ကသိုလ်မှာ ဥပဒေကို လိုက်နာပြီး လေးစားတဲ့ စံပြကျောင်းသားလေး ဖြစ်ပြီးညဘက်တွေမှာတော့ ကြီးမားတဲ့ အပြစ်တွေ ကျူးလွန်ခဲ့ပေမဲ့ ဥပဒေကို အလွဲသုံးစားပြုပြီး ပေါ့ပေါ့တန်တန် အပြစ်ဒဏ်တွေပဲအချခံရတဲ့ ရာဇဝတ်ကောင်တွေကို ကိုယ်ပိုင်နည်းလမ်းတွေနဲ့ အပြစ်ပေးတဲ့ Vigilante ဆိုတဲ့ တရားဘက်တော်သားအနေနဲ့ နေထိုင်ပါတယ်။အဲဒီလို တရားဝင်အဖွဲ့အစည်းတွေက ထိထိရောက်ရောက်အရေးမယူတဲ့ ရာဇဝတ်ကောင်တွေကိုတစ်ကိုယ်တော် လှုပ်ရှားပြီး အပြစ်ပေးနေတဲ့ Vigilante ကို ကူညီပေးတဲ့သူတွေလည်း ရှိနေပြီးဖမ်းချင်နေတဲ့ သူတွေလည်း အများကြီးရှိနေပါတယ်။အဲဒီတော့ ဂျီယုံးက ရာဇဝတ်ကောင်တွေကို ဘယ်လို အပြစ်ပေးမလဲ ▪︎▪︎▪︎အဆုံးထိ သူဟာ Vigilante ဆိုတာ မမိသွားဘဲ ရဲတက္ကသိုလ်က စံပြကျောင်းသားလေးအနေနဲ့ပဲနေနိုင်သွားမလားဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်သွားရမယ့် Action , Thriller ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Htoo Htoo Aungမှရေးသားပေးထားပါတယ်...
Faraway Downs (2023-2023)
⭐IMDB: 7.0/10 (691 Votes)
🎬 #Action #Adventure #Drama #History #Romance #War #Western
🗓 2023-2023 🎞 tv mini series
🌎 #Australia #UnitedStates #UnitedStatesofAmerica
⏰ 50 မိနစ် 39 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Faraway Downs (2023) Disney plus ကရိုက်ကူးထားပြီး နာမည်ကျော် မင်းသားကြီး Hugh Jackman နဲ့
Your browser does not support the video tag.မင်းသမီး Nicole Kidman တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီစီးရီးဟာ castsတွေနဲ့တင်ကြည့်သင့်တဲ့စီးရီးဖြစ်ပါတယ်..ဒါ့အပြင် သူတို့ (၂)ယောက်ပေါင်းပြီး ရန်သူတွေပတ်လည်ဝိုင်းနေတဲ့အထင်ကရခြံကြီးကိုကာကွယ်တဲ့ဇာတ်လမ်းဆိုတော့ ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်…Lady Sahara Ashley ဆိုတဲ့ အထက်တန်းလွှာအမျိုးသမီးတစ်ယောက်ရှိပြီး သူ့ယောက်ျားဖြစ်သူ Lord Maitland Ashley ကတော့ဩစတြေးလျနိုင်ငံ မြောက်ဘက်စွန်းက Faraway Downs ဆိုတဲ့ နွားခြံကြီးမှာနေထိုင်ပါတယ်။ တစ်နေ့ မှာ Lady Sahara Ashley က သူ့ယောက်ျားရှိရာFaraway Downs ကိုလိုက်သွားတဲ့အခါ သူ့ယောက်ျားဖြစ်သူက သေဆုံးနေတာကိုတွေ့လိုက်ရပါတော့တယ်။ အဲ့လိုနဲ့ပဲ ဆာရာဟာ Faraway Downs ဆိုတဲ့ခြံကြီးကိုThe Droverဆိုတဲ့ နွားပွဲစားအကူအညီနဲ့ ဦးစီးဖို့အကြောင်းဖန်လာပါတော့တယ်။တစ်ဖက်မှာလည်း Faraway Downs ကို ဝယ်ချင်နေတဲ့ ပြိုင်ဖက်ကုမ္ပဏီကြီးတစ်ခုလည်းရှိနေတဲ့အပြင် နားမလည်ပါးမလည် ခြံဦးစီးရှိနေတဲ့နေရာဆိုတော့ လစ်ရင်လစ်သလိုအပိုင်စီးချင်နေတဲ့ လောဘသမားတွေကလည်း ဒုနဲ့ဒေးပေါ့… နယ်ခံ လူရိုးကြီး Hugh Jackman နဲ့ပေါင်းပြီး သူတို့ဘယ်လိုကာကွယ်ကြမလဲဆိုတာကိုတော့…အပိုင်း ၆ပိုင်းသာပါဝင်တာမို့ အချိန်အများကြီးပေးစရာမလိုဘဲ ကြည့်နိုင်မယ့်စီးရီးတစ်ခုပဲဖြစ်ပါတယ်။ ဒီတော့ Faraway Downs ကိုခံစားကြည့်ရှုလိုက်ပါဦး။...
Fights Break Sphere (2023)
⭐TMDB: 90.0% User Score
🎬 #Action #Drama #Fantasy
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 34 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အားလုံးကို ဒီတစ်ခေါက် မီးစွမ်းအားပါရမီရှင်လေး ရှောင်းအိမ်တော်ရဲ့သားထွေးလေး ရှောင်းယန်အကြောင်း ရိုက်ကူးထားတဲ့ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…
ဒီဇာတ်လမ်းမှာဆို ရှောင်းယန်ဆိုတဲ့ မွေးရာပါ မီးစွမ်းအား ပါရမီရှင်လေးဟာသူ့မိခင်ပေးခဲ့တဲ့ နောက်ဆုံးကျန်ရစ်ပစ္စည်းကြောင့် သူ့စွမ်းအားတွေ ပျောက်ဆုံးသွားခဲ့ပါတယ်…ငယ်စဉ်တည်းက ပါရမီရှင်အနေနဲ့ အထင်ကြီးလေးစားခံလာရာကနေတစ်နေ့မှာတော့ ရုတ်တရက်ကြီး အစွမ်းတွေပျောက်သွားခဲ့ပြီးနောက်ဘဝတစ်ခုလုံး ဇောက်ထိုးပြောင်းလဲသွားခဲ့တယ်လေ…
သူအစွမ်းပျောက်သွားခဲ့တာကလည်း သူ့အမေရဲ့အသက်နဲ့အတူပြောင်းလဲသွားခဲ့ရတာမို့ အစွမ်းပြန်ရလာအောင် ပိုပြီးအားကောင်းလာအောင် သူနေ့စဉ်ရက်ဆက်ကြိုးစားနေခဲ့တာပေါ့..ကြိုးစားသူတိုင်းအတွက် ရလဒ်ကောင်းက စောင့်နေတယ် ဆိုတဲ့အတိုင်းပဲရှောင်းယန်တစ်ယောက် အစွမ်းတွေ ပြန်ရလာခဲ့တယ်…
ဒါပေမယ့် ဘယ်လိုနည်းလမ်းနဲ့ရလာတာလဲ…ဘာတွေက သူ့ကို တွန်းအားဖြစ်စေခဲ့တာလဲ…အစွမ်းပြန်ရပြီးတော့ရော သူ့အမေကို သတ်တဲ့တရားခံကို လက်စားချေနိင်မှာလား…ထူးခြားဆန်းပြား ဇာတ်ကားတွေ ကြိုက်သူတို့လက်မလွှတ်သင့်တဲ့ကားလေးမို့ ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်...
In the Land of Saints and Sinners (2023)
⭐IMDB: 6.4/10 (404 Votes)
🎬 #Action #Crime #Thriller #Drama
🗓 2023 🎞 movie
🌎 #Ireland
⏰ 1 နာရီ 42 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အငြိမ်းစားစစ်သား ကြေးစားလူသတ်သမားကြီးအဖြစ် လီယံနီဆန် သရုပ်ဆောင်ထားတဲ့ အိုင်ယာလန်ရုပ်ရှင်သစ်ထွက်လာပါပြီ။ ဒီရုပ်ရှင်ဟာ အိုင်ယာလန်တော်လှန်ရေးနဲ့ ပြည်တွင်းစစ်အပြီးကာလကို အခြေခံထားတာမို့ အိုင်ယာလန်သမိုင်းကို နည်းနည်းသိထားရင် ကြည့်ရအဆင်ပြေမှာပါ။ လက်ရှိရုပ်ရှင်ကတော့ ၁၉၇၂ နောက်ပိုင်းဖြစ်လို့ ဗုံြးခွဲတဲ့သူတွေက Provisional IRA ပဲ ဖြစ်ပါတယ်။
သမိုင်းအကျဉ်း
အိုင်ယာလန်ဟာ ၁၂ ရာစု အန်ဂလို-နော်မန် ကျူးကျော်စစ်အပြီးမှာ ယူကေ ခေါ် ဂရိတ်ဗြိတိန် လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ ၁၉၁၉ မှာတော့ အိုင်ယာလန် ရီပက်လစ်ကန် အာမီ (IRA) ကိုဖွဲ့စည်းပြီး အိုင်ယာလန်လွတ်မြောက်ရေးအတွက် ဗြိတိသျှတပ်တွေကို တိုက်ခိုက်ခဲပါတယ်။ တိုက်ပွဲက နှစ်နှစ်လောက်ပဲကြာခဲ့ပေမဲ့ အိုင်ယာလန်ပြောက်ကြားတွေ စစ်ရေးအရေးသာလာတာကြောင့် အန်ဂလို-အိုင်းရစ် သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒီမူရင်း IRA ကို မူလလက်ဟောင်း Old IRA လို့ခေါ်ပါတယ်။ အဲဒီစာချုပ်အရ ၂၆ ပြည်နယ်နဲ့ လွတ်လပ်သော အိုင်ယာလန်ကို တည်ထောင်နိုင်ခဲ့ပေမဲ့ အိုင်ယာလန်မြောက်ပိုင်းကတော့ UK လက်အောက်မှာပဲ ဆက်တည်ရှိနေပါတယ်။ ဒါကိုသဘောတူလိုက်တဲ့အချက်ကလည်း အိုင်ယာလန်မြောက်ပိုင်း ရိုမန်ကတ်သလစ်ဘာသာနဲ့ အခြားပြည်နယ်တွေက ပရိုတက်စတန့်ဘာသာဝင်တွေကို အတူစည်းရုံးလို့မရမဲ့အတူတူဆိုပြီး သဘောတူလိုက်တာများပါတယ်။ ဒီစာချုပ်ကြောင့် IRA နှစ်ခြမ်းကွဲသွားခဲ့ပြီး စာချုပ်ကိုသဘောတူတဲ့ IRA နဲ့ သဘောမတူတဲ့ IRA ဆိုပြီး အချင်းချင်းထချကြလို့ အိုင်ယာလန်ပြည်တွင်းစစ် ၁၉၂၂ မှာဖြစ်သွားပါတော့တယ်။ အိုင်ယာလန်အကွဲအပြဲတွေကို သရော်တဲ့အနေနဲ့အလကားနေရန်ထဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းကို ရိုက်ထားတဲ့ The Banshees of Inisherin ကိုလည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါသေးတယ်။ ပြည်တွင်းစစ်မှာ စာချုပ်သဘောတူတဲ့အဖွဲ့က အစိုးရတပ်ဖွဲ့ Provisional Government of Irelandဖြစ်လာပြီး မတူတဲ့အဖွဲ့က anti-Treaty Irish Republican Army ဖြစ်လာခဲ့ပါတယ်။ စာချုပ်ဆန့်ကျင်ရေး IRA ၁၉၂၃ စစ်ရှုံးသွားခဲ့ပေမဲ့ လက်နက်မချဘဲ ၁၉၆၉ အထိ ဆက်လက်တည်ရှိခဲ့ပါတယ်။ ဒီဆန့်ကျင့်ရေးအဖွဲ့ကို အင်္ဂလန်ဗုံးခွဲမှုတွေနဲ့ ၁၉၃၁ မှာ တရားမဝင်အဖွဲ့အစည်းကြေညာခံခဲ့ရပါတယ်။ ချန်နယ်မြန်မာမှာ ကြည့်လို့ရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဗြိတိန်ကိုတိုက်ချင်ဇောနဲ့ ဟစ်တလာဆီက အကူအညီတောင်းခံခဲ့လို့ IRA ခေါင်းဆောင် ၅ ယောက်ကြိုးပေးခံခဲ့ရပါတယ်။ ၁၉၆၉ မှာကျတော့ အဲဒီ ဆန့်ကျင်ရေး IRA က ထပ်ပြီး ကွဲသွားပါတယ်။ ရိုမန်ကတ်သလစ်၊ ပရိုတက်စ်တန့်ဘာသာအရေးအခင်းကြောင့်ပါပဲ။ ဆန့်ကျင်ရေး IRA ကိုမှ Official IRA နဲ့ Provisional IRA ဆိုပြီးကွဲသွားတာပါ။ Official IRA က နိုင်ငံရေးလိုင်းကနေ အိုင်ယာလန်ကို ပေါင်းစည်းဖို့ကြိုးစားပြီး Provs IRA ကတော့ အကြမ်းဖက်လိုင်းဖြစ်သွားပါတယ်။ IRA ဗုံးခွဲတဲ့ကိစ္စနဲ့ပတ်သတ်တဲ့ဇာတ်ကားကိုတောင် The Foreigner ဆိုပြီး ဂျက်ကီချန်းနဲ့ရိုက်ထားတာရှိပါတယ်။ ဒီလက်နက်ကိုင် Prov IRA ဟာ ၂၀၀၅ မှာမှ စစ်ရေးဆန့်ကျင်မှုတွေကနေ နိုင်ငံရေးအဖြစ် ပြောင်းလဲဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ စစ်ပြန်ကြီး ဖင်းဘားဟာ မိန်းမဖြစ်သူသေဆုံးသွားပြီးနောက်ပိုင်း ကြေးစားလူသတ်သမားအလုပ်နဲ့အသက်မွေးပါတယ်။ ဒီလိုနဲ့အသိဝင်လာပြီးအနားယူတော့မဲ့အချိန်မှာမှ IRAဖောက်ခွဲရေးသမား ဝရမ်းပြေးတစ်ယောက်က သူ့ရွာမှာ လာပုန်းနေရင် ကလေးမလေးတစ်ယောက်ကို နှိပ်စက်နေတာတွေလို့ သတ်လိုက်မိပါတယ်။ အဲဒီ IRA ရဲ့ အပေါင်းအပါတွေကို လက်စားချေဖို့ လိုက်ရှာတာကို ပြန်ရင်ဆိုင်ရတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းနာမည်ဖြစ်တဲ့ သူတော်စင်တွေနဲ့အပြစ်သားတွေရဲ့မြေဆိုတာက အများအားဖြင့် ဘာသာရေးကိုင်းရှိုင်းပြီး ညစ်ညမ်းတဲ့အပျော်အပါးတွေပေါတဲ့ မြို့တွေကို တင်စားခေါ်ကြတာများပါတယ်။ ဒီရုပ်ရှင်မှာတော့ နှလုံးလှတဲ့လူသတ်သမားရဲ့ ဝိရောဓိကိုလည်း တင်စားတာ ဖြစ်နိုင်ပါတယ်။ ကောင်းဘွိုင်ဆန်ဆန် ရွာလေးထဲကလူနည်းစု တိုက်ပွဲတွေကလည်း အရသာတစ်မျိုးမို့ ကြည့်လိုက်ကြပါဦး။...
Body Snatchers (1993)
⭐TMDB: 62.0% User Score
🎬 #Horror #SciFi #ScienceFiction #Thriller
🗓 1993 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Body Snatchers (1993)=================IMDb Rating – 6.0/10
1990s classic တွေထဲက အကောင်းစား alien invasion ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအေးဂျင့်တစ်ယောက်ဖြစ်တဲ့ စတိဗ်မလုန်းဟာ အယ်လာဘားမားမှာရှိတဲ့စစ်တပ်စခန်းတစ်ခုမှာ စစ်ရေးလုပ်ဆောင်မှုတွေကြောင့်ပတ်ဝန်းကျင်ဂေဟစနစ်အပေါ် သက်ရောက်မှုတွေကိုစမ်းသပ်စစ်ဆေးဖိုရောက်လာခဲ့ပါတယ်။
သူနဲ့အတူပါလာတာကတော့ ပထမအိမ်ထောင်က ဆယ်ကျော်သက်အရွယ်သမီးငယ်၊ ဒုတိယဇနီးသည်နဲ့ သားငယ်တို့ပါပဲ။ အဲ့ဒီအချိန်မှာပဲ သူတို့သွားရမယ့် စစ်တပ်ဝင်းထဲမှာ ထူးခြားတဲ့အဖြစ်အပျက်တွေဖြစ်ပေါ်နေခဲ့ပါတယ်။အဲ့ဒါကတော့ တပ်ထဲက လူတွေရဲ့မိသားစုဝင်တွေဟာ အမူအကျင့်တွေအပြောအဆိုတွေပြောင်းလဲကုန်ကြပြီး တစ်ခြားတစ်ယောက်ဖြစ်သွားသလိုပြုမူနေကြတာပါ။ တကယ်တော့ အဲ့ဒါတွေဟာ သူတို့မိသားစုနဲ့တကွ အားလုံးကြုံကြရမယ့် အန္တရာယ်ဆိုးတွေရဲ့အစပဲရှိပါသေးတယ်။
စာရေးဆရာ Jack Finney ရဲ့နာမည်ကျော်ဝတ္ထု The Body Snatchers (1955)ကိုပြန်ရိုက်ခဲ့တဲ့ Remake တွေထဲက အထင်ကရ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဂြိုလ်သားတွေက လူသားတွေနေရာကိုအစားထိုးအယောင်ဆောင်နေကြတဲ့ The Faculty 1998 လို They Live (1988) တို့လိုဇာတ်အိမ်မျိုးဖြစ်ပြီးscience fiction horror ပရိသတ်တွေအတွက်အဟောင်းထဲကရွှေတစ်ခုပါပဲ။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Alias ဖြစ်ပါတယ်)...
Zombie Town (2023)
⭐IMDB: 4.0/10 (1 k Votes)
🎬 #Comedy #Horror
🗓 2023 🎞 movie
🌎 #Canada
⏰ 1 နာရီ 33 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Zombie Town (2023)================
ဇွန်ဘီရုပ်ရှင်တွေကြည့်ရင်း ဇွန်ဘီတကယ်ဖြစ်သွားခဲ့ရင်လို့ တွေးမိဖူးပါသလား။ဒီဇာတ်လမ်းမှာတော့ ဇွန်ဘီရုပ်ရှင်တွေကို စွဲလမ်းသူတွေနေထိုင်ရာ မြို့လေးဟာတစ်မြို့လုံးနီးပါး ဇွန်ဘီဖြစ်သွားခဲ့တာပါ။
ဇာတ်လမ်းအကျဉ်း –ကာဗာဗေးလ်ဆိုတာဟာ နာမည်ကျော် Horror ရုပ်ရှင်ဒါရိုက်တာကြီး လန်ကာဗာနေထိုင်ရာ မြိုလေးပါ။ မြို့နာမည်ကို ဒါရိုက်တာနာမည်နဲ့ အစွဲပြုမှည့်ခေါ်ထားတဲ့အထိတစ်မြို့လုံးက Horror နဲ့ Zombie fan တွေ ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးရေးက အနားယူထားတဲ့ ကာဗာတစ်ယောက် နှစ်ပေါင်းများစွာကြာမှ ရုပ်ရှင်တစ်ကားကိုတဖန်ပွဲထုတ်ဖို့ ဖြစ်လာပါတယ်။ အဲဒီသတင်းကြောင့် ရုပ်ရှင်ပထမဆုံးပွဲကိုကြည့်ဖို့တာဆူနေတဲ့ မြို့နေလူထုက အုန်းအုန်းကြွပ်ကြွပ်ပေါ့။
အဲဒီရုပ်ရှင်ပွဲဦးထွက်ပြမယ့်နေ့ မတိုင်ခင် ညဘက်မှာတော့ ရုပ်ရှင်ရုံအချိန်ပိုင်၀န်ထမ်း ကျောင်းသားလေး မိုက်ခ် ဟာ သူချစ်တဲ့ကောင်မလေး အေမီကြောင့် ကာဗာရဲ့ရုပ်ရှင်သစ်ကို ဖွင့်ကြည့်ရဖို့ ဖြစ်လာပါတယ်။ သူတိုနှစ်ဦးအကျအန နေရာယူပြီး ရုပ်ရှင်ဖလင်ကို စလည်ပတ်စေတဲ့အခါမှာတော့ တစ်မြိုလုံးကို ခြောက်ခြားဖွယ်ပြောင်းလဲသွားစေခဲ့ပါတယ်။ အဲဒီလိုနဲ့ ဇွန်ဘီဖန်မြို့နေလူထု ဘာတွေဖြစ်ကုန်မလဲ၊တစ်မြို့လုံး ဘယ်လိုပြောင်းလဲသွားမလဲ၊ မှော်ဆန်ဆန် အဖြစ်အပျက်တွေကို ပြန်ပြုပြင်နိုင်ပါဦးမလားဆိုတာကို သည်းထိတ်ရင်ဖိုခံစားမှုသာမက ဟာသနဲ့ ဒရမ်မာကိုပါရောနှောကြည့်ကြရမှာ ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)...
Scooby-Doo and the Alien Invaders (2000)
⭐TMDB: 72.0% User Score
🎬 #Adventure #Animation #Comedy #Family #Mystery #SciFi #ScienceFiction
🗓 2000 🎞 video movie
🌎 #UnitedStates #Japan #UnitedStatesofAmerica
⏰ 1 နာရီ 13 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Scooby-Doo and the Alien Invaders (2000)===============================IMDb Rating – 6.8/10
ဒီတစ်ခါမှာတော့ 2002 ခုနှစ်ထွက် Scooby Doo ရုပ်ရှင်ရဲ့Graphic quality ကို အပြည့်အဝပြန်ခံစားပြီး Nostalgicဖြစ်လိုက်ကြရအောင်လားဗျာ။ IMdb Rating – 6.8 ရှိတာမို့ပုံမှန်လို Entertainment အသားပေးသာသာ Common senserating နည်းလေ့ရှိတဲ့ ဇာတ်လမ်းမျိုးမဟုတ်တာတော့ အထွေအထူးညွှန်းဖို့ မလိုလောက်ပါဘူးနော်။
Mystery Machine ရဲ့ ဒါရိုင်ဘာခုံမှာ ဖင်မထိုင်ဖူးသူ Shaggy နဲ့Scooby တို့နှစ်ယောက် ထူးထူးခြားခြား ကားမောင်းတာဝန်ယူတဲ့ညမှာမှ တိုက်တိုက်ဆိုင်ဆိုင် ဇာတ်လမ်းကစတာပါ။ ကန္တာရဒေသမို့ အချိန်အခါမဟုတ် သဲမုန်တိုင်းတိုက်နေတာပေါ့။ MysteryMachine ပေါ်ကနေ ပန်းကန်ပြားပျံသဏ္ဍာန် အရိပ်ကြီးတစ်ခု ဖြတ်ပျံသွားပြီးနောက်မှာတော့ ဂြိုဟ်သားကျူးကျော်မှုရဲ့ သားကောင်ဖြစ်နေတဲ့ နယ်မြို့လေးတစ်မြို့မှာ Scooby တို့သူငယ်ချင်းတစ်စု သောင်တင်စတည်းချရဖို့ ဖြစ်လာပါတော့တယ်။
အစိုးရစီမံကိန်းရဲ့ စလောင်းတွေကြောင့် ဂြိုဟ်သားအန္တရာယ်ဖြစ်ရပါတယ်လို့ဆိုသူများအပြင်ကိုမှ Velma ကတော့ တခြားအရာကိုသာသံသယရှိနေခဲ့ပါတယ်။ ညဆိုတာနဲ့ ကြက်ပျောက်ငှက်ပျောက်ရှိလှတဲ့မြို့မှာ ခေါင်မိုးထပ်တက်ပြီး စိတ်ချလက်ချအိပ်မိတဲ့ Shaggy နဲ့ Scoobyတို့ကို ဂြိုဟ်သားတွေပြန်ပေးဆွဲသွားတာကနေစလို့ Mystery Gang ရဲ့စုံစမ်းစစ်ဆေးရေးအသက်ဝင်လာပါတော့တယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Hnin Wut Yi ဖြစ်ပါတယ်)...
Brick (2006)
⭐TMDB: 68.0% User Score
🎬 #Crime #Drama #Mystery
🗓 2006 🎞 movie
🌎 #UnitedStatesofAmerica
⏰ 1 နာရီ 51 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 7.2/10 Rotten tomatoes 80%
ဇာတ်လမ်းအကျဥ်းကတော့ တစ်ရက်မှာ ဘရန်ဒန်လို့ခေါ်တဲ့
အထက်တန်းကျောင်းသားတစ်ယောက်ဆီကိုသူ့ရည်းစားဟောင်း အမ်မလီက
ဖုန်းဆက်လာခဲ့ပါတယ် ။ စူးစူးဝါးဝါးအော်ပြီး ဖုန်းချသွားတဲ့ အမ်မလီ
ပြီးတော့ ဖုန်းထဲမှာ အမ်မလီပြောခဲ့တဲ့ “ပင်န် ၊ တက်ဂ် ၊ အုတ်ခဲ နဲ့ ဖရစ္စကို “ ဆိုတဲ့
ထူးဆန်းတဲ့နာမည်တွေ ။ “သူ့ကို ကူညီပါ “ လို့ အကူအညီတောင်းသွားတဲ့
ရည်းစားဟောင်းအတွက် ဘရန်ဒန်တစ်ယောက် သူ့သူငယ်ချင်း ဘရိန်း အကူအညီနဲ့
အဲဒီသဲလွန်စတွေနောက်ကို လိုက်ရပါတော့တယ် ။ သဲလွန်စ တစ်ခုပြီးတစ်ခု
လူတစ်ယောက်ပြီး တစ်ယောက်နောက်ကို လိုက်ရင်းနဲ့ ဘရန်ဒန် နောက်ဆုံးမှာ
ပင်န် နဲ့ တွေ့ခဲ့ရပါတယ် ။ ပင်န်ဆိုတာ ဘယ်သူလဲ ၊ အမ်မလီနဲ့ရော
ဘယ်လိုဆက်စပ်နေမလဲ ။ အမ်မလီတောင်းထားတဲ့ အကူအညီကိုရော
ဘရန်ဒန် ပေးနိုင်မလားဆိုတာကို Brick ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ
အားလုံးအတူတူ ကြည့်လိုက်ရအောင်နော် ။
ဒီဇာတ်ကားထဲမှာတော့ အဓိကသရုပ်ဆောင်ဖြစ်တဲ့ ဘရန်ဒန်အဖြစ်
အားလုံးသိကြတဲ့ 500 days of summer , 10 things I hate about you တို့ထဲမှာ
ပါဝင်ခဲ့ဖူးတဲ့ မင်းသား Joseph Gordon Levitt က ပါဝင်သရုပ်ဆောင်ထားပါတယ် ။
ဒီရုပ်ရှင်ကားရဲ့ ထူးခြားချက်ကတော့ Dark films လို့ ခေါ်ကြတဲ့ Neo-noir သည်းထိတ်ရင်ဖို
ရုပ်ရှင်အမျိုးအစားဖြစ်ပြီး ဒါရိုက်တာဖြစ်သူက သူ့ရဲ့ မွေးရပ်မြေမှာ 35mm film
camera လေးနဲ့ ရက် ၂၀ အတွင်း အပြီးရိုက်ကူးခဲ့တာဖြစ်ပါတယ်...
Lebanon (2009)
⭐IMDB: 6.9/10 (12 k Votes)
🎬 #Drama #War
🗓 2009 🎞 movie
🌎 #Israel #France #Germany #UnitedKingdom
⏰ 1 နာရီ 33 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါမှာတော့ Rotten tomatoes မှာ 90%ထိရရှိထားတဲ့ War/Thriller ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးမှာဖြစ်ပါတယ်
1982 လက်ဘနွန်စစ်ပွဲမှာ အစ္စရေး အမြှောက်ကားတစ်စီးနဲ့ တပ်စုတစ်စုဟာ လေတပ် ဗုံးကြဲထားရာနေရာကို ဝင်ရောက်ပြီး ကျန်ရှိနေတဲ့ အကြမ်းဖက်တွေကို ရှင်းလင်းရေး လုပ်ရပါတယ် ရှင်းလင်းရေး လုပ်နေတုန်းမှာပဲ သူတို့ဟာ မူလလမ်းကြောင်းက ကွဲထွက်သွားပြီး စီးရီးယားနယ်မြေထဲကိုရောက်သွားပါတော့တယ် သူတို့ နယ်မြေအပြင်ဘက်ကို ပြန်ထွက်လာနိုင်မှာလား
အစ္စရေး လက်ဘနွန်စစ်ပွဲက စစ်သားတစ်ယောက်ရဲ့ အတွေ့အကြုံကို အခြေခံပြီးရိုက်ကူးထားတဲ့အတွက် စစ်ပွဲအတွင်း တင့်ကားထဲမှာ တာဝန်ထမ်းဆောင်တဲ့တပ်သားတွေရဲ့ဘဝကို လက်တွေ့ဆန်ဆန် ကြည့်ရှုရမှာပဲဖြစ်ပါတယ်...
No Rest for the Wicked (2011)
⭐IMDB: 6.4/10 (5 k Votes)
🎬 #Crime #Thriller
🗓 2011 🎞 movie
🌎 #Spain
⏰ 1 နာရီ 54 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီရုပ်ရှင်ဟာ ၂၀၀၄ခုနှစ် မတ်လ၊ စပိန်နိုင်ငံ၊ မက်ဒရစ်မှာဖြစ်ပွားခဲ့တဲ့
အကြမ်းဖက်ရထားဗုံးခွဲမှုကို တစ်စိတ်တစ်ပိုင်းမှီငြမ်းပြီးရိုက်ကူးထားတာပါ…။
ရဲအမှုလိုက် ဇာတ်ကားတစ်ကားဖြစ်ပြီး Goya Awards ၆ဆုအထိ
ရရှိခဲ့တဲ့ကားလေးပါ…။
ဇာတ်လမ်းအကျဥ်းကတော့ ညကြီးမင်းကြီးမှာ လူတစ်ယောက်ဟာ အရက်မူးပြီး
သုံးလောင်းပြိုင်လူသတ်မိသွားပါတယ်…။
စိတ်ဝင်စားဖို့ကောင်းတာက အဲ့လူဟာ ရဲတစ်ယောက်ဖြစ်နေခဲ့တာပါပဲ…
အသိဝင်လာတဲ့အချိန်မှာတော့ လက်လွန်သွားပြီဖြစ်တဲ့အတွက်
သူ့ပြစ်မှုမပေါ်အောင်သက်သေတွေဖျောက်ဖို့၊ မျက်မြင်သက်သေတွေကို
ဖျောက်ပစ်ဖို့ပဲရွေးရပါတော့တယ်…။
ခေတ်ကာလအားဖြင့်အဲ့အချိန် မက်ဒရစ်မြို့မှာက အကြမ်းဖက်တိုက်ခိုက်မှုတွေ၊
မူးယစ်မှုတွေပေါသောနေတာမို့ သူ့အတွက်တော့ ရာဇဝတ်မှုက ထွက်ပြေးဖို့
အခါအခွင့်သင့်ချိန်ဖြစ်နေခဲ့တာပေါ့….။
ကဲ ရဲသားကြီးတဖြစ်လည်း ရာဇဝတ်သားကြီး ရာဇဝတ်ဘေးက ပြေးလွတ်မလားဆိုတာ
ဇာတ်လမ်းထဲမှာဆက်ကြည့်ရှုလို့ရပါပြီ...
Freelance (2023)
⭐IMDB: 5.5/10 (2 k Votes)
🎬 #Action #Comedy
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 49 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Freelance (2023)
ဂျွန်စီနာကြီးရဲ့အက်ရှင်ဟာသကားအသစ်လာပါပြီ။ ဒါရိုက်တာကလည်း Taken ကိုရိုက်ခဲ့တဲ့သူဆိုတော့ ဇာတ်လမ်းနဲ့အက်ရှင်ပိုင်း အတော်ကောင်းပါတယ်။ ကြည့်ကြည့်လိုက်ကြပါဦး။
~ ဇာတ်လမ်းအကျဉ်း ~
မေဆင်ဟာ ရှေ့နေဖြစ်ဖို့ တစ်နှစ်အလိုမှာ ဥပဒေကျောင်းကနေထွက်ပြီး စွန့်စားချင်လို့ တပ်ထဲဝင်သွားပါတယ်။ ဒီလိုနဲ့ အထူးတပ်ဖွဲ့ဝင်ဖြစ် စစ်ဆင်ရေးတွေလုပ်ရင်းနဲ့ တစ်နေ့မှာ စစ်ဆင်ရေးတစ်ခုမအောင်မြင်ဘဲ ခါးဒဏ်ရာနဲ့ နားလိုက်ရပါတော့တယ်။ နားပြီးတော့ ရှေ့နေပြန်လုပ်ပေမဲ့ သာမန်လူဘဝနဲ့ အံမဝင်ရှာပါဘူး။ တစ်နေ့မှာတော့ သူ့ရဲ့ သူငယ်ချင်းဟောင်းက လုံခြုံရေးကန်ထရိုက်ကုမ္ပဏီမှာအလုပ်လုပ်ဖို့ ဖိတ်ခေါ်ရင်း ပထမဆုံးအလုပ်အဖြစ် သတင်းထောက်တစ်ယောက်ရဲ့ သက်တော်စောင့်တာဝန်ကိုပေးလိုက်ပါတယ်။ အဲဒီသတင်းထောက်က ပယ်ဒိုးနီးရားဆိုတဲ့ အာဏာရှင်နိုင်ငံထဲကိုဝင်ပြီး နာမည်ဆိုးနဲ့သမ္မတကို အင်တာဗြူးရမှာပါ။ အဲဒီနိုင်ငံထဲကိုရောက်ရောက်ချင်းပဲ သမ္မတကို လုပ်ကြံတာရယ် အာဏာသိမ်းတာတွေရယ်နဲ့ ရင်ဆိုင်ရပြီး သတင်းထောက်နဲ့နှစ်ယောက်သား အသက်ရှင်လျက် ပြန်ထွက်နိုင်ဖို့ကြိုးစားရင်းဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ရမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)...
Swapping: My Friend's Wife (2016)
⭐IMDB: 5.0/10 (16 Votes)
🎬 #Adult #Drama #Romance
🗓 2016 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 21 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
************************************
မြို့အစွန် တိတ်ဆိတ်တဲ့ရပ်ကွက်ကို လင်မယား (၂)ယောက်ပြောင်းလာကြတယ်..
ကံကောင်းတာလား ကံဆိုးတာလားမသိ…အိမ်နီးချင်းက သူတို့ရဲ့ ငယ်ငယ်က
အသိတွေဖြစ်နေကြတယ်…. ရည်စားဟောင်းနဲ့ လင်လုဖက်တွေငယ်ငယ်က
ဖြစ်ဖူးခဲ့ကြတဲ့သူတွေဆိုတော့ မျက်စောင်းတခဲခဲနဲ့ပေါ့…
အဲ့ဒီလိုနဲ့ ရမ္မက်ထန်တဲ့ စုံတွဲ (၂) တွဲဟာအဆင်မပြေမှုတွေကြားကပဲ
ခိုးဝှက်ပြီး သီချင်းတွေဆိုလိုက် ဂစ်တာတွေတီးလိုက်လုပ်ရင်း
ထာဝရငြိမ်းချမ်းရေးဖို့ သီဆိုကခုန်ကြပါတော့တယ်...
Cabin Fever (2003)
⭐TMDB: 57.0% User Score
🎬 #Horror
🗓 2003 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကောလိပ်ကျောင်းသား ငါးယောက်ဟာ စာမေးပွဲအပြီး တောအုပ်ထဲကသစ်လုံးအိမ်လေးမှာ စုပြီးအနားယူဖို့ထွက်လာကြပါတယ်
ညဘက်မီးပုံပွဲလေးလုပ်ပြီး စကားစမြည်ပြောဆိုနေကြတုန်းမှ ထူးဆန်းတဲ့ရောဂါကူးစက်ခံနေရသူတစ်ယောက်က အကူအညီတောင်းလာပါတယ်။ အားလုံးကလည်း ကြောက်လန့်တကြားနဲ့ အကူအညီပေးဖို့ ငြင်းဆန်ရာမှရုန်းရင်းဆန်ခတ်တွေဖြစ်ကာ သူတို့ပါလာတဲ့ကားပျက်စီးသွားပါတော့တယ်။
နောက်တစ်နေ့မနက် ကားပြင်ဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲ။ ထူးဆန်းတဲ့သူကရော ဘယ်သူလဲ။ ထူးဆန်းတဲ့ရောဂါကရော ကုသနိုင်မှာလား။သူတို့ သူငယ်ချင်းအုပ်စုကို ရောဂါကူးစက်မခံရဘဲနဲ့ အိမ်ပြန်လာနိုင်မလား စသဖြင့် ကြည့်ရှုခံစားရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။...
Elena Knows (2023)
⭐IMDB: 5.6/10 (256 Votes)
🎬 #Drama #Mystery
🗓 2023 🎞 movie
🌎 #Argentina
⏰ 1 နာရီ 41 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Elena Knows (2023)
ခုလတ်တလောမှ ထွက်ရှိထားတဲ့ အာဂျင်တီးနားဇာတ်ကားလေးပါပဲ။ Drama Mystery အမျိုးအစားဖြစ်ပြီး နာမည်ကြီး Best Seller စာအုပ်တစ်အုပ်ဖြစ်တဲ့ “Elena Knows” ကို Netflix က ဇာတ်ကားအနေနဲ့ အသက်သွင်းထားတဲ့ကားလေးပါ။ လူ့လောက လူ့ဘ၀ရဲ့ကြမ်းတမ်းလှတဲ့ အမှန်တရားကိုချပြသွားတဲ့ကားတစ်ကားလည်း ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ပါကင်ဆန်ရောဂါသည် အယ်လီနာကို စောင့်ရှောက်ပေးနေတဲ့သမီးဖြစ်သူ ရီတာက ချာ့ခ်ျကျောင်းမှာ သတ်သေသွားခဲ့ပါတယ်။ အယ်လီနာက ရီတာအသတ်ခံလိုက်ရတယ်လို့ယုံကြည်နေပြီး တရားခံကိုလိုက်ရှာရာကနေ ရောဂါသည်သက်ကြီးရွယ်အိုတစ်ယောက်ရဲ့ ခရီးရှည်ကြီးကစတင်လာတာပါပဲ။ ဇာတ်လမ်းထဲမှာ အတိတ်နဲ့ပစ္စုပ္ပန်အဖြစ်အပျက်တွေကိုယှဥ်ပြရင်း သားအမိနှစ်ယောက်ကြားက ရှုပ်ထွေးတဲ့ဆက်ဆံရေးကိုလည်း မြင်ရမှာပါ။
ရီတာက ကိုယ့်ကိုယ်ကိုယ် တကယ်သတ်သေခဲ့တာလား… အသတ်ခံခဲ့ရတာလား… တကယ်သတ်သေခဲ့တယ်ဆိုရင်လည်း ဘယ်လိုအကြောင်းပြချက်မျိုးကြောင့်လဲ… ဆိုတာ စိတ်၀င်တစားကြည့်ရှုရမယ့်ကားကောင်းလေးပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
The Moonlight of Seoul (2008)
⭐IMDB: 5.6/10 (249 Votes)
🎬 #Drama #Comedy
🗓 2008 🎞 movie
🌎 #SouthKorea
⏰ 2 နာရီ 6 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Beastie Boys (2008)
မိန်းမတွေကို အရက်ငှဲ့ပေး၊ ဖျော်ဖြေပေးရတဲ့ ယောက်ျားပြည့်တန်ဆာနှစ်ယောက်ရဲ့တူညီတဲ့အလုပ် မတူညီတဲ့ ဘဝခံယူချက်နဲ့ အတ္တတွေကို နှိုင်းယှဥ်ရိုက်ကူးထားပြီး
တောင်ကိုရီးယား night life အကြောင်းလည်းတစ်စိတ်တစ်ဒေသ တော့ နားလည်သွားစေနိုင်မဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Kppksပဲ ဖြစ်ပါတယ်။...
Shark Tale (2004)
⭐TMDB: 60.0% User Score
🎬 #Adventure #Animation #Comedy #Family #Thriller #Action
🗓 2004 🎞 movie
🌎 #UnitedStates #France #NorthKorea #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Will Smith နဲ့ Angelina Jolie
အပြင်တခြားသောနာမည်ကြီးသရုပ်ဆောင်တွေ
ပါဝင်အသံသရုပ်ဆောင်ထားပြီး IMDb Rating 6 ထိ
ရခဲ့တဲ့ 2004 ခုနှစ်ထွက် Animation ဇာတ်ကားကောင်းလေး
တစ်ကားကို CMကနေတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်
အော်စကာ ဆိုတဲ့ငါးလေးတစ်ကောင်က
ချမ်းချမ်းသာသာနေရဖို့ကိုအမြဲတွေးလေ့ရှိပေမယ့်
အကြွေးတွေပတ်လည်ဝိုင်းပြီးဒုက္ခရောက်နေသူပါ။
တစ်နေ့မှာတော့ မတော်တဆမှုကြောင့်
ငါးမန်းတစ်ကောင်သေသွားတာကို
ရှေ့တင်ကြုံရတဲ့အခါမှာ အော်စကာက
သူ့ကိုယ်သူငါးမန်းသတ်သူဆိုပြီး
လိမ်ညာနာမည်ကောင်းယူလိုက်ပါတယ်။
ဒါပေမဲ့သေသွားတဲ့ငါးမန်းကဂိုဏ်းစတားခေါင်းဆောင်ရဲ့
သားတစ်ယောက်ဖြစ်တာကို အော်စကာသိလိုက်ရတဲ့အခါမှာ
ဘယ်လိုပြဿနာတွေနဲ့ရင်ဆိုင်လာရမလဲဆိုတာကို
ပရိသတ်ကြီးကဆက်လက်ကြည့်ရှုခံစားရမှာပါ။...
Mystery on Mistletoe Lane (2023)
⭐IMDB: 7.2/10 (660 Votes)
🎬 #Mystery #TVMovie #Drama #Romance
🗓 2023 🎞 tv movie
🌎 #UnitedStates #Canada
⏰ 1 နာရီ 24 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ခရစ္စမတ်လည်းနီးလာပြီးဆိုတော့ အသစ်ထွက်ထားတဲ့ ခရစ္စမတ်ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်
မင်းသားကြီး Victor Webster နဲ့ မင်းသမီးကြီး Erica Cerra တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ Mystry/Holiday/Thriller Family ဇာတ်ကားလေးတစ်ကားပါ
မိဘ၊ သားသမီး၊ အဘိုး၊ အဘွား၊ ဆွေမျိုး၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက် တွေနဲ့ လူ့အသိုင်းအဝိုင်းမှာ ကျင်လည်နေကြတဲ့ ကျွန်တော်တို့လူသားတွေအတွက် လောဘ ဒေါသ မောဟ တွေကြားမှာ ရုန်ကန်ရှင်သန်နေကြရင်နဲ့ လူ့အဖွဲ့အစည်းကြီးမှာ တဖြည်းဖြည်းနဲ့ လျှော့ပါးပျောက်ဆုံးလာနေတဲ့ ချစ်ခြင်းမေတ္တာတရားအကြောင်းကို ခရစ္စမတ်ရိုးရာလေးနဲ့ နှောပြီးတော့ ဘယ်လိုမေတ္တာဖွဲ့တင်ဆက်ထားသလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည်နူး ခံစားကြည့်လိုက်ကြပါဦးနော်………
ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်...
Elena Knows (2023)
⭐IMDB: 5.6/10 (256 Votes)
🎬 #Drama #Mystery
🗓 2023 🎞 movie
🌎 #Argentina
⏰ 1 နာရီ 41 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Elena Knows (2023)
ခုလတ်တလောမှ ထွက်ရှိထားတဲ့ အာဂျင်တီးနားဇာတ်ကားလေးပါပဲ။ Drama Mystery အမျိုးအစားဖြစ်ပြီး နာမည်ကြီး Best Seller စာအုပ်တစ်အုပ်ဖြစ်တဲ့ “Elena Knows” ကို Netflix က ဇာတ်ကားအနေနဲ့ အသက်သွင်းထားတဲ့ကားလေးပါ။ လူ့လောက လူ့ဘ၀ရဲ့ကြမ်းတမ်းလှတဲ့ အမှန်တရားကိုချပြသွားတဲ့ကားတစ်ကားလည်း ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ပါကင်ဆန်ရောဂါသည် အယ်လီနာကို စောင့်ရှောက်ပေးနေတဲ့သမီးဖြစ်သူ ရီတာက ချာ့ခ်ျကျောင်းမှာ သတ်သေသွားခဲ့ပါတယ်။ အယ်လီနာက ရီတာအသတ်ခံလိုက်ရတယ်လို့ယုံကြည်နေပြီး တရားခံကိုလိုက်ရှာရာကနေ ရောဂါသည်သက်ကြီးရွယ်အိုတစ်ယောက်ရဲ့ ခရီးရှည်ကြီးကစတင်လာတာပါပဲ။ ဇာတ်လမ်းထဲမှာ အတိတ်နဲ့ပစ္စုပ္ပန်အဖြစ်အပျက်တွေကိုယှဥ်ပြရင်း သားအမိနှစ်ယောက်ကြားက ရှုပ်ထွေးတဲ့ဆက်ဆံရေးကိုလည်း မြင်ရမှာပါ။
ရီတာက ကိုယ့်ကိုယ်ကိုယ် တကယ်သတ်သေခဲ့တာလား… အသတ်ခံခဲ့ရတာလား… တကယ်သတ်သေခဲ့တယ်ဆိုရင်လည်း ဘယ်လိုအကြောင်းပြချက်မျိုးကြောင့်လဲ… ဆိုတာ စိတ်၀င်တစားကြည့်ရှုရမယ့်ကားကောင်းလေးပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
