ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
https://image.tmdb.org/t/p/original/yf5mWsMEZGt8MrodiiIeC0R9pEH.jpg Possession (2022) ⭐IMDB: 5.0/10 (119 Votes) 🎬 #Horror 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 NO ⏰ 1 နာရီ 44 မိနစ် 12 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Possession (2022)English ကားတွေ Korea ကားတွေကြည့်ရတာ ပျင်းနေတဲ့ GC ပရိသတ်ကြီး အတွက် နော်ဝေး Horror ကားလေးတစ်ကား တင်တက်ပေးလိုက်ရပါတယ်ဒီကားလေးမှာတော့ ပထမကမ္ဘာစစ်ပြီးခါနီး စပိန်တုပ်ကွေးတွေပြန့်လာ‌ေနတဲ့အချိန် ဘုရားကျောင်းဆောက်ဖို့ အာဖရိကမှာသာသနာပြုရာကပြန်လာတဲ့ ဘုန်းတော်ကြီးမိသားစုနဲ့ စမိတ်ဆက်ထားပါတယ်..အယူသည်းပြီး ကိုယ့်ဘာသာတစ်ခုထဲပဲအကောင်းမြင်တဲ့ ဘုန်းတော်ကြီးတစ်ယောက် လူမျိုးကွဲ ဆာမီလူမျိုးတွေဪဲ့ ပိုက်နက်မြေကိုမှ ဘုရားကျောင်းဆောက်ဖို့ရွေးပြီး ဆောက်လုပ်‌ရေးစလိုက်တဲ့အခါ အရိုးတွေထွက်လာပါတော့တယ်.. အဲဒီနောက်တော့ အသံတွေကြားလာရတာတွေရဲ့အတူ ဘုန်းတော်ကြီးရဲ့ ကြမ်းကြုတ်မှုတွေကို အချိတ်ဆက်မိမိတင်ဆက်ထားလို့ အချိန်ပေးရကျိုးနပ်မယ့်ကားလေးမို့ ခံစားကြည့်ရှုပေးကြပါဦးနော်။Translated and Reviewed by DoHsuHsuEncoded by Hubin

https://image.tmdb.org/t/p/original/vPi3p9OoAzxjhOTgz3HLgODDRb0.jpg Deleted (2022) ⭐IMDB: ⁉️ 🎬 #Short 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 Malaysia ⏰ 1 နာရီ 25 မိနစ် 55 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Deleted (2022)ဒီရုပ်ရှင်လေးကတော့ အပြည်ပြည်ဆိုင်ရာလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ (ဂျူလိုင်လ ၃၀ရက်) အထိမ်းအမှတ်အားဖြစ်သော်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာလူကုန်ကူးမှုတိုက်ဖျက်ရေးတွင် စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်လျက်ရှိသော အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုသောအားဖြင့်ရိုက်ကူးထားခြင်းဖြစ်ပါတယ်ဇာတ်လမ်းလေးရဲ့အစမှာတော့ ချောင်ရီဆိုတဲ့ ရဲအရာရှိတစ်ယောက်ရဲ့သမီးလေးပြန်ပေးဆွဲခံရတာကနေအစပြုထားပါတယ်။ ထို့နောက် သမီးကိုရှာဖွေရာတွင် မတော်တဆမှုတစ်ခုကြောင့် ၃နှစ်တာကြာသွားခဲ့သော်လည်း အားမလျှော့ပဲ သူ့သမီးကိုဆက်လက်ရှာဖွေဖို့ကြိုးစားရင်း ထောင်ထဲတွင် လူမိုက်ခေါင်းဆောင် ဂို့စ်နဲ့ပေါင်းမိရင်း သမီးကိုဖမ်းခေါ်သွားတဲ့ လူကုန်ကူးဂိုဏ်းကို အတွင်းကနေမြေလှန်ဖို့ ကြိုးစားပါတော့တယ်။ ဇာတ်ကားထဲမှာတော့ မိဘမေတ္တာကိုဖော်ကျူးထားပြီး လူကုန်ကူးခြင်းကို သတိထားကာကွယ်ဖို့ပညာပေးကဏ္ဍလေးတွေလည်းထည့်ထားပါသေးတယ်။ထို့အပြင် လူမိုက်ဂိုဏ်းတွေ ဘယ်လောက်ပဲအားကြီးအားကြီး နောက်ဆုံးလားရာမကောင်းခြင်းများ၊ မလိုအပ်တော့ရင် ထိုးကျွေးလိုက်ခြင်းများလည်း ပညာပေးဆန်ဆန်ရိုက်ပြထားပါသေးတယ်။ တစ်ကမ္ဘာလုံးမှာ အချိန်နဲ့တစ်ပြေးညီဖြစ်ပွါးနေတဲ့ လူကုန်ကူးမှုအကြောင်းကို ပညာပေးအနေနဲ့ရိုက်ထားတဲ့ဇာတ်ကားဖြစ်သည့်အပြင် မိဘချစ်ခြင်းမေတ္တာတို့အပြင် ရင်ခုန်ထိတ်လန့်စရာမှုများကိုပါ ရသပေါ်အောင်ဖော်ကျုးတင်ဆက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းလေးတစ်ကားမို့ ဇာတ်လမ်းကောင်းတွေကြိုက်တဲ့ GC Verse လေးများအတွက် ဘာသာပြန်တင်ဆက်လိုက်ရပါတယ်Reviewed & Translated by KuroNeoEncoded by Hubin

https://image.tmdb.org/t/p/original/7Ks8vISF2m3ApnkECGDyBseDLV.jpg My Small Land (2022) ⭐IMDB: 7.4/10 (135 Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 France ⏰ 1 နာရီ 54 မိနစ် 33 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 My Small Land (2022)လူသားတိုင်းဟာမွေးဖွားလာပြီဆိုတာနဲ့ မိသားစု ကိုယ်နေထိုင်ရာပတ်၀န်းကျင် ကိုယ်ပိုင်ဘာသာစကား ကိုယ့်မြို့ ကိုယ့်နိုင်ငံဆိုတာရှိကြပါတယ် ဒီကားလေးထဲမှာတော့ကိုယ့်နိုင်ငံကနေထွက်ပြေးပြီးဂျပန်နိုင်ငံမှာတရားမ၀င်နေထိုင်နေရတဲ့ကာ့ဒ်လူမျိူးမိသားစု တစ်စုအကြောင်းကိုပုံဖော်ရိုက်ကူးပြထားပါတယ်မာဇူရမ်ဟာ ကာ့ဒ်နိုင်ငံမှာလူ့အခွင့်အရေးကြိုးစားရင်း အဖမ်းခံရမယ့်ဘေးကနေ‌ထွက်ပြေးပြီး ဂျပန်နိုင်ငံမှာသမီးဖြစ်သူဆယ်လ်ယာ ,အာရင် နှင့်သားဖြစ်သူရိုဘင်တို့နဲ့အတူနေထိုင်နေပါတယ် ဒါပေမယ့်ဒုက္ခသည်ခိုလှုံခွင့်တောင်းဆိုချက်ကပယ်ချခံလိုက်ရတဲ့အခါမှာတော့တစ်မိသားစုလုံးဒုက္ခရောက်ရပါတော့တယ်ယာယီနေထိုင်ခွင့်မှာမည်သည့်အလုပ်မှမလုပ်ရစည်းမျဉ်းပါပေမယ့် စား၀တ်နေရေးအတွက်မာဇူရမ် အလုပ်ခိုးလုပ်ရာမှဖမ်းမိသွားတဲ့အချိန်မှာတော့ သမီးကြီးဖြစ်တဲ့ဆယ်လ်ယာဟာ ညီမဖြစ်သူနဲ့မောင်ဖြစ်သူကိုတာ၀န်ယူလိုက်ရပါတော့တယ် မူလတန်း‌ပြဆရာမလေးတစ်ယောက်ဖြစ်ချင်ခဲ့တဲ့ဆန္ဒရှိတဲ့ဆယ်လ်ယာတစ်ယောက် အပတ်တကုတ်စာကြိုးစားခဲ့ပေမယ့် တရားမ၀င် ၀င်ရောက်နေထိုင်သူဖြစ်တဲ့အတွက် တက္ကသိုလ်တွေစီကလည်းပယ်ချခံခဲ့ရပါတယ် ဒီလိုဆိုသူတို့ဘာဆက်လုပ်ကြမလဲ အဖမ်းခံထားရတဲ့ဖခင်ကရောပြန်လွတ်လာပါ့မလား ဆိုတာဒီဇာတ်ကားလေးကြည့်ပြီးအဖြေရှာလိုက်ကြပါခင်ဗျား ဒီဇာတ်ကားဟာပုံမှန်ကားတွေလိုLove line ကိုဦးစားပေးထားတာမဟုတ်ပဲ တရားမ၀င်ခိုလှုံနေထိုင်တဲ့မိသားစုလေးအကြောင်းရိုက်ကူးပြသထားတာမလို့ ထူးခြားတဲ့ဇာတ်ကားလေးဖြစ်ပြီး ဇာတ်သိမ်းပိုင်းလေးမှာလည်း လူတစ်ယောက်ဟာမိသားစုစီကနွေးထွေးမှုကိုလိုအပ်သလိုမျိူး နိုင်ငံတော်စီကကာကွယ်ပေးမှု နိုင်ငံတော်စီကနွေးထွေးမှုကလည်း နိုင်ငံသားတစ်ယောက်အတွက်ဘယ်လောက်အရေးပါလဲပြသပေးသွားပါတယ် IMDb 7.4 ရထားတာမလို့ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်Reviewed& Tramslated by DrunkEncoded by Hubin

https://m.media-amazon.com/images/M/MV5BZDQzMTNjZGEtZjczNS00ZTBiLTljNzMtYzRmZTcwNjZhYTNiXkEyXkFqcGdeQXVyNTI5NjIyMw@@._V1_FMjpg_UX1000_.jpg She's Dating the Gangster (2014) ⭐IMDB: 7.0/10 (1 k Votes) 🎬 #Asian #Comedy #Drama #Romance 🗓️ 2014 🎞️ Movie 📺 1080p FHD 🌎 Philippines ⏰ 1 နာရီ 53 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 She is Dating the GangsterIMDb 7/10Romance and Drama “ကျွန်တော်သာ သင်္ဘောတစ်စင်းဆို သူမက ကျွန်တော်ရဲ့ကျောက်စူးလေးပါပဲ” လို့ပြောခဲ့တဲ့ ဒန်နီရယ်နဲ့သူအရမ်းချစ်ရတဲ့အမျိုးသမီးလေး ကတ်သရင်းတို့ကို လူတိုင်းသိကြမယ်ထင်ပါတယ်။နာမည်ကျော်ဖိလစ်ပိုင်အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ သူတို့အတွဲလေးဟာ ယခုဆိုရင် ရည်းစားသက်တမ်း ၁၀ နှစ်ကျော်ထဲကို ရောက်ရှိနေခဲ့ပြီဖြစ်ကာ အရှေ့တောင်အာရှကလူတိုင်းချစ်ခင်နှစ်သက်ကြတဲ့ နာမည်ကျော်အနုပညာရှင်စုံတွဲလေးဖြစ်ပါတယ်။ သူတို့စုံတွဲလေးဟာ အလွန်အောင်မြင်တဲ့ စီးရီးနဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို အတူတူတွဲရိုက်ကူးခဲ့ပြီးသရုပ်ဆောင်ကောင်းသလို အရိုခန်း အငိုခန်းတွေမှာ လိုက်ဖက်လွန်းတာကြောင့် လူကြိုက်များခဲ့ပါတယ်။ယခုတင်ဆက်ပေးသွားမှာကတော့ ၂၀၁၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ဒရမ်မာဇာတ်ကားလေး She’s Dating the Gangster ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…မိခင်ဆုံးပါးသွားတည်းက ဖခင်ဖြစ်သူကို စိတ်နာနေတဲ့ ကန်းနက်ဆိုတဲ့ကောင်လေးဟာသူ့မိခင်ရဲ့သေဆုံးမှုဟာ သူ့ဖခင်ရဲ့စနက်မကင်းဘူးလို့ထင်မြင်နေတာလည်းဖြစ်ပါတယ်။သူ့မိခင်နဲ့ဖခင်တို့ အတိတ်သမိုင်းကြောင်းကို သိချင်လို့ပြန်လည်တူးဖော်ရင်းဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုအကြောင်းအရာမျိုးတွေ သိရှိလာမယ်၊သူ့အဖေက ဘာလို့ရယ်ရယ်ပြုံးပြုံးမရှိတော့တာလဲဆိုတာရယ်၊ဘာကြောင့် သူ့အမေဆုံးပါးသွားရတာတွေကို သူ့အဖေကြောင့်လို့ သူထင်နေလဲ၊သူ့အဖေကရော ဘာတွေမှားခဲ့တာလဲဆိုတာကိုဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းလေးနဲ့ ငြိမ့်ငြိမ့်လေးကြည့်ရှုရမယ့် ဖိလစ်ပိုင်အချစ်ဒရမ်မာဇာတ်လမ်းလေးဖြစ်ပါတယ်။ Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင်https://t.me/Myname2021hakak/42မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။

https://m.media-amazon.com/images/M/MV5BNDY5MTQwODI3OV5BMl5BanBnXkFtZTcwODM2MjEzMw@@._V1_FMjpg_UX1000_.jpg Music and Lyrics (2007) ⭐IMDB: 6.5/10 (104 k Votes) 🎬 #Comedy #Music #Romance 🗓️ 2007 🎞️ Movie 📺 1080p FHD 🌎 United States ⏰ 1 နာရီ 45 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Music and Lyrics (2007)==================IMDb Rating – 6.5/10 ဒီဇာတ်ကားကိုမကြည့်ခင် YouTube Spotify Apple musicစတဲ့ပလက်ဖောင်းတွေမှာ Way back into love ဆိုတဲ့ သီချင်းကို နားဆင်ခံစားကြည့်လိုက်ပါ၊ တကယ်လို့ အဲ့သီချင်းကိုမကြိုက်ခဲ့ရင်လည်း ဇာတ်ကားကိုတော့ ဆက်ကြည့်လိုက်ပါ။ နားထောင်ရတာကြိုက်ခဲ့ရင်တော့ စီးကရက်တစ်လိပ်နဲ့ ကော်ဖီတစ်ခွက်ယူပြီးဆက်ခံစားကြည့်ကြဖို့ အကြံပေးပါရစေ။ ဇာတ်လမ်းကမဆန်းပါဘူး musical romance လေးပါပဲ။ ဒါပေမဲ့အချစ်ဆိုတဲ့အရာကိုက ဆန်းကြယ်နေခဲ့တာပါ။ အချစ်ကြောင့် အရာရာအဓိပ္ပာယ်ရှိသွားတယ်၊ အချစ်ကြောင့် အရာရာလှပနေခဲ့တယ်၊အချစ်ဇာတ်လမ်းလေးတစ်ပုဒ်မှာ နားဆင်ခံစားဖို့သီချင်းကောင်းလေးတွေအပြင် သီချင်းစာသားတွေရဲ့နှလုံးသားကို ခံစားလို့ရမယ်။ လူတိုင်းချစ်တတ်ကြမှာပါ၊ အချစ်မှာနောင်တတွေအမှားတွေရှိတယ်၊အချစ်မှာကြီးကျယ်ခမ်းနားခြင်းတွေ အားအင်တွေရှိတယ်၊ အဲတော့ဒီအချစ်ဇာတ်ကားလေးနဲ့အတူ အချစ်ကိုခံစားရင်း ကောင်မလေးရှိတဲ့သူတွေက ကောင်မလေးကိုရိုပြပါ၊ FA တွေကလည်း စိတ်ကူးယဉ်ရင်းမျက်ရည်ကျပါ၊ တစ်ခေတ်တစ်ခါရဲ့ Charles’Angle ဒရူးဘယ်ရီမိုးကတော့ သင်တို့အားလုံးအား အချစ်အဓိပ္ပာယ်ကိုဖွင့်ဆိုပြမှာမို့ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai ThureinLynn ဖြစ်ပါတယ်)

https://image.tmdb.org/t/p/original/6QXfrZWYS5cPlmNsIhpofW5R3ct.jpg Men of Plastic (2022) ⭐IMDB: 8.0/10 (31 Votes) 🎬 #Comedy #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 N/A ⏰ 1 နာရီ 52 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Men of Plastic (2022) မင်းသားကြီး မာဒုန်ဆော့ရဲ့ အရင်ဇာတ်ကားတွေနဲ့ မတူတဲ့ ပုံစံကွဲမျိုး ကြည့်ရှုခံစားရမှာပါ။ Drama Comedy အမျိုးအစားဖြစ်လို့ အခွီတွေလည်း ပါဝင်ပြီး ဇာတ်ကားလေးကလည်း တော်တော်ကို စိတ်ဝင်စားစရာ ကောင်းသလို မင်းသားကြီး မာဒုန်ဆော့ရဲ့ သရုပ်ဆောင်ပီပြင်မှုကြောင့်လည်း ဒီဇာတ်ကား ကြည့်ရှုရတာ တန်တယ်လို့ ခံစားကြရမှာ သေချာပါတယ်။ အဲ့ဒီအပြင် Hospital Playlist မင်းသားကြီး ဂျောင်းဂယောင်းဟို ကလည်း အဓိကဇာတ်ဆောင်အနေနဲ့ တွဲဖက် သရုပ်ဆောင်ထားတာမို့ လက်လွတ်မခံသင့်ဘူးနော်။ ဇာတ်လမ်းအကျဉ်း … ဒယ်ဂုဆိုတဲ့ လူတစ်ယောက်က ဂန်းနမ်မြို့ရဲ့ ချမ်းသာတဲ့ ရပ်ကွက်ဖြစ်တဲ့ အာ့ဂူဂျောင်းမှာ မွေးဖွား ကြီးပြင်းလာသူ တစ်ယောက်ဖြစ်ပြီး‌တော့ ပလတ်စတစ် ဆာဂျရီဆေးရုံနဲ့ အရေပြားအလှပြုပြင်ရေး ဆေးရုံတွေ ပေါများတဲ့ ဆိုလ်းတောင်ပိုင်းမှာ ပလတ်စတစ် ဆာဂျရီ လုပ်ငန်းကို စတင်ချင်တဲ့ စိတ်ကူးစိတ်သန်း ရှိနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။ တစ်နေ့မှာ သူက ပလတ်စတစ် ဆာဂျရီလောကမှာ အရည်အချင်းရှိတဲ့ ခွဲစိတ်ဆရာဝန် ဘတ်ဂျီဝူနဲ့ တွေ့ခဲ့ပေမဲ့ ကံဆိုင်းချင်တော့ ဘတ်ဂျီဝူက ဆေးကုသခွင့် လိုင်စင် ရုတ်သိမ်းခံထားရသူဖြစ်နေပါတယ်။ ဒါပေမဲ့လည်း အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ သူတို့ နှစ်ယောက်က ပူးပေါင်းပြီး အာ့ဂူဂျောင်းမှာ ပလတ်စတစ်ဆာဂျရီ လုပ်ငန်းကို အကျိုးတူ လုပ်ဆောင်ကြတဲ့အခါ … ဘယ်လို အလွဲလေးတွေဖြစ်မလဲ?အတုအယောင်တွေ လုပ်ဖို့ဖြစ်လာတဲ့အခါ ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ရမလဲ? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းကိုတော့Miriကရေးပေးထားပါတယ်။)

https://m.media-amazon.com/images/M/MV5BZDQzMTNjZGEtZjczNS00ZTBiLTljNzMtYzRmZTcwNjZhYTNiXkEyXkFqcGdeQXVyNTI5NjIyMw@@._V1_FMjpg_UX1000_.jpg She's Dating the Gangster (2014) ⭐IMDB: 7.0/10 (1 k Votes) 🎬 #Asian #Comedy #Drama #Romance 🗓️ 2014 🎞️ Movie 📺 720p HD 🌎 Philippines ⏰ 1 နာရီ 53 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 She is Dating the GangsterIMDb 7/10Romance and Drama “ကျွန်တော်သာ သင်္ဘောတစ်စင်းဆို သူမက ကျွန်တော်ရဲ့ကျောက်စူးလေးပါပဲ” လို့ပြောခဲ့တဲ့ ဒန်နီရယ်နဲ့သူအရမ်းချစ်ရတဲ့အမျိုးသမီးလေး ကတ်သရင်းတို့ကို လူတိုင်းသိကြမယ်ထင်ပါတယ်။နာမည်ကျော်ဖိလစ်ပိုင်အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ သူတို့အတွဲလေးဟာ ယခုဆိုရင် ရည်းစားသက်တမ်း ၁၀ နှစ်ကျော်ထဲကို ရောက်ရှိနေခဲ့ပြီဖြစ်ကာ အရှေ့တောင်အာရှကလူတိုင်းချစ်ခင်နှစ်သက်ကြတဲ့ နာမည်ကျော်အနုပညာရှင်စုံတွဲလေးဖြစ်ပါတယ်။ သူတို့စုံတွဲလေးဟာ အလွန်အောင်မြင်တဲ့ စီးရီးနဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို အတူတူတွဲရိုက်ကူးခဲ့ပြီးသရုပ်ဆောင်ကောင်းသလို အရိုခန်း အငိုခန်းတွေမှာ လိုက်ဖက်လွန်းတာကြောင့် လူကြိုက်များခဲ့ပါတယ်။ယခုတင်ဆက်ပေးသွားမှာကတော့ ၂၀၁၄ ခုနှစ်မှာထွက်ရှိခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ဒရမ်မာဇာတ်ကားလေး She’s Dating the Gangster ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…မိခင်ဆုံးပါးသွားတည်းက ဖခင်ဖြစ်သူကို စိတ်နာနေတဲ့ ကန်းနက်ဆိုတဲ့ကောင်လေးဟာသူ့မိခင်ရဲ့သေဆုံးမှုဟာ သူ့ဖခင်ရဲ့စနက်မကင်းဘူးလို့ထင်မြင်နေတာလည်းဖြစ်ပါတယ်။သူ့မိခင်နဲ့ဖခင်တို့ အတိတ်သမိုင်းကြောင်းကို သိချင်လို့ပြန်လည်တူးဖော်ရင်းဘယ်လိုအခြေအနေမျိုး၊ ဘယ်လိုအကြောင်းအရာမျိုးတွေ သိရှိလာမယ်၊သူ့အဖေက ဘာလို့ရယ်ရယ်ပြုံးပြုံးမရှိတော့တာလဲဆိုတာရယ်၊ဘာကြောင့် သူ့အမေဆုံးပါးသွားရတာတွေကို သူ့အဖေကြောင့်လို့ သူထင်နေလဲ၊သူ့အဖေကရော ဘာတွေမှားခဲ့တာလဲဆိုတာကိုဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းလေးနဲ့ ငြိမ့်ငြိမ့်လေးကြည့်ရှုရမယ့် ဖိလစ်ပိုင်အချစ်ဒရမ်မာဇာတ်လမ်းလေးဖြစ်ပါတယ်။ Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင်https://t.me/Myname2021hakak/42မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။

https://m.media-amazon.com/images/M/MV5BNDY5MTQwODI3OV5BMl5BanBnXkFtZTcwODM2MjEzMw@@._V1_FMjpg_UX1000_.jpg Music and Lyrics (2007) ⭐IMDB: 6.5/10 (104 k Votes) 🎬 #Comedy #Music #Romance 🗓️ 2007 🎞️ Movie 📺 720p HD 🌎 United States ⏰ 1 နာရီ 45 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Music and Lyrics (2007)==================IMDb Rating – 6.5/10 ဒီဇာတ်ကားကိုမကြည့်ခင် YouTube Spotify Apple musicစတဲ့ပလက်ဖောင်းတွေမှာ Way back into love ဆိုတဲ့ သီချင်းကို နားဆင်ခံစားကြည့်လိုက်ပါ၊ တကယ်လို့ အဲ့သီချင်းကိုမကြိုက်ခဲ့ရင်လည်း ဇာတ်ကားကိုတော့ ဆက်ကြည့်လိုက်ပါ။ နားထောင်ရတာကြိုက်ခဲ့ရင်တော့ စီးကရက်တစ်လိပ်နဲ့ ကော်ဖီတစ်ခွက်ယူပြီးဆက်ခံစားကြည့်ကြဖို့ အကြံပေးပါရစေ။ ဇာတ်လမ်းကမဆန်းပါဘူး musical romance လေးပါပဲ။ ဒါပေမဲ့အချစ်ဆိုတဲ့အရာကိုက ဆန်းကြယ်နေခဲ့တာပါ။ အချစ်ကြောင့် အရာရာအဓိပ္ပာယ်ရှိသွားတယ်၊ အချစ်ကြောင့် အရာရာလှပနေခဲ့တယ်၊အချစ်ဇာတ်လမ်းလေးတစ်ပုဒ်မှာ နားဆင်ခံစားဖို့သီချင်းကောင်းလေးတွေအပြင် သီချင်းစာသားတွေရဲ့နှလုံးသားကို ခံစားလို့ရမယ်။ လူတိုင်းချစ်တတ်ကြမှာပါ၊ အချစ်မှာနောင်တတွေအမှားတွေရှိတယ်၊အချစ်မှာကြီးကျယ်ခမ်းနားခြင်းတွေ အားအင်တွေရှိတယ်၊ အဲတော့ဒီအချစ်ဇာတ်ကားလေးနဲ့အတူ အချစ်ကိုခံစားရင်း ကောင်မလေးရှိတဲ့သူတွေက ကောင်မလေးကိုရိုပြပါ၊ FA တွေကလည်း စိတ်ကူးယဉ်ရင်းမျက်ရည်ကျပါ၊ တစ်ခေတ်တစ်ခါရဲ့ Charles’Angle ဒရူးဘယ်ရီမိုးကတော့ သင်တို့အားလုံးအား အချစ်အဓိပ္ပာယ်ကိုဖွင့်ဆိုပြမှာမို့ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai ThureinLynn ဖြစ်ပါတယ်)

https://image.tmdb.org/t/p/original/j2jIkjrASnjtwCmCNDwh9LDWvq9.jpg Delirium (2018) ⭐IMDB: 5.7/10 (8 k Votes) 🎬 #Horror #Thriller 🗓️ 2018 🎞️ Movie 📺 1080p FHD 🌎 United States ⏰ 1 နာရီ 37 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Delirium(2018) =============== ဒီတစ်ခါမှာ ပရိသတ်ကြီးတို့ကို မိတ်ဆက်ပေးချင်တာကတော့ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Delirium ဆိုတဲ့ဇာတ်ကားလေးပါ။ ပြသချိန် ၁ နာရီခွဲဝန်းကျင် ကြာပြီးတော့ Horror, Thriller အမျိုးအစား ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အနေနဲ့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် Tom Walker က စိတ်ရောဂါကုဆေးရုံမှာ နှစ် ၂၀ ကုန်ဆုံးပြီးနောက်မှာ လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ရက် ၃၀ အကျယ်ချုပ်နေပြီးမှ ပုံမှန်လူတစ်ယောက်လို သွားလာခွင့်ရမှာပါ။ အဲဒီတော့ သူဟာ သူ့မိဘတွေ ချန်ခဲ့တဲ့ အိမ်ကြီးမှာ တစ်ယောက်ထဲ နေရဖို့ အကြောင်းဖန်လာပါ တော့တယ်။ အမေနဲ့ အဖေက သူတို့ငယ်ငယ်ကတည်းက ကွဲသွားကြတာ ဖြစ်ပြီးတော့ အဖေဖြစ်သူက သူမလွတ်လာခက် ရက်ပိုင်းအလိုမှာ ကိုယ့်ကိုယ့်ကိုယ်သတ်သေသွားတာ ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ Alex ကလည်း ထောင်ကနေ လွတ်မလာသေးပါဘူး။ အိမ်အကြီးကြီးထဲမှာ တစ်ယောက်ထဲနေရတဲ့ Tom ဟာ အိမ်ထဲကနေ အသံတွေကြားရတာတွေ၊ ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုတွေကို ကြုံတွေ့လာရပါတော့တယ်။ မိန်းကလေးတစ်ယောက် ရေနစ်နေတာကိုလည်း မြင်မြင်နေရပါသေးတယ်။ တစ်နေ့မှာတော့ Tom ဟာ မုန့်စားချင်လို့ ဈေးဆိုင်ကနေ မုန့်မှာရင်း မုန့်လာပို့တဲ့ Lynn ဆိုတဲ့ ကောင်မလေးကို သဘောကျသွားခဲ့ပါတယ်။ ဒါပေမဲ့ ကောင်မလေးကို ဖွင့်ပြောဖို့ ကြိုးစားနေချိန်မှာပဲ ထောင်ထဲမှာရှိနေရမယ့် သူ့အစ်ကို Alex ကို အိမ်ထဲမှာ စပြီး မြင်ရတော့တာပါပဲ။ Tom ကြုံနေရတာတွေ အကုန်လုံးက သူအရင်က ကြုံတွေ့ခဲ့ရတဲ့ ထရော်မာတွေကြောင့် စိတ်ထင်ယောင်ထင်မှား ဖြစ်တာလား ဒါမှမဟုတ် အိမ်ကြီးက တကယ်ပဲခြောက်လှန့်နေတာလား။ သူ့အနေနဲ့ Lynn ဆိုတဲ့ ကောင်မလေးနဲ့ အဆင်ပြေသွားနိုင်ပါ့မလား၊ ရက် ၃၀ အကျယ်ချုပ်ကိုလည်း အေးအေးဆေးဆေး ပြီးမြောက်သွားနိုင်မလားဆိုတာကိုတော့ Delirium ဆိုတဲ့ ဒီဇာတ်ကားထဲမှာပဲ ရင်တလှပ်လှပ်နဲ့ ကြည့်ရှုလိုက်ကြပါနော်။

https://m.media-amazon.com/images/M/MV5BNzZjZDgxNDctNjcwZi00YTUyLTkzOTctYzgxNWFjZTA4MGI4XkEyXkFqcGdeQXVyOTQ1ODc0MDE@._V1_FMjpg_UX1000_.jpg Holly and the Hot Chocolate (2022) ⭐IMDB: 6.3/10 (139 Votes) 🎬 #Drama #Family 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 N/A ⏰ 1 နာရီ 07 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Holly and the Hot Chocolate (2022)==========================IMDb Rating – 6.3/10 ဒီဇာတ်ကားလေးကတော့ မင်းသား Ryan Farrel နဲ့ မင်းသမီးHanna Gaffney တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ် Fancyဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ခရစ္စမတ်ကို နောက်ခံထားရိုက်ကူးထားတဲ့ကားလေးဖြစ်လို့ ပွဲတော်အကြောင်းတွေ၊ပျော်စရာလေးတွေကိုတော့ ပေါပေါသီသီကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာဇာတ်လမ်းလေးတွေကြည့်ချင်တဲ့သူတွေအတွက်ကတော့ တော်တော်လေး သင့်တော်မယ်လို့ထင်ပါတယ်။ ဒီဇာတ်ကားလေးထဲမှာကတော့ ပိုင်းဖောဆိုတဲ့ ပွဲတော်တွေကို အရမ်းခုံမင်ကြတဲ့ မြို့ငယ်လေးတစ်မြို့ကို စတင်ဖော်ပြထားပါတယ်။ မိန်းမဆုံးပါးသွားပြီးကတည်းက ခရစ္စမတ်ဆိုရင် လှည့်တောင်မကြည့်ချင်တော့တဲ့အပြင်၊ တစ်မြို့လုံးက အရမ်းကြိုက်နှစ်သက်ကြတဲ့ HotChocolate ကိုတောင် လုံးဝမထိတွေ့တော့တဲ့ ရူဒီနဲ့ တစ်ဖက်မှာလည်းခရစ္စမတ်ဆိုရင် အရမ်းကိုပျော်တဲ့ဟော်လီတို့ နှစ်ယောက်ကြားက အချစ်ကိုရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဟော်လီက သူ(မ)ရဲ့ရည်းစားနေထိုင်ရာ ဘော်စတွန်ကိုအသွား လမ်းမှာကားမတော်တဆမှူဖြစ်ပြီး ရူဒီတို့မြို့လေးမှာသောင်တင်နေခဲ့ရာကနေစလို့သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုစောင့်မျှော်ရှုစားလိုက်ကြပါဦးခင်ဗျာ………. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Lwin Bo ဖြစ်ပါတယ်)

https://m.media-amazon.com/images/M/MV5BMTM2NjE5NTYzMl5BMl5BanBnXkFtZTcwNzc3OTMyMg@@._V1_FMjpg_UX1000_.jpg Push (2009) ⭐IMDB: 6.1/10 (112 k Votes) 🎬 #Mystery 🗓️ 2009 🎞️ Movie 📺 720p HD 🌎 United States, Canada ⏰ 1 နာရီ 51 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒုတိယ ကမာၻစစ်အတွင်းမှာ နာဇီစစ်တပ်ဟာ သူတို့စစ်သားတွေရဲ့စွမ်းရည် မြင့်မားလာအောင် ဆေးဖော်စပ်ဖို ့အတွက် မွေးရာပါ စွမ်းအားရှိသူ တွေကို ဖမ်းဆီးပြီး သုတသန လုပ်ခဲ့ပါတယ်။အဲ့ဒီ့သုတေသနကြောင့် စွမ်းအားရှိသူတွေ အများအပြားသေဆုံးခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး စစ်ကြီးပြီးသွားတဲ့အခါမှာတော့ အမေရိကန်လျှူိ ့ဝှက်အဖွဲ့ ့အစည်းတစ်ခုဖြစ်တဲ့ Division လို ့ခေါ ္တဲ့အဖွဲ ့က ထိုသုတေသနကိုဆက်လက်ဆောင်ရွက်ခဲ့ပြီး Kira လို့ခေါ ္တဲ့ ကောင်မလေးတစ်ယောက်က မသေဘဲ စမ်းသပ်ချက်အောင်မြင်ခဲ့ပေမယ့် ထွက်ပြေးလွတ်မြှောက်သွားတဲ့အခါမှာတော့ . . . .

https://m.media-amazon.com/images/M/MV5BMDliNGY1ZWEtYzcwZC00Yjc3LWJjNWQtMmM1NGNiODY5NjkxXkEyXkFqcGdeQXVyMTIyNjQ1OTMy._V1_FMjpg_UX1000_.jpg War of the God Monsters (1985) ⭐IMDB: 4.2/10 (75 Votes) 🎬 #Sci-Fi 🗓️ 1985 🎞️ Movie 📺 1080p FHD 🌎 South Korea ⏰ 1 နာရီ 27 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒေါက်တာဂင်ဆိုတဲ့လူတစ်ယောက်ဟာ ကမ္ဘာဦးခေတ် ဒိုင်နိုဆောတွေ ပြန်ရှင်လာပြီလို့ ကြေညာချက်ထုတ်ပြန်ပြီးတော့ ပျောက်ကွယ်သွားတဲ့လူပါ။ လူတွေကတော့ ဒီထုတ်ပြန်ချက်ကိုရော သူ့ကိုရော ရူးနေတယ်လို့ပဲ ထင်ခဲ့ကြပါတယ်။ သို့သော်လည်း သတင်းစာတိုက်တစ်ခုဟာ ဒီအကြောင်းကို လိုက်ဖို့အတွက် မိန်းမလှလေးတစ်ယောက်ကို တာဝန်ပေးခဲ့ပါတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သတင်းရအောင်ယူခဲ့ဖို့လိုတဲ့မိန်းမလှလေးဟာ ဘယ်လိုအကြံတွေထုတ်မလဲ..။ သူတို့တွေ ဘာတွေ ကြုံရလိမ့်ဦးမလဲ..။ ၁၉၈၅ ခုနှစ်က ထွက်ခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အလျှောက် ဇာတ်လမ်းကြောင်းက အတော်လေးကောင်းမွန်နေပြီးတော့ CGI တွေတော့ အတော်လေး အားနည်းနေခဲ့ပါတယ်။ သို့သော်ငြား ပြန်ကြည့်ရင်တော့ လွမ်းစရာပါပဲ။ ငယ်ငယ်တုန်းက ဒီလိုပဲ ကြည့်ရတာကိုး။ ပြောခဲ့တဲ့အတိုင်း CGI တွေ အားနည်းပေမဲ့လည်း ဒိုင်နိုဆောချစ်သူတွေ သဘောကျလိမ့်မယ့်ဇာတ်ကားတစ်ကားပါပဲ။ ဘာကြောင့်လဲဆို…၊ ဇာတ်လမ်းကြောင်း.. ကောင်းတယ်…။ ရသအမျိုးအစား…. စုံတယ်..။ အဲဒီခေတ်အခါက ကြမ်းသင့်သလောက် ကြမ်းခဲ့တဲ့ ဒိုင်နိုဆောတွေကို ကြည့်ပြီးတော့လည်း စိတ်ကျေနပ်ရမယ်။ ဟိုးအရင်ကြာခဲ့ပြီဖြစ်တဲ့ ရုပ်ရှင်တစ်ကားဆိုတော့ လူတိုင်း ကြိုက်ပါလိမ့်ဦးမလားမသိဘူး။ ဒါပေမဲ့လည်း တချို့လူတွေအတွက်ကတော့ ဒီလိုအရည်အသွေးကောင်းတဲ့အဟောင်းတွေ ပြန်ကြည့်ရတာကိုက အရသာပဲကိုး။ အရင်ခေတ်က ရုပ်ရှင်တစ်ကားဆိုပေမဲ့လည်း အရင်လို မှုန်ဝါးဝါးဖြစ်မနေအောင် CM team က Quality ကောင်းကောင်းနဲ့ တင်ဆက်ပေးထားတာမို့ ကြည့်ကြည့်ကြပါဦး။

https://image.tmdb.org/t/p/original/bSuZ0DaLbXy4Tm0CYgL9SUiQIo0.jpg Love Summer (2011) ⭐IMDB: 6.1/10 (85 Votes) 🎬 #Comedy 🗓️ 2011 🎞️ Movie 📺 1080p FHD 🌎 Thailand ⏰ 1 နာရီ 41 မိနစ် 01 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Love Summer (2011) ================= ဒီတစ်ခါမှာတော့ ထိုင်းကားလေးတွေကြိုက်တတ်တဲ့ သူတွေအတွက် ထိုင်းဟာသကားလေးလာပါပြီနော် ခရီးသွားဖို့စီစဉ်တိုင်း သူငယ်ချင်းတွေ ညှိမရတာနဲ့ မသွားဖြစ်ကြတော့တာမျိုးတွေများတယ်မလား? ဒီကားထဲမှာတော့ သူငယ်ချင်းတွေစုပြီးခရီးထွက်ကြ တာမဟုတ်ဘဲ ခရီးထွက်ရင်း မထင်မှတ်ဘဲ လမ်းမှာဆုံကြတဲ့ သူတို့တွေ သူငယ်ချင်းဖြစ်သွားတဲ့အကြောင်းရိုက်ကူး ထားတာပဲဖြစ်ပါတယ်… ကောင်လေးသုံးယောက် ဘန်ကောက်ကနေပြီး ထိုင်းနိုင်ငံရဲ့နာမည်ကြီးကျွန်းတစ်ခုဖြစ်တဲ့ ဖူးခက်ကိုခရီး ထွက်လာကြပါတယ် လမ်းမှာနောက်ထပ် သူစိမ်းကောင်မလေးနှစ်ယောက်နဲ့အမှတ်မထင်ဆုံမိပြီး ဖူးခက်ကိုအတူခရီးနှင်ကြတဲ့ လမ်းတစ်လျှောက်မှာ …. ကားပျက်လို့ကြုံတွေ့ရတဲ့နောက်ဆက်တွဲတွေ…. ကြိုသိမထားတဲ့အရာတွေဖြစ်လာတဲ့အခါ ရင်ဆိုင်ရတာတွေ၊ သူတို့ကြားကဆက်ဆံရေးတွေကို အခွီတစ်လိုင်းနဲ့ ရယ်နေရမယ့်ကားလေးမို့ထိုင်းဟာသကားကြိုက်တတ်တဲ့ CM ပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်

https://image.tmdb.org/t/p/original/6QXfrZWYS5cPlmNsIhpofW5R3ct.jpg Men of Plastic (2022) ⭐IMDB: 8.0/10 (31 Votes) 🎬 #Comedy #Drama 🗓️ 2022 🎞️ Movie 📺 720p HD 🌎 N/A ⏰ 1 နာရီ 52 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Men of Plastic (2022) မင်းသားကြီး မာဒုန်ဆော့ရဲ့ အရင်ဇာတ်ကားတွေနဲ့ မတူတဲ့ ပုံစံကွဲမျိုး ကြည့်ရှုခံစားရမှာပါ။ Drama Comedy အမျိုးအစားဖြစ်လို့ အခွီတွေလည်း ပါဝင်ပြီး ဇာတ်ကားလေးကလည်း တော်တော်ကို စိတ်ဝင်စားစရာ ကောင်းသလို မင်းသားကြီး မာဒုန်ဆော့ရဲ့ သရုပ်ဆောင်ပီပြင်မှုကြောင့်လည်း ဒီဇာတ်ကား ကြည့်ရှုရတာ တန်တယ်လို့ ခံစားကြရမှာ သေချာပါတယ်။ အဲ့ဒီအပြင် Hospital Playlist မင်းသားကြီး ဂျောင်းဂယောင်းဟို ကလည်း အဓိကဇာတ်ဆောင်အနေနဲ့ တွဲဖက် သရုပ်ဆောင်ထားတာမို့ လက်လွတ်မခံသင့်ဘူးနော်။ ဇာတ်လမ်းအကျဉ်း … ဒယ်ဂုဆိုတဲ့ လူတစ်ယောက်က ဂန်းနမ်မြို့ရဲ့ ချမ်းသာတဲ့ ရပ်ကွက်ဖြစ်တဲ့ အာ့ဂူဂျောင်းမှာ မွေးဖွား ကြီးပြင်းလာသူ တစ်ယောက်ဖြစ်ပြီး‌တော့ ပလတ်စတစ် ဆာဂျရီဆေးရုံနဲ့ အရေပြားအလှပြုပြင်ရေး ဆေးရုံတွေ ပေါများတဲ့ ဆိုလ်းတောင်ပိုင်းမှာ ပလတ်စတစ် ဆာဂျရီ လုပ်ငန်းကို စတင်ချင်တဲ့ စိတ်ကူးစိတ်သန်း ရှိနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။ တစ်နေ့မှာ သူက ပလတ်စတစ် ဆာဂျရီလောကမှာ အရည်အချင်းရှိတဲ့ ခွဲစိတ်ဆရာဝန် ဘတ်ဂျီဝူနဲ့ တွေ့ခဲ့ပေမဲ့ ကံဆိုင်းချင်တော့ ဘတ်ဂျီဝူက ဆေးကုသခွင့် လိုင်စင် ရုတ်သိမ်းခံထားရသူဖြစ်နေပါတယ်။ ဒါပေမဲ့လည်း အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ သူတို့ နှစ်ယောက်က ပူးပေါင်းပြီး အာ့ဂူဂျောင်းမှာ ပလတ်စတစ်ဆာဂျရီ လုပ်ငန်းကို အကျိုးတူ လုပ်ဆောင်ကြတဲ့အခါ … ဘယ်လို အလွဲလေးတွေဖြစ်မလဲ?အတုအယောင်တွေ လုပ်ဖို့ဖြစ်လာတဲ့အခါ ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ရမလဲ? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းကိုတော့Miriကရေးပေးထားပါတယ်။)

https://image.tmdb.org/t/p/original/bSuZ0DaLbXy4Tm0CYgL9SUiQIo0.jpg Love Summer (2011) ⭐IMDB: 6.1/10 (85 Votes) 🎬 #Comedy 🗓️ 2011 🎞️ Movie 📺 720p HD 🌎 Thailand ⏰ 1 နာရီ 41 မိနစ် 01 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Love Summer (2011) ================= ဒီတစ်ခါမှာတော့ ထိုင်းကားလေးတွေကြိုက်တတ်တဲ့ သူတွေအတွက် ထိုင်းဟာသကားလေးလာပါပြီနော် ခရီးသွားဖို့စီစဉ်တိုင်း သူငယ်ချင်းတွေ ညှိမရတာနဲ့ မသွားဖြစ်ကြတော့တာမျိုးတွေများတယ်မလား? ဒီကားထဲမှာတော့ သူငယ်ချင်းတွေစုပြီးခရီးထွက်ကြ တာမဟုတ်ဘဲ ခရီးထွက်ရင်း မထင်မှတ်ဘဲ လမ်းမှာဆုံကြတဲ့ သူတို့တွေ သူငယ်ချင်းဖြစ်သွားတဲ့အကြောင်းရိုက်ကူး ထားတာပဲဖြစ်ပါတယ်… ကောင်လေးသုံးယောက် ဘန်ကောက်ကနေပြီး ထိုင်းနိုင်ငံရဲ့နာမည်ကြီးကျွန်းတစ်ခုဖြစ်တဲ့ ဖူးခက်ကိုခရီး ထွက်လာကြပါတယ် လမ်းမှာနောက်ထပ် သူစိမ်းကောင်မလေးနှစ်ယောက်နဲ့အမှတ်မထင်ဆုံမိပြီး ဖူးခက်ကိုအတူခရီးနှင်ကြတဲ့ လမ်းတစ်လျှောက်မှာ …. ကားပျက်လို့ကြုံတွေ့ရတဲ့နောက်ဆက်တွဲတွေ…. ကြိုသိမထားတဲ့အရာတွေဖြစ်လာတဲ့အခါ ရင်ဆိုင်ရတာတွေ၊ သူတို့ကြားကဆက်ဆံရေးတွေကို အခွီတစ်လိုင်းနဲ့ ရယ်နေရမယ့်ကားလေးမို့ထိုင်းဟာသကားကြိုက်တတ်တဲ့ CM ပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်

https://m.media-amazon.com/images/M/MV5BNjY2Mzc0MDA4NV5BMl5BanBnXkFtZTcwOTg5OTcxNw@@._V1_FMjpg_UX1000_.jpg Abraham Lincoln: Vampire Hunter (2012) ⭐IMDB: 5.9/10 (157 k Votes) 🎬 #Action #Fantasy #Horror 🗓️ 2012 🎞️ Movie 📺 1080p FHD 🌎 United States, Russia ⏰ 1 နာရီ 46 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Abraham-Lincoln-Vampire-Hunter(2012) ================================== အမေရိကကို ပြင်ပကနေ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး။ကျုုုပ်တို့အင်အားချိနဲ့ပြီး လွတ်လပ်မှုတွေ ဆုံးရှူံးရပြီဆိုရင် ဒါဟာကျုပ်တို့ကိုယ်တိုင် ဖျက်ဆီးပစ် တာကြောင့်ပဲ ဖြစ်လိမ့်မယ်။(အေဘရာဟမ်လင်ကွန်း) သမ္မတလင်ကွန်း ဆိုခဲ့သလို စစ်ရေး၊ စီးပွားရေး မဟာအင်အားကြီးစူပါပါဝါအမေရိကကို ပြင်ပကမ္ဘာက ဖျက်ဆီးနိုင်ဖို့၊ ရန်သတ္တရုပြုဖို့ဆိုတာ မလွယ်လှသလို၊ ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ကြုံတွေ့ရမှာ မြေကြီးလက်ခတ်မလွဲပါပဲ။ ‘သွေးထွက်သံယိုမှုမရှိဘဲ နိုင်ငံတစ်ခုကို မတည်ဆောက်နိုင်’ ဆိုတဲ့အတိုင်း လင်ကွန်းကိုယ်တိုင်ထိတ်လန့်ခြောက်ခြားဖွယ်ရာ သွေးသံရဲရဲ အနိဌာရုံတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကို ရှောင်လွှဲမရစွာ လုပ်ဆောင်ခဲ့ရတာလည်း ရှိလေရဲ့။ လင်ကွန်းရဲ့ ကျော်ကြားလှတဲ့ အထက်ပါစကားရပ်လို အမေရိကကိုအပြီးတိုင် ဖျက်ဆီးပစ်မယ့် ရန်သူဟာ နိုင်ငံအတွင်းမှာ တကယ်ကိုရှိနေခဲ့ပါပြီ။ အေဘရာဟမ်လင်ကွန်း လို့ဆိုလိုက်တာနဲ့အမေရိကရဲ့ ၁၆ ယောက်မြောက်သမ္မတ၊ ငွေဝယ်ကျွန်စနစ် ပပျောက်ရေး ကြိုးပမ်းသူစတဲ့ သမိုင်းအချက်အလက် တွေကိုသာ သတိရကြစမြဲပါ။ လင်ကွန်းနဲ့ပတ်သက်ပြီး အလွန်အရေးကြီးလှသည့်တိုင် သမိုင်းမတွင်တဲ့ အကြောင်းခြင်းရာတစ်ခုကတော့ အင်မတန် လူသိနည်း လှပါတယ်။ အဲဒါကတော့လင်ကွန်းဟာ နေ့ဘက်မှာ တိုင်းပြည်ကို သမ္မတအဖြစ် စီမံအုပ်ချုပ်ပြီး၊အကာလ ညအခါမှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံသုတ်သင် ချေမှုန်းသူတစ်ဦး ဆိုတာပါပဲ။ ဒီသမိုင်းဖြစ်ရပ်တွေကို ဆက်သ်ဂရေဟမ်စမစ်သ် က လေ့လာဖော်ထုတ် ဇာတ်ညွှန်းခွဲပြီး၊ ဒါရိုက်တာ ဘက်ခ်မမ်ဘီတော့ဗ် က ရိုက်ကူးတင်ပြလိုက်တဲ့အခါ -Abraham Lincoln: Vampire Hunter ဆိုပြီး ဖြစ်လာပါတယ်။ ခေါင်းဆောင်မင်းသား ဘင်ဂျမင်ဝေါ်ကာရဲ့အထူးပီ ပြင်လှတဲ့ အင်ပြည့်အားပြည့် သရုပ်ဆောင်ချက်တွေ၊ သွေးပျက်ခြောက်ခြားစရာ တိုက်ခိုက်ခန်းတွေ၊ အန်ထော်နီမက်ကီ၊ ဒေါမနစ်ကူးပါး စတဲ့ ဇာတ်ပို့ကောင်းတွေ၊ မင်းသမီးချော မယ်ရီအဲလီဇဘက်သ်ဝင်းစတက်ဒ် ရဲ့ အားဖြည့်မှုတွေနဲ့ဇာတ်ကားကောင်းတစ်ကားလို့ ဆိုနိုင်ပါတယ်။ ၂၀၁၂ က ထွက်တဲ့ ဒီဇာတ်ကားကို ထိတ်လန့်သဲဖိုအက်ခ်ရှင်ကားအဖြစ်သာ ကြည့်ဖို့တော့ အကြံပြုချင်ပါတယ်။ စတီဗင်စပီးလ်ဘာ့ဂ် ရိုက်ကူးပြီး၊ ဒန်နီယယ်လ်ဒေးလူးဝစ္စ အော်စကာဆုရခဲ့တဲ့Lincoln နဲ့နှိုင်းယှဉ်မကြည့်ဘဲ၊ ပေါ့ပေါ့ပါးပါး action&horror ကားအဖြစ် ကြည့်မယ်ဆိုရင် Abraham Lincoln: Vampire Hunter ဟာ ကြည့်ပျော်ရုံအဆင့်ထက် များစွာသာလွန်ကြောင်းပါ။

https://m.media-amazon.com/images/M/MV5BMDliNGY1ZWEtYzcwZC00Yjc3LWJjNWQtMmM1NGNiODY5NjkxXkEyXkFqcGdeQXVyMTIyNjQ1OTMy._V1_FMjpg_UX1000_.jpg War of the God Monsters (1985) ⭐IMDB: 4.2/10 (75 Votes) 🎬 #Sci-Fi 🗓️ 1985 🎞️ Movie 📺 720p HD 🌎 South Korea ⏰ 1 နာရီ 27 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒေါက်တာဂင်ဆိုတဲ့လူတစ်ယောက်ဟာ ကမ္ဘာဦးခေတ် ဒိုင်နိုဆောတွေ ပြန်ရှင်လာပြီလို့ ကြေညာချက်ထုတ်ပြန်ပြီးတော့ ပျောက်ကွယ်သွားတဲ့လူပါ။ လူတွေကတော့ ဒီထုတ်ပြန်ချက်ကိုရော သူ့ကိုရော ရူးနေတယ်လို့ပဲ ထင်ခဲ့ကြပါတယ်။ သို့သော်လည်း သတင်းစာတိုက်တစ်ခုဟာ ဒီအကြောင်းကို လိုက်ဖို့အတွက် မိန်းမလှလေးတစ်ယောက်ကို တာဝန်ပေးခဲ့ပါတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သတင်းရအောင်ယူခဲ့ဖို့လိုတဲ့မိန်းမလှလေးဟာ ဘယ်လိုအကြံတွေထုတ်မလဲ..။ သူတို့တွေ ဘာတွေ ကြုံရလိမ့်ဦးမလဲ..။ ၁၉၈၅ ခုနှစ်က ထွက်ခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်တဲ့အလျှောက် ဇာတ်လမ်းကြောင်းက အတော်လေးကောင်းမွန်နေပြီးတော့ CGI တွေတော့ အတော်လေး အားနည်းနေခဲ့ပါတယ်။ သို့သော်ငြား ပြန်ကြည့်ရင်တော့ လွမ်းစရာပါပဲ။ ငယ်ငယ်တုန်းက ဒီလိုပဲ ကြည့်ရတာကိုး။ ပြောခဲ့တဲ့အတိုင်း CGI တွေ အားနည်းပေမဲ့လည်း ဒိုင်နိုဆောချစ်သူတွေ သဘောကျလိမ့်မယ့်ဇာတ်ကားတစ်ကားပါပဲ။ ဘာကြောင့်လဲဆို…၊ ဇာတ်လမ်းကြောင်း.. ကောင်းတယ်…။ ရသအမျိုးအစား…. စုံတယ်..။ အဲဒီခေတ်အခါက ကြမ်းသင့်သလောက် ကြမ်းခဲ့တဲ့ ဒိုင်နိုဆောတွေကို ကြည့်ပြီးတော့လည်း စိတ်ကျေနပ်ရမယ်။ ဟိုးအရင်ကြာခဲ့ပြီဖြစ်တဲ့ ရုပ်ရှင်တစ်ကားဆိုတော့ လူတိုင်း ကြိုက်ပါလိမ့်ဦးမလားမသိဘူး။ ဒါပေမဲ့လည်း တချို့လူတွေအတွက်ကတော့ ဒီလိုအရည်အသွေးကောင်းတဲ့အဟောင်းတွေ ပြန်ကြည့်ရတာကိုက အရသာပဲကိုး။ အရင်ခေတ်က ရုပ်ရှင်တစ်ကားဆိုပေမဲ့လည်း အရင်လို မှုန်ဝါးဝါးဖြစ်မနေအောင် CM team က Quality ကောင်းကောင်းနဲ့ တင်ဆက်ပေးထားတာမို့ ကြည့်ကြည့်ကြပါဦး။

https://m.media-amazon.com/images/M/MV5BZTQ2NWUzMzktYjAzOS00MjBlLWFmYTgtZWJiNjNkZmYzZWM3XkEyXkFqcGdeQXVyODE5NzE3OTE@._V1_FMjpg_UX1000_.jpg Double XL (2022) ⭐IMDB: 5.8/10 (3 k Votes) 🎬 #Bollywood #Country #Drama 🗓️ 2022 🎞️ Movie 📺 720p HD 🌎 India ⏰ 2 နာရီ 06 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Double XL (2022)Comedy, DramaIMDb 5.8/10 (2.6K) အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားလေးကတော့ netflix movieဖြစ်တဲ့အပြင် မင်းသမီး ဆိုနခ်ရှီးဆင်ဟားနဲ့မင်းသမီး ဟူမာကူရေရှီးတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Body Shaming နဲ့ ပတ်သက်တဲ့ပညာပေးဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်နော်။ ဒီဇာတ်ကားမှာ တစ်ယောက်က ဒေလီမြို့မှာအားကစားအစီအစဉ်တင်ဆက်သူဖြစ်ချင်နေတဲ့ ဖက်တီးမလေး ရာဂျ်ရှရီ…။ နောက်တစ်ယောက်ကတော့ ဒေလီမြို့မှာနေပြီး သူ့ဒီဇိုင်းတွေ နိုင်ငံတကာကိုထိုးဖောက်သွားအောင်ခရီးသွားဖက်ရှင်ဗီဒီယိုလေး တင်ဆက်ချင်နေတဲ့ ဖက်တီးမလေး ဆိုင်ရား…။ ရာဂျ်ရှရီဟာ အင်တာဗျူးဖြေရမှာကိုစောင့်နေခဲ့ပြီး ဆိုင်ရားကတော့ ဘတ်ဂျက်ရန်ပုံငွေထုတ်ပေးမှာကိုစောင့်နေခဲ့ပါတယ်။ ရှေ့ဆက်ပြီး သူတို့နှစ်ယောက် တွေ့ကြုံရမယ့် ဘဝခရီးကြမ်းတွေနဲ့ လူတွေရဲ့ကဲ့ရဲ့ထိုးနှက်ချက်တွေကိုခံနိုင်ရည်ရှိနိုင်ပါ့မလား…။ သူတို့နှစ်ယောက်စလုံးရဲ့ စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖေါ်နိုင်ပါ့မလား…။ ဆိုတာကိုတော့ လောကကြီးအန်တုပြီး ရင်ဆိုင်မယ့် သူတို့နှစ်ယောက်ရဲ့စွမ်းဆောင်ချက်တွေမှာဆက်လက်ပြီး မြင်တွေ့ရဦးမှာဖြစ်ပါတယ်နော်။ ဆိုတေးလို အစားလေးလျှော့ဖက်တီးမ နင်ဒီ့ထက်ဝရင်ကြည့်မလှဆိုတာကလည်းတကယ်မဟုတ်ပါဘူးနော်။ ဝမှလှနေတဲ့ ကစ်ကစ်ကိတ်ကိတ်လေးတွေရှိနေတာကိုလည်း သတိချပ်စေချင်ပါတယ်။ ကိုယ့်ဖြစ်တည်မှုကို ရှိရင်းစွဲအတိုင်းလက်ခံပြီးကိုယ့်ဘဝကို ကိုယ့်သဘော ကိုယ့်ဆန္ဒနဲ့ ကိုယ်ကိုယ်တိုင်လျှောက်လှမ်းကြပါလို့ တိုက်တွန်းပေးလိုက်ပါတယ်။

https://image.tmdb.org/t/p/original/cpFf6LRdlOCrmWgEhilCicD2j6d.jpg An Affair to Forget (2022) ⭐IMDB: ⁉️ 🎬 #Adult #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 United States ⏰ 1 နာရီ 36 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 An Affair to Forget (2022) ရိုဝမ်နာရာမိုစ်ဟာ ဂုဏ်သတင်းကြီးနိုင်ငံကျော် အိမ်ထောင်ရေးရှေ့နေတစ်ဦးဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာရော လူမှုရေးအသိုင်းအဝိုင်းမှာပါ ရိုသေလေးစားခံရပေမယ့် သူ့အိမ်တွင်းမှာတော့ ခင်ပွန်းသည်ကခပ်ခွာခွာဆက်ဆံသလို တစ်ဦးတည်းသောသားဖြစ်သူ ချားစ်ကလဲ ခပ်တန်းတန်း ဖြစ်နေပါတယ်။ ဒီထက်ပိုဆိုးတာက သူ့ခင်ပွန်းသည်ပန်းချီဆရာဟာ လတ်တလော စတူဒီယိုထဲမှာပဲနေထိုင်ရင်း ပန်းချီပြပွဲတစ်ခုအတွက် အသည်းအသန်ကြိုးစားနေတာဖြစ်ပြီး အဲ့ဒီပန်းချီပြပွဲရဲ့အဓိကအကြောင်းအရာကလဲ ကိုယ်လုံးတီးအမျိုးသမီးတွေဖြစ်တဲ့အတွက် ကိုယ်ဟန်ပြမယ် ငယ်ငယ်လှလှလေးတွေနဲ့နှစ်ဦးတည်းလွှတ်ထားရတဲ့အခြေအနေပါ။ အသက်အရွယ်နဲ့မလိုက်အောင်လှပအရွယ်တင်တဲ့အတွက်ပတ်ဝန်းကျင်ကအံ့သြချီးကျူးကြပေမယ့် ခင်ပွန်းသည်ရဲ့ လျစ်လျူရှုမှုတွေအောက်မှာ အကြိမ်ကြိမ်ရှုံးနိမ်ခဲ့ရာကနေ စိတ္တဇဖြစ်လာခဲ့တဲ့ ရာမိုစ်ဟာ သူရဲ့အမှုသည်တစ်ယောက်ကတစ်ဆင့် သိခဲ့ရတဲ့ ကြေးကြီးဇိမ်မယ်တစ်ယောက်ကို စိတ်ဝင်စားမိခဲ့ပြီးတဲ့နောက် ဘယ်သူမှမတွေးမိလောက်တဲ့အကြံအစည်ကြီးတစ်ခုကိုစိတ်ကူးရသွားပါတော့တယ်။ အဲ့ဒါကတော့ အဲ့ဒီကြေးကြီးဇိမ်မယ်လေးကို သူကိုယ်တိုင်ငှားပြီး သူ့ယောက်ျား တကယ်ဖောက်ပြန်နေတာဟုတ်မဟုတ်ကိုသိရအောင် မြူဆွယ်ဖြားယောင်းခိုင်းဖို့ပါပဲ။ တကယ်တမ်း အဲ့ဒီမိန်းကလေးစိတ်ဝင်စားနေတဲ့သူဟာ သူ့ခင်ပွန်းမဟုတ်ပဲ သူ့ကိုဖြစ်နေခဲ့ပြီး သူ့အတွက် ခင်ပွန်းသည်နဲ့သားတို့ကို အန္တရာယ်ပေးဖို့အထိကြံစည်လာချိန်မှာတော့…။ ဇာတ်လမ်းတည်ဆောက်ပုံအရ 2009 ခုနှစ်ကထွက်ခဲ့ပြီး Commercial success ဖြစ်ခဲ့တဲ့ Liam Neeson, Julianne Moore နဲ့ Amanda Seyfried တို့ရဲ့ ”Chloe” နဲ့အတော်တူပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ”Chloe” Remake လို့သဘောထားပြီးကြည့်ရင်လဲ မင်းသမီးတွေရဲ့အလှအပနဲ့တင်ကြည့်ရတန်တဲ့ဇာတ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)

https://m.media-amazon.com/images/M/MV5BMmE0YWNmZTgtY2Y4Ni00MmYxLWFkZDYtNzAzZWQ5MGUwNWQxXkEyXkFqcGdeQXVyNTI5NjIyMw@@._V1_FMjpg_UX1000_.jpg Lovely Ladies Dormitory (2022- ) ⭐IMDB: ⁉️ 🎬 #Drama #Comedy 🗓️ 2022- 🎞️ tv series 📺 1080p FHD 🌎 Philippines ⏰ 44 မိနစ် 57 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 [18+] Lovely Ladies Dormitory (2022)Lovely Ladies Dormitory (2022) Ongoing Limited Series  အပတ်စဉ်တင်ဆက်နေကျ တနင်္ဂနွေဇာတ်လမ်းတွဲလေးတွေရဲ့နေရာမှာအစဉ်အလာမပျက်အသစ်ရောက်လာတဲ့ ဇာတ်လမ်းတွဲသစ်လေးပါ။ ဇာတ်လမ်းရဲ့နာမည်အတိုင်းပဲ Lovely Ladies ဆိုတဲ့အမျိုးသမီးသီးသန့်ဆောင်မှာနေကြတဲ့ မိန်းမလှလေးငါးယောက်ကိုအခြေခံထားပါတယ်။ နယ်ပယ်စုံ အလွှာအသီးသီးကနေလာပြီး ဒီနေရာမှာဆုံစည်းဖြစ်ကြတဲ့ သူတို့အားလုံးမှာ နောက်ခံဇာတ်ကြောင်းကိုယ်စီ၊ အခက်အခဲကိုယ်စီ၊ ဘဝအမောတွေ၊ ရုန်းကန်မှုတွေ ကိုယ်စီရှိပါတယ်။ မိန်းကလေးချင်းဆိုတော့ ချိတ်ချိတ်ချင်းငြိချင်ကြတဲ့ ဉာဉ်လေးတွေ၊ ကွယ်ရာအတင်းတုပ်တာမျိုးတွေ၊ အပြိုင်အဆိုင်လေးတွေကိုဟာသနှောပြီး သူတို့ရဲ့ နေ့စဉ်ဘ၀ ချစ်မှုရေးရာတွေ လိင်မှုကိစ္စအဖြာဖြာတွေကို လွတ်လပ်ပွင့်လင်းစွာတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာလဲ ကားရိုက်ကျဲတဲ့မျက်နှာသစ်မင်းသမီးလေးတွေကိုချည်းပဲ မိတ်ဆက်ပေးထားတာဖြစ်တဲ့အတွက် အဆောင်သူလေးတွေရဲ့တကယ့်ကိုမျက်စိပသာဒဖြစ်ချင်စရာ ခရေစေ့တွင်းကျနေ့စဉ်ဘဝကိုတစ်ဝကြီး ရှုစားလိုက်ကြပါဦး… (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ ALS ပဲဖြစ်ပါတယ်။)Size ~ 700MB