ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
https://m.media-amazon.com/images/M/MV5BNzFhODEyZGUtZTA3My00MjAwLTgyZjgtNmMxMTZmZDIxMjY1XkEyXkFqcGdeQXVyMjQxMDYzNzc@._V1_FMjpg_UX1000_.jpg Noise (2022) ⭐IMDB: 6.7/10 (258 Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Argentina #Mexico ⏰ 1 နာရီ 46 မိနစ် 08 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Noise (2022)ပျောက်သောသူ ကြာရင်မေ့ဆိုပေမယ့် မမေ့ကြတဲ့သူတွေလဲရှိပါတယ်.. ပျောက်ဆုံးသွားတဲ့သူတွေရဲ့အကြောင်းကတော့ တိမ်မြုပ်သွားတဲ့ ဇာတ်လမ်းတစ်ခုလို ‌ဘယ်သူမှ မသိကြတော့ပေမယ့် ကျန်နေခဲ့တဲ့သူတွေကတော့ နှုတ်မရတဲ့ဆူးတစ်ခုလို ထိတိုင်းနာနေရတဲ့အနာအဖြစ်ကျန်ခဲ့ကြပါတယ်။ ဒီကားလေးဟာလဲ မက္ကစီကိုက မူးယစ်စစ်ပွဲလို့ခေါ်တဲ့ မူးယစ်ဆေးကောင်းဝယ်မှုကျယ်ပြန့်လာတဲ့အချိန်မှာ ပျောက်ဆုံးသွားကြတဲ့ ယောကျာ်း၊ မိန်းမ၊ ကလေးတွေရဲ့ ကျန်ခဲ့တဲ့သူတွေအကြောင်းကို ရိုက်ကူးထားတာပါ။ လူတစ်ယောက်ပျောက်ဆုံးသွားတိုင်း ဖိုင်တစ်ခုအဖြစ်သိမ်းဆည်းပြီး အလောင်းလာရွေးဖို့အတွက်ပဲ ဆင့်ခေါ်ခံရပါတယ်။ ကိုယ့်လူရဲ့အလောင်း ဟုတ်မဟုတ် အတည်ပြုပေးဖို့ပေါ့။ ဒါပေမယ့် ကျန်ရစ်သူတွေဟာ အားမလျှော့ခဲ့ကြပါဘူး အစိုးရကလစ်လျူရှုထားပေမယ့် ကိုယ့်အင်ကိုယ့်အားနဲ့ နှစ်တွေကြာသည်ထိ ရှာနေကြတုန်းပါပဲ…။ ချစ်ရသူတွေကို လုယူခံလိုက်ရတဲ့ မတရားမှုမှာ လက်နက်မဲ့စွာ ရှင်သန်နေရတဲ့ အာဏာမဲ့သူတွေရဲ့ အသံတွေ မဆုတ်မနစ်ကြိုးပမ်းမှုတွေကို တင်ဆက်ထားတာမို့ အားတစ်ခုဖြစ်လိမ့်မယ်လို့မျှော်လင့်ရင်း GC မှဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှင်။Translated and Reviewed by DoHsuHsuEncoded by Hubin

https://m.media-amazon.com/images/M/MV5BYzg4ZmYyMDMtOWU2NS00MzE2LWJkYzktY2Q0MDM1ZGNhMDQxXkEyXkFqcGdeQXVyMDM2NDM2MQ@@._V1_FMjpg_UX1000_.jpg Modern Love (2019-2021) ⭐IMDB: 7.9/10 (33 k Votes) 🎬 #Comedy #Romance 🗓️ 2019-2021 🎞️ tv series 📺 1080p FHD 🌎 #UnitedStates ⏰ 29 မိနစ် 43 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Modern Love (2019)Modern Love – Season 1 (2019)New York Times သတင်းစာမှာ Modern Love Column ဆိုတဲ့ ကဏ္ဍတစ်ခု ရှိပါတယ်။ အချစ်ဟောင်းနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ၊ ဖြတ်တောက်လို့ မရတဲ့ သံယောဇဉ်ကြိုးတွေ၊ အဆင်မပြေတော့တဲ့ ဆက်ဆံရေးတွေ၊ နူးညံ့သိမ်မွေ့သလောက် နက်နဲရှုပ်ထွေးတဲ့ ချစ်ခြင်းမေတ္တာအကြောင်းတွေ… စတာတွေကို အပတ်စဉ်တင်ဆက်ပေးတဲ့ အစီအစဉ်ပါ။ အဲဲဒီ column က ဇာတ်လမ်းတွေကို Inspire ယူပြီး Amazon Studios က Modern Love ဆိုတဲ့ ဒီစီးရီးကို ဖန်တီးထားတာပါ။စီးရီးထဲမှာ တစ်ပိုင်းကို ဇာတ်လမ်းတစ်ပုဒ်စီနဲ့ အပိုင်း(၈)ပိုင်း ပါဝင်ပြီး ဝတ္တုတိုကောင်း (၈)ပုဒ်ကို ဇိမ်နဲ့ ထိုင်ဖတ်နေရသလိုမျိုး တစ်ပိုင်းကို ရသ တစ်မျိုးစီ ခံစားရမှာပါ။New York Times ရဲ့ column က ဇာတ်လမ်းတွေ ဖြစ်တာနဲ့အညီ ဇာတ်လမ်းဇာတ်ကွက်တွေက ပေါပေါပဲပဲ မဟုတ်သလို Cast တွေအနေနဲ့ ကြည့်မယ်ဆိုရင်လည်း မင်းသမီးကြီး Jane Alexander, အမ်မီဆုရှင် Tina Fey, မင်းသားကြီး Andy Garcia, အော်စကာဆုရှင် Anne Hathaway, Dev Patel,John Slattery တို့လို Cast တွေကို သုံးထားတာကြောင့် စိတ်ချလက်ချ ကြည့်လို့ရတဲ့ စီးရီးမျိုးပါ။ ကြည့်ရှူခံစားလိုက်ကြပါဦး။အညွှန်းကိုတော့ Roman NoX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Roman NoX, Leonard Lin, K.Hein, Rashida, Mary Christ တို့ပဲ ဖြစ်ပါတယ်။Genre…..Drama

https://m.media-amazon.com/images/M/MV5BNTRkYTM3MzktZDdjOC00YjA5LThhYWQtMGViNzIyZDVlNzE0XkEyXkFqcGdeQXVyNTI5NjIyMw@@._V1_FMjpg_UX1000_.jpg Nightbird (2023) ⭐IMDB: 7.8/10 (8 Votes) 🎬 #Adult #Thriller 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #Philippines ⏰ 1 နာရီ 37 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Nightbird (2023) ရေချယ်ဟာ ဘာဂီယိုမှာမွေးဖွားကြီးပြင်းခဲ့တဲ့ ရှေးဟောင်းသုသေသနပညာရှင်ဖြစ်သလို ကရာတေးမှာလည်း ခါးပတ်နက်ရထားပြီး မတရားတာတွေ့ရင်လက်ပိုက်ကြည့်မနေတတ်တဲ့ ဆတ်ဆတ်ကြဲကောင်မလေးတစ်ယောက်ပါ။ မကြာခင်မှာ နိုင်ငံခြားကို ကျောင်းသွားတက်ဖို့ရှိပေမဲ့ မသွားခင်တစ်ညမှာ သူ့သူငယ်ချင်းတွေ အဆွယ်ကောင်းမှုကြောင့် ကလပ်ရောက်သွားခဲ့ပြီး မနီလာအလည်လာတယ်ဆိုသူ သူစိမ်းယောက်ျားသုံးယောက်နဲ့ ဆုံဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း ကလပ်မှာတင်မပြီးပဲ အဲ့ဒီလူတွေရဲ့ဖိတ်ခေါ်မှုကိုလက်ခံပြီးတော့ သူတို့မိတ်ဆွေ ဒေသခံဆိုတဲ့သူရဲ့လူသူမဝေးတဲ့အရပ်က အိမ်အကြီးကြီးတစ်လုံးကိုပါ ရောက်သွားခဲ့ပြီးတဲ့နောက်မှာတော့ ထင်မှတ်မထားတဲ့ ဖြစ်ရပ်ဆိုးတွေကိုကြုံဆုံဖို့ဖြစ်လာပါတော့တယ်။ ကရာတေးခါးပတ်နက် ရေချယ်တစ်ယောက် ဒီယောက်ျားတွေကို အနိုင်ကြဲနိုင်မှာလား…ဒီလူတွေရဲ့အကြံအစည်ကဘာတွေရှိနေမလဲ…သူ့အချစ်ဆုံး သူငယ်ချင်းတွေကိုရော အချိန်မှီကယ်တင်နိုင်ပါ့မလား… ပုရိသတို့နဲ့ မစိမ်းလောက်မယ့် Christine Bermas လေးကို ဒီကားမှာတော့ စရိုက်တစ်မျိုးနဲ့ကြမ်းချင်တိုင်းကြမ်းပြမယ့် ဖိလစ်ပိုင်ဂျက်မအဖြစ်ထူးထူးခြားခြားတွေ့မြင်ရမှာမို့ ကြည့်သင့်တဲ့ကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)

https://m.media-amazon.com/images/M/MV5BNTgyNmVjMjAtZTg4MC00NmE1LWIzNDgtNjM5Y2Y4ZTFkNDk3XkEyXkFqcGdeQXVyNDM1ODc2NzE@._V1_FMjpg_UX1000_.jpg Bed Rest (2022) ⭐IMDB: 5.2/10 (454 Votes) 🎬 #Drama #Horror #Mystery 🗓️ 2022 🎞️ Movie 📺 720p HD 🌎 #UnitedStates ⏰ 1 နာရီ 30 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bed Rest (2022) ဒီတစ်ခါ​တော့ Horror Type ကြိုက်တဲ့ ညိုကီတို့အတွက် Bed Rest ဆိုတဲ့ သရဲကားလာပါပြီ။ သရဲကားဆို​ပေမယ့် သရဲကို တစ်ကားလုံး မြင်​နေရမှာမျိုးမဟုတ်ဘဲ တဖြည်းဖြည်း တစိမ့်စိမ့်နဲ့ ​ခြောက်တဲ့ သရဲကားမျိုးပါ။ အရင်က​လေးကို ဆုံးရှုံးလိုက်ရတဲ့ ဂျူလီ ရေးဗား နောက်ကိုယ်ဝန်​​ဆောင်တဲ့အခါ အိမ်အသစ်တစ်ခုကို ပြောင်းလာပြီး​နောက် အိမ်အသစ်မှာ ထူးဆန်းစရာ တုန်လှုပ်စရာ​တွေကြုံ​တွေ့လာရတဲ့အခါ ကျန်းမာ​ရေးအ​ခြေအ​နေ​ကြောင့်ဆရာဝန်က အိပ်ရာထဲပဲ အနားယူဖို့ ညွှန်ကြားပြီး​နောက် အိမ်အသစ်ကြီးမှာ ဘာ​တွေဆက်ဖြစ်မလဲ… ဂျူလီရေးဗား ကြုံ​တွေ့ရတာ​တွေကို ယုံ​ပေးမယ့်သူရှိလား… အိမ်ကြီးရဲ့ အတိတ်သမိုင်းကဘာ​တွေလဲ… ဂျူလီ​ရေးဗားကို ​ခြောက်လှန့်​နေတာ​တွေက သူ့စိတ်​ကြောင့်ပဲလား အနာဂတ်မှာ ဖြစ်မှာ​တွေက သတိ​ပေး​နေတာ​တွေလား… ဆိုတာ​တွေကို ​ကြောက်လည်း​ကြောက် စိတ်ဝင်စားဖို့ကလည်း​ကောင်း​ကောင်းနဲ့ ကြည့်ရမှာပါ။ ဒီကားရဲ့ ပရိုဂျူဆာတွေကလည်း နာမည်ကျော် Franchise ကြီးဖြစ်တဲ့ Scream ကလူတွေဖြစ်တဲ့အပြင် မင်းသမီးကလည်း Scream ထဲက တစ်ယောက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)

https://m.media-amazon.com/images/M/MV5BNTgzM2QwNGUtMWY3MS00YmMwLTg1ZDEtZTdmMGI0YWRiODQxXkEyXkFqcGdeQXVyMTUwNTgxMTk@._V1_FMjpg_UX1000_.jpg Bed Rest (2022) ⭐IMDB: 5.2/10 (454 Votes) 🎬 #Drama #Horror #Mystery 🗓️ 2022 🎞️ movie 📺 720p HD 🌎 #UnitedStates ⏰ 1 နာရီ 30 မိနစ် 41 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bed Rest (2022) ဒီတစ်ခါ​တော့ Horror Type ကြိုက်တဲ့ ညိုကီတို့အတွက် Bed Rest ဆိုတဲ့ သရဲကားလာပါပြီ။ သရဲကားဆို​ပေမယ့် သရဲကို တစ်ကားလုံး မြင်​နေရမှာမျိုးမဟုတ်ဘဲ တဖြည်းဖြည်း တစိမ့်စိမ့်နဲ့ ​ခြောက်တဲ့ သရဲကားမျိုးပါ အရင်က​လေးကို ဆုံးရှုံးလိုက်ရတဲ့ ဂျူလီ ရေးဗား နောက်ကိုယ်ဝန်​​ဆောင်တဲ့အခါ အိမ်အသစ်တစ်ခုကို ပြောင်းလာပြီး​နောက် အိမ်အသစ်မှာ ထူးဆန်းစရာ တုန်လှုပ်စရာ​တွေကြုံ​တွေ့လာရတဲ့အခါ ကျန်းမာ​ရေးအ​ခြေအ​နေ​ကြောင့်ဆရာဝန်က အိပ်ရာထဲပဲ အနားယူဖို့ ညွှန်ကြားပြီး​နောက် အိမ်အသစ်ကြီးမှာ ဘာ​တွေဆက်ဖြစ်မလဲ… ဂျူလီရေးဗား ကြုံ​တွေ့ရတာ​တွေကို ယုံ​ပေးမယ့်သူရှိလား… အိမ်ကြီးရဲ့ အတိတ်သမိုင်းကဘာ​တွေလဲ… ဂျူလီ​ရေးဗားကို ​ခြောက်လှန့်​နေတာ​တွေက သူ့စိတ်​ကြောင့်ပဲလား အနာဂတ်မှာ ဖြစ်မှာ​တွေက သတိ​ပေး​နေတာ​တွေလား… ဆိုတာ​တွေကို ​ကြောက်လည်း​ကြောက် စိတ်ဝင်စားဖို့ကလည်း​ကောင်း​ကောင်းနဲ့ ကြည့်ရမှာပါ။ ဒီကားရဲ့ ပရိုဂျူဆာတွေကလည်း နာမည်ကျော် Franchise ကြီးဖြစ်တဲ့ Scream ကလူတွေဖြစ်တဲ့အပြင် မင်းသမီးကလည်း Scream ထဲက တစ်ယောက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)

https://m.media-amazon.com/images/M/MV5BNTgzM2QwNGUtMWY3MS00YmMwLTg1ZDEtZTdmMGI0YWRiODQxXkEyXkFqcGdeQXVyMTUwNTgxMTk@._V1_FMjpg_UX1000_.jpg Journey to the West 2000 (2000- ) ⭐IMDB: 6.9/10 (48 Votes) 🎬 #Action #Adventure #Fantasy #Romance 🗓️ 2000- 🎞️ tv series 📺 1080p FHD 🌎 #China ⏰ 45 မိနစ် 00 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Journey To The West ( 2000 ) ( Completed )Zawgyi******* စွန်း၀ူခုန်းဆိုတာ ငယ်ငယ်ကတည်းက ကျွန်တော်တို့ရင်းနှီးပြီးသာအမည်နာမတစ်ခုပါ..ဘုန်းကြီးတစ်ပါးရယ်..မျောက်တစ်ကောင်ရယ်၀က်တကောင်ရယ်..ရေသရဲရယ်..နဂား ( မြင်း ) တစ်ကောင်ရယ်အနောက်အရပ်ကိုခရီးနှင်ပြီးတော့ ကျမ်းစာပင့်တဲ့အကြောင်းပေါ့ဇာတ်လမ်းကဘယ်လိုဖြစ်လဲဆိုတာအားလုံးသိပြီးသားဖြစ်မှာပါမသိကြတဲ့အရာကတော့ ဒီခရီးပြီးဆုံးလို့ ကျမ်းစာပင့် ပြီးတဲ့အချိန်မှာဘာတွေဆက်ဖြစ်ကြတယ်ဆိုတာပါပဲ..၀ူခုန်းတို့ကျမ်းစာပင့်ပီး နောက်ပိုင်းမှာမြတ်စွာဘုရားနဲ့ဘုရားအပေါင်းတို့သီတင်းသုံးရာ တန်ခိုးတောင်မှာ၀ူထျန်းလို့ခေါ်တဲ့ ဘုရားပြိုင်ဘက်မိစ္ဆာက ကြီးစိုးဖို့ကြိုးစားလာတဲ့အခါဘုရားဟာ လူ့ပြည်ကိုပြန်လည်၀င်စားသွားပါတော့တယ်ဘုရားပြန်လည်ဖြစ်တည်လာဖို့အတွက်စွန်း၀ူခုန်းတစ်ယောက်ဓါတ်လုံးတွေစုရင်းဘယ်လိုတွေ ဆက်ဖြစ်ကြမယ်ဆိုတာ ခံစားကြည့်ရှုပါကျမ်းစာပင့်တဲ့အကြောင်းကို နှစ်ပေါင်းများစွာ ခေတ်အလိုက်ဗားရှင်းအမျိုးမျိုးနဲ့ပြန်လည်ရိုက်ကူးကြပေမယ့် အခုတင်ဆက်ပေးလိုက်တဲ့ဇာတ်လမ်းတွဲလေးကတော့ 2000 ခုနှစ် Version တမျိုးတည်းသာရှိပါတယ်ဒီဇာတ်လမ်းတွဲဟာအပိုင်းပေါင်း ၃၀ ထွက်ရှိခဲ့ပါတယ်ကျွန်တော်တို့ CM ကနေ ရုပ်သံအကြည်လင်ဆုံးရနိုင်တဲ့ဗားရှင်း 720pနဲ့ မှန်ကန်တဲ့မြန်မာစာတန်းထိုးနဲ့အတူတင်ဆက်ပေးလိုက်ရပါတယ်ဆက်လက်ခံစားကြည့်ရှုပါ..တရက်2 ပိုင်းဆီတင်ဆက်သွားမှာပဲဖြစ်ပါတယ် Unicode*******စှနျးဝူခုနျးဆိုတာ ငယျငယျကတညျးက ကျွနျတော်တို့ရငျးနှီးပွီးသာအမညျနာမတစျခုပါ..ဘုနျးကွီးတစျပါးရယျ..မျောကျတစျကောငျရယျဝကျတကောငျရယျ..ရသေရဲရယျ..နဂား ( မွငျး ) တစျကောငျရယျအနောကျအရပျကိုခရီးနှငျပွီးတော့ ကမျြးစာပင့်တဲ့အကွောငျးပေါ့ဇာတျလမျးကဘယျလိုဖွစျလဲဆိုတာအားလုံးသိပွီးသားဖွစျမှာပါမသိကွတဲ့အရာကတော့ ဒီခရီးပွီးဆုံးလို့ ကမျြးစာပင့် ပွီးတဲ့အချိနျမှာဘာတှဆေကျဖွစျကွတယျဆိုတာပါပဲ..ဝူခုနျးတို့ကမျြးစာပင့်ပီး နောကျပိုငျးမှာမွတျစှာဘုရားနဲ့ဘုရားအပေါငျးတို့သီတငျးသုံးရာ တနျခိုးတောငျမှာဝူထနျြးလို့ခေါ်တဲ့ ဘုရားပွိုငျဘကျမိစ်ဆာက ကွီးစိုးဖို့ကွိုးစားလာတဲ့အခါဘုရားဟာ လူ့ပွညျကိုပွနျလညျဝငျစားသှားပါတော့တယျဘုရားပွနျလညျဖွစျတညျလာဖို့အတှကျစှနျးဝူခုနျးတစျယောကျဓါတျလုံးတှစေုရငျးဘယျလိုတှေ ဆကျဖွစျကွမယျဆိုတာ ခံစားကွည့်ရှုပါကမျြးစာပင့်တဲ့အကွောငျးကို နှစျပေါငျးများစှာ ခတျေအလိုကျဗားရှငျးအမျိုးမျိုးနဲ့ပွနျလညျရိုကျကူးကွပမေယ့် အခုတငျဆကျပေးလိုကျတဲ့ဇာတျလမျးတှဲလေးကတော့ 2000 ခုနှစျ Version တမျိုးတညျးသာရှိပါတယျဒီဇာတျလမျးတှဲဟာအပိုငျးပေါငျး ၃၀ ထှကျရှိခဲ့ပါတယျကျွနျတော်တို့ CM ကနေ ရုပျသံအကွညျလငျဆုံးရနိုငျတဲ့ဗားရှငျး 720pနဲ့ မှနျကနျတဲ့မွနျမာစာတနျးထိုးနဲ့အတူတငျဆကျပေးလိုကျရပါတယျဆကျလကျခံစားကွည့်ရှုပါ..တရကျ2 ပိုငျးဆီတငျဆကျသှားမှာပဲဖွစျပါတယျ

https://m.media-amazon.com/images/M/MV5BYTNhZTY2MDYtMDcxZS00MDU1LWIwYzMtOGNmYTliZDlkNGRlXkEyXkFqcGdeQXVyNDI3MDY3Nw@@._V1_FMjpg_UX1000_.jpg The Three Wise Kings vs. Santa (2022) ⭐IMDB: 5.2/10 (373 Votes) 🎬 #Action #Adventure #Comedy 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Spain ⏰ 1 နာရီ 45 မိနစ် 04 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Three Wise Kings vs. Santa (2022)============================ ခရစ္စမတ်လို့အသံကြားလိုက်တာနဲ့ ဆန်တာကလော့စ်ကိုပဲ ပြေးမြင်မိကြမှာပါ။ဒီဇာတ်ကားထဲမှာတော့ ဆန်တာကလော့စ်မဟုတ်ဘဲ The Three Kings ဆိုတဲ့ဘုရင်သုံးပါးအကြောင်းကို အဓိကထားထားတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာဆန်တာကလော့စ်နဲ့ ဘုရင်သုံးပါးက မတည့်ကြပါဘူးတဲ့။ ဘုရင်သုံးပါးက ဆန်တာကလော့စ်ကို မနာလိုဖြစ်နေကြတာပါ။ ဘာလို့ဆို ခရစ္စမတ်ဆိုရင် ဆန်တာကလော့စ်ကိုပဲ အရင်ပြေးမြင်ကြတာကိုး။ဆန်တာကလော့စ်ကလည်း ကိုယ့်ဘာသာမနေဘဲ သူတို့ကိုသွားသွားစပါတယ်။ခပ်ပျော်ပျော်ပဲနေတဲ့ ဆန်တာကရော ဘုရင်သုံးပါးကို ဘာများမနာလိုရတာလဲ။နွားကွဲရင် ကျားဆွဲတယ်ဆိုတဲ့စကားအတိုင်း သူတို့တွေရဲ့ရန်ပွဲကြောင့် နိုးထလာတဲ့မကောင်းဆိုးဝါးကို သူတို့တွေဘယ်လိုအနိုင်ယူကြမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ELဖြစ်ပါတယ်)

https://m.media-amazon.com/images/M/MV5BYTVkYmFlMTMtMDM1Ni00NzlkLThlM2ItZTU1OGYxMTkwMTg4XkEyXkFqcGdeQXVyMTI1NDEyNTM5._V1_FMjpg_UX1000_.jpg Cheppalani Undhi (2022) ⭐IMDB: 8.5/10 (3 k Votes) 🎬 #Action #Bollywood #Comedy #Drama #Romance #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #⁉️ #India ⏰ 2 နာရီ 20 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Cheppalani Undi 2022 IMDb-8.6/10 လူတွေရဲ့မျိုးစုံသောယုံကြည်မှုနဲ့ သိပ္ပံပညာဟာပြဒါးတစ်လမ်းသံတစ်လမ်းပဲလို့လက်ခံထားတယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ကြည့်ဖို့အရင်ဆုံးပြောချင်ပါတယ် ဇာတ်လမ်းအညွှန်းကတော့တက်ကြွတဲ့စိတ်ဓာတ်တွေနဲ့ အပြင်းအထန်ကြိုးစားနေတဲ့လူငယ်လေးချန်ဒူးဟာသူ့ရဲ့ကြိုးစားမှုနဲ့ဘဝအခြေတည်သွားစေမယ့်အခွင့်အရေးတစ်ခုရခဲ့ပါတယ် အချစ်ရေးမှာလည်း ယောက္ခမလောင်းကြီးနဲ့တွေ့ရတော့မှာမို့ ပျော်ရွှင်နေတဲ့အချိန်ပေါ့ဘဝကြီးဟာချိုမြသာယာနေပြီဆိုတော့သောက်ပြီပေါ့လေမူးမူးနဲ့အိမ်ပြန်တဲ့အချိန် ရဲအစစ်ခံရမှာဆိုးတာနဲ့ အရှိန်တင်မောင်းရင်းလမ်းဘေးပလက်ဖောင်းနဲ့ခေါင်းနဲ့ဂဟေဆက်ပါရောသတဲ့ဘာဒဏ်ရာမှမရခဲ့ပေမယ့် ဘဝရဲ့အရေးကြီးဆုံးနောက်ရက်မနက်မှာပဲသူ့ပါးစပ်ကပြောနေတဲ့စကားတွေကိုသူ့ဘေးကဘယ်သူမှနားမလည်တဲ့အဖြစ်ရောက်သွားပါတယ် တစ်ခြားသူတွေပြောသမျှကိုသူနားလည်နေပေမယ့်သူပြောတဲ့စကားတွေကိုဘယ်သူမှနားမလည်သူကလည်းအဲဒီနားမလည်တဲ့စကားတွေနဲ့ပဲ ရှင်းပြဖို့ထပ်ခါထပ်ခါကြိုးစားရင်းရှင်းပြလို့နားမလည် နားမလည်လို့ရှင်းပြနဲ့တစ်ယောက်တည်းလည်ထွက်နေရှာပါပြီ ချရေးပြပေါ့လို့ပြောရအောင်လည်းချလည်းမရေးတတ်တော့ဘူးတဲ့ဒီလိုနဲ့ဘဝလောက်အရေးကြီးတဲ့အခွင့်အရေးကြီးလည်းဆုံးရှုံး ချစ်ရသူကိုလည်းဆုံးရှုံးရတော့မလိုဖြစ်နေပါပြီဘာဖြစ်နေမှန်းလည်းမသိ ရှင်းပြလို့လည်းမရနဲ့တစ်ယောက်တည်းတိုင်ပတ်နေတဲ့သူ့အဖြစ်ကိုသိပ္ပံနဲ့ ယုံကြည်မှုဘယ်လိုတွေများပေါင်းစည်းပြီး ဖြေရှင်းသွားမှာပါလိမ့် ရှုစားကြည့်ပါဦး

https://image.tmdb.org/t/p/original/kMtod1CSLsIouR80VCvPD96XDms.jpg Detectorists Special (2022) ⭐IMDB: 8.5/10 (358 Votes) 🎬 #Comedy 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Unknown ⏰ 1 နာရီ 14 မိနစ် 11 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Detectorists Special (2022)သတ္တုရှာဖွေရေးသမား နှစ်ယောက်သူငယ်ချင်း၂ယောက်ကို အဓိကအသားပေးရိုက်ထားတဲ့ဇာတ်ကားလေးပါ။ သူတို့ငှားစားနေကြတဲ့ရဲ့ခန်းမရည်ရှည်တည်တံ့နိုင်ဖို့အတွက် ရန်ပုံငွေလိုအပ်နေတဲ့အချိန်မှာတော့ သူတို့ အသင်းတစ်ခုလုံးမှာ ဖက်တွယ်စရာ မြေတစ်ကွက်သာ တူးဖော်ခွင့်ရှိပါတော့တယ်။ အဲဒီမြေကွက်မှာလဲ မထင်မှတ်ထားတဲ့ ပစ္စည်းတွေက တစ်စတစ်စပေါ်လာရင်းနဲ့ ဇာတ်လမ်းကို အပြောင်းအလဲလေးတွေလုပ်ပြီး ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Detectorists ကို seriesအနေနဲ့လဲ ရိုက်ကူးထားတာရှိပြီး ဒီတစ်ခုကတော့ တစ်ခုတည်းစော Movieတစ်ခုပါ။ စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားလေးဖြစ်လို့ ကြည့်ရှုပေးကြဖို့ တိုက်တွန်းပါတယ်။Reviewed & Translated by LwinMoeEncoded by Hubin

https://m.media-amazon.com/images/M/MV5BNjAxYjZmYmQtOWNmZS00ZTkyLTliZTktY2JmY2M1MzNjYmMyXkEyXkFqcGdeQXVyMTEzMTI1Mjk3._V1_FMjpg_UX1000_.jpg Noktah Merah Perkawinan (2022) ⭐IMDB: 8.2/10 (177 Votes) 🎬 #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Indonesia ⏰ 1 နာရီ 59 မိနစ် 04 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Noktah Merah Perkawinan (2022)ဒီကားလေးကတော့ အင်ဒိုနီးရှားကားလေးပါအိမ်ထောင်ရေးဇာတ်လမ်းလေးပါဇာတ်လမ်းလေးက ရိုးသလောက်ကို ယဉ်ပါတယ်နေ့စဉ်ဖြစ်ပျက်နေတဲ့ အပြင်လောကကို တိုက်ရိုက်ဖေါ်ပြထားတဲ့ကားမျိုးပါပဲအိမ်ထောင်သည်တွေကြည့်ကိုကြည့်သင့်တဲ့ကားလို့တောင်ပြောချင်ပါတယ်အကြီးအကျယ်တွေ အိုဗာအက်တင်တွေမပါပဲမြင်တွေ့နေကျ အဖြစ်အပျက်တွေကိုပဲ ရှင်းရှင်းလေးရိုက်ပြထားတာပါအိမ်ထောင်သည်တွေဘဝမှာရန်ဖြစ်စကားများတာတော့ တွေ့ဖူးနေကြပါပဲကွာရှင်းရတဲ့အထိဖြစ်သွားတဲ့လူတွေလည်းများပြားပါတယ်ဒီလိုမျိုးတွေမဖြစ်အောင် ဘယ်လိုမျိုး ပြဿနာတွေကိုဖြေရှင်းကြမလဲဒီပြဿနာတွေဖြစ်ရတဲ့ အရင်းခံကဘာများဖြစ်နေနိုင်မလဲဖေါက်ပြန်မှုတွေစိတ်မလုံခြုံမှုတွေဝမ်းနည်းမှုတွေ အားငယ်မှုတွေဒီလိုမျိုးပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်လဲလို့သိချင်နေတဲ့စုံတွဲတွေအတွက်ကိုယ့်ကိုကိုယ်ပြန်မြင်လာနိုင်တဲ့ ဇာတ်လမ်းမျိုးလေးပါပဲအများကြီးမပြောတော့ပါဘူးကိုယ့်ဘာသာပဲဒေါင်းပြီးတော့ ဒီဇာတ်လမ်းနဲ့ကိုယ်တိုင်နဲ့ကိုချိန်ထိုးပြီးကြည့်ကြည့်လိုက်ပါလို့အညွှန်းနဲ့ဘာသာပြန်  ThinZar ဖြစ်ပါတယ်Encoded by Siran

https://m.media-amazon.com/images/M/MV5BOGNmZmRhOGItYjk3My00MjdiLWFlYWQtYTJmY2RlN2JkYTZkXkEyXkFqcGdeQXVyNjE4OTY3NTg@._V1_FMjpg_UX1000_.jpg Noise (2022) ⭐IMDB: 6.1/10 (105 Votes) 🎬 #Action #Crime #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Japan ⏰ 2 နာရီ 08 မိနစ် 09 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Noise (2022)ရှီရှီကာရီဆိုတာ ကမ်းရိုးတန်းကျွန်းငယ်လေးပါ။ တိတ်ဆိတ်အေးချမ်းလွန်းလို့ ကျွန်းကလူငယ်တွေက အလုပ်လုပ်ဖို့ထွက်သွားကြတဲ့ အိမ်အလွတ်တွေများတဲ့ ရွာငယ်လေးလဲ ရှိတာပေါ့။ အဲရွာရဲ့ လူဦးရေကျဆင်းမှုကို ရပ်တန့်ဖို့ကြိုးစားတဲ့သူကတော့ အီဇုမီ ခဲအိတပါပဲ။ သဖန်းသီးနက်တွေစိုက်ပြီး ရွာကို ပြန်အာရုံစိုက်မှုရအောင်၊ နောက် အစိုးရထောက်ပံ့ကြရအောင် ကြိုးစားနေသူပါ။ဒီလိုနဲ့ သတင်းကောင်းလေးတွေနဲ့ တစစ နာမည်ပြန်ရလာတဲ့ရွာငယ်လေးကို ထောင်သားဟောင်းတစ်ယောက်က ပြန်လည်ထူထောင်ရေးလုပ်ဖို့ လာရင်း မတော်တဆရန်ဖြစ်မိပြီး သေသွားတဲ့ခါ.. သူသတ်ခဲ့တဲ့သူ၊ နောက် သူ့အလောင်းကို ဖွက်ဖို့ကြိုးစားရင်း ထပ်သေသွားတဲ့သူတွေနဲ့ ဘာတွေဆက်ဖြစ်မလဲ ရွာကရော ပုံရိပ်ပြန်ကျသွားမလားဆိုတာတွေကို အချိတ်အဆက်မိမိ ရိုက်ပြထားတာပဲဖြစ်ပါတယ်။ IMDb 6.2/10, My Drama List 7.1/10 ကထားတဲ့ကားကောင်းလေးမို့ GCverse တို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။Reviewed by DoHsuHsuTranslated by DoHsuHsu,AyeThinzarEncoded by Siran

https://m.media-amazon.com/images/M/MV5BMmZlYTQ3NjQtZmIxNC00MzA4LTg1NDgtMmEzODk0MzA4NjQxXkEyXkFqcGdeQXVyMTEyMjM2NDc2._V1_FMjpg_UX1000_.jpg Vikings: Valhalla (2022- ) ⭐IMDB: 7.2/10 (42 k Votes) 🎬 #Action #Adventure #Drama #History #Romance #War 🗓️ 2022- 🎞️ tv series 📺 1080p FHD 🌎 #UnitedStates ⏰ 48 မိနစ် 38 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Vikings: Valhalla – Season(01),(02)Vikings: Valhalla – Season(01),(02) ========================= IMDb Rating – 7.0/10နာမည်ကျော် ဗိုက်ကင်းစီးရီးကြီးကို အတော်များများ ကြည့်ဖူးကြားဖူးမှာပါ။ မကြည့်ဖူးသေးရင်လည်း CM မှာ ဒေါင်းကြည့်လို့ရပါတယ်။ ဒီစီးရီးကတော့ ဗိုက်ကင်းရဲ့အဆက်ပါပဲ။ ဒါပေမဲ့ ဗိုက်ကင်းအဟောင်းတွေကိုမကြည့်ဖူးလည်း ကြည့်လို့ရပါတယ်။ အရင်ခေတ်ရဲ့ နှစ် ၁၀၀ အကြာဇာတ်လမ်းကိုအခြေခံထား လို့ပါပဲ။ ဇာတ်လမ်းရော တိုက်ခိုက်ခန်းတွေရော အကုန် မိုက်ပါတယ်။ ဗိုက်ကင်း တွေဟာ မြောက်ပိုင်းဇာတိကို စွန့်ခွာလာပြီး ဥရောပတလွှားမှာ အခြေချခဲ့ပါပြီ။ အင်္ဂလန်မှာလည်း အများကြီးပါပဲ။ ဒါပေမဲ့ ဥရောပမှာ ဗိုက်ကင်းတွေ အင်အားကြီး လာတာကို မလိုလားတဲ့ အင်္ဂလိပ်ဘုရင် ဒုတိယမြောက် အက်သယ်ရတ်ဟာ အင်္ဂလန်မြေပေါ်က ဗိုက်ကင်းတွေအားလုံးကို မိန်းမကလေးပါမကျန် အလစ်အငိုက် သတ်ပစ်ခဲ့ပါတယ်။ ဒါကို လက်စားချေဖို့ ဒိန်းမတ်ဘုရင်ကနျူ့ဟာ နေရာပေါင်းစုံက ဗိုက်ကင်းတွေကို စုစည်းပြီး အင်္ဂလန်ကို တိုက်ခိုက်ဖို့ စစ်ပြင်ကြတဲ့အခါ…. (စုစုပေါင်း 8 ပိုင်းရှိတဲ့ ဒီစီးရီးကို cm မှဆက်တိုက်တင်ဆက်သွားပါမည်။)(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Mr.Anderson မှရေးသားပေးပြီး၊ ဘာသာပြန်ရေး သားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size – (800 MB) / (400 MB)

https://m.media-amazon.com/images/M/MV5BYzk3NWU5ZmMtZTMxOS00ODZjLWI0NjctMDFjMDZkNWM4OWQ2XkEyXkFqcGdeQXVyODE5NzE3OTE@._V1_FMjpg_UX1000_.jpg Ab Tumhare Hawale Watan Saathiyo (2004) ⭐IMDB: 4.4/10 (2 k Votes) 🎬 #Action #Bollywood #Drama #War 🗓️ 2004 🎞️ Movie 📺 720p HD 🌎 #India ⏰ 3 နာရီ 06 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ab Tumhare Hawale Watan Saathiyo (2004)Action, Drama, WarIMDb 4.4/10 (1.7K) အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီး အမီတာဘဂျမ်း..အရှေးကူမား..ဘော်ဘီဒိုးတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ Box Office မှာလည်း အိန္ဒိယရူပီ ဘတ်ဂျက် သန်း ၂၀၀ မှာ အိန္ဒိယရူပီ ၃၀၁.၆၆ သန်းအထိပြန်လည်ရရှိခဲ့သော ကားလေးတစ်ကားဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ အိန္ဒိယ-ပါကစ္စတန်မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းပေါ့ဗျာ။ပါကစ္စတန်ဘက်က အကြမ်းဖက်သမားတွေ အိန္ဒိယထဲစေလွှတ်မယ်။ အကြမ်းဖက်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်မယ်။ တရားမဝင်နည်းလမ်းနဲ့ အိန္ဒိယပိုင်နယ်မြေကို သိမ်းပိုက်မယ်။ဒါကို အိန္ဒိယက ရဲစွမ်းသတ္တိအပြည့်နဲ့အမိမြေအတွက် သက်စွန့်ဆံဖျား ပြန်လည်ချေပမယ်။ ဒီဇာတ်ကားထဲမှာ အိန္ဒိယစစ်တပ်ရဲ့ရဲစွမ်းသတ္တိရှိမှုတွေကို ဖေါ်ပြထားပြီးစစ်သားတစ်ယောက်ဖြစ်ရခြင်းရဲ့အဓိပ္ပါယ်ဟာ ဘာလဲဆိုတာကို သေချာအဓိပ္ပါယ်ဖေါ်ပြပေးသွားပါတယ်။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်ဆို တရားသောနည်းလမ်းနဲ့ ရန်အစွယ်စွယ်ကို တွန်းလှန်ပြီးပြည်သူသာအမိ ပြည်သူသာအဖဆိုတဲ့ သဘောတရားကို ကောင်းကောင်းသရုပ်ဖေါ်သွားနိုင်ခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံကို စောင့်ရှောက်ဖို့မှာ နိုင်ငံသားတိုင်းအတွက် တာဝန်ရှိပါတယ်။ကိုယ့်အိုးအိမ်ကိုတောင် ဘေးကင်းအောင်မထားနိုင်တဲ့သူဟာ နိုင်ငံ့သားကောင်းဖြစ်မလာနိုင်ပါဘူး။ မိသားစုအတွက် ကိုယ်ဟာသားကောင်းတစ်ယောက်ဖြစ်သင့်သလို နိုင်ငံ့အတွက်လည်း အကျိုးရှိတဲ့လူတစ်ယောက်ဖြစ်သင့်တယ်ဆိုတာကိုဒီဇာတ်ကားလေးက ကောင်းကောင်းဖေါ်ပြပေးထားလို့ ရှုစားကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။

https://m.media-amazon.com/images/M/MV5BOWRiMzQ3OWMtM2ZlMy00N2Y2LWFiNDEtMzUxNmYzZGE1MTc4XkEyXkFqcGdeQXVyMTI1Mzg0ODA5._V1_FMjpg_UX1000_.jpg Runaway Bride (1999) ⭐IMDB: 5.6/10 (100 k Votes) 🎬 #Comedy #Romance 🗓️ 1999 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 57 မိနစ် 06 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Runaway Bride(1999) ******************** မင်းသားကြီးRichard Gereနဲ့  Julia Robertငယ်စဉ်က ဇာတ်ကားဖြစ်တဲ့အတွက် အထွေအထူးပြောနေစရာလိုမယ်မထင်ပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ဆောင်းပါးရေးဆရာ Ikeက ပင်တိုင်ဆောင်းပါးအတွက် ဘုံဆိုင်က အမူးသမားတစ်ယောက်ပြောပြတဲ့ မင်္ဂလာဆောင်ခါနီးထွက်ထွက်ပြေးသွားတဲ့ သူတို့သမီးအကြောင်းရေးဖြစ်သွားပါတယ်။ ဒီဆောင်းပါးဟာ ဟိုးလေးတကျော်ကျော်ဖြစ်သွားပြီး Ikeရဲ့အရေးအသားတွေကြောင့် အမျိုးသမီးဝါဒဆန့်ကျင်ရေးသမားအဖြစ် Ikeဟာ အလုပ်ပြုတ်သွားပါတယ်။ သူ့ဂုဏ်သိက္ခာ အဖက်ဆယ်နိုင်အောင်နဲ့ အလုပ်ပြန်ရဖို့အတွက် အဲဒီရှောင်ပြေးသူတို့သမီးရှိရာမြို့ငယ်လေးဆီကို သူ့အကြောင်းစုံစမ်းဖို့ Ikeသွားခဲ့ပါတယ်။ မြို့ငယ်လေးဆီရောက်တဲ့အခါ Ike ဘာတွေကြုံရမလဲ ရှောင်ပြေးသူတို့သမီးကရော ဘာလို့မင်္ဂလာဆောင်ခါနီးမှ ထွက်‌ထွက်ပြေးနေရတာလဲ သူတို့ကြားမှာရော ဘယ်လိုအကြောင်းတွေဖန်လာမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော်။

https://m.media-amazon.com/images/M/MV5BMTE5MTcxOTQxNl5BMl5BanBnXkFtZTYwMzk3Nzg2._V1_FMjpg_UX1000_.jpg The Pacifier (2005) ⭐IMDB: 5.6/10 (96 k Votes) 🎬 #Action #Comedy #Family #Drama 🗓️ 2005 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 35 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Pacifier (2005) ဒီဇာတ်လမ်းကတော့ မိသားစုကြည့် ပျော်စရာလေးပါ။ နာမည်ကိုက “ချိုလိမ်” ဆိုတော့ စဉ်းစားသာကြည့်‌ပေါ့ဗျာ။ မင်းသားကြီး Vin Diesel ကို အကြမ်းပတမ်း တိုက်ခိုက်ရေးမင်းသားကြီးကနေ ကလေးထိန်းအဖြစ် အသွင်ပြောင်းပစ်လိုက်တဲ့ ဇာတ်ကားဆိုပါတော့။ သူ့ကို Riddick ဇာတ်ကောင်ရယ် The Last Witch Hunter ရယ်မှာ တိုက်ခိုက်ရည်ပြည့်ဝပြီး ရုန်းကန်နိုင်တဲ့ ယောက်ျားကောင်းဇာတ်ရုပ်နဲ့ ကြည့်ဖြစ်လာခဲ့တော့ အခုဇာတ်ကားက သူနဲ့စာရင် ပေါတောတော ဆန်သွားသလိုပါပဲ။ ဒါပေမဲ့ ပျော်ဖို့ကောင်းပါသေးတယ်။ Jackie Chan ရဲ့ The Spy Next Door ထက်တောင် ကြိုက်မိပါသေးတယ်။ ဇာတ်လမ်းကတော့ Navy Seals တပ်ဖွဲ့ ဗိုလ်တစ်ဦးဖြစ်တဲ့ Shane က နျူလက်နက်တွေ မီးပန်းဖောက်သလို ပစ်မရအောင် နှောင့်ယှက်နိုင်တဲ့ ကိရိယာကို တီထွင်ခဲ့တဲ့ ပုဂ္ဂိုလ်ကို သွားရောက်ကယ်တင်ရာက အစပြုပါတယ်။ အမှားအယွင်းတွေဖြစ်လာပြီးနောက် စစ်ဆင်ရေးလည်း မအောင်မြင်ခဲ့ပဲ Shane ကိုယ်တိုင် ဒဏ်ရာနဲ့ ဆေးရုံပေါ်ရောက်လာတော့တာပါပဲ။ တီထွင်သူ ပရော်ဖက်ဆာရဲ့ ဇနီးသည်က ကိရိယာကို သွားယူနေစဉ်မှာ Shane တစ်ယောက် ကလေးတွေကို ကာကွယ်ဖို့ ဖြစ်လာရာမှာတော့ ကလေးဆိုးတွေနဲ့ စည်းကမ်းတကျ စစ်သားကောင်းကြီးတို့ ဘယ်လို ဘုဘောက်ကျ မလဲဆိုတာ ပြုံးတုံ့တုံ့ ကြည့်ရှုရပါမယ်။ Disney ရဲ့ လက်ရာဖြစ်လို့ အထင်တော့ မသေးသင့်ပါဘူး။ ဇာတ်ကားဟောင်းတွေက ကျွန်တော်တို့ရဲ့ ခေါင်းကိုက်ပျောက်ဆေးတွေပါ။ ငယ်ဘဝရဲ့ အငွေ့အသက်လေးတွေကို ပြန်လည်ဖမ်းဆုပ်နိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ဗျာ…။ (ဇာတ်ကားနဲ့ အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်)

https://m.media-amazon.com/images/M/MV5BNWY4OGJlMzktYTRlNy00YmE4LTkxZDgtMWYwMmRkZmY5ZjIyXkEyXkFqcGdeQXVyMjIzOTA2NDk@._V1_FMjpg_UX1000_.jpg Vanished: Searching for My Sister (2022) ⭐IMDB: 5.5/10 (155 Votes) 🎬 #Action #Crime #Horror #Thriller 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 23 မိနစ် 29 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဗမာကားတွေထဲမှာ ရဲမြဝင်းတို့အဖွဲ့က နောက်ဆုံးမှရောက်လာတတ်သလိုမျိုးပဲ ညီမဖြစ်သူရဲ့လူပျောက်မှုကို အိစိအိစိ လိပ် speed နဲ့ကိုင်တွယ်နေတဲ့ မူရိကားစုံထောက်တွေကြောင့် စိတ်မရှည်တော့တဲ့အစ်မဖြစ်သူက ကိုယ်တိုင်ဝင်အမှုလိုက်တဲ့ကားလေး လာပါပြီ။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင်တော့ ကေလာနဲ့ဂျေဒါဟာ အမြွှာညီမနှစ်ယောက်ဖြစ်ပြီး သူတို့ရဲ့ခက်ခဲတဲ့ငယ်ဘဝကြောင့် အစ်မဖြစ်သူဂျေဒါက ကေလာ့ကို အလိုလိုက်သည်းညည်းခံတဲ့သူဖြစ်ပါတယ်။ ဒီလိုနဲ့ညီမဖြစ်သူကေလာက သူ့သမီးလေးကိုလာထားပြီး မပြောမဆိုပျောက်သွားတဲ့အခါမှာတော့ ဂျေဒါခေါင်းမီးတောက်ရပါတော့တယ်။ သူ့ညီမက ကိုယ်ကျင့်တရားပိုင်းမှာ သိပ်ပြီးယုံကြည်ရလောက်တဲ့သူမဟုတ်ပေမဲ့ သမီးဖြစ်သူကိုထားပြီး အကြာကြီးထားမသွားဖူးတာမို့ တစ်ခုခုမှားနေပြီဆိုတာကို ဂျေဒါကသိခဲ့ပါတယ်။ စုံထောက်တွေကလည်း သူ့အမြင်မှာ အရမ်းကိုစိတ်အေးလက်အေးနိုင်နေတာမို့ ဂျေဒါ့အနေနဲ့ သူ့ညီမကိုရှာဖွေဖို့ အမှုထဲကိုကိုယ်တိုင်ဝင်ပါခဲ့ပါတော့တယ်။ ဒီဇာတ်ကားက Thriller အမျိုးအစားပေမဲ့ သိပ်ပြီးခြောက်ခြားစရာမကောင်းဘဲ Detective ဆန်တာမို့ လက်ကိုင်ပြီးကြည့်စရာမရှိတဲ့သူတွေလည်း တစ်ယောက်တည်းကြည့်လို့ရပါတယ်ခင်ဗျာ။

https://m.media-amazon.com/images/M/MV5BOWQyOTgzZjctOTVjYy00NWE5LWI3MDgtYzg5MWMxMDdlNjhjXkEyXkFqcGdeQXVyNTcwMzkyNDE@._V1_FMjpg_UX1000_.jpg Last Radio Call (2022) ⭐IMDB: 4.1/10 (515 Votes) 🎬 #Horror 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #UnitedStates ⏰ 1 နာရီ 16 မိနစ် 06 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ Horror ကြိုက်တဲ့ CMပရိသတ်ကြီးအတွက်ကြည့်လို့ကောင်းမယ့် Horrorကာားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း သရဲခြောက်တယ်လို့ နာမည်ကြီးလှတဲ့ယော့ခ်တောင်းအောက်မေ့ဖွယ်ဆေးရုံကြီးနဲ့ပတ်သတ်ပြီးတိုင်ကြားချက်ရောက်လာတာကြောင့် ရဲအရာရှိဒေးဗစ်တို့နှစ်ယောက်သွားရောက်စစ်ဆေးခဲ့ကြပါတယ်။ ဒါပေမယ့် ထူးဆန်းစွာနဲ့ပဲသွားရောက်စစ်ဆေးသူနှစ်ယောက်မှာ ဒေးဗစ်က ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ပြီးသူ့လုပ်ဖော်ကိုင်ဖက်ကတော့ အလုပ်ကထွက်သွားခဲ့ပါတယ်။ အဲဒါကြောင့်ပဲဒေးဗစ်ရဲ့ အမျိုးသမီးဖြစ်သူ ဆာရာက သူ့ယောက်ျားပျောက်ဆုံးသွားတာနဲ့ပတ်သက်ပြီးအမှန်အတိုင်း သိလိုတာကြောင့် ကင်မရာမန်းတစ်ယောက်ကိုငှားပြီးယောက်ျားရှာပုံတော် အမှန်တရားရှာပုံတော် ဖွင့်ခဲ့ပါတော့တယ်။ဒီလိုနဲ့ တစ်စပြီးတစ်စ အမှန်တရားနဲ့ နီးကပ်လာချိန်မှာပဲထူးဆန်းတဲ့အရာတွေကို ပိုပိုသိလာရတဲ့အခါ..ဆာရာက သူ့ယောက်ျားဒေးဗစ်ကို ရှာတွေ့သွားနိုင်မှာလား..ဒေးဗစ်ကရော အသက်ရှင်လျက်ရှိနေသေးတာလား..တကယ်လို့ အသက်ရှင်လျက်ရှိနေတုန်းဆိုရင် ဘာလို့ဆာရာ့ဆီ ပြန်မလာတာလဲ..ဆာရာတစ်ယောက်ရော ဒေးဗစ်ကို အသက်ရှင်လျက်ပြန်တွေ့နိုင်ဖို့အရေးဘယ်လိုအရာမျိုးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ…documentary ဇာတ်လမ်းလေးတစ်ပုဒ်အနေနဲ့စိတ်လှုပ်ရှားဖွယ်ကြည့်ရှုလိုက်ကြပါဦးနော်။

https://m.media-amazon.com/images/M/MV5BNzVhZTMyZDQtYWQ2ZC00NjNkLTgzOGUtMzk4ZGU2ZTMwYWY1XkEyXkFqcGdeQXVyOTI3ODg0MTY@._V1_FMjpg_UX1000_.jpg Detour (2016) ⭐IMDB: 6.8/10 (55 Votes) 🎬 #Comedy #Drama 🗓️ 2016 🎞️ Movie 📺 1080p FHD 🌎 #SouthKorea ⏰ 1 နာရီ 43 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Detour (2016) သူငယ်ချင်း ၃ ယောက် ရှိလေသည်ပေါ့ဗျာ။၃ ယောက်ပေါင်း လောင်းကျော်ကြတဲ့ ဇာတ်။ဦးလေးကြီးများအဖွဲ့ပါ။ ဦးလေးကြီးတွေ ကဲရင် ဆယ်ကျော်သက်တွေ ဘယ်လိုက်မီလိမ့်မလဲ?ဦးလေးကြီး ဂျန်ဆုထက်က မိန်းကလေးတွေကိုအရမ်းစွဲလမ်းပြီး စာမေးပွဲဖြေဖို့ကြိုးစားနေတဲ့သူပါဦးလေးကြီး ပတ်အွန်းဒုံကသတင်းကြေညာသူဖြစ်ပြီးအိမ်ထောင်သည် ကလေးတစ်ယောက်အဖေ ဦးလေးကြီး ဂယ်ဂျိုဖီးကတော့ အစိုးရဝန်ထမ်းတစ်ယောက်ပေါ့သူတို့သူငယ်ချင်းသုံးယောက်ကတစ်နေ့ ဂျယ်ဂျူဒိုမှာ သူငယ်ချင်းတစ်ယောက်ရဲ့ဈာပနာသွားရင်း တည်းခိုဆောင်က နာရေး နဲ့ ရူဘီဆိုတဲ့ မိန်းကလေးနှစ်ယောက်နဲ့တွေ့ဆုံရင်းဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာတော့ ….. ဒန့် တန် တန် ပေါ့ဗျာ

https://m.media-amazon.com/images/M/MV5BMmNiODQ2MmQtOTdmNi00Y2M0LTkyYWUtMmQ2YmFiZmZmMzNkXkEyXkFqcGdeQXVyMjAwNzA4MDE@._V1_FMjpg_UX1000_.jpg The Old Way (2023) ⭐IMDB: 5.6/10 (267 Votes) 🎬 #Action #Western 🗓️ 2023 🎞️ Movie 📺 1080p FHD 🌎 #USA #UnitedStates ⏰ 1 နာရီ 35 မိနစ် 46 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 The Old Way (2023)Nicolas Cageမင်းသားကြီး အဓိကနေရာမှာပါဝင်သရုပ်ဆောင်ထားတဲ့ Western Cowboyဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ အရင်ကဆိုးမိုက်ခဲ့တဲ့ ကောင်းဘွိုင်Briggsက သူ့ရဲ့ဇနီးကြောင့် နှစ်တွေအကြာကြီး မိသားစုစိတ်ဓာတ်နဲ့လူကောင်းတစ်ယောက်ဖြစ်ခဲ့ပြီး သမီးလေး တစ်ယောက်လည်းရှိခဲ့ပါတယ်။ တစ်နေ့တော့ မထင်မှတ်ထားပဲ သူ့သမီးလေးကို ကျောင်းလိုက်ပို့ရာကနေ ဇနီးသည်ကအိမ်မှာ ကျန်ခဲ့ပါတယ်။ အဲဒီ့မနက်မှာပဲ သူပုန်အဖွဲ့တစ်ဖွဲ့ရောက်လာပြီး သူ့ဇနီးကိုသတ်သွားပါတော့တယ်။ ဒီတော့ လူကောင်းဖြစ်နေတဲ့ Briggsလဲ အဲဒီသူပုန်တွေကို ရန်ညှိုးထားပြီး လက်စားခြေဖို့ ကြံတော့တယ်။ တစ်ဖက်မှာလဲ အမေဆုံးရှုံးပြီးတဲ့ သမီးအတွက်လဲ စိုးရိမ်ပူပန်စိတ်တွေနဲ့ ဇာတ်လမ်းကိုဘယ်လိုရိုက်ကူးထားမလဲဆိုတာ ကိုယ်တိုင်ကြည့်ရှုဖို့ GCကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။Reviewed by LwinMoeTranslated by LwinMoe,DoHsuHsu & ThinzarEncoded by Hubin

https://m.media-amazon.com/images/M/MV5BNWZmOTIzOGMtODBmMC00MjVlLThjYzUtNjcxNjg4NzY0YTg1XkEyXkFqcGdeQXVyNzEzNjU1NDg@._V1_FMjpg_UX1000_.jpg Stealing Raden Saleh (2022) ⭐IMDB: 7.7/10 (1 k Votes) 🎬 #Action #Crime #Drama 🗓️ 2022 🎞️ Movie 📺 1080p FHD 🌎 #Indonesia #Malaysia ⏰ 2 နာရီ 32 မိနစ် 00 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 Stealing Raden Saleh (2022)ဒီတခါတော့ စိတ်ဝင်စားစရာ အင်ဒိုကားလေးတစ်ကားနဲ့ တင်ဆက်ပေးချင်ပါတယ်။ ဖခင်ရဲ့ ‌ချောက်ချခံရပြီး ထောင်ကျမှုအတွကိ အယူခံလျှောက်ဖို့ကြိုးစားရင်း ကျောင်းစရိတ်တွေနဲ့ လိုအပ်တဲ့ပိုက်ဆံတွေကို ပန်းချီကားအတုဆွဲရင်း ဝင်ငွေရှာနေတဲ့ နောက်ဆုံးနှစ်ပန်းချီကျောင်းသားလေးမကြောင်းပါ။ တနေ့မှာတော့ သူ့အဖေရဲ့အယူခံနဲ့ အမှုပြတ်ဖို့ကို ၂ မီလီယံနဲ့လုပ်ပေးမယ်ဆိုတဲ့အခွင့်အရေးပေါ်လာလို့ ပန်းချီကားအတုလုပ်နေကြသူကို ကြေးမြှင့်တောင်းရင်း နိုင်ငံ့ရတနာလို ပန်းချီကားကိုမှ ငွေအပုံလိုက်နဲ့ဆွဲပေးဖို့ ဖြစ်လာတဲ့အခါ… ပန်းချီကား အပ်ခါမှ အစစ်နဲ့ခိုးလဲပေးဖို့ပါ ဖြစ်လာတဲ့အခါ ဘာတွေဖြစ်မလဲ ဘယ်လိုတွေလုပ်မလဲ အောင်မြင်သွားမလားဆိုတာတော့ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ လူငယ်တွေချည်းလှုပ်ရှားကြတဲ့ စိတ်ဝင်စားစရာကားလေးမို့ အချိန်ပေးကကျိုးနပ်မှာပါရှင့်Translated by DoHsuHsu & KuroNeoReviewed by DoHsuHsuEncoded by Siran