ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Chicago Overcoat (2009) ⭐TMDB: 55.0% User Score 🎬 #Action #Adventure #Crime #Thriller 🗓 2009 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အက်ရှင်ကားတွေထဲမှာ အဖိုးကြီးတွေကြမ်းရင် လူငယ်တွေကြမ်းတာထက်ကို နှစ်ဆပိုပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ကကြမ်းတမ်းတဲ့အရာတွေကို ကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံကပိုများပြီး ရှေ့ဆက်ရမဲ့ ဘ၀ဆိုတာကလဲသေမထူးနေမထူးဖြစ်နေလို့ပါပဲ။ အခုလည်းရှယ်ကြမ်းပြီး ရှယ်သွေးအေးတဲ့နာမည်ကြီး လူသတ်သမားကြီးတစ်ယောက်ရဲ့ဘ၀အတွေ့အကြုံတွေကို ပုံဖော်ထားတဲ့ IMDb Rating 5.9 ရရှိထားတဲ့ Chicago Overcoat ဆိုတဲ့ဇာတ်ကားဟောင်းတစ်ကားကိုတင်ဆက် ပေးချင်ပါတယ်။ “လူ” ဆိုတဲ့အဖိုးကြီးတစ်ယောက်ကငယ်ရွယ်စဉ်မှာ ကြေးစားလူသတ်မှုပေါင်းများစွာကိုလုပ်ဆောင်ခဲ့သူဖြစ်ပြီး အခုဆိုရင် သူလူမသတ်ပဲအနားယူနေခဲ့တာတော်တော်ကို ကြာနေခဲ့ပါပြီ။ဒါပေမယ့် သူ့သမီးလေးနဲ့မြေးလေးတို့ရဲ့ နောင်ရေးအပြင် သူကိုယ်တိုင်ကလဲ လက်စ်ဗီးဂတ်စ်မှာ သွားအနားယူချင်နေတဲ့အတွက် ပိုက်ဆံကလိုလာပါတော့တယ်။ ဒီလိုနဲ့ သူ့အတွက်သေနတ်ကိုင်ပြီး လူပြန်သတ်ဖို့အကြောင်းဖန် လာပါတော့တယ်။ဒါပေမယ့် သူပြန်လာတာကိုသိနေခဲ့တဲ့ လူတစ်ယောက်ရှိနေခဲ့ပါတယ်။အဲ့ဒီလူကတော့ဟိုးအရင်တုန်းက ပန်းပို့သမားဆိုပြီး “လူ” နာမည်ကြီးခဲ့တဲ့အချိန်ကတည်းက လိုက်နေခဲ့တဲ့စုံထောက်တစ်ယောက်ဖြစ်ပါတယ်။အခုလည်း “လူ” ကအရင်ပုံစံအတိုင်းပြန်လာတဲ့အခါမှာတော့ တစ်ချိန်တုန်းကနာမည်ကြီး လူသတ်သမားတစ်ယောက်ကို အသည်းအသန်လိုက်ဖမ်းပုံတွေနဲ့ ဒုစရိုက်အရှုပ်တော်ပုံတွေ များစွာကိုကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
...

School 2013 (2012) ⭐TMDB: 77.0% User Score 🎬 #Drama 🗓 2012 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 7 မိနစ် 57 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 School 2013 (2012) [Complete]School 2013 (2012)******************* အပိုင်း (၁ မှ ၁၆) စ/ဆုံး နာမည်ကြီး School Series ထဲက တစ်ကားဖြစ်တဲ့ School 2013 ကိုCM ပရိတ်သတ်ကြီးတွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ရပါတယ်။Cast တွေအနေနဲ့ Jang Nara, Choi Daneil အပြင် Lee Jong Suk,Kim Woo Bin, Shin Hye Sun, Lee Yi Kyung စတဲ့ နာမည်ကြီးသရုပ်ဆောင်တွေရဲ့ငယ်ဘဝက ပုံရိပ်တွေကို မြင်ရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်း)ဆွန်းရီအထက်တန်းကျောင်းက ဆိုးလ်မြို့တွင်းမှာရှိတဲ့ ၁၇၈ကျောင်းအနက်ပညာရေးရမှတ်အနိမ့်ဆုံးကျောင်းတစ်ကျောင်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ဆရာဂန်ဆယ်ချန်းကတော့ ဂန်နမ်ရဲ့နာမည်ကြီး ထိပ်တန်းဆရာတစ်ယောက်ပါ။ဒီလိုနဲ့ ဂန်ဆယ်ချန်းတစ်ယောက် ဆွန်းရီအထက်တန်းကျောင်းကို ပြောင်းဖြစ်လာခဲ့ပြီးအတန်းပိုင်ဆရာမ ဂျောင်အင်ဂျယ်နဲ့အတူ ဆိုးလှပါချည်ရဲ့ဆိုတဲ့အထက်တန်းဒုတိယနှစ် အခန်း၂ကို အတူတူစာသင်ကြားပေးဖို့ဖြစ်လာတဲ့အခါ…ဂျစ်ကန်ကန်နဲ့တစ်ယောက်တစ်မျိုးစီ ဆိုးပေ့ညံ့ပါပေ့ဆိုတဲ့ ကျောင်းသား၊ကျောင်းသူတွေကိုဘယ်လိုလိမ္မာရေးခြားရှိပြီး အဆင့်တက်လာအောင် ကြိုးစားသင်ကြားပေးသွားမလဲဆိုတာကိုအလွဲအချော်တွေကြားက ဟာသလေးနှောပြီး ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ကျောင်းသားကားလေးတွေကိုမှ ကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် သူငယ်ချင်းသံယောဇဥ်တွေ၊ဆရာတပည့်ဆက်ဆံရေးလေးတွေကို ရသပေါင်းစုံနဲ့ ရိုက်ပြပေးထားတာမလို့ကြည့်ရတာမပျင်းစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Hus Pyae မှ ရေးသားထားပေးပါတယ်။)
...

University War (2023) ⭐TMDB: 100.0% User Score 🎬 #Reality 🗓 2023 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 9 မိနစ် 33 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 University War(2023)University War(2023)******************** အပိုင်း(၁ မှ ၇) အထိ“နားရွက်တစ်ဖက်ပဲမြင်ရတာရှိတယ် နှစ်ဖက်မြင်ရတာလည်းရှိတယ်..လုံးဝမမြင်ရတာလည်းရှိတယ် ဒါဆိုမြင်ရတဲ့နားရွက်အရေအတွက်ကို သဲလွန်စအဖြစ်ထားလိုက်ကြမလား” “အာ သံယရှိသူတွေပုံစံက အတော်လေးဆင်တူလိုက်တာ” ဟုတ်ပါတယ် ဂိမ်းကစားရင်းတရားခံဖမ်းနေကြတာပါ…အပေါ်ကစကားတွေက ဒီ show ထဲကတရားခံဖမ်းတဲ့ဂိမ်းကစားရင်းပြောနေကြတာပါ..ဒီ show ကတော့လူတိုင်းနီးပါးသိကြမှာပါ..korea ရဲ့တကယ့်နာမည်ကြီးထိပ်တန်းကျောင်းတွေဖြစ်ကြတဲ့ SNU, Yonsei, Harvard, KAIST, ဂိုလျောစတဲ့ကျောင်းက ထိပ်တန်းကျောင်းသားကျောင်းသူတွေ သင်္ချာဉာဏ်စမ်းတွေဖြေရင်း ဂိမ်းကစားကြတာဖြစ်ပါတယ် ကျောင်းသား/သူတွေကလည်း တကယ့်ထိပ်တန်းတွေမို့ စဉ်းစားပုံတွေက တော်တော်လေးထက်လှပါတယ် Show တစ်ခုကြည့်ရင်းနဲ့ လိုက်စဉ်းစားရလို့ သင်္ချာစွမ်းရည်‌လည်းတက်,Fun လည်းဖြစ်, မိန်းကလေးတွေဆိုအဆင်ပါငမ်းလို့ရတာမို့ တစ်ချက်ခုတ် သုံးချက်လောက်ပြတ်ပါပဲ S1 မှာ အပိုင်း၈ပိုင်းပါဝင်ထားပြီး အစကနေအဆုံးကြည့်ပြီးရင်း ကြည့်ချင်နေတာမို့အခုပဲကြည့်လိုက်ကြပါတော့
...

Iron Reign (2024) ⭐TMDB: 71.0% User Score 🎬 #Crime #Drama 🗓 2024 🎞 Series 🌎 #Spain ⏰ 53 မိနစ် 24 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Iron Reign (2024)   ဘာစီလိုနာ ဆိပ်ခံဆိုတာ ဉရောပကိုဝင်မယ့် ကုန်သင်္ဘော ကုန်တိန်နာတွေရဲ့ တစ်ဝက်လောက်ကို လက်ခံတင်ပို့ရတဲ့ ကမ္ဘာကုန်သွယ်ရေး အချက်ချာကြီးပါဒီနေရာကို တစ်နေ့ကို ကုန်တိန်နာပေါင်း သိန်းနဲ့ချီဝင်ပြီး…အဲ့ဒီကုန်တိန်နာတွေထဲမှာ မူးယစ်ဆေးမျိုးစုံ နေ့စဉ်နဲ့အမျှဝင်လေ့ရှိပါတယ်… ဆိပ်ခံရဲ့ အုပ်ချုပ်သူတစ်ဖြစ်လဲ ဟာကွင်းမန်ချာဒါနဲ့ သူ့ မိသားစုရဲ့ မူးယစ်အင်ပါယာကြီးကလည်း ဒီဆိပ်ကမ်းမှာ အာဏာပိုင်တွေနဲ့ လက်ဝါးချင်းရိုက်ပြီး ကြီးစိုးနေပါတယ်…အင်အားကြီးလွန်းလို့ သူ့ကို တော်ရုံအစိုးရပိုင်းကဆိုရင် ထိလို့မရပါဘူး… သူ့ရဲ့ မူးယစ်အင်ပါယာကြီးထဲက အရှုပ်အရှင်းပြဿနာတွေကို ကောင်းကောင်းကြီး ကြည့်ရပြီး ဒီအင်ပါယာကြီးကို သုညကနေ ဘယ်လိုစတင်ခဲ့လဲ ကြည့်ရမယ့် Crime Drama ကောင်းတစ်ခုဖြစ်ပါတယ် Money Heist ထဲက ဒန်ဗာအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Jaime Lorente လည်း ပါဝင်ထားပြီး Rating ကောင်းကောင်းနဲ့ ကြည့်ရှုရမယ့် စပိန်ဇာတ်လမ်းတွဲဖြစ်ပါတယ်( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်
...

Young Sister-In-Law 2 (2017) ⭐TMDB: 52.0% User Score 🎬 #Adult #Drama #Romance 🗓 2017 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 36 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ********************************အလုပ်ကြောင့်ရွှေ့ပြောင်းလာရတဲ့ဝန်းဂျွန်းကို စီနီယာအစ်ကိုက သူ့အိမ်သွားနေဖို့လွှတ်လိုက်ပါတော့တယ် အကြောင်းအရင်းကတော့ သူ့ဇနီးဆူယောင်းက ဝန်းဂျွန်းနဲ့အတိတ်ကဆက်ဆံရေးတွေရှိနေခဲ့လို့ပါပဲအိမ်ကိုရောက်သွားပြီးတဲ့အခါ ဂ‌ယောင်းဟီဆိုတဲ့ ဆွဲစားမိန်းမတစ်‌ယောက်လည်းရှိနေပါသေးတယ် ဝန်းဂျွန်းနဲ့ဆူယောင်းတို့ ဇာတ်လမ်းဘယ်လိုပြန်ဆက်ကြမလဲစီနီယာအစ်ကိုကရော ဘာလို့သ‌ဘောထားကြီးပေးနေတာလဲလေးပွင့်ဆိုင်ဇာတ်လမ်းလေး ကြည့်ရှုလိုက်ကြပါဦးနော်
...

Waitress (2007) ⭐TMDB: 67.0% User Score 🎬 #Comedy #Drama #Romance 🗓 2007 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 48 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The waitress(2007) ဒီတစ်ခါတော့ IMDb 7/10, Rotten Tomatoes 89% ရရှိထားခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ လူရယ်လို့ ဖြစ်လာရင် ရွေးချယ်မှုဆိုတာရှိကြစမြဲပါ။ ရွေးချယ်ခွင့်မရှိတဲ့အခြေအနေမှာတောင် ရွေးချယ်မှုရှိနေတာပါပဲ။ အရေးကြီးတာက ကိုယ့်ရဲ့ရွေးချယ်ခွင့်ကို ကိုယ်ကိုကိုယ်တိုင်က လက်လွှတ်မခံလိုက်ဖို့ပါပဲ။ ဒီဇာတ်ကားလေးမှာတော့ ဂျန်နာဟာ သိပ်ကိုထိန်းချုပ်တတ်ပြီး တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ယောကျာ်းနဲ့ပေါင်းသင်းနေရတဲ့ ပိုင်မုန့်လုပ်ရာမှာ ထူးချွန်လွန်းတဲ့ စားပွဲထိုးမလေးတစ်ယောက်ပါ။ သူမဘဝမှာ အမြဲလိုလို အကြောက်တရားနဲ့ စိတ်ဆင်းရဲမှုတွေနဲ့ပြည့်နေတတ်ပေမဲ့ တစ်ခုတည်းသော ရည်မှန်းချက်လေး ရှိနေပါသေးတယ်။ အဲဒါကတော့ ငွေစုပြီး သူ့ယောကျာ်းဆီက ထွက်ပြေးဖို့ပါပဲ။ ဒါပေမဲ့ နဂိုကံဆိုးတဲ့ဘဝမှာမှ ထပ်ဆင့်ကံဆိုးပြန်ပါတယ်။ အဲဒါကတော့ ကလေးရသွားတာပါပဲ။ သူ့ဘဝက ကံကောင်းချင်‌ေတာ့ ပိုက်ဆံကောက်ရတယ် ကံဆိုးချင်တော့ ချော်လဲလို့ သုံးလိုက်ရတယ် ဆိုတာမျိုးပါပဲ။ အတက်အကျမဲ့ ကံ‌တောက်လျှောက်ဆိုးနေရာက နောက်ဆုံးတော့ သူ့ရဲ့မီးယပ်ဆရာဝန်နဲ့ ကြိုက်မိသွားပါလေရော။ ဒီလိုနဲ့ တစ်ဖက်ကဆိုးလွန်းတဲ့ယောကျာ်း၊ တစ်ဖက်ကတော့ နူးညံ့တဲ့‌ဆရာဝန်လေး၊ နောက်တစ်ဖက်ကလည်း လူသိမခံနိုင်တဲ့ ဖောက်ပြန်မှု ဒါတွေကြား ဂျန်နီတစ်ယောက် ဘယ်လိုရွေးချယ်မှုတွေဖန်တီးပြီး အဆုံးသတ်မှာ လွတ်မြောက်ပြီး ပျော်ရွှင်သွားနိုင်မလားဆိုတာတော့ ကိုယ်တိုင်ပဲတက်လက်ကြည့်ရှုအားပေးလိုက်ပါဦးနော်။
...

The Housemaid (2010) ⭐TMDB: 64.0% User Score 🎬 #Drama #Thriller 🗓 2010 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 48 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 2010ခုနှစ်မှာထွက်ရှိခဲ့ပြီး ကိုရီယားထိပ်တန်းသရုပ်ဆောင်တွေပါဝင်ထားကြတဲ့ The Housemaid ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ အင်ဆန်းဆူ ရဲ့လက်ရာဖြစ်ပြီး 1960 ပြည့်နှစ်လောက်က ထွက်ရှိခဲ့တဲ့ရုပ်ရှင်ကိုပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ ငွေကြေးဥစ္စာပြည့်စုံတဲ့ ဓနရှင်တွေဟာ အောက်ခြေလူတန်းစားများကို အနိုင်ကျင့်ဖိနှိပ်တတ်ကြပုံကို ပေါ်လွင်အောင်ရိုက်ကူးပြထားတဲ့ ဒီကားလေးမှာ ကလေးထိန်းအဖြစ်သွားရောက်လုပ်ကိုင်တဲ့ အမျိုးသမီးလေးဟာ အိမ်ပိုင်ရှင်သူဌေးရဲ့ အသုံးတော်ခံအဖြစ်ဖြည့်ဆည်းရပြီး နောက်ဆက်တွဲပြဿနာတွေရှိလာတဲ့အချိန်မှာလည်း အဖက်ဖက်ကညှင်းပန်းခံရတဲ့အတွက် သူ့နည်းသူ့ဟန်နဲ့ လက်စားချေပုံကို ဇာတ်လမ်းဖွဲ့ထားခြင်းဖြစ်ပါတယ်။ ထူးခြားတဲ့ တင်ဆက်ပုံနဲ့ သရုပ်ဆောင်တွေရဲ့စွမ်းရည်ကိုပေါင်းစပ်ထားတဲ့အတွက် ရုပ်ရှင်ပွဲတော်တွေမှာ ပြသခြင်းခံရပြီး sequel movie တွေ ရိုက်ရ‌လောက်သည်အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီအထဲက တစ်ကားဖြစ်တဲ့ The Taste of money ဆိုတဲ့ ကားကိုလည်း CM မှာတင်ပေးဖူးပါတယ်။ IMDb rating 6.4 ရရှိထားပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေကိုလည်းရရှိခဲ့တဲ့ ဒီဇာတ်ကားလေးဟာ အိမ်ထောင်ရေးဖောက်ပြန်မှုဇာတ်လမ်းဖြစ်သည့်အတွက် မိသားစုနဲ့ အတူမကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းလေး အနည်းငယ်ပါဝင်ပါတယ်လို့ ကြိုပြီးသတိပေးလိုက်ပါတယ်။
...

Elizabeth: The Golden Age (2007) ⭐TMDB: 67.0% User Score 🎬 #Biography #Drama #History #War #Romance 🗓 2007 🎞 movie 🌎 #UnitedKingdom #France #UnitedStates #Germany #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အနုပညာ ကဗျာစာပေတွေ တစ်ခေတ်ပြန်လည် ထွန်းကားလာတဲ့ ၁၅၅၈-၁၆၀၃ ခုနှစ် ကာလကို The Golden Age လို့ ခေါ်ကြပါတယ်။ အင်္ဂလန်ပြည်ကို Queen Elizabeth I အုပ်စိုးခဲ့စဉ်မှာ ထွန်းကားခဲ့တဲ့ ကာလဖြစ်လို့ Elizabethan era လို့လည်း တင်စားကြပါသေးတယ်။ Queen Elizabeth I ဟာဆိုရင်ဖြင့် တခြားသော ဘုရင်မတွေလို ကြင်ယာဖက်နဲ့အတူ ချစ်ကြည်နူးတစ်တီတူးတတ်တဲ့ မိန်းမ‌တစ်ယောက်တော့ မဟုတ်ပါဘူး။ သူဟာ နိုင်ငံ့အရေးကို သူတစ်ယောက်တည်း အစွမ်းအစနဲ့ ဦးဆောင်နိုင်တယ်လို့ ခံယူချက်ရှိတဲ့ တစ်ကိုယ်တည်း အပျိုကြီးလုပ်ကာ အုပ်ချုပ်သူပါ။ ဒါကြောင့်လည်း သူဟာ Virgin Queen လို့ နာမည်ကြီးပါတယ်။ ဒီဇာတ်လမ်းကတော့ Queen Elizabeth ရဲ့ သူအုပ်စိုးစဉ်ကာလအတွင်းမှာ သူ့ရဲ့စကားကိုတည်အောင် ဘယ်လိုတွေ စွမ်းဆောင်သွားခဲ့လဲ၊ The Golden Age, Elizabethan era လို့ တင်စားရလောက်အောင် သူဘာတွေ စွမ်းဆောင်ခဲ့လဲဆိုတာ ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။
...

Criminal Activities (2015) ⭐IMDB: 5.8/10 (9 k Votes) 🎬 #Crime #Drama #Thriller 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Old But Gold ကားလေးတွေပြန်ကြည့်ချင်သူတွေအတွက် ခေတ်ဟောင်းအက်ရှင်မင်းသားကြီးဂျွန်ထရာဗိုတာပါဝင် သရုပ်ဆောင်ထားတဲ့ Criminal Activities ဆိုတဲ့ ၂၀၁၅ ခုနှစ်က ထွက်ရှိထားတဲ့ဇာတ်ကားလေးကိုပြန်လည်တင်ဆက်ပေးလိုက် ပါတယ်။IMDb Rating 5.8 ရရှိထားပြီး ဇာတ်လမ်းအမျိုးအစား ကတော့သည်းထိပ်ရင်ဖိုဒရာမာအမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းကို ဈာပနတစ်ခုမှာစတင်ထားတာကိုတွေ့ရမှာဖြစ်ပြီး အချိန်မတန်သေးပဲ ကွယ်လွန်သွားခဲ့တဲ့သူငယ်ချင်းဖြစ်သူအတွက် သူ့ရဲ့ သူငယ်ချင်းလေးယောက်က ဈာပနပွဲကိုလာတက်ခဲ့ကြပါတယ်။ နောက်တော့ သူငယ်ချင်းတွေစကားလက်ဆုံပြောကြရင်းနဲ့ အောင်မြင်မှာ သေချာတဲ့စတော့ရှယ်ယာကို ရောင်းဖို့ရှိတယ်ဆိုတဲ့ အကြောင်း သူငယ်ချင်းတစ်ယောက်က စကားစလိုက်တဲ့အခါမှာ ယောက်ျားလေးတွေ ထုံးစံအတိုင်း ရရာနေရာကပိုက်ဆံယူပြီး အကုန်ပုံအောထည့်ဝယ်လိုက်ပါတော့တယ်။ကံကြမ္မာဆိုတာကလည်း ထင်သလောက် သဘောမကောင်းတဲ့အခါမှာတော့ စတော့တွေ အကုန်လုံး သုံးစားမရဖြစ်ကုန်ပြီး လူဆိုးဂိုဏ်းဆီက ပိုက်ဆံချေးလာပေးတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ကောင်းမှုနဲ့လေးယောက်သား တိုင်ပတ်ကုန်ကြပါတော့တယ်။ဒါပေမယ့် လူဆိုးဂိုဏ်းခေါင်းဆောင်က သဘောကောင်းပြီး သူတို့ကိုရွေးချယ်စရာတစ်ခုပေးခဲ့ပါတယ်။ အဲ့ဒီ ရွေးချယ်စရာကတော့ အဲ့ဒီခေါင်းဆောင်ရဲ့ ရန်သူဖြစ်သူရဲ့ညီကို ပြန်ပေးဆွဲပေးရမှာ ဖြစ်ပြီးအဲ့လိုလုပ်ပေးရင်အကြွေးတွေ အကုန် ချေပေးမယ်လို့ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ်။ဒီတော့ ဘာမှရွေးချယ် စရာရှိမနေတဲ့ သူငယ်ချင်းလေးယောက်လည်းမရဲတရဲနဲ့ ပြန်ပေးဆွဲဖို့ ကြိုးစားပြီးနောက်မှာတော့ ဘာတွေဆက်ကြုံတွေ့ရမယ်ဆိုတာကို ကြည့်ရှုရမဲ့ Plot Twist ပေါင်းများစွာနဲ့စိတ်ဝင်စားစရာဇာတ်ကား ဟောင်းတစ်ကားပဲဖြစ်ပါတယ်။
...

A Guide to Recognizing Your Saints (2006) ⭐TMDB: 65.0% User Score 🎬 #Crime #Drama 🗓 2006 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ ဇာတ်ကားဟောင်းပေမယ့် ကောင်းနေဆဲဖြစ်တဲ့ အမေရိကန်ဒရာမာဇာတ်ကား တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက ဒါရိုက်တာ ဒီတိုမွန်တီရယ် ကိုယ်တိုင်ရဲ့ ဘဝအတွေ့အကြုံ မှတ်တမ်းက သူ့ရဲ့ငယ်စဉ်ဘဝကို ဇောင်းပေး မှီငြမ်း ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ကား ထွက်ရှိခဲ့တဲ့ ၂၀၀၆ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဇာတ်ကားဆု၊ ဇာတ်ပို့ဆုတွေ ၈ခုထိရခဲ့ပြီး nomination ၉ခုရတဲ့အထိ အောင်မြင်ခဲ့တဲ့ ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Robert Downey Jr.၊ Channing Tatum နဲ့ Shia Labeouf တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းက ဒီတိုက လက်ရှိအချိန်မှာ အယ်လ်အေမှာ အောင်မြင်တဲ့ စာရေးဆရာ တစ်ယောက်အဖြစ်နဲ့ အစပျိုး ထားပါတယ်။ သူ့ရဲ မိခင် ဖလော်ရီနဲ့ ငယ်သူငယ်ချင်း နာ့ဖ်တို့ဆီက ဖုန်းဆက်တိုက်တွန်းမှုတွေကြောင့် သူစွန့်ခွာခဲ့တဲ့ ငယ်စဉ်နေရပ် နယူးယောက် အော်စတိုရီယား ကို နေမကောင်း ဖြစ်နေတဲ့ ဖခင်ကို ဆေးရုံတက်ရန် ဖျောင်းဖျဖို့ ပြန်လာခဲ့ပါတယ် ဇာတ်အိမ်တလျှောက် ၁၉၈၀ ဝန်းကျင် ဒီတို ငယ်စဉ်ဘဝ ကြုံဆုံခဲ့ရတဲ့ ဖြစ်ရပ်တွေနဲ့ လက်ရှိအချိန် ၂၀၀၅ ဝန်းကျင်ကို တစ်လှည့်စီ ပြသတာကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ Shia Labeouf ရဲ့ ငယ်ဇာတ်ရုပ်ကိုသာမက Channing Tatum ရဲ့ သူနဲ့ လိုက်ဖက်လှတဲ့ မိုက်ရူးရဲ ဂျစ်ကန်ကန် သရုပ်ဆောင်ချက် တွေကိုလည်း တွေ့မြင်ရမှာပါ။
...

Sexless (2017) ⭐TMDB: 85.0% User Score 🎬 #Adult #Drama #Romance 🗓 2017 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 23 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ****************** ပရိသတ်ကြီးတိုအတွက် Sexlessဆိုတဲ့ အိမ်ထောင်ရေးဇာတ်လမ်းလေးအကြောင်း မိတ်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးထဲမှာတော့…ဂျီယောင်းဟာ ခင်ပွန်းဖြစ်သူ ပလတ်စတစ်ဆာဂျရီဆရာဝန်နဲ့ အိမ်ထောင်သက်တမ်း၅နှစ် ရှိနေခဲ့ပေမယ့်ယောက်ျားဖြစ်သူဟာ သူမရဲပ အလိုဆန္ဒကို မဖြည့်ဆည်းပေးခဲ့ပါဘူးခင်ပွန်းဖြစ်သူက ဆေးရုံက ဘိုယောင်းဆိုတဲ့ သူနာပြုလေးနဲ့ ဖောက်ပြန်နေပြီး ဇနီးဖြစ်သူ ဂျီယောင်းကိုတော့ မိသားစုဆိုတဲ့ စကားနဲ့ပဲ အတူနေဖိုကို ငြင်းဆန်နေတဲ့သူပါနွေးထွေးကြင်နာမှုတွေ လိုအပ်နေတဲ့ ဂျီယောင်းနဲ့ ဖောက်ပြန်နေတဲ့ ခင်ပွန်းဖြစ်သူတို အရင်လိုပျော်ရွှင်ကျေနပ်မှုတွေ ပြန်ရလာမလား
...

Island of the Dolls (2023) ⭐IMDB: 2.7/10 (84 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 19 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Island of the Dolls (2023) အရုပ်ကျွန်းဆိုတာကို ကြားဖူးကြမှာပါမက်ဆီကိုနိုင်ငံမှာရှိတဲ့ အရုပ်တွေအများကြီးရှိတဲ့ ကျွန်းလေးတစ်ကျွန်းပါ။ကျွန်းပေါ်မှာအရုပ်တွေအများကြီး ဒီတိုင်းချိတ်ဆွဲထားတာဆိုတော့ တွေးကြည့်ရင်တောင် ကြောက်ဖို့ကောင်းတဲ့နေရာပါ။အဲ့လိုနေရာမှာ နောက်ခံဇာတ်လမ်းတွေကလဲ အများကြီးရှိပါတယ်။လူပြောများတဲ့ဇာတ်လမ်းတွေ ကောလဟာလတွေ အများကြီးပါ။ဒီလိုကြောက်ဖို့ကောင်းတဲ့ နေရာအကြောင်းကို ဦးတည်ပြီးရိုက်ထားတဲ့ HORROR ကားလေးတင်ဆက်ပေးလိုက်ပါတယ်။၂၀၂၃ တုန်းကထွက်ရှိထားတဲ့ ဟော်ရာကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ လူငယ်တစ်စု အရုပ်ကျွန်းပေါ်ကို သွားဖို့ကြိုးစားပေမဲ့ဒေသခံတွေကတော့ အရုပ်ကျွန်းပေါ်မသွားစေချင်ကြပါဘူး။ဒါပေမဲ့ ကျွန်းပေါ်ကိုအတင်းမရရအောင် သွားမယ်ဆိုတော့ မပို့ချင်ပို့ချင်ပဲ ပို့ပေးလိုက်ရပါတယ်။ဒါပေမဲ့ အဲ့ကျွန်းပေါ်ရောက်တော့ တစ်စုံတစ်ခုက နိုးထလာခဲ့ပြီဆိုတာကိုတော့ ဘယ်သူမှမသိကြပါဘူး။သူတို့တွေဘယ်လို အရာနဲ့ရင်ဆိုင်ရမယ်ဆိုတာသူတို့ကြားထဲမှာရှိတဲ့ လူတွေက လျှို့ဝှက်ချက်ကိုယ်စီနဲ့ဆိုတာဇာတ်လမ်းအလှည့်ပြောင်းလေးတွေနဲ့ ကြည့်ရမဲ့ ဟော်ရာကားလေးပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။
...

Camp Pleasant Lake (2024) ⭐IMDB: 4.7/10 (1 k Votes) 🎬 #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ထိတ်လန့်ဖွယ်ရာ ရင်ထိတ်သည်းဖို ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လွန်ခဲ့တဲ့နှစ် ၂၀ တုန်းက မဲဒိုးဆိုတဲ့ မိသားစုတစ်စုဟာ ကန်သာယာလို့ခေါ်တဲ့ မီးပုံစခန်းကိုအလာမှာ တစ်မိသားစုလုံး ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။ ဒါကြောင့် ဒီမိသားစုရဲ့ သမီးဖြစ်သူ အဲကိုမဲဒိုးဟာ ဟောလိုးဝင်းညတိုင်း သူ့မိသားစုဝင်တွေကို ပြန်လိုက်ရှာတတ်ပြီးတော့ သူ့လမ်းမှာဝင်ရှုပ်တဲ့သူမှန်သမျှကို သတ်ပစ်လေ့ရှိတယ်ဆိုတဲ့ ရာဇဝင်ရှိပါတယ်။ ဒီရာဇဝင်ကို အသုံးချပြီးတော့ ရက်သာဖော့ဒ်လင်မယားမှာ ဒီမီးပုံစခန်းကို ပြန်ဖွင့်ပြီးတော့ လူတွေဆီက ငွေအများကြီးကောက်ခံကာ ကြောက်စရာအတွေ့အကြုံတွေကို ခံစားရမယ်ဆိုပြီး ဖိတ်ခေါ်ပါတော့တယ်၊ ဒီလိုနဲ့ သူတို့ရောက်လာပြီး လူတစ်ယောက်ပြီးတစ်ယောက်သေဆုံးလာတဲ့အခါမှာတော့ ဒီရာဇဝင်က တကယ်ဖြစ်နေမလား ဒါမှမဟုတ် တစ်ယောက်ယောက်က ဒီရာဇဝင်ကို အသုံးချပြီး သတ်ဖြတ်နေတာလား သူတို့တွေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်ထိတ်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်။
...

Typist Artist Pirate King (2022) ⭐IMDB: 5.7/10 (159 Votes) 🎬 #Drama #Comedy 🗓 2022 🎞 movie 🌎 #UnitedKingdom ⏰ 1 နာရီ 46 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကိုယ့်ကိုကိုယ် လက်နှိပ်စက်စာရေးမ ပန်းချီဆရာမ ပင်လယ်ဓားပြဘုရင်ရယ်ဆိုပြီးထင်ယောင်ထင်မှားဖြစ်နေတဲ့ အဖွားအိုအော်ဒရီအေမစ်က သံသယလွန်ကဲစိတ်ရောဂါဝေဒနာသည်တစ်ယောက်ဖြစ်တယ်… တစ်နေ့မှာ အော်ဒရီက ဆန်ဒါလန်မှာရှိတဲ့ပန်းချီပြခန်းကို သွားချင်ခဲ့ပြီး သူနာပြုဆန်ဒရာကိုဖိအားပေးပို့ခိုင်းခဲ့တယ်။ လန်ဒန်ကနေ ဆန်ဒါလန်အထိက မိုင်၂၈၀ကွာဝေးတဲ့ခရီးပါ။ ဒီလိုနဲ့ ပန်းချီပြခန်းအထိအတူသွားကြရင်း လမ်းမှာကြုံရတဲ့သူတွေအပြင် တစ်ကားလုံးမှာ အော်ဒရီရဲ့စိတ်ဖောက်ပြန်တဲ့လက္ခဏာတွေကို အဓိကတွေ့ရမှာပါ။ စိတ်ရောဂါသည်တွေရဲ့စိတ်က သာမန်လူတွေနဲ့ဘယ်လိုကွာခြားတယ်ဆိုတာအဓိကကြည့်ရမှာဖြစ်ပြီး ရောဂါသည်အော်ဒရီက ညီမဖြစ်တဲ့ဒိုရိုသီကို နှစ်ပေါင်းများစွာ အဆက်သွယ်မလုပ်တာက ဘာကြောင့်ဆိုတာနဲ့… အဆုံးမှာသူတို့ညီအစ်မရဲ့ဆက်ဆံရေးကဘယ်လိုဖြစ်မယ်၊ ဆန်ဒါလန်ခရီးစဥ်ကြောင့် အော်ဒရီနဲ့ သူနာပြုဆန်ဒရာကရောပိုပြီးရင်းနှီးလာမလားဆိုတာကိုကြည့်ရမှာပါ။ ဇာတ်ကားကပေးချင်တဲ့အဓိကမက်ဆေ့က စိတ်ဝေဒနာသည်တွေကိုပိုပြီးနားလည်လာစေဖို့ပါပဲ။ ထင်ယောင်ထင်မှားဖြစ်တာ သံသယလွန်ကဲတာတွေက ဆက်ဆံရေးကိုပျက်ပြားစေတယ်ဆိုတာအပြင် သံသယလွန်ကဲတတ်တဲ့ဝေဒနာသည်အော်ဒရီအေမစ်ကရော ဒီမကောင်းတဲ့သံသယစိတ်တွေနဲ့ ဘယ်လိုနေနေရတယ်ဆိုတာကို စိတ်ရောဂါသည်တွေရဲ့ပင်ကိုယ်သဘာဝစရိုက်ဗဟုသုတအနေနဲ့ ပိုပြီးသိလာရတဲ့ဇာတ်ကားမျိုးပါ။
...

Bardejov (2024) ⭐IMDB: 4.8/10 (68 Votes) 🎬 #Horror #History #War 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 25 မိနစ် 29 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်ကတော့ ဂျူးလူမျိုးတွေရဲ့ ဖြစ်ရပ်မှန် သမိုင်းအဖြစ်အပျက်တွေထဲကတစ်ခုအကြောင်း ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ အချိန်ကာလအားဖြင့် ဒုတိယကမ္ဘာစစ်ဖြစ်နေချိန်ဖြစ်ပြီး Bardejov ကတော့ ချက်ကိုစလိုဗားကီးယားနိုင်ငံထဲက မြို့ငယ်လေးတစ်ခုပါ။ Rafuel Lowy ကတော့ ဒီမြို့ငယ်လေးက ဂျူးအသိုင်းအဝိုင်းရဲ့ အကြီးအကဲတစ်ဦးဖြစ်တယ်။ ဂျူးလူမျိုးတွေဟာ နာဇီတွေရန်ကြောင့် နေရာအနှံ့အပြားမှာ ဖိနှိပ်‌ခံနေရပြီး ကျီးလန့်စာစားနေရတဲ့အချိန်လည်းဖြစ်တယ်။ တစ်ရက်မှာ ချက်ကိုစလိုဗားကီးယားရဲတပ်ဖွဲ့တွေက ဂျာမန်တွေနဲ့လက်ဝါးချင်းရိုက်ပြီး နိုင်ငံတ၀န်းက ဂျူးလူမျိုးတွေကို အလုပ်သွားလုပ်ရမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ချောဆွဲပြီး ‌ဂျာမန်တွေလက်ထဲအပ်ဖို့လုပ်ပါတော့တယ်။ ဒီအဖြစ်ဆိုးကြီးက Bardejov မြို့ကိုလည်း ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီး မြို့ထဲက မိန်းကလေးငယ်တွေကို ဖိနပ်စက်ရုံမှာအလုပ်စေခိုင်းမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးဖို့ကြိုးစားလာကြတဲ့အခါမှာတော့ ဂျူးလူမျိုး အကြီးအကဲဖြစ်တဲ့ Rafuel Lowy ဟာ သူ့ရဲ့မြို့ငယ်လေးက ‌‌ဂျူးလူမျိုးမြို့သူမြို့သားတွေကို ဘယ်လိုအကာအကွယ်ပေးဖို့ ကြံဆကြိုးစားမလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။
...

Subject 101 (2022) ⭐IMDB: 4.1/10 (35 Votes) 🎬 #Horror #Thriller 🗓 2022 🎞 movie 🌎 #Germany ⏰ 1 နာရီ 27 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဆီးရီးယားက ဒုက္ခသည်ဖြစ်သူ ဘန်နီက ဥရောပကို ခြေလှမ်းသစ် စတင်ဖို့ ရောက်ရှိလာခဲ့ပြီး အလုပ်ရှာဖို့ ကြိုးစားခဲ့ပေမဲ့ အိမ်ခြေမဲ့ဖြစ်နေတာမို့ အလုပ်ရနိုင်ဖို့ အခက်အခဲဖြစ်နေခဲ့ပါတယ်။ အမြဲတမ်းနေရပ်လိပ်စာ မရှိလို့ အခက်တွေ့နေတဲ့ သူ့ကို အလုပ်အကိုင် ရှာဖွေရေး အင်ဂျင်စီက သူတို့ရဲ့အိမ်ရာစီမံကိန်းတစ်ခုနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ နေစရာရသွားပြီး အလုပ်လည်းရသွားလို့ ကြိုးစားပမ်းစားနဲ့ နေ့ရက်တိုင်းကို ကြိုးစားဖြတ်သန်းနေရင်းနဲ့ တစ်နေ့မှာတော့ သူ နေနေတဲ့အခန်းက ထင်သလောက် မရိုးရှင်းမှန်း ရိပ်စားမိသွားပါတော့တယ်။ အဲဒါကတော့ သူ အိပ်ရာက နိုးလာရင် ညဘက်က ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေက အိပ်မက်လိုလို တကယ်လိုလိုနဲ့ မရေမရာဖြစ်ဖြစ်နေပြီး သူ မရောက်ခင် အခန်းမှာ နေခဲ့တဲ့ သူကလည်း စိတ်ကျန်းမာရေးဆေးရုံကနေ ထွက်ပြေးပြီး အစအန ရှာမရအောင် ပျောက်ဆုံးသွားခဲ့တယ်ဆိုတာပါပဲ။ အလုပ်ထွက်လိုက်ရင်လည်း နေစရာကဆုံး၊ အဲဒီမှာပဲ ဆက်နေရင်လည်း သူ့အတွက် အန္တရာယ်ရှိလာနိုင်တာမို့ ဆုတ်လည်း စူး၊ စားလည်း ရူး အခြေအနေကနေ လွတ်မြောက်အောင် သူ ဘယ်လိုရုန်းထွက်မလဲ.. ပျောက်ဆုံးသွားတဲ့ အရင်နေခဲ့တဲ့သူကရော ဘယ်လိုတွေ ကြုံတွေ့ခဲ့ရတာလဲ.. အဲဒီအခန်းရဲ့ လျှို့ဝှက်ချက်ရော ဘာများလဲ.. သူကရော နောက်ဆုံးမှာ အောင်အောင်မြင်မြင်နဲ့ လွတ်မြောက်သွားနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ)
...

Shifting Gears (2024) ⭐IMDB: 6.3/10 (335 Votes) 🎬 #Comedy #Romance 🗓 2024 🎞 tv movie 🌎 #UnitedStates ⏰ 1 နာရီ 24 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျက်စ်ဆိုတဲ့ အမျိုးသမီးလေးက ကားပြင်တဲ့နေရာမှာ ကျွမ်းကျင်ပြီး ရှေးဟောင်းဂန္ဒဝင်ကားတွေကို ပြန် Modify လုပ်တဲ့နေရာမှာလည်း ထူးချွန်တဲ့လူတစ်ယောက်ပါ။ ဖအေဖြစ်သူ ဖွင့်ထားတဲ့ ဝပ်ရှော့လေးမှာ လုပ်ကိုင်နေတာပေါ့။ တစ်ရက်ကျ သူတို့ဝပ်ရှော့နေရာက အပြိုင်အဆိုင်များလာတဲ့အတွက် မြေပိုင်ရှင်က ဈေးပိုတောင်းလာတဲ့အခါ သားအဖနှစ်ယောက် အကျပ်အတည်း ဖြစ်တာပေါ့။ ဒီလိုနဲ့ လူအများရှေ့ရောက်ရင် ချွေးစီးတွေပြန်ပြီး လူကြောက်တတ်တဲ့ ဂျက်စ်တစ်ယောက် ဝပ်ရှော့လေးကို ကယ်တင်ဖို့အတွက် ကားတွေကို ပြန်မွမ်းမံပြင်ဆင်ရတဲ့ အစီအစဉ်တစ်ခုကို ဝင်ပြိုင်ပါတော့တယ်။ ဖြစ်ချင်တော့ ပြိုင်ပွဲဝင်ထဲကတစ်ယောက်က ရည်းစားဟောင်း ဖြစ်နေတဲ့အပြင် အဖေနဲ့ ပတ်သက်တဲ့ ဆိုးရွားတဲ့သမိုင်းကြောင်းလေးကလည်း ရှိခဲ့တော့ ဘုနဲ့ဘောက် နှစ်ယောက်သား ပြိုင်ပွဲမှာ ယှဉ်ပြိုင်ရင်း အခက်အခဲတွေကို ကျော်ဖြတ်ကာ ဝပ်ရှော့လေးကို ကယ်တင်သွားနိုင်မလားဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် အချစ်ဟာသ ဒရမ်မာကားလေးပဲ ဖြစ်ပါတယ်။
...

Friday Night Sext Scandal (2024) ⭐IMDB: 5.5/10 (148 Votes) 🎬 #Drama 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အင်တာနက်ပေါ်လာပြီးနောက်ပိုင်းမှာ လူငယ်တွေဟာ လိင်ကိစ္စတွေ အပြာကားတွေကို ဖုန်းထဲမှာ ချက်ချင်းဆိုသလို ပြောဆိုကြည့်ရှုနိုင်လာပါတယ်။ နောက်ပိုင်း သမီးရည်းစားတွေကြားမှာလည်း ကိုယ့်ရဲ့ ဝတ်လစ်စလစ်ပုံတွေ အပြန်အလှန်ပေးပို့ကြတာတွေက မထူးဆန်းတော့ပါဘူး၊ ဒီလိုနဲ့ပဲ ဝက်ဘ်ဆိုဒ်တွေ တယ်လီဂရမ်တွေပေါ် ပျံ့နှံ့သွားကြတာများပါတယ်။ ဒီဇာတ်ကားလေးမှာလည်း ဒီလိုဖြစ်ရပ်မျိုးကြောင့် လူငယ်ဘဝမှာ အပျော်ကနေ အပျက်ဖြစ်သွားကြတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရှောင်နှင့် လော်ရန်ဟာ သူငယ်ချင်းကောင်းတွေဖြစ်ပြီးတော့ သူတို့အမေနှစ်ယောက်ကလည်း ခင်မင်ကြပါတယ်။ ရှောင်ဟာ ကျောင်းအသင်းရဲ့ တက်သစ်စဘောလုံးသမားအဖြစ် နာမည်ရနေပြီးတော့ လော်ရန်ဟာလည်း တီးဝိုင်းအဖွဲ့မှာ တော်တဲ့သူတစ်ဦးပါ။ ရှောင်ဟာ ဘောလုံးအသင်းက စီနီယာတွေက ပါတီကိုဖိတ်တဲ့အတွက် သွားတဲ့အခါမှာ စီနီယာတွေက ကျောင်းက သူတို့ ကြူလို့ရလာတဲ့ ကောင်မလေးတွေရဲ့ ဝတ်လစ်စလစ်ပုံတွေကို အပြန်အလှန်မျှဝေကြပြီး သူတို့ဖန်တီးထားတဲ့ဝက်ဘ်ဆိုဒ်တစ်ခုမှာ စုစည်းပြီး သိမ်းဆည်းထားကြတာကို သိလိုက်ရပါတယ်၊ ဒါပေမဲ့ ရှောင်က အဖွဲ့ထဲမှာ ဝင်ဆံ့ချင်တာကြောင့် သူကပါ ပါဝင်ပြီးတော့ ကျောင်းက ပန်းဖွားအကမယ်လေးရဲ့ ဝတ်လစ်စလစ်ပုံကို အရယူဖို့ ကြိုးစားပါတော့တယ်၊ ဒီလိုနဲ့ နောက်ပိုင်းမှာ စီနီယာတွေက ရှောင်ကို သူ့အခင်ဆုံးသူငယ်ချင်း လော်ရန်ရဲ့ ဝတ်လစ်စလစ်ပုံကိုပါ အရယူဖို့ ခိုင်းစေလာပါတော့တယ်၊ ဒီတော့ ရှောင်တစ်ယောက် လူဝင်ဆံ့ဖို့အတွက် အခင်ဆုံးသူငယ်ချင်းကိုချနင်းမလား၊ ဒါမှမဟုတ် မှန်ကန်ရာကိုလုပ်မလား ဘယ်သူတွေက ထိခိုက်ရမလဲဆိုတာကို လက်ရှိခေတ်နဲ့ ထင်ဟပ်စွာ ကြည့်ရှုရမှာဖြစ်ပါတယ်။
...

Interstate 60 (2002) ⭐TMDB: 74.0% User Score 🎬 #Adventure #Comedy #Drama #Fantasy 🗓 2002 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူတွေ ဘာလို့ဆုတောင်းကြသလဲ… ဆုတောင်းလိုက်တဲ့အခါ လူတွေက စိတ်ခွန်အားတွေ ၊ ငြိမ်းချမ်းမှုတွေရလို့ ဆုတောင်းကြတယ်လို့တော့ ဖတ်ရဖူးပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဆုတောင်းတွေထက် ကိုယ်တိုင်လုပ်ယူရတာကို ယုံကြည်တဲ့သူမျိုးဆိုတော့ ဆုတောင်းတွေဟာ ပြည့်တယ်လို့ မယုံကြည်ထားပါဘူး။ ကျွန်တော့်တစ်ဦးတည်းအမြင်ကိုပြောတာပါ။ ဒီဇာတ်ကားထဲမှာ ဆုတောင်းတစ်ခုကို ဖြည့်ပေးနိုင်တဲ့သူ တစ်ယောက်ကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ သူက တော်ရုံလူတွေတွေ့နိုင်တဲ့သူမျိုးမဟုတ်ဘဲ ကံကောင်းလွန်းတဲ့သူမျိုးမှ ကြုံရတွေ့ရ ဆုတောင်းခွင့်ရကြတဲ့ သူမျိုးပါ။ ဒီထဲမှာ ဇာတ်ကောင် နီးလ်က ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့ အခိုက်အတန့်တွေမှာ အဖြေတစ်ခုလိုချင်တယ်လို့ ဆုတောင်းလိုက်မိရာကနေ လိုချင်တောင့်တမှုတွေ ၊ လွတ်လပ်ခွင့်တွေ ၊ အဖြစ်ချင်ဆုံး ဆန္ဒဆိုတာတွေကို သိမြင်လာရတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး လူငယ်တွေကြည့်လို့ကောင်းမယ့် fantasy, comedy, drama ရောထားတဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ။ ဒီကားကြည့်ပြီးတဲ့အခါ ခင်များတို့ရော ဆုတစ်ခုတောင်းခွင့်ရမယ်ဆို ဘာကိုတောင်းမလဲ ၊ ဒါမှမဟုတ် ခင်များတို့ ကိုယ်တိုင်ရော လက်ရှိမှာ ရှာဖွေနေတဲ့ အဖြေတစ်ခုကို ရှာတွေ့သွားမလား ကျွန်တော်တော့ သိချင်ပါသေးတယ်။
...

Por (2024) ⭐IMDB: 5.8/10 (271 Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 26 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 POR 2024 ကျောင်းတော်ကရန်စများ IMDb-6.1/10 သင်ဟာ တက္ကသိုလ်ဘဝကို လက်ချာခန်းထဲ ကုန်ဆုံးခဲ့တဲ့သူမဟုတ်ဘဲ အပေါင်းအသင်းတစ်အုပ်နဲ့ကျောင်းဝင်းပျော်ကြီးလုပ်ခဲ့တဲ့သူဆို တစ်ချိန်ကဘဝကို ပြန်အမှတ်ရစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ်တင်ဆက်ပေးလိုက်ပါပြီ။ ကျောင်းဝင်းထဲပဲပျော်တဲ့သူဆိုထဲက တစ်တန်းနှစ်နှစ်နေရမှတို့ဘာတို့လည်းပါတယ်ပေါ့လေ ဆိုတော့ကာ ဇာတ်လမ်းကိုဆက်ကြဦးစို့ရဲ့။ အမောင်ပရာဘူဟာ အတော်လေးကို ကျောင်းနေပျော်တဲ့သူတစ်ယောက်၊ ကျောင်းနေပျော်ပေမဲ့စာနေတော်သူတော့မဟုတ် thesis မှာတဘုံးဘုံးကျနေတဲ့ ကျောင်းတော်ကြီးရဲ့ရှားပါးနှစ်ချို့ကျောင်းသား၊သူ့ကိုယ်သူတော့ စူပါစီနီယာလို့ ခံယူထားတဲ့သူ တက္ကသိုလ်ဆိုတာက စီနီယာကဟိတ်ဆိုဂျူဂျူတွေတိတ်ရတဲ့နေရာဆိုတော့ စူပါ့စူပါစီနီယာပရာဘူကတော့ လူတကာရဲ့ကြောက်ရတဲ့ ခေါင်းဆောင်ကြီးလိုလို ဘာလိုလိုပေါ့။ ဒါပေမဲ့ နေရာတိုင်းမှာ အစဉ်အလာဆိုတာမျိုးကို လက်သင့်မခံတတ်တဲ့ လူကန့်လန့်လူ့ဂွစာဆိုတာမျိုးက ရှိနေတတ်တော့စီနီယာဆိုတာ ဘာလဲဘယ်လဲပြန်မေးပြီးရိုက်မယ့် ပထမနှစ်ကျောင်းသား ယူဗာဆိုသူပေါ်လာတဲ့အခါတော့ ပရာဘူနဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာတဲ့အခါ… နဂိုထဲက ရန်စလေးတွေ ဇယားလေးတွေရှိခဲ့ဖူးတဲ့ ဒီလူနှစ်ယောက်ကြားက အားပြိုင်မှုအပြင်၊ အမျိုးဇာတ်ခွဲခြားမှု‌တွေ ၊နိုင်ငံရေးဘက် ခပ်ပါးပါးအားပြိုင်မှုတွေ ၊ ဆရာဆရာမတွေရဲ့ ဘက်လိုက်မှုတွေနဲ့အတူ ကျောင်းသားအဖွဲ့တွေကြားကပြဿနာမျိုးစုံကိုရှုစားရင်းနဲ့ ငယ်စဉ်က ပြဿနာအိုးလုပ်ခဲ့တဲ့ဘဝကို ပြန်တမ်းတလိုက်ကြပါစို့လား။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်)
...