ru
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Big Sky River: The Bridal Path (2023) ⭐IMDB: 6.6/10 (364 Votes) 🎬 #Drama #Romance #TVMovie 🗓 2023 🎞 tv movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Big Sky River: The Bridal Path (2023)IMDb – 6.6/10 အမေရိကန်အနောက်ပိုင်းဒေသက ကောင်းဘွိုင်ဇာတ်ရုပ်တွေကို အခြေခံပြီး အချစ်ဇာတ်လမ်းတွေရေးဖွဲ့လေ့ရှိတဲ့ရောင်းအားအကောင်းဆုံးစာရေးဆရာမကြီး Linda Lael Millerရဲ့ ၀တ္ထုတွေထဲက တစ်ခုကိုရိုက်ကူးထားတဲ့ ရိုမန့်စ်ရုပ်ရှင်လေးပေါ့။ မွန်တားနားပြည်နယ်က နယ်မြို့လေးတစ်ခုမှာ တာရာဆိုတဲ့ အမျိုးသမီးလေးကတော့ သမီးဖြစ်သူနဲ့အတူလာရောက်နေထိုင်တဲ့ အိမ်ထောင်ကွဲဆရာမတစ်ယောက်။ဘွန်တေလာက မုဆိုးဖိုကလေးနှစ်ယောက်အဖေ ဒေသခံရဲမှူးတစ်ယောက်။ဒီလိုအနှောင်အဖွဲ့ကိုယ်စီနဲ့ သူတို့တွေရဲ့ပေါင်းစည်းမှုမှာ အဆင်မပြေတာလေးတွေရှိလာခဲ့တာပေါ့။စစ်မှန်တဲ့ချစ်ခြင်းတရားကို အခြေခံတဲ့ သူတို့တွေရဲ့ဆုံစည်းမှုကို ဘယ်လိုတွေညှိနှိုင်းပြီးဘယ်လိုနားလည်မှုတွေနဲ့ တည်ဆောက်ဖန်တီးကြမလဲဆိုတာ ကြည်နူးဖွယ်ရာရှုမြင်ခံစားကြရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့aungmo3hanပဲ ဖြစ်ပါတယ်။
...

The Millionaires' Express (1986) ⭐TMDB: 64% User Score 🎬 #Action #Comedy 🗓 1986 🎞 tv movie 🌎 #China #HongKong ⏰ 1 နာရီ 31 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားကောင်းတွေကိုကြိုက်နှစ်သက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့old but gold ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ – တရုတ်ပြည်သူ့သမ္ပတနိုင်ငံအစောပိုင်းကာလအချိန်မှာဇာတ်လမ်းလေးကိုအစပြုထားပါတယ် ။Ching Fong Tin က ရုရှားစစ်သားတွေဆီကနေကုန်ပစ္စည်းတွေခိုးယူဖို့ကြိုးစားပြီးတော့ ပစ္စည်းတွေရတော့ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ရုရှားစစ်သားတွေဆီမှာဖမ်းမိသွားပြီး ပြက်ရယ်အပြုခံခဲ့ရပါတယ် ။ ‌Ching Fong Tin ကအဲဒီလိုအဖမ်းပြန်ခံရပြီး ခက်ခက်ခဲခဲနဲ့ရုရှားစစ်သားတွေလက်ထဲကနေပြန်လွတ်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ထပ်ပြီး Fook loi ‌ဆီမှာ အဖမ်းခံခဲ့ရပါတယ် ။ နောက်ဆုံးသူခက်ခက်ခဲခဲကြိုးစားပြီးတော့မှမွေးရပ်မြေကိုပြန်ရောက်ရှိလာပါတော့တယ် ။ဒါပေမဲ့ အလွဲလေးတွေဖြစ်လာပြီး Fong Tin တစ်ယောက်အေးအေးချမ်းချမ်းမနေရဘဲ သူ့နောက်လိုက်လာတဲ့Fook Loi နဲ့ပြန်တွေ့ပြီး ထပ်ပြေးရပြန်‌ပါတော့တယ် ။ အဲဒီအချိန် မြို့ထဲကိုလည်း ဓားပြအုပ်စုတစ်စုရောက်လာပြီးမြို့ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ပြီး ခရီးသည်တွေကိုပါဖမ်းစီးထားပြီးပြဿနာတွေရှာတော့ Fong Tin တစ်ယောက်ကိုယ်လွတ်ရုန်းလို့ရပါရဲ့နဲ့မရုန်းနိုင်ဘဲ မြို့ကပြည်သူတွေကိုကယ်ဖို့ကြိုးစားပုံလေးတွေကို ဟာသလေးတွေနှောပြီးရိုက်ကူးထားတာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ
...

Kung Fu Ping Pong (2024) ⭐TMDB: 0% User Score 🎬 #Action #Comedy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂရိတ်ဗြိတိန်မှာ တစ်နှစ်ပတ်လုံးမိုးတွေအရမ်းရွာသွန်းခဲ့တဲ့အချိန်မှာတင်းနစ်ကစားရတာကိုအရမ်းကြိုက်တဲ့ တော်ဝင်မျိုးနွယ်ဝင်တစ်ယောက်ကအပြင်ထွက်စရာမလိုဘဲကစားလို့ရတဲ့တင်းနစ်ကစားနည်းနဲ့တူတဲ့ကစားနည်းတစ်မျိုးကိုတီထွင်ခဲ့ပါတယ်။အဲဒီကစားနည်းကို စားပွဲတင်တင်းနစ်လို့ခေါ်ပါတယ် ။ ချင်းမြို့တော်ကိုနိုင်ငံခြားသားတွေနဲ့ဂျပန်တွေရောက်လာပြီးတော့စားပွဲတင်တင်းနစ်ကစားပွဲလာရောက်ကျင်းပတဲ့အချိန်မှာတရုတ်ပြည်က ဝင်ပြိုင်တဲ့သူမရှိတဲ့အတွက်ဂျပန်တွေကတရုတ်ပြည်သူပြည်သားတွေကို နှိမ်ခဲ့ပါတယ် ။ အဲဒီလိုနဲ့ အဲဒီလိုနှိမ်တဲ့စကားတွေကိုမခံချင်တဲ့ မမလေးရုန်ကနေအစပြုပြီးစားပွဲတင်းနစ်ဆော့ဖို့ ကစားသူတွေလိုက်လံစုဆောင်းတဲ့အခါမှာခေါက်ဆွဲဆိုင်က စာပေသမားတစ်ယောက်ရယ် ၊ မီးဖိုးချောင်ကခေါက်ဆွဲချက်တဲ့စားဖိုမှူး‌တစ်ယောက်ရယ် ၊ သူခိုးလေးတစ်ယောက်ရယ် ၊ဓားပြစုံတွဲ၂ယောက်ရယ်စားပွဲတင်တင်းနစ်လေ့ကျင့်ဖို့ဖြစ်လာပါတော့တယ် ။ သူတို့တွေပေါင်းပြီး ဂျပန်တွေကို ပြိုင်ပွဲမှာ ဘယ်လိုတွေအနိုင်ယူသွားမလဲ ?သူတို့လိုအခုမှ စလေ့ကျင့်တဲ့ အသစ်လေးတွေကလက်ရွေးစင်ကစားသမားတွေကိုအနိုင်ယူသွားမလားဆိုတာစိတ်ဝင်စားစွာဖြင့်လိုက်ပါကြည့်ရှုလိုက်ကြပါဦး
...

Janus: Two Faces of Desire (2014) ⭐IMDB: 6.8/10 (28 Votes) 🎬 #Adult #Drama #Romance #Thriller 🗓 2014 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 24 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ***********************************အခုတစ်ခါမှာ ၂၀၁၄ခုနှစ်က ထွက်ခဲ့တဲ့ Janus: Two Faces of Desireဆိုတဲ့ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်အကဌာနရဲ့ကျောင်းသူဖြစ်တဲ့ဒါဟီးဟာ တစ်ခါမှ ရည်းစားမထားဖူးသလို ကောင်လေးတွေနဲ့လည်း တစ်ခါမှအတူမနေဖူးပါဘူး ညတိုင်း ကြမ်းတမ်းလွန်းတဲ့ဆက်ဆံရေးတွေနဲ့ပတ်သက်ပြီး အိပ်မက်ဆိုးတွေ မက်လေ့ရှိပါတယ်စိတ်ကူးနဲ့လက်တွေ့ကို မခွဲခြားနိုင်တဲ့ ရောဂါလည်း ဖြစ်နေပြီးတော့ ရောဂါအကြောင်း ဘယ်သူ့ကိုမှ ပြောပြမထားပါဘူးသူမက အကဖျောဖြေပွဲရဲ့projectorလည်းဖြစ် စီနီယာရဲ့ခင်ပွန်းဖြစ်တဲ့ဂုံဝူကို တစ်ဖတ်သက် ကြိုက်နေပြီး ဒီကိစ္စကြောင့်တော်တော်ခံစားနေရပါတယ်ရောဂါပျောက်ဖိုအတွက် ကုထုံးတွေလည်း လိုက်ရှာခဲ့ပြီးတော့ နောက်ဆုံးမှာတော့ သူအခုလိုခံစားနေရတာဟာ ငယ်ဘဝက စိတ်ဒဏ်ရာကြောင့်ဆိုတာ သိရပြီးအဲ့ဒီစိတ်ဒဏ်ရာကနေ လွတ်မြောက်အောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာ ကြည့်လိုက်ကြပါဦးနော်… ဆရာမကြီး ၂ဦးပါဝင်တာမို့ ဒီကားကအတော်ရှယ်ပါတယ်
...

Chalet Girl (2011) ⭐IMDB: 6.3/10 (27 k Votes) 🎬 #Comedy #Romance #Sport 🗓 2011 🎞 movie 🌎 #UnitedKingdom #Germany #Austria ⏰ 1 နာရီ 37 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDB 6.3/10Rotten Tomatoes 53% ဘာဂါဆိုင်မှာ အလုပ်လုပ်ရင်းတစ်လှည့် ထမင်းချက်၊ အဝတ်လျှော်ရင်းတစ်လှည့်နဲ့ အဖေကို ပြန်ကြည့်ရှုပေးနေတဲ့ စကိတ်ဘုတ်ချန်ပီယံဟောင်း မိတဆိုးသမီးလေး ကင်မ် မက်သျူးစ်…။ သူမရဲ့ဘဝဟာ မိခင်ဖြစ်သူရဲ့ ဝမ်းနည်းစရာ သေဆုံးမှုအပြီးမှာ ငွေရှာဖို့ ရုန်းကန်ရင်းနဲ့ပဲ ဖြတ်သန်းခဲ့တယ်။ တစ်နေ့မှာ သူမဟာ အယ်လ်ပ်စ်တောင်တန်းတွေရဲ့ အထက်တန်း အကျဆုံး အပန်းဖြေစံအိမ်မှာ အလုပ်လုပ်ဖို့ အခွင့်အရေး ရလာတဲ့အခါမှာတော့… သူငယ်ချင်းအသစ်တွေ၊ ပတ်ဝန်းကျင်အသစ်သာမက ဘယ်လို အတွေ့အကြုံအသစ်မျိုးကိုပါ ဆယ်ကျော်သက်ကောင်မလေး ကင်မ်တစ်ယောက် ရှာဖွေတွေ့ရှိမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
...

Million Dollar Lethal Listing (2024) ⭐IMDB: 5.6/10 (94 Votes) 🎬 #Drama #Thriller #TVMovie 🗓 2024 🎞 tv movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 25 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ton နဲ့ Becca တို့ကလက်ထပ်ဖို့အတွက်ပြင်ဆင်နေကြပြီး စေ့စပ်ထားတဲ့သူ၂ယောက်ပါ၊သူတို့၂ယောက်ကလက်ထပ်ပြီးရင်နေဖို့အတွက် အိမ်တလုံးဝယ်အတွက်ရည်ရွယ်ထားကြပြီး အေးချမ်းနေတဲ့သူတို့၂ယောက်ဘဝကလည်း သူတို့ရည်ရွယ်ထားတဲ့အိမ်ကိုဝယ်ယူရာမှာပဲ စပြီးပြောင်းလဲလာခဲ့ပါတယ်၊သူတို့စိတ်ကြိုက်အိမ်တလုံးကိုဝယ်ယူရာမှာပဲ ငွေကြေးလိမ်လည်ခံလိုက်ရပါတယ်၊ အဲ့နောက်မှာ ခင်ပွန်းလောင်းဖြစ်သူ Tom တယောက်အမူအရာတွေစပြောင်းလာတာကို Becs တယောက် မသင်္ကာရာကနေ ကိုယ်တိုင်စုံစမ်းရာကနေမှ မထင်မှတ်ထားတာတွေကြုံလာရပါတော့တယ်၊ဇာတ်ကားက အစပိုင်းမှာပျင်းစရာကောင်းတယ်လို့ထင်ရပေမယ့် Tom တယောက်ကကောဘာတွေလုပ်ထားတာလဲလဲ၊ငွေတွေကိုကော ဘယ်သူကလိမ်သွားတာလဲ၊Becs ကကောဘာတွေကိုသိလိုက်ရတာလဲ စသည်ဖြင့်အဖြေတွေတခုပြီးတခုပေါ်လာတာမို့ ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားမယ့်ဇာတ်လမ်းလေးဖြစ်တာမို့ ဆက်ဆက်ကြည့်သင့်တဲ့ဇာတ်ကားလေးတကားပါ
...

Robo (2019) ⭐TMDB: 69% User Score 🎬 #Adventure #Family #SciFi #ScienceFiction #Drama 🗓 2019 🎞 Series 🌎 #Russia ⏰ 1 နာရီ 28 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Robo (2020) ========== IMDb Rating – 5.2/10 ဒီဇာတ်ကားလေးကတော့ အသက် ၁၂ အရွယ် မီဂျာဆိုတဲ့ ကောင်လေးနဲ့ စက်ရုပ်တစ်ရုပ်တို့ ရဲ့ အခက်အခဲကျော်ဖြတ်ကြပုံတွေ၊ သံယောဇဉ်တွေနဲ့ ဇာတ်အိမ်ဖွဲ့ထားတဲ့ ခေတ်လွန် စွန့်စားခန်း ဇာတ်ကားလေးပါ။ ပန်းချီအနုပညာရှင် တစ်ယောက် သိပ်ဖြစ်တဲ့ မီဂျာနဲ့ သူ့ကို အင်ဂျင်နီယာ ဖြစ်စေချင်တဲ့ သူ့မိဘတွေရဲ့ ဆန္ဒက အမြဲတမ်း မထပ်တူမကျခဲ့ပါဘူး။ မီဂျာ့ မိဘတွေက လူသားတွေကို ကာကွယ်ပေးနိုင်တဲ့ စက်ရုပ်တစ်ရုပ်ကို တီထွင်ခဲ့ကြပါတယ်။ အဲ့ဒီစက်ရုပ်လေးဟာ အလွန်ချစ်စရာကောင်းပြီး တစ်နေ့တစ်ခြားသူ့ရဲ့ AI စနစ်ဟာလည်း ကောင်းမွန်တိုးတတ်လာနေခဲ့ပါတယ်။ တစ်နေ့မှာတော့  ဉာဏ်ရည်မြင့်မားတဲ့ စက်ရုပ်လေးက သူရဲ့မိသားစုကို ရှာဖွေဖို့ စမ်းသပ်ခန်းကနေ ထွက်ပြေးသွားခဲ့ပါတယ်။ ဒါပေမယ့် ထိန်းချုပ်သူမရှိတဲ့ စက်ရုပ်ဆိုတာဟာ အန္တရာယ်များလွန်းတတ်ကြပါတယ်။ အဲ့ဒီ ထွက်ပြေးသွားတဲ့ စက်ရုပ်လေးဟာ ဖြစ်ချင်တော့ မီဂျာနဲ့တွေ့ဆုံခဲ့ပြီး စိတ်ဝင်စားဖွယ်ရာလည်းကောင်း . ကြည်နူးစရာလည်းကောင်းတဲ့ ဖြစ်စဥ◌်တွေတောက်လျှောက် ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် မီဂျာကကော စက်ရုပ်ကို ထိန်းချူပ်နိုင်ပါ့မလားဆိုတာကိုတော့ ရင်ခုန်စွာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်……. အဲ့တော့ အေးချမ်းလှတဲ့ ခရစ်စမတ် အားလပ်ရက်လေးမှာ မိသားစုနဲ့အတူ ပျော်ပျော်ပါးပါးနဲ့ ကြည့်လိုက်ပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Parris ပဲဖြစ်ပါတယ်။)
...

Legend of the Red Dragon (1994) ⭐TMDB: 69% User Score 🎬 #Action #Adventure #Comedy 🗓 1994 🎞 movie 🌎 #China #HongKong ⏰ 1 နာရီ 35 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရှောင်လင်သိုင်းကားတွေကို ကြိုက်တဲ့ပရိသတ်ကြီးအတွက်1994 ခုနှစ်က ထွက်ခဲ့တဲ့ မင်းသားကြီး ဂျက်လီပါဝင်သရုပ်ဆောင်ထားတဲ့New Hero Of Shaolin ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- ချင်မင်းဆက် ခန်းရှီးခေတ်မှာ ရှောင်လင်တပည့်ဖြစ်သူ ဟုန်ရှီးကွမ်းဟာအစိုးရရဲ့လိုက်လံဖမ်းဆီးခြင်းကို ခံနေရပါတယ်။ ဂိုဏ်းတူညီလေး မာနင်အာကသစ္စာဖောက်သွားတဲ့အတွက် ဟုန်ရှီးကွမ်းတို့ တစ်မိသားစုလုံး အသတ်ခံလိုက်ရပြီးသားငယ်လေး ဝိန်တင့်တစ်ယောက်သာ ကျန်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစ ဟုန်ရှီးကွမ်းဟာ သားငယ်လေးနဲ့ အတူ ခြေဦးတည့်ရာ လေလွင့်နေခဲ့ပါတော့တယ်။ ၈ နှစ်ကြာသောအခါ ရှောင်လင်ကျောင်းမှ ဆရာဦးလေးကျစ်ရှန့်ဟာရတနာမြေပုံတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီရတနာမြေပုံကို ချင်မင်းဆက်အစိုးရအဖွဲ့ရဲ့လုယူခြင်းရန်က ကင်းအောင် မာရှောက်ရှင်း၊ ဟူသယ်တိ၊ချိုင့်သယ်ကျုံး၊ လီရှစ်ခိုင်းနဲ့ ဖန်းတာ့ဟုန် စတဲ့ တပည့်လေး ၅ ယောက်ရဲ့ကျောပေါ်မှာ ခွဲပြီး ရေးဆွဲထားခဲ့ပါတယ်။ ပြီးတော့ ဟုန်ရှီးကွမ်းကိုကလေး ၅ ယောက်ကို ထျန်းတိဂိုဏ်း ဂိုဏ်းချုပ်ကြီးချန်ကျင့်နန်ထံပို့ဖို့ လျှို့ဝှက်အကြောင်းကြားခဲ့ပါတယ်။ ကျူးရှောင်ချန့်နဲ့ ဟုန်တို့ သားအမိဟာ နာမည်ကြီးနေတဲ့ လူလိမ်သားအမိနှစ်ယောက်ပဲ ဖြစ်ပါတယ်။တစ်နေ့မှာ မာရှောက်ရှင်းနဲ့ အဖေဖြစ်သူမာတာ့ရှန့်နဲ့ တွေ့ခဲ့ပြီးဟုန်တို့က အမေ့ကို သင်္ဂြိုလ်ဖို့ ကိုယ့်ကိုယ်ကိုယ်ရောင်းမယ်ဆိုတဲ့အတွက်မာတာ့ရှန့်က ဟုန်တို့ကို ပြန်ခေါ်သွားခဲ့ပါတယ်။ အဲဒီမှာပဲ ဟုန်ရှီးကွမ်းတို့သားအဖနှစ်ယောက်ရဲ့ သိုင်းပညာကျွမ်းကျင်မှုကို တွေ့ပြီးသူ့ရဲ့ ကိုယ်ရံတော်လုပ်ဖို့ မာတာ့ရှန့်က ခေါ်သွားခဲ့ပါသေးတယ်။ ဟုန်တို့သားအမိဟာ သူတို့ လိမ်လည်မှုကို ဟုန်ရှီးကွမ်းက သတိထားမိပြီးနှောင့်ယှက်မှာ စိုးတဲ့အတွက် ဟုန်ရှီးကွမ်းကို သတ်ဖို့ကြိုးစားခဲ့ပါတယ်။ဟုန်တို့သားအမိနှစ်ယောက် သူဌေးကြီးမာတာ့ရှန့်ကို အောင်မြင်စွာ လိမ်လည်နိုင်ပါ့မလား……ဟုန်ရှီးကွမ်းကလည်း ကလေး ၅ ယောက်နဲ့ ဘယ်လိုဆက်သွယ်မိမလဲ……ချင်မင်းဆက် အစိုးရကရော ဟုန်ရှီးကွမ်းတို့ကို ဘယ်လို လိုက်လံနှောင့်ယှက်မလဲ ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။
...

Chief Detective 1958 (2024) ⭐TMDB: 90% User Score 🎬 #Drama #Mystery 🗓 2024 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 7 မိနစ် 8 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Chief Detective 1958(2024)Chief Detective 1958(2024)************************* အပိုင်းသစ်( ၆) ဒီတစ်ခေါက် Channel Myanmar ကနေတင်ဆက်ပေးမဲ့Drama လေးကတော့Chief Detective 1958 ပဲဖြစ်ပါတယ်။ ဒီ Drama ဟာ 1971ကနေ 1989အထိကိုရီးယားနိုင်ငံအတွင်းမှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Chief Inspector ဆိုတဲ့ Series ရဲ့ Prequelဇာတ်လမ်းဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Taxi Driver မင်းသားလို့ပြောလိုက်ရင်မသိသူမရှိတဲ့ မင်းသား Lee Je Hoonနဲ့ Reply 1988 ဇာတ်လမ်းတွဲမှာ မြန်မာပရိသတ်တွေရင်းနှီးပြီးသားအတည်ပေါက်နဲ့နောက်တဲ့မင်းသား Lee Dong Hwi တို့အပြင် အခြားသောနာမည်ရသရုပ်ဆောင်များစွာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ Park Young-Han (Lee Je Hoon) ဟာ ငယ်ရွယ်ထက်မြက်တဲ့စုံထောက်တစ်ယောက်ဖြစ်ပြီး သူခိုးကြမ်းပိုး ဒုစရိုက်သမားတွေကို နှိမ်နင်းတဲ့နေရာမှာတော်လွန်းတဲ့စုံထောက်တစ်ယောက်ပါ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်းက ပိုကြီးမားတဲ့ပြဿနာတွေဖြစ်တဲ့အကျင့်ပျက်ခြစားမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ရင်ဆိုင်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။အဲဒီအခါမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် စုံထောက်တွေဖြစ်တဲ့Jongnamရဲစခန်းရဲ့ခွေးရူးလို့ခေါ်ကြတဲ့ Kim Sang-sun (Lee Dong-hwi) , ရုပ်ချောရေလျှံ စုံထောက်လေး Cho Kyung-hwan(Choi Woo-sung), စခန်းထဲကထိပ်တန်းစုံထောက် Seo Ho-jeong(Yoon Hyun-soo) တို့နဲ့အတူအမှုတွေ ပူးပေါင်းဖြေရှင်းကြပါတော့တယ်။ ဒီဒရာမာဟာ ပုံမှန်တွေ့ဖူးနေကျ စုံထောက်ကားတွေလိုမဟုတ်ဘဲ1958ခုနှစ်ကို အခြေတည်ရိုက်ကူးထားတာဖြစ်တာကြောင့် အခုခေတ်မှာလိုခေတ်မီဆန်းသစ်တဲ့ စစ်ဆေးရေး နည်းပညာတွေ CCTV တွေမရှိတဲ့ ကာလမှာစုံစမ်းထောက်လှမ်းကြပုံတွေ ၊တွေးတော ကောက်ချက်ချကြပုံတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။စုစုပေါင်း အပိုင်း ၁၀ ပိုင်းထုတ်လွှင့်ပြသသွားမှာ ဖြစ်ပြီး အပတ်စဉ် သောကြာနေ့နဲ့စနေနေ့ညတိုင်းမှာ Channel Myanmar က‌နေ တင်ဆက်ပေးသွားမှာဖြစ်လို့ ဆက်လက် စောင့်မျှော် ကြည့်ရှုပေးကြပါဦးရှင်။
...

Target List (2023) ⭐IMDB: 7.1/10 (750 Votes) 🎬 #Action #Adventure #Comedy #Thriller 🗓 2023 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 41 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ခင်ပွန်းသည်က ဖောက်ပြန်တာခံရတဲ့ ဒွန်နာအတွက်တော့ သမီးလေးဂရေစီဟာ အရာရာဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ကင်ဆာဆိုတဲ့နတ်ဆိုးက သမီးလေးကို သူ့ရဲ့ဘဝထဲကနေ ထပ်ပြီးတော့ ခေါ်ဆောင်သွားပြန်ပါတယ်။ အဲဒီအချိန်မှာ ဒွန်နာတစ်ယောက် WANDဆိုတဲ့ ကင်ဆာကုထုံးသစ်ကို စမ်းသပ်တီထွင်ဆဲကာလဖြစ်ပြီး သမီးလေးကိုမကယ်တင်နိုင်လိုက်ဘူးပေါ့။ ဒီလိုနဲ့ နှစ်ပေါင်းများစွာစမ်းသပ်ရင်း ဂရေစီဆုံးသွားပြီး ၃ နှစ်အကြာမှာ ‌နမူနာWANDကိုထုတ်လုပ်တဲ့အဆင့် လူသားတွေနဲ့စမ်းသပ်မှုစတင်မယ့်ကာလမှာ ထုတ်ကုန်ကို ကြေညာဖို့လုပ်ပါတယ်။ ဒါပေမဲ့ ဒီလိုကြေညာလိုက်တာက သူတို့ရဲ့သေမင်းကို ဖိတ်ခေါ်လိုက်တာမှန်း ဒီသု‌တေသနပညာရှင် ၅ ယောက်မသိနေတဲ့အခါ… ထုတ်ကုန်ကြေညာဖို့ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ညကနေစလို့ ဓာတ်ခွဲခန်းကို မီးလာရှို့ပြီး သုတေသနအဖွဲ့တွေကို လိုက်လံသတ်ဖြတ်နေတဲ့ ကြေးစားတွေရောက်လာချိန်မှာတော့ ဓာတ်ခွဲခန်းမှာစမ်းသပ်နေတဲ့ ကလိုက်ဒ်နဲ့ ဒွန်နာကိုလုပ်ကြံတာပေမဲ့ ခင်ပွန်းဟောင်းကိုထိပြီး သီသီလေးလွတ်မြောက်လာတဲ့ဒီနှစ်ယောက် အသက်ဘေးလွတ်အောင်ရုန်းကန်ရင်း တရားခံကိုရှာဖွေဖို့ဖြစ်လာပါတော့တယ်။ Nerdပီပီ တစ်ခါတရံမှာ ဇီဇာကြောင် အူကြောင်ကြောင်အတွေးတွေနဲ့ကလိုက်ဒ်နဲ့ လက်ရဲဇာတ်ရဲ တဇွတ်ထိုးဆန်တဲ့ဒွန်နာတို့နှစ်ယောက်ရဲ့ တရားခံရှာပုံတော်ကို ဟာသလေးနှောလို့ အတူရှုစားလိုက်ရအောင်ပါ။
...

Gangs of New York (2002) ⭐TMDB: 73% User Score 🎬 #Uncategorized #Crime #Drama #History 🗓 2002 🎞 movie 🌎 #Italy #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 46 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Gangs of New York(2002) ကားဟောင်းအများစုဟာ ဇာတ်လမ်းပြသချိန်ရဲ့ ၃ပုံ ၁ပုံလောက်ထိ သီးခံပြီးကြည့်ရပါတယ်..ပြီးမှ ကားရဲ့ဆိုလိုရင်းနဲ့ ဇာတ်လမ်းဇာတ်ကွက်ကိုအနည်းငယ်ရိပ်မိလာပါတယ်…ဒီလိုကားကောင်း ကားဟောင်းတွေကြားထဲမှာGangs of new york ကတော့ ဇာတ်လမ်းစစချင်းပဲ ခပ်သွက်သွက်နဲ့ မပျင်းမရိအောင်စထားတယ်…ပြီးတော့ မင်းသားတွေကလည်း နာမည်ကြီး Leonardo DiCaprioနဲ့ Daniel Day-Lewisတို့ဖြစ်တဲ့အပြင်မင်းသမီးကလည်း , Cameron Diaz, ဗျ…ဒီဇာတ်ကားဟာ အမေရိကန် ပြည်တွင်းစစ် ဖြစ်နေတုန်းအချိန်က ရှိခဲ့တဲ့ နယူးယောက်မြို့ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားခဲ့တာပါ။ နယူးယောက်ဟာ ဂိုဏ်းပေါင်းစုံ အဖွဲ့အသီးသီး နှင့် ရှိနေကြပြီး အဓိက ဂိုဏ်းကြီးနှစ်ခုဖြစ်သည့် ဒေသခံဂိုဏ်းနှင့်ယုန်သေဂိုဏ်းတို့ဟာ သမိုင်းကြွေးတွေ ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ခိုးဝင်လာတဲ့ အိုင်ရစ်တွေရဲ့ အရေးကလည်း ရှိပါသေးတယ်။ဒါ့အပြင် ပြည်တွင်းစစ်အတွက် စစ်မှုမထမ်းမနေရ အမိန့်ကို မကျေနပ်တဲ့ သာမန်လက်လုပ်လက်စား ဆင်းရဲသား တွေကလည်း ရှိပါသေးတယ်။ ပြဿနာပေါင်းများစွာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က နယူးယောက်မြို့ကို ရိုက်ကူးပြသထားသည်မှာ ရုပ်ရှင်ကြည့်ပရိသတ်ကို ထူးခြားသော ရသ ပေးနိုင်မှာ အသေအခြာပါပဲခင်ဗျာ။ —————————————————————– ကားဟောင်းအများစုဟာ ဇာတ်လမ်းပြသချိန်ရဲ့ ၃ပုံ ၁ပုံလောက်ထိ သီးခံပြီးကြည့်ရပါတယ်..ပြီးမှ ကားရဲ့ဆိုလိုရင်းနဲ့ ဇာတ်လမ်းဇာတ်ကွက်ကိုအနည်းငယ်ရိပ်မိလာပါတယ်…ဒီလိုကားကောင်း ကားဟောင်းတွေကြားထဲမှာGangs of new york ကတော့ ဇာတ်လမ်းစစချင်းပဲ ခပ်သွက်သွက်နဲ့ မပျင်းမရိအောင်စထားတယ်…ပြီးတော့ မင်းသားတွေကလည်း နာမည်ကြီး Leonardo DiCaprioနဲ့ Daniel Day-Lewisတို့ဖြစ်တဲ့အပြင်မင်းသမီးကလည်း , Cameron Diaz, ဗျ…ဒီဇာတ်ကားဟာ အမေရိကန် ပြည်တွင်းစစ် ဖြစ်နေတုန်းအချိန်က ရှိခဲ့တဲ့ နယူးယောက်မြို့ကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားခဲ့တာပါ။ နယူးယောက်ဟာ ဂိုဏ်းပေါင်းစုံ အဖွဲ့အသီးသီး နှင့် ရှိနေကြပြီး အဓိက ဂိုဏ်းကြီးနှစ်ခုဖြစ်သည့် ဒေသခံဂိုဏ်းနှင့်ယုန်သေဂိုဏ်းတို့ဟာ သမိုင်းကြွေးတွေ ရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ခိုး၀င်လာတဲ့ အိုင်ရစ်တွေရဲ့ အရေးကလည်း ရှိပါသေးတယ်။ဒါ့အပြင် ပြည်တွင်းစစ်အတွက် စစ်မှုမထမ်းမနေရ အမိန့်ကို မကျေနပ်တဲ့ သာမန်လက်လုပ်လက်စား ဆင်းရဲသား တွေကလည်း ရှိပါသေးတယ်။ ပြႆနာပေါင်းများစွာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က နယူးယောက်မြို့ကို ရိုက်ကူးပြသထားသည်မှာ ရုပ်ရှင်ကြည့်ပရိသတ်ကို ထူးခြားသော ရသ ပေးနိုင်မှာ အသေအခြာပါပဲခင်ဗျာ။
...

Barton Fink (1991) ⭐TMDB: 75% User Score 🎬 #Comedy #Drama #Thriller 🗓 1991 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 57 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တမူထူးခြားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို တင်ဆက်ပေးမှာ ဖြစ်ပါတယ် ဒါရိုက်တာက နာမည်ကြီး Coen ညီနောင်ဖြစ်တဲ့အပြင် ကိန်းရုပ်ရှင်ပွဲတော်က Palme d’Or လို ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ရုပ်ရှင်ပါ Writers Block ဆိုတဲ့ စာရေးဆရာတွေ အကြံဉာဏ်မထွက်တဲ့ အကြောင်းကို psychological comedy ဆန်ဆန်ပုံဖော်ထားပြီး ဒိုင်ယာလော့ခ်တွေကလည်း စိတ်ဝင်စားစရာကောင်းပါတယ် ဘာတွန်ဖင့်န်က နာမည်ကြီးပြဇာတ်ရေးဆရာဖြစ်ပြီး ဝေဖန်ရေးဆရာတွေ ချီးကျူးခံရတာကို မနှစ်မြို့ပဲ သူ့ရင်ဘတ်ခံစားချက်အတိုင်း လူလတ်တန်းစားတွေရဲ့ စိတ်ခံစားချက်ကို တင်ပြဖို့ကသာ အိပ်မက်ပါ ဒါပေမဲ့ မိတ်ဆွေတစ်ယောက်ညွှန်းမှုနဲ့ ဟောလိဝုဒ်ကိုရောက်သွားပြီး ရုပ်ရှင်ဇာတ်ညွှန်းရေးရဖို့ ဖြစ်လာပါတယ် သူ့အတွေးအခေါ်နဲ့ လုံးဝမကိုက်ညီတဲ့ ပရိုဂျူဆာတွေရဲ့ ဖိအားပေးမှုတွေ ကြုံရတဲ့အခါ……. စာရေးဖို့ အကြံက တစ်နေပြီး သူနေတဲ့ ဟိုတယ်မှာပါ ထူးထူးဆန်းဆန်းတွေ ကြုံလာရတဲ့အခါမှာ ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရမှာပါ
...

Stockholm Bloodbath (2023) ⭐IMDB: 4.7/10 (792 Votes) 🎬 #Action #History #War #Drama #Adventure 🗓 2023 🎞 movie 🌎 #Sweden #Denmark ⏰ 2 နာရီ 32 မိနစ် 10 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတင်ဆက်ပေးမယ့်ဇာတ်လမ်း‌လေးကတော့ နိုင်ငံရေးဇာတ်လမ်းတွေ စိတ်ဝင်စားတဲ့သူတွေအတွက် အကြိုက်တွေ့မယ့် တော်လှန်ရေးကားပုံစံလေးဖြစ်ပါတယ် ဇာတ်လမ်းကိုအရမ်းပြောလိုက်ရင် spoilမိသွားနိုင်လို့ အတိုချုပ်ပဲပြောပါရ‌စေရှင့် အဓိက ကတော့ နိုင်ငံရေးကားလို့ပြောရပါမယ် ချစ်ကြည်ရေးကို ဗန်းပြပြီး နိုင်ငံကိုသိမ်းတာကို မခံနိုင်လို့ပြန်လည်တော်လှန်ကြရာကနေ အဲ့ထဲက နိုင်ငံရေးအရှုပ်တော်ပုံတွေ ဘုရင်နဲ့ဘုန်းတော်ကြီးတစ်ယောက်ပူးပေါင်းကြံစည်မှုတွေနဲ့ အရမ်းဇာတ်အိမ်ခိုင်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတာလည်းဖြစ်တာကြောင့် ပရိတ်သတ်တွေကို ရသတစ်ခုတော့ပေးစွမ်းနိုင်မှာပါသေချာပါတယ်
...

Madgaon Express (2024) ⭐IMDB: 7.9/10 (28 k Votes) 🎬 #Bollywood #Comedy #Drama 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 23 မိနစ် 14 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Madgaon express (2024)” ဂိုအာသို့” IMDb 8/10 ရရှိထားတဲ့ ၂၀၂၄ အသစ်ထွက် ဘောလိဝုဒ်ကားသစ်လေးနဲ့မိတ်ဆက်ပေးပါရစေ။ဒီကားလေးကိုတော့ မင်းသား Kunal Khemu က ဒါရိုက်တာအဖြစ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒိုဒို၊ အာယု့ရှ်နဲ့ ပင်ကူတိုဟာ ငယ်ဘဝကတည်းက တတွဲတွဲနဲ့ သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပါ။သုံးယောက်ပေါင်းလောင်းကျော်လာကြတဲ့သူတို့ဟာ တစ်နေ့မှာတော့ မိန်းကလေးသူငယ်ချင်းတွေစီစဉ်နေတဲ့ဂိုအညခရီးအကြောင်းကြားပြီး ဂိုအာအိပ်မက်စမက်ကြပါတော့တယ်။ ဒါပေမဲ့လည်း ငယ်လို့၊ပိုက်ဆံမရှိလို့၊ ကျန်းမာရေးမကောင်းလို့ စသည်ဖြင့် မသွားဖြစ်ခဲ့ကြတာအသက်တွေကြီး နိုင်ငံတွေဝေးပြီး တကွဲတပြားဖြစ်သွားတဲ့အထိပါပဲ။ ငွေရေးကြေးရေးအဆင်ပြေတဲ့ ပင်ကူနဲ့ အာယု့ရှ်တို့ကတော့ နိုင်ငံခြားကိုရောက်ပြီးအောင်မြင်နေပေမဲ့ ဆင်းရဲတဲ့ ဒိုဒိုတစ်ယောက်ကတော့ ရရာအလုပ်လေးလုပ်ရင်း ဆိုရှယ်မီဒီယာကိုက်ရင်းကျန်နေခဲ့ပါတော့တယ်။ ဒီလိုနဲ့ ဆိုရှယ်မီဒီယာမှာ ပုံတွေပြင်၊ တင်ချင်ရာတင်ပြီး အတန်းရှင်းရှာရင်းနေလာရာကအမေရိကားရောက် ပင်ကူနဲ့ အာယု့ရှ်တို့ ပြန်လာမယ်ဆိုတဲ့အခါမှာတော့ ဒိုဒိုတစ်ယောက် ခေါင်းမီးတောက်နေရပါပြီ။ ဒိုဒိုတစ်ယောက် ဆိုရှယ်မီဒီယာမှာတင်ထားတဲ့ လိမ်ဆင်တွေကိုဖုံးဖို့ မဖြစ်မြောက်ခဲ့တဲ့ ဂိုအာခရီးကို စီစဉ်ပြီးလိမ်ဆင်ပေါ်လိမ်ဆင်ထပ်ရင်းက ရာဇဝတ်မှုတွေနဲ့ပါပတ်သတ်မိသွားတဲ့အခါ….မီလီယံနာအယောင်ဆောင် ဒိုဒိုနဲ့ ကိုဆန်းဆန်းတင့် ပင်ကူ၊ နောက် ညှိနှိုင်းရေးသမားအာယု့ရှ်တို့ ဂိုအာခရီးမှာ ဘယ်လိုတိုင်ပတ်ကြမလဲဆိုတာကို ရယ်ရယ်မောမောလေး ကြည့်ရှုရမှာပဲဖြစ်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်။
...

Akelli (2023) ⭐IMDB: 6.2/10 (6 k Votes) 🎬 #Action #Bollywood #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 3 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Akelli (2023)”လှောင်အိမ်ထဲက လိပ်ပြာ”============================== ၂၀၂၃ ခုနှစ်မှာ ထွက်ရှိထားတဲ့ ဖြစ်ရပ်မှန်အခြေခံ သည်းထိတ်ရင်ဖို၊ဒရာမာရုပ်ရှင်တစ်ခုကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဆုံးသွားတဲ့ အစ်ကိုဖြစ်သူရဲ့ အကြွေးတွေကို ပြန်ဆပ်ပေးဖို့ အခက်အခဲဖြစ်နေတဲ့ ဂျိုတီ။လဲရာသူခိုးထောင်းဆိုသလိုပဲ သူတပါးအတွက်နဲ့ ရှိတဲ့အလုပ်ကိုပါ ဆုံးရှုံးလိုက်ရပါတယ်။ဒုက္ခပင်လယ်ဝေနေတဲ့ ဂျိုတီဟာ အလုပ်ရှာဖို့ကြိုးစားရင်း ရွေးစရာမရှိတဲ့အတွက်အဲဒီကာလတုန်းက စစ်ဖြစ်နေခဲ့တဲ့ အီရတ်နိုင်ငံက အလုပ်တစ်ခုကို လက်ခံလိုက်ပါတယ်။ အီရတ်ကိုရောက်ရောက်ခြင်း အဖြစ်ဆိုးတစ်ခုကို မျက်မြင်တွေ့လိုက်ရတဲ့ ဂျိုတီဟာအိန္ဒိယကို ပြန်ဖို့ကြိုးစားခဲ့ပေမဲ့ ပြန်ခွင့်မရသေးခင်မှာ အိုင်းစစ် စစ်သွေးကြွတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတဲ့အခါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

A Tribe Called Judah (2023) ⭐IMDB: 6.3/10 (481 Votes) 🎬 #Comedy #Crime 🗓 2023 🎞 movie 🌎 #Nigeria ⏰ 2 နာရီ 14 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jedidah Judah က Single Mother တစ်ယောက်ဖြစ်ပြီး သူ့မှာ အယ်မီကာ၊ အာဒါမူ၊ ပဲယေး၊ ရှီနနဲ့ အယ်ဂျီရိုဆိုတဲ့သားငါးယောက် ရှိပါတယ်။ ထိုသားငါးယောက်ရဲ့ ဖခင်တွေကလည်း တစ်ယောက်စီဖြစ်ပြီးတော့ သူမကပဲ သားငါးယောက်လုံးကို ရုန်းကန်ကျွေးမွေး စောင့်ရှောက်နေရတာပါ။ သားအကြီးဆုံးတွေဖြစ်ကြတဲ့ အယ်မီကာနဲ့ အာဒါမူတို့ကတော့ ကုန်တိုက်တစ်ခုတည်းမှာ ပရိဘောဂ အရောင်းကိုယ်စားလှယ်နဲ့ လုံခြုံရေးအရာရှိတို့အဖြစ် အသီးသီး အလုပ်လုပ်ကိုင်ကြပါတယ်။ တစ်နေ့သူမမူးလဲကျလို့ဆေးရုံတင် လိုက်ရင်း သူမရဲ့ ကျောက်ကပ်ကပျက်စီးနေတာကို သိခဲ့ရပြီး သားတွေက သူတို့မိခင်ရဲ့ ကျောက်ကပ်အစားထိုးဖို့အတွက် အကြီးဆုံးသားနှစ်ယောက်အလုပ်လုပ်တဲ့ ကုန်တိုက်ကိုဓားပြတိုက်ဖို့ ပြင်ဆင်ကြပါတော့တယ်။ သူတို့ဓားပြတိုက်နေတဲ့အချိန် လက်နက်တွေနဲ့ရောက်ရှိလာတဲ့ အခြားဓားပြတစ်ဖွဲ့နဲ့ တွေ့လိုက်ရတဲ့အခါ သူတို့ဘယ်လိုဆက်လုပ်ကြမလဲဆိုတာကို ကြည့်ရှု ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားလေးကတော့ Comedy/ Crime ဖြစ်ပြီး Jedidah က သူမရဲ့သားများကို ဘယ်လောက်ထိအလိုလိုက် ချစ်ခင်သလဲ Single Parent တစ်ယောက်အနေနဲ့ လူ့အသိုင်းအဝိုင်းမှာ သူမဘယ်လောက်ထိရုန်းကန်ရလဲ သားတွေကရော သူတို့အမေကို ဘယ်လောက်ထိချစ်သလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။
...

Due Justice (2023) ⭐IMDB: 3.3/10 (351 Votes) 🎬 #Action #Crime #Drama #Thriller 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အက်ရှင်ဇာတ်ကားလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ မက်စ်က ရေတပ်ကနေထွက်ပြီး အိမ်ခြံမြေရှေ့နေအဖြစ်လုပ်ကိုင်နေသူတစ်ဦးပါ။ တစ်ရက်မှာတော့ မက်စ်ဟာ မထင်မှတ်ဘဲ လူကုန်ကူးတဲ့ဂိုဏ်းတစ်ခုရဲ့ကိစ္စထဲကို ၀င်ပါမိသွားတဲ့အခါမှာတော့ မက်စ်ရဲ့ မိသားစုဟာ ရက်ရက်စက်စက်အသတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့မက်စ်တစ်ယောက် ဒီလူသတ်မှုနောက်ကွယ်ကတရားခံတွေကို ရှာဖွေပြီး သူ့မိသားစုအတွက် တရားမျှတမှုကိုပြန်ယူပေးဖို့အတွက် ကြိုးစားရာကနေ စီအိုင်အေနဲ့ တခြားမှောင်ခိုစီးပွားရေးလုပ်ငန်းရှင်တွေကပါ ပါ၀င်ပတ်သက်လာတဲ့နောက်မှာတော့… မက်စ်ရဲ့မိသားစုက ဘာကိစ္စအကြောင်းမဲ့သတ်ခံလိုက်ရတာလဲ၊ သတ်ဖြတ်ခဲ့တဲ့သူတွေကရော ဘာအကြောင်းပြချက်တွေကြောင့်သတ်ခဲ့တာလဲ၊ မက်စ်နဲ့အတူ ဒီလူဆိုးဂိုဏ်းတွေကိုရော တခြားဘယ်သူတွေက လိုက်လံစုံစမ်းနှိမ်နင်းဦးမလဲ၊ မက်စ်တစ်ယောက် နောက်ဆုံးမှာ သူ့မိသားစုကိုရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့သူတွေကို လက်စားချေနိုင်သွားမလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။
...

The Enforcer (1995) ⭐TMDB: 66% User Score 🎬 #Action #Crime #Drama #Thriller 🗓 1995 🎞 movie 🌎 #HongKong ⏰ 1 နာရီ 46 မိနစ် 9 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 1995ခုနှစ်တုန်းက ထွက်ခဲ့တဲ့ Jet Li ကားကောင်းတစ်ကားဖြစ်ပါတယ်။Jet Li ရဲ့ပရိသတ်တွေကိုတော့ ဇာတ်ကားအကြောင်းသိပ်မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ ကုံဝေ့ဟာတရုတ်ပြည်မကြီးကရဲဘက်ကသူလျှိုတစ်ယောက်ဖြစ်တယ်။ အလုပ်ကြောင့်မိန်းမနဲ့ကလေးကိုအချိန်မပေးနိုင်ခဲ့ဘူး။ ကိုယ်ခံပညာတော်ပြီးအရမ်းသိတတ်တဲ့သားနဲ့ ရောဂါသည်ဇနီးကို ဂရုမစိုက်ပေးနိုင်ခဲ့ဘူး။ ဇနီးသည်ကရောဂါကြောင့်သူ့ကိုလိုအပ်နေချိန်မှာသူက အရေးကြီးတဲ့အမှုတစ်မှုအတွက် ရာဇဝတ်သားယောင်ဆောင်ပြီးဟောင်ကောင်မှာ သူလျှိုသွားလုပ်နေခဲ့ရတယ်။ရှေးဟောင်းပစ္စည်းမှောင်ခိုရောင်းတဲ့လူဆိုးတွေကိုသားအဖနှစ်ယောက် အပီတွယ်မယ့် ဇာတ်လမ်းပဲဖြစ်ပါတယ်။
...

Friend, Our Legend (2009) ⭐TMDB: 40% User Score 🎬 #Drama #Romance 🗓 2009 🎞 Series 🌎 #SouthKorea ⏰ 1 နာရီ 4 မိနစ် 5 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Friend, Our Legend (2009) [Complete]Friend, Our Legend (2009)***************************** အပိုင်း (၁ မှ ၂၀) စ/ဆုံး ဒီတစ်ခါ တင်ဆက်ပေးသွားမဲ့ ဇာတ်လမ်းတွဲလေးကတော့Hyun Bin, Kim Min Joo, Wang Ji Hye, Jung Yoo Miတို့အဓိကပါဝင်သရုပ်ဆောင်ထားပြီး ၂၀၀၁ ခုနစ်မှာ ထွက်ရှိခဲ့တဲ့နာမည်ကျော် ရုပ်ရှင် Friend ကို Seriesအဖြစ် ပြန်လည်အသက်သွင်းရိုက်ကူးထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်း-ဟန်ဒုံးဆူ (Hyun Bin) ကတော့ ဆင်းရဲဖခင်ဖြစ်သူနဲ့ ဖောက်ပြန်ပြီးအိမ်ထောင်ရေး ဖောက်ပြန်ပြီး အိမ်ကထွက်သွားတဲ့ မိခင်ဖြစ်သူတို့ကြောင့်ပင်ပန်းဆင်းရဲစွာ ကြီးပြင်းခဲ့ရသူဖြစ်ပြီး ကြီးပြင်းလာတဲ့အချိန်မှာဒုစရိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦးနဲ့ တွေ့ဆုံးခဲ့ပြီး ဒုစရိုက်ဂိုဏ်းဝင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။အီဂျွန်ဆော့(Kim Min Joon) ဟာ ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ရဲ့သားဖြစ်ပြီးဖခင်ဖြစ်သူ သေဆုံးချိန်မှာ အမွေဆက်ခံရရှိပြီး ဂျပန်နဲ့ ချိတ်ဆက်ပြီးဘူဆန်တစ်ဝိုက်မှာ အရေးပါသူတစ်ယောက်ဖြစ်လာပါတယ်။ဂျောင်ဆန်းထက် (Seo Tae Hwa) ကတော့ လူမိုက်ဂိုဏ်းနဲ့ နိုင်ငံရေးသမားတွေရဲ့မသမာမှုတွေကို ဖော်ထုတ်နေတဲ့ သတင်းထောက်တစ်ယောက်ပဲ ဖြစ်ပါတယ်။ဂင်ဂျုံဟို (Lee Si Eon) ကတော့ သူငယ်ချင်းတွေကြား အပူအပင်မရှိပျော်ပျော်နေတတ်တဲ့ အဖွဲ့ရဲ့ဟာသဇာတ်လိုက်ကျော်ပဲဖြစ်ပါတယ်။ဒုံးဆူရဲ့ ပြိုင်ဘက်ဂိုဏ်းနောက်ကွယ်က လက်ဝါးကြီးကသူရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဂျွန်ဆော့ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့…အရမ်းခင်ကြတဲ့ ငယ်သူငယ်ချင်း ၄ယောက် အရွယ်ရောက်လာတဲ့အခါအကြောင်းအမျိုးမျိုးနဲ့ မတူညီတဲ့ လမ်းကြောင်းပေါ် ရောက်လာကြပြီးပြိုင်ဖက်တွေဖြစ်လာတဲ့အခါ တွေ့ကြုံလာရတဲ့ ပဋိပက္ခလွန်ဆွဲပွဲတွေထိပ်သီးနိုင်ငံရေးသမားတွေရဲ့ ဥပဒေလက်တစ်လုံးခြားလုပ်ပြီး နိုင်ငံရေး၊စီးပွားရေးအမြတ်ထုတ်မှုတွေ လူမိုက်ဂိုဏ်း အချင်းချင်း အားပြိုင်မှုတွေကိုစိတ်လှုပ်ရှားဖွယ်ကြည့်ရမဲ့ ဒုစရိုက်ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။ (အညွှန်းကိုတော့ Emily မှ ရေးသားထားပါတယ်။)
...

Dig Two Graves (2014) ⭐IMDB: 5.7/10 (3 k Votes) 🎬 #Drama #Horror #Mystery #Thriller #Fantasy 🗓 2014 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 26 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လောကကြီးထဲက ထွက်ခွာသွားခဲ့ရတဲ့ ကိုယ်ချစ်ရတဲ့ သူတစ်ယောက်ကို ပြန်ခေါ်ခွင့်ရှိမယ်ဆိုရင် ပရိသတ်ကြီးတို့ရော ပြန်ခေါ်ကြမှာလား။ ဒါပေမယ့် လှည့်ကွက်တစ်ခုတော့ရှိနေပါတယ်။ အဲ့ဒါကတော့ ကိုယ်ပြန်ခေါ်ချင်တဲ့သူနေရာမှာ အသက်ရှင်နေတဲ့ တခြားတစ်ယောက်နဲ့အစားထိုး ပေးရမှာပါပဲ။ဒီလိုမျိုးမှော်ပညာတွေ အောက်လမ်း ပညာတွေကိုထည့်သွင်းရိုက်ကူးထားတဲ့ 2014 ခုနှစ် တုန်းက ထွက်ရှိခဲ့တဲ့ Dig Two Graves ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ IMDb Rating 5.7 ရရှိထားပြီး Horror ကို ပေါ့ပေါ့ပါးပါးကြည့်ရှုချင်သူတွေအတွက် အဆင်ပြေစေမဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အစမှာ ဂျိတ်နဲ့ရှောင်ဆိုတဲ့ မောင်နှမ နှစ်ယောက်ကို တွေ့ရမှာဖြစ်ပြီး ကလေးတွေဆိုတော့ စူးစူးစမ်းစမ်းပေါက်ပေါက်ရှာရှာလုပ်တတ်ကြ သူတွေဖြစ်ပါတယ်။အခုလည်း ချောက်ကမ်းပါးတစ်ခုက နေရေထဲ အတူတူခုန်ဆင်းဖို့လုပ်နေကြပေမဲ့ တကယ်တမ်းခုန်ချသွားတဲ့အခါမှာတော့ ရှောင် တစ်ယောက်ပဲခုန်ချခဲ့ပြီး ကြောက်တတ်တဲ့ဂျိတ်ကတော့ ကျန်နေခဲ့ပါတော့တယ်။ဒါပေမယ့် ရှောင်ကရေထဲ ခုန်ဆင်းသွားပြီးပြန်ပေါ်မလာတဲ့အခါမှာတော့ သူချစ်ရတဲ့အစ်ကိုကို ဆုံးရှုံးလိုက်ရပြီဆိုတာကို ဂျိတ်သိခဲ့ရပါတော့တယ်။ဒီလိုနဲ့ရှောင်ဆုံးပါးပြီး ကတည်းက ဂျိတ်တစ်ယောက်မအိပ်နိုင်မစားနိုင် တမှိုင်မှိုင်ဖြစ်နေခဲ့ပါတော့တယ်။သိပ်မကြာခင်မှာတော့ သူတစ်ယောက်တည်း ကျောင်းကနေအိမ်ကိုပြန်တဲ့ လမ်းမှာ လူသုံးယောက်နဲ့တွေ့ခဲ့ပြီး အဲ့ဒီလူတွေထဲက ခေါင်းဆောင်က အထက်မှာ ပြောထားခဲ့တဲ့အတိုင်း သူ့အစ်ကိုကိုပြန်ခေါ်ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ ပါတော့တယ်။ဒါပေမယ့် အဲ့ဒီကမ်းလှမ်းမှုရဲ့ နောက်ကွယ်မှာ မရိုးသားမှုတွေရှိနေပြီး ဂျိတ်ရဲ့အဖိုးဖြစ်တဲ့ရဲမှူးရဲ့ မကောင်းခဲ့တဲ့ အတိတ်တွေကလည်းတစ်ထောင့် တစ်နေရာမှာပါဝင်နေတဲ့အခါမှာတော့ ဘယ်လို စိတ်ဝင်စားစရာတွေကိုမြင်တွေ့ရမလဲဆိုတာတွေကို သည်းထိပ်ရင်ဖို ဒရာမာဆန်ဆန်ကြည့်ရှုရမဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။
...