ru
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Blink (2024) ⭐IMDB: 7.6/10 (860 Votes) 🎬 #Bollywood #SciFi #Thriller #ScienceFiction #Music 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 14 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Blink 2024 အချိန်ခရီးသွား Imdb 7.7 လူတစ်ယောက်ရဲ့ဘဝမှာ တစ်ခါလောက်တော့ပြန်အသွားချင်ဆုံးခုနှစ်တစ်ခုရှိပါတယ်မှားခဲ့တာတွေပြင်ကောင်းပြင်မယ်ပျော်ခဲ့တာတွေထပ်ပျော်ကောင်းပျော်မယ် အကြိုက်ဆုံးခုနှစ်ဆိုတာ လူတိုင်းနီးပါးမှာရှိတတ်ကြမှာပါတကယ်လို့သာ အဲဒီနှစ်တွေဆီ ပြန်သွားခွင့်ရမယ်ဆိုရင်လက်ရှိမှာဘာတွေများပြောင်းလဲသွားမလဲစာမေးပွဲမအောင်သေးလို့ အလုပ်မရှိသေးတဲ့အာပူ .. သူတို့မှာပြဇာတ်ရုံလေးတစ်ခုတော့ရှိပါတယ် သရုပ်ဆောင်ကောင်းကြလို့သူ့ပရိသတ်နဲ့သူကတော့ရှိတယ်ပေါ့ အစိုးရအလုပ်အတွက်တစ်ဖက်မှာလည်းစာလုပ်ရင်း တစ်ဖက်မှာလည်းကျောင်းစရိတ်ရှာရင်းဘဝကိုချစ်ရသူနဲ့ဖြတ်သန်းနေသူတစ်ဦးပါ ဒီလိုနဲ့တစ်နေ့သူတိုကပွဲရုံဆီ အဘိုးအိုတစ်ဦးရောက်လာခဲ့တယ် ဒီနေရာမှာအာပူ့အကြောင်းပြောရရင် ဖခင်မရှိတော့ဘဲ မိခင်နဲ့သာနေထိုင်နေရသူပါဒီအဘိုးကြီးရောက်လာပြီးတော့ မင်းအဖေမသေသေးကြောင်းမင်းအမေကိုပြောလိုက်ပါလို့ စကားစလာခဲ့တယ်အဖေသေပြီလို့ပဲသိထားတဲ့အာပူတစ်ယောက်မယုံမကြည်နဲ့ ဘယ်သူ့မှလည်းမေးလို့မရအဘိုးကလည်းပြောပြီးပျောက်သွားလေတော့ဖခင်ရှာပုံတော်ဖွင့်ဖို့ အတိတ်ကိုအချိန်ခရီးသွားဖို့သူ့ဘဝဘယ်လိုတွေပြောင်းလဲသွားမယ်ဆိုတာကိုတော့ ။။။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)
...

Jackpot! (2024) ⭐IMDB: 5.8/10 (4 k Votes) 🎬 #Action #Comedy 🗓 2024 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Jackpot 2024 နာမည်ကျော် ကိုရီးယား Squid Game တို့ The hungover games တို့လို Fun ဂိမ်းတွေဆော့သတ်တဲ့ဖြတ်တဲ့ ဇာတ်လမ်းတွေ ကြည့်ရတာ ကြိုက်တဲ့ပရိသတ်တွေအတွက်တကယ့်ဒိတ်ဒိတ်ကျဲ သရုပ်ဆောင်တွေဖြစ်တဲ့ John Cena, Marvelသရုပ်ဆောင်သစ်တွေဖြစ်တဲ့ Shang Chi မင်းသားကြီး Simu Liu နဲ့awkwafina တို့ အဓိကပါဝင်အားဖြည့်ပေးထားတဲ့ ဇာတ်ကားသစ်လေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကေတီကင်မ်ဆိုတဲ့ ကောင်မလေးဟာ လော့စ်အိန်ဂျယ်လိစ်မြို့ကို သရုပ်ဆောင်ဖြစ်ဖို့အတွက်ရောက်လာပြီး မထင်မှတ်ဘဲ အဲ့ဒီမြို့မှာလုပ်တဲ့ ဆုငွေအကြီးဆုံး ထီလက်မှတ်ကိုပေါက်တဲ့သူဖြစ်သွားပါတယ်။ ပုံမှန်ဆိုရင်တော့ ဒါအတော်လေးကံကောင်းတာ ဖြစ်ပြီး ကေတီ့အတွက်ကတော့ တစ်ဝက်ပဲကံကောင်းတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ စည်းမျဉ်းစည်းကမ်းအရ အဲ့ဒီထီလက်မှတ်ပိုင်ရှင်ကို သတ်နိုင်သူဟာ အဲ့ဒီဆုကြေးငွေ ဒေါ်လာဘီလံပေါင်း 3.6 သန်းရရှိမှာဖြစ်ပါတယ်။ ဒီတော့ ကေတီလုံခြုံအောင်နေဖို့လိုတာပေါ့။ ဒီလိုနဲ့ သူ့ကိုကာကွယ်ပေးတဲ့ နိုးအယ်လ်ခေါ် ဂျွန်စီနာကြီးနဲ့တွေ့ပြီး သူ့ကိုကာကွယ်ပေးပေမဲ့ တစ်မြို့လုံးကလိုက်သတ်နေတဲ့ ကေတီ့ကိုသူလည်း ကာကွယ်မပေးနိုင်ပါဘူး။အဲ့လိုနဲ့ ပြေးကြရင်း သူတို့လို ထီပေါက်တဲ့လူတွေကို အကာအကွယ်ပေးပြီးကော်မရှင်ယူတဲ့ ရှမ်းကြီးတို့တဲ့ LPA အဖွဲ့ကိုရောက်သွားပါတယ်။ဆိုတော့ သူတို့ကရော ကာကွယ်ပေးနိုင်မှာလား ဘယ်လိုတွေကာကွယ်ပေးမှာလဲကေတီရော သူ့ဆုငွေကိုထိန်းသိမ်းရယူနိုင်မလားဆိုတာ စိတ်ဝင်စားရင်ဇာတ်လမ်းလေးကို ဒေါင်းလုဒ်ကြည့်ရှုဖို့ ပြောချင်ပါတယ်ဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Wunna~Zin Sann Oo ~Htet Aung Lwin ပဲဖြစ်ပါတယ်။)
...

Breathless (1960) ⭐TMDB: 75% User Score 🎬 #Crime #Drama 🗓 1960 🎞 movie 🌎 #France ⏰ 1 နာရီ 32 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Breathless (1960) ~ IMDb – 7.7/10, Rotten Tomatoes – 96% ~ ပြင်သစ်နယူးဝေ့ရဲ့ အခရာအကျဆုံးကားတွေထဲက တစ်ကားဖြစ်တဲ့ Breathless ကို ရိုက်ခဲ့တဲ့ Jean-Luc Godard ကို ပြင်သစ်နယူးဝေ့ဖလင်အရွေ့ရဲ့ ပိုင်အိုးနီးယားတစ်ယောက်လို့ ဆိုကြတယ်။ Breathless ဟာ Godard ရဲ့ အကျော်ကြားဆုံးကားဆိုလည်း ဟုတ်တယ်။ ပြင်သစ်နယူးဝေ့မှာ ရိုက်ကူးရေးပုံစံတွေကိုပြောင်းလဲပြီး ခေတ်ကိုထင်ဟပ်တဲ့ဇာတ်လမ်းတွေ လက်တွေ့ရိုက်ကွင်းတွေကို သုံးခဲ့တာတွေအပြင် Existential Themes ကို အသားပေးခဲ့တဲ့အချက်ကလည်း ပြင်သစ်နယူးဝေ့ရဲ့ လက္ခဏာတွေထဲပါခဲ့တယ်။ ဂိုးဒတ်ကိုယ်တိုင်ကလည်း Existentialism နဲ့ Marxist Philosophy ကို သဘောကျတဲ့လူဆိုတော့ သူ့ရုပ်ရှင်တွေမှာ ဖြစ်တည်မှုပဓာနဝါဒနဲ့ မက်စ်ဝါဒအငွေ့က တော်တော်လေးသန်းနေတယ်။ Breathless ရဲ့ ဒိုင်ယာလော့တွေမှာရော ဇာတ်ကောင်ရဲ့လုပ်ရပ်တွေမှာရော ဒီအငွေ့အသက်တွေက တော်တော်သန်းနေခဲ့တယ်။ အမေရိကန်တွေးခေါ်ပညာရှင် Hubert Dreyfus စကားအရတော့ Breathless ဟာ နစ်ရှေးရဲ့ Nihilism ကို စံနမူနာပြထားတဲ့ ရုပ်ရှင်လို့လည်း ဆိုတယ်။ Breathless က ဇာတ်လမ်းဇာတ်အိမ်ထက် ဇာတ်ကောင်တစ်ကောင်တည်းကိုပဲ ဦးတည်ထားတဲ့ ဇာတ်မျိုးပဲ။ ဇာတ်ကောင်ရဲ့ ရွေးချယ်မှုတွေ ဆုံးဖြတ်ချက်တွေ ပြဿနာတစ်ရပ်အပေါ် တုံ့ပြန်ပုံတွေကိုပဲ ဦးတည်ထားတယ်။ Breathless ရဲ့ဇာတ်ကောင်လုပ်သမျှတွေမှာ အကြောင်းရင်းတော်တော်ပျောက်နေတာတွေ များတယ်။ ဒီကောင် ဒီလိုလုပ်တာတော့ မဟုတ်သေးပါဘူးလို့ ပြောရမယ့်အရာတွေ များတယ်။ ဒါတွေကိုကလည်း ဒီကောင်ရဲ့ ဖလော်ဆော်ဖီကို မြင်သာစေတယ်။ ဒီလိုဆိုပေမဲ့ ဂိုးဒတ်ကို ကျွန်တော်တို့ ချီးကျူးရမယ့်တစ်ချက်က ဒီဇာတ်ထဲက ဇာတ်ကောင်ရဲ့လုပ်ရပ်ကို ကျွန်တော်တို့ကို နားလည်အောင်တစ်ဖက်လှည့်နဲ့လုပ်ပြသွားတာပဲ။ ဇာတ်ကောင်က သူ့အဖြစ်နဲ့ခပ်ဆင်ဆင် သူကြားဖူးနားဝဇာတ်လမ်းတစ်ပုဒ်ကို ပြောပြသွားတယ်။ ဒီလိုပဲ ဇာတ်ကောင်တွေပြောတဲ့ဇာတ်လမ်းတွေနဲ့ ကြည့်ရှုသူကို နားလည်အောင်လုပ်ပေးသွားတဲ့ အခန်းတွေမနည်းဘူး။ ဒါကြောင့်လည်း သူတို့လုပ်ရပ်တွေကို ကျွန်တော်တို့ပမာဏတစ်ခုအထိ နားလည်နိုင်တယ်။ အဲဒီလိုနားလည်နိုင်လို့ပဲ ဒီဇာတ်က ပိုအရသာရှိနေတာပဲ။ ဂိုးဒတ်ဟာ နယူးဝေ့ရဲ့ ရိုးစင်းတဲ့အရွေ့မှာ သူနဲ့ခေတ်ပြိုင်တွေထက် ဒိုင်ယာလော့တွေကိုတော့ တော်တော်အားကိုးသွားတယ်။ တော်တော်လည်းလှပါတယ်။ ဒီကားထဲက လူတစ်ယောက်ကို ဘဝရဲ့အကြီးဆုံးရည်မှန်းချက်ကဘာလဲမေးတော့… “To become immortal and then die” လို့ဖြေသွားတယ်။ တော်တော်လေးလှတဲ့အဖြေပဲ။ ဒီလိုတွေ ဂိုးဒတ်သုံးသွားတာ နည်းတော့မနည်းဘူး။ Breathless ဟာ ကျွန်တော့်အမြင်တော့ စည်းအပြင်ကလူလို ဇာတ်မျိုးကို ကြိုက်တဲ့လူတွေ ကြိုက်မယ့်ဇာတ်ပဲ။ မတူတာက ဒီကဇာတ်ကောင်ကတော့ သူ့အကျိုးဆက်နဲ့သူလို့ ပြောရမယ်။ ဒါပေမဲ့ အဲဒီအကျိုးဆက်တွေဖြစ်လာအောင် သူလုပ်ခဲ့တဲ့ရွေးချယ်မှုတွေကို သူရွေးချယ်သွားပုံတွေကတော့ စိတ်ဝင်စားစရာကောင်းနေတယ်။ Breathless ရဲ့ ဇာတ်က ပြောပြရင် စာတစ်ပိုဒ်လောက်နဲ့ပြီးသွားမှာပေမဲ့ ကြည့်ရင်တော့ တော်တော်အရသာရှိတယ်လို့ပဲ ကျွန်တော်ပြောချင်တယ်။ ဒီလိုဇာတ်မျိုး ဒီဘဲဘယ်လိုများ အိုင်ဒီယာရလဲတော့ မသိဘူး။ သူပြောခဲ့သလို “I pity the French Cinema because it has no money. I pity the American Cinema because it has no ideas.” “ပြင်သစ်ရုပ်ရှင်လောကကို ငွေမရှိလို့ သနားတယ်။ အမေရိကန်ရုပ်ရှင်လောကကိုတော့ အိုင်ဒီယာမရှိလို့ သနားတယ်” ဆိုတဲ့ သူ့စကားအတိုင်း သူတို့ပြင်သစ်ရုပ်ရှင်လောကမှာ အိုင်ဒီယာကောင်းတွေ များခဲ့ပုံပါပဲ။ ဒီရုပ်ရှင်ကိုရိုက်တဲ့အခါ ဇာတ်ညွှန်းရေးတဲ့အပိုင်းမှာလည်း ဂိုးဒတ်က ဆန်းသစ်ခဲ့တယ်။ ရိုက်ကွင်းမစခင်မှ ကောက်ရေးတဲ့ စတိုင်ကိုသုံးပြီး သရုပ်ဆောင်တွေကို ကြိုတင်ပြင်ဆင်ခွင့်မပေးဘဲ ဒိုကူမန်ထရီတစ်ခုရိုက်ကူးသလို အငွေ့အသက်မျိုးရအောင်ဖန်တီးခဲ့တယ်လို့ဆိုတယ်။ ဒါပေမဲ့လည်း ဂိုးဒတ်ဟာ သူ့ရှေ့က ရုပ်ရှင်လောကကလူတွေကို Homage တော်တော်ပေးတဲ့သူလို့ နာမည်ကြီးပါတယ်။ သူနဲ့ခေတ်ပြိုင်တွေထဲ သူ Homage အပေးဆုံးလို့ ဆိုကြတယ်။ ဒီရုပ်ရှင်မှာလည်း အမေရိကန်ရုပ်ရှင်တွေကို Homage ပေးထားတာ မနည်းပါခဲ့ပါတယ်။ ဒီရုပ်ရှင်တစ်ကားနဲ့တင်ကို ဂိုးဒတ်ဟာ သူ့ကားထဲက ဒိုင်ယာလော့အတိုင်း Immortal ဖြစ်ပြီးမှ သေသွားတယ်လို့ ကျွန်တော်ရဲရဲကြီး အာမခံရဲတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
...

Death Game (2024) ⭐TMDB: 0% User Score 🎬 #Action #Adventure #History 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 27 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ squid gameဇာတ်ကားနဲ့ ပလော့ခပ်ဆင်ဆင်လေးပါပဲ ။သိုင်းကားဆန်ဆန်ရိုက်ကူးထားခြင်းမျိုးဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းအနေနဲ့ –သိုင်းလောကမှာ တစ်နှစ်တစ်ကြိမ် သေမင်းကစားပွဲ ( သို့ )အဆိပ်ငါးမျိုးစမ်းသပ်ပွဲလို့ခေါ်တဲ့ ယှဉ်ပြိုင်ပွဲကြီး ကျင်းပလျက်ရှိပါတယ် ။အနိုင်ရရင် ရွှေသားတစ်ထောင်ကိုပေးမယ်ဆိုတဲ့မက်လုံးကလည်းပါနေတော့ အသက်အန္တာရာယ်ရှိနေတာတောင်ဝင်ပြိုင်ချင်တဲ့သူတွေက ဒုနဲ့ဒေးပါပဲ ။ ဒီနှစ်အတွက် အဆိပ်ငါးမျိုးစမ်းသပ်ပွဲမှာတော့ လူ့အတွင်းစိတ်ထဲကအဆိပ်ငါးမျိုးဖြစ်တဲ့ လောဘ ၊ ဒေါသ ၊ မောဟ ၊ သံသယ နဲ့ မာနဆိုတဲ့အဆင့်ငါးဆင့်ကို ကျော်ဖြတ်ရမှာပဲဖြစ်ပါတယ် ။အနယ်နယ်အရပ်ရပ်က သိုင်းလောကသားတွေလည်းလာရောက်ယှဉ်ပြီုင်ပြီးတော့အကြံအစည်တချို့ရှိနေတဲ့သူလည်းရှိနေပါတော့တယ် ။ ဇာတ်လမ်းလေးထဲမှာတော့ ဒီလို ရက်စက်ယုတ်မာတဲ့ ကစားပွဲရဲ့နောက်ကွယ်က ကြိုးကိုင်သူတွေက ဘယ်သူတွေဖြစ်နေမလဲဒီကစားပွဲကို ဝင်ပြိုင်တဲ့သူတွေကရော ထင်ထားသလောက် ရိုးရှင်းပါ့မလား ၊ဒီသေမင်းပြိုင်ပွဲမှာ ဘာတွေဆက်ဖြစ်လာနိုင်လဲဆိုတာကိုစိတ်ဝင်စားစွာကြည့်ရှူရမှာပဲဖြစ်ပါတယ်
...

Impulse (2023) ⭐IMDB: 3.8/10 (140 Votes) 🎬 #Thriller #Action 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ ဆိုဖီယာဟာ လူစိတ်ဝင်စားမှုများနေတဲ့ လူသတ်မှုသတင်းတွေကို လိုက်ရင်းနဲ့ ဒွိဟဖြစ်စေတဲ့ သီအိုရီတွေရဲ့ ဆွဲဆောင်ခြင်းကို ခံလိုက်ရပါတယ်။ လူစိတ်ဝင်စားမှုမြင့်တက်စေတဲ့ လူသိများကျော်ကြားသူတွေ သက်သေအစအနမရှိဘဲနဲ့ အသတ်ခံရတယ်ဆိုတဲ့ သတင်းတွေကို လိုက်ရင်းနဲ့ ဆိုဖီယာဟာ မထင်မှတ်ထားဘဲ ဇိန်းဆိုသူ အုပ်ချုပ်တဲ့ ဂိုဏ်းဆန်ဆန်နယ်ပယ်ကို သတိထားမိသွားပါတော့တယ်။ လူသတ်မှုတွေဟာ အချိတ်အဆက်ရှိတယ်လို့ တွေးမိသွားတဲ့နောက် ဂျာနယ်လစ်တစ်ယောက်အနေနဲ့ နောက်ကွယ်က ဖြစ်ရပ်တွေကို ထုတ်ဖော်ဖို့ ကြိုးစားနေတဲ့ ဆိုဖီယာဟာ သူကိုယ်တိုင်တောင် မသိလိုက်ပါဘဲ ကြောက်စရာကောင်းလွန်းတဲ့ ဇိန်းအဖွဲ့အစည်းနဲ့ ပတ်သက်နေမိသူလည်း ဖြစ်ပါတယ်။ ဇိန်းအုပ်ချုပ်တယ်ဆိုတဲ့ အဖွဲ့အစည်းဟာ ကမ္ဘာပေါ်က အရေးပါအရာရောက်သူတွေဖြစ်ကြတဲ့ သတင်းမီဒီယာအကြီးပိုင်းတွေ၊ နိုင်ငံရေးပိုင်းက အကောင်ကြီးကြီးအမြီးရှည်ရှည်တွေ၊ ဟောလိဝုဒ်နာမည်ကျော်တွေအထိပါ ပါဝင်ပတ်သက်နေရတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီးတော့ အရာရာကို ခြယ်လှယ်ချုပ်ကိုင်နိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ကမ္ဘာကိုတောင် လွှမ်းမိုးခြယ်လှယ်နေတယ်လို့ သိထားရတဲ့ သူတို့အဖွဲ့အစည်းကို အရိပ်အစိုးရလို့ ခေါ်ကြတယ်။ အရိပ်အစိုးရလို့ ခေါ်တဲ့ ကမ္ဘာပေါ်က ကဏ္ဠတော်တော်များများကို ချုပ်ကိုင်ခြယ်လှယ်နေတဲ့ ဇိန်းတို့အဖွဲ့အစည်းအကြောင်းကို သတိထားမိသွားချိန်မှာတော့ သူတို့ အဖွဲ့အစည်းရဲ့ ရက်စက်ယုတ်မာမှုတွေ၊ ကြိုးကိုင်ခြယ်လှယ်မှုတွေကို ဆိုဖီယာတစ်ယောက် ကမ္ဘာကသိသွားအောင် ဆိုဖီယာတစ်ယောက် ဖော်ထုတ်ပြသွားနိုင်မလားဆိုတာကို လှည့်ကွက်တချို့နဲ့အတူ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဆိုဖီယာကကော ဇိန်းတို့ ပြုသမျှနုကြရတဲ့ သားကောင်တွေထဲက တစ်ယောက်ပဲ ဖြစ်သွားမလား။ ဒါမှမဟုတ် အဲ့သလို ဖြစ်မသွားဘဲနဲ့ ဆိုဖီယာရဲ့ အမှန်တရားကို ထုတ်ဖော်မယ့် အကြံအစည်တွေကပဲ အောင်မြင်သွားမလားဆိုတာကို ရင်ဖိုစွာနဲ့ ကြည့်နိုင်မယ့် Thriller ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ****ပွင့်လင်းရှင်းလင်းတဲ့ အခန်းအချို့ ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ရှုဖို့တော့ မသင့်တော်ပါဘူး
...

Hiroshima Mon Amour (1959) ⭐TMDB: 77% User Score 🎬 #Drama #Romance #History 🗓 1959 🎞 movie 🌎 #France #Japan ⏰ 1 နာရီ 30 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hiroshima Mon Amour (1959) ~ IMDb – 7.8/10, Rotten Tomatoes – 96% ~ Alain Resnais ရဲ့ Hiroshima Mon Amour ဟာ Breathless (1960) တို့၊ The 400 Blows (1959) တို့လိုပဲ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ဒီကားဟာ စစကတော့ အက်တမ်ဗုံးအကြောင်း ဒိုကူမန်ထရီအတိုအဖြစ်ရိုက်ဖို့လုပ်ရာကနေ စတယ်။ Alain Resnais က Night and Fog ဆိုတဲ့ နာမည်နဲ့ နာဇီအကျဉ်းစခန်းတွေအကြောင်း ရိုက်ဖူးတော့ ဒီလိုပုံစံမျိုးထပ်မဖြစ်ချင်တော့ ဘယ်လိုပုံစံနဲ့ရိုက်ပြရမလဲ တော်တော်ခေါင်းစားခဲ့တယ်။ ဒီ့နောက်တော့ ဒီလိုပုံစံဖြစ်လာတယ်ပေါ့။ ဒါပေမဲ့ သူဝန်ခံထားတာကတော့ ဒီကားနဲ့ ‌အော်စကာဆန်ခါတင်ဝင်ခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာမ Marguerite Duras သာ မပါခဲ့ရင် သူတော်တော်ခေါင်းစားနေရမှာတဲ့။ Marguerite Duras ကို‌တော့ The Lover နဲ့ သိကြလိမ့်မယ်။ ပြောရရင် Hiroshima Mon Amour (1959) ဟာ အက်တမ်ဗုံးဒဏ်ခံခဲ့ရတဲ့ ဟိရိုရှိမမြို့အကြောင်း တင်ဆက်ရမယ့် ရုပ်ရှင်ဖြစ်ရမှာပေမဲ့ Resnais ကတော့ ဟိရိုရှိမရဲ့ဝေဒနာကို ပြင်သစ်ရဲ့ဝေဒနာနဲ့ လူနှစ်ယောက်ရဲ့ဝေဒနာနဲ့ တွဲဖက်ပုံဖော်သွားခဲ့တယ်။ သူစစဖွင့်ခဲ့သလိုပဲ ဟိရိုရှိမအကြောင်းကို ပြင်သစ်သူကနားမလည်နိုင်ဘူးဆိုသလိုပဲ သူကိုယ်တိုင်လည်း မဖြစ်မနေ ဒါကိုရိုက်ရပေမဲ့ ဟိရိုရှိမရဲ့ ‌ဝေဒနာကို သူအပြည့်အဝနားမလည်နိုင်တာ ကောင်းကောင်းသိခဲ့ပုံပါပဲ။ ဒီတော့ သူက ဝေဒနာကို ဝေဒနာချင်းထပ်တူပြုပုံဖော်သွားခဲ့တယ်။ ခြေထောက်ပြတ်တဲ့လူရဲ့ဝေဒနာကို ကျွန်တော်တို့အပြည့်တော့ နားမလည်နိုင်ပေမဲ့ ကျွန်တော်တို့သာ လက်သန်းပြတ်ဖူးရင်တော့ နည်းနည်းတော့နှိုင်းယှဉ်သိနိုင်မယ်။ ဒါပေမဲ့ အပြည့်အဝသိနိုင်တာတော့မဟုတ်ဘူးပေါ့။ Resnais ကတော့ ခြေထောက်ပြတ်တဲ့လူလိုဖြစ်နေခဲ့တဲ့ ဟိရိုရှိမရဲ့ဝေဒနာကို လက်သန်းပြတ်ဖူးတဲ့ သူတို့ဝေဒနာနဲ့ တတ်နိုင်သလောက်အထိ တွဲဖက်တင်ဆက်ပြသွားခဲ့တယ်။ ဒါဟာ ဟိရိုရှိမအကြောင်းပေမဲ့ ဒါဟာ Resnais နဲ့ Duras တို့ရဲ့ ပုဂ္ဂိုလ်ရေးလည်း ဟုတ်နေပါတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့ဝေဒနာနဲ့ နားလည်နိုင်သလောက် ခံစားရမှာပါပဲ။ အချစ်နဲ့ရူးသွပ်ခြင်းဟာ ပက်ပင်းတိုးရမှ နားလည်နိုင်တဲ့အရာတွေပဲတဲ့။ ဒါပေမဲ့လည်း အဲဒီအရာတွေ မရှိတော့တဲ့အခါကျရင်လည်း အဲဒီအရာတွေကို နားမလည်နိုင်တော့ပြန်ဘူး။ လူ့မှတ်ဉာဏ်ရဲ့ မေ့လွယ်ပျောက်လွယ်တတ်ခြင်းတွေပေါ့။ ဝေဒနာတွေဟာ မေ့ပျောက်တတ်ပါသလား။ မမေ့ပျောက်ရင်တောင် လူတွေက အသားကျသွားတတ်တာတော့သေချာတယ်။ အချစ်နဲ့ပက်ပင်းမတိုးရတဲ့အချိန်တွေမှာ ချစ်ဖူးတဲ့ခံစားချက်တွေက ပျောက်ပျက်တတ်သွားတတ်တယ်။ အချစ်နဲ့ပက်ပင်းတိုးမှပဲ ချစ်ဖူးတဲ့ခံစားချက်ကို ကျွန်တော်တို့ ပြန်သတိရတတ်တယ်တဲ့။ ဝေဒနာလည်း ဒီလိုပါပဲ။ မှုန်ရီဝေဝါးသောစိတ်များဟာ ဘယ်တော့မှ ရှင်းရှင်းလင်းလင်းမရှိနိုင်ဘူး။ ဒါကိုပဲ ကျွန်တော်တို့ဗီဇတစ်ခုလို့ လက်ခံလိုက်ကြတာပေါ့။ ဇာတ်လမ်းရဲ့အဆုံးသတ်မှာ အမျိုးသမီးက အမျိုးသားကို မေ့သွားခဲ့တယ်။ သူ့နာမည်ကို ဟိရိုရှိမလို့ပဲ မှတ်မိခဲ့တယ်။ အမျိုးသားကလည်း အမျိုးသမီးဝေဒနာတွေတည်နေတဲ့ မြို့ကလေးနာမည်ကိုပဲ အမျိုးသမီးနာမည်အဖြစ် သတ်မှတ်ခဲ့တယ်။ လူတစ်ယောက်ရဲ့နာမည်ကိုမေ့သွားတဲ့အခါမှာ အရာအားလုံး မေ့သွားတော့တာပဲတဲ့။ မှန်ချင်မှလည်းမှန်ပါမယ်။ ဝေဒနာသက်သက်ကို ခံစားမိနေတတ်တဲ့ နေ့ရက်တချို့တို့လိုပေါ့။ ဟိရိုရှိမမြို့ရဲ့ ပြတိုက်ထဲမှာ လိမ်ကောက်ကွေးညွတ်သွားတဲ့ သတ္တုတွေရှိတယ်တဲ့။ မာကျောလှတဲ့ သတ္တုတွေကိုတောင် အဖတ်ဆည်မရဖြစ်သွားစေခဲ့တဲ့ ပြင်းအားနောက်မှာ လူသားကတော့ ရှင်သန်နိုင်ခဲ့တယ်။ ဒါပေမဲ့ ပုံပျက်ပန်းပျက်ပါပဲ။ ကမ္ဘာမှာ ပုံပျက်ပန်းပျက်နဲ့ ရှင်သန်နေရတဲ့ နှလုံးသားတွေသိပ်များတယ် ဟိရိုရှိမရယ်…။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)
...

Triple Frontier (2019) ⭐IMDB: 6.5/10 (148 k Votes) 🎬 #Action #Thriller #Crime #Adventure 🗓 2019 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 5 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Triple Frontier (2019) IMDb Rating (6.5) / Rotten Tomatoes (70%) Netflix ရဲ့ အက်ရှင်ဇာတ်ကားအသစ်ထွက်လာပါပြီ။မင်းသား ဘန်အက်ဖလက်၊ ချာလီဟန်နန်၊ အော်စကာအိုင်းဆက်တို့လို လူတွေနဲ့ ဇာတ်အိမ်ကေငာ်းကောင်းဖွဲ့ပြီး ရိုက်ကူးထားတာပါပဲ။ထွေလာထွက်ကတည်းက မျှော်နေရတဲ့ကားဆိုလည်း မမှားပါဘူး။ ဇာတ်လမ်းအကျဉ်းအထူးတပ်ဖွဲ့ဝင်ဟောင်းတွေရဲ့ ဘဝဟာလည်း သနားစရာကောင်းပါတယ်။အစွမ်းကုန်လေ့ကျင့်၊ အသက်စွန့်တိုက်ခိုက်ပြီး မသေလို့ အနားယူချိန်ရောက်လာတော့လက်ထဲမှာရှိတဲ့ပိုက်ဆံက သားသမီးကျောင်းစရိတ်တောင် မလုပ်တဲ့လူတွေ ဖြစ်လာပါတယ်။သူတို့ဒီနယ်ပယ်မှာ တော်သလောက်သာ အပြင်လုပ်ငန်းတွေမှာ လုပ်နိုင်ခဲ့ရင်စားမကုန်တဲ့ငွေတွေရနိုင်မယ့်  အရည်အချင်းရှိတဲ့ သူမျိုးတွေပါပဲ။ဒီလိုအဖြစ်တွေကို သည်းမခံချင်တော့တဲ့ တပ်ဖွဲ့ဝင်ဟောင်းတစ်သိုက်ကတော့တောထဲမှာ အစောင့်အပြည့်နဲ့ ငွေသန်းပေါင်းများစွာကို ဖင်ခုထိုင်ထားတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တစ်ယောက်အိမ်ကို ဝင်စီးပြီးတစ်သက်စားမကုန်မယ့်ငွေတွေကို ကိုယ့်အတွက်ကိုယ်သိမ်းဆည်းဖို့ ကြံစည်ကြပါတော့တယ်။တကယ်တမ်းငွေတွေရလာတဲ့အခါ အရမ်းများလွန်းနေတဲ့အတွက်သူတို့ထင်ထားသလို မချောမွေ့ပဲ အခက်အခဲမျိုးစုံ ရင်ဆိုင်လာရပါတော့တယ်။
...

The Truman Show (1998) ⭐TMDB: 81% User Score 🎬 #Comedy #Drama 🗓 1998 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Truman Show (1998)===============IMDb Rating (8.2)Rotten Tomatoes (95%)Metacritic 90%Movie Type-Sci-fi/Drama သင့်ဘဝကြီးတခုလုံးက Show တခုဖြစ်နေပြီး သင်ကဇာတ်လိုက်ဖြစ်နေမယ်လို့တွေးဖူးလား? ဒီကားက သင့်ကိုအတွေးပေါက်စေမယ့်ကားမျိုးပါ။Sci-fi ဆိုပေမယ့် လေဆာတွေပစ် ယာဥ်ပျံတွေပါတဲ့ကားမျိုးမဟုတ်ပါဘူး။သင်ဒီကားကြည့်ရင်းမျက်ရည်ဝဲမယ်။ နောက်ဆုံးခန်းကိုကြည့်နေရင်းမှာ လက်ကတခုခုကိုဆုပ်မှန်းမသိဆုပ်နေမိလိမ့်မယ်။ပြီးတော့ အဆုံးမှာ ဇာတ်ကားထဲက လူတွေလိုပဲ သင်အရမ်းကိုကျေနပ်ပြီးမျက်ရည်တွေကျလာလိမ့်မယ်။ မယုံမရှိပါနဲ့။မင်းသားက ရှားမှရှား Jim Carrey ပါ။ သူလိုလူနောက်ပေါ်လာဖို့ဆိုတာ တော်တော်မဖြစ်နိုင်တာပါ။ဒါပေမယ့် ကျွန်တော်တို့မြင်နေကျ ပေါတောတော ဟာသ ကောင်ကြီးအဖြစ်နဲ့ ဒီကားမှာမြင်တွေ့ရမှာမဟုတ်ပါဘူး။တကယ့် တခြား Jim Carrey တစ်ယောက်ကိုကြည့်နေရသလိုခံစားစေမှာပါ။ Oscar တန်းဝင်ကားပါ။ Truman ဆိုတာက ဘဏ်မှာအလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်။သူ့ဘဝကြီးကအစစအရာရာသာယာတယ်။ မိန်းမတစ်ယောက်ရှိတယ်။ မိန်းမကလည်းချောတယ်။အရမ်းချစ်တဲ့သူငယ်ချင်းတစ်ယောက်လည်းရှိတယ်။ဒါပေမယ့် သူနေနေတဲ့ကမ္ဘာကြီးမှာသူတစ်ယောက်ကလွဲ ပြီးကျန်တဲ့လူတွေကအတုတွေနေရာတွေအကုန်လုံးက အတုတွေဆိုတာ တဖြည်းဖြည်း နဲ့ရိပ်မိလာတယ်။Seaheaven ကျွန်းလေးဟာအတုအယောင်ဆိုတာသူတဖြည်းဖြည်းရိပ်မိလာတယ်။ သူဒီကထွက်ဖို့ကြိုးစားတော့မယ်….ဒါပေမယ့်အောင်မြင်ပါ့မလား? Truman ဟာမိန်းမမရခင်မှာ Laurenဆိုတဲ့ကောင်မလေးနဲ့တွေ့တယ်ကြိုက်ခဲ့တယ်။ သူမကလည်းအတုအယောင်ပဲ။ဒါပေမယ့် Lauren က Truman ကို ဒါကြီးကအတုအယောင် အကုန်လုံးကအတုတွေဆိုတာကိုမခွဲခွာခင်မှာပြောခဲ့တယ်။သူတို့ကရှင်နဲ့တွေ့တာမကြိုက်ဘူး ဆိုတာကိုလည်းပြောခဲ့တယ်။ပြီးတော့သူမဟာ Fijiတောင်တန်းတွေဘက်ကိုအရွေ့ခံလိုက်ရတယ်။ တကယ်တော့သူမကို Show ပွဲကနေထုတ်လိုက်တာပါ။Trumanတစ်ယောက် Fijiဆိုတာကိုရှာမယ်။ သူမကိုတွေ့အောင်ရှာမယ်။ဒါပေမယ့် အချစ်က တကယ်ပဲသူ့ကို ဒီအိမ်မက်ဆိုးကြီးကလွတ်မြောက်အောင်ဆောင်ရွက်ပေးမှာလား။သူကလွဲပြီးအကုန်အတုအယောင်တွေဆိုတာကိုသူသိသွားမှာလား။ တကယ်ပဲလွတ်မြောက်သွားမှာလား။တကယ့်ကိုရုပ်ရှင်ချစ်တဲ့လူဆို ဒီကားကိုကြည့်ပြီး အကောင်းဆုံးတွေထဲကတခုအဖြစ်သတ်မှတ်မှာသေချာပါတယ်။ကြည့်ကိုကြည့်ရမယ့်ကားပါ။ PG ရုပ်ရှင်ဖြစ်တာနဲ့အညီဟာသလေးတွေနဲ့မပျင်းရအောင်ဆွဲခေါ်ထားပါတယ်။ ဒါပေမယ့်တကယ်တွေးကြည့်ရင်ဇာတ်ကားကနက်နဲ ပြီးကြောက်စရာကောင်းပါတယ်။ကြောက်စရာအကောင်းဆုံးရုပ်ရှင်တွေထဲကတခုအဖြစ်သတ်မှတ်ထားပါတယ်။ Coraline လိုမျိုးပါပဲ။ ဖြဲမခြောက်ပဲကိုကြောက်စရာကောင်းတဲ့ကားမျိုးပါ။မျက်ရည်ဝဲရင်းကျေနပ်မှုအပြည့်အဝပေးမယ့်ကားလေးပါ။ ဇာတ်ကားကလည်း 1 နာရီနဲ့43မိနစ်ဆိုတော့အရမ်းမကြာပါဘူး။စလာထဲကဘာဖြစ်မလဲ ဘာဖြစ်မလဲနဲ့ ပြီးတဲ့အထိမထပဲ ကြည့်ချင်မယ့်ကားမျိုးပါ။ မင်းသားအနေနဲ့ အချစ်တော် Jim Carreyက အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။Show ပွဲကိုစီစဥ်သူအနေနဲ့ Ed Harris က ပါဝင်အားဖြည့်ထားပါတယ်။Jim Carrey အနေနဲ့ Golden Globe အကောင်းဆုံးမင်းသားဆုEd Harris အနေနဲ့ Golden Globe အကောင်းဆုံးဇာတ်ပို့မင်းသားဆုအပြင်ဆုတွေအများအပြားသိမ်းပိုက်ထားတဲ့ကားပါ။ကြည့်ဖြစ်အောင်ကြည့်ပါ။ (ရုပ်ရှင်အညွှန်းကိုMyat P Kyaw Fbမှ ကူးယူဖော်ပြပါသည်။)
...

Kamui Gaiden (2009) ⭐IMDB: 5.6/10 (1 k Votes) 🎬 #Action #Adventure #Drama 🗓 2009 🎞 movie 🌎 #Japan ⏰ 2 နာရီ 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kamui Gaiden( 2009 ) ဟာ Action/Adventure အမျိုးအစား ဂျပန်ဇာတ်ကားဖြစ်ပါတယ်။ IMDb 5.6 ရရှိထားပြီးတော့ နှစ်နာရီခန့်ကြာမြင့်တဲ့ နင်ဂျာ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ကမုအိ ဆိုတဲ့နင်ဂျာကောင်လေးဟာ နင်ဂျာဘဝကနေထွက်ပြေးပြီး ဘယ်လိုအခက်ခဲတွေရင်ဆိုင်ရမလဲ၊ ပင်လယ်ကမ်းခြေဘေးမှာ နေတဲ့ တံငါသည်တစ်ယောက်နဲ့တွေ့ပြီး ဘယ်လိုတွေ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားမယ် ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ အတိုက်အခိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့ လက်မလွှတ်သင့်တဲ့ နင်ဂျာ ဇာတ်ကားလေးဖြစ်လို့ Channelmyanmar ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
...

Miss Shampoo (2023) ⭐IMDB: 5.7/10 (719 Votes) 🎬 #Comedy #Crime #Romance #Action #Drama 🗓 2023 🎞 movie 🌎 #China #Taiwan ⏰ 2 နာရီ 1 မိနစ် 23 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အချစ်၊ အက်ရှင်၊ ဟာသ စတဲ့ ရသ ၃ မျိုးလုံး ခံစားရမဲ့ထိုင်ဝမ် နာမည်ကြီး ဇာတ်ညွှန်းဆရာ ဒါရိုက်တာ Giddens Ko ရဲ့Miss Shampoo ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- အစ်ကိုထိုက်ဟာ ဒုစရိုက်ဂိုဏ်းအချင်းချင်း နယ်မြေလုတိုက်ခိုက်မှုတစ်ခုမှာဒဏ်ရာအပြင်းအထန်ရပြီး ခေါင်းလျှော်မလေး အားဖန်းရဲ့ဆံပင်ညှပ်ဆိုင်ထဲကို ဝင်ပုန်းခဲ့တဲ့အချိန်မှာ အားဖန်းရဲ့ဖုံးကွယ်ပေးမှုကြောင့် အသက်ချမ်းသာခွင့်ရခဲ့ပါတယ်။ အားဖန်းက ဆံပင်ညှပ်ဒီဇိုင်နာ ဖြစ်ချင်ခဲ့ပြီး အခွင့်အရေးမရှိတာကိုသိသွားတဲ့ အားထိုက်က သူ့လက်အောက်ငယ်သားတွေရဲ့ဆံပင်တွေကို အားဖန်းဆီ လေ့ကျင့်ခံဖို့ ခိုင်းစေခဲ့ပါတယ်။အဲဒီနောက် အားဖန်းလည်း လူမိုက်တစ်ဖွဲ့လုံးနဲ့ခင်မင်သွားခဲ့ပြီး အားထိုက်နဲ့ ရည်းစားတွေ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ နယ်မြေလုချင်တဲ့ ရန်သူအဖွဲ့က အားထိုက်ကိုလည်းအလွတ်မပေးခဲ့ပါဘူး။ ဆက်ပြီးဒုက္ခပေးဖို့ ကြိုးစားနေခဲ့ပါတယ်။ရန်သူတွေ ပြည့်နှက်နေတဲ့ သူတို့လောကကြီးထဲမှာအချစ်နဲ့ ကလဲ့စားချေဖို့အရေး ရွေးချယ်ရတဲ့အခါမှာအားထိုက်တစ်ယောက် ဘယ်လိုရွေးချယ်မလဲ ဆိုတာကိုရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။
...

Sars Wars: Bangkok Zombie Crisis (2004) ⭐TMDB: 58% User Score 🎬 #Action #Comedy #Fantasy #Horror 🗓 2004 🎞 movie 🌎 #Thailand ⏰ 1 နာရီ 27 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 SARs War : Bangkok Zombie Crisis (2004) ဆားဗိုင်းရပ်စ်နံပါတ်၄ အာဖရိကမှာ ဖြစ်ပွားနေတဲ့အချိန် ဖြစ်ပါတယ်။ဒီရောဂါကို ကူးစက်လိုက်တဲ့သူတွေဟာ သွေးဆာနေတဲ့ ဇွန်ဘီတွေဖြစ်ကုန်ကြပါတယ်။ဒီလိုနဲ့ ရောဂါဟာ ပျံ့နှံ့လာရင်းနဲ့ ထိုင်းနိုင်ငံကို ရောက်ရှိလို့လာခဲ့ပါတော့တယ်။တစ်ဖက်မှာလည်း ကောင်မလေးတစ်ယောက်ဟာ အဆောက်အဦတစ်ခုတည်းမှာ ပြန်ပေးဆွဲခံထားရပါတယ်။အဲဒီကောင်မလေး ပြန်ပေးဆွဲခံထားရတဲ့ အဆောက်အဦဟာ ဆားဗိုင်းရပ်စ်ပျံ့နှံ့ရာရဲ့ အစကနဦးဖြစ်နေတဲ့အခါမှာတော့ဒီကောင်မလေး အဆောက်အဦထဲကနေ ဘယ်လို လွတ်မြောက်အောင်လုပ်မလဲ ……ပြန်ပေးဆွဲတဲ့သူတစ်သိုက်နဲ့ ပြန်ပေးဆွဲခံရတဲ့ကောင်မလေး ဇွန်ဘီတွေနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ …ပြန်ပေးဆွဲခံရတဲ့ကောင်မလေးကို လာကယ်တဲ့ကောင်လေးကရောဘယ်လိုတွေစွန့်စားကယ်ထုတ်သွားမလဲ ဆိုတာကို ကြည့်ရှုရမယ့် ထိုင်းဇွန်ဘီကားလေးတစ်ကားဖြစ်ပါတယ်။ အညွှန်းကိုတော့Su Myatက ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့Su Myat, Mary, Char Ou, Dao Phyoတို့ပဲ ဖြစ်ပါတယ်။
...

Over the Fence (2016) ⭐IMDB: 6.6/10 (498 Votes) 🎬 #Adventure #Drama 🗓 2016 🎞 movie 🌎 #Japan ⏰ 1 နာရီ 53 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားကိုရိုက်တဲ့ Nobuhiro Yamashitaက တန်းတစ်ခုရှိတဲ့အထဲတော့ပါတယ်။ သူရိုက်ခဲ့တဲ့ Linda Linda Linda ( 2005 )ဟာ ဂျပန်ရဲ့ မြူဇစ်ကယ်တွေထဲ အခုထိ နာမည်တွင်းနေတုန်းကားပဲ။ ဒီကားကို ကျွန်တော်တော့ ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ကားလို့မြင်တယ်။ ဒါပေမဲ့ ဒီအချက်တွေအကုန်လုံးက ကျွန်တော့်အတွက်တော့ ယုအအိုအိကြောင့်ပါပဲ။ ဒီကားထဲက ယုအအိုအိရဲ့ပုံစံက သူရဲ့ထူးခြားတဲ့ဟန်ပေါ်နေတဲ့ ပုံစံတွေထဲက တစ်ခုပဲ။ ဖြူစင်တယ်။ဒါပေမဲ့ ဆွဲဆောင်မှုအားကောင်းတယ်ပေါ့။ ဘ ာလို့လဲမသိ ယုအအိုအိရဲ့ မျက်နှာပေါ်က မှဲ့တစ်လုံးနဲ့ ပိန်လှီနေတဲ့ကျောပြင်ဟာ မကောင်းတဲ့ရုပ်ရှင်တစ်ကားကိုတောင် အသက်သွင်းပေးနိုင်တယ်လို့ ကျွန်တော်တော့မြင်တယ်။ ဒါပေမဲ့ ဒီကားကတော့ ကောင်းတဲ့ကားပါပဲ။ ဒီတော့ ပြည့်စုံသွားတယ်ပေါ့။ ဒီကားက ရိုမန့်ကားလို့ပြောလို့လည်းရတယ်။ တစ်ဘက်တည်းမှာပဲ ရိုမန့်ထက် လက်တွေ့တော့ကျတယ်။ ယောက်ျားလေးတွေက သူတို့အမြင်ကနေ မိန်းကလေးတစ်ယောက်ကို လွယ်တယ်လို့ သတ်မှတ်ကြတဲ့အမြင်ကို မိန်းကလေးတစ်ယောက် ရင်ဆိုင်ဖြတ်သန်းနေရတဲ့ပုံစံအကြောင်းလည်းပါတယ်လို့ပြောရမယ်။ ဆန့်ကျင်ဘက်လိင်ကို တပ်မက်မှုရှိကြတာခြင်းအတူတူ လူ့အသိုင်းအဝိုင်းမှာ ယောက်ျားလေးတွေထက် မိန်းကလေးတွေက ပိုအပြောခံရတာတတ်တာကတော့ မထူးတော့တဲ့အရာပါပဲ။ တစ်ချို့လူတွေအတွက်တော့ ဒီလိုအမြင်တွေကပြောင်းသွားပြီပေမဲ့ တစ်ချို့လူတွေအတွက်တော့ မပြောင်းသေးတဲ့အရာတွေပဲပေါ့။ တလောက ကျွန်တော် သဲအိမ်မောင်နေဝါရဲ့ချစ်လိပ်ပြာဆိုတဲ့ ဝတ္တုတစ်ပုဒ်ဖတ်လိုက်သေးတယ်။ အကြောင်းအရာကတော့ စာ၁၀ကြောင်းလောက်နဲ့တင်ပြီးသွားမယ့်အထိ ရိုးရှင်းတယ်။ ဒါပေမဲ့ သဲအိမ်မောင်နေဝါက မိန်းကလေးတစ်ယောက်ရဲ့ဖြတ်သန်းမှုကို ကျွန်တော်တို့စာနာနိုင်အောင် ရေးပြနိုင်ခဲ့တယ်။ ဒီလိုဝတ္တုတွေထပ်လိုသေးတယ်လို့ ကျွန်တော်တော့မြင်တယ်။ Over the Fenceဟာလည်း အဲဒီဝတ္တုလို အင်အားမျိုးရှိတဲ့ရုပ်ရှင်ပါပဲ။ တစ်ခါတလေတော့လည်း ဒီလိုရုပ်ရှင်တွေကို ကျွန်တော်တို့လိုတယ်။
...

Kamui Gaiden (2009) ⭐IMDB: 5.6/10 (1 k Votes) 🎬 #Action #Adventure #Drama 🗓 2009 🎞 movie 🌎 #Japan ⏰ 2 နာရီ 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Kamui Gaiden( 2009 ) ဟာ Action/Adventure အမျိုးအစား ဂျပန်ဇာတ်ကားဖြစ်ပါတယ်။ IMDb 5.6 ရရှိထားပြီးတော့ နှစ်နာရီခန့်ကြာမြင့်တဲ့ နင်ဂျာ ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ ကမုအိ ဆိုတဲ့နင်ဂျာကောင်လေးဟာ နင်ဂျာဘဝကနေထွက်ပြေးပြီး ဘယ်လိုအခက်ခဲတွေရင်ဆိုင်ရမလဲ၊ ပင်လယ်ကမ်းခြေဘေးမှာ နေတဲ့ တံငါသည်တစ်ယောက်နဲ့တွေ့ပြီး ဘယ်လိုတွေ ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားမယ် ဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။ အတိုက်အခိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့ လက်မလွှတ်သင့်တဲ့ နင်ဂျာ ဇာတ်ကားလေးဖြစ်လို့ Channelmyanmar ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
...

Twenty Hacker (2021) ⭐IMDB: 4.4/10 (121 Votes) 🎬 #Action #Comedy #Crime #Romance 🗓 2021 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 44 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျယ်မင်း ဆိုတဲ့အထက်တန်းကျောင်းသား ကောင်လေးဟာ ဆိုက်ဗာတိုက်ခိုက်မှုကြောင့်ဘဝကြီးပြောင်းလဲသွားပြီး သူ့ရဲ့ အဖေကို ဆုံးရှုံးလိုက်ရပါတယ်ဟက်ကာသမားက အရမ်းတော်လွန်းတဲ့အတွက် ရဲတွေမဖမ်းနိုင်တာကြောင့်ဟက်ကာသမားကိုဖမ်းဖို့ သူကိုယ်တိုင် ဟက်ကာလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ် ဟက်ကင်းလုပ်ပြီး ပိုကောင်းတဲ့ကမ္ဘာတစ်ခုကို ဖန်တီးမဲ့“ပိုကောင်းတဲ့ကမ္ဘာ”ဆိုတဲ့အဖွဲ့နဲ့ ဟက်ကာအရည်အချင်းပြည့်ဝလာတဲ့ဂျယ်မင်းတို့ တက္ကသိုလ်မှာ တွေ့ကြတဲ့အခါ ဟက်ကာကိုဖမ်းဖို့အတွက်သူတို့အချင်းချင်းပူးပေါင်းပြီးဘယ်လိုတွေလုပ်ဆောင်ကြမလဲဆိုတာ ရင်တဖိုဖိုနဲ့ဆက်လက်ကြည့်ရှုရမှာပါ
...

Chompy & the Girls (2021) ⭐IMDB: 5.4/10 (1 k Votes) 🎬 #Comedy #Horror #ScienceFiction 🗓 2021 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 57 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါ cm ပရိသတ်ကြီး အပျင်းပြေ ကြည့်ရှုလို့ရမယ့် Dark Humour & Horror ဟာသဇာတ်ကားလေး တစ်ကားဖြစ်တဲ့ Chompy and The Girls ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဂျက်ဆင်ဆိုတဲ့ ကောင်မလေးဟာ ဆေးစွဲနေပြီး စိတ်ဓာတ်ကျ၊ အထီးကျန်နေတဲ့သူ တစ်ယောက်ပါ။ အမေဖြစ်သူနဲ့လည်း ဆက်ဆံရေး အဆင်မပြေသလို အဖေကလည်း သူ့မှာ သမီးရှိတယ် ဆိုတာတောင် မသိထားပါဘူး။ တစ်နေ့တော့ ဂျက်ဆင်ဟာ စိတ်ကူးပေါက်ပေါက်နဲ့ ဖခင်ရင်းဖြစ်တဲ့ ဆမ်ကို မက်ဆေ့ကနေတစ်ဆင့် အသိပေးရင်း အပြင်မှာ ပထမဆုံး ဆုံဖြစ်ကြဖို့ ချိန်းလိုက်ပါတယ်။ သားအဖနှစ်ယောက် ပန်းခြံမှာ ထိုင်ပြီး မိတ်ဆက် စကားပြောနေရင်း… ပန်းခြံထဲမှာ လူကြီးတစ်ယောက်က ကလေးမလေးတစ်ယောက်ကို အရှင်လတ်လတ် မြိုချလိုက်တာကို တွေ့လိုက်ရတဲ့အခါမှာတော့…..။ သူတို့တွေ ဒီလူကြီးလက်ကနေ လွတ်အောင် ပြေးကြရင်း ကသိကအောက် အနေခက်နေတဲ့ ဖအေနဲ့သမီး ဆက်ဆံရေးကနေ ဘယ်လိုအလှည့် အပြောင်းတွေ ကြုံကြမလဲဆိုတာ ဟာသလေးတွေ နှောပြီး ရိုက်ကူး တင်ဆက်ထားပါတယ်။
...

Lost in Perfection (2023) ⭐IMDB: 6.1/10 (438 Votes) 🎬 #Crime #Drama #Mystery #Thriller 🗓 2023 🎞 movie 🌎 #China #Taiwan ⏰ 1 နာရီ 54 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အလုပ်လုပ်ရာမှာအရမ်းစေ့စပ်သေချာပြီးနာမည်ကြီးသတင်းထောက်ဖြစ်တဲ့ဟွမ်လိမေဟာ လူတိုင်းကလေးစားအားကျအတုယူနေတဲ့သတင်းထောက်တစ်ယောက်ပါမကြာခင်မှာသွားအထူးကုဆရာဝန်နဲ့လက်ထပ်တော့မယ့်သူပေါ့ ဒီလိုနဲ့တစ်နေ့ရာထူးတိုးအိမ်ပြန်လာတဲ့အချိန် အိမ်မှာအဖေဖြစ်သူကတစ်တိုက်တည်းနေတဲ့အမျိုးသမီးတစ်ယောက်နဲ့ လက်ထပ်ချင်ကြောင်းပြောလာခဲ့တယ်။ဟွမ်လိမေကတော့ မိထွေးဖြစ်သူကိုအစတည်းကမကြည်ခဲ့ပါဘူး တစ်နေ့မှာတော့လူသတ်မှုတစ်ခုဖြစ်ပွားခဲ့လို့ သတင်းထောက်ပီပီ သတင်းစုံစမ်းရာကနေသေဆုံးသူက သူ့မိထွေးဖြစ်လာမယ့်သူဟယ်ရိူ့လန်နဲ့ ပတ်သက်နေတာသိလိုက်ရတယ်။ ဟယ်ရိူ့လန်ဆိုသူကတော့ငယ်ရွယ်စဉ်မှာဆင်းရဲတဲ့မိသားစုကနေမွေးပြီး အနှိပ်ခန်းမှာအနှိပ်နှိပ်ပေးရင်းခန္ဓာကိုယ်ရောင်းစားလေ့ရှိတဲ့အမျိုးသမီးပေါ့။သူနဲ့ပတ်သက်တဲ့ လူမှန်သမျှမီးဖိုကထွက်တဲ့မီးသွေးငွေ့နဲ့ အသက်ရူကျပ်အဆုံးစီရင်ပြီးကိုယ့်ကိုယ် သတ်သေသွားကြတယ်။ ဒါကိုဟွမ်လိမေ အပါအဝင်မီဒီယာအကုန်လုံးတစ်နိုင်ငံလုံးက ဟယ်ရိူ့လန့်တစ်ယောက်ယောကျ်ားတွေကိုချူစားပြီးသတ်ပစ်တဲ့အသားစားဘီးလူးမလို့နာမည်တွင်ကြတာပေါ့။ဟွမ်လိမေကလည်းအဖေဖြစ်သူအသတ်ခံရမှာစိုးလို့ရဲစခန်းနဲ့ပေါင်းပြီးဟယ်ရိူ့လန်ကိုထောင်ချရန် အမှုဖော်ထုတ်ကူညီပေးခဲ့တယ်။ ဒီလိုနဲ့ဟွမ်လိမေ တစ်ယောက်ထောင်ကျသွားတဲ့အချိန်မှာပဲဟွမ်လိမေတစ်ယောက် သူ့အဖေအေးချမ်းနေလို့ရပြီထင်ထားခဲ့ပေမဲ့ သူ့အဖေကောအဖွားပါသေဆုံးသွားရာကနေ သူ့အဖေသေဆုံးရတဲ့အကြောင်းသတင်းပေးပို့လာတဲ့အခါမှာဟွမ်လိမေတစ်ယောက်ဘယ်လိုတွေဆက်လုပ်ကြမလဲ။ သူ့အဖေကကော ဘာကြောင့်များ သေဆုံးရတာလဲဟယ်ရိူ့လန်ကကောဘာကြောင့်သူနဲ့ပတ်သက်ခဲ့ဖူးတဲ့လူတွေအကုန်လုံးသေဆုံးတဲ့အချိန်တူညီတဲ့နည်းလမ်းအတိုင်းသုံးထားရတာလဲ။တရားခံကကောစတဲ့မေးခွန်းထုတ်စရာတွေကိုဒီဇာတ်လမ်းလေးထဲမှာစောင့်မျှော်ကြည့်ရူလိုက်ရအောင်
...

The End of Endless Love (2020) ⭐IMDB: 6.3/10 (65 Votes) 🎬 #Drama #Fantasy #Romance #SciFi 🗓 2020 🎞 movie 🌎 #China ⏰ 1 နာရီ 40 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ၂၀၂၀ ခုနှစ်  ရုပ်ရှင်ရုံမှာ လာကြည့်သူတိုင်း မျက်ရည်ကျခဲ့ရတဲ့ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်ဒီကားလေးကသဘာဝလွန် တခြားကမ္ဘာက လာတဲ့ ရှင်းထန်ဆိုတဲ့ကောင်လေးကမိခင်ကမ္ဘာကို ပြန်ဖို့ ကြိုးစားတဲ့ရက် ၁၀၀ အတွင်းအဖြစ်ပျက်လေးကို ရိုက်ကူးထားတာပါ။ အရင်ဆုံး တခြားကမ္ဘာက လာတဲ့ သူတို့ကလူသားတွေနဲ့မတူဘဲ လူသားတွေရဲ့ ပျော်ရွှင်မှုတစ်နည်းအားဖြင့်ပြောရင် သူ့အသံနဲ့ ဖန်တီးထားတဲ့လူသားတွေရဲ့ပျော်ရွှင်မှုကိုစားသောက်ရင်း ရှင်သန်နေရတာပေါ့။ ဒီလို သဘာဝလွန် တခြားကမ္ဘာကလာတဲ့သူ့မှာလည်း အားနည်းချက်ရှိပါတယ်။လူတစ်ယောက်ကို သူ့စွမ်းအားသုံးပြီး ပျော်ရွှင်အောင် ၃ ကြိမ်လုပ်လိုက်မိရင်အဲ့လူနဲ့ ချိတ်ဆက်သွားတာပါပဲ။ ချိတ်ဆက်သွားတယ်ဆိုတာဒီလူသားသေတဲ့အချိန်မှာ သူပါ လိုက်သေရတာမျိုးပါ။ ဒါကြောင့် အတတ်နိုင်ဆုံး ဘယ်သူနဲ့မှ မချိတ်ဆက်မိအောင်ကြိုးစားနေတဲ့ ရှင်းထန်တစ်ယောက်ကရှောင်လွှဲမရတဲ့ ကံတရားကြောင့် ကျီဇယ်ဆိုတဲ့ဟန်ဆောင်အပြုံးအပြည့်နဲ့ ကောင်မလေးနဲ့ ချိတ်ဆက်မိသွားခဲ့တယ်။မိခင်ကမ္ဘာကို အဆုံးသတ်မှာပြန်နိုင်မှာလား။ကျီဇယ်ရဲ့ ဟန်ဆောင်အပြုံးတွေကို အသက်သွင်းနိုင်မှာလား။ဘယ်လို အပြောင်းအလဲဖြစ်မယ်ဆိုတာ စောင့်ကြည့်လိုက်ကြပါ။
...

The Union (2024) ⭐IMDB: 5.7/10 (2 k Votes) 🎬 #Action #Comedy #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 49 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး Mark Wahlberg ရဲ့ နက်ဖလစ်ရုပ်ရှင်အသစ် လာပါပြီ။ စပိုင် အက်ရှင် ဟာသ အမျိုးအစားပါ။ ဇာတ်လမ်းနာမည်အတိုင်းပဲ ယူနီယံဆိုတဲ့ လျှို့ဝှက်အေဂျင်စီ တစ်ခုအကြောင်းပဲ ဖြစ်ပါတယ်။ မိုက်ခ်ဟာ ဆောက်လုပ်ရေးအလုပ်သမား၊ ဘဝကို ပျော်ပျော်ဖြတ်သန်းနေတဲ့ အခြေခံလူတန်းစားတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ သူ့ရဲ့ အဆက်ဟောင်း ရော့ဆန်းက သူ့မြို့လေးကို ရောက်လာပြီး သူ့ကို ထူးဆန်းတဲ့အလုပ်တစ်ခု ပေးလာပါတယ်။ ဒါကတော့ လျို့ဝှက်စပိုင်အေဂျင်စီတစ်ခုအတွက် အလုပ်လုပ်ပေးဖို့ ပါပဲ။ ဒီလို လူသစ်ကို ခေါ်ရတဲ့အကြောင်းက စီအိုင်အေအေးဂျင့် တစ်ယောက်က သစ္စာဖောက်သွားပြီး တစ်ကမ္ဘာလုံးက အမေရိကန် ဝန်ထမ်းတွေ အေးဂျင့်တွေအကုန်လုံးရဲ့ အချက်အလက်တွေကို ရောင်းစားဖို့ ခိုးသွားလို့ပါပဲ။ ဒီတော့ နေ့ချင်းညချင်း စပိုင်ဖြစ်လာတဲ့မိုက်နဲ့ သူ့အဆက်ဟောင်း ရော့ဆန်းတို့ အကြမ်းဖက်သမားတွေ သစ္စာဖောက်တွေနဲ့ အပြိုင် အချက်အလက်တွေကို ပြန်လုရတဲ့အခါ
...

Sana (2023) ⭐IMDB: 5.3/10 (138 Votes) 🎬 #Horror #Mystery 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 43 မိနစ် 12 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Minna No Uta (2023)Imdb -5.3 ကက်ဆက်သံကြားမိသူတိုင်း ဆန်းကြယ်မှုထဲပတ်သက်မိပြီးပျောက်ဆုံးကုန်ကြတဲ့ ထူးခြားဆန်းကြယ်ကက်ဆက်.. ဇာတ်လမ်းအစကတော့ ရေဒီယိုအသံလွှင့်ရုံကနေ နားဆင်သူတွေနဲ့လိုက်ဖ်ရှိုးလုပ်နေတုန်း လူတစ်ယောက်က ကက်ဆက်အကြောင်းမေးခဲ့တယ်ကက်ဆက်တိပ်ခွေရောက်လားပေါ့ စတူဒီယိုအဖွဲ့သားတွေကဒါကိုရိုးရိုးတိပ်ခွေပဲထင်ကြပေမဲ့ ဒီဟာမှာကပ်ပါလာတဲ့အမှောင်လောကသားကိုတော့ သူတို့မမြင်ခဲ့ကြဒီကက်ဆက်တိတ်ခွေနောက်ဆက်တွဲရလဒ်အနေနဲ့ကတော့လိုက်ဖ်ရှိုးလွှင့်ဖို့ရက်သိပ်မကျန်တော့တဲ့ Generations ဆိုတဲ့အဖွဲ့ထဲကအဆိုတော်ပျောက်ဆုံးသွားတာပါ မပျောက်ဆုံးခင် ဒီအဆိုတော်က သီချင်းညည်းသံတွေကြားခဲ့ရပြီးလေ့ကျင့်ချိန်မှာလည်း သူမဟုတ်သလို သူပဲထူးဆန်းတာတွေတွေ့‌သလိုဖြစ်နေတော့အဖွဲ့သားတွေစိတ်ပူနေချိန်မှာပဲ ပျောက်ဆုံးသွားခဲ့တာပါဒီအမှုကို အစကလိုက်ရင်းကနေ ကက်ဆက်တိပ်ခွေရဲ့အတိတ်အကြောင်းပါစုံစမ်းမိသွားပါတယ် ဒါကတော့ဘာများဖြစ်မလဲမမြင်ရတဲ့ပရလောကသားကရော ဘာလိုချင်တာလဲဆိုတာကိုတော့ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ BpL ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်
...

Love Again (2023) ⭐IMDB: 4.2/10 (11 Votes) 🎬 #Adult #Drama #SciFi 🗓 2023 🎞 movie 🌎 #Japan ⏰ 1 နာရီ 2 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Ai yueni: Love again (2023)IMDb – 4.2/10 ဆေးဝါးကုမ္ပဏီတစ်ခုရဲ့ စီအီးအိုဖြစ်သူ ယူကီကတစ်ချိန်ကရင်းနှီးခဲ့ဖူးတဲ့လူတစ်ယောက်နဲ့ အမှတ်တရတွေရဲ့ခြောက်လှန့်မှုကို ခံစားနေရတယ်။ တစ်နေ့မှာတော့ ယူကီ အဲဒီတစ်ချိန်ကလူနဲ့တစ်ပုံစံတည်းတူတဲ့ လူငယ်လေးတစ်ယောက်ကိုတွေ့လိုက်ရတယ်။ အဲဒီလူငယ်လေးကိုပဲ ထပ်ပြီးတွေ့ချင် ထွေးပိုက်ချင်နေတဲ့ ယူကီတစ်ယောက်သူ့အဖေလက်ထက်တုန်းက ကုမ္ပဏီမှာ ဆေးဝါးတီထွင်တဲ့ ပညာရှင်ဆီသွားပြီး အကူအညီတောင်းခဲ့ပါတယ်။ ပညာရှင်ဖော်စပ်ပေးတဲ့ဆေးကိုသောက်ပြီး ယူကီ့ခန္ဓာကိုယ်ကနေ အလင်းတန်းတွေထွက်လာတဲ့အချိန်မှာတော့…။ (တချို့ ဇာတ်ဝင်ခန်းတွေမှာ မိသားစုနဲ့အတူမကြည့်သင့်တာကြောင့် 18+ဖြစ်ကြောင်း အသိပေးပါရစေ) (အညွှန်းနဲ့ဘာသာပြန်ကတော့ V ဖြစ်ပါတယ်)
...