ru
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Prime Target (2025) ⭐IMDB: 6.6/10 (2 k Votes) 🎬 #Drama #Crime 🗓 2025 🎞 tv series 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 46 မိနစ် 45 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Prime Target (2025) IMDb Rating (6.7) Prime လို့ပြောလိုက်လို့ရှိရင် များသောအားဖြင့် အဓိကကျတဲ့ ဒါမှမဟုတ် စံချိန်တင်တဲ့ သဘောသဘာဝကို ရည်ညွှန်သောအားဖြင့် ဒီစကားလုံးကိုသုံးတတ်ကြပါတယ်။ ဒါပေမဲ့ ဒီစီးရီးထဲမှတော့ သင်္ချာကိန်းဂဏစာန်းတွေထဲက “သုဒ္ဓကိန်း” ကို အဓိကထား ဖော်ကျူးထားတာဖြစ်ပါတယ်။ အခုမှ အသစ်ထွက်ရှိထားတဲ့ Prime Target ဟာဆိုရင် ထွက်ပြီးချင်း ရက်ပိုင်းလေးတင်ပဲ IMDB မှာ 6.7 နဲ့ Tomato Meter 70 % အထိရရှိထားတဲ့ စီးရီးကောင်းတစ်ကားဖြစ်ပါတယ်။ စာရေးသူဖြစ်တဲ့ ကျွန်တော့်တစ်ကိုယ်ထဲအမြင်နဲ့လည်း ဒီဇာတ်လမ်းရဲ့ plot က Kingsmen ရဲ့ ဇာတ်အိမ်တည်သလိုလို Criminal Mind ရဲ့ ဇာတ်အိမ်တည်ဆောက်ပုံလိုလို ဇာတ်အိမ်ကောင်းတဲ့ထဲပါပြီးတော့ သူ့ဟာနဲ့သူလည်း distinct ဖြစ်တဲ့ဘက်လည်းရောက်တဲ့အတွက် psychological, mystery နဲ့ post-crime activities လို genre မျိုးကြိုက်တဲ့သူတွေအတွက် လက်လွတ်မခံသင့်တဲ့ စီးရီးလေးပါပဲ။ ဇာတ်လမ်းအကျဉ်း အက်ဒ်ဝက်လို့ခေါ်တဲ့လူငယ်ဟာဆိုရင် ကိန်းဘရစ်ခ်ျတက္ကသိုလ်ရဲ့ သင်္ချာဘွဲ့လွန်အတန်းကိုတက်နေတဲ့ ပါရမီရှင်ကျောင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ ပါရမီပါတဲ့အပြင် အရမ်းကြိုးစားပြီး စူးစမ်းချင်တဲ့စိတ်ကအတန်အသင့်လေးခေါင်းမာတဲ့ပုံစံဖြစ်နေပါတယ်။ ဒါ့အပြင် သူက ကိန်းဘရစ်ခ်ျရဲ့ ထိပ်တန်းဝါရင့်ပါမောက္ခချုပ်ဟောင်းဆီမှာလည်း တိုက်ရိုက်ကြီးကြပ်ခံရပြီး သင်ယူမှုကိုရယူနေတဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ ဖြစ်ချင်တော့ အက်ဝက်ဒ်က အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ သုတေသနစာတမ်းကို ပြုစုလေ့လာနေတာပါ။ အဲဒါကတော့ သုဒ္ဓကိန်းစဉ်တန်းတွေကို အနက်အဓိပ္ပါယ်ကို သင်္ချာအစတည်ရာ အရှေ့အလယ်ပိုင်းဒေသတွေရဲ့ သမိုင်းကြောင်းတွေ ဒဏ္ဍာရီတွေနဲ့ယှဉ်ပြီး ကမ္ဘာကြီးရဲ့ဖြစ်တည်မှုကို အဖြေထုတ်နေတာပါပဲ။ ဒါကို သူ့ရဲ့လက်ပွန်းတတီးဆရာဖြစ်တဲ့ ပါချုပ်ကြီးကသိနေပေမယ့်လည်း ကျန်းမာရေးအခြေအနကြောင့် မကြီးကြပ်ပေးနိုင်ဖို့ဖြစ်သွားပါတယ်။ ဒါပေမဲ့ ပါချုပ်ကြီးက သူ့ရဲ့ အရင်က နာမည်ကျော်တပည့်ဟောင်းလည်းဖြစ် တစ်ချိန်ထဲမှာ သင်္ချာပါရဂူအပြင် အနုပညာယဉ်ကျေးမှူးသမိုင်းကြောင်းပညာရှင်လည်းဖြစ်တဲ့ “ရောဘတ်မာလင်ဒါ” ဆိုတဲ့သူနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ အစပိုင်းမှာတော့ ပါချုပ်ကြီးအပြင် တခြားဘယ်သူ့ကိုမှ ဆရာမတင်ချင်တဲ့ အက်ဒ်ဝက်က နောက်ဆုံးမှာ မာလင်ဒါနဲ့မှ စိတ်ငြိမ်သွားပါတယ်။ ဒါပေမဲ့ ထူးဆန်းစွာနဲ့ဘဲ မာလင်ဒါ့ကို အက်ဝက်က သူ့ရဲ့သုတေသနအကြောင်းရှင်းပြပြီးတစ်ရက်မှာပဲ အက်ဒ်ဝက်ရဲ့စာတမ်းကို မာလင်ဒါက ခိုးသွားပြီး ဒီစာက အက်ဒ်ဝက်အတွက်အန္တရာယ်ရှိတယ်လို့ဆိုကာ စာတမ်းအချက်အလက်တွေကို မီးရှို့ပြီး အသံဖိုင်တစ်ခုချန်ကာ ကိုယ့်ကိုကိုယ်ပါသတ်သေခဲ့ပါတယ်။ ဒါကို ယူကြုံးမရနိုင်တဲ့ အက်ဒ်ဝက်ဟာ ဒီလိုတွေဖြစ်သွားရတဲ့အကြောင်းအရင်းမှန်ကိုရှာဖို့ သတင်းလိုက်စုံစမ်းပါတော့တယ်။ ဒီလိုနဲ့ တကယ်တမ်းနောက်ကွယ်မှာ အက်ဒ်ဝက်လေ့လာနေတဲ့စာတမ်းဟာ ဘယ်လောက်ထိအထိမခံတဲ့ ခေါင်းစဉ်ဖြစ်နေလဲဆိုတာကို ဒီစီးရီးထဲမှာ ရသမျိုးစုံနဲ့ ရှုမြင်ခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)
...

Suits (2011) ⭐IMDB: 8.4/10 (506 k Votes) 🎬 #Drama #Comedy 🗓 2011 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 43 မိနစ် 23 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Suits (2011)IMDb Rating (8.4) / Rotten Tomatoes (91%)ဒီဇာတ်လမ်းတွဲကတော့ အက်မင်အကြိုက်ဆုံးဇာတ်လမ်းတွဲတွေထဲက တစ်ခုပါ။အင်တာနက်ပေါ်မှာဖြစ်ဖြစ် Chatgpt မှာဖြစ်ဖြစ် အကောင်းဆုံး ဥပဒေဇာတ်လမ်းတွဲလို့ ရိုက်ရှာလိုက်ရင် Suits ပဲ ထိပ်ဆုံးက ပေါ်စမြဲပါပဲ။အဲဒီလောက်ကောင်းတာ ဘာလို့အခုမှတင်လဲမေးရင် ဘာသာပြန်ရတာများပြီး ခက်တော့ ပျင်းလို့ပါ။Big Bang Theory ထက်တောင် ဘာသာပြန်ရလက်ဝင်ပါသေးတယ်။ဒါပေမဲ့ အခုတော့ စပြီးတင်ပေးပါပြီ။ ဆက်တိုက်ကြည့်ရမှာပါ။အရင်ဆုံး နမူနာတစ်ပိုင်းလောက်ကြည့်ပြီးရင် ကောင်းမကောင်း သိလာမှာပါ။၁၃၄ ပိုင်းရှိပါတယ်။အေးဆေးပဲ ကြည့်သွားလို့ရပါတယ်။ဒီရုပ်ရှင်ရဲ့ ထူးခြားတဲ့အချက်က အဓိကဇာတ်လိုက်ပဲ ကွက်တော်နေတာမဟုတ်ဘဲ၊ အဓိကလူတွေရော အရံတွေရော ဗီလိန်တွေရော ဆရာကြီးတွေချည်းဖြစ်နေတာပါ။တစ်ခါတလေ တစ်ခန်းပဲ ပါတဲ့ရှေ့နေတွေကအစ ဆရာကြီးတွေ ဖြစ်နေတတ်ပါတယ်။ ဒီတော့ အဓိကကတော့ ဆရာ့ဆရာကြီးတွေ အချင်းချင်း ကလိန်ကျကြတာကို ကြည့်ရမှာပါ။ဇတ်လမ်းအကျဉ်းအဓိက ဇာတ်လမ်းတည်ထားတဲ့နေရာကတော့ ပီရာဆင်-ဟာ့မန်းဆိုတဲ့ ရှေ့နေကုမ္ပဏီပါ။ ဦးဆောင်နေတဲ့သူ ဂျက်ဆီကာ ပီရာဆင်ဆိုတော့ အမျိုးသမီးက ရှေ့နေလောကရဲ့ ဆရာမကြီးပါပဲ။သူ့လက်အောက်မှာ လက်ရုံး နှစ်ယောက်ရှိပြီး ဟာဗေဆိုတဲ့ ရှေ့နေက ရှေ့နေလောကမှာ အတော်ဆုံး ပွဲသိမ်းတဲ့သူလို့ ခေါ်ကြပါတယ်။ ဘယ်အမှုလိုက်လိုက် နိုင်နေလို့ပါ။နောက်တစ်ယောက်ဖြစ်တဲ့ လူးဝစ်လစ်ကလည်း လူကြည့်တော့ ကြောင်တောင်တောင်ကြားတားတားပေမဲ့ အရေးကြုံလာရင် ကြောက်စရာကောင်းလိုက်အောင် တော်တဲ့လူမျိုးပါ။ဒါအပြင် တလောကလုံးမှာ ထောင့်အစေဆုံးလို့ပြောလို့ရတဲ့ အတွင်းရေးမှူး ဒွန်နာ တို့ ရှေ့နေအကူသာပြောတယ် ရှေ့နေထက်တော်တဲ့ ရေချယ်တို့ စသဖြင့် ကြည့်လေကြိုက်လေ ကာရိုက်တာတွေ ပါပါသေးတယ်။အဲဒီမှာ အဓိက မင်းသားအနေနဲ့ ဝင်လာတာကတော့ မိုက်ခ် ရော့စ် ဆိုတဲ့ ဆေးခြောက်ရောင်းတဲ့ကောင်လေးပါ။ဒီကောင်လေးက photographic or eidetic မှတ်ဉာဏ်လို့ခေါ်တဲ့ မြင်မြင်သမျှအကုန်မှတ်မိရုံတင်မကဘူး အဓိပ္ပါယ်တွေပါ ချက်ချင်းလေ့လာသင်ယူနိုင်စွမ်းရှိတဲ့ ဉာဏ်ကြီးရှင်ပါ။ဒါပေမဲ့ ဘဝကကြမ်းတော့ ဥပဒေဘွဲ့လည်းမရဖူးပါဘူး။ ပီရာဆင်-ဟာ့မန်းကုမ္ပဏီကလည်း ရှေ့နေတောင်မှ ဟားဗက်ဆင်းမဟုတ်ရင် လုံးဝမခန့်လောက်အောင် ဖင်ခေါင်းကျယ်တဲ့ကုမ္ပဏီဖြစ်နေချိန်မှာ ဟာဗေဟာ မိုက်ခ်နဲ့ အမှတ်မထင် ဆုံမိပြီး အရမ်းဉာဏ်ကောင်းပြီးတော်နေတော့ အခွင့်အရေးပေးတဲ့အနေနဲ့ ဟားဗက်ဆင်း ရှေ့နေဆိုပြီး လိမ်ပြီးအလုပ်ခန့်လိုက်ပါတယ်။အဲဒီနောက်မှာတော့ ဂျက်ဆီကာ၊ လူးဝစ်၊ ဟာဗေ၊ မိုက်ခ်ရော့တို့ပေါင်းပြီး အမှုတွေ ဘယ်လိုလိုက်ကြမလဲ၊ ဘယ်လို ကတုံးပေါ်ထိပ်ကွက်ကြမလဲဆိုတာနဲ့ သိူတို့ရဲ့ ဗီလိန်တွေက ဘယ်လောက်တောင် ဒုက္ခပေးမလဲဆိုတာ ကြည့်သွားရမှပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။)File size…(800 MB) / (400 MB)Quality….WEB-DL 1080p HEVC / 720pFormat…. mkv/mp4Genre….DramaDuration….00:45:00Subtitle….Myanmar Subtitle (Hardsub)Encoder….BenjaminTranslated by Mr. Anderson Episode 1 720p  –Yoteshin/Gdot/Megaup/Telegram Episode 2 720p  –Yoteshin/Gdot/Megaup/Telegram ကျန်အပိုင်းများ ဆက်လက်တင်ပေးသွားပါမယ်။
...

Reopen My Journals (2025) ⭐TMDB: 0% User Score 🎬 #Drama #Family 🗓 2025 🎞 Series 🌎 #China ⏰ 46 မိနစ် 7 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီနေ့ဇာတ်လမ်းကတော့ မိသားစုကြားကချစ်ခြင်းမေတ္တာကိုပြသမယ့် ကြည်နူးစရာဇာတ်ကားမျိုးဖြစ်ပါတယ်။ အသက်၁၅နှစ်ရှိတဲ့ သမီးလိမ္မာဖြစ်သူ ချန်ကျားယွဲ့က နာမည်ရှိတဲ့အထက်တန်းကျောင်းမှာ ပညာသင်ယူပြီးအခက်အခဲမျိုးစုံရင်ဆိုင်ရတယ်။ သူကအိမ်နီးချင်းဖြစ်တဲ့ထူးချွန်ကျောင်းသားရှောင်ဟန်ကို ရင်ဖွင့်ချင်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ ညီဖြစ်သူမောင်ထုံကဉာဏ်ကောင်းပေမယ့် အမြဲပြသာနာရှာတယ်။ ကျောင်းတက်နေချိန်မှာ ချန်မော့ဆိုတဲ့သူငယ်ချင်းအသစ်နဲ့တွေ့ဆုံပြီး ရင်းရင်းနှီးနှီးကြီးပြင်လာတယ်။ထိုချိန်မှာလည်း သူ့မိဘကအကျပ်အတည်းတွေ့ကြုံရပြီး အပြောင်းအလဲမျိုးစုံကိုရင်ဆိုင်ခဲ့ရပါတယ်။ အမေဖြစ်သူချန်ရှို့အယ်ကသူ့သမီးနဲ့ပြန်မတွေ့ဆုံဖြစ်တာကြာတော့ စိမ်းကားသလိုဖြစ်ခဲ့ပေမယ့် ချန်ကျားယွဲ့အဘွားသေဆုံးပြီးနောက်မှာဆက်ဆံရေးပြန်ပြေလည်သွားကြပါတယ်။ သူငယ်ချင်းဖြစ်သူချန်မော့ရဲ့အဖေချိန်ဖုန်ယွီကပညာတက်ဖြစ်တော့ သူ့သမီးကိုမျိုးဆက်တိုင်းမှာ ကိုယ့်တာဝန်ကိုထမ်းဆောင်ရမယ်ဟုဆိုပြီးရန်ဖြစ်ကုန်ကြပါတယ်။ အိမ်နီးချင်းဖြစ်တဲ့ ရှောင်ဟန်ရဲ့အမေဖြစ်သူကွမ်းအိုက်ပင်းကသူ့သားကိုတစ်ယောက်တည်းစောင့်ရှောက်ခဲ့တဲ့ချိန်မှာ သူဌေးငယ်လေးဖြစ်တဲ့ ကျန်းချီမင်နဲ့မိသားစုပြန်လည်ဖွဲ့စည်းခဲ့တယ်။ အဲလိုနဲ့ခေတ်အဆက်ဆက်ပြောင်းလဲရင်း မိသားစုကြားပြသာနာမျိုးစုံကိုရင်ဆိုင်ရပေမယ့် မိသားစုနဲ့အိမ်နီးနားချင်းတွေရဲ့ နွေးထွေးမှုအနှစ်သာရတွေကို CMကနေကြည့်ရှုရင်ခံစားလိုက်ကြပါစို့။
...

The Count of Monte-Cristo (2024) ⭐IMDB: 7.6/10 (27 k Votes) 🎬 #Action #Adventure #Drama #History #Romance #Thriller 🗓 2024 🎞 movie 🌎 #France #Belgium ⏰ 51 မိနစ် 8 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Count of Monte Cristo (2025) IMDb Rating (7.8) ဒီတစ်ခုကတော့ ပြင်သစ်စာရေးဆရာကြီး အဲလက်ဇ်ဇန်ဒရာဒူးမတ်စ်ရဲ့ နာမည်ကျော်၀တ္ထု မွန်တီခရစ်စတိုမြို့စားကြီးကိုပဲ တစ်ဖန်ပြန်လည်အသက်သွင်းထားတဲ့ အင်္ဂလိပ်စကားပြော mini series လေးပါ။ ဇာတ်လမ်းအစပျိုးကတော့ ပြင်သစ်စစ်ဘုရင်ကြီးနပိုလီယန် အယ်ဗာကျွန်းကို နယ်နှင်ဒဏ်ပေးခံရချိန်ကာလမှာစတင်ထားပါတယ်။ နပိုလီယန်ရဲ့သူလျှိုဆိုတဲ့ နိုင်ငံတော်သစ္စာဖောက်မှုနဲ့ အက်ဒ်မွန်ဒန်တစ်စ်ဟာ ခုံရုံးမတက်ရ မစုံစမ်းမစစ်ဆေးရပါပဲ နာမည်ဆိုးနဲ့‌ကျော်ကြားတဲ့ချိတိုဒိစ်ကျွန်းမှာ နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့ အဖမ်းခံလိုက်ရပါတယ်။ အဲ့လိုဖမ်းခံလိုက်ရတာရဲ့နောက်ကွယ်မှာ လက်ဝါးချင်းရိုက်ထားတဲ့လူသုံးယောက်ရှိနေပြီး အဲ့ဒီသူ့အပေါ်မ‌လိုမုန်းထားစိတ်တွေကြောင့် အက်ဒ်မွန်ဟာ အိမ်၊မိဘ၊ချစ်ရသူ၊ဘ၀ အကုန်လုံးကိုဆုံးရှုံးလိုက်ရပါတော့တယ်။ သူကျွန်းကနေထွက်လာနိုင်ပြီးတဲ့အခါမှာတော့ သူ့အပေါ်မကောင်းကြံခဲ့တဲ့လူသုံးယောက်ကို လက်စားချေဖို့အကြံစတင်ပါတော့တယ်။ အပြင်လောကမှာ ဒီလိုမတရားမှုမျိုးက တရားမျှတမှုရဖို့မလွယ်ပါဘူး။ ဒါပေမယ့် အကယ်၍ဆိုတဲ့အခြေအနေမျိုးမှာ အက်ဒ်မွန်နဲ့အတူသူ့ရဲ့ကလဲ့စားခရီးမှာ လိုက်ပါခံစားကြည့်လိုက်ကြပါ။ ဘယ်ပြန်ရိုက်တာမျိုးကမှ ၀တ္ထုကိုမမှီဖူးပါဘူး။ ဒါပေမယ့် Adaptation တစ်ခုအနေနဲ့တော့ အချိန်ပေးဖို့တန်တာမို့ ကြည့်မိလို့နောင်တမရပါဘူးနော်။ Cast တွေအနေနဲ့လည်း The Hunger Games , Me before you တို့နဲ့နာမည်ကျော်ခဲ့တဲ့ Sam Claflin က အက်ဒ်မွန်ဒန်တစ်စ် အနေနဲ့ပါ၀င်ထားလို့ လက်မလွှတ်သင့်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(700 MB) / (350 MB)Quality….WEB-DL 1080p HEVC / 720pFormat…. mkv/mp4Genre….Action & Adventure, DramaDuration….00:50:00Subtitle….Myanmar Subtitle (Hardsub)Encoder….BenjaminTranslated by Phu Thet Khin ============================ Mini Series Episode 1 720p  –Yoteshin/Gdot/Megaup/Telegram Episode 2 720p  –Yoteshin/Gdot/Megaup/Telegram Episode 3 720p  –Yoteshin/Gdot/Megaup/Telegram Episode 4 720p  –Yoteshin/Gdot/Megaup/Telegram ကျန်အပိုင်းများ ဆက်လက်တင်ပေးသွားပါမယ်။
...

The Sand Castle (2024) ⭐IMDB: 4.6/10 (799 Votes) 🎬 #Drama #Fantasy #Mystery #Thriller 🗓 2024 🎞 movie 🌎 #Lebanon #UnitedArabEmirates #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Sand Castle (2024) IMDb Rating (4.6) The Sand Castle (2024) ဟာ မိသားစု၊ အိပ်မက်တွေ၊ နှင့် အချိန်ရဲ့ ပြောင်းလဲမှုတွေကို အဓိကထားပြသတဲ့ လှပတဲ့ ဒရာမာရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ မိန်းကလေး အနုပညာရှင်တစ်ဦးဖြစ်တဲ့ အဓိက ဇာတ်ကောင်ကို Sophia Lynn က သရုပ်ဆောင်ထားပြီး သူမရဲ့ ခံစားချက်တွေကို သဲပုံတွေဖန်တီးခြင်းကတစ်ဆင့် ဖော်ပြတယ်။ ဒါရိုက်တာ Ethan Ray ရဲ့ လက်ရာဖြစ်ပြီး အချိန်ရဲ့ လှပမှုကို အနုပညာအဖြစ်ဖမ်းယူပြထားနိုင်တယ်။ ဇာတ်လမ်းဟာ သူမရဲ့ ဖခင် (Thomas Grant သရုပ်ဆောင်) နဲ့ သူမရဲ့ ကွယ်လွန်သွားတဲ့ မိခင်အကြောင်းကို ပြန်လည်နွေးပြီး သူတို့အိမ်ထောင်စုရဲ့ သာယာမှုကို ပြသထားပါတယ်။ သဲပုံတွေဖန်တီးတဲ့ ပင်လယ်ကမ်းခြေရှုခင်းတွေဟာ ပန်းချီလက်ရာလိုပဲ ကြည့်ရတာ အရမ်းလှပါတယ်။ Elena Harper ရဲ့ တေးဂီတတွေက တစ်ခန်းချင်းစီကို ပိုမိုခံစားရစေပါတယ်။ ရုပ်ရှင်ကို ဇာတ်လမ်းအဖွဲ့အစည်းနဲ့ စိတ်ထိခိုက်စေတဲ့ အာရုံစိုက်မှုကြောင့် ပရိသတ်တွေရဲ့ ချီးကျူးမှုကို ရရှိထားပါတယ်။ စိတ်လှုပ်ရှားဖွယ် ဒရာမာဇာတ်လမ်းတွေကို ကြိုက်သူတွေအတွက် မဖြစ်မနေ ကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။)
...

Den of Thieves: Pantera (2025) ⭐IMDB: 6.6/10 (6 k Votes) 🎬 #Action #Crime #Thriller #Drama 🗓 2025 🎞 movie 🌎 #UnitedStates #Canada #Spain #UnitedStatesofAmerica ⏰ 2 နာရီ 24 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Den of Thieves 2: Pantera (2025) IMDb Rating (6.6) / Rotten Tomatoes (61%) 2018 တုန်းက နာမည်ကြီးခဲ့တဲ့ သူခိုးအက်ရှင်ရုပ်ရှင် Den of Thieves ရဲ့ အဆက်ထွက်လာပါပြီ။ ၂၀၁၈ ဆရာကြီးကားကိုလည်း CM web and app မှာ ကြည့်လို့ရပါတယ်။ ဒီရုပ်ရှင်ကိုတော့ ပထမဒါရိုက်တာ Christian Gudegast ပဲ ရိုက်ကူးထားတာပါ။ သရုပ်ဆောင်တွေကလည်း ဂျရက် ဘတ္တလာ နဲ့ Ice Cube ရဲ့သား O’Shea Jackson Jr. ပါပဲ။ ရုပ်ရှင်ထဲမှာတောင် နာမည်ကြီး ရပ်သီချင်းစာသားကို အမှတ်တရ ထည့်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်း ဒီဇာတ်လမ်းမှာတော့ နစ်ဟာ ဒွန့်ကို လိုက်ဖမ်းဖို့ ရှာရင်းနဲ့ ဥရောပ ရောက်လာပါတယ်။ အဲဒီအချိန်မှာပဲ သူက ပန်သာအဖွဲ့နဲ့ပေါင်းပြီး ကမ္ဘာ့အကြီးဆုံး စိန်စင်တာကြီးရဲ့ အလုံခန်းကို ဖောက်ဖို့ ကြိုးစားနေတာ သိလိုက်ရပါတယ်။ နစ်တစ်ယောက် ဒွန်နီနဲ့တွေ့ချိန်မှာတော့ ဒွန်နီသိလိုက်ရတာက နစ်ဟာ ရဲအလုပ်ကို စိတ်ကုန်သွားပြီး သူနဲ့အတူ ပေါင်းပြီး စိန်တွေခိုးဖို့ လာတာဆိုတာပါပဲ။ ဒီတော့ လုံခြုံရေးအရ ဖောက်ထွင်းဖို့မဖြစ်နိုင်တဲ့ စိန်အလုံခန်းကြီးတစ်ခုကို နစ်နဲ့ဒွန်တို့ ဘယ်လိုဖောက်ကြမလဲ၊ အပြင်မှာလည်း ရဲတွေလက်ကအပြင်၊ သူတို့ စိန်ခိုးပြီး ပြဿနာရှာထားတဲ့ မာဖီးယားတွေကပါ စောင့်နေတာမို့ ဘယ်လို အလွတ်ပြန်ရုန်းကြမလဲဆိုတာကို အက်ရှင်နဲ့ သူခိုးကားစတိုင် ပေါင်းစပ်ပြီး ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။)
...

Anaconda Island (2025) ⭐TMDB: 0% User Score 🎬 #Adventure #Horror #ScienceFiction 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 31 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ကိုယ်နေတဲ့ အေးချမ်းသာယာတဲ့ မြို့လေးကို လူတစ်စုရဲ့ မတော်လောဘကြောင့်တိုက်လောက်ကြီးတဲ့ မြွေကြီးတွေထွက်လာပြီး မြို့ထဲကလူတွေဒုက္ခရောက်၊ မြို့လေးက ပျက်ဆီးရတော့မယ်ဆိုရင် ……ဟန်ကျယ်ဆိုသူဟာ ဉာဏ်ရည်သိပ်မထက်ပေမဲ့ ရှီးရှီးနဲ့ နီးနီးဆိုတဲ့သမီးလေး နှစ်ယောက်နဲ့အတူ ပျော်ရွှင်အေးချမ်းစရာဘဝလေးတစ်ခုပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။တစ်နေ့မှာတော့ ရုတ်တရက်အတွင်း တိုက်လောက်ကြီးတဲ့မြွေကြီးက မြို့ထဲကလူတွေကို တိုက်ခိုက်ပါတော့တယ်။ မြို့ထဲက အကူအညီတောင်းဖို့ဖုန်းလိုင်းလည်းမရှိ၊ အပြင်ထွက်လိုက်တာနဲ့အသက်ဘေးအန္တရာယ်နဲ့ ကြုံတွေ့နိုင်ရခြေရှိနေပေမဲ့ သူတို့ဟာကံကောင်းစွာနဲ့ မြို့အပြင်ကို ထွက်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့ ပျက်ဆီးတော့မဲ့ မြို့ကလေးနဲ့ မြို့နေသူတွေကိုဒီအတိုင်း မထားခဲ့ရက်တဲ့အတွက် သူတို့တစ်တွေ ကျန်လူတွေကိုကယ်တင်ဖို့အတွက် မြို့ထဲကို ပြန်သွားကြပြီးဒုစရိုက်သမားတွေရဲ့ အသိုက်ကို ဖျက်ဆီးဖို့ လုပ်ပါတော့တယ်။ သူတို့တစ်တွေ အန္တရာယ်ကင်းစွာ အောင်မြင်နိုင်မလား……မြွေကြီးအန္တရာယ်ကိုရော ဘယ်လို ကျော်ဖြတ်ကြမလဲ……ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်
...

The Truth is Murky (2025) ⭐TMDB: 0% User Score 🎬 #Drama #Mystery #Thriller 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 17 မိနစ် 40 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လျှို့ဝှက်တဲ့စံအိမ်တစ်ခုရဲ့ ပဟေဠိဆန်တဲ့ဇာတ်လမ်းတစ်ပုဒ်……၁၉ရာစုခေတ်ဦးပိုင်းမှာ ပရဟိတစေတနာရှင်သူဌေးကြီးတစ်ယောက်ရဲ့အိမ်ဟာမီးအကြီးအကျယ်လောင်ပြီးလူတွေအကုန်သေသွားခဲ့ပါတယ်။အဲဒီအချိန်ကနေစပြီးတော့ အဲဒီအိမ်မှာ သရဲခြောက်တယ်ဆိုပြီးေတာ့လောလဟာလတွေထွက်နေပါတယ်။ နောက်နှစ်ပေါင်းများစွာကြာပြီးမှတစ်နယ်သားတစ်ယောက်ဝယ်ပြီးတော့ တည်းခိုခန်းအဖြစ်ဖွင့်ခဲ့ပါတယ်။ တစ်ညမှာတော့ ဒီတည်းခိုခန်းမှာထူးဆန်းစွာနဲ့ လူသေမှုတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ညမထွက်ရအမိန့်မာရှယ်လောရှိတဲ့အတွက် တရားခံရောတည်းခိုတဲ့ဧည့်သည်တွေပါ အပြင်ထွက်လို့မရပါဘူး။ဒီလိုနဲ့လူသတ်သမားကိုဆက်တိုက်ရင် လူတွေလဲဆက်သေနေပါတယ်။လူသတ်သမားကဘယ်သူဖြစ်မလဲ……ဒီအိမ်ကြီးဟာတကယ်ပဲလူတွေပြောသလိုတစ္ဆေသရဲတွေကဒုက္ခပေးနေတာလား…..စံအိမ်ကြီးရဲ့လျှို့ဝှက်ချက်ဟာဘယ်လိုအံ့ဩစရာတွေနဲ့ပြည့်နေမလဲ
...

Invincible Swordsman (2025) ⭐TMDB: 0% User Score 🎬 #Action #Drama 🗓 2025 🎞 movie 🌎 #China ⏰ 1 နာရီ 59 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီ ၂၀၂၅ နှစ်စမှာ ဆရာကြီး ကျင်းရုံရဲ့ Classic Novel တွေ ရုပ်ရှင်အဖြစ်ပြောင်းလဲရိုက်ကူးပြီးထွက်လာတာကိုတွေ့ရပါတယ် ဒီတခါတင်ဆက်ပေးမှာကတော့သိုင်းလောကရဲ့စိန်ခေါ်သံ လို့ လူသိများတဲ့ Invincible Swordsman (2025) ပဲဖြစ်ပါတယ်စီးရီးဇာတ်လမ်းတွဲနဲ့မတူပဲ ဒီဇာတ်လမ်းမှာတော့ လင့်ဟူချုံးနဲ့ တုံးဖန်းပုပိုက်တို့ရဲ့ဇာတ်ကြောင်းကိုဦးတည်ရိုက်ကူးထားတာကိုတွေ့ရပါတယ် ဇာတ်လမ်းအကျဉ်းကတော့ လင့်ဟူချုံးဟာ သိုင်းလောကနေအနားယူချင်ပေမယ့်သိုင်းလောကရဲ့အကောင်းအဆိုးအရှုပ်အထွေးတွေကြားထဲမှာ မဖြစ်မနေပါဝင်ခဲ့ရတယ်။လင့်ဟူချုံးကမိန်းကလေးတစ်ယောက်ကို တုံးဖန်းပုပိုက်မှန်းမသိပဲ ကယ်မိခဲ့တယ်။ဒီလိုနဲ့စိန်ခေါ်သံတွေပြည့်နှက်နေတဲ့ သိုင်းလောကရဲ့ခရီးကိုစတင်လိုက်တဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာ တုံးဖန်းပုပိုက်နဲ့ လင့်ဟူချုံးကိုပဲအဓိကရိုက်ကူးထားတာဖြစ်ပါတယ်။တုံးဖန်းပုပိုက်နေရာမှာ သရုပ်ဆောင်တဲ့ Zhang Yu Qiရဲ့သရုပ်ဆောင်ချက်တွေကိုကြည့်ရတာBrigitte Linရဲ့အငွေ့အသက်တွေကိုပြန်မြင်ရပြီးတော့ Sammo Hongလိုဝါရင့်သရုပ်ဆောင်တွေအားဖြည့်ထားတဲ့ 2025နှစ်စရဲ့သိုင်းကားကောင်းတစ်ကားပဲဖြစ်ပါတယ်။
...

Coup de Chance (2023) ⭐IMDB: 6.4/10 (9 k Votes) 🎬 #Crime #Drama #Romance #Thriller #Comedy 🗓 2023 🎞 movie 🌎 #UnitedStates #France #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Coup se chance ဆိုတဲ့ပြင်သစ်ဇာတ်ကားလေးကတော့ ချမ်းသာတဲ့စုံတွဲတစ်တွဲဖြစ်တဲ့ ဖန်နီ(Lou de Laâge)နဲ့ ဂျင်း(Melvil Poupaud) တို့က လူတိုင်းအားကျတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားရပေမဲ့ ပြဿနာလေးတွေ ရှိနေပါတယ်။ တစ်နေ့မှာတော့ ဖန်နီက ကျောင်းတုန်းက သူငယ်ချင်းဖြစ်သူအယ်လန်(Niels Schneider)နဲ့ လမ်းမှာ အမှတ်မထင်တွေ့ကာ သူငယ်ချင်းက သူ့ကို ငယ်ငယ်တည်းက ကြိုက်နေကြောင်းဝန်ခံခဲ့ပါတယ်။ ဖန်နီနဲ့ သူ့ကိုအရူးအမူးသဘောကျနေဆဲဖြစ်တဲ့ သူငယ်ချင်းဟောင်း ၊ သူတို့နှစ်ယောက်ရဲ့အခြေအနေတွေအဆင့်တက်လာတဲ့နောက် ယောကျာ်းဖြစ်သူ ဂျင်း မသိအောင်ဘယ်လို ဖုံးကွယ်မလဲ။ ယောကျာ်းဖြစ်သူ ဂျင်းက သိသွားခဲ့ရင် ဘာတွေလုပ်လာမလဲ ဆိုတာကို ကြည့်ရမယ့် crime/thiller ဆန်ဆန် အိမ်ထောင်ရေး ကားလေးပဲဖြစ်ပါတယ်။
...

The Intruder (2024) ⭐IMDB: 5.1/10 (242 Votes) 🎬 #Thriller #Horror #Drama 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှာထွက်ရှိခဲ့တဲ့ Thriller ဆန်ဆန် ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။ မိုက်ကယ်ဆိုတဲ့ လူငယ်လေးက အခုမှ အိမ်အသစ်ကိုပြောင်းလာခဲ့တာပါ။ အိမ်အသစ်ကို ပြောင်းပြောင်းချင်းမှာပဲ ညဘက်တွေမှာ အိပ်မက် ဆိုးတွေမက်ပြီး ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို စတင်ကြုံတွေ့ လာရပါတော့တယ်။ စိတ်ကျန်းမာရေးလည်း တဖြည်းဖြည်း ထိခိုက်လာပြီးတော့ အိမ်နီးချင်းဖြစ်သူ ဂျိုး ပြောပြတဲ့ အိမ်ဖောက်ထွင်းမှုအကြောင်းကို စိတ်စွဲကာ စိုးရိမ်စိတ်တွေလည်း စ ဝင်လာပါတော့တယ်။ မိုက်ကယ် မတိုင်ခင်က အိမ်မှာ နေခဲ့တဲ့ နန်စီဆိုတဲ့ အမျိုးသမီးတစ်ယောက်ကလည်း ထူးဆန်းတဲ့အဖြစ် အပျက်တွေကြောင့်ပဲ အိမ်ကနေ ပြောင်းပြေးခဲ့ရတာပါ။ ဆိုတော့ ဒီဇာတ်ကားလေးထဲမှာ ထူးဆန်းတဲ့အဖြစ်အပျက်တွေကရော ဘာကြောင့်ဖြစ်နေတာလဲ၊ မိုက်ကယ်ရဲ့ ညဘက်အိပ်မရတဲ့ရောဂါဟာ ဘာကြောင့်လဲ၊ ဘယ်လိုအရာတွေကို ကြုံတွေ့ကြရမလဲဆိုတာကိုတော့ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ အပိုအလိုမရှိအောင် တင်ဆက် ထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုလို့ကောင်းမဲ့ ဇာတ်ကား တစ်ကားဖြစ်မှာ အသေအချာပါပဲ။
...

Vampires Suck (2010) ⭐IMDB: 3.4/10 (53 k Votes) 🎬 #Comedy #Horror #Fantasy 🗓 2010 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 48 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vampires Suck (2010) ဟာ ဗန်ပိုင်းယားတွေ သမန်းဝံပုလွေတွေနဲ့ အရမ်းမိုက်တဲ့ဇာတ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့Becca Crane ဆိုတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ဦးဟာဗန်ပိုင်းယားတပိုင်း လူတပိုင်းဖြစ်တဲ့ Edward Sullen နဲ့ သမန်းဝံပုလွေတပိုင်း လူတပိုင်းဖြစ်တဲ့ Jacob White တို့ကြားသံယောဇဉ်တွေငြိတွယ်ပြီး နှစ်ယောက်လုံးကိုချစ်တယ် နှစ်ယောက်လုံးကချစ်တယ်ဆိုတဲ့ Twilight အကွက်ခင်းပြီးတော့ဝေခွဲမရဘဲ ပြသနာတွေရင်ဆိုင်ရပုံတွေကို ပေါ့ပေါ့ပါးပါး အခွီဗားရှင်းရိုက်ကူးထားတာပါ။ သေချာတာပေါ့ဗျာ…ဒီဇာတ်ကားက Twilight ဇာတ်ကားတွေကို သရော်ထားတဲ့ Parody ဇာတ်ကားပါ။သင်ဟာ Twilight fan တစ်ယောက်ဖြစ်တယ်ဆိုရင် ဒီကားလေးကို လုံးဝလက်လွတ်မခံသင့်ဘဲ ကြည့်ရင်း ထိုင်ခွီနေရမှာဖြစ်သလိုကိုယ့်ရဲ့အားလပ်ချိန်ကို ပေါ့ပေါ့ပါးပါး ဇာတ်ကားလေးကြည့်ပြီး ရယ်မောချင်တယ်ဆိုရင်တော့ ဒီကားလေးက အဲ့လိုအသေအချာပါပဲ။ Unrated Version နဲ့မလို့ ဆင်ဆာတွေမဖြတ်ထားဘဲ ပိုခွီနေရတဲ့ ဗားရှင်းဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းကို နဲ့ဘာသာပြန်ကို Kooluumoo မှ တင်ဆက်ထားပါတယ်။)
...

Abnormal Attraction (2018) ⭐IMDB: 4.3/10 (3 k Votes) 🎬 #Adventure #Comedy #Fantasy 🗓 2018 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 46 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Abnormal Attraction (2018) ******************************** ဒီတစ်ခါတော့ Abnormal Attraction ဆိုတဲ့ Adventure, Comedy ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် .. ။ လူသားတွေနဲ့ မွန်းစတားတွေ အတူယှဉ်တွဲနေထိုင်ဖို့ဖြစ်လာတဲ့အခါ လူသားနဲ့ မွန်းစတား ကြားက နားလည်မှုလွဲတာလေးတွေကိုရိုက်ပြထားတာပါ … ဇာတ်လမ်းအကျဉ်းချုပ်လေးကို နည်းနည်းလေး မိတ်ဆက်ပေးချင်ပါတယ် ..ထူးဆန်းတဲ့ ရူးကြောင်ကြောင် လူတွေကို နှစ်သိမ့်ဆွေးနွေးပေးတတ်တဲ့ ဒေါက်တာနစ်ခ်ကိုရေခဲခြစ်ရောင်းတဲ့ အန်ဒီက ဖမ်းသွားပြီး ..မွန်းစတားတွေက လူတွေကိုနှိပ်စက်နေကျ စခန်းက အချုပ်ထဲမှာ ဖမ်းထားလိုက်ပါတယ် .. နစ်ခ်ဟာ မွန်းစတားတွေကို လူတွေအပေါ် အမြင်ပြောင်းသွားအောင် ပြောနိုင်ခဲ့ပေမဲ့သူတို့ အချုပ်ခန်းထဲကနေ ထွက်လာတဲ့အချိန်မှာ နစ်ခ်ရဲ့ သတို့သမီးလောင်းဖြစ်သူကစခန်းကို လာတိုက်တာနဲ့ ကြုံပါတော့တယ် အဲဒီမှာ ပစ်ကြခတ်ကြရင်းမထင်ထားတာတွေ ဖြစ်လာပါတယ် .. နစ်ခ်နဲ့ သူ့သတို့သမီးလောင်းကြားမှာ သံသယတွေနဲ့ အဆင်မပြေဖြစ်နေတာ ကြာပါပြီအဲဒီအချိန်မှာတော့ နစ်ခ်တစ်ယောက် သူ့ရည်းစားကို ဘာတွေ ဖုံးကွယ်ထားလဲဆိုတာပေါ်လာပါတော့တယ်….. နောက်ဆုံးမှာ မထင်ထားတဲ့ မြှုပ်ကွက်တွေကို ဖော်ပြသွားတာမို့စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားလို့ ညွှန်းပေးပါရစေ.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ဖြစ်ပါတယ်
...

200KG Vampire (2024) ⭐IMDB: 5.7/10 (23 Votes) 🎬 #Comedy #Horror #Mystery 🗓 2024 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 34 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာတော့ ဟာသသရဲကားကြိုက်နှစ်သက်သူတွေအတွက် ပေါ့ပေါ့ပါးပါးရှုစားလို့ရမဲ့ မလေးရှားဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ 200KG Vampire ဖြစ်ပြီး လက်ရှိ IMDb Rating 7.1 အထိရရှိထားပါတယ်။ ဇာတ်ကားနာမည်အတိုင်း ကီလိုဂရမ် ၂၀၀ လေးတဲ့သွေးစုပ် ဖုတ်ကောင်နဲ့ ရွာသားတွေကြားကအလွဲလေးတွေ ဟာသလေးတွေကို ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့အဓိကရွာလေးနာမည်ကတော့တာဘာလစ်ရွာဖြစ်ပြီး အခုအချိန်မှာတော့ရွာသူကြီးရဲ့သား ကိုရီးယားရူးလေး ရွာကို ပြန်လာတော့မှာဖြစ်တဲ့အတွက် ကျေးဇူးတော်နေ့တွေ့ဆုံပွဲလည်း တစ်ခါတည်းလုပ်ဖို့ပြင်ဆင်နေကြပါတယ်။ဖြစ်ချင်တော့ အဲ့ဒီပွဲမှာ တည်ခင်းထားတဲ့အစားအသောက်တွေကို အစားကြီးတဲ့ ကီလိုဂရမ် ၂၀၀ ရှိတဲ့သွေးစုပ်ဖုတ်ကောင်နှစ်ကောင်ကလာစားပါတော့တယ်။ အဲ့ဒီကနေစပြီး ရွာသူရွာသားတွေရဲ့အစားအသောက်တွေ တစ်နေ့ထက် တစ်နေ့ပိုပိုကုန်လာတဲ့အပြင် သွေးစုပ်ခံရတဲ့ရွာသူရွာသားတွေလည်း ရှိလာတဲ့အတွက် ရွာသူကြီးနဲ့လူငယ်ခေါင်းဆောင်တွေပူးပေါင်းပြီး ဒီသွေးစုပ်ဖုတ်ကောင်တွေကိုရှင်းထုတ်ပစ်ဖို့ကြိုးစားကြပုံကို ပေါ့ပေါ့ပါးပါး ရှုစားကြရမှာဖြစ်ပါတယ်။
...

Personal Shopper (2016) ⭐IMDB: 6.1/10 (44 k Votes) 🎬 #Drama #Mystery #Thriller 🗓 2016 🎞 movie 🌎 #France #Germany #Czechia #Belgium #CzechRepublic #UnitedKingdom ⏰ 1 နာရီ 46 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Personal Shopper (2016) IMDb Rating (6.1) / Rotten Tomatoes (81 %) Twilight မင်းသမီး Kristen Stewart တကိုယ်တော်ကြမ်းထားတဲ့ လျှို့ဝှက်ဆန်းကြယ်သည်းထိပ်ရင်ဖိုဒရမ်မာဇာတ်ကားကြီးပါ။ ဇာတ်လမ်းကတော့….မော်ရင်းဟာဂျာမန်ရုပ်ရှင် စတားကိုင်ရာရဲ့ လက်ထောက် အဖြစ် အလုပ်လုပ်နေတာဖြစ်ပြီးကိုင်ရာဓာတ်ပုံရိုက်ရာမှာ ရုပ်ရှင်ရိုက်ရာမှ ဝတ်သမျှ အဝတ်အစားတွေကို စီစဉ်ပေးရသလို အဝတ်အစားတွေကို ပြန်အပ်တာတွေလည်း လုပ်ရတာပါ။တကယ်တမ်းတော့ မော်ရင်းဟာ သူရဲ့အသက်မွေးဝမ်းကျောင်းအလုပ်အပေါ် လုံးဝစိတ်ဝင်စားခြင်းမရှိပေမယ့်လည်း ကိုင်ရာ့ဆီမှာ ဆက်ပြီးလုပ်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ မော်ရင်းဆီကို ထူးဆန်းတဲ့ စာတိုမက်ဆေ့ချ်တွေ ရောက်လာခဲ့ပြီးပို့တဲ့ သူကလည်း သူနဲ့ပတ်သက်တာမှန်သမျှ အကုန်သိတဲ့သူဖြစ်နိုင်တာမို့ သူအစ်ကိုဆီကလို့ပဲ မော်ရင်းထင်ခဲ့ပါတယ်။ မော်ရင်းမှာ အမြွှာအစ်ကို လူးဝစ္စရှိပြီး မကြာမီလပိုင်းကမှ ကွယ်လွန်သွားခဲ့တာပါ။မော်ရင်းတို့ အမြွှာမောင်နှမမှာ နှလုံးရောဂါရှိပြီး ဘယ်သူအရင်သေမလဲဆိုတဲ့ အနေအထားပါ။ မော်ရင်းက သူတို့မောင်နှမ အတူနေခဲ့တဲ့ အိမ်ကြီးဆီကို မကြာခဏသွားပြီး တမလွန်က သူ့အစ်ကိုနဲ့ ဆက်သွားနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။လူးဝစ္စက သူအကယ်၍များ မော်ရင်းထက် အရင်သေသွားခဲ့ရင် တမလွန်ကနေ မော်ရင်းကို ဆက်သွယ်မယ်လို့ ပြောထားဖူးတဲ့အတွက် မော်ရင်းက စောင့်မျှော်နေတာပါ။ လူးဝစ္စရဲ့ အိမ်မှာ သွားနေရင်း မော်ရင်းတစ်ယောက်ဘယ်လို အခြောက်အလှန့်တွေ ကြုံရမှာလဲ၊သူ့အစ်ကိုက တကယ်ပဲ တမလွန်ကနေ ဆက်သွယ်လာမှာလားဆိုတာတော့……။ ဇာတ်ကွက်အချို့က ကြမ်းတမ်းပြီး စကားလုံးအသုံးအနှုန်းအချို့ ရိုင်းစိုင်းတယ်လို့ ဝေဖန်ထားကြတဲ့ ဒီဇာတ်ကားမှာမော်ရင်းအဖြစ် ခရစ္စတင်စတီးဝပ်၊ အင်ဂိုအဖြစ် လားစ်အီဒင်ဂါ၊ ကိုင် ရာအဖြစ် နိုရာဗွန်ဝဲလ်စတာတန်၊အာဝင်အဖြစ် အန်ဒါစ်ဒန်နီယယ် ဆန်စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားကြပါတယ်။ (ရုပ်ရှင်အညွှန်းကို 7daydaily မှကူးယူဖော်ပြထားပါသည်။)
...

Golmaal 3 (2010) ⭐IMDB: 5.7/10 (10 k Votes) 🎬 #Action #Bollywood #Comedy #Drama #Family 🗓 2010 🎞 movie 🌎 #India ⏰ 2 နာရီ 20 မိနစ် 32 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Golmaal 3 (2010)ပရမ်းပတာ ၃ အဂျေးနဲ့ ကရီနာကပူးရ်တို့ရဲ့ Golmaal series ထဲကတတိယမြောက်ကားကို ပရိသတ်တွေအတွက်ထပ်မံတင်ဆက်ပေးချင်ပါတယ်။ ဒီ တတိယမြောက် Golmaal ရုပ်ရှင်ဟာဆိုရင်သူ့ခေတ်သူခါမှာတော့ တစ်နှစ်တာဒုတိယဝင်ငွေအများဆုံးဖြစ်ခဲ့တဲ့ထိ အောင်မြင်ခဲ့တာပါ။ ဇာတ်လမ်းလေးကတော့ Golmaal ကားတွေရဲ့ထုံးစံ..အစပိုင်းမှာ ဂိုပယ်တို့မိသားစု ဂိုအာကမ်းခြေမှာစီးပွားရေးပေါင်းစုံလုပ်ဖို့ ကြိုးစားနေကြတုန်းမှာဘာလုပ်လုပ် သူတို့နဲ့ အကြံတူနေပြီးမြင်တာနဲ့ ရန်ဖြစ်ကြတဲ့ သားအဖလေးယောက်နဲ့ကွိုင်တွေတက်ပုံကို မြင်ကြရမှာပါ။ ဒါပေမဲ့ အဲဒီသားအဖလေးယောက်ထဲက မုဆိုးဖိုအဖေကြီးကဂိုပယ်တို့အမေရဲ့ ရည်းစားဦးဖြစ်နေပြီး သူတို့ ပြန်ပေါင်းထုပ်ဖို့ကြိုးစားကြတာကို သားတော်သမီးတော်များကမတည့်မရှုနဲ့ တကျက်ကျက်ဆန့်ကျင်ကြပုံတွေကိုဟာသတွေတခွီခွီနဲ့ ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘောလီးဝုဒ်ရွှေခေတ်ရဲ့ ထုံးစံ အဆိုအကကောင်းကောင်းစော်လန်းလန်းတွေကို ကမ်းခြေမှာပတ်ပြေးခိုင်းထားတဲ့သီချင်းအလန်းလေးတွေပါ ကြည့်ရမှာဖြစ်လို့ရှေ့က Golmaal ကားတွေကိုကြိုက်နှစ်သက်ကြတဲ့CM ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးထားတာကြောင့်လက်မလွတ်တမ်းအားပေးလိုက်ဖို့ ညွှန်းဆိုတိုက်တွန်းလိုက်ပါတယ်။
...

Moana 2 (2024) ⭐IMDB: 7.0/10 (68 k Votes) 🎬 #Adventure #Animation #Comedy #Family #Fantasy #Musical #Mystery 🗓 2024 🎞 movie 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Moana 2 (2024) IMDb Rating (7.0) / Rotten Tomatoes (61%) Auli’i Cravalho က မိုအာနာအဖြစ် နဲ့ Dwayne “The Rock” Johnson ကပဲ မာဝီအဖြစ် ပြန်ပါဝင်ထားပါတယ်။ မိုအာနာအရင်ကားရဲ့ ထူးခြားချက်အတိုင်းပဲ သီချင်းလှလှတွေ စွန့်စားခန်းကောင်းကောင်းတွေနဲ့ ခံစားရမှာပါပဲ။ ဇာတ်လမ်းအကျဉ်း မိုအာနာတစ်ယောက် ကြီးပြင်းလာချိန်မှာ ဘိုးဘေးတွေရဲ့ ဆင့်ခေါ်မှုကြောင့် ပင်လယ်ပြင်ကြီးထဲကို စွန့်စားခန်းထွက်ဖို့ ဖြစ်လာပါတယ်။ ဒါကတော့ ကျွန်းအားလုံးအတွက် အန္တရာယ်ဖြစ်လာစေနိုင်တဲ့ နတ်ဘုရားတစ်ပါးရဲ့ ကျိန်စာကို မရောက်ဖူးတဲ့ ပင်လယ်ပြင်အဆုံးစွန်ထိသွားပြီး ချေဖျက်ရမှာဖြစ်ပါတယ်။ ဒီတစ်ခါစွန့်စားခန်းကတော့ အရင်ထက် ပိုခက်ခဲနေသလို အနည်းငယ် ရင့်ကျက်လာတဲ့ ခေါင်းဆောင်ဖြစ်လာတဲ့ မိုအာနာတစ်ယောက်လည်း ချိန်ဆစရာတွေ များလာပါတယ်။ ဒါပေမဲ့ အရင်ခရီးစဉ်လိုမဟုတ်ဘဲ လှေထိုးသား တစ်သိုက်နဲ့ ကြက်ကလေး ဝက်ကလေးတွေအပါ စွန့်စားခန်းဖွင့်လာရပြီး မာဝီနဲ့ အတူ ဘယ်လိုတွေ ခရီးဆက်ကြမလဲဆိုတာ ကြည့်ရမှာပါ။ (အညွှန်းရေးသားသူကတော့ Mr. Anderson ဖြစ်ပါတယ်။)
...

Accidental Love (2015) ⭐IMDB: 4.1/10 (9 k Votes) 🎬 #Comedy #Drama #Romance 🗓 2015 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 40 မိနစ် 59 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Accidental Love (2015)*********************** မင်းသမီးချော Jessica Biel နဲ့မင်းသား Jake Gyllenhaal တို့ ပါဝင် သရုပ်ဆောင်ထားတဲ့ Accidental Love ရုပ်ရှင်ကတော့ အမေရိကန်နိုင်ငံရေးလောက၊ မူဝါဒတွေနဲ့လွှတ်တော်ကို သရော်ထားတဲ့ ဟာသအချစ်ကားဖြစ်ပါတယ်။ ချစ်သူက လက်ထပ်ခွင့်တောင်းတဲ့နေ့မှာ မတော်တဆဖြစ်ပြီး ခေါင်းထဲမှာ သံစိုက်ဝင်သွားတဲ့စားပွဲထိုးမလေးအဲလစ္စဟာ ကျန်းမာရေးအာမခံမရှိတာကြောင့် ခွဲစိတ်ကုသခွင့် မရခဲ့ပါဘူး။ ချစ်သူက ပစ်တာလည်းခံလိုက်ရတဲ့ အဲလစ္စတစ်ယောက် ဝါရှင်တန်ကိုသွားပြီး လူထုကိုကူညီဖို့အဆင်သင့်ပါလို့ကြေညာထားတဲ့အမတ် ဟောင်းဝပ်ကို အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကိုယ်တိုင်ခွဲစိတ်မှုခံယူရဖို့ကြိုးစားရင်း အာမခံမရှိလို့ အရေးပေါ်ခွဲစိတ်မှုတွေ မလုပ်နိုင်တဲ့လူပေါင်းများစွာရှိနေသေးတာကို သိခဲ့ရတာကြောင့် ကျန်းမာရေးဉပဒေသစ်ကို လွှတ်တော်ကပြဌာန်းပေးအောင် အဲလစ္စတစ်ယောက်  ဟောင်းဝပ်နဲ့ပူးပေါင်းပြီး ကြိုးစားရပါတော့တယ်။ လွှတ်တော်ရဲ့အထင်ကရအမတ်တစ်ဦးဖြစ်တဲ့ ပမ်ဟင်နရီကတော့ အဲလစ္စရဲ့ကျန်းမာရေးဥပဒေဟာနိုင်ငံတော်အတွက် အများကြီးကုန်ကျစေပြီး အခွန်တွေ တိုးကောက်ရလိမ့်မယ်လို့ဆိုရင်းလပေါ်မှာ အမေရိကန်စစ်ခြေစိုက်စခန်း တည်ဆောက်ဖို့ကသာ ပိုအရေးကြီးတယ်လို့အမတ်တွေကို စည်းရုံးထားခဲ့ပါတယ်။ နိုင်ငံရေးလောကကို ဘုမသိဘမသိရောက်လာတဲ့အဲလစ္စနဲ့ နိုင်ငံရေးလောကကို ကြီးစိုးထားတဲ့ပမ်ဟင်နရီတို့ကြား အမျိုးအမျိုးရင်ဆိုင်တိုက်ခိုက်ကြပုံကို ဟာသဖြစ်အောင် ရိုက်ကူးပြသထားတာဖြစ်သလို ပြင်ပအမေရိကန်နိုင်ငံရေးလောကကိုပါ ထိထိရောက်ရောက်သရော်လှောင်ပြောင်ထားတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ (အညွှန်းကို JULY မှ ရေးသားထားပါတယ်)
...

Vice (2015) ⭐IMDB: 4.2/10 (17 k Votes) 🎬 #Action #Comedy #SciFi #Thriller #ScienceFiction #Adventure 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vice (2015) *************** ဒီကားကတော့ မင်းသားကြီး Bruce wills နဲ့ the punisher နဲ့ the mistတိုထဲက မင်းသားကြီး Thomas James တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ action ,sci fi ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အပြင်လောကမှာလုပ်ရင် ရာဇဝင်မှုမြောက်ပြီး ဂျေးအောင်းရမယ့်ကိစ္စတွေကို တကယ်လုပ်နေရသလို ခံစားရအောင် လူချမ်းသာတွေအတွက် ဖွင့်ထားတဲ့ အဆောက်အဦကြီးတစ်ခု ရှိပါတယ်။ အဲဒီ အဆောက်အဦကြီးထဲမှာတော့ လူတွေအတိုင်း တစ်ထပ်တည်းခံစားနိုင်တဲ့စက်ရုပ်မလေးတွေက ဆားဗစ်ပေးရပါတယ်။ အဲဒီ လုပ်ငန်းကြီးကို ပိတ်ပစ်ချင်လိုအမြဲမျက်စောင်းထိုးနေတဲ့ စုံထောက်ကြီး Thomas James ရယ် .. အဆောက်အဦပိုင်ရှင် Bruce wills ရယ် .. ဒီကြားထဲ မှတ်ဥာဏ်တွေပြန်ရလာလိုသူ့တည်ရှိမှူကို လက်မခံနိုင်တဲ့ ဆားဗစ်ပေးတဲ့ စက်ရုပ်မလေးရယ် .. ဒီသုံးယောက် ဘယ်လို လွန်ဆွဲကြမလဲဆိုတာကို action ခန်းတွေပိုင်ပိုင်နိုင်နိုင်နဲ့sci fi တွေရဲ့ ထုံးစံအတိုင်း တအံ့တဩကြီး ကြည့်ရမှာပါ .. ။ (အညွှန်းကို Jiyeon မှ ရေးသားထားပါတယ်)
...

Motel Aquarium (2013) ⭐TMDB: 0% User Score 🎬 #Drama #Thriller 🗓 2013 🎞 movie 🌎 #SouthKorea ⏰ 39 မိနစ် 22 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Motel Aquarium (2013) *********************** လာတည်းသူ မရှိတဲ့ ဟိုတယ်တစ်ခုရယ် .. လျှို့ဝှက်ချက်တွေ အပြည့်နဲ့မိန်းကလေးတစ်ယောက်အကြောင်းရယ်ကို ရိုက်ကူးထားတဲ့ 2013 ခုနှစ်မှာထွက်ရှိထားတဲ့ Motel Aquarium ဇာတ်ကားလေး တင်ဆက်ပေးပါရစေ .. ။ ငယ်ငယ်က ကျောင်းတွင်းအကြမ်းဖက်ခံခဲ့ရလို့ စိတ်ဒဏ်ရာရနေတဲ့ မိန်းကလေးတစ်ယောက်အားကိုးရာရှာပြီး ရည်းစားဖြစ်သူရဲ့ ဟိုတယ်မှာ အလုပ်လုပ်ရင်း သူမ နှစ်သက်တဲ့ငါးလေးတွေကို မွေးမြူရင်း အချိန်ကုန်ဆုံးနေခဲ့ပါတယ် .. ။ တစ်ရက်မှာတော့ သူမရဲ့ဟိုတယ်မှာ ကျောင်းသူလေးတစ်စုက သူငယ်ချင်းဖြစ်သူကိုနှိပ်စက်နေတာကို တွေ့သွားတဲ့အခါ .. ငယ်ငယ်က သူမ ခံခဲ့ရတဲ့အကြောင်းတွေကိုမှတ်မိသွားပြီး နာကျင်လာပြီး အနိုင်ကျင့်ခံရတဲ့ကျောင်းသူလေးကို ဘယ်လိုကယ်မလဲ။ သူမရဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကျော်ဖြတ်သွားမလဲဆိုတာ .. (၁၈+ အခန်းတချို့ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ရှုရန် မသင့်တော်ပါ။) (အညွှန်းကို Estel မှ ရေးသားထားပါတယ်)
...