ဇာတ်ညွှန်းများ • FDMN
Закрытый канал
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Dovbush (2023)
⭐IMDB: 7.9/10 (1 k Votes)
🎬 #Action #Adventure #Drama #History
🗓 2023 🎞 movie
🌎 #Ukraine
⏰ 2 နာရီ 4 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၁၈ ရာစုနှစ်မှာပေါ်ထွန်းခဲ့တဲ့သူရဲကောင်းတစ်ယောက်ရဲ့
အကြောင်းကို ရိုက်ကူးထားတဲ့ IMDb Rating 7.9 အထိတောင်
ရရှိထားတဲ့ Dovbush ဆိုတဲ့ဖြစ်ရပ်မှန်ဇာတ်ကားလေးတစ်ကားကို
တင်ဆက်ပေးလိုက်ပါတယ်။
အဲ့ဒီသူရဲကောင်းကတော့ ပြောရရင်မကောင်းသူပယ် ကောင်းသူကယ်တဲ့
Robin Hood နဲ့တောင်ခပ်ဆင်ဆင်ပါပဲ။ဒါပေမယ့် Robin Hood နဲ့
မတူတာကတော့အဲ့ဒီသူရဲကောင်းကပုဆိန်ကိုင်ပြီး ကျည်ဆံပြီးတာပဲ
ဖြစ်ပါတယ်။သူ့ကို သူရဲကောင်းလို့သာခေါ်နေကြပေမဲ့လဲ မတရားသဖြင့်
သူတို့မြေတွေကို သိမ်းပိုက်ထားတဲ့ပိုလန်တော်ဝင်တွေအမြင်မှာတော့
သူက၀ရမ်းပြေးပါပဲ။ အဲ့ဒီ၀ရမ်းပြေးတစ်ဖြစ်လဲ သူရဲကောင်းရဲ့နာမည်
ကတော့အိုလက်ဆာဒို့ဘုရှ်ပဲဖြစ်ပါတယ်။သူ့မှာ အီဗန်ဆိုတဲ့ညီတစ်ယောက်
ရှိပြီး သူကတော့တကယ့်ဓားပြအကြီးစားပါ။သူတို့ရဲ့မြေကိုမတရားသဖြင့်
သိမ်းပိုက်ထားပြီး သူတို့ကိုလွတ်လပ်ခွင့်မပေးတဲ့ ပိုလန်တပ်တွေကို
တွန်းလှန်ဖို့အတွက် ညီအစ်ကိုနှစ်ယောက်ပေါင်းစည်းခဲ့ကြပြီး သူတို့ရဲ့
မိဘတွေကိုပိုလန်တပ်တွေက သတ်ခဲ့တဲ့နောက်ပိုင်းမှာတော့ ညီအစ်ကို
နှစ်ယောက်စိတ်ဝမ်းကွဲ သွားခဲ့ကြပါတော့တယ်။အဲ့ဒါကြောင့် အိုလက်ဆာ
တစ်ယောက်တည်းကျန်ခဲ့တဲ့လူတွေနဲ့ ပိုလန်တွေကိုတွန်းလှန်ဖို့ကြိုးစား
ခဲ့ပုံတွေနဲ့ သူ့ရဲ့ကျည်ပြီးတဲ့ မသေနိုင်တဲ့စွမ်းအားကရောဘယ်က ရလာတယ်
ဆိုတာတွေကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲ
ဖြစ်ပါတယ်...
Angel Baby (2023)
⭐IMDB: 4.8/10 (117 Votes)
🎬 #Horror #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Angel Baby (2023)==============
အမြွှာကလေးနှစ်ယောက်ကို မွေးမွေးချင်းဆုံးရှုံးလိုက်ရတဲ့ Val ကစိတ်ဝေဒနာရပြီး အိပ်ရာထဲမှာလဲနေခဲ့တယ်။ အဲဒီမှာ Val ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဒေါက်တာ Chole က Val ခင်ပွန်းဖြစ်တဲ့ Justinကို Val စိတ်သက်သာရာရအောင် အေးချမ်းတဲ့နေရာမှာအနားယူဖို့အကြံပေးခဲ့တယ်။
Justin လည်း မြို့ပြနဲ့ဝေးနဲ့ တောင်ပေါ်အိမ်လေးတစ်အိမ်ကိုဝယ်ပြီးVal နဲ့အတူအိမ်ပြောင်းခဲ့တယ်။ အစတော့ Val အဲဒီအိမ်ကိုသဘောကျခဲ့ပေမဲ့ နောက်ပိုင်းမှာ အဲဒီအိမ်ထဲ တစ်ခုခုရှိနေတဲ့ခံစားချက်တွေရလာခဲ့တယ်။ Val ရဲ့ သံသယတွေက သူတို့အိမ်နီးချင်း Frank နဲ့ဆုံပြီးနောက်မှာတော့ သူတို့ဝယ်ခဲ့တဲ့အိမ်နဲ့ပတ်သက်ပြီး လျှို့ဝှက်ချက်တွေရှိနေမှန်းပိုပြီးသိလာခဲ့ရတယ်။ နောက်တော့ Val တို့လင်မယားနှစ်ယောက် အဲဒီအိမ်ကြီးမှာဘာတွေဆက်ဖြစ်မလဲဆိုတာကို ခြောက်ခြားဖွယ်ဆက်လက်ကြည့်ရှုရမဲ့ Horror ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...
Fool Me Once (2024-2024)
⭐IMDB: 7.0/10 (24 k Votes)
🎬 #Drama #Crime #Mystery #Thriller
🗓 2024-2024 🎞 tv mini series
🌎 #UnitedKingdom #UnitedStates
⏰ 35 မိနစ် 50 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Fool Me Once (2024)အခု ၂၀၂၄ ခုနှစ် ၁လ ပိုင်း ၁ ရက်နေ့မှာ ထွက်ရှိပြီးIMDB 7.1/10 RT 75% တောင်ရရှိထားတဲ့
Your browser does not support the video tag. Netflix ရဲ့ thriller series ကောင်းလေးကို CM က တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကို ဒါရိုက်တာ နင်မာရက်ရှ်က ရိုက်ကူးထားပြီး မင်းသမီး မစ်ရှဲလ် ကီးဂန်နဲ့ မင်းသား ရစ်ချက် အာမီတေ့ဂ်ျတို့က အဓိက ဇာတ်ဆောင်တွ အဖြစ် ပါဝင် သရုပ်ဆောင် ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လေတပ်ကပ္ပတိန်ဟောင်းမာယာစတန်းရဲ့ ယောက်ျားဖြစ်သူ ဂျိုးသေဆုံးပြီးမာယာစတန်းတစ်ယောက် ပူဆွေးနေချိန် သူ့ရဲ့ သမီးလေးကိုစောင့်ကြည့်ဖို့ တပ်ထားတဲ့ ကင်မရာမှာ သူရဲ့ ယောက်ျား ဂျိုးပေါ်လာတဲ့အခါမှာ ဘာတွေ ဆက်ဖြစ်သွားမလဲ။ စစ်ပွဲကြောင့် စိတ်ဒဏ်ရာရထားတဲ့ မာယာတစ်ယောက်ဒါကို ဖော်ထုတ်လို့ ကြိုးစားနေတုန်း သူ့ညီမကို သတ်တဲ့သေနတ်နဲ့ပဲ သူ့ရဲ့ ယောက်ျားကို သတ်သွားမှန်းသိရတဲ့အခါပိုပြီး စိတ်သောကတွေ ရောက်လာပါတော့တယ်။ ယောက္ခမဖြစ်သူရဲ့ ဖိအားပေးမှုတွေ၊ စစ်ပွဲ ကြောင့် ဖြစ်လာတဲ့စိတ်ဒဏ်ရာတွေ၊ ညီမဖြစ်သူနဲ့ ယောက်ျားဖြစ်သူရဲ့ သေဆုံးမှုတွေ၊သူ့ယောက်ျားဖြစ်သူကို လုံခြုံရေး ကင်မရာကနေ မြင်လိုက်ရလို့စိတ်တွေဝေမှုတွေကြားကနေ အမှုမှန် ဖော်ထုတ်ပုံတွေ၊ဒီလို အမှုမှန် ဖော်ထုတ်ရာမှာ ကြုံတွေ့လာရမယ့်အန္တရာယ်တွေကို thriller ဆိုတဲ့ အတိုင်းရင်တထိတ်ထိတ်နဲ့ ခံစားရမှာ ဖြစ်ပါတယ်။...
Now You See Me 2 (2016)
⭐TMDB: 68.0% User Score
🎬 #Crime #Thriller #Action #Mystery
🗓 2016 🎞 movie
🌎 #France #USA #HongKong #UnitedStatesofAmerica
⏰ 2 နာရီ 09 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒါက ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ NYSM ရဲ့ အဆက်ဖြစ်ပါတယ်။
ဒါရိုက်တာ Jon M, Chu က ရိုက်ကူးထားပြီးတော့
ယခင်ကားက သရုပ်ဆောင်အကုန်နီးပါ ပြန်လည်ပါဝင်
သရုပ်ဆောင်ထားပြီးတော့ ယခင်ကားရဲ့ တိုက်ရိုက်အဆက် sequel ဖြစ်ပါတယ်။
ပထမကားမှာလိုပဲ ဒီဇာတ်ကားရဲ့ ထူးခြားချက်ဖြစ်တဲ့
လှည့်ကွက်ပေါ် လှည့်ကွက်ဆင့်တာတွေကို ထပ်ပြီး ကြည့်ကြရဦးမှာပါ။
ဇာတ်လမ်းအကျဉ်းကတော့ မြင်းစီးသမားတွေ လူတွေရှေ့ကို
ပေါ်မလာတာ တစ်နှစ်လောက် ကြာသွားပါပြီ။
မြင်းစီးသမားထဲက တစ်ယောက်ကလည်း နုတ်ထွက်သွားသလို
အဖွဲ့ဝင်တွေလည်း ပုန်းနေရတော့ စိတ်မကြည်မလင် ဖြစ်လာကြပြီ။
ဒီမှာပဲ ပြန်လှုပ်ရှားကြဖို့ အကြောင်းဖန်လာတဲ့အခါ
ပထမဆုံးပွဲမှာတင်ပဲ သေသွားကြောင်း ကြေညာထားတဲ့
မြင်းစီးသမား မသေတဲ့အကြောင်း၊ ပဥ္စမမြင်းစီးသမား
ဘယ်သူဖြစ်ကြောင်း ထုတ်ဖော်ခံလိုက်ရပါတယ်။
အကုန်လုံး ဝရမ်းပြေးတွေဖြစ်ကုန်ရင်းနဲ့ ဘယ်သူ
ဒီလိုထုတ်ဖော်လိုက်တာလဲ၊ ဘာကြောင့်လဲ
ဆိုတာတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။
Rating တွေအနေနဲ့ IMDb 6.4 ရထားပြီးတော့
NYSM 3 လည်း ထပ်ထွက်လာဦးမယ်လို့
သတင်းထွက်ထားတာ ရှိပါတယ်။...
The Painter (2024)
⭐IMDB: 4.4/10 (338 Votes)
🎬 #Thriller #Action
🗓 2024 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Painter (2024)
ဒီကားကို “The Painter” လို့ ခေါင်းစဉ်တပ်ထားပေမဲ့ တကယ့် ပန်းချီဆရာမဟုတ်ဘဲ ပန်းချီဆရာလို့တင်စားခံရလောက်အောင် လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ ထူးချွန်ပြောင်မြောက်လှတဲ့ လူတစ်ယောက်အကြောင်းဖြစ်ပါတယ်။ ပီတာဘယ်ရက်ဆိုတဲ့လူဟာ ငယ်စဉ်ဘဝ အက်ဆီးဒင့်တစ်ခုဖြစ်ကတည်းက သူ့ရဲ့အကြားအာရုံတွေဟာ ပုံမှန်လိုမဟုတ်တော့ဘဲ အလွန်အမင်းအားကောင်းလာခဲ့ပါတယ်။ မိဘတွေဆုံးပါးသွားတဲ့ပီတာလေးကို သူ့မိဘတွေရဲ့ သူငယ်ချင်းလည်းဖြစ် စီအိုင်အေဝန်ထမ်းတစ်ယောက်လည်းဖြစ်တဲ့ ဘန်းဆိုတဲ့သူက ပီတာ့ကိုမွေးစားပြီး အထူးအေးဂျင့်တစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ ပီတာကြီးလာတော့လည်း စီအိုင်အေက အေးဂျင့်တစ်ယောက်နဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။
ပီတာ့မိန်းမဟာ ကိုယ်ဝန်တစ်ဖက်နဲ့ ထောက်လှမ်းရေးလုပ်နေသလို ပီတာကလည်းသူ့စစ်ဆင်ရေးနဲ့သူနဲ့ပေါ့။ ဒီလိုနဲ့ ပီတာတစ်ယောက် စစ်ဆင်ရေးအရောက် သူ့ပစ်မှတ်ကို လုပ်ကြံလုဆဲဆဲမှာပဲ တစ်ဖက်ကနေ ပီတာ့ပစ်မှတ်ကိုဖမ်းဖို့လုပ်နေတဲ့ သူ့မိန်းမကရောက်လာခဲ့ပါတယ်။ အဲဒီအခါ ရုတ်တရက်ဆိုလို ပစ်မှတ်ဘက်ကနေတုံ့ပြန်မှုကြောင့် ပီတာ့မိန်းမဒဏ်ရာရပြီး ရေမွှာပေါက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဆေးရုံအပြေးရောက်သွားခဲ့ပေမယ့် ပီတာနဲ့အယ်လီနာတို့ရဲ့ကလေးဟာ မွေးမွေးချင်းဆုံးသွားလို့ လင်မယားနှစ်ယောက်စိတ်ဒဏ်ရာရပြီး ကွဲသွားပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ပီတာ့ကို ကလေးတစ်ယောက်လာရှာပါတယ်။ သူ့ရဲ့သမီးလို့အမည်ခံပြီး သူ့မိန်းမအကြောင်းပြောလာတဲ့အခါမှာ ပီတာတစ်ယောက်မခံမရပ်နိုင်ဖြစ်ပြီး အကြောင်းစုံကို လိုက်ရှာပါတော့တယ်။ ဒီလိုနဲ့ပဲ ပီတာတစ်ယောက် ဘယ်လိုအမှန်တရားတွေကို ရှာတွေ့သွားမလဲ… ပီတာ့ကလေးမွေးတဲ့အခါမှာ ဘယ်လိုဒုစရိုက်တွေဖြစ်သွားခဲ့လဲ… ဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...
Heroic (2023)
⭐IMDB: 7.0/10 (693 Votes)
🎬 #Drama #Mystery #Thriller
🗓 2023 🎞 movie
🌎 #Mexico #Sweden
⏰ 1 နာရီ 29 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Heroic (2023)
~ IMDb – 7/10, Rotten Tomatoes – 81% ~
ကြီးနိုင်ငယ်ညှဉ်းနှိပ်စက် အနိုင်ကျင့်မှုတွေက နေရာအနှံ့အပြားမှာရှိနေတတ်ကြပါတယ်။ အဆိုးဆုံးကတော့ စစ်တပ်တွေ၊ အစိုးရနဲ့ပတ်သက်တဲ့ဌာနတွေပါပဲ။ အခုဆယ်စုနှစ်ပိုင်းမတိုင်ခင် လူတိုင်းဖုန်းတွေမကိုင်နိုင်ခင်နှစ်တွေလို သတင်းတွေကျယ်ကျယ်ပြန့်ပြန့် မသိရနိုင်တဲ့နှစ်တွေတုန်းကတောင် စစ်ဗိုလ်လောင်းကျောင်းက လူသေစေလောက်တဲ့အထိနှိပ်စက်မှု၊ သူနာပြုကျောင်းမှာ ကိုယ့်အတွင်းခံကို ဂျူနီယာတွေကို လျှော်ခိုင်းတာတွေ၊ စိတ်ပိုင်းဆိုင်ရာညင်းဆဲမှုတွေကို တိုးတိုးတဖုံ ကျယ်ကျယ်တဖုံကြားဖူးကြမှာပါ။
ဒီကားလေးထဲမှာတော့ မက္ကဆီကိုစစ်တပ်ထဲက ကြီးနိုင်ငယ်ညှဉ်းနှိပ်စက်မှုတွေ၊ အနိုင်ကျင့်မှုတွေ၊ Brainwash လုပ်တာတွေကို မြည်းစမ်းကြည့်နိုင်မှာဖြစ်ပါတယ်။ လူအများအမြင်နောက်ကွယ်က ကြမ်းတမ်းတဲ့အမှန်တရားတွေကိုချပြထားတဲ့ဇာတ်ကားလေးဖြစ်ပြီး ဆုခြောက်ဆုနဲ့ ဆန်ခါတင်ဆု ကိုးခု၀င်ထားပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
Now You See Me (2013)
⭐IMDB: 7.2/10 (699 k Votes)
🎬 #Crime #Thriller #Mystery
🗓 2013 🎞 movie
🌎 #UnitedStates #France #UnitedStatesofAmerica
⏰ 2 နာရီ 5 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားက ၂၀၁၃ ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး
လူကြိုက်အတော်များခဲ့တဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။
ဒါရိုက်တာ Louis Leterrier က ရိုက်ကူးပေးထားပြီး နာမည်ကျော်
Hulk သရုပ်ဆောင် Mark Ruffalo,
Woody Harrelson, Jesse Eisenberg, Morgan Freeman တို့က
အဓိက ပါဝင် သရုပ်ဆောင်ထားကြပါတယ်။
ဇာတ်လမ်းရဲ့ လှည့်ကွက်တိုင်းမှာ လှည့်ကွက်တွေ
ထပ်ထပ်ဆင့်နေတဲ့ ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။
လမ်းပေါ်မှာ လှည့်လည်ပြသနေကြတဲ့ မျက်လှည့်ဆရာလေးဦးကို
တစ်ရက်မှာ ဘယ်ကမှန်းမသိတဲ့ ကတ်လေးတစ်ကတ် ရောက်လာပြီး
နေရာတစ်ခုကို ချိန်းလိုက်ပါတယ်။
သူတို့လေးယောက်ကို ခေါ်လိုက်တဲ့အဖွဲ့က ဒဏ္ဍာရီလာ မျက်လုံးတော်ဆိုတဲ့
အသင်းတော်တစ်ခုက ဖြစ်ပါတယ်။
ဒီအသင်းတော်က မြန်မာလိုသဘောအရဆို
ငတက်ပြားရာဇဝင်နဲ့ ခပ်ဆင်ဆင် တူပါတယ်။
သူဌေးတွေထဲက ခိုးယူပြီး ဆင်းရဲသူတွေကို
မျှဝေတဲ့သူတွေကနေ စတင်ခဲ့ကြတာပေါ့။
အီဂျစ်ခေတ်ကတည်းက စတင်ခဲ့တဲ့ ဒီအသင်းတော်က
ထူးချွန်တဲ့ လူငယ်မျက်လှည့်ဆရာတွေကို
အသင်းတော်ထဲ ဝင်ခွင့်ပေးပါတယ်။
အခု ဒီလေးယောက်ကိုလည်း မြင်းစီးသမားလေးယောက်ရယ်လို့
အမည်ပေးပြီး ဘယ်လို မကောင်းမှုတွေကို ထုတ်ဖော်သွားမလဲဆိုတာကို
စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
Rating တွေအနေနဲ့ IMDb 7.2 နဲ့ RT 51% ရရှိထားပါတယ်။...
Joe (2023)
⭐IMDB: 8.1/10 (466 Votes)
🎬 #Bollywood #Drama #Romance
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 25 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Joe (2023) “ဝေးများဝေးရင်…”IMDb – 8.0/10
ရင်မှာနွမ်းလို့ အလွမ်းရယ်ဝေရမဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်တမီလ်အချစ်ဇာတ်လမ်းလေး တပုဒ်ကိုတင်ဆက်ပေးပါရစေ
ချစ်သူတွေ၊ အိမ်ထောင်သည်တွေကြားမှာ ပြဿနာတွေများလာရင်အရင်နဲ့မတူတော့ဘူးဆိုတဲ့စကားကိုလက်ကိုင် ထားကြလေ့ရှိပါတယ်။
တကယ်တော့လည်း ချစ်ခြင်းမေတ္တာက ပြောင်းလဲသွားတာမျိုး မဟုတ်တောင် သည်းခံမှု၊ အလိုလိုက်မှုတွေပြောင်းလဲသွားကြတာပါ။ချစ်သူတွေ မဖြစ်ခင်နဲ့ ဖြစ်ခင်စအချိန်တုန်းက သူဆေးလိပ်တဲ့ ပုံစံလေးကိုက သဘောကျချင်စရာလို့ မြင်ချင်မြင်ပေမဲ့အချိန်တစ်ခု ကြာလာတဲ့အခါမှာတော့ ကျန်းမာရေးကို စိတ်ပူတာပဲဖြစ်ဖြစ်၊ အနံ့မခံနိုင်တော့တာပဲ ဖြစ်ဖြစ် တားကြတဲ့အခါနှစ်ဦးနှစ်ဖက်လုံး အမြင်မှာ အရင်နဲ့မတူတော့ဘူးဆိုတာမျိုးတွေ ဖြစ်လာကြတယ်။ဒါကလည်း ဖြစ်ရိုးဖြစ်စဉ်လို့ ပြောလို့ရတဲ့ကိစ္စတွေထဲက အကြောင်းအရာတစ်ခုပါပဲ။
ဒီလိုပဲ ဂျိုးနဲ့ ဆူချီတို့နှစ်ယောက် သိပ်ချစ်ကြပေမဲ့ ကြားလေသွေးလို့ ဝေးရတာတွေ၊ အရင်နဲ့မတူတော့ဘူးဆိုတဲ့စိတ်တွေဝင်လာတဲ့အခါမှာ နှစ်ယောက်သား ရင်ဆိုင်ရတာတွေက မလွယ်ကူလှ။ဒီလိုပဲ သူတို့အချစ်ခရီးလမ်း ဘယ်လိုဆက်မလဲ၊ ဂျိုးဘ၀မှာ ရှရူသီဆိုတဲ့ အမျိုးသမီးလေးထပ်ရှိလာတဲ့အခါ..။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Vyooham (2023- )
⭐IMDB: 8.1/10 (185 Votes)
🎬 #Drama #Crime #Thriller
🗓 2023- 🎞 tv series
🌎 #India
⏰ 45 မိနစ် 25 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Vyooham (2023)Vyooham (2023) “လူကြီးလူကောင်း”
IMDb – 8.0/10Political Thrillerကိုမှ နိုင်ငံရေးလှည့်ကွက်တွေကိုဖုံးဖိဖို့လုပ်ရင် ဖြစ်လာတဲ့ရာဇဝတ်မှုတွေအကြောင်း
ခပ်ပါးပါးပုတ်ထားတဲ့ Vyoohamဆိုတဲ့ စီးရီးလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်။
Biography နာမည်တပ်ပြီး အန်ဒရာပရာကက်ရှ်မှာကြီးစိုးနေတဲ့ YSRပါတီရဲ့ ငွေကြေးအလွဲသုံးစားမှုတွေ
နိုင်ငံရေးအရှုပ်အရှင်းတွေကို ရိုက်ပြထားတဲ့ဇာတ်လမ်းတွဲဖြစ်နေတာနဲ့အညီ စွပ်စွဲချက်တွေ အငြင်းပွားမှုတွေကြားက
ခက်ခက်ခဲခဲ certifiedဖြစ်လာတာမလို့ ပရိသတ်တို့ရှုစားဖို့ တင်ဆက်ပေးလိုက်ပါပြီ။
Your browser does not support the video tag.လူတိုင်းက လေးစားချီးကျူးရတဲ့ ဗာနီရာမာချန်ဒရာဟာ သမာသမတ်ကျတဲ့ အမှန်တရားဘက်တော်သားရဲအရာရှိတစ်ယောက်ပီပီ
ရာဇဝတ်သားတွေ လောဘသားတွေအတွက်တော့ မဟာရန်သူတော် ဆူးညှောင့်ခလုတ်တစ်ခုပေါ့။
ဒီလိုနဲ့ပဲ ရန်သူတွေများနေတဲ့ဗာနီတစ်ယောက် အကြမ်းဖက်နာဇယ်လ်တွေရဲ့သတ်ဖြတ်ခြင်းကိုခံလိုက်ရပြီး
သားဖြစ်တဲ့ အာဂျွန်ကတော့ ဒါကိုကိုယ်တိုင်မြင်လိုက်ရတာပေါ့။ ဒီလိုနဲ့ပဲ အမေတူသားဖြစ်တဲ့အာဂျွန်ဟာလည်း
အမေဖြစ်သူလိုပဲ ထက်မြက်ပြီးသမာသမတ်ကျတဲ့ရဲတစ်ယောက်ဖြစ်လာပါတော့တယ်။အန်ဒရာပရာကက်ရှ်ရဲ့ဝန်ကြီးချုပ်ဖြစ်တဲ့ YSRရဲ့သေဆုံးမှုကို စုံစမ်းရင်းနဲ့ ဝန်ကြီးရဲ့ ငွေကြေးအလွဲသုံးစားမှုကို
အစဆွဲမိသွားတဲ့အာဂျွန်၊ YSRရဲ့ရာဇဝတ်မှုတွေကိုလိုက်ရှာရင်းနဲ့ တစ်ချိန်က အမေဖြစ်သူ ဗာနီကိုသတ်သွားတဲ့
အကြမ်းဖက်သမားတစ်ယောက် လွတ်မြောက်မှုမှာ ရဲဘက်ကရာထူးအကြီးပိုင်းတွေ ပါဝင်ပတ်သက်နေတာကို အာဂျွန်သဲလွန်စရသွားချိန်မှာတော့…။ဝါဒဖြန့်နေတဲ့ အလိမ်အညာရုပ်ရှင်ပါလို့ စွဲချက်တင်ခံရပြီး အချိန်အတော်ကြာ ဆိုင်းငံ့ခံထားရတဲ့ရုပ်ရှင်ဖြစ်တာမလို့
ဖြစ်ရပ်မှန်နိုင်ငံရေးဇာတ်ရှုပ်တွေကို စိတ်ဝင်စားတဲ့သူတွေအနေနဲ့ ကြည့်ရှုသင့်တဲ့ဇာတ်လမ်းတွဲလေးအဖြစ် ညွှန်းပေးလိုက်ရပါတယ်။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲ ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Friday the 13th: The Final Chapter (1984)
⭐TMDB: 61.0% User Score
🎬 #Horror #Thriller
🗓 1984 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 12 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Friday the 13th: The Final Chapter (1984)
အပွဲပွဲနွှဲခဲ့တဲ့ ဂျေဆင်ဟာ ခု လေးကားမြောက်မှာတော့ ထင်မထားတဲ့သူလက်ချက်နဲ့ မရှုမလှ အသက်ထွက်ခဲ့ရပါတယ်။
တတိယကားမှာ ခရစ် လက်ချက်နဲ့ သေခဲ့ရသူ ဂျေဆင်ကို ရဲတွေက အခင်းဖြစ်ရာမှာ သေဆုံးခဲ့သူအဖြစ် ရင်ခွဲရုံကို ပို့လိုက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့ ပြန်လာနေလေ့ရှိတဲ့ ဂျေဆင်က အအေးခန်းသေတ္တာထဲကနေ နိုးထလာပြီး ဝန်ထမ်းကိုသတ်ဖြတ်လို့ သူ့ရဲ့ ဘူမိဇာတိ ခရစ်စတယ်ရေကန်စခန်းကိုပဲ ပြန်သွားပါတယ်။
ဒီတော့ မောင်နှမလေး နှစ်ယောက်ရယ် အမေရယ်၊ စခန်းလာချတဲ့လူငယ်တစ်အုပ်ရယ်နဲ့ ရေကန်တဝိုက်က စည်ကားလာပြန်တော့ ဂျေဆင်တစ်ယောက် အလုပ်ရှုပ်ရပြန်တာပေါ့။
တစ်ယောက်ပြီးတစ်ယောက် လှလှပပနဲ့ စနစ်တကျ သတ်ဖြတ်တတ်တဲ့ ဂျေဆင်ကို ကလေးအရွယ် တွန်မီရယ်၊ သူ့အစ်မရယ်၊ အခြားလူငယ်လေးတွေက ဘယ်လိုရင်ဆိုင်သွားတယ်ဆိုတာ ဂျေဆင် ဇာတ်ကားတွေရဲ့ အရသာအတိုင်း ကြည့်ရပါဦးမယ်နော်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)...
Head Count (2018)
⭐IMDB: 5.4/10 (5 k Votes)
🎬 #Horror #Mystery #Thriller
🗓 2018 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းခဏတာပိတ်တဲ့အတွက်
အဲဗန်ဟာ အစ်ကိုဖြစ်သူပေတန်ဆီကို အတူနေဖို့ထွက်လာပါတယ်။
ပေတန်က ဥယျာဉ်မှာ သဘာဝတရားကိုခံစားရင်းနဲ့အေးချမ်းတည်ငြိမ်တဲ့
ဘဝကိုတည်ဆောက်နေပါတယ်။ အဲဗန်လည်းရောက်သွားတော့
ပေတန်က ညီဖြစ်သူနဲ့အတူအချိန်ကုန်ချင်တဲ့အတွက် ဥယျာဉ်ထဲမှာတောင်
တက်ဖို့ပြောတယ်။ ညီအစ်ကိုနှစ်ယောက် စကားပြောရင်းနဲ့ခရီးဆက်လာကြပြီး
တောင်ကုန်းတစ်နေရာအရောက်မှာ လူငယ်တစ်ချို့နဲ့ဆုံဖြစ်တယ်။
အဲဗန်ဟာ အဲ့အဖွဲ့က ဇိုး ဆိုကောင်မလေးကိုသဘောကျသွားတယ်။
ဒါကို ဇိုး ရဲ့သူငယ်ချင်း ကမ်မီးလ်က သတိထားမိပြီးဝင်ရောက်ကြံဖန်
ပေးလိုက်တဲ့အခါ တစ်ဖွဲ့လုံးနဲ့ခင်သွားတယ်။ညနေစောင်းပြန်ကြတဲ့အခါ
ကမ်မီးလ်က အဲဗန်နဲ့ပေတန်ကိုသူတို့ဆီလာဖို့ဖိတ်ခေါ်တယ်။
ပေတန်ကမလိုက်ပေမယ့်ညီဖြစ်သူကို သွားခွင့်ပြုလိုက်တယ်။
ညအရောက်မှာတော့ လူငယ်တွေပီပီသောက်စားမူးယစ်ကြရင်းနဲ့
သရဲအကြောင်းပြောကြတယ်။ အဲဗန်အလှည့်လည်းရောက်ရော
မပြောတတ်တာနဲ့ အင်တာနက်ပေါ်က ဇာတ်လမ်းတစ်ပုဒ်ကို
ကျပန်းရွေးပြီးဖတ်ပြလိုက်တယ်။ အမှတ်မထင် အဲဗန်ဖတ်ပြတဲ့
ဇာတ်လမ်းက မကောင်းဆိုးဝါးဆင့်ခေါ်တဲ့ မန္တာန်ပါနေတဲ့အခါမှာ...
Wall Street (1987)
⭐TMDB: 72.0% User Score
🎬 #Crime #Drama
🗓 1987 🎞 movie
🌎 #UnitedStatesofAmerica
⏰ 2 နာရီ 6 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 7.3/10, Rt 73 % ရရှိထားတဲ့ Crime/Thriller ဇာတ်ကားဖြစ်ပြီး မင်းသားကြီး Michael Douglas က ဒီဇာတ်ကားမှာ အော်စကာဆုအပြင် Golden Globe နဲ့ အခြားဆု ၇ ဆုပါ ရရှိခဲ့ပါတယ်။ Hot Shots မင်းသားကြီး Charlie Sheen ကလည်း အပြိုင်သရုပ်ဆောင်ထားသေးတာမို့ ၂ နာရီစာ အချိန်ပေးရကျိုးနပ်မှာတော့ အသေအချာပါပဲ။
ဒီကားက World of Wall Street (2013) မတိုင်ခင်ကားဖြစ်ပြီး သူ့ခေတ်သူ့အခါကတော့ အတော်လေးအောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ Wall Street ကားတွေဆိုရင် စတော့ရှယ်ယာလောကရဲ့ လောဘကိုအခြေခံထားတာ များတာနဲ့အညီ ဒီကားကလည်း လောဘကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ဖြတ်လမ်းကအောင်မြင်ချင်ပြီး ချမ်းသာချင်တဲ့ ဘတ်ဒ်ဖော့စ်ဆိုတဲ့ လူငယ်လေးက သူ့ရဲ့စံပြပုဂ္ဂိုလ်ကြီး ဂေါ်ဒန်ဂတ်ကိုအနား မရောက်ရောက်အောင်သွားကာ ဂတ်ကို့ဆီက ပညာသင်ရဖို့ ကြိုးစားခဲ့ပါတယ်။
သူ့ရဲ့အောင်မြင်ချင်စိတ်နဲ့ အလားအလာကိုမြင်တဲ့ ဂတ်ကိုကလည်း ငွေဖြစ်လွယ်တဲ့နည်းတွေ သင်ကြားပေးခဲ့တာပေါ့လေ။ ဒါပေမဲ့ ဂတ်ကို့ရဲ့နည်းလမ်းတွေက ဖြတ်လမ်းနည်းဆိုတဲ့အတိုင်း နောက်ဆက်တွဲဆိုးကျိုးတွေရှိလာခဲ့ချိန်မှာတော့ ဘတ်ဒ်ဖော့စ်တစ်ယောက် ကြုံတွေ့လာတဲ့ အခက်အခဲ အကျပ်အတည်းတွေကို အောင်မြင်အောင်ကျော်လွှားနိုင်ပါ့မလားဆိုတာ..
Old but Gold ကားမို့ အသေးစိတ်ညွှန်းစရာမလိုတော့ဘူးထင်ပါတယ်။ ၂၀၁၃ ခုနှစ်မှာထွက်တဲ့ ဇာတ်ကားနဲ့ မတူတဲ့ရသကို ပေးစွမ်းနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စီးမျောကြည့်ရှုလိုက်ကြပါဦး။
(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)...
Head Count (2023)
⭐IMDB: 4.9/10 (195 Votes)
🎬 #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 21 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Head Count (2023)===============
Thriller ရုပ်ရှင်ကောင်းကောင်း ကြည့်ချင်သူတွေအတွက် ဒီကားလေးကသင့်တော်ပါတယ်။ အကယ်၍ သင့်ခေါင်းကို သေနတ်နဲ့ အချိန်ခံထားရပြီးသင့်အသက်က သေနတ်ထဲမှာပါတဲ့ ကျည်ဆန်အရေအတွက်ပေါ် မူတည်နေတယ်။ အဲလိုအခြေအနေမျိုးကို ဘယ်လိုကျော်ဖြတ်ကြမလဲ။
ကတ် ဟာ ထောင်ကျနေစဉ်မှာပဲ အခွင့်အရေးကောင်းတစ်ခုကြောင့် ရဲကားနဲ့ထွက်ပြေးလွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမယ့် သူ သတိလစ်သွားခဲ့ပြီးပြန်သတိရလာတဲ့အချိန်မှာ လူတစ်ယောက်က သူ့ခေါင်းကို သူ့သေနတ်နဲ့ပဲချိန်ထားနေခဲ့ပါတယ်။ သူ ဘာကြောင့် ဒီလိုအခြေအနေမျိုးဖြစ်သွားလဲ၊ သေနတ်နဲ့ ချိန်ထားတဲ့သူကရော ဘယ်သူလဲ၊ သေနတ်ထဲမှာ ကျည်တောင့် ဘယ်နှစ်တောင့်ကျန်နေလဲဆိုတာကို အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ။ အများကြီးညွှန်းမနေတော့ဘဲ ကြည့်ဖြစ်အောင် ကြည့်လိုက်ပါ အချိန်ကုန်ရကျိုးနပ်မယ်လို့ထင်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Leonard Lin ဖြစ်ပါတယ်)...
Round and Round (2023)
⭐IMDB: 7.2/10 (1 k Votes)
🎬 #Comedy #Fantasy #TVMovie #Drama #Romance #Family
🗓 2023 🎞 tv movie
🌎 #UnitedStates #Canada
⏰ 1 နာရီ 24 မိနစ် 50 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းလေးကိုတော့ ရေချယ်က မိဘဖြစ်သူတွေရဲ့ပထမဦးဆုံးတွေ့ဆုံချစ်ကြိုက်ခဲ့တဲ့နှစ်ပတ်လည်ဖြစ်တဲ့ ဟာနူကာပွဲတော် ခုနစ်ရက်မြောက်နေ့ကို သွားရောက်ဆင်နွှဲတာကို အစပြုထားပါတယ်။ ရေချယ်တစ်ယောက် သူတန်ဖိုးထားတဲ့ မိဘများရဲ့တွေ့ဆုံမှု အထိမ်းအမှတ်ဖြစ်တဲ့ ဂျယ်လီဒိုးနပ်တွေကို သွားယူပြီးနောက်မှာ ဆက်တိုက်ဆိုသလို တစ်နေ့လုံး စိတ်အနှောင့်အယှက်ဖြစ်စရာတွေနဲ့သာ ကြုံနေရပါတော့တယ်။
နောက်တော့ သူမကို အဘွားဖြစ်သူက ကောင်လေးတစ်ယောက်နဲ့မိတ်ဆက်ပေးပြီး မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့ ရှေးဟောင်းဒရေတယ်ကိုလည်းလက်ဆောင်ပေးလိုက်ပါတယ်။ ရေချယ်တစ်ယောက် မောင်နှမတွေရဲ့တိုက်တွန်းမှုကြောင့် ဒရေတယ်ကစားနည်းကို အဘွားဖြစ်သူပေးထားတဲ့ ဒရေတယ်ဖြင့် ဝင်ရောက်ကစားရာမှ တူညီတဲ့တစ်ရက်တည်းကိုပဲ ထပ်ခါထပ်ခါဖြတ်သန်းနေရတဲ့ ထူးဆန်းဖြစ်ရပ်တစ်ခုဖြစ်လာပါတယ်။ ဒီအံ့ဖွယ်ဖြစ်ရပ်ကို ကျော်လွှားဖို့ သူ ဘယ်လိုအဖြေရှာမလဲ။ ဒီအဖြစ်အပျက်ရော ဘာကြောင့်ဖြစ်လာတာလဲ။
တရက်တည်းကိုပဲ ထပ်ခါထပ်ခါဖြတ်သန်းပြီးနောက်မှာ ရေချယ်တစ်ယောက် သူမရဲ့အခက်အခဲတွေကိုရော ဖြေရှင်းနိုင်ပါ့မလား စသဖြင့် အရွယ်ရောက်ပြီးသူတိုင်းတွေ့ရလေ့ရှိတဲ့ အခက်အခဲတွေကို အံ့ဖွယ်ဖြစ်ရပ်နဲ့ အချစ်ဟာသရောပြိီး ရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒါ့အပြင် ဂျူးလူမျိုးတွေရဲ့ ရိုးရာပွဲတော်တစ်ခုဖြစ်တဲ့ ဟာနူကာပွဲတော်ဓလေ့ကိုလည်း တစေ့တစောင်းလေ့လာခွင့်ရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။...
Hellbound: Hellraiser II (1988)
⭐TMDB: 64.0% User Score
🎬 #HellraiserFranchise #Horror #Thriller
🗓 1988 🎞 movie
🌎 #UnitedKingdom #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hellbound: Hellraiser II (1988)
~ IMDb – 6.4/10, RT – 53%, Meta – 41% ~
Hellraiser Franchise ရဲ့ ဒုတိယမြောက်ခြေလှမ်းဖြစ်တဲ့ Hellbound: Hellraiser II ပါ။ ပထမဇာတ်ကားနဲ့ တိုက်ရိုက်ဆက်ထားပြီး ဆီနိုဘိုက်တွေအကြောင်း ပိုပြီးပါလာပါပြီ။ ဆီနိုဘိုက်တွေဘယ်မှာနေတယ်ဆိုတာရယ် ဘာကောင်တွေဆိုတာရယ် သူတို့အထက်မှာ ဆရာကြီးတစ်ယောက်ရှိသေးတယ်ဆိုတာကို သိလာရမှာပါ။
ပဟေဠိသေတ္တာက တစ်ခုတည်းရှိတာမဟုတ်ဘဲ အများကြီးရှိတာကို စသိလာရပြီး သေတ္တာတွေရဲ့ အလုပ်လုပ်ပုံနဲ့ ရည်ရွယ်ချက်တွေကို ပြပေးထားပါတယ်။ အကြောင်းစုံမသိရလို့ ယောင်လည်လည် နည်းနည်းဖြစ်နေဦးမယ်ဆိုပေမဲ့ သီးခြား Horror ဇာတ်ကားတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်လည်း ကြည့်ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါရိုက်တာကတော့ မူရင်း စာရေးဆရာ Clive Barker က လက်ရှောင်ထားပြီး ဇာတ်ညွှန်းရေးဆရာ Tony Randel က လက်စွမ်းပြထားပါတယ်။
ပထမကားထက် ဇာတ်ဝင်ခန်းတွေက ပိုကြမ်းတယ်လို့ပြောလို့ရပါတယ်။ သရုပ်ဆောင်တွေကတော့ ပထမကားထဲကသူတွေပဲဖြစ်ပြီး နောက် Character နှစ်ယောက်ကို ထပ်ထည့်ထားပါတယ်။ ရင်တုန်စိတ်လှုပ်ရှားစရာတွေနဲ့ ဆီနိုဘိုက်တို့ရဲ့လောကကြီးကတော့ စောင့်နေပါပြီ။
ပဟေဠိသေတ္တာကို ဖွင့်လိုက်ကြပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)...
Destroy All Neighbors (2024)
⭐IMDB: 5.3/10 (252 Votes)
🎬 #Comedy #Horror #Music
🗓 2024 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 26 မိနစ် 42 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Destroy All Neighbors (2024)
~ IMDb – 5.3/10, Rotten Tomatoes – 71% ~
Rock n Roll ဂီတရူးသွပ်သူ Prog-Rock ဂီတပညာရှင် ဝီလီယံဘရောင်းက သူ့အယ်လ်ဘမ် အပြီးသတ်ဖို့ ကြိုးစားရင်း အိပ်မက်ဆိုးလို ကြောက်ဖို့ကောင်းတဲ့ အဖြစ်အပျက်တွေ ဆက်တိုက်ကြုံရတဲ့ ဟာသ Horror ရုပ်ရှင်ဖြစ်ပါတယ်။
ဝီလီယံက ချစ်သူအမ်မလီနဲ့အတူ အဆောက်အဦးဟောင်းတစ်ခုမှာ တိုက်ခန်းငှားနေပါတယ်။ သူတို့အခန်းနားပတ်လည်က စိတ်ရှုပ်စရာ အိမ်နီးချင်းတွေနဲ့ ဆူသံတွေကြောင့် သူ့အယ်လ်ဘမ် မပြီးတာလို့ ယူဆနေတာပါ။ တကယ်က အဲဒီလိုဖြစ်နေတာ ကြာခဲ့ပါပြီ။ တစ်ညမှာတော့ အသစ်ပြောင်းလာတဲ့ အိမ်နီးချင်း ဗလက်ဆိုတဲ့လူကြီးက ညလုံးပေါက်ဆူညံနေရာကနေ ဝီလီယံက သည်းမခံနိုင်တော့ဘဲ စိတ်ရူးပေါက်ပြီး ဗလက်ကို သတ်မိသွားပါတယ်။ဒါပေမဲ့ သေသွားတဲ့ဗလက်က ဝိညာဉ်အဖြစ်နဲ့ သူ့ကို စိတ်အနှောင့်အယှက်ပေးနေတဲ့အခါ ဗလက်အလောင်းကို ရှင်းပစ်ဖို့ နည်းမျိုးစုံကြံရင်း မမျှော်လင့်ဘဲ လူထပ်သတ်မိပြန်ပါတယ်။ အဲဒီလိုကနေ အမှုဖုံးဖို့ လုပ်ရာက လူသုံးယောက်ဆက်တိုက်သတ်မိပြီး ရည်းစားနဲ့ပါ ကတောက်ကဆဖြစ်ပြီး ပြတ်သွားပါတယ်။
သူ သတ်ခဲ့တဲ့သူတွေက သူ့နားမှာ ခြောက်လှန့်နေပြီး ရဲတွေကပါ လိုက်လာတဲ့အခါ သရဲတွေ အကူအညီနဲ့ ဝီလီယံတစ်ယောက် အနှောင့်အယှက်တွေကြားကနေ ဘယ်လို အမိုက်စား အယ်လ်ဘမ်ကြီး ဖန်တီးမလဲဆိုတာ… ဆက်လက်အားပေးနိုင်ပါပြီ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...
Bedspacer (2024)
⭐IMDB: 8.2/10 (38 Votes)
🎬 #Adult #Drama #Thriller
🗓 2024 🎞 movie
🌎 #Philippines
⏰ 1 နာရီ 47 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Bedspacer (2023)
ဂျဲနက်စ်ဆိုတဲ့ကောင်မလေးဟာ တစ်ချိန်က ရာဇဝတ်မှုနောက်ခံရှိခဲ့ပြီး ကျောင်းကိုပြောင်းလာတဲ့ ကျောင်းသူသစ်ဖြစ်ပါတယ်။ သူလာတက်တဲ့ကျောင်းက သူဌေးသားသူဌေးသမီးတွေအတက်များပြီး အရက်၊ မူးယစ်ဆေးနဲ့ လိင်ကိစ္စတွေဟာ အထူးအဆန်းမဟုတ်သလို အရာရာကို ငွေလမ်းခင်းလို့ရတဲ့နေရာပါ။
ရောက်ရောက်ချင်းညမှာပဲ သူ့အဆောင်က ကောင်မလေးနှစ်ယောက် ချစ်တင်းနှောတာကိုချောင်းကြည့်သလိုဖြစ်သွားတဲ့အတွက် ရန်ငြိုးဖွဲ့ခံလိုက်ရပြီး နောက်နေ့ကျ သူကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုက ဗီဒီယိုနဲ့ အရှက်ခွဲခံခဲ့ရပါတယ်။ အဲဒီမှာသူ့ကိုကယ်တင်ပေးခဲ့တဲ့ လက်စီ ဆိုတဲ့ မိန်းကလေးကို အားကိုးမိ၊ တွယ်တာမိရာကနေ ပုံမှန်ထက် လွန်ကဲသွားတဲ့အခါမှာတော့…။
မမြင်ရတာကြာပြီဖြစ်တဲ့ Christine Bermas ရဲ့တကျော့ပြန်ဇာတ်ကားဖြစ်ပါတယ်။ အားရစရာကောင်းကြပါလိမ့်မယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
Sarkaaru Noukari (2024)
⭐IMDB: 8.4/10 (2 k Votes)
🎬 #Drama #Mystery
🗓 2024 🎞 movie
🌎 #India
⏰ 1 နာရီ 57 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Sarkaaru Noukari (2024) “အစိုးရဝန်ထမ်း”IMDb-8.4/10
အိန္ဒိယကားဆို ဘယ်မင်းသား ဘယ်မင်းသမီးဆိုပြီးရွေးမနေဘဲဇာတ်လမ်းကောင်းမှ ကြည့်ချင်တာဆိုသူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ခုတင်ဆက်ပေးလိုက်ပါတယ်။၁၉၉၆ခုနစ် တယ်လာဂန်နာပြည်နယ် ကိုလာပူရ်မှာ ဖြစ်ခဲ့တဲ့အကြောင်းအရာကိုအခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာ။
လူသားတွေဆိုတာ သက်ရှိတွေကြားထဲမှာ သူတို့ကိုသူတို့ ကြီးမြတ်တယ်ထင်တဲ့သတ္တဝါတွေ…ဒီလူသားတွေက ကိုယ့်ကိုယ်ကိုယ် အားကောင်းလှပြီအထင်နဲ့ သဘာ၀တရားကြီးနဲ့ပြိုင်ဆိုင်လာချင်ကြတယ်…ဘယ်လောက်ပဲ အားကောင်းလှပါချည်ရဲ့ဆိုဆို သဘာ၀တရားနဲ့ပြိုင်လို့ ဘယ်နိုင်မလဲ…သဘာ၀တရားကြီးကပြန်ပေးတဲ့ ကပ်ဘေးတွေကိုရင်ဆိုင်ရတဲ့အခါ လူသားတွေပြိုလဲရတာပဲ..မကြာခင်ကဖြစ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုပဲကြည့်… အယုတ်အလတ်အမြတ်မရွေးဘဲလူသားပေါင်း သန်းနဲ့ချီတဲ့ဘ၀တွေကို နှုတ်ယူသွားခဲ့တာ…
ဒီလိုကပ်ဘေးတွေကြားထဲကမှ ၁၉၈၆ခုနစ်ကစပြီး ဒုက္ခပေးလာတဲ့ အေအိုင်ဒီအက်စ်ပိုးကတော့အခုချိန်ထိ လူတွေရဲ့အသက်ကို တဖြုတ်ဖြုတ်ချွေနေတုန်းပါပဲ…ကျွန်တော်က ဒီကပ်ရောဂါကြောင့် တောသူတောင်သားတွေ မသိလိုက်ရဘဲ အသက်ဆုံးရှုံးရတာကနေ ကာကွယ်ချင်တာပဲ…ရုံးခွဲအသစ်မှာ တာဝန်ကျမဲ့ ဒါကတော့ အိမ်ထောင်ကျခါစ ကျန်းမာရေးဝန်ထမ်းလေး ဂိုပါလ်ရဲ့ စကားသံတွေပေါ့။
အဲဒီခေတ်အခါ သူလုပ်ရတဲ့ အလုပ်အကိုင်နဲ့ သူကြုံတွေ့ရမဲ့ အခက်အခဲတွေကို ရီရခက်ငိုရခက်နဲ့ခံစားကြည့်ရှုရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ V~ToMo~Alex~BpL~Yunniတို့ပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
My Angel Tutor [SSIS-280] (Decencored Version)
⭐-
🎬 #Adult #Asian
🗓 - 🎞 movie
🌎 #Japan
⏰ 2 နာရီ 48 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
{21+} My Angel Tutor [SSIS-280]
============================
နူးညံ့တဲ့နှုတ်ခမ်းသားလေးနဲ့ အပြောကိုနားဝင်ချိုအောင်ပြောတတ်ပြီးအပြစ်ကင်းစင်တဲ့ မျက်နှာထားလေးနဲ့ သူမကိုတော့ Ayaka Kawakitaလို့ပဲခေါ်ပါတယ်………….
ဒီဇာတ်လမ်းမှာဆိုရင်လဲ သူမရဲ့ နူးညံ့တဲ့စိတ်နှလုံးကို မြင်ရဦးမှာပါကောလိပ်ကျောင်းသူတဖြစ်လဲ ဂိုက်ဆရာမလေးကို အချိန်ပိုင်းအနေနဲ့ပြရင်း ဘဝကိုရုန်းကန်နေရှာသူလေးပေါ့…
တကယ့်ကိုစိတ်ရင်းကောင်းသူလေးဖြစ်ပြီးသင်တဲ့တပည့် စာကိုအာရုံစိုက်နိုင်ဖို့ဆိုစိတ်ရောကိုယ်ရောနှစ်ပြီး သင်ပြတတ်သူလေးဆိုလဲမမှားပါဘူး…
ငယ်ရွယ်သူအဖို့ စိတ်လှုပ်ရှားမှုတွေဟာပေါ်လာတတ်တာ သဘာဝဖြစ်ပြီးသူမရဲ့ တပည့်လေးအပေါ် မေတ္တာပိုသွားပုံကိုသူမရဲ့အလှတရားတွေနဲ့အတူ ဖွင့်ဟ ပြသသွားမှာပါ…..
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Perfect Days (2023)
⭐IMDB: 7.9/10 (6 k Votes)
🎬 #Drama
🗓 2023 🎞 movie
🌎 #Germany #Japan
⏰ 2 နာရီ 4 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Perfect Days (2023)
~ IMDb – 7.9/10, RT – 93%, Meta – 73% ~
ကျွန်တော့်အတွက်တော့ ၂၀၂၃ထဲ အမျှော်ခဲ့ရဆုံးကားက “PERFECT DAYS” ပဲ။ ဘာလို့ဆို Wim Wenders ရုပ်ရှင်ဖြစ်နေတာကတစ်ကြောင်း၊ Kōji Yakusho ကြောင့်တစ်ကြောင်းပေါ့။ နောက်ကျ ကိန်းမှာ ခိုဂျိက မင်းသားဆုရသွားသလို ဂျပန်ရဲ့ အော်စကာ Entry ကားဆိုတော့လည်း ပိုမျှော်ချင်စရာကောင်းသွားတယ်။ တစ်ခုရှိတာက ဒီနှစ် ထိတ်ထိတ်ကြဲ ဂျပန်ဒါရိုက်တာနှစ်ယောက်ရဲ့ နှစ်ကားလည်း ထွက်ထားသေးတယ်။ တစ်ကားက Evil Does Not Exist ပါ။ တနှစ်က အော်စကာရခဲ့တဲ့ Drive My Car ဒါရိုက်တာ ရူဆုခဲဟမဂုချိ ရိုက်တာ။ ဒါပေမဲ့ အဲဒီကားက သိသိသာသာကို ကျန်တဲ့၂ကားကို မမီနေဘူးပြောကြတော့ ထားလိုက်လို့ရတယ်။ နောက်တစ်ကားက Hirokazu Kore-eda ရဲ့ Monster ပေါ့။ Monster ကို အာရှရုပ်ရှင်ပရိသတ်တော်တော်များများကြည့်ပြီးကြသလို တော်တော်လည်းကြိုက်ကြတယ်။ Perfect Days ရဲ့ဇာတ်နဲ့ ပြသခြင်းဟာ အရမ်းရိုးရှင်းလွန်းတော့ Monster ကိုပဲ ဘာလို့ Entry မရွေးလိုက်လဲ ဝိုင်းပြောခဲ့ကြသေးတယ်။ Perfect Days ကို ကြည့်ပြီးတဲ့အချိန်မှာတော့ ကျွန်တော့်အတွက် ဒီသံသယက ရှင်းသွားတယ်။ Perfect Days ဟာ ရိုးရှင်းလွန်းတာမှန်ပေမဲ့ တစ်ခါတလေကျ ဒီလိုအပိုမပါဘဲ ရိုးရှင်းတာကို ရိုးရှင်းတဲ့အတိုင်းရိုက်ပြနိုင်တာကိုက ပိုအနုပညာမြောက်သလို သတ္တိပိုလိုတယ်လို့ မြင်တာပဲ။ ဒီလိုပြနိုင်လို့ပဲ ပါဖက်ဒေးဟာ ပါဖက်ဖြစ်တဲ့ရုပ်ရှင်ဖြစ်ခဲ့တယ်။ ကျွန်တော့်အတွက်တော့ ဒီနှစ်ကြည့်ခဲ့သမျှထဲ ဂျပန်အနေနဲ့ရော အင်တာအနေနဲ့ရော အကြိုက်ဆုံးရုပ်ရှင်လို့ပြောရမယ်။ လက်ရှိမှာ အော်စကာ Shortlist ၁၅ကားထဲတော့ ဝင်ထားတယ်။ ကျန်တဲ့အပြိုင်ကားတွေကလည်း ကြမ်းသလို ဇာတ်တွေလည်း ဆန်းပြားကြတော့ ပါဖက်ဒေးဟာ ဆန်ခါတင်အနေနဲ့တောင် ဝင်ချင်မှတောင်ဝင်လိမ့်မယ်။ ဒါပေမဲ့ အရေးမကြီးပါဘူး။ ရုပ်ရှင်တွေနဲ့ပတ်သက်လာရင် အတတ်ပညာကိုပါ ထည့်သွင်းစဉ်းစားမယ့် ဆုပေးပွဲတွေဟာ ဘယ်တုန်းကမှ လူတွေရဲ့ ခံစားချက်တွေနဲ့ မညီဖူးဘူးကိုး။ ဒါပေမဲ့ ပါဖက်ဒေးက ခင်ဗျားကို ခင်ဗျားလိုချင်တဲ့ အရသာကိုတော့ ကျိန်းသေပေးနိုင်လိမ့်မယ်။
Perfect Days ရဲ့ အစက Win Wenders ကို တိုကျိုအိမ်သာပရောဂျက်ကို လေ့လာဖို့ဖိတ်ကြားလိုက်ရာက စတယ်။ တိုကျိုအိမ်သာပရောဂျက်က ကမ္ဘာတစ်ဝန်း Creator ၁၆ယောက်ကို ဖိတ်ခေါ်ပြီး တိုကျိုက နေရာ၁၇နေရာမှာ ခေတ်မီဆန်းသစ်တဲ့ အိမ်သာတွေဆောက်ခဲ့တဲ့ ပရောဂျက်ပေါ့။ တကယ်လည်း အိမ်သာတွေက လန်းတယ်။ ဒီရုပ်ရှင်မှာ အဲဒီအိမ်သာတွေကို မြင်ရလိမ့်မယ်။ ပရိုဂျူဆာက စစချင်း Wenders အနေနဲ့ ရှော့ဖလင်လေးတွေလောက်ရိုက်လောက်မယ်ပဲထင်ခဲ့ပေမဲ့ Wenders က Feature Film အနေနဲ့ပဲ ပြောင်မြောက်စွာ အသက်သွင်းခဲ့တယ်။
ဇာတ်ကြောင်းကတော့ ဆိုခဲ့သလို ရိုးရိုးလေးပဲ။ အဲဒီတိုကျိုအိမ်သာတွေကို သန့်ရှင်းရေးလုပ်ရတဲ့ ဟိယာရာမဆိုတဲ့ အိမ်သာသန့်ရှင်းရေးသမားတစ်ယောက်ရဲ့ နေ့တွေအကြောင်းပဲ။ မနက်ဆို ဟိယာရာမက သူနေတဲ့အဆောင်ခန်းလို အခန်းလေးကနေထတယ်။ မျက်နှာသစ် အအေးတစ်ဘူးသောက် သူ့ကားပေါ်တက် အိမ်သာသွားဆေးတယ်။ ဆေးပြီးရင် ရေချိုးခန်းသွားရေချိုး။ ညနေကျ သူစားနေကျ မြေအောက်ဘူတာက ဆိုင်လေးမှာသွားစား။ ညဘက်ဆို စာအုပ်တစ်အုပ်ဖတ် အိပ်ရာဝင်တယ်။ သူ့တစ်နေ့တာက ဒါတွေပဲဖြစ်နေတာ။ တချို့နေ့တွေကျရင်တော့ သူထိုင်နေကျ အသေးစားဘားလေးကိုသွားတာတို့၊ သူ့ဖလင်ကင်မရာလေးနဲ့ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုသွားထုတ်တာတို့၊ စာအုပ်ဆိုင်သွားပြီး ဈေးပေါပေါစာအုပ်တွေကို ရွေးတာတို့ လုပ်တတ်တယ်။ ဒီလောက်ကိုမှ ကားရဲ့တစ်ဝက်လောက်ကိုက အိမ်သာဆေးရင်းပဲ အချိန်ကုန်သွားတယ်။ ဒါဆိုဘာလို့ကြည့်သင့်တာလဲလို့ မေးလာရင်တော့ သူ့ရှင်သန်မှုနဲ့ သူ့ရှင်သန်ပုံ သူ့ရှင်သန်နည်းကြောင့်ပဲ။ ပြောခဲ့တဲ့ဟာတွေက ဒီကားထဲက သူ့တစ်နေ့တာအရာတွေအကုန်ပဲ။ ဒါပေမဲ့ အဲဒီတစ်နေ့တာအရာတွေကို သူလုပ်တဲ့ပုံက အဓိပ္ပာယ်ရှိနေတယ်။ ရှင်သန်မှုရှိနေတယ်။ ကျေနပ်ခြင်းရှိနေတယ်။
သူအိမ်သာသွားဆေးတဲ့အချိန် အိမ်သာဝင်မယ့်သူတွေက တစ်ခါတစ်ခါ သူဆေးနေရင်းတန်းလန်ကြီး ဝင်ဝင်လာတတ်တယ်။ အဲဒီကျ သူက အပြင်ထွက်စောင့်ပေးရတယ်။ နေရာအနှံ့အပြားရှိနေတဲ့ အိမ်သာပေါင်းစုံကို လိုက်ပတ်ဆေးနေရတဲ့သူအတွက် ဒီလိုပြန်စောင့်နေရတာက တော်တော်တော့အချိန်ပုပ်လိမ့်မယ်။ ဒေါသထွက်ချင်စရာ စိတ်ရှုပ်စရာကောင်းနေလိမ့်မယ်။ ဒါပေမဲ့ ဟိယာရာမကတော့ အိမ်သာ အပြင်ထွက်လိုက်တဲ့အခါ လေယိမ်းတိုင်းလှနေတဲ့သစ်ပင်ကြီးကို၊ သစ်ပင်ရဲ့အရိပ်တွေ လူတွေရဲ့အရိပ်တွေ အိမ်သာနံရံပေါ်ထင်ပြီး ပန်းချီတစ်ချပ်လို လှပနေတာကို အရသာခံကြည့်ရင်း အမြဲဆိုသလို သူ့မျက်နှာမှာ ဒီမြင်ကွင်းကို သူမြင်လိုက်ရတဲ့အတွက် အားရကျေနပ်တဲ့အငွေ့အသက်တွေ… ဒီမြင်ကွင်းကို အရသာခံစားနေတဲ့အငွေ့အသက်တွေ ပေါ်နေတယ်။ ဒါတော့ ခိုဂျိရဲ့ သရုပ်ဆောင်နိုင်စွမ်းကို ချီးကျူးရလိမ့်မယ်။
အိမ်သာဆေးတဖြတ်နားလို့ နေ့ခင်းမ...
