ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Summoning Sylvia (2023) ⭐IMDB: 6.3/10 (420 Votes) 🎬 #Comedy #Horror #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 550.4 MB ⦿ 1.1 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 14 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Summoning Sylvia (2023) လယ်ရီတစ်ယောက် စပရိုက်စ်တိုက်ခံလိုက်ရပါတယ်။သူကတော့ဂေးတစ်ယောက်ဖြစ်ပြီး သူ့ချစ်သူဂျေမီနဲ့မကြာခင်လက်ထပ်တော့မှာပါ။ဒါနဲ့သူ့သူငယ်ချင်းဂေးတစ်ဖွဲ့က သူ့ကိုစပရိုက်စ်လူပျိုပါတီအတွက်ခေါ်သွားပါတယ်။သူတို့က သရဲခြောက်တယ်လို့နာမည်ကြီးတဲ့အိမ်ကြီးမှာ နှစ်ညအိပ်သုံးရက်ဌားနေကြပါတယ်။သရဲကတော့ ဆယ်ဗီရာဆိုတဲ့မိန်းမတစ်ယောက်က သူ့သားလေးကိုရက်ရက်စက်စက်သတ်ခဲ့တာပါတဲ့။သူကိုယ်တိုင်လဲ အဲ့ဒီအိမ်ထဲမှာပဲသူများသတ်တာ ခံလိုက်ရပါတယ်။အဲ့အိမ်မှာ သူတို့သားအမိပုံကိုတွေ့တော့ လယ်ရီတို့တစ်ဖွဲ့လုံးကလဲ ကောင်လေးကအဆင်လေးဟဲ့ဆိုပြီးသူတို့သရဲသားအမိကိုခေါ်ပြီး သူတို့တကယ်ဘာဖြစ်ခဲ့တာလဲမေးမယ်ပေါ့ဆိုပြီး ဝိဥာဥ်ခေါ်ပါတော့တယ်။အဲ့မှာသရဲထက်ပိုဆိုးတဲ့အရာက ရောက်ချလာပါလေရော။ လယ်ရီ့ရဲ့ယောက်ဖလောင်းလေး ဟယ်ရစ်ဆန်ပါ။ဟယ်ရစ်ဆန်က စစ်ပြန်တစ်ယောက်ဖြစ်ပြီး ဂေးလဲမဟုတ်ပဲဖြောင့်လွန်းသူဖြစ်နေပါတယ်။အဲ့တော့ဂေးသူငယ်ချင်းလေးယောက်ရဲ့လူပျိုပါတီကို ရောက်လာတဲ့အဖြောင့်ရယ် သရဲသားအမိရယ်ဂေးတွေရယ်ကြားကအလွဲလွဲအချော်ချော်လေးတွေကို ပါးစပ်မပိတ်တမ်းရယ်ရမယ့်ဇာတ်လမ်းကောင်းပါပဲ။ဟာသဇာတ်မြူးအပြင်ကို ဂေးတွေရဲ့ကြားကခင်မင်မှုတွေ လူတွေရဲ့အထင်အမြင်လွဲမှုတွေ ပုံသေကားချပ်အယူအဆတွေကိုပါ ဟဲဗီးကြီးဒရာမာမခင်းဘဲဇာတ်လမ်းသွားထဲမှာ ဒိုင်ယာလော့ခ်ထဲမှာပဲ ပေါ့ပေါ့ပါးပါးထိထိမိမိနဲ့ဖော်ပြထားသေးတာမို့ လူတိုင်းကြည့်သင့်တဲ့ဇာတ်လမ်းပါပဲ။လူအားလုံးမှာလဲ ဂေးမိတ်ဆွေသူငယ်ချင်းအနည်းဆုံးတစ်ယောက်တော့ ရှိကြတာပဲမဟုတ်လား။ အညွှန်း နဲ့ ဘာသာပြန်ကတော့Rashidaပဲ ဖြစ်ပါတယ်။...

Fraud Crackdown : Unknown Caller (2018) ⭐⁉️ 🎬 ##Crime #Drama 🗓 2018 🎞 Movie 📺 #1080p #720p 💿 623.8 MB ⦿ 933.5 MB 🌎 #China ⏰ 1 နာရီ 25 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တိုးတက်လာတဲ့ ခေတ်ကြီးမှာ ဒုစရိုက်သမားတွေအတွက် ဒုစရိုက်လုပ်ဖို့နည်းလမ်းတွေလည်း များလာပါတယ်။ ဒီဇာတ်လမ်းလေးကတော့ဖုန်းနဲ့ လိမ်လည်မှုတွေကို အဓိကထားပြီး ရိုက်ပြထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- ဖုန်းနဲ့လိမ်လည်တဲ့ ဒုစရိုက်အဖွဲ့ဝင် လေရှောင်ကျွင်းတစ်ယောက်မနက်စာသွားဝယ်နေတဲ့အချိန်မှာ ရဲတွေ အဖွဲ့ကို ဝင်ဖမ်းသွားတဲ့အချိန်နဲ့တိုက်ဆိုင်ပြီး လွှတ်မြောက်သွားခဲ့ပါတယ်။ ထို့နောက် သူဟာနောက်ထပ် လူ ၂ ယောက်နဲ့ ပူးပေါင်းပြီး သူ့ကိုယ်သူ“ဆယ်သိန်းအရင်ရှာဖို့” ဆိုပြီး ဦးတည်ချက်ထားခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးတဲ့ လေရှောင်ကျွင်းတစ်ယောက်ဟာသူနဲ့ပူးပေါင်းသူအားလုံး ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။လမ်းပျောက်နေတဲ့ လေရှောင်ကျွင်းတစ်ယောက် အန္တရာယ်တွေ ကြားထဲကညသန်ခေါင်အချိန်မှာ ဒုစရိုက်ဂိုဏ်းကြီး “ဟုန်လုံ” ရဲ့ ကိရိယာတွေနဲ့အချက်အလက်တွေကို ခိုးယူပြီး လိမ်လည်မှုလုပ်ငန်းကို ပြန်လည်ထူထောင်ချင်နေပါတယ်။ သူမသိတာက ပင်းဟိုင်ရဲ့ လိမ်လည်မှုဆန့်ကျင်ရေးရဲတပ်ဖွဲ့ကလေရှောင်ကျွင်းရဲ့ အမှားတစ်ခုကြောင့် “ဟုန်လုံ” ကုမ္ပဏီရဲ့တည်နေရာကိုသိသွားပြီး တစ်ချက်တည်း အပိုင်သိမ်းဖမ်းဆီးသွားခဲ့ပါတယ်။ဒီတစ်ကြိမ်မှာလည်း လေရှောင်ကျွင်းတစ်ယောက် ကံကောင်းစွာနဲ့ လွှတ်မြောက်သွားခဲ့ပါတယ်။ လက်ထဲရောက်လာတဲ့ ငွေတွေကို တစ်ကိုယ်တည်း အပိုင်ယူချင်တဲ့အတွက်လေရှောင်ကျွင်းတစ်ယောက် သူ့အဖွဲ့သားတွေကို သတ်ဖို့ဆုံးဖြတ်လိုက်သောအခါ……လောဘစိတ်တစ်ခု မထိန်းချုပ်နိုင်တာနဲ့ လူ့အသက်အများအပြား ဆုံးရှုံးနိုင်ကြောင်း ……ရုပ်ရှင်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။...

Remp-it 2 (2022) ⭐IMDB: 4.8/10 (63 Votes) 🎬 #Action #Crime #Drama #Thriller 🗓 2022 🎞 movie 📺 #1080p #720p 💿 969.8 MB ⦿ 2.0 GB 🌎 #Malaysia ⏰ 1 နာရီ 32 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Remp-it 2 (2022) 2022 ခုကထွက်ရှိထားတဲ့ မလေးရှားဆိုင်ကယ်ပြိုင်ပွဲကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ယခင်က လမ်းမပေါ်မှာတရားမဝင် ဆိုင်ကယ်ပြိုင်ပွဲတွေ ဝင်ပြိုင်နေတဲ့မဒီ တစ်ယောက်လမ်းပေါ်ကနေဆင်းကာ တရားဝင် ဆိုင်ကယ်ပြိုင်ကွင်းထဲဝင်ပြီး ရိုးရိုးသားသားနဲ့ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ပြီး နေနေပါတယ်။ဒါ့အပြင်ရွိုင်းဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ပါ ဆိုင်ကယ်မောင်းသင်တန်းဖွင့်ပြီး ဆိုင်ကယ်မောင်းနည်းပြအဖြစ်နဲ့ ဘဝကိုကြိုးစားနေသူပါ။ဒါပေမဲ့ အရင်ကသူနဲ့ ရန်ငြိုးရှိခဲ့တဲ့ ဆိုင်ကယ် ဂိုဏ်းတစ်ခုက ပြန်လည်ပေါ်လာပြီးအရင်ကရန်ကြွေးတွေ မဒီရဲ့ ဘဝထဲပြန်ဝင်ရောက်လာတဲ့အခါ ဘယ်လိုပြန်လည်ပြီး ရင်ဆိုင်မလဲ။ကြားထဲကနေ ဘယ်ကမှန်းမသိတဲ့ သူ့ရဲ့သားဆိုတဲ့ ကလေးတစ်ယောက်ပေါ်လာပြီးပေါ့ပေါ့နေပေါ့ပေါ့စားလုပ်တတ်တဲ့ သူ့အကျင့်တွေနဲ့ ဒီကလေးတစ်ယောက်ကိုဘယ်လို တာဝန်ယူပြီး သားအဖဆက်ဆံရေးကို ဘယ်လိုပြန်လည် တည်ဆောက်မလဲဆိုတာကို ကြည့်ရှုအားပေးလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။...

The Childe (2023) ⭐IMDB: 7.4/10 (625 Votes) 🎬 #Action #Drama #Thriller #Comedy 🗓 2023 🎞 movie 📺 #1080p #720p 💿 1.7 GB ⦿ 709.3 MB 🌎 #SouthKorea ⏰ 1 နာရီ 58 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Childe(2023) *************** ဒီကားက မထွက်ခင်ကတည်းက လူစိတ်ဝင်စားတဲ့ အကြောင်းတွေအများကြီးရှိတယ်… တစ်ချက်က အဓိက မင်းသားဖြစ်သူဟာ ဒီလို  လက်မရွှံကြေးစားလူသတ်သမားဟန်ပန်မျိုး တစ်ခါမှမရိုက်ဖူးတဲ့ မင်းသားKim Seon-Hoဖြစ်နေလို့ပါပဲ…. ဒါ့အပြင် A List သရုပ်ဆောင်တွေများစွာ ပါဝင်ထားတယ်..ထရောလာလေးပဲကွက်ကြမ်းနေတဲ့ ကားမျိုးမဟုတ်ဘူး.. တစ်ကားလုံးကြမ်းသလို သတ်ဖြတ်ခန်းတွေဆိုလည်း အတော်ကြီးကိုမိုက်တယ်… ဖိလစ်ပိုင်ရဲ့မြေအောက်ကြေးစားလက်ဝှေ့လောကမှာကျဉ်လည်နေတဲ့ ဖိုက်တာတစ်ယောက်ရှိတယ်….သူက အဖေက ကိုရီးယားလူမျိုးဖြစ်ပြီး အမေက ဖိလစ်ပိုင်လူမျိုးဖြစ်တယ်… လက်ရှိမိခင်နဲ့အတူနေပြီး မိခင်ကျန်းမာရေးမကောင်းတော့ ကြုံရာလူကြိုးဝိုင်းမှာထိုးပြီး ပိုက်ဆံရှာနေတယ်..သူ့ရဲ့ရည်မှန်းချက်က ကိုရီးယားမှာရှိတဲ့ဖခင်ကိုရှာဖွေပြီး မိသားစုလေး ပျော်ပျော်ရွှင်ရွှင်နေဖို့ဖြစ်တယ်..တစ်နေတော့ကံကောင်းထောက်မစွာ အဖေဘက်က လူတွေက သူ့ကိုရှာတွေ့သွားပြီး ကိုရီးယားကိုလိုက်ခဲ့ဖို့ခေါ်ခဲ့တယ်… ကိုရီးယားကိုအဖေနဲ့တွေ့ဖို့သွားတဲ့အခါမှာ မမျှော်လင့်ဘဲ စစ်တပ်တစ်တပ်စာလောက်ရှိတဲ့ ကြေးစားလူသတ်သမားတွေသူ့နောက်ကိုလိုက်လာခဲ့တဲ့အခါမှာတော့…...

Ruby Gillman, Teenage Kraken (2023) ⭐IMDB: 5.8/10 (3 k Votes) 🎬 #Action #Adventure #Animation #Family #Fantasy #Comedy 🗓 2023 🎞 movie 📺 #720p #1080p 💿 866.7 MB ⦿ 1.9 GB 🌎 #UnitedStates #Japan #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ruby Gillman, Teenage Kraken (2023)===========================IMDb Rating – 5.9/10 The Croods 2013 ကိုရေးသားခဲ့တဲ့ Kirk DeMicco ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ကာတွန်းရုပ်ရှင်အသစ်လေး လာပါပြီ။ အသံသရုပ်ဆောင်အနေနဲ့ To All the Boys I’ve LovedBefore ရဲ့ မင်းသမီး Lana Condor ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း –လူတွေဟာ ခရက်ကန်ဆိုတဲ့ သတ္တဝါဆိုးကြီးတွေအကြောင်း ကြားဖူးကြပါတယ်။ လှေတွေ သင်္ဘောတွေကို မြှပ်ပစ်တယ်၊ သင်္ဘောသားတွေကိုသတ်ပစ်တယ် စသဖြင့်ပေါ့။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲမှာတော့ ခရက်ကန်မိသားစုတစ်စုဟာ လူယောင်ဆောင်ပြီး သမုဒ္ဒရာကမ်းခြေမြို့လေးမှာ လာအခြေချနေပါတယ်။ ခရက်ကန်အမေ အာဂ်သာမှာ ၁၅ နှစ်အရွယ် ရူဘီဂေမန်ဆိုတဲ့ သမီးလေးရှိပါတယ်။ သူကတော့ ခရက်ကန်ဆိုတာ လူတွေမသိအောင်ဖုံးထားရင် လူဝင်ဆန့်ဖို့ ကြိုးစားနေတဲ့ အထက်တန်းကျောင်းသူလေးပါပဲ။ သူ့အမေက သူ့ကို သမုဒ္ဒရာထဲကိုဘယ်တော့မှမဆင်းဖို့တင်းတင်းကြပ်ကြပ်မှာထားတာပါ။ တစ်နေ့မှာတော့ အမှတ်မထင် သမုဒ္ဒရာထဲကို ဆင်းမိပြီး ဧရာမ ခရက်ကန်ကြီးအဖြစ်ပြောင်းသွားပါတော့တယ်။ အဲဒီကနေ သူ့အမေနဲ့သူ့ရဲ့အတိတ်အကြောင်းတွေက သိလာပြီး ရေသူမလေးတစ်ယောက်နဲ့လည်းသူငယ်ချင်းဖြစ်လာပါတယ်။ ဒါပေမဲ့ ရေသူမတွေနဲ့ ခရက်ကန်တွေဟာကမ္ဘာ့ရန်တွေဖြစ်တာကြောင့် သူငယ်ချင်းနှစ်ယောက် ဒီတိုက်ပွဲကြီးတွေကိုဘယ်လိုတားဖို့ကြိုးစားကြမလဲဆိုတာ…. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)...

She Is Love (2022) ⭐IMDB: 4.7/10 (202 Votes) 🎬 #Comedy #Drama #Romance 🗓 2022 🎞 movie 📺 #720p #1080p 💿 517.5 MB ⦿ 1.3 GB 🌎 #UnitedKingdom ⏰ 1 နာရီ 20 မိနစ် 36 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 She Is Love (2023)============== “အကြောင်းတိုက်ဆိုင်မှုဆိုတာသာ မရှိခဲ့ရင် ဘဝဟာ ပုံမှန်အတိုင်းပဲဖြစ်နေမှာပါ”။ နိုးထမယ်. ရှင်သန်မယ်. အိပ်စက်မယ် . . . ကျွန်တော်တို့ဘဝတွေမှာ နာမည်လေးတစ်ခု ကြားလိုက်ရရုံနဲ့တင် မျက်စိရှေ့မှာအကြောင်းအရာတိုက်ဆိုင်မှုလေးတစ်ခု ဖြစ်ပျက်ခဲ့ရုံနဲ့တင် နင့်နင့်နဲနဲခံစားလိုက်ရတဲ့ အဖြစ်အပျက်တစ်ခု. လူတစ်ယောက်မှာ တစ်ခါတော့ရှိခဲ့ဖူးမှာပါ။ သစ်ရွက်ဖျားမှာ ခိုသီးနေတဲ့ရေစက်ကလေးကို သစ်ရွက်ကလေးက လက်လွှတ်လိုက်ရချိန်မှာတော့ တုန်ခါလှုပ်ခတ်သွားတဲ့ အဖြစ်အပျက်လေးလိုပါပဲ ရေစက်မရှိတော့တဲ့အချိန်မှာတော့ ပြန်လည်တည်ငြိမ်ရစမြဲပါပဲ။ တည်ငြိမ်အခြေကျနေပြီဖြစ်တဲ့ အစ်ဒရစ်စ်ရဲ့ ဘဝထဲကို အချစ်ဟောင်းဖြစ်သူ ပက်ထရစ်ရှာတစ်ယောက် မမျှော်လင့်တဲ့အဖြစ်အပျက်တစ်ခုကြောင့် ပြန်လည်ဝင်ရောက်လာခဲ့ချိန်၊ တွေ့ဆုံချိန်ခဏလေးအတွင်းမှာပဲ နှစ်ဦးသားရဲ့ ရူးသွပ်မှု၊ ပေါက်ကွဲမှု၊ ဟန်ချက်ညီမှု၊ ဘက်ပြိုင်မှု၊ အချစ်၊အမုန်း၊ အာယာတ၊ ခွင့်လွှတ်မှုတွေကို ရောပြွန်းတင်ဆက်ထားနိုင်ခဲ့တဲ့ဒီဇာတ်ကားလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Sai Sumali ဖြစ်ပါတယ်)...

The Childe (2023) ⭐IMDB: 7.4/10 (622 Votes) 🎬 #Action #Drama #Thriller #Comedy 🗓 2023 🎞 movie 📺 #720p 💿 709.3 MB 🌎 #SouthKorea ⏰ 1 နာရီ 58 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Childe(2023) *************** ဒီကားက မထွက်ခင်ကတည်းက လူစိတ်ဝင်စားတဲ့ အကြောင်းတွေအများကြီးရှိတယ်… တစ်ချက်က အဓိက မင်းသားဖြစ်သူဟာ ဒီလို  လက်မရွှံကြေးစားလူသတ်သမားဟန်ပန်မျိုး တစ်ခါမှမရိုက်ဖူးတဲ့ မင်းသားKim Seon-Hoဖြစ်နေလို့ပါပဲ…. ဒါ့အပြင် A List သရုပ်ဆောင်တွေများစွာ ပါဝင်ထားတယ်..ထရောလာလေးပဲကွက်ကြမ်းနေတဲ့ ကားမျိုးမဟုတ်ဘူး.. တစ်ကားလုံးကြမ်းသလို သတ်ဖြတ်ခန်းတွေဆိုလည်း အတော်ကြီးကိုမိုက်တယ်… ဖိလစ်ပိုင်ရဲ့မြေအောက်ကြေးစားလက်ဝှေ့လောကမှာကျဉ်လည်နေတဲ့ ဖိုက်တာတစ်ယောက်ရှိတယ်….သူက အဖေက ကိုရီးယားလူမျိုးဖြစ်ပြီး အမေက ဖိလစ်ပိုင်လူမျိုးဖြစ်တယ်… လက်ရှိမိခင်နဲ့အတူနေပြီး မိခင်ကျန်းမာရေးမကောင်းတော့ ကြုံရာလူကြိုးဝိုင်းမှာထိုးပြီး ပိုက်ဆံရှာနေတယ်..သူ့ရဲ့ရည်မှန်းချက်က ကိုရီးယားမှာရှိတဲ့ဖခင်ကိုရှာဖွေပြီး မိသားစုလေး ပျော်ပျော်ရွှင်ရွှင်နေဖို့ဖြစ်တယ်..တစ်နေတော့ကံကောင်းထောက်မစွာ အဖေဘက်က လူတွေက သူ့ကိုရှာတွေ့သွားပြီး ကိုရီးယားကိုလိုက်ခဲ့ဖို့ခေါ်ခဲ့တယ်… ကိုရီးယားကိုအဖေနဲ့တွေ့ဖို့သွားတဲ့အခါမှာ မမျှော်လင့်ဘဲ စစ်တပ်တစ်တပ်စာလောက်ရှိတဲ့ ကြေးစားလူသတ်သမားတွေသူ့နောက်ကိုလိုက်လာခဲ့တဲ့အခါမှာတော့…...

Unknown: Killer Robots (2023) ⭐IMDB: 6.5/10 (433 Votes) 🎬 #Documentary 🗓 2023 🎞 movie 📺 #1080p #720p 💿 675.4 MB ⦿ 1.2 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 10 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လူလုပ်အသိဉာဏ် AI (Artificial intelligence) နည်းပညာဟာဆိုရင်အခုခေတ်မှာသိကိုသိထားသင့်တဲ့နည်းပညာတစ်ခုဖြစ်နေပါပြီ ဒီ documentary film မှာတော့ နယ်ပယ်အသီးသီးကပညာရှင်တွေက AI နည်းပညာကိုဘယ်လိုတိုးတက်အောင်လုပ်ဆောင်နေကြပြီလဲ AI ကိုအသုံးပြုတဲ့အတွက်အကျိုးရလဒ်တွေကရောအမြဲတမ်းကောင်းနိုင်ပါ့မလားဆိုတဲ့အကြောင်းတွေကိုအချက်အလက်အပြည့်အစုံနဲ့ကြည့်ရှုရမှာပါ...

The Donor Party (2023) ⭐IMDB: 4.5/10 (515 Votes) 🎬 #Comedy 🗓 2023 🎞 movie 📺 #720p #1080p 💿 730.1 MB ⦿ 1.8 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Donor Party (2023) ဒီ The Donor Party ဆိုတဲ့ ဇာတ်ကားကတော့ ဟာသဇာတ်ကားတွေရိုက်တဲ့နေရာမှာ နာမည်ကြီးတဲ့ ဒါရိုက်တာ Thom Harp ကိုယ်တိုင် ရေးပြီး ရိုက်ထားတဲ့ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ တစ်ချိန်က Watchmen နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Malin Akerman ကနေ ဇာတ်ဆောင်အဖြစ်ပါဝင်ရိုက်ကူးထားပြီးတော့ နာမည်ကြီး ဟာသသရုပ်ဆောင် Jerry O’Connell ကနေ ပါဝင်အားဖြည့်ပေးထားတာပဲဖြစ်ပါတယ်။ ဂျက်ကလင်းဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ကလေးအရမ်းလိုချင်နေတဲ့လူတစ်ယောက်ပေါ့။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သူ့ယောက်ျားနဲ့ ကွဲပြီး နှစ်ပေါင်းများစွာ သောကရောက်ခဲ့ပြီးတဲ့အခါ ကလေးအမေတစ်ယောက်ဖြစ်ဖို့ ယောက်ျားယူစရာမလိုဘူးဆိုတာကို သိသွားပါတော့တယ်။ ဒီလိုနဲ့ပဲ သူနဲ့ သူ့သူငယ်ချင်းတွေက မွေးနေ့ပါတီပွဲတစ်ပွဲမှာ ဂျက်ကလင်းကို ကိုယ်ဝန်ရအောင်လုပ်ပေးမယ်ဆိုပြီး အကြီးအကျယ်အစီအစဉ်ဆွဲပါတော့တယ်။ အဲဒီမွေးနေ့ပါတီပွဲမှာ ဂျက်ကလင်းတစ်ယောက် ဘယ်သူတွေနဲ့ ဆုံရမလဲ… ဘယ်လိုမျိုးတွေ ဝုန်းဒိုင်းကြဲပြီးတော့ ကိုယ်ဝန်ရအောင် လုပ်မလဲဆိုတာကိုကြည့်ပြီး တစ်ကားလုံးထိုင်ခွီနေရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...

Farhana (2023) ⭐IMDB: 6.4/10 (411 Votes) 🎬 #Bollywood #Drama #Thriller 🗓 2023 🎞 movie 📺 #720p #1080p 💿 857.9 MB ⦿ 2.0 GB 🌎 #India ⏰ 2 နာရီ 19 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Farhana (2023)IMDb 6.4/10Drama/Thrillerဘာသာရေးအရမ်းကိုင်းရှိုင်းပြီး ရှေးရိုးစွဲလွန်းတဲ့ ဘိုင်ဟာ မိသားစုစီးပွားရေးအနေနဲ့ ဖိနပ်ဆိုင်လေးတစ်ဆိုင်ဖွင့်ထားပါတယ်။ဒီဖိနပ်ဆိုင်ကြောင့်ပဲ သမီးတွေကို မင်္ဂလာဆောင်ပေးနိုင်ခဲ့ပေမယ့် အိမ်ထောင်အသီးသီးကျပြီး မြေးတွေထပ်ရလာတဲ့အခါမှာတော့ဒီစီးပွားရေးကျဆင်းလာပြီး မလောက်ငှတော့ပါဘူး။ ချေးငွေယူတာကိုလည်း မကောင်းတဲ့အရာလို့ သတ်မှတ်ထားပါတယ်။ အဲဒါကြောင့် သမီးဖြစ်သူ ဖာဟာနာဟာ ကလေးသုံးယောက်ရဲ့အနာဂတ်လည်းရှိသေးတာမလို့ အလုပ်ထွက်လုပ်ခွင့်ပေးဖို့ တောင်းဆိုပါတော့တယ်။ရှေးရိုးစွဲလွန်းတဲ့အိမ်ကနေ ခက်ခက်ခဲခဲတောင်းဆိုပြီး အလုပ်ရလာတဲ့အခါ ဖာဟာနာတစ်ယောက် အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဒီလိုနဲ့တဖြည်းဖြည်းအဆင်ပြေလာခဲ့ပေမယ့် သမီးဖြစ်သူ အရေးပေါ်ခွဲစိတ်မှုနဲ့ကြုံလာတဲ့အခါဒီ့ထက်ပိုပြီးမက်လုံးပေးတဲ့ အလုပ်တစ်ခုကိုရဖို့ကြံပါတော့တယ်။ဒါပေမဲ့ ဒီအလုပ်ကနေ မထင်မှတ်ထားတာတွေ ကြုံရ‌တဲ့အခါ ဖာဟာနာဘာတွေဆက်လုပ်မလဲ။ဘယ်လိုစိတ်ဝင်စားစရာဇာတ်ကြောင်းတွေဖြစ်လာဦးမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Cherry,Zwe,V,BpL,Yunni တို့ပဲဖြစ်ပါတယ်)...

Fireworks (2023) ⭐IMDB: 7.1/10 (191 Votes) 🎬 #Drama #SciFi #Thriller #ScienceFiction 🗓 2023 🎞 movie 📺 #720p #1080p 💿 497.6 MB ⦿ 964.4 MB 🌎 #Italy #Indonesia ⏰ 1 နာရီ 45 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Fireworks (2023) အကယ်၍ တစ်စုံတစ်ယောက်ဟာ သတ်သေဖို့လုပ်ရာကနေဒုတိယအကြိမ် အခွင့်အရေးရခဲ့မယ်ဆိုရင် သူတို့စိတ်ပြောင်းနိုင်သလား။ ဒီ Fireworksဆိုတဲ့ဇာတ်ကားလေးကလည် းဒီမေးခွန်းကိုမေးထားတာပါ။ ဂျပန်ရုပ်ရှင် 3ft Ball And Soul (2017) ကို မှီငြမ်းရိုက်ကူးထားတဲ့အင်ဒိုဇာတ်ကားလေးပါ။သာမန်ဆိုရင်တော့ ပထမပိုင်းလောက်မှာ ဇာတ်အေးပေမယ့် စနောက်ကိုစောင့်ကြည့်ရကျိုးနပ်ပါတယ်။ညစ်ညမ်းတာတွေ ၊အကြမ်းဖက်တာတွေ မပါလို့ မိသားစုနှင့်ကြည့်ဖို့ သင့်လျော်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ခါမှမတွေ့ဖူးတဲ့ လူလေးယောက်ဆိုကှယ်မီဒီယာမှာတွေ့ပြီး ဘဝနဲ့ကိုယ်ရေးကိုယ်တာပြဿနာတွေကို မျှော်လင့်ချက်မဲ့ပြီး မဖြေရှင်းနိုင်လို့ သတ်သေကြပါတယ်။ဒါပေမဲ့ အစီအစဉ်က ထင်ထားသလို မဖြစ်တဲ့အခါမှာတော့ ဘာဖြစ်မလဲဆိုတာ ဘာလုပ်ကြမလဲဆိုတာ…ပရိသတ်ကြီးစောင့်မျှော်ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Pyae Phyo Minပဲ ဖြစ်ပါတယ်။...

Machine Gun Kelly's Life in Pink (2022) ⭐IMDB: 6.3/10 (1 k Votes) 🎬 #Documentary #Music 🗓 2022 🎞 movie 📺 #720p #1080p 💿 1.1 GB ⦿ 2.7 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 42 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Machine Gun Kelly’s Life in Pink (2022)Genre – Documentary, MusicIMDB – 6.3/10 Hip-hop တွေကို နားထောင်တဲ့လူဆို Machine Gun Kelly aka MGK ဆို သိကြမယ်နဲ့ တူပါတယ်။ဒါမှမဟုတ်လည်း ဆရာကြီး Eminem နဲ့ ကွိုင်ကြလို့ တစ်ယောက်သီချင်းတစ်ပုဒ်စီနဲ့ အပြန်အလှန်ဖြုတ်ကျတာကိုလည်း ကြားဖူးကြမယ်ထင်ပါတယ်။ အဲဒီထက် ပြောရမယ်ဆို ခုလက်ရှိတွဲနေတာက ပုရိသတို့ အသည်းစွဲ နာမည်ကျော် မင်းသမီး Megan Fox ပဲ ဖြစ်တယ်ဗျာ။Hip hop ဆိုလို့ ခုကျ Rapper ပဲ လုပ်နေတယ်မထင်ပါနဲ့ ဒီဆရာလေးက Hip-hop တွေ ဆိုလာရင်းကနေ ၂၀၂၀ လောက်ကျတော့ချောတောငေါ့ပြီး Pop Punk တွေ Rock တွေဖက် ဝုန်းဒိုင်းပြီးပြောင်းသွားပြီး အခုတော့ Rapper တစ်ယောက်ကနေ Rock Star ဖြစ်နေပါပြီ။ ဒီ မှတ်တမ်းရုပ်ရှင်တွေထဲမှာတော့ အစုံအလင်ပါပါတယ် သူ ဘာလို့ လိုင်းပြောင်းသွားရတယ်တို့၊လူတွေက သူ့ဆို အရမ်းမုန်းကြတဲ့အကြောင်း ဥပမာဆို UFC ဖိုက်တာကြီး Conor McGregor က ပွဲထဲလှမ်းထိုးဖို့ လုပ်တာတို့၊ နာမည်ကျော် Metal အဖွဲ့ Slipknot က Vocal သမား Corey Taylor နဲ့ ညှိကြတာတို့(ပြဿနာနဲ့ ပွဲတော့ အတော်ရှာတဲ့ကောင်ပါ)။ ပြီးတော့ သူ့ အယ်ဘမ်တွေကို နံပါတ် ၁ ဖြစ်အောင် ကြိုးစားကြတာ Blink-182 က ဒရမ်မာကြီး Travis Baker တို့ဘယ်လိုတွေ ပံ့ပိုးပေးတာမျိုး သမီးတစ်ယောက်ကိုလည်း နာမည်မကြီးခင်ကတည်းက ရထားပြီး ဖခင်အဖြစ်လည်းနေထိုင်ရပုံတွေ ဘာညာနဲ့ အစုံ ပြထားတာပေါ့လေ။ ဆိုတော့ ဂီတမှတ်တမ်း ရုပ်ရှင်တွေ ထုံးစံအတိုင်းအနိမ့်အမြင့် အတက်အကျ အခက်အခဲ အောင်မြင်မှုတွေ သီချင်း ဖန်တီးကြတာတွေ ပြင်ပ နေထိုင်မှုဘဝက ပျော်စရာ ဝမ်းနည်းစရာ စသဖြင့် အနုပညာရှင်ဆိုပေမဲ့ လူသားပါဆိုတာမျိုး အမြင်တွေကိုချပြထားတဲ့ ဂီတ မှတ်တမ်းရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်...

Asteroid City (2023) ⭐IMDB: 6.9/10 (40 k Votes) 🎬 #Comedy #Drama #Romance #ScienceFiction 🗓 2023 🎞 movie 📺 #720p #1080p 💿 536.7 MB ⦿ 1.9 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 58 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Asteroid City(2023) *******************ဒီကားကတော့ တွမ်ဟန့်နဲ့ စကားလက်ဂျိုဟန်ဆန်တို့ ပါဝင်ထားတဲ့ ရုပ်ရှင်ဆရာကြီး ဝက်စ်အန်ဒါဆန်ရဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ Wes Anderson ဟာ ရုပ်ရှင်ငါးကားနဲ့တင် အော်စကာ ဆန်ကာတင် ၇ ခု ရခဲ့ဖူးပါတယ်။ အထူးသဖြင့်တော့ သူ့ရဲ့ ထူးခြားတဲ့ အရေးအသားနဲ့ ရိုက်ချက်အလှအပတွေကြောင့်ပါ။ Isle of Dogs, The Grand Budapest Hotel, Moonrise Kingdom တို့ကိုတော့ အတော်များများသိကြမှာပါ။ ဒီရုပ်ရှင်ကတော့ သူ့ရိုက်သမျှထဲမှာ နာမည်ကျော်သရုပ်ဆောင်အများဆုံးပါပဲ။ Jason Schwartzman, Scarlett Johansson, Tom Hanks, Jeffrey Wright, Tilda Swinton, Bryan Cranston, Edward Norton, Adrien Brody, Steve Carell, Hong Chau, Willem Dafoe စတဲ့ ဒိတ်ဒိတ်ကျဲတွေ စုပြီးပါဝင်ထားပါတယ်။ စကားလက်အနေနဲ့ အရှေ့ပိုင်းဗလာအခန်းကို ရိုက်ရတာ ပြဿနာမရှိပေမဲ့ ဒါရိုက်တာကြီးကတော့ အတော်ရှက်လို့ မျက်နှာပူစရာတွေဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီရုပ်ရှင်မှာ အပိုင်း ၃ ပိုင်းပါဝင်တာကို သိထားရင်တော့ မျက်စိလည် သက်သာပါတယ်။ပထမအပိုင်းက ပြဇာတ်ဖြစ်ပေါ်လာပုံကို မိတ်ဆက်ပေးနေတဲ့ တင်ဆက်သူအနေနဲ့ ဇာတ်လမ်း၊ ဒုတိယက ပြဇာတ်ရဲ့နောက်ကွယ်က သရုပ်ဆောင်တွေ ပုံရိပ်တွေနဲ့ဇာတ်လမ်း၊ တတိယကတော့ ရုပ်ရှင်ရဲ့အချိန်အများစုကိုနေရာယူထားတဲ့ ပြဇာတ်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းနဲ့ ရိုက်ချက်တွေက လှပေမဲ့ အဓိပ္ပါယ်ကတော့တစ်ခုမက ထွက်တဲ့ဇာတ်ကားမျိုးမို့ ကိုယ့်အတွေးနဲ့ကိုယ် ကြည့်ရမဲ့ ဇာတ်ကားပါပဲ။...

The Last Subway (2017) ⭐TMDB: 0.0% User Score 🎬 #Mystery #Thriller 🗓 2017 🎞 Movie 📺 #480p #1080p 💿 428.5 MB ⦿ 835.0 MB 🌎 #China ⏰ 1 နာရီ 22 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 သဲထိတ်ရင်ဖို ဟော်ရာကြိုက်သူတွေအတွက်အဆုံးမဲ့နောက်ဆုံးရထားဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါ။ တစ်နေ့မှာ ကာတွန်းရေဆရာကောင်လေးတစ်ယောက်ကညကြီးမိုးချုပ် နောက်ဆုံးရထားကိုမဖြစ်မနေစီးပြန်အိမ်ပြန်ရပါတယ်။တစ်ချိန်ထဲမှာပဲ ဒီရထားပေါ်ကို မတူညီတဲ့အလုပ်အကိုင်တွေနဲ့အကျင့်စရိုက်တွေရှိတဲ့ ခရီးသည်(၆)ယောက်ပါတက်လာပါတယ်။ ဒီရထားကြီးစထွက်ခွာပြီး မကြာခင်မှာပဲ ထိတ်လန့်စရာဖြစ်ရပ်နဲ့ကြုံတွေ့ခဲ့ပါတယ်။သူတို့တွေဟာ ဒီရထားတွဲပေါ်မှာပဲ တဝဲလည်လည်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ရထားပေါ်ကဆင်းလဲ နဂိုဘူတာ တခြားဘက်ကပြန်တက်ရင်လဲဒီရထားတွဲပဲဆိုတော့ ဘာတွေဖြစ်နေတာလဲ……ဒီဒုက္ခကလွတ်မြောက်ချင်ရင် နည်းလမ်းတစ်မျိုးပဲရှိလိမ့်မယ်….. အဲဒါကဘာများလဲအချိန်ကြာလာတဲ့အမျှ ခရီးသည်အချင်းချင်း သံသယတွေပိုများလာပြီးမြေအောက်ရထားရဲ့လျှို့ဝှက်ချက်တွေဟာ တစ်ခုချင်းပေါ်လာပါတော့တယ်…..သွေးလွှမ်းတဲ့ဖြစ်ရပ်တွေကလဲ တဖြည်းဖြည်းစတင်လာပါတော့တယ်……...

Horror Novelist (2019) ⭐⁉️ 🎬 ##Horror #Thriller 🗓 2019 🎞 Movie 📺 #1080p 💿 516.7 MB 🌎 #China ⏰ 1 နာရီ 19 မိနစ် 53 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စိတ်ခြောက်ခြားဖွယ်ရာ Horror Movie တွေ ကြိုက်နှစ်သက်တဲ့CM ပရိတ်သကြီး အကြိုက်တွေ့စေမဲ့ ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ မာခယ့်ဆိုသူဟာ သရဲ တစ္ဆေတွေနဲ့ပတ်သက်ပြီး ထိတ်လန့်ဖွယ်ရာ ဝတ္ထုတွေကိုကိုယ်တိုင် ခံစား ဖန်းတီလေ့ရှိတဲ့ စာရေးဆရာတစ်ယောက်ပါ။တစ်နေ့မှာ မာခယ့်တစ်ယောက် (ဖန်းချွမ်ဟိုတယ် အခန်းနံပါတ် ၇၀၁)ဆိုတဲ့မေးလ်တစ်စောင်ကိုလက်ခံရရှိခဲ့ပါတယ်။ ဒါရိုက်တာလိုချင်တဲ့ဇာတ်ညွှန်းတစ်ပုဒ်ကို ရရှိဖို့ရာအတွက် သူရေးလက်စ ဝတ္ထုကိုအပြီးသတ်ရန် သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ဒီဖန်းချွမ်ဟိုတယ်ဆီ တစ်ညတာသွားရောက်လေ့လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဖန်းချွမ်ဟိုတယ် အခန်းနံပါတ် (၇၀၁)ဟာ လွန်ခဲ့တဲ့ နှစ်(၂၀)အတွင်းလူသေဆုံးမှု အကြိမ်ရေ(၂၄) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ၊နောက်ဆုံးအကြိမ် အသက်(၂၅)နှစ်အရွယ် မိန်းကလေးတစ်ဦးကိုယ့်ကိုကိုယ် သတ်သေသွားပြီးကတည်းက အခန်းနံပါတ်(၇၀၁)ကိုမည်သူတစ်ဦးတစ်ယောက်ကိုမှတည်းခိုခွင့်မပေးဘဲ ဟိုတယ်ဘက်က ပိတ်ထားခဲ့တာပါ။ ဒီအခန်းကို သန့်ရှင်းရေးဝင်လုပ်တဲ့ ဝန်ထမ်းတစ်ဦးဟာလည်းရေချိုးခန်းထဲပိတ်မိသွားပြီး ထိတ်လန့်ခြောက်ခြားစရာတွေကြုံတွေ့ခဲ့ရတဲ့နောက်ရူးသွားတဲ့ အခြေအနေအထိရောက်ခဲ့ကြောင်း ဟိုတယ်မန်နေဂျာကမာခယ့်ကို ပြောပြခဲ့ပေမယ့် မာခယ့်တစ်ယောက် မည်သူ့စကားကိုနားမဝင်ဘဲ ဒီအခန်းကိုသာ မရရအောင်တောင်းဆိုခဲ့ပါတယ်။ ဒီအခန်းထဲရောက်ရှိသွားတဲ့ မာခယ့်တစ်ယောက် ထူးဆန်းတဲ့သဘာလွန်ဖြစ်ရပ်တွေကြားထဲ သူ့ရဲ့ ဝတ္ထုအတွက် အချက်အလက်တွေကိုတစ်ညတာအတွင်း စုဆောင်းပြီး ပြန်ထွက်လာနိုင်မလား။မမြင်ရတဲ့လောကရဲ့ စိတ်ခြောက်ခြားဖွယ်ရာ ထိတ်လန့်စရာတွေကြားထဲဘဝအဆုံးသတ်သွားမလားဆိုတာတော့ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။...

Cross The Battlefield (2023) ⭐TMDB: 0.0% User Score 🎬 #Country #Comedy 🗓 2023 🎞 Movie 📺 #1080p #480p 💿 467.9 MB ⦿ 1.2 GB 🌎 #China ⏰ 1 နာရီ 29 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ချန်ကျစ်ဖျင်ဟာ အထက်တန်းကျောင်းတက်နေတဲ့ သားဖြစ်သူ“ချန်ယွီဖေး”ကို ဇနီးဖြစ်သူမပါဘဲ တစ်ဦးတည်း ပျိုးထောင်နေသူဖြစ်ပါတယ် “ချန်ယွီဖေး”ဟာ E-sports ဂိမ်းတွေကို အင်မတန်ဝါသနာပါသူဖြစ်ပြီးအပျော်တမ်းထက် ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်ဖို့“မြို့နယ်လူရည်ချွန်ဂိမ်းပြိုင်ပွဲ”ဆိုတဲ့ ပြိုင်ပွဲကြီးမှာ သွားရောက်ယှဉ်ပြိုင်ရန်အားခဲနေပါတော့တယ်၊ ဖခင်ဖြစ်သူ “ချန်ကျစ်ဖျင်”ကတော့ ဂိမ်းဟာ ပညာရေးမှာအားနည်းစေတဲ့ပေါ့ပေါ့ပျက်ပျက် အရေးမပါတဲ့အရာလို့ အမြဲသမုတ်နေပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ ချန်ယွီဖေးဟာ ပြိုင်ပွဲသွားပြိုင်ဖို့လုပ်နေတာကိုသိရှိသွားတော့အတင်းပိတ်ပင်တားဆီးတဲ့အတွက် ချန်ယွီဖေးဟာ ဖခင်အိမ်မှထွက်လာပါတော့တယ်။ အဲ့အချိန်မှာပဲ ဆန်းကြယ်အံ့ဩစွာနဲ့…ချန်ကျစ်ဖျင်ဟာ ချန်ယွီဖေးရဲ့သူငယ်ချင်းဖြစ်သူ ဝမ်ခိုင်ရဲ့ခန္ဓာကိုယ်ထဲကို ထူးဆန်းစွာ ကူးပြောင်းရောက်ရှိသွားတဲ့အခါ….ချန်ယွီဖေးရဲ့ ဂိမ်းပြိုင်ပွဲကို အမြဲအနှောင့်ယှက်ပြုပြီးလက်လျော့သွားအောင် အတန်တန် ကြိုးစားပါတော့တယ်… ဒီလိုနဲ့ ဂိမ်းပြိုင်ပွဲကမ္ဘာမှာ သားအဖနှစ်ယောက် ထိပ်တိုက်တွေ့တဲ့အခါ…ထုံးစံအတိုင်း နောက်ပိုင်းဘယ်လိုတွေဆက်ဖြစ်မလဲ -အဖေနဲ့နှစ်ယောက်ကြားက အထင်လွဲမှုစည်းတံတိုင်းကြီးဟာဘယ်လိုပုံစံနဲ့ ဘာကြောင့်ပြိုလဲသွားမလဲဆိုတာကိုမေးခွန်းထုတ်ထားရင်း CMနဲ့အတူဒီရုပ်ရှင်မှာလိုက်ပါကြည့်ရှုခံစားလိုက်ရအောင်လား...

The President's School Girl (2017) ⭐TMDB: 0.0% User Score 🎬 #Romance 🗓 2017 🎞 Movie 📺 #480p #1080p 💿 372.3 MB ⦿ 883.4 MB 🌎 #China ⏰ 1 နာရီ 10 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ထိုင်းနိုင်ငံရဲ့ လမ်းမတစ်နေရာမှာ လက်တန်း သရုပ်ဆောင်လေ့ကျင့်နေတဲ့တော်ဝင် အနုပညာ တက္ကသိုလ်မှ ကျောင်းသူ ယန်ကျန်းကျန်း…. ကပ္ပတိန် ကျန်းရော့ချန် က လမ်းပေါ်မှာ တကယ် ဒုက္ခရောက်နေတယ်ထင်ပြီးယန်ကျန်းကျန်း ကို အကူအညီပေးခဲ့ပြီးနောက်ပိုင်းမှအရာအားလုံးက လိမ်လည်လှည့်ဖြားခဲ့တာဆိုတာသိခဲ့လိုက်ရတယ်… နောက်ပြီး အကြောင်းအရင်းတချို့ကြောင့် ဦးလေးဝူ မိသားစုရဲ့သမီး ဟွမ်းဟွမ်း အဖြစ်သို့ ပြောင်းလဲသွားပြီး မိသားစုမိတ်ဆွေဖြစ်ခဲ့ဖူးတဲ့ ကျန်းရော့ချန်နဲ့ပြန်လည်တွေ့ဆုံတဲ့အခါ…. ယန်ကျန်းကျန်း က အထောက်အထားတွေကို ဖျောက်ဖျက် ကာဘယ်လိုနည်းပေါင်းစုံနဲ့ ကြိုးစားပြီး အန္တရာယ်မှ အကြိမ်ကြိမ် လွတ်မြောက်နိုင်မလဲ….. ကျန်းရော့ချန်ကရော ဦးလေးဝူအတွက် ဒီအတုအယောင်တွေကိုဘယ်လိုမျိုး ကူညီဖော်ထုတ်ပေးမလဲဆိုတာကိုတော့ စောင့်မျှော် ကြည့်ရှုအားပေးကြပါဦးနော်…....

Flipped (2010) ⭐IMDB: 7.7/10 (94 k Votes) 🎬 #Comedy #Drama #Romance 🗓 2010 🎞 movie 📺 #720p 💿 855.0 MB 🌎 #UnitedStates ⏰ 1 နာရီ 29 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Flipped(2010) IMDb….7.7 လူ့တို့ရဲ့ သဘောဟာ ဆန်းကျယ်တယ်ထင်ပါရဲ့..ချိုဆိမ့်တဲ့အရသာကို ကြိုက်ကြသလို ဖန်ငန်စပ် အရာသာကိုလည်းကြိုက်ကြတာပဲ.. ဒီလိုပဲ အချစ်၊အလှ ၊အလွမ်းဆိုတဲ့ သိမ်မွေ့နူးညံတဲ့ ခံစားမှုစည်းစိမ်ကို နှစ်သက်ကြသလို ကြမ်းတမ်းထိတ်လန့်စရာ စည်းစိမ်ကိုလည်း နှစ်သက်ကြတာပါပဲ…မည်သို့ပင်ဆိုစေ အချစ်၊အလှ ၊အလွမ်းဖွဲ့ဇာတ်ကားလေးတွေခံစားချင်တဲ့သူတွေအတွက် ဒီကားလေးတင်ပေးလိုက်ပါတယ်… ၂တန်းကလေးအရွယ် ဘရိုက်စ်ဆိုတဲ့ကောင်လေးတို့မိသားစုကဂျူလီဆိုတဲ့ကောင်မလေးရှိတဲ့ အိမ်နားကိုပြောင်းလာတယ်.. . ကောင်မလေးကတော့ပထမဆုံးတွေ့တွေ့ချင်းကောင်လေးရဲ့ တောက်ပတဲ့မျက်လုံးတွေနဲ့အကြည့် ချင်းဆုံမိပြီး သဘောကျသွားတယ်..ဖြစ်ချင်တော့ကောင်လေးက သူ့ကိုတစ်စက်ကလေးမှသဘောမကျ စိတ်ပျက်စရာကောင်မလေး အမြင်ကပ်စရာလေးလို့ပဲမြင်နေတာပါပဲ… ဒီကားက ကောင်မလေးရဲ့ အမြင်ရယ် ကောင်လေးရဲ့အမြင်ရယ်ကို အချိုးကျပြသသွားတယ်… ဆယ်ကျော်သက်ရွယ် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်နဲ့ပတ်သက်ပြီးတွေ့ကြုံခံစားသိမြင်ပုံလေးတွေကို လှလှပပလေးရိုက်ပြသွားတာပါ . ..တစ်ချို့သောသူတွေအတွက် ပျော်ရွှင်ဖွယ်ရာ စိတ်ကူးယဉ်ကမ္ဘာထဲကိုရောက်နေသလိုတောင်ခံစားရနိုင်တယ်.. .အယ် တစ်ချို့သောသူတွေအတွက် ငယ်ဘဝ ငယ်ချစ်ဦးကို ပြန်လွမ်းဆွတ်တမ်းတပြီး အလွမ်းပြေစရာတစ်ခုခုဖန်တီးသွားလောက်တယ်… ဥပမာ ငယ်ငယ်ကချစ်ဖူးခဲ့တဲ့သူအတွက်ရည်စူးရေးစပ်ထားဖူးတဲ့ ကဗျာစာအုပ်အဟောင်းလေးတွေကိုတောင်ပြန်ဖတ်သွားတာမျိုးပေါ့… အယ် ဆယ်ကျော်သက်လူငယ်တွေအတွက်တော့ ဆင်ခြင်စရာလေးတွေ အတုယူစရာလေးတွေရသွားမှာပေါ့ဗျာ….ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  JtheKoala ဖြစ်ပါတယ်… File Size : (850 MB) and (319 MB)Quality : Blu-Ray 720pFormat…mp4Duration…01:30:00Genre :Comedy,Drama,RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by JtheKoalaEncoded by Phyo Pyae Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများဒီလင့်မှာ loginအရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။Download Nulled Scripts and PluginsDownload Nulled Scripts and Plugins...

The Flash (2023) ⭐IMDB: 7.1/10 (89 k Votes) 🎬 #Action #Adventure #Fantasy #SciFi 🗓 2023 🎞 movie 📺 #1080p #4K #720p 💿 3.8 GB ⦿ 9.6 GB ⦿ 1.6 GB 🌎 #UnitedStates #Canada #Australia #NewZealand ⏰ 2 နာရီ 24 မိနစ် 42 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Flash (2023)============= ဒီရုပ်ရှင်ဟာ Flash ရဲ့ ပထမဆုံး Live Action ရုပ်ရှင်ပဲဖြစ်ပါတယ်။အရင်က Flash ဟာ အခြားရုပ်ရှင်တွေ၊ ကာတွန်းတွေနဲ့ စီးရီးတွေမှာပဲပါဖူးပါတယ်။ Flash ဟာ စီးရီးမှာရော ရုပ်ရှင်မှာရော အစွမ်းအကုန်မပြသေးတာဖြစ်ပေမဲ့ ဒီစီရဲ့ စွမ်းအားအကြီးဆုံး ဟီးရီုးတွေထဲက တစ်ယောက်ပါပဲ။ အပြေးမြန်ရုံတင်မက၊ အချိန်-အာကာသကို ပြင်နိုင်စွမ်းတွေ၊ စကြာဝဠာကူးနိုင်စွမ်းတွေ၊ အနန္တလက်သီး၊ လျှပ်စီးလှိုင်း၊ လေမုန်တိုင်း၊ မော်လီကျူးထိန်းချုပ်နိုင်စွမ်း၊ ဒဏ်ရာအမြန်ပြန်ကောင်းနိုင်စွမ်း၊စူပါဉာဏ်ရည်၊ အမြန်နှုန်းနဲ့ တွေးတောနိုင်စွမ်း စသဖြင့် ပြောမကုန်အောင်ပါပဲ။ ဒီရုပ်ရှင်ဟာတော့ ဖလက်ရှ်ပွိုင့် ဝိရောဓိ ကာတွန်းဇာတ်ကြောင်းကိုပဲအခြေခံထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်မတိုင်ခင် ရှေ့မှာ ကာတွန်းတစ်ကားနဲ့ ဖလက်ရှ်စီးရီး စီစန် ၃ တို့မှာ Paradox story ကို အခြေခံပြီးရိုက်ကူးထားတာ ရှိပါသေးတယ်။ ဒီရုပ်ရှင်ဟာ ဝမ်းဒါးဝူးမန်းနဲ့ အက်ကွာမန်းတို့တုန်းကလို အော်ရဂျင်စတိုရီမဟုတ်ဘဲ၊ ဖလက်ရှ်တစ်ယောက် အတိတ်ကို ပြန်သွားပြီး သူ့အမေကို ကယ်ဖို့ ကြိုးစားရင်း စကြဝဠာကြီး ကမောက်ကမဖြစ်ပုံကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဖလက်ရှ်ရဲ့ အချိန် ခရီးသွားပုံဟာ အမြန်နှုန်းနဲ့ ဆက်စပ်နေတဲ့အတွက်အိုင်းစတိုင်းရဲ့ နှိုင်းရသီဝရီ၊ Time dilation နဲ့ အထူးနှိုင်းရသီဝရီကိုအခြေခံထားတာဖြစ်ပါတယ်။ အကြမ်းဖျဉ်းပြောရရင် အမြန်နှုန်းဟာကိန်းသေမဟုတ်ဘဲ၊ တိုင်းတာသူရဲ့ နေရာ အမြန်နှုန်းအပေါ် မူတည်ပြီးပြောင်းလဲသလို အရာဝတ္ထုတစ်ခုရွေ့လျားရာမှာ အချိန်ဟာလည်းလိုက်ရွေ့လျားတာမို့ အချိန်နဲ့အမြန်နှုန်းဟာလည်း ဆက်စပ်နေပါတယ်။ ဒါပေမဲ့အလင်းတစ်ခု ခရီးသွားရာမှာတော့ အမြန်နှုန်းဟာ ကိန်းသေ 299 792458 m/s ဆိုပြီး မှတ်သားထားကြပါတယ်။ အလင်းရဲ့ အမြန်နှုန်းဟာအမြန်ဆုံးအဖြစ် သတ်မှတ်ထားကြသလို ဘယ်အရာဝတ္ထုမှ လက်တွေ့မှာအလင်းထက်မြန်အောင် မသွားနိုင်ပါဘူး။ ဒီလိုသွားဖို့အတွက် စွမ်းအင်အဆုံးအစမရှိလိုအပ်ပြီး၊ ဒြပ်ထုတွေအနေနဲ့လည်း မပြိုကွဲဘဲ မနေနိုင်ပါဘူး။ အလင်းဟာ တစ်နေရာနဲ့တစ်နေရာသွားဖို့ အချိန်ဆိုတာမလိုအပ်သလောက်ဖြစ်နေပြီး အလင်းရဲ့ခရီးသွားနှုန်းဟာ အချိန်ကို သုညဖြစ်သွားစေသလို ဖြစ်နေပါတယ်။ အလင်းနဲ့ အမြန်နှုန်းနဲ့သွားနေရင် အချိန်ဟာ ရပ်သွားသလို ဖြစ်သွားပါပြီ။ ဒီတော့ သီဝရီအားဖြင့်တော့ အရာဝတ္ထုတစ်ခုဟာအလင်းထက်မြန်အောင် သွားနိုင်ရင် အချိန်ဟာ သုညကနေ ဆက်လျော့ဖို့မရှိတာကြောင့် အနုတ်ဖြစ်လာပါတယ်။ ဒီတော့ အတိတ်ကို ပြန်ပြန်ရောက်သွားပါတယ်။ ဖလက်ရှ်ဟာ အလင်းထက်မြန်အောင်ပြေးနိုင်ပြီး ပြေးဖို့အတွက်စွမ်းအင်နဲ့ သူပျက်စီးမသွားဖို့အတွက်ကာကွယ်ပေးတဲ့ Speed Force ရှိနေတာကြောင့် အချိန်ခရီးသွားခြင်းဟာ သူ့အတွက်ဖြစ်နိုင်သွားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဖလက်ရှ်ရဲ့ အမေဟာ ဘယ်သူသတ်သွားမှန်းမသိ အသတ်ခံထားရပြီး၊ ဖလက်ရှ်ရဲ့ အဖေကလည်း အဲဒီလူသတ်မှုနဲ့ ထောင်ထဲကိုရောက်နေတာဖြစ်ပါတယ်။ မိဘမဲ့အဖြစ် ကြီးပြင်းလာတဲ့ ဘယ်ရီအယ်လန်ဟာ သူအချိန်ကိုနောက်ဆုတ်ပြီးသွားနိုင်ကြောင်းသိလာတဲ့အခါ အချိန်ခရီးသွားပြီး သူ့မိဘတွေကို ကယ်ဖို့ကြိုးစားပါတော့တယ်။ အဲဒီလို ကြိုးစားရင်းကနေ စကြဝဠာတစ်ခုလုံး အချိန်စီးကြောင်း ပြောင်းလဲပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီပြောင်းလဲမှုတွေကြောင့် DC Universe ဟာ သရုပ်ဆောင်ပြဿနာတွေ ဇာတ်လမ်းအချိတ်အဆက်မညီတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ပြီး၊ အပြိုင်စကြဝဠာ ပွင့်သွားပြီဖြစ်တာကြောင့် ကြိုက်တဲ့သရုပ်ဆောင်နဲ့ဇာတ်လမ်းအသစ်တွေကို ဖန်တီးနိုင်တော့မှာဖြစ်ပါတယ်။ ဖလက်ရှ်ဟာ စကြဝဠာကြီးကိုရုပ်ရှင်ထဲမှာရော အပြင်မှာပါ ကယ်တင်လိုက်တဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ကို အစက သတ်မှတ်ထားတဲ့ရက်ဟာ မသေချာသေးပေမဲ့ အစမ်းပြသတဲ့ပွဲမှာ The Dark Knight နောက်ပိုင်း ဒီစီရုပ်ရှင်တွေထဲမှာ လူကြိုက်အများဆုံးနဲ့အမှတ်အများဆုံးရလာတာကြောင့် အမြန်ဆုံး ရုံတင်ဖို့ စီစဉ်ခဲ့တာပဲဖြစ်ပါတယ်။ဘာလို့ အစမ်းပြပွဲမှာ ဒုတိယအကောင်းဆုံး ဒီစီရုပ်ရှင်အဖြစ် ပြောကြတာလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုပြီးပဲ ဆုံးဖြတ်လိုက်ပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Andersonဖြစ်ပါတယ်)...

Naked Killer 2 (1993) ⭐IMDB: 5.5/10 (581 Votes) 🎬 #Adult #Asian #Crime #Thriller 🗓 1993 🎞 movie 📺 #720p 💿 1.1 GB 🌎 #HongKong ⏰ 1 နာရီ 42 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဟောင်ကောင်မင်းသမီး Chingmy Yau ရဲ့ 1992 ကထွက်ခဲ့တဲ့ Naked Killler ရဲ့ နံပါတ် ၂ …Naked Killler 2 ဖြစ်ပေမယ့် သူ့ထက်ပိုနာမည်ကျော်တဲ့ စီးရီးစ်တစ်ခုဖြစ်လာမယ့်Raped by an angel ဇာတ်ကားတွဲတွေအတွက် ပထမဆုံးကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ယူးနဲ့ မင်းမင်းတို့ဟာ မိဘမဲ့ကျောင်းတစ်ကျောင်းထဲက အတူတူထွက်လာတဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်လဲဖြစ် အခုချိန်မှာ တက်သစ်စကြေငြာမင်းသမီးလေးတွေဖြစ်နေပြီးတော့တိုက်ခန်းတစ်ခုမှာအတူတူနေကြပါတယ်။ ပါတီတစ်ခုမှာ ချက်ခ်ဆိုတဲ့ လူပွေလူရှုပ်ပုံစံ ရှေ့နေတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီးတဲ့နောက်ကံဆိုးစွာပဲအဲ့ဒီလူဟာ သူတို့ဘေးခန်းကိုပြောင်းလာခဲ့ပါတယ်။ ယူးက ကျောင်းတစ်ဖက်နဲ့အလုပ်ရှုပ်နေရင်း ထိပ်သီးနာမည်ကျော်ဂိုဏ်းခေါင်းဆောင်တစ်ယောက်နဲ့ချစ်ဇာတ်လမ်းစချိန်မှာ တစ်ယောက်တည်းအိမ်မှာကျန်နေခဲ့တဲ့ မင်းမင်းကို ဟိုရှေ့နေက မတရားကျင့်တာခံလိုက်ရပါတော့တယ်။ ဒါကို တရားရုံးမှာရင်ဆိုင်ဖို့ကြိုးစားခဲ့ပေမယ့် အကွက်စေ့ ဉာဏ်များလွန်းတဲ့ရှေ့နေက အမှုကနေ ကွင်းလုံးကျွတ်လွတ်သွားချိန်မှာတော့အချစ်ဆုံး သူငယ်ချင်းကိုယ်စား ယူး တစ်ယောက်ကိုယ့်နည်းကိုယ့်ဟန်နဲ့ကလဲ့စားချေဖို့ကြိုးစားပါတော့တယ်။ ပညာတတ်အောက်တန်းစားထက်စာရင် ကိုယ်ကျင့်တရားရှိတဲ့လူမိုက်ကမှ တော်ပါသေးတယ်ဆိုတဲ့ ရှော့ရစရာသင်ခန်းစာတချို့လဲ ပြထားနိုင်ပါသေးတယ်။ ၁၉၉၀ ဝန်းကျင် ဟောင်ကောင်ရွှေခေတ်က ဇာတ်ကားတွေထုံးစံအတိုင်း သတ်ခန်းဖြတ်ခန်းတွေကြမ်းတမ်းသလို ချစ်ခန်းကြိုက်ခန်းတွေမှာလဲအဖုံးအကွယ်မရှိ ပကတိအတိုင်းအလှအပတွေကိုရှုမြင်ခံစားရမှာဖြစ်ပါတယ်။ ဖြတ်ထုတ်ထားတဲ့အခန်းတွေကို ဖြတ်ဆက်အနေနဲ့ ပြန်ထည့်ထားတဲ့ ရှားရှားပါးပါး Uncut Version နဲ့တင်ဆက်ထားတာမလို့ အရွယ်မရောက်သေးသူများ မကြည့်သင့်ပါဘူး။ တင်ပြီးသမျှ Raped by An Angel ဇာတ်ကားတွေကို ဒီမှာhttps://channelmyanmar.org/?s=raped+by+an+angelရှာကြည့်လို့ရပါတယ်။...